ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြား
ရန်ကုန်၊ သြဂုတ် ၄
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် စစ်ကား ၁ စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်မဲမြို့နယ်၊ ဂုတ်တွင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ စစ်ကား ၁ စီးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။
" ဂုတ်တွင်း အတက် ကျောက်မဲဘက်ခြမ်းမှာ စစ်ကား အပစ် ခံရတာ ကားတွေ ပိတ်မိနေပြီး ကားတွေ ပြန်ထွက်လို့ ရလို့ မောင်းတဲ့အချိန်မှာ စစ်သားအလောင်းတွေ လမ်းမပေါ် အပုံလိုက်တွေ့ရတယ်။ ဘယ်နှကောင် သေလဲ အတိအကျတော့ မသိရပါဘူး" ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
စစ်ကိုင်းရှိ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွား၊ ပခုက္ကူရှိ ဆယ်ပင်စုရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း စစ်တပ်က ခိုးယူသွား
ရန်ကုန်၊ သြဂုတ် ၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာမှ နေအိမ် ၆ လုံးကို စစ်တပ်က မီးရှို့ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စစ်ကိုင်းမြို့နယ်၊ ကျော်ဇေယျာရွာကို ဒရုန်းဖြင့် ဗုံးကျဲပြီး ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။
"ဇူလိုင်လ ၃၁ ရက်နေ့က ကျော်ဇေယျာရွာကို စစ်ခွေးတွေ ဒရုန်းနဲ့ ဗုံးကျဲပြီး နံနက် ၄ နာရီလောက်မှာ အင်အား ၁၀၀ နဲ့ ၀င်စီးနင်းတယ်။ ပြည်သူပိုင် နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီးပြီး အိမ်ခြေ ၆၀၀ ကျော်မှာ ရှိတဲ့ ပစ္စည်းတွေ အကုန် ၀င်မွှေပြီး ရွှေ၊ ငွေတွေ ယူသွားတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ဆယ်ပင်စုရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်နှင့် အောင်သာရွာမှ ထွက်လာသည့် ပျူစောထီးများက ဆယ်ပင်စုရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း သိရသည်။
" စစ်ခွေးတွေနဲ့ ဇီးကုန်း၊ ရှင်မကန်၊ မန်ကျည်းကန်၊ အောင်သာရွာက ထွက်လာတဲ့ ပျူစောထီးတွေက ဆယ်ပင်စုရွာကိုဝင်ရောက် မွှေနှောက်ပြီး ပစ္စည်းတွေ ခိုးယူသွားတယ်။ အဲဒီ စစ်ခွေး စစ်ကြောင်းက အခု ပျူစောထီးရွာ ညောင်ဂျစ်ပင်ဘုန်းကြီးကျောင်းကို ဦးတည်သွားနေတယ်" ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။
မြစ်ကြီးနားတွင် နမ္မတီး မြို့စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ခေတ္တလာရောက်သည့် နမ္မတီး မြို့စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ယမန်နေ့ညပိုင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဩဂုတ်လ ၃ ရက်နေ့၊ ည ၈ နာရီဝန်းကျင်အချိန် မြစ်ကြီးနားမြို့နယ်၊ ဂျာမိုင်ကောင်းရပ်ကွက်၊ လမ်းဆုံ သံလမ်းအကူးကို ကားဖြင့် ဖြတ်သန်းနေစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် နမ္မတီးမြို့ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
"သေနတ်သံပဲ ကြားလိုက်ရတာ။ ခဏနေတော့ အာရာဖတ်ကားထဲမှာ သေနေပြီ။ ပွဲချင်းပြီးပဲ။ နမ္မတီးမြို့ စည်ပင်သာ ယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူးလို့ ပြောတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြစ်ကြီးနားမြို့နယ်ရဲသတင်းရင်းမြစ်ကလည်း နမ္မတီးမြို့ စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဦးစီးမှူး ဖြိုးဝေဆန်း ပစ်ခတ်ခံရပြီး သေဆုံးမှုကို အတည်ပြုပြီး မြစ်ကြီးနားသို့ ၎င်း လာရောက်သည်ကို သိရှိသည့် အတွင်းသိ၊ ဓာတ်သိ က သတ်ဖြတ်ခြင်းဖြစ်နိုင်ကြောင်း၊ ယင်းနေရာနှင့် မလှမ်းမကမ်းတွင် စစ်တပ်ကင်းပုန်းတချို့လည်းရှိနေကြောင်း သုံးသပ်ပြောဆိုသည်။
ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာ ချောင်းကူးတံတားကို စစ်တပ်က မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီး
ရန်ကုန်၊ ဩဂုတ် ၄
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ဖြူဆိပ်ကျေးရွာရှိ ချောင်းကူးတံတားကို စစ်တပ်က ယနေ့ နံနက် ၂ နာရီဝန်းကျင်အချိန် မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ သစ်ဖြူဆိပ် ကျေးရွာအနီးသို့ စစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းနောက် ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် သစ်ဖြူ ဆိပ်ကျေးရွာချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးသွားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီ၏ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် PDF များက ချောင်းကူးတံတားကို ဖျက်ဆီးသည်ဟု လိမ်လည် ဝါဒဖြန့်လျက်ရှိကြောင်း သိရှိရသည်။
"မနေ့ ညနေ ၆ နာရီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး တက်လာတာက စစ်ခွေးတွေပါ။ ညကျတော့ တံတားကို ချိုးသွားတာပဲ။ အဲဒီတံတားက စစ်တပ် တပ်ရင်းတွေဆီကို သွားတဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်" ဟု ဒေသပြည် သူတစ်ဦးက ဆိုသည်။
စစ်တပ်က ဖျက်ဆီးလိုက်သည့် သစ်ဖြူဆိပ်ကျေးရွာ ချောင်းကူးတံတားသည် အရှည် ၁၆၀ ရှိသော သံကူကွန်ကရစ် တံတားဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်က ယခုနောက်ပိုင်း တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိနိုင်သော လမ်း ကြောင်း များကို ဖြတ်တောက်ခြင်း၊ တံတားများကို ချိုးခြင်းများ လုပ်ဆောင် လာကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းစစ်ကောင်စီက အိမ်တွင်းစက်မှုလက်မှု စျေးရောင်းပွဲဟုဆိုကာ စီးပွားရေးသမားများ၊ ကျောင်းသားကျောင်းသူများနှင့် ဝန်ထမ်းများကို မလာ မနေရ ဖိအားပေး ဆင့်ခေါ်
