khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာကို အကြမ်းဖက် စစ်တပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်းကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလအတွင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ရတနာပုံ(မိုင်း)ရွာ အနီးအနား၌ အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်သားများ ကျေးရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ ရွာလုံးကျွတ် ပြောင်းရွေ့ပေးရန် ခြိမ်းခြောက် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက် စစ်တပ်မှ စစ်သားများ လာရောက် ခြိမ်းခြောက် ပြောဆိုပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ရတနာပုံ(မိုင်း)ရွာ အတွင်းနေထိုင်သည့် ဒေသခံ ပြည်သူ ၄၀၀ ခန့်သည် မြန်မာ-ထိုင်းနယ်စပ်ရှိ ပကျွပ်ခရိုင် ဘန်စဲဖန်မြို့နယ် ခေါင်လွဲရွာတွင် စစ်ရှောင်များအဖြစ် တိမ်းရှောင် နေရကြောင်း သိရသည်။

" အခုက ရွာလုံးကျွတ် ထွက်ပြေးလာရတော့ ထိုင်းဖက်က အာဏာပိုင်တွေ ကူညီပေးနေတာ တချို့ရှိနေပေမယ့် လောလောဆယ် မှာကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတာမျိုးတော့ ရှိတယ်" ဟု စစ်ဘေးရှောင် အရေးကူညီစောင့်ရှောက်နေသူ တစ်ဦးကပြောဆိုသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ(EAO)၊ People’s Defense Forces (PDF)တွေ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြတဲ့ အဖွဲ့ အ စည်းတွေအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနဲ့ ပူး ပေါင်း ဆောင်ရွက်မှု ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနဲ့ လက် နက် မဟုတ်တဲ့ အထောက်အပံ့တွေ ပေးရန်ဥပဒေမှာ ပါဝင်ပါတယ်။

ဒီအပိုင်းက အမေရိကန်ရဲ့ အကူအညီတွေကို ဘယ်လိုဘယ်ပုံသုံးမယ်ဆိုတာကို သိစေတယ်။ ဘယ်နေရာတွေမှာ သုံးလို့မရနိုင်ဘူးဆိုတာလည်းရှင်းပြတယ်။ ဒီမူကြမ်းအရ ပြဌာန်းမယ့် ဘတ်ဂျက်ကာလဟာ ၂၀၂၃-၂၀၂၇ ကြားကာလဖြစ်တယ်။ ဒါပေမယ့် ငွေဘယ်ရွေ့ဘယ်မျှ ပမာဏကို မဖော်ပြထားဘူး။ (ဧပြီလတုန်းက အတည်ပြုလိုက်တဲ့ ဥပဒေနဲ့ ကွာတယ်။)

အကူအညီ/ထောက်ခံမှု: အားသာချက် / အားနည်းချက်: အချုပ်အားဖြင့် ဒီအပိုင်းက တော်တော် အားကောင်းတဲ့ အပိုင်းလို့ပြောလို့ရပါတယ်။ ဖယ်ဒရယ်စနစ်ပေါ်ပေါက်လာဖို့ကို ခိုင်ခိုင်မာမာ ထောက်ခံဖို့ အတည်ပြုပေးထားတယ်။ (ဒါက နွေဦးတော်လှန်ရေးရဲ့ အဓိက အစိတ်အပိုင်းလို့ ပြောလို့ရတယ်)။ လက်နက်ပေးမယ်လို့ မပြောသော်လည်း EAOs နဲ့ PDFs တွေနဲ့ ဆက်ဆံမယ့် အကူအညီဖြစ်စေမယ့် ကိစ္စတွေကို ဒီမူကြမ်းအရ ဆောင်ရွက်ခွင့်ပေးထားတယ်။ ပြီးတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ ဘက်ပြောင်းလာတဲ့ စစ်သားတွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောက်ပံ့ပေးဖို့ ခွင့်ပြုပေးထားတယ်။

အဓိက အားနည်းချက်နှစ်ခုကတော့ ဘတ်ဂျက်ဒေါ်လာဘယ်လောက်သုံးမယ်လို့ တိတိကျကျ ပြဌာန်းထားခြင်းမရှိပါဘူး။ အရင်က ဥပဒေကြမ်းလိုမဟုတ်ပါ။ ပြီးတော့ လူသားချင်းစာနာမှုထောက်ထားမှုအကူအညီပမာဏကို ပြဌာန်းထားတာမရှိပါဘူး။ အဲဒါက အံ့သြစရာပါ။

ရှင်းတာကတော့ ဒီဥပဒေမူကြမ်းထဲမှာ SAC ဒါမှမဟုတ် SAC က ထိန်းချုပ်ထားတဲ့ ဘယ် အဖွဲ့အစည်းကမှ တဆင့် အကူအညီတွေကို ဖြန့်ဝေမှာ မဟုတ်ပါဘူး။ နယ်စပ်ကနေ တိုက်ရိုက်အကူအညီပေးဖို့ တိုက်တွန်းနေကြတဲ့သူတွေအတွက် ကြီးမားတဲ့ အောင်မြင်မှုဖြစ်ပါတယ်။

အကူအညီ/ ထောက်ခံမှု : အကျိုးသက်ရောက်မှု. ချမှတ်လိုက်သော မူဝါဒများကို လက်တွေ့ဆောင်ရွက်ရာမှာ ဘတ်ဂျက်ပမာဏ မည်ရွေ့မည်မျှလို့ မပါရှိတာကြောင့် ဒီအပိုင်းကို တောက်လျှောက် ဆက်လက်တိုက်တွန်းရန်လိုနေပါသေးတယ်။ မြန်မာပြည်ကို ပေးပို့နိုင်မယ့်ပမာဏကို ရနိုင်သလောက် အများဆုံး တွန်းတင်နိုင်အောင် လာမည့်နှစ် ဆောင်ရွက်စရာ အစီအစဉ်များကို ပုံမှန်လမ်းကြောင်းများက ပြင်ဆင်ထားကြဖို့ အကျိုးဆောင်တွေအနေနဲ့ ပြင်ဆင်ထားကြရမှာဖြစ်ပါတယ်။

စစ်တပ်ကို တာဝန်ခံစေခြင်း
=====================

မူရင်းဥပဒေကြမ်းတုန်းက ဒီအပိုင်းမှာ ရိုဟင်ဂျာဂျီနိုဆိုက်ကို တရားဝင် အသိအမှတ်ပြုဖို့ မြန်မာဘက်ကို ဖိအားပေးဖို့ကို အဓိက ထားခဲ့ပါတယ်။ အဲဒီအချက်ကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနှစ်အစောပိုင်းတုန်းက ဆောင်ရွက်ပြီးပြီဖြစ်တာမို့ အဲဒီအပိုင်းကို ပြောင်းရေးရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီအပိုင်းကို ပိုပြီး ခိုင်မာအောင်လုပ်ရမယ့်အစား NDAA မှာ ဒီကိစ္စကို အကျဉ်းချုံးပစ်ခဲ့တယ်။ ဒီအပိုင်းမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်မှာ ဖြစ်ပျက်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ပြစ်မှုတွေ (ထို့ပြင် ဂျီနိုဆိုက်) တွေအတွက် တရားမျှတမှုရရှိလာစေရေးအတွက် အားထုတ်ကြတဲ့သူတွေ၊ အင်စတီကျူးရှင်းတွေကို ကူညီပေးဖို့ အဆုံးအဖြတ်ကိုတွေ့နိုင်ပါတယ်။

တာဝန်ခံခြင်း၊ အားသာချက် / အားနည်းချက်တွေမှာ အားသာချက်ကတော့, ဒီအပိုင်းမှာတော့ ICJ နဲ့ IIMM ကိစ္စအပြင် လက်ရှိနဲ့ နောင်လာမယ့် တရားဥပဒေပိုင်းဆိုင်ရာ အရေးယူမှုတွေမှာ ဆက်ပြီး ကူညီသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒီအပိုင်းမှာ ရည်ညွှန်းချက်က ကျယ်ပြန့်လွန်းတာမို့ တရားမျှတမှုနဲ့ တာဝန်ခံမှုတွေအတွက် လုပ်စရာရှိတဲ့ကိစ္စတွေမှာ အားပေးမှုကို ရမယ့် သဘောဖြစ်ပါတယ်၊ တာဝန်ခံခြင်း ၊ အားသာချက် / အားနည်းချက်တွေရိပါတယ်။

အားနည်းချက်ကတော့ ရိုဟင်ဂျာတွေကိစ္စကို မဖော်ပြထားတာဘူး၊ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို ကူညီထောက်ပံ့ကို ကိစ္စကိုလည်း ဘာမှ ကတိကဝတ်မပေးထားဘူး။ NDAA ထဲကနေ ရိုဟင်ဂျာကိစ္စကို ဖယ်ရှားလိုက်တာ သိသာတယ်လို့ပြောနိုင်ပါတယ်။ ဘယ်နေရာမှာမှ တိတိပပ မရေးသားထားပါဘူး။တာဝန်ခံခြင်း၊ အကျိုးသက်ရောက်မှု :ဒီအပိုင်းမှာပါရှိတဲ့အချက်တွေဘယ်လိုမျိုး အကျိုးသက်ရောက်မှုရှိလာမလဲဆိုတာကို စောင့်ကြည့်ရပါဦးမယ်။

တတ်နိုင်သလောက် ဖြစ်ပျက်နေတဲ့ ရာဇဝတ်မှုတွေ အသိပေးပြီး တိုက်တွန်းနှိုးဆော်တာ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို မှတ်တမ်းတင်ထားတာတွေကို လုပ်ကိုင်နေကြရမှာ ဖြစ်ပါတယ်။

