khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ရန်ကုန်လူထု သပိတ်မှ T-Shirt တွင် ပန်းချီဆွဲ၍ Failed Law လှုပ်ရှားမှုတွင် ပါဝင်ကြရန် လှုံ့ဆော်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်လူထုသပိတ်မှ T-Shirt အဖြူတွင် ဘီလူးရုပ်ပုံနှင့် Failed Law စာသားများအပါအဝင် 'စစ်အာဏာရှင်စနစ်ကျဆုံးပါစေ'၊ 'အရေးတော်ပုံအောင်ရမည်'၊ 'တော်လှန်မျိုးဆက် ပုန်ကန်ရုန်းထွက်' စသည့် တော်လှန်ရေးစာများပန်းချီဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှာမှုပြုလုပ်ခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သွေးမအေးကြောင်းပြသ၍
ပါဝင်ကြရန် လှုံ့ဆော်ခဲ့သည်။

Failed Law လှုပ်ရှားမှုတွင် ပါဝင်လိုသူများ Sticker ပုံများကို
https://drive.google.com/folderview?id=182fzOhvBdAZCEkSMMaiMJNu23bAC7bSm တွင် ရယူနိုင်မည် ဖြစ်သည်။

Читать полностью…

Khit Thit Media

သရက်ချောင်းတွင် အလောင်းလာကောက်သည့် စစ်ကား ၂ စီးကို PDF တပ်ဖွဲ့က မိုင်းဆွဲခဲ့ပြီး စစ်သား ၄ ဦးသေဆုံး၊ မော်လိုက်မြို့တွင်လည်း စစ်ကြောင်းများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းလာကောက်ပြီး ပြန်လာသည့် စစ်ကား ၂ စီးကို PDF တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင် သရက်ချောင်းမြို့နယ် ဝဲရစ်ရွာထိပ်၌ ဘုတ်ပြင်မှ ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းလာကောက်ပြီး ပြန်လာသည့် စစ်ကား ၂ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့ကာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် T.Y.C ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၊ ကျားရိုင်းပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်း​အဖွဲ့ အဖြူရောင်ရိန်းဂျားပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မော်လိုက်မြို့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မော်ကူးရွာဘက်သို့ အင်အား ၃၀ ခန့်ဖြင့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ကလည်း မော်ကူးရွာဘက်သို့ အင်အား ၅၀ ခန့်ဖြင့် တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းနှင့် ရွာများအနီး စစ်တပ်က မိုင်းများ ထောင်ထား ၍ အိမ်မွေး တိရိစ္ဆာန် များ မိုင်းနင်းမိ‌ပြီး ထိခိုက်၊ PDF က မိုင်းရှင်းနေရ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းဘေးနှင့် ကျေးရွာများအနီး အကြမ်း ဖက် စစ်တပ်က မြေမြုပ်မိုင်းများ ထောင်ထားခဲ့ပြီး PDF တပ်ဖွဲ့များက မိုင်းရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ရွှေဘို- ခင်ဦး- ရေဦး လမ်းပိုင်း တစ်လျောက်ရှိ ကျေးရွာများကို အင်အား ၁၆၀ ခန့်ဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီးနောက် ကားလမ်းဘေးတစ်လျှောက်နှင့် ကျေးရွာ အနီးအနားတွင် မြေမြုပ်မိုင်းများ ထောင်ထားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ထောင်ထားသည့် မြေမြုပ်မိုင်းများထဲမှ မိုင်း ၃ လုံးပေါက် ကွဲခဲ့ပြီး နွားနှစ်ကောင် သေဆုံးကာ ကား ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း၊ ဒေသ ခံ ကာကွယ်ရေး တပ်ဖွဲ့များကလည်း နယ်မြေရှင်းလင်းရေး ​မြေမြုပ်မိုင်း ​ရှာဖွေ ဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကာ မိုင်း ၃ လုံး ဖော်ထုတ် ရှင်းလင်း နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် မိုင်းရှင်းလင်းရေးကို ခင်ဦးမြို့နယ် ပကဖ တိုက်နယ် ၄ နှင့်အတူ မော်ကွန်းညီနောင် နဂါးညီနောင် ဒေါင်းရာဇာ စသည့် အဖွဲ့များမှ ပူးပေါင်းပြီး ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မတ္တရာတွင် စစ်တပ် ထောက်ပို့ ထော်လာဂျီကို PDF တပ်ဖွဲ့က ဖမ်းဆီး၊ ကျည်ဆန် တချို့သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ထောက်ပို့ ထော်လာ ဂျီကို PDF တပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီး ကျည်ဆန် တချို့သိမ်းဆည်းရမိ ခဲ့ ကြောင်း NGU:FF (မြေခွေးတပ်ဖွဲ့) က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြော ဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မတ္တရာမြို့ စခန်းသာရွာမှ မြောင်း သစ်ရွာ အကူး ကျက်ပြင် မြောက်ဘက်တွင် အကြမ်းဖက် စစ်တပ်၏ ကျည် ဆန်များ၊ ၎င်းတို့၏ အသုံးအဆောင်များနှင့် ပြည်သူများထံမှ ခိုးယူလာသည့် ပစ္စည်းများ တင်ဆောင်လာသည့် စစ်ကောင်စီ ထောက်ပို့ထော်လာဂျီကို တော်လှန်ရေးအဖွဲ့များက ကြားဖြတ် ဖမ်းဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ ပြည်သူတွေဆီက ခိုးလာတာရော ။ ကျည်ဆန်မျိုးစုံပဲ။ မောင်းလာတဲ့ လူက ရွာသားလို့ ပြောတယ်။ ခွေးတော့ မပါဘူး။ ချောဆွဲလာတဲ့ဟာ။ ကျည် ဆန်တွေကို တော်လှန်ရေးအဖွဲ့တွေ ခွဲယူလိုက်ကြတယ်” ဟု မြေခွေးတပ်ဖွဲ့မှ တာဝန်ခံမှ ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်ကို နတ်ဆိုး (မြေအောက် တော် လှန် ရေးအဖွဲ့)၊ တိုက်သိမ်း (မြေအောက်တော်လှန်ရေးအဖွဲ့) ၊ NGU:FF (မြေခွေး တပ်ဖွဲ့)တို့က ပူးပေါင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှု ငွေကျပ် သိန်း ၃၅ ခန့်၊ ရွှေလက်စွပ်နှင့် ဖုန်းများ ပါသွား

