khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ပိုက်ဆံတောင်းနေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ မုံရွာ - ချောင်းဦး လမ်းပိုင်းတွင် စစ်ကားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီး

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ် လမ်းပိုင်းတွင် ပိုက်ဆံတောင်းနေသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း Regional Friend Fighters (RFF) အဖွဲ့ထံမှ သိရသည်။

မတ်လ ၁၉ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင မုံရွာ-ပုသိမ် လမ်းပိုင်းရှိ စွမ်းရည် ထက်ဆီဆိုင်နှင့် အောင်ဇေယျ စစ်တပ်ကုန်း အကြားတွင် ကင်းချထားပြီး ခရီးသွား ပြည်သူများထံမှ ပိုက်ဆံတောင်းနေသည့် ရဲ ၁၆ ဦးကို မွန်းလွဲ ၁ နာရီ ၄၇ မိနစ်ခန့်တွင် Regional Friend Fighters (RFF) အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းကွင်းထဲရောက်နေသည့် ရဲ ၅ ဦးကို ထိမှန်ခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် တပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းထိခိုက် ဒဏ်ရာရရှိသူများထဲမှ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦးသည် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တပ်သား ၂ ဦးသည် ထိခိုက်ဏ်ရာရရှိခဲ့ကြောင်း၊ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ကျန်ရှိနေသော ရဲများက ရမ်းသမ်းပစ်ခတ်ပြီး ခရီးသွား ပြည်သူတစ်ဦး၏ ကား ၁ စီးကို လုယက်ကာ သေဆုံးသွားသော ရဲ ၂ ဦးအလောင်းနှင့် ဒဏ်ရာရရှိသာ ရဲ ၂ ဦးကို ကားပေါ်တင်ကာ နမခ စစ်ဆေးရုံကို မောင်းနှင်သွားကြောင်း၊ ယင်းထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးထဲမှ ၁ ဦးသည် ဆေးရုံ အရောက်တွင် ထပ်မံသေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား များကို ၃ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကား တစ်စီး ပက်လက်လန်လဲကျပြီး စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၂၀ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော သံပြားကာ စစ်ကား ၅ စီးကို ချောင်းဦး -မုံရွာလမ်းပိုင်း တနေရာတွင် ၃ လုံးတွဲ မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် ၂ နေရာမိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ ပထမပွိုင့်မှာ ကားကို မထိမှန်ပဲ လွတ်မြောက်သွားချိန် ဒုတိယ မိုင်းပွိုင့်မှ ကား ၅ စီး ၏ ၄ စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကားများပေါ်ရှိ စစ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ကာ ဆက်လက်မောင်းနှင်သွားကြောင်း၊ မိုင်းဆွဲပြီးသော်လည်း ပြန်လည် ဆုတ်ခွာ ခြင်းမပြုပဲ မုံရွာမြို့ နမခ တပ်အတွင်းမှ သံပြားကာ စစ်ကားများ ထပ်မံထွက်ခွာလာကြောင်း သတင်းရသဖြင့် ကျန် မိုင်းပွိုင့်များဖြင့် တိုက်ခိုက်ရန် စောင့်ဆိုင်းနေခဲ့သည်ဟု ဆိုသည်။

ထို့နောက် ည ၁၀ နာရီ ၁၁ မိနစ်အချိန်တွင် မုံရွာမြို့ နမခ တပ်ရင်းအတွင်းမှ သံပြားကာ စစ်ကား ၄ စီးထွက်လာရာ အထူးပေါက်ကွဲအားပြင်းသည့် ပဒေသာမိုင်း ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကား ၄ စီး ယာဉ်တန်း၏ ၃ စီးမြောက်ကားကို ထိထိမိမိ ထိမှန်ခဲ့ပြီး ကားမှာ ချက်ချင်း ပက်လက်လန်လဲသွား ကြောင်း သိရသည်။

“မုံရွာဘက်ကနေ ဘူဒိုဇာနဲ့ လာထောင်ပြီး ဆွဲသွားပြီ၊ လမ်းပေါ်မှာတော့ သွေးကွက်တွေချည်းပဲ၊ထိ ခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို မနေ့ညက ခွေးဘီးလူးကားနဲ့ လာသယ်တယ်လို့ ကြားတယ်၊ အနား ကပ် မရလို့ အတိအကျ မသိရဘူး၊ အနီး အနားကရွာတွေကိုလည်း မုံရွေးရွာထိပ်လောက်ကနေ ထုနေ တာ၊ ပြည်သူတွေထိခိုက်မှုတော့ မကြား မိပါဘူး၊”ဟု Area 71 PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စစ်ကား ပက်လက်လန်လဲကျခြင်းနှင့်အတူ ကားပေါ်ပါ စစ်သားများ၏ အော်ငြီးသံများထွက်ပေါ်လာ ပြီး အခြားကားပေါ်လိုက်ပါလာသော စစ်သားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လမ်းဘေးဝဲယာသို့ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုများကို Area71PDFMonywa အဖွဲ့၊ ANYAR DEFENCE FORCE (ADF) ၊ MONYWA DYNAMITE (STF) နှင့် SPCIAL FORCE -11 (PDF) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြနလည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

Читать полностью…

Khit Thit Media

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန် ၊မတ် ၂၁

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၂၁ ရက်နေ့ တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

Читать полностью…

Khit Thit Media

တန့်ဆည်မြို့နယ် ကံထူးမရွာ ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီး၊ စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွား

■ ကျေးရွာ ၄၀ ကျော်မှ ပြည်သူ ၃၀၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမရွာ ဝန်းကျင်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူများကိုလည်း ဖမ်းဆီးကာ လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွားကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မှ ၂၉ ရက်နေ့ အထိ ကံထူးမရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သပြေရင်း၊ ကော်တက်၊ ခနောရွာသစ်၊ ဖိုနှုတ်နှင့် ရွာသစ်ကုန်း စသည့် ကျေးရွာများကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးပြီး ကျေးရွာများကိုလည်း လူသာဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း သိရသည်။

လက်ရှိချိန်တွင် ကံထူးမရွာမြောက်ဘက်ရှိ နွားကူး၊ တောင်ကျောင်း၊ လိပ်ခြံ၊ မဒိုင်ကျင်း၊ ရွာသစ်ကုန်း၊ ရေရှင်၊ ပန်းထိမ်ကုန်း၊ အင်ရေအိုး၊ အင်ပင်အိုင်၊ ဇီးပေါက်၊ ကံကလေးကုန်း၊ ကံသာ၊ သစ်ရာပင်၊ သစ္စေးပင်လှ၊ ကျီးကန်၊ အိုင်ယားရှည်၊ ကြောင်ဆင်းအိုင်၊ ဆပ်ပြာအိုင်၊ ကံထူးမရွာတောင်ဘက်ရှိ ကျောင်းကုန်း၊ လယ်တီး၊ လယ်မ၊ ရွှေဂူ၊ ထန်းတောစု၊ သရက်ကုန်း၊ ဝါးရုံရင်း၊ ဆင်သေကုန်း၊ လက်ဆည်ကန်၊ ကံထူးမရွာအရှေ့ဘက်ရှိ သရက်ခါး၊ မရမ်းမိ၊ ရေရှင်ကုန်း၊ ကြက်ဆူကန်၊ ပေကုန်း၊ လက်ဆည်၊ အင်တောရိုး၊ ကော်တက်၊ အုပ်ရှစ်ကုန်း၊ ဖိုနှုတ်၊ ဆန်ဆွဲ၊ ဒေါင်ကွေး၊ စီးကြီး၊ ရွှေတုံး၊ ရွှေကြာတန်း၊ ကုန်းရိုး၊ သပြေရင်း၊ ခရမ်းခြံ၊ ပဲခင်းကြီး စသည့် ကျေးရွာများမှ ပြည်သူ ၃၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

"ပြည်သူ သတ်ဖြတ်ခံရမှုက ၂ ဦးပဲ အတည်ပြု ထားနိုင်သေးတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူလည်း များသလို အဆက်သွယ်မရတဲ့ပြည်သူတွေလည်းရှိနေတယ်။ သတ်ဖြတ်ခံရသူလည်း ၂ ဦးမက များမယ်လို့ခန့်မှန်းထားတယ်။ မီးရှို့ခံရတဲ့ ကျေးရွာတွေလည်း နေအိမ်ပျက်ဆီးမှု အတည်မပြုနိုင်သေးဘူး ဖုန်းလိုင်းကလည်း တန့်ဆည်အနောက်ခြမ်းမှာ အော်ရီတူး တခုသာမိပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်။ ကံထူးမ စခန်းသိမ်းခံရတာနဲ့ပက်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက ဒီနေ့အထိ စစ်ရေးပစ်မှတ် မဟုတ်တဲ့ကျေးရွာတွေကို ပစ်ခတ် စီးနင်းဝင်ရောက်တယ်။ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်တယ်။ PDF ခေါင်းစဥ်တပ် သတ်ဖြတ်မှုတွေလုပ်တယ်။ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ အခုချိန်ထိ တိုက်ပွဲဖြစ်မထားသေးပဲ ဆက်တိုက်ပြုလုပ်ယုတ်မာနေကြတယ်။ စစ်ခွေး အင်အားက ၂၀၀ ကျော်တယ်။ ကန့်ဘလူနယ်က ဝါသဝပျူခွေးတွေရော ဘီလူးစစ်ကြောင်းရော တံတားဦးကနေ Y-12နဲ့ ချထားတဲ့ ခွေးတွေရော အကုန်ပေါင်းပြီးမွှေနေကြတယ်။ တချို့ရွာတွေက အိမ်ခြေနည်းတော့ အကုန်ဆုံးရှုံးပျက်ဆီးနေကြရတယ်" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။

