ဒဂုံမြို့သစ်အရှေ့ပိုင်း လ၀ကရုံး ဗုံးပေါက်ကွဲပြီး လူ အထိအခိုက်ရှိ၊ ဆိုင်ကယ်မှန် သမျှ စစ်တပ်နှင့်ရဲက လိုက်ဖမ်းသိမ်းယူနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး လူအထိအခိုက်ရှိကြောင်း ဒေသပြည်သူများက ပြော သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဒဂုံမြို့သစ်အရှေ့ပိုင်း လ၀ကရုံး တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး ရုံးအတွင်းမှ လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီတပ်များရောက်ရှိလာပြီး လ၀ကရုံးနှင့်ပတ်ဝန်းကျင်ကို ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်ကြောင်း ဒေသပြည်သူများက ပြောသည်။။
"ဖြစ်တာကတော့ လ၀ကရုံးဘက်ပဲ။ ရုံးတွေက ကပ်နေတာ။ ၁၀ နာရီမှာ ဗုံးကွဲ တယ်။ အသံကလည်း အကျယ်ကြီးပဲ။ ရုံးထဲက လူတစ်ဦးတော့ထိတယ်။ ခဏကြာ တော့ စစ်ခွေးနဲ့ ရဲခွေးတွေ ရောက်လာပြီး စစ်ဆေးပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲမှုသည် စစ်ကောင်စီတပ်များ လုံခြုံရေးချထားသည့် နေရာနှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသပြည်သူတချို့က ဆိုကြသည်။
လက်ရှိတွင် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်၊ရဲတို့က ဆိုင်ကယ်များကို လိုက်လံ ဖမ်းဆီးနေပြီး ဆိုင်ကယ်စီးသူမှန်သမျှကို ဖမ်းဆီး ကာ ဆိုင်ကယ်များ စစ်ကားပေါ်တင်၍ သိမ်းဆည်းနေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်မြို့ရှိ စစ်ကောင်စီသံဆူးကြိုးနှင့်သဲအိတ်ဘန်ကာဂိတ်များ။
ကိုးတောင်ဘို့၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို PDF တပ်ဖွဲ့မှ ဝင်တိုက်၊ PDF တစ်ဦးကျဆုံးကာ (၃)ဦးဒဏ်ရာ၊ ချင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်သင်္ဘောတစ်စီးကို တစ်ဖက် ပွင့်ပြောင်းဖြင့် တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ဒေသ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို PDF တပ်ဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်အစောပိုင်း ၁ နာရီခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ရာ PDF တပ်ဖွဲ့ဝင်(၃)ဦးကျဆုံးပြီး (၃)ဦးဒဏ်ရာရရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် ဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဒသိရသည်။
“ကိုးတောင်ဘို့အထိုင်ကနေ ကောလင်းမြို့နယ်ဘက်ကို စစ်ကြောင်းထွက်မီးရှို့နေတဲ့အချိန် ကျန်ရှိနေတဲ့ စစ်ခွေးနဲ့ပျူတွေကို ဝင်တိုက်တာ၊ စစ်ခွေးတွေဘက်ကလည်း ထိခိုက်သေဆုံးမှုများတယ်လို့ သိရတယ်၊ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျပြီး ၃ ယောက်ဒဏ်ရာရတယ်။ MI 35 နှစ်စင်းနဲ့လာပစ်လို့ ပြန်ဆုတ် လာခဲ့ရတာ၊ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရတော့ ပြည်သူတွေထိခိုက်မှုတော့ မသိရသေးဘူး” ဟု Kotaungbo Revolution KTB-R တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြော သည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းမှ အကြမ်းဖက်စစ်သားများသည် ကောလင်းမြို့နယ်အတွင်း သို့ စစ်ကြောင်းထွက်နေစဉ် ကျန်ရှိအကြမ်းဖက်စစ်သားများ အား Kotaungbo Revolution KTB-R အပါအဝင်ဒေသခံ မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၄ နာရီအထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ MI 35 ရဟတ်ယာဉ် နှစ်စင်းဖြင့် လာရောက် တိုက်ခိုက်ခဲ့သဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း Kotaungbo Revolution KTB-R က ပြော ကြားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော အကြမ်းဖက် စစ်သင်္ဘော(၁) စီးကို တဖက်ပွင့်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဗန္ဓုလနှင့်အဖွဲ့သားများထံမှ သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈နာရီ မိနစ် ၃၀ အချိန်ခန့်က စစ်ကိုင်း တိုင်းဒေသကြီး၊ ဆားလင်း ကြီးမြို့နယ်အတွင်းရှိကျေးရွာများအားအကြမ်းဖက်ကာမီးရှိူ့၊သတ်ဖြတ်၍ပြည်သူပိုင်ပစ္စည်းများကို အဓမ္မ ယူဆောင် လာသော စကစ စစ်ကြောင်းအား KUG တပ်ရင်း GYZ တပ်မတော်၊ GYZတပ်ခွဲ(၁) ဗန္ဓုလနှင့် အဖွဲ့သားများ၊ မုံရွာခရိုင်တပ်ရင်း(၁၀)၊ PEREGRINE People Defense Force တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
“သင်္ဘောရောက်လာမယ့်နေရာကို တဖက်ပွင့်ပြောင်းနှစ်နေရာကနေ ချိန်ထားပြီး တိုက်ခဲ့တာ၊ စစ်ခွေး သင်္ဘောကို ထိမှန်တာရှိခဲ့တယ်၊ စကစ ဘက်မှာ ထိခိုက်သေဆုံးမှုရှိတယ်လို့ ကြားတယ်၊ သင်္ဘောကမ်း ကပ်တော့ လူနာ တင်ယာဉ် (၂)စီးနဲ့လာသယ်သွားတယ်လို့တော့ ကြားတယ်၊ ဘာတွေ သယ်သွားလဲ ဆိုတာတော့ အတိအကျမသိရဘူး” ဟု ဗန္ဓုလနှင့်အဖွဲ့သားများ PDF က တာဝန်ရှိသူတစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
အဆိုပါအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို လှည့်လည်မီးရှို့ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး မုံရွာဘက်သို့ ပြန်လာခြင်းခြင်းဖြစ်ကြောင်း၊ မိုင်း ဆွဲတိုက်ခိုက်သည့်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီ သင်္ဘောပေါ်မှ စက်ကလေးဖြင့် ပြန်လည်ပစ်ခတ် မှုရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ ဝန်ကြီး ၂ ဦးနှင့်အတူ IGE ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ၂ ဦး ရုရှား စွမ်းအင် ဖိုရမ် တက်ရောက်ခဲ့၊ ရန်ကုန်တွင် ရုရှား-မြန်မာစက်မှုဇုန် ထူ ထောင် မည်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကောင်စီဝန်ကြီး ၂ ဦးဖြစ်သည့် လျှပ်စစ်ဝန်ကြီး သောင်းဟန်၊ စွမ်းအင် ဝန် ကြီး မျိုးမြင့်ဦးတို့နှင့်အတူ အောင်သောင်းသားများ ပိုင်ဆိုင်သော IGE ကုမ္ပဏီ မှ အမှုဆောင်ဒါရိုက်တာ ၂ ဦးတို့က အောက်တိုဘာလအတွင်း ကျင်းပခဲ့သည့် ရုရှား စွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်သို့ တက်ရောက် ခဲ့ကြ ကြောင်း သိရှိရသည်။
အောက်တိုဘာလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် Russian Energy Week International Forum- ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည် ပြည်ဆိုင်ရာဖိုရမ်တွင် စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီ သောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးမျိုးမြင့်ဦးတို့နှင့်အတူ IGE မှ အမှုဆောင် ဒါရိုက်တာ သဇင် အောင်၊ နှင်းနှင်းအောင်တို့ ပါဝင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါခရီးစဉ်တွင် ရုရှားစွမ်းအင် ဖိုရမ်ကျင်းပရေးကော်မတီဥက္ကဋ္ဌ၏ အတွင်း ရေး မှူးဖြစ်သူ မစ္စတာ အလက်ဇန်းဒါး ရှာတီရော့နှင့် အဖွဲ့ကို အောက်တိုဘာလ ၁၀ ရက်နေ့ ညနေပိုင်းတွင် မော်စကိုမြို့ရှိ Crowne Plaza Hotel တွင် အလွတ် သဘော တွေ့ဆုံဆွေးနွေးပြီး ရုရှား-မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတထံသို့ အပတ်စဉ်အစီရင်ခံ တင်ပြဆောင်ရွက်နေမှုအခြေအနေများ အား ဆွေးနွေးခဲ့ ကြောင်း သိရှိရသည်။
စစ်ကောင်စီက ရုရှားနိုင်ငံမှ အဖွဲ့အစည်းများနှင့် စွမ်းအင်ကဏ္ဍ ကိစ္စများ သာမက လျှပ်စစ်စွမ်းအားကဏ္ဍကိစ္စများကိုပါ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
စွမ်းအင် ဝန်ကြီး ဦးမျိုးမြင့်ဦးမှလည်း ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီးဌာန တာဝန် ရှိသူ များနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံရေးကိစ္စများကို အသေး စိတ် ဆွေးနွေးကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလ ၁၁ ရက်နေ့ ရုရှား-အာဆီယံစီးပွားရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ အီဗန် ပိုလီကော့ဖ်နှင့်တွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံ အကြားစီးပွားရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံတွင် ရုရုား-မြန်မာ ချစ်ကြည်ရေး ပြယုဂ်အနေဖြင့် ပြသနိုင်ရန်အတွက် မြန်မာနိုင်ငံတွင် အရေးပေါ်တုံ့ပြန်ရေး စင်တာ (Emergency Response Center) တည်ထောင်နိုင်ရေး၊ ရန်ကုန် နယ်နိမိတ် ဧရိယာအတွင်း ရုရုားမြန်မာချစ်ကြည်ရေးအတွက် စက်မှုဇုန် တည်ထောင်၍ စက်မှုလုပ်ငန်းများတွင်အသုံးပြုနိုင်မည့် စက်ကိရိယာများ ထုတ် လုပ်သွားနိုင်ရေးကိစ္စများ၊ ရုရှားနိုင်ငံမှ စွမ်းအင်ကဏ္ဍတွင် လုပ်ကိုင် နေ သည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရေနံရှာဖွေတူးဖော်ခြင်း၊ ရေနံချက်စက်ရုံ၊ ဓာတ်မြေဩဇာစက်ရုံများနှင့် ရေနံလုပ်ငန်းသုံးပစ္စည်းများ တင်ပို့ရောင်းချ ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စ ကို မြို့အနီး၊ ကာလုဂါပြည်နယ်တွင် တည်ထားကိုးကွယ်သည့် ရွှေစည်းခုံ ပုံတူ စေတီတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး မွန်းလွဲပိုင်းတွင် သီတဂူ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သည့် ဆရာတော် များကို သွား ရောက် ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ် လှူဒါန်း ပူဇော် ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အောက်တိုဘာလတွင် စစ်ကောင်စီဝန်ကြီး ၂ ဦးနှင့်အတူ ရုရှားသွား ရောက်ခဲ့သည့် IGE ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ နှင်းနှင်းအောင်၊ သဇင်အောင်။ ရုရှားခရီးစဉ်ဓာတ်ပုံများ။
