ကျွန်းစုမြို့နယ်၊သဲတန်းကျေးရွာအနီးရှိ ရေပြင်တွင် ၃၂ ပေ အရှည်ရှိ ဝဇီပျောက် ငါးကြီးတစ်ကောင်အား သေဆုံးလျက်တွေ့ရှိ
တနင်္သာရီတိုင်းဒေသကြီး၊ကျွန်းစုမြို့နယ်၊စခန်းသစ်ကျေးရွာအုပ်စု၊သဲတန်းကျေးရွာ အရှေ့ဘက်ရေပြင်တွင် ရေလုပ်ငန်း လုပ်ကိုင်လျက်ရှိသော ကျားပါးစပ် ရေလုပ်ကွက်အနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
Read More - - - >>> https://news-eleven.com/article/241319
ပညာတစ်ပိုင်းတစ်စနှင့် ကမ္ဘာ့တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဂေါ်တမ်အက်ဒါနီ
■ Translated by : ခက်ဝေ
အသက် ၆၀ ရှိနေပြီဖြစ်သည့် အက်ဒါနီသည် အီလွန်မက်စ်နှင့် ဂျက်ဖ်ဘီဇို့စ်ပြီးလျှင် ကမ္ဘာပေါ်တွင် တတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်နေပြီး ၎င်း၏အုပ်ချုပ်မှုအောက်တွင် ကုန်သွယ်ရေးလုပ်ငန်းကုမ္ပဏီ ခုနစ်ခု၊ ဝန်ထမ်းပေါင်း ၂၃,၀၀၀၊ ဆိပ်ကမ်းအစ စွမ်းအင်အဆုံး လုပ်ငန်းများစွာ ဖြန့်ကြက်လုပ်ကိုင်နေသည့် စီးပွားရေးကော်ပိုရေးရှင်းတို့ ရှိနေသည်။
လတ်တလော ဂေါ်တမ်အက်ဒါနီ သတင်းများ ရေပန်းစားနေပြီး အိန္ဒိယနိုင်ငံ၏ နာမည်အရှိဆုံး သတင်းဌာန NDTV ကို လွှဲယူ မည့်အကြောင်းများ ဖော်ပြနေကြသည်။ ၎င်းသည် မီဒီယာလုပ်ငန်းကို ပထမဆုံးလက်လှမ်းလာခြင်းဖြစ်သည်။
Read More - - - >>> https://news-eleven.com/article/241302
ရုရှားခရီးသွားများအတွက် လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရန် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် ဆွေးနွေးနေဟု ပြောကြား
မြန်မာနိုင်ငံကို လာရောက်သည့် ရုရှား ခရီးသွားဦးရေမှာ ယခင်က အနည်းငယ်သာ ရှိခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန၏ စာရင်းများအရ တစ်နှစ်လျှင် ရုရှား ခရီးသွားဦးရေ ၅၀၀၀ ခန့်သာ လာရောက် လည်ပတ်လျက်ရှိကြောင်း သိရသည်။
Read More - - - >>>https://news-eleven.com/article/241292
ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် COVID-19 ကိုခံနိုင်ရည်ရှိဟု WHO ခန့်မှန်းထုတ်ပြန်
လက်ရှိအချိန်တွင် ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် COVID-19 ကိုခံနိုုင် စွမ်းရှိနေသော်လည်း ပြဿနာရှိနိုင်သည့်မျိုးကွဲအသစ်များ ပေါ်ထွက်လာနိုင်သေးသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ဒီဇင်ဘာ ၂ ရက်တွင် သတိပေးထားသည်။
နိုးနိုးကြားကြားရှိမှုတွင် ဟာကွက်များ ရှိနေခြင်းသည် ဗိုင်းရပ်စ်မျိုးကွဲအသစ်များ ပေါ်ပေါက်လာရန် လမ်းဖွင့်ပေးနေပြီးကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးထားသည့် အိုမီခရွန်မျိုးကွဲထက် ကျော်လွန်နိုင်သည်ဟု WHO အကြီးအကဲ တက်ဒရိုအာဒါနွန်ဂီဘရီယေဆုကပြောကြားခဲ့သည်။
