နမ့်ဆန်တွင် ၅ ရက်မြောက် TNLA နှင့် စစ်တပ်တို့ တိုက်ပွဲပြင်းထန်၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှု အပြင် ရဟတ် ယာဉ်များဖြင့် စစ်လက်နက်နှင့် စစ် အင်အားများချထား
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် စစ်တပ်က ပလောင် TNLA တပ်ကို ရုတ်တ ရက် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဒီဇင်ဘာလ ၇ ရက်နေ့မှစတင်ပြီး ယနေ့ ဒီဇင် ဘာလ ၁၁ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ်က လေကြောင်းသုံး၍ အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိတွင် တိုက်ပွဲ ဖြစ်ပွားမှု သည် ၅ ရက်တာကြာမြင့်လာပြီး တိုက်ပွဲ အခြေ အနေ အသေးစိတ်သိရှိနိုင်ရန် TNLA ပြောခွင့်ရ ပုဂ္ဂိုလ် ဒုတိယ ဗိုလ်မှူး ကြီးတာအိုက်ကျော်ကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ လက်ရှိ နမ့်ဆန်မှာ ဖြစ်နေတဲ့ တိုက်ပွဲ နောက် ဆုံး အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ တိုက်ပွဲကတော့ ဒီဇင်ဘာ ၇ ရက်နေ့ကနေပြီးတော့ ဒီနေ့အထိ ဆက်ပြီး ဖြစ်ပွားနေတယ်။ ဒီမနက် ၁၀ နာရီခွဲမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပစ်ခတ်မှုတွေဖြစ်တယ်။ နမ့်ဆန်ဘက်ရော မန်တုံဘက်ရော ရဟတ်ယာဉ်တွေနဲ့ လူတွေ ပစ္စည်းတွေ လက်ရှိ စစ်ပစ္စည်းတွေ လာချသွားတာရှိတယ်။ တိုက်ပွဲဖြစ်တာကတော့ နမ့်ဆန်မြို့နယ်ကုန်းသာကျေးရွာမှာပါ။
မေး။ ။ လက်ရှိ နှစ်ဖက် အထိအခိုက် သေဆုံးမှုအခြေအနေကရော။
ဖြေ။ ။ တိုက်ပွဲဖြစ်တဲ့နေရာမှာ နှစ်ဖက် ထိခိုက်မှုရှိနိုင်တယ်။ ဒါပေမယ့် အသေးစိတ် မသိရသေးဘူး။ တိုက်ပွဲဖြစ်တဲ့နေရာက ဌာနချုပ်မဟုတ်ပါဘူး။ ကုန်းသာကျေးရွာဖြစ်ပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က ရဟတ်ယာဉ်တွေနဲ့ လူလာချသွားတယ်။ လူတွေ လာချပြီး အဲဒီမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေရွာထဲမှာ ရှိနေတာ့ တိုက်ပွဲဖြစ်တယ်။
မေး။ ။ အခု စစ်တပ်ကို TNLA ဘက်က ပတ်ပတ်လည် ၀ိုင်းပြီး ပိတ်ဆို့ထားနိုင်တယ်ဆိုတာရော ဟုတ်ပါလား။
ဖြေ။ ။ အဲဒီလိုမျိုးပတ်ပတ်လည်တော့မဟုတ်ဘူး။ ရွာထဲမှာ TNLA တပ်သားတွေ ရှိတယ်။ သူတို့က လူတွေကို ရဟတ်ယာဉ်တွေနဲ့ ရွာထဲကို ချတယ်။ ချပြီးတာနဲ့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်နေတာ ဒီနေ့အထိပေါ့။
မေး။ ။ ငြိမ်းချမ်းရေးအလားအလာ က ဘယ်လိုရှိမလဲ။
ဖြေ။ ။ သူတို့ လူတွေ လာချလို့ တိုက်ပွဲဖြစ်နေတာလေ။ တိုက်ပွဲအလားအလာ က ဘယ်လိုရှိမလဲဆိုတာ ခန့်မှန်းရခက်ပါတယ်။
မေး။ ။ မြောက်ပိုင်းမဟာမိတ်တွေနဲ့ရော လက်ရှိ စစ်တပ်က TNLA ကို ထိုးစစ်ဆင်လာတဲ့အပေါ် ဘယ်လိုတုံ့ပြန်သွားမလဲ။ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ တိုင်ပင်ဆွေးနွေးတာရှိလား။
ဖြေ။ ။ အဲဒါတော့မရှိပါဘူး။
ဓာတ်ပုံ- TNLA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်။
လောင်းလုံး ဒေသခံ ပြည်သူများ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
လောင်းလုံးမြို့နယ် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေး အလှူငွေများ လိုက်လံကောက်ခံ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖိကဆင် ၁၂၂ လမ်း ဆွမ်းလောင်းပွဲ၌ UG Family အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေး အလှူခံ ရရှိငွေ လိုက်လံကောက်ခံလျက်ရှိပြီး ဘတ်ငွေ ၁၀၈၀၀ ဘတ် ရရှိကြောင်း သိရသည်။
ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သေဒဏ်ကျ အကျဉ်းသားများ အတွက် လူငယ်များက ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သေဒဏ်ကျ အကျဉ်းသား များ အတွက် လူငယ်များက ယနေ့ နံနက်ပိုင်း မြို့နေရာအနှံ့အပြားတွင် ဆန္ဒပြကြ သည်။
တွေ့ဆုံမေးမြန်းခဲ့သည့် EAO နှင့်PDF ကိုယ်စားလှယ်များ၏ အဆိုအရ စစ်ကောင်စီသည် ၎င်း၏တပ်ဖွဲ့ဝင် အင်အားကို ထိန်းသိမ်းနိုင်ရေး အတွက်လည်း အခက်ကြုံနေရသည်ဟု သိရှိရသည်။ ပုံမှန်အားဖြင့် တပ်သား ၁၂၀ ရှိရမည့် တပ်ခွဲတစ်ခုသည် လက်တွေ့စစ်မြေပြင်၌ အင်အား ၆၀ မှ ၈၀ ခန့်ဖြင့်သာ တိုက်ပွဲဝင်နေရသည်။
တိုက်ပွဲအတွင်း အကျအဆုံးများနှင့် ရေရှည်တွေ့ကြုံနေရသော တပ်စုများကို တပ်သားသစ်များဖြင့် အင်အားပြန်လည် ဖြည့်တင်းပေးခြင်းမရှိဘဲ လျော့နည်းအင်အားဖြင့်ပင် အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့ တာဝန်ချထားလျက် ရှိသည်။
အချို့ဖြစ်ရပ်များ၌ စစ်သားများအား ဆန်အိတ်များအစား ခေါက်ဆွဲခြောက်ထုပ်များကိုသာ ရိက္ခာအဖြစ်ပေးဝေနေကြသည်။ သို့ဖြစ်၍ စစ်ကောင်စီသည် စစ်တပ်ရိက္ခာ ထောက်ပံ့ရေးအတွက်လည်း အခက်အခဲ ဖြစ်နေရသည်ဟု EAO နှင့်PDF များက ရှုမြင်သုံးသပ်ကာ ယင်းအချက်ကြောင့်ပင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာ စိတ်ဓာတ်ပျက်ပြား လျက်ရှိကြောင်း ၎င်းတို့က ပြောဆိုသည်။
စစ်ကောင်စီ တပ်ရင်းတစ်ခုသည် EAO တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ရန်စေခိုင်းခြင်းကို ငြင်းဆန်ကြောင်း သတင်းရရှိရာ ၎င်းမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားနေခြင်း၏ နောက်ထပ်သက်သေတစ်ခုပင် ဖြစ်သည်။
EAO နှင့် PDF တို့၏ ထိုးစစ်ဆင်မှုများ
============
EAO နှင့် PDF များသည် မူလက ခုခံကာကွယ်ရေးဗျူဟာကို ကျင့်သုံးနေရာမှ ယခုအခါ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများအတွင်းသို့ ဝင်ရောက်ထိုးစစ်ဆင် လာကြသည်ဟု စာရေးသူနှင့် တွေ့ဆုံခဲ့သူများက ဆိုကြသည်။
အနောက်မြောက်ပိုင်းဒေသတွင် ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ချင်းပြည်နယ်ကာကွယ်ရေး တပ်ဖွဲ့(CDF) မှအဖွဲ့များသည် မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ ဒေသခံ PDF များနှင့်အတူ လက်တွဲတိုက်ပွဲဝင်နေကြသည်။
