စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့် အကြမ်း ဖက်စစ်တပ်က စက်သုံးဆီ လုပ်ငန်းရှင်များကို အစည်းအဝေး ခေါ်ယူ
ရန်ကုန်၊ ဇူလိုင် ၂၀
အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာဝင်ငွေရလမ်း နည်းလာနေသည့် အကြမ်းဖက်စစ်တပ်က စက်သုံးဆီ လုပ်ငန်းရှင်များကို ဇူလိုင်လ ၂၂ ရက်နေ့တွင် အထူးအစည်းအဝေး ခေါ်ယူထားကြောင်း သိရှိရသည်။
အမေရိကန်ပြည်ထောင်စုက စစ်ကောင်စီလက်အောက်ရှိ နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နှင့် MICB ဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ လိုက်ပြီးနောက် စက်သုံးဆီ တင်သွင်းမှုလုပ်ငန်းများကိုပါ ထိခိုက်လာသဖြင့် စစ်ကောင်စီက ဘဏ်ပြောင်း၍ ဒေါ်လာငွေစာရင်းများ ဖွင့်လှစ်ခြင်း အပါအဝင် စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှားရန် ကြိုးပမ်းလျက်ရှိ ကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ ဖိတ်ကြားစာတွင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ အစီအမံများနှင့်စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ ရုံးအမှတ်(၆)၊ ရတနာခန်းမ၌ ၂၀၂၃ ခုနစ် ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီ အစည်းအဝေး ခေါ်ယူပြီး မပျက်မကွက် တက်ရောက် ဖိတ်ကြားခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက ဒေါ်လာဝင်ငွေမရှိတော့ခြင်းနှင့် စီးပွားရေးပိတ်ဆို့မှုများကြောင့် စက်သုံးဆီများကို အကြီးအကျယ် လျှော့ချတင်သွင်းခြင်း၊ ဒေါ်လာစျေးကစားသူများကို ဖမ်းဆီးခြင်းတို့ လုပ်ဆောင်လျက်ရှိပြီး များမကြာမီ စက်သုံးဆီ ဝယ်ယူရောင်းချခွင့်များကို ကန့်သတ်ခြင်းများ လုပ်ဆောင်လာနိုင်ကြောင်း သိရှိရသည်။
(၄) မျက်စိလှည့်ဖို့လုပ်နေတဲ့ စကစကတော့ အခုချိန်မှာ သူတို့ရဲ့ ဝါဒဖြန့်ချိရေးယန္တရားကြီးတစ်ခုလုံးကိုသုံးပြီး ဒါကို ဆက်ဖြန့်နေသလို မကွေးနယ်တွေမှာဆိုရင် ကာလရောင်စုံနဲ့ ပုံနှိပ်ထားတဲ့ ဒီသတင်းကို လူတွေဆီ ဆက်ဖြန့်နေတာတွေ့ရတယ်။ Khaldon Azhari ရဲ့ ထွင်လုံးအတိုင်း NUG နဲ့ PDF ကို ဒေါ်အောင်ဆန်းစုကြည်က ဆန့်ကျင်တယ် ဆိုတဲ့ သတင်းကိုနယ်တွေမှာ ဖြန့်နေတယ်။
အနှစ်ချုပ်ရရင်တော့ ဒွန်ဟာ စစ်အုပ်ချုပ်သူတွေရဲ့ လှည့်ကွက်ထဲက ရူးကြောင်ကြောင် ဇာတ်ကောင်တစ်ယောက်နေရာက ဝင်သရုပ်ဆောင်သွားတာပဲဖြစ်တယ်။ ဇာတ်ကွက်အသစ်နဲ့ လှည့်စားပေမယ့် စကစအတွက် ဘာမှတော့ အဖတ်မတင်ပါဘူး။ ဒီအကွက်ကနေ စကစအတွက် အသုံးဝင်တဲ့ အာရုံလွှဲနိုင်တာ နည်းနည်းပါးပါးဖြစ်သွားရုံကလွဲလို့ အရာထင်မှာ မဟုတ်ပါဘူး။ ဒီလိုနောက်ထပ်အကွက်တွေလည်း လာနိုင်ပါသေးတယ်။
နွေဦးတော်လှန်ရေးကနေ ရတဲ့ သင်ခန်းစာတစ်ခုပါပဲ။ သူတို့ရာဇဝတ်မှုပဲဖြစ်ဖြစ်၊ လှည့်ကွက်တွေပဲဖြစ်ဖြစ်၊ အဂတိလိုက်စားတာတွေကိုပဲဖြစ်ဖြစ် စစ်တပ်ရဲ့ လုပ်ရပ် တစ်ခုခုကို တုံ့ပြန်တော့မယ် ဆိုရင် သူတို့လုပ်တဲ့ အကွက်ကို နင်းပြီး နောက်မှ စာတွေ လိုက်ထုတ်တာက တော်လှန်ရေးကို ထိခိုက်သွားနိုင်တာတွေကို တားဆီးဖို့လုပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် သိပ်တော့ မထိရောက်လှဘူး။
သူတို့အကွက်နဲ့ လူတွေကို လှည့်စားတာခံလိုက်ရတာထက် တော်လှန်ရေးဘက်ကသာ သူတို့ကို အံ့သြသွားတဲ့ အကွက်တွေ ပြဖို့ ပိုဖန်တီးကြရပါမယ်။ တော်လှန်ရေးဘက်က ဆက်သွယ်ပြောဆိုမှုတွေဟာ မဟာဗျူဟာကျကျ ချက်ကျလက်ကျ အချက်အလက်တွေ ဖြန့်ချီနေရမှာက အခြေခံ လုပ်နေကြရမယ့်အရာတွေဖြစ်ပါတယ်။ သူတို့ဖြန့်သလောက်မှာ ကျွန်တော်တို့ ဝင်ရောက်စီးမျောနေရတာထက်စာရင် တော်လှန်ရေးဘက်က ထွက်လာသလောက် သတင်းစကားတွေကိုပဲ သူတို့ဘက်က လိုက်တုံ့ပြန်နေရတဲ့ အခြေအနေကို ဖန်တီးကြဖို့ပါ။
ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၂၀
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ မေ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရှမ်းပြည်နယ်မှာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး သံတမန်ယာဉ်တန်း တိုက်ခိုက် ခံရမှုကို အာဆီယံခေါင်းဆောင်တွေ အားလုံးက ရှုတ်ချလိုက်ပြီး ၊ စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာဆောင်ရွက် ဖို့ အရှေ့တောင် အာရှ နိုင်ငံခေါင်းဆောင်တွေကနေ တောင်းဆိုလိုက်ကြပါတယ်။
- သြစတြေးလျနိုင်ငံမှာ သြစတြေးလျ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေး နဲ့ ကုန်သွယ်ရေးရာ လွှတ်တော် ပူးပေါင်း ကော်မတီရဲ့ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်တွေ နဲ့ NUG အစိုးရ လူ့ အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
- မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် က ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံက အပြည့်အ၀ လုပ်ပိုင် ခွင့်ရထားသလို ၊အဲ့ဒီ့လို သားဖြစ်သူ လုပ်ပိုင်ခွင့်ရထားတဲ့ အပန်းဖြေစခန်း စည်ကားအောင်ဆိုပြီး အဖေဖြစ်သူ အကြမ်းဖက် မင်းအောင်လှိုင်က ဖိအားပေးကြီးကြပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။https://youtu.be/tLd-I04iidc
ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Fighter Brotherhood Guerilla Army ထံမှ သိရသည်။
မေလ ၈ ရက် ည ၉ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ပျူစောထီးအင်အားအများအပြားဖြင့် တပ်စွဲထား သော ဘန့်ဘွေး(ပျူ)စောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ တာဝေးပစ်လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီးစခန်းအတွင်း ကျရောက်ပေါက်ကွဲပြီး သေဆုံးထိခိုက်မှုရှိနိုင် ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်-ဆားလင်းကြီ လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစုဝင်များ ဖြစ်ကြ သော ကျွန်ုပ်တို့ Fighter Brotherhood Guerrilla Army ၊ Eagle Defense Force(EDF) ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Salingyi Border Task Force၊ BED ငညို ပြည် သူ့ကာကွယ်ရေးတပ် ၊ Golden Star Force ၊ နယ်စည်းမခြား ဇာမဏီပြောက်ကျား၊ မဲမှောင် ပျောက် ကြား၊ တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ်၊ တောကျီးကန်း နှင့် အခြားမဟာမိတ်များ ဖြစ်ကြသော Infinite Revolution Force နှင့် ဝင်္ကပါပြောက်ကျားတပ်တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းမာပင်-ဆားလင်းကြီ လက်နက်ကြီး မဟာမိတ် တပ်ပေါင်းစု အနေဖြင့် စစ်ရေးအရှိန်မြှင့် တိုက်ခိုက် နေပြီး အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် ပြည်သူ့မျက်နှာမူသော မည်သည့်အဖွဲ့နှင့်မဆို ပူးပေါင်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီပေးကြပါရန် Fighter Brotherhood Guerrilla Army -FBGA တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံး
ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင်ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက သိမ်းပိုက်ရန် ပြုလုပ်စဥ် နံနက် ၆ နာရီခန့်တွင် ရွှေဘိုမြို့နယ် သလုံးပျူရွာ၊ တည်သီးတောရွာ၊ နှမစားရစ်ရွာ မှ စစ်သားနှင့် ပျူစောထီးများ တပ်ကူရောက်ရှိ လာသောကြောင့် ဇီးဖြူကုန်းပျူရွာကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
" တိုက်ပွဲကြာချိန်က ၂ နာရီကျော်လောက်ရှိတယ်။ စစ်သားနဲ့ ပျူစောထီး ၂၀ ဦး ထက်မနည်းသေဆုံးပြီး ပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့ပါတယ်။ စခန်းကို မသိမ်းနိုင်ခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။ မဟာမိတ် ညီနောင်ဘက်က ရဲဘော် ၄ ဦး ထိခိုက် ဒဏ်ရာရရှိပေမယ့် မစိုးရိမ်ရဘူး။ ပြည်သူများ အနေနဲ့ အခုလိုမျိုး စခန်းတိုက်ပွဲများ ဆက်တိုက် ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်တဲ့ အားလေးနဲ့ ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်း ဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ဒေါင်းလုလင် LPDF၊ spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံသို့ ကော့သောင်း နယ်စပ်မှ ရေလမ်းဖြင့် ဝင်လာသည့် မြန်မာ အလုပ်သမား ၂၄ ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ မေ ၁၀
ထိုင်းနိုင်ငံထဲသို့ ကော့သောင်း နယ်စပ်မှ ရေလမ်းခရီးဖြင့် နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမား ၂၄ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီး အရေးယူခဲ့ကြောင်း ထိုင်းစစ်တပ်၏ အမှတ် ၂၅ ခြေလျင်တပ်ရင်း အထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မေလ ၉ ရက်နေ့ ညပိုင်းတွင် မြန်မာ အလုပ်သမား ၁၄ ဦး ကို ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ မြန်မာ အလုပ်သမားများသည် ပွဲစားခ တစ်ဦးလျှင် ထိုင်း ဘတ်ငွေ ၃၀၀၀၀ ပေးခဲ့ရကြောင်း၊ ထိုင်းနိုင်ငံ ဖူးခက်မြို့နှင့် မလေးရှားနိုင်ငံတို့တွင် သွားရောက် အလုပ်လုပ်ကိုင်မည့် သူများဖြစ်ကြောင်း၊ မြန်မာ အလုပ်သမား ၁၄ ဦးသည် စက်လှေငယ်ဖြင့် ဝင်ရောက် လာခြင်းဖြစ်ပြီး ထိုင်းစစ်တပ်က ဖမ်းဆီးစစ်ဆေးချိန်တွင် စက်လှေမောင်းသူမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၇ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းခရိုင်တွင် ကော့သောင်းမှတစ်ဆင့် ဝင်ရောက်လာသူများ အပါအဝင် မြန်မာ အလုပ်သမား ၁၀ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။
ထိုင်းစစ်တပ်သည် မြန်မာ အလုပ်သမား ၂၄ ဦးကို ရဲစခန်းသို့ ခေါ်ဆောင် သွားကာ ဥပဒေ အရ ဆက်လက် တရားစွဲ ဆိုရန် ပြင်ဆင်နေပြီး အမှတ် ၂၅ ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။
ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူ များပြား(ရုပ်/သံ)
ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင်ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်တပ် စခန်းကို PDF တပ်ဖွဲ့များက သိမ်းပိုက်ရန် ပြုလုပ်စဥ် နံနက် ၆ နာရီခန့်တွင် ရွှေဘိုမြို့နယ် သလုံးပျူရွာ၊ တည်သီးတောရွာ၊ နှမစားရစ်ရွာ မှ စစ်သားနှင့် ပျူစောထီးများ တပ်ကူရောက်ရှိ လာသောကြောင့် ဇီးဖြူကုန်းပျူရွာကို သိမ်းပိုက်နိုင်ခြင်းမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
" တိုက်ပွဲကြာချိန်က ၂ နာရီကျော်လောက်ရှိတယ်။ စစ်သားနဲ့ ပျူစောထီး ၂၀ ဦး ထက်မနည်းသေဆုံးပြီး ပစ္စည်းအချို့ သိမ်းဆည်း ရရှိခဲ့ပါတယ်။ စခန်းကို မသိမ်းနိုင်ခဲ့ပေမယ့် အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်။ မဟာမိတ် ညီနောင်ဘက်က ရဲဘော် ၄ ဦး ထိခိုက် ဒဏ်ရာရရှိပေမယ့် မစိုးရိမ်ရဘူး။ ပြည်သူများ အနေနဲ့ အခုလိုမျိုး စခန်းတိုက်ပွဲများ ဆက်တိုက် ဖော်ဆောင်နိုင်ဖို့ အတွက် နိုင်တဲ့ အားလေးနဲ့ ဝိုင်းဝန်း ထောက်ပံ့ ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်" ဟု KLG PDF ကျောက်လုံးကြီးမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ KLG PDF ကျောက်လုံးကြီး၊ ဒီပဲယင်း ဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ဒေါင်းလုလင် LPDF၊ spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ် ညီနောင်များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ မေ ၁၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းဆွေးနွေးမှုဟာ နေပူထဲမှာ ရေခဲ ပန်းပု ထုနေသလို အရာမထင် ဖြစ်နေတဲ့အပြင် ၊ အရေးယူမယ့် ယန္တရား မရှိသ၍ မည်သည့် ထိရောက်မှုမှ မရှိနိုင်ဘူးလို့ ဦးမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း၊ ကလေးမြို့က ကလေးတက္ကသိုလ် အပါအဝင် အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ခိုင်ကမ်းမြို့ ရဲစခန်း နဲ့ ကလေးတက္ကသိုလ်မုခ်ဦးအနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေ အနေနဲ့ မေလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ကစပြီး၊ ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးကြဖို့ Chin land Defense Force- Siyin အဖွဲ့ကနေ သတိ ပေးချက် ထုတ်ပြန်ထားပါတယ်။
- မြန်မာနိုင်ငံအောက်ပိုင်းဒေသက အကျဉ်းထောင်တစ်ခုမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီးတော့ သူတို့ရဲ့ မိသားစုဝင်တွေ ပေးပို့တဲ့ ထောင်ဝင်စာ မုန့်ဖို့းတွေကို စုပြီး ရိက္ခာတွေနဲ့တကွ တော်လှန်ရေးအဖွဲ့တွေ ဆီကို ပေးပို့ထောက်ပံ့ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။https://youtu.be/himfTHIGyqQ