“လက်ရှိ ကမ္ဘာ့လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းထက်မနည်းပမာဏဟာ ကနဦးကူးစက်ခံရမှု ဒါမှမဟုတ် ကာကွယ်ဆေးထိုးနှံမှုတွေကြောင့် SARS - CoV - 2 ဗိုင်းရပ်စ်အတွက် ကိုယ်ခံအားအဆင့်တစ်ခုမှာ ရှိနေပါတယ်”ဟု တက်ဒရိုက COVID-19 ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်ကို ရည်ညွှန်း၍ ပြောကြားခဲ့သည်။
Read More - - - >>> https://news-eleven.com/article/241305
သင်္ဃန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်များအနက် သုံးတိုင် မိုင်းထောင်ဖောက်ခွဲခံရ
Read More - - - >>> https://news-eleven.com/article/241297
ပန်းခင်း (၂) စီမံချက်အတွင်း လူဦးရေ ၁ ဒသမ ၇ သန်းကျော်ကို နိုင်ငံသားကတ်ပြားထုတ်ပေးပြီးစီးရန် လျာထားပြီး လက်ရှိတွင် ‘၀’ အထူးဒေသအတွင်း နိုင်ငံသားကတ် စိစစ်ထုတ်ပေးခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လဝကဝန်ကြီး ပြောကြား
Read More - - - >>> https://news-eleven.com/article/241296
ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားများနေထိုင်သည့် ဒေသအလိုက် တိုင်းနှင့် ပြည်နယ်တို့၌သာချုပ်ဆိုရန် ညွှန်ကြား
Read More - - - >>> https://news-eleven.com/article/241290
ဒီဇင်ဘာ ၄ ရက်ထုတ် The Daily Eleven သတင်းစာ မျက်နှာဖုံး
■ ရုရှားခရီးသွားများအတွက် လေကြောင်းလိုင်းများ ပျံသန်းပြေးဆွဲရန် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် ဆွေးနွေးနေဟု ပြောကြား
■ တမူးမြို့၌ အမျိုးသမီးငယ်တစ်ဦးအား ဒလန်ပြုလုပ်ခဲ့သည်ဟု ဝန်ခံခိုင်းပြီး လူသွားလမ်းပေါ်တွင် ပစ်သတ်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်၌ ပျံ့နှံ့ထွက်ပေါ်လာ
■ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများ အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားများနေထိုင်သည့် ဒေသအလိုက် တိုင်းနှင့် ပြည်နယ်တို့၌သာချုပ်ဆိုရန် ညွှန်ကြား
■ သင်္ဃန်းညီနောင်မှ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်သို့ သွယ်တန်းထားသည့် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်း တာဝါတိုင်များအနက်သုံးတိုင် မိုင်းထောင်ဖောက်ခွဲခံရ
■ မန္တလေးမြို့ အပါအဝင် မြို့ ၁၄ မြို့တွင် ဒီဇင်ဘာ ၁ ရက်က အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှု ဒေါ်လာ ၉၄၈ သန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တင်ပို့မှု၏ ၂၂ ရာခိုင်နှုန်းကျော်ရှိ
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှပို့ကုန်တင်ပို့မှု၏ ၆၄ ရာခိုင်နှုန်းကို အာရှဒေသသို့ တင်ပို့ခဲ့ပြီး အီးယူသို့တင်ပို့မှု ၂၈ ဒသမ ၉ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက် အရသိရသည်။
Read More - - - >>> https://news-eleven.com/article/241301
