ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရွှေနွယ်သွေး လူထု သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက "ခက်ခဲတဲ့ လမ်းကို
လျှောက်နေတဲ့ အခါမှာ တက်ညီလက်ညီ လိုက်ပေးကြပါလို့
ကျမ မေတ္တာရပ်ခံချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်" စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အကြမ်းဖက်စစ်အုပ်စုအတွက် ဝင်ငွေအမြောက်အမြား ရှာဖွေပေးနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို ထောက်ပံ့ကူညီနေတဲ့ အမေရိကန်၊ ဆွစ်ဇာလန်၊ ဂျပန်၊ ယူကေနဲ့ အိုင်ယာလန် ကုမ္ပဏီတွေပါဝင်တဲ့ နိုင်ငံတကာ သဘာဝဓတ်ငွေ့လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ ၂၂ ခု အကြောင်းကို အသေးစိတ်စုံစမ်း စစ်ဆေး ဖော်ထုတ်ထားတဲ့ သတင်းနဲ့ အစီရင်ခံစာတွေကို Justice for Myanmar နဲ့ The Guardian သတင်းစာကြီးက ထုတ်ပြန်ခဲ့ပါသေးတယ်။
ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းမှာ မနေ့ကမနက်ပိုင်းက လက်ဖက်ရည် လာသောက်တဲ့ ဗိုလ်ကြီးဟောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်းနဲ့ အရာတော်မြို့နယ်၊ အမှတ် ၁၀ လေ့ကျင့်ရေးတပ် တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး သေဆုံးပြီး စစ်သား ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
- စစ်ကိုင်းတိုင်း မုံရွာမြို ညောင်ပင်စောက်ရပ်ကွက်က လဝကရုံးမှာ တပ်စွဲထားတဲ့ လုံခြုံရေးစစ်တပ်ကို အလစ် အငိုက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။https://youtu.be/lLzZ3npLiAc
ပခုက္ကူ၊ ပန်းတိုင်ခြုံ ရွာစာသင်ကျောင်းတွင်တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ် သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် အ ကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ကျောက်လှေကားဂိတ်၊ GTC ဂိတ်နှင့် အထည်ချုပ်စက်ရုံတို့ကြားတွင် တည်ရှိပြီး အကြမ်းဖက် စစ်သား ၁၅ ဦးခန့် ဖြင့်တပ်စွဲထားရာ စခန်းကိုသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက် နက် ခဲယမ်းလိုအပ်ချက်ဖြစ်ပေါ်ခဲ့သဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“၁၅ မိနစ်လောက်ပဲကြာတယ်၊ နောက်ထပ် ၁၀ မိနစ်လောက်သာထပ်ပစ်နိုင်ရင် စခန်းကို သိမ်းနိုင်မှာ၊ အဓိကကတော့ ကျည်မလောက်တာရယ်၊ သူတို့စစ် ကူလာတဲ့လမ်းကြောင်းကို မဖြတ်တောက်နိုင်တာ ရယ်ကြောင့်၊ ပြီးတော့ GTC ဂိတ်နဲ့ဆိုရင် လှမ်းခေါ်ရင်တောင်ကြားနိုင်တဲ့နေရာ၊ စစ်ခွေးတွေက ရွာသူ ရွာ သား တွေကို ကင်းစောင့်ခိုင်းတာ၊ ခြိမ်းခြောက်တာတွေရှိတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်ဆင်ရေးတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) များဖြစ်သည့် Pakokku People Defense Force ၊ Earthquake People Defense Force ၊ Young Force – UG ၊ PKU Ranger ၊ Young Force – UG တပ်ခွဲဖြစ်သော Thu Rein တပ်ခွဲ(TR) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အောင်စည်တော် သပိတ် စစ်ကြောင်း ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်၀ါရီ ၁၃