ပြန်ပြောင်းသုံးသပ်ခြင်း
==================

ခြုံပြောရရင်တော့ ဒီဥပဒေမူကြမ်းဟာ ပြီးပြည့်စုံတဲ့ မူတစ်ခုမဟုတ်သော်လည်း အမေရိကန်ပြည်ထောင်စုအတွက်တော့ ကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တချို့ ဆက်ရှိလာနိုင်ပါတယ်။ ဒီမူအရဆိုရင် အမေရိကန်ဟာ EROs တွေ PDFsတွေနဲ့ ဆက်ဆံဖို့ စိတ်ဆန္ဒရှိတာကို အရိပ်အမြွက်တွေ့ရသလို the NUGကိုလည်း နှုတ်အားဖြင့် အားပေးထောက်ခံတယ်ဆိုတာ တွေ့ရပါတယ်။

Читать полностью…

Khit Thit Media

စစ်ကောင်စီနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ နိုင်ငံခြားဘဏ်တွေကိုပါ အမေရိကန်က ပိတ်ဆို့မယ်လို့ဆို၊ အမေရိကန်အမျိုးသားရေးကာကွယ်ရေးဥပဒေနဲ့ မြန်မာ့အရေးအပေါ် သက်ရောက်မှုများ ဆန်းစစ်ခြင်း

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

Global Witness မှ မူဝါဒရေးရာအကြံပေး Keel Dietz က မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းရေး အတွက် စာမျက်နှာ ၂၅ မျက်နှာ ထည့်သွင်းပြဋ္ဌာန်းထားတဲ့ အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေ NDAA 2023 အကြောင်းကို ပြန်လည် ရှင်းလင်းတင်ပြထားပါတယ်။

အမေရိကန်အစိုးရက အသစ်ပြန်ပြင်ရေးထားတဲ့ BURMA Act ကို ဒီဘဏ္ဍာရေးနှစ်အတွက် အမျိုး သား ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ National Defense Authorization Act ထဲကို ထည့် သွင်းဖို့ လုပ်နေပါပြီ။

ပြင်ထားတဲ့ မြန်မာပြည်ဆိုင်ရာမူဝါဒတွေကို NDAA 2023 မှာ အသေးစိတ်ဖော်ပြလာပါတယ်။ မြန်မာ ပြည်အတွက် ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ။ ပိုပြီး အကျယ်တဝင့်ရေးဖို့ ပြင်နေ ပေမယ့် လောလောဆယ် ဖြစ်လာနိုင်တာတွေကို အကျဉ်းချုံးရေးသား ဖော်ပြလိုက်ရပါတယ်။ု

NDAA ဆိုတာ
=========

NDAA ဆိုတာ ဘာလဲ။ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ ဆိုတာဟာ အမေရိကန် ပြည် ထောင်စု ကာကွယ်ရေးအတွက် ဦးစားပေးလုပ်ငန်းတွေကို ချမှတ်ပြီး လက်တွေ့လုပ်ဆောင်ရမယ့် ကိစ္စတွေ စတင်ဖို့ ခွင့်ပြုတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတစ်ခုဖြစ်ပါတယ်။ အင်မတန် အရေးကြီးတာ ကြောင့် စစ်ရေးနဲ့ မပတ်သက်တာတွေကိုလည်း အက်ဥပဒေပြင်ဆင်ခွင့်အနေနဲ့ ရံဖန်ရံခါမှာလည်း ထပ်တိုးပြင်ဆင်ချက်အနေနဲ့ ထည့်သွင်းလေ့ရှိပါတယ်။

အောက်လွှတ်တော်က BURMA Act ကို ၂၀၂၁ ဧပြီလမှာ အတည်ပြုပေးလိုက်ပြီဖြစ်ပေမယ်လို့ အထက်လွှတ်တော်က မလွှတ် ပေးပါဘူး။ ဒါ့ကြောင့် အခု NDAA မှာ ပါလာတဲ့ ပြင်ဆင်ထားတဲ့ မူဟာ ဧပြီလက အောက်လွှတ်တော်က အတည်ပြုပြီးသားမူကို အစားထိုးတာဖြစ်ပါတယ်။ အချက်အလက် တွေ အများကြီးလည်းပြင်ဆင်ထားပါတယ်။

ဒီလိုဆိုတော့ ဒီဥပဒေကြမ်းဟာ အတည်ဖြစ်ပြီလား၊ နောက်ဆုံးအဆင့်ရောက်ပြီလား ဆိုရင် မဟုတ်သေးပါဘူး။ ကွန်ဂရက်က NDAA ကို ဥပဒေအတည်ဖြစ်ဖို့ မဲမခွဲရသေးပါဘူး။ ဒါပေမယ့် နောက်နှစ်ပတ်ကြာရင်မဲခွဲဆုံးဖြတ်တော့မှာပါ။ အထက်လွှတ်တော်ရော အောက်လွှတ်တော်ရောဟာ ဒီဥပဒေကိစ္စမှာ စိတ်ဝမ်းမကွဲဘဲ တစ်လေသံတည်းဖြစ်နိုင်အောင် ကြိုးစားနေကြပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်လို့ ညှိထားကြတာတွေကို အဲဒီမဲမခွဲခင်ကာလမှ အပြောင်းအလဲထပ်ရှိမယ် မထင်ပါဘူး။

NDAA ဥပဒေမှာ မြန်မာပြည်အတွက် ဘာတွေပါလဲ
===========================

မူကြမ်းထဲမှာ ဘာတွေပါသလဲ။ အခန်းအလိုက် ဒီဥပဒေကြမ်းထဲမှာပါတာကို အမေရိကန်မှာ နားလည်ကြသလိုရေးပြထားပါတယ်။ ဒီမူကြမ်းကို အပိုင်းလေးပိုင်းပိုင်းလိုက်ပြီး အနှစ်ချုပ်ရယ်၊ အားနည်းချက်/အားသာချက်ရယ်နဲ့ တစ်ပိုင်းစီရဲ့ ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကို ရေးလိုက်ရပါတယ်။

(၁) မူဝါဒဖွင့်ဆိုချက်
(၂) အပြစ်ပေးအရေးယူခြင်း
(၃)အကူအညီပေးခြင်း/ထောက်ခံအားပေးခြင်း
(၄)တာဝန်ခံခြင်းကိစ္စ

(၁) မူဝါဒဖွင့်ဆိုချက်- အပိုင်း-၅၅၆၉
=============================

ဒီအပိုင်းမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမေရိကန်မူဝါဒတွေကို ဖော်ပြထားပါတယ်။ ဒီဥပဒေမူကြမ်းအားဖြင့် ပေါက်ရောက်ဖို့ မျှော်လင့်ထားတာတွေကို စီပြီးရေးထားပါတယ်။ ပိုပြီးထိရောက်အောင်ပြင်ဆင်တာတဲ့ အပိုင်းနဲ့ ဧပြီလကတည်း အောက်လွှတ်တော်က အတည်ပြုထားတာတွေပါဝင်ပါတယ်။

အားသာချက်/အားနည်းချက်မြန်မာစစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့သူတွေကို အမေရိကန်ရဲ့ ထောက်ခံအားပေးတာကို ထင်ထင်ရှားရှားမြင်ရတဲ့ အပိုင်းလို့ မြင်ပါတယ်။ NUG နဲ့ NUCC၊ ပြီးတော့ CRPH တို့ကို နာမည်နဲ့တကွ ဖော်ပြထားတာက ဒါကိုသိသာစေတဲ့အချက်ဖြစ်တယ်။ အရပ်သားအုပ်ချုပ်ရေးပြန်ဖြစ်လာဖို့ကူညီမယ်လို့ အမေရိကန်တွေအနေနဲ့ စိတ်ပါလက်ပါရှိတာကို ပြတယ်။

ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုကိစ္စကို အားထုတ်မယ်ဆိုတဲ့ အချက်ကိုပြသတယ်။ IIMM နဲ့ ICJ ကိစ္စတွေဆက်လုပ်သွားဖို့ အမေရိကန်က ထောက်ခံတာကို ရည်ညွှန်းထားတယ်။ တရုတ်နဲ့ ရုရှားကိုလည်း မြန်မာစစ်တပ်ကို ထောက်ခံအားပေးနေတဲ့ မကောင်းတဲ့လုပ်ရပ်ဘက်ပါနေသူတွေအဖြစ် ရှုတ်ချထားတယ်။ ဒီ့အတွက်တာဝန်ခံရအောင်လုပ်မယ်လို့ ဆိုထားပါတယ်။

အဓိကအားနည်းချက်တွေကတော့ NUG ကို အစိုးရအဖွဲ့အစည်းအနေနဲ့ အသိအမှတ်မပြုတာရယ်၊ တပ်ဘက်ကို အပြစ်ပေးအရေးယူတာတွေကို ထပ်လုပ်ဖို့ ဘာမှ မပြောထားတာပဲဖြစ်ပါတယ်။ MOGE ကို ပစ်မှတ်ထားတဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုဆိုတဲ့ အပိုင်းတွေကို အများကြီး ဖယ်ရှားပစ်လိုက်တယ်။ အလားတူပဲ ရိုဟင်ဂျာကို သီးသီးသန့်သန့်ရည်ညွှန်းထားတဲ့ အပိုင်းတွေလည်း မပါတော့ဘူး။

အကျိုးဆက် ဖြစ်လာနိုင်ခြေတွေဘက်က ပြောရရင် ဒီအပိုင်းမှာပါတာတွေက အမေရိကန်ရဲ့ မူဝါဒကို လူသိအောင်လုပ်ရတဲ့ အရေးကြီးတဲ့အဖွင့်။ ဒီအပိုင်းမှာရေးထားတာတွေထဲမှာ အမေရိကန်အနေနဲ့ လုပ်ဆောင်စရာတွေကို ဖော်ပြထားတာမရှိသေးဘူး။ NUG နဲ့ NUCC နာမည်တွေကို ဖော်ပြထားတာပြီး ဖယ်ဒရယ်စနစ်ပေါ်ပေါက်ဖို့ ကိစ္စကို အလေးထားတယ်လို့ သိနိုင်တယ်။

