khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

“ ဖက်ဆစ်ယန္တရားကို ဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက် ” ဘန်နာနှင့် ဖက်ဆစ်စစ်တပ်ဆန့်ကျင်ရေး ချီတက်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်း၍ “ ဖက်ဆစ်ယန္တရားကို ဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက် "စာသားပါဘန်နာကို ကိုင်စွဲပြီး ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့တွင်
လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး လူထု သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- ရန်ကုန်မှာ ဧည့်စာရင်းတိုင်မယ်ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေ ပစ်ခတ်ရှင်းလင်းခံနေရတဲ့ အတွက်ကြောင့် ရပ်ကွက်ရုံးမှာ ဧည့်စာရင်း တိုက်ရိုက်တိုင်ခွင့်မပြု တော့ဘဲ စနစ်သစ်ပြောင်းလဲ လိုက်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တချို့ဆီကနေ သိရပါတယ်။
- ပဲခူးတိုင်း၊ တောင်ငူ-ခရိုင်၊ ထန်းတပင်-မြို့နယ် ၊ ကင်မွန်းချုံကျေးရွာက အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း အောင်ဝင်းကို နိုဝင်ဘာ၂၇ ရက်နေ့ ညနေပိုင်းမှာ ထန်းတပင်မြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ထန်းတပင်၊ ပကဖ)ကနေ ပစ်ခတ်ရှင်းလင်းရာမှာ နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်လို့ ပဲခူး PDF က ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က မွန်းလွဲပိုင်းမှာ လှတောကျေးရွာကနေ ရွှေဘိုဘက်ကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကားတစ်စီးကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/cig9JjgCgUI

Читать полностью…

Khit Thit Media

ဝက်လက်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး၊ ချင်းတွင်းမြစ်အတွင်း စစ်တပ် လေယာဥ်ဆီတင် သင်္ဘောများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း ဝက်လက်မြို့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို PDF တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း BLACK WOLF- ARMY (PDF) ထံမှ သိရသည်။

ဝက်လက်မြို့ သားနားကျေးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီ အင်အား ၇၀ ခန့်ပါ စစ်ကြောင်းသည် နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် ပြင်းအားမြင့် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၅ ဦးထက် မနည်းသေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BLACK WOLF- ARMY (PDF) က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို BLACK WOLF- ARMY (PDF) နှင့် တော်ဝင်ဖီးနစ် - PDF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ခင်ဦးမြို့နယ် မုံလှတိုက်ပွဲတွင် ကျဆုံးခဲ့ရသည့် ကိုလှိုင်ဝင်းနှင့် BLACK WOLF- ARMY (PDF) ရဲဘော်လေးဦးတို့အတွက် လက်စားချေတိုက်ခိုက်သည့် စစ်ဆင်ရေးတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်အတွင်း ဖြတ်သန်းလာသည့် အကြမ်းဖက် စစ်အုပ်စု၏ လေယာဥ်ဆီတင် သင်္ဘောများကို ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ချင်းတွင်း မြစ်ကြောင်းအောက်ဘက်မှ အထက်ဆီသို့ ဆန်တက်လာသော လေယာဥ် ဆီတင် စစ်သင်္ဘော ၁၀ စီးပါ အုပ်စုကို ချင်းတွင်းမြစ်အနောက်ဘက်ကမ်း၌ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပြီး ရှေ့ထွက်ပြောင်းများ၊ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

" နံနက်ပိုင်းက ဒဏ်ရာရတာ ၁၀ ​ကောင် သေတာက ၂ ကောင်ရှိတယ်။ လောလောဆယ် သိရသလောက်ကတော့ မနေ့က နံနက်ပိုင်း ထိတာက ၁၂ ကောင်ပေါ့။ သေတာ ၂ ကောင်သေတယ်။ ညနေပိုင်း တိုက်ခိုက်မှုကတော့ စစ်ခွေး သေရင်း မသိရသေးဘူး" ဟု BLACK Rangers FORCE (BRF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Aung San Generation Monywa တပ်ရင်း(၁၃)၊ BLACK Rangers FORCE (BRF)နှင့် Tan Hkwan people’s defense force တို့မှ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရန်ကုန်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို မကြာခဏ ပစ်ခတ်နေသဖြင့် ရပ်ကွက်ရုံးတွင် တိုက်ရိုက် ဧည့်စာရင်း တိုင်ခွင့် မပြုတော့ဘဲ စနစ်သစ် ပြောင်းလဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ရန်ကုန်တွင် ဧည့်စာရင်းတိုင်မည်ဟုဆိုကာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များကို ပစ်ခတ်မှုများ ဖြစ်ပွားနေ၍ ရပ်ကွက်ရုံးတွင် ဧည့်စာရင်း တိုက်ရိုက်တိုင် ခွင့်မပြု တော့ဘဲ စနစ်သစ်ပြောင်းလဲလိုက်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တချို့ ထံမှ သိရှိရသည်။

ယမန်နေ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၈၁ ရပ်ကွက်တွင် ဧည့်စာရင်းတိုင်မည် ဟုဆိုကာ ဝင်ရောက်ပစ်ခတ်သွားသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော်သန်း အပါအဝင် ၃ ဦးသေဆုံးခဲ့ပြီးနောက် ဧည့်စာရင်းကို ရပ်ကွက်ရုံးသို့ တိုက်ရိုက် လာတိုင်ခြင်းမပြုရန်နှင့် အပြင် လူစိမ်းများ ရပ်ကွက်ရုံးသို့ မလာနိုင်စေရန် စနစ်သစ်ဖြင့် ဧည့်စာရင်းတိုင်ကြားခြင်း လက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။

ရပ်ကွက်အတွင်းမှ ပြည်သူများအနေဖြင့် ဧည့်စာရင်းတိုင်မည်ဆိုလျှင် ရာအိမ် မှူး၊ ဆယ်အိမ်မှူးများထံတွင် မူလ ထောက်ခံလက်မှတ် အရင်ယူရ မည် ဖြစ်ပြီး အဆိုပါ ထောက်ခံချက် လက်မှတ်ပါမှသာလျှင် ရပ်ကွက်ရုံးထဲသို့ ဧည့် စာရင်း တိုင်ရန် ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ ရာအိမ်မှူးနှင့်ဆယ်အိမ်မှူးများအနေဖြင့် ရပ်ကွက်အတွင်းမှ ပြည်သူများမှ အပ လူစိမ်းများကို ဧည့်စာရင်းထောက်ခံချက် ထုတ်မပေးရန် ၊ ထောက်ခံချက်လက်မှတ်မပါဘဲ ရပ်ကွက်ရုံးအတွင်းသို့ ဧည့်စာ ရင်း တိုင်မည်ဟု ပြောဆို ဝင်ရောက်မှုများကို လုံး၀ လုံး၀ ခွင့်ပြုမည် မဟုတ် ကြောင်း သိရှိရသည်။