ချောင်းဦးတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်ရရှိ
ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူစောထီး ၅ ဦးသေဆုံးပြီး သေနတ် ၁ လက် နက် နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦး PDF ၏ထုတ်ပြန်ချက်နှင့် ချောင်းဦးဆရာတော်၏ မိန့်ဆိုချက်အရ သိရသည်။
ယမန်နေ့ မေလ ၉ ရက် နံနက် ၆ နာရီခွဲခန့်က ချောင်းဦးမြို့နယ်၊ မေဃဝန်ကျောင်းတိုက်၌ တပ်စွဲထား သော အကြမ်းဖက်စစ်သားများ ဈေးဝယ်ထွက်လာစဉ် ချောင်းဦးမြိုနယ်၊ ပကဖ ဦးစီးသော CHUPDF တပ်ခွဲ ၂ မှ ရဲဘော်များက စောင့်ကြိုတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ပွိုင့် ၃၀ လက်မ ကာဘိုင်သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၄ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
အလားတူ မေလ ၉ ရက် ညနေ ၄ နာရီခွဲခန့်တွင် ချောင်းဦးမြို့နှင့် အောင်ချမ်းသာကျေးရွာကြားသို့ မိုင်း ရှင်းရန် အင်အား ၃၀ ခန့်ဖြင့် ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်သားများကို ချောင်းဦးမြို့ ဘောလုံး ကွင်းအနီးအရောက် ပဒေသာမိုင်း ၃ လုံးတွဲ (၃) ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆ ၊ ချောင်းဦးမြိုနယ် ပကဖ ဦးစီးပြီး Chaung U People Defence Force (CHUPDF) တပ်ခွဲ ၄ (မိုင်းတပ်ခွဲ) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ဖြစ်သည်ဟု ဆိုသည်။
ထို့အတူ မေလ ၉ ရက် ညနေ ၅ နာရီခွဲတွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအထိုင်စခန်းမှ အင်အား ၂၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို ငါးယှန်ကျေးရွာ အနောက် အရောက် ပဒေသာ မိုင်း ၂ လုံးတွဲ ၂ ပွိုင့်ဖြင့်လည်းကောင်း၊ ည ၈ နာရီ မိနစ် ၂၀ တွင် ကင်းပုန်းဝပ်ရန်ထွက်လာသော အကြမ်းဖက် စစ်သား ၁၀ ဦးခန့်ကို ငါးယှန်ကျေးရွာနှင့် သန်းပင်ကန်ကျေးရွာကြားတွင် ၂ လုံးတွဲ မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး သံပြားကာ ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း ၆ ၊ ချောင်းဦးမြိုနယ် ပကဖ ဦးစီး Chaung U People Defense Force (CHUPDF) တပ်ခွဲ (၆) ပူးပေါင်း တပ်ဖွဲ့ဝင် (၇)ဦးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြင်ဦးလွင်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ လုပ်ပိုင် ခွင့်ရ၊ သားဖြစ်သူ လုပ်ခွင့်ရသည့် အပန်းဖြေစခန်းကို စည်ကားရေး မင်းအောင်လှိုင်က ဖိအားပေး
ရန်ကုန်၊ မေ ၁၀
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS) ကို မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက အပြည့်အ၀ လုပ်ပိုင် ခွင့်ရထားပြီး သားဖြစ်သူ လုပ်ပိုင်ခွင့်ရသည့် အပန်းဖြေစခန်း စည်ကား ရေး အဖေဖြစ်သူ မင်းအောင်လှိုင်က ဖိအားပေးကြီးကြပ်လျက်ရှိကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်က ပြင်ဦးလွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်း (BE.FALLS)ကို နိုင်ငံတကာ အဆင့်မီ အပန်းဖြေ စခန်းတစ်ခုအဖြစ် အဆင့်မြှင့်တင်မည်ဟုဆိုကာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောင်ရွက်ကြောင်း၊ ယင်းနောက် ယင်းအပန်းဖြေစခန်း လုပ်ပိုင်ခွင့်များကို အောင်ပြည့်စုံ၏ ကုမ္ပဏီထံသို့ အပြည့်အ၀ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။
" အပန်းဖြေစခန်းကို သူ့သားကို လုပ်ခွင့်ပေးတယ်။ သူ့သားကမှ တစ်ဆင့် ကုမ္ပဏီ တွေကို ကန်ထရိုက်ပြန်ချပြီး ခွဲပေးတယ်လို့ သိထားပါတယ်။ ဒီနှစ်သင်္ကြန်ကာလတုန်းက မင်းအောင်လှိုင်က အဲဒီပွဲကောက်ရေတံခွန်း အပန်းဖြေစခန်းကို သွားပြီး စည်ကားရေး အမြန်လုပ်ဖို့။ လုပ်ငန်းခွင် တည်ဆောက်ရေးတွေ အမြန်လုပ်ပြီး လက်စသတ်ဖို့ သွားစစ်တယ်။ သားက လုပ်ပိုင်ခွင့်ရတယ်။ အဖေက စည်ကားဖို့ လုပ်တယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
ပြင်ဦးလွင်တွင် စစ်တပ် ကင်ဆာကုဆေးရုံကိုလည်း မင်းအောင်လှိုင်၏သား ဖြစ်သူ အောင်ပြည့်စုံ၏ ဆောက်လုပရေး ကုမ္ပဏီကို ချထားပေး ဆောက်လုပ်စေခဲ့ပြီး ယင်းလုပ်ငန်းခွင်ကို မင်းအောင်လှိုင်က သွားရောက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်။
လက်ရှိ မင်းအောင်လှိုင်သား လုပ်ပိုင်ခွင့်ရရှိထားသော ပြင်ဦးလွင် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းတွင် အဆင့်မြင့်ခေတ်မီ 5D LED DIGITAL မှန်တံတား၊ ခေတ်မီ ကလေးကစားကွင်း၊ Jumping Cloud ၊ ကြိုးတံတား၊ အလှသစ်လုံးအိမ်၊ တောတွင်းလျှောက်လမ်း၊ အမှတ်တရ အလှဓာတ်ပုံရိုက်ကူး ရန်နေရာများ၊ အဆင့်မြင့်ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များ၊ ဒေသထွက်ပစ္စည်း အရောင်းဆိုင်များနှင့် ဒေသထွက် အစားအစာ စားသောက်ဆိုင်များ စီစဉ်ထားသည့်အပြင် ဆင်လိမ္မာလေးများ၏ အလှပြကစားမှုများ၊ တေးဂီတ (Unplugged)ဖျော်ဖြေရေး အစီအစဉ်များကို စီစဉ်ထားရှိကြောင်း၊ အပန်းဖြေစခန်းအတွင်း လှည့်လည်ကြည့်ရှု အပန်းဖြေရာတွင် Buggy ယာဉ်ငယ်များဖြင့်လည်း လှည့်လည်ကြည့်ရှု အပန်းဖြေသည့် အစီအစဉ်များ ထည့်သွင်းထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယခုနှစ်သင်္ကြန်ကာလ သားဖြစ်သူ လုပ်ပိုင်ခွင့်ပေးထားသော ပွဲကောက် ရေတံခွန် အပန်းဖြေစခန်းကို သွားရောက် စစ်ဆေးနေသည့် အကြမ်း ဖက် မင်းအောင်လှိုင်။
ပုသိမ်လေတပ်မှ တိုက်လေယာဉ် တစ်စီး တက်သွား၊ ကရင်ပြည်နယ်နှင့်ကယားပြည်နယ်ဘက်တွင် လေယာဉ် အထူးသတိပြုရန်လိုအပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ဧရာ၀တီတိုင်း၊ ပုသိမ်လေတပ်မှ တိုက်လေယာဉ် တစ်စီး တက်သွားပြီး ကရင် ပြည်နယ်နှင့်ကယား ပြည်နယ်ဘက်တွင် လေယာဉ် အထူးသတိပြုရန်လိုအပ်ကြောင်း ဒေသပြည်သူများက ပြောသည်။
ယနေ့ ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ပုသိမ်လေတပ်မှ တိုက်လေယာဉ် ၁ စီး တက်သွားပြီး ကရင်ပြည်နယ်နှင့်ကယားပြည်နယ်ဘက်သို့ ပျံသန်းသွားသဖြင့် ပြည်သူများ အထူးသတိပြုကြရန် လေယာဉ်ကင်းထောက်ပြည်သူများက ပြောဆိုကြသည်။