ဟားခါးနှင့် တွန်းဇန်မြို့နယ်များ၏ အချို့အစိတ်အပိုင်းများမှအပ ကျန် ချင်းပြည်နယ် ဒေသအားလုံးကို CNF နှင့်CDF တို့က ထိန်းချုပ်ထားသလို မကွေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ၏ ဒေသအချို့ကိုလည်း သိမ်းပိုက်ထားသည်ဟု ၎င်းတို့ကဆိုသည်။
အရှေ့မြောက်ပိုင်းဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော်သည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ဒေသခံ PDF များနှင့်ပူးပေါင်း၍ စစ်ကောင်စီတပ်များအား တိုက်ထုတ်ကာ နယ်မြေအသစ်များ ထိန်းချုပ်ရယူလာကြသည်။
အရှေ့တောင်ပိုင်းဒေသ၌ အများအားဖြင့် မိမိနယ်မြေကို ခုခံကာကွယ်နေရဆဲ ဖြစ်သော်လည်း လက်ရှိ ကရင်ပြည်နယ်နယ်နိမိတ်၏ အပြင်ဖက်ရှိ အစဉ်အလာအားဖြင့် ကရင်ဒေသဟု ယူဆထားသော နယ်မြေများကို ၎င်းတို့ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးက ဆိုသည်။
သတင်းရရှိသော ထိုကဲ့သို့ ရှေ့တိုးချီတက်မှုများအပြင် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အခြားတိုက်ပွဲများကြောင့် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေများမှာ လျော့နည်း ကျဆင်းလာလျက် ရှိသည်။
ယေဘုယျအားဖြင့် တွေ့ဆုံမေးမြန်းခဲ့သည့် EAO နှင့်PDF များ၏ ရုပ်လုံးဖော်မှုသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M) ၏ အစီရင်ခံစာပါအချက်များနှင့် ကိုက်ညီလျက်ရှိပြီး သိသာသည့် ကွဲလွဲမှုတစ်ချက်သာ တွေ့ရှိရသည်။
၎င်းမှာတော်လှန်ရေးစစ်ပွဲ၏ အရေးပါသော အဖွဲ့တစ်ခုအဖြစ် NUG ကို SAC-M အစီရင်ခံစာက ပုံဖော်ထားသော်ငြား NUG သည် တော်လှန်ရေးလှုပ်ရှားမှု၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်ဟု EAO နှင့်PDF များက ရှုမြင်ကြပုံ မရဘဲ ၎င်းတို့၏စစ်ရေးမဟာဗျူဟာ ရေးဆွဲရေးနှင့် လက်နက်အထောက်အပံ့ ရရှိရေးတို့အတွက် NUG အပေါ် မှီခို အားထားမှု တစ်စုံတစ်ရာ ရှိနေကြောင်းလည်း ပြသနေခြင်းမရှိသည့် အချက်ဖြစ်သည်။
စစ်ကောင်စီတပ်များကို အနိုင်ယူပြီးနောက် NUG နှင့် ပူးပေါင်းလုပ်ကိုင်မည်/ မလုပ်ကိုင်မည်ဆိုသည်နှင့် ပူးပေါင်းမည်ဆိုပါက မည်သို့လက်တွဲမည်ဆိုသည် တို့မှာ မသေချာ မရေရာသေးကြောင်း EAO နှင့် PDF များက ပြောဆိုသည်။
ကြားဖြတ်အစိုးရအဖွဲ့များ တည်ထောင်ခြင်း
==============
လက်ရှိပဋိပက္ခများ ဖြစ်ပွားနေဆဲအချိန်မှာပင် EAO နှင့်PDF အဖွဲ့များသည် ၎င်းတို့သက်ဆိုင်ရာ ပြည်နယ်ရှိ လွတ်မြောက်ဒေသများ၌ ကြားဖြတ်အစိုးရအဖွဲ့များ မည်သို့ဖွဲ့စည်းမည်ကို တစ်လှည့်တစ်ပြောင်း စဉ်းစားနေကြသည်။
စာရေးသူကို CNF နှင့်CDF တို့က အိုက်ဇောမြို့သို့ သီးသန့် ဖိတ်ကြားပြီး ချင်းပြည်နယ်အစိုးရတစ်ခုအား မည်သို့ဖွဲ့စည်းမည်ဟူသော ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကို ထုတ်ဖော်ပြောကြားခဲ့သည်။
ကရင်နှင့် ရှမ်းဒေသရှိ EAO များနှင့်စကားပြောခဲ့ရာတွင်လည်း ဒီမိုကရေစီနည်းလမ်းကျပြီး ရှင်သန်နိုင်သော ပြည်နယ်အစိုးရများ ဖွဲ့စည်းရေးကို အထူးအလေးပေး ဆွေးနွေးခဲ့ကြသည်။
ပြည်နယ်အစိုးရများ ဖွဲ့စည်းရေးဆွေးနွေးမှုမှာ အတော်ပင် အကျယ်တဝင့်ရှိပြီး ထူးခြားဆန်းသစ်မှုများလည်း ရှိသည်။ ၎င်းဆွေးနွေးမှုများတွင် ချင်းပြည်နယ် ကိုယ်စားလှယ်များကို ရွေးချယ်ရာ၌ လူမျိုးနွယ်စု၏ အခန်းကဏ္ဍ၊ လွှတ်တော်တစ်ခုအား ခရိုင်အခြေပြု ရွေးကောက်ပြီး၊ ကျန်တစ်ခုကို လူမျိုးနွယ်အခြေပြု ရွေးကောက်မည့် ဥပဒေပြုလွှတ်တော်နှစ်ရပ်စနစ်၏ အားသာချက်များကို ဆန်းစစ်ခြင်း၊ စသည်တို့ ပါဝင်သည်။
တောင်ကိုရီးယားနိုင်ငံတွင် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာလ ၁၁
တောင်ကိုရီးယားနိုင်ငံ၊အူဆန်မြို့နှင့် ဂွမ်ဂျူးလေး (မန်းရတနာပုံမြန်မာဆိုင်) များတွင် မြန်မာနိုင်ငံစစ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲ၊နွေဦးတော်လှန်ရေးထောက်ပို့နိုင်ရေးအတွက်ရန်ပုံငွေရရှိရေး နှိုးဆော် စည်းရုံးရေးပွဲများကို ဒယ်ဂူးဆရာတော် ဦးဆောင်၍ ကျင်းပသည်။
မလေးရှားတွင် ပြည်တွင်းမီးဘေးသင့်နှင့် စစ်ဘေးရှောင် ရန်ပုံငွေဖျော်ဖြေပွဲတော်ပြုလုပ်
ရန်ကုန်၊ဒီဇင်ဘာလ ၁၁
မလေးရှား NLD(OC)မှ ကြီးမှူး၍ ပြည်တွင်းမီးဘေးသင့်နှင့်စစ်ဘေးရှောင် ရန်ပုံငွေဖျော်ဖြေပွဲတော်ကို မလေးရှားနိုင်ငံ Selayanပြည်နယ် IDEAL Convention Centerတွင် ကျင်းပခဲ့ကြသည်။
အဆိုပါတော်လှန်ရေးရံပုံငွေပွဲကို နွေဦးသံစဥ်တေးဂီတအဖွဲ့နှင့် အဆိုတော်ထက်အောင်ရှိုင်းတို့မှ တော်လှန်ရေးသီချင်းဖျော်ဖြေမှုများ၊ရန်ပုံငွေစျေးရောင်းပွဲတို့ဖြင့် စည်းကားစွာကျင်းပပြီး တက်ရောက်လာကြသူများမှ တော်လှန်းရေးကြွေးကြော်သံများကြွေးကြော်ကြပြီး စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
အမေရိကန်၊ နယူးယောက်တွင် "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည် ကိုကယ်တင်စို့ " ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်တွင် မြန်မာနိုင်ငံသားများ စုပေါင်း၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး ဒေါ်အောင်ဆန်း စု ကြည် နှင့် မတရားဖမ်းဆီး ထားသူများကို ချက်ချင်း လွှတ်ပေးရေး၊ ဒဂုံ တက္က သိုလ် ကျောင်းသား (၇) ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ် ချမှတ်ခံ ထားရသော ကျောင်းသား ပြည်သူများ နှင့်အတူ တစ်သား တည်းရပ် တည် ကြောင်း၊ နိုင်ငံ တကာ သိစေရန် ဖေါ်ထုတ်ရေး၊အမျိုးသမီးအခွင့် အရေး မြှင့် တင်ရေး နှင့် ကလေး သူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကြရေး အတွက် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင်(မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၁ ရက်နေ့) ဆန္ဒထုတ်ဖော်ပွဲ ကျင်းပပြုလုပ်ကြသည်။
Khit Thit သတင်းဌာန ဒီဇင်ဘာ ၁၁ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွား မှာဖြစ်ပါတယ်။ဒီအစီအစဉ် မှာတစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/DZ-2mixOQ5s