အောင်စည်တော် သပိတ်စစ်ကြောင်းနှင့် အထက ကျတ်ခြံတို့ ပူပေါင်းကာ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ဝက်လက်မြို့နယ် ဒေသခံ ပြည်သူများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ဝက်လက်မြို့နယ် လူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့် ဒေသခံပြည်သူများ ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ ကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်တလန်မြို့နယ်တို့ရှိ CNA တပ်မဟာ ၃ ခုတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် CNA ၊ CDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးကျော်ဒဏ်ရာရရှိကာ သေနတ်အ လက် ၅၀ ကျော်သိမ်းဆည်း ရရှိခဲ့ကြောင်း Chin National Front ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် CNA တပ်မဟာ -၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့်Rezua မြို့အကြား Zotung ဒေသသို့ အကြမ်းဖက်စစ်သား အင်အား ၁၃၀ မှ ၁၅၀ ကြား ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ ရာ CNA ၊ CDF – Matupi ၊ CDF – Zotung ၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့မှ ၆ ရက်တိုင်တိုင် အပြင်းအ ထန်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ ဦး ထက်နည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် CNA တပ်မဟာ ၃ နယ်မြေအတွင်း ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်သား၊ ရဲ ၆ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း အ ကြမ်းဖက် စစ်တပ်မှ ခြေကုပ်ယူထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးများကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ကြောင်း Chin National Front ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက် CNA တပ်မဟာ နယ်မြေ -၄ အတွင်း၌ CNA နှင့် CDF- Hualngoram ရဲဘော်များက ရိက္ခာသယ်ယူနေစဉ် အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ZRA တပ်ဖွဲ့က Laitui ကျေးရွာအနီး ခြုံခို တိုက်ခိုက်ခဲ့ရာ အပြန် အလှန်တိုက်ပွဲဖြစ်ပြီး ZRA ရဲဘော် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးကာ ၂၂ ဦးကျော်ဒဏ်ရာရရှိ ခဲ့ပြီး သေနတ်အလက် ၅၀ ကျော်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ CNA ရဲဘော် ၃ ဦး ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း၊ ဖေဖော် ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဉ်၊ စစ်ရ ဟတ်ယာဉ်များဖြင့် အနည်းဆုံး ၁၀ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဟားခါးမြို့ ဗျူ ဟာ ကုန်းမှလည်း ထန်တ လန်မြို့ဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြည်ထောင်စုနေ့အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဘောလုံးပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး အင်အားပြည့် ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းနှင့် ဒေသတွင်း သပိတ်အင်အားစုများ ပူပေါင်းကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် "စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုအတွက် ရဲရဲတိုက်ပွဲ ဝင်ကြ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး အင်အားပြည့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို ပြောက်ကျား အဖွဲ့က မီးရှို့ တိုက်ခိုက်ခဲ့ပြီး ရုံးတစ်ခုလုံးပြာကျ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးကို Mawlaike ပြောက်ကျား အဖွဲ့က မီးရှို့ တိုက်ခိုက်ခဲ့ ရုံးတစ်ခုလုံး ပြာကျခဲ့ကြောင်း မော်လိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်တွင် မော်လိုက်မြို့၊ မြို့နယ်ပညာရေးမှူးရုံးကို Mawlaike ပြောက်ကျားအဖွဲ့က မီးရှို့တိုက်ခိုက်ခဲ့ပြီး ပညာရေးမှူးရုံး ပြာကျခဲ့ကြောင်း သိရသည်။
" ဒီကနေ့ နံနက်ပိုင်း ၁ နာရီ ၄၀ ခန့်က မီးလောင်တာပါ။ ၂ နာရီလောက်မှာပဲ ပြာကျသွားတယ်။ ကွန်ကလစ်လမ်းပြုပြင်နေတော့ မီးသတ်ကားတွေ အတော်နဲ့ဝင်မရဘူး။ ပြာကျပြီးမှ ပဲဝင်လို့ရသွားတယ်။ စနစ်သစ် Grade 11 တွေက စာမေးပွဲဖြေနေတာ ဒီကနေ့ဆိုပြီးပြီ စနစ်ဟောင်း ၁၀ တန်းတွေ ဖြေမယ့် ဖောင်ကဒ်တွေတော့ အကုန်ပါကုန်တယ်လို့ကြားတယ်။ Mawlaike ပြောက်ကျားအဖွဲ့က ဝင်ရောက် စီးနင်း မီးရှို့ခဲ့တာပါ။ ရုံးအရှေ့ မျက်နှာစာက အုတ်နည်းနည်းနဲ့ အနောက်ဘက်က အုတ်နည်းနည်းပဲကျန်ပြီး အကုန် ပြာကျသွားတယ်" ဟု မော်လိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
မုံရွာမြို့ပေါ် ကျောက္ကာလမ်း ဇလုပ်ဝိုင်းပတ်ရှိ စစ်တပ် ဂိတ်ကို ပစ်ခတ် တိုက်ခိုက်(ရုပ်/သံ)
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် ကျောက္ကာလမ်း ဇလုပ်ဝိုင်းပတ်ရှိ စစ်တပ် ဂိတ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုး အထူးကွန်မန်ဒိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် မုံရွာမြို့ ကျောက္ကာလမ်း ဇလုပ်ဝိုင်းပတ်၌ တပ်စွဲထားသော စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိမှန်ကာ သေခြင်း ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
" စစ်ခွေး ၂ ကောင် ထိတယ်။ သေမသေကတော့ အတည်မပြုနိုင်ခဲ့ဘူး။ ထိမှန်ပြီး လဲကျသွားတာတော့ တွေခဲ့ရပါတယ်။ နိုင်ငံနေရာ အနှံအပြားမှ ပြည်သူများအနေဖြင့် မီးရှို့ခံရပြီး ခက်ခဲနေသော ပြည်သူများ၊ နီးစပ်ရာ ပြည်သူကာကွယ်ရေးများကို တော်လှန်ရေးကြီးအချိန်တိုတိုအတွင်းအောင်မြင်အောင် ကူညီကြပါအုံးလို့လည်း အားနာစွာ နှိုးဆော်အပ်ပါတယ်" ဟု မုံရွာနတ်ဆိုး အထူးကွန်မန်ဒိုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာနတ်ဆိုး အထူးကွန်မန်ဒိုအဖွဲ့ ၊ နတ်ဆိုးတပ်ရင်း တပ်ခွဲ ၃ ကနောင်မင်းသားကြီး၊ နတ်ဆိုးတပ်ရင်း တပ်ခွဲ ၄ နောင်ရိုးတပ်ခွဲနှင့် မုံရွာမြို့နယ် ပလဖ မှညီကိုများ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရွှေဘို၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၆၀၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောက်မြင့်ရွာကို သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တင့်တယ်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
"ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကျောက်မြင့်ရွာက အရင်းဆုံး မီးရှို့ခံရတာ နံနက်အစောပိုင်းလောက်မှာ ရွာကို စစ်ခွေးတွေက ဝင်စီးပြီး ၈ နာရီလောက်မှာ စရှို့တယ် နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျသွားတယ်။ မွန်းလွဲ ၁၂ နာရီလောက်မှာ တင့်တယ်ရွာကို ဝင်ရောက်စီးနင်းပြီး ၁ နာရီလောက်မှာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်။ အဲ့ ၂ ရွာပြီးတော့ ကျားရွာကို ထပ်ရှို့တာပဲ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