ရန်ကုန်၊ ဩဂုတ် ၄
ရန်ကုန်တိုင်းစစ်ကောင်စီဝန်ကြီးချုပ် စိုးသိန်းက ပြည်သူ့ရင်ပြင်တွင် အိမ်တွင်း စက်မှုလက်မှု စျေးရောင်းပွဲဟုဆိုကာ ၃ ရက်ကြာ ကျင်းပလျက်ရှိပြီး စီးပွားရေး သမားများ၊ ကျောင်း သားကျောင်းသူများနှင့် ဝန်ထမ်းများကို မလာမနေရ ဖိအားပေး ဆင့်ခေါ်နေကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းစစ်ကောင်စီက ဩဂုတ်လ ၄ ရက်နေ့မှ ဩဂုတ်လ ၆ ရက်နေ့အထိ မိုးတွင်းကာလ ပြည်သူ့ရင်ပြင်တွင် အိမ်တွင်း အသေးစားစက်မှုလက်မှု စျေး ရောင်း ပွဲ ပြုလုပ်ခိုင်းကြောင်း၊ ရန်ကုန်တိုင်း မြို့နယ် အသီးသီးရှိ အိမ်တွင်း အသေးစားစက်မှုလက်မှု လုပ်ငန်းများဖြစ်သည့် အစားအသောက်၊ လူသုံးကုန် ပစ္စည်း၊ တိုင်းရင်းဆေး ၊ မီးဖိုချောင်သုံး ပစ္စည်း၊ တစ်ရှူးလုပ်ငန်း၊အဝတ်အထည် စသည့် လုပ်ငန်းများ၊ လျှပ်စစ်ကား တင်သွင်းသူများကို မဖြစ်မနေ လာရောက် ရောင်းချခိုင်း ကြောင်း သိရှိရသည်။
ထို့ပြင် စျေးရောင်းပွဲတော် စည်ကားစေရေးအတွက် ရန်ကုန်တိုင်းအတွင်းှရိ ဌာဆိုင်ရာဝန်ထမ်းများ၊ ကောလိပ်နှင့်တက္ကသိုလ်၊ ပညာရေးကျောင်းများမှ ကျောင်းသားကျောင်းသူများ၊ သူနာပြုတက္ကသိုလ်မှ ကျောင်းသူများကို စျေးရောင်းပွဲသို့ မဖြစ်မနေ လာရောက် ကြည့်ရှုရန်၊ ဩဂုတ်လ ၄ ရက်နေ့မှ ဩဂုတ် ၆ ရက်နေ့အထိ ရက်အလိုက် လူအင် အား ၅၀ ဦး မှ ၁၀၀ ဦးထိ ကားကြို့ပို့စီစဥ်ပေးကြောင်း၊ မြို့နယ်တိုင်းကလည်း လူအင်အား ၃၀ ဦးမှ ၄၀ ဦး လာရောက်ရန် ဖိအားပေးကြောင်း သိရှိရသည်။
"မိုးတွင်းကြီး လူတွေကို ဒုက္ခပေးတာ။ မစည်ကားတာကို စည်ကား အောင် ဆိုပြီး ကားတွေ ကြို့ပို့တွေ စီစဥ်ပေးတယ်။ ဖွင့်ပွဲအတွက်ဆိုပြီး မြို့နယ်တွေက အိုးစည်ဒိုးပတ်ဝိုင်းတွေစီစဥ်လာရတယ်။ ဒီနေ့ ဖွင့်ပွဲကို မနက်၈နာရီခွဲ ပညာရေး ကောလိပ်တွေက သင်တန်းသားဆရာမ အင်အား ၃၀၀၊ ၄၀၀ ကို မဖြစ်မနေ တက်ခိုင်းတယ်။ ချောဆွဲထားတဲ့ကားတွေနဲ့ ကျောင်းပေါင်းစုံ ဘင်ခရာဝိုင်း တွေမလာမနေရခေါ်တယ်။ အားကာသိပ္ပံ သင်တန်းသား၊ သင်တန်းသူတွေ မလာမနေရခေါ်တယ်။ ဌာနပေါင်းစုံကဝန်ထမ်းတွေ မလာမနေရခေါ် တော့တာပဲ" ဟု ရန်ကုန်တိုင်း စစ်ကောင်စီသတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက တိုင်းနှင့်ပြည်နယ်များတွင် လူထု၏ နိုင်ငံရေး စိတ်အာရုံကို ပြောင်းလဲစေနိုင်မည့် ပျော်ပွဲ ရွှင်ပွဲများ၊ စျေးရောင်းပွဲများ၊ စတိတ် ရှိုး များ ကျင်းပရန် သက်ဆိုင်ရာ စစ်ကောင်စီများကို ညွှန်ကြား ထားကြောင်း သိရှိရသည်။
“ပြည်သူ့အိုးအိမ်တွေမီးရှို့၊ ပစ္စည်းတွေခိုး၊ မြင်မြင်သမျှပစ်သတ်၊ အမျိုးသမီး တွေကို မုဒိမ်းကျင့် သတ်လို့ ရတယ်”ဟု အထက်က ညွှန်ကြားထားကြောင်း CDM တပ်သား တင်သိန်း ပြောဆို
ရန်ကုန်၊ ဩဂုတ် ၄
ကရင်နီပြည်နယ်အပါအဝင် စစ်တပ်နှင့်တိုက်ပွဲဖြစ်ပွားသော ဒေသများ တွင် “ပြည်သူ့အိုးအိမ်များကို မီးရှို့၊ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ၊ မြင်မြင် သမျှပစ် သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်လို့ရတယ်”ဟု စစ်တပ်၏ ထိပ်ပိုင်း အထက်က ညွှန်ကြားထားကြောင်း CDM တပ်သား တင်သိန်းက မိုးဗြဲ PDF တပ်ဖွဲ့ထံ ဝန်ခံထွက်ဆိုထားသည်။
ဇူလိုင်လ ၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်မ ၆၆ လက်အောက်ခံ မိုးဗြဲအခြေ စိုက် ခမရ ၄၂၂ တပ်ရင်းမှ တပ်သား တင်သိန်းက အမှတ် ၁၀၀၁၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) ၊ တပ်မခွဲ ၃ သို့ ချိတ်ဆက်ပြီး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် လာရောက်ခိုလှုံခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ယုတ်မာမှုများကို အထက်ပါအတိုင်း ဝန်ခံထွက်ဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်ကို လူစိမ်းတစ်ယောက်က အလုပ်နဲ့လစာကောင်းမည့်နေရာကို ပို့ပေးမယ်လို့ပြောခဲ့ပါတယ်။ ကျနော့်ကို ငွေ (၃) သိန်းပေးပြီး တပ်စုဆောင်းရေး ထဲကို ခေါ်သွားပါတယ်။ သင်တန်းပြီးပြီးချင်း မိုးဗြဲ ဖက်ကို ရှေ့တန်း ပို့ခံရပါတယ်။ မိုးဗြဲမြို့တွင် တာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ပြည်သူ့အိုး အိမ်တွေကို မီးရှို့လို့ရတယ်၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလို့ရတယ်၊ မြင်မြင် သမျှကို သတ်ပစ်လို့ရတယ်၊ အမျိုး သမီးတွေကို မုဒိန်းကျင့်ပြီး သတ်ပစ် လို့ရတယ်လို့ အထက်က ညွှန်ကြားထားတာရှိခဲ့ပြီး မြေပြင်မှာလည်း လက်တွေ့ ကျွန်တော်မြင်တွေ့နေရတာကြောင့် ပြည်သူ့ရင်ခွင်ထံခိုလှုံဖို့ စိတ်ဆုံးဖြတ်ချက် ချခဲ့ပါတယ်။ ဒီတော်လှန်ရေးမှာ လိုအပ်လာပါက အာဏာရှင်စစ်တပ်ကို ပြန် လည် တိုက်ခိုက်ဖို့ ကျွန်တော့်အသက်ကို ပေးရဲပါတယ်” ဟု တပ်သား တင်သိန်းက ပြောကြားသည်။
ပြည်သူ့ရင်ခွင်သို့ လာရောက်ခိုလှုံသော CDM တပ်သားတင်သိန်းကို အမှတ် ၁၀၀၁ မိုးဗြဲပြည်သူ့ ကာ ကွယ်ရေး တပ် (MBPDF)၊ တပ်ခွဲ ၃ ကျွဲချိုတပ်ခွဲက ဆုငွေ ကျပ်သိန်း ၂၀ တိတိကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၄ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြန်မာစစ်အုပ်စုက မတရားဖမ်းဆီးထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ပြစ်ဒဏ် တချို့ လျော့ပေါ့တဲ့ ကြေညာချက်ဟာ "ဘာမှ အရာ မထင်တဲ့ လုပ်ရပ်" ဖြစ်ပြီး ၊ ဝါဒဖြန့်ချိရေး အတွက် အသုံးချမှု သက်သက်သာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစု ကြည် ရဲ့ သားငယ် ကိုထိန်လင်း ကပြောဆိုလိုက်ပါတယ်။
- ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ ဇူလိုင်လ ၃၁ ရက် ညပိုင်းက အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေး နေသူ လင်မယားနှစ်ဦးကို ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတယ်လို့ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က မရကန်-ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က တတိယ အကြိမ် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် အလုံး ၃၀ ကျော် မီးလောင် ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။https://youtu.be/9EL2BYvZZjc
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ ၁၅ သန်းကျော် စားနပ်ရိက္ခာ မလုံလောက်တော့ဘဲ ပြည်သူများ ဆာလောင်ငတ်မှု ဘေးအန္တရာယ်ရှိနေဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် သံအမတ်ကြီးဦးကျော်မိုးထွန်း တင်ပြ
ရန်ကုန်၊ ဩဂုတ် ၄
မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းပြီးနောက် ပြည်သူ ၁၅ ဒသမ ၂ ကျော် စားနပ်ရိက္ခာမလုံလောက်တော့ဘဲ ပြည်သူများ ဆာလောင်ငတ်မှုဘေးအန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ သံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြ ဆွေးနွေးကြောင်း သိရှိရသည်။
ဩဂုတ်လ ၃ ရက်နေ့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် “ငတ်မွတ်မှုဘေးအန္တရာယ်နှင့် ပဋိပက္ခကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာမလုံလောက်မှုပြဿနာ (Famine and Conflict-Induced Global Food Insecurity)” ခေါင်းစဉ်ဖြင့် High-Level Open Debateတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ ၁၅ ဒသမ ၂ သန်းသော ပြည်သူများမှာ စားနပ်ရိက္ခာမလုံလောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ပြင် ၁ ဒသမ ၉ သန်းခန့်သော ပြည်သူများမှာ ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်လာရကြောင်း၊ မြန်မာနိုင်ငံ အတွင်း ကလေးသူငယ်များမှာလည်း အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရကြောင်း၊ WFP ၏ အချက်အလက်များအရ အသက် ၅ နှစ်အောက် ကလေးငယ် ၃ ဦးလျှင် ၁ ဦးနှုန်းဖြင့် ဖွံ့ဖြိုးမှုနှေးကွေးမှု ရင်ဆိုင်နေရကြောင်း၊ ၇ ရာခိုင်နှုန်းမှာ အာဟာရချို့တဲ့လာကြောင်း သိရှိရသည်။
အဆိုပါ အစည်းအဝေးကို သြဂုတ်လအတွက် လုံခြုံရေးကောင်စီ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော အမေရိကန်ပြည်ထောင်စုက ကြီးမှူးစီစဉ်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက သဘာပတိအဖြစ် တာဝန်ယူကာ UN Famine Prevention and Response Coordinator ဖြစ်သူ Ms. Reena Ghelani ၊ International Rescue Committee ၏ President and Chief Executive ဖြစ်သူ Mr. David Miliband နှင့် Edesia တည်ထောင်သူ Ms. Navyn Salem တို့ (၃) ဦးက ဆွေးနွေးသူများအဖြစ် ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များပါဝင်၍ မိန့်ခွန်းများ ပြောကြားခဲ့ကြကြောင်း သိရှိရသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရားစစ်တပ်၏ တရားမဝင် စစ်အာဏာ သိမ်းမှုကြောင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရေးအတွက် ယခင်က ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့သည့် အားထုတ်မှုများနှင့် ဆယ်စုနှစ်တစ်ခုအကြာ တည်ဆောက်ခဲ့ရသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများမှာ အချည်းအနှီးဖြစ်ခဲ့ရကြောင်း၊ စစ်တပ်မှ ပြည်တွင်းတရားဥပဒေ စိုးမိုးရေးကို စနစ်တကျဖျက်ဆီးခဲ့ခြင်းနှင့် ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုမှုဆက်ဆံခြင်းတို့ကြောင့် ဒေသတွင်းအကျိုးသက်ရောက်မှု ရှိသည့် ဘက်ပေါင်းစုံ စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်တက်လာခြင်းက ပြည်သူများကို ယခင်ကထက် ပို၍ ဆာလောင်ငတ်မှုဘေးအန္တရာယ်ဆီသို့ တွန်းပို့လျက်ရှိကြောင်း၊ အဓိကအားဖြင့် စစ်တပ်၏ ဖြတ် ၄ ဖြတ် အစီအစဉ်ကြောင့် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာသည် ဆိုးရွားဆုတ်ယုတ်သည့် အခြေအနေသို့ ကျဆင်းရခြင်းဖြစ်ကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားသည့်အချိန်မှစ၍ အကြမ်းဖက်စစ်တပ် သည် အရပ်သားပြည်သူ များအပေါ် ရက်စက်ကြမ်းကြုတ်မှုများစွာ ကျူးလွန်ခဲ့ပြီး လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုနှင့် အရပ်သားပြည်သူနေထိုင်ရာ မြို့နယ်များနှင့် ကျေးရွာများကို လေကြောင်းမှတဆင့် တိုက်ခိုက်ခဲ့သဖြင့် ၁ ဒသမ ၆ သန်းသော ပြည်သူများမှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ ထို့ပြင် စစ်တပ်သည် ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကို အဓိကနည်းဗျူဟာတစ်ခုအဖြစ် စနစ်တကျနှင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလျက်ရှိကြောင်း၊ ယနေ့အထိ ၎င်းတို့ မီးရှို့ဖျက်ဆီးခဲ့သည့် အရပ်သားပြည်သူပိုင် အိုးအိမ်စုစုပေါင်း ၇၀,၀၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သံအမတ်ကြီးကရှင်းပြသည်။