မဘသနှင့်အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများဖြင့် တိုင်းပြည်ဖျက်ခဲ့သော အပြာ စာရေးဆရာ ဖိုးလောင်တီးမှ အမျိုးသားရေး အစွန်းရောက် သခင်ကြီး အမည်ခံသူ ဝင်းကိုကိုလတ်
By ဟိဏ်းဝေယံ
မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ရောင်ခြည်ဦး အနည်းငယ် ကွန့်မြူးကာစ အချိန် ၂၀၁၂ ခုနှစ်ကစတင်ပြီး နိုင်ငံတော်ကို အမျိုး၊ ဘာသာ ၊ သာသနာ အစွန်းရောက်လှုပ်ရှားမှုများဖြင့် တိုင်းပြည်ဖျက်ခဲ့သူများ စွာအနက်တွင် အမျိုးသားရေး အစွန်းရောက် ဝင်းကိုကိုလတ်လည်းပါဝင်ခဲ့သည်။
သခင်ကြီး ဘ၀ အစ ဖိုးလောင်တီးက
======================
သခင်ကြီး(ခ) စွေစောင်း(ခ) ဝင်းကိုကိုလတ် သည် အဓိကအားဖြင့် အမျိုးသားရေး အစွန်းရောက်ကို အမည်ခံ၍ စစ်တပ် ထောက်ခံခြင်း၊ ဘာသာရေး အစွန်းရောက်ပြခြင်းဖြင့် ငွေကြေးလုပ်စားသူ ဖြစ် ကြောင်း ၎င်း၏ ဘ၀ ဇတ်ကြောင်းကို သိရှိလျှင် ပို၍ သိသာနိုင်ပါသည်။
အမျိုးသားရေးဟု ဟစ်ကြွေး၍ စစ်တပ် ၊ ကြံ့ဖွတ်ခင်ရီ နှင့် အေးနေဝင်းတို့ထံမှ ရရှိလာသော ငွေကြေးများဖြင့် အချောင် နေထိုင်စားသောက်လို့ရသဖြင့် လုပ်နေခြင်းလည်းဖြစ်သည်။
ဝင်းကိုကိုလတ်၏ မူလ ပထမ အလုပ်သည် `ဖိုးလောင်တီး´ အမည်ဖြင့် အပြာစာပေများကို website ဖွင့်ပြီး ရေးသားခြင်းဖြစ်ပြီး အွန်းလိုင်းပေါ်မှတစ်ဆင့် ပြည့်တန်ဆာ ချိတ်ဆက်ပေးသည့် အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဝီရသူက မျက်စိကျပြီး ဝီရသူ၏ လမ်းညွှန်မှုဖြင့် သူ၏ ကလောင်နာမည် အပြာစာရေးဆရာ "ဖိုးလောင်တီး" ကို နာမည်ပြောင်းကာ "ဖိုးလောင်ထူး" နာမည်ဖြင့် အမျိုးသားရေး စာပေဆိုသော အစွန်းရောက်စာများကို ရေးသားသည်။ ဝီရသူ လမ်းညွှန်မှုဖြင့် အပြာစာရေးဆရာဘ၀မှ အမျိုးသားရေးအစွန်းရောက် ဘ၀ ခံယူသူလည်းဖြစ်သည်။
အမျိုးသားရေးအစွန်းရောက်ဖြစ်လာချိန်တွင် ဝင်းကိုကိုလတ်သည် တိုက်ပုံအမည်း မချွတ်တော့ဘဲ သူ့ကိုသူ ရှေ့နေအယောင်ဆောင့်ခဲ့သည်။
တစ်လင်တစ်ယား မျိုးစောင့်ဥပဒေကို ထောက်ခံသော မယား ၄ ဦးရှိသူ
========================================
ဝင်းကိုကိုလတ်သည် တစ်လင်တစ်ယား ဖြစ်စေရန် ရည်ရွယ်ပြဋ္ဌာန်းထားသော မျိုးစောင့်ဥပဒေ ကို ထောက်ခံပွဲများ ဦးဆောင်ကျင်းပခဲ့သော်လည်း ၎င်းကိုယ်တိုင်က တစ်လင်တစ်မယား စနစ်ကို မလိုက်နာဘဲ မိန်းမ ၄ ဦးယူခဲ့သည်။
စွေစောင်း(ခ) ဝင်းကိုကိုလတ်သည် အမျိုးသားရေး အစွန်းရောက်လှုပ်ရှားမှုများ အစပျိုးချိန်တွင် အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူ မွန်မင်းသမီး ဟု မိမိကိုယ်ကို သုံးနှုန်းနေသူနှင့် ပေါင်းသင်းခဲ့ကာ မအောင်မြင်ချိန်ကာ အဆိုပါ အမျိုးသမီး၏ ထောက်ပံ့ငွေများဖြင့် နေထိုင်စားသောက်ခဲ့သည်။
ထို့နောက် မွန်မင်းသမီးနှင့် ကွဲကွာခဲ့ပြီး ယခုလက်ရှိ ပေါင်းသင်းနေသော လေပြေ ခေါ် ရီရီနွယ်အပါအဝင် မယား ၄ ဦးကို ပေါင်းသင်းခဲ့သည်။ လက်ရှိ ဇနီးယား လေပြေခေါ် ရီရီနွယ် သည် ခင်ပွန်း ၄ ဦးပြောင်းခဲ့ပြီး ဝင်းကိုကိုလတ်သည် နောက်ဆုံးခင်ပွန်းဖြစ်သည်။ မြောက်ဒဂုံတွင် ပထမခင်ပွန်းအဖြစ် ရဲတစ်ဦး၊ ယင်းနောက် စစ်မှုထမ်းဟောင်း တစ်ဦးကို ဒုတိယခင်ပွန်းအဖြစ်လည်းကောင်း၊ တတိယခင်ပွန်းအဖြစ် ဒုတိယခင်ပွန်း၏ ဖခင်ကိုလည်းကောင်း လက်ထပ် ပေါင်းသင်းခဲ့သည်။
နောက်ဆုံးတွင် ဝင်းကိုကိုလတ်(ခ) စွေစောင်းကို လေပြေ ခေါ် ရီရီနွယ်က ၄ ဦးမြောက် ခင်ပွန်းအဖြစ် လက်ထပ်ခဲ့ခြင်းဖြစ်သည်။
ဝင်းကိုကိုလတ်၏ မူလအကိုင်အကိုင်သည် ပြည့်တန်ဆာများကို ချိတ်ဆက်ပေးခြင်း၊ အပြာစာအုပ်များ ရေးသားခြင်း အလှပြင်ဆိုင် ဘန်းပြပြီး 2D 3 D အလောင်းကစားများကို လုပ်ကိုင်နေသူလည်းဖြစ်သည်
စစ်တပ်က လိုသလို ပုံသွင်းခြင်း
=================
စစ်တပ်က မဘသ၊ အမျိုးသားရေးအစွန်းရောက်များ မွေးထုတ်ရာတွင် ဝင်းကိုကိုလတ်ကဲ့သို့ အပြာ စာရေးဆရာနှင့် ပြည့်တန်ဆာခေါင်းမှ စ၍ မလွတ်ဘဲ စစ်တပ်က ငွေပေး၍ လိုအပ်သလို ပုံသွင်းယူ ကြသည်။ တိုင်းပြည် မငြိမ်မသက် ဖြစ်ရေန် အမျိုးမျိုး ကြိုးစားကြသည်။
ဝင်းကိုကိုလတ်သည် အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုများကို ဦးဆောင်၍ ငွေကြေးအတွက် အဓိက လှုပ်ရှားခဲ့သည်။ ယခင် မြောက်ဒဂုံရဲစခန်းတွင် ဝင်းကိုကိုလတ်နှင့် ဇနီးကို ကျော်စာနှင့် လူမိုက်နာမည်ပျက်စာရင်း သွင်းထားခဲ့သော်လည်း အမျိုးသားရေး စလှုပ်ရှားချိန်တွင် ထိုအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းခံရသည်။
အမျိုးသားရေးအစွန်းရောက် ဝီရသူကိုယ်တိုင်က သူ့တပည့် ကိုလတ်(ဝင်းကိုကိုလတ်) တို့လင်မယားက ပြည့်တန်ဆာခေါင်းလုပ်ကြောင်း ဝန်ခံ ပြောဆိုခဲ့ပြီး အမျိုးသားရေး လှုပ်ရှားမှုများ လုပ်ချိန်တွင် ပြည့်တန်ဆာ ခေါင်း အလုပ်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်ကြောင်း လူမှုကွန်ရက် Facebook Live တစ်ခု (ယခု ၂၀၂၂ ခုနှစ်) အတွင်း ထုတ်ဖော်ပြော ဆိုသွားသည်။
အမျိုးသားရေးအစွန်းရောက် သပိတ်နှင့်ပွဲမှန်သမျှ ဝင်းကိုကိုလတ် တက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ ဝေစု ပေးကြရသည်။
၂၀၁၇ ခုနှစ် ကြေးသွန်းဘုရားရှေ့ NLD အစိုးရ ဖြုတ်ချရေး သပိတ်ပွဲလုပ်ချိန် ဝင်းကိုကိုလတ် ထောင်ကျ နေသော်လည်း သူ့အတွက် စပွန်ဆာကြေး ဝေစုကို သူ့ဇနီး လေပြေ ခေါ် ရီနွယ်အောင် ထံသို့ ပို့ပေးရသည်။
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်လျှပ်စစ်ရုံး၊ လှိုင်သာယာရဲစခန်းဝန်ထမ်းလိုင်းခန်းတို့တွင် ဗုံးပေါက်ကွဲ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်း လှိုင်မြို့နယ် EPC ရုံး၊ လှိုင်သာယာရဲစခန်းဝန်ထမ်း လိုင်းခန်း တို့တွင် ယခုည ဗုံးပေါက်ကွဲခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ များ ထံမှ သိရသည်။
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အင်စိန်လမ်းနှင့် ကန်လမ်းထောင့်ရှိ EPC ရုံး၌ တပ်စွဲ ထား သော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ယန့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ ကြောင်း ရန်ကုန် မြို့ပြ ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။