Photo - အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ရွာလုံးကျွတ် နီးပါး မီးလောင်ပျက်စီး သွားသည့် ဖိုနှုတ်ကျေးရွာကို တွေ့ရစဉ်

Читать полностью…

Khit Thit Media

ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံဂိတ်ရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံစစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သာများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြို ကားလမ်းမပေါ်ရှိ ပန်းတိုင်းခြုံကျေးရွာ၌ စစ်ဆေးရေးဂိတ်ဖွင့်ကာ တပ်စွဲနေထိုင်သော စစ်ကောင်စီတပ်သားများကို RC Plane များဖြင့် ဗုံးသီး ၁၅ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်သားများနေထိုင်ရာ ဝန်းအတွင်းတည့်မတ်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ပခုက္ကူ - ရေစကြိုလမ်းမပေါ်ရှိတဲ့ဂိတ်ပါ၊ စစ်ခွေးအင်အားကတော့ နည်းနည်းများသေးတယ်၊ ဗုံးသီး ၁၅ လုံးချခဲတာ၊ သူတို့နေထိုင်အဝန်းအဝိုင်းအတွင်းတော့ ကျရောက်ပေါက်ကွဲမှုရှိခဲ့တယ်၊ ခွေးသေ ထိခိုက်မှုကတော့ စုံစမ်းလို့မရသေးဘူး၊ ဗုံးကျကွဲပြီးတော့ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တာရှိတယ်၊ လက်နက်ကြီးနဲ့ပစ်တာတော့ မရှိဘူး၊ လက်နက်ငယ်ကတော့ ကျနော်တို့ဆီမရောက်ဘူး၊ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပ.က.ဖ)၊ ပခုက္ကူမြို့နယ်ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ Young Force - UG ၊ ပခုက္ကူမြို့ နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၂ - Thurain- TR ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ - Pakokku Underground Force ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂ - Black Cheetah ၊ ပခုက္ကူမြို့ နယ်ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ ၂ - Pakokku Ranger ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၂ - Taty Gyi နှင့် ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ - Shwe Nyar Myae တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရန်ကုန်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးတပ်(ဘုရင့်နောင်)တွင် ရခိုင်ပြည်နယ်၊ စကခ(၉) လက်အောက်ခံ တပ်ရင်းများမှ စစ်သည်၊အရာရှိများ၏ ကျန်ရစ်သူ မိသားစုဝင် ၁၁၂ ဦးတိုရောက်ရှိနေထိုင်နေကြခြင်းဖြစ်သည်။

ဓာတ်ပုံ - အကြမ်းဖက် မင်းအောင်လှိုင်၏ မိန်းမ ကြူကြူနှင့် သားဖြစ်သူ အောင်ပြည့်စုံ။

Читать полностью…

Khit Thit Media

ရေစကြိုမြို့နယ်တွင် ရဲတပ်ကြပ်ကြီးတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

ရန်ကုန်၊ မတ် ၁

မကွေးတိုင်း၊ ရေစကြိုမြို့၊ နံ့သာဟေဝန်ပန်းခြံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနက် ရဲတပ်ကြပ်ကြီးတစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၉ ရက် ညနေ ၄ နာရီခန့်က ရေစကြိုမြို့၊ မြိုင်ဟေဝန်ပန်းခြံ၌ တပ်စွဲထား သော အကြမ်းဖက်စစ်ကောင်စီတပ်သားများအနက် ရဲတပ်ကြပ်ကြီးတစ်ဦးသည် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ - ရေစကြိုမြို့နယ် ပကဖ နှင့် CDF ဟားခါး B2, C5(Gangaw) တို့ထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ထံသို့ ယုံကြည်စွာ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ် ကြောင်း သိရသည်။

“အရင်လင်းကတောကနေ အလင်းဝင်လာတဲ့ရဲတစ်ယောက်ကနေ တဆင့် ဆက်သွယ်လာတာ၊ အဲဒီ အလင်းဝင်တဲ့ ရဲတစ်ယောက်က ဟားခါးဘက်ရောက်နေတာဆိုတော့ သူကတဆင့် ဆက်သွယ်လာ တဲ့အတွက် အဲဒီပန်းခြံနားအထိ သွားခေါ်ခဲ့တာ၊ လက်နက်လည်းပါလာတဲ့အတွက် ဆုကြေးတွေပေးဖို့ စီစဉ်နေပါတယ်၊ အခုကတော့ သူ့ကို လုံခြုံတဲ့နေရာပို့ဆောင်ထားတယ်” ဟု ရေစကြိုပကဖမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ အလင်းဝင်ရောက်လာစဉ် ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု ၊ ကျည်အတောင့် ၁၀၀ တို့နှင့် အတူအလင်းဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းကို ဘေးကင်းစွာခေါ်ထုတ်နိုင်ခဲ့ကာ လွတ် မြောက်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ရေစကြိုမြို့နယ်အတွင်းရှိ ကျန်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူ့ ရင်ခွင်ထံသို့ ခိုလှုံဝင်ရောက်ပြီး အေးချမ်းသော လူမှုဘဝတွင် လွတ်လပ်စွာနေထိုင်ကြရန်နှင့် အလင်း ဝင်ရောက်မည့်သူများအနေဖြင့် အချိန်မရွေးဆက်သွယ်ကြရန် ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ပကဖ က အသိပေးထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်းက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မတ် ၁

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ် ၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မုံရွာမြို့နယ်၊ ကံပြား၊ ပေကုန်း၊ တဲကျီးကုန်းရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု အဘွား ၁ ဦး မီးလောင်သေဆုံးပြီး အိမ်ခြေ ၅၀ ခန့်မီးလောင်ဆုံးရှုံး

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ကံပြား၊ပေကုန်း၊ တဲကျီးကုန်းရွာများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးရာ ကံပြားရွာရှိ မပြေးနိုင်သည့် အဘွားတစ်ဦး မီးလောင်သေဆုံးပြီး ခန့်မှန်းအိမ်ခြေ ၅၀ ခန့် မီးလောင်ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်မှစ၍ စစ်တပ်က တဲကျီးကုန်းရွာကို စတင်မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပြီး တဲကျီးကုန်းရွာမှ ကံပြားရွာကို ထပ်မံ မီးရှို့ကာ တပ်ထဲ ပြန်ဝင်သွားကြောင်း ဒေသပြည်သူများက ပြောကြားသည်။

"စစ်တပ်က မီးရှို့တာ။ အကြောင်းမဲ့ ရှို့တာပါ။ အိမ်ခြေ ၅၀ လောက်ပါသွားတယ်။ ကံပြားရွာက မပြေးနိုင်တဲ့ အဘွားတစ်ယောက် မီးထဲပါသွားတယ်။ မီးလောင်တဲ့ အိမ်တွေက ဘာမှ မကျန်ဘူး"ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်တပ်သည် ကျောက်စစ်ပုံ အမြောက်တပ်မှ ဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးရာတွင် ဆိတ်အကောင်ရေ ၈၀ ခန့်လည်း သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Читать полностью…

Khit Thit Media

ကလေးတက္ကသိုလ်တွင် စစ်တပ်က တပ်စွဲပြီး ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူများကို လူသားဒိုင်းလုပ်ထားခဲ့

■ PDF က ဆရာ၊ ဆရာမ၊ ကျောင်းသားကျောင်းသူများကို ကယ်ထုတ်ပြီး ပြန်လည်ပို့ဆောင်ပေးနေဟု ကလေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ ယောဟန်ထွန်း အသိပေး ကြေညာ

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ ကလေးတက္ကသိုလ်တွင် စစ်တပ်က လက်နက်ကြီးများ တပ်ဆင် ပစ်ခတ်တပ်စွဲနေခဲ့ပြီး လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်များက တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ကို ဘေးကင်းရာ ကယ်ထုတ်ကာ ပြန်လည်ပို့ဆောင်ပေးနေကြောင်း ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းက အသိပေး ကြေညာပြောဆိုလိုက်သည်။

ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေးပို့လာသော ဗီဒီယိုအသိပေး ကြေညာချက်တွင် ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းက ယင်းသို့ အသိပေး ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၄ နာရီအချိန် ကလေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်တပ်နှင့် PDF တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၇နာရီအချိန် တိုက်ပွဲ ပိုမိုပြင်းထန်လာသည့်အတွက် ကျောင်းသားကျောင်းသူများ၊ ဝန်ထမ်းများ ၊ ဆရာ၊ ဆရာမများက ကလေးတက္ကသိုလ်ကို စွန့်ခွာရန် ပြင်ဆင်နေကြချိန် ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး တိုက်ပဲအတွင်းမှ ဘေးကင်းရာသို့ ကယ်ထုတ် ခေါ်ဆောင်သွားကြောင်း ကလေးတက္ကသိုလ်ပါမောက္ခချုပ်​ ဒေါက်တာယောဟန်ထွန်းက ပြောဆိုသည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက ကလေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများကို PDF တပ်များက ဖမ်းဆီးသွားသည်ဟု မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့် သတင်းများစွာ ထုတ်ပြန် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ ထုတ်ပြန် ရှင်းလင်းချက်တွင်

၁။ ၂၀၂၃ ၊ ဖော်ဖော်၀ါရီ ၂၆ ရက်နေ့ ကလေးတက္ကသိုလ်မှာ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း

၂။ ကလေးတက္ကသိုလ်ထဲမှာ စကစတပ်ကနေပြီး ၁၂၂ လနကြီးအထိုင်ချထားပြီး ချင်းတောင်နှင့် ကလေးဒေသကို လက်နက်ကြီးပစ်ကူပေးခြင်း၊ ခြေလျင်စစ်ကူပေးခြင်း ဆောင်ရွက်ကြောင်း၊

၃။ တိုက်ပွဲတွင်း ရန်သူ့ထိခိုက်မှုများရှိသည်ဟု သိရှိရပြီး ကိုယ့်ဖက်က ထိခိုက်မှုအနည်း
အကျဥ်းရှိကြောင်း၊

၄။ Non CDM ၀န်ထမ်း ၇၀ ခန့်နှင့် ကျောင်းသား ၄၀ ခန့်အပါအ၀င်မိသားစု၀င်များကိုပါ စစ်ဘေးလွတ်ရာ ကယ်ထုတ်ပေးခဲ့်ကြောင်း၊

၅။ ၎င်းတို့ကို လုံခြုံရာတွင် ဖြန့်ခွဲစောင့်ရှောက်ပေးထားကြောင်း၊ လမ်းခရီးအခြေအနေပေါ်မူတည်ပြီး တသုတ်ပြီးတသုတ်ပို့နေကြောင်း၊ ကနဦး လမ်းကြောအဆင်ပြေသည့် ကျောင်းသူ ၁၀ ဦးကျော်ဆိုရင် သူတို့မိဘရင်ခွင် ပြန်ရောက်ကြပြီဖြစ်ကြောင်း၊ ဆက်ပြီး တသုတ်ပြီးတသုတ် လမ်းခရီးအခြေအနေပေါ်မူတည်ပြီး ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ သူတို့သွားလိုရာသို့ အတတ်နိုင်ဆုံး ပို့ဆောင်ပေးနေကြောင်း ရှင်းလင်းထုတ်ပြန်ထားသည်။

ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက " စကစဖက်ကနေ သတင်းတွေလျှောက်ဖြန့်နေတာတွေ့ရတယ်။ ကျနော်တို့က တက္ကသိုလ်ထဲတပ်စွဲထားတဲ့ ရန်သူကိုသွားတာတိုက်တာ။ စကစက တက္ကသိုလ်ဆရာ/မတွေ၊ ကျောင်းသားတွေကို လူသားဒိုင်းကာပုံစံလုပ်ပြီး အသုံးချနေတာဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်မှုနှုန်း မြင့်လာတာနဲ့အမျှ ဒီလူအုပ်ကြီးက ထိခိုက်မှုရှိလာနိူင်တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ တိုက်ပွဲကြားညပ်နေတဲ့ ၀န်ထမ်း/ကျောင်းသားတွေကို ကူညီကယ်ထုတ်ရတာဖြစ်တယ်။ သူတို့ကိုလည်း တသုတ်ပြီးတသုတ် လမ်းခရီးအခြေအနေပေါ်မူတည်ပြီး ပြန်ပို့ပေးနေတယ်"ဟု ပြောဆိုသည်။

ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း၏ ပြောကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

"ကျနော်ကတော့ ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းဖြစ်ပါတယ်။ ကျနော်သည် ဒီကလေးတက္ကသိုလ်ကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှာ ဟားခါးတက္ကသိုလ်ကနေ ပြောင်းရွှေ့ပြီး တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ ကျနော်စတင်ရောက်ရှိတဲ့ကာလကစပြီး ကလေးတက္ကသိုလ်ဝင်းထဲမှာ တပ်ဖွဲ့တစ်ဖွဲ့ တပ်စွဲထားတာရှိပါတယ်။ ၎င်းတပ်ဖွဲ့က ကျနော်တို့ ကျောင်းရဲ့ လုံခြုံရေး ၊ ကျနော်တို့ ရှေ့က မျက်နှာစာမှာရှိတဲ့ ဂိတ်မကြီး လုံခြုံရေး နဲ့ သူတို့ ရံဖန်ရံခါမှာ လက်နက်ကြီးတပ်ဆင်ပေးပြီးတော့ ပစ်ကူပေးနေတာ လုပ်ရတဲ့ တာဝန်တွေကို ကျနော်တွေ့ရပါတယ်။

Читать полностью…

Khit Thit Media

ရန်ကုန်တစ်မြို့လုံး တုန်ဟီးသွားသော ပေါက်ကွဲသံကြီးတစ်ခု ယနေ့ နံနက်အစောပိုင်း ထွက်ပေါ်၊ ကြည့်မြင်တိုင် ဗားကရားဆိပ်ကမ်းအနီး မြစ်ထဲတွင် ဆီတင်သင်္ဘောပေါက်ကွဲမီးလောင်မှုမှ ပေါက်ကွဲသံထွက်ပေါ်သည်ဟု ယူဆ

ရန်ကုန်၊ မတ် ၁

ရန်ကုန်တိုင်း၊ မြို့နယ်အများစုတွင် ယနေ့ နံနက် ၂ နာရီ ၇ မိနစ်အချိန် အလွန်ပြင်းထန်သောပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ် တုန်ဟီးခဲ့သဖြင့် ပြည်သူအများစု ထိတ်လန့်ခဲ့ရကြောင်း ရန်ကုန်မြို့မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

"အိမ်မှာ အိပ်နေတုန်း အုန်း ဆိုတဲ့ အသံနဲ့အတူ တိုက်ပါ ခါသွားတယ်လို့ ခံစားရတယ်။ မနက် ၂ နာရီ ၇မိနစ်လောက်မှာ။ တစ်အိမ်သားလုံး လန့်နိုးလာကြတာ။ ဗုံးပေါက်တာလား၊ ငလျှင်လှုပ်တာလားပေါ့။ ဖေ့ဘုတ်စ်ပေါ်တက်ကြည့်တော့လည်း အင်းစိန်၊ လှိုင်သာယာ၊ ဗဟန်း၊ ဗိုလ်တထောင် ကိုယ်လိုပဲ ခံစားရတယ်ဆိုပြီး ရေးထားကြတယ်" ဟု စမ်းချောင်းမြို့နယ်၊​အောင်ချမ်းသာလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့လယ်တွင် နေထိုင်ကြသော ပြည်သူများ၊ တောင်ဥက္ကလာနှင့် မြောက်ဒဂုံဘက်ကဲသို့ နေရာများမှ ပြည်သူများကလည်း ပေါက်ကွဲသံကိုကြားရကြောင်း ပြောဆိုကြသည်။

ထိုအချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်းတွင် ဆီတင်သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွားကြောင်း အလုံဒေသပြည်သူများက ပြောဆိုကြပြီး ရန်ကုန်တစ်မြို့လုံး တုန်ဟီးသွားသော ပေါက်ကွဲသံမှာ ဆီတင်သင်္ဘောပေါက်ကွဲမီးလောင်မှုမှ ထွက်ပေါ်နိုင်သည်ဟု ပြောဆိုကြသည်။