တင်းမာမှုများမြင့်တက်နေချိန်တွင် အာဖဂန်နစ္စတန်ရှိ ပါကစ္စတန်သံရုံး ပစ်ခတ်တိုက်ခိုက်ခံရ
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်ရှိ ပါကစ္စတန်သံရုံးတွင် ဒီဇင်ဘာ ၂ ရက်က ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ယင်းသည် ပါကစ္စတန်သံတမန်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘက်ရှရစ်ဖ်က ပြောကြားခဲ့သည်။ ယင်းပစ်ခတ်မှုအတွင်း သံတမန်သည် ထိခိုက်ခဲ့ခြင်း မရှိသော်လည်း သက်တော်စောင့်တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ပါကစ္စတန်အရာရှိများက ပြောကြားခဲ့သည်။
ယင်းနေ့မှာပင် ကဘူးမြို့တော်တွင်ဖြစ်ပွားခဲ့သည့် သီးခြားတိုက်ခိုက်မှုတစ်ခုတွင် ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး စစ်နယ်ရှင်တစ်ဦးဖြစ်သည့် ဂူဘူဒင် ဟက်ခ်မတ်ယာလည်း ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ လွတ်မြောက်သွားခဲ့သည်ဟု ၎င်း၏ရုံးက ထုတ်ပြန်ခဲ့သည်။
Read More - - - >>> https://news-eleven.com/article/241293
နည်းပညာ မြင့်မားသော B-21 ကိုယ်ပျောက် ဗုံးကြဲလေယာဉ်ကို အမေရိကန် ထုတ်ဖော်ပြသ
အဆိုပါ ဗုံးကြဲ လေယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ နီးပါး ကျသင့်မည်ဖြစ်သည်။
အဆိုပါလေယာဉ်၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ ထုတ်ဖော်ကြေညာခြင်း မရှိသေးသော်လည်း လက်ရှိ အမေရိကန်လေတပ်တွင် အသုံးပြုနေသည့် ဗုံးကြဲလေယာဉ်များထက် နည်းပညာပိုင်းအရ သိသိသာသာ ပိုမိုအဆင့် မြင့်မားသည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဆိုသည်။
Read More - - - >>> https://news-eleven.com/article/241288
ဘီးလင်းမြိုနယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါ်သီရိရတနာ၏နေအိမ်အား အကြမ်းဖက်အဖွဲအစည်းများနှင့် ပတ်သက်ဆက်စပ်နေသည်ဟုဆိုကာ ချိပ်ပိတ်ခံရ
Read More - - - >>> https://news-eleven.com/article/226027
မန္တလေးမြိုတွင် COVID-19 ကူးစက်မြန်ရောဂါ ဖြစ်ပွားသူ များပြားလျက်ရှိကာ လူနာသုံးဦး ထပ်မံသေဆုံးခဲ့ပြီး ဆေးရုံများ၌ ကိုဗစ်လူနာများဖြင့် ပြည့်နေ
Read More - - - >>> https://news-eleven.com/article/226028
မြောက်ဒဂုံမြိုနယ် ၃၆ ရပ်ကွက် ဘုရင့်နောင် လမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
မြောက်ဒဂုံမြိုနယ် ၃၆ ရပ်ကွက် ဘုရင့်နောင်လမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရမှု ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်တွင်နေထိုင်သူများထံမှ သိရသည်။
Read More - - - >>> https://news-eleven.com/article/226026
အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာဇော်မြင့်မောင် အမှုတွင် လုပ်ငန်းရှင် မောင်ဝိတ်က ၎င်းအနေဖြင့် ဆေးကုသစရိတ် လှူဒါန်းခဲ့ပြီး သုံးကြိမ်တိတိ သွားရောက်ခဲ့သော်လည်း ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိဟု တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း ရှေ့နေပြောကြား
ဇူလိုင် ၆ ရက်က ထုတ်လွှင့်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်တွင် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၊ ဘန်ရွမ်ဂရက်(စ်)ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော လုပ်ငန်းရှင်တစ်ဦးက လာရောက်တွေ့ဆုံပြီး ဆေးကုသစရိတ် အကြောင်းပြ၍ အမေရိကန်ဒေါ်လာ တစ်သိန်းကို သုံးကြိမ်ခွဲ၍ ပေးအပ်ခဲ့ခြင်းကို တံစိုးလက်ဆောင်အဖြစ် လက်ခံရယူခဲ့သည် ဟု ဖော်ပြထားသည်။
စေပိုင်ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် မောင်ဝိတ်မှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးကာလ နောက်ပိုင်း တွင် ပြန်ကြားရေးဝန်ကြီးဌာနက ၄င်းထွက်ဆိုသည့် ရုပ်သံဖိုင်ကို ထွက်ဆိုခဲ့သည်။
Read More - - - >>> https://news-eleven.com/article/226018
မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေမှရုပ်သိမ်းရန်စီစဉ်နေဟု အမေရိကန် ပြောကြား
ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကို ဇန်နဝါရီလတွင် အဆုံးသတ်ရန်မျှော်မှန်းထားသည်ဟု ကျန်းမာရေးနှင့်ပြည်သူ့ဝန်ဆောင်မှု (HHS) ၏အတွင်းရေးမှူး ဇာဗီရာ ဘီဆာရာက ထုတ်ပြန်ခဲ့သည်။
“မျောက်ကျောက်ရောဂါ ကူးစက်ခံရသူအရေအတွက် လျော့ကျလာတာနဲ့အတူ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် အဆုံးသတ်မယ့် အရေးပေါ်ကြေညာချက်ကိုသက်တမ်းတိုးဖို့ လိုအပ်တယ်ဆိုပြီး HHS က မမျှော်လင့်ထားပါဘူး”ဟု ဘီဆာရာကပြောကြားခဲ့သည်။
“ဒါပေမဲ့ ပေါ့ပေါ့ဆဆနေသွားမှာမဟုတ်ဘဲ ကူးစက်မှုအခြေအနေကို အနီးကပ်ဆက်လက်စောင့်ကြည့်ပြီး ကူးစက်နိုင်ခြေရှိတဲ့သူအားလုံးကို ကာကွယ်ဆေးအခမဲ့ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားခဲ့သည်။
Read More - - - >>> https://news-eleven.com/article/241306
သံဖြူဇရပ် - ရေး ကားလမ်း ဝဲခမိကျေးရွာအနီး တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာမှ အမျိုးသား လေးဦး နှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့
ယာဉ်တိုက်မှုဖြစ်စဉ်မှာ သံဖြူဇရပ်မြို့ဘက်မှ ရေးမြို့ဘက်သို့ မောင်းနှင်နေသည့် Hilux မော်တော်ယာဉ်တစ်စီးအား နောက်မှ Probox ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ယာဉ်တိုက်မှုကြောင့် Probox ယာဉ်ပေါ်လိုက်ပါလာသူ အမျိုးသား လေးဦး နှင့် အမျိုးသမီးတစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“Probox ကားက ရေးမြို့နယ် ဒူးယားကျေးရွာက ကားလို့ သိရတယ်။ Hilux ကားက သစ်အပိုင်းတွေ တင်တဲ့ကားလို့ သိရတယ်။ အဲ့ဒီကားကလည်း ရေးမြို့နယ် ဘက်ကကားလို့သိရတယ်။ Probox ကားက အရှေ့ပိုင်းပျက်ဆီးသွားတယ်။ Probox ကားပေါ်က ယာဉ်မောင်းတစ်ယောက်နဲ့ ခရီးသည် လေးယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်” ဟု ဒေသခံတစ်ဦး က ပြောကြားသည်။