KNU တပ်မဟာ ၃ နယ်မြေရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထမင်းစားနေသည့် မိသားစု ကျည်ထိမှန်ပြီး မိခင်ဖြစ်သူ သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်း၊ KNU တပ်မဟာ ၃ နယ်မြေရှိ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့၍ ထမင်း စားနေသည့် မိသားစု တစ်စု ကျည်ထိမှန်ကာ မိခင်ဖြစ်သူမှာ နေရာတွင်သေဆုံးခဲ့ကြောင်း KNU ၏ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ခလယ်လွီထူခရိုင် တပ်မဟာ ၃၊ မူးမြို့နယ်၊ တုံးတောကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်၏ ခမရ-၅၉၉ မှ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၇နာရီအချိန်၌ တုံးတောမှ ကျွန်းတောကျေးရွာတွင်းသို့ လက်နက်ကြီး ၁၂၀ မမ ဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး မိခင်ဖြစ်သူမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၃၈နှစ်အရွယ်ရှိ မိခင် မမြင့်မြင့်ဆန်းမှာ နေရာတွင် သေဆုံးခဲ့ပြီး အသက် ၁၂နှစ်အရွယ် သမီးဖြစ်သူ မနှင်းမြတ်မွန်မှာ ညာဘက်ခြေထောက် ပြင်းထန် ဒဏ်ရာရရှိခဲ့ကာ အသက် ၅နှစ်အရွယ်ရှိ သားဖြစ်သူ မောင်ရန်လင်းထက်မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သူ မောင်ရန်လင်းထက်မှာ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရပြီး ညာဘက်ခြေထောက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသည့် ကလေးသူငယ် ၂ဦးကို ဖြူးဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသပေးနေရကြောင်း သိရသည်။
ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံတွင် ဆေးကုသခံယူနေသည့် ကလေးသူငယ် ၂ဦးအား ဆေးကုသရန်နှင့် ရှေ့ဆက်စားဝတ်နေရေးအတွက် အခက်အခဲ များစွာရှိနေကြောင်း ပြောဆိုသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီတပ်၏ ခမရ-၃၅၁မှ သစ်ချဆိပ်ကျေးရွာတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၎င်းကျေးရွာနေ နော်ထဲနေထူး၏ ပေါ်သို့ ကျရောက်ပေါက်ကွဲ၍ နေအိမ်ရှိပစ္စည်းများအားလုံး မီးလောင်ကျွမ်းခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။
အလားတူ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် နတ်သံကွင်း-ကျောက်ကြီးကားလမ်း ပေါ်ရှိ ဆိတ်ကြီးတွင် ဂိတ်ချထားသော စစ်ကောင်စီတပ်၏ ခလရ-၆၀ မှ နိုတောတာကျေးရွာရှိ ညီအစ်ကိုနှစ်ဦးကို ဖမ်ဆီးခဲ့သည်။
ဖမ်းဆီးခံရသည့် ညီအစ်ကိုနှစ်ဦးမှာ မြို့ပေါ်သို့ ဖုန်းဝယ်ရန်အတွက် ဆိတ်ကြီးတွင် စစ်ဆေးခံရပြီး စောပီးပီ၏ဖုန်းတွင် ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲသည့် လက်နက်ကြီးအပိုင်းအစများကို ပါရှိသည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများသည် အသက် ၃၆နှစ်အရွယ်ရှိ စောပီးလီးနှင့် အသက် ၂၈နှစ်အရွယ်ရှိ စောပီးပီတို့ဖြစ်ကြပြီး လက်ရှိအချိန်ထိ ၎င်းတို့မှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း KNU ဗဟိုက ထုတ်ပြန် သည်။
မြင်းခြံ၊ လေးရွာဆုံရွာ ပျူစောထီး ခေါင်းဆောင် ဝင်းစိုး ပစ်ခတ်ခံရပြီး သေဆုံး၊ ဝက်လက်တွင် စစ်တပ်နှင့်ပျူစောထီး စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ပျူစောထီး ခေါင်းဆောင် ဝင်းစိုး ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Natogyi Regional Defense Force-NRDF အဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ ပျူစောထီးခေါင်းဆောင် ဝင်းစိုး၏ ယာခင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။
သေဆုံးသူ ဝင်းစိုးသည် သားဖြစ်သူ ဗိုလ်ကြီး အရှိန်အဝါဖြင့် စစ်တပ်ကို ခေါ်ကာ ကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်မှုများ လုပ်ဆောင်သူဖြစ်ကြောင်း၊ ဝင်းစိုးထံမှ လက်ပစ်ဗုံး ၁ လုံး၊ ဂျင်ကလိများနှင့် လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြိုနယ်၊ ဟန်လင်းကျေးရွာရှိ စစ်တပ်နှင့်ပျူစောထီးများ များကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း BLACK WOLF - PDFမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ (ဖေဖော်ဝါရီ၂၀ရက်) ည ၈နာရီကျော်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ဆင်ရေးရဲဘော်များ ထိခိုက်မှုမရှိဘဲ စစ်အုပ်စု ၏ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း၊ ဖေဖော်ဝါရီ ၁ရက်က တိုက်ပွဲတွင် ကျဆုံးခဲ့သည့် တပ်စုမှူး ပိုင်လေး ၊ ရဲဘော်ခန့်သီဟ ၊ ရဲဘော်ဝင်းစိုး တိုအတွက် လက်တုံပြန်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း BLACK WOLF - PDFမှာ တာဝန်ရှိသူ၏ အဆိုအရ သိရှိရသည်။
ဓာတ်ပုံ- မြင်းခြံလေးရွာဆုံရွာ ပျူစောထီး ခေါင်းဆောင် ဝင်းစိုး သေဆုံးပြီး လက်ပစ်ဗုံးနှင့်လေးခွများ သိမ်းဆည်းရမိစဉ်။
ရန်ကုန်တိုင်းမြောက်ဥက္ကလာ ၆ ကွေ့တွင် ပစ်ခတ်မှုဖြစ်ပြီး စမ်းချောင်းမြို့နယ်တွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
▪️ အင်းစိန်ပေါက်တော၀မီးပွိုင့် ၊ လှိုင်သာယာ နှင့် ဗဟန်း ဗိုလ်စိန်မှန် ရပ်ကွက်ရုံးတို့တွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများဖြစ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပ ၆ ကွေ့ တွင် ယနေ့ မွန်းလွဲပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် အရပ်ဝတ်စစ်သားများ လိုက်ပါသော Toyota Wish ကား မြောက်ဥက္ကလာပ ၆ ကွေ့ မီးပွိုင့်တွင် Toyota လင့်ခရူဆာ အဖြူရောင် ကားကို သေနတ်ဖြင့် ၄ ချက်ပစ်ပြီး ယာဉ် မောင်းကို ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရှိရသည်။
"စစ်ခွေးကား Toyota Wish အမည်းရောင်ကားပေါ်က ခွေး၄ကောင် အရပ်ဝတ်နဲ့ဆင်းလာပြီး Toyota လန်ခရူဆာ အဖြူရောင်ကားကို ၆ ကွေ့ မီးပွိုင့်မိနေတုန်း ကားထဲကဆင်းခိုင်းပြီး ခွေးတွေက သေနတ်နဲ့ချိန်ပြီး ဟေ့ကောင်ဆင်း ဟေ့ကောင်ဆင်း ဆိုပြီးပြောပြီး ခွေးက သေနတ်နဲ့စပစ်ပါတယ် စုစုပေါင်း၄ချက်ပစ်တယ် ပစ်စတိုနဲ့။ မြောက်ဥက္ကလာပ ၆ ကွေ့ မီးပွိုင့်မှာ ပွိုင့်မိနေတုန်းပါ။ လင့်ခရူဆာက မောင်းပြေးတယ်။ မိ၊ မမိတော့ မသိဘူး" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။
