မုံရွာ-ပုသိမ် လမ်းပိုင်းတွင် အညာပစ်တိုင်းထောင်လေးများ သပိတ် စစ်ကြောင်းက ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မုံရွာ-ပုသိမ် လမ်းပိုင်းတွင် အညာပစ်တိုင်းထောင်လေးများ သပိတ် စစ်ကြောင်း ဦးဆောင်ကာ "ယုံကြည်ချက်ကိုကြိုးပေးသတ်၍မရ"၊ "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "Fuck THE Military"၊ "Stop Executing our studends" စာသားများ ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
"ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးအား သေဒဏ် ချမှတ်လိုက်ခြင်းအပေါ် အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်းနှင့် ကျောင်းသားများနှင့်အတူ ရပ်တည်ကြောင်း ပြသခြင်း ဖြစ်ပါတယ်။ စစ်အုပ်စုက ၄င်းတို့ အာဏာ တည်မြဲရေး အတွက် အကြောက် တရားတွေကို ရိုက်သွင်းနေပေမယ့် ပြည်သူတွေအနေနဲ့ အကြောက်တရားမထားဘဲ တော်လှန်ရေးကို ရှေ့ဆက်အားဖြည့်ကြဖို့ တိုက်တွန်းလိုပါတယ်"ဟု သပိတ် ဦးဆောင် သူက ပြောဆိုသည်။
မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချသည့် ကုမ္ပဏီအားလုံးကို အရေးယူ ပိတ်ဆို့ရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက် အဖွဲ့ ၅၁၆ ခုက တောင်း ဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် ပါဝင်သည့် ကုမ္ပဏီအားလုံး ကို ချက်ချင်း အရေးယူပိတ်ဆို့ရန်နှင့် မြန်မာအပေါ် လေယာဥ်ဆီ တင်ပို့ရောင်း ချမှု တားမြစ်ရေး လုပ်ဆောင်ရာတွင် နိုင်ငံတကာမဟာမိတ်များ ပူးပေါင်း ဆောင် ရွက်ရန် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးထံ အရပ်ဘက် မြန်မာနှင့် နိုင်ငံ တကာလူမှု အဖွဲ့ ၅၁၆ ဖွဲ့က ဒီဇင်ဘာ ၉ ရက်နေ့ အိတ်ဖွင့်ပေးစာပေးပို့ တောင်း ဆိုသည်။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို အသိအမှတ်ပြုပြီး မြန်မာစစ်အုပ်စု ကို ဆန့်ကျင်အန်တုကာ ၎င်းတို့၏ ရပိုင်ခွင့်နှင့် ဒီမိုကရေစီကို ရဲရင့်စွာဆက် လက် ကာကွယ်နေကြသည့် မြန်မာပြည်သူများနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်သည့်အနေဖြင့် မြန်မာစစ်အုပ်စုကို လေယာဉ်ဆီတင်ပို့ရောင်းချရာတွင် မည်သည့် ဗြိတိသျှကုမ္ပဏီက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ခြင်း မရှိရေး ယူကေအစိုးရမှ ချက်ချင်းအရေးယူဆောင်ရွက်ပေးရန် ယူကေ နိုင်ငံခြား ရေး ဝန်ကြီးထံ အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။
ထို့အပြင် မြန်မာစစ်အုပ်စု၏ ဆိုးရွားသော ရာဇဝတ်မှုများကို အဆုံးသတ်ရန် ပိုမိုပြတ်သားပြင်းထန်သည့် လုပ်ဆောင်မှုများ ဆောင်ရွက်ရန်လည်း အဖွဲ့ အစည်း ၅၁၆ ဖွဲ့က တိုက်တွန်းသည်။
အကြမ်းဖက်စစ်တပ်၏ ၂၀၂၁ ခုနှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့တွင် တရားမဝင် အာဏာလုယူရေးကြိုးပမ်းမှုသည် နိုင်ငံတစ်ဝန်းတွင် ဆိုးရွာကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ယခင်က တစ်ခါမျှ မကြုံခဲ့ဖူးသည့် လူ့အခွင့် အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပေါ် စေခဲ့ ကြောင်း၊ စစ်အုပ်စု၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ လေကြောင်း တိုက် ခိုက် မှုများကြောင့် လူပေါင်း ၂၅၀၀ အသက်ဆုံးရှုံးရပြီး လူပေါင်း ၂ ဒသမ ၅ သန်းကျော် အိုးအိမ်စွန်ခွာထွက်ပြေးစေခဲ့ကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြ ထားသည်။
အကြမ်းဖက်စစ်အုပ်စု သည် ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှု ဌာနများ၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများ အပါအဝင် အရပ်သား များသည် လေကြောင်း တိုက်ခိုက်မှု၏ ပစ်မှတ်ထားခြင်းနှင့် ခြိမ်းခြောက်မှုကို အစဉ်တစိုက် ခံနေရသည့်အပြင် အသက်ဘေးအတွက်လည်း ထွက်ပြေးနေကြရ ကြောင်း လည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံခြားကုမ္ပဏီများက တင်ပို့ရောင်းချသော၊ ကြားဝင်အကျိုးဆောင်ပေးသော လေယာဉ်ဆီများကြောင့် ပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်နိုင်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားဆိပ် ကမ်းများမှ တင်ပို့သော လေယာဥ်ဆီရောင်းချမှု ကွင်းဆက်များသည် စစ်အုပ်စု က နေ့စဥ်ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် တိုက်ရိုက်ချိတ်ဆက် နေ ကြောင်း၊ ထို့ပြင် ဗြိတိသျှကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ လေယာဥ်ဆီ တင်ပို့ နေ သည့် သင်္ဘောများကို အာမခံဝန်ဆောင်မှုပေးနေကြောင်း စုံစမ်း သိရှိရ ကြောင်း၊ ထိုသို့ တင်ပို့ရောင်းချမှု ကွင်းဆက်သာ ဆက်လက်လည်ပတ်ခွင့် ရနေမည်ဆိုပါက စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများသည် နောက်ထပ် လူ့အသက်များစွာကို နုတ်ယူမည့်အပြင် ကြီးမားသည့် နေရပ်စွန့်ခွာ ထွက်ပြေး ရမှုများ၏ အခြေအနေကိုလည်း ပိုမိုဆိုးရွားလာစေ မည်ဖြစ် ကြောင်းလည်း ဖော်ပြထားသည်။