လှိုင်မြို့နယ် EPC ရုံးတွင် တပ်စွဲထားသော စစ်တပ်က ပြည်သူများကို ခြိမ်း ခြောက် ဖမ်းဆီးနှိပ်စက်နေခြင်းတို့ကြောင့် Emerald Girls Army (EGA) ၊ နိုင်ငံရေးအကျဉ်းသားများ အားလုံးကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ့( Freeland Attack Force (FLA) နှင့် Revolution of 21 Century အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ် သား များ ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘဲ တိုက်ခိုက်ရေးရဲဘော်များ ဘေးကင်း စွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီဖြစ်ကြောင်း Freeland Attack Force ထံမှ သိရသည်။
အလားတူ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရဲစခန်းဝန်ထမ်း အိမ်ထောင်သည် လိုင်းခန်း ကို ဒီဇင်ဘာလ ၁၀ ရက် ည ၈ နာရီ ၃၅ မိနစ်ခန့်က အဝေးထိန်း ဗုံးတစ် လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို War of Hunter Revolution Force (WHO) အဖွဲ့မှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပျက်စီးထိခိုက်မှုများရှိနိုင်သော်လည်း အတိ အကျမသိရသေးကြောင်း၊ WHO အဖွဲ့သားများ ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့မှ ဗိုလ်တွတ်ပီက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- ညပိုင်းကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
လောင်းလုံး ဒေသခံ ပြည်သူများ အကြမ်းဖက် စစ်တပ်၏ သေဒဏ် ချမှတ်ခြင်းအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
လောင်းလုံး ဒေသခံ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ သေဒဏ် ချမှတ်ခြင်းအပေါ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
"လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်" စာတန်း ကိုင်ဆောင်ကာ အားမာန်သစ် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာလ ၁၀
အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် "လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် "တောင်ယာခုတ်ဓါး ညီစေသား" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဝမ်းတွင်း၊ သဲတောရွာတွင် ပျူစောထီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး၊ ကလိန်အောင်မြို့ရှိ ရဲတပ်ကြပ် ၁ ဦး နေအိမ်၌ ပစ်ခတ်မှု ဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာတွင် နေထိုင်သော ပျူစောထီး မောင်ရှိန်ကို WTRF အဖွဲ့မှ ပစ်ခတ်တိုက်ခဲ့ပြီး သေဆုံးသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပျူစောထီး မောင်ရှိန်ကို Wundwin Township Refvolution Force - WTRF အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး မောင်ရှိန်သည် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ ပြည်သူလူထုကို နှိပ်စက်ခြင်း၊ ခြိမ်း ခြောက်ခြင်း၊အနိုင်ကျင့်ဗိုလ်ကျနေခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များဝင်များ၏ သတင်းများကို အကြမ်းဖက် စစ်ကောင်စီထံပေးပို့ခြင်းတို့ ကြောင့် အချိန်မီပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ နယ်ထိန်းရဲ တပ် ကြပ်ကြီးရဲဝင်းထွန်းနေအိမ်ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက် ည ၇ နာရီခန့်က ဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်သား တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါရဲတပ်ကြပ်ကြီးရဲဝင်းထွန်းနေအိမ်ပတ်ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကင်းပုန်းများချသဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သော ကလိန်အောင်မြို့ အခြေစိုက် Spring Dhamman PDF (K.L.A) ပြည်သူ့ကာကွယ်ရေးတပ် (LDF) နှင့်မိနစ် ၃၀ ခန့် အပြန် အလှန် ပစ်ခတ် မှုဖြစ်ကာ အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်စီတပ်သားမှာ ကလိန်အောင်မြို့ ပြည်သူ့ ဆေးရုံ၌ အရေးပေါ်ဆေးဝါးကုသမှုခံယူနေရကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ ကားများဖြင့် ထပ်မံရောက်ရှိလာကာ ပစ်ခတ်မှုဖြစ်သည့်နေရာအနီးသို့ စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ နယ်ထိန်းရဲတပ်ကြပ်ကြီး ရဲဝင်းထွန်းသည် အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူ လူထုထံမှ မတရားငွေကြေးကောက်ခံခြင်း၊ ပြည်သူများအား ချိန်းခြောက်ခြင်း၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း Spring Dhamman PDF (K.L.A) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Photo - Spring Dhamman PDF (K.L.A) တပ်ဖွဲ့ဝင်များ
အကြမ်းဖက် စစ်တပ်အတွက် ဒေါ်လာသန်းချီ ငွေရှာပေးနေသည့် ထိုင်း PTT ကုမ္ပဏီ ထုတ်ကုန်များ၊ ဖက်စပ် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ် မှောက် ဆန့်ကျင်ရန် ပြည်သူများကို နှိုးဆော်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေပြီး အမေရိကန်ဒေါ်လာ သန်း ပေါင်း များစွာ စစ်ကောင်စီအတွက် ဝင်ငွေရှာပေးနေသည့် ထိုင်း PTT ကုမ္ပဏီ ၏ ထုတ်ကုန်များ၊ ဖက်စပ် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ် မှောက် ဆန့် ကျင်ရန် ပြည်သူများကို သွေးစွန်း ငွေဖြတ်တောက်ရေးအဖွဲ့က နှိုးဆော် သည်။
မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီက ပြည်တွင်း Brighter Energy ကုမ္ပဏီ၊ Tunn Star ကုမ္ပဏီနှင့်ပူးပေါင်း၍ PTT အမှတ်တံဆိပ်ပါ အင်ဂျင် ဝိုင်နှင့် စက်ဆီချောဆီအမျိုးမျိုးနှင့် ကဖီးAmazon တို့ကို လုပ်ကိုင်လျက် ရှိ ကြောင်း သိရှိရသည်။