(၂) အပြစ်ပေးအရေးယူခြင်း-
========================

Читать полностью…

Khit Thit Media

လားရှိုး-ကွမ်းလုံ လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ် သား ၃ ဦးသေဆုံး၊ ကညွတ်ကွင်းရှိ ခမရ ၄၃၉ တပ်ရင်းဂိတ်နှင့် မင်းကင်းရှိ ပျူစောထီးစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး-ကွမ်းလုံလမ်းတွင် စစ်တပ်နှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့တိုက်ပွဲ ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကိုးကန့် သတင်းရင်းမြစ် The Kokang က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာလ ၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန် စစ်ကောင်စီတပ်နှင့် MNDAA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား (၃) ဦး သေဆုံး ပြီး MNDAA တပ်သား ၂ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း The Kokang ၏ အဆိုအရ သိရှိရသည်။

အလားတူ ရှမ်းပြည်နယ်၊ မူပန်ခရိုင်(သိန္နီဒေသ)၊ လားရှိုး-ကွမ်းလုံလမ်းပေါ်ရှိ မြန်မာ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မ တော် (MNDAA) တပ်မဟာ (၂၁၁)တပ်ရင်းအနီးသို့ အကြမ်းဖက်စစ်ကောင်စီ၏ အရှေ့ မြောက် စစ်ဒေသ အမှတ် ၃၁၂ တပ်ရင်းမှ အင်အား ၁၀၀ ခန့်ဖြင့် ချဉ်းကပ် လာ ရာ နေ့လည် ၁၂ နာရီခန့် တွင်တိုက် ပွဲပြင်းထန်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ခန့်တွင် တိုက်ပွဲ ပြီးဆုံးခဲ့ကြောင်း သိရ သည်။

ထို့ပြင် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ခံ ခမရ( ၄၃၉) ခြေမြန်တပ်ရင်း လုံခြုံရေးဂိတ်ကို ဒီဇင်ဘာလ ၈ ရက် ညနေ ၅ နာရီ ဝန်းကျင်အချိန် PDF က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး အပြင်း အထန် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီ၏ တပ်ရင်း လုံခြုံရေးဂိတ်၌ အကြမ်းဖက် စစ် သား ၄ ဦး ရှိပြီး ဖြူးမြို့နယ် ပကဖ (9 Kwins Fighters Force မြို့ပြ ပျောက် ကျားအဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဝင် ရောက်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ကင်းတဲထဲမှာက ၄ ယောက်ရှိတာကို ချက်ချင်းဝင်ပစ်ခဲ့တာ၊ စစ်ခွေးတွေ ပြန် တောင်မပစ်နိုင်ဘူး၊ တစ် ဦးက ကျည်မထိမှန်ခဲ့တာ၊ ပုန်းရှောင်နေလိုက်လို့ ၊ တပ်ဝင်းထဲကလည်း ထွက်ပစ်တာမခံခဲ့ရဘူးလို့ သိရ တယ်၊ ရုတ်တရက် ချက် ချင်းဝင်ပစ်၊ ချက်ချင်းဆုတ်လာခဲ့တာဆိုတော့” ဟု Bago Regional PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး အပြင်းအထန်ဒဏ်ရာရရှိသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကျော်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ၆ ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံး ခဲ့ကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF ထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့၌ စနစ်တကျကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦးသေဆုံးခဲ့ ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့၌ ကျော်ရွာ၏ အရှေ့ဘက် သစ်တောစခန်းကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့၌ နွားဆွဲရန် ထွက်လာသော ပျူစောထီး၂ ဦးကို စနိုက်ပါဖြင့် ပစ်ခတ် ခဲ့ရာ ၁ ဦးထိမှန်သေဆုံးခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့၌ ကျော်ရွာရှိ အကြမ်း ဖက်စစ် သားပျူစော ထီးများကို လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့၌ ကျော် ရွာ နံဘေးရှိ အရေးကြီးတောင်ကုန်းများကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့၌ ကျော်ရွာ၏ အနောက်ဘက်ကျွန်းတောအတွင်းသို့ ပျူစောထီးများ ထွက်လာရာ ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ လက်နက်ကြီး အများအပြားပစ်ခတ်ခဲ့ သည့်အတွက် ပြားသုံး ကျေးရွာအတွင်း လက်နက်ကြီး တစ်လုံးကျ ရောက်ပေါက်ကွဲခဲ့ ကြောင်း သိရှိရသည်။

ယင်းတိုက်ခိုက်မှုများကို စစ်ကျွန်မခံ မြွေဆိုးတသိုက် - PDF၊ SPTF (စစ်ကျွန်မခံ မြွေဆိုးတသိုက် PDF တပ်ခွဲ - ၃)၊ ရွှေတြိဂံတပ်ရင်း (GTF) ၊ GTF တပ်ခွဲ -၁ (IRF) ၊ တပ်ခွဲ -၂ (ယက္ခညီနောင်) ၊ တပ်ခွဲ - ၅ (EFF) ၊ တပ်ခွဲ -၆ (တိမ်ပျံပျောက်ကြားတပ်ဖွဲ့) ၊ Eagle Defense Force ၊ မဲမှောင်တပ်ဖွဲ့၊ ရွှေသမင် မုဆိုး Local TD PDF ၊ တောတွင်း ဗိုလ်ချုပ်သွေး၊ တောင်တွင်းနဂါး ပကဖ တပ်ရင်း တို့ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်းရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့ပြီး ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သော ပြည်သူများကို စစ်သားများက လိုက်လံပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့ပြီး ရွာအတွင်းမှ တိမ်းရှောင်သည့် ပြည်သူများကို စစ်သားများက လိုက်လံ ပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်အတွင်းရှိ ရုံးသာ၊ သပြေသာ၊ ဝဲကြီးနှင့် မူးခံတွင်း ကျေးရွာများကို စီးနင်းမီးရှို့ခဲ့ပြီး ဝဲကြီးရွာသည် ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း သိရသည်။

"ဒီနေ့ မီးရှို့ခံရတာက သပြေသာ၊ ဝဲကြီး၊ မူးခံတွင်း(မူးခဒွင်း)နဲ့ ရုံးသာရွာတွေပါ။ ဝဲကြီးရွာကတော့ ပျက်စီးဆုံးရှုံးမှုများနိုင်တယ်။ အများအပြား မီးထဲပါသွားတယ်လို့တော့ ကြားရတယ်။ မူးခံတွင်းရွာမှာတော့ စစ်ခွေးတွေ ရွာထဲဝင်လာလို့ ရွာပြင်ထွက်ပြေးတဲ့ ရွာသားတွေကို စစ်ခွေးတွေက သေနတ်တွေနဲ့ လိုက်ပစ်တယ်လို့ သိရတယ်။ ထိခိုက်မှု ရှိမရှိ အခြေအနေတော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဒီပဲယင်း မြို့နယ်အတွင်း ဒီဇင်ဘာလ ၁ ရက်နေ့မှ ၉ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ပျော်ဘွယ်ရွာ၊ ရုံးသာရွာ၊ သပြေသာရွာ၊ ကံကုန်းရွာ၊ ညောင်လှရွာ၊ ဘန့်ဘွေးရွာ၊ ကုန်းကြီးရွာ၊ နများရွာ၊ ယဥ်ကျေးရွာ၊ အင်ပင်ရွာ၊ ကုန်းတဲရွာ၊ မူးရိုးကုန်းရွာ၊ မူးခတွင်းရွာနှင့် ဝဲကြီးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး သောင်းနှင့်ချီသော ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်း ၂ ကြောင်းခွဲကာ မူးခတွင်းရွာနှင့် ဝဲကြီးရွာတို့တွင် တပ်စွဲထားကြောင်း သိရသည်။

Photo - ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကို အဝေးမှ တွေ့မြင်ရစဥ်

Читать полностью…

Khit Thit Media

"အာဏာရှင်ရှိရင် တော်လှန်သူလူထုရှိတယ်" စာတန်း ကိုင်ဆောင်ကာ လောင်းလုံးတွင် ကျောင်းသား လူငယ်များ ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

လောင်းလုံးမြို့နယ် အတွင်း အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီ (လောင်းလုံးမြို့နယ်) မှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် "အာဏာရှင်ရှိရင် တော်လှန်သူလူထုရှိတယ်" စာတန်း ကိုင်းဆောင်ကာ တော်လှန်လူငယ်များနှင့် အမျိုးသမီးများပူးပေါင်းကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်ကောင်စီက ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် သင်္ဘောသားလစာ ဒေါ်လာ များ ကို အလုအယက်ဝယ်နေပြီး ပြင်ပပေါက်စျေးထက် တစ်ဒေါ်လာ ၄၀ ကျပ်မှ ၅၀ ကျပ်အထိစျေး ပိုပေးမည်ဟုဆို၊ ဒေါ်လာစျေးကွက်တစ်ခုလုံးကို စစ်တပ်က ချုပ်ကိုင်ထား

ရန်ကုန်၊ ဒီဇင်ဘာ၉

အကြမ်းဖက်စစ်ကောင်စီ၏ ခိုင်းစေချက်အရ ပုဂ္ဂလိကဘဏ်များက သင်္ဘော သား လစာငွေ အမေရိကန်ဒေါ်လာများကို အလုအယက်ဝယ်နေကြ‌ပြီး ပြင်ပ ပေါက်စျေးထက် တစ်ဒေါ်လာလျှင်‌ ငွေကျပ် ၄၀ ကျပ်မှ ၅၀ ကျပ်အထိ ပိုပေး မည်ဟုဆိုကာ ဆွဲဆောင်နေကြကြောင်း သင်္ဘောသားများထံမှ စုံစမ်း သိရှိရသည်။