ထို့အတူ စစ်တပ်၏ တပ်ဖွဲ့ဝင်များသည် ပြည်သူများအား လယ်ယာစိုက်ပျိုးခြင်းနှင့် ကောက်ပဲသီးနှံရိတ်သိမ်းခြင်းတို့မှ တားဆီးခြင်းဖြင့် ပြည်သူများ၏ ဘဝများကို အစဉ်တစိုက် ဖျက်ဆီး လျက်ရှိကြောင်း၊ ယင်းသို့ ပစ်မှတ်ထားဖျက်ဆီးခြင်းကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းစဉ်မှာ သိသိသာသာ ထိခိုက်ပျက်စီးခဲ့ကြောင်း ၊ စစ်တပ်မှ လူသားချင်းစာနာထောက်ထားမှုအကူအညီရရှိခြင်းအား လက်နက်တစ်ခုသဖွယ် အသုံးပြုခြင်းက အခြားသော ကြီးမားသည့် ပြဿနာတစ်ရပ်ပင်ဖြစ်ကြောင်း၊ အမှန်တကယ် အကူအညီ လိုအပ်နေသူများ၏ လက်ဝယ်သို့ သက်ကယ်လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လူသားဆန်မှု၊ သမာသမတ်ကျမှု၊ ဘက်မလိုက်မှုနှင့် လွတ်လပ်မှုစသည့် အခြေခံကျသော လူသားချင်းစာနာမှု စည်းမျဉ်းများနှင့်အညီ အကူအညီပေးအပ်သည့်သူများအနေဖြင့်
စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းများကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းများဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးထက် မနည်း သေဆုံးနိုင်
ရန်ကုန်၊ ဩဂုတ် ၄
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် စစ်တပ်နှင့်ပျူစောထီး စစ်ကြောင်းများကို မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများကြောင့် စစ်တပ်ဘက်မှ ၆ ဦး ထက်မနည်းသေဆုံးနိုင်ကြောင်း စစ်ကိုင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် သတင်းရင်းမြစ် Fight for Federal က ပြောသည်။
ဩဂုတ် ၃ ရက်နံနက်ပိုင်းစစ်ကိုင်းမြို့နယ် ဆင်တပ်(ပျူစောထီး)ရွာမှ ထွက် ခွာလာသော ပျူစောထီး ၁၀ ဦးခန့်လိုက်ပါလာသည့် ယာဉ်ကို ရွှေဘို- မန္တလေး လမ်းပေါ်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုတွင် ပျူစောထီး ယာဉ်မိုင်း ထိမှန်၍ယာဉ်ရပ်တန့်ခဲ့ကာ ပျူစောထီးများ ပြင်းထန် ဒဏ်ရာ ရရှိ သွားကြောင်း မြေပြင် ကင်းထောက်များထံမှ သိရကြောင်း Fight for Federal က ဆိုသည်။
အလားတူ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်အချိန် စစ်ကိုင်း မြို့နယ် မာလဲတောပျူရွာမှ ထွက်ခွာလာသော စစ်သား ၈ ဦးလိုက်ပါလာသော ယာဥ်ကို မာလဲတောပျူရွာနှင့် ရွှေဘို-မန်းလမ်းအကြားတွင် မိုင်းဆွဲတိုက် ခိုက် ခဲ့ရာ စစ်သား ၄ ဦး ပြင်းထန်ဒဏ်ရာရကာ သေဆုံးနိုင်ကြောင်း မြေပြင်ကင်း ထောက်များထံမှ သိရသည်။
ထို့ပြင် ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲ ၁၂နာရီ ကျော်အချိန် မာလဲတောပျူရွာ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အထိုင်နေရာများကို ဒရုန်း၄ စီးဖြင့် ဗုံး ၈ လုံး ကျဲချတိုက်ခိုက်ရာ စစ်သား ၅ ဦးခန့်ထိခိုက်ခဲ့ကာ၂ ဦးသေဆုံးကြောင်း ၊ဒရုန်း ဖြင့်တိုက်ခိုက်မှုတွင် တိုက်ခိုက်ရေးဒရုန်းတစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုအား Fight for Federal ၊ Phoenix SGG၊ Unicorn ပြောက်ကျားတပ်ဖွဲ့၊အညာသားလေး SGG၊ စစ်ကိုင်းမြို့နယ် ပကဖ တို့ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒရုန်းမစ်ရှင်များတွင် ရန်သူ၏ တန်ပြန် တိုက်ခိုက်မှုကြောင့် တိုက်ခိုက်ရေးဒရုန်းများ ပျက်စီး ဆုံးရှုံးနေရခြင်းများ ကြောင့် ဒရုန်းများပြန်လည်ဝယ်ယူဖြည့် တင်းရန်လို အ ပ်နေသောကြောင့် စစ်အာဏာရှင်စနစ်အားအလိုမရှိသော ပြည်သူများအနေဖြင့် ထောက်ပံ့ ကူညီ ပေးပါရန် Fight for Federal က ပြောသည်။
Khit Thit သတင်းဌာန၏ ဇူလိုင် ၂၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၀ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာဝင်ငွေရလမ်း နည်းလာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စက်သုံးဆီ လုပ်ငန်းရှင်တွေကို ဇူလိုင်လ ၂၂ ရက်နေ့မှာ အထူးအစည်းအဝေး ခေါ်ယူထားတယ်လို့ သိရပါတယ်။
- မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ ၄ ရက်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၁၈ ဦးသေသွားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားပါတယ်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ညောင်ကန်ကျေးရွာ နဲ့ တကန်သာကျေးရွာကြားမှာ စစ်ကူတက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကယ်ရေးတပ်ပေါင်းစုတွေကနေ ကြားဖြတ် တိုက်ခိုက် ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ပြန်တမ်းဝင် အရာရှိအပါအဝင် ၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။https://youtu.be/AyxJc_ehWEg
ဘုတလင်မြို့နယ် သပိတ်စစ်ကြောင်းက ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၂၀
ဘုတလင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
ရန်ကုန်၊ ဇူလိုင် ၂၀
ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများကို ထိုင်းနိုင်ငံမှ ကိုရဲ၏ ၄၆ နှစ်ပြည့် မွေးနေ့ အလှူအဖြစ် မြေအိုး၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည် တို့ကို အလှူရှင်ကိုယ်စား ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်းထိုက်က သွားရောက် ကျွေးမွေး လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ရေဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေ၊ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများ ထပ်မံ တိမ်းရှောင်နေရ
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့က ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်ကြားရှိ ကျေးရွာများကို စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဦးမြို့နယ်အတွင်း ပြန်လည် ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများသည် ထပ်မံ တိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိချိန်တွင် ရေဦးမြို့နယ် တောင် ခြမ်းရှိ ရွာသာလေး၊ မူးသာကုန်း၊ ကုက္ကိုစု၊ ပိဋကတ်ကျ၊ ဇိန့်ဇွန်း၊ ပေါက်သာ၊ ဆည်ကြီး၊ ချောင်းပေါက် စသည့်ကျေးရွာများနှင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မူးခတွင်း၊ အောင် ချမ်းသာ၊ သရက်တော၊ လက်ဆည်၊ သပြေသာ၊ နှဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ သစ်တုံ၊ ကုန်းကြီး စသည့် ကျေး ရွာများမှ ပြည်သူများသည် ထပ်မံ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရှိရသည်။
