khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်အနီး စစ်တပ်နှင့် TNAL တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ သြဂုတ် ၂၉

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ တရုတ်-မြန်မာ နယ်စပ်အနီး အကြမ်းဖက် စစ်တပ်နှင့် TNAL တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၈ ရက်နေ့တွင် မူဆယ်မြို့နယ်ရှိ TNLA ရှိရာ ခိုမုန်းကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာသည့် အတွက် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA နှင့်တစ်နေကုန် နီးပါး တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းသိရသည်။

ခိုမုန်းကျေးရွာသည် တရုတ်နယ်စပ်နှင့် ၁.၅၄ ကီလိုမီတာသာ ကွာဝေးပြီး အကြမ်းဖက် စစ်တပ်၏ တပ်မ ၉၉ လက်အောက်ခံ ၄၂၁၊ ၄၂၃၊ ၅၇၇ တပ်ရင်းများနှင့် ပြည်သူ့စစ် တပ်ဖွဲ့များ ဖြစ်သည့် ရှောက်ဟော်၊ လုံထန်၊ မြို့မ ၁၊ ၂၊ ၃ အဖွဲ့များက စစ်ကြောင်း ၅ ကြောင်းဖြင့် ထိုးစစ်ဆင်လာပြီး နံနက် ၈ နာရီမှ ညနေ ၅ နာရီ ၃၀ မိနစ် အထိ တစ်နေ့ကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရှိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်၏ နမ့်ဖက်ကာ ၁၂၃ တပ်မှ ၁၀၀ မမ လက်နက်ကြီးဖြင့် ၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ် ၏ တပ်မ ၉၉ လက်အောက်ခံ ၄၂၀ ၊ ၄၁၇ တပ်ရင်းမှ တအာင်းတပ်မတော်ရှိရာသို့ ထိုးစစ်ဆင်နိုင်ခြင်းမရှိဘဲ ၎င်းတို့တပ်စွဲထားသည့် လွယ်ကျယ်လောက်မှနေ၍ မူဆယ်မြို့နယ်၊ စယ်လန်ကျေးရွာအနီးရှိ ဘုရားတောင်ကို လက်နက်ကြီးများဖြင့် အကြိမ် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်သောကြောင့် ဘုရားတောင်ရှိ ဘုန်းတော်ကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ တအာင်းတပ်မတော် တပ်မဟာ ၄ စစ်ဒေသဖြစ်သည့် လားရှိုးမြို့နယ်တွင် TNLA တပ်ဖွဲ့ ရှိရာ နေရာကို စစ်ကားများ အသုံးပြုကာ ထိုးစစ်ဆင်လာသည့် အကြမ်းဖက် စစ်တပ်နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယမန်နေ့ တနေ့ကုန်နီးပါးဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်း တပ်များဘက်မှ ထိခိုက်ကျဆုံးမှု အများအပြားရှိခဲ့ပြီး အသေးစိတ် မသိရှိရသေးကြောင်း၊ တအာင်းတပ်မတော်နှင့် အကြမ်းဖက် စစ်တပ်တို့အကြား သြဂုတ်လအတွင်း တိုက်ပွဲစုစုပေါင်း ၁၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရှိရသည်။

Читать полностью…

Khit Thit Media

ဤတွင် နောက်ဆက်တွဲဖြစ်လာနိုင်သည်များကို မီဒီယာက တာဝန်ခံရန် မည်မျှ အတိုင်းအတာထိ တာဝန်ရှိပါသနည်း။ နာမည်ခံပြီး ထုတ်ဝေနေသော မီဒီယာများကို အပြစ်ပေး တာဝန်ခံခိုင်းသော အချိန်တွင် တယ်လီဂရမ် ကဲ့သို့သော သတင်းဌာနများကို မည်ကဲ့သို့ ဝာာဝန်ခံခိုင်းကြမည်နည်း။ နာမည်တပ်နိုင်သော မီဒီယာကို အပြစ်ပေးကောင်းပေးနေချိန်တွင် click များစွာ ရရှိနေသော ဝင်ငွေကြမ်းသည့် နာမည်မခံ၊ တာဝန်လည်း မခံသော မီဒီယာများသည်လည်း မီဒီယာကောင်စီသစ်၏ စောင့်ကြည့်မှုအောက်တွင် မည်သို့ ထားရှိကြမည်နည်း။

မီဒီယာကောင်စီ၏ လုပ်ငန်းကို မီဒီယာသစ်ကို စောင့်ကြည့်နိုင်ရန် မည်မျှထိ ချဲ့ထွင်သင့်သနည်း ဟူသည့် ပြဿနာကို ရင်ဆိုင်နေရသည်မှာ မီဒီယာကောင်စီရှိသော နိုင်ငံတိုင်းတွင်ဖြစ်သည်။ အထူးသဖြင့် မည်သို့ စီမံသင့်သည်ကို သုတေသနများ ဥရောပတွင် ချဲ့ထွင်လာကြသည်။ ထိုနမူနာများကို ကျယ်ပြန့်စွာ မြန်မာမီဒီယာ သမားများအနေနှင့် သိရှိရန်လိုအပ်နေပါသည်။ အခြားတစ်ဖက်တွင်လည်း မီဒီယာသမား များ၏ အခန်းကဏ္ဍသည် မူဝါဒရေးရာချမှတ်သူ၏ နေရာကို အလိုအလျောက် မရောက်နိုင်ကြောင်း၊ မီဒီယာကို ထိန်းကွပ်ရန် သြဇာ အာဏာစက်ကို သုံးခြင်းမှာ သမိုင်းအစဉ်အဆက် မထိရောက် ခဲ့ကြောင်းကိုလည်း သတိချပ်ရပေမည်။

အနှစ်ချုပ် နိဂုံး
=============

ယခုကာလတွင် မီဒီယာ အမျိုးအစား စုံလင်အောင်၊ ရေးသားတင်ဆက်ပုံ အမျိုးအစားစုံလင်စွာ တည်ရှိနိုင်ရေးကို ကူညီပေးခြင်း၊ ဂျာနယ်လစ်များ ရပ်တည်နိုင်ရေးကို ကူညီပေးခြင်း၊ မီဒီယာလွတ်လပ်ခွင့်ကို ကာကွယ်ပေးခြင်း အထူးတလည် လိုအပ်နေသည်။ ဂျာနယ်လစ်များလုံခြုံရေး၊ ရေရှည်ရပ်တည်နိုင်ရေး၊ လုပ်ငန်းကို ကာကွယ်ပေးနိုင်ရေးမှာ မီဒီယာထောက်ကူရေး အဖွဲ့အစည်းများက လုပ်နိုင်သော အလုပ်ဖြစ်ပါသည်။

ပဋိပက္ခကာလ အပါအဝင် မည်သည့်အချိန်ကာတွင် မဆို ပြည်သူက အမှန် တရား ကို ရှာဖွေရာတွင် မီဒီယာက အဖော်မွန်များ ရှိနေရမည်ဖြစ်ပြီး မီဒီယာ သည် ပြည်သူတို့ ဆင်ခြင်သုံးသပ်နိုင်မှုအတွက် အထောက်အကူဖြစ်စေ မည့် အချက် အလက်များကို ပံ့ပိုးပေးသူများ ဖြစ်ပေသည်။ အမြင်စုံ အလွှာစုံကို ကိုယ်စားပြုသော မီဒီယာများ ပဒေသာစုံတည်ရှိနေရန် အထူးသဖြင့် တော်လှန်ရေး ကာလတွင် အရေးကြီးသည်။

ဓာတ်ပုံ- ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တွင် ဖမ်းဆီးခံသတင်းထောက်များ ပြန်လည် လွတ်မြောက်ရေး လှုပ်ရှားမှု။

Читать полностью…

Khit Thit Media

၇။ မီဒီယာကောင်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့သော် မည်သို့ဆက်လက် ဖြေရှင်းကြမည်နည်းကို ရှင်းလင်းစွာပြဌာန်းခြင်း ဇူလိုင်လ က အဆိုပြုခဲ့သော IPCM မီဒီယာကောင်စီမူကြမ်းတွင် ထိုအစိတ်အပိုင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းဖြေဆိုထားခြင်းမရှိပေ။

ထို့ပြင် ဆုံးဖြတ်ချက်ကို မကျေနပ်ခဲ့သော် လက်ရှိနိုင်ငံရေး အနေအထားအရ မည့်သည့်ဥပဒေအရ ဆက်လက်ဖြေရှင်းနိုင်ကြမည်ကိုလည်း ရည်ညွှန်း ထား ခြင်း မရှိပေ။

၈။မီဒီယာတစ်ခု အဖွဲ့ဝင်ဖြစ်ချင်လာအောင် မည်သည့် မက်လုံး/ အကျိုးရလဒ် ကို ပေးနိုင်သနည်း ဟူသော မေးခွန်းကို ရှင်းလင်းစွာ ချပြနိုင်ခြင်း စေတနာ အလျောက် voluntary အဖွဲ့ဝင်အဖြစ်ပါဝင်ရမည့် ကောင်စီမျိုးတွင် အဖွဲ့ဝင် တိုင်း ရလာမည့် အကျိုးကျေးဇူးကိုလည်းကောင်း၊ ပြည်သူတို့ ရရှိနိုင်သည့် အကျိုးကျေးဇူးကိုလည်းကောင်း အကျယ်တဝင့်ဖော်ပြသင့်ပါသည်။

ဥပ‌မာ- ယူကေ မီဒီယာကောင်စီ IPSO သည် ၂၄ နာရီ ဖွင့်ပြီး ဝန်ဆောင်မှု ပေးရသည့် လုပ်ငန်းများတွင် ဂျာနယ်လစ်တို့၏ လုံခြုံရေးနှင့်ကျင့်ဝတ်ဆိုင်ရာ အကြံဉာဏ် ပေးခြင်းများပါဝင်သလို တစ်စုံတစ်ဦးကို ဂျာနယ်လစ်က နှောင့် ယှက်နေပါက တိုင်ကြားနိုင်သည့် ဝန်ဆောင်မှုလိုင်းကို ဖွင့်ထားပေးသည်။

ပြစ်ဒဏ်သာ များပြီး မိမိတို့အတွက် အထောက်အကူရစရာ အကြောင်းမရှိဟု မီဒီယာအများစုက အထင်ရောက်လျှင် အဖွဲ့၏ သြဇာနှင့် ရပ်တည်မှု မေးခွန်း ထုတ်ခံရနိုင်သည်။

