elevenmediagroup | Unsorted

Telegram-канал elevenmediagroup - Eleven Media Group

-

https://www.facebook.com/pg/ElevenMediaGroup https://www.instagram.com/elevenmediagroup https://www.youtube.com/elevenwebtv11

Subscribe to a channel

Eleven Media Group

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများကြောင့် အပူပေးစက်အသုံးမပြုနိုင်သေးသည့်အနေအထားတွင် ဆောင်းရာသီ၏ ပြင်းထန်မှုများကို ကြံ့ကြံ့ခံရန် ယူကရိန်းပြည်သူများကို သမ္မတဇယ်လန်စကီး တိုက်တွန်း

ရုရှားလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြတ်တောက်နေသည့် လျှပ်စစ်ဓာတ်အားနှင့် အခြားဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် ယူကရိန်းတာဝန်ရှိသူများက အင်တိုက်အားတိုက်ကြိုးပမ်းနေသောကြောင့် ယူကရိန်းပြည်သူများအနေဖြင့် ဆောင်းရာသီ၏ ပြင်းထန်မှုများကို အံတုရာတွင် စိတ်ရှည်ကြရန်နှင့် ကြံ့ခိုင်ကြရန် သမ္မတဗိုလိုဒီမာဇယ်လန်စကီးက တိုက်တွန်းလိုက်သည်။

Read More - - - >>> https://news-eleven.com/article/241359

Читать полностью…

Eleven Media Group

ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားသို့သွားမည့် မြန်မာနိုင်ငံသား ၅၃ ဦး ကန်ချနာဘူရီတွင် ဖမ်းဆီးခံရ

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများတွင် အမျိုးသား ၄၃ ဦး၊ အမျိုးသမီး ၁၀ ဦး ပါဝင်ပြီ းထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်တောလမ်းများကိုဖြတ်သန်းကာ တရားမဝင် ဝင်ရောက်လာခြင်းကြောင်းသိရသည်။

Read More - - - >>> https://news-eleven.com/article/241350

Читать полностью…

Eleven Media Group

ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားတစ်ဦး မော်တော်ယာဉ်အတိုက်ခံရပြီး သေဆုံး

သေဆုံးသူမှာ နိုင်မင်းထွန်းဆိုသူဖြစ် ကြောင်း၊ ၎င်း၏ဇာတိမှာ ရန်ကုန်တိုင်းဒေသ ကြီး လှည်းကူးမြို့နယ်မှ ဖြစ်ကြောင်း ကိုရီးယားနိုင်ငံရှိ မြန်မာလုပ်သားအသိုင်းအဝိုင်းမှ သိရသည်။

Read More - - - >>> https://news-eleven.com/article/241377

Читать полностью…

Eleven Media Group

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သတိပေးနှိုးဆော်မှုကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ အမြင့်ဆုံးမီးတောင်ဖြစ်သည့် ဆမ်မာရူမီးတောင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဒီဇင်ဘာ ၅ ရက်တွင် အာဏာပိုင်များက အရှေ့ဂျာဗားပြည်နယ်တွင် နေထိုင်သည့် ထောင်နှင့်ချီသည့် ဒေသခံများကို မီးတောင်နှင့် ရှစ်ကီလိုမီတာပတ်လည်ကို မသွားရောက်ရသည့် ဇုန်အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ကာ မီးတောင်အနီးရှိ ကျေးရွာများတွင် နေထိုင်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းစေခဲ့ကာ သတိပေးနှိုးဆော်မှုအဆင့်ကို တိုးမြှင့်ခဲ့သည်။

Read More - - - >>> https://news-eleven.com/article/241355

Читать полностью…

Eleven Media Group

မုဒုံမြို့ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့

မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးအတွင်း ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း မြို့ခံများ၏ပြောကြားချက်များအရ သိရသည်။

Read More - - - >>> https://news-eleven.com/article/241351

Читать полностью…

Eleven Media Group

ကချင်နှစ်ခြင်းခရစ်ယာအဖွဲ့ချုပ်(KBC)၏ အမြဲတမ်းအကြံပေးနှင့် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့၏ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွမ် မန္တလေးတံတားဦးလေဆိပ်တွင် ထိန်းသိမ်းခံရ

ဒေါက်တာခလမ်ဆမ်ဆွမ်အပါအဝင် သုံးဦးသည် ထိုင်းနိုင်ငံဘန်ကောက်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ရန် ထွက်လာစဉ် ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း KBC မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Read More - - - >>> https://news-eleven.com/article/241360

