khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

Breaking News- စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက သေဒဏ် ချမှတ်
ရန်ကုန်၊ ဒီဇင်ဘာ ၁
စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ် ကျောင်း သား ၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ အင်းစိန်ထောင်တွင်း စစ်ခုံရုံး က သေဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား သတင်းရင်း မြစ် များထံမှ သိရှိရသည်။
ယခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီက တိတ်တဆိတ် ဖမ်းဆီး မှုများ ကြောင့် ပျောက်ဆုံးသွားကြသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့တွင်ပါဝင် သည် ဆိုသော စွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံတောင်တွင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့မှုတွင် ပါဝင် ပတ်သက်သည်ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အင်းစိန် ထောင် တရားရုံးက သေဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
"အခုက အတူ ဖမ်းဆီးရမိပြီးတော့ အကုန်လုံးကို အမှုတစ်ခုတည်း ထောင် ချောက် ဆင် အမိန့်ချတာမျိုး ဖြစ်တယ်။ စစ်ကောင်စီရဲ့ ရှေ့က လုပ်နည်း လုပ်ဟန် အကြမ်းဖက်မှုတွေ အရ တကယ်ကို ကွပ်မျက်လား မကွပ်မျက်ဖူး လား ဆိုတာတော့ ကျနော်တို့ အနေနဲ့ ဆက်လက်စောင့်ကြည့်နေတယ်။ နောက် ပြီး နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဒီနေ့ သေဒဏ်ကျခံရတဲ့ ကျောင်း သား တွေအတွက် သတင်းစကားတွေကို ကျနော်တို့ အနေနဲ့ ထုတ် ဖော် သွားဖို့ ရှိတယ်" ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် အင်းစိန်ထောင်တရားရုံးက ပုဒ်မ ၃၀၂ (က) ဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ် ခြင်းဖြစ်ပြီး ကျန်ရှိနေသော အမှု ၂ မှုကို လည်း ဆက်လက်စစ်ဆေးနေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဇူလိုင်လတွင် ၈၈ ကျောင်းသား ခေါင်း ဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် တော် လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ချမှတ်ပြီး ကြိုးပေးသတ်ဖြတ်ခဲ့သည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်သော ဒဂုံ တက္က သိုလ် ကျောင်းသား ၇ ဦး။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ DSAစစ်တက္ကသိုလ်အပတ်စဉ် ၆၄ သင်တန်း ဆင်းပွဲတက်ဖို့အတွက် ဒီကနေ့မှာ ပြင်ဦးလွင်ကို ရောက်ရှိမှာဖြစ်တယ်လို့ စစ်ဘက်သတင်း ရင်းမြစ် တွေဆီက သိရပါတယ်။
- ရန်ကုန်တိုင်း၊ မရမ်ကုန်းမြို့နယ် ၁ ရပ်ကွက်အတွင်း အိမ်ခြေ ၁၂၀ ကျော်ကို ကျူးကျော်လို့ဆိုပြီး စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းကာ ဘူဒိုဇာနဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
- တရုတ်-မြန်မာ နယ်စပ် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်မှာ MNDAA တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ ကိုးကန့်သတင်းတွေမှာ ဖော်ပြထားပါတယ်။
- ကယားပြည်နယ်၊ ဖရူဆိုမြို့မှာ KNDF၊ PDF ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံးခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/Hmkge0-82Bg

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ် ဆားထုံးကျေးရွာနှင့်လက်ပန်ကျွန်းရွာကို ယနေ့ နံနက်ပိုင်း စစ်တပ်က မီးစတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ‌ ဆားထုံးရွာနှင့် လက်ပန်ကျွန်းရွာကို အကြမ်း ဖက်စစ်တပ်က ယနေ့ နံနက်ပိုင်း စတင်မီးရှို့နေကြောင်း ဒေသခံ ပြည်သူ များနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၇ နာရီ ၁၇ မိနစ်အချိန် စစ်တပ်က ဆားထုံး ကျေး ရွာကို မီးစတင်ရှို့ခြင်းဖြစ်ပြီး ယမန်နေ့ညပိုင်း ဆားထုံးကျေးရွာတွင် ညအိပ် တပ် စွဲ ခဲ့ပြီးနောက် ယခုနံနက်ပိုင်းတွင် စစ်တပ်က မီးရှို့ခြင်းဖြစ်ကြောင်း၊ အလား တူ လက်ပန်ကျွန်းရွာကိုလည်း မီးရှို့လျက်ရှိကြောင်း သိရှိရသည်။