ထိုင်း PTT ကုမ္ပဏီသည် မြန်မာစစ်တပ်နှင့်တွဲဖက်၍ ရေနံ၊သဘာ၀ဓာတ်ငွေ့ လုပ်ငန်းများ တွဲဖက်လုပ်ကိုင်နေသည့် ကုမ္ပဏီလည်းဖြစ်သည်။
ထိုင်းနိုင်ငံမှ PTT ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံပြီး စစ်တပ်ကို ဝင်ငွေအများဆုံး ထောက်ပံ့ပေး နေ သောကုမ္ပဏီတစ်ခုဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ PTT ကုမ္ပဏီက မြန်မာစစ်တပ်ကို အမေရိကန် ဒေါ်လာသန်းပေါင်း ၄၅၈ ဒသမ ၉သန်း ပေးခဲ့ပြီး လက်ရှိ၂၀၂၂ခုနှစ်မှာတော့ အမေရိကန်ဒေါ်လာသန်း ၁၀၀၀ နီးပါး အခွန် ပေးဆောင်နိုင်ဖွယ်ရှိ ကြောင်း သိရှိရသည်။
စစ်အုပ်စုသည် ထိုင်းနိုင်ငံ PTT ကုမ္ပဏီထံမှ ရရှိသော အခွန်ငွေ များဖြင့် ပြည် သူ များ ကို နေ့တိုင်း သတ်ဖြတ်နေသဖြင့် ထိုင်းနိုင်ငံ PTT ကုမ္ပဏီနှင့် ထုတ်ကုန်များကို မြန်မာ ပြည်သူများအနေဖြင့် ဆန့်ကျင် သပိတ်မှောက်ကြရန် သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက တောင်းဆိုသည်။
“ PTT ကုမ္ပဏီက သူတို့ပေးလိုက်တဲ့ ပိုက်ဆံကို သုံးပြီး စစ်အုပ်စုက လူသတ် မယ် ဆိုတာကို သိတယ်။ သိလျက်နဲ့ဒီပိုက်ဆံတွေကိုဆက်ပေးနေတယ်။ ဒါဟာ လူသတ်ကြံရာပါပဲ။ ပြည်သူတွေက ဒီပိုက်ဆံတွေကို စစ်အုပ်စုကို ဆက်မပေးဖို့ ဒီလောက်တောင်းဆိုနေတာကိုလည်း မသိချင်ယောင်ဆောင်နေတယ်။ သူတို့ အကျိုးစီးပွား ကိုပဲကြည့်တယ်။ ဒီတော့ မြန်မာပြည်သူတွေအနေနဲ့ စစ်တပ်နဲ့ ပူးပေါင်းတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေ သပိတ်မှောက်ပြီးတော့ ကိုယ့် အစွမ်း ကို ပြန်ပြရမှာပေါ့။ အဲ့ဒါကြောင့် သူတို့ကို ဒဏ်ခတ်တဲ့ အနေနဲ့ PTTထုတ်ကုန် တွေ ရယ်၊ ပြည်တွင်းထဲမှာ PTTနဲ့အတူတူ ပေါင်းပြီး အလုပ် လုပ်နေတဲ့ ကုမ္ပဏီ တွေရယ်၊ လူတွေရယ်ကို ကျွန်တော်တို့ အထပ်ထပ် စိစစ်ပြီး မနေ့က သပိတ် မှောက် စာရင်းအဖြစ်ကြေညာခဲ့ပါတယ်။ ဒီလူတွေ ဒီထုတ်ကုန် တွေကို သပိတ် မှောက်ဖို့ သွေးငွေဖြတ် လှုပ်ရှားမှုမှာ ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ပေးဖို့ ကိုလည်း လေးလေးစားစားအကူညီတောင်ပါတယ်” လို့ပြောပါသည်။
ထိုင်းနိုင်ငံ PTT ကုမ္ပဏီနှင့် ပူးတွဲလုပ်ကိုင်နေသော Brighter Energy ကုမ္ပဏီ နှင့် Brighter Energy Retail ကုမ္ပဏီတို့သည် KBZ အုပ်စု၏လက်ခွဲကုမ္ပဏီ များ ဖြစ်ပြီး ၂၀၁၉ခုနှစ်မှ စတင်၍ PTT၏လက်ခွဲကုမ္ပဏီဖြစ်သည့် PTTORနှင့် စာချုပ်ချုပ်၍ ပြည်တွင်းစက်ဆီဆိုင်များ နှင့် Cafe Amazonဆိုင်များ ဖွင့်လှစ်နေခြင်းဖြစ်သည်။
ထိုင်းPTT နှင့် KBZ တို့ ပူးပေါင်းလုပ်ကိုင်နေသော မြန်မာပြည်တွင်းရှိ ဆီဆိုင် များ၏ အမည်များကိုလည်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ဆက်လက် ဖော် ထုတ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းPTT ကုမ္ပဏီ နှင့်ပူးပေါင်းနေသော အခြားပြည်တွင်းကုမ္ပဏီဖြစ်သည့် Tunn Star ကုမ္ပဏီသည် ၂၀၀၈ခုနှစ် ၁၀လပိုင်းမှ စတင်၍ PTT အမှတ်တံဆိပ် စက်ဆီ ချောဆီ အမျိုးမျိုးကို မြန်မာနိုင်ငံ၏တစ်ဦးတည်းသော ကိုယ်စား လှယ်အဖြစ် တာဝန်ယူဖြန့်ချိနေသောကိုယ်စားလှယ်ဖြစ်သည်။
ထို့အပြင် EAO နှင့်PDF အဖွဲ့များသည် အိမ်နီးချင်း တိုင်းဒေသကြီးများ၌ အစဉ်အလာအားဖြင့် ၎င်းတို့နယ်မြေအဖြစ် ရှုမြင်ထားသော ဒေသအချို့အား ၎င်းတို့ပြည်နယ်အတွင်းသို့ သွတ်သွင်း၍ နယ်မြေချဲ့ထွင်ရန်ကိုလည်း စဉ်းစားလျက်ရှိသည်။
ဖက်ဒရယ်ပြည်ထောင်စုလား လွတ်လပ်သောနိုင်ငံလား
=============
ယေဘုယျအားဖြင့် ပြည်နယ်အစိုးရများ ဖွဲ့စည်းခြင်းသည် အခြားတိုင်းရင်းသား ပြည်နယ်များနှင့် ပူးတွဲတည်ထောင်မည့် ဗမာလူမျိုးများပါ ပါဝင်နိုင်ချေရှိသော ဖက်ဒရယ်သမ္မတနိုင်ငံ သို့မဟုတ် ကွန်ဖက်ဒရေးရှင်း နိုင်ငံတစ်ခုသို့ ပေါင်းစပ်ပါဝင်မှု၏ ရှေ့ပြေးအစီအစဉ်ဖြစ်သည်ဟု EAO နှင့်PDF အဖွဲ့များက ရှုမြင်ကြသည်။
၎င်းတို့၏ဆွေးနွေးပွဲများ၌ အဓိကကျသော အချက်တစ်ချက်မှာ အဆိုပြုထားသော ဗဟိုအစိုးရနှင့် အသစ်ဖွဲ့စည်းထားသော ပြည်နယ်အစိုးရများအကြား အာဏာခွဲဝေရေး ဖြစ်သည်။
EAO အများအပြား၏ အမြင်အရ ၁၉၄၈ ခုနှစ် ဥပဒေအပါအဝင် လွတ်လပ်ရေး ရပြီးကတည်းက ပေါ်ထွန်းခဲ့သမျှ မြန်မာ့ဖွဲ့စည်းပုံအခြေခံ ဥပဒေအားလုံးသည် ဗမာလူမျိုးကြီးစိုး ထားသည့် ဗဟိုအစိုးရအား အာဏာအလွန်အမင်း ခွဲဝေပေးထားသည်ဟု ယူဆလျက်ရှိသည်။
လက်ရှိအချိန်၌ နည်းလမ်းသုံးခုကို ဆွေးနွေးနေကြသည်။ ပထမနည်းလမ်းမှာ ဗဟိုအစိုးရ၏ အာဏာကို ကန့်သတ်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား ပြည်နယ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အမြောက်အများ ပေးအပ်မည့် ဖက်ဒရယ်သမ္မတနိုင်ငံ တည်ထောင်ခြင်း ဖြစ်သည်။
ဤဖက်ဒရယ်သမ္မတနိုင်ငံတွင် လက်ရှိ တိုင်းရင်းသားပြည်နယ် ၇ ခုနှင့် အသစ်ဖွဲ့စည်းထားသော ဗမာလူမျိုးအတွက် ပြည်နယ်တစ်ခုတို့ ပါဝင်ဖွယ် ရှိပြီး ဝ လူမျိုးနှင့် ရှမ်းပြည်နယ်ရှိ အခြားတိုင်းရင်းသား အုပ်စုများအတွက် ပြည်နယ်အသစ်များလည်း ပါဝင်လာနိုင်သည်။ အဆိုပါ ဖက်ဒရယ်သမ္မတနိုင်ငံတွင် ပြည်နယ်အားလုံးသည် ဗဟိုအစိုးရအတွင်း တူညီသော အာဏာကိုယ်စီ အသီးသီး ရှိကြမည်ဖြစ်သည်။
ဒုတိယနည်းလမ်းမှာမူ ဗဟိုအစိုးရ၏ အာဏာကို နိုင်ငံ့ကာကွယ်ရေးကဲ့သို့ ကဏ္ဍအတွက်သာ အလွန်အမင်း ကန့်သတ်ထားမည့် ကွန်ဖက်ဒရေးရှင်းစနစ် ဖြစ်သည်။ ဤပုံစံကို ရခိုင်တပ်မတော်နှင့် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်တို့က အဆိုပြုထားခြင်းဖြစ်သည် ဟုသိရှိရပြီး အချို့EAO နှင့် PDF များအတွင်း ၎င်းနည်းလမ်းကို ထောက်ခံသူများရှိနေသည်။
တတိယနည်းလမ်းမှာ သီးခြားလွတ်လပ်သော နိုင်ငံများအဖြစ် ရပ်တည်ရန် ဖြစ်သည်။ အချို့ချင်းနှင့် ကရင်အဖွဲ့များအတွက် သီးခြားလွတ်လပ်သော နိုင်ငံအယူအဆက ဆွဲဆောင်မှု ရှိနေသော်လည်း လွတ်လပ်ရေးကြောင့် ပေါ်ထွန်းလာမည့် ၎င်းတို့၏ နိုင်ငံတော်သစ်အတွက် စိန်ခေါ်မှုများ ရှိနေသည်ကို အသိအမှတ်ပြု လက်ခံကြသည်။