စစ်တပ်က ပြည်သူတွေကို ဖိနှိပ်သတ်ဖြတ်နေချိန် အမေရိကန် ကုန်သည်အသင်းနဲ့ အပေါင်းအပါတွေက ရန်ကုန်မှာ ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပဖို့ စီစဥ်နေမှု ဝေဖန်ခံရ
By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံရှိ အမေရိကန်ကုန်သည်ကြီးများ အသင်း(AmCham) ဟာ ရန်ကုန်မြို့မှာ မကြာမီရက်ပိုင်းအတွင်း ဂေါက်သီးရိုက်ပြိုင်ပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ ရန်ကုန်မြို့ ပန်းလှိုင်ဂေါက်ကွင်းမှာ ကျင်းမှာမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham) နဲ့အတူ မြန်မာ ဟောင်ကောင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MHKCCI)၊ မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူအသင်း (SAM) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအသင်း (TBAM) တို့က ဦးဆောင်ကျင်းပမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာ အစားအသောက်၊ စိုက်ပျိုးရေး၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ဆေးရွက်ကြီး သမဂ္ဂနှင့် မဟာမိတ် အလုပ်သမားများအသင်း (IUF) ကြီးကတော့ နိုင်ငံရဲ့အာဏာကို တရားမဝင် အင်အားသုံး လုယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီကို ပြည်သူတွေက နည်းပေါင်းစုံနဲ့ အခုလိုတော်လှန်နေချိန်မှာ ဒီဂေါက်သီးရိုက်ပြိုင်ပွဲကို ဦးဆောင်ကျင်းပတဲ့ အမေရိကန် ကုန်သည်ကြီးများအသင်းနဲ့ သူ့အပေါင်းအဖော် အဖွဲ့ဝင်တွေကို ကန့်ကွက်ရှုတ်ချတယ် လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
“ဒီလုပ်ရပ်ဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်အတိုင်း ပြန်လည်လည်ပတ် လုပ်ကိုင်နေကြောင်း” အထင်အရှား သက်သေထူလိုတဲ့ လုပ်ရပ်သဖွယ်ဖြစ်နေပြီး၊ အဖိနှိပ်ခံ မြန်မာပြည်သူတွေရဲ့ လွတ်လပ်ရေးနဲ့ လူ့အခွင့်အရေးတို့အပေါ် ညှာတာမှု ကင်းမဲ့တဲ့၊ မထောက်ထား မစာနာတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ခရိုနီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဂေါက်သီးရိုက်ပွဲ ပြန်လည်ကျင်းပခြင်းဟာ နိုင်ငံတကာ စီးပွားရေး အသိုင်းအဝိုင်းအနေနဲ့ ပြစ်ဒဏ်ပေးခံရခြင်းကနေ လွတ်မြောက်နေတဲ့ အပြစ်သား (စစ်အုပ်စု) တွေနဲ့ နောက်တစ်ကြိမ် ထပ်မံပူးပေါင်း လုပ်ကိုင်နေကြောင်းကို ညွှန်ပြနေတဲ့ အချက်လည်း ဖြစ်ပါတယ်” လို့ IUF က သူတို့ရဲ့ website မှာ ရေးသားဖော်ပြထားပါတယ်။
ကိုကာကိုလာ၊ ပန်ပစိဖိတ်(Pan Pacific)၊ Park Royal နှင့် The Pizza ကုမ္ပဏီတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပမဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲအတွက် ငွေကြေးမဟုတ်သော ပစ္စည်းနဲ့ ပူးတွဲထောက်ပံ့တဲ့ အလှူရှင်ကုမ္ပဏီများအဖြစ် ဖော်ပြထားပါတယ်။
အဆိုပါ အလှူရှင်ကုမ္ပဏီတွေရဲ့ လိုဂိုအမှတ်တံဆိပ်တွေကို ဖေဖော်ဝါရီ ၈ ရက်မှာ AmCham ရဲ့ဝဘ်ဆိုဒ်မှ ဖယ်ရှားခဲ့ပြီးဖြစ်ပေမဲ့၊ (လူမှုကွန်ရက် စာမျက်နှာထက်ရှိ) ပြိုင်ပွဲပေ့ချ် စာမျက်နှာမှာတော့ ဆက်လက်ပြသထားဆဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အခြားစပွန်ဆာတွေထဲမှာ Luther ဥပဒေကုမ္ပဏီ၊ RMA အုပ်စု၊ ဂရမ်းရိုင်ရယ် (Grand Royal)၊ ရိုးမဘဏ် (Yoma Bank) နဲ့ M Tower စတဲ့အဖွဲ့အစည်းတွေလည်း ပါဝင်နေပါတယ်။