"ဆားထုံးကို မနေ့ညနေပိုင်းက ဝင်ရောက်စီးနင်းပြီး ပြည်သူ တစ်ဦးကို လည်း ပစ်သတ်တယ်။ ဒီမနက်တော့ ဆားထုံးရော၊ လက်ပန်ကျွန်းရော မီးရှို့တာ။ စစ်ကြောင်းက အင်အား ၃၀၀ လောက်ရှိပါတယ်။ အခု ဆားထုံးအုပ်စုကို တောက် လျှောက် မီးရှို့နေပါပြီ" ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောသည်။

ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ ခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က တိုက်ပွဲအနီးအနားရှိ ထန်းဇင်ကျေးရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင် ရောက် စီးနင်းခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ သည်။

" တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေ အထိနာလို့ အနီးအနားကရွာကို သေနတ်တွေ ပစ်ဖောက်ပြီး စီးနင်း မီးရှို့နေတာ မီးများတယ်။ရွာလုံးကျွတ်နီးပါးရှို့နေတာ ဒေသခံ ပြည်သူတွေကတော့ ရွာလုံးကျွတ်ပြေးနေရတယ်။ နောက်ဆုံးသိရတဲ့ သတင်းအရ PDF ရဲဘော် ၂ ဦး ဖမ်းဆီးခံထားရတယ်" ဟု မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းနောက် အနီးရှိ ထန်းပုရွာတွင် တပ်စွဲကာ အပြည်မဲ့ရွာသားတစ်ဦးကို ဖမ်း ဆီးခေါ်ဆောင်ပြီး ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းတွင် ဆားထုံရွာသို့ အကြမ်း ဖက်ဝင်ရောက်စီးနင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆားထုံရွာအတွင်းရှိ ပြည်သူများကို အကြမ်းဖက် နှိပ်စက်ညှင်းပန်း မှု များ ပြုလုပ်ကာ ကျေးရွာသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း မျိုးဆက်သစ် လူငယ် Local PDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်တပ်က မီးတင်ရှို့နေသော ဆားထုံးကျေးရွာနှင့် လက်ပန်ကျွန်းကျေးရွာ။

Читать полностью…

Khit Thit Media

အကြမ်းဖက် မင်းအောင်လှိုင် DSAနှင့် DSTA ကျောင်းဆင်းပွဲတက်ရန် ပြင်ဦးလွင် ရောက်ရှိ မည် ဖြစ်ပြီး လုံခြုံရေးအတွက် ခရီးစဉ်အချိန်၊ သွားမည့်လမ်းကြောင်းများ ကြိုမပြောဘဲ လျှို့ဝှက်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၁

အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင် မင်းအောင်လှိုင်သည် DSAစစ်တက္ကသိုလ်အပတ်စဉ် ၆၄ သင် တန်း ဆင်းပွဲတက်ရန် ယနေ့ ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ကြောင်း စစ်ဘက်သတင်း ရင်းမြစ် များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြင်ဦးလွင်ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်တက္ကသိုလ် အပတ်စဉ် ၆၄ သင်တန်းဆင်းပွဲ တက်ရောက်မည်ဖြစ်ကြောင်း ၊ ယင်းနောက် နောက်ရက်များတွင် DSAT စစ်နည်းပညာတက္ကသိုလ် ကျောင်းဆင်းပွဲပါ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ မိတ္တီလာလေတပ်တွင် ကျင်းပမည့် အကြမ်းဖက်စစ်တပ်၏ လေတပ် ၇၅ နှစ် မြောက် စိန်ရတုနှစ်ပတ်လည် ပွဲသို့ တက်ရောက်မည်ဖြစ် ကြောင်း၊ယင်းလေတပ် စိန်ရတု နှစ်ပတ် လည်ပွဲတွင် ရုရှားထုတ် SU-30 တိုက်လေယာဉ်သစ်များကို တပ်တော်ဝင်ခြင်းနှင့် အလှပြ ပျံသန်းမှု များ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