အလားတူ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီတွင် စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း လင်းလွန်းတောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး မျိုးမြင့်နိုင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
"သေသလား ရှင်သလားတော့မသိရသေးဘူး။ အုပ်ကြီကး မျိုးမြင့်နိုင်တော့ သေနတ်ပစ်ခံရတယ်။ မီးရထားလိုင်းခန်းမှာနေတာ။ သေဖို့များတယ်လည်းပြောတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် လှိုင်သာယာမြို့နယ်၊ ၁ ထိပ် တွင် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် အင်းစိန်၊ မုဒိမ်တာ အိမ်ရာ ၂ ဝင်းထဲမှာ ဆိုင်ကယ် ကယ်ရီသမားအား လုံးကို ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ပြောသည်။
ထို့အတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၄နာရီ ၃၃မိနစ် အင်းစိန် မြို့နယ် အင်းစိန်ထောင်အနီး ပေါက်တောဝ မီးပွိုင့်ရှိ ဘန်ကာကို URF အဖွဲ့၏ နည်းပညာကူညီမှုဖြင့် MUPDFအဖွဲ့က အဝေးထိန်း မိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း MUPDF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီခွဲအချိန် ရန်ကုန်တိုင်း ၊ ဗဟန်းမြိုနယ် ၊ ဗိုလ်စိန်မှန်ရပ်ကွက် ဗိုလ်စိန်မှန်အုပ်ချုပ်ရေးမှူးရုံးကို Freeland Attack Force -FLA နှင့် Emerald Girls Army (EGA) မဟာမိတ်အဖွဲတို့က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံး တွင် ရပ်ထားသည့် စစ်ကားတစ်စင်း။(ပုံအဟောင်းဖြစ်သည်။)
ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား
ရန်ကုန်၊ ဇူလိုင် ၂၀
ပဲခူးတိုင်း၊ ကျောက်တံတားမြို့ရှိ နံဇကျေးရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ၍ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွားကြောင်း KNU Brigade 3 – Amary 9 – 1035 မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ ၂၃ မိနစ်တွင် အကြမ်းဖက် စစ်တပ်မှ အင်အား ၁၅၀ ခန့်ဖြင့် နံဇရွာကို ဝင်ရောက် စီးနင်းပြီး နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ငွေကျပ် ၃၈ သိန်း၊ ဖုန်း ၁၁ လုံးကို ခိုးယူသွားပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။
“ ပြည်သူ ၁၇ ယောက် ရဲစခန်းမှာ ဖမ်းထားတယ်။ အမည်တွေတော့ မသိရသေးပါဘူး။ နံဇ အိမ်ခြေ ၂၀၀ ကျော် ရှိတယ်“ ဟု KNU Brigade 3 – Amary 9 – 1035 မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်သည်လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်နေသည့်အတွက် ကျောက်တံခါးမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၇ ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ၄၅၇၂ ဦးအထိ ရှိလာပြီဖြစ်ကြောင်း KNU Brigade 3 – Amary 9 – 1035 ထံမှ သိရှိရသည်။
စစ်ကောင်စီရဲ့ ထွင်လုံးမှာ အရူးကွက်နဲ့ ဝင်အသုံးတော်ခံသူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်
By အီဂေါဗလာဇီဗစ်
တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာပြီဆိုတော့ တလောက ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ လျှပ်တစ်ပျက် နေပြည်တော်ကို လာရောက်ခဲ့တဲ့ အုတ်အုတ်ကျက်ကျက်သတင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ဘဲနဲ့ တွေ့တယ် ဆိုခဲ့တဲ့ အစည်းအဝေးနဲ့ ပတ်သက်လို့ ပြန်ပြီး အဘက်ဘက်က ခြေရာကောက်သုံးသပ်နိုင်ပါပြီ။ ကျွန်တော်ဆက်မပြောခင်မှာ လိုတာလေးတစ်ခုဖြည့်ပြောထားပါရစေ။ အရေးကြီးလို့ပါ။
“ အဲဒီ တွေ့တယ် ဆိုတဲ့ ကိစ္စကို တွေ့တယ်လို့ကို မသုံးဖို့ပါပဲ။ တွေ့တယ်လို့ ကျွန်တော်တို့က သုံးလိုက်တာနဲ့ သူတို့အကွက်ထဲ ဝင်သွားပြီး သူတို့ ဖြစ်စေချင်တဲ့ သတင်းစကားကို ဖြန့်ပေးသလို ဖြစ်သွားမှာပါ။ “မတွေ့တဲ့ ကိစ္စ”လို့ပဲ ခေါ်ကြရအောင်ပါ။ ဘာ့ကြောင့်လဲဆိုတော့ဘာတွေဖြစ်ခဲ့တယ်၊ ဘာတွေ ပြောခဲ့တယ် ဆိုတာကို ကျွန်တော်တို့မှာရှင်းရှင်းလင်းလင်းသိနိုင်တဲ့ အထောက်အထားဘာမှ မရှိပါဘူး။ သူတို့ အများပြည်သူကို ချပြသလို မီဒီယာတွေမှာ တင်ပြနေသလို ဟုတ်မဟုတ် ဘယ်သူမှ မပြောနိုင်ပါဘူး။
ဘာအကြံအစည်လဲ၊ သူတို့ပြောနေသလို အဟုတ်ရော ဖြစ်ပျက်ခဲ့သလားဆိုတာ မသိရပါဘူး။ မသေချာတဲ့ကိစ္စတွေ အများကြီးထဲမှာ သေချာနေတာက သူတို့ရဲ့ အမြတ်ထုတ်ချင်တဲ့ အကွက်တွေပါ။ ဒီလို ထွင်လုံးဟာ တကယ်ဖြစ်ခဲ့တာနဲ့ တက်တက်စင်အောင်လည်းလွဲနိုင်တာမို့ သူတို့ပြောစေချင်တာကို လိုက်မပြောဘဲ ရှောင်တာ ပိုကောင်းပါတယ်။
အဲဒီ မတွေ့ခဲ့ကြတဲ့ ကိစ္စမှာ ကျွန်တော်တို့ အနှစ်ချုပ်သုံးသပ်နိုင်တာက ဒွန်အနေနဲ့ စကစရဲ့ အလိုတော်ရိအဖြစ် အသုံးတော်ခံသွားခဲ့ပြီး စကစ ဒါရိုက်တာလုပ်တဲ့ ဇာတ်လမ်းထဲ မှာ သူတို့ကစေချင်တဲ့ ဇာတ်ကွက်အတိုင်း ဝင်ကပေးသွားတယ် ဆိုတာပါပဲ။ တခြားလူသတ်သမားတွေလိုပဲ သူတို့လည်း မထူးပါဘူး။ အရည်အချင်းက ဗလာနတ္ထိ၊ ဘာတန်ဖိုးမှ မရှိကြပေမယ့် သူတို့မှာ ရာဇဝတ်မှုမြောက်လောက်အောင် လူတွေကို လှည့်စားတတ်တဲ့ ဉာဉ်တွေတော့ ရှိကြတယ်။
စစ်တပ်ဘက်က ကြည့်ရင်တော့ ဒွန်မြန်မာပြည်ကိုလာတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ “ မတွေ့ဆုံခြင်း” ကိစ္စဖြစ်သွားတာက ခေါင်းကြီးသတင်းတစ်ပုဒ်ပေါ့။ သူတို့အတွက် အလုပ်ဖြစ်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပေါ့။
(၁) အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး မတိုင်ခင်မှာ လူလိမ် မြန်မာစစ်ခေါင်းဆောင်တွေဟာ ဇာတ်လမ်းထွင်ပြီး နိုင်ငံတကာ မီဒီယာတွေရဲ့ အာရုံကို ရအောင်ယူလိုက်တာပါ။ ဒွန်နဲ့ ဒေါ်အောင်ဆန်းစုကြည့် မတွေ့ကြတဲ့ကိစ္စကို စင်ပေါ် ပို့လိုက်ခြင်းအားဖြင့် သူတို့ကို အာဆီယံ အစည်းအဝေးမှာ တက်ခွင့်မပေးထားတာ၊ အဆင့်မြင့်အစည်းအဝေးတွေကနေ ပ ထုတ်ထားတာ၊ လက်ရှိ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေကို နိုင်ငံတကာက ပစ်တင်ရှုတ်ချနေတာ၊ အာဆီယံရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်တွေကို ဘာမှ လိုက်နာအကောင်အထည်ဖော်ခြင်းမရှိဘဲနဲ့ ပြောင်နေတာ၊ အစရှိတာတွေကနေ အာရုံလွှဲလို့ရအောင် လုပ်လိုက်ပါတယ်။
(၂) အာဆီယံ အဖွဲ့အချင်းချင်းကြားထဲမှာ ဟုတ်လိမ့်နိုးနိုးတွေ ဖြစ်အောင်၊ မြန်မာနဲ့ပတ်သက်လို့ စိတ်ဝမ်းကွဲအောင် လုပ်ခဲ့ကြခြင်းအားဖြင့် မြန်မာနဲ့ ပတ်သက်လို့ အာဆီယံက ဘယ်လိုမူနဲ့ ဆက်သွားသင့်တယ် ဆိုတာကို ဝေဝါးသွားစေတယ်။ မတွေ့ကြတဲ့ကိစ္စဟာ တကယ်တော့ ဘာမှ အာဆီယံက မလုပ်နေတာကိုပြတာပါ။