" ဒီပဲယင်းနဲ့ ရေဦး နယ်စပ်မှာရှိနေတဲ့ စစ်ခွေး စစ်ကြောင်း ဒီပဲယင်းဘက်ကို မသွားဘဲ ရေဦးဘက်ကို ပြန်လှည့်လာလို့ ပြည်သူတွေ ထပ်ပြီး စစ်ရှောင်နေရတယ်။ မနေ့က တိမ်းရှောင်နေတဲ့ ရွာတွေပဲ ထပ်ပြီး တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ပါ ရွာတွေရှိတဲ့ဘက်ကို ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတယ်" ဟု ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်တွင် ရေဦးမြို့နှင့် ၂ မိုင်ခန့် အကွာရှိ မူးသာကုန်း ကုက္ကိုစုရွာ၌ တပ်စွဲထားကြောင်း သိရသည်။
Photo - ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့
ရွှေဘိုတွင် စစ်ကူလာသည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု ၂ ဦးသေဆုံး၊ ရေစကြိုမြို့နယ်ရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကန်ရွာနှင့် တကန်သာကျေးရွာကြားတွင် စစ်ကူလာသော အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပြန်တမ်းဝင် အရာရှိအပါအဝင် အကြမ်း ဖက်စစ် သား ၂ ဦးသေ ဆုံးခဲ့ကြောင်း Black Wolf – Army တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီ ၅၅ မိနစ်ခန့်က ဟန်လင်းမြို့ဟောင်းရှိ အကြမ်းဖက်စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အထိနာသဖြင့် ရွှေဘိုမြို့မှ အင်အား ၅၀ ခန့် ဖြင့် စစ်ကူပေးရန် ထွက်ခွာသည့် စစ်ကြောင်းကို မြေပြင်၊ ဝေဟင်ပူးတွဲ စစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်တပ်မှ ပြန်တမ်းဝင်အရာရှိအပါအဝင် ၂ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Wolf – Army ၊ Who am I – Army ၊ ရွှေဘိုကျားကြီးအဖွဲ့၊ ရွှေဘိုမင်းအဖွဲ့ နှင့် တိုက်နယ်ပကဖ ၄ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှ လက်နက် ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် Mi 35 ရဟတ်ယာဉ်ဖြင့်တစ်စီးဖြင့် လာရောက်ပစ်ခတ်ခဲ့ ကြောင်း ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မင်းရွာအထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲကြောင်း နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၈ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းဒေသ၊ မင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် စခန်းကို ၈၀ မမ လက်နက်ကြီး ၇ လုံးနှင့် ရှော့တိုက်ဒုံး ၈ လုံး အသုံးပြု တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်း ၁ အညာဒေသ၊ ညောင်ဦးခရိုင်တပ်ရင်း ၅၊ ရဲဘော်ညီနောင် ပြောက်ကျားတပ်ဖွဲ့နှင့် Fighter Guerrilla Group-YSO တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ခင်ဦးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ အခြေချထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ခင်ဦးမြို့နယ် မူးသာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၄၀ ခန့် အမျိုးသား ၁ ဦးတို့ လက်နက်ကြီးထိမှန်ပြီး ဆေးကုသချိန်မရဘဲ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများက မိုးရွာထဲ၌ ရွာသစ်ကျေးရွာအနီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ရွာသစ်၊ မူးသာ၊ သက်ပေး၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနှင့် ဆည်ကြီးရွာတို့မှ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၅၀၀၀ ကျော် မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
မြိုင်မြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၄
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
ရန်ကုန်၊ သြဂုတ် ၄
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
PDF တစ်ဦး မိလျှင် ငွေ ၁၀ သိန်းပေးမည်ဟု ဆုကြေးငွေ ကြေညာသည့် နတ်မောက်မြို့၊ ဒန့်သလွန်ပင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါင်းတင် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၄
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဒန့်သလွန်ကျေးရွာမှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ဒေါင်းတင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၅ မိနစ်ခန့် နတ်မောက်မြို့နယ်မြောက်ခြမ်းတွင် အကြမ်း ဖက်စစ်တပ်ကို ထောက်ခံကာ ပျူစောထီးသင်တန်းတက်ရန် စည်းရုံးခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် နှစ်ဦးကို အကြမ်းဖက်စစ်တပ်ထံ သတင်းပေးတိုင်ကြားသဖြင့် ဖမ်းဆီးခံရခြင်း၊ CDM ဝန်ထမ်းများ၏ မိသားစုများကို ခြိမ်း ခြောက်ခြင်း၊ ပြည်သူများကိုလည်း ဖမ်းဆီးရန် မဟုတ်မမှန်သတင်းပေးတိုင်ကြား ခြင်းတို့ လုပ်ဆောင်နေသဖြင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ဒီလူက အတော်ဆိုးတဲ့လူ၊ PDF တစ်ဦးမိရင် ၁၀ သိန်းပေးမယ်ဆိုပြီး ကြွေးကြော်ကာ ပျူစောထီး ဥက္ကဌ လုပ် မိုက်ကြေးခွဲနေတာ၊ သူ့ကြောင့် PDF ကလေးတွေ ဆုံးရှုံးရတာလည်း ရှိတယ်၊ သူ့ကို ဝမ်းဗိုက် ၂ ချက်၊ နားထင် တစ်ချက်ပစ်ပြီး ရှင်းလင်းခဲ့တာ” ဟု နတ်မောက် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါပစ်ခတ်ရှင်းလင်းမှုကို People Defense Force - Natmauk - 902 တပ်ခွဲ နှင့် AH NYAR MYAY SPECIAL COMMANDO DEFENSE FORCE ( ASCDF ) မဟာမိတ်အဖွဲ့တို့ ပူးပေါင်း ကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နတ်မောက်မြို့နယ်ပကဖနှင့် ပြည်သူများထံမှ ရရှိသော အချက်အလက်များကို သေချာစောင့်ကြည့် လေ့လာလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဒီမော့ဆိုမြို့နယ် စစ်ဘေးရှောင် စခန်းအချို့ထံသို့ ဆန်များ လှူဒါန်း