Читать полностью…

Eleven Media Group

မင်းသား ဖိုးချစ်နှင့် တေးရေးဆရာ သျှန်ထွန်း(မြန်မာစာ) ဖမ်းဆီး ထိန်းသိမ်းခံရ

မြန်မာ့ဇာတ်သဘင်၏ နိုင်ငံကျော်မင်းသား တစ်ဦးဖြစ်သည့် မြို့ရွှေမန်းသား ဖိုးချစ် ၊ တေးရေးဆရာ သျှန်ထွန်း(မြန်မာစာ) နှင့် ၎င်း၏ အစ်မဖြစ်သူတို့ ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ဇာတ်သဘင် အသိုင်းအဝိုင်းမှ သိရသည်။

Read More - - - >>> https://news-eleven.com/article/241345

Читать полностью…

Eleven Media Group

၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့နေထိုင်စရိတ်အကြီးဆုံး မြို့ကြီးများ

ယခုနှစ်တွင် ငွေကြေးဖောင်ပွမှု မြင့်တက်လာခဲ့ပြီးနောက် နယူးယောက်နှင့် စင်ကာပူတို့သည် ကမ္ဘာ့နေထိုင်စရိတ်အကြီးဆုံးမြို့များ ဖြစ်လာကြသည်ဟု နှစ်စဉ်လေ့လာချက်တစ်ခုက ဒီဇင်ဘာ ၁ ရက်တွင် ဖော်ပြသည်။

နေထိုင်စရိတ်အများဆုံးမြို့ကြီး ၁၀ မြို့ထဲတွင် ဥရောပမြို့ကြီး လေးမြို့ပါဝင်သည်။ ထိုဥရောပမြို့ ကြီးလေးမြို့တွင် ဆွစ်ဇာလန်မြို့ကြီး ဇူးရစ်(အဆင့်ခြောက်)သည် အမြင့် ဆုံးမြို့အဖြစ် ရပ်တည်နေပြီး ၎င်းင်း၏ နောက်တွင် ပါရီ(ပြင်သစ်)၊ ကိုပင် ဟေဂင်(ဒိန်းမတ်)၊ ဂျီနီဗာ(ဆွစ်ဇာလန်)တို့အသီးသီး ရပ်တည်နေသည်။ ဓာတ်ငွေ့စျေးမြင့်တက်လာ ခြင်းအပြင် ယူရိုငွေတန်ဖိုး မတည်ငြိမ်ခြင်းက ကုန်စျေးနှုန်းများကို မြင့်တက်စေသည်။

Read More - - - >>> https://news-eleven.com/article/241324

Читать полностью…

Eleven Media Group

"အတိတ် ၅၆ နှစ်၊ အိုင်းမဆည်နံဘေးက "ချ" သမိုင်းတစ်ကွက်"


Written by : မိုးဧအောင်

အဘဦးအေးမောင် တာဝန်ထမ်းဆောင်ခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် စေတုတ္တရာအကြောင်းကို ခြေရာခံကြည့်တဲ့အခါ နယ်ပိုင်ကြီး ဦးစိန်တင် (သိပ္ပံမောင်ဝ) ရဲ့ စာတွေမှာ သွားတွေ့ရတယ်။ အဲဒီစာတွေကို ဖတ်ကြည့်လို့ အင်ပိုင်ယာဝါဒနဲ့ သူ့ကျွန်ဘဝဆိုတာကို ဖယ်ကြည့်လိုက်ရင် စလင်းကနေ စေတုတ္တရာအသွား လမ်းဆိုးပေမဲ့ နှစ်လိုဖွယ်ရာ မြင်ကွင်းတွေ၊ ဗျူရိုကရက်ယန္တရား မောင်းနှင်ပုံနဲ့ ဒေသခံတွေရဲ့ အရိုးခံ မြင်ပုံ၊ တွေးပုံ၊ ပြောပုံတွေကို ဖတ်ရမှာပါ။

အဲဒီကာလက တည်ဆဲအစိုးရကို လက်နက်ကိုင်ခြားနားသူလည်း မရှိလေတော့ သိပ္ပံမောင်ဝဟာ စလင်းကနေ စေတုတ္တရာကို ကုန်းလမ်းကနေ ကား၊ လှည်းအဆင့်ဆင့်နဲ့ သွားပြီး အပြန်မှာ မုန်းချောင်းတစ်လျှောက်စုန်ရင်း ပွင့်ဖြူ၊ မဲဇလီကနေ စလင်းကို ကုန်းကြောင်းပြန်ခဲ့ပါတယ်။