"အုပ်ချုပ် ရေးမှူးရုံးမှလော်စပီကာနဲ့ လိုက်အော်နေပါတယ် ဧည့်စာရင်း ထောက် ခံစာ လုပ်ရင် အရင်လို ရုံးကို တိုက် ရိုက်လာလို့မရတော့ဘူး။ ရပ် ကွက် က အရင်တုန်းက ရွေးချယ်တင်မြှောက်ထားသော ဆယ် အိမ်မှူး ရာအိမ် မှူး တွေ ဧည့်စာရင်းထောက်ခံချက် လက်မှတ်အရင်ယူပြီးမှ ရုံးကို လာယူရမယ်။ အခု ရာအိမ်မှူးတွေ၊ ဆယ်အိမ်မှူးတွေက လန့်နေပြီ။ အုပ်ချုပ်ရေးမှူး အပစ် မခံရဘဲ သူတို့က ကြားကဝင် အပစ်ခံရမယ့်ပုံစံဆိုတော့ လန့်နေကြတယ်။ လူစိမ်း တွေ ဧည့်စာရင်းတိုင်မယ်ဆိုပြီး ရပ်ကွက်ရုံးဝင်ပစ်တာမျိုးမဖြစ်အောင် လုပ်တာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ရပ်ကွက်ရုံးများတွင် ဧည့်စာရင်းတိုင်မည်ဟုဆိုပြီး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး များ မကြာခဏဆိုသလို ပစ်ခတ်ခံရပြီး သေဆုံးသည့် ဖြစ်စဉ်များ တောက် လျှောက် ဆိုသလိုဖြစ်ပေါ်လျက်ရှိပြီး လက်ရှိအချိန်အထိ ရပ်ကွက်ရုံးများတွင် သဲအိတ် များ၊ ဘယ်ရီယာများ၊ ၊ ဘန်ကာများ တည်ဆောက်၍ စစ်သားတချို့က လုံခြုံရေးယူထားမှုများ တစ်နိုင်ငံလုံး တွင် စစ်တပ်က လုပ်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ- ယမန်နှစ် မီးလောင်နေသည့် ဒဂုံမြို့သစ်တောင်ပိုင်းမှ ရပ်ကွက်ရုံး တစ်ခု။

Читать полностью…

Khit Thit Media

ရေဖြူမြို့တွင် ဆိုင်ကယ်တွင် GPS တပ်၍ စစ်တပ်အတွက် သတင်း ထောက် လှမ်းနေသည်ဟု ဆိုသူ သိန်းအောင် ပစ်ခတ်ခံရပြီးသေဆုံး၊ ထန်းတပင်၊ ကင် မွန်းချုံရွာ အုပ်ချုပ်ရေးမှူး၊ စစ်မှုထမ်းဟောင်း အောင်ဝင်း ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရလိုင်ရွာတံတားတွင် ဆိုင်ကယ်တွင် GPS တပ် ၍ စစ်တပ်အတွက် သတင်းထောက်လှမ်းနေသည်ဟုဆိုသူ သိန်းအောင် ပစ် ခတ် ခံ ရပြီး သေဆုံးကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့် စစ်တပ်အတွက် သတင်းထောက် လှမ်းနေ သော သိန်းအောင်ကို တနင်္သာရီ တိုင်း ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ T-PDF ၊ထားဝယ်(ပကဖ) DGRF၊ လောင်းလုံး(ပကဖ)LL PDFတို့က ပူးပေါင်း ရှင်း လင်း ခဲ့ကြောင်း၊ သိန်းအောင်သည် ဆိုင်ကယ်တွင် GPS တပ်၍ ရေခဲ ချောင်း လိုက်ရောင်းချသူအဖြစ် ဟန်ဆောင်ကာ စစ်တပ်အတွက် သတင်း ထောက် လှမ်း ပေး နေကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် သိန်းအောင်သည် စစ်တပ်အတွက် သတင်း ထောက် လှမ်းနေသူဟုတ်၊ မဟုတ် မြေပြင်အခြေအနေကို အတည်မပြုနိုင်ပေ။

"သေနတ်ကျည်(၃)ချက်လောက် ဆက်တိုက် ဦးခေါင်းကိုပစ်ခတ်ခဲ့တာပါ။ပစ်ခံရတဲ့ သူ တော့ ပွဲချင်းပြီးဆုံးပါးသွားခဲ့တယ်။ဆိုင်ကယ်မှာခြေရာခံစက် GPSတစ်လုံးတပ်ထားလို့GPS ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်"ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောသည်။

သိန်းအောင် သည်ရေဖြူမြို့နယ်အတွင်းရှိ ကျေး ရွာများတွင် ဆိုင်ကယ်တစ်စီး ဖြင့် ရေခဲချောင်းလိုက်ရောင်းကာ စစ်တပ်အတွက် သတင်းထောက်လှမ်း နေ သည့် စစ်ထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပစ်ခတ် ရာမှ သေဆုံးခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။

အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာ အကြမ်း ဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး စစ်မှုထမ်းဟောင်း အောင်ဝင်းကို နိုဝင်ဘာ၂၇ ရက် နေ့ ညနေ(၅)နာရီတွင် ထန်းတပင်မြို့နယ်ပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့ (ထန်းတပင်၊ ပကဖ)က နန်းထိုက်အောင် စစ်ဆင် ရေးအဖြစ် ပစ်ခတ်ရာ အောင် ဝင်း သေဆုံးသွားကြောင်း ပဲခူး PDF က ပြောသည်။

အောင်ဝင်းသည် စစ်ထွက်တစ်ဦးဖြစ်သည့်အပြင် ‌အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးလုပ်ရန် မြို့နယ်ထွေ/အုပ်ရုံးသို့ ကိုယ် တိုင် ကိုယ်ကျ သွားရောက်လျှောက်ထားခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို လွန်စွာစိတ်အားထက်သန်လှပြီး ရာအိမ်မှူးများ၊ ဆယ်အိမ်ခေါင်းများနှင့် ကာလသားခေါင်းများအား အိမ်ထောင်စုစာရင်းများ ကောက်ခိုင်းခြင်း၊ အစည်း အဝေးတက်ရောက်ခိုင်းခြင်းများကို အတင်းအဓမ္မ လုပ်ဆောင် လျက်ရှိသူ ဖြစ် ကြောင်း သိရှိရသည်။

အောင်ဝင်းသည် မီတာခ အပြည့်အဝရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် COVID-19 ချေးငွေများ ပြန်လည်ပေးဆပ်ရေးတို့အတွက် ပြည်သူလူထုအား အဓမ္မဖိနှိပ်ခြိမ်းခြောက် တောင်းခံသည့်အပြင် မပေးဆပ်နိုင်သေးသော ပြည်သူ များကို အိမ်တိုင်ရာရောက် လိုက်လံတောင်းခံခြင်း၊ စာပို့တောင်း ခံခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်နေသူဖြစ် ကြောင်း၊ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ဒုက္ခပေးနေသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် ရွေး ကောက် ပွဲအား လွန်စွာလုပ်ချင်ရှာသော စစ်ထွက် အုပ်ချုပ်ရေးမှူး အောင် ဝင်းကို နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းပစ်ခတ်‌ခဲ့ပြီး တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရ သည်။

ဓာတ်ပုံ- ဆိုင်ကယ်တွင် GPS တပ်၍ စစ်တပ်အတွက် သတင်းထောက် လှမ်းနေသူဟု စွပ်စွဲခံရသူ သိန်းအောင်။

Читать полностью…

Khit Thit Media

ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို စစ်တပ်က မီးတင်ရှို့

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်တပ်က ညောင်ပင်သာကျေးရွာကို လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်လာကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီခွဲတွင် မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ဝင်ရောက်လာသဖြင့် ပြည်သူများ ထွက်ပြေးနေရပြီး ပိတ်မိနေသူများလည်းရှိကြောင်း သိရှိရသည်။