ရန်ကုန်၊ ဩဂုတ် ၄
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့ထံသို့ ယနေ့ ဩဂုတ်လ ၄ ရက် နေ့တွင် ကျေးလက်မြေအဖွဲ့တာဝန်ခံ ဦးဇော်မင်း ထိုက်က စားနပ်ရိက္ခာအတွက် ဆန်များဝေငှလှူဒါန်း ပေးခဲ့ ကြောင်း သိရသည်။
KNU တပ်မဟာ ၅ နယ်မြေတွင် ဇူလိုင်လအတွင်း စစ်သား ၁၀၉ ဦးသေဆုံးပြီး စစ်တပ်ရုံး ၃ လုံး၊ ကားတစ်စီး၊ မြင်းလား ၄၁ ကောင် ဖျက်ဆီး နိုင်ခဲ့
ရန်ကုန်၊ ဩဂုတ် ၄
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေတွင် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၁၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀၉ ဦးသေဆုံးကာ စစ်တပ်ရုံး အဆောက်အအုံ ၃ လုံး၊ ကားတစ်စီး၊ မြင်းလား ၄၁ ကောင်ဖျက်ဆီးနိုင်ခဲ့ကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်သည်။
ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် နှင့် အကြမ်းဖက် စစ်ကောင်စီတပ်၊ ၎င်းတို့၏ ခါးပိုက်ဆောင်တပ်၊ နယ်ခြားစောင့်(BGF) တပ်တို့အကြား တိုက်ပွဲပေါင်း ၁၈၉ ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်ဖက်မှ ၁၀၉ ဦး သေဆုံးပြီး ၈၂ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။
တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်၏ရုံးအဆောက်အအုံ ၃ လုံးကို ဖျက် ဆီး နိုင်ခဲ့ကြောင်း၊ ထို့ပြင် စစ်ဘက်ဆိုင်ရာပစ္စည်းများနှင့် စားနပ်ရိက္ခာများ သယ် ဆောင်ခဲ့သည့်မော်တော် ကား (VIGO) တစ်စီး ကို လည်းဖျက်ဆီးနိုင်ခဲ့ ကြောင်း၊စစ်တပ်က အသုံးပြနေသည့် လာအကောင်ရေ ၄၁ ကောင်သေဆုံးကာ အကောင် ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ တိုင်းပြည်နှင့် လူမျိုး အ တွက် တပ်သား ၁ ဦးမြင့်မြတ်စွာ အသက်စတေးခဲ့ရကာ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ဇူလိုင်လအတွင်း၌ အကြမ်းဖက်စစ်တပ်က ကျေးရွာ၊ လယ်ယာ၊ တောင်ယာ လုပ် ငန်း ခွင်များအတွင်းသို့ လက် နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သုံးတိုက်လေယာဉ်ဖြင့် ဗုံးသီးအကြီး ၁၂ လုံးကျဲ တိုက် ခိုက်ခဲ့ရာ အပြစ် မဲ့ ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- အီးပီအေ။
သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် တရားမဝင် အရက်များကို PDF တပ်များက ဖမ်းဆီး
ရန်ကုန်၊ ဩဂုတ် ၄
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် အရက်သယ် ဆောင်သူ များကို PDF တပ်များက ဖမ်းဆီးရမိကြောင်း သိန်းငှက် ပြောက် ကျား တပ်ဖွဲ့ ( Falcon TYC PDF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဩဂုတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်း သရက်ချောင်းမြို့နယ်၊ အောက်သရက် ချောင်း ကျေးရွာလမ်းဆုံအနီး ထားဝယ်-မြိတ်ကားလမ်းပေါ်တွင် စစ်ကောင်စီ က အသစ်ထုတ်ဝေသည့် ငွေကျပ် ၂ သောင်းတန်မသုံးကြရေး အသိပေးမှုများ လုပ်ဆောင်ရင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် အရက်နှင့် မူးယစ်ဆေး ဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရှိရသည်။
"အရက်သယ်တဲ့ ကုန်ကားက နေ့ခင်းတစ်နာရီမိပါတယ်။။ WY ဆေးမိတဲ့ PCX ဆိုင်ကယ်အနက်နဲ့လူနှစ်ယောက်က နေ့ခင်း ၂ နာရီမှာ မိပါတယ်။ မူးယစ် ဆေးဝါး သယ်တဲ့ လူနှစ်ယောက်ကိုတော့ဖမ်းထားပြီးစစ်နေဆဲပါ။ စစ်ခွေးနဲ့ ဆက်နွယ်နေလို့အသေးစိတ်မေးမြန်းနေပါတယ်။ ကုန်ကားက ထားဝယ်မှ မြိတ်ဘက်ကိုအဆင်းပါ။ အရက်သယ်တဲ့ ကုန်ကားသမားနှစ်ယောက် ကိုတော့ ဆုံးမပြီးကားနဲ့အတူမနေ့ ၂ နာရီလောက်ကပြန်လွှတ်လိုက်ပါတယ်။ ဆေးသယ်တဲ့သူတွေဆီက WY ဆေး အလုံး ၂၀၀ အထုပ်ရေ ၃၆ ထုပ်ပါ ဆေး ၇၂၀၀ လုံးပါ၊ ICE ဆေးထုပ်က နှစ်ထုပ်ပါ။ မီးခြစ် ၄ လုံးနဲ့ ဂျမ်ဘိုခြင်ဆေးခွေ နှစ်ဗူးပါ ဖမ်းမိတယ်။ အရက်ကတော့ အာမီရမ် တစ်ဖာ ၁၂ လုံးပါ ၂၀၀ ဖာ ဖမ်းဆီးရမိပါတယ်။ အဲဒါတွေကို ဖျက်ဆီးလိုက်ပါပြီ။ ဆေးသယ်တဲ့သူတွေဆီက ငွေ ၇ သိန်း ၄ သောင်း ၉ ထောင်သိမ်းဆည်းရမိပါတယ်" ဟု သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ ( Falcon TYC PDF)မှ တာဝန်ရှိသူက ပြောဆိုသည်။
သိန်းငှက် ပြောက်ကျားတပ်ဖွဲ့ ( Falcon TYC PDF)အနေဖြင့် သရက်ချောင်း မြို့နယ်အတွင်းတွင် စစ်တပ်ပိုင် ပစ္စည်းများ သယ်ဆောင်ခြင်း၊ နှစ်သောင်းတန် သုံးစွဲခြင်းများကို ပိတ်ပင်ထားပြီး နှစ်သောင်းတန် သုံးစွဲခြင်းနှင့် စစ်တပ် ထုတ် ကုန်ပစ္စည်းများ သယ်ယူမှုများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပေးပို့ခွင့်ရရှိမှုသည် အရေးပါကြောင်း သံအမတ်ကြီးက ဆိုသည်။