၉။ မီဒီယာကောင်စီ မထိရောက်နိုင်သော အခြေအနေများကို ပြုပြင်ခြင်း
========================================

• မီဒီယာကောင်စီ၏ ရပ်တည်ချက်မှာ မီဒီယာ ဒီမိုကရေစီကို ထိန်းသိမ်း ပေးရန်ဖြစ်ပြီး ဒီမိုကရေစီအသံစုံ စျေးခင်းဆိတ်သုဉ်းသွားနိုင်သည့် သတင်းခန်း ပြင်ပမှ လွှမ်းမိုးချုပ်ကိုင် လာခြင်းမျိုးကို ဟန့်တားပေးရန် ဖြစ်သည်။ အောက်ပါ အခြေအနေများတွင် မီဒီယာကောင်စီ၏လုပ်ငန်းများ ထိရောက်ရန် ခဲယဉ်းသည်။

• မီဒီယာကောင်စီ၊ မီဒီယာများနှင့် ပြည်သူများ၏ ပြောရေးဆိုခွင့်ကို ပိတ်ပင်သည့် အာဏာရှင်ဆန်သည့် ဥပဒေများရှိနေသောအခါ

လွန်ခဲ့သည့် ဆယ်နှစ်အတွင်းက မြန်မာနိုင်ငံသည် ဥပမာတစ်ခုဖြစ်သည်။ အခြား မီဒီယာနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်း၏ ထုတ်ဖော်ပြောဆိုခွင့်ကို ဖိနှိပ်ထားသည့် အခါမျိုးတွင် မီဒီယာကောင်စီ ရှိလာသော်လည်း ကောင်စီသည် ဂျာနယ်လစ်များကို ထိရောက်စွာ မကာကွယ်ပေးနိုင်ပေ။

ဥပဒေနှင့် တရားရုံးများက ကောင်စီ၏ လုပ်ပိုင်ခွင့်အောက်မှ အမှုများကို ဝင် ရောက် စွက်ဖက်ခြင်း မကြာခဏရှိခဲ့ရာကောင်စီသည် ထိရောက်သင့်သလောက် မထိရောက်ခဲ့ပေ။

• အစိုးရ ထောက်ပံ့ငွေကို လုံးလုံးမှီခိုရသောအခါ

ဤအခြေအနေတွင် မီဒီယာကောင်စီသည် မိမိ၏ လုပ်ငန်းများကို အကောင် အထည် မဖော်နိုင်တော့ဘဲ အာဏာရှင်၏ ဆင်ဆာစနစ်မောင်းတံ တစ်ခုသာ ဖြစ်လာနိုင်သည်။ အာဏာရှင်နိုင်ငံများမှ ကောင်စီများ ဖွဲ့စည်းသော ဒီဇိုင်းမှာ မီဒီယာကို ထိန်းချုပ်ရန် ပြဌာန်းထားသော ဥပဒေများအရ ဖွဲ့စည်းထားသည့် Statutory bodyများ ဖြစ်လေ့ရှိကြသည်။

ဥပမာ-မလေးရှားအစိုးရက အဆိုပြုနေသော မီဒီယာကောင်စီ၊ ကင်ညာနှင့် ဘင်္ဂလားဒေ့ရှ်၊ ဘင်္ဂလားဒေ့ရှ် ဂျာနယ်လစ်များသည် မိမိတို့ကောင်စီကို အိန္ဒိယ နှင့် နှိုင်းယှဉ်လျှင် ဤမလွတ်လပ်သော အခြေအနေ ကိုထောက်ပြ လေ့ရှိကြသည်။

မလေးရှားသည် ထိုမီဒီယာကောင်စီမျိုးကိုသုံးကာ မီဒီယာလွတ်လပ်ခွင့်ကို ချုပ်ခြယ်သော ဥပဒေမျိုးကို အစိုးရက မကြာခဏ ပြဌာန်းရန် ကြိုးစားသော ကြောင့် လွန်ခဲ့သော နှစ်လေးဆယ်အတွင်း မီဒီယာကောင်စီဖွဲ့စည်းရေးကို ဂျာနယ်လစ်များတောက်လျှောက်ဆန့်ကျင်ခဲ့ကြသည်။

မလေးရှား ဂျာနယ်လစ်များက ကြိုးစားခဲ့ကြသည်မှာ လွတ်လပ်သော ဂျာနယ် လစ်များအတွက် သမဂ္ဂ ရပ်တည်နိုင်ရေးဖြစ်သည်။

၁၀။ စစ်ကာလ အထူးအခြေအနေကို ထည့်သွင်းစဉ်းစားခြင်း

စစ်ကာလသည် အခြားကာလနှင့် မတူဘဲ သတင်းစားသုံးမှု လျင်မြန်စွာမြင့် တက်သည်။ ပင်လယ်ကွေ့ စစ်ပွဲကာလက အမေရိကန်တို့၏ သတင်းစာ ဖတ်ရှုမှု တက်ခဲ့ပြီး CNN ကို ကြည့်ရှုသူ ဆယ်ဆခုန်တက်ခဲ့သည်။ ရှေးမဆွ ကပင် အမေရိကန်ပြည်တွင်းစစ်ကာလတွင်လည်း တောင်ပိုင်းရော မြောက်ပိုင်း တွင်ပါ အိမ်တိုင်းတွင် စစ်နှင့်ပတ်သက်သူများ တစ်ဦးမဟုတ် တစ်ဦးရှိခြင်း ကြောင့် တိုက်ပွဲအခြေအနေကိုသိရန် သတင်းစာကို ခါတိုင်းထက် မှီခိုကြရသည် ဖြစ်ရာ သတင်းစာဖတ်ရှုသူ အရေအတွက် ပိုမိုများပြားလာသည်မှာ မဆန်းပေ။

စစ်သတင်း၏ သဘောမှာလည်း အခြားသတင်းထက် အမှားအယွင်း အချွတ်အ‌ချော် ပိုများတတ်သည့်သဘော ရှိသည်။ သို့ရာတွင် သတင်းကို ယုံကြည်ရခြင်း မယုံကြည်ရခြင်းထက် မတည်ငြိမ်မှုကြောင့် သတင်းစားသုံးမှု တဟုန်ထိုး တက်နိုင်သည်။ သို့ရာတွင် ကျင့်ဝတ်နှင့် မညီဟု စွပ်စွဲပြီး စည်းကမ်း ကြပ်မတ်ရန် မလွယ်ကူပေ။

တစ်ချိန်တည်းတွင် စစ်နှင့် ဆင်ဆာ၊ စစ်နှင့် ဝါဒဖြန့်ချိရေး (war and propaganda) မှာ အတူတွဲလာလေ့ရှိသည်။ အထူးသဖြင့် ကမ္ဘာပေါ်တွင်ရှိသော မီဒီယာကောင်စီအများစုသည် ဒုတိယ ကမ္ဘာစစ် နောက်ပိုင်းနှစ်များ ၁၉၅၀ ကျော်နောက်ပိုင်းကာလတွင်မှ ပေါ်ပေါက် လာကြ ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဒုတိယကမ္ဘာ စစ်ကာလတွင် စစ်အတွင်းပါဝင်ခဲ့သော နိုင်ငံများစွာတွင် သတင်းစာ လွတ်လပ် ခွင့်ကို အစိုးရများက ပိတ်ပင်ပြီး ဝါဒဖြန့်ချိရေးကို

Читать полностью…

Khit Thit Media

ယခုစစ်ကာလအခြေအနေတွင် ဤကဲ့သို့ အပြန်အလှန်ယုံကြည်မှုဖြင့် တည် ဆောက်သော လွတ်လပ်သည့် မီဒီယာကောင်စီတစ်ရပ် ဖြစ်ပေါ်နိုင်ပါ၏လော ဆိုသည်မှာ လက်ရှိတည်ရှိနေသော မီဒီယာလောကသား တစ်ဦးချင်းတို့၏ အဆုံးအဖြတ်ပေါ်တွင် မူတည်သည်။ တစ်စုတစ်ဖွဲ့က လိုလားရုံမျှဖြင့်၊ ဦးဆောင် ညွှန် ကြားမှုပေးရုံမျှဖြင့် အသက်ဝင်လည်ပတ်နိုင်သော အခြေအနေကို ရောက်ရှိရန်မလွယ်ကူနိုင်ပေ။

၂။ နိုင်ငံရေးအဖွဲ့အစည်းများ၏ သြဇာမှ ကင်းလွတ်ခြင်း
=================================

တဖန် Centre for Law and Democracy မူဝါဒစာတမ်းတွင် အောက်ပါ အတိုင်း အကြံပြုထားပါသည်။

သတင်းမီဒီယာစည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းတစ်ခုသည် မိမိ၏ လွတ်လပ်ခွင့်အတွက် အထူးသဖြင့် နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုမှ ကင်းလွတ် ခွင့်အတွက် အကာအကွယ်ပေးမှု များ ရရှိသင့်၏။ ဥပမာအားဖြင့်- နိုင်ငံရေး နောက်ခံ အဆက်အသွယ်ရှိသူများကို အဖွဲ့ဝင်အဖြစ် ခန့်အပ်မှုအား တားမြစ် ခြင်းနှင့် အဖွဲ့ဝင်များအား လက်တုံ့ပြန်ခြင်းတို့ကို ဥပဒေအရ အကာအကွယ် ပေးသင့်၏။

၃။ Conflict of interest ကိုယ်ကျိုးပါဝင်မှုဖြစ်လာနိုင်ခြေကို ပြတ်သားစွာ ဟန့်တားခြင်း
=========================================

မီဒီယာကောင်စီ၏ အဖွဲ့ဝင်များသည် ပဋိပက္ခအခြေအနေမျိုးတွင် ကောင်စီ၏ အဖွဲ့ဝင်ဖြစ်လာမည့် သူများက ယုံကြည်ကိုးစားလောက်သူများ ဖြစ်ရန်၊ တရား မျှတမှု အတွက် ရပ်တည်ခဲ့သည့် သမိုင်းစဉ် ကောင်းရှိသူများ ဖြစ်ရန်၊ Conflict of interest ကောင်စီဘုတ်အဖွဲ့ဝင်နေရာကို အကြောင်းပြုပြီး မိမိကိုယ် ကျိုးတစုံတရာ ရရှိနေနိုင်သူများ မဖြစ်စေရန်(ကာယကံရှင်က မရည်ရွယ် သည်ဖြစ်စေ) လိုအပ်သည်။