ယခုအချိန်သည် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဤအပြည်ပြည်ဆိုင်ရာ ရာဇဝတ် အဖွဲ့ထံ စီးဆင်းနေသော လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုများကို ဖြတ် တောက် ရန် အလုံးစုံသောတားမြစ်ချက်ကို လုပ်ဆောင်ရမည့်အချိန် ဖြစ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတန်ဖိုးများအပေါ် ထားရှိသော ယူကေအစိုးရ အနေနှင့် မြန်မာနိုင်ငံ၏ ပိုမိုနက်ရှိုင်းလာသည့် အကျပ်အတည်းကို ဖြေရှင်းရန် ထိရောက်အဓိပ္ပာယ်ရှိသည့် တုံ့ပြန်ဆောင်ရွက်မှုများ ပြသရန်လည်း အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။
ထို့ပြင် ယူကေအစိုးရ၏ စစ်ရာဇဝတ်ကောင်များနှင့် စစ်အုပ်စုနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ အပေါ် အရေးယူပိတ်ဆို့ခြင်းအပါအဝင် မြန်မာပြည်သူ များကို ပံ့ပိုးသည့် ယခင်လုပ်ဆောင်ချက်များနှင့် မြန်မာပြည်သူများကို တရား ဝင် ကိုယ်စားပြုသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ရုံးကို လူကြီးမင်း ၏နိုင်ငံတွင် ဖွင့်လှစ်ရာတွင် အားပေးထောက်ခံခဲ့မှု တို့ကို အသိအမှတ် ပြု ကြောင်း၊ နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံအား တရားစွဲ ဆိုထားသည့် ဂမ်ဘီယာ၏အမှု၌ နောက်ကျမှဖြစ်သော်လည်း ပါဝင်လာသော ယူကေအစိုးရ၏ ထောက်ခံရပ်တည်မှု ကိုလည်း ကြိုဆိုကြောင်း ဖော်ပြထားသည်။
“ လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့ အဓိပ္ပာယ် တို့တော်လှန်မှရလိမ့်မယ် ” စာသားနှင့် အာဏာရှင်ဆန့်ကျင်ရေး လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ချီတက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများ စုပေါင်း၍ လက်ပံတောင်းတောင်ဒေသလူထုသပိတ်စစ်ကြောင်းကို ယနေ့ ဒီဇင်ဘာ ၁၀ ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့တွင် ပြောရေးဆိုခွင့် မရရှိခဲ့ကြသည့် ပြည်သူများက ပါးစပ်ပိတ်လက်သုံးချောင်းထောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ကြသည်။
ဓာတ်ပုံ - Black Ko
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- မြိုင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို ဒီဇင်ဘာလ ၉ ရက်နေ့နဲ့ ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ နှစ်ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ဗိုလ်အဆင့် အရာရှိ ၁ ဦး သေပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရသွားတယ်လို့ မြိုင် ပကဖ တပ်ရင်း ၁ ရဲ့ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ ဘုတလင်ကို ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာလ ၉ ရက် က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ မိုင်းဆွဲတိုက် ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က (၅)ဦးသေပြီး ၊ (၁၅) ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ Chindwin Brothers အဖွဲ့ဆီကနေ သိရပါတယ်။။
- ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်- ကျေးရွာအပ်စုမှာ ဒီဇင်ဘာလ ၉ ရက်နေ့က အကြမ်း ဖက်စစ်ကောင်စီတပ်သား ၁ ဦးကို လက်နက်ခဲယမ်း နဲ့ အတူ အရှင်ဖမ်းမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/AiiWsoK24EE
ဘုတလင်-ရေဦး လမ်းပိုင်းပေါ် ပြည်သူများနှင့် PDF ရဲဘော်များ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ဘုတလင်-ရေဦး လမ်းပိုင်းပေါ်ကို အရာတော်မြို့နယ် လူထုသပိတ် ဦးဆောင်ကော်မတီ၊ မုံရွာပင်မသပိတ်ကော်မတီ၊ ဘုတလင်မြို့နယ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အတူပူးပေါင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် "လွတ်လပ်တဲ့ ဘဝသစ်အတွက် တိုက်ပွဲကို ဆက်ဝင်နေကြ" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထောင်ပိုင်ကို ညီလေးဟု ခေါ်မိသဖြင့် နိုင်ငံရေးအကျဥ်းသားတစ်ဦး ပြင်းပြင်းထန်ထန် နှိပ်စက်ခံရ၊ လက်ကျိုးကာ ဦးခေါင်း သွေးခဲဒဏ်ရာများဖြင့် သတိလစ်မေ့မြော
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
အင်းစိန်ထောင်အတွင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထောင်ပိုင်ကို "ညီလေး" ဟု လှမ်းခေါ်မိ၍ နိုင်ငံရေးအကျဉ်းသား ကိုသတိုး (ခေါ်) ကိုဝင်းထွဋ်ဦး ပြင်းပြင်းထန်ထန်နှိပ်စက်ခံရပြီး လက်ကျိုးသွားကာ ဦးခေါင်းတွင်လည်း သွေးခဲ၍ သတိလစ်မေ့မြောသွားကြောင်း အင်းစိန်အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။
အင်းစိန်ထောင်တွင်းရှိ ဘုန်းကြီးကျောင်း၌ ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူသဖြင့် ထောင်ပိုင်က လာရောက်ပြီး ဆွမ်းကပ်စဥ် နိုင်ငံရေးအကျဥ်းသားတစ်ဦးဖြစ်သူ ကိုသတိုး(ခေါ်) ကိုဝင်းထွဋ်ဦးက "ဟေ့ရောင် ညီလေး" ဟု လှမ်းခေါ်လိုက်ကြောင်း၊ ထိုကဲ့သို့ အသံကြားသည့်အတွက် ထောင်ဝန်ထမ်းတစ်ဦးမှ အသံလာရာသို့ ဘယ်သူအော်တာလဲဟု မေးကာ အဖြေမရသည့်အဆုံး ထိုနေရာမှ အကျဥ်းသားအားလုံးကို နာမည်မှတ်သွားခဲ့ကြောင်း၊ ကိုသတိုး (ခေါ်) ကိုဝင်းထွဋ်ဦး က ထောင်ပိုင်ကို ညီလေးဟု သူခေါ်လိုက်တာဖြစ်ကြောင်း ပြောကြားပြီးသည့်နောက် ထောင်ရုံးခန်းတွင် ဦးစီးနှင့် တွေ့ရန် သူ့ကို ခေါ်ယူခဲ့ပြီး ရုံးခန်းသို့ ကိုသတိုး ရောက်ချိန် စတင် ထိုးကြိတ်ရိုက်နှက်ကြခြင်း ဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