"စိန်ရတုလေတပ်နှစ်ပတ်လည်ကိုတော့ တော်တော်ခမ်းခမ်းနားနားလုပ်မယ်။ ရုရှားအဖွဲ့တွေလည်း ဖိတ်ထားတယ်။ လာမယ်။ လေယာဉ်အသစ်တွေ တပ်တော်ဝင်မယ်" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

ခရီးစဉ်များအတွက် ရောက်ရှိချိန်နှင့် ထွက်ခွာမည့်အချိန်၊ သွားမည့် လမ်းကြောင်းခရီးစဉ်များကို ကြိုတင် မပြောဘဲ လုံခြုံရေးအရ အလျဉ်းသင့်သလို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်၏ တပြေးညီ ဟန်ဆောင်ထမင်းဝိုင်း။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့၏ ညကင်းပတ်သည့် ကား ၁ စီးကို PDF တပ်ဖွဲ့က ဖမ်းဆီး သိမ်းဆည်း

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်၏ ညကင်းပတ်သည့် ကား ၁ စီးကို ဖမ်းဆီး သိမ်းဆည်းခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါ မော်တော်ကားသည် ယင်းမာပင်မြို့နယ် အတွင်းရှိ လဝက ရုံးမှ ကျေးလက်ရုံသို့ သွားရောက်စဥ် B-21Kani PDF တပ်ခွဲ ၁ မှ ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ကားကို သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"အဲဒီကားနဲ့ လဝက ရုံးကနေ ကျေးလက်ရုံးကို ပစ္စည်းသယ်တာတွေလုပ်တယ်။ ညကင်းပတ်တာတွေလည်း လုပ်တယ်။ ဒီနေ့ နံနက် ၉ နာရီ ဝန်းကျင်မှာ B-21Kani PDF တပ်ခွဲ ၁ က ဝင်ရောက် စီးနင်းပစ်ခတ်ပြီး ကားကို သိမ်းဆည်း ရမိခဲ့တယ်။ ကားပေါ်မှာ ပါလာတဲ့ကောင်တွေက လက်နက်မပါဘဲ ပစ္စည်းသယ် သက်သက် သယ်ခိုင်းတာလို့ ပြောလို့ ပြန်လည် လွတ်ပေးလိုက်ပါတယ်" ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မုံရွာမြို့ပေါ်တွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မုံရွာမြို့ပေါ်တွင် အညာပစ်တိုင်းထောင်လေးများ အဖွဲ့က ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

"ဒီနေ့က မြို့ပေါ်ခွေးတွေ ခြေရှပ်နေတာဗျ ကမ်းနားလမ်းဘက်ဆို ခွေးရေယဉ်တွေကပ်ပီး အကြိုအပို့လုပ်နေကြတာ ကင်းပတ် ကားတွေကလည်း အများကြီးပဲ လုံခြုံရေးတင်း ကျပ်ထားပေမဲ့လည်း ကြိုးစားပီးပျောက်ကြားသပိတ် ဖော်ဆောင်ခဲ့ပါတယ်"ဟု သပိတ် ဖော်ဆောင်သူတစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

"တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ ကလေးမြို့ ပင်မ သပိတ် အင်အားစုများ ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ" စာတန်းများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ပြည်ခွန်သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ပြည်ခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

လက်ပံတောင်း တောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

လက်ပံတောင်း တောင်ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တောချောင်းဦး ရဲစခန်းကို PDF တပ်ဖွဲ့တွေကနေ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်ကောင်စီဘက်က ရဲ ၇ ဦး သေသွားတယ်လို့ မြင်းခြံခရိုင်- တပ်ရင်း ၇ Zero ပျောက်ကျားတပ်ဖွဲ့ရဲ့ ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဒီကနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ထောက်ပို့ ထော်လာဂျီကို PDF တပ်ဖွဲ့တွေကနေ ဖမ်းဆီးခဲ့ပြီး ၊ ကျည်ဆံ တချို့ကို/ပါ သိမ်းဆည်းရမိခဲ့တယ်လို့ NGU:FF (မြေခွေးတပ်ဖွဲ့) က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- စစ်ကိုင်းတိုင်း၊ ရွှေဘို-ခင်ဦး-ရေဦး ကားလမ်းဘေး နဲ့ ကျေးရွာတွေအနီး အကြမ်းဖက် စစ်ကောင်စီ တပ်က မြေမြုပ်မိုင်းတွေ ထောင်ထားခဲ့တာကို PDF တပ်ဖွဲ့တွေကနေ မိုင်းရှင်းလင်းရေး လုပ်ဆောင် နေတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။
https://youtu.be/NECsDLDwmfo