■ Photo - စေတနာရှင် လူမှုကူညီရေးအသင်း (သံဖြူဇရပ်)
Read More - - - >>> https://news-eleven.com/article/241318
ယူကရိန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်လမ်းဖွင့်ထားသော်လည်း မိမိတို့၏တောင်းဆိုမှုများကိုလက်ခံရမည်ဟု ရုရှားပြောကြား
ယူကရိန်းအရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများကို လမ်းဖွင့်ထားကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သော်လည်း အနောက်နိုင်ငံများအနေဖြင့် ရုရှား၏ တောင်းဆိုချက်များကို လက်ခံရလိမ့်မည်ဖြစ်ကြောင်း ရုရှားအစိုးရက ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားခဲ့သည်။
သမ္မတပူတင်အနေဖြင့် စစ်ပွဲကိုအဆုံးသတ်ရေးအတွက် နည်းလမ်းရှာဖွေသွားမည်ဆိုလျှင် မိမိအနေဖြင့် ဆွေးနွေးမှုများပြုလုပ်ရန် ဆန္ဒရှိနေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ရုရှားဘက်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
Read More - - - >>> https://news-eleven.com/article/241304
မြန်မာနိုင်ငံတွင် ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်အကုန်၌ လူဦးရေ ၂၇၀၀၀၀ ကျော် အိပ်ချ်အိုင်ဗွီပိုး ကူးစက်ခံနေရသည့်အတွက် သုည ဒသမ ၆၄ ရာခိုင်နှုန်းအထိ ရောဂါပိုးတွေ့ရှိနေ
Read More - - - >>> https://news-eleven.com/article/241291
ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု )
■ ထိုင်းနိုင်ငံသို့MOUစနစ်ဖြင့်သွားရောက်လုပ်ကိုင်မည့်အလုပ်သမားများအလုပ်ရှင်၊အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာသဘောတူ စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားများနေထိုင်သည့် ဒေသအလိုက် တိုင်းနှင့် ပြည်နယ်တို့၌သာချုပ်ဆိုရန် ညွှန်ကြား
■ COVID-19 ရောဂါဓာတ်ခွဲနမူနာ ၅၀၉၀ ခု စစ်ဆေးရာ အတည်ပြုလူနာသစ် ၁၅ ဦး တွေ့ရှိ
■ မလေးရှားဝန်ကြီးချုပ် အန်ဝါက အစိုးရသစ် ဖွဲ့စည်း
■ အမေရိကန်က ဇန်နဝါရီလတွင် မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေမှ ရုပ်သိမ်းရန် စီစဉ်
■ ပြင်သစ်အသင်းက မိမိတို့အတွက် ကြီးမားသည့်စိန်ခေါ်မှုဖြစ်ကြောင်း လီဝန်ဒေါစကီး ပြော
ဟောင်ကောင်၏ ဒီမိုကရေစီလိုလားသည့် Apple Daily သတင်းစာထုတ်ဝေသူ၏ တရားရုံးချိန်းကို ရက်ရွှေ့ဆိုင်း
ဟောင်ကောင်တွင် ဒီမိုကရေစီလိုလားသည့် လှုပ်ရှားမှုကို နှိမ်နင်းချိန်တွင် ဖမ်းဆီးခံခဲ့ရသည့် သတင်းစာထုတ်ဝေသူတစ်ဦး၏ တရားရုံးအမှုရင်ဆိုင်သည့်ရက်ကို ဒီဇင်ဘာ ၁ ရက်က ရွှေ့ဆိုင်းခဲ့သည်။ ဟောင်ကောင်ခေါင်းဆောင်က ယင်းသတင်းစာထုတ်ဝေသူအား ဗြိတိန်ရှေ့နေတစ်ဦးငှားရမ်းမှုကို ထိရောက်စွာ တားမြစ်ပိတ်ပင်ရန် တရုတ်အား တောင်းဆိုခဲ့ပြီးနောက် ရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။