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့၊ မေတ္တာမြိုင်ရပ်ကွက်တွင် နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်း တွင် ပျူစောထီးအဖွဲ့က ဓားပြတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

‌တန့်ဆည်မြို၊ ရွှေဥယျာဉ်လမ်းကြားရှိ နေအိမ်၂အိမ်ကို နိုဝင်ဘာ၂၉ရက်နေ့ ည၈နာရီအချိန်တွင် ပျူစောထီးဟု ယူဆရသော လက်နက်ကိုင်အင်အား ၃၀ ခန့်က ဓားပြဝင်တိုက်ရာ ငွေကျပ်၃၅သိန်းခန့်၊ ရွှေလက်စွပ် ၁ ကွင်းနှင့် လက် ကိုင်ဖုန်းများ ပါသွားခဲ့ကြောင်း တန့်ဆည်မြိုခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို ပြောဆိုသည်။

"ည၈နာရီလောက်မှာ သေနတ်ကိုင်ထားတဲ့ လူ၃၀ လောက် ရောက်လာပြီး သေနတ်၃ချက်ဖောက်ပြီး အဲ့အိမ်တွေက လူတွေကို အပြင်ထွက်ခိုင်းတာ၊ အိမ်‌ တွေထဲ ဝင်ရှာတာ။ တန့်ဆည်တစ်မြိုလုံးကို စစ်ခွေးတွေနဲ့ ရဲတွေ၊ ပျူတွေပဲ ကြီးစိုးနေတာ၊ ဓားပြတွေလည်း ပျူစောထီးတွေပဲပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြို့ကို စစ်ကောင်စီတပ် လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ ဓားပြ မှုဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီလက်ပါးစေ ပျူစောထီးများက ဓားပြ တိုက် ခြင်းသာ ဖြစ်ကြောင်း တန့်ဆည်မြိုခံများက ပြောဆိုကြသည်။

တန့်ဆည်မြိုလယ်တွင် နိုဝင်ဘာ၃၀ရက် နံနက်ပိုင်း၌ စစ်ကောင်စီတပ်သားများ ခြေရှုပ်နေပြီး ဓားပြမှုဖြစ်ပွားရာ ရွှေဥယျာဉ်လမ်းထိပ်တွင် အထိုင်ချ စစ်ဆေးနေ ကြောင်း သိရသည်။

ဓာတ်ပုံ- တန့်ဆည်မြို့ကို ပိတ်ဆို့စစ်ဆေးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်။

Читать полностью…

Khit Thit Media

ထီးချိုင့်မြိုနယ်၊ အင်တိန်ကျေးရွာကို စစ်တပ်က မီးတင်ရှို့ပြီး လေသာကျေးရွာကို လက်နက်ကြီး များဖြင့် ပစ်ခတ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ထီးချိုင်ြမြို့နယ်၊ အင်းတိမ်ကျေးရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့ နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၃၀ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် စစ်တပ်က အင်တိန်ကျေးရွာကို လက်နက်ကြီး များ ဖြင့်ပစ်ခတ်ပြီး ထိုးစစ်ဆင်လာကြောင်း၊ ယင်းနောက် နံနက် ၉နာရီခွဲတွင် ရွာကို မီးတင် ရှို့ခြင်း ဖြစ် ကြောင်း၊ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ် ဝင်ရောက်လာသဖြင့် ပြည်သူများ ထွက်ပြေး နေရကြောင်း သိရှိရသည်။

"ရွာမဝင်ခင်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးရွာထဲဝင်လာတာဖြစ်တယ်ဗျ။ မီးကတော့ရှို့နေတုန်း။မီးလောင်အိမ်အတိအကျတော့မသိဘူး။ မနက် ၇ ခွဲ လောက်မှာ လက်နက် ကြီးနဲ့ ပစ်ခတ်နေပါတယ်။ နံနက် ၉ နာရီ လောက်မှာ မီးရှို့ခံရတာပါ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် စစ်တပ်က နေအိမ်များကို လုယက်ဖျက်ဆီးမှုများ၊ မီးတင်ရှို့မှုများ လုပ်ဆောင်ပြီး ကျေးရွာ တစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးလျက်ရှိကြောင်း သိရှိရသည်။

အင်းတိန်ရွာကို စစ်သားတချို့က မီးရှို့နေချိန် အခြားစစ်သားတချို့က အင်တိန်ရွာနှင့် ရွာချင်း ကပ် လျက် လေသာရွာသို့ ဝင်ရောက်ဖျက်ဆီးရန် လက်နက်ကြီးများဖြင့် ပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

"ထုကို စုစည်း၊ ထုနဲ့ တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့တည်ဆောက်" စာသားနှင့် ယင်းမာပင်တွင် ပျောက်ကြားသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ယင်းမာပင်မြို့နယ်ရှိ စျေးတစ်ခုအတွင်း စျေးသူစျေးသားများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကျေးလက်သူပုန်လူငယ်များမှ
``ထုကိုစုစည်း၊ ထုနဲ့တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့တည်ဆောက်´´ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး မနက်ခင်းပျောက်ကြားသပိတ်ပြုလုပ်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

ရုရှားစစ်ဗိုလ်ချုပ်နှင့်အဖွဲ့၏ နိုင်ငံကူးလက်မှတ်များ။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာ ၂၉ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေ အပ်ပါသည်။

Читать полностью…

Khit Thit Media

မြိုင်၊ ဆားလင်းကြီးနှင့် ပုလောတွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့ များ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် တနင်္သာရီ တိုင်း ပုလောတို့တွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့များ တိုက်ခိုက် ရာ စစ်သား ၄ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

မြိုင်တွင် စစ်တပ် ကောင်စီ တပ်သားများ ၆ ကြိမ် မိုင်းဆွဲခံရ
=================================

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း God Of Burmese Army (GOBA) အဖွဲ့ထံမှ သိရသည်။

မြိုင်မြို့နယ် တောင်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို (၆) ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး ၁ ဦး အပါအဝင် အများအပြား ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၂၅ မိနစ်တွင် ကျောက်တိုင်ရွာ အနီး တစ်ကြိမ် မိုင်းဆွဲခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင်လည်း ပေပင်တိုက်ကျေးရွာ အနီး ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ကိုင်းတောမစခန်းမှ ကင်းပတ်ထွက်လာသော ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကိုင်းတောမ ရဲစခန်း အတွင်းမှ ဆိုင်ကယ်ဖြင့် ကွမ်းထွက်ဝယ်သည့် ဗိုလ်ကြီးမျိုးကို GONA အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီး ဦးမျိုးသည် နောက်ကျောကို ထိမှန်ကာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ကာကွယ်ရေး ရဲဘော်များသေနတ်ဝင်လုခဲ့သော်လည်း ကိုင်းတောမ ရဲစခန်းအတွင်းမှ ပြန်လည် ပစ်ခတ်သည့်အတွက် သေနတ်မရရှိဘဲ ဆုတ်ခွာ ခဲ့​ရကြောင်း သိရသည်။