"အရိုက်ခံရတဲ့ ကိုသတိုးက အခြေအနေမကောင်းဘူး။ လူရုပ်မပေါက်ဘူး။ ကျင်စက်တွေနဲ့ပါ မင်းက အာသီးရောင်တယ်ဟုတ်လားဆိုပြီး ကျင်စက်တွေကို ပါးစပ်ထဲ ထိုးထည့်တယ်တဲ့။ သူ့တစ်ယောက်ထဲကို အကုန် ဝိုင်းလုပ်တာ အုပ်လိုက်ကြီး။ အရိုက်ခံရလို့ အော်တဲ့အသံတောင် မကြားရက်ဘူး ပြောတယ်"ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ကို သတိုးကို ဦးစီးရုံးတွင် နှိပ်စက်ပြီးသည့်နောက်တွင်လည်း ပြစ်ဒဏ်တိုက်ထဲထည့်ရန် ကိုဗစ်စစ်ဆေးပြီးနောက် နောက်တစ်ကြိမ်ထပ်မံ ထိုးကြိတ်ကြကြောင်း၊ ပါးစပ်ထဲသို့ ကျင်စက်ကို ထည့်၍ "မင်းလား အာသီးယောင်တာ" ဟု မေးမြန်းကြကြောင်း၊ တိုက်ပိတ်ရန် ခေါ်ယူလာပြီးနောက် အဝင်ပေါက်ဝသို့ ရောက်သောအခါ ထောင်ဝန်ထမ်းများ ပိုမိုများပြားသွားပြီး တစ်ဦးတည်းကို အုပ်စုလိုက် ဝိုင်းဝန်းထိုးကြိတ်ကြရာမှ နိုင်ကျဥ်းဖြစ်သူ ကိုသတိုးလည်း သတိလစ်မေ့မြောသွား၍ ကတ်နှင့်သယ်ကာ ထောင်ဆေးရုံသို့ ပို့ဆောင်လိုက်ရေကြာင်း ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။
အနှိပ်စက်ခံရသည့် ဒဏ်ကြောင့် ကိုသတိုးသည် လက်ကျိုးသွားပြီး ဦးခေါင်းတွင်လည်း သွေးခဲသွားကာ အင်းစိန်ထောင်တွင်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
နိုင်ငံရေး အကျဉ်းသားဖြစ်သူ သတိုး (ခေါ်) ကိုဝင်းထွဋ်ဦးမှာ အသက် ၄၀ ဝန်းကျင်ရှိပြီီ ဖြစ်ပြီး စစ်ကောင်စီ၏ ပုဒ်မ ၅ဝ၅(က)၊ ပုဒ်မ ၁၉(စ) တို့ဖြင့် ထောင် ၆နှစ် ချထားကြောင်း၊ ထို့ပြင် ပေါက်ကွဲ(၅) အမှုဖြင့်လည်း ထပ်မံမတရားစွဲဆိုခံထားရသူဖြစ်ကာ ၁၉ (စ) တို့ဖြင့် ထောင် ၆နှစ် ချခံထားရပြီး ပေါက်ကွဲ(၅) အမှုဖြင့်လည်း ထပ်မံတရားစွဲဆို ခံထားရသူဖြစ်သည်။
စစ်တပ်နဲ့ဝန်ကြီးဌာန တင်ဒါတွေရပြီး အောင်လင်းဒွေးရဲ့ သားသမီး ၃ ဦး ခရိုနီလက်သစ်တွေဖြစ်လာ
By ရန်ကုန်ခေတ်သစ်
-စစ်ကောင်စီအတွင်းရေးမှူးအောင်လင်းဒွေးရဲ့ သားသမီ ၃ ဦးနဲ့ ဆွေမျိုးတစ်သိုက်ဟာ တပ်နဲ့ဝန်ကြီး ဌာန တင်ဒါအခွင့်ထူးခံ စီးပွားရေးအခွင့်အလမ်းတွေ သိမ်းကျုံးရယူထားတာကြောင့် ခရိုနီလက်သစ်တွေ ဖြစ်လာပါတယ်။
- အောင်လင်းဒွေးရဲ့ သားသမီးတွေဖြစ်တဲ့ လှိုင်ဘွားအောင်၊ ဖြိုးအာကာအောင်နှင့် သမီး ရွှေရည်ဖူးအောင်တို့ဟာ ကုမ္ပဏီအသီးသီးတည်ထောင်ပြီး လုပ်ပိုင်ခွင့်တွေရနေကြတာပါ။
-စစ်ကောင်စီရဲ့တင်ဒါတွေရဖို့ စီးပွားရေးသမားတွေဟာ အောင်လင်းဒွေးရဲ့ မိသားစုကုမ္ပဏီတွေဆီကပ်ကြရသလို ပွဲစားတွေကနေတဆင့် အောင်လင်းဒွေးဆီကိုလည်း လာဘ်ထိုးရတာပါ။
- ငွေကျပ်သန်း ၅၀၀ အထက် တန်ဖိုးရှိ ဝန်ကြီးဌာနတင်ဒါများကို ပုဂ္ဂလိက ကုမ္ပဏီများ မရရှိကြဘဲ မင်းအောင်လှိုင်နဲ့ အောင်လင်းဒွေးတို့ရဲ့ သားသမီးပိုင်ကုမ္ပဏီတွေသာရကြပါတယ်။
-အောင်လင်းဒွေးသား ဖြိုးအာကာအောင်ရဲ့ အောင်မြင့်မိုရ်လင်းကုမ္ပဏီဟာ ကျောက်မီးသွေး တူးဖော်ခွင့်ရရှိ ထားပါတယ်။
-လမ်းဖောက်လုပ်ရေးနဲ့ တံတားတည်ဆောက်ရေး ဝန်ကြီးဌာန တင်ဒါတွေကိုလည်း အောင်လင်းဒွေးသားသမီး ၃ ဦးက ရရှိနေကြပါတယ်။
- အောင်မြင့်မိုရ်လင်း ကုမ္ပဏီကပဲ လာမယ့် ပညာသင်နှစ်အတွက် ကျောင်းတွေမှာ ဘောပင်နဲ့ခဲတံ တင်သွင်းခွင့် တင်ဒါကို ဈေးကွက်ပေါက်ဈေးထက်ပိုတင်ထားတဲ့ နှုန်းနဲ့ ရရှိထားတာပါ။
-ဒါဟာ စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား လက်ဝါးရိုက်လုပ်စား နေကြတာဖြစ်ပါတယ်။
-အာဏာမသိမ်းခင်က မန္တလေးဆေးရုံအုပ်အဖြစ်သာရှိနေတဲ့ အောင်လင်းဒွေးညီမ စုစုဒွေးဟာ ရာထူးခုန်တက်ပြီး ညွှန်ကြားရေးမှူးချုပ်ဖြစ်လာပါတယ်။
-စစ်အုပ်စုခေါင်းဆောင်ပိုင်းဟာ နိုင်ငံ့ဘဏ္ဍာနဲ့သံယံဇာတတွေကို သားစဉ်မြေးဆက် သုံးမကုန်အောင် စိတ်ကြိုက်ချယ်လှယ်ဖို့ တိုင်းပြည်အာဏာလုယူလိုက်တာပဲဖြစ်ပါတယ်။
https://youtu.be/tDhxghKHhis
ဝက်လက်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ်၏ သေဒဏ်ချမှတ်ခြင်း အပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ဝက်လက်မြို့တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဝက်လက်ဒေသ) မှ လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးတို့အား အကြမ်းဖက် စစ်တပ်က သေဒဏ်ချမှတ်ခဲ့ခြင်းအပေါ် ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
ဒီပဲယင်းမြို့နယ် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ဒီပဲယင်းမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ် ၊မြို့ပေါ်ရွာ နှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင်ကွေ့ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မြို့ပေါ်ရွာနှင့် ထီးချိုင့်မြို့နယ်၊ ပေါက်ပင် ကွေ့ ကျေးရွာကို စစ်ကောင်စီတပ်များက ယနေ့နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်၊မြို့ပေါ်ရွာကို စစ်တပ်က မီးတင်ရှို့နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်း မဲ့ မီးရှို့ခြင်းဖြစ်ကြောင်း၊ ထိုစစ်ကြောင်းသည် ဒီဇင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက အလုံမြို့ နမခစစ်တပ်အတွင်းမှ ထွက်လာသည့် စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။