"ပင်လယ်ကူးသင်္ဘောသား အဖွဲ့ကနေ ဒေါ်လာတွေကို တစ်ဒေါ်လာ ငွေကျပ် ၄၀ ၊ ၅၀ ကျပ်ပိုပေးမယ်။ အဲဒါ ရောင်းပေးဖို့ စာတွေ ပို့လာပါတယ်။ သူတို့ကြည့်ရတာ ဒေါ်လာ လိုအပ်ချက်တော့ အတော်ကြီးနေပုံရတယ်" ဟု သင်္ဘောသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားဝန်ဆောင်မှု လုပ်ငန်းရှင်အဖွဲ့ချုပ်က ဘဏ်များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ရာတွင် သင်္ဘောသား လစာငွေ ဒေါ်လာများကို ပုဂ္ဂလိကဘဏ်များတွင် ရောင်းချပေးကြရန် အပြိုင်အဆိုင်စျေးပိုပေး၍ ဆွဲဆောင် လျက်ရှိကြသည်။

A Bank က သင်္ဘောသားလစာငွေကို တစ်ဒေါ်လာလျှင် ငွေကျပ် ၄၀ ပြင်ပပေါက်စျေးထက် ပိုပေးမည်ဖြစ်ကြောင်း၊ Yoma Bank ဘဏ်က ပြင်ပပေါက်စျေးထက် တစ်ဒေါ်လာလျှင်‌ ငွေကျပ် ၅၀ ပြင်ပပေါက်စျေး ထက်ပိုပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းနေကြသည်။

"ကမ်းလှမ်းနေကြတာ ဘဏ်တွေအားလုံးပဲ အပြိုင် အဆိုင်ပဲ။ အိမ်တိုင်ရာရောက် ဘဏ်အကောင့် ဖွင့်ပေးမယ် ဆိုတာမျိုးအထိ ကမ်းလှမ်းနေကြတာ" ဟု သင်္ဘောသားတစ်ဦးကဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက သင်္ဘောသားများအနေဖြင့် ရရှိသော လစာငွေ ဒေါ်လာများကို ပြည်တွင်းသို့ လွှဲပြောင်းပေးပို့ပြီး မြန်မာငွေ လဲလှယ်ရန် ပုံစံအမျိုးမျိုးဖြင့် ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကမူ လက်ရှိတွင် စစ်ကောင်စီက ဒေါ်လာစျေးကွက်တစ်ခုလုံးကို အပြည့်အ၀ ထိန်းချုပ်ထားပြီး မြန်မာ့စီးပွားရေးမှာ အလုပ်မဖြစ်ဘဲ ကျုံ့ဝင်နေကြောင်း၊ စီးပွားရေးလည်ပတ်မှု အလွန်နည်းပါးနေကြောင်း၊ ဘဏ်များကလည်း ငွေကျပ်သိန်း ၂၀၀ အထက် ငွေသွင်းငွေထုတ်များကို စောင့်ကြည့်ထိန်းချုပ်ထား၍ စီးပွားရေး လုပ်ကိုင်မရသည့် အခြေအနေရှိကြောင်း၊ အမေရိကန်ဒေါ်လာနှင့်မြန်မာငွေ လဲလှယ်နှုန်းထားတွင် မြန်မာငွေ တန်ဖိုးတက်နေခြင်းမဟုတ်ဘဲ စီးပွားရေးရပ်ဆိုင်းခြင်း၊ စစ်ကောင်စီ၏ လက်နက်ပြခြိမ်းခြောက်မှုများကြောင့် အရောင်းအဝယ် လုပ်မရဘဲ စျေးကွက် ငြိမ်သက်နေခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုသည်။

"ဒေါ်လာစျေးကတော့ စစ်တပ်က အကုန်ထိန်းချုပ်ထားတော့ လှုပ်မရဘူး။ ရွှေသမားတွေတောင် သိန်းထောင်ချီထုတ်လို့ဆိုပြီး အရေးယူ စစ်ဆေးတာတွေလုပ်နေတော့ ဘာမှ လုပ်လို့မရဘူး။ အဲဒီတော့ ဒေါ်လာက အဝယ်အရောင်း ဆိုတာထက် ပမာဏနည်းနည်းပဲ စျေးကွက်မှာ လည်နေတာပေါ့။ စီးပွားရေးလည်ပတ်မှု အတော်ကို နည်းနေတယ်။ ဒေါ်လာရှားပါးမှုလည်းဖြစ်လာတယ်။ ဒါက မြင်ရတာ" ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက သုံးသပ်ပြောဆိုသည်။

လက်ရှိတွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၀၀၀ ကျပ်အောက်တွင် စျေးပေါက်လျက်ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

လက်ပံတောင်းတောင်ဒေသ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁ ရက်နေ့တွင် "လူဖြစ်ခြင်းရဲ့ ပြည့်ဝဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ် " စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" ခေါင်းစဥ်ဖြင့် ချောင်းဦးမြို့နယ် လူငယ် သပိတ် အင်အားစုများ သရုပ်ဖော် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ချောင်းဦးမြို့နယ် လူငယ် သပိတ် အင်အားစုများ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် လက်နက်မဲ့ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည့် ဒဂုံတက္ကသိုလ်မှ ကျောင်းသား ၇ ဦးကို အကြမ်းဖက် စစ်ကောင်စီက သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း "ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" ခေါင်းစဥ်ဖြင့် သရုပ်ဖော် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းအရ လူသားတိုင်းသည် မိမိတို့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ပြသခွင့်ရှိရမည့်အစား မတရားဖမ်းဆီး၍ သေဒဏ်ချမှတ်ခြင်းသည် ထိတ်လန့်ဖွယ်ရက်စက်ယုတ်မာမှုတစ်ခုသာဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လက်နက်မပါဘဲငြိမ်းချမ်းစွာလှုပ်ရှားဆောင်ရွက်နေကြသော သပိတ်အင်အားစုများ၊ နိုင်ငံရေးအင်အားစုများ၊ ဌာနဆိုင်ရာ CDM ဝန်ထမ်းများနှင့် ပြည်သူလူထုကို ရက်စက်စွာသတ်ဖြတ်ပြ၍ အကြောက်တရားရိုက်သွင်းလျှက်ရှိကြောင်းနှင့် မတရားဖမ်းဆီး၍ သေဒဏ်ချမှတ်ခံရသော ညီနောင်တက္ကသိုလ်ကျောင်းသားများနှင့်အတူ ကျွန်ုပ်တို့ ရပ်တည်သည်။ လက်နက်အားကိုးဖြင့် လူတစ်ဦးချင်းစီကိုဖမ်းဆီးကာ မတရား သေဒဏ်ပေး၍ရသော်လည်း ကျွန်ုပ်တို့၏ယုံကြည်ချက်ကို သေဒဏ်ပေး၍ မရကြောင်း ချောင်းဦးမြို့နယ်လူငယ် အင်အားစု သပိတ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

မန္တလေးတွင် ဗကသ ကျောင်းသားများက "ဖိနှိပ်ခံတို့ ညီညွှတ်ကြ စစ်သုံးစစ်ကို အမြစ်ဖြတ်ကြ" စာတန်း ချိတ်ဆွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၉

မန္တလေးတွင် အောင်မြေသာစံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အထက(၁၂) ချမ်းအေးသာစံမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့မှ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် "ဖိနှိပ်ခံတို့ ညီညွှတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ" စာတန်း ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၉

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် "စည်းလုံးခြင်းထက် ကောင်းတဲ့အင့်အားနောက်ထပ်မရှိ ရန်သူအင့်အားနည်းနေချိန်မှာ ပို၍စည်းလုံးတွန်းလှန်ကြ" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကန့်ဘလူမြို့ ဝက်သအင်းရွာကို စစ်ကောင်စီ မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၄ လုံးနှင့် စပါးကျီ ၃ လုံးမီးလောင် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းရွာကို ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန်တွင် ခမရ -၃၆၉ နှင့်ဝတ်ပျူစောထီးများ ဝင်ရောက် မီးရှို့ဖျက် ဆီးရာ ပြည်သူပိုင်နေအိမ် ၄၄ လုံး နှင့် စပါးကျီ ၃ လုံး မီးလောင် ပျက်စီး သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သို့ပြောသည်။

ကန့်ဘလူမြို့နယ်၊ ဝက်သအင်းကျေးရွာသည် အိမ်ခြေစုစုပေါင်း ၇၅ အိမ်ရှိပြီး စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ထက်ဝက်ကျော်မီးလောင် ပျက်စီး သွားကြောင်း သိရှိရသည်။

လတ်တလော ပြည်သူများထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး စစ်တပ်က ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးတွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် စစ်တပ် တိုက်ခိုက်ခံရမှု ၂ ဦး သေဆုံး၊ ဒီးမော့ဆို၊ အရာတော်နှင့် မြင်းမူတို့တွင် စစ်ကြောင်းများကို တိုက် ခိုက် မှု စစ်သား ၈ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် စစ်တပ် ကို PDF များ တိုက်ခိုက်ရာ ရဲ ၂ ဦးသေဆုံးကြောင်း၊ ဒီးမော့ဆို၊ အရာ တော် နှင့် မြင်းမူတို့တွင်လည်း စစ်ကြောင်းများကို တိုက်ခိုက်မှုများ ဖြစ် ပွားပြီး စစ်သား ၈ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပြောသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီအစောင့် တပ်ဖွဲ့ကို PDF များက လက်နက်ကြီးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး
===========================================