ဒဏ်ရာရသွားသော ဗိုလ်ကြီး ဦးမျိုးကို မြိုင်ဆေးရုံသို့ ပို့ဆောင်စဥ် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ဆေးရုံသို့ လိုက်ပါ ပို့ဆောင်သည့် ဖောကားမှာ မိုင်းဆွဲ ခံရချိန် ဘီးပေါက်သွားသည့်အတွက် ပြည်သူ့ပိုင် ကားတစ်စီးကို ချောဆွဲပြီး မြိုင်ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သိရသည်။။

နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီခန့်က မြိုင်မြို့နယ်၊ အိုင်းမရွာမှ ထွက် လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း ထပ်မံ မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း ဗိုလ်မိုးကြိုးဦးဆောင်သည့် God Of Burmese Army (GOBA) အဖွဲ့က ထုတ်ပြန်ထားသည်။

ဆားလင်းကြီးမြို့ပေါ်တွင် စစ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁ ဦး သေဆုံး
==========================================

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်၌ ကင်းလှည့်နေသာ စစ်ကောင်စီ တပ် သား များ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီကျော်ခန့်တွင် ဆားလင်းကြီး မြို့လယ် သာသနဟိတ အနီးတစ်ဝိုက်၌ ကင်းပတ်နေသော စစ်ကောင်စီ တပ်သားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးခဲ့​ကာ ကျန် စစ်သားသုံးဦး အပြင်း အထန် ဒါဏ်ရာရခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအပြီး ထိခိုက်ဒဏ်ရာရရှိသော စစ်သားများကို လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကာကွယ်ရေး တပ်ဖွဲ့များက သွားရောက် ခဲ့သော်လည်း စစ်ကောင်စီ တပ်သားများကာ ဒဏ်ရာရ စစ်သားများကို ဆွဲခေါ် သွားသောကြောင့် ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myanmar Revolution Army (MRA) ၊ ဇာမဏီPDF ၊ နွေဉီး မုန်တိုင်းတပ်ဖွဲ့နှင့် Ba Yint Naung Army တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပုလောတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
==========================================

တနင်္သာရီတိုင်း ၊ပုလောမြို့နယ်တွင် စစ်ကား ၃ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပလမှမြိတ်ဘက်သို့ ထွက်ခွာ လာသော စစ်ကား ၃ စီးကို King Cobra (တောကြီး မြွေဟောက် တပ်အဖွဲ့) မှ ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက် ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း King Cobra အဖွဲ့မှ ထုတ်ပြန်ထားသည်။

မြိုင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားနေရာများကို ပစ်ခတ်တိုက်ခိုက်
====================================

မကွေးတိုင်း မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲ ထား သော စီမံကိန်းရုံးနှင့် စည်ပင်ရုံးတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက လက် နက် ကြီး ၆၀ မမ၊ ၁၂၀ မမ တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်က လည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် ခဲ့ကြောင်း၊ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့​ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဇေယျာတိုင်း၅/ သပိတ်စစ်​ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်​ရေး ချီတက်

ရန်ကုန်၊ ​နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းတွင် ​ဇေယျာတိုင်း ၅ / သပိတ်စစ်​ကြောင်းက နိုဝင်ဘာ ၂၉ ရက်နေ့ ညပိုင်း စစ်အာဏာရှင် ဆန့်ကျင်​ရေး ချီတက် သပိတ်​မှောက်ကြသည်။

Читать полностью…

Khit Thit Media

ရွှေဘိုရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ညောင်ပင်သာရွာရှိ ဘိုကုန်းရပ်ကွက်နှင့် ကျီးကန်ရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီခန့်တွင် ကန်သာကုန်းရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ကျေးရွာ ၃ ရွာကို လှည့်လည် မီးရှို့ခဲ့ပြီး ဒေသခံ ပြည်သူများသည် စစ်တပ် စစ်ကြောင်းများ ကျေးရွာအတွင်းမှ ထွက်ခွာသွားချိန်၌ အလျင်အမြန်မီးငြိမ်းသတ်နိုင်ခဲ့သော်လည်း စစ်ကြောင်းများ ထပ်မံရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် ပျက်စီးဆုံးရှုံးမှု အ​ရေအတွက်ကို အတည် မပြုနိုင်ဘဲ ကျေးရွာအတွင်းမှ ထွက်ခွာခဲ့ရကြောင်း သိရသည်။

“PDF ကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ရှို့တာလို့ ဒေသခံတွေက ပြောပါတယ်။ပျက်စီးမှု အိမ်ခြေအတိအကျ မသိရသေးပါဘူး” ဟု ရွှေဘိုခရိုင် သတင်းစုံမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းဇီးရွာရှိ ဆင်အင်း စခန်းထဲသို့ ဝင်ရောက်သွားသော်လည်း ကင်းပုန်းများနှင့် စစ်ကြောင်းခွဲများ ရှိမရှိကို အတည်မပြုနိုင် သေးကြောင်း သိရသည်။

Photo - အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ညောင်ပင်သာရွာရှိ ဘိုကုန်းရပ်ကွက်