တဖန် မီဒီယာကောင်စီတွင် ရှင်းလင်းသော တာဝန်ပြဌာန်းချက် နှင့် လုပ်ပိုင်ခွင့် ရှိရပါမည်။ NGO တစ်ရပ်၏ မီဒီယာဖွံ့ဖြိုးရေး လုပ်ငန်းဆောင်တာနှင့် ပုံစံတူ မဖြစ်နိုင်ပါ။ နိုင်ငံတော်၏ ဆင်ဆာသဘောဆန်ဆန် စွက်ဖက်မှုပုံစံများကို ယူငင်ကျင့်သုံးလျှင်လည်းကောင်း၊ မီဒီယာဖွံ့ဖြိုးရေး အေဂျင်စီ (သို့) NGO တို့၏ အလှူရှင်နှင့် ပရဟိတ ရံပုံငွေအပေါ် မှီခိုရသည့် လုပ်ငန်းများ ဆောင်ရွက် နေရလျှင်သော်လည်းကောင်း conflict of interest များပါလာနိုင်သည့် အခြေအနေမျိုးဖြစ်စေကာ မိမိထိန်းကျောင်းနေရသော မီဒီယာများက မိမိကို မယုံကြည်တော့သည့် အခြေအနေ ဖြစ်လာနိုင်ပါသည်။ မီဒီယာကောင်စီ၏ သဘောသဘာဝမှာ “Press councils, as collective bodies, enjoy the highest possible representation and, therefore, broader credibility.” (Haraszti 2008,p. 46) ဟု ဆိုပါသည်။

ကိုယ်စားပြုမှုကျယ်ပြန့်သော ကောင်စီကိုသာ ကောင်စီအဖွဲ့ဝင်ဖြစ်လာမည့် မီဒီယာများက ယုံကြည်မှု အပြည့်အဝရှိမည်ဖြစ်ရာ ကောင်စီသည် မီဒီယာများ အပေါ် Divide and rule ပုံစံမျိုး မဖြစ်လာရန် လုံးဝ ရှောင်ရှားကြရလေ့ရှိသည်။ သို့မှသာ မူလရည်ရွယ်ချက်ဖြစ်သော မီဒီယာ အရည်အသွေးကို ထိန်းကျောင်း ပြီး မီဒီယာလောကဖွံ့ဖြိုးရေးကို မြှင့်တင်ရန်ဟူသော ရည်ရွယ်ချက် အထ မမြောက် ဖြစ်နိုင်ပါသည်။

ဥရောပ၊ မြောက် အမေရိကနှင့် ဗဟိုအာရှမှ ၅၇ နိုင်ငံပါဝင်သည့် ဧရိယာများမှာ မီဒီယာ လွတ်လပ်ခွင့်ကို စောင့်ရှောက်သော Organization for Security and Co-operation in Europe, Representative on Freedom of the Media အဖွဲ့ကြီးက မီဒီယာကောင်စီများ၏ အခြေခံ လုပ်ငန်းတာဝန်များကို ဤ သို့ဖော်ပြသည်။

၄။ မီဒီယာကောင်စီများ၏ အဓိက တာဝန်များမှာ-
============================

• မီဒီယာများအပေါ် မကျေနပ်ချက်၊ တိုင်တန်းချက်များပေါ်ပေါက်ခဲ့သော် လက်ခံ ကြားနာရန်

• ထိုတိုင်တန်းခံရသော မီဒီယာ၏ လုပ်ရပ်မှာ အများလက်ခံ ပြဌာန်း ထား သော သတင်းစာ ကျင့်ဝတ်၏ ဘောင်များနှင့်ညီညွတ်ခြင်းရှိမရှိ ဆန်းစစ်ရန်

•ရှုထောင့်အသီးသီးကို ထည့်သွင်း၍ သုံးသပ်ဆင်ခြင်ရန်

• မီဒီယာနှင့် တိုင်တန်းသူတို့အကြား ကြားခံ ညှိနှိုင်းပေးသူ (Mediator) အဖြစ် တည်ရှိပေးရန်

• တရားမျှတမှုကို အခြေခံသော ဥပဒေ၊ စည်းမျဉ်းစည်းကမ်းနှင့် ညှိနှိုင်းတိုက်ဆိုင်စစ်ဆေးပေးရန်

• ကျင့်ဝတ်ပိုင်းဆိုင်ရာညွှန်ကြားချက်များကို မလိုက်နာသော မီဒီယာများကို အများသိအောင် ထောက်ပြခြင်း

• ထိုသို့ ကျင့်ဝတ်မလိုက်နာသူကို လူသိရှင်ကြားဖြစ်စေသော ကိစ္စမျိုးတွင် မိမိ တို့ မည်သို့မည်ပုံ ဆုံးဖြတ်ခဲ့သည်ကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ခဲ့ ကြောင်း အများသိအောင် မှတ်တမ်းကို ချပြခြင်း

• မီဒီယာအပြောင်းအလဲများအပေါ် သုံးသပ်၊ ဝေဖန်ရန်နှင့် စာနယ်ဇင်းများ လိုက်နာရန် ကျင့်ဝတ်များ ပြဌာန်းရာတွင် လမ်းညွှန်ပေးရန်

• ထိုပြဌာန်းထားသော ကျင့်ဝတ်များကို ပြင်ဆင်ရာတွင် အကြံဉာဏ် များပေးရန်

• စာနယ်ဇင်းတို့အတွက် ပရော်ဖက်ရှင်နယ် စံအဆင့်အတန်းများကို အတည်ပြုပေးရန်

• စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်ပေးရန်

ယခင်ဖြစ်တည်ခဲ့သော ၂၀၁၄ က စတင်ဖွဲ့စည်းခဲ့သည့် မီဒီယာကောင်စီများကို ကြည့် လျှင် နိုင်ငံ၏ အခြေအနေကို ထောက်ငဲ့ပြီး မီဒီယာဖွံဖြိုးရေး တာဝန်များ ကိုပါ ပူးတွဲဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ သို့ရာတွင် မီဒီယာကောင်စီသည် မိမိတို့၏ ပင်မ တာဝန်များကိုမူ ပွင့်သစ်စ အဖွဲ့အစည်းတစ်ခုအနေနှင့် အပြည့် အဝတာဝန် ယူနိုင်ရန်

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး လူထု သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၉

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာရှိ စစ်တပ် ဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae People's Defence Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ ကျောက်လှေခါးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များကို အနီးကပ် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပစ်ခတ်မှုအတွင်း စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း၊ ယင်း ဂိတ်စခန်းသည် လမ်းသွားလမ်းလာ ပြည်သူများထံမှ ဆက်ကြေးတောင်းခံပြီး ပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများလည်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shwe Nyar Myae People's Defence Force (PDF)၊ Yesagyo Revolution Group (YRG) ၊ Southern YSO (PDF) နှင့် ဒေါင်းညီနောင် (PDF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေရေကြည် သပိတ် စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၂

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဩဂုတ် ၂၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၂၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ကျော်လွှားရေးအတွက် အိန္ဒိယနဲ့ထိုင်းတို့နဲ့ဆက်သွယ်ပြီး နိုင်ငံခြားဘဏ်ငွေစာရင်းတွေ ဖွင့်လှစ်လည်ပတ်ရေး လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုလိုက်ပါတယ်။

-စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မူးမန္တလေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာ ကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ဆီက သိရပါတယ်။

- စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ ၃ ရက်တာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးသူ များပြားခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/zK59yqyKvl8

Читать полностью…

Khit Thit Media

အမေရိကန်စီးပွားရေးပိတ်ဆို့မှုကိုကျော်လွှားရေး စစ်ကောင်စီက အိန္ဒိယ၊ ထိုင်း တို့နှင့် ဆက်သွယ်၍ နိုင်ငံခြားငွေစာရင်း ဘဏ်အကောင့်များ ဖွင့်လှစ် လည်ပတ် ရေး လုပ်ဆောင်နေ

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက်စစ်ကောင်စီက အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ထားသော စီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှားရေးအတွက် အိန္ဒိယ၊ ထိုင်းတို့နှင့် ဆက်သွယ်၍ နိုင်ငံခြားဘဏ်ငွေစာရင်းများ ဖွင့်လှစ် လည်ပတ်ရေး လုပ် ဆောင် နေကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆို လိုက်သည်။

နေပြည်တော်တွင် ဩဂုတ်လ ၁၉ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် စီးပွားရေး သမားများနှင့် စစ်ကောင်စီတာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်ခဲ့သော စီးပွားရေးသမား တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုက MFTB မြန်မာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ်၊ MICB မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ်တို့ကို စီးပွားရေးပိတ်ဆို့ အရေးယူထားကြောင်း၊ ထိုသို့ အရေးယူထားသည့်အတွက် စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်တို့က မြန်မာစစ်ကောင်စီ၏ နိုင်ငံခြားငွေဘဏ်စာရင်း အကောင့် များကို ပိတ်ပင်ထိန်းချုပ်လာကြောင်း၊ ထိုသို့ ထိန်းချုပ်မှုအတွက် အလွန် စိတ် ဆိုး ပြီး ထိပ်တိုက် ရင်ဆိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံကို စော်ကား ခြင်းဖြစ် ပြီး နိုင်ငံအချင်းချင်း ဘဏ်များကို လက်လွတ်စပယ် လုပ်ချင်တိုင်း လုပ်မရ ကြောင်း စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ပြောဆိုခဲ့ သည်ဟု သိရှိရသည်။

"စင်ကာပူနိုင်ငံက မြန်မာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ဘဏ်အကောင့်တွေကို ပိတ်ပင်လိုက်တာ၊ ဘင်္ဂလားဒေ့ရှ်က စစ်တပ်ဘဏ် ၂ ခုကို ပိတ်ပင်တာတွေကို သူတို့ အရမ်းစိတ်ဆိုးတယ်ပေါ့။ ဒါက နိုင်ငံတော်အပေါ်ပါ စော်ကားတာ။ နိုင်ငံ အချင်းချင်းလက်လွတ် စပယ် လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ဒါကြောင့် ထိပ် တိုက် ရင်ဆိုင်မယ်လို့ ပြောတယ်" ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော စီးပွားရေး သမားတစ်ဦးက ရှင်းပြသည်။

ထို့ကြောင့်လက်ရှိတွင် မြန်မာစီးပွားရေးသမားများနှင့် စစ်ကောင်စီအတွက် နိုင်ငံခြားဘဏ်ငွေစာရင်းများ ဖွင့်လှည်လည်ပတ် လုပ်ကိုင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိ ရသည်။