မြောင်မြို့နယ်၊ ဖွားစောကျေးရွာ၊ ဒီပဲယင်းနှင့်ရေဦးရှိ ကျေးရွာများကို စစ်တပ်က ဆက်တိုက် မီးတင်ရှို့ ၊ ပြည်သူများ ထွက်ပြေးနေရပြီး အကူအညီလိုနေ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဖွားစောကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး အကြောင်းမဲ့ မီးဝင်ရှို့သွား သဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ပြောသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မြောင်မြို့နယ်၊ ဖွားစောကျေးရွာကို စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အိမ်များကို မီးတင်ရှို့ကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် မှုကြောင့် ပြည်သူတချို့ သေဆုံးထိခိုက်မှုများရှိသော်လည်း လက်ရှိ အချိန်အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရသဖြင့် အခြေအနေ အသေးစိတ် မသိရှိ ရသေးကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။
"မြောင် ဖွားစာကျေးရွာကို ဝင်ပြီး မီးရှို့တယ်။ လက်နက်ကြီးနဲ့ပစ်တယ်။ နောက် ပြီး ဘေးပတ်ပတ်လည်ကျေးရွာတွေကို လည်း အကုန် လက်နက် ကြီးတွေနဲ့ ပစ်တယ်။ အဲဒါ ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိပါတယ်။ ဒါပေမယ့် အကုန်လုံးက ပြေးနေရတော့ ဘယ်သူတွေ ထိလဲ ဘယ်သူသေလဲ အတိအကျ မသိရသေးပါဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၁ ရက်နေ့ ရေဦးမြို့နယ်၊ ပိဋကတ်ကျရွာ၊ မုတ်စီရွာ၊ ဒီပဲယင်းမြို့နယ်၊ မဲအိုးကျေးရွာ ၊လက်ယက်ကုန်း၊ညောင်ကြီးကုန်း၊ချောင်း ပေါက် ကျေးရွာများကို စစ်တပ်က မီးတင်ရှို့ကြောင်း ၊ ဒီပဲယင်းနှင့်ရေဦး ဘက် တွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို မီးတင်ရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
တန့်ဆည်တွင် စစ်အာဏာရှင် ချေမှုန်းရေး ပြည်သူများက ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့တွင် စစ်အာဏာရှင် ချေမှုန်းရေး ပြည်သူများက ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။
တန့်ဆည်ပင်မသပိတ်စစ်ကြောင်းဦးဆောင်၍ ``လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပါယ် ဒို့တော်လှန်မှရလိမ့်မယ်´´ စာတန်းကို ကိုင်ဆောင်ပြီး စစ်အာဏာရှင်စနစ် ချေမှုန်းရေးချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ရေးနှင့် စစ် တပ် အတွက် ရုရှား လက်နက်ဝယ်ယူမှု များတွင် အောင်သောင်း၏ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်
By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံတွင် ရုရှားနည်းပညာဖြင့် နူကလီးယားဓာတ်အားပေးစက်ရုံ တည် ဆောက်ရေး စီမံကိန်းနှင့် စစ်တပ်အတွက် ရုရှား လက်နက်များ ဝယ်ယူမှု ဆိုင်ရာ ကိစ္စရပ်များတွင် အောင်သောင်း၏ သားများ ပိုင်ဆိုင်သော IGE ကုမ္ပဏီက အဓိကပါဝင်ပတ်သက်နေကြောင်း IGE ကုမ္ပဏီသတင်းရင်းမြစ်နှင့် စစ်တပ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယခင် စစ်ခေါင်းဆောင် သန်းရွှေလက်ထက်တွင် စက်မှု ၁ ဝန်ကြီး ဖြစ်ခဲ့သော အောင်သောင်းတွင် သား ၃ ဦးရှိပြီး စစ်တပ်ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ နေအောင်၊ ပြည်အောင်တို့က IGE ကုမ္ပဏီ အပါအဝင် စီးပွားရေး လုပ်ငန်းများစွာ ထူထောင်ကာ လုပ်ကိုင် နေခြင်းဖြစ်သည်။
IGE ကုမ္ပဏီသည် စစ်တပ်နှင့် သက်ဆိုင်သော စီမံကိန်းများ၊ စွမ်းအင် လုပ်ငန်း များကို အစဉ်အဆက် လုပ်ခွင့်ရရှိခဲ့ပြီး ယခုနောက်ဆုံးတွင် နူကလီးယား ဓာတ်အား ပေးစက်ရုံစီမံကိန်းနှင့် စစ်တပ်အတွက် ရုရှားလက်နက်များ ဝယ် ယူမှုဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ပတ်သက်လာခြင်းဖြစ်ကြောင်း သိရှိရ သည်။
ရုရှားနိုင်ငံတွင် နူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံများကို သွားရောက် လေ့လာခြင်း၊ စွမ်းအင် ဖိုရမ်များ တက်ရောက်ခြင်းနှင့် နူကလီးယားစက်ရုံ စီမံကိန်း တည်ဆောက်ရေး သဘောတူညီ စာချုပ်ရေးထိုးပွဲများတွင် IGE ကုမ္ပဏီမှ တာဝန်ရှိသူများက စစ်ကောင်စီနှင့်အတူ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလအတွင်း ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပခဲ့သည့် Russian Energy Week International Forum- ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည် ပြည်ဆိုင်ရာဖိုရမ်တွင် စစ်ကောင်စီ၏ လျှပ်စစ်စွမ်းအားဝန်ကြီ သောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးမျိုးမြင့်ဦးတို့နှင့်အတူ IGE မှ အမှုဆောင် ဒါရိုက်တာ သဇင် အောင်၊ နှင်းနှင်းအောင်တို့ ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