Читать полностью…

Khit Thit Media

သရက်ချောင်းတွင် ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းလာကောက်သော စစ်ကားများ မိုင်းဆွဲခံရ၊ ခင်ဦးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံး၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံးမှ AE ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာအနီး ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်း လာကောက်သော စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ဘုတ်တောင်၌ ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းကောက် ယူ၍ သရက်ချောင်းဘက်သို့ တက်လာစဥ် ဝဲရစ်ရွာအနီး အကြမ်းဖက် စစ်တပ် ယာဥ် ၂ စီးကို အမည်မသိ အဖွဲ့အစည်း တစ်ခုက ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ကား ၂ စီးသည် နိုဝင်ဘာလ ၂၆ ရက်နေ့က ပုလောမှ ထားဝယ်ဘက်သို့ လာစဥ် ကစယ်ဒိုဖယ်ဒရယ်စစ်ကြောင်း၏ ဖမ်းဆီးခြင်းကိုခံရပြီး ခုခံထွက်ပြေးရန်ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးစဥ် ကျည်ထိမှန် သေဆုံးသွားသည့် ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်းကို လာကောက်ပြီး အပြန်တွင် မိုင်းဆွဲ ခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုကို မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကို အတည်မပြုနိုင်ဘဲ စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကိုလည်း အတည် မပြုနိုင်သေးကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Local Lark Guerrilla Revolution Force က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီဝင်များသည် ကန့်ဘလူ့ခရိုင်၊ဇီးကုန်းမြို့နယ်၊ကျဉ်စု၊ကျောက်တိုင်ကျေးရွာကို အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး နယ်မြေ(ပကဖ)အဖွဲ့များ၊ LDF များ၊ ရောင်နီပျောက်ကြား တော်လှန်ရေးအင်အားစု(K.U) ၊ မဒေါင်းကြီး,မုန်တိုင်းအဖွဲ့(K.U)၊ Local Lark Guerrilla Revoluti Force.(K.U)၊ Black Wolf P D F (K,U)၊ Khin U people Defence Force (KUPDF)တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်အပစ်အခတ်ဖြစ်ကာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ၇ ဦးထက်မနည်း သေကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက် အကျအဆုံးမရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက် အင်ဂျင်နီယာ (AE) ရှမ်းလေး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ‎ရက် ညနေ ၅ နာရီခန့်တွင် လက်ထောက် အင်ဂျင်နီယာ ရှမ်းလေးသည် ဆိုင်ကယ်မောင်းနှင်လာစဥ် ကံ့ကော်ရုံး ထောင့် အရောက်၌ အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရင်ဘတ်ကို ကျည်ထိမှန်ကာ ကျိုက်ထိုဆေးရုံ အရောက်တွင် သေဆုံးသွားကြောင်းသိရသည်။

" ပစ်သတ်ခံရသူ မြို့နယ် လျှပ်စစ်ရုံးရဲ့ AE ရှမ်းလေးဆိုတဲ့သူပါ။ အမည်ရင်းလား ဘာလား ဆိုတာတော့ မသိဘူး။ ရှမ်းလေးလို့ပဲ သိရတယ်။ သူက ကျိုက်ထိုမြို့နယ် အတွင်းမှာ ကျေးရွာတွေကို ရွာလုံးကျွတ် လျှပ်စစ်မီးဖြတ်ဖို့ အဓိက အမိန့်ပေးသူပါ" ဟု kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသွားသ​ော လက်ထောက် အင်ဂျင်နီယာ ရှမ်းလေးသည် ကျေးရွာများကို လျှပ်စစ်မီး လင်းစေလိုလျှင် လျှပ်စစ်ဌာနသို့ ပိုက်ဆံ အမြောက်အမြား တောင်းရမ်းသူဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် သိန်း ၈၀ မှ သိန်း ၆၀၀ အထိ လျှပ်စစ် မီတာခကို သွင်းစေပြီးမှသာ လျှပ်စစ်မီးများ ပြန်လွှတ်ပေးသူ ဖြစ်ကြောင်းနှင့် သိမ်ဇရပ်မြို့တွင်လည်း သိန်း ၃၀၀၀ အထိ ပေးသွင်းပြီးမှသာ လျှပ်စစ်မီး ပြန်လွှတ်​ ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြသွေး သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ယင်းမာပင်တွင် မြသွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး လူထု သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာလ ၂၉

ယင်းမာပင်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီး၊ ထန်းဇင်ရွာကို စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးတင်ရှို့နေပြီး PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ထန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် နီးပါး မီးတင်ရှို့ နေပြီး PDF ရဲဘော် ၂ ဦးကို ဖမ်းဆီးထားကြောင်း မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ ခန့်တွင်အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ထန်းဇင်ကျေးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

" တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေ အထိနာလို့ အနီးအနားကရွာကို သေနတ်တွေ ပစ်ဖောက်ပြီး စီးနင်း မီးရှို့နေတာ မီးများတယ်။ ရွာလုံးကျွတ်နီးပါးရှို့နေတာ ဒေသခံ ပြည်သူတွေကတော့ ရွာလုံးကျွတ်ပြေးနေရတယ်။ နောက်ဆုံးသိရတဲ့ သတင်းအရ PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရတယ်" ဟု မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Читать полностью…

Khit Thit Media

မင်္ဂလာဒုံတွင် အိမ်နှင့်ဘုန်းကြီးကျောင်းများကို ဖျက်ဆီးပြီး ထွက်လာသည့် သံချောင်း၊ သံထည်များကို စစ်တပ်နှင့်ရပ်ကွက်အုပ်ချုပ်ရေးက ရောင်းစား၊ ရပ်ကွက်များကို ဖျက်ဆီးပြီး မြန်မာဘီယာစက်ရုံနယ်နမိတ်အဖြစ် အုတ်တံတိုင်းခတ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်အုပ်စုရှိ ရပ်ကွက် ၅ ခုကို စစ်တပ်က တပ် ပိုင်မြေ ဟုဆိုကာ အတင်းအကျပ် ဖျက်သိမ်းလိုက်ပြီးနောက် အိမ်နှင့် ဘုန်း ကြီး ကျောင်းများကို ဖြိုချရာမှ ထွက်လာသည့် သံချောင်း၊ သံထည်များကို စစ် တပ် နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က ရောင်းစားနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး စစ်တပ်၊ ရဲများက မင်္ဂလာဒုံမြို့နယ် ရပ် ကွက် ၅ ခု မှ နေအိမ်များ၊ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ ကို ဘူဒိုဇာများဖြင့် ထိုးချဖျက်ဆီးခြင်းဖြစ်ပြီး စံသမာဓိရပ်ကွက်သည် စစ်တပ်၏ ရမ်းကား ဖျက်ဆီးမှုကို အဆိုးဝါးဆုံးခံခဲ့ရသော ရပ်ကွက်ဖြစ်သည်။

စစ်တပ်နှင့် ရဲများက ဘူဒိုဇာဖြင့် ဖျက်ဆီး ထားသော အိမ်နှင့်ဘုန်းကြီး ကျောင်း များမှ သံထည်များကို စစ်တပ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်း ရောင်း စားကြကြောင်း ဒေသခံများက ဆိုကြသည်။