တွေ့ဆုံမေးမြန်းခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အသိအမှတ်ပြုမှု ရရှိရေးအတွက် အထူးစိုးရိမ်ပူပန် လျက်ရှိကြောင်း ပြောဆိုကြသည်။
အမေရိကန်၏ အကူအညီ
=============
ယခုခရီးစဉ်အတွင်း တွေ့ဆုံခဲ့သူများက အမေရိကန်ပြည်ထောင်စုထံမှ အကူအညီများ ပိုမိုရရှိရန် မည်သို့ဆောင်ရွက်မည်ကိုလည်း ဆွေးနွေးခဲ့ကြသည်။ ဆီးရီးယားနှင့်ယူကရိန်းသို့ လက်နက်အကူအညီ အမြောက်အများ ပေးအပ်ရန် အမေရိကန်တို့က လိုလိုလားလား ရှိသော်လည်း လွတ်လပ်မှုနှင့် ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်နေသည့် မြန်မာပြည်သူများအတွက်မူ အကူအညီ လုံးဝမပေးအပ်သော ရှေ့နောက် မညီသည့် သဘောထားကို EAO နှင့်PDF အဖွဲ့များက နားမလည်နိုင်ဘဲ ဖြစ်နေကြသည်။
၎င်းတို့၏ အမြင်အရ အထက်ပါနိုင်ငံများသို့ ပေးအပ်နေသည့် အကူအညီများအနက် ပမာဏအနည်းငယ်ကိုသာ ၎င်းတို့ရရှိမည်ဆိုပါက စစ်ကောင်စီတပ်များကို အနိုင်တိုက်ခိုက်ရန် လုံလောက်သည်ဟု ပြောဆိုကြသည်။
စစ်ရေးအကူအညီအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံရောက် မြန်မာဒုက္ခသည်များသာမက မြန်မာနိုင်ငံအတွင်းမှ သိန်းနှင့်ချီသော ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူများ အတွက်ပါ အကူအညီများ ပိုမိုပေးအပ်ရန် EAO နှင့် PDF အဖွဲ့များက မျှော်လင့်လျက် ရှိသည်။
နယ်စပ်ဒေသ တိုင်းရင်းသားပြည်နယ်များကို ၎င်းတို့က ထိရောက်စွာ ထိန်းချုပ်ထားနိုင်သည့် အချက်ကို ထောက်ဆ၍ အမေရိကန်လူသားချင်း စာနာမှုအကူအညီများကို NUG သို့မဟုတ် စစ်ကောင်စီမှ တစ်ဆင့်မပေးအပ်ဘဲ EAO နှင့်PDF အဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဒေသခံလူသားချင်း စာနာမှု ကူညီရေးအဖွဲ့များ မှတစ်ဆင့် ပေးအပ်သင့်သည်ဟု ၎င်းတို့ကယူဆသည်။
NUG ဖြစ်စေ၊ စစ်ကောင်စီဖြစ်စေ၊ အကူအညီများကို အမှန်တကယ် လိုအပ်နေသူများထံ ဘေးကင်းလုံခြုံစွာပေးအပ်နိုင်လိမ့်မည် မဟုတ်ဟု ၎င်းတို့က ပြောဆိုသည်။
(Center for Strategic & International Studies (CSIS) စာစဥ်ပါ Michael Martin ၏ “News from the Front: Observations from Myanmar’s Revolutionary Forces” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ Michael Martin သည် ဝါရှင်တန်ဒီစီ၊ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာမှုများဗဟိုဌာန၊ အရှေ့တောင်အာရှ အစီအစဉ်မှ (ဌာနေမဟုတ်သော) အချိန်ပိုင်းအဖွဲ့ဝင်တစ်ဦးဖြစ်သည်။
မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များ၏ ရှေ့တန်းစခန်းများမှ တိုက်ရိုက် သတင်းစကားများ
By Michael Martin
မြန်မာနိုင်ငံ၏ အဓိကတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) အချို့မှ ကိုယ်စားလှယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)အဖွဲ့ဝင်များအပြင် အခြားသူများနှင့် တွေ့ဆုံရန် စာရေးသူသည် အိန္ဒိယနိုင်ငံ အိုက်ဇောမြို့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်၊ မဲဆောက်မြို့များသို့ အောက်တိုဘာလလယ်က သွားရောက်ခဲ့သည်။
တစ်စိတ်တစ်ပိုင်းအားဖြင့် စနစ်တကျ ပြင်ဆင်ထားသော အင်တာဗျူး အများအပြား ပြုလုပ်ခဲ့ပြီးနောက် စာရေးသူသည် ပဋိပက္ခ၏ ပကတိ အခြေအနေများကို ကိုယ်တွေ့ကြားသိခဲ့ရသလို ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများအနေဖြင့် ၎င်းတို့၏ တိုက်ပွဲအောင်နိုင်ရေးအတွက် အမေရိကန်အစိုးရထံမှ မည်သည့်အကူအညီများ ရရှိရန် လိုလားနေသည်ကို သိရှိခွင့်ရရှိခဲ့သည်။
ဤဆောင်းပါးတွင် အဆိုပါ ခရီးစဉ်အတွင်း လေ့လာတွေ့ရှိချက်များကို အကျဉ်းချုပ်တင်ပြကာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသည့် အဓိကအခြေအနေများကို ကောက်နုတ် ဆွေးနွေးထားသည်။
အဆိုပါတွေ့ဆုံမှုများအပြီး ရုပ်လုံးပေါ်လာခဲ့သည့် အနေအထားမှာ ဝါရှင်တန်က သိရှိထားသည်နှင့် တစ်နည်းတစ်ဖုံ ကွဲလွဲလျက်ရှိသည်။ စာရေးသူပြုလုပ်ခဲ့သည့် အင်တာဗျူးများအရ မြန်မာစစ်ကောင်စီတပ်ဖွဲ့များသည် ငွေအားလူအား ပစ္စည်းရင်းမြစ် ပြတ်လပ်မှုနှင့် စိတ်ဓာတ်ပျက်ပြားမှုများကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ကြုံတွေ့နေရကာ ၎င်းတို့၏တိုက်ခိုက်နိုင်စွမ်းကို ကြီးမားစွာ ထိခိုက်လျက်ရှိသည် ဟုဆိုသည်။
ဆန့်ကျင်ဘက်အားဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းရှိ EAO နှင့် PDF ပူးပေါင်း တပ်ဖွဲ့များသည် ယခင် စစ်ကောင်စီ ထိန်းချုပ်ထားသော နယ်မြေများအတွင်းသို့ ထိုးစစ်ဆင် ချင်းနင်း ဝင်ရောက်လျက်ရှိကြသည်။
အချို့ဖြစ်ရပ်များတွင် EAO နှင့် PDF များသည် ၎င်းတို့ ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် နယ်မြေသစ်များကို အပြည့်အဝ ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ဒေသန္တရကြားဖြတ် အစိုးရများကိုပင် တည်ထောင်ဖွဲ့စည်းလာလျက် ရှိသည်။
စစ်ကောင်စီအပေါ် အောင်ပွဲဆင်နိုင်မည့် အလားအလာမှာ ပိုမိုဖြစ်နိုင်ချေရှိလာသဖြင့် အဓိက EAO အဖွဲ့တိုင်းသည် မိမိတို့ပြည်နယ်အသီးသီး၌ အစိုးရသစ်တစ်ခု ဖွဲ့စည်းနိုင်မည့် နည်းလမ်းကို ရှာကြံနေကြသည်။
ထိုသို့ နည်းလမ်းကြံဆမှုများကို တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍ သော်လည်း ဆောင်ရွက်လျက်ရှိသောကြောင့် ၎င်းတို့ကိုယ်ပိုင်ဒီဇိုင်းဖြင့် ဖက်ဒရယ်သမ္မတ နိုင်ငံသစ်တစ်ခုဖွဲ့စည်းရန် ဖြစ်နိုင်ခြေရှိလာခဲ့သည်။
ကိုယ်တိုင်ဖွဲ့စည်း တည်ထောင်ထားသော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သည် ရံဖန်ရံခါအဆိုပါ ဆွေးနွေးပွဲများတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နေသော်လည်း EAO နှင့်PDF အဖွဲ့များ သိရှိထားသမျှ ဆွေးနွေးမှုများကို NUG က ဦးဆောင်နေခြင်း မရှိပေ။ အချို့သော EAO နှင့်PDF အဖွဲ့များအတွင်း၌ လွတ်လပ်သော နိုင်ငံတစ်ခု တည်ထောင်ဖွဲ့စည်းနိုင်မည့် ဖြစ်နိုင်ချေ အလားအလာကိုပါ ထည့်သွင်းစဉ်းစားလျက်ရှိကြသည်။