"အလုံထီးတန်းဆိပ်ကမ်းနားမှာ နေတဲ့ ကိုယ့်အမျိုးတွေပြောတာတော့ ရန်ကုန်မြစ်ထဲမှာဆီတင်သင်္ဘော ပေါက်ကွဲပြီး မီးလောင်တယ်ပြောတယ်။ သေဆုံးထိခိုက်မှုလည်းများတယ်လို့သိရတယ်။ ဆီတင်သင်္ဘောပေါက်ကွဲမှုက တစ်မြို့လုံး တုန်သွားတဲ့အထိဖြစ်ပါ့မလားဆိုပြီးလည်း စဉ်းစားစရာတော့ရှိပေမယ့် ပေါက်ကွဲသံထွက်ပေါ်ပြီးတဲ့နောက် သင်္ဘောမီးလောင်မှုပါရှိတာဆိုတော့ ဆက်စပ်မယ်ထင်ပါတယ်" ဟု အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်မှ ပြည်သူတစ်ဦးက ရှင်းပြသည်။

မြန်မာနိုင်ငံမီးသတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရမူ မတ်လ ၁ ရက်နေ့ နံနက် ၂ နာရီ ၂၃ မိနစ်အချိန် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သွားရောက် မီးငြိမ်းသတ်ရာ နံနက် ၃ နာရီ ၃၅ မိနစ်တွင် လုံး၀ မီးငြိမ်းသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်း စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မြောက်ခြမ်းကျေးရွာများသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ပြုလုပ်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို ပစ်မှတ်ထား၍ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီး
■ ရသေ့တောင်မြို့ပေါ်ရှိ နေအိမ်များနှင့် စျေးဆိုင်များကို စစ်သားများက ဖောက်ထွင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်ရာ နေရာများကို ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်စ ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင်အကြမ်းဖက်စစ်တပ်၏ မြောက်ဦးအခြေစိုက် ခမရ ၃၇၇ တပ်ရင်းက ပြည်သူများနေထိုင်ရာကျေးရွာများသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မြောက်ဦးမြို့နယ်၊ သရက်ချိုကျေးရွာအနောက်ဘက်ရှိ လယ်ကွင်းထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ကွင်းအတွင်း စပါးရိတ်သိမ်းနေကြသည့် အသက် ၄၅ နှစ်အရွယ် ကျေးရွာသား ၁ ဦးသည် ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အသက် ၇ အရွယ် အဘိုး ၁ ဦးမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင် အကြမ်းဖက်စစ်တပ်၏ အမှတ် ၂၃၂ တပ်ရင်းက ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် လက်နက်ကြီးများနှင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာရှိ ပြည်သူ အမျိုးသမီး ၁ ဦးမှာ ဦးခေါင်းတွင် ကျည်စထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်အတွင်းတွင် မြစ်ကြောင်းမှ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းတစ်ခုနှင့် ရက္ခိုင့် တပ်တော်တို့ကြား ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က စစ်တွေမြို့၊ ရွှေမင်းဂံဆိပ်ကမ်းရှိ နေဗီသင်္ဘောမှ တိုက်ပွဲဖြစ်ရာနေရာသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူတိုက်ခိုက်ခဲ့ကာ စစ်တွေအခြေစိုက် ခမရ ၃၅၄ တပ်ရင်း ကလည်း လက်နက်ကြီးများဖြင့် ညအချိန်မတော် ရမ်းကားပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် ရမ်းဗြဲ၊ သိမ်တောင်ဘုရားကုန်း၌ အခြေချတပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်စခန်းက ရမ်းဗြဲမြို့နှင့် အနီး အနားနေရာများသို့ လက်နက်ကြီးများဖြင့် ဖေဖော်ဝါရီ ၄ ရက် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းနေ အသက် ၄၇ နှစ်အရွယ် ဒေသပြည်သူ အမျိုးသား ၁ ဦး အပါအဝင် မြစ်နားတန်းရပ်ကွက်မှ ဒေသခံအမျိုးသမီး ၃ ဦးကိုလည်း အကြမ်းဖက်စစ်သား၊ ရဲသားနှင့် စရဖပူးပေါင်းအင်အား ၂၅ ဦးခန့်သည် နေအိမ်အတွင်းသို့ အင်အားသုံးဝင်ရောက်လာကာ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်သည် တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ Y12 ထောက်ပို့လေယာဉ်နှင့် ဂျက်ဖိုက်တာတို့ဖြင့် မြို့ပေါ်ရပ်ကွက်များအပြင် အနီးအနား‌ကျေးရွာများဖြစ်သည့် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာကျေးရွာများသို့ လေကြောင်းမှ လာရောက်ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်စခန်းများမှလည်း လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်တပ်၏ ပြည်သူများရှိရာ နေရာများသို့ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုများကြောင့် ရသေ့တောင်မြို့ပေါ်ပြည်သူများသည် မြို့မှစွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း၊ ပြည်သူများ ထွက်ပြေးနေမှုကို အခွင့်ကောင်းယူ၍ သင်္ဘောတောင်နှင့် စည်ကားတောင်၌ တပ်စွဲအခြေချထားသည့် အကြမ်းဖက်စစ်သားများသည် ရသေ့တောင်မြို့ပေါ်ရပ်ကွက်များက လူနေအိမ်များနှင့် မြို့မစျေးအတွင်းမှ ဆိုင်ခန်းပေါင်း ၇၅ ခန်းမှ ပစ္စည်းများကို ဖောက်ထွင်းခိုးယူသွားခဲ့ကြကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်သည်။

Читать полностью…

Khit Thit Media

ပေါက်ခေါင်း၊ တောင်လတ်ကြီးကျေးရွာ၏ ပျူစောထီးခေါင်းဆောင် ငမြ နှင့် မင်းလှမြို့နယ်မှ ပျူစောထီး ရှိုင်းလင်းအောင်တို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊တောင်လတ်ကြီးကျေးရွာနေ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ငမြကို ပစ်ခတ်ရှင်းလင်းခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း - ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၉ နာရီအချိန်တွင် တောင်လတ်ကြီးကျေးရွာရှိ ငမြ၏ နေအိမ်သို့ သွားရောက်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ၊ ပျူစောထီးခေါင်းဆောင် ငမြသည် ပြည်သူ့စစ်အမည်ခံ ပျူစောထီးဖွဲ့စည်းရန်အတွက် ဦးဆောင်လုပ်ကိုင်ခြင်း၊တောင်လက်ကြီးကျေးရွာတွင် ဒကစမှူးလာရောက်အထိုင်ချတပ်ဆွဲစဉ် အနီးကပ်သတင်းပေးခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထောင်ထားသောမိုင်းကွင်းနေရာများကို ပြသခြင်း၊ မိုင်းများကိုဖြုတ်ယူပြီး အကြမ်းဖက် စစ်တပ်ကို အပ်နှံခြင်း၊လောင်ကစားဝိုင်းထောင်ပြီးလိုင်းကြေးကောက်ကာ အကြမ်းဖက် စစ်တပ်ထံ ပေးပိုထောက်ပံ့ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၏ သတင်းအချက်လက်များကိုထောက်လှမ်းကာ အကြမ်းဖက် စစ်တပ်ထံမျက်နှာလိုမျက်နှာရသတင်းပေးပို့နေခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရှိရသည်။

ငမြကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ(၁)နှင့်ပေါက်ခေါင်းမြို့နယ်(ပကဖ)တို့က အတူပူးပေါင်း၍ ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေးအဖွဲ့များ အနေနှင့် ငမြ အလိုကျ ဆောင်ရွက်ပေးနေသည့် ငမြ တပည့် ပျူစောထီး ၅ ဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ သတင်းအချက်အလက်များကို ရရှိထားပြီး ဖြစ်၍ ၎င်းတို့အနေနှင့် အကြမ်းဖက်စစ်တပ်အလိုကျဆက်လက်လုပ်ဆောင်နေပါက ငမြကဲ့သို့ ပြတ်ပြတ်သားသားရှင်းလင်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြည်ခရိုင်တပ်ရင်း - ၃၆၀၁ PPDF တပ်ရင်းဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စိန်ကန့်လန့် -မြိုချောင်းရိုးမဖြတ်ကျော်လမ်း ခါချဉ် တောင်အနီးတွင် ပျူစောထီး ရှိုင်းလင်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွား ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်ခန့်က မင်းလှမြို့နယ်၊ ပက်တန်းအုပ်စု၊ မုက္ခာကျေးရွာက ပျူစောထီး ရှိင်းလင်းအောင်သည် စိန်ကန့်လန့်−မြိုချောင်း ရိုးမဖြတ်ကျော်လမ်း ခါ ချဥ်တောင်အနီးသို့ ဆိုင်ကယ်စီးလာစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း၊ ၄င်းထံမှ ဆိုင်ကယ် ၁ စီး၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၁၀၀၀ ကျပ်နှင့် မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပျူစောထီး ရှိင်းလင်းအောင်သည် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ပြည်သူများ စိုက်ပျိုး ထားသည့် သီးနှံများနှင့် နေအိမ်များကို စစ်ကောင်စီတပ်သားများနှင့်ပေါင်းကာ မတရားဖျက်ဆီး ရယူခြင်း၊ စစ်ကောင်စီတပ်သားများကို ရိက္ခာထောက်ပံ့ပေးခြင်း၊ စစ်ကောင်စီတပ်သားများ ရိုးမပေါ် သွားလာရေးအတွတ် ကားဖြင့် အကြိုအပို့ လုပ်ဆောင်ပေးခြင်း တို့လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်း လင်းရခြင်းဖြစ်ကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ်(ခေါ်) ပျူစောထီးတပ်ဖွဲ့ဝင်များ။