တရားမဝင် စစ်အာဏာသိမ်းမှု၏ အကျိုးဆက်အဖြစ် အခုလို တိုင်းပြည်က မငြိမ်မသက်ဖြစ်ပြီး ပြည်သူများ ခက်ခဲစွာ ရုန်းကန်နေရချိန်မှာ ညစာအပါအဝင် ပါဝင်ခွင့် လက်မှတ်တစောင်ကို နိုင်ငံခြားကုန်သည်ကြီးများ အသင်းဝင်အတွက် မြန်မာကျပ်ငွေ ၂၅၀,၀၀၀ နဲ့ အသင်းဝင်မဟုတ်သူများအတွက် မြန်မာကျပ်ငွေ ၃၀၀,၀၀၀ အထိကုန်ကျမှာဖြစ်တဲ့ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ရှုတ်ချမှုတွေကလည်း ထွက်ပေါ်လို့ လာနေပါတယ်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice For Myanmar က စစ်ထောက်ချုပ်ရုံးပိုင် မြေပေါ်မှာ ငှားရမ်းတည်ဆောက်ထားပြီး မြန်မာစစ်တပ်ကို အခွန်ဘဏ္ဍာငွေတွေ ပေးဆောင်နေတဲ့ ရန်ကုန် LOTTE ဟော်တယ်ဟာ ဒီပြိုင်ပွဲကို စပွန်ဆာပေး ထောက်ပံ့သူအနေနဲ့ ပါဝင်နေတဲ့အပေါ် ထောက်ပြဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်ကို ငွေကြေးထောက်ပံ့နေပြီး စစ်တပ်ရဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါ ပါဝင်ပတ်သက်စေတဲ့ စီးပွားရေးလုပ်ငန်းတွေကို အားပေးမြှင့်တင်ပေးနေတဲ့ နိုင်ငံခြား ကုန်သည်ကြီးများ အသင်းတွေရဲ့ လုပ်ရပ်ဟာ ရှက်ဖွယ်လိလိပါပဲ လို့လည်း JFM က ဝေဖန်ပြောဆိုခဲ့ပါတယ်။
မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတဦးကတော့ အခုလို နိုင်ငံခြား ကုန်သည်ကြီးအသင်းတွေရဲ့ လုပ်ရပ်အပါဝင် မြန်မာအကြမ်းဖက် စစ်အုပ်စု ပိုင်ဆိုင်ထားတဲ့ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ နိုင်ငံတကာကုမ္ပဏီတွေ ဆက်လက်လုပ်ကိုင်နေနိုင်တာဟာ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် လို့ ဆိုပါတယ်။
"ပြည်သူတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေတဲ့ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို တကယ်ပဲ ရပ်တန့်စေချင်ရင်တော့ အနောက်နိုင်ငံတွေအနေနဲ့ ရှေ့နောက် မညီတဲ့ လုပ်ရပ်တွေကို ရပ်တန့်ပြီး၊ ဒီထက်ပိုပြီး ပြတ်သားတဲ့ ထိရောက်တဲ့ ပစ်မှတ်ထား ပိတ်ဆို့မှုတွေကို အမြန်ဆုံး ချမှတ်ပေးရမှာပါ။ အထူးသဖြင့် MOGE လို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းအမည်ခံ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းမျိုးကိုပေါ့" လို့
ကလေးမြို့တွင် လက်ဖက်ရည်သွားသောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဗိုလ်ကြီးဟောင်း ငွေဇင် မသာ အသုဘ ယနေ့ ချမည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တွင် လက်ဖက်ရည်သွားသောက်စဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားသော ဗိုလ်ကြီးဟောင်း ငွေဇင် မသာ အသုဘ ယနေ့ ချမည်ဖြစ် ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၉ နာရီဝန်းကျင် ကလေးမြို့ပေါ် ၊ တောင်သာရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် လက်ဖက်ရည်လာသောက်သည့် စစ်မှု ထမ်းဟောင်း ဗိုလ်ကြီးဟောင်း ငွေဇင် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း၊ ဗိုလ်ကြီးဟောင်း ငွေဇင်သည် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်ကြောင်း ၊ အသက် ၅၃ နှစ်အရွယ်ရှိပြီး ၎င်းထံမှ သေနတ် ၁ လက်၊ ကျည်ကာဝတ်စုံ၊ ခဲယမ်းများ၊ ကား ၁ စီးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိကြောင်း သိရှိရသည်။