သို့သော် မြန်မာနိုင်ငံအတွင်းရှိ ကုလသမဂ္ဂအေဂျင်စီများအပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသူများအနေဖြင့် ယင်းအကူအညီများ ပေးအပ်ရန် စီစဉ်ဆောင်ရွက်ရာတွင် စစ်တပ်ဘက်မှ ငြင်းဆန်ခြင်း သို့မဟုတ် ကန့်သတ်ချက်များချမှတ်ခြင်း စသည့် စိန်ခေါ်မှုများကို အမြဲတစေရင်ဆိုင်နေရကြောင်း၊ ယင်းသို့ ငြင်းဆန်ခြင်း သို့မဟုတ် ကန့်သတ်ချက်များ ချမှတ်ခြင်းမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အခြေအနေအများစုတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခကြောင့် ဖြစ်ပေါ်သည့် စားနပ်ရိက္ခာမလုံလောက်မှု ပြဿနာ၏ အကျိုးသက်ရောက်မှုကို လျှော့ချနိုင်ရေးအတွက် ယခုထက်ပို၍ လုပ်ဆောင်နိုင်သည့် အခွင့်အာဏာရှိကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အပါအဝင် တိုက်တွန်းတောင်းဆိုမှုများကို ချမှတ်၍ အကြမ်းဖက်မှုအားလုံး ရပ်တန့်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှုများကို အပြည့်အဝ၊ လုံခြုံစွာ ချွင်းချက်မရှိ ပေးအပ်နိုင်ရန် ကြိမ်ဖန်များစွာ သံအမတ်ကြီးက တောင်းဆိုထားသည်။
သို့သော်လည်း စစ်တပ်မှ ပြည်သူများအပေါ် အဖန်ဖန်တလဲလဲ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများ၊ နိုင်ငံတကာပြစ်မှုများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီ ပေးအပ်ခြင်းများအား ငြင်းဆန်မှု အပါအဝင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေအား ချိုးဖောက်ခြင်းတို့အတွက် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် လုံခြုံရေးကောင်စီအနေဖြင့် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း၊ လုံခြုံရေးကောင်စီ၏ တိကျပြတ်သားခိုင်မာသော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြည်လည်ထွန်းကားလာစေရန်နှင့် ငြိမ်းချမ်းတည်ငြိမ်လာစေရန် မြန်မာပြည်သူတစ်ရပ်လုံး၏ အပတ်တကုပ် ကြိုးပမ်းဆောင်ရွက်မှုများအပေါ် အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက အကြံပြုပြောဆိုသည်။
စစ်အာဏာရှင်အား ဆန့်ကျင်ရာတွင် များစွာသော မြန်မာပြည်သူများသည် စည်းလုံးညီညွတ်ကြကြောင်း၊ သို့ဖြစ်ရာ စစ်တပ်အနေဖြင့် ပြည်သူများအပေါ် ကျူးလွန်နေသည့် စစ်မက်မှာ အနိုင်ရနိုင်မည် မဟုတ်သကဲ့သို့ တိုင်းပြည်အုပ်ချုပ်ရန် သို့မဟုတ် စီးပွားရေးအား စီမံခန့်ခွဲရန် စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း၊ အလားတူ ရေရှည်တည်တံ့ခိုင်မြဲသည့် တည်ငြိမ်အေးချမ်းမှုကိုလည်း ဆောင်ကျဉ်းနိုင်ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံတွင် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်သော အရပ်သားအစိုးရ အုပ်ချုပ်မှသာလျှင် ဖော်ပြပါရည်မှန်းချက်များကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ဤသည်ပင်လျှင် ဒီမိုကရေစီအင်အားစုများ၏ အန္တိမရည်မှန်းချက်ထား ဆောင်ရွက်နေကြကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပေးအပ်နိုင်ရေးဟူသော လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများကို ထိရောက်စွာ ဖော်ဆောင်နိုင်မည့် လုပ်ဆောင်ချက်များကို ချမှတ်ရန် တိုက်တွန်းကြောင်း၊ ဤအချိန်သည် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ မြန်မာနိုင်ငံအတွက် ထိရောက်မှုရှိသည့် ဆုံးဖြတ်ချက်အဆိုချမှတ်နိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို စတင်ရမည့် အကောင်းမွန်ဆုံးအချိန်ပင် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။
“ နိုင်ငံရေးအကျဉ်းသားတွေကို အပြင်ခေါ်ထုတ်သတ်ဖြတ်တယ်ဆိုတာဖြစ်နိုင်တယ်။သေနတ်ရှိတဲ့ကောင် ကအချိန်မရွေးလက်ယားနေတာ၊ တချို့ဆိုရင် အားနေသေနတ်ဖောက်ကစားနေတာ”
ကိုနိုင်လင်းကျော် (ဒုတပ်ကြပ် အကျဉ်းဦးစီးဌာန)
By ရန်ကုန်ခေတ်သစ်
မြန်မာနိုင်ငံက အကျဉ်းထောင်တွေဟာ နိုင်ငံတကာ လူအခွင့်အရေးအဖိနှိပ်ဆုံး ညှင်းပန်းနှိပ်စက်မှုတွေရှိ တယ်ဆိုပြီး နာမည်ဆိုးတွေနဲ့ ကျော်ကြားနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားစွာ ဖိနှိပ် လာပြီး နိုင်ငံရေးအကျဉ်းသားတွေကိုအပြင်ခေါ်ထုတ်ပြီး သတ်ဖြတ်တဲ့အထိ ဆိုးရွားလာသလို အကျဉ်း ဦးစီးဝန်းထမ်းတွေကို စစ်တပ်က ဖိနှိပ်မှုတွေရှိလာတယ်လို့ဆိုပါတယ်။
အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ထားဝယ်အကျဉ်းထောင်မှ နုတ်ထွက်ခွင့်မရလို့ ထွက်ပြေးလာတဲ့ ဒုတပ်ကြပ် ကိုနိုင်လင်းကျော် နဲ့တွေ့ဆုံမေးမြန်းထားပါတယ်။https://youtu.be/0hJ7_giILak
ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၄
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ခလရ ၉၇ အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တစ်ပြိုင်တည်း တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၆ နာရီမှ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ထိ ကော့ကရိတ်မြို့ရှိ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိုင့် အဖွဲ့စုံ ရဲကင်း တို့ကို တော်လှန်ရေး တပ်ဖွဲ့များက တစ်ပြိုင်တည် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦးသေဆုံးကာ ၆ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
" ကော့ကရိတ် စိန်ပန်း တိုက်ပွဲက နံနက် ၆ နာရီကနေ ၃ နာရီ ၃၀ မိနစ် ထိ ဖြစ်ပွားခဲ့တယ်။ အကြမ်းဖက် စစ်တပ်ရဲ့ ဆေးရုံကင်း၊ ခလရ ၉၇၊ ချက်ပွိုင့် အဖွဲ့စုံ ရဲကင်း ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တယ် စစ်ခွေး ၆ ကောင်သေပြီး ၆ ကောင် ဒဏ်ရာရတယ်။ မြို့တစ်ဝက်ထိ စီးနင်နိုင်ခဲ့တယ်။ စနိုက်ပါ သင်တန်းဆင်းတွေ အခြေခံ စစ်သင်တန်း ဆင်းတွေကို စမ်းတိုက်တာပဲ ရှိသေးတယ်။ အလင်းမဝင်ရင် အခေါင်းကြိုဝယ်ထားဖို့ မှာချင်ပါတယ်" ဟု ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မြိုင်မြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇူလိုင် ၂၀