Читать полностью…

Khit Thit Media

TNLA က သိမ်းပိုက်ထားသော မန်တုံ ခလရ ၁၃၀ စစ်တပ်ကုန်းကို TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် NUG ဖက်ဒရယ် ရေးရာဒုဝန်ကြီးတို့ သွားရောက် ကြည့်ရှု

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်ရှိ TNLA က သိမ်းပိုက်ထားသော မန်တုံ ခလရ ၁၃၀ စစ်တပ်ကုန်းကို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့်အတူ NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီးတို့ သွားရောက် ကြည့်ရှုကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မန်တုံမြိုနယ်ရှိ စစ်ကောင်စီ၏ အမှတ်(၁၃၀) ခြေလျင်တပ်ရင်းကုန်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် တားဂျုတ်ဂျားနှင့် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ NUG ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးနှင့် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) အတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇားတို့က သွားရောက်ကြည့်ရှုကြကြောင်း သိရှိရသည်။

အဆိုပါစခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအချိန်တွင် တိုက်ခိုက်သိမ်းနိုင်ခဲ့ခြင်းဖြစ်ပြီး မန်တုံမြို့ သည် PSLF/TNLA သိမ်းပိုက်နိုင်ခဲ့သည့် လေးခုမြောက်မြို့လည်းဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ကောလင်းမြို့အနီးရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြား

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲများ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု များပြားကြောင်း ကောလင်းခရိုင် တပ်ရင်း ၂ နှင့် တော်လှန်ရေးတပ်ဖွဲ့ သတင်း ရင်းမြစ်ထံမှ သိရသည်။

ယနေ့ မတ်လ ၂၁ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်မှစ၍ ကောလင်းမြို့ အနောက်ခြမ်းရှိ ရွာမရွာ၊ စံတော်သာကုန်း၊ မင်းကုန်း၊ ဖန်ခါးကုန်း၊ ကျောက်ကြမ်းတောင်တို့ဘက်ကို အကြမ်းဖက် စစ်တပ်က အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး လာသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တနေကုန် နီးပါးတိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ ကြောင်း သိရသည်။

“ကောလင်းမြို့နားပတ်ချာလည်ကို ဒီနေ့ မနက်ပိုင်းလောက်စက ဖြစ်တာ၊ လေကြောင်းတော့ မလာ ဘူး၊ စစ်ခွေးတွေကလည်း မြို့အနီးအနား ပတ်ချာလည်ကို စစ်ကြောင်းထိုးပြီး မီးရှို့နေလို့ ဖြစ်တာ၊ တိုက်ပွဲကြီးဖော်ဆောင်တာတော့ မဟုတ်သေးဘူး၊ ထိတွေ့တိုက်ပွဲကတော့ ဖြစ်နေတယ်၊ အခုထိ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတုန်း” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ကောလင်းခရိုင် တပ်ရင်း ၂ ၊ ယင်းမာပင်ခရိုင် ပူးပေါင်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် တပ်ရင်း ၁ ၊ ကောလင်းမြို့နယ် ပကဖ နှင့် ကောလင်းခရိုင် ပကဖ လက်ရုံးတပ် တို့ပူးပေါင်းကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲအတွင်း ကောလင်းခရိုင် အမှတ် ၂ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျ ဆုံးခဲ့ကြောင်း သိရသည်။
You sent

Читать полностью…

Khit Thit Media

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်း တောင်ယာပြည်သူများနှင့် ပူးပေါင်းကာ လေယာဉ်ဆီ ရောင်းချနေခြင်း ရပ်တန့်ရေး လှုပ်ရှားမှုလုပ်ဆောင်

ရန်ကုန်၊ မတ် ၂၁

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းက တောင်ယာပြည်သူများနှင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီ ရောင်းချနေခြင်းရပ်တန့်ရေး လှုပ်ရှားမှုလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် "ဖက်ဆစ်တပ်ကို လေယာဥ်ဆီရောင်းပေးနေတာ ချက်ချင်းရပ်"၊ "USA, UK, EU - Ban Jet Fuel Sales and shipment insurance to Myanmar If the jets can't fly, they can't bomb."၊ "Ban Jet Fuel Exports to Myanmar Junta." စသည့် စာသားများကို ကိုင်ဆောင်ကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ မတ် ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁ ရက်နေ့ နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရခိုင်ပြည်နယ် ၊ မောင်တောမြို့မှာ အင်အား ၈၀ ပါ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ရခိုင့်တပ်တော် AA က တိုက်ုခိက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီတပ်သား ၇ ဦး သေထားပြီးပြီဖြစ်တဲ့ အပြင် ၊ လက်နက် ခဲယမ်းတွေပါ ရရှိထားပြီး ၊ ပုဏ္ဏားကျွန်း ခမရ ၅၅၀ တပ်ရင်းတစ်ခုလုံးကိုလည်း သိမ်းပိုက်နိုင်ဖို့ လက်တစ်ကမ်းအလိုသာလိုတော့တယ်လို့ ရခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ထား ပါတယ်။

- စစ်ကိုင်းတိုင်း ကလေးတက္ကသိုလ်က တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က ပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ နဲ့ ကျောင်းသူ ကျောင်းသားတွေကို လူသားဒိုင်း လုပ်ထားတဲ့အတွက် PDF တပ်ဖွဲ့တွေက ဆရာ၊ ဆရာမ နဲ့ ကျောင်းသူ ကျောင်းသားတွေကို ကယ်ထုပ်ပြီး ပြန်လည်ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။

- ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်မှာ ဓားပြတိုက်နေတဲ့ စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ရုံးက ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်တဲ့ အဖွဲ့ကို ဖမ်းမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ပေးပါမယ်။

https://www.youtube.com/watch?v=_-DD2cG4ebI

Читать полностью…

Khit Thit Media

ပေါက်ခေါင်းတွင် စစ်တပ် စစ်ကြောင်းကို ၃ ကြိမ် တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး၊ PDF ၁ ဦးကျဆုံး

ရန်ကုန်၊ မတ် ၁

ပဲခူးတိုင်း၊ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊လှည်းကူးအုပ်စု၊ အောင်သပြေရွာထဲရှိ စစ်တပ်ကို ၃ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၇ ဦး သေဆုံးသွားကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်မှုများပြားနေသော စစ်တပ်စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် အောင်သပြေရွာထဲသို့ ဝင်သွားခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်သား ၁ ဦး နေရာတွင် လဲကျသေဆုံးသွားကြောင်း၊ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင်လည်း ထိုစစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာတွင် ၃ ဦးသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရွာထဲမှ အပြင်သို့ ထွက်ခွာလာသော အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းကို တော်လှန်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၃ ဦးသေကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ဆင်ရေး တိုက်ခိုက်မှုများကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း စနိုက်ပါ အဖွဲ့နှင့် တပ်ခွဲ ၁၊ ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲပေါင်းစုစစ်ကြောင်းနှင့်ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ တို့ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။

ထိတွေ့တိုက်ပွဲများတွင် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ ၃ မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများသည် အောင်သပြေရွာအနောက်ဘက် တောကြောတန်းပေါ်သို့ ဆုတ်ခွာထွက်ပြေးသွားပြီး ရွာထဲသို့လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ရွာထဲရှိ အိမ်များပျက်စီးဆုံးရှုံးမှုရှိနိုင်ပြီး ပျက်စီး ဆုံးရှုံးမှုများကိုစုံစမ်းနေဆဲ ဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရှင်းလင်းပြောဆိုသည်။

Читать полностью…

Khit Thit Media

စစ်ခေါင်းဆောင်၏ သား အောင်ပြည့်စုံ တစ်နေ့တည်း ဝန်ကြီးဌာနတင်ဒါ ၁၃ ခုရယူမှု နှင့် ရခိုင်မှ သေဆုံး (သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ ကျန်ရစ်သူ မိသားစုများ လစာတစ်ဝက်သာပေးတော့မှု မင်းအောင်လှိုင်ကို တပ်အတွင်း အပြင်းအထန်ဝေဖန်နေ