"စစ်ကောင်စီ ဗဟိုဘဏ်က အိန္ဒိယ ထိုင်းတို့နဲ့ ဆက်သွယ်ပြီးတော့ နိုင်ငံခြား ဘဏ်အကောင့်များ ပြန်လည် လည်ပတ်စေရေး လိုက်လုပ်ပေးနေတယ်။ နောက်တစ်ခါ အိန္ဒိယဘက်မှ ဆေးဝါးနှင့်ဓါတ်မြေဩဇာ သွင်းရန် ဆက်သွယ် ထားတယ်လို့ ထုတ်ပြောတယ်" ဟု တွေ့ဆုံပွဲ တက်ရောက်ခဲ့သော စီးပွားရေးသမားက ရှင်းလင်းပြောဆိုသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျပြီး ပစ္စည်းများကို ခိုးယူသွား

ရန်ကုန်၊ သြဂုတ် ၂၂

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ထန်းဘုန်းတောရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးရာ နေအိမ် ၃၀ ကျော်ပြာကျပြီး ပစ္စည်းများကို ခိုးယူသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မြိုင်မြို့နယ် ၊ ကန်နီပျူ စောထီးရွာကို ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းက ထန်းဘုန်းတောရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် နှင့် ပျူစောထီးများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ထန်းဘုန်း တောကျေးရွာမှ နေအိမ် ၃၀ ကျော် ပြာကျခဲ့ပြီး ကျန်ရှိနေသော နေအိမ်များမှ ပစ္စည်းများကိုလည်း မွှေနှောက်ဖျက်ဆီးသွားကြောင်း၊ စားနပ်ရိက္ခာများနှင့် ပစ္စည်းများကို ကန်နီ ပျူစောထီးရွာကို ခိုးယူသွားကြောင်း သိရသည်။

" ကန်နီပျူစောထီးရွာကို ရောက်နေတဲ့ အကြမ်းဖက် စစ်ခွေးအုပ်စု စစ်ကြောင်း နဲ့ ရွာခံပျူစောထီးတွေက ကန်နီပျူရွာအနီးမှာရှိတဲ့ ထန်းဘုန်းတောရွာကို ဝင်ရောက်ပြီး နေအိမ် ၃၀ ဝန်းကျင်ကို မီးရှို့ဖျက်စီးသွားတယ်။ ကျန်တဲ့ နေအိမ်တွေကိုလည်း မွှေနှောက်ဖျက်စီးပြီး စားနပ်ရိက္ခာနဲ့ပစ္စည်းတွေကို ကန်နီပျူစောထီးရွာထဲ ခိုးယူသွားတယ်" ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

Читать полностью…

Khit Thit Media

စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း People's Army To Fight Dictatorship -PAFD တပ်ဖွဲ့မှ တာဝန်ရှိသူ တစ် ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၇ မိနစ်က စစ်ကိုင်းမြို့နယ်၊ ပေါက်ကားရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အင်းစရွာဘက် သို့ ဆက်လက် စစ်ကြောင်းထိုးလာစဥ် အင်းစရွာအနောက်ဘက် တောလမ်း တစ်နေရာအရောက်၌ အတန်းလိုက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကြောင်း၌ပါရှိသော ဂျန်ပါကြောင့် မိုင်းမကွဲဘဲ တော်လှန်ရေး ရဲဘော် ၁ ဦးက လက်ပစ်မိုင်းဖြင့် ပစ်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် မိုင်းများအားလုံး ထကွဲပြီး စစ်သား ၅ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

"မနေ့က ၂ နာရီ ၃၇ မိနစ်လောက်မှာ အင်းစရွာအနောက်ဘက်မှာ ထိပ်တိုက်တွေ့တာ၊ ထုတ်ပြန်ချက်ထဲ မှာပါတဲ့ဖြစ်အတိုင်းဖြစ်တယ်၊ ညနေဘက်ကျတော့ တလိုင်းနဲ့ညောင်ပင်ရှည်ဘက်ကို စစ်ကြောင်း ဆက် တိုးသွားတယ်၊ ထိုးသွားပြီးတော့ ဒီနေ့(ဩဂုတ်လ ၂၁ ရက်) ၉ နာရီ ၁၀ နာရီလောက်မှာ မြင်းမူမြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က မူးခြားတာကိုး၊ သူတို့ထိုးတာက စစ်ကိုင်းမြို့နယ်ထဲကို ထိုးတာ၊ သူတို့က ညောင်ပင် ရှည်ရွာကနေပြီးတော့ မူးမန္တလေးဘက်ကို လက်နက်ကြီးနဲ့လှမ်းပစ်တာ၊ အဲလိုလှမ်းပစ်တော့ ၂၃ နှစ်အ ရွယ်ကောင်မလေး တစ်ယောက် အောက်ပိုင်းပြတ်ပြီးတော့ ချက်ချင်းသေသွားတယ်၊ အခုလက်ရှိ ကနော်တို့သိရသလောက်တော့ ဝက်လက်မြို့နယ်ဘက်ကို ဦးတည်ပြီးတော့ အဲဒီစစ်ကြောင်းက ထွက် သွား တယ်" ဟု People's Army To Fight Dictatorship -PAFD တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန် ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့သို့ တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်သားများမှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ သို့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဆိုင်ကယ် ၈ စီးကို မီးရှို့ဖျက်ဆီးပြီး တလိုင်းကျေးရွာနှင့် ညောင် ပင်ရှည်ရွာများဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို People's Army To Fight Dictatorship(PAFD) တပ်ဖွဲ့ဝင်များ၊ ဒေသခံပကဖ၊ တပ်ရင်း ၃ တပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီမှ ၉ နာရီခန့် ကော့ကရိတ်မြို့နယ်၊ ရွာသစ်ကုန်းရွာနှင့် ကျောက်ပုံရွာ အကြားတွင် အကြမ်းဖက် စစ်တပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျားဖြူစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၆ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိကာ ကျားဖြူစစ်ကြောင်းဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း

ရန်ကုန်၊ သြဂုတ် ၂၁

ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၁

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို "အောင်ပွဲဆိုတာ ရဲရင့်သူကြိုးစားသူတို့ရဲ့ ဆုလာဘ်ပဲ အောင်ပွဲရသည်အထိရဲရင့်စွာ ကြိုးစားကြပါစို့" ဟု ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၁

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ထိုးစစ်ကာလအတွက် ထောက်ပို့အစီအစဉ်သစ်တွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် NUG ကာကွယ်ရေး ဝန်ကြီးဌာန ဖိတ်ခေါ်

ရန်ကုန် ၊ ဩဂုတ် ၂၉

မြို့ပြပျောက်ကြားအဆင့်မှ ရန်သူ့နောက်တန်းအမာခံစခန်းများကို တိုက်ခိုက်သည်အထိ စစ်ရေးအခြေ အနေပြောင်းလဲလာသောကြောင့် ထိုးစစ်ကာလအတွက် ထောက်ပို့အစီအစဉ်သစ်တွင် ပြည်သူများပါဝင် ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ဘဏ္ဍာရေးညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြား ကပြောသည်။

လက်ရှိ စစ်ရေးအခြေအနေသည် စစ်မျက်နှာများပြောင်းလဲလာသလို တပ်ရင်းတပ်ဖွဲ့များတည်ထောင်သည့် ကာလမှသည် လက်နက်တပ်ဆင်သည်ကာလအထိအဆင့်ဆင့်ပြောင်းလဲလာပြီး ယခုအခါတိုက်စစ်မှ ထိုးစစ်အထိပြောင်းလဲစတင်လာကြောင်း၊မူလကခုခံတော်လှန်စစ်အဖြစ် စစ်ကိုင်း၊ချင်း၊ကရင်၊ ကရင်နီ နယ်စပ် ဒေသများမှာသာဖြစ်နေသော်လည်း လက်ရှိအခြေအနေတွင် စစ်မျက်နှာကျယ်လာပြီး စစ်မျက်နှာဖွင့် သည်နေရာ အများအပြားဖြစ်လာကြောင်း ကိုကျော်ကြားကပြောသည်။

နေပြည်တော်နှင့်မဝေးသည့်နေရာများတွင်လည်း တိုက်ပွဲများဖော်လာပြီးနောက်ထပ်လည်း စစ်ဆင်ရေးများ ပြုလုပ် သွားရန် ရှိပြီး စစ်ကောင်စီနေပြည်တော်စစ်ဌာနချုပ်ကို အကြိုထိုးစစ်ကစပြီးလုပ်ဆောင်နေကြောင်း၊ တဖက်တွင်လည်း ရန်သူများ၏စစ်စခန်းများသိမ်းပိုက်နိုင်လာသလို ရန်သူ့တပ်သားများထွက်ပြေးမှုများ လာကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

ယင်းအပြင် ရန်သူနောက်တန်း အမာခံစခန်းများကို တိုက်ခိုက်သည်စစ်ရေးအစီအမံများ အကောင်အထည် ဖော်လာနေသည့် အခြေအနေများကြောင့် ထိုးစစ်ကိုကူးပြောင်းရန်လိုအပ်သည်ဟု ဆုံးဖြတ်ချက်ချထား ကြောင်း၊ ထိုးစစ်ကာလဟုဆိုရာတွင် လိုအပ်ချက်များစွာရှိနေပြီး အကြမ်းဖျင်းလိုအပ်ချက် ၆ မျိုးကို ဦးစားပေးလျာထားကြောင်း ဘဏ္ဍာရေးညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြား ပြောသည်။

စွမ်းရည်မြင့် လက်နက်များ၊ ကျည်နှင့် ခဲယမ်းများ၊ ထုတ်လုပ်ရေးအသုံးစရိတ်များ၊ ဆေးဝါးများနည်းတူ စားနပ်ရိက္ခာဖူလုံရေးသည်လည်း အလွန် အရေးကြီးလိုအပ်သော အခန်းကဏ္ဍတစ်ခု ဖြစ်ခြင်းကြောင့် စစ်ရေး အခြေအနေများနှင့်အညီ ထောက်ပို့ အခန်းကဏ္ဍ၏ ခြေလှမ်းအသစ်အဖြစ် PRF 2.0 ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ကိုကျော်ကြားကပြောသည်။