"ရွာမဝင်ခင်မှာ ပစ်ခတ်မှုဖြစ်တယ်လို့တော့ကြားတယ်။ အတိအကျတော့မသိဘူး။ မနက် ၇ ခွဲ လောက်မှာ လက်နက် ကြီးများနဲ့ပစ်ခတ်နေပါတယ်။ နံနက် ၁၀ နာရီ လောက်မှာ မီးရှို့ခံရတာပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က နေအိမ်များကို လုယက်ဖျက်ဆီးမှုများ၊ မီးတင်ရှို့မှုများ လုပ်ဆောင်ပြီး ကျေးရွာတစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို စစ်တပ်က မီးတင်ရှို့

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်တပ်က ညောင်ပင်သာကျေးရွာကို လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်လာကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီခွဲတွင် မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ဝင်ရောက်လာသဖြင့် ပြည်သူများ ထွက်ပြေးနေရပြီး ပိတ်မိနေသူများလည်းရှိကြောင်း သိရှိရသည်။

"ရွာမဝင်ခင်မှာ ပစ်ခတ်မှုဖြစ်တယ်လို့တော့ကြားတယ်။ အတိအကျတော့မသိဘူး။ မနက် ၇ ခွဲ လောက်မှာ လက်နက် ကြီးများနဲ့ပစ်ခတ်နေပါတယ်။ နံနက် ၁၀ နာရီ လောက်မှာ မီးရှို့ခံရတာပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က နေအိမ်များကို လုယက်ဖျက်ဆီးမှုများ၊ မီးတင်ရှို့မှုများ လုပ်ဆောင်ပြီး ကျေးရွာတစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ရွှေဘိုတွင် စစ်ကားကို PDF ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်ကိုင်းမြို့နယ်ရှိ ညောင်ပင်ဝန်းရဲစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် လှတောကျေးရွာမှ ရွှေဘိုဘက်သို့လာသည့် စစ်ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတစ်နေရာတွင် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း Shwe Bo Defense Force – SBDF က ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ရွှေဘိုခရိုင် လှတောရွာမှ ရွှေဘို ဘက်သို့ လာသည့် စစ်ကားတစ်စီးကို တော်လှန်ရေးအဖွဲ့များက မန္တလေး၊ စစ် ကိုင်း၊ ရွှေဘိုလမ်းတစ်နေရာတွင် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၃ ဦး သေဆုံးပြီး ကျန်စစ်ကောင်စီဝင်များ ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း Shwe Bo Defense Force – SBDF ထံမှ သိရှိရသည်။

အဆိုပါတိုက်ခိုက်မှုကို Shwe Bo Defense Force (SBDF) စခန်း ၁ နှင့် မဟာ မိတ်များဖြစ်သည့် ဒေါင်းနီအရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီး လူး ဘကျော်တိုက်နယ်၊ တောကျီးကန်းနှင့် Anyar Revolution တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ငယ်များနှင့် စောင့်ကြိုပစ်ခတ်ခဲ့ ခြင်းဖြစ် ကြောင်း သိရှိရသည်။

ထို့ပြင် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင်လည်း လှတောမှပင် ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ ၆ ဘီးကားတစ်စီးကို မိုင်း ၁၀ လုံးခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဝင် ၁၀ ဦးကျော် ဒဏ်ရာ ပြင်းထန်စွာရရှိသွားကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကို Shwe Bo Defense Force (SBDF) စခန်း ၁ အဖွဲ့၊ ဒေါင်းနီအရာတော်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယမ်းဘီးလူးဘကျော်တိုက်နယ် အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

ပြည်သူများအနေဖြင့် မန္တလေး၊ ရွှေဘို၊ မြစ်ကြီးနား စသည့် လမ်းမကြီးများ ပေါ်တွင် SBDF မိုင်းအဖွဲ့များနှင့် မဟာမိတ်အဖွဲ့များ လှုပ်ရှားလျက်ရှိသည့် အတွက် ည ၇ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်း မပြုကြရန်နှင့် ကားများကို မှန်ချမောင်းနှင်ရန် SBDF အဖွဲ့က မေတ္တာရပ်ခံထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းရဲစခန်းကို နိုဝင်ဘာ ၂၇ ရက်နေ့ ၄ နာရီ ၄၅ မိနစ်အချိန်တွင် လက်နက် ကြီးဖြင့် ၃ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်အတိုင်း ထိမှန်ခဲ့ကြောင်း တိုက်နယ်စွန် PDF က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ခွေးတွေဘက်ကလည်း လက်နက်ကြီး ၄ ချက် စစ်သေနတ်နဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။ ခွေးဘယ်နှကောင် သေတယ်ဆိုတာကိုတော့ အတိ အကျ မသိရသေးပေမယ့် မျက်မြင်နယ်ခံတွေရဲ့ ပြောပြချက်အရ ခွေးစခန်းဘေးနားက မူးမြစ်ထဲမှာ ခွေးသေတွေ ရေထဲ မျှောပစ်နေကြတာ တော်တော်များတယ်လို့ သိရပါတယ်” ဟု တိုက်နယ်စွန် PDF မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

တိုက်နယ်စွန် PDF အနေနှင့် ထိန်ကုန်ရွာနှင့် လက်ပံသာရွာကို စစ်ကြောင်း ထိုးနေသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ ပြန်လှည့်လာစေရန်အတွက် ရဲစခန်းကို သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရဲစခန်းဘက်မှ ပြန်ပစ် သော် လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဓာတ်ပုံ- တိုက်နယ်စွန် PDF က စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းကို လက်နက် ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်နေစဉ်။

Читать полностью…

Khit Thit Media

ပေါက်မြို့နယ်၊ ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနှင့်ဂွေးဂုဏ်ရွာမှ နေအိမ် ၉၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစစ်တပ်စခန်းမှ ထွက်လာသော ပျူစောထီး နှင့်စစ်သားများကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိပြီးနောက် ညောင်ရင်းရွာ၊ ခဲပင်အင်းရွာနှင့်ဂွေးဂုဏ်ရွာမှ နေအိမ် ၉၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၊ စစ်သားနှင့် ပျူစောထီး များသည် ဇီးပြားစခန်းထွက်လာပြီး လမ်း တလျောက်တွင် ကာ ကွယ် ရေး တပ်ဖွဲများဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကြောင်း၊ ညောင်ရင်းရွာ တွင် မိုင်းပွိင့် အနည်းဆုံး ၇ပွိင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်တပ်နှင့်ပျူစောထီးများက အထိနာသွားပြီးနောက် ညောင်းရင်းရွာမှ နေ အိမ် ၈၆ လုံး၊ ခဲပင်အင်းရွာ နေအိမ် ၆ လုံး ဂွေးဂုဏ်ရွာမှ နေအိမ် ၄ လုံး စုစု ပေါင်း နေအိမ် ၉၆ လုံးကို မီးတင်ရှို့သွားကြောင်း၊ မီးရှို့နေသော စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အုပ်စလိုက် ထွက်ပြေးသွားကြကြောင်း ၊ ယနေ့ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရ သည်။