ရုန်းကန်နေရသည့် စစ်ကောင်စီတပ်များ
==============
စစ်ကောင်စီတပ်ဖွဲ့များသည် လုံးဝပြိုလဲတော့မည့် အနေအထား၌ ရောက်ရှိနေဖွယ်ရှိကြောင်း အချက်အလက်များက ညွှန်ပြနေသည်ဟု ဇွန်လအတွင်းက စာရေးသူ၏ ခန့်မှန်းသုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်တွင် ရေးသားခဲ့ဖူးသည်။
ယခုခရီးစဉ်အတွင်း စာရေးသူတွေ့ဆုံ မေးမြန်းရရှိခဲ့သည့် အသေးစိတ် အချက်အလက်များအရလည်း ပြည်တွင်းစစ်ကို ဆက်လက်ဆင်နွှဲနိုင်ရေး စစ်ကောင်စီတပ်များ ရုန်းကန်နေကြရကြောင်း နောက်ထပ်သက်သေ အထောက်အထားများ ပေါ်ထွက်လာသည်။
သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများတွင် မကြာသေးမီက ထုတ်လုပ်ထားသည့် ရက်စွဲများ ဖော်ပြပါရှိသဖြင့် စစ်ကောင်စီအနေဖြင့် သိုလှောင်ထားသော ခဲယမ်းမီးကျောက်များ ကုန်ခမ်းသွားပြီး မိမိတပ်ဖွဲ့များအတွက် ပြန်လည်ဖြည့်တင်းပေးရန် ခဲယမ်းအသစ် ထုတ်လုပ်မှုအပေါ် မှီခိုနေရကြောင်း ထင်ရှားနေသည်။
အလားတူပင် စစ်ကောင်စီတပ်များက စွန့်ပစ်ခဲ့သည့် သေနတ်နှင့် မော်တာများသည် ဆေးရောင်ကောင်းစွာ မသုတ်ထားသလို သေသေသပ်သပ် အချောကိုင်ထားခြင်းလည်း မရှိသဖြင့် စစ်တပ်၏ လက်နက်စက်ရုံများအနေဖြင့် အလျင်မီအောင် ကတိုက်ကရိုက် ထုတ်လုပ်နေရသည့် လက္ခဏာဖြစ်သည်။
စစ်ကောင်စီလေယာဉ်များက ကြဲချသည့် ဗုံးအများအပြားသည် ပေါက်ကွဲခြင်းမရှိဘဲ စနက်တံအပိုင်း ချွတ်ယွင်းနေကြောင်း စစ်ဆေးတွေ့ရှိရသည်။
စစ်ကောင်စီလေယာဉ်များသည် ဒေသအပေါ် ဖြတ်ကျော်ပျံသန်းမှုများ ပြုလုပ်နေသော်လည်း ဗုံးကြဲချခြင်းများကို ပြုလုပ်လေ့မရှိကြပေ။ ထိုသို့ ပျံသန်းရုံ ပျံသန်းနေခြင်းမှာ ပစ်မှတ်ထားသည့် လူ့အဖွဲ့အစည်းအတွက် သို့လောသို့လောနှင့် ထိတ်လန့်တုန်လှုပ်စေအောင် ရည်ရွယ်ခြင်း ဖြစ်နိုင်သော်လည်း စစ်ကောင်စီလေတပ်တွင် လက်နက်ပစ္စည်း အကန့်အသတ်ရှိနေသဖြင့် ချွေတာသုံးစွဲနေရသည့် အနေအထားလည်း ဖြစ်နိုင်သည်။
၎င်းလက္ခဏာများကို ပေါင်းစပ်စဉ်းစားကြည့်သည့်အခါ စစ်ကောင်စီသည် မိမိစစ်တပ်အတွက် လိုအပ်သော လက်နက်ပစ္စည်းထောက်ပံ့ရေးတွင် အခက်အခဲများ တွေ့ကြုံနေရသည်ဟု EAO နှင့်PDF များက ရှုမြင် သုံးသပ်လျက်ရှိသည်။
စစ်အာဏာရှင် ဖြုတ်ချရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ဒီဇင်ဘာ ၁၁ ရက် ယနေ့နံနက်၌ ၆၄၀ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။
ကရင်ပြည်နယ်တွင် ထောက်လှမ်းရေးလုပ်နေရင်း လက်နက်များနှင့်အတူ ဖမ်းဆီးခံရသူ အငြိမ်းစား အရာခံဗိုလ် စိုးမြင့် ပြန်လည် လွတ်မြောက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ကရင်ပြည်နယ်၊ ကျားဖြူ စစ်ကြောင်းထိန်းချုပ်နယ်မြေ ၅ တွင် ကယ်ရီသမား ဟန် ဆောင်ကာ ထောက်လှမ်းရေးလုပ်နေရင်း လက်နက်များနှင့်အတူ ဖမ်း ဆီးခံရ သူ အငြိမ်းစား အရာခံဗိုလ် စိုးမြင့် ပြန်လည် လွတ်မြောက် လာကြောင်း ကရင်ပြည်နယ်စစ်ကောင်စီသတင်းရင်းမြစ်က အတည်ပြု ပြောသည်။
အောက်တိုဘာလ ၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကျားဖြူစစ်ကြောင်း ထိန်းချုပ်နယ်မြေ ၅ တွင် ကယ်ရီသမား ဟန် ဆောင်ပြီး ထောက်လှမ်းရေး လာလုပ်သည့် အရာခံဗိုလ်စိုးမြင့် ဆိုသူကို ပစ္စတို၊ လက်ပစ်ဗုံး၊ ကားတစ်စီးနှင့် အတူ Justice Soldier- PDF ၊Lion အပါအဝင် ပူးပေါင်း စစ်ကြောင်းများက ဖမ်းဆီးရမိခဲ့ကြောင်း၊ Lion Battalion Commando Special Force ဗျူ ဟာစစ်ကြောင်းနှင့် KTL Army၊ Justice Soldier-PDF ၊ Eagle Brigade အပါအဝင် မဟာမိတ်ပူးပေါင်းစစ်ကြောင်းများက စစ်ရေး လှုပ်ရှားနေသည့် နယ်မြေအတွင်းသို့ ကယ်ရီသမား အသွင်ယူထားစဉ် ပူးပေါင်းတပ်ဖွဲ့များက ဖမ်း ဆီးရခြင်းဖြစ်ကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။
အငြိမ်းစားဒုအရာခံဗိုလ် စိုးမြင့်ကို လက်နက်အပါအဝင် သက်သေခံ ဆက်စပ် ပစ္စည်း များနှင့် ဖမ်းဆီးရမိကြောင်း၊ စစ်ဆေးတွေ့ရှိချက်များအရ ၎င်း ၏ အမည် မှာ စိုးမြင့်ဆိုသူဖြစ်ပြီး ခလရ ၉၇ တွင် အရာခံဗိုလ်ရာထူးဖြင့်နောက် ဆုံး တာဝန်ထမ်းဆောင်ခဲ့ကြောင်း ၊ ဖမ်းဆီးရမိသူကို စစ်သုံ့ပန်း ဥပဒေနှင့်အတူ စစ်ဆေးမည်ဟု ထုတ်ပြန်ပြီးနောက် ဒီဇင်ဘာလအတွင်းတွင် ပြန်လည် လွတ် မြောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
"အငြိမ်းစား ဒုအရာခံဗိုလ်စိုးမြင့် ပြန်လွတ်လာပါတယ်။ အဆင်ပြေပါတယ်။ အခုအခြေအနေက ပြန်လွတ်လာတယ်။ သူ့အိမ် သူပြန်ရောက်နေပါပြီ" ဟု ကရင်ပြည်နယ်ရဲသတင်းရင်းမြစ်က ပြောသည်။
အငြိမ်းစား အရာခံဗိုလ် စိုးမြင့်၏ သားဖြစ်သူသည် စသုံးလုံး အရာရှိ စိုးသီဟ ဇော် ဖြစ်ပြီး သမီးဖြစ်သူမှာမူ စစ်ဗိုလ်အရာရှိကတော် ကျောင်းဆရာမ ဖြစ် ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် အငြိမ်းစား ဒုအရာခံဗိုလ် စိုးမြင့် ။
ကနီမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် နွေဦး
တော်လှန်ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်၍
ယနေ့(ဒီဇင်ဘာ ၁၁)ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ကျင်းပပြုလုပ်ခဲ့သည်။
SAVE MYANMAR , SAVE UKRAINE , Spring Revolution Strike Force Kani Township ဘန်နာစာသားများကိုင်ဆောင်၍ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း စစ်အာဏာရှင်ဆန်ကျင်ရေး ကြွေးကြော်သံများ ကြွေးကြော်၍ ဆန္ဒပြခဲ့ကြပြီး သပိတ်ဦးဆောင်သူများမှ စစ်အာဏာရှင်ဆန်ကျင်ရေး တရားများ ဟောကာ ခေတ်အဆက်ဆက်နှင့် မြန်မာ့နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူကျောင်းသားမိဘပြည်သူများကို အလေးပြု၍ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။
မြိုင်တွင် ခရီးသွားပြည်သူများထံမှ ဆက်ကြေးကောက်နေသည့် အကြမ်းဖက်စစ်ကောင်စီကို မိုင်းဆွဲတိုက်ခိုက် ၂ ဦးသေ ၂နှစ်ဦးဒဏ်ရာရ
ရန်ကုန် ၊ ဒီဇင်ဘာ ၁၁
မြိုင်မြို့နယ်တွင်ခရီးသွားပြည်သူများကို ဆက်ကြေးကောက်နေသည့် ကိုင်းတောမရေစက်တွင်းစောင့် အကြမ်း ဖက်စစ်ကောင်စီ ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာကပြောသည်။