"လျှပ်စစ်ဝန်ကြီးနဲ့ စွမ်းအင်ဝန်ကြီးတို့ရဲ့ ရုရှားခရီးစဉ်မှာ အောင်သောင်းသား နေအောင်ရဲ့ IGE ကုမ္ပဏီ Executive Director တွေဖြစ်တဲ့ ဒေါ်သဇင်အောင်နဲ့ ဒေါ်နှင်းနှင်းအောင် တက်ပါတယ်။ IGE က အဲဒီ စွမ်းအင် နဲ့ လျှပ်စစ် ဝန် ကြီး ဌာနနှစ်ခုရဲ့ စီမံကိန်းတွေမှာ အကုန်ပါနေတယ်။ IGE က လက် ဝါး ကြီး အုပ် ထားတာ" ဟု ရန်ကုန်ခေတ်သစ်၏ သတင်း ရင်းမြစ်တစ်ခုက ပြောသည်။
အလားတူ နိုဝင်ဘာလတတိယပတ်အတွင်း IGE ကုမ္ပဏီပိုင်ရှင် နေအောင် သည် ရုရှားနိုင်ငံသို့ သွား ရောက်ခဲ့ပြီး နူကလီးယား လျှပ်စစ်ဓာတ် အားပေး စက်ရုံ တည်ဆောက်ရေး ရှေ့ပြေးစီမံကိန်းအတွက် သဘောတူ လက်မှတ် ရေးထိုး မှုတွင်လည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ ရုရှားနိုင်ငံတွင် မြန်မာနိုင်ငံအတွက် နူကလီးယား စွမ်း အင် အားသုံး လျှပ်စစ် ဓာတ် အားပေး စက်ရုံ တည်ဆောက်ရန် စူးစမ်း လေ့ လာ တိုင်းတာမှု ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက် ရေးအတွက် ရုရှား နိုင်ငံ ပိုင် Rosatom ကုမ္ပဏီနှင့်စစ်ကောင်စီ လျှပ်စစ်ဝန်ကြီးဌာနတို့ အကြား တရား ဝင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်း စီမံချက်များတွင် IGE ကုမ္ပဏီက ပါဝင် ပတ် သက်နေကြောင်း သိရှိရသည်။
နိုဝင်ဘာလအတွင်းတွင်ပင် IGE ကုမ္ပဏီပိုင်ရှင် နေအောင်သည် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ရာတွင် နူကလီးယားဓာတ်အားပေး စက်ရုံကိစ္စများတွင်သာမက ရုရှားထုတ် လက်နက်များ ဝယ်ယူရေး ကိစ္စ များတွင်လည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သိရှိရသည်။
ယခုဒီဇင်ဘာလအတွင်း ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့်အဖွဲ့ ခရီးစဉ်၊ ရုရှားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နှင့် အဖွဲ့၏ ခရီးစဉ် များ တွင် လည်း IGE ကုမ္ပဏီက သွားရောက်တွေ့ဆုံခြင်း၊ ဂုဏ် ပြုစားသောက်ဝိုင်း များ ဖြင့် ဧည့်ခံခြင်း၊ အလွတ်သဘောတွေ့ဆုံမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရ သည်။
ရွှေဥက္ကံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ယင်းမာပင်မြို့နယ်တွင် ရွှေဥက္ကံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကလေး၊ တန့်ဆည်နှင့် မြောင်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာလ ၁၁
စစ်ကိုင်းတိုင်း အတွင်းရှိ ကလေးမြို့နယ်၊ တန့်ဆည်မြို့နယ်နှင့် မြောင်မြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ကလေးတွင် မြောက်စည်းရဲစခန်းမှ ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး
============================================
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မြောက်စည်းရွာရဲစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် သား၊ ရဲများကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၆ နာရီခန့်က ခြုံခိုတိုက်ခိုက်ခဲ့ရာ (၃) ဦးသေဆုံးပြီး (၃) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF – KKG ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Chinland Defence Force – Kalay Kabaw Gangaw တပ်ဖွဲ့ဝင်များမှ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် သေဆုံးဒဏ်ရာရသူများနှင့်အတူ စခန်းအတွင်း ပြန်ဆုတ် သွားပြီးနောက် တပ်ကူများနှင့်အတူ ထပ်မံရောက်ရှိလာရာ မိနစ် ၂၀ ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း CDF –KKG မှ ရဲဘော်များ အထိအခိုက်မရှိပဲ အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို အခြေပြုရာဒေသနှင့် လှုပ်ရှားဧရိယာများ၌ တပ်စု၊ တပ်ခွဲ၊ တပ်ရင်းများ အလိုက် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း CDF –KKG ကထုတ်ပြန်ထားသည်။
တန့်ဆည်တွင် ကင်းလှည့်နေသာ စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး
============================================
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဘေရင်းရွာသစ်တွင် ယနေ့ ဒီဇင်ဘာလ ၁၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်ခန့်က ကင်းလှည့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ ကင်းလှည့်နေစဉ် တိုက်မိုင်းမိပြီး (၃)ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်မိုင်းများကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မှ ထောင်ထားခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများ တိုက်မိုင်းနှစ်ကြိမ်မိကာ စစ်သား တစ်ဦး၊ ပျူစောထီး နှစ် ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ ထံမှ သိရသည်။