ယင်းအစီအစဥ်အသစ်တွင် ထောက်ပို့မိသားစုဝင်များ ထောက်ပို့လိုသော တိုင်းနှင့်ပြည်နယ်များကို ရွေးချယ်ခွင့်ရရှိမည်ဖြစ်ပြီး ထောက်ပို့မိသားစုဝင် ရွေးချယ်ထားသည့် ဒေသများတွင် အခြေစိုက်သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများ (သို့) မဟာမိတ် တော်လှန်ရေးအဖွဲ့ အစည်းများထံသို့ ခွဲဝေပေးပို့သွားမည် ဖြစ်ဟုဆိုသည်။

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဥ် စတင်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၃ ခုနှစ် ဧပြီလ အထိ၊ (၁၇) လတာ ကာလအတွင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၀.၉၃) သန်း ရရှိခဲ့ပြီးယင်း အစီအစဉ်ရရှိသည်ထောက်ပို့ငွေသည် တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်သည့် အတွက် ယခု အစီအစဉ်သစ်တွင်လည်း ပြည်သူများ ပါဝင်ပေးကြရန် ဖိတ်ခေါ်ကြောင်း ဘဏ္ဍာရေးညွှန်ကြားရေးမှူးချုပ် ကိုကျော်ကြား ကပြောသည်။

ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု (PRF) အစီအစဥ် PRF 2.0 အစီအစဉ်တွင်ပါဝင်လိုသည် ပြည်သူများ အနေဖြင့် PRF - People's Revolution Supply Family ဖေ့ဘွတ်စာမျက်နှာတွင် လာရောက်ဆက်သွယ် နိုင်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အစိုးရဘတ်ဂျက်နှင့် နိုင်ငံတိုင်း အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။

သတင်းစာလွတ်လပ်ခွင့်ကို အားပေးသည်ဆိုသော အမေရိကန်သည် ၁၉၄၁မှ ၁၉၄၆ ကာလအတွင်း အစိုးရဆင်ဆာဌာန ဒါရိုက်တာကို စစ်အတွင်း ဆင်ဆာနှင့် ဝါဒဖြန့်ချိရေး လုပ်ငန်းများတွင် ပါဝင်ပေးသည့်အတွက် နိုင်ငံသားကောင်း ဆုတံဆိပ်ပင် ချီးမြှင့်ခဲ့သေးသည်။ ထိုစဉ်က စစ်အတွင်း ပါဝင်ခဲ့ကြသော နိုင်ငံအားလုံးနှင့် ကိုလိုနီစနစ်အောက်မှ လွတ်မြောက်ရန် ကြိုးစားနေသောနိုင် ငံများတွင် ဝါဒဖြန့်ချီရေးနှင့် ဆင်ဆာကို Necessary Evil အဖြစ် ယူဆခဲ့ကြသည်။

ဟစ်တလာနှင့် မူဆိုလီနီ၊ ဂျပန် စစ်ဗိုလ်ချုပ်ကြီးများကဲ့ သို့ အထက်မြက်ဆုံး ဝါဒဖြန့်ချီရေးယန္တရား တွင်တွင်သုံးနိုင်နေသူများအား တုံ့ပြန်ရန် နည်းလမ်းများ လိုအပ်လာသော ကြောင့်ပင်။ ကျင့်ဝတ်အရ တိကျပါသည်ဟု မတိုင်းတာနိုင်၊ သို့ရာတွင် လိုအပ်သဖြင့် လုပ်ခဲ့ကြရသည်။

ပြည်တွင်းစစ်ကာလတွင် အပြန်အလှန် ဝါဒဖြန့်ချီရေးအတွက် ပြိုင်ဆိုင်ကြသည့် ဖြစ်စဉ်ကို ကုစားနိုင်သည့်နည်းမှာ ပြည်သူ့ဘက်တော်သား မီဒီယာများအပေါ် တစုံတရာ ဆင်ဆာကျင့်သုံးခြင်း မဟုတ်ပေ။ ဤအခြေအနေမျိုးတွင် ယနေ့ခေတ် မီဒီယာကို ပံ့ပိုးကူညီမည့် အဖွဲ့အစည်းများအနေနှင့် ဆောင် ရွက်နိုင်သည်မှာ မီဒီယာပဒေသာစုံ Media pluralism ကို ပံ့ပိုးပေးရန် သာဖြစ်သည်။

သတင်းမီဒီယာသည် လွတ်လပ်သော စျေးခင်းဖြစ်အောင် ပြုထားလျှင် propaganda နှင့် သတင်းမှန်ကို ပြည်သူက အချိန်ကြာလာသည်နှင့် အမျှ ရိပ်မိလာမည်ပင်။ သို့ဖြစ်ရာ တပ်ကိုယ်စားလှယ်မဟုတ်သည့် လွတ်လပ်သည့် မည်သည့်မီဒီယာကိုမဆို ဆင်ဆာစနစ်အောက်တွင် အားနည်းအောင် လုပ်ရန် မလိုအပ်ပေ။

မြန်မာနိုင်ငံသည် အခြားနိုင်ငံများက စစ်ကာလတွင်သာကျင့်သုံးလေ့ရှိသော ဆင်ဆာနှင့် ဝါဒဖြန့်ချိရေး ကမ်ပန်းမျိုးကို နှစ်၆၀ ကြာ တွေ့မြင်ခဲ့ရသော နိုင်ငံ ဖြစ်သည်။ စစ်တပ်၏ အမြင်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းစစ်ထဲ၌ အမြဲရှိ သည်။

သို့ဖြစ်ရာ စစ်အုပ်ချုပ်ရေးလက်အောက် မည်သည့် ဆယ်စုနှစ်တွင်မဆို ပြန်လည် သုံးသပ်ကြည့်လျှင် စစ်ကာလ ဆင်ဆာမျိုး၊ စစ်ကာလ ဝါဒဖြန့်ချီရေး လုပ်ငန်းမျိုးနှင့်သာ အကျင့်ပါနေရာ မြန်မာမီဒီယာအခင်းအကျင်းမှာ ယခုနွေဦးတော်လှန်ရေးကာလ မတိုင်မီကတည်းကပင် Power imbalance ခေါ် အားကြီးသော စစ်တပ်၏ မီဒီယာ အရင်းအမြစ်များက တစ်ဖက်၊ လှုပ်လီလှုပ်လဲ့ အခြေမခိုင်သော လွတ်လပ်သော မြန်မာမီဒီယာတို့က တစ်ဖက် အမှန်တရားအတွက် ပြိုင်ပွဲမှာ အားမမျှခဲ့ပေ။

ယခုနွေဦးတော်လှန်ရေး ကာလတွင်လည်း မြန်မာစစ်တပ်သည် အလားတူပင် ဝါဒဖြန့်ချီရေးကိုလည်းကောင်း၊ ဆင်ဆာကို လည်းကောင်း ကျင့်သုံးနိုင်ရန် အရင်းအမြစ်အများဆုံး အင်စတီကျူးရှင်းတစ်ရပ် ဖြစ်နေပေသေးသည်။ ထိုအချိန်တွင် စစ်တပ်၏ ဖိနှိပ်မှုအောက်တွင် အနိုင်နိုင် ရပ်တည်နေရသော မီဒီယာများစွာ သေဆုံးသွားကြပြီး ကျန်သော မီဒီယာများသည်လည်း ဆက်လက်ရှင်သန်ရန် ပံ့ပိုးမှုများစွာ လိုအပ်နေပေသည်။

သို့ဖြစ်ရာ လက်ရှိ power imbalance လုပ်ပိုင်ခွင့်အာဏာပါဝါ မညီမျှမှုကို ကုစားနိုင်ရန် လိုအပ်ပြီး ထိုပါဝါ မညီမျှမှုကို ပိုမို ဆိုးရွားလာနိုင်သည့် အခြေအနေမှန်သမျှကို ဖယ်ရှားကြရပါမည်။ ထို ပါဝါ မညီမျှမှုကို သတိမမူဘဲ ကျင့်ဝတ် ခေါင်းစဉ်အောက်မှ လက်ရှိရပ်တည်နေသော မီဒီယာများသည် အချင်းချင်း ပြိုင်ဆိုင်ပြီး မှေးမှိန်အောင်ပြုမိပါက ပြည်သူ့တော်လှန်ရေးဘက်မှ စဉ်းစားလျှင် ကိုယ့်အမြီး ကိုယ်ပြန်ကိုက်သည့်နှယ် ကိုယ့်ကိုယ်ကိုယ် အားနည်းအောင် ပြုမိသကဲ့သို့ Self-defeating strategy ဖြစ်လာနိုင်ပေသည်။

မီဒီယာကောင်စီသစ်သည် တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ယူဆခဲ့သည် ရှိသော် Complaint and dispute settlement mechanism တစ်ခု ဖြစ်တည်လာဖို့ထက် ကျော်လွန်စဉ်းစားရန် လိုအပ်သည့် အခြေအနေများ ရှိကောင်းရှိနိုင် ပါသည်။ ပုံမှန်မီဒီယာကောင်စီတစ်ရပ်တွင်ရှိသော ပင်ကို မူလ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီ တည်ဆောက်ရေးကာလတွင် မီဒီယာ ဒီမိုကရေစီရှိရေး၊ ပဒေသာစုံလူ့အဖွဲ့အစည်းကို ကိုယ်စားပြုသော မီဒီယာများရပ်တည်နိုင်ရေးအတွက် ပိုမိုအားစိုက်ပြီး စဉ်ဆက်မပြတ် အားထုတ်နေကြရမည်ဖြစ်ပြီး ပဋိပက္ခကာလဖြစ်ခြင်းကြောင့် “ DO No HARM” မူဝါဒကို ကိုင်စွဲကြရပါမည်။

ထို့ပြင် စည်းကြပ်ခြင်း၊ အရည်အသွေးမြှင့်တင်ခြင်းသည် မီဒီယာ ကောင်စီ၏ တာဝန်ဟု ခံယူထားသည့်အလျောက် တော်လှန်ရေး၏ ရန်သူဖြစ်သည့် မီဒီယာများ အသီးသီး ပေါ်ပေါက်နေရာ ယင်းမီဒီယာတို့၏ တင်ဆက်မှုများကို မပြတ်စောင့်ကြည့် သတိပေးနေသော တာဝန်ကို မီဒီယာ Trend ကို ပုံမှန်ထုတ်ပြန်ပေးမှုများ၊ ဖြစ်လာနိုင်သော အန္တရာယ်များကို လွတ်လပ်သော မီဒီယာကောင်စီ၏ လုပ်ငန်းအဖြစ် ထည့်သွင်းနိုင်ပါသည်။