Read More - - - >>> https://news-eleven.com/article/241309

Читать полностью…

Eleven Media Group

မိမိဘာသာ ပညာရပ်ရွေးချယ်မှုနှင့် လေ့လာမှုနည်းစနစ်များ

Written by : ရဲကျော်စွာ

ပထမဆုံးအနေဖြင့် ကိုယ်လေ့လာဆည်းပူးလိုသော ပညာရပ်နယ်ပယ်များကို အထက်ပါရည်ရွယ်ချက်များအနက် မည်သည့်ရည်ရွယ်ချက်များအတွက် လေ့လာ

ဖြည့်ဆည်းလိုချင်တာလဲဆိုခြင်းကို မိမိကိုယ်ကိုယ်မိမိ အမှန်အတိုင်းသိရမည်ဖြစ်သည်။

ကိုယ့်စိတ်ကိုယ် ကိုယ့်ဘာသာသိအောင် အရင်ဆုံးပြန်လုပ်ရန်လိုအပ်သည်။ ကိုယ့်စိတ်ကို မညာတမ်း၊ မညှာတမ်း ပြန်လည်စစ်ဆေးပါ။ ပညာရပ်အမျိုးမျိုးကို

မိမိက ဆက်လက်လေ့လာသင်ယူရေးအတွက် မိမိတစ်ဦးချင်း၏ အဓိကရည်ရွယ်ချက်များကို အမှန်အတိုင်းရွေးချယ်သတ်မှတ်ပါ။

(၂) မိမိလေ့လာလိုသော ပညာရပ်နယ်ပယ်များကို စာဖြင့်ချရေးပြီး စာရင်းတစ်ခု ပြုစုပါ။


Read More - - - >>> https://news-eleven.com/article/241308

Читать полностью…

Eleven Media Group

အင်းတော်မြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သုံးဦးဒဏ်ရာရရှိပြီး ကလေးတစ်ဦး သေဆုံး

Read More - - - >>> https://news-eleven.com/article/241340

Читать полностью…

Eleven Media Group

အင်ဖလေးရှင်းလား၊ ဂရိ (ဒ်) ဖလေးရှင်းလား

■ Written by : စောနိုင် (အသုံးချဘောဂဗေဒ)

(၁) အင်ဖလေးရှင်း (Inflaction) သည် ငွေကြေးဖောင်းပွခြင်းဟူသော အဓိပ္ပာယ်ရှိပြီး စီးပွားရေး အဆောက်အအုံအတွင်း စျေးနှုန်းများမြင့်တက်လာသည့်အခြေအနေ ဖြစ်သည်။ ဂရိ (ဒ်) (Greed) စကားလုံးမှာ အလိုရမ္မက်ဟူသောအဓိပ္ပာယ်ရှိပြီး လိုချင်မက်မောသည့် စိတ်ဖြစ်လာသောအခါမျိုးတွင် ပြောလေ့ရှိသည့်ဝေါဟာရဖြစ်သည်။

ယခုထိုဝေါဟာရနှစ်လုံးကို ပေါင်းစပ်၍ ဂရိ (ဒ်) ဖလေးရှင်း (Greedflaction) ဟူသော အယူအဆ ဖြစ်လာပြန်သည်။

Read More - - - >>> https://news-eleven.com/article/241329

Читать полностью…

Eleven Media Group

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လက်ရှိ Online Booking စနစ်အားရပ်ဆိုင်းကြောင်းနှင့်QR Codeများကို ပွဲစားများမှ တဆင့် မတန်တဆစျေးဖြင့်ဝယ်ယူခြင်းမပြုလုပ်ရန် ထုတ်ပြန်

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လက်ရှိ Online Booking စနစ်အားရပ်ဆိုင်းကြောင်းနှင့် QR Codeများကို ပွဲစားများမှတဆင့် မတန်တဆစျေးဖြင့်ဝယ်ယူခြင်းမပြုလုပ်ရန် ဒီဇင်ဘာ ၄ ရက် ညပိုင်းက မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)သို့ နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းအတွက် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းအား ၂၀၂၂ ခုနှစ် မတ် ၂၁ ရက်တွင် စတင်အသုံးပြုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ရက်ချိန်းရယူလိုသူများ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Read More - - - >>> https://news-eleven.com/article/241330