ရန်ကုန်၊ မတ် ၁

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံ ပိုင်ဆိုင်သော ကုမ္ပဏီများက တစ်နေ့တည်းတွင် ဝန်ကြီးဌာန တင်ဒါ ၁၃ ခုအောင်မြင်သွားသော သတင်းမှာ စစ်ကောင်စီတပ်များအတွင်း ကျယ်ကျယ် ပြန့်ပြန့် ဝေဖန်နေပြီး တိုင်းပြည်စစ်မီးတောက်၍ စစ်သားများ သေဆုံးမှုများပြားချိန် တင်ဒါများ အုပ်စီးခွယူနေသည့် လုပ်ရပ်အဖြစ် တပ်အတွင်း ဝေဖန်မှုများမြင့်တက်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများပြားနေချိန် အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဝန်ကြီးဌာနတင်ဒါ ၁၃ ခုကို တစ်ရက်တည်းတွင် ရရှိသွားသော သတင်းမှာ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များတွင် အရာရှိ၊စစ်သည်များအကြား ပွင့်ပွင့်လင်း လင်း ပြောဆိုဝေဖန်သည်အထိ ဂယက်ရိုက်နေကြောင်း သိရှိရသည်။

"အခု တပ်တွေထဲမှာ အဲဒီတင်ဒါ သတင်းကတော့ အတော်ကို ဟိုးလေးတကြော်ကြော်ဖြစ်ပါတယ်။ တပ်ချုပ်သားက တစ်ရက်တည်း တင်ဒါ ၁၃ ခုအောင်မြင်သွားတဲ့ကိစ္စကို အတော်ကို ဝေဖန်ကြတာ။ တပ်ရေးဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေ ၊ ဒုတပ်ရင်းမှူးတွေကအစ ဒါဘာတွေမှာ ဒါတော့ မဖြစ်သင့်ဘူးဆိုတာမျိုးအထိ ဝေဖန်ကြတယ်။ အောက် ခြေ မှာသာ သေနေတာ "ဘုရားဒကာကြီးက ပွဲတက် မပျက်၊ သူ့သားက တင်ဒါတွေ ရ၊ ဘယ်ဘက်လက်က တစ်ဆုပ်လှူ၊ ညာဘက်လက်က တင်ဒါတွေ တစ်ပြုတ်ကြီးယူ ဆိုတာမျိုးတွေ ဝေဖန်ကြတယ်" ဟု နေပြည်တော် ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး(ကကထုတ်)မှ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်တပ်လော်ဘီအသိုင်းအ၀ိုင်းများတွင်လည်း လူမှုကွန်ရက်များ၊ တယ်လီဂရမ်များပေါ်တွင် မင်းအောင် လှိုင် ၏ သားဖြစ်သူ အောင်ပြည့်စုံက တစ်ရက်တည်းတွင် တင်ဒါ ၁၃ ခုကို ပြိုင်ဘက်မရှိ ရယူ အောင်နိုင်သွားသည်ဆိုသော သတင်းများကို ဖြန့်ဝေနေကြပြီး အရှက်မရှိသော လုပ်ရပ်အဖြစ် ဝေဖန်မှုများ ရှိနေကြောင်း သိရှိရသည်။

"သူ့သား တော် လေးအဖို တော့တ နေ့ ထဲကိုတင်ဒါ ၁၃ ခုနိုင် အောင်ဆွဲခဲ့တယ်တဲ့ ။ တော်လိုက်တာ အဖေ့ခြေရာနင်းပြီးစီးပွားရေးလာဘ်မြင်လိုက်ပုံများ" ဟု စစ်တပ်ထောက်ခံထောက်ခံသော တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ဖြန့်ဝေ သတင်းရေးသားထားသည်။

စစ်တပ်ထောက်ခံသော အမျိုးသားရေးအစွန်းရောက် အသိုင်းအ၀ိုင်းတွင်လည်း မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ တင်ဒါ ၁၃ ခု ရယူနေခြင်းမှာ မင်းအောင်လှိုင်၏ သိက္ခာမဲ့သော လုပ်ရပ်အဖြစ် ဝေဖန်ကြပြီး တိုင်းပြည်ကို အမှန်တကယ် ထူထောင်လိုသော ဒုစစ်ခေါင်း စိုးဝင်း အပါအဝင် စစ်ခေါင်းဆောင်တချို့က မင်းအောင်လှိုင်နှင့်မိသားစုကို ဖယ်ရှားကာ အာဏာရယူမှ နိုင်ငံတော်ကို ထိန်းသိမ်းနိုင်မည်၊ ပြည်ထောင်စု မပြိုကွဲရေး ကာကွယ်နိုင်မည်ဟု လူမှုကွန်ရက်များတွင် ရေးသား ဝေဖန်ပြောဆိုနေကြသည်။

ထို့ပြင် အခြားသော တစ်ဖက်တွင်လည်း ရခိုင်တွင် AA နှင့်တိုက်ပွဲများတွင် သေဆုံးခဲ့သော တပ်မ ၁၁ လက် အောက်ခံ တပ်များတွင် သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ မိသားစုများကို ယခု ဖေဖော် ဝါရီလမှစတင်၍ လစာ တစ်ဝက်သာ ပေးတော့ကြောင်း၊ လစာတစ်ဝက်သာရရှိသော ကျန်ရစ်သူ မိသားစုများမှာ တပ်မ ၁၁ လက်အောက်မှ ခမရ ၂၁၁၊ ခမရ ၂၁၂ ၊ ခမရ ၂၁၃ ၊ ခမရ ၂၁၄ ၊ ခမရ ၂၁၅ ၊ ခမရ ၂၁၆ ၊ ခမရ ၂၁၇ ၊ ခမရ ၂၁၈ ၊ ခမရ ၂၁၉ ၊ ခမရ ၂၂၀ စုစုပေါင်း တပ်ရင်း ၁၀ တို့မှ ကျန်ရစ်သူမိသားစုများဖြစ်ကြောင်း သိရှိရသည်။

"တပ်မ ၁၁ လက်အောက်ခံ တပ်ရင်းတွေက ရခိုင်၊ မီး၀၊ ပလက်၀၊ ရသေ့တောင်မှာ ခံတိုက်လို့ သေသူတွေ ပျောက်ဆုံးသူတွေရဲ့ မိသားစုဝင်တွေကို ဒီလကစပြီး လစာတစ်ဝက်ပဲ ပေးပါတော့တယ်။ ခံတိုက်လို့ သေသူကသေ၊ ကျဆုံးသူက ကျဆုံး။ အဲဒါကို ကျဆုံး (သို့မဟုတ်) ပျောက်ဆုံး အရာရှိစစ်သည်တွေရဲ့ လစာတစ်ဝက်သာ ပေးတာက ကျန်ရစ်သူ တပ်မိသားစုတွေအားလုံး စိတ်အရမ်းနာနေကြတယ်။ စောက်ရမ်းပဲ့သော တပ်ချုပ်ပါပဲ" ဟု ခမရ ၂၂၀ မှ ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ဆိုသည်။

ထို့ပြင် ရခိုင်မှ လွတ်မြောက်လာသော သေဆုံး(သို့မဟုတ်) ပျောက်ဆုံး စစ်သည်၊ အရာရှိများ၏ ကျန်ရစ်သူ မိသားစုဝင် ၁၁၂ ဦးမှာလည်း ရန်ကုန်ရှိ ဘုရင့်နောင်စစ်ကြောရေးရိပ်သာတွင် အလှူရှင်များကိုသာ အားကိုး၍ နေထိုင်စားသောက်နေရကြောင်း သိရှိရသည်။

"ဘုရင့်နောင် စစ်ကြောရေးနဲ့ တည်းခိုရိပ်သာမှာ ရောက်ရှိနေတဲ့ ကျဆုံးစစ်သည်တွေရဲ့ မိသားစုတွေလည်း စား စရာမရှိဘူး။ တပ်ကလည်း သူတို့ရှိတဲ့ အထဲက မျှတ ကျွေးရတယ်။ အလှူရှင်တွေလာရင်တော့ အဆင်ပြေတယ်။ အဲဒါတွေကို ဘာလုပ်ပေးမှာလဲလည်း မသိဘူး။ ဒီအတိုင်းပဲ ထားထားတယ်။သူတို့လင်တွေ သားတွေက အသက်စွန့်သွားပြီ။ ကျန်ရစ်သူတွေကို တပ်က ဘာမှ လုပ်မပေးဘူး" ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

Читать полностью…

Khit Thit Media

တာချီလိတ်မြို့နယ်တွင် ဓားပြတိုက်လုယက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော ၇ ဦးပါ အဖွဲ့ကို ဖမ်းဆီးရရှိ