မီဒီယာပုံစံသစ်များ ပေါ်ပေါက်လာချိန်တိုင်းတွင် မီဒီယာ regulations စည်းကမ်း ထိန်းသိမ်းပုံများတွင် အပြောင်းအလဲ ရှိမြဲဖြစ်သည်။ digital mediaကိုစည်းကမ်းထိန်းသိမ်းရန် နည်းလမ်းများသည် ပုံနှိပ်မီဒီယာခေတ်က လုပ်ထုံးလုပ်နည်းများနှင့် ထပ်တူဖြစ်နိုင်မည် မဟုတ်ပါ။ ဂိမ်းအသစ်ကို ကစားနည်းအဟောင်းဖြင့် မကစားနိုင်ပါ။ ဥပမာ- ဒီဂျစ်တယ် မီဒီယာ၏ တစ်လမ်းသွားမဟုတ်ဘဲ စာဖတ်သူများကိုယ်တိုင် သတင်းများအောက် ဝင်ရောက်ဖန်တီးရေးသားနိုင်သောပုံစံရှိသည်။

Читать полностью…

Khit Thit Media

စိန်ခေါ်မှုများ များစွာရှိခဲ့သည်။

ဥပမာ- မည်သည့် အမှုကိစ္စများ၊ မည်သည့် အငြင်းပွားမှုများတွင် မည်သို့ ကြားဝင် ဖြန်ဖြေ ညှိနှိုင်းဆုံးဖြတ်ပေးခဲ့သည်များကို ထုတ်ပြန်ခြင်း ပုံမှန် မရှိခဲ့ သောကြောင့် အများပြည်သူသည် မီဒီယာကောင်စီ၏ နေရာကို များစွာ နားမ လည် ခဲ့ကြပါ။

ယခု တော်လှန်ရေးကာလ ထွက်ပေါ်လာသော မီဒီယာကောင်စီဖွဲ့စည်းပုံ မူကြမ်း ( ဇူလိုင်လမူ) တွင် အလားတူအမှုများအတွက် မည်သို့ဆုံး ဖြတ်ခဲ့ ကြသည်ကို ကောင်စီWebsiteတွင် ဖော်ပြထားမည်ဟု ရေးသားထားပါသည်။

၅။ သုတေသနနှင့် လေ့လာမှုများ

၂၀၂၃ Center for Law and Democracy က အကြံပြုထားသော မီဒီယာကောင်စီ အဆိုပြုချက်- အခန်း (၃) ကောင်စီ၏ ဖွဲ့စည်းပုံတွင် ပါရှိသော ကော်မတီသုံးရပ်၏ ဖွဲ့စည်းပုံများသည် ကာလဒေသနှင့် လိုက်လျောညီထွေ ဖြစ်မဖြစ်ကို သိရှိနိုင်ရန် အခြား မီဒီယာကောင်စီဖွဲ့စည်းပုံများကို ကျေညက်စွာ လေ့လာရန် လိုအပ်ပါသည်။

ဤသို့ အခြားနိုင်ငံမူများကို နမူနာယူသည့် အစိတ်အပိုင်းများတွင်လည်း အာဏာရှင် အငွေ့အသက် ကင်းပသည့် အပြောင်းအလဲများကိုသာ ဦးတည် ကြသည့် ဖွဲ့စည်းပုံများကို ဆန်းစစ်သင့်ကြပါသည်။ ထိုကော်မတီများတွင် အရေးအကြီးဆုံးမှာ Conflict of interest ကို ဖယ်ရှားနိုင်မှသာ ရေရှည်ခံ သော လုပ်ငန်းထိရောက်သော ကော်မတီတစ်ခု ဖြစ်နိုင်မည်ဖြစ်ပြီး အကယ်၍ ကော်မတီများအပေါ် မီဒီယာများက မတရားဟု စွပ်စွဲချက်များ ရှိလာနိုင် သည့်အခြေအနေမှာ ယခုပဋိပက္ခကာလတွင် ပိုပြီးပြင်းထန်သော နောက်ဆက်တွဲများဆီသို့ မလိုလားအပ်ပါဘဲ ရောက်ရှိသွားနိုင်ပါသည်။

ဥပမာ- ထိုင်းမီဒီယာ အဖွဲ့အစည်းများသည် လွန်ခဲ့သည့် ဆယ်နှစ်တာ ကာလ အတွင်း အာဏာရှင်ဆန်ဆန်အမူအကျင့်ကို ကျင့်သုံးနိုင်သည့် မီဒီယာကောင်စီ ကို အသက်သွင်းမည့် ဥပဒေကို အဆက်ဆက် ဆန့်ကျင်ခဲ့ကြသည် ။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က သြစတြေးလျားမီဒီယာကောင်စီနှင့်ပတ်သက်ပြီး မီဒီယာများ၏ ဆန္ဒပြမှုများ ကြိမ်ဖန်များစွာ ပေါ်ပေါက်ခဲ့သည်။ ၂၀၂၁ ဧပြီတွင် ထုတ်ဝေသူများနှင့် ဂျာနယ်လစ်အဖွဲ့အစည်းများက သြစတြေးလျား မီဒီယာကောင်စီကို အငြင်းပွားမှုများ ထိရောက်စွာ မဖြေရှင်းပေးနိုင်သဖြင့် အဖွဲ့ဝင်ကြေး ဆက်မထည့်နိုင်ဟု ဆန္ဒပြခဲ့ကြသည်။

၆။ မီဒီယာကောင်စီအောင်မြင်ရေး အရပ်ဘက်အဖွဲ့အစည်းနှင့် လက်တွဲဆောင်ရွက်ခြင်း
=======================================

စစ်ကာလအတွင်း မီဒီယာသည် စစ်၏ လက်နက်တစ်ခုအဖြစ် ဝင်သုံးကြချိန် တွင် လွတ်လပ်သော မီဒီယာကောင်စီတစ်ခု သန္ဓေတည်ရန် ခဲယဉ်းသည်။ သို့ရာတွင် မီဒီယာကောင်စီက ဝင်ရောက် ဆောင်ရွက်ပေးနိုင်သော အရေးကြီး သည့်လုပ်ငန်းတစ်ခုမှာ မီဒီယာကြောင့် အများပြည်သူတို့ နစ်နာချက်များ ရှိခဲ့ပါက တိုင်ကြားဖြေရှင်းနိုင်သော အဖွဲ့အစည်း တစ်ရပ်အဖြစ် ရပ်တည် ပေးရန် ဖြစ်သည်။

တရားရေးမဏ္ဍိုင်ကို မယုံကြည် မကိုးစားနိုင်သည့် အခြေအနေများတွင် နစ်နာ သူများ သက်သာရာရစေမည့် ဖြေရှင်းနည်းတစ်ရပ်ဖြစ်စေရန် မီဒီယာလောက စည်းမျဉ်းစည်းကမ်းများကို ကျွမ်းကျင်သူများနှင့် အရပ်ဘက်မှ လူသူလေးပါး လေးစားသူများ ဖွဲ့စည်းထားသော မီဒီယာကောင်စီ တစ်ရပ်ကို ပြည်သူတို့က အားကိုးလာနိုင်ကြမည်။

အတိတ်တွင် ဆိုဗီယက်အလွန် လစ်ဘရယ်ဒီမိုကရေစီစနစ်သို့ ကူးပြောင်းလာ သော အရှေ့ ဥရောပနိုင်ငံများ တွင်သာမက အနောက်ဥရောပ နိုင်ငံများမှာ မီဒီယာကောင်စီများသည် အရပ်ဘက် လူ့အဖွဲ့အစည်း၏ ပါဝင်မှုကို ရယူကြပြီး တရားဝင်မှုကို ခိုင်မာအောင် တည်ဆောက် ကြသည်။

ဤနေရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မီဒီယာ ကောင်စီ၏ အဆုံးအဖြတ်များ မျှတအောင် စောင့်ကြည့်ပေးရခြင်း၊ ဘက်လိုက် မှုများရှိခဲ့သော် ထောက်ပြရခြင်း၊ တရားဝင် ကောင်စီထဲတွင် အရပ်ဘက် လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များပါဝင်ရာတွင် သင့်တော်သူများကို အဆိုပြု ရခြင်း၊ မီဒီယာကောင်စီအကြောင်းကို ပြည်သူများအားအသိပေးရာတွင် အောက် ခြေ အထိ သတင်းစကားပို့ဆောင် ရှင်းပြနိုင်သူများအဖြစ် ကူညီနိုင်ခြင်း တို့အားဖြင့် ပံ့ပိုးပေးနိုင်သည်။

တစ်ချိန်တည်းတွင် ဒီမိုကရက်တစ်လူ့ဘောင်တွင် အရပ်ဘက်လူ့အဖွဲ့အစည်း ၏ လုပ်ငန်းများထဲ၌ မီဒီယာဖွံ့ဖြိုးရေးမှာ ဒီမိုကရေစီ၏ အသက်သွေးကြော ဖြစ်သောကြောင့် လွတ်လပ်သော သတင်းမီဒီယာ ရေရှည် တည်တံ့ရေး၊ Media concentration ခေါ် မီဒီယာအချို့က လက်ဝါးကြီးအုပ်လွှမ်းမိုးထားသော စနစ် ကို ခုခံဆန့်ကျင်နိုင်ရေး၊ တစ်စုတစ်ဖွဲ့ကသာ မီဒီယာအသံကို လွှမ်းမိုးထားနိုင် ပြီး မိမိ၏ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ် အရယူခြင်းအားဖြင့် ဒီမိုကရေစီ ကို ယိမ်းယိုင်စေသော အဖြစ် Hegemony အခြေအနေကို ကုစားရခြင်း များ တွင် တွေ့ရှိနိုင်ပေသည်။

ဥပမာ- နယ်သာလန်တွင် ရှိသော Free press unlimited သည်လည်းကောင်း၊ ယူကေ အခြေစိုက် Article 19 သည်လည်းကောင်း၊ ဂျာမနီမှ နိုင်ငံရေး ဖောင်ဒေး ရှင်းများသည်လည်းကောင်း ထိုကဲ့သို့လုပ်ငန်းများအတွက် ပေါ် ပေါက် လာကြသော အရပ်ဘက် လူ့အဖွဲ့အစည်းများဖြစ်ကြပြီး နိုင်ငံတကာမှ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် လက်တွဲပြီး မီဒီယာအရေး ဒီမိုကရေစီ စောင့်ရှောက် ရေး အစိတ်အပိုင်းအဖြစ် ဆောင်ရွက်ကြပါသည်။