ဗိုလ်ကြီးဟောင်း ငွေဇင်သည် ၂၀၁၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ တွင် စစ်တပ်က သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနသို့ ဦးစီးအရာရှိ အဖြစ် ပြောင်းရွှေ့စေခဲ့သော စစ်တပ် အရာရှိ ၁၀ ဦးအနက်မှ ၁ ဦးအပါ အဝင် ဖြစ်သည်။
"သူက ဦးစီးအရာရှိ အဖြစ် သယံ ဇာတ နှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကို မိုးကျရွှေကိုယ်ထဲမှာပါတယ်။ ဒီနေ့ အသုဘချမယ်လို့သိရတယ်။ ကလေးမြို့မှာပဲ ချမယ်လို့ ကြားရပါတယ်" ဟု ဝန်ထမ်းအသိုင်းအ၀ိုင်းမှ သတင်းရင်းမြစ်က ပြောသည်။
ယင်းမာပင် မြောက်ခြမ်း သပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ယင်းမာပင်မြောက်ခြမ်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဝိုင်းမော်တွင် စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို KIA တပ်က ဖမ်းဆီး၊ အသေးစိတ် မကြာမီ ထုတ်ပြန်မည်ဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆံဒုံး-ကန်ပိုက်တီးလမ်းပိုင်းတွင် စစ်တပ် ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို KIA တပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီခန့်အချိန် ဝိုင်းမော်မြို့နယ်တွင် စစ်တပ်နှင့် အကျိုးတူလုပ်ကိုင်နေသော ရွှေတူးဖော်ရေးလုပ်ငန်းရှင်များကို စစ်ကောင်စီ၏ ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့က သွားရောက်တွေ့ဆုံပြီး ရွှေလုပ်ကွက်များကို စစ်ဆေးခဲ့ကြောင်း၊ ယင်းနောက် အိမ်စီးကားဖြင့် တိတ် တခိုးပြန်လာစဉ် ကချင်လွတ်မြောက်ရေးတပ်မတော် KIA က လမ်းမှ စောင့်ဆိုင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ခလရ ၃၈၉ တပ်မှ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ကို KIA တပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီးနောက် ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်ကြောင်းကို KIA တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများစွာဖြင့် ပြန်ဆုတ်သွားကြောင်း သိရသည်။
"ခလရ ၃၈၉ ဒုတပ်ရင်းမှူးနဲ့ အဖွဲ့ကို အိမ်စီးကား တစ်စီး အပြည့်ပဲ ဖမ်းဆီးလိုက်တယ်။ လက်နက်ကော လူတွေကော ဖမ်းမိတာ။ အသေးစိတ်တော့ ထပ် ပြောပေးပါ့မယ်။ ဖမ်းမိတာကတော့ အတည်ပြုနိုင်ပြီ" ဟု KIA တပ်ဘက်က ပြောသည်။
ဓာတ်ပုံ- ကချင်ပြည်နယ်၊ ပူတာအိုရှိ KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တချို့။
ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
အရာတော်တွင် ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပုလဲတွင် စစ်တပ် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံး၊ ရွှေဘိုတွင် ပျူစောထီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် ကင်းပုန်းကို ဗုံးခွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးကြောင်း ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပုလဲမြို့ပေါ်၌ ကင်းပုန်းဝပ်ရန် ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးကြောင်း သိရသည်။