ရန်ကုန်၊ မတ် ၁

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ဓားပြတိုက်နေသည့် စစ်ကောင်စီရွေးကောက် ပွဲ ကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ဦးဆောင်သော အဖွဲ့ကို ဖမ်းဆီးရရှိကြောင်း စစ်ကောင်စီဘက်က သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ပေါ် ရပ်ကွက်များ အတွင်း စစ်တပ်နှင့် ရဲဝတ်စုံများ ဝတ်ဆင်၍ လက်နက်များ ကိုင်ဆောင်လျက် မကြာခဏ ဓားပြတိုက် လုယုက် ပြန်ပေးမှုများ ဖြစ်ပွားနေသဖြင့် ရှာဖွေဖမ်းဆီးရာ ဖေဖော်ဝါ ရီလ ၂၉ ရက်နေ့ ည ၁၂ နာရီအချိန် တာချီလိတ်မြို့၊ မယ်ခေါင် ရပ်ကွက်၊ စိုက်ပျိုး ရေးလမ်း၊ ခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး အိမ်ရာတွင် ရွေးကောက် ပွဲကော်မရှင်ရုံးမှ ဒုဦးစီးအရာရှိ အေးကိုကိုဦး ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ယင်းနောက် ဓားပြတိုက်သည့် အဖွဲ့ကို ကွင်းဆက်များဖြင့် ထပ်မံ ဖမ်းဆီးရာတွင် အဖွဲ့ခေါင်းဆောင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ အသက် ၃၂ နှစ်အရွယ် ဒုဦးစီးအရာရှိ အေးကိုကိုဦး ၊ ပါဆပ်ရပ်ကွက်မှ စိုင်းမောင်ထွန်း(ခ)အိုက်ပီး ၊ ဝမ်းလုံးကျေးရွာမှ စိုင်းလှမောင် ၊ ဆန်းဆိုင်း(ခ) ရပ်ကွက်မှ စိုင်းခမ်းတွီ ၊မယ် ခေါင် ရပ်ကွက်မှ ရဲသီဟလွင် ၊ ဝိန်းကျောက်ရပ်ကွက်မှ ကျိုင်းဆံဟိုင်း၊ ဆေခမ်းရပ်ကွက်မှ စိုင်းဆိုင်မိန်း တို့ကို ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ဒုဦးစီးအရာရှိ အေးကိုကိုဦးနှင့်အဖွဲ့ထံမှ လက်နက်များ၊ ယာဉ်များ၊ ရဲဝတ်စုံနှင့် ပြည်သူ့စစ်ဝတ်စုံများကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ မတ် ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အထက ၁ ကျောင်းကို ဝင်ရောက်လာတဲ့ စစ်ကား ၉ စီးကို ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက် ခဲ့တယ်လို့ CDSOM မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ဆီကသိရပါတယ်။

- ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ကိုရီးယားဆိပ်ကမ်းဈေးအတွင်းကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ပြည်သူ ၁၂ ဦး သေဆုံးပြီး အယောက် ၈၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။

- ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ပြည်တွင်းအခွန်ဦးစီးဌာနပိုင်မြေလို့ဆိုပြီး နှစ်ပေါင်း ၃၀ ကျော် နေလာတဲ့ပြည်သူတွေကို အတင်းအဓမ္မ အိမ်တွေ ဖျက်ခိုင်းလိုက်တဲ့အတွက် ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်လို့ ဒေသနေပြည်သူတွေကပြောပါတယ်။

- အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က လွှတ်တော်ကိုယ်စားလှယ်နဲ့ ရက္ခိုင့်တပ်တော် (AA) က တာဝန်ရှိသူတွေ တွေ့ဆုံပြီး နယ်စပ်လမ်းဖောက်လုပ်ရေးအတွက် ဆွေးနွေးခဲ့ကြတဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/watch?v=1ytUlvZLSos

Читать полностью…

Khit Thit Media

၂၆ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာ မနက် ၄ နာရီလောက်ကစပြီး နှစ်ဖွဲ့တပ်ဖွဲ့ တိုက်ခိုက်မှု ထိတွေ့မှုဖြစ်ပွားတယ်ဆိုတာ တွေ့ရပါတယ်။ ကျနော်တို့ အဆောင်နားမှာ ပစ်ခတ်မှုတွေများတဲ့အတွက် အဆောင်ထဲမှာရှိတဲ့ ကလေးတွေကို အပေါ်ထပ်ကနေ အောက်ထပ် ပြောင်းရွှေ့နေထိုင်ဖို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဝန်ထမ်းအိမ်ရာထဲက လက်လှမ်းမီရာ အိမ်တွေကိုလည်း လှမ်းပြီးတော့ ထိခိုက်အပျက်အစီး မရှိအောင် လုံခြုံတဲ့နေရာမှာ ပုန်းခိုနေဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါပေမယ့် ၇ နာရီကျော်ကျော်လောက်အထိ တိုက်ပွဲက မရပ်ဘဲ ပိုပြီး ပစ်ခတ်မှုများလာတဲ့အတွက် ကျနော်တို့တစ်တွေ အဆောက်အဦးတွေက စွန့်ခွာဖို့ စဉ်းစားနေတဲ့အချိန်မှာပဲ တော်လှန်ရေးတပ်ဖွဲ့တွေက ကျောင်းထဲရောက်လာပြီးတော့ ကျနော်တို့ အဆောင်တွေ ဝန်ထမ်းအိမ်ရာတွေ ဝန်ထမ်းများအားလုံးကို ခေါ်ဆောင်ပြီးတော့ ဘေးကင်းရာကို ထွက်ဖို့ ညွှန်ကြားတဲ့အတွက် ကျနော်တို့အားလုံး လိုက်ပါပြီးတော့ ထွက်ခဲ့ရပါတယ်။ အဲဒီအခါမှာ အပြင်ဘက် ကျည်ဆန် မကျရောက်နိုင်တဲ့နေရာတွေမှာ စုစည်းပြီးတော့ ခေါ်ဆောင်သွားပါတယ်။

ကျနော်တို့အားလုံး အခုရောက်ရှိနေတဲ့နေရာမှာ ဘေးကင်းလုံခြုံစွာနဲ့ ထိခိုက်ဒဏ်ရာရရှိမှုလည်း မရှိပါဘူး။ ဒီတပ်ဖွဲ့တွေက စားရေ သောက်ရေး နေထိုင်ရေးကို အားလုံးစီစဉ်ပေးပါတယ်။ အထူးသဖြင့် ပြောကြားလိုတာကတော့ ကျနော်တို့ရဲ့ ဝန်ထမ်းမိသားစုများ၊ ကျောင်းသူကျောင်းသားများ၊ အားလုံး သက်ဆိုင်ရာ ဆွေမျိုးသားချင်းများ၊ မိဘများ အားလုံး စိတ်ပူ နေမှာဖြစ်တဲ့အတွက် အားလုံး စိတ်မပူဖို့ ကျနော် ဒီနေရာကနေ ပြောကြားရခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ဒီနေ့ မနက်ကစပြီး ကျနော်တို့ ကျောင်းသူတချို့ကို ပြန်လည်ပြီး ပို့ဆောင်ပေးတယ်ဆိုတာ သိရှိရပါတယ်။ ကျန်တဲ့သူတွေလည်း မကြာမီကာလမှာ ပြန်လည်ရောက်ရှိလာမှာလို့ ပြောကြားလိုပါတယ်။" ဟု ကလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း က ပြောဆိုသည်။

Читать полностью…

Khit Thit Media

မောင်တောတွင် အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ၊ ပုဏ္ဏားကျွန်း ခမရ ၅၀၅ တပ်ရင်းတစ်ခုလုံးကို သိမ်းပိုက်ရန် လက်တစ်အလိုရောက်ရှိနေပြီဟုဆို

ရန်ကုန်၊ မတ် ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အင်အား ၈၀ ပါ စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း ရက္ခိုင်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်အချိန် မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းတွင် စစ်ရေးလှုပ်ရှားနေသော အင်အား ၈၀ ပါ စစ်တပ်စစ်ကြောင်းတစ်ခု နှင့် ရက္ခိုင့်တပ်တော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ၂ နာရီကျော်ကြာ တိုက်ပွဲတွင် စစ်သား အလောင်း ၇ လောင်း နှင့် စစ်အသုံး အဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းမှာ ကစဉ့်ကလျားထွက်ပြေးနေသောကြောင့် AA က လိုက်လံတိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် AA က ယခင်ရက်များတွင် ထိုးစစ်ဆင်လျက်ရှိသော ပုဏ္ဏားကျွန်းမြို့၊ ခမရ ၅၅၀ တပ်ရင်း တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် ထိုးစစ်အရှိန်အဟုန်မြှင့် ဆက်လက်ပြုလုပ်လျက်ရှိကြောင်း၊ စစ်တပ်က ၎င်းတို့၏ စခန်း မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် အသည်းအသန်ခုခံကာကွယ်နေကြောင်း၊ ပုဏ္ဏားကျွန်းမြို့တွင် တစ်ခုတည်း ကျန်ရှိနေသေးသော ခမရ ၅၅၀ ကို အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ရရှိထားသော အချက်အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန်ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၉