စကစ ဘက်ကနေကြည့်ရင်တော့ ဒါဟာ စိတ်ကျေနပ်စရာ အခြေအနေပါ။ စစ်တပ်ဟာ အာဆီယံကို ဘာမှ ဝင်မလုပ်လေ ပိုကြိုက်လေပါ။ သူတို့အတွက် ပြည်သူတွေအပေါ်မှာ ရက်စက်တဲ့ စစ်ကိုဆင်နွှဲဖို့ အချိန်ပိုပြီး ယူလို့ရမယ်။ သံခင်းတမန်ခင်းကိစ္စမှာ စစ်တပ်နဲ့ ပလဲပနံသင့်တဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ထိုင်းအစရှိသူတွေရဲ့ အသံတွေနဲ့ချည်းဖုံးထားလိုက်ခြင်းအားဖြင့် တခြားလူတွေ ဝင်လာလို့မရအောင် လုပ်နိုင်သွားပါတယ်။
စစ်တပ်က ခုချိန်မှာ လိုအပ်နေတာဟာ အာဆီယံက ဘာမှ မလုပ်ကြဖို့ပါ။ အာဆီယံက ဘာမှ ဝင်မလုပ်ဘဲ ထိုင်စောင့်နေလေပိုကြိုက်လေပါပဲ။ အချင်းချင်းကွဲမြဲ ကွဲနေကြဖို့ စိတ်မပြတ်မသား တွေဝေမြဲ တွေဝေနေကြဖို့၊ ဘယ်ဆုံးဖြတ်ချက်ကိုမှ ပြတ်ပြတ်မချနိုင်အောင်လုပ်ဖို့ စကစအတွက် အရေးကြီးနေပါတယ်။
(၃) စကစဟာ ဂျပန်မှာနေတဲ့ ဆီးရီးယားနိုင်ငံသား ဂျာနယ်လစ်အတု Khaldon Azhari ဆိုတဲ့ လူလိမ် မီဒီယာမှာကြေးစားသတင်းဖြန့်ပေးတဲ့လူကို ငှားပြီး ဒီသတင်းကိုဖြန့်ပြီးလှည့်စားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒွန်တို့ တွေ့ဖြစ်ကြပြီး ဘာတွေဆွေးနွေးခဲ့တယ်ဆိုတဲ့ လူတွေကိုစိတ်ပြောင်းသွားစေနိုင်တဲ့ အချက်အလက်တွေနဲ့ ဇာတ်တိုက်ခဲ့ကြတယ်။
ပထမဆုံး ဒီသတင်းဟာ Khaldon Azhari ရဲ့ "Pan Orient News” ဆိုတဲ့သတင်းစာမှာ မထင်မရှားပါလာခဲ့တာဖြစ်တယ်။ သူက ဒီသတင်းကို လူတွေ ဖတ်ကြတဲ့ ယုံကြည်လောက်တဲ့ ကျိုဒိုလို သတင်းတွေမှာ ပါအောင်လုပ်ခဲ့ပြီး လူမှုကွန်ရက်မီဒီယာတွေမှာပါ သတင်းဆက်ပြန့်သွားအောင် ဖန်တီးခဲ့တယ်။ ဒွန်ကိုယ်တိုင်က ဒီသတင်းကို အတည်မပြုခဲ့ဘူး။ သတင်းစာပညာနဲ့ သတင်းတုလုပ်တဲ့ လုပ်ဇာတ်တစ်ခုမျှသာဖြစ်ပြီး Khaldon Azhari က ငွေယူပြီးဖြန့်တဲ့ သတင်းမျှသာဖြစ်တယ်။
မြစ်ကြီးနားရှိ အရန်ရဲတပ်ဖွဲ့စခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်၊ သရက်ချောင်းတွင် စစ်ကား ၁ စီးကိုမိုင်းဆွဲတိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၀
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အရန်ရဲတပ်ဖွဲ့စခန်းကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျား အထူး ကိုမန်ဒိုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ ည ၇ နာရီ ၃၃ မိနစ်ခန့်တွင် မြစ်ကြီးနားမြို့ရှိ အရန်တပ်ဖွဲ့စခန်းကို မြို့ပြပြောက်ကျား အထူးကိုမန်ဒိုတပ်ဖွဲ့က တာဝေးပစ် ၄၀ မမ လောင်ချာဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲတပ်သားများနှင့် မိသားစုဝင်များ အသေအပျောက် ရှိနိုင်ကြောင်း သိရသည်။
"မနေ့ညက မြစ်ကြီးနားမြို့ အရန်ရဲတပ်ဖွဲ့စခန်းကို တာဝေးပစ် လောင်ချာနဲ့ ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တယ် ရဲတပ်သားတွေနဲ့ မိသားစုဝင်တွေ အသေအပျောက်ရှိနိုင်တယ်" ဟု မြို့ပြပြောက်ကျား အထူး ကိုမန်ဒိုတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကားတစ်စီးကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ထံမှ သိရ သည်။
ဇူလိုင်လ ၁၇ ရက် နေ့လည် ၁၁ နာရီခန့်က ထားဝယ်မြို့ဘက်မှ သရက်ချောင်းမြို့နယ်ဘက်သို့ မြိတ်- ထားဝယ်လမ်းအတိုင်း ဆင်းလာသော အကြမ်းဖက်စစ်သား ၁၀ ဦးခန့်ပါသည့် Vigo ကားတစ်စီးကို သင်းကျွန်းကျေးရွာနှင့် သရက်နှစ်ခွကျေးရွာကြား၌ မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အ ကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူလူထုကို ထိခိုက်မှုမရှိအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကို မက္ကဆီကိုနိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထား
ရန်ကုန်၊ မေ ၁၀
မက္ကဆီကိုနိုင်ငံဟာ မြန်မာခရိုနီ စစ်လက်နက်ပွဲစားတဦးဖြစ်သူ စစ်တိုင်းအောင်ကို မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar (JFM) ကထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
စစ်တိုင်းအောင်ဟာ ယခင်က Yatanarpon Aviation Support Company Ltd ကို ဦးဆောင်ခဲ့သူဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုက တရားမ၀င် အာဏာသိမ်းဖို့ စတင်ကြိုးပမ်းချိန်ကစလို့ လေယာဥ်အစိတ်အပိုင်းတွေကို အကြမ်းဖက်မြန်မာစစ်တပ်အတွက် တင်သွင်းခဲ့သူပါ။ ဒီအကြောင်းတွေကို Justice For Myanmar က ဖော်ထုတ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ သူဟာ အဆိုပါကုမ္ပဏီကနေ နုတ်ထွက်ခဲ့တယ်လို့လည်း JFM ကဆိုပါတယ်။
စစ်တိုင်းအောင်ဟာ အရင်စစ်အာဏာရှင်ဟောင်း သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ လက်ထက် သစ်တောဝန်ကြီး အောင်ဖုန်းရဲ့ သားဖြစ်ပြီး သူ့ရဲ့ Suntac ကုမ္ပဏီအုပ်စုဟာ စစ်အုပ်စုနဲ့ ထင်ရှားတဲ့ ပတ်သက်ဆက်နွှယ်မှုတွေကြောင့် EUရဲ့ ဒဏ်ခတ်ပိတ်ဆို့ခြင်းကို ခံခဲ့ရပါတယ်။
ဒါ့အပြင် သူဟာ အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့အရေးယူမှု ခံထားရသူတဦးလည်း ဖြစ်ပါတယ်။ အမေရိကန်အစိုးရကတော့ စစ်တိုင်းအောင်အပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုနဲ့ ပတ်သက်ပြီး "စစ်တိုင်းအောင်က သူရဲ့ ကုမ္ပဏီတွေကို မြန်မာစစ်တပ်အတွက် လက်နက်ပွဲစားလုပ်ငန်းတွေအဖြစ် ရှေ့တန်းကအသုံးပြုခဲ့ပြီး သူက အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အငြိမ်းစား သံတမန်တဦးကတော့ အခုလို မှတ်ချက်ပြုပါတယ်။
“စစ်အရာရှိဟောင်းတွေနဲ့ သူတို့ရဲ့ သားသမီးတွေကို အခုလို နိုင်ငံတကာမှာ မြန်မာသံအရာရှိ ရာထူးတွေနဲ့ ခန့်အပ်စေလွှတ်နေတာကတော့ အာဏာရှင် ခေတ်အဆက်ဆက်မို့ ထူးခြားတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလို အမေရိကန်၊ အီးယူနဲ့ ကနေဒါနိုင်ငံတို့က ပိတ်ဆို့အရေးယူထားတဲ့ မြန်မာခရိုနီ လက်နက်ပွဲစားကိုမှ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် ခန့်အပ်ထားတဲ့ မက္တဆီကိုနိုင်ငံရဲ့ လုပ်ရပ်ကသာ ထူးခြားနေတာပါ။ သူတို့အနေနဲ့ အခြေအနေ အသေးစိတ်ကို မသိတာလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အခုအခြေအနေအရတော့ စစ်တိုင်းအောင်ကို လက်ရှိရာထူးကနေ မဖြစ်မနေ ဖယ်ရှားသင့်ပြီလို့ ထင်ပါတယ်”