"ကင်းပုန်းစောင့်ဖို့ အတွက် စစ်ခွေးကောင်တွေ ထွက်လာတာကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ၄ ကောင် သေဆုံးပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်များအတွက် သွေးကြွေးပြန်ဆပ်တာပါ။ စစ်ခွေး ၇ ကောင် ထွက်လာကို မိုင်းဆွဲ တိုက်ခိုက်တာ ၄ ကောင် သေတယ်။ ရဲဘော်များမှာ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်" ဟု ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ပျူစောထီး ၁ ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ညောင်းကိုင်း ပျူစောထီးရွာတွင် နေထိုင်သည့် ပျူစောထီး မျိုးလှိုင်သည် ညောင်းကိုင်းပျူရွာမှ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဇီးဖြူးကုန်းရွာ သို့ သွားရောက်စဥ် ဂျိုးမြေဇင်းရွာ အရောက်၌ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ထောင်ထားသည့် နင်းမိုင်း နင်းမိကာ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်ကျားရိုင်း - ရွှေဘို( LPDF ) အဖွဲ့ ၊ ဗိုလ်ဂျပန်ကြီး(T.T.T)- SHWEBO LPDF အဖွဲ့၊ တောင်သူကြီး-ရွှေဘို (LPDF) အဖွဲ့၊မတစ်ထောင်(တစ်ကောင်ဘွား)-ဒီပဲယင်းအဖွဲ့နှင့် တိုက်နယ်-၂ မဟာမိတ်ညီကိုများ ထောင်ထားသည် နင်းမိုင်းမိ၍ သေဆုံးခဲ့ခြင်းကြောင်း ဗိုလ်ကျားရိုင်း-ရွှေဘို(LPDF)အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံရွာစာသင်ကျောင်းတွင်တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်၊ စစ်သား ၃ ဦးအပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံရွာရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ် သားများကို ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ရာ စစ် သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လည် ၂ နာရီခန့်တွင် အ ကြမ်းဖက်စစ်သားများ တပ်စွဲထားရာ ကျောက်လှေကားဂိတ်၊ GTC ဂိတ်နှင့် အထည်ချုပ်စက်ရုံတို့ကြားတွင် တည်ရှိပြီး အကြမ်းဖက် စစ်သား ၁၅ ဦးခန့် ဖြင့်တပ်စွဲထားသော စစ် သားများကို စခန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းလိုအပ်ချက်ဖြစ်ပေါ်ခဲ့သဖြင့် စခန်းသိမ်းနိုင်ခြင်းမရှိပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“၁၅ မိနစ်လောက်ပဲကြာတယ်၊ နောက်ထပ် ၁၀ မိနစ်လောက်သာထပ်ပစ်နိုင်ရင် စခန်းကို သိမ်းနိုင်မှာ၊ အဓိကကတော့ ကျည်မလောက်တာရယ်၊ သူတို့စစ်ကူလာတဲ့လမ်းကြောင်းကို မဖြတ်တောက်နိုင်တာ ရယ်ကြောင့်၊ ပြီးတော့ GTC ဂိတ်နဲ့ဆိုရင် လှမ်းခေါ်ရင်တောင်ကြားနိုင်တဲ့နေရာ၊ စစ်ခွေးတွေက ရွာသူရွာသားတွေကို ကင်းစောင့်ခိုင်းတာ၊ ခြိမ်းခြောက်တာတွေရှိတယ်” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များဖြစ်သည့် Pakokku People Defence Force ၊ Earthquake People Defence Force ၊ Young Force – UG ၊ PKU Ranger ၊ Young Force – UG တပ်ခွဲဖြစ်သော Thu Rein တပ်ခွဲ(TR) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်တပ်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အရာတော်တွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