စက်မှု ၂ သို့ရေပေးသည့် ကိုင်းတောမရေးစက်တွင်းစောင့် အကြမ်းဖက်စစ်ကောင်စီ ၅ ဦးသည် ယမန်နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ခရီးသွားကားများကို ဆက်ကြေးကောက်ရန် ဆုံကုန်းတံတားသို့ထွက်လာရာ တံတားထိပ် အရောက်တွင် ရှေ့ထွက်မိုင်း ၅ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်လင်္ကျာကပြောသည်။
“ ဒီကောင်တွေက အဲဒီနားမှာ ဆက်ကြေးကောက်နေကြ တံတားထိပ်မှာ မိုင်းဆွဲတိုက်ခိုက်တာ ၂ ကောင် ပွဲချင်းပြီးသေတယ်၊ ၂ကောင်ကတော့ ဒဏ်ရာပြင်းတယ် တစ်ကောင်ကတော့လွတ်သွားတယ်။” ဟု ဗိုလ်လင်္ကျာကပြောသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ( ၁ ) ၊ တပ်ခွဲ - ၁ ၊ တပ်ခွဲ -၄ ( စင်္ကြာ ဒေသကာကွယ်ရေးတပ်ဖွဲ့) နှင့် မုန်တိုင်းတပ်ဖွဲ့တို့ ပူပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းကိုကိုလတ်သည် အာဏာသိမ်းပြီးနောက် အမျိုးသားရေးလှုပ်ရှားမှုများကို ရပ်တန့်ပြီး သွေးသောက် အဖွဲ့ကဲ့သို့သော လက်နက်ကိုင်၍ ပြည်သူများကို သတ်ဖြတ်မှုများစွာတွင် ါပဝင်ပတ်သက်နေသည်။ အစွန်းရောက် လှုပ်ရှားမှုများဖြင့် တိုင်းပြည်ကို အမျိုးမျိုး ဖျက်ဆီးကြသူများတွင် ကိုလတ်(ခ) ဝင်းကိုကိုလတ်၏ အမည်မှာ လုံး၀ မပျက်ပြယ်တော့သည့် သမိုင်းတရားခံတစ်ဦးအဖြစ် တည်ရှိနေပြီဖြစ်သည်။
Читать полностью…မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁၀ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦးသေဆုံးပြီး ၁ ဦး ဖမ်းဆီးရမိကြောင်း ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ယင်းမာပင်တွင် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက် တိုက်ခိုက်မှု ၆ ဦးသေဆုံး၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲမှု စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ရက်ဆက်တိုက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ယင်းမာပင်မြို့ အနောက်ဘက်တွက် ကင်းထွက် ဝပ်သော အကြမ်းဖက် စစ်တပ်မှ စစ်သား ၂၂ ဦးကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ အောင်ဆန်းသွေးနှင့် ယင်းမာပင်မြို့နယ် တပ်ရင်း ၂ တို့မှ ရှေ့ထွက် မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို နံနက် ၄ နာရီခန့်တွင် ယင်းမာပင်မြို့ အနောက်ဘက် သုသာန်တွင် မီးရှို့ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ယင်းမာပင် ရဲစခန်းမှ ကင်းပုန်း ဝပ်ရန် ထွက်လာသော စစ်သားများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ တပ်ရင်း တပ်ခွဲ (၁/၂) ရဲဘော်များမှ ကြိုတင် ကင်းဝပ်စောင့်ဆိုင်းကာ တိုက်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ယင်းမာပင်မြို့ရှိ စစ်သားများ တပ်စွဲထားသော နေရာကို လက်နက်ကြီးများဖြင့် ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ နှင့် ယင်းမာပင် မြို့နယ် တပ်ရင်း(၁) တပ်ခွဲ (၂) Blue Rose တပ်ခွဲနှင့် မိတ်ဖက် တပ်ရင်းတပ်ဖွဲ့များ စုပေါင်း၍ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။
"အားလုံးပေါင်း ၆ ကောင် သေတယ်။ ၇ ရက်နေ့တိုက်ခိုက်မှုမှာ ၅ ကောင်သေတယ်။ ၈ ရက်နေ့ တိုက်ခိုက်မှုမှာ ၁ ကောင်သေတယ်။ ၉ ရက်နေ့ကတော့ လက်နက်ကြီး ပစ်တာ အထိအခိုက် မသိရသေးဘူး။ ကျန်တော်တို့ လက်နက်ခဲယမ်း ပြန်လည် ဖြည့်တင်းဖို့ အလှူငွေလိုပါတယ်။ အလှူငွေလေးတွေ လှူတန်းပေးကြဖို့ မေတ္တာရပ်ခံပါတယ်" ဟု ယင်းမာပင်ခရိုင် တပ်ရင်း ၂၆ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဆင်ခေါင်း တောင်အရှေ့ဘက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း CDSOM တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မြောင်မြို့နယ်အတွင်း လှည့်လည်ကာ မီးရှို့ဖျက်ဆီးခိုးယူလုယက်သတ်ဖြတ်နေသော အကြမ်းဖက်စစ် သားများကို စစ်ကိုင်းခရိုင် တပ်ရင်း (6)တပ်ခွဲ(3) MUA နှင့် CDSOM တို့မှ ရှေ့ထွက်မိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ စစ်သား ၄ ဦးသေဆုံးပြီး ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
"အကြမ်းဖက်စစ်သား (၄)ဦးသေပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်ဆိုတာ ညနေပိုင်းမှ တည်ပြုနိုင်ခဲ့တယ်။ တိုက်ခိုက်ခဲ့တာတွေလဲ ရှိတယ်၊ ဘယ်နေရာမှာ ဘယ်လောက်သေလဲ ၊ထိခိုက်ဒဏ်ရာရခဲ့လဲတော့ မသိ ရသေးဘူး၊ ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ ထိခိုက်ဒဏ်ရာရတဲ့သူမရှိဘူးလို့ သိရတယ်" ဟု ကိုနွေဦးမြောင်က ပြောကြားသည်။
ယင်းအကြမ်းဖက်စစ်သားများကို ဆင်ခေါင်းတောင်၏ အရှေ့မြောက်ဘက်အရောက် CDSOM မြောက် ပိုင်း 012 အဖွဲ့ နှင့် CDSOM မြောက်ပိုင်း 007 အဖွဲ့တို့မှ ၄၀ မမ ဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သားများက ကျေးရွာများအတွင်းလှည့်ဝင်ရောက်ကာ မွှေနှောက်နေသည့် အတွက် ဒေသခံပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းစစ်ဘေးရှောင်ဒုက္ခသည်များကို အ မျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ် နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက CDSOM ၏ မြောက်ပိုင်း 012 နှင့် 003 အဖွဲ့တို့မှတဆင့် တာဝန်ယူကျွေးမွေးစောင့်ရှောက်ထားကြောင်း သိရသည်။
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမာပင်-ဆားလင်းကြီး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
"သွေးမအေးတဲ့ ရွှေနွယ်သွေး" လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ "လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်" စာတန်းကိုင်ဆောင်ကာ WAB အဖွဲ့ဝင်များမှ လာရောက် ပူးပေါင်းဝန်းရံခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။