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဆုံရှိ မြန်မာဝမ်ပေါင် ကုမ္ပဏီခြံစောင့် အကြမ်း ဖက်စစ်သားများကို မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“နာရီဝက်လောက်အကြာပစ်ခတ်တိုက်ခိုက်ခဲ့တာ၊ ၄၀ မမနဲ့ ၄ ချက်ပစ်ခဲ့တာ၊ ကင်းတဲပေါ်ကျပြီး ရဲ နှစ် ယောက်တော့ သေနိုင်တယ်၊ ဒီမနက်လည်း သယ် သွား တယ်ကြားတယ်၊ ညကတော့ လက်နက်ငယ်တွေနဲ့ ရမ်းပစ်တယ်၊ မီးပိတ် ပြီးတော့လည်း ပတ်ဝန်းကျင်ကို လိုက်ရှာနေကြသေးတယ်၊ ကျနော်တို့ တပ်ဖွဲ့ ဝင်တွေ ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်ဗျ” ဟု National Revolution Guards PDF တပ်ဖွဲ့မှ ဗိုလ်မော်ကွန်း က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီအတွင်းရှိ အကြမ်းဖက်စစ်သားများက အင်အားအလုံးအရင်း ဖြင့် ထွက်ခွာတိုက်ခိုက်ခဲ့ သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ လက် နက် ခဲယမ်းလိုအပ်ချက်ရှိနေပါသဖြင့် မိဘပြည်သူ များအနေဖြင့် ဝိုင်းဝန်း ကူညီပေးပါရန် မေတ္တာရပ်ခံပါကြောင်း ဗိုလ်မော်ကွန်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို အမျိုးသားတော်လှန်ရေး ပြောက်ကျားတပ်ဖွဲ့ (National Revolution Guards PDF) နှင့် တစ်ကိုယ်တော် သုဘရာဇာ အဖွဲ့တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒီးမော့ဆိုတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
===================================

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအနီးသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ် ကြောင်း ၃ ကြောင်းဖြင့် ဒီဇင်ဘာလ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ထပ်မံစစ်ကြောင်း ထိုးလာ ရာ မိုင်းမိပစ်ခတ်ခံရပြီး စစ်သား (၅) ဦးသေဆုံးခဲ့ကြောင်း KRU ထံမှ သိရသည်။

ကုန်းသာကျေးရွာနှင့် အနီးတစ်ဝိုက်ကို တပ်စွဲနေရာ ယူထားသော စစ်သားများ ကို ကယား(ကရင်နီ) တော်လှန်ရေး တပ်ပေါင်း(KRU)နှင့် ပူးပေါင်းအဖွဲ့မှ ဒီဇင်ဘာ လ ၁ ရက်နေ့တွင် တိုက် ထုတ်ရှင်းလင်းခဲ့ပြီး နယ်မြေစိုးမိုးထိန်း ချုပ် ထားစဉ် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက် လာသဖြင့် ခုခံတိုက်ခိုက်ရာ ဒီဇင်ဘာလ ၆ ရက်နေ့မှ ၇ ရက်နေ့အထိ တစ်ရက် တာ တိုက် ပွဲ ပြင်းထန်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၄ ဦးမှာ မိုင်းနင်းမိ၌ သေဆုံးခဲ့ပြီး တစ်ဦးကို အနီးကပ်ပစ်ခတ် ခဲ့ရာ သေဆုံးသွားကြောင်း၊ လက်နက်အင်အား လူအင်အားမမျှ၍ KRU ပူးပေါင်းတပ်ဖွဲ့မှ ဆုတ်ခွာပေးခဲ့ ရကြောင်း၊ ထိုသို့ ဆုတ်ခွာ စဉ် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၅ ဦးပျောက်ဆုံးခဲ့ပြီး လိုက်လံ ရှာဖွေရာ ၄ ဦး မှာ ဒဏ်ရာဖြင့်ပြန်လည်တွေ့ရှိကာ တစ်ဦးမှာ ယနေ့ အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။

အရာတော်-မုံရွာလမ်းတွင် ကင်းပုန်းဝပ်နေသော စစ်သားများကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
==========================================

စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ်ရှိ ကမ်းပြူအရှေ့ရွာအနီးတွင် ဒီဇင်ဘာ လ ၇ ရက် ညနေ ၆ နာရီခန့်က မိုင်းကွင်းပေါ်သို့ တည့်တည့် ရောက် လာသော ကင်းပုန်းဝပ်စစ်သားများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး (၂) ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။

ယင်းအကြမ်းဖက်ကင်းပုန်းဝပ်စစ်သားများကို Danger Force LPDF ၊Zero ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)၊ စစ်ကိုင်းနွေဦးရဲဘော်(စစ်ကိုင်းတိုင်း) ၊ ကြယ်နီ တပ်ဦး၊ မုံရွာခရိုင် တပ်ရင်း(၁၉)တို့မှ ပူးပေါင်းကာ ပဒေ သာမိုင်း (၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများက သေ နတ် များ ရမ်းသမ်းပစ်ခတ် သေဆုံးဒဏ်ရာရစစ်သားများကို အရာ‌တော် ဆေးရုံ ကြီးသို့ သယ်ဆောင်သွားကြောင်း၊ အလားတူ ဒီဇင် ဘာလ ၇ ရက် ညနေ ၆ နာရီ ခန့်၌လည်း အရာတော်-မုံရွာလမ်းမပေါ် ချမ်းသာရွာ ဘုန်းကြီးကျောင်း အနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားများကို (၁၅)မိနစ်ခန့်အကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း Danger Force LPDF ထံမှ သိရသည်။

မြင်းမူမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကား ၆ စီးကို မိုင်းဆွဲတိုက်ခိုက်
===========================================

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းကုန်းကျေးရွာကို မီးရှို့ဖို့ လုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ဒီဇင်ဘာလ ၇ ရက်နေ့က Kalay PDF တပ်ဖွဲ့ကနေ မိုင်းဆွဲ တိုက်ခိုက်ရာမှာ စစ် ကောင်စီဘက်က ၁၅ ဦးသေသွားတယ်လို့ Kalay PDF တပ်ဖွဲ့က ပြောထားပါတယ်။
- စစ်ကိုင်းတိုင်း ၊ မြောင်မြို့-အဝင် (လဝက)ရုံးအတွင်းမှာ ကင်းပုန်းဝပ်-နေရာ ယူထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၅ ရက်နေ့က ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေက သွား ရောက် ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက် ဒဏ်ရာအပြင်းအထန်တွေရသွားပြီး ဆုပ်ခွာထွက် ပြေးသွားတယ်လို့ မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က ပြောပါတယ်။
- မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရဖီ-ကျေးရွာက အသက် ၅၀ အရွယ် မတင်နုဆိုတဲ့ အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၈ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ကနေ ဖမ်းဆီးပြီး အဓ္ဓမ ပြုကျင့် သတ်ဖြတ် လိုက်တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/3ukPj3N5XOs

Читать полностью…

Khit Thit Media

ဒါပေမယ့် ဒီဥပဒေမှာပါတဲ့အချက်တွေ တကယ် အထမြောက်လာဖို့ဆိုတာ တက်ကြွလှုပ်ရှားသူတွေ၊ တိုက်တွန်းလှုံ့ဆော်ကြသူတွေ ဘယ်လောက် ဆက်အားထုတ်နိုင်တဲ့ဆိုတဲ့ အပေါ်အများကြီးမူတည်နေပါသေးတယ်။ အမေရိကန်ဟာတကယ် ထိရောက်တဲ့ ပြစ်ဒဏ်ခတ်မှု မူဝါဒကို ကျင့်သုံးဖို့၊ မြန်မာအရပ်ဘက်လူ့အဖွဲ့အစည်းအတွက် အမေရိကန်ဆီက အထောက်အပံ့တွေရဖို့နဲ့ လူသားချင်းစာနာမှုအကူအညီတွေ ရရှိလာဖို့ ဆက်တွန်းရဦးမှာဖြစ်ပါတယ်။

ဒီမူကြမ်းထွက်လာဖို့အတွက် ဆောင်ရွက်အားထုတ်ခဲ့ကြတဲ့သူတွေကိုလည်း ဂုဏ်ပြုပါတယ်။ အထူးသဖြင့်တော့ အထက်လွှတ်တော်က ပယ်ချလိုက်တာတောင်မှ အထမြောက်အောင် ဆက်လက်ဝိုင်းဝန်းခဲ့ကြတဲ့ ပါလီမန်အမတ် ဂရီဂိုရီမိခ် Gregory Meeks ကို ဂုဏ်ပြုပါတယ်။

ဒီဥပဒေကြမ်းဟာ မလုံလောက်သေးသော်လည်း မြန်မာပြည်သူတွေအတွက်အပြောင်းအလဲကို ဆောင်ကျဉ်းပေးလာလိမ့်မယ်လို့ ရိုးရိုးပဲ မျှော်လင့်မိပါတယ်။ မြန်မာပြည်သူတွေဟာ မိမိတို့နဲ့ မိမိတို့မျိုးဆက်တွေအတွက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကိုရရှိလာဖို့ သန္နိဌာန် ထားပြီး ဆောင်ရွက်နေကြတာကိုကြည့်ပြီး ပြည်သူအားလုံးအတွက် နေ့စဉ်ပဲ ခွန်အားရပါတယ်။

Читать полностью…

Khit Thit Media

EO14014 မှာတုန်းကပါခဲ့တဲ့ အာဏာကျင့်သုံးပိုင်ခွင့်တွေကို ဥပဒေထဲ ထည့်သွင်းလိုက်တာဖြစ်တယ်။ အဓိပ္ပါယ်ကတော့ အနာဂတ်မှာ သမ္မတ တစ်ဦးဦးက EO14014 ကို အသက်ဝင်စေတဲ့ အရေးပေါ်အခြေအနေကို ရပ်ပစ်လိုက်တယ် ဆိုရင်တောင်မှ ဒီအထဲမှာပါတဲ့ အပြစ်ပေးအရေးယူမှုတွေဟာ အလိုအလျောက် ပျက်ပြယ်သွားမှာ မဟုတ်တော့ဘူး။