Читать полностью…

Khit Thit Media

စစ်အာဏာရှင် တော်လှန်ရေး ကာလ မြန်မာသတင်းမီဒီယာကောင်စီ၏ ဖြစ် သင့်သော လားရာ

By ရန်ကုန်ခေတ်သစ်

"အရည်အသွေးရှိသော မီဒီယာမှာ လွတ်လပ်ခွင့်ကို အထောက်အကူပေးသည့် အခြေခံ အကြောင်းတရားဖြစ်သည်။ သို့သော် အရည်အသွေးရှိရန်ဟူသော အကြောင်းပြချက်ဖြင့် လွတ်လပ်ခွင့်ကို မချုပ်ချယ်အပ်ပေ။ အဘယ်ကြောင့် ဆိုသော် လွတ်လပ်ခွင့်မရှိဘဲ တာဝန်ခံမှုရှိသော မီဒီယာလောကကို တည် ဆောက်၍ မရနိုင်ပေ"ဟု မီကလော့ ဟာရာဇ်တီ၊ ဟန်ဂေရီနိုင်ငံသား စာရေး ဆရာ၊ ပါမောက္ခနှင့် ဘီလာရုစ်နိုင်ငံ လူ့အခွင့်အရေးအခြေအနေ ဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအတွက် လက်ရှိ အခြေအနေနှင့် ဆက်စပ်နေသော မီဒီယာကောင်စီ ဆိုင်ရာ အကြံပြုချက်များ ရှိနေပါသည်။

၁။ Self-regulatory body တစ်ရပ်လိုအပ်ခြင်း
==========================

ယခုတော်လှန်ရေးကာလ ပဋိပက္ခအခြေအနေတွင် မီဒီယာကောင်စီတစ်ခု တည် ထောင် ခြင်းအားဖြင့် မီဒီယာကို ထိန်းကျောင်းမည်ဆိုလျှင် ထိုကောင်စီ သည် မည်ကဲ့သို့သော ကောင်စီမျိုး ဖြစ်သင့်သနည်း။ ယခင် မြန်မာနိုင်ငံတွင် ရှိခဲ့သော မီဒီယာကောင်စီသည် အယောင်ဆောင် ဒီမိုကရေစီပြုပြင် ပြောင်းလဲ‌ ရေး ကာလအတွင်းပေါ်ပေါက်လာခဲ့ပြီး အစိုးရကိုယ်တိုင်ကိုယ်ကျ တဖြည်း ဖြည်း မီဒီယာ စည်းမျဉ်းစည်းကမ်းများကို အလျှော့ပေးမည်ဟူသော မူဖြင့် “Guided liberalization” “ calculated and measured liberalization” ပုံစံဖြစ်ရာ အခြားဒီမိုကရေစီ နိုင်ငံအတော်များများမှ မီဒီယာကောင်စီ ပေါ် ပေါက် ပုံများနှင့် မတူခဲ့သော ဖြစ်စဉ်တစ်ရပ် ဖြစ်ခဲ့ပါသည်။

မီဒီယာသည် ဖြစ်နိုင်လျှင် နိုင်ငံတော်၏ စီမံခန့်ခွဲမှုကို မလိုအပ်ပါ။ နိုင်ငံတော်က ဝင်ရောက်စီမံ တည်ထောင်ပေးသော မီဒီယာကောင်စီကိုလည်း မလိုအပ်ပါ။ မီဒီယာ၏ သဘောသဘာဝအရ လွတ်လပ်မှုက အနှစ်သာရဖြစ်ရာ ချုပ်ခြယ် သော စည်းမျဉ်းစည်းကမ်းကို ထားရှိပါက မီဒီယာတို့က အလိုမတူလျှင် မီဒီယာကောင်စီ၏ ရပ်တည်မှုမှာ မအောင်မြင်နိုင်ပေ။

အလားတူပင် နိုင်ငံတော်၏ ချုပ်ခြယ်မှုမျိုးကို မိတ္တူပွားထားသော မီဒီယာ သမားများက အုပ်ချုပ်သည့် မီဒီယာကောင်စီမျိုးသည်လည်း အောင်မြင်နိုင် သည့် အခြေအနေ နည်းပါးပါသည်။ အောက်ပါ ဥပမာများကိုကြည့်နိုင်ပါသည်။

The Centre for Law and Democracy က ၂၀၂၁ ဒီဇင်ဘာလတွင် “မြန်မာနိုင်ငံမီဒီယာကောင်စီ - တရားဝင်တည်ရှိရေးအတွက် သီးခြားလွတ် လပ်သော အဖွဲ့အစည်းဖြစ်ရန် လိုအပ်” ဟူသော မူဝါဒရေးရာ အကြံပေးချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။

ထိုစာတမ်းတွင် အာဏာသိမ်းအပြီး မီဒီယာကောင်စီဝင်ဟောင်းများ နှုတ်ထွက် ကြပြီးနောက် စကစ၏ အာဏာစက်အောက်တွင် ပေါ်ပေါက်လာသော မီဒီယာ ကောင်စီသစ် ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ဤသို့တုံ့ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၏ လက်ရှိ တော်လှန်ရေးအခြေအနေတွင်လည်း ထို အကြံပြုချက် ၏ အရေးပါမှုမှာ ပြောင်းလဲသွားမည် မထင်ပေ။ ကမ္ဘာပေါ်တွင် နိုင်ငံတိုင်းတွင် မီဒီယာကောင်စီရှိကြသည်မဟုတ်ပေ။ (ဥပမာ- ပြင်သစ်၊ အမေရိကန် ပြည်ထောင်စု၊ မလေးရှားတို့တွင် မီဒီယာကောင်စီမရှိပါ။)

မီဒီယာကောင်စီသည် ဂျာနယ်လစ်များနှင့် မီဒီယာတိုက်များက စိတ်လိုလက်ရ အဖွဲ့ဝင်အဖြစ် သဘောတူထားသော ကောင်စီဖြစ်မှာသာ မိမိတို့၏ ရေးသား တင်ဆက်မှုများကို မီဒီယာကိုယ်တိုင်က တာဝန်ခံမည်ဟူသော အယူအဆ ရှိသည်။

ပြင်သစ်ကဲ့သို့မဟုတ်ဘဲ မီဒီယာကောင်စီရှိသော နိုင်ငံများတွင်ပင် မီဒီယာတိုင်း သည် မီဒီယာကောင်စီ၏ အဖွဲ့ဝင်ဖြစ်ကြသည်မဟုတ်ပေ။ ဥပမာ- ယူကေတွင် the Guardian, Independent နှင့် Financial Times အစရှိသည့် သိက္ခာရှိ သော မီဒီယာများစွာသည် ၂၀၁၄မှ စကာနာမည်ပြောင်းဖွဲ့စည်းထားသည့် ယူကေ၏ မီဒီယာကောင်စီသစ် Independent Press Standards Organization တွင် အဖွဲ့ဝင်မဟုတ်ပေ။

ယူကေ၏ မီဒီယာကောင်စီ သက်တမ်းမှာ သတင်းစာသမိုင်းနှင့် နှိုင်းစာသော် မကြာမြင့်လှသေးပါ။ ဒုတိယကမ္ဘာစစ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန ကိုယ် တိုင် စစ်ဝါဒဖြန့်ချီရေးကို ဦးဆောင်ခဲ့ပြီးနောက် စစ်ပြီးသောအခါ မီဒီယာ အရည် အသွေးကို မြှင့်တင်ရန် ယူကေ မီဒီယာတို့သည် မိမိတို့ဘာသာ စီမံနိုင် မည့် မီဒီယာထိန်းကျောင်းရေး အဖွဲ့အစည်းတစ်ခုလိုအပ်ကြောင်း လက်ခံလာ ကြသည်။

ယူကေ၏ စည်းမျဉ်းစည်းကမ်းများ ရေးဆွဲရာတွင် စနစ်ကျနသော နိုင်ငံမျိုး တွင်ပင်လျှင် IPSO ၏ အဆုံးအဖြတ်ကို မနာခံကြသည့် အမှုများရှိခဲ့ကြသည်။ ဖွဲ့ပြီးခါစတွင် IPSO ၌ ယူကေမီဒီယာလောကမှ စာနယ်ဇင်းပေါင်း ၁၁၆၅ ခုနှင့် ထုတ်ဝေသူ ၈၅ဦးတို့ပါဝင်ကြသည်။ Self-regulatory body တို့၏ ထုံးစံသည် စာနယ်ဇင်းမှ နှစ်စဉ် ထည့်ဝင်ငွေဖြင့် ရပ်တည်ရသောကြောင့် လွတ်လပ်သည်။

တစ်ချိန်တည်းတွင် မီဒီယာက မီဒီယာကောင်စီ၏ ထိန်းကျောင်းမှု၊ အငြင်း အခုံများအပေါ်တွင် ဝင်ရောက် ညှိနှိုင်းဆုံးဖြတ်ပေးမှုကို စိတ်လိုလက်ရ လက်ခံ ပါမည်ဟု လက်မှတ်ထိုးထားပြီး နှစ်စဉ် ထည့်ဝင်ကြခြင်းဖြစ်ရာ ကောင်စီကို မကျေနပ်လျှင် အချိန်မရွေးထွက်သွားနိုင်သည်။ သို့ဖြစ်ရာ ကောင်စီ၏ ဆုံးဖြတ်ချက်များသည် မျှတရုံမျှမက ပွင့်လင်းမြင်သာမှုကို ဦးထိပ်ထားရမြဲ ဖြစ်သည်။

Читать полностью…

Khit Thit Media

ဂန့်ဂေါတွင် လုယက် မီးရှို့ ဖျက်ဆီးနေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက် မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၉

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးခန့် သေဆုံး ကြောင်း ယောဒေသ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၂၇ ရက်နေ့ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ မှ စစ်တပ် စစ်ကြောင်း က ဂန့်ဂေါမြို့နယ်အတွင်း လှည့် ပတ်ကာ လူသတ်မီးရှို့လုယက်နေကြောင်း၊ အဆိုပါ စစ်ကြောင်းတွင် အကြမ်းဖက်စစ်သား၊ ပျူစောထီး ပူးပေါင်းအဖွဲ့ ပါဝင် ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၈ ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သား ၃ ဦးခန့်သေဆုံးနိုင် ကြောင်း၊ ယင်း တိုက်ပွဲ အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရ ရှိခဲ့ ကြောင်း သိရ သည်။