Читать полностью…

Khit Thit Media

မရမ်းကုန်း ၁ ရပ်ကွက်ရှိ အိမ်ခြေ ၁၂၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ်တပ် အင်အား အလုံး အရင်း ဖြင့် ဝင်ရောက်စီးနင်းပြီး ဘူဒိုဇာဖြင့် ဖျက်ဆီး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ရန်ကုန်တိုင်း၊ မရမ်ကုန်းမြို့နယ် ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၂၀ ကျော်ကို ကျူးကျော်ဟုဆိုကာ စစ် တပ် အင်အား အလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းပြီး ဘူဒိုဇာဖြင့် ဖျက်ဆီးကြောင်း ဒေသခံ ပြည်သူ များ က ရန်ကုန်ခေတ်သစ် သ တင်း ဌာန ထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် စစ်တပ်၊ ရဲ၊ စည်ပင်နှင့် ပျူစော ထီး စုစုပေါင်း အင် အား ၁၀၀ ဝန်းကျင်ဖြင့် လမ်းများပိတ်၍ ဝင်ရောက်လာပြီး မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် ဘောလုံး ကွင်းဘေးရှိ နေအိမ်များကို ဘူဒိုဇာ များ ဖြင့် အတင်းအကျပ် ဖျက်ဆီးကြောင်း သိရှိရသည်။

"သမိုင်း ၁ ရပ်ကွက် မြို့သစ် ၇လမ်း ၈လမ်း ၉လမ်းဘောလုံးကွင်းဘေးက အိမ် တွေကိုစစ်တပ်က အင် အားအလုံး အရင်း နဲ့ ဘူဒို ဇာနဲ့ထိုး နေပါတယ်။ ဒီနေ့ မနက် ၆နာရီ ခွဲကတည်းက ဖျက်နေတာပါ။ မရမ်းကုန်း မြို့နယ် သမိုင်း ၁ ရပ် ကွက်၊ မြို့သစ် ၇လမ်း ၈လမ်း ၉လမ်း နဲ့ ဘောလုံးကွင်အိမ်ခြေ ၁၂၀ ကျော် လောက် ကို ဖျက်ဆီးပါတယ်။ လမ်းတွေပိတ်တယ်။ စစ်ကား ၂ စီးနဲ့ အင်အား စုစုပေါင်း ၅၀ ကျော်မယ်။ ရဲရော ပျူစောထီးရော စုစုပေါင်း ၁၀၀ ကျော်တယ်။ မနော်ဟယ်ရီ လမ်း ကနေလမ်း ပိတ်ပြီး ဖျက်တယ်။ အခု အဖျက်ခံ ရတာက ၁၂၀ ကျော်တယ်။ အိမ်တွေဖျက်နေတာကို ဓာတ်ပုံ ရိုက်တဲ့ အမျိုးသမီး တစ် ယောက်ကို ခွေးတွေ ဘယ်လိုတွေ့သွားလဲ မသိဘူး။ တိုက်ပေါ် ထိတက် ဖမ်း တယ်။ လူရောဖုန်းရော အကုန်ပါသွားတယ်။ အခုထက်ထိ ဖျက်နေတုန်း" ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့ အပါအဝင်မြို့ကြီးများမှ ပြည်သူပိုင် နေ အိမ် များကို ကျူး ကျော် ဟုဆိုကာ အင် အား သုံးဖျက်ဆီးခြင်း၊ ဘူဒိုဇာဖြင့် ထိုး ခြင်း အပါအဝင် ဥပဒေမဲ့ အကြမ်း ဖက်လုပ် ရပ်များ ကို ဆက်တိုက်ဆိုသလို လုပ် ဆောင်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် စစ်တပ်က သမိုင်း ၁ ရပ်ကွက်ကို ဝင်ရောက်ဖျက် ဆီး နေစဉ်။