"မနေ့က၂၈ရက်နေ့ကပေါက်မြောက်ပိုင်းဇီးပြားစခန်းကိုရိက္ခာပို့ပီးပြန်လာတဲ့စခအင်အား၁၅၀ခန့် ကား ၄ စီး အပါ အဝင် ညောင်ရင်းရွာကိုမီးဝင်ရှို့သွားပါတယ်။ အိမ်ခြေ ၈၆လုံးမီးလောင်ပြာကျခဲ့ပါတယ် ရွာကာကွယ် ရေးနဲ့မဟာမိတ် အဖွဲ့ တွေ ရဲ့ခုခံကာကွယ်မှုကြောင့်၂နာရီနီးပါးထိမ်းထားနိုင်ခဲ့ပြီး လက်နက် မမျှလို့ ပြန်ဆုတ်ရပါတယ်ခွေးတွေဘက်က၂ကောင်ကျတယ်။ သွေးအိုင်တခုလည်း တွေ့ရတယ်"ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

Читать полностью…

Khit Thit Media

ကန့်ဘလူတွင် စစ်တပ်က ပြည်သူ ၅ ဦးကို မီးရှို့သတ်ဖြတ်ပြီး ဘာသာရေး အဆောက်အအုံ၊ စာသင် ကျောင်း အပါအဝင် လူနေအိမ် ၈၆၂ လုံးကို မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အတွင်းရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က ၄ ရက် ဆက် တိုက် မီးရှို့မှုကြောင့် ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ စာသင်ကျောင်းများ အပါအဝင် လူနေအိမ် ၈၆၂ လုံး ပြာကျခဲ့ပြီး ပြည်သူ ၅ ဦးကိုလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ကာဘိုးမှ ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းက ကျောက်တိုင်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင် ရောက် စီးနင်းမီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၇၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကျေးရွာရှိ ဒက္ခိဏရာမ ဘုန်းကြီး ကျောင်းတိုက်ရှိ ဆွမ်းစားဆောင်ကိုလည်း စစ်တပ်က မီးရှို့ ဖျက်ဆီး သွားကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်တိုင်ရွာနေ ပြည်သူများဖြစ်ကြသော အသက် ၉၀ အရွယ် အဘွားအို ဒေါ်ပြား၊ အသက် ၇၅ နှစ်အရွယ် အဘွားအို ဒေါ်ထူးတို့ကနှင့် အသက် ၃၇ နှစ်အရွယ် ကိုကျော်ဇင်ဦးတို့ကို လက်ပြန် ကြိုးတုပ်လျက် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျီစုရွာကို လက်နက် ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၆၀၀ ခန့် နှင့် အစ္စလမ် ဘာသာရေးဆိုင်ရာ အဆောက်အဦး၊ ဗလီများကိုလည်း မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရှိရသည်။

ကျီစုရွာတွင်နေထိုင်သည် အသက် ၅၃ နှစ်အရွယ် ဒေါ်တိုက်နှင့် အသက် ၄၅ နှစ်အရွယ် ဦးကျော်မင်းဦး တို့ကိုလည်း ဝါယာကြိုးဖြင့် လက်နောက်ပြန် ကြိုးတုပ်ကာ နေအိမ်အတွင်းထည့်ပြီး မီးရှို့ သတ်ဖြတ် သွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မဒေါင်းလှမှ ထွက်လာသည့် အကြမ်း ဖက် စစ်တပ် စစ်ကြောင်းက ကန့်ဘလူမြို့နယ်၊ ဖိုလ်ကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ စာသင် ကျောင်းဆောင် ၁ ခုနှင့် ပြည်သူပိုင် နေအိမ် ၈ လုံး ပြာကျခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်တပ်က သောက္ကန်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ဝင်ရောက် မီးရှို့ခဲ့သဖြင့် နေအိမ် ၇၇ လုံး ပြာကျ သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း အကြောင်းမဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၁၄ နှစ်အရွယ် မောင်ကျော်စွာထွန်းနှင့် အသက် ၈၅ နှစ်အရွယ် ဦးအေးဆောင်တို့ ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူခဲ့ကြရသည်။

လက်ရှိချိန်တွင် ကန့်ဘလူမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသောကြောင့် သောင်းနှင့်ချီသော ဒေသခံပြည်သူများသည် ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ အရေး ပေါ် လိုအပ်လျက် ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

တရုတ်လုပ် K-8W အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ် ၅ စီးကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း တောင်ငူလေတပ်သို့ ပြန်ရောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အကြမ်းဖက်လေတပ်က ဝယ်ယူထားသော တရုတ်လုပ် K-8W အမောင်းသင်နှင့်တိုက်ခိုက်ရေး ဘက်စုံ သုံး တိုက် လေယာဉ် ၅ စီးကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်နေရာ ယခုရက်ပိုင်းအတွင်း တောင်ငူ လေတပ် စခန်းသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

တရုတ်လုပ် Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ် ၅ စီးဖြစ်ကြသည့် လေယာဉ်အမှတ် 3920 ၊ 3925 ၊ 3926 ၊ 3928 ၊ 3930 တို့ကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်ပြီးစီးပြီဖြစ်၍ တရုတ်နိုင်ငံယူနန်မှ တောင်ငူလေတပ်စခန်းသို့ လေယာဉ် ၃ စီး တစ်အုပ်၊ လေယာဉ် ၂ စီး တစ်အုပ်ပုံစံဖြင့် ပျံသန်း ပြန်လည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိ ရသည်။

Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက် လေယာဉ် သည် တရုတ်နိုင်ငံထုတ် Hongdu JL-8 ၏ ပြည်ပပို့ကုန်လေယာဉ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ံငံခန့် တွင် လက်ရှိအသုံးပြု နေကြသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ခုနှစ်ဝန်းကျင်အချိန် တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက် လေ ယာဉ် ၁၈ စင်းခန့်စတင်လက်ခံခဲ့ပြီး ယခုအခါ အစီးရေ ၅၀ ကျော် ရှိနေပြီဖြစ်သည်။

တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက်လေယာဉ်များကို စစ်တပ်က လက်နက်တပ်ဆင်ပြီး တိုက်ပွဲဝင် စစ်လေယာဉ်များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

တရုတ်လုပ် Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်းအကြား ကျသင့်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

အမေရိကန်ပြည်ထောင်စုနှင့် အီတလီတို့တွင် မသောက်မိသော မိုးခါးရေ ရုပ်ရှင် နှင့် တော်လှန်ရေး ရန်ပုံငွေရှာပွဲများ ဆက်တိုက်ပြုလုပ်၊ ဒေါ်လာသောင်းချီရရှိ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အမေရိကန် ပြည်ထောင်စု၊ Buffalo မြို့ Bulger Communication Center တွင် ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသည့် “ မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင် အားပြသခဲ့ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ခန့်မှန်း ၁၀,၀၀၀ကျော် ရရှိခဲ့ကြောင်း သိရသည်။

“မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို နွေဦးရုပ်ရှင်ပြသရေး Buffalo, NY အဖွဲ့မှ ဦးဆောင်၍ နိုဝင်ဘာ ၂၆ ရက် မွန်းလွဲ ၁၁နာရီ မှ ညနေ ၆အထိ ပွဲချိန် သုံးချိန်ခွဲ၍ ပြသခဲ့ခြင်းဖြစ်သည်။