" စစ်ခွေးတွေက အိမ်တွေကို မီးတင်ရှို့နေတာ။ ဘာလို့ရှို့တာလဲဆိုတော့ မနေ့ က PDF က စစ်တပ်လာတဲ့လမ်းမှာ မိုင်း၂လုံးခွဲတိုက်တာ စစ်ခွေးတွေ ၅ ကောင် လောက်သေတယ်။ ၁၅ ဦး လောက်ဒဏ်ရာပြင်းထန်ရသွားတယ်။ အဲဒီလိုသူတို့ အထိနာလို့ လမ်းမှာရှိတဲ့ ရွာတွေကိုမီးရှို့ နေတာ။ အိမ်ဘယ်နှစ်လုံး မီးလောင် တယ် ဆိုတာကတော့ မသိရသေးဘူး။ အဝေးကနေပဲ ရွာထဲကထွက် နေတဲ့ မီးခိုးကြည့်နေရတဲ့ဘဝ"ဟု ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်း၏ ထိုးစစ်ကြောင့် ပြည်သူများမှာမူ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ဖမ်းဆီးခံရသူများရှိနိုင်ကြောင်း သိရှိရသည်။
အလားတူ ယနေ့ နံနက်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ပင် ကွေ့(ရှေ့) ရွာ၊ ရွာနောက်ဖျားတို့ကို စစ်တပ်က မီးတင်ရှို့နေကြောင်း သိရှိ ရသည်။
ပေါက်ပင်ကွေ့(ရှေ့)ရွာကို မီးရှို့ပြီးနောက် စစ်ကြောင်းသည် ထီးချိုင့်မြို့နယ်၊ ဘိုထုံးကွင်းဖြတ်ကာ ပိန္နဲကုန်း၊ရေဝ၊သောင်ကြီး၊ဆင်ကျွန်းဘက်ဖြတ်သန်း နေကြောင်း၊ ထိုမှတဆင့် မယ်ဇလီ၊ညောင်ပင်သာဘက် ထွက်လာနိုင်ခြေ ရှိနေကြောင်း၊ တည်တောနှင့် သခွတ်ချောင်မှ စစ်ကြောင်းကလည်း ကြက်သွန်ခင်း အနောက် နတ်ကြီးအိုက်၊ထိန်ချောင်းတံတား ဘက်ရောက် ရှိနေပြီး မိချောင်းအိုက်ဘက်နှင့် ဆင်ကျွန်းဘက် ထွက်နိုင်ခြေ ရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ်နှင့်ဒေသခံများက ပြောဆိုကြသည်။
မန္တလေးမြို့တွင် ဆိတ်သုဉ်းသွားသော လူ့အခွင့်ရေးများအတွက် ဖက်ဆစ်အကြမ်းဖက်စစ်တပ်ကျဆုံးရေးလှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မန္တလေးမြို့လူငယ်များမှ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သောလူ့အခွင့်ရေးနေ့တွင်ဆိတ်သုဉ်းသွားသော လူ့အခွင့်ရေးများအတွက် ဖက်ဆစ်အကြမ်းဖက်စစ်တပ် ကျဆုံးရေးလှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြသည်။
မြောင်နှင့် မုံရွာတွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရ၊ စစ်သား (၅)ဦး သေဆုံး၊ (၁၅) ဦး ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိသော်လည်းအတိ အကျ မသိရှိခဲ့ရကြောင်း Myaung Union Army (ပြည်သူ့တပ်မတော် -မြောင်) က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။
ကျောက်ရစ်အထိုင်ချစခန်းမှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထွက်ခွာပြီး ကျောက်ရစ်ကျေးရွာရှိ နေအိမ် ၁၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား လမ်းခု လပ်တစ်နေရာမှ စစ်ကိုင်းခရိုင်တပ်ရင်း၁ မြောင်တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း၂ မြောင်တပ်ခွဲ ၃၊ 11 BRF၊ CDSOM တို့ အပါအဝင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းကာ လိုက်လံ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
“ရွှေဘုံသားကျေးရွာကနေ ထွက်လာတဲ့စစ်ကြောင်းကို နောက်ကနေလိုက်ပြီး ပစ်ခတ်တယ်၊ မိုင်းဆွဲ တယ်၊ အသင့်နေရာယူပြီး တိုက်ခိုက်ခဲ့မဟာမိတ်တွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်တာပေါ့၊ ထိသေဆုံးတာရှိပေမယ့် အတိအကျမသိရဘူး၊ စခတွေက ကျောက်ရစ်ကိုပြန်သွားတယ်၊ အဲဒီကနေ မြောင်အထိုင်တပ်ကို ပြန်သွားတာ” Myaung Union Army (ပြည်သူ့တပ်မတော် -မြောင်)မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ဌာနသို့ ပြောသည်။
မြောင်မြို့ရှိအထိုင်တပ်စခန်းသို့ရောက်ရှိနေသော အကြမ်းဖက်စစ်သားများသည် အင်အားထပ်တိုး ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြန်ထွက်ခွာလာသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှလည်း အပြင်းအထန်ခုခံတိုက်ခိုက်နေကြောင်း သည်။
“အဲဒီစစ်ခွေးတွေက အခုမြောင်ကနေ ပြန်ထွက်လာနေပြီ။ ပြန်ထွက်လာနေပြီတော့ ပူးပေါင်းမဟာမိတ် တွေရဲ့ မိုင်းဆွဲသံတွေလည်း ကြားနေရပြီဗျ” ဟု Myaung Union Army (ပြည်သူ့တပ်မတော် -မြောင်)မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
အလားတူ မြောင်မြို့နယ်၊ တမဆေးကန်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကိုလည်း ဒီဇင်ဘာလ ၈ ရက်နေ့က ၄၀ မမ (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ သေးကြောင်း သိရသည်။
နမခမှ ဘုတလင်မြို့နယ်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများမိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်သား (၅) ဦးသေဆုံး (၁၅) ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်သို့ ထွက် ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား (၅)ဦးသေဆုံးပြီး (၁၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Brothers ထံမှ သိရသည်။
မနေ့က ဒီဇင်ဘာလ ၉ ရက် နံနက် ၈ နာရီခွဲခန့်က အင်အား ၆၅ ယောက်ဖြင့် ဘုတလင်မြို့သို့ ထွက်ခွာ လာရာ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့ကားလမ်းမတစ်နေရာ၌ Chindwin Broters ၊ Anonymous Heros ၊ ချိုမိုင်မိုင် ၊ Bo Tite Maung ၊ တပင်ရွှေထီး(ဆံရှည်) ပူးပေါင်းတပ်ဖွဲ့မှ ပဒေသမိုင်း(၁၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ပဲစင်းငုံ၊ ပြောင်းခင်းတွေကြားထဲကနေ ပုန်းပြီးမိုင်းဆွဲခဲ့ရတာ၊ စခတွေ မိုင်းပေါ်ရောက်ပြီဆိုတာတောင် အနီးအနားပြည်သူက သတင်းပေးလို့ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာ၊ စစ်သား (၅) ဦးသေတယ်၊ (၁၅) ဦး လောက်ဒဏ်ရာရတယ်ဆိုတာလဲ ပြည်သူတွေပဲ သတင်းပေးတာ” ဟု Chindwin Broters PDF တပ်ဖွဲ့မှ ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်ပြီးနောက် နမခမှ ရဟတ်ယာဉ် တစ်စီးဖြင့် ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများရှိရာနေရာသို့ အထုပ် ၃ ထုပ်ချပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား များကို ထမ်းစင်များဖြင့် သယ်ယူကာ အနီးအနားရှိကျေးရွာအတွင်းသို့ သယ်ဆောင်သွားပြီး ကျေးရွာအ တွင်းရှိ ကြက်၊ဝက်များကို သတ်ဖြတ်စားသောက်နေကြကြောင်း သိရသည်။