Читать полностью…

Khit Thit Media

ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့မှု နေအိမ် ၁၀၀ ကျော် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဂွေးဂုံရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က နိုဝင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ဂွေးဂုံရွာကို ဝင်ရောက် စီး နင်း ပြီး ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၁၀၀ ကျော် မီးလောင် ပြာကျ သွား​ကြောင်း သိရသည်။

"ပေါက်မြို့နယ် ဂွေးဂုံရွာမှာ လည်း မီးရှို့ခံလိုက်ရပါတယ်။ ဂွေးဂုံရွာ မှာတော့ ခုလက်ရှိ မီးရှို့ဖျက် ဆီးခံ ရတာ နေအိမ် ၁၀၀ ကျော်လောက်ရှိတယ်။ စစ်တပ်က နိုဝင်ဘာ ၂၇ ရက်နေ့နဲ့ ၂၈ ရက်နေ့ ၂ ရက် ဆက် တိုက်ကို မီးရှို့သွားတာ စစ်ခွေးစစ် ကြောင်းတွေ ရှိလို့ နိုဝင်ဘာလ ၂၉ ရက်နေ့အထိ မီးမငြိမ်း နိုင်သေးလို့ ဆုံးရှုံးမှုများသွားတာ" ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

ဟားခါးနှင့် ထန်တလန်အကြား နိုဝင်ဘာလတိုက်ပွဲအတွင်း စစ်သား ၅၅ ဦးသေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလင်းမြို့အကြား ဖြစ်ပွားခဲ့သော နိုဝင်ဘာလ တစ်လတာ တိုက်ပွဲ များအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅၅ ဦးသေဆုံးခဲ့ကြောင်း CNF ထုတ်ပြန် ချက် အရ သိရသည်။

နိုဝင်ဘာလအတွင်း ဟားခါးမြို့နှင့် ဟားခါး - ထန်တလန် အကြားတွင် CNA ဦးဆောင်သည့် ချင်း တော် လှန်ရေး ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်သား ၅၅ ဦးကျော် သေဆုံးခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ ဂျက်ဖိုက်တာ ၂ စီးနှင့် တိုက်ခိုက်ရေး ရဟတ် ယာဥ် ၃ စီးတို့ဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ဟားခါးမြို့ရှိ အကြမ်းဖက် စစ်တပ် ဗျူဟာကုန်းမှလည်း လက်နက်ကြီးများဖြင့် နေ့စဥ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက် ၉ လက်နှင့် ခဲယမ်းများ သိမ်း ဆည်း နိုင်ခဲ့ပြီး တစ်လတာ တိုက်ပွဲအတွင်း CNA ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- CNA က သိမ်းဆည်းရမိသည့် အကြမ်းဖက်စစ်တပ်၏ လက်နက်ခဲယမ်းများ။

Читать полностью…

Khit Thit Media

ဝက်လက်တွင် မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က BO.Tiger အဖွဲ့ဝင်တချို့ကို ဖမ်းဆီး သတ် ဖြတ် မှု အပေါ် တော် လှန်ရေးအဖွဲ့ ၃၉ ခုက ရှုတ်ချ၊ ကျူးလွန်သော ဝက်လက် ပကဖနှင့်တပ်ရင်း၂ ကို အရေး ယူရေး လုပ်ဆောင်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ဒေသကာကွယ်ရေး တပ်ဖွဲ့ဖြစ်သော BO.Tiger အဖွဲ့ကို မြို့နယ် ပကဖနှင့် တပ်ရင်း ၂ က ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် အရေးယူနိုင်ရေး တော်လှန်ရေး တပ်ဖွဲ့ ၃၉ ဖွဲ့က လုပ်ဆောင်သွားမည်ဟု ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင် နေမျိူးအောင် နှင့် တပ်ရင်း ၂ တို့သည် ဒေသခံ ကာကွယ်ရေး အဖွဲ့ Bo. Tiger ဗိုလ်ကျားကြီး အဖွဲ့ကို မမှန်မကန် စွပ်စွဲခြင်း၊ ရဲဘော်များကို ရက်ရက် စက်စက် ပစ်သတ် အလောင်းဖျောက်ခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းလုပ် ရပ်အပေါ် ဗိုလ်နဂါး MRDA အဖွဲ့၊ ရွှေဘိုမြို့နယ် လွတ်လပ်သော ထောက်ပို့ရေးအဖွဲ့ အပါအဝင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းပေါင်း ၃၉ ဖွဲ့က အပြင်းအထန်ရှုံ့ချကြောင်း ထုတ်ပြန် ထားသည်။