ရုပ်ရှင်ပြသမှုကို Buffalo မြို့နှင့်အနီးတဝိုက်တွင်နေထိုင်ကြသော လူဦးရေ ၉၀၀ ဝန်းကျင်ခန့်ရှိ သည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနှင့် အမေရိ ကန် မိတ်ဆွေမိသားစုများက တခဲနက် တက် ရောက် အားပေးကြည့်ရှု ကြ သည်။

ရုပ်ရှင်ပြပွဲတွင် ရန်ပုံငွေ တီရှပ်များအပြင် ရန်ပုံငွေ အစားသောက်စျေးရောင်း ပွဲကိုပါ စီစဥ်ခဲ့ကြသည်။

ရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ် လိုအပ်နေ သည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန် ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည် ဖြစ် ကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတို ကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တစ်ဦး၏ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။

အလားတူ ဒါရိုက်တာ ကိုပေါက်၏ မသောက်မိသော မိုးခါးရေ ရုပ်ရှင်ပြသပွဲ အမေရိကန်ပြည်ထောင် Wisconsin ပြည်နယ် Milwaukee မြို့တွင်လည်း မြန်မာ့နွေဦးတော်လှန်ရေးမိသားစုများက နိုဝင်ဘာလ ၂၇ ရက်နေ့ တနင်္ဂနွေနေ့ ညနေလေးနာရီမှာ ကျင်းပခဲ့ပြီး ဆက်သွယ်ရေးနှင့်နည်းပညာဝန်ကြီး ဦးထင်လင်းအောင် zoom meeting ဖြင့် အဖွင့်အမှာစကားပြောကြားသည်။

မိုးသည်ညးထန်စွာ ရွာသွန်းနေသည့်ကြားက ရုပ်ရှင်ပြသပွဲကို တော်လှန်စိတ်ဖြင့် လူအများအပြားလာရောက်အားပေးခဲ့ကြပြီး ဒေသခံ ဂီတတီးဝိုင်း နွေဦးသီချင်းဖြင့်ဧည့်ခံဖြော်ဖြေကာ အခမ်းအနားကို ဒါရိုက်တာ ကိုပေါက်မှ ကျေးဇူးတင်စကား၊တော်လှန်ရေးသီချင်း များဖြင့်နှုတ်ဆက်ခွန်း အားပေးခြင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

စုစုပေါင်းလက်မှတ်ရောင်းရငွေ ဒေါ်လာ ၅၀၀၀ ရရှိခဲ့ကြောင်းနှင့် စျေးရောင်းရ ငွေ ဒေါ် ၁၅၀၀ စုစုပေါင်း ဒေါ်လာ ၆၅၀၀ ရရှိခဲ့သည်။

ထို့ပြင် အီတလီနိုင်ငံ၊ ရောမမြို့တွင်လည်း ခရစ္စမတ်အကြို နွေဦးတော်လှန်ရေး ရံပုံငွေစျေးပွဲတော်နှင့် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ပြပွဲကို အီတလီနိုင်ငံ ရောမမြို့တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာ့ရိုးရာ အစားအသောက်များ ရောင်းချခြင်း၊ ရံပုံငွေပစ္စည်းများ ရောင်းချခြင်း ခရစ္စမတ်သီချင်းများ၊ တော်လှန်ရေး ကွာရာ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ပါဝင်ခြင်း အစရှိသည့် အစီအစဥ်အမျိုးမျိုးနှင့် ပြုလုပ်ခဲ့ရာ မြန်မာမိသားစုများ၊ မြန်မာဘာသာရေးမိသားစုဝင်များ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူ အီတလီများ၊ သတင်း ထောက်များ တက်ရောက်ကြသည်။

Читать полностью…

Khit Thit Media

"မတရားတဲ့ရွေးကောက်ပွဲ လုံးဝအလိုမရှိ" စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photos -AungKhantZaw

Читать полностью…

Khit Thit Media

ထိုင်းနိုင်ငံ အခြေစိုက် PTT ကုမ္ပဏီက စစ်တပ်ထံ ပေးသွင်းနေသော အခွန်ငွေများ ရပ်တန့်ရန် လောင်းလုံး လူငယ်များ ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုနှင့် ပြည်သူများ ပူးပေါင်းကာ "PTT ! စစ်အာဏာရှင်တွေကို ငွေပေးတာ ချက်ချင်းရပ် _ Thai PTT : You Must Stop Paying The Junta Right Now!" စာတန်းကိုင်ဆောင်ပြီး ထိုင်းနိုင်ငံအခြေစိုက် PTT ကုမ္ပဏီအနေနဲ့ စစ်အုပ်စုထံ အခွန်ဘဏ္ဍာတွေ ပေးသွင်းနေတာကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆို ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်ကိုင်းမြို့နယ်၊ မြိုင်လယ်ကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် အသက် ၈၇ နှစ် ဒေါ်ဝင်းစိန် သေဆုံး၊ ပြည်သူ ၂ ဦး ဖမ်းဆီးသွား

ရန်ကုန်နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မြိုင်လယ်ကျေးရွာကို စစ်တပ်က ပစ်ခတ် ဝင် ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် အသက် ၈၇ နှစ် ဒေါ်ဝင်းစိန် နှလုံးရပ် သေဆုံးသွားကြောင်း ဒေသခံများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နို၀င်ဘာလ ၂၈ ရက်နေ့ ညနေ ၄နာရီကျော်အချိန် တပ်မ ၃၃ မှ စစ်ကြောင်းက မြိုင်လယ်ကျေးရွာအတွင်းသို့ ဝင်ရောက် စီးနင်းကြောင်း၊ ယင်းသို့ ဝင်ရောက် စီးနင်းချိန်တွင် အသက် ၈၇ နှစ် ဒေါ်ဝင်းစိန် နှလုံးရပ်သေဆုံးသွားကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်း၊ ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း သိရှိရသည်။

"မီးရှို့ခံရတဲ့ နေအိမ် ၉ လုံးရှိပါတယ်။ ဖျက်ဆီးခိုးယူခံရတဲ့ အိမ် ၂ လုံး ။ စစ် တပ် က ဖမ်းဆီးခေါ်ဆောင်သွားသူ ကိုလှဝင်းရွှေ ၊ကိုအေးကိုကို ဖမ်းသွားပါ တယ်။ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး" ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်က မီးရှို့သွားသော မြိုင်လယ်ကျေးရွာတွင် အိမ်ထောင်စု ၈၇ စုရှိပြီး လူဦးရေ ၄၃၅ ဦးရှိကာ စစ်ဘေးရှောင်နေရကြောင်း၊ အနီးအနားရှိ မောင်း ထောင်ရွာ၊ ရွာသစ်ရွာမှ အိမ်ထောင်စု ၃၇၀ စစ်ဘေးရှောင်နေရကြောင်း သိရှိရ သည်။

Читать полностью…

Khit Thit Media

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် "အဓမ္မမတရားမှုကိုဖယ်ရှားပြီး ဓမ္မအမှန်တရားကိုတည်ဆောက်ဖို့ အများကြီးမလိုဘူး သတ္တိရှိဖို့နဲ့လူပီသဖို့ပဲလိုတယ်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