Photo- Myaung Union Army တပ်ဖွဲ့ဝင်များ
ချောက်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် စစ်အာဏာရှင်ကို ချေမှုန်းရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ချောက်မြို့နယ်တွင် လူငယ်များ စုပေါင်း၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် လူ့အခွင့်အရေးများကို ချိုးဖောက်နေသည့် ဖက်ဆစ် စစ်အာဏာရှင်ကို ချေမှုန်းရေး ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီရဲ့ ခိုင်းစေချက်အရ ပုဂ္ဂလိကဘဏ်တွေက သင်္ဘောသားလစာငွေ အမေရိကန် ဒေါ်လာကို ပြင်ပပေါက်စျေးထက် တစ်ဒေါ်လာကို ငွေကျပ် ၄၀ ကျပ်ကနေ ၅၀ ကျပ်အထိ ပိုပေးပြီး အလုအယက်ဝယ်နေတယ်လို့ သိရပါတယ်။
- လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး(စရဖ)၊ တပ်မ ၃၃ နဲ့ တပ်မ ၉၉ တို့ကို ဗြိတိန်နိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေး ယူလိုက်တယ်လို့ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
- ဗြိတိသျှ ပါလီမန်နဲ့ လန်ဒန်မြို့ရဲ့နာမည်ကျော် Marble Archမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီရဲ့ပုံရိပ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့ မှာ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ပြသချိတ်ဆွဲထားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/9U3CLtBpgXU
သို့သော် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် ရက် စက်ကြမ်းကြုတ်မှုများကို အဆုံးသတ်ရန် ယခုထက် ပိုမိုပြတ်သားပြီး လက် တွေ့ကျသည့် လုပ်ဆောင်မှုများ အရေးပေါ် လိုအပ်နေလျက်ရှိကြောင်း၊ ပဋိပက္ခနှင့်ဆက်စပ်သည့် လိင်စိတ်ခံယူမှု ကွဲပြားမှုအပေါ် အခြေခံသော အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းမည်ဟူသည့် ယူကေအစိုးရ၏ ကတိ သည်လည်း မြန်မာနိုင်ငံ၏ အကျပ်အတည်းအတွင်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ဦးစားပေးရမည် ဖြစ်ကြောင်း ထုတ်ဖော်ရေးသား ထားသည်။
စစ်အုပ်စုထံ လေယာဥ်ဆီတင်ပို့ရောင်းချရာတွင် ပါဝင်သည့် မြန်မာ ကုမ္ပဏီ များနှင့် နိုင်ငံပိုင်လုပ်ငန်းများအပေါ် ချက်ချင်းဒဏ်ခတ် အရေးယူပိတ် ဆို့ပေး ပါရန် အလေးအနက် ပန်ကြားကြောင်း အိတ်ဖွင့်ပေးစာတွင် တောင်းဆို ထား သည်။
ယူကေအစိုးရအနေနှင့် ပိတ်ဆို့အရေးယူရာတွင် မြန်မာနိုင်ငံသို့ လေယာဥ်ဆီ တင်ပို့ ရာ၌ အသုံးပြုနေသည့် သင်္ဘောများနှင့် အခြေခံအဆောက်အဦ များ အတွက် အာမခံပေးသည့် ကုမ္ပဏီများ၊ အသိအမှတ်ပြုခြင်းနှင့် စိစစ်အတည် ပြုခြင်း စသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့လည်း အကျုံးဝင် ရမည် ဖြစ်ကြောင်း၊ မြန်မာစစ်အုပ်စုသည် တင်ပို့ရောင်းချသူများထံမှ စီးပွားရေး သုံးအဆင့် လေယာဥ်ဆီများကို ယခင်က သိမ်းဆည်းခဲ့ဖူးသည့်အတွက် မြန်မာနိုင်ငံသို့ လေယာဥ်ဆီတင်ပို့ရောင်းချမှုကို အလုံးစုံတားမြစ်ရန် မဖြစ် မနေအရေးကြီးကြောင်းလည်း ဖော်ပြထားသည်။
လေယာဥ်ဆီ တင်ပို့ရောင်းချမှုကို အလုံးစုံတားမြစ်လိုက်ပါက စီးပွားဖြစ် ပျံသန်းနေသည့် ပြည်တွင်းလေကြောင်းခရီးများအပေါ် သက်ရောက်မှု ရှိမည်ကို သဘောပေါက် နားလည်သော်လည်း စစ်ကောင်စီ၏ ရက်စက် ကြမ်း ကြုတ် သည့် လေကြောင်းတိုက်ခိုက်မှုများ လျှော့ချနိုင်မှုကြောင့် ရရှိလာမည့် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးအမြတ်သည် လေယာဥ်ဆီ တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်းကြောင့် ဖြစ်လာမည့် မည်သည့် အဆင်မပြေမှု များထက်မဆို ပို၍သာလွန်ကောင်းမွန်မည်ဟု ယုံကြည်ကြောင်းလည်း အိတ်ဖွင့် ပေးစာတွင် ရေးသားထားသည်။
ထို့ပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအပေါ် အလုံးစုံသော ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု တားမြစ်ပိတ်ပင်သည့် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြဌာန်းနိုင်ရေး လုပ်ဆာင်ရန် ယူကေအစိုးရကို ယုံကြည်စွာအပ်နှင်းကြောင်း၊ ယင်းဆုံးဖြတ်ချက်တွင် လက်နက်၊ ခဲယမ်းနှင့် ကိရိယာများအပြင် စစ်ဘက်သင်တန်းနှင့် အကူအညီများ အားလုံးအပေါ် အကျုံးဝင်သည့် တားမြစ်ပိတ်ပင်ရမည်ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့ များ က တောင်းဆိုသည်။
ယူကေအစိုးရအနေဖြင့် တရားမဝင် စစ်အုပ်စုမှ နေ့စဥ်နှင့်အမျှ ကျူးလွန်နေ သည့် ရက်စက်ကြမ်းကြုတ်မှုများ ရပ်တန့်နိုင်ရန်နှင့် မြန်မာပြည်သူများ၏ ဘဝများကို ကာကွယ်ပေးရန်အတွက် ရနိုင်သမျှသော လက်နက် ကိရိယာ အားလုံးကို အဆုံးစွန်ထိ အသုံးပြုလုပ်ဆောင်ရမည် ဖြစ်ကြောင်း ယူကေ နိုင်ငံခြား ရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာတွင် မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံ တကာ အဖွဲ့အစည်း စုစုပေါင်း ၅၁၆ ဖွဲ့က လက်မှတ်ရေးထိုးတောင်းဆိုခြင်း ဖြစ်သည်။