မြိုင်မြို့နယ် အတွင်းရှိ ကြားကာလ ပြည်သူ့အခြေပြုကျောင်း ၃ ကျောင်းမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ ဦးဆောင်ကာ အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်မှု နေအိမ် ၁ လုံး ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ရာ နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင် ၁၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ အမြောက်တပ်က လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ရာ မြောက်ပိုင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့ ဇူလိုင် ၂၀ ရက်နေ့တွင်လည်း ကလေးတောင်ပိုင်းကို လက်နက်ကြီးများဖြင့် အကြမ်းဖက် စစ်တပ်က ဆက်လက် ပစ်ခတ်နေပြီး ဆည်းမြောင်းရုံးအနီးတွင်လည်း အကြမ်းဖက်စစ်ကောင်စီဝင်များ အင်အား အများအပြားနှင့် တပ်စွဲထားကြောင်း ဒေသပြည်သူများက ပြောကြားသည်။
“ခုတောင်ပိုင်းကို ၃ လုံးရှိပြီ။ ဆည်မြောင်းရုံးနားမှာလည်း ခွေးအင်အားများတယ်။ စောင့်နေတာ။ သံချပ်ကာ ကားတွေရောလို့ ပြောတယ်။ တောင်ပိုင်း ဝင်ချင်နေတာလား မသိသေးဘူး။ မြောက်ပိုင်းက တိုက်ပွဲမှ မရှိတာ တမင်ထုတာ။ လူတော့ ဘာမှ မဖြစ်ဘူး” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဆောမြို့နယ်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ စစ်သား ၁၈ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် ၄ ရက်တာ ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၈ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်သည်။
ဇူလိုင်လ ၁၄ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ဒေသအခေါ် မြင်းကာတောင်၊ ကြိမ် ချောင်းလမ်းခွဲ၊ နဂါးမောက်ခြံ တောင်ပေါ်များသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ၏ တပ်မ ၅၅၊ တပ်မ ၇၇၊ တပ်မ ၁၀၁ ပူးပေါင်း အင်အား ၁၃၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဇူလိုင်လ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ အကြည်ကတင်း ကျေးရွာအနီးသို့ ရောက်ရှိလာသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၅၅၊ တပ်မ ၇၇၊ တပ်မ ၁၀၁ ပူး ပေါင်းအင်အား ၁၈၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဂန့်ဂေါခရိုင် တပ်ရင်း ၈ ၊ တပ်ရင်း ၁၃ ၊တပ်ရင်း ၃ ၊ တပ်ရင်း ၅ ၊ ပခုက္ကူခရိုင် တပ်ရင်း ၅၊ တပ်ရင်း ၁၉ ၊ မကွေးခရိုင်အမှတ် ၁၊ တပ်ရင်း များ နှင့် မင်းဘူးခရိုင် တပ်ရင်း ၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း ၅ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့ကြောင်း သိရသည်။
ရေစကြိုမြို့နယ်၊ ဟင်္သာရွာမ၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၁၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၀
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဟင်္သာရွာမ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်း ဆောင်ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇူလိုင်လ ၁၉ ရက် နံနက် ၅ နာရီခန့်က စတင်ပြီး ရေစကြိုမြို့နယ်၊ ဟင်္သာရွာမရှိ အကြမ်းဖက် စစ်တပ် စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး အကြမ်း ဖက်တပ်မှ စစ်ဗိုလ်နေထိုင်ရာ အဆောက်အအုံကို RPG ဖြင့် ပစ်ခတ်ဖြိုခွင်းနိုင်ခဲ့ကြောင်း၊ စခန်း အပြင် ဘက် ဘန်ကာအတွင်းရှိ အကြမ်းဖက်စစ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းခဲ့သော်လည်း ၎င်း ဘန်ကာကို ဖြိုခွင်းမည့် RPG လက်နက်မှာ ပြောင်းကွဲသွားသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
“ဗိုလ်လို့ပဲ သိရတယ်၊ ဘယ်အဆင့်လဲဆိုတာ မသိရဘူး၊ သေတာက ဗိုလ် ၂ ဦးအပါအဝင် ၁၁ ဦးသေ တယ်လို့ သိရတယ်၊ လောလောဆယ်တော့ အဲဒီရွာမှာ မနေရဲ တော့လို့ အခြားစခန်းကို ပေါင်းပြီးရွှေ့ တော ့မယ်လို့ ဖရဲသီး သတင်း ရထားပါတယ်။ ဒဏ်ရာရတာတွေလည်းများတယ်လို့ နယ်မြေခံတွေက ပြောတယ်” ဟု Myingyan Black Tiger တပ်ဖွဲ့ခေါင်း ဆောင်ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း Myingyan Black Tiger တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင် ခဲ့ပြီး စခန်းသိမ်းနိုင်ရန် ကြိုးစားခဲ့သော်လည်း RPG လက်နက်ကြီးပြောင်းကွဲသွားကာ ဘန်ကာဖြိုးခွင်း နိုင်မှုမရှိခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၀ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊သိမ်ဇရပ်မြို့ ကားဂိတ်-လမ်းဆုံမှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အမြောက်တပ် ၃၁၀ က တပ်သား ၁ ဦးနဲ့ ဆိုင်ကယ်ချင်း တိုက်မိတဲ့ မောင်ချစ်လေး ဆိုသူကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီး အလောင်းပြန်ပေးတဲ့အချိန်မှာလည်း ငွေ ၂ သိန်း တောင်းသွားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ကျောက်ရစ်ရဲစခန်း နဲ့ ဂန့်ဂေါ၊ တောင်ခင်ရန်း-နယ်မြေ ရဲစခန်းတွေကို PDF ပူးပေါင်းတပ်တွေကနေ ရှော့တိုက်ဒုံးတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
-မကွေးတိုင်း၊ မြိုင်မြို့အဝင်က အကြမ်းဖက်စစ်တပ် ဂိတ် နဲ့ ပျူစောထီးကျေးရွာတွေဖြစ်တဲ့ ကန်နီ၊ ဝက်ပုတ် ၊ တွင်းမရွာတွေက ပျူစခန်းတွေကို တော်လှန်ရေးအင်အားစုတွေကနေ လက်နက်ကြီးတွေ ၊ ဒရုန်း တွေ ၊ မောင်းသူမဲ့လေယာဉ်တွေနဲ့ ဗုံးကျဲပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ သတင်းတွေကို တင်ဆက်ပေးပါမယ်။https://youtu.be/r_AGKS0aI08