KNU တပ်မဟာ ၁ နယ်မြေတွင် အမှတ် ၁ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစု စတင် ဖွဲ့စည်း လိုက်ပြီး စစ်ကောင်စီ တပ်များကို တိုက်ခိုက်သွားမည် ဟုကြေ ညာ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၁ နယ်မြေတွင် အမှတ် ၁ မိတ် ဖက် တော်လှန်ရေး တပ် ပေါင်း စု ကို ယခုရက်ပိုင်းအတွင်း စတင် ဖွဲ့စည်း လိုက်ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမှတ် ၁ မိတ် ဖက် တော်လှန်ရေးတပ်ပေါင်းစု၏ သတင်းနှင့်ပြန်ကြားရေး တာ ဝန်ခံ Saw Simon ကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၁ သထုံခရိုင်အတွင်းရှိ စစ်အာဏာရှင်ကို တော်လှန်နေသော ကာကွယ်ရေးအဖွဲ့ ၂၅ ဖွဲ့ပေါင်းစည်းပြီး KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန် ရေး တပ် ပေါင်းစု အဖြစ် ယခုနှစ်၊ အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ကြောင်း၊ ယင်း နောက် သထုံခရိုင်၊ ဘားအံမြို့နယ်အတွက် အမှတ် ၁ မိတ်ဖက် တော်လှန် ရေးတပ်ပေါင်းစု ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရ သည်။

"တာဝန်ယူရတဲ့ နယ်မြေအတွင်းမှာရှိတဲ့ လက်နက်ကိုင် တော်လှန် စစ်ဆောင် ရွက်နေတဲ့ တပ်ဖွဲ့အားလုံး စုစည်း ပြီး တော်လှန်စစ်ဆင်နွဲနေတာပါ။ စုပေါင်း ဦးဆောင်မှု၊ ညီညွတ်မှုနဲ့ အာဏာရှင်ကျဆုံးရေး အစွမ်းကုန် ဆောင်ရွက် သွား မှာဖြစ်ပါတယ်" ဟု အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ် ပေါင်းစု ၏ တပ်ရင်း ၁ ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Saw Simon က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုသည် KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ PDF များ၊ ပကဖ များ၊ ပြောက် ကျား အဖွဲ့ များပေါင်းစည်းကာ ဖွဲ့စည်းလိုက် ခြင်း ဖြစ်ပြီး တစ်ခုတည်းသော ကွပ်ကဲမှု (စုပေါင်းဦးဆောင်မှု) ဖြင့် စစ်ကောင်စီ ကို ညီညွတ်စွာ တော်လှန် သွားမည်ဖြစ် ကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ် ကွပ်ကဲ မှုကော်မတီ၊ KNU သထုံခရိုင် တပ် မဟာ ၁ က အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ အဖွဲ့အစည်း ခေါင်းဆောင်၊ တာဝန်ခံများအားလုံးပါဝင်သည့် တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ပြီး မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကာ မှတ်ပုံတင် ကတ် ပြား စိစစ်ထုတ်ဝေခြင်းနှင့် ရှေ့လုပ်ငန်းစဉ်အချို့ ချမှတ်နိုင်ခဲ့ကြောင်း သိရှိရ သည်။

များမကြာမီ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၏ တပ်ရင်း များကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရန် ရှိနေကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ခင်ဦးတွင် ခရစ်ယန် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော စာ သင်ကျောင်း အပါအဝင် နေအိမ် ၃၀၇ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ပြည်သူ ၇ ဦးကိုလည်း သတ်ဖြတ်သွား

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်တပ်က ကျေးရွာ ၅ ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး ခရစ်ယန် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘို လှူဒါန်း ထား သော စာသင် ကျောင်း အပါအဝင် နေအိမ် ၃၀၇ လုံးပြာကျကာ ပြည်သူ ၇ ဦးကိုလည်း စစ် တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရ သည်။

နိုဝင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က လက်ပံကြီး ရွာကို မီးရှို့ ခဲ့ပြီး နေအိမ် ၇၃ လုံးပြာကျ၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် မုံလှကျေးရွာကို အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၁၀ လုံးပြာကခဲ့ကြောင်း၊၊ နိုဝင် ဘာလ ၂၅ ရက်နေ့တွင် မြင်းဒေါင်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ခဲ့ပြီး နေအိမ် ၃၉ လုံး ပြာကျ၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် မြစ်တော် ကျေးရွာ ကို အကြမ်းဖက် စစ်တပ်က မီးရှို့ခဲ့ပြီး နေအိမ် ၇၀ လုံး ပြာကျ၊ နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဂွေးကုန်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၅ လုံးပြာကျခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က နိုင်ဝင်ဘာလ ၂၃ ရက်နေ့တွင် မုံလှ ကျေးရွာ သား အသက် ၉ နှစ်အရွယ် ကလေးငယ် ၁ ဦး၊ အသက် ၅၀ အရွယ် ဦးဖိုး တောက် ၊ အသက် ၅၀ အရွယ် ဒေါ်မြတို့ကို သတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မြင်းဒေါင်းရွာကို အကြမ်းဖက် စစ်တပ်က ထပ်မံ စီးနင်းခဲ့ပြီး အသက် ၅၃ နှစ်အရွယ် ကိုတင်ဝင်းမြင့်၊ အသက် ၃၂ နှစ်အရွယ်၊ အသက် ၄၈ နှစ် အရွယ် ကိုဇော် တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၆ ရက် နေ့တွင် မြစ်တော်ကျေးရွာသား အသက် ၆၅ နှစ်အရွယ် ဦးလှဝင်းကိုလည်း အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက် စစ်တပ် စီးနင်း မီးရှို့ခဲ့သော မုံလှ ကျေး ရွာတွင် ခရစ်ယန် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို လှူဒါန်းထားသော အခန်း ၁၀ ခန်းပါ သည့် နံကပ် ၂ ထပ် ကျောင်းဆောင် ကြီးကိုလည်း အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပြီး ဆဲဆိုထားသော စာများ ရေးသားခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရေဖြူမြို့နယ်တွင် ဆိုင်ကယ်တွင် GPS တပ်၍ စစ်တပ်အတွက် သတင်းထောက်လှမ်းနေသော သိန်းအောင် ပစ်ခတ်ခံရပြီးသေဆုံး၊ ထန်းတပင်၊ ကင်မွန်းချုံကျေးရွာအုပ်ချုပ်ရေးမှူး အောင်ဝင်း ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရလိုင်ရွာတံတားတွင် ဆိုင်ကယ်တွင် GPS တပ်၍ စစ်တပ်အတွက် သတင်းထောက်လှမ်းနေသော သိန်းအောင် ပစ်ခတ်ခံရပြီးသေဆုံးကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့် စစ်တပ်အတွက် သတင်းထောက်လှမ်းနေသော သိန်းအောင်ကို တနင်္သာရီ တိုင်း ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ T-PDF၊ထားဝယ်(ပကဖ)DGRF၊ လောင်းလုံး(ပကဖ)LL PDFတို့က ပူးပေါင်းရှင်းလင်းခဲ့ကြောင်း၊ သိန်းအောင်သည် ဆိုင်ကယ်တွင် GPS တပ်၍ ရေခဲချောင်းလိုက်ရောင်းချသူအဖြစ် ဟန်ဆောက်ကာ စစ်တပ်အတွက် သတင်းထောက်လှမ်းပေးနေကြောင်း သိရှိရသည်။