ဝက်လက်မြို့နယ် ပကဖ ခေါင်းဆောင် နေမျိူးအောင်နှင့် တပ်ရင်း ၂ တာဝန်ခံ တို့ကို လိုအပ်သလို အရေးယူနိုင်ရေး လက်နက်ကိုင် အဖွဲ့စည်းများနှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး Bo.Tiger ဗိုလ်ကျားကြီးအဖွဲ့ကို အကာကွယ်ပေးသွားမည်ဖြစ်ကြောင်း​ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၃၁ ရက်နေ့၌ ဝက်လက်မြို့နယ် ပကဖ အဖွဲ့၏ စေခိုင်းချက်အရ ဝက်လက်မြို့ မြို့နယ် တပ်ရင်း ၂ က BO.Tiger အဖွဲ့ကို ဆက်ကြေးကောက်သည်ဟု အကြောင်းပြချက်ဖြင့် ဖမ်းဆီးရန် ကြိုးစားရုံမက ဥပဒေမဲ့ သတ် ဖြတ်ရန် ကြိုးစားခဲ့ကြောင်း၊ မျက်မြင်သက်သေ ပြည်သူများစွာ၏ ထွက်ဆိုချက်အရ ဒေသန္တရ ကာကွယ်ရေး တပ်ဖွဲ့များ သိရှိခဲ့ကြောင်း၊ တပ်ရင်း ၂ သည် မြို့နယ် ပကဖ၏ ပုဂ္ဂိုလ်ရေး အငြိုးအတေးဖြင့် ခိုင်းစေချက်အရ ဝက်လက် BO.Tiger အဖွဲ့ အပေါ် ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ကို ဝမ်းနည်းဖွယ်ရာ ကြားနာခဲ့ရကြောင်း၊ မြို့နယ် ပကဖသည် BO.Tiger အဖွဲ့ ကို အကြမ်းဖက် အဖြစ် သတ်မှတ်ပြီး BO.Tiger အဖွဲ့နှင့် ပူးပေါင်းသူများကိုပါ အကြမ်းဖက် အဖြစ် သတ်မှတ်ကြောင်း ကြေညာခြင်းသည် NUG အစိုးရ၏ ပေးအပ်ထားသော တာဝန်ကို ကျော်လွန်ခြင်း ဖြစ်ပြီး အာဏာအလွဲသုံးစားမှု ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

"ကျွန်တော့်တို့အနေနဲ့ ကွန်ရက် သဖွယ် ချိတ်ဆက်ထားတဲ့အဖွဲ့တွေက ဝက်လက် ပကဖနဲ့ ရင်း ၂ က လူတွေကို လူမှုရေးပြစ်ဒဏ်တွေလုပ်မယ်။ ဝက်လက် ပကဖအဖွဲ့နဲ့ ရင်း ၂ က လူတွေဆိုရင် ကျနော်တို့ နဲ့ ချိတ်ထားတဲ့ အဖွဲ့တွေက သူတို့လမ်းကို အဖြတ်မခံဘူး။ တခြားလမ်းက သွားချင်သွား အဲ့လိုပုံစံ တွေလုပ် မှာပါ" ဟု ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့ရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောဆိုသည်။

ထို့ပြင် တော်လှန်ရေးအဖွဲ့များအကြား သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ဖြေရှင်းခြင်းသည် မသင့်တော်ဘဲ ညှိနှိုင်းဖြေရှင်းမှုကို အဓိက ဦးစားပေးသင့်ဟု သုံးသပ်မှုများလည်းရှိနေသည်။