အသက် ၇၄ နှစ်အရွယ် ဂျင်မီလိုင်သည် ဗြိတိန်၏ကိုလိုနီဟောင်းဖြစ်သည့် ဟောင်ကောင်တွင် တရုတ်၏ အာဏာရ ကွန်မြူနစ်ပါတီက ပြဋ္ဌာန်းခဲ့သည့် အမျိုးသားလုံခြုံရေး ဥပဒေအောက်တွင် ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိသည်။
အတွေ့အကြုံရင့်ကျက်သည့် လူ့အခွင့်အရေးရှေ့နေတစ်ဦးဖြစ်သူ တီမိုသီ အိုဝင်ကို ငှားရမ်းမည့် လိုင်၏ အစီအစဉ်ကို တရားသူကြီးများက နိုဝင်ဘာ ၂၈ ရက်တွင် အတည်ပြုခဲ့ပြီးနောက် ဟောင်ကောင်အစိုးရက ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။
Read More - - - >>> https://news-eleven.com/article/241294
ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )
■ ဖားကန့်ဒေသ၊ လုံးခင်းရွာတွင် ဖုန်းဆိုင်တစ်ဆိုင် သေနတ်ပြ လုယက်ခံရပြီး ဖုန်းခုနစ်လုံးနှင့် ကျပ် ၁၁ သိန်းကျော် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀ ခန့်အား ယူဆောင်သွား
■ ဂျပန်ယန်းငွေတန်ဖိုး အပြောင်းအလဲကြောင့် ဂျပန်ရောက်မြန်မာများအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းနှင့် ပျောက်ဆုံး ဒဏ်ကြေးများအတွက် ကောက်ခံမည့်နှုန်းထားများ ပြောင်းလဲ
■ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားက မြောက်ကိုရီးယားအပေါ် ပိတ်ဆိုမှုအသစ်များ ချမှတ်
■ တရုတ်ရဲတပ်ဖွဲက ဆန္ဒပြမှုများကို ထောက်လှမ်းရန် ခေတ်မီထောက်လှမ်းရေးပစ္စည်းများ အသုံးပြု
■ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် မူလာ အနားယူရန် စဉ်းစားနေ ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်
"အက္ကပတ်မြင်းဝန်အုတ်ကျောင်းတော်ကြီး"
ဥရောပပုံစံ လက်ရာများဖြင့် တည်ဆောက်ထားသော "အက္ကပတ်မြင်းဝန်အုတ်ကျောင်းတော်ကြီး" သည် မန္တလေးမြို့၊ ၈၆ လမ်း၊ ၁၈ လမ်းနှင့် ၁၉ လမ်းကြား၊ မဟာဒီပဲရင်းတိုက်ဝန်းအတွင်းတည်ရှိသည်။
ကျောင်းတော်ကြီးကို ၁၈၈၃ ခုနှစ်တွင် ဆောက်လုပ်လှူဒါန်းခဲ့ပြီး ကျောင်းဒါယကာကြီးဖြစ်သူမှာ ဦးချုံ ဖြစ်ကြောင်း သိရသည်။
အက္ကပတ်မြင်းဝန်အုတ်ကျောင်းတော်ကြီးသည် သမိုင်းထင်ရှားခဲ့ကြောင်း၊ ဘုရားခန်းဆောင်တစ်ခု နှစ်ထပ်အုတ်တိုက်သုံးခု တို့သည် အနောက်ဥရောပပုံစံဖြင့် ဆောက်လုပ်ခဲ့ပြီး၊ မီးလောင်ခံခဲ့ရခြင်းနှင့် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်ထိခံခဲ့ရခြင်းတို့ကြောင့် အပျက်အစီး ထုထည်များကို မြင်တွေ့နိုင်သည်။
အရှေ့ဘက်မျက်နှာစာတွင် "ကမ္ဘာ့မဏ္ဍိုင်ဆု တောင်းပြည့် စေတီတော်" ရေးထားသည့် အဆောက်အအုံကြီး၏ ထိပ်တွင် စေတီသုံးဆူ တည်ထားပြီး၊ အထဲတွင်စက်ဝိုင်းပုံကွက်လပ် အလည်တည့်တည့်တွင် အုတ်တံခွန်တိုင်ကြီး တည်ရှိသည်။