"သေနတ်ကျည်(၃)ချက်လောက် ဆက်တိုက် ဦးခေါင်းကိုပစ်ခတ်ခဲ့တာပါ။ပစ်ခံရတဲ့သူတော့ ပွဲချင်းပြီးဆုံးပါးသွားခဲ့တယ်။ဆိုင်ကယ်မှာခြေရာခံစက် GPSတစ်လုံးတပ်ထားလို့GPS ကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်"ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သိန်းအောင် သည်ရေဖြူမြို့နယ်အတွင်းရှိ ကျေး ရွာများတွင် ဆိုင်ကယ်တစ်စီးဖြင့် ရေခဲချောင်းလိုက်ရောင်းကာ စစ်တပ်အတွက် သတင်းထောက်လှမ်းနေသည့် စစ်ထောက်လှမ်းရေးတစ်ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ပစ်ခတ်ရာမှ သေဆုံးခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက ဆိုသည်။


အလားတူ ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ကင်မွန်းချုံကျေးရွာ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အောင်ဝင်းကို နိုဝင်ဘာ၂၇ ရက်နေ့ ညနေ(၅)နာရီတွင် ထန်းတပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ထန်းတပင်၊ပကဖ)က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပစ်ခတ်ရာ အောင်ဝင်း သေဆုံးသွားကြောင်း ပဲခူး PDF က ပြောသည်။

အောင်ဝင်းသည် စစ်ထွက်တစ်ဦးဖြစ်သည့်အပြင် ‌အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးလုပ်ရန် မြို့နယ်ထွေ/အုပ်ရုံးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လျှောက်ထားခဲ့သူဖြစ်ကြောင်း၊ ထို့ပြင် ၎င်းသည် အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးကို လွန်စွာစိတ်အားထက်သန်လှပြီး ရာအိမ်မှူးများ၊ ဆယ်အိမ်ခေါင်းများနှင့် ကာလသားခေါင်းများအား အိမ်ထောင်စုစာရင်းများ ကောက်ခိုင်းခြင်း၊ အစည်းအဝေးတက်ရောက်ခိုင်းခြင်းများကို အတင်းအဓမ္မ လုပ်ဆောင်လျက်ရှိသူဖြစ်ကြောင်း သိရှိရသည်။

အောင်ဝင်းသည် မီတာခ အပြည့်အဝရရှိရေး၊ စိုက်ပျိုးစရိတ်ချေးငွေနှင့် COVID-19 ချေးငွေများ ပြန်လည်ပေးဆပ်ရေးတို့အတွက် ပြည်သူလူထုအား အဓမ္မဖိနှိပ်ခြိမ်းခြောက် တောင်းခံသည့်အပြင် မပေးဆပ်နိုင်သေးသော ပြည်သူများအား အိမ်တိုင်ရာရောက် လိုက်လံတောင်းခံခြင်း၊ စာပို့တောင်းခံခြင်းတို့ကို တက်ကြွစွာ လုပ်ဆောင်နေသူဖြစ် ကြောင်း၊ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ဒုက္ခပေးနေသည့်အပြင် အကြမ်းဖက်စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအား လွန်စွာလုပ်ချင်ရှာသော စစ်ထွက် အုပ်ချုပ်ရေးမှူး အောင်ဝင်းအား နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ရှင်းလင်းပစ်ခတ်‌ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဆိုင်ကယ်တွင် GPS တပ်၍ စစ်တပ်အတွက် သတင်းထောက်လှမ်းနေသော သိန်းအောင်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ကြားဖြတ် တိုက်ခိုက်ခံရာမှာ စစ်ကောင်စီဘက် က ၄ ဦးသေသွားတယ်လို့ People’s Servant Revolution- Wetlet ကနေ သတင်းထုတ်ပြန် ထားပါတယ်။
- စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မအူရွာ အနီးမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က မိုင်းလာဖြုတ်တဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ် ရာမှာ စစ်ကောင်စီဘက်က ၁ ဦးသေသွားတယ်လို့ သိရပါတယ်။
- အမေရိကန် ပြည်ထောင်စု၊ Buffalo မြို့မှာ ဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့ “ မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပြသခဲ့ရာမှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ခန့်မှန်းငွေ ၁၀,၀၀၀ ကျော် ရရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရရှိထားတဲ့ သတင်းတွေကိုတင်ဆက်ပေးပါမယ်။
https://youtu.be/vXQk0PQR08w

Читать полностью…

Khit Thit Media

တရုတ်လုပ် K-8W အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ် ၅ စီးကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်နေပြီး ရက်ပိုင်းအတွင်း တောင်ငူလေတပ်သို့ ပြန်ရောက်မည်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အကြမ်းဖက်လေတပ်က ဝယ်ယူထားသော တရုတ်လုပ် K-8W အမောင်းသင်နှင့်တိုက်ခိုက်ရေး ဘက်စုံ သုံး တိုက် လေယာဉ် ၅ စီးကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်နေရာ ယခုရက်ပိုင်းအတွင်း တောင်ငူ လေတပ် စခန်းသို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

တရုတ်လုပ် Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ် ၅ စီးဖြစ်ကြသည့် လေယာဉ်အမှတ် 3920 ၊ 3925 ၊ 3926 ၊ 3928 ၊ 3930 တို့ကို တရုတ်နိုင်ငံသို့ ပေးပို့ ပြင်ဆင်ပြီးစီးပြီဖြစ်၍ တရုတ်နိုင်ငံယူနန်မှ တောင်ငူလေတပ်စခန်းသို့ လေယာဉ် ၃ စီး တစ်အုပ်၊ လေယာဉ် ၂ စီး တစ်အုပ်ပုံစံဖြင့် ပျံသန်း ပြန်လည် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိ ရသည်။

Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက် လေယာဉ် သည် တရုတ်နိုင်ငံထုတ် Hongdu JL-8 ၏ ပြည်ပပို့ကုန်လေယာဉ်ဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ံငံခန့် တွင် လက်ရှိအသုံးပြု နေကြသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၀၀ခုနှစ်ဝန်းကျင်အချိန် တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက် လေ ယာဉ် ၁၈ စင်းခန့်စတင်လက်ခံခဲ့ပြီး ယခုအခါ အစီးရေ ၅၀ ကျော် ရှိနေပြီဖြစ်သည်။

တရုတ်K8W အမောင်းသင်နှင့်ဘက်စုံ တိုက်လေယာဉ်များကို စစ်တပ်က လက်နက်တပ်ဆင်ပြီး တိုက်ပွဲဝင် စစ်လေယာဉ်များအဖြစ် အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

တရုတ်လုပ် Hongdu JL-8/ K-8W (Karakoram-8) အမျိုးအစား အမောင်းသင်နှင့်ဘက်စုံသုံး တိုက်လေယာဉ်တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅ သန်းမှ ၁၀ သန်းအကြား ကျသင့်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် တောင်ယာလုပ်သားများနှင့် ပူးပေါင်း၍ နိုဝင်ဘာ ၂၉ ရက် ယနေ့တွင် ၆၂၈ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- အကြမ်းဖက်လေတပ်က ဝယ်ယူထားတဲ့ တရုတ်လုပ် K-8W အမောင်းသင်နဲ့ တိုက်ခိုက်ရေး ဘက်စုံ သုံး တိုက်လေယာဉ် ၅ စီးကို တရုတ်နိုင်ငံကို ပေးပို့ပြင်ဆင်နေရာ ယခုရက်ပိုင်းအတွင်း တောင်ငူလေတပ် စခန်းကို ပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့ လေတပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။
- ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ရာရခိုင်ပြည်မှာ စစ်ကောင်စီ တပ်အင်အား၄ သောင်းဝန်းကျင်ကို နေရာအနှံ့ဖြန့်ကျက်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
- မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစစ်တပ်စခန်းကနေထွက်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/zxx3JqTVHTU