တပ်ဘက်က ထိပ်တန်းအရာရှိတွေ အကုန်လုံးနဲ့ စကစတစ်ဖွဲ့လုံး ( ဒုဝန်ကြီးမှစ သို့မဟုတ် ဒုဝန်ကြီးအထက်)၊ နိုင်ငံပိုင်လုပ်ငန်းတွေအားလုံးက ညွှန်ကြားရေးမှူးတွေအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း ပိတ်ဆို့အရေးယူမှုတွေ လုပ်ကိုလုပ်ရမယ် ဆိုတာပါရှိတယ်။ ဒီမူအရ အမေရိကန်ဟာ စစ်တပ်ကို ငွေလွှဲငွေပြောင်းလုပ်ပေးနေတဲ့ နိုင်ငံခြားဘဏ် (အမေရိကန်ဘဏ်မဟုတ်သော ဘဏ်များ)ကိုပါ ဒီပြစ်ဒဏ်ခတ်ပိတ်ဆို့မှုကို ညွှန်ကြားနိုင်ပြီဖြစ်တယ်။ ဒါက သက်ရောက်မှုကြီးတယ်။

စကစနဲ့ တပ်ငွေကို စီမံခန့်ခွဲပေးနေတဲ့ တစ်ဆင့်ခံတွေကိုလည်း ပြစ်ဒဏ်ခတ်တဲ့စာရင်း (Discretionary အမျိုးအစား) ထဲ ထည့်သွင်းနိုင်ဖို့ ပါဝင်ပါတယ်။ အထူးသဖြင့် MOGE နဲ့ တပ်ပိုင်လုပ်ငန်းတွေ ဒါမှမဟုတ် ကိုယ်စားစီမံခန့်ခွဲပေးသူ လူပုဂ္ဂိုလ်ဖြစ်စေ၊ လုပ်ငန်းဖြစ်စေ ပါဝင်မှာပါ။ ဒီနေရာမှာ “ပုဂ္ဂိုလ်”လို့ သုံးထားတာက လူရော၊ ကော်ပိုရိတ်လုပ်ငန်းကိုရော ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအာဏာသုံးစွဲပိုင်ခွင့်ပေးထားပုံဟာ အတော်ပဲ ကျယ်ပြန့်ပါတယ်။

အဓိပ္ပါယ်ကတော့ တပ်နဲ့နွှယ်တဲ့ ဘယ်သူမဆို ဘယ်လုပ်ငန်းမဆို ဒီပြစ်ဒဏ်ခတ်မှုထဲ အကျုံးဝင်နိုင်တဲ့သဘောပါ။ ဒါကို လုပ်ပေးဖို့တောင်းဆိုနေကြသူတွေ အဆိုပြုနေခဲ့ကြတဲ့သူတွေအဖို့ကတော့ အမေရိကန်အနေနဲ့ ဒီပုံစံနဲ့ ပြစ်ဒဏ်ချမှတ်ပေးရင် ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေက ဘာဖြစ်လာနိုင်မလဲလို့ အကျိုးအကြောင်းရှင်းပြကြရမှာဖြစ်ပါတယ်။ အချုပ်ကတော့ ဒီပိတ်ဆို့ဒဏ်ခတ်တာလုပ်မယ်ဆိုရင် နိုင်ငံခြားရေးဝန်ကြီးဌာနပါမှ ရမယ်။

သူ့အောက်က ပိတ်ဆို့ဒဏ်ခတ်ရေးဆိုင်ရာ လုပ်ငန်းများဌာနက သေသေချာချာ ပြစ်ဒဏ်ခတ်မှုဆိုင်ရာနည်းလမ်းတွေကို ချမှတ်ရမှာပဲ။ ပြီးတော့ ကုလသမဂ္ဂမှာလည်း တပ်ကို လက်နက်ရောင်းဝယ်ထောက်ပံ့တာတွေကို အမေရိကန်အနေနဲ့ ကန့်ကွက်မယ်၊ ၈ နှစ်ကာလအတွင်း လုပ်ပိုင်ခွင့်များအားလုံးကို ရပ်စဲမယ်လို့ပါရှိတယ်။

အားသာချက်/အားနည်းချက် ဒီအပိုင်းမှာအကောင်းအဆိုးရောနေပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဥပဒေထဲပြောင်းထည့်ပြီး ကျင့်သုံးခွင့်ပေးလိုက်တာက သိသာတဲ့ ရလဒ်ကိုဖြစ်စေမယ်။ မဖြစ်မနေလုပ်မယ့် ပြစ်ဒဏ်ခတ်မယ့် အပိုင်းတွေလည်းပါနေတယ်။ ပြီးတော့ MOGE ကိုနာမည်တပ်ပြီးရေးတာဟာလည်း ဝမ်းသာစရာဖြစ်တယ်။ နိုင်ငံခြားဘဏ်တွေအထိ လိုက်ပိတ်နိုင်တယ်ဆိုတာကလည်းကောင်းတဲ့အချက်ပါ။

ဒါပေမယ့် အရေးကြီးတဲ့အချက်တွေ လိုနေသေးတယ်။ MOGE ကို ပိတ်ဆို့ဒဏ်ခတ်မယ်ဆိုတာ မပါသေးဘူး။ အမေရိကန်က ဒါကိုလုပ်ဖို့ ဆက်ပြီးငြင်းဆန်နေတာကကို ပိတ်ဆို့ဒဏ်ခတ်တဲ့ နည်းကို မထိရောက်အောင်လုပ်ထားပေးသလိုဖြစ်နေတယ်။ နောက်ပြီး ပြစ်ဒဏ်ခတ်မှုပုံစံအကုန်လုံးသာ လိုအပ်မှသာ လိုအပ်သလို ဆောင်ရွက်မယ်ဆိုတဲ့ discretionary အမျိုးအစားထဲမှာပါနေတယ်။

အဲဒီတော့ စိတ်ပျက်စရာက ပိတ်ဆို့ဒဏ်ခတ်မှုပုံစံ တော်တော်များများဟာ လိုအပ်မှသာ လိုအပ်သလို ဆောင်ရွက်မယ်ဆိုတဲ့ discretionary ထဲ ထည့်သွင်းထားတာကြောင့် အမေရိကန်ပြည်ထောင်စုဟာ ပြင်းပြင်းထန်ထန်အရေးယူဖို့ကိစ္စကို စိတ်ပါလက်ပါမရှိဘူးလို့ ထင်သွားနိုင်စရာရှိပါတယ်။ ဒီပြစ်ဒဏ်ခတ်မှုတွေဟာ အကုန်လုံး သမ္မတနဲ့ ဘဏ္ဍာရေး ဘက်က အကောင်အထည်ဖော်ရမှာဖြစ်ပါတယ်။

သမ္မတ ရဲ့ အဆုံးအဖြတ်ပေါ်မှာပဲ တည်တယ်။ ဒါကြောင့်မို့လို့ သမ္မတက ပြစ်ဒဏ်ခတ်ဖို့ သတ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ ကိုက်ညီတယ်ရယ်လို့ ခေါင်းငြိမ့်မှ တကယ်လက်တွေ့ အရေးယူနိုင်မှာဖြစ်တယ်။ ပြစ်ဒဏ်ခတ်ဖို့ လိုမလိုဆိုတဲ့ ကိစ္စက အစိုးရရဲ့ အဆုံးအဖြတ်နဲ့ ဆိုင်နေတယ်။ ဒါ့ကြောင့် သူတို့က မလုပ်ချင်ဘူးဆိုရင် တင်းခံပြီးနေချင် နေလို့ရတဲ့ အနေအထားဖြစ်တယ်။

အကျိုးသက်ရောက်မှုအနေနဲ့ အပေါ်က အချက်အလက်တွေကြောင့် ဒီအပိုင်းကနေ ဘာအကျိုးသက်ရောက်မှုထွက်လာမလဲဆိုတာကို တွေးရတာ စိတ်နှစ်ခွဖြစ်ပါတယ်။ သိပ်မကြာခင် တပ်ထိပ်ပိုင်းနဲ့ စကစ အစိုးရအဖွဲ့ဝင်တွေဟာ ပိတ်ဆို့ဒဏ်ခတ်တာခံရဖို့ မျှော်လင့်နိုင်တယ်။ ဒါပေမယ့် ဒီမူဝါဒကြောင့်တော့ လောင်စာဆီကိစ္စတွေနဲ့ MOGE ကိုပိတ်ဆို့ဖို့ ကိစ္စတွေတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီနေရာမှာ မူဝါဒရေးရာအပြောင်းအလဲဖြစ်လာဖို့ဆိုရင်တော့ ကျွန်တော်တို့က အမေရိကန်အစိုးရကို ထပ်တိုက်တွန်းရပါလိမ့်မယ်။ ဒီဥပဒေမူကြမ်းကတော့ နောက်ထပ်လုပ်စရာတွေအတွက် အရေးအကြီးဆုံး ပလက်ဖောင်းတစ်ခု ခင်းထားပေးတယ်လို့ ဆိုရမှာပါပဲ။ မေးစရာကတော့ အမေရိကဟာ ပြစ်ဒဏ်ချမှတ်ရေးကို တကယ် မဟာဗျူဟာအနေနဲ့ သုံးမှာလားဆိုတာပဲ။