Читать полностью…

Eleven Media Group

ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

■ ကျွန်းစုမြိုနယ်၊ သဲတန်းကျေးရွာအနီးရေပြင်တွင် အရှည် ၃၂ ပေရှိ ဝဇီပျောက်ငါးကြီးတစ်ကောင်အား သေဆုံးလျက် တွေ့ရှိ
■ သံဖြူဇရပ် - ရေး ကားလမ်း ဝဲခမိကျေးရွာအနီး ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၄) ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ များ ရရှိခဲ့
■ ယူကရိန်းနှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန်လမ်းဖွင့်ထားသော်လည်း မိမိတို၏ တောင်းဆိုမှုများကို လက်ခံရမည် ဟု ရုရှား ပြောကြား
■ ကမ္ဘာ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းသည် Covid – 19 ကို ခံနိုင်ရည်ရှိဟု WHO ခန့်မှန်း ထုတ်ပြန်
■ ကမ္ဘာ့ဖလားချန်ပီယံဆုအတွက် အိပ်မက်မက်ခွင့်ရှိကြောင်း မော်ရိုကိုနည်းပြ ကြုံးဝါး ဆိုတဲ့ ပြည်တွင်း၊ နိုင်ငံတကာနဲ့ အားကစားသတင်းတွေကို တင်ဆက်ပေးထားပါတယ်။

Читать полностью…

Eleven Media Group

ယူကရိန်းစစ်ပွဲအတွက် ရုရှား၏စစ်အသုံးစရိတ်အားထိန်းချုပ်နိုင်ရန် ရုရှားရေနံစျေးနှုန်းကို ကန့်သတ်ရန် ဂျီ-၇ နှင့် ဥရောပသမဂ္ဂ သဘောတူညီ

“သင်္ဘောနဲ့တင်ပို့တဲ့ ရုရှားရေနံစိမ်း တစ်စည်ကို အီးယူနဲ့ ဂျီ ၇ တို့နည်းတူ အမြင့်ဆုံးစျေးနှုန်း အမေရိကန်ဒေါ်လာ ၆၀ သတ်မှတ်ဖို့ ဂျီ ၇ နဲ့ သြစတြေးလျတို့ သဘောတူညီခဲ့ပါတယ်” ဟု ဂျီ ၇ အုပ်စုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယူကရိန်းအပေါ် ဆင်နွှဲနေသည့် စစ်ပွဲမှရုရှားအနေဖြင့် အကျိုးအမြတ် မရနိုင်အောင် တားဆီးရေး၊ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးကွက် တည်ငြိမ်ရေးကို အထောက်အကူဖြစ်စေရေးနှင့် ရုရှားဆင်နွှဲနေသည့် စစ်ပွဲကြောင့် စီးပွားရေးအပေါ် သက်ရောက်လာသည့် ဆိုးကျိုးများကို အနည်းဆုံးဖြစ်အောင် လျှော့ချရေးအတွက် ကတိကဝတ်ပြုမှုကို လက်တွေ့ ဖော်ဆောင်နေခြင်းဖြစ်ကြောင်းလည်း ဂျီ ၇ ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

Read More - - - >>> https://news-eleven.com/article/241303

Читать полностью…

Eleven Media Group

ဒီဇင်ဘာ ၅ ရက် ညပိုင်းသတင်းအစီအစဉ် ( ည ၈ နာရီတိုက်ရိုက်ထုတ်လွှင့်မှု )

■ လှည်းကူးမြို့နယ်၌ ကားလမ်းဘေးတွင် သေဆုံးနေသည့် အမျိုးသားအလောင်း(၁၃)လောင်း တွေ့ရှိ
■ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ စတိုးဆိုင်နှစ်ခုအား ဓါးပြတိုက်မှုဖြစ်ပွား
■ အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်တွင် မီးတောင်ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သတိပေးနှိုးဆော်မှုကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်
■ ထင်ရှားသည့် ပြင်သစ်စာရေးဆရာ Dominique Lapierre အသက် ၉၁ နှစ်အရွယ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်
■ အာဂျင်တီးနားနှင့် အတူ ချန်ပီယံဆုမျှော်လင့်နိုင်သောအသင်းများအဖြစ် ဘရာဇီးလ်၊ ပြင်သစ်၊စပိန်တု့ိကို မက်ဆီ ရွေးချယ်