မြောင်တွင် စစ်တပ် စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
============================================
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း Saw Bwar Gyi MPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဖွားစောရွာ၌ အကြမ်းဖက် စစ်ကောင်စီဝင်များကို တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“Mytel မမတွေနဲ့ ပစ်တာပါဗျ။ ကျွန်တော်တို့အဖွဲ့က ဖောက်ခွဲရေးပါဗျ။ မဟာမိတ်အဖွဲ့တွေက လက် နက်နဲ့ ပစ်တာပါဗျ။ ဖြစ်ဖြစ်ချင်း ၅ ကောင်ထိတယ်။ နှစ်ကောင်သေတယ်ဗျ။ ထိခိုက်မှုရှိတဲ့ ငါးကောင်က ငရဲပြည်ကို ခြေတစ်လှမ်းလှမ်းနေတယ်ဗျ” ဟု Saw Bwar Gyi MPDF အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Saw Bwar Gyi MPDF နှင့် အတူ မြောင်မြို့နယ် ပြည်သူ့ကာကယ်ရေး (CDSOM)၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေး (TGR) ၊ ဗိုလ်မဲဒစ်အထူးပြောက်ကြားတပ်ဖွဲ့၊ Local တပ်ပေါင်းတို့ ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
နေပြည်တော်၊ ဘောဂသီရိကားဝင်း၊ တော်ဝင်ကားဂိတ်တွင် ပါဆယ်ထုပ် အတွင်း လက်ပစ်ဗုံး ၅ လုံးတွေ့ရှိမှုနှင့်ဆက်စပ်၍ သထုံမှ ပျူစောထီး ခေါင်း ဆောင် ညီညီရှိန် နှင့်မိသားစုကို စစ်တပ်က ဖမ်းဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
နေပြည်တော်၊ ဘောဂသီရိကားဝင်း၊ စစ်တပ်ပိုင် တော်ဝင်ကားဂိတ်တွင် ပါဆယ် ထုပ် အတွင်း လက်ပစ်ဗုံး ၅ လုံးတွေ့ရှိရမှုနှင့်ပတ်သက်ပြီး မွန်ပြည် နယ်၊ သထုံမြို့နယ်မှ ပျူစောထီး ခေါင်းဆောင် ညီညီရှိန်နှင့်မိသားစုကို စစ်တပ် က ယနေ့ ဖမ်းဆီးလိုက်ကြောင်း ဒေသပြည်သူများက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန် နေပြည်တော်၊ ဘောဂသီရိကား ဝင်း အတွင်းရှိ တော်ဝင်ကားဂိတ်တွင် ပါဆယ်ပုံးအတွင်း ထည့်သွင်းထားသော လက်ပစ်ဗုံး ၅ လုံးကို တွေ့ရှိရကြောင်း၊ ယင်းလက်ပစ်ဗုံး ၅ လုံးကို သထုံမြို့နယ်၊ နောင်ကလေးကျေးရွာရှိ ပျူစောထီး ခေါင်းဆောင် ညီညီရှိန်ပိုင်ဆိုင်သော ညီညီရှိန် အဝေးပြေးကား ဂိတ်က တင်ပို့လိုက်ခြင်းဖြစ်သည်ကို စစ်ဆေး တွေ့ရှိ ရသဖြင့် ညီညီရှိန်နှင့်မိသားစုကို စစ်တပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရှိရ သည်။
"ညီညီရှိန်ကားဂိတ်က တင်ပေးလိုက်တဲ့ ပါဆယ်ပုံးမှာ လက်ပစ်ဗုံးတွေပါတာ။ အဲဒါကြောင့် ဖမ်းသွားတာ။ အခု နောက်ဆက်တွဲကတော့ ပျူစောထီးတွေ ၊ ပြည်သူ့ စစ်တွေ၊ လေ့ကျင့်ရေး ၉ ထဲက သူတွေပါ အကုန်ဖမ်းခံနေရတယ်။ နေပြည်တော်ကို လက်ပစ်ဗုံးပို့တာ ညီညီရှိန်ကားဂိတ်က ဆိုပြီး ဖမ်းတာပါ။ ပျူတွေလည်း လှုပ်လှုပ်ဖြစ်နေကြတယ်။ အလံတစ်ရာဘုရားမှစုပြီးတော့ သူတို့ခေါင်းဆောင် အဖမ်းခံရတော့။ ပျူနဲ့ စစ်တပ်နဲ့ ပြန်ငြိကုန်တာ" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
လက်ရှိ နေပြည်တော်တွင် ဇန်နဝါရီလ ၄ ရက်နေ့ ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားကျင်းပရန် လုံခြုံရေး တင်းကျပ်ထားသည့်ကြားမှ စစ်တပ်ပိုင် တော်ဝင်ကားဂိတ်တွင် လက်ပစ်ဗုံးများ တွေ့ရှိ၍ စစ်ဗိုလ်ချုပ်များ စိတ်ဆိုး ဒေါသထွက်နေကြသည်ဟု သိရှိရသည်။
ဓာတ်ပုံ- ညီညီရှိန်ကားဂိတ်ပိုင်ရှင် ပြည်သူ့စစ်ခေါင်းဆောင် ညီညီရှိန်။
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကနီတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာလ ၁၁
စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်း "ထုကိုစုစည်း၊ ထုနဲ့တိုက်၊ ထုနဲ့ဖြို၊ ထုနဲ့တည်ဆောက်"စာသားကိုင်ဆောင်ပြီး ကျေးလက်သူပုန်သပိတ်စစ်ကြောင်းသည် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်တော်လှန်ရေး ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ဆန္ဒပြချီတက်ခဲ့ကြသည်။
ရွှေရေကြည် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်၊ နများရွာကို စစ်တပ် ၂ ကြိမ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် နများရွာကို အကြမ်းဖက် စစ်တပ်က ၂ ကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ကြောင်း စစ်ဘေးရှောင်များအရေး ကူညီစောင့်ရှောက်နေသည့် S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၄ ရက်နှင့် ၆ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် နများရွာကို မီးရှို့ဖျက်ဆီးခဲ့ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ပြာကျခဲ့ပြီး ရိက္ခာပစ္စည်းများ၊ အဝတ်အထည်များနှင့် အသုံးအဆောင် ပစ္စည်း အားလုံး မီးထဲပါသွားသောကြောင့် ဘဝ ရပ်တည်ရေးပင် အခက်အခဲဖြစ်နေကြောင်း သိရသည်။