ထိရောက်တဲ့ ပြစ်ဒဏ်ခတ်မှု မူတစ်ခုထွက်လာဖို့အတွက် အမေရိကန်အစိုးရဟာ စဉ်းစားလာတာ နှစ်နှစ်တောင်ရှိသွားပြီ။ ခုထိ ဘာမူလဲဆိုတာ မထွက်လာသေးဘူး။ ဒီအပိုင်းမှာ ကျွန်တော်ကတော့ သံသယရှိတယ်။ ခြုံပြောရရင်တော့ ဒီအပိုင်းမှာ အပြစ်အနာမကင်းပေမယ့် သတင်းကောင်းတွေပါတယ်။ မူဝါဒပိုင်းက ဘာတွေ ဆောင်ရွက်လို့ရမလဲဆိုတာတွေပါတယ်။

အကူအညီ/ ထောက်ခံမှု
===================

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၉ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ဗြိတိသျှ ပါလီမန်နှင့် လန်ဒန်မြို့၏နာမည်ကျော် Marble Arch တွင် ဦးဂျင်မီ ၏ ပုံရိပ်ကို ဒီမိုကရေစီသူရဲကောင်းအဖြစ် ပြသထား ၊ မြန်မာ့အရေး နိုင်ငံတကာ ပျက်ကွက်မှု ကုလ လူ့အခွင့် အရေး ကိုယ်စားလှယ် ပြင်းပြင်း ထန်ထန် ဝေဖန်

ရန်ကုန်၊ ဒီဇင်ဘာ ၉

ဗြိတိသျှ ပါလီမန်နှင့် လန်ဒန်မြို့၏နာမည်ကျော် Marble Arch တွင် ၈၈ မျိုး ဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၏ ပုံရိပ်ကို ဒီဇင်ဘာ လ ၁၀ ရက် နေ့ ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အဖြစ် ပြသ ချိတ် ဆွဲ ထားကြောင်း Myanmar Accountability Project (MAP) က သတင်း ထုတ် ပြန်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် လန်ဒန်မြို့၏ နာမည် ကျော် Marble Arch တွင် ဦးဂျင်မီ၏ ပုံရိပ်ကို ချိတ်ဆွဲထွန်းညှိပြီး မြန်မာ့ အရေးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC သို့ လွှဲပြောင်းပေးရန် ဗြိတိန်နှင့် တခြားအစိုးရများကို MAP က တောင်းဆိုကြောင်း MAP ၏ဒါရိုက်တာ Chris Gunness က ပြောသည်။

“ICC တရားရုံးကို လွှဲပြောင်းရမယ့်ကိစ္စက အမြန်ဆုံးလုပ်ရမှာပါ။ မြန်မာပြည် သူ တွေအနေနဲ့ ဝေဟင်ကနေ ဗုံးကျဲတိုက်ခိုက်ခံရမှုတွေ နေ့စဉ်နီးပါး ခံနေရ ပါတယ်။ မြန်မာပြည်သူတွေကို ခွဲခြားမှုမရှိဘဲ ယူကရိန်းပြည်သူတွေအတွက် ဆောင် ရွက်သလို အရေးယူပေးဖို့ တောင်းဆိုပါတယ်” ဟု Gunness က ပြော သည်။

MAP က ဦးဂျင်မီ၏ ပုံရိပ်ကို ဗြိတိန်ပါလီမန်များတွင်လည်း ချိတ်ဆွဲ မီးထွန်း ညှိ ထားသည်။ ဦးဂျင်မီ၏ ပုံရိပ်ကို ပုံဖော်ရာတွင် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများ၏ ဓာတ်ပုံများကို စုစည်း၍ ဦးဂျင်မီ၏ ဓာတ်ပုံကို ပုံဖော် ထားခြင်းဖြစ်ပြီး ပေါ်တူဂီပညာရှင် Paulo Andringaက ပုံဖော်ပေး ထားခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ Tom Andrews က နိုင်ငံတကာအနေဖြင့် မြန်မာ့အရေးကို အရေးယူဆောင်ရွက် ပျက်ကွက်ခဲ့ ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်သည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က “နိုင်ငံတကာ တရားမျှတမှု ယန္တရား တွေဟာ မြန်မာ ပြည်သူ တွေ အတွက် တော့ အလုပ်ဖြစ်မနေပါဘူး။ ယူကရိန်းကို ရုရှားက ကျူးကျော်မှုဖြစ်ပွားပြီး ရက် ပိုင်း အတွင်း မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အထူးအစည်းအဝေး တွေ ကျင်းပ ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေကတော့ ၁၈ လကျော် စောင့်နေ ရပါ တယ်။ နောက်ပိုင်းမှာ အထွေထွေညီလာခံ အထူးအရေးပေါ်အစည်းအ ဝေး ကျင်း ပခဲ့ပေမယ့် မြန်မာပြည်သူတွေကတော့ တရားမျှတမှုကို စောင့်နေရ ဆဲပါ ပဲ” ဟု ပြောသည်။

Читать полностью…

Khit Thit Media

Khit Thit Media ၏ Viber Channel ဖွင့်လှစ်ထားပြီးဖြစ်၍ ပြည်သူများ ဝင် ရောက်ကြပါရန် နှိုးဆော်ခြင်း
========================================
ရန်ကုန်ခေတ်သစ် မီဒီယာသည် ပြည်သူများထံသို့ သတင်းများကို အလွယ် တကူ ရောက်ရှိ စေရန် အတွက် စဉ်ဆက်မပြတ် နည်းလမ်းမျိုးစုံဖြင့် ကြိုးစား ပေးပို့ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ပြည်သူများ၏ အသုံးပြုမှု များပြားသော Viber Channel တွင် Khit Thit Media Viber Public Channel ကို ဖွင့်လှစ်လိုက်ပါသည်။
ရန်ကုန်ခေတ်သစ် မီဒီယာ၏ Khit Thit Media Viber Public Channel ကို ဝင်ရောက်လိုပါက
https://invite.viber.com/...
မှ လည်းကောင်း၊ QR ဘားကုတ်ကို Scan ဖတ်၍ လည်းကောင်း ဝင်ရောက် နိုင်ပါသည်။
ပြည်သူများအနေဖြင့် Khit Thit Media Viber Public Channel မှ သတင်း များ ကို မိမိတို့၏ နီးစပ်ရာအသိုင်းအဝိုင်းနှင့် မိတ်ဆွေများထံ သတင်းများ ပြန် လည် ဖြန့်ဝေခြင်းဖြင့် လူထုအကြား သတင်းစီးဆင်းမှု အရှိန်အဟုန်မြင့်လာရေး ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းနှိုးဆော် မေတ္တာရပ်ခံအပ်ပါသည်။
အယ်ဒီတာအဖွဲ့
ရန်ကုန်​ခေတ်သစ်သတင်းဌာန

Читать полностью…

Khit Thit Media

မင်းအောင်လှိုင် လက်ကိုင်တုတ် အောင်လင်းဒွေးနဲ့ မိသားစုအလိုက် ရာထူးတိုး ကြီးပွား ချမ်းသာ လာမှုများ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းဒွေးရဲ့ သားသမီ ၃ ဦးနဲ့ ဆွေမျိုး တစ်သိုက်ဟာ တပ်နဲ့ဝန်ကြီး ဌာန တင်ဒါအခွင့်ထူးခံ အပါအဝင် စီးပွား ရေး အခွင့်အလမ်းတွေ သိမ်းကျုံးရယူထားတာကြောင့် ခရိုနီလက်သစ် တွေ အဖြစ် အကြီးအကျယ် ချမ်းသာလာကြပါတယ်။

အောင်လင်းဒွေးရဲ့ သားသမီးတွေဖြစ်တဲ့ လှိုင်ဘွားအောင်၊ ဖြိုးအာကာအောင် နှင့် သမီး ရွှေရည်ဖူးအောင်တို့ဟာ ကုမ္ပဏီအသီးသီးတည်ထောင်ပြီး တင်ဒါ လုပ်ငန်းတွေ လုပ်ပိုင်ခွင့် တွေရနေကြတာပါ။ အောင်လင်းဒွေး မိသားစု တည် ထောင် ထားတဲ့ ကုမ္ပဏီတွေကတော့-

၁-ရွှေရည်ဖြိုးပြည့် ကုမ္ပဏီ (Shwe Yee Phyo Pyae Co., Ltd)
၂- အောင်မြင့်မိုရ်လင်း ကုမ္ပဏီ (Aung Myintmo Lin Co., Ltd)
၃- မင်္ဂလာအောင်မြေ ကုမ္ပဏီ (Mingalar Aung Myay Co., Ltd) တို့ပဲ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့တင်ဒါတွေရဖို့ စီးပွားရေးသမားတွေဟာ အောင်လင်းဒွေးရဲ့ မိသား စု ကုမ္ပဏီတွေဆီကပ်ကြရသလို ပွဲစားတွေကနေတဆင့် အောင်လင်းဒွေး ဆီကိုလည်း လာဘ်ထိုးရတာပါ။

"တချို့တင်ဒါတွေကို သူတို့ဆီကနေ တစ်ဆင့် ကန်ထရိုက်ပြန်ယူရတယ်။ တင် ဒါ က အောင်လင်းဒွေးသားသမီးတွေနာမည်နဲ့ကျတယ်။ သူတို့က ကျနော် တို့ကို တစ်ဆင့် တင်ဒါလုပ်ငန်းပြန်ချပေးတယ်။ ဆပ်ကန်ထရိုက်သဘောပေါ့။ အဲဒီ တော့ သူတို့နဲ့ချိတ်ဆက်လုပ်ရတယ်။ အဓိက လမ်းဖောက်လုပ်ရေး လုပ်ငန်း တွေမှာ သူတို့နဲ့ တွဲလုပ်ရတယ်" လို့ ရန်ကုန်လမ်းကန်ထရိုက်တာ တစ်ဦးက ဆိုပါတယ်။