Читать полностью…

Eleven Media Group

ရွှေပြည်သာမြို့နယ်တွင် ပိုက်ဆံအိတ်လုပြေးသည့် ခါးပိုက်နှိုက် နှစ်ဦး ဘေးတွဲဆိုင်ကယ်ကို ဝင်တိုက်မိသဖြင့် ဖမ်းဆီးခံရ


Read More - - - >>> https://news-eleven.com/article/241375

Читать полностью…

Eleven Media Group

အီရန်တွင် ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် အကျင့်စာရိတ္တ ထိန်းသိမ်းရေးရဲတပ်ဖွဲ့ကို ဖျက်သိမ်း

“အကျင့်စာရိတ္တထိန်းသိမ်းရေး ရဲတပ်ဖွဲ့ဟာ တရားရေးဆိုင်ရာ လုပ်ပိုင်ခွင့်မရှိတဲ့အတွက် ဖျက်သိမ်းခဲ့ပါတယ်” ဟု အစိုးရရှေ့နေချုပ် မိုဟာမက် ဂျက်ဖာ မွန်တာဇီရီက ပြောကြားခဲ့သည်ဟု ISNA သတင်းအေဂျင်စီက ဖော်ပြခဲ့ သည်။


Read More - - - >>> https://news-eleven.com/article/241379

Читать полностью…

Eleven Media Group

အာဖဂန်နစ္စတန်ရှိ ပါကစ္စတန်သံရုံးတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့ ကြေညာ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်ရှိ ပါကစ္စတန်သံရုံးတိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အိုင်အက်စ်အဖွဲ့က ဒီဇင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။ ဒီဇင်ဘာ ၃ ရက်က ကဘူးမြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပါကစ္စတန်သံရုံး တိုက်ခိုက်ခံရမှုတွင် လုံခြုံရေးအစောင့်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Read More - - - >>> https://news-eleven.com/article/241354

Читать полностью…

Eleven Media Group

ကမ္ဘာ့နိုင်ငံများအကြား သဘောထားကွဲလွဲနေမှုကို ပြန်လည်သင့်မြတ်စေနိုင်သည့် အိန္ဒိယ၏ ဂျီ ၂၀ ဥက္ကဋ္ဌနေရာ

စက်မှုထိပ်သီး နိုင်ငံ ၂၀ (ဂျီ ၂၀) ၏ အလှည့်ကျ ဥက္ကဋ္ဌနေရာကို လွှဲပြောင်းရယူခဲ့သည့် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏အကျိုးစီးပွားများအတွက်သာမက ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများအကြား ပေါင်းကူးတံတားတစ်ခုအဖြစ် ဆက်သွယ်ပေးနိုင်ရန် အခွင့်အလမ်းရရှိခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

အိန္ဒိယသည် ဂျီ ၂၀ ဥက္ကဋ္ဌ နေရာကို အင်ဒိုနီးရှားထံမှ ဒီဇင်ဘာ ၁ ရက်တွင် တရားဝင်လွှဲပြောင်းရယူခဲ့ပြီး အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီကမူ ဂျီ ၂၀ ဥက္ကဌအနေဖြင့် ဘက်ပေါင်းစုံပါဝင်ပြီး လုပ်ဆောင်ချက်ကို အခြေခံကာ တာဝန်ယူသွားမည်ဟု ကတိပြုခဲ့သည်။

Read More - - - >>> https://news-eleven.com/article/241325

Читать полностью…

Eleven Media Group

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ စတိုးဆိုင်နှစ်ခုအား ဓါးပြတိုက်မှုဖြစ်ပွား

ချမ်းမြသာစည်မြို့နယ်၊ ၅၆ လမ်း၊ ၁၀၄ လမ်းနှင့် ၁၀၅ လမ်းကြားရှိ TOP ONE Store ဆိုင်အား ဆိုင်ကယ်ဦးထုတ် ဆောင်းထားသူနှစ်ဦး ရောက်ရှိလာပြီး သေနတ်ပြခြိမ်းခြောက်ကာ ကောင်တာအတွင်းရှိ ငွေတချို့အား ယူဆောင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၎င်းတို့မှပင် လမ်း ၁၁၀(မနော်ဟရီ) ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ G&G Store ဆိုင်အား ထပ်မံဓါးမြတိုက်ကာ ငွေများယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်