" နေအိမ်က ၄၀၀ လောက်ပါသွားပါတယ်။ ဒါတောင် ဒီနများတစ်ရွာတည်း ရှိသေးတယ်။ စစ်ခွေးတွေက ၂ ကြိမ်ရှို့တာ ၄ ရက်နေ့က တစ်ကြိမ် ၆ ရက်နေ့က တစ်ကြိမ် ဘာမှပြန်မရအောင် ပြာဖြစ်အောင်ကို ရှို့တာ ပြည်သူတွေရဲ့ အခြေအနေက ရှေ့ဆက်ပြီး ဘဝ ရပ်တည်ရေး အတွက်ပါ ခက်ခဲနေပြီ" ဟု S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
လက်ပံတောင်းတောင်ဒေသတွင် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းချီတက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
လက်ပံတောင်းတောင်ဒေသတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းမှ ဦးဆောင်၍ “ လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့ အဓိပ္ပာယ် တို့တော်လှန်မှရလိမ့်မယ် ”
သပိတ်ခေါင်းစဥ်ကို ကိုင်စွဲပြီး ဒီဇင်ဘာ ၁၁ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းချီတက်ခဲ့ကြသည်။
ဓာတ်ပုံ၊ Black Ko
ရန်ကုန်၊ ရွှေပြည်သာတွင် ကျောင်းသား၊ လူငယ်များ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ရန်ကုန်၊ ရွှေပြည်သာတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်)၊ ShwePyiThar Strike Committee (SPTSC) တို့ပူးပေါင်း၍ "စေ့စပ်ရေးအတွေးအခေါ် ဆန့်ကျင်ကြ စစ်သုံးစစ်ကို တိုက်ဖျက်ကြ" စာရွက်ကို YBS ယာဥ်များ ပေါ်တွင်ကပ်၍ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် "မသောက်မိသော မိုးခါးရေ" ဇာတ်ကားကို နိုင်ငံတကာတွင် နောက်ဆုံး ပြသခြင်းနှင့် စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့တွင် "မသောက်မိသော မိုးခါးရေ" ဇာတ်ကားကို နိုင်ငံတကာတွင် နောက်ဆုံးပြသခြင်းနှင့် စစ်ကောင်စီ ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။
ရုပ်ရှင်ပြပွဲအား နံနက်ပိုင်းပွဲစဉ်နှင့် ညနေပိုင်း ပွဲစဉ် များအဖြစ် ပြုလုပ်ခဲ့ကြပြီး တော်လှန်ရေး အထောက်အကူပြု ရံပုံငွေရရှိရန် တီရှပ်အင်္ကျီ များ ရောင်းချခြင်း၊ အစား အသောက်များ ရောင်းချခြင်း ၊ ကံစမ်းမဲ လက်မှတ်များ ရောင်းချခြင်း အစီအစဉ်များ ပါဝင်ခဲ့ကြောင်း၊ ရုပ်ရှင်ပြပွဲသို့ အမေရိကမှ ဗာရာဏသီ သီချင်း အဆိုတော် ကိုဝင်းနိုင်စိုးမှ လာရောက်ဖျော်ဖြေခဲ့ကြောင်း၊ မသောက်မိသော မိုးခါးရေ ရုပ်ရှင် အား ဂျိုဟိုးမြို့တွင် ပြသခြင်းသည် နိုင်ငံတကာတွင် နောက်ဆုံးပြသခြင်းဖြစ်ပြီး နောက်ပိုင်းတွင် အွန်လိုင်းမှာသာ ရောင်းချတော့မည် ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီမှ ပြုလုပ်မည့် ရွေးကောက်ပွဲ အား ဆန့်ကျင်ကြောင်း ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- နေပြည်တော်၊ ဘောဂသီရိကားဝင်း၊ စစ်တပ်ပိုင် တော်ဝင်ကားဂိတ်မှာ ပါဆယ်ထုပ် အတွင်း လက်ပစ် ဗုံး ၅ လုံးတွေ့ရှိရမှု နဲ့ ပတ်သက်ပြီးတော့ မွန်ပြည်နယ်၊ သထုံမြို့နယ်က ပျူစောထီး ခေါင်းဆောင် ညီညီရှိန် နဲ့ မိသားစုကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ဖမ်းဆီးသွား တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
- မန္တလေး၊ သပိတ်ကျင်းမြို့နယ်မှာ စစ်တပ် သတင်းပေး ဒလန် တွေ လိုက်ပါလာတဲ့ သစ်နဲ့ ဝါးဖောင်တွေ ကို PDF တပ်ဖွဲ့တွေက ဖမ်းဆီး အရေးယူခဲ့တယ်လို့ မြို့နယ် ပကဖ အဖွဲ့ဆီကနေ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် ကျေးရွာ ၂ ခုက နေအိမ် ၆၉ လုံး မီးလောင်ပြာကျခဲ့တဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/LQCR5AyjNwM
မြိုင်တွင် စစ်ရာဇဝတ်ကောင်တွေကို လူထုအားနဲ့အပြတ်ရှင်းကြ" ဘန်ဒါကိုင်၍ ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသရဲဘော်များ ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ)နှင့် ဒေသခံပြည်သူလူထုပူးပေါင်းပါဝင်ကာ ယနေ့ ဒီဇင်ဘာလ(၁၂)ရက်နေ့မနက်တွင် "စစ်ရာဇဝတ်ကောင်တွေကို လူထုအားနဲ့အပြတ်ရှင်းကြ" ၊ "မတရားမှုအောက်နေသားမကျစေနဲ့ စစ်ဖိနပ်အောက်ကရုန်းထွက်ကြ" ၊ "သွေးကြွေးမှာဆွေးနွေးစရာမရှိ" စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ် နမ့်ဆန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ TNLA တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေချိန်မှာ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ အကြမ်းဖက်စစ်သားတွေကို လာရောက်ချထားပြီး စစ်အင်အားတိုးချဲ့နေတယ်လို့ TNLA ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း ကလေးမြို့၊ တောင်ဇရပ်ကွက်မှာရှိတဲ့ BMB KTV နဲ့ မာဆပ်မှာ ပျော်ပါးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ အကြီးစားအမာခံ ဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အပါအဝင် (၃)ဦး ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောပါတယ်။