"စံသမာဓိရပ်ကွက်ကို နိုဝင်ဘာလ ၂၇ နေ့က ဘူဒိုဇာနဲ့အကုန်ဖျက်ဆီးပြီး ရပ် ကွက်နေပြည်သူတွေကိုအကုန်မောင်းထုတ်တယ်။ ရပ်ကွက်ကြီးတစ်ခုလုံး ကို အုတ်တံတိုင်းခတ်လိုက်တယ်။ မြန်မာဘီယာစက်ရုံနဲ့တစ်ဆက်တည်းပေါ့။ စက်ရုံ နယ်နမိတ်ဖြစ်သွားတယ်။ သတင်းအမှောင်ချပြီးလုပ်သွားပါတယ်။ ဓါတ်ပုံလုံးဝ ရိုက်လို့မရပါဘူး။ မနေ့ ညက ကျန်နေခဲ့တဲ့ စံသမာဓိ ဘုန်းကြီး ကျောင်းကို ည၇နာရီမှာ နောက်ဆုံး ဖြိုချဖျက်ဆီးပြီး ဒီနေ့ ပျဥ်းမပင်အုပ်ချုပ် ရေးမှူး သိန်းထွန်း ၊ စာရေးမ မပုလဲ နဲ့အဖွဲ့က စစ်တပ်ကိုပြောပြီး ကျောင်းက ကျန်ရှိပစ္စည်းအချို့နဲ့ သံထည်တွေကို ဒီမနက်ရောင်းစားနေတယ်။ အများ ပြည်သူ လှူထားတဲ့ သံဃာ့ ပစ္စည်းတွေပါ။ မနေ့ညကကျောင်းကိုဖြိုတာ လုံးဝ ဓာတ်ပုံ၊ ဗီဒီယို ရိုက်မရဘူး" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဖျက်ခိုင်းသည့် မင်္ဂလာဒုံမြို့နယ်ရှိ ပျဉ်းမပင်ကျေးရွာအုပ်စုတွင် မြဲမြံအောင်ရပ်ကွက်၊ ဓလပါ လရပ်ကွက်၊ စံသမာဓိရပ်ကွက်၊ ဂုန်ညှင်းနီ ရပ် ကွက်၊ မြဝတီရပ်ကွက် စသည့် ၅ ရပ်ကွက် ပါဝင်ပြီး အိမ်ခြေ ၁ သောင်းနီးပါး၊ လူဦးရေ ၅ သောင်းနီးပါးနေထိုင်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

"မုံရွာသမိုင်း မရိုင်းစေရ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး တော်လှန်သူငယ်များ ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မုံရွာမြို့ လမ်းမ ထက်‌ပေါ်တွင် မုံရွာလူထု သပိတ်တိုက်ပွဲဦး‌ဆောင် ကော်မတီနှင့် အရာတော် လူထု သပိတ်တိုက်ပွဲကော်မတီ၊ အမျိုးသမီးမဟာမိတ်အင်အားစုတို့ ပူးပေါင်းကာ
"မုံရွာသမိုင်း မရိုင်းစေရ" စာတန်း ကိုင်ဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- ရုရှားစစ်ဗိုလ်ချုပ် နဲ့ အဖွဲ့ မြန်မာနိုင်ငံကို လျှို့ဝှက်လာရောက်မှု သတင်းဟာ ရန်ကုန်ခေတ်သစ်မှာ ပေါက်ကြား ခဲ့တဲ့အတွက်ကြောင့်ဆိုပြီး စစ်အရာရှိတချို့ စစ်ဆေးခံနေရတယ်လို့ စစ်ဘက် သတင်း ရင်းမြစ်တွေဆီကနေ သိရပါတယ်။
- ချင်းတွင်းမြစ်အတွင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဆီတင် သင်္ဘောတွေကို နိုဝင်ဘာလ ၂၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကနေ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက် ဒဏ်ရာရရှိမှုတွေ များပြားခဲ့တယ်လို့ မျိုးဆက်သစ်လူငယ် Local PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်သာ- ကျေးရွာ နဲ့ ကန်သာကုန်း ကျေးရွာကို နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံး ရသတင်းတွေကို တင်ဆက်ထားပါတယ်။
https://youtu.be/y0yMyAlLrao

Читать полностью…

Khit Thit Media

''စစ်ကျွန်ပညာသင်ပြီး လူရည်ချွန်မဖြစ်ထိုက်'' စာသားရေးသားပြီး ရွှေကူ ဗကသ ကျောင်းသားများ ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရွှေကူမြို့နယ် အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ရွှေကူမြို့နယ် အားကစားကွင်း၌ ''စစ်ကျွန်ပညာသင်ပြီး လူရည်ချွန်မဖြစ်ထိုက်'' စာသားရေးသားကာ စစ်ကျွန်ပညာရေး အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၁ နယ်မြေမှာ အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုကို စတင် ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်သွားမယ်လို့ အဲဒီအဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Saw Simon က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက်အင်ဂျင်နီယာ (AE) ရှမ်းလေး(ခ) မိုင်းအောင်နေထွန်း ပစ်ခတ်ခံရပြီး သေသွားတယ်လို့ ကျိုက်ထို information team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
- တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာအနီးမှာ ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်း လာကောက်တဲ့ စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/3gtO9_HlyEA

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ်စျေးအတွင်း လူထုတိုက်ပွဲ အရှိန်မြှင့်ရေးနှင့် ဘုံရန်သူ စစ်အာဏာရှင်ကို ချေ မှုန်း ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်း ကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် (၆၂၉)ရက်မြောက်နေ့ အဖြစ် နိုဝင်ဘာလ ၃၀ရက်နေ့တွင် ဆားလင်း ကြီး မြို့ နယ် ဈေးတွင် "လူထုတိုက်ပွဲ အရှိန် မြှင့် ကြ ဘုံရန်သူကို ချေမှုန်း ကြ" ကြွေး ကြော်သံဖြင့် ချီတက် ဆန္ဒပြကြသည်။