အရာတော်မြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် အထကခွဲ ကဲဘာ ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ဦးဆောင်ကာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ အင်းစိန်နှင့်မြောက်ဒဂုံတွင် ယနေ့ည ဗုံးများပေါက်ကွဲ၊ တောင်ဒဂုံတွင် ကြံ့ဖွတ်အမာခံနှင့် ရွေးကောက်ပွဲ အတွက််မဲစာရင်း ဦးဆောင်ကောက်သူ ရာအိမ်မှူး ပစ်ခတ်ခံရ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်း၊ အင်းစိန်နှင့်မြောက်ဒဂုံမြို့နယ်တို့တွင် ယနေ့ ညပိုင်း ဗုံးများပေါက်ကွဲကြောင်း ရန်ကုန်မြို့ နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ ၂၃ မိနစ်အချိန် အင်းစိန်ပန်းခြံအနီးတွင် ဗုံးတစ်လုံး ပေါက်ကွဲပြီး အသံကျယ်လောင်ကာ ပေါက်ကွဲအားပြင်းထန်ကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
"ဒီည ၈ နာရီ ၂၃ မိနစ်အချိန် အင်းစိန် ပန်းခြံဘက်မှာ အုန်း ဆိုတဲ့အသံနဲ့ ဗုံးပေါက်တာ။ အသံကလည်း အရမ်းကျယ်တဲ့အပြင် အိမ်တွေပါတုန်သွားတယ်" ဟု အင်းစိန်ပန်းခြံအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ ၁၆ မိနစ်အချိန် ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ပေါက်ကွဲသံ တစ်ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများက ဆိုသည်။
"ည ၈ နာရီကျော်ရင် အတော်များများက အပြင်မထွက်ကြတော့ ပေါက်ကွဲသံတော့ကြားမိတယ်။ ဘယ်နေရာပေါက်လဲ ဘာလဲ ညာလဲဆိုတာတော့ မစပ်စုတော့ဘူး။ ဗုံးပေါက်သံကတော့ နားယဉ်နေပြီ" ဟု မြောက်ဒဂုံ ၇/၈ လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ပြောသည်။
ထို့ပြင် ယနေ့ ညနေပိုင်း ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် ၂၂ရပ်ကွက်၊ မြတ်လေး ၈ လမ်းထိပ်တွင် ကြံ့ဖွတ်အမာခံနှင့် ရွေးကောက်ပွဲ အတွက််မဲစာရင်း ဦးဆောင်ကောက်သူ ရာအိမ်မှူး ဟန်စိုးထွန်း ပစ်ခတ်ခံရကြောင်း သိရှိရသည်။
"ညနေ ရာအိမ်မှူး အပစ်ခံရလို့ဆိုပြီး ခွေးတွေတော့ ရှုပ်ယှက်ခတ်နေတာပဲ။ တောင်ဒဂုံဘက်မှာ စစ်ဆေးတာတွေရှိတယ်။ သေသလား ရှင်သလားမသိပါဘူး။ အပစ်ခံရတာနဲ့ သေနတ်သံကြားရတာတော့ဟုတ်ပါတယ်" ဟု တောင်ဒဂုံမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၀ ကိုဗစ်ကာလ ကင်းလှည့်နေကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo- AFP
မုံရွာ-အမြင့်လမ်း ပင်မ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
မုံရွာ-အမြင့်လမ်း ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
သပိတ်စစ်ကြောင်းကို မုံရွာလူထု သပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ရဲဘော်များ လာရောက် ပူးပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲများ ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။
ဝက်လက်ဒေသတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဒေသခံ ပြည်သူများနှင့် ကာကွယ်ရေး တပ်ဖွဲ့များ ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ဝက်လက်မြို့နယ်တွင် ပြည်ထောင်စုနေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး "ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့" ခေါင်းစဥ်ဖြင့် ဒေသခံ ပြည်သူများနှင့် ကာကွယ်ရေး တပ်ဖွဲ့များ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် တော်လှန်လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
ဘုရားသုံးဆူမြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။