နမ့်ဆန်နှင့် ဖားကန့်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ ပေါင်နှင့် ဒေးဒရဲတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ် နမ့်ဆန်နှင့် ကချင်ပြည်နယ် ဖားကန့်တို့တွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်သား ၅ ဦးသေဆုံး၊ မွန်ပြည်နယ် ပေါင်နှင့် ဧရာဝတီတိုင်း ဒေးဒရဲတို့တွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၂ ဦးသေဆုံးကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
နမ့်ဆန်တွင် ၄ ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
=========================================
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့တွင် TNLA နှင့် အကြမ်းဖက် စစ်တပ်တို့ ၄ ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး နမ့်ဆန်မြို့ပေါ်ထိ တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် မြို့ထဲထိ ပစ်ခတ်နေကြောင်း၊ အကြမ်းဖက် စစ်တပ်၏ တိုက်ခိုက်ရေး ရဟတ်ယာဥ်များလည်း ပစ်ခတ်ခံထားရကြောင်း၊ နှစ်ဘက် အထိအခိုက်အကျအဆုံး များရှိသော်လည်း အတည်မပြုနိုသေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ပြောဆိုချက်အရ သိရသည်။
ဖားကန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး
========================================
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တောမှော်ကျေးရွာ အပြင်ဘက်သို့ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်မ ၃၃ မှ စစ်သားများကို KIA တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပြီး စစ်သား (၅)ဦးသေဆုံးကာ ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက် နံနက် ၈ နာရီခန့်က အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုး လှုပ်ရှားလာသော စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်မြောက်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊အမှတ် ၆ တပ်ရင်းတပ်ဖွဲ့များမှစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပေါင်တွင် ရဲနှင့် ယာဥ်ထိန်း တို့ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး
============================================
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ နယ်ရဲတစ်ဦးနှင့် ရဲတပ်သားတစ်ဦးတို့ကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းက ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာမှ ဇင်းကျိုက်နယ်မြေရဲစခန်းသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် အမည်မသိ သေနတ်သမားက ပစ်ခတ်ခဲ့ရာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရ သည်။
ဒေးဒရဲမြို့နယ် လျှပ်စစ်ရုံးကို ဖောက်ခွဲ တိုက် ခိုက်
==========================================
ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့ရှိ လျှပ်စစ်ရုံးကို ယနေ့ ဒီဇင်ဘာလ ၁၀ ရက် နံနက် ၄ နာရီခန့်က အဝေးထိန်း ဗုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေးဒရဲမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။
အဆိုပါလျှပ်စစ်ရုံးသည် ပြည်သူများအား မီတာခများ အတင်းအကြပ်ကောက်ခံခြင်း၊ မီတာခ မဆောင် ရင် မီတာပုံးဖြုတ်မည်ဟု ခြိမ်းခြောက် အကြပ်ကိုင်ခြင်းတို့ကြောင့် ဧရာဝတီ စစ်ဒေသခွဲ ကွက်ကဲရေး အဖွဲ့၏ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ပြည်သူတွေမှာက မီးမလာလို့ စားဝတ်နေရေး အဆင်မပြေဖြစ်နေရတဲ့ အထဲ မီတာခတွေကလည်း အဆတန် ကျတယ်၊ အဲလိုအဆမတန်ကျတဲ့ မီတာခကို အတင်းအကြပ်လိုက်ကောက်နေတာ၊ မီးတာခ ဖြုတ်ရင် ရဲနှစ်ယောက်အစောင့်နဲ့ လိုက်ဖြုတ်တာ၊ ပြည်သူတွေမှာ အတော်လေးကို ဒုက္ခရောက်နေရ တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
"တော်လှန်ရေးက စျေးကြီးတယ်" စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် "တော်လှန်ရေးက စျေးကြီးတယ်" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Photos - AungKhantZaw
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို "အဘက်ဘက်က ပို၍အားသာလာတဲ့ပြည်သူတွေရဲ့ခုခံတွန်းလှန်စစ်ကြီးအောင်မြင်ဖို့
ပို၍ပို၍အရှိန်မြှင့်တင်တွန်းလှန်ကြပါစို့" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ခွန် သပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မန္တလေး ပြည်ကြီးတံခွန်မြို့နယ် သပိတ်အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေးအဖြစ် ရက်ပေါင်း (၆၀၀) နေ့အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီပဲယင်းရှိ ကျေးရွာ ၈ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့၊ ပိဋကပ်ကျရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၈ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့နေကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် အတွင်းရှိ ဝဲကြီး၊ ညောင်လှ၊ သရက်တော၊ ချောင်းပေါက်၊ မူးခံတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်းနှင့် မဲအိုး စသည့် ကျေးရွာများကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