Читать полностью…

Khit Thit Media

ရုရှားစစ်ဗိုလ်ချုပ်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်မှု သတင်း ခေတ်သစ်ထံ ပေါက်ကြားမှု စစ်အရာရှိတချို့ ဖမ်းဆီး စစ်ဆေး ခံနေရ၊ Hilton Nay Pyi Taw ဟိုတယ်တွင် တည်းခိုနေ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရုရှားစစ်ဗိုလ်ချုပ်နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ လျှို့ဝှက် လာရောက်မှု သတင်း ခေတ် သစ်ထံ ပေါက်ကြားသဖြင့် စစ်အရာရှိတချို့ စစ်ဆေးခံနေရကြောင်း စစ်ဘက် သတင်း ရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့အထိ ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့် အဖွဲ့ လာရောက်မည့် အကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ၎င်းတို့၏ နိုင်ငံ ကူးလက်မှတ် မိတ္တူများနှင့်တကွ ရန်ကုန်ခေတ်သစ်က သတင်း ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက်မင်းအောင်လှိုင်က ရရှားစစ်တပ်၏ ဒုတိယ ကြည်း တပ် ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့် အဖွဲ့ကို တွေ့ဆုံခဲ့ပြီး ရုရှားနှင့် မြန်မာစစ်တပ်အကြား စစ်ရေး အရ ပူးပေါင်း ရေး ဆွေးနွေးခဲ့ကြသည်။

"ကြိုဆိုရေးကဏ္ဍမှာ တာဝန်ယူရတဲ့ စစ်အရာရှိတချို့ မေးမြန်းခံရတယ်လို့ သိရပါတယ်။ တချို့လည်း အဖမ်းခံထားရတယ်လို့ ကြားရပါတယ်။ အဓိက ရုရှားစစ်ဗိုလ်ချုပ်နဲ့ အဖွဲ့ရဲ့ နိုင်ငံကူးလက်မှတ် မိတ္တူ တွေ ၊လူစာရင်းတွေနဲ့ လည်ပတ် မယ့်ရက်အတိအကျတွေ ခေတ်သစ်ဆီ ပေါက်ကြားလို့ပါ။ မူလက သူတို့ က သတင်းထုတ်ပြန်ဖို့ မရှိဘဲ လျှို့ဝှက်လာကြတာပါ။ နောက်ပိုင်း ခေတ်သစ် မှာ နိုင်ငံကူး လက် မှတ် တွေကအစ ခရီးစဉ် ရက်အတိအကျတွေ ပေါက်ကြားကုန်လို့ ရောက်နေတယ်ဆိုတဲ့ သတင်း ထုတ် ပြန် တယ်လို့ သိရ ပါတယ်" ဟု စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဖိတ်ကြားမှုဖြင့် ရုရှား စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ် ၃၀ နီးပါး မြန်မာနိုင်ငံသို့ တစ်ပတ် နီးပါး လာရောက်ကြခြင်းဖြစ်သည်။

ရုရှားစစ်ဗိုလ်ချုပ်နှင့်အဖွဲ့သည် ဒီဇင်ဘာလ ၂ ရက်နေ့တွင် နေပြည်တော်မှ ရုရှားနိုင်ငံသို့ ပြန်လည် ထွက်ခွာ မည် ဖြစ်ကြောင်း၊ ရုရှားမှ အထူးလေယာဉ်ဖြင့် အသွားအပြန်လုပ်ကာ လေယာဉ်ကုန် ကျစ ရိတ် မှစ၍ နေပြည်တော်တွင် တည်းခိုစရိတ်အထိ အကြမ်းဖက်စစ်ကောင်စီက အကုန်အကျခံခြင်း ဖြစ် ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် နေ ထိုင် ကြမည့် ရုရှား စစ်ဘက် ပုဂ္ဂိုလ် ၁၆ ဦးသည် Hilton Nay Pyi Taw ဟိုတယ် တွင် တည်းခိုနေပြီး အဆိုပါ ၁၆ ဦးမှာ-

၁-Mr.Alexey KIM(ရုရှားစစ်ဗိုလ်ချုပ်)
၂-Mr.Sergey VOROZHINTSEV
၃-Mr.Kirill MOROZ
၄-Mr.Evgenii VEBER
၆-Mr.Dmitrii POPOV
၇-Mr-Vitalii SHILKOV
၈-MrSergey GARBUZOV
၉-Mr.Mikhail YERMOLAEV
၁၀-Ms.Anastasia SOKOLOVA
၁၁-Mr.Roman NAZAROV
၁၂-Mr.Aleksandr VLASENKO
၁၃-Mr.Aleksandr BASOV
၁၄-Mr.Alexander DEGTEV
၁၅-Mr.Sergey SARATOV
၁၆-Mr.Aleksei RIABOV တို့ဖြစ်ကြောင်း သိရှိရသည်။

ရုရှားစစ်ဗိုလ်ချုပ် Mr.Alexey KIM နှင့် မင်းအောင်လှိုင်တို့ နိုဝင်ဘာလ ၂၉ ရက် နေ့ တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မ တော်နှစ်ရပ်အကြား ကာကွယ်ရေး ဆိုင် ရာ အပါအဝင် ပညာရေး၊ ကျန်းမာရေးနှင့် နည်းပညာပိုင်းဆိုင်ရာများတွင် ပူး ပေါင်း ရေး၊ ရုရှားနိုင်ငံသို မြန်မာစစ်တပ် ပညာတော်သင်များ စေ လွှတ် ရေး၊ နှစ်နိုင်ငံ စစ်တပ်များအကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

Читать полностью…

Khit Thit Media

အဆိုပါ တိုက်ခိုက်မှုကို နံ့သာမြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်)နှင့်အတူ Pakokku underground Force တပ်ဖွဲ့ M ဒေါင်းနီ တပ်ဖွဲ့၊ တမာမြေ ပျောက် ကြား တပ်ဖွဲ့၊မဟူရာအလင်းတန်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့-မြိုင်၊MVP တပ်ဖွဲ့၊ အောင်သပြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်အတူ ဒေသကာကွယ် ရေးအဖွဲ့များ စုပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၇ ဦးခန့် ထိခိုက်မှု ရှိကြောင်း သိရသည်။

Читать полностью…

Khit Thit Media

တရုတ်တွင် သမ္မတရှီကျင့်ပင် နုတ်ထွက်ရေး ဆန္ဒပြမှုများ ထပ်မဖြစ်စေရန် ရဲ အင်အား အလုံး အရင်းဖြင့် ပြည်သူများ၏ မိုဘိုင်းလ်ဖုန်းများကို လိုက်လံ စစ် ဆေး၊ VPN နှင့် ပိတ်ပင် ထား သော လူမှုကွန်ရက်များ အသုံးမပြုရန် သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

တရုတ်နိုင်ငံတွင် သမ္မတရှီကျင့်ပင်နုတ်ထွက်ရေး ဆန္ဒပြမှုများ ထပ်မံ မဖြစ်ပွား စေရေး ရဲအများအပြားချထားပြီး မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးမှုများ လုပ် ဆောင် နေကြောင်း သိရှိရသည်။