Read More - - - >>> https://news-eleven.com/article/241348

Читать полностью…

Eleven Media Group

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာမှ အမှတ် ၇ လမ်းမကြီးသို့ ဆက်သွယ်ထားသော ကားလမ်းဘေး၌ သေဆုံးနေသည့် အမျိုးသားအလောင်း ၁၃ လောင်း တွေ့ရှိ

ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပို့ချက်အရ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ရေများစိုနေပြီး လက်ဖျားများ နူးပွနေသည့် အမျိုးသားအလောင်း(၁၃)လောင်းကို တွေ့ရှိရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read More - - - >>> https://news-eleven.com/article/241343

Читать полностью…

Eleven Media Group

ကုန်ကြမ်းရှားပါးမှု၊ ဝယ်လိုအားကျဆင်းမှုနှင့် လျှပ်စစ်မီး ပြတ်တောက်မှု စိန်ခေါ်မှုများအကြား ရုန်းကန်နေရသည့် ကုန်ထုတ်လုပ်ရေးကုမ္ပဏီများ

အာဆီယံထုတ်လုပ်မှု ကဏ္ဍတစ်ဝန်းတွင် နိုဝင်ဘာလတွင် ကုန်ထုတ်လုပ်မှု ထပ်မံ နှေးလာခဲ့ပြီး နောက်ဆုံး PMI ဒေတာက လုပ်ကိုင်မှုအခြေအနေများ အသင့်အတင့်မျှသာ တိုးတက်လာကြောင်းကို အချက်ပြနေသည်ဟု ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွက် ထုတ်ပြန်သည့် S&P Global အာဆီယံကုန် ထုတ်လုပ်မှု PMI စစ်တမ်းတွင် ဖော်ပြထား သည်။


Read More - - - >>> https://news-eleven.com/article/241321

Читать полностью…

Eleven Media Group

မြဝတီ နယ်စပ်စခန်းမှ ရှစ်လ ခန့်အတွင်း အမေရိကန်ဒေါ်လာ ၁၄၅၆ ဒသမ ၆၄၆ သန်း ကုန်သွယ်နိုင်ခဲ့

Read More - - - >>> ttps://news-eleven.com/article/241326

Читать полностью…

Eleven Media Group

ဒီဇင်ဘာ ၅ ရက်ထုတ် Weekly Eleven News Journal မျက်နှာဖုံး


■ အင်ဖလေးရှင်းလား၊ ဂရိ (ဒ်) ဖလေးရှင်းလား

■ ကုန်ကြမ်းရှားပါးမှု၊ ဝယ်လိုအားကျဆင်းမှုနှင့် လျှပ်စစ်မီးပြတ်တောက်မှု စိန်ခေါ်မှုများအကြား ရုန်းကန်နေရသည့် ကုန်ထုတ်လုပ်ရေးကုမ္ပဏီများ

■ နစက၏ MSME ပြန်လည်မြှင့်တင်ရေးစိတ်ကူး

■ တာဝန်သိ စောင့်ရှောက်ခြင်း သဘောတရား (Responsible Care)

■ မိမိဘာသာ ပညာရပ်ရွေးချယ်မှုနှင့် လေ့လာမှုနည်းစနစ်များ

■ အတိတ် ၅၆ နှစ်၊ အိုင်းမဆည်နံဘေးက “ချ” သမိုင်းတစ်ကွက်

►► E Paper ကို ဝယ်လိုပါက All Access Plan ကို Subscribe လုပ်လိုက်ပါ။

Читать полностью…

Eleven Media Group

ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု )

■ အင်းတော်မြို့နယ်တွင် လက်နက်ကြီးကျ၍ မိသားစုဝင်သုံးဦးဒဏ်ရာရရှိခဲ့ပြီး ကလေးငယ်တစ်ဦး သေဆုံး
■ မြဝတီနယ်စပ်စခန်းမှ ရှစ်လခန့်အတွင်း အမေရိကန်ဒေါ်လာ ၁၄၅၆ ဒသမ ၆၄၆ သန်း ကုန်သွယ်နိုင်ခဲ့
■ ယခုနှစ် နိုဝင်ဘာလကုန်အထိ ဘင်္ဂလားဒေ့ရှ်သို့ မြန်မာ့ဆန်တန်ချိန် ၁၁၀၀၀၀ ခန့်တင်ပို့ခဲ့ပြီး တင်ပို့ရန်ကျန်ရှိသော ဆန်များအနက် ဆန်တန်ချိန် ၂၀၀၀ ကျော်ကို သင်္ဘောတင်ဆဲဖြစ်
■ ရော့ကတ်ဖြင့်ပစ်ခတ်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဂါဇာဒေသကို အစ္စရေးက လေကြောင်းမှတိုက်ခိုက်
■ ဥရောပသမဂ္ဂနှင့် ဂျီ-၇ တို့၏ ရေနံဈေးနှုန်းကန့်သတ်မှုအပေါ် ရုရှားက ရှုတ်ချခဲ့ပြီး လက်တုံ့ပြန်ရန် ပြင်ဆင်နေသည်ဟု ပြောကြား
■ ကမ္ဘာ့ဖလား၏ ပွဲစဉ်လိုက်အကောင်းဆုံးကစားသမားဆုကို မက်ဆီ စံချိန်တင် ၈ ကြိမ် ရယူထား