ဒီအကြောင်းကို ထုတ်ဖော်ခဲ့တဲ့ Justice for Myanmar အဖွဲ့ကလည်း မက္ကဆီကိုနိုင်ငံအနေနဲ့ ဒီမိုကရေစီနဲ့ တာဝန်ခံမှုတွေကို တန်ဖိုးထား ကူညီဖို့အတွက်ဆိုရင် စစ်တိုင်းအောင်ကို ၄င်းတို့ ပေးအပ်ထားတဲ့ ရာထူးနဲ့ ဂုဏ်ထူးဆောင် အထောက်အထားတွေ အားလုံးကို ချက်ချင်းရုတ်သိမ်းဖို့ တောင်းဆိုထားပါတယ်။
ဓတ်ပုံ- စစ်တိုင်းအောင် (အကြမ်းဖက်စစ်တပ်ကို စစ်လက်နက်ည တင်သွင်းနေသည့် ခရိုနီ လက်နက်ပွဲစားနှင့် ယခင် အာဏာရှင်ဟောင်း သန်းရွှေလက်ထက် နအဖ အစိုးရ သစ်တောဝန်ကြီး အောင်ဖုန်း၏ သား)
ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလ ပညာရေး စာသင်ကျောင်းကို သင်ထောက်ကူ ပစ္စည်းများ လှူဒါန်း
ရန်ကုန်၊ မေ ၁၀
ဒီးမော့ဆိုမြို့နယ်ရှိ ကြားကာလ ပညာရေး စာသင်ကျောင်းကို ကျေးလက်မြေအဖွဲ့မှ သွားရောက် လှူဒါန်းခဲ့ပြီး အသင်း နာယက ဦးဇော်မင်းထိုက်မှ လွယ်အိတ်၊ စာအုပ်၊ ကွန်ပါဗူး၊ ခဲတံ၊ ပေတံနှင့် ခဲဖျက်တို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တွင် အကူအညီပေးရေး သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှု အာဆီယံ ထိပ်သီးအစည်းအဝေးက ရှုတ်ချ ၊ စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေး အစီအစဉ်ကို လိုက်နာရန် အရှေ့တောင်အာရှနိုင်ငံ့ခေါင်းဆောင်များ တောင်းဆို
ရန်ကုန်၊ မေ ၁၀
ရှမ်းပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးသံတမန်ယာဉ်တန်းတိုက်ခိုက်ခံရမှုကို အာဆီယံခေါင်းဆောင်များအားလုံးက ရှုတ်ချလိုက်ပြီး စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးအစီအစဉ်ကို လိုက်နာဆောင်ရွက် ရန် တောင်းဆိုလိုက်ကြသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ယနေ့ ကျင်းပပြုလုပ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ယင်းကဲ့သို့ ရှုတ်ချက်မှုနှင့် တောင်းဆိုမှု ထွက်ပေါ်လာခြင်းဖြစ်သည်။
"ကျနော်တို့အနေနဲ့ တိုက်ခိုက်ခံရမှုကို ရှုတ်ချပါတယ်။ ကျူးလွန်သူတွေအနေနဲ့ တာဝန်ခံရပါမယ်" ဟု အာဆီယံခေါင်းဆောင်များက ကြေညာချက်တွင် ပြောဆိုထားသည်။
အာဆီယံခေါင်းဆောင်များက မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ကြောင်း ထုတ်ပြန်ပြောဆိုပြီး အကြမ်းဖက်မှုအားလုံးကို ရပ်တန့် ရန်၊ အင်အားသုံးဖြေရှင်းမှုများကို ရပ်တန့်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး အချိန်မီ လုံခြုံစွာ ပေးအပ်နိုင်သော ဝန်းကျင် ဖြစ်ပေါ်ရေး ဆောင်ရွက်ပေးရန်၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှု လုပ်ရန် တောင်းဆိုထားသည်။
ဓာတ်ပုံ- ယနေ့ မေလ ၁၀ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံ ထိပ်သီးအစည်းအဝေး။
ကြံခင်းမြို့နယ် သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၁၀
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများက ယနေ့ မေလ ၁၀ ရက်နေ့တွင် "ငါတို့အလှည့်ကျန်သေးတယ် စကစ ကိုတရားစီရင်ဖို့" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စလင်းမြို့နယ်၊ သရက်တောရွာ ရဲစခန်းကို PDF တပ်ဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ ဖားကန့်တွင် စစ်တပ်စစ်ကြောင် မိုင်းမိပြီး စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ မေ ၁၀
မကွေးတိုင်း၊ စလင်းမြို့နယ်၊ သရက်တောရွာရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၀ ရက်နေ့ နံနက် အစောပိုင်း ၃ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲများ တပ်စွဲထားသော စလင်းမြို့နယ်၊ သရက်တောရွာရှိ ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သတင်းဖောက်ကြားမှုကြောင့် အကြမ်းဖက် စစ်တပ်ဘက်က ကြိုတင်ပြင်ဆင်ချိန်ရသွားသောကြောင့် စခန်းသိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် နေအိမ်အတွင်း ကလေးထိန်းနေသည့် သရက်တောကျေးရွာသူ မမေရီခိုင် ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။
"စလင်းမြို့နယ် သရက်တော ရဲစခန်းကို PDF တပ်ဖွဲ့က ဒီနေ့ အစောပိုင်း နံနက် ၃ နာရီလောက်မှာ ဝင်ရောက် တိုက်ခိုက်တယ်။ လာတိုက်မယ်ဆိုတာ သတင်းပေါက်ကြားသွားလို့ စခန်း မသိမ်းနိုင်လိုက်ဘူးလို့ သိရတယ်။ ကုန်းခြားရွာက အုပ်ချုပ်ရေးမှူး တပည့်တွေ ဖားကောက်နေတုန်း စခန်းကို လာတိုက်တဲ့ PDF တွေနဲ့တွေ့ပြီး ဖမ်းဆီးခံရတယ်။ ဖမ်းဆီးခံရတဲ့ထဲက အုပ်ကြီး တပည့် ၃ ဦး ထွက်ပြေးလွတ်မြောက်သွားပြီး စခန်းကို ဖုန်းဆက်ပြောတယ် ကြားတယ်။ အဲ့ဒါ နဲ့တစ်ဖက်က ညတွင်းချင်း ရဲခွေး၊ စစ်ခွေး မိသားစုတွေ နေရာပြောင်းပြီး အသင့်အနေထားနဲ့ ပြင်ဆင်ချိန် ရသွားတယ်လို့ သိရတယ်။ PDF တွေ ပြန်သွားတာတောင် စစ်ခွေးတွေက နံနက် ၇ နာရီအထိ ပစ်နေတုန်းပဲ" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း စလင်းမြို့နယ် သရက်တော ရဲစခန်းမှ စခန်းမှူး ပေါင်ကို ကျည်ထိမှန်ပြီး PDF ရဲဘော် ၁ ဦး ကျဆုံးကြောင်း သိရှိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
အလားတူ မေလ ၉ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာရပ်ကွက်တွင် ကင်းလှည့် ပြန်လာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကြောင်း၊ အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
"ကင်းလှည့်ပြန်လာတဲ့စစ်ကြောင်းကို မိုင်းဆွဲလိုက်တာ စစ်သားတွေ အကုန်မြောက်တက်သွားတယ်။ မျက်မြင်အရတော့ ၂ ဦးသေတယ်။ ဒီနေ့ မနက်အထိ မိုင်းဆွဲခံရတဲ့နားမှာ သွေးကွက်ကြီးတွေ တွေ့တယ်" ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောဆိုသည်။
သြစတြေးလျနိုင်ငံ လွှတ်တော် ပူးပေါင်း ကော်မတီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် NUG အစိုးရ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး
ရန်ကုန်၊ မေ ၁၀