" မနေ့က စစ်ခွေးတွေ ညအိပ် တပ်စွဲခဲ့တဲ့ ရွာတွေကို နံနက်ရောက်တော့ မီးထပ်ရှို့ပြီး သူတို့ စစ်ကြောင်းထိုးတဲ့ လမ်းကြောင်းပေါ်မှာရှိတဲ့ ရွာတွေကို တောက်လျှောက်ကို မီးတင်ရှို့နေတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး" ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရေဦးမြို့နယ် ပိဋကပ်ကျရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
" ဒီနေ့ မွန်းလွဲ ၃ နာရီမှာ ရေဦးမြို့နယ် ပိဋကပ်ကျ ရွာထဲကို အကြမ်းဖက် စစ်ခွေးတွေ ဝင်ရောက် နေပြီး မီးစရှို့နေပြီလို့ သိရတယ်" ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
Photo - အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ညောင်ကြီးကုန်းကျေးရွာကို အဝေးမှ တွေ့မြင်ရစဥ်
ပေါင်းတည်မြို့နယ်တွင် အကြမ်းဖက်စစ်သား တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ ကြာနီကန်ကျေးရွာအပ်စုတွင် ဒီဇင်ဘာလ ၉ ရက်နေ့က အကြမ်းဖက်စစ် သားတစ်ဦးကို လက်နက်ခဲယမ်းနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။
ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁၊ တပ်ခွဲ၂ တိုက်ဂါးစစ်ကြောင်းက ကင်းပုန်းဝပ်နေသော နေရာသို့ တစ်ဦး တည်း အရပ်ဝတ်ဖြင့် နယ်မြေကျွံဝင်လာသော အကြမ်းဖက်စစ်သား ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကြာနီကန်စခန်းမှာ ရှိတဲ့ စစ်သားတွေက အဲဒီနေရာအနီးတစ်ဝိုက်ကို နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စု အဲလိုလျှောက်သွားနေရင်း တစ်ယောက်တည်း ကျွံဝင်လာတဲ့အချိန်မှာ ဖမ်းမိခဲ့တာ၊ ပစ်တာ ခတ် တာတွေမဖြစ်ခဲ့ဘူး၊ ဘယ်တပ်ကလဲဆိုတာလဲ မသိရသေးဘူး။ စစ်ဆေးနေတုန်းပဲ” ဟု Bago Region PDF တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောသည်။
ဖမ်းဆီးရရှိသော အကြမ်းဖက်စစ်သားထံမှ MA2 (၁)လက်၊ ကျည်ဘောက်(၄)ခုနှင့် 5.56ကျည် အတောင့် (၂၀၀) တို့ကို သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံစိတ်ချသောနေရာသို့ ခေါ်ဆောင်ထားကာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်း ထားကြောင်း သိရသည်။
"ယုံကြည်ချက်ကို သေဒဏ်ပေး၍မရ" စာတန်း ကိုင်ဆောင်ကာ မုံရွာ-အမြင့်လမ်း ပြည်သူများ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မုံရွာ-အမြင့်လမ်း သပိတ် စစ်ကြောင်းမှ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့လူ့အခွင့်အရေးနေ့အဖြစ် အကြမ်းဖက် စစ်ကောင်စီမှ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်ခဲ့ခြင်းအား ဆန့်ကျင်ကြောင်း "ယုံကြည်ချက်ကို သေဒဏ်ပေး၍မရ" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ကောင်စီ သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေးအကျဉ်းသား ၁၃၈ ဦးရှိပြီး အကျဉ်းထောင်အတွင်း နှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးကျဆုံးခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အကြမ်းဖက် စစ်ကောင်စီက နိုင်ငံရေး အကျဥ်းသား ၁၃၈ ဦးကို သေဒဏ်ချမှတ်ခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများ ထုတ်ပြန်ချက်အရ သိရသည်။
အကြမ်းဖက် စစ်တပ် သေဒဏ်ချမှတ်ခဲ့သော နိုင်ငံရေး အကျဉ်းသား ၁၃၈ ဦးထဲမှ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ၄ ဦးကို ကြိုးပေးသတ်ဖြတ်ခဲ့ပြီး အကျဉ်းထောင်အတွင်း လုံလောက်သော ဆေးကုသမှုမရခြင်းနှင့် ညှင်းပမ်းနှိပ်စက်မှုကြောင့် နိုင်ငံရေး အကျဉ်းသား ၁၈ ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၉ ဦးအား ပြင်းထန်စွာ ညှင်းပမ်းနှိပ်စက်ပြီး တိုက်ပိတ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၂၅၀ ကျော်ကို အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ရိုက်နှက် တိုက်ပိတ်၍ လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသားများ အနေဖြင့် လူ့အခွင့်ရေးနှင့် ဆိုးဝါးသော ညှင်းပမ်းနှိပ်စက် သတ်ဖြတ်မှုများကြားမှ ပြည်သူလူထုနှင့်အတူ ကြံ့ကြံ့ခံရပ်တည်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ညီအကိုမောင်နှမများနှင့် တိုင်းရင်းသား လူမျိုးစု အသီးသီးပေါ်တွင် နှစ်ပေါင်း ၇၀ ကျော်ကြာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်နေသော အကြမ်းဖက် စစ်အာဏာရှင်သည် တကျော့ပြန် အာဏာသိမ်းမှုနောက်ပိုင်း မြသွဲ့သွဲ့ခိုင် ပစ်သတ်ခံရမှုမှသည် တိုင်း၊ ပြည်နယ် အသီးသီးသို့ ဗုံးကြဲတိုက်ခိုက်သည်အထိ တိုင်းပြည်အနှံ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့မှုများ၊ ဓာတုဗုံးအပါအဝင်ပြည်သူအများအပြား သေကြေစေနိုင်သော လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုများစသော လူ့အခွင့်ရေးချိုးဖောက်မှုများ စစ်ရာဇဝတ်မှုများ ကျူးလွန်ခြင်းဖြင့် ဖိနှိပ်နေသည်ကို ယနေ့ ပြည်သူလူထုတရပ်လုံး ခံစားနေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာပြည်သူလူထု တရပ်လုံးသည် အသက်ရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ တရားမျှတခြင်းနှင့် အခြားလူ့အခွင့်အရေးဆိုင်ရာဥပဒေများ ရပိုင်ခွင့်ရှိသည်နှင့်အညီ ပြည်သူလူထုတရပ်လုံးက လိုလားတောင့်တလျက်ရှိသော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးနှင့်စစ်အာဏာရှင်စနစ် ပျက်သုဉ်းရေးတို့အား မြန်မာပြည်သူများအနေဖြင့် လူ့အခွင့်ရေးအား ပြည့်ဝစွာ လက်ခံရရှိရန်အတွက် ဝိုင်းဝန်းကူညီ လက်တွဲတိုက်ပွဲဝင်ကြရန် နှိုးဆော်ထားသည်။