- ပအိုဝ်းပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ပအိုဝ်း အမျိုးသားဖက်ရယ်ကောင်စီ(PNFC)က (၇၃) နှစ်မြောက် ပအိုဝ်းတော်လှန်ရေးနေ့မှာ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/mal1SfUwdmg
ကောလင်းတွင် စစ်တပ်က ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၉ လုံးပြာကျ၊ ကျေးရွာ ၂၃ ခုမှ ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ် ၃ ရက်ဆက်တိုက် စီးနင်းနေပြီး ကျေးရွာ ၂ ခုမှ နေအိမ် ၆၉ လုံး မီးလောင်ပြာပျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာ ၉ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ် ခမရ ၃၆၃၊ ၃၆၉ နှင့် ၃၆၁ မှ စစ်ကြောင်း များသည် ကိုးတောင်ဘို့နှင့် ချပ်သင်းဘက်မှနေ၍ ကောလင်းမြိုနယ်အတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့ ကျောက်ပျဥ်သာတိုက်နယ်သို့ ဒီဇင်ဘာလ ၉ ရက့်နေ့တွင် အကြမ်းဖက် စစ်တပ် စစ် ကြောင်းများ စတင် ဝင်ရောက်လာပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ ဇီးဖြူကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၄၅ လုံးနှင့် လျှော်ဖြူကုန်းရွာမှ ပြည်သူပိုင်နေအိမ် ၂၄ လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ညောင်ကုန်း၊ ပေပင်ချောင်နှင့် ကုက္ကိုကုန်း ရွာတို့ကို ဆက်လက် စီးနင်းမှုများ လုပ်ဆောင်လျက်ရှိပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
"ပြည်သူတွေကတော့ ဘေးလွှတ်ရာမှာ ရှိနေပါတယ်။ ဆေးဝါး အထောက်အပံ့ တော့ လိုအပ်နေတယ်။ ဆောင်းတွင်း အထက်ပိုင်းဖြစ်လို့ စောင် များလည်း လိုအပ်နေပါတယ်" ဟု ဒေသ ပြည်သူ တစ်ဦးက ပြောဆိုသည်။
ကောလင်းမြို့နယ်အတွင်း အင်ပင်သာ၊ ဇီးကုန်း၊ ကသစ်ကုန်း၊ ကပ်ဖလူး၊ ဝါးရုံခုံ၊ ပွဲခံ၊ ထဲထိလျှို၊ စစ်တော၊ ဥဒိသာ၊ အောက်ကျင်း၊ တောင်ဘို့လှ၊ ဇီးဖြူကုန်း၊ သဲကော၊ သုံးတင်တပ်၊ နောကုန်း၊ ချောင်းကွေ့၊ အလယ်ကုန်း၊ ပေပင်ချောင်၊ ကုက္ကိုကုန်း၊ ညောင်ကုန်း၊ လျှော်ဖြူကုန်း၊ ဝါးသီးကုန်း၊ ကညွတ်အင်း (ခံသာတိုက်နယ်) စသည့် ကျေးရွာ ၂၃ ရွာမှ ပြည်သူ ၂၃၀၀၀ ခန့် စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁၁ ရက်နေ့ ရရှိထားသော အချက် အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေ အပ်ပါသည်။
မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုကင်းတိုက်ကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မန္တလေးမြို့၊ နန်တွင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ၏ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ဗဟိုကင်းတိုက်ကို မြို့ပြ ပြောက်ကျားတပ်ဖွဲ့များက နည်းပညာ အသုံးပြုကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်း မန္တလေး၊ နန်းတွင်း၊ တိုင်းစစ်ဌာချုပ် ဗဟို ကင်း ကို မြို့ပြ ပြောက်ကျား တပ်ဖွဲ့များမှ နည်းပညာမြင့် တိုက်ခိုက်ရေး ပစ္စည်း ၃ ခုဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ ထိခိုက် သေဆုံးနိုင်ပြီး အဆောက်အဦးများလည်း ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Generation Z Power - GZP ( Mandalay) ပြည်သူ့ ကာကွယ်ရေး မြို့ပြ ပြောက်ကျား တပ်ဖွဲ့ (မန္တလေး)နှင့် SHAR HTOO WAW နည်းပညာတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ် ကောင် စီက သတင်းမပေါက်ကြားစေရန် ဖမ်းဆီးရှာဖွေမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆားလင်းကြီးတွင် အညာပစ်တိုင်းထောင်လေးများ သပိတ် အင်အားစုမှ PDF ရဲဘော် အောင်ပိုင်စိုး ကျဆုံးခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ညသပိတ်ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများ သပိတ် အင်အားစုက ဒီဇင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ရဲ့ သတ်ဖြတ်ခဲ့သည့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း တပ်ရင်းမှ ရဲဘော် အောင်ပိုင်စိုး ကျဆုံးခြင်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့အညာဒေသမှာ နေ့စဉ်နဲ့ရက်စက်မပြတ် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းများကိုအာဏာသိမ်းစစ်အုပ်စုရဲ့ ရက်ရက်စက်စက်ညှင်းပန်းသတ်ဖြတ်ခံနေရပါတယ်။ဒီလိုမျိုး ကြယ်ပွင့်တွေကြွေတိုင်း ကြေကွဲဝမ်းနည်းရပါတယ်။ရဲဘော်တစ်ယောက်ရဲ့အသက်ကို စစ်ခွေး(၁၀) ကောင်ရဲ့အသက်နဲ့မလဲနိုင်ပါဘူး။တန်ဖိုးရှိတဲ့အသက်တွေကိုနမျောလှပါပီ။တော်လှန်ရေးကြီးအမြန်အောင်မြင်အောင်အားစိုက်ပေးကြဖို့ပြည်သူလူထုကိုတိုက်တွန်းချင်ပါတယ်။ပြည်သူလူထုအနေနဲ့လည်းမြေပြင်မှာတကယ်အလုပ်လုပ်တဲ့အဖွဲ့စည်းတွေကိုလှူပေး၊ကူပေးကြဖို့တောင်းဆိုပါတယ်"ဟု သပိတ် ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။