လက်ရှိတွင် တရုတ်ရဲများက တရုတ်ပြည်သူများ ၏ လက်ကိုင်ဖုန်းများကို စစ် ဆေးနေပြီး VPN အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးခြင်း၊ တရုတ်တွင် ပိတ်ပင် ထားသည့် Instagram ၊ Twitter နှင့် Telegram ကဲ့သို့သော လူမှုကွန်ရက်များ အသုံးပြုခြင်း ရှိ၊ မရှိ စစ်ဆေးနေကြသည်။

ပိတ်ပင်ထားသော လူမှုကွန်ရက်နှင့် VPN များ အသုံးပြုကြောင်း စစ်ဆေး တွေ့ ရှိလျှင် သုံးစွဲသူ၏ ကိုယ်ရေး အချက်အလက်များကို ရယူကာ တရုတ် ရဲများက ချက်ချင်းဖျက်ခိုင်းပြီး သတိပေးမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။

အင်္ဂါနေ့တွင် ရှန်ဟိုင်းမြေအောက်ရထားတစ်စင်းပေါ်တွင် ရဲအရာရှိများက ခရီးသည် များ၏ မိုဘိုင်းလ်ဖုန်းကို စစ်ဆေးနေသည့် ဗီဒီယိုများမှာ လူမှုကွန် ရက်တွင် ပျံနှံ့ခဲ့သည်။

တနင်္လာနေ့နှင့်အင်္ဂါနေ့များတွင် ဆန္ဒပြပွဲဖြစ်ပွားခဲ့သည့်မြို့ကြီးများတွင် ရဲအများ အပြား အလုံးအရင်းဖြင့် ချထားခဲ့ပြီး ဆန္ဒပြမှုများ ထပ်မံ မဖြစ် ပေါ်စေရန် ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ကြသည်။

တရုတ်ပြည်သူများက တရုတ်အစိုးရ၏ တင်းကျပ်သော ကိုဗစ်မူဝါဒများကို ဆန့်ကျင်ကန့်ကွက်နေကြပြီး တရုတ်ပြည်သူ ၁၀ ဦးသည် ကိုဗစ်ကြောင့် လော့ဒေါင်းမိနေချိန် မီးလောင်သေဆုံးခဲ့ရသည်။

တရုတ်ပြည်သူ ၁၀ ဦးသေဆုံးပြီးနောက် နိုင်ငံတစ်ဝန်း တရုတ်အစိုးရ ဆန့်ကျင် ရေး လူထု ဆန္ဒပြ မှုများ ဖြစ်ပါ် လာခဲ့ခြင်းဖြစ်သည်။ တရုတ်ပြည်သူများက တင်းကျပ် သော ကိုဗစ်ဇီးရိုးမူဝါဒ ဖော်ဆောင်သူ တရုတ်သမ္မတ ရှီကျင့်ပင် နုတ်ထွက်ရေး အတွက် ကြွေးကြော်ခဲ့ကြသည်။

ဆန္ဒပြသူများကို တရုတ်အာဏာပိုင်များက ခေတ်မီ ကင်းထောက် ကင်မရာ၊ နည်းပညာများ ဖြင့် စောင့်ကြည့်ခဲ့ကြပြီး တရုတ်အာဏာပိုင်များက ဆန္ဒပြမှု များကို ပြင်းပြင်ထန်ထန် နှိမ်နင်းမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

တရုတ်သမ္မတရှီကျင့်ပင်ကို ရာထူးမှ ဆင်းပေးရန် လွန်ခဲ့သော စနေနေ့ နှင့်တနင်္ဂနွေနေ့တွင် နှစ်ညဆက်တိုက် တောင်းဆိုဆန္ဒပြမှုများ ရှန်ဟိုင်းမြို့၏ Urumqi လမ်းတွင် ဖြစ်ပွားခဲ့ပြီး ယခုအခါ ယင်းနေရာကို တရုတ်ရဲများက အကာ အရံ အတားအဆီးကြီးများ ချထားသည်။

ကိုဗစ်လော့ဒေါင်းကြောင့် ပိတ်မိပြီး သေဆုံးခဲ့သော တရုတ်ပြည်သူ ၁၀ ဦး အတွက် ဝမ်းနည်းခြင်းနှင့် တရုတ်အစိုးရ ဆန့်ကျင်ရေး စက္ကူဖြူနှင့် ဖယောင်း တိုင်များ ထွန်းညှိ ကိုင်ဆောင် ဆန္ဒပြရန် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စီစဉ် ခဲ့သော ရှန်ဟိုင်း မြို့လယ် ခေါင်ကို တရုတ်ရဲများက ပိတ်ပင်ခဲ့သည်။

ဓာတ်ပုံ- တရုတ်မြေအောက်ရထားတွင် VPN အသုံးပြုခြင်းရှိ၊ မရှိ ၊ ပိတ်ပင် ထားသော လူမှုကွန်ရက်များ အသုံးပြုခြင်း ရှိ၊ မရှိ တရုတ်ရဲများက ခရီးသည် များ၏ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးနေစဉ်။

Читать полностью…

Khit Thit Media

ပြည်သူထံမှ ငွေကျပ် သိန်းရာချီ ငွေညှစ်ပြီး လျှပ်စစ်မီး လွှတ်ပေးတဲ့ ကျိုက်ထို မြို့နယ် လျှပ်စစ်ရုံးမှ လက်ထောက်အင်ဂျင်နီယာ ရှမ်းလေး(ခ) မိုင်းအောင် နေထွန်း ပစ်ခတ်ခံရပြီး သေ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက် အင်ဂျင်နီယာ (AE) ရှမ်းလေး(ခ) မိုင်းအောင်နေထွန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၉ ‎ရက် ညနေ ၅ နာရီခန့်တွင် လက်ထောက် အင်ဂျင်နီယာ ရှမ်း လေး သည် ဆိုင်ကယ်မောင်းနှင်လာစဥ် ကံ့ကော်ရုံး ထောင့် အရောက် အမည် မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ရင်ဘတ် ကျည်ထိ မှန်ကာ သေဆုံးသွား ကြောင်း သိရှိရသည်။