"ဝက်လက်မှာဖြစ်နေတာ ငါတို့နဲ့မဆိုင်ဘူးလို့ ယူဆလို့မရပါဘူး။ အမှန်တရားပေါ်ထွက်လာ အောင် လုပ်ရမယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒီပြသနာတွေကို ကူးစက်မသွားအောင် တားဆီး ပေးဖို့ တာဝန် အားလုံးမှာတာဝန်ရှိတယ်"ဟု ဗိုလ်ကျားကြီးအမှုကိုလိုက်ပါဆောင်ရွက်နေသည့် ကိုယ်စားလှယ်က ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တစ်စုံတစ်ရာ ထုတ်ပြန် ထားခြင်းမရှိသေးပေ။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာ ၃၀ ရက်နေ့ ရရှိထားသော အချက် အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ကိုးကန့်၊ ချင်းရွှေဟော်ဒေသတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးသေဆုံး၊ ဖရူဆိုနှင့် ရေစကြိုတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၃၀

တရုတ်-မြန်မာ နယ်စပ် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း The Kokang ထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကိုးကန့်၊ ချင်းရွှေဟော်ဒေသ၊ နမ့်ဖာတောင်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) ၏ ခံတပ်စခန်းကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး MNDAA တပ်ဖွဲ့ဘက်မှ အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး တပ်ခွဲမှူး ၂ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် MNDAA ၏ ရှေ့တန်းနေရာများမှ မီတာ ၂၀၀ ခန့်အကွာသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် KNDF၊ PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဖရူဆိုမြို့နယ် လောဘူးဒါး ရပ်ကွက်၌ KNDF တပ်ရင်း (၄) နှင့် ဖရူဆို PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁ ဦး သေပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ရဲဘော်များ ထိခိုက်မှု မရှိခဲ့ကြောင်း KNDF တပ်ရင်း (၄) က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်(ပ.က.ဖ) တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်သားနှင့် ရဲများ လိုက်ပါလာသည့် ယာဥ်တန်းကို ပရိမ်သာရွာ နှင့် အောက်အို ရွာကြားတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ) တပ်ဖွဲ့က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

တန့်ဆည် ပင်မသပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူအားလုံး ဆန့်ကျင်ကြရန် ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

တန့်ဆည်မြို့နယ် ပင်မသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် "တရားမဝင်တဲ့ ရွေးကောက်ပွဲ၊ လူထုအားနဲ့ တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ပြည်သူအားလုံး ဆန့်ကျင်ကြရန် ချီတက် ဆန္ဒပြခဲ့​ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

တံတားဦးလေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂ စီး ပျံတက်သွား

ရန်ကုန်၊ နိုဝင်ဘာ ၃၀

မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် စစ်တပ် လေတပ်စခန်းမှ ဂျက်ဖိုက်တာ ၂ စီးသည် ယနေ့ ည ၈ နာရီ ၂၄ မိနစ်တွင် မြောက်အရပ်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ ဂျက်ဖိုက်တာသည် မြောက်အရပ်ဦးသို့ ဦးတည်သွားပြီး ဗုံးချတိုက်ခိုက်နိုင်ကြောင်း နောက်ထပ် ဂျက်ဖိုက်တာ ၂ စီးလည်း ထပ်တက်ဖို့ရှိကြောင်း သိရသည်။

ထို့ပြင် မ​ကွေးတိုင်းအတွင်းရှိ ပေါက်၊ မြိုင်နှင့် တံတားဦးမြို့နယ်ရှိ ကျေးရွာ တစ်ခုကိုလည်း လေကြောင်းဖြင့် စီးနင်းပြီး ဗုံးကျဲတိုက်ခိုက် နိုင်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အားမာန်သစ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျတ်ကြ" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"သတ္တိရှိရင် သေနတ်ချပြီး တနပ်လောက် အုပ်ချုပ်ကြည့်" စာတန်း ကိုင်ဆောင်ကာ လောင်းလုံးပြည်သူများ ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် "သတ္တိရှိရင် သေနတ်ချပြီး တနပ်လောက် အုပ်ချုပ်ကြည့်" စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"မတရားတဲ့ ရွေးကောက်ပွဲ လုံးဝအလိုမရှိ" စာတန်းကိုင်ဆောင်ကာ ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် "မတရားတဲ့ ရွေးကောက်ပွဲ လုံးဝအလိုမရှိ" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

Photos -AungKhantZaw

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာလ ၃၀

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေးလူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင် မြောက်ပိုင်း သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၃၀