ငွေကျပ်သန်း ၅၀၀ အထက် တန်ဖိုးရှိ ဝန်ကြီးဌာနတင်ဒါများကို ပုဂ္ဂလိက ကုမ္ပဏီ တွေ မရရှိကြဘဲ မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေးတို့ရဲ့ သားသမီး ပိုင် ကုမ္ပဏီတွေသာရကြပါတယ်။ လက်ရှိမှာ အောင်လင်းဒွေးသား အငယ် ကောင် ဖြိုးအာကာအောင်ရဲ့ အောင်မြင့်မိုရ်လင်းကုမ္ပဏီဟာ ကျောက်မီးသွေး တူး ဖော်ခွင့်ရရှိထားပါတယ်။

စစ်ကောင်စီရဲ့ နိုင်ငံတစ်ဝန်း လမ်းဖောက်လုပ်ရေး၊ ရုံး၊ ကျောင်းနဲ့ ဝန်ကြီး ဌာန ဆိုင်ရာ အဆောက်အအုံတွေ ဆောက်လုပ်ရေး လုပ်ငန်း တွေမှာ ဝန်ကြီးဌာန တင်ဒါတွေကို အောင်လင်းဒွေးသားသမီး ၃ ဦးက ဆက်တိုက် ရရှိနေကြပါတယ်။

အောင်မြင့်မိုရ်လင်း ကုမ္ပဏီကပဲ လာမယ့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းတွေမှာ ဘောပင်နဲ့ခဲတံ တင်သွင်းခွင့် တင်ဒါတွေကို ဈေးကွက်ပေါက် ဈေး ထက် ပိုတင်ထားတဲ့ နှုန်းနဲ့ ရရှိထားတာပါ။ အဲဒီတင်ဒါကတင်ပဲ ငွေကျပ် သိန်းသောင်းချီ အမြတ်ရရှိပါတယ်။ ဒါဟာ စျေးကွက်ပေါက်စျေးထက် ဘောပင် နဲ့ခဲတံ စျေးနှုန်းတွေကို နှစ်ဆ တင်ပြီး ဝန်ကြီးဌာနနဲ့ အောင်မြင့်မိုရ်လင်း ကုမ္ပဏီ အကြား ဝေစားမျှစား လက်ဝါးရိုက်လုပ်စား နေကြတာဖြစ်ပါတယ်။

အာဏာမသိမ်းခင်က မန္တလေးဆေးရုံအုပ်အဖြစ်သာရှိနေတဲ့ အောင်လင်း ဒွေး ညီမ စုစုဒွေးဟာ ရာထူးခုန်တက်ပြီး တိုင်းရင်းဆေးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ် လာပါတယ်။

မင်းအောင်လှိုင်၊ အောင်လင်းဒွေးစတဲ့ စစ်အုပ်စုခေါင်းဆောင်တွေက နိုင်ငံ့ ဘဏ္ဍာ နဲ့သံယံဇာတတွေကို သားစဉ် မြေးဆက် သုံးမကုန်အောင် စိတ်ကြိုက် ခြယ် လှယ်ဖို့ နဲ့ စစ်တပ်အကျိုးစီးပွား ကာကွယ်ဖို့ တိုင်းပြည်အာဏာလုယူခဲ့တဲ့ သက်သေတွေလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- အောင်လင်းဒွေး၊ ညီမဖြစ်သူ တိုင်းရင်းဆေး ညွှန်ချုပ် စုစုဒွေး၊ အောင်လင်းဒွေးသားသမီး ၃ ဦးဖြစ်သည့် လှိုင်ဘွားအောင်၊ ရွှေရည်ဖူးအောင်၊ ဖြိုးအာကာအောင်။

Читать полностью…

Khit Thit Media

ပြည်ခွန် သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၉

မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒကြ

ရန်ကုန်၊ ဒီဇင်ဘာလ ၉

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒကြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၉

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၉ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက် စစ်ကောင်စီက NLD ပါတီဖြိုခွဲရေးကို ရည်ရွယ်ချက်/ရှိရှိ လုပ်ဆောင်လာသလို ၊ နေပြည်တော်အကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီဝင် တချို့နဲ့ သွားရောက်တွေ့ဆုံစေပြီး ၊ ၂၀၂၃ ရွေးကောက်ပွဲကိစ္စ၊ NLD ပါတီ ရုံးချုပ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး တင်ပြခိုင်းတယ်လို့ သိရပါတယ်။
- တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းတွေကို ဒီကနေ့ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တစ်နေ့တည်း အချိတ် အဆက်မိမိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က (၂)ဦး ထက်နည်း သေသွားတယ်လို့ မိကျောင်း စစ်ကြောင်းဆီကနေ သိရပါတယ်။
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာ- လမ်းဆုံမှာရှိတဲ့ မြန်မာဝမ်ပေါင် ကုမ္ပဏီခြံစောင့် နေတဲ့ အကြမ်းဖက်စစ်ကောင်စီဝင်တွေကို ဒီဇင်ဘာလ ၈ ရက်နေ့ ညပိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ရဲ (၂)ဦး သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပမယ်။
https://youtu.be/LGcbX5xqlH8

Читать полностью…

Khit Thit Media

စရဖ ရုံး၊ တပ်မ ၃၃ ၊ တပ်မ ၉၉ တို့ကို ဗြိတိန်နိုင်ငံမှ ဒဏ်ခတ်ပိတ်ဆို့အရေးယူ

ရန်ကုန်၊ ဒီဇင်ဘာ ၉

လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံ ရေး အရာရှိချုပ်ရုံး(စရဖ)၊ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့ကို ဗြိတိန်နိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးသည် စစ်ကြောရေးလုပ်ရာတွင် မုဒိန်းမှု၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်မှု အပါအဝင် ညှင်းပန်းနှိပ်စက်မှုများစွာကို အဓိကကျူးလွန်သူဖြစ်ကြောင်း၊ ခြေမြန်တပ်မ ၃၃ နှင့် ၉၉ တို့ သည် ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာများအပေါ် လိင်အကြမ်းဖက်ခြင်းအပါအဝင် အ ခြား အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြောင်း မြန်မာနိုင်ငံရာ ဗြိတိန်သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

“လူ့အခွင့်အရေးနဲ့ တရား ဥပဒေစိုးမိုးရေးကဏ္ဍတွေမှာ ယူကေနိုင်ငံက ဦးဆောင်သူ ဖြစ်အောင်လုပ်ပြ နိုင်တာကို ကျွန်တော့်အနေနဲ့ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ မှန်တယ်လို့ ယုံကြည်တဲ့အရာတွေ အ တွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ်ရပ်တည်နေပါတယ်။ ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ လူ့အ ခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်က သူ တွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ဆက်လက်လုပ်ဆောင်သွားပါ့မယ်။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ တုံ့ပြန်လုပ်ဆောင်မှုတွေကတဆင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်များစွာသော ရက်စက်ကြမ်းကြုတ်မှုတွေကို ရွံ့ရှာ ထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့ သူတွေ ကို ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်” ဟု ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီ က ပြောကြား သည်။

လက်ရှိတွင် ဗြိတိန်နိုင်ငံအစိုးရမှ လူပုဂ္ဂိုလ် ၃၀ ဦးနှင့် အဖွဲ့အစည်း ၂၃ ခုကို မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး ချိုး ဖောက်မှုများတွင် တာဝန်ရှိသူများအဖြစ် သတ်မှတ်ကာ ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာမိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းပြီး ပူးပေါင်းပြုလုပ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများသည် ကမ္ဘာ တဝှမ်းရှိ အကျင့်ပျက်ခြစားသူများ၊ လူ့အခွင့်အရေးချိုးဖောက်သူများ၊ လိင်အကြမ်းဖက်မှု ကျူးလွန်သူ များကို ပစ်မှတ်ထားအရေးယူသည့် ကမ္ဘာလုံးဆိုင်ရာအရေးယူတုံ့ပြန်မှုပုံစံကြီးတစ်ခု၏ တစ်စိတ် တစ် ပိုင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံး ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

Читать полностью…

Khit Thit Media

စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီ ခန့်က အကြမ်းဖက်စစ်ကောင်စီကား ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ပျက်စီးပြီး ထိုးရပ် သွားကြောင်း Moe Nyo Revolution Force ထံမှ သိရသည်။

စစ်ကိုင်းမြို့၊ တပ်မ (၃၃) မှ မုံရွာဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီ တပ်သားများ လိက်ပါလာသည့် Express ကား ၆ စီးကို နဘဲကြူးဇရပ်အနီးတွင် Moe Nyo Revolution Force (M.N.R.F) နှင့် PENTAGRAMငါးထောင့်ကြယ် ညီနောင် ၂ ဖွဲ့မှ ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ရာ ကားတစ်စီး ထိမှန်ခဲ့ပြီး မိုင်းပွိုင့်ရှေ့အကျော်၌ ထိုးရပ်သွားခဲ့ကြာင်း၊ ညပိုင်းအချိန် ဖြစ်သည့် အတွက် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်မှု အခြေ အနေ မသိရသေး ကြောင်း Moe Nyo Revolution Force M.N.R.F က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- တရုတ်ဝမ်ပေါင် လုပ်ကိုင်နေသော လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်းကို လုံခြုံရေးယူထားသည့် အကြမ်းဖက်ရဲတစ်ဦး။ (ပုံအဟောင်းဖြစ်သည်)

Photo- AFP

Читать полностью…

Khit Thit Media

အရာတော်မြို့နယ်တွင် ကျောင်းသား၊ လူငယ်များ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

အရာတော်မြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်း၊ အောင်စည်တော် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "စေ့စပ်ရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ"၊ "ပြိုင်တူတွန်းလျှင် ရွှေ့တယ်" စာတန်းများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…
Subscribe to a channel