" ပစ်သတ်ခံရသူ မြို့နယ် လျှပ်စစ်ရုံးရဲ့ AE ရှမ်းလေးဆိုတဲ့သူပါ။ အမည် အရင်း လား ဘာလား ဆိုတာတော့ မသိဘူး။ ရှမ်းလေးလို့ပဲ သိရတယ်။ သူက ကျိုက် ထိုမြို့နယ် အတွင်းမှာ ကျေးရွာတွေကို ရွာလုံးကျွတ် လျှပ်စစ်မီးဖြတ်ဖို့ အဓိက အမိန့်ပေးသူပါ" ဟု kyaikhto information team မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

သေဆုံးသူ လက်ထောက် အင်ဂျင်နီယာ ရှမ်းလေးသည် ကျေးရွာများကို လျှပ် စစ် မီး လင်းစေလိုလျှင် လျှပ်စစ်ဌာနသို့ ပိုက်ဆံ အမြောက်အမြား ပေးရ မည် ဟု တောင်း ရမ်းသူဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် သိန်း ၈၀ မှ သိန်း ၆၀၀ အထိ လျှပ်စစ် မီတာခကို သွင်းစေပြီးမှသာ လျှပ်စစ်မီးများ ပြန် လွှတ် ပေးသူ ဖြစ်ကြောင်းနှင့် သိမ်ဇရပ်မြို့တွင်လည်း သိန်း ၃၀၀၀ အထိ ပေးသွင်း ပြီးမှသာ လျှပ်စစ်မီး ပြန်လွှတ်​ ပေးခဲ့သူဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-‌ သေဆုံးသူ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက် အင်ဂျင် နီယာ (AE) ရှမ်းလေး(ခ) မိုင်းအောင်နေထွန်း။

Photo Credit- KRIN ။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photo - BEGSC_MYAING

Читать полностью…

Khit Thit Media

စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများခွင့်ပြုချက်မပါဘဲ နယ်ကျော်သွားလာ၍ PDF အဖမ်းခံရလျှင် တာဝန်မယူသည့်အပြင် အရေးယူမည်ဟု စစ်ကောင်စီက သတိပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၉

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသာ စစ်ဘက်နှင့်အရပ်ဘက် ဝန်ထမ်းများ ခွင့်ပြုချက်မပါဘဲ နယ်ကျော်သွားလာ၍ PDF အဖမ်းခံရလျှင် တာဝန်မယူသည့်အပြင် အရေးယူမည် ဟု စစ်ကောင်စီက ရုံးတွင်းအမိန့်များဖြင့် သတိပေးထားကြောင်း နေပြည်တော်သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ပထမ မူလ အမိန့်အဖြစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဝန်ထမ်းများ ခရီးမသွားရန်နှင့် ခရီးသွားမည် ဆိုလျှင် လိုက်နာရမည့် အချက်များကို ထုတ်ပြန်ခဲ့ကြောင်း၊ ပထမအချက်အနေဖြင့် စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းများအားလုံး တာဝန်ဖြင့် မဖြစ်မနေ ခရီးသွားရမည်ဆိုပါက ယူနီဖောင်းဖြင့် တရားဝင် သွားသော ခရီးများတွင် စစ်တပ်၊ ရဲ အစောင့်အရှောက်များကို မဖြစ်မနေ တောင်းခံပြီးမှသာ ခရီးသွားလာရန်၊ ဒုတိယအချက်အနေဖြင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကြောင့် မဖြစ်မနေ သွားရမည့် ခရီးများတွင် ပြင်ပ အဝတ်အစား ဝတ် ဆင်ရန်၊ ဝန်ထမ်းကတ်များ၊ ဝန်ထမ်း ဖြစ်ကြောင်း သိရှိနိုင်သည့် မည်သည့်အထောက်အထားမှ ယူ ဆောင်ခြင်းမပြုရန်၊ ဖုန်းများအတွင်း တွင် ဝန်ထမ်းဖြစ်ကြောင်း သက်သေခံနိုင်သည့် ဓာတ်ပုံနှင့် မှတ် တမ်းမှတ်ရာများ ထည့်သွင်းထား ခြင်းမပြုရန် ညွှန်ကြားခဲ့သည်။

ယခုအခါ စစ်ကောင်စီ၏ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိဘဲ ခရီးသွားလာမှုကြောင့် စစ်ဘက်နှင့် အရပ်ဘက် ဝန်ထမ်းများ အဖမ်းခံရခြင်းနှင့် အသတ်ခံရခြင်းများရှိလာသည့်အပြင် ကူညီကယ် ဆယ်ရေး အကူအညီတောင်းမှုများ ရှိလာကြောင်း သိရှိရသည်။

"ဝန်ထမ်းတွေ နယ်ကျော်သွားလာလို့ အဖမ်းခံရတာ၊ ယာဥ်တန်းနဲ့ မသွားတာ၊ အထက် လူကြီး ခွင့်ပြုချက်မရရှိဘဲသွားလာတာဆိုရင် ဖမ်းဆီးခံရပါက တာဝန်ယူမယူဘဲ အရေးယူခံရမယ်။ ဆိုလို တာက တာဝန်မယူတဲ့အပြင် ပြန်လွတ်ရာတောင် အရေးယူဦးမယ်ဆိုတဲ့သဘောပေါ့" ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ ယာဉ်မောင်းလိုင်စင်များတွင် စစ်ဘက်၊ အရပ်ဘက် ဝန်ထမ်းများ၊ အရာရှိများအနေဖြင့် ဝန်ကြီးဌာနဆိုင်ရာ ရာထူးများ ဖော်ပြထားမှုများကို ဖြုတ်ပယ်ပြီး အရပ်သားအဖြစ် ပြန်လည် ပြောင်း လဲဖော်ပြရန်လည်း စစ်ကောင်စီက ညွှန်ကြားထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်။

Читать полностью…

Khit Thit Media

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အမျိုးသမီးများ အကြမ်းဖက်မှု ပပျောက်ရေး ပျောက်ကြားသပိတ်ဆင်နွှဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

အညာပစ်တိုင်းထောင်လေးများမှ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလုပ်ရှားမှုတွင် "ရပ် လိင်ကြမ်းဖက်မှုတွေရပ်၊ အကြမ်းဖက်မှုတွေရပ်၊ UNITE! Activism to End Violence Against Women & Girls အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရန် အားလုံးစုစည်းလုပ်ဆောင်စို့!" စာသားများဖြင့် ပျောက်ကြားသပိတ်ဆင်နွှဲခဲ့ကြသည်။

Читать полностью…

Khit Thit Media

ကျေးလက် သူပုန်သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ယင်းမာပင်မြို့နယ်တွင် ကျေးလက် သူပုန်သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…
Subscribe to a channel