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို " ဒီစိန်ခေါ်မှုကြီးကို ရင်ဆိုင်ကျော်လွှားနိုင် ယခုအတွက်သာမက နောင်မျိုးဆက်တွေအတွက်ပါ အောင်မြင်မှုကြီး ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်ရှိ ကျေးရွာ ၅ ရွာကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးတင်ရှို့နေ၊ အလယ်တောရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၈၆ လုံးပြာကျ

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နှင့် ၂၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထီးချိုင့်မြို့နယ်အတွင်းရှိ အလယ်တောရွာ၊ ဆားတွင်းရွာ၊ အင်ကြင်းကုန်းရွာနှင့် အင်းတိန်ရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်းတိန်ရွာနှင့် လေသာရွာတို့ကို ထပ်မံမီးရှို့ဖျက်ဆီးနေသည်ဟု သိရှိရသည်။

" လေသာရွာကို စစ်တပ်က ဒီနေ့ နိုဝင်ဘာ၃၀ရက်နေ့ မွန်းလွဲပိုင်းမှာ မီးရှို့နေတယ်။ နံနက်ပိုင်းကလည်း အင်းတိန်ရွာကို မီးရှို့ခဲ့တယ်။ ရွာထဲကနေ မီးခိုးတွေကတော့ မြင်မကောင်းအောင်ကိုမြင်နေရတယ်။ ရွာထဲကို နံနက်ခင်း ၉ နာရီ အချိန်တည်းက စစ်ခွေးတွေ ရွာထဲဝင်လာတယ်။ မွန်းလွဲပိုင်း ရောက်တော့ မီးရှို့တာဘဲ မီးလောင်အရေအတွက်ကတော့ အတိကျ မသိရသေးဘူး။ ရွာထဲကလည်း စစ်ခွေးတွေက မထွက်သေးဘူး။ အလယ်တောရွာအနီးမှာ PDFနဲ့တိုက်ပွဲဖြစ်ပြီး စစ်ခွေးတွေဘက်က အကျဆုံးများလို့ အခုလိုရွာတွေကို မီးရှို့နေတာဖြစ်နိုင်တယ်" ဟု ဒေသခံပြည်သူတစ်ဦးက​ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က အလယ်တော စံပြကျေးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၈၆ လုံးမီးလောင်ပြာကျပြီး ကျွဲ၊ နွား၊ လယ်ယာသုံးစက်ကိရိယာများ နှင့်အိမ်မွေးတိရိစ္ဆာန်များ ၊ဆန်၊စပါး တင်းပေါင်း ထောင်ချီလောင်ကျွမ်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၄ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးထား

ရန်ကုန်၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေပြီး ပြည်သူ ၄ ဦးထက်မနည်း စစ်တပ်က ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆင်အင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး မွန်းလွဲပိုင်းတွင် မအူပင်ရွာကို ထပ်မံ မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆင်အင်းရွာအတွင်း ဝင်ရောက်လာစဥ် ဒေသခံ ပြည်သူ ၄ ဦးကို စတင် ဖမ်းဆီးခဲ့ပြီး ထပ်မံ ဖမ်းဆီးခံရသည့် ပြည်သူများလည်း ရှိ​ကာ အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

"စစ်ခွေး စစ်​ကြောင်း မြင်းဇီးရွာဘက်က ထွက်လာတဲ့အချိန် တိုက်ပွဲက ရွာအနောက်ဘက်မှာ ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး သိပ်မကြာဘူး။ ဆင်အင်းရွာကို မီးရှို့တော့တာပဲ ဒေသခံ ပြည်သူ ၄ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်။ ဆင်အင်းနဲ့ မအူပင် ၂ ရွာလုံးကို စစ်ခွေးတွေက မီးတင်ရှို့နေတာ ဖမ်းခံရတဲ့ သူကများပါတယ်။ ၄ ဦးထက်ပိုပါတယ်။ ရွာထဲ ဝင်ဝင်ချင်း ဒေသခံ အမျိုးသား ၄ ဦးကို အရင်စဖမ်းတယ်လို့ သိထားရတယ်"ဟု ရွှေဘိုခရိုင် သတင်းစုံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Читать полностью…
Subscribe to a channel