Читать полностью…

Eleven Media Group

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၃၅ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ရာခိုင်နှုန်း ၂၀ နီးပါး မြင့်တက်

ထို့အပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင် ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချော ပြန်လည်ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်း များကိုလည်း စိတ်ဝင်စားမှုရှိကြောင်း သိရ သည်။



Read More - - - >>> https://news-eleven.com/article/241320

Читать полностью…

Eleven Media Group

ပေကျင်းနှင့် ရှန်ကျန်းတွင် အများပြည်သူသယ်ယူပို့ဆောင်ရေးအတွက် COVID-19စစ်ဆေးမှုရလဒ်များပြသရန်လိုအပ်ချက်ကို ရုပ်သိမ်း

ရှန်ကျန်းနှင့် ပေကျင်းကဲ့သို့ အဓိကမြို့ များတွင် ဘတ်စ်ကားများနှင့် ရထားများကဲ့ သို့ အများပြည်သူသယ်ယူပို့ဆောင်ရေးဝန် ဆောင်မှုကို စီးနင်းနိုင်ရန် ကိုဗစ် ကူးစက်ခံရ ခြင်းမရှိကြောင်း ရလဒ်ပြသရန်လိုအပ်ချက် များကို ရုပ်သိမ်းမှုအပါအဝင် တရုတ်အာဏာ ပိုင်များက နောက်ထပ် ကပ်ရောဂါဆိုင်ရာကန့် သတ်ချက်စည်းမျဉ်းများဖြေလျှော့မှုကို ဒီဇင် ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။


Read More - - - >>> https://news-eleven.com/article/241314

Читать полностью…

Eleven Media Group

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှပြည်ပသို့ သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၉၀၉ ဒသမ ၅ သန်းရရှိ

၂၀၂၁ ခုနှစ် ၁၂ လအတွင်း ပြည်ပသို့သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာ ၃၁၅၀ ဒသမ ၇ သန်းရရှိခဲ့ပြီး နိုဝင်ဘာလတွင် သ ဘာဝဓာတ်ငွေ့တင်ပို့မှုမှ ဒေါ်လာသန်း ၃၀၀ ကျော်ဖြင့် အများဆုံးဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။



Read More - - - >>> https://news-eleven.com/article/241300

Читать полностью…

Eleven Media Group

တောင်ကိုရီးယား Streamer တစ်ဦး အိန္ဒိယတွင် တိုက်ရိုက်ထုတ်လွှင့်နေစဉ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရ


တောင်ကိုရီးယားအမျိုးသမီး Streamer တစ်ဦး အိန္ဒိယနိုင်ငံတွင် တိုက်ရိုက်ထုတ်လွှင့်နေချိန် ဒေသခံ မွမ်ဘိုင်းအမျိုးသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရသည်ဟု သိရသည်။

Twitch ပလက်ဖောင်းတွင် Mhyochi ဟုလူသိများသည့် ကိုရီးယားနိုင်ငံသူ အမျိုးသမီးသည် အိန္ဒိယနိုင်ငံမွမ်ဘိုင်းမြို့တွင် တိုက် ရိုက်ထုတ်လွှင့်နေစဉ် အမျိုးသားတစ်ဦး၏ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံခဲ့ရပြီးနောက် ရဲတပ်ဖွဲ့က သံသယရှိသူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု အိန္ဒိယသတင်းဌာန NDTV နှင့် အခြားမီဒီယာများတွင် ဖော်ပြခဲ့သည်။

Read More - - - >>> https://news-eleven.com/article/241298

Читать полностью…
Subscribe to a channel