သြစတြေးလျနိုင်ငံတွင် သြစတြေးလျ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးရာ လွှတ်တော် ပူးပေါင်း ကော်မတီ၏ ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ အဖွဲ့ဝင်များနှင့် NUG အစိုးရ လူ့ အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို သြစတြေးလျနိုင်ငံ ပြည်ထောင်စု လွှတ်တော်ရှိ ကော်မတီခန်းမတွင် ပြုလုပ်ခဲ့ပြီး မြန်မာ့ အရေး ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ အစည်းအဝေးကို NUG လူ့အခွင့်အရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန်နှင့် NUG သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူများသည် ဝန်ကြီး ဦးအောင်မျိုးမင်းနှင့်အတူ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ရွှေဘိုခရိုင်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဆန်နှင့်ဆီများ လှူဒါန်း
ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့က ဆန်နှင့် ဆီများ လှူဒါန်းခဲ့ကြောင်း သိရသည်။
တန့်ဆည်တွင် မိုင်းရှင်းရန် ထွက်လာသော စစ်တပ် စစ်ကြောင်းကို အကြိမ် ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
ရန်ကုန်၊ မေ ၁၀
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်မှ မိုင်းရှင်းရန် ထွက်ခွာလာသော စစ်တပ်စစ်ကြောင်းကို PDF တပ်များက အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်များထံမှ သိရသည်။
မေလ ၉ ရက်နေံ နံနက် ၁ နာရီမှ မွန်းတည့် ၁၂ နာရီ ခန့်အချိန်အထိ တန့်ဆည်မြို့မှ မြောက်ဘက် ခွေးနက်ချောင်းအနီးသို့ မိုင်းရှင်းထွက်လာသော စစ်သားနှင့် ပျူစောထီး ၁၀ဦးခန့်ကို ၄ ကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှ စစ်သား ၂ ဦးသေဆုံးခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၂၆) တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"မြို့ရဲ့မြောက်ဘက် မီတာ၅၀၀ခန့်အကွာကို မိုင်းလာရှင်းတာပါ၊ အဲ့ဒါ ရှင်းတဲ့ကောင်တွေကို မိုင်းဆွဲလွှတ်လိုက်တယ်။ အဲ့မှာ အကုန်ပြန်ပြေးပြီး ညနေဘက်ကျ ထွန်စက်နဲ့ ပြန်လာရှင်းတာ။ သူတို့ မိုင်းတစ်ခုမှ မရှင်းလင်းနိုင်ခဲ့ဘူး" ဟု ပြောဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာ၍ ထွက်ပြေးခဲ့ရသော ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို တန့်ဆည်မြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသပေးခဲ့ပြီး ယနေ့ညနေ၅နာရီခန့်တွင် ၎င်းတို့အနက်မှ ၂ဦး သေဆုံးသွားခဲ့ကြောင်း စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း(၂၆) MDF - Taze Tiger ၊ KPK၊ TSR၊ PLAနှင့် မြောက်ပိုင်းတိုက်နယ်ပကဖအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကန့်ဘလူ၊ မြေမွန်ရွာကို မီးရှို့ဖျက်ဆီးသော စစ်တပ်ကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါ အဝင် ၃ ဦးသေဆုံး၊ အရာရှိ အလောင်းများကို ရဟတ်ယာဥ်ဖြင့် သယ်ယူသွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေသော စစ်တပ်အား PDF တပ်ဖွဲ့များ တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ဒေသ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြေဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ် မြေမွန်ရွာကို မီးရှို့ဖျက်ဆီးနေသော အင်အား ၁၂၀ ပါအကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က အရာရှိ ၂ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
" စစ်ခွေးတွေက မြေမွန်ရွာထဲဝင်ပြီး ၁၈ ရက်နေ့က အရင်ဆုံးအိမ် ၁ လုံး မီးရှို့တယ်။ ၁၉ ရက်ကျတော့ မြေမွန်ရွာမှာရှိတဲ့ နေအိမ် ၂၀၀ ကျော်လောက်ကို မီးစတင်ရှို့တော့ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေကလည်း ရွာမီးရှို့တော့ စစ်ခွေးတွေကို မြေမွန်ရွာ အပြင်ကနေဝိုင်းပြီး တိုက်တော့ တိုက်ပွဲဖြစ်ပွားပြီး မုံရွာ နမခ စစ်ခွေးတပ်ကနေ ရဟတ်ယာဥ် တစ်စီးရောက်လာပြီး တိုက်ပွဲမှာကျသွားတဲ့ အရာရှိ စစ်ဗိုလ် ၂ ကောင်အလောင်းကို သယ်သွားတယ်။ ကျန်တဲ့ တပ်သား ၁ ကောင်အလောင်းကိုတော့ မီးရှို့ထားခဲ့တယ်" ဟု ဒေသ ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် ၁ ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ကန့်ဘလူမြို့နယ် သေမင်းတမာန် အဖွဲ့ နှင့် ကန့်ဘလူမြို့နယ် ဗိုလ်လင်းယုန်မြေအောက်ပြောက်ကျားတပ်ဖွဲ့ အပါအဝင် မဟာမိတ် ညီနောင် ၇ ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျ
ရန်ကုန်၊ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၉ မှ အင်အား ၈၀ ခန့်ဖြင့် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၁၈ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် တရော်ကိုင်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းသောကြောင့် ပြည်သူပိုင်နေအိမ် ၁ လုံးထိမှန်ပျက်စီးခဲ့ပြီး နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ကျွန်းလှမြို့ပေါ်ရှိ စစ်တပ်နှင့် ပျူစောထီးများက ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို တတိယအကြိမ် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၈ လုံး မီးလောင်ပျက်ဆီးသွားကြောင်း သိရသည်။
" ပြည်သူတွေ ထိခိုက်မှု သတင်းတော့ မကြားရသေးဘူး။ စစ်တပ်က ၃ ရက်ဆက်တိုက် ကျေးရွာ ၃ ရွာကို စီးနင်းမီးရှို့လို့ နေအိမ် ပြည်သူပိုင် နေအိမ် ၂၄၈ လုံး မီးလောင် ပြာကျသွားတယ်" ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ရွာများကို S&C အဖွဲ့က နေအိမ် အလုံး ၁၀၀၀ စီမံကိန်းဖြင့် အိမ်ဆောက် လှူတန်းလျက်ရှိပြီး နေအိမ် ၃၀၀ ပြီးစီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ရွာများကို S&C အဖွဲ့က နေအိမ် အလုံး ၁၀၀၀ စီမံကိန်းဖြင့် အိမ်ဆောက် လှူတန်းလျက်ရှိပြီး နေအိမ် ၃၀၀ ပြီးစီးသွားပြီးဖြစ်ကြောင်း S&C အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် နေအိမ်အလုံး ၁၀၀ ကိုလည်း မကြာမီ အချိန်အတွင်းမှာ ထပ်မံ ဆောက်လုပ်မည်ဖြစ်ကာ ပါဝင်အားဖြည့် လှူတန်းပေးသော အလှူရှင်များအား S&C မှ မီးဘေးသင့်ပြည်သူများ ကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်း၊ နောက်ထပ် လိုအပ်သည့် နေအိမ်များအတွက်လည်း ကူညီအားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံကြောင်းနှင့် လှူတန်းမည့် အလှူရှင်များ အနေဖြင့် S&C Facebook page ကို ဆက်သွယ်လှူတန်းနိုင်ကြောင်း သိရသည်။
ပြည်ခွန် သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။