📷 သက်ထွန်းအောင်
တောင်အာဖရိကတွင် Merck ၏ COVID-19 ကုသဆေးကို အသုံးပြုရန် အတည်ပြု
Merck ၏ ကိုဗစ်ကုသဆေး molnupiravir ကို ကနဦးခြောက်လတာ ကာလအ တွက် အခြေအနေအရ ခွင့်ပြုချက်ပေးခဲ့ပြီး တင်သွင်းခွင့်ပေးခဲ့ကြောင်း တောင်အာဖရိက ကျန်းမာရေး ထုတ်ကုန်များဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အာဏာပိုင်အဖွဲ(SAHPRA)က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
Read More - - - >>> https://news-eleven.com/article/225990
ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညနေခင်းသတင်းအစီအစဉ်
ဒေါက်တာဇော်မြင့်မောင် အမှုတွင် လုပ်ငန်းရှင် မောင်ဝိတ်က ဆေးကုသစရိတ် လှူဒါန်းခဲ့ပြီး သုံးကြိမ်တိတိ သွားရောက်ခဲ့သော်လည်း ဒေါက်တာဇော်မြင့်မောင်နှင့် တွေ့ဆုံနိုင်ခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့ ဆိုသည့်နောက်ဆုံးရညနေခင်းသတင်း
■ မြောက်ဒဂုံမြိုနယ် ၃၆ ရပ်ကွက် ဘုရင့်နောင်လမ်းပေါ်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ
■ COVID-19 ကူးစက်မှုနှုန်း စံချိန်တင် မြင့်တက်နေသော်လည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြိုတော်တွင် ကပ်ရောဂါ ဆိုင်ရာ ကန့်သတ်ချက်စည်းမျဉ်းများဖြေလျှော့
■ စီရော်နယ်လ်ဒိုနှင့် မက်ဂွိင်းယား အသင်းခေါင်းဆောင်ရာထူး လုနေ
၎င်း၏သဘောတူညီချက်မပါဘဲ ဝိုင်လုပ်ငန်းရှယ်ယာများကို ရောင်းချသည့်အတွက် ဘရက်ပစ်က အန်ဂျလီနာဂျိုလီကို တရားစွဲ
Read More - - - >>> https://news-eleven.com/article/225992
ကာလဟူသည် ဓမ္မတိုကို ဝှက်ထားလေ၏ . . .
■ Written by : မိုးဧအောင်
ယခုဆောင်းပါးတွင် အမေရိကန်အစိုး ရနှင့် NATO မဟာမိတ်အချိုက စစ်စည်စစ် မောင်းသံ တညံညံပေးနေသော ယူကရိန်း အရေးကို သုတေသနရှုထောင့်မှ သရုပ်ခွဲစိစစ်ရင်း “ယူကရိန်းကို ကျူးကျော်ရန် အစီအစဉ် မရှိ”ဟု ကမ္ဘာသိကြေညာထားသူ ရုရှားနိုင်ငံ ကို စစ်မီး ‘မပျိုး’ရန် အချက်ကျကျရေးသားထား ပုံမှာ တွေးတောဆင်ခြင်အပ်သော ကလောင် စွမ်းဖြစ်သည့်အတွက် ပြန်ဆိုတင်ပြလိုက်ပါသည်။
အမေရိကန်တိုက ရုရှားသည် ယူကရိန်း ကို တိုက်ခိုက်ရန်ရည်ရွယ်နေသည်ဟု အခိုင်အမာ ပြောကြားနေစဉ် ကရင်မလင်ကလည်း တောက်လျှောက်ငြင်းဆိုနေသည်ကို ကျွန်ုပ် တို တွေးမိနေကြသည်။ စစ်ပြုရလောက် အောင် ပြောင်းလဲမှုအဆင့်ဆင့် မည်သိုပေါ် ပေါက်တတ်သည်ကို ပုံကြမ်းထုတ်ယူဆင်ခြင်ခြင်းအားဖြင့် စစ်၏အကျိုးဆက်များကိုသာမက စစ်ပွဲတစ်ခု ဖြစ်ပွားပေါ်ပေါက်ခြင်းအတွက် ခက်ခဲလှသည့် စွန့်စားမှုများကိုပါ ကျွန်ုပ်တို နားလည်လာနိုင်မည်။
တိုင်းပြည်တစ်ပြည်ကို တိုက်ခိုက်ခြင်း နှင့် သိမ်းပိုက်ခြင်းတွင် ပြောင်းလဲမှုအဆင့် လေးဆင့်ရှိသည်။
Read More - - - >>> https://news-eleven.com/article/225991