Читать полностью…

Khit Thit Media

ဝက်လက်တွင် စစ်တပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသောကြောင့် ကျေးရွာ ၁၅ ခုမှ ပြည်သူ သောင်းချီ ထွက်​ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ရွာ ၁၅ ရွာက သောင်းနှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဝက်လက်မြို့နယ် အနောက်ပိုင်းကို ဝက်လက်မြို့ပေါ်မှ စစ်ကားများနှင့် ရွှေဘိုဘက်မှ စစ်ကားများ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် လာခြင်းကြောင့် မြို့နယ် အနောက် ပိုင်း ရှိ ကျေးရွာ ၁၅ ရွာမှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင် နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်လာသောကြောင့် လက်ရှိအချိန်တွင် ဇီးတော၊ ရွာသစ်၊ အန္နဲဘုတ်၊ စိုင်နိုင်လေး၊ သနပ်ချောင်၊ စိုင်နိုင်ကြီး၊ မဲတောကုန်း၊ စိုင်နိုင်ကွေ့၊ သားနား၊ မောက်ကြိုး၊ ရေထွက်၊ ရွှေကျင်၊ လှတော၊ ကံသာ၊ ထိန်ကန် ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့တိမ်းရှောင်နေရကြောင်း သိရသည်။

" ဝက်လက် အနောက်ခြမ်းကို ခွေးစစ်ကြောင်းတွေ ‌လှတောရွာကနေစပြီး ရွှေဘိုမြို့ထိ ကားလမ်းဘေး ရွာတွေကို အင်အား အလုံးအရင်းနဲ့ စစ်ခွေးတွေ နေရာ အနှံအပြား ရှိနေတယ်။ ဝက်လက်မြို့နယ် အနောက်ခြမ်း ကျေးရွာ၁၀ခန့်လောက်က ပြည်သူတွေလည်း စစ်ဘေးရှောင်နေရတယ်။ ခွေးစစ် ကြောင်း တွေက ၅ ကြောင်း၊ ၆ ကြောင်းလောက်ရှိတယ်။ ကာကွယ်ရေး အဖွဲ့တွေနဲ့လည်း ထိတွေ့မှု တွေ ဖြစ်တယ်" ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဓာတ်ပုံ- ဝက်လက်မှ စစ်ဘေးရှောင်နေရသည့် ပြည်သူများ။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ် သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေ အပ်ပါသည်။

Читать полностью…

Khit Thit Media

တရုတ်သမ္မတရှီကျင့်ပင် နုတ်ထွက်ပေးရေး ဆန္ဒပြသတင်းများကို လူမှုကွန်ရက် တွင် တရုတ်အစိုးရက ဆင်ဆာဖြတ်တောက်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

တရုတ်အစိုးရ၏ ၃ နှစ်ကြာ တင်းကျပ်သော ကိုဗစ်မူဝါဒကြောင့် တရုတ် သမ္မတ ရှီကျင့်ပင် နုတ်ထွက်ပေးရေး ဆန္ဒပြမှုများ နိုဝင်ဘာလ ၂၅ ရက်နေ့ ၊ နိုဝင်ဘာ လ ၂၆ ရက် နေ့နှင့် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပေါ်ပေါက်လာပြီးနောက် အဆိုပါ ဆန္ဒပြသတင်းများကို တရုတ်အစိုးရက ဆင်ဆာဖြတ် တောက်လျက် ရှိသည်။

တရုတ်နိုင်ငံတွင် လူသုံးများသော Wechat နှင့် Weibo လူမှုကွန်ရက်များတွင် ဆန္ဒပြသတင်းများကို ပိတ်ပင်ထားသည်။ ဆန္ဒပြပွဲဖြစ်ပေါ်သည့် မြို့များ၊ လမ်းများ ၏ အမည်များကိုလည်း လူမှုကွန်ရက်တွင် လုံး၀ ဆင်ဆာ ဖြတ် တောက် ထားသည်။

ဥပမာ- ဆန္ဒပြပွဲဖြစ်ပေါ်နေသည့် ရှန်ဟိုင်းမြို့ နှင့် ဆန္ဒပြပွဲများဖြစ်ပေါ်သည့် “Urumqi Road” တို့ကို လူမှုကွန်ရက်တွင် စိစစ်ပိတ်ပင်ထားသည်။

တရုတ်အင်တာနက်သုံးစွဲသူများသည် အစိုးရစစ်ထုတ်မှုများကို ကျော်ဖြတ်ရန် တီထွင်ဖန်တီးမှုနည်းလမ်းများကို ကာလကြာရှည်စွာ ရှာဖွေတွေ့ရှိထားသော ကြောင့် တရုတ်ပြည်သူများက ဆင်ဆာဖြတ်တောက်မှုများကို ကျော်လွှား၍ ကြည့်ရှု ဆွေးနွေးနေကြသည်။

ကိုဗစ်ကြောင့် ပိတ်ပင်ထားစဉ် မီးလောင်သေဆုံးခဲ့ရသော ပြည်သူ ၁၀ ဦးအတွက် ဝမ်းနည်းမှု အထိမ်းအမှတ် အဖြူရောင် စာရွက်အဖြူများ ကိုကိုင်ဆောင်ကာ တရုတ်မြို့ကြီးများနှင့် လမ်းများတွင် ဆန္ဒပြကြပြီး တရုတ်သမ္မတ ရှီကျင့်ပင် နုတ်ထွက်ရေး၊ ကွန်မြူနစ်ပါတီ ရာထူးမှဆင်းပေး ဟု ပြည်သူများ ကြွေးကြော်ခဲ့ကြသည်။

လူမှုကွန်ရက်တွင် "စာရွက် အလွတ်တစ်ရွက်" နှင့် "စက္ကူဖြူ" ဆိုသော စကားလုံး များကိုလည်း ရှာဖွေမှုများကို ပိတ်ပင်ထားသည်။ သို့ရာတွင် တရုတ်ပြည်သူများက နည်းလမ်းမျိုးစုံသုံး၍ အစိုးရ၏ ပိတ်ဆို့မှုများ ကျော် လွှားကာ ဆင်ဆာ ဖြတ်တောက်မှုများကို ကျော်လွှား အသုံးပြု နေကြသည်။

တရုတ်အစိုးရက ၃ နှစ်ကြာနေပြီဖြစ်သည့် အလွန်တင်းကျပ်သည့် ကိုဗစ်မူဝါဒ Zero-Covid ကို ပြုပြင်ပြောင်းလဲရန် နှုတ်ဆိတ်နေဆဲဖြစ်သည်။

တရုတ်အစိုးရက ဆန္ဒပြသူများကို အကြမ်းဖက် ဖမ်းဆီး ထိန်းသိမ်းမှုများ ရှိနေ ပြီး ယနေ့တွင်မူ ဆန္ဒပြပွဲဖြစ်ခဲ့သော နေရာများအားလုံးတွင် တရုတ်ရဲများ မြောက်များစွာ ချထားသည်။

Читать полностью…
Subscribe to a channel