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ညောင်ပတ်ရဲကင်းစခန်းကို တော်လှန်ရေး တပ်ဖွဲ့များ မီးရှို့ရှင်းလင်းခဲ့ကြောင်း OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစု ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့်တွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ညောင်ပတ်ကျေးရွာရှိ ညောင်ပတ်ရဲကင်းစခန်းကို OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေး အင်အားစုက ဝင်ရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ရဲကင်းစခန်းတွင် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်း၌ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ၄ လ ကျော်ကြာ ဝင်ရောက် တပ်စွဲနေထိုင်ခဲ့သော ရဲကင်းစခန်းတစ်ခုဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲနေထိုင်ခြင်း မရှိတော့ကြောင်း သိရသည်။

ညောင်ပတ်ကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ကား ၆ စီးဖြင့် ရောက်ရှိနေပြီး ယနေ့ ညဦးပိုင်းအထိ စစ်တပ်မှ အင်အားများ ထပ်မံဖြည့်တင်းရန် ကြိုးစားနေကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မြန်မာနိုင်ငံ အကျပ်အတည်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ် အစည်းအဝေးကို ကျင်းပပြုလုပ်ဦးမယ်လို့ ကုလသမဂ္ဂဘက်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

- ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ စာသင် ကျောင်း ကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲမှုကြောင့် ကလေးငယ် ၄ ဦးသေဆုံးသွားပြီး ၊ ၁၀ ဦးကျော် ဒဏ်ရာ ရထားတယ် လို့ ကရင်နီဒေသ သတင်းရင်းမြစ် JOBS For -ကယား ကနေ ဖော်ပြထားပါတယ်။

- မြန်မာနိုင်ငံက လူသတ်သမား အာဏာရှင် မင်းအောင်လှိုင်ဟာ နိုင်ငံတကာ တရား စီရင်မှုကို ခံထိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးကို ပို့ဖို့အတွက် ပြင်ဆင်ရမယ် လို့ ချက်နိုင်ငံ ပါလီမန် နိုင်ငံခြား၊ ကာ ကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ လည်း ၊ အထက်လွှတ်တော်အမတ်လည်း ဖြစ်တဲ့ ပါဗယ်ဖစ်ရှာ က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

https://youtu.be/IGZx6AuzYXc

Читать полностью…

Khit Thit Media

ဖြူးမြို့နယ်၊ ကုန်းအင်းရွာသား ၁ ဦးကို စစ်တပ်က သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေ၊ ရွှေဘိုမြို့နယ်၊ မြို့လှရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် နီးပါး မီးလောင် ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကုန်းအင်းရွာသား ၁ ဦးကို အကြမ်းဖက် စစ်တပ်က သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖြူးမြို့နယ်၊ ကုန်းအင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကုန်းအင်း အနောက်ရွာရှိ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖြူးမြို့နယ် ကုန်းအင်းတောင်ရွာနှင့် အရှေ့ရွာကို ဆက်လက် မီးရှို့ဖျက်ဆီးခဲ့ပြီး ကုန်းအင်းတောင်ရွာမှ အသက် ၆၈ နှစ်အရွယ် ဦးအောင်ကြည် ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

"ဖြူးမြို့နယ် ကုန်းအင်းအရှေ့၊ အနောက်၊ တောင်ရွာတွေကို မီးရှို့နေတာပါ။ ပြည်သူတွေရဲ့ နေအိမ်တွေကို စစ်သားအလုံးအရင်းနဲ့ လာပြီး မီးရှို့နေပါတယ်။ မနေ့ကတည်းက ရောက်နေတာ စစ်တပ် စစ်ကြောင်းက ဘာတိုက်ပွဲမှ မရှိဘဲကို မီးရှို့နေတာ မနေ့က ကုန်းအင်း အနောက်ရွာကို ရှို့ပါတယ်။ ဒီနေ့ ကုန်းအင်းတောင်ရွာနဲ့ အရှေ့ရွာကိုရှို့ပါတယ်။ ကုန်းအင်းတောင်ရွာက နွားတွေကို စိတ်မချလို့ နေခဲ့တဲ့ ဦးအောင်ကြည်ကို စစ်တပ်က သတ်လိုက်တယ်လို့ သိရတယ်" ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အနောက်ခြမ်းရှိ မြို့လှကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် အများအပြား မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရွှေဘိုမြို့ အနောက်ခြမ်းရှိ မြို့လှကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ကျေးရွာအတွင်းရှိ ရာနှင့်ချီသော ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ အစ္စလာမ် ဝတ်ပြုဗလီကျောင်နှင့် ကျေးရွာအတွင်း နေအိမ် အနည်းငယ်သာ ကျန်ရှိတော့ကြောင်းသိရသည်။

ထို့ပြင် တည်သီးတောရွာနှင့် ဇီးဖြူကုန်းရွာတို့မှလာသည့် စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ကျော်သည် လမ်း၌ မိုင်းမိသောကြောင့် မြိုလှကျေးရွာအတွင်း၌ ဆေးကုသနေပြီး မြို့လှကျေးရွာသည် အစ္စလာမ်ဘာသာဝင်များ နေထိုင်ရာ ကျေးရွာဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဘုတလင် ကူတော်ရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး ၊ ဝက်လက်၊ ရွာသာကြီးကျေးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးကြောင်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ ည ၈ နာရီကျော်အချိန် ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ ၂ ဦးသေဆုံးပြီး တော်လှန်ရေးရဲဘော် ၁ ဦးလည်း ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

"ညတိုက်ပွဲဖြစ်တာဆိုတာ့ အခက်အခဲတွေတော့ရှိတာ ပေါ့ဗျာ။ ရှိလည်း မတက်နိုင်ဘူး လေယာဉ်ရန်ကနေဝေးရင် ပြီးရော တိုက်ရတာ။ တိုက်ပွဲအတွင်း စစ်ခွေး၂ကောင်သေတယ်။ကျွန်တော်တို့ဘက်က ၁ ဦး ကျပြီး ၄ ဦးမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်" ဟု ဘုတလင်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာရှိ စ်စတပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများထိခိုက်မှုရှိခဲ့ကြောင်း ကျားညီနောင် LPDF တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၈ နာရီခွဲခန့်က ဝက်လက်မြို့နယ်၊ ရွာသာကြီးကျေးရွာ၌ အထိုင် ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများအနက် ဘန်ကာစောင့်နေသော အကြမ်းဖက်စစ်ကောင် စီတပ်သား ၁၅ ဦး ခန့်ကို လေးလက် ဒရုန်းဖြင့်၊ Fixed Wings လေယာဉ်တို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး အတည်အကျသိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ဘန်ကာစောင့်နေတဲ့ စစ်ခွေးတွေကို လေးလက်ဒရုန်း၊ Fixed Wings ရောပါတယ်ပေါ့ဗျာ၊ ခွေးထိ ခိုက်မှုမရှိတယ်ဗျ၊ ဘာလို့ထိခိုက်မှုရှိလဲဆိုတော့ ခွေးတွေက ဆဲဆိုပြီးတော့ ကျနော်တို့အဖွဲ့အစည်း တွေကို စိန်ခေါ်နေတယ်၊ နောက်ပြီးတော့ ကျနော်တို့ရှိတဲ့တောင်ဘက်ဖျားကို ၂၀ လောက်ကင်း ထွက်လာတယ်၊” ဟု ကျားညီနောင် LPDF တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်ရန်ကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားညီနောင် - Tiger Brother LPDF တပ်ဖွဲ့၊ Buffalo Soldiers Freedom Force ၊ Northern Tigers Group (NTG) ၊ ဂဠုန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Farmer Heroes (Khin U) ၊ Magic Dragon ၊ တွေ့မရှောင်၊ NDRF နှင့် ရွာသာကြီးတိုက်နယ်ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရေဖြူမြို့နယ်ရှိ စစ်တပ်၏ ခမရ ၄၁၀ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး - ထားဝယ် လမ်းပိုင်း ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၁၀ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂ ရက် နံနက် ၈ နာရီ မိနစ် ၃၀ ခန့်က ရေး-ထားဝယ် လမ်းပိုင်း ကလိန်အောင် မြို့နှင့် ကျောက်ရှပ် ကျေးရွာ အကြားရှိ အကြမ်းဖက် စစ်တပ်၏ ခမရ ၄၁၀ တပ်ရင်း အတွင်းကို SFZ Drone ဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၇ ဦးခန့် ထိခိုက် ဒဏ်ရာရရှိကာ တပ်ရင်းအတွင်းရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်များဖြင့် ဒရုန်းများကို ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့်လည်း ၁၅ ကြိမ် ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အနီးအနား ကျေးရွာများရှိ ခြံဝင်း အတွင်းကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ဒေါန တပ်ခွဲ-၄) ၏ ဒရုန်းတပ်ဖွဲ့ နှင့် Dawei Defense Team (DDT တပ်ခွဲ-၃) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Читать полностью…
Subscribe to a channel