မြန်မာနိုင်ငံတွင်ရှိသော လူတဦးချင်းစီ၏ မွေးရာပါ လူ့အခွင့်အရေးနှင့် အသက်ရှင်သန်ခြင်းဆိုင်ရာ လူ့အခွင့်အရေးများ ဆိုးရွားစွာ ပျက်သုဉ်းလျက်ရှိသည်။ ကမ္ဘာကြီး၏ တနေရာမှ မတရားမှုများကို ကျူးလွန်လျက် ကမ္ဘာကြီး၏တခြားတနေရာသို့ လွယ်ကူစွာ ပျံ့နှံ့နိုင်သည်ကို ဂရုပြုပြီး မြန်မာအကြမ်းဖက်စစ်တပ်၏ မြန်မာပြည်သူလူထုအပေါ် ဖမ်းဆီးညှဉ်းပန်း နှိပ်စက်သတ်ဖြတ်မှု၊ အစုအလိုက်အပြုံလိုက်သက်ဖြတ်မှုနှင့်၊ အခြားသော ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းအား မြန်ဆန်စွာ အရေးယူပေးပါရန် ဆက်လက်ဖော်ပြထားသည်။
ရန်ကုန်တွင် အကြမ်းဖက် စစ်တပ်က ကျောင်းသား၊ ပြည်သူများအပေါ် သေဒဏ်ချမှတ်ခြင်းအား ဆန့်ကျင်ကြောင်း ကမ်ပိန်း လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ရန်ကုန်မြို့တွင် FOF အဖွဲ့မှ ဦးဆောင်ကာ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးနှင့် အပြစ်မဲ့ ကျောင်းသား ပြည်သူများကို အကြမ်းဖက် စစ်တပ်က မတရားသဖြင့် သေဒဏ်ပေးမှုနှင့်ပက်သက်၍ ဆန့်ကျင်ကြောင်း စတေကာ ကမ်ပိန်းများကိုပြုလုပ်ခဲ့သည်ဟု သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုး-ကွမ်းလုံလမ်းမှာ ဒီဇင်ဘာလ ၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ တပ် နဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ၊ စစ်ကောင်စီဘက်က ၃ ဦးသေသွားတယ်လို့ ကိုးကန့် သတင်းရင်းမြစ် The Kokang က သတင်းထုတ်ပြန် ထားပါတယ်။
- ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်း- မြို့အခြေစိုက်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက် အောက်ခံ ၊ ခမရ( ၄၃၉) ခြေမြန်တပ်ရင်း - လုံခြုံရေးဂိတ်ကို ဒီဇင်ဘာလ ၈ ရက်နေ့က ပြည်သူ့ ကာကွယ်ရေးတပ် PDF တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၂ ဦးသေပြီး ၊ ၁ ဦး ပြင်းထန် ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။
-တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့မှာရှိတဲ့ ရတနာပုံ(မိုင်း)ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ရွာလုံးကျွတ် ခြိမ်းခြောက် ရွှေ့ပြောင်းခိုင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/1qUDiPRStIg
ကယားတွင် လူ့အခွင့်အရေးနေ့ ကျေးလက်မြေအဖွဲ့မှ ဦးဆောင်ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ကယားပြည် ဒီမောဆိုမြို့နယ်တွင် လူ့အခွင့်အရေးနေ့အခန်းအနားတစ်ရပ်ကို တိုက်ပွဲသံတွေကြားထဲမှ လူဦးရေ ၃၀၀ ဝန်းကျင်နှင့်အတူ ကျေးလက်မြေအဖွဲ့ကနေ ပြုလုပ်သည်။
ဘာသာရေးခေါင်းဆောင်များ၊ရပ်မိ ရပ်ဖများ၊ကျေးရွာသူကျေးရွာသားများနှင်အတူ ဆရာ/ဆရာမ ကျောင်းသူ ကျောင်းသားများပါတက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာမမူစဲက ပြောကြားပေးခဲ့ပြီး အမျိူးသမီးအဖွဲ့များမှ လူ့အခွင့်အရေးပြဇာတ်များ၊ မော်ဒယ်လ်ရှိုး၊ လူ့အခွင့်အရေးကဗျာပြိုင်ပွဲ၊ မေတ္တာစက်ဝိုင်းသီချင်းအပါအဝင် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြကြောင်း၊ ဘာသာရေးဆရာ ဆရာမများက ဝတ်ပြုဆုတောင်းချင်းများပြုလုပ်ပေးခဲ့ပြီး ကလေးငယ်များအတွက် လူ့အခွင့်အရေးနှင့် ပတ်သက်လို့ဉာဏ်စမ်းပဟေဠိ မေးခွန်းများမေးကာ လက်ဆောင်များပေးခြင်း ၊ အစားအစာအာဟာရဒါနအဖြစ် ပဲနို့နှင့် မုန့်မျိုးစုံကိုလည်း တိုက်ကျွေးခဲ့ကြောင်း သိရှိရသည်။
ဖားကန့် မှော်လှည့် သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ဖားကန့်မြို့နယ် မှော်လှည့် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၁၀ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
ကနီမြို့နယ်တွင် ကလေးများသံချဆေးတိုက်ကျွေးခြင်း (၁၂)ရက်တာ လှုပ်ရှားမှုပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦးတော်လှန်ရေး သပိတ်အင်အားစု (ကနီမြို့နယ်) နှင့် ဒေသခံပြည်သူများမှဦးဆောင်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးများသံချဆေးတိုက်ကျွေးခြင်း (၁၂)ရက်တာ လှုပ်ရှားမှု့
ပြုလုပ်ခဲ့ပြီး ကလေးသူငယ် ငါးထောင်ကျော် ဆေးတိုက်ကျွေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အသက် ၂ နှစ်မှ ၁၂ အထိ ကလေးများကို သံချဆေးတိုက်ကျွေးခြင်းလှုပ်ရှားမှု့ကို နိုဝင်ဘာလ ၂၉ မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ၁၂ ရက်တာ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ကျေးရွာ၅၀ ရွာမှ ကလေးပေါင်း ၅၅၁၂ ဦးကို သံချဆေးတိုက်ကျွေးနိုင်ခဲ့ပြီး ဆက်လက်၍ ကျန်ရှိနေသော စစ်ဘေးရှောင်ကျေးရွာများမှ ကလေးသူငယ်များကို သံချဆေးတိုက်ကျွေးသွားမည်ဖြစ်ကြောင်းနှင့် အလှူရှင်များအနေနှင့် ဆေးဝါးပစ္စည်းများဝယ်ယူနိုင်ရန် ပါဝင်အားဖြည့် ကူညီပေးကြရန် လိုအပ်နေကြောင်းသိရှိရသည်။