မြိုင်မြို့နယ် ကျောင်းသား၊ လူငယ်များ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မြိုင်မြို့နယ်တွင် ဗကသ ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများ သမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ် ကော်မတီ (BEGSC-MYAING)နှင့် ဒေသခံ ပြည်သူ လူထုတို့ ပူးပေါင်းကာ ''ပေတရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး"၊ "လူဖြစ်ခြင်းရဲ့ ပြည့်ဝတဲ့အဓိပ္ပါယ် တို့တော်မှန်မှရလိမ့်မယ်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Photo - IRW CJ
KTV ၌ ပျော်ပါးနေသော ဘဏ်မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာအပါအဝင် (၃)ဦးကို ဖမ်းမိ၊ ခုခံထွက် ပြေးသွားသော စစ်သားသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေးမြို့၊ တောင်ဇရပ်ကွက်ရှိ BMB KTV နှင့် မာဆပ်တွင် ပျော်ပါးနေ နေသော အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစားအမာခံ ဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အပါအဝင် (၃)ဦး ကို ယမန်နေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့လည် ၁ နာရီခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ကလေးမြို့ နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးရရှိသူများမှာ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်၊ အငယ်တန်းစာရေး ငြိမ်းခန့်ဇော် နှင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ကြပ် မင်းဇော်ဦးတို့ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခေါ်ဆောင်လာ စဉ် အကြမ်းဖက်တပ်သားမင်းဇော်ဦးမှာ ပြန်လည်ခုခံထွက်ပေးသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
“မြို့ထဲ မစ်ရှင်ဆိုတော့ အမြန်ဖမ်းပြီး ပြန်ထွက်လာတာ၊ မြို့ထဲမှာတော့ စစ်ခွေးတွေ လှုပ်လှုပ်ရွရွ ဖြစ် သွားတယ်၊ သွားဖမ်းတဲ့ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်၊ CDM ဘဏ်ဝန်ထမ်းတွေကတော့ မန်နေဂျာ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဝမ်းသာနေကြတယ်၊ အဲဒီလူက အဂတိလိုက်စားမှုကြီးတယ် လို့ ကြားရတယ်၊ စကစရဲ့ အမာခံကြီးလို့လဲ သိရတယ်” ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့( တောင် ပိုင်း) တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင်များ KTV နှင့်မာဆပ်၌ ရောက်ရှိနေကြောင်း သတင်းအရ PDF Kalay တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရရှိသော တရားခံများကို အမျိုးသား ညီညွတ်ရေး အစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်၏ ညွှန်ကြားချက် အရ ကလေး မြို့နယ်တရားသူကြီးအဖွဲ့သို့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)ဖြင့် တရား စွဲဆို တင်ပို့ နိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတို့နှင့် အ ညီ ထိန်းသိမ်း ထားကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ချင်းတွင်းမြစ် ကမ်းဘေးကျေးရွာများ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို S&C အဖွဲ့က အစားအသောက်များ လှူဒါန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ဒီပဲယင်းမြို့နယ်အတွင်းရှိ စစ်ဘေး ရှောင်ပြည်သူများကို S&C (စစ်ဘေး၊ မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေး) အဖွဲ့မှ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
ကလေးမြို့ ပင်မ သပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး လူထုဟောပြောပွဲများ ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
ကလေးမြို့ ပင်မ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြည်ကြီးတံခွန် သပိတ်အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
မန္တလေးတွင် ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၁
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို "နောက်ဆုံးကျ လက်နက်ဘယ်လောက်အားကိုး အားကိုး ပြည်သူထောက်ခံမှု့မရှိတဲ့စနစ်ဟာ ကျရှုံးရမှာဖြစ်ပါတယ်။ (ဒေါ်အောင်ဆန်းစုကြည်)" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။