“ဂန့်ဂေါမြို့ကနေပြီးတော့ စိန်ဒူးရွာဘက်ကနေ ပတ်ထွက်လာတာ၊ အဲဒီ စစ် ကြောင်းက လွင်ဖောက အိမ် တစ်အိမ်တော့ ရှို့သွားတယ်ဗျ၊ အဲဒီအိမ်ကတော့ အကုန်ကုန်သွားတယ်၊ စပါးတိုက်ရယ်၊ နွားစာတိုက်တွေ အကုန်ပါသွားတာ၊ ထိတွေ့ဖြစ်တဲ့နေ့က ဂန့်ဂေါက ခလရ ၅၀ ကနေ လက်နက်ကြီးနဲ့ပစ်လို့ အ နောက် ဂန့်ဂေါက လင်မယားနှစ်ဦးလက်နက်ကြီးနဲ့ထိတယ်၊ အမျိုးသား တစ်ဦး လည်းသေတယ်၊ တိုက်ပွဲမှာက စစ်ခွေးတွေဘက်က ဒဏ်ရာရတဲ့အထဲမှာ ရာထူး ကြီး တဲ့သူတစ်ယောက်တော့ ပါတယ်လို့ သိရတယ်၊ ကျနော်တို့ဘက် ကရဲဘော် တစ်ဦးလည်း နှစ်ဆင့်ကွဲကျည်မှန်လို့ ဒဏ်ရာရတာ” ဟု ယော ဒေသပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါတိုက်ခိုက်မှုကို KKG-CDF ၊ Hakka CDF နှင့် ယောဒေသ ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ (YPDF) တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်း ဖက် စစ်တပ် စစ်ကြောင်းမှာ ဂန့်ဂေါမြို့ ခလရ ၅၀ တပ်အတွင်း သို့ ပြန်လည် ဝင်ရောက်သွားပြီဖြစ်ကြောင်း သိရသည်။

ယောဒေသအတွင်း၌ တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် အ ကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများ၊ ဂိတ်များ၊ ရုံးအဆောက်အဦးများနှင့် ဝေးရာ၌ နေထိုင်ကြရန် ယောဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ယောဒေသမှ PDF အမျိုးသမီးစစ်သည်များ ကင်းလှည့်နေစဉ်။

Читать полностью…

Khit Thit Media

ရွာပေါင်းစုံ သပိတ် စစ်ကြောင်းက ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၂

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရေနံချောင်းမြို့အတွင်းသို့ ဆိုင်ကယ်ဖြင့် ဈေးဝယ်ထွက်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၂

မကွေးတိုင်း၊ ရေနံချောင်းမြို့မဈေးအတွင်းသို့ ဈေးဝယ်ထွက်လာသည့် အကြမ်း ဖက် စစ်သား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ ၊မကွေးခရိုင် အမှတ် ၂ တပ် ရင်းမှ ဗိုလ်စံသျှားက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ခလရ ၇၇ တပ်ရင်းမှ အကြမ်းဖက်စစ်သား ၂ ဦးသည် ရေနံချောင်းမြို့မဈေးသို့ ဆိုင် ကယ်ဖြင့် ဈေးဝယ်ထွက်လာပြီးနောက် အပြန် ကင်းပတ်နေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လိုက်လံပစ်ခတ် တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် တစ်ဦး ခေါင်းကျည်ထိမှန်သေဆုံးခဲ့ကြောင်း ကျန်တစ်ဦးမှာမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

“သူတို့နှစ်ယောက်က ကင်းပတ်ရင်းနဲ့ဈေးဝယ်တာ၊ သူတို့က ညနေတိုင်းလုပ်နေကြ၊ အရပ်ဝတ်နဲ့ပေါ့၊ ကင်းပတ်တယ်ဆိုတာက နယ်မြေအနေအထားကို လိုက်ထောက်တဲ့သဘောလားတော့ မသိဘူးဗျ၊ အုပ်ချုပ်ရေးမှူးရုံးတွေကို ဝင်တယ်၊ ညနေတိုင်းလုပ်နေကြ၊ ရေနံချောင်းမြို့မဈေးထဲကို ဝင်ပြီးတော့ အပြန်မှာ စောင့်ပြီးတော့ပစ်တာဗျ၊ ရှေ့ကတစ်ကောင်ကတော့ ဦးခေါင်းထိပြီးတော့ အဲနားမှာတင် ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့တစ်ယောက်ကတော့ ဒဏ်ရာရသွားတယ်၊”မကွေးခရိုင် အမှတ် ၂ တပ် ရင်းမှ ဗိုလ်စံသျှားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးစစ်သား အလောင်းနှင့် ဒဏ်ရာရသူကို စစ်ကားဖြင့် မကွေးစစ်ဆေးရုံသို့ သယ်ဆောင် သွားကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ မကွေးခရိုင် အမှတ် ၂ တပ်ရင်း ၊ ငါးပြေမပြောက်ကျားတပ်ဖွဲ့၊ ချောက်ပကဖတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-ဆိုင်ကယ်စီး၍ ကင်းလှည့်ကြသည့် အကြမ်းဖက် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင်များ။

Читать полностью…

Khit Thit Media

တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်းနှင့် နှင်းဆီလမ်းအကြားရှိ ဆိုင်ခန်းများကို ကျူးကျော်ဆိုကာ အတင်းအဓမ္မဖျက်သိမ်း

ရန်ကုန်၊ ဩဂုတ် ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ပြည်တော်သာရပ်ကွက်၊ ချယ်ရီလမ်း နှင့် နှင်းဆီလမ်းအကြားတွင် ဆောက်လုပ်ရေးဝန်ထမ်းသက်သာဆိုင်ခန်းများ ဆောက်လုပ်၍ ဝန်ကြီးဌာနက ပြည်သူများထံသို့ အဆမတန်စျေးနှုန်းများဖြင့် ရောင်းချခဲ့သော်လည်း စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မ ဖျက်သိမ်း ခဲ့ကြောင်း ဆိုင်ခန်းပိုင်ရှင်များထံမှ သိရှိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းသက်သာဆိုင်ခန်းများဆောက်လုပ် ရောင်းချထားသည်မှာ ၂၅ နှစ်ရှိနေပြီ ဖြစ်ပြီး ဩဂုတ် ၂၀ ရက်နေ့ကို နောက်ဆုံး ရက် သတ်မှတ်ကာ ဆိုင်ခန်းပေါင်း ၅၅ ခန်းကို ဖျက်သိမ်းခဲ့ကြောင်း၊ ဆိုင်ခန်း များ ကို ပြည်သူများက စျေးကွက်ပေါက်စျေး ပေး၍ ဝယ်ယူခဲ့ရသော် လည်း ဖျက်ဆီးချိန်တွင် လျှော်ကြေး မပေးဘဲ အတင်းအဓမ္မ ဖျက်သိမ်းခဲ့ ခြင်းဖြစ် ကြောင်း ဆိုင်ခန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးတာဝန်ခံ ဒေါ်ခင်နှင်းနှင့် အပေါင်း အပါများ၊ မြို့နယ် EE ၊ CE မြို့နယ်အင်ဂျင်နီယာနှင့် တိုင်းအင်ဂျင် နီယာ တို့ ပူပေါင်းကာ ဆိုင်ခန်းဖျက်သိမ်းခဲ့ကြောင်း၊ ဆိုင်ခန်းပိုင်ရှင်များကို ဆင့်ခေါ်ခြင်း သတိပေးခြင်းမရှိဘဲ တစ်ဖက်သတ်အမိန့်ချမှတ် ဖျက်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုင်ခန်းရှင်များက ပြောဆိုသည်။

"ဆိုင်ခန်းတွေကို သူတို့ကိုယ်တိုင် စာချုပ်စာတမ်းနဲ့ရောင်းပြီး ပြန်သိမ်းတော့ ကျူးကျော်ဆိုပြီး ခေါင်စဉ်တပ်ပြီး ဖျက်တယ်။ ငွေပြန်အမ်းမယ်ပြောပြီး မအမ်း တဲ့အပြင် ကိုယ်ဝယ်ထားတဲ့ နာမည်ပေါက် မီတာပေါက်တောင် ဖြုတ် သိမ်း သွားတယ်"ဟု ဆိုင်ခန်းဖျက်သိမ်းခံရသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

Читать полностью…

Khit Thit Media

ရွှေနှင့်ဒေါ်လာ စျေးကျဆင်းရေး စသုံးလုံး ဦးဆောင်သော Task Force ဖွဲ့စည်း ဆောင်ရွက်မည်ဟု စစ်ကောင်စီ၏ ခြိမ်းခြောက်မှုကြောင့် ပြည်တွင်း စျေးကွက် ပျက်ပြီး အရောင်းအဝယ်များရပ်တန့်

ရန်ကုန်၊ ဩဂုတ် ၂၂

အကြမ်းဖက်စစ်ကောင်စီက ရွှေနှင့်ဒေါ်လာစျေးနှုန်းများ ကျဆင်းရေး အထူး စုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးဆောင်သော Task Force ဖွဲ့စည်း၍ ဆောင် ရွက်မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြီးနောက် ပြည်တွင်းစျေးကွက်တွင် ရွှေနှင့် ဒေါ်လာ အရောင်းအဝယ် ရပ်တန့်ပြီး စျေးကွက်ပျက်နေကြောင်း စျေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၁၉ ရက်နေ့တွင် UMFCCI ၊ ကုန်သည်ညီနောင်အသင်းများ၊ စီးပွား ရေးသမားများကို နေပြည်တော်သို့ ခေါ်ယူ၍ ပို့ကုန်ရငွေ ဒေါ်လာများ စစ်တပ် ထံ အပ်နှံရန်၊ မအပ်နှံလျှင် ထောင်ချမည်ဟူ၍လည်းကောင်း၊ ပြင်ပစျေး ကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာစျေးနှုန်းများကို လက်မခံရန်၊ ဒေါ်လာ များမကိုင်ဆောင်ရန်၊ ဒေါ်လာနှင့်ပတ်သက်၍ စစ်ကောင်စီက ချမှတ်ထားသော ဥပဒေများကို လိုက်နာရန်၊ Task Force ဖွဲ့စည်း၍ ဒေါ်လာနှင့်ရွှေစျေး ကျဆင်းစေရေး လုပ်ဆောင်မည်ဟု စီးပွားရေးအသိုင်းအ၀ိုင်းတစ်ခု လုံးကို ခြိမ်းခြောက်ပြောဆိုခဲ့သည်။

အဆိုပါ ခြိမ်းခြောက်မှုများကြောင့် ဩဂုတ်လ ၂၁ ရက်နေ့ တနင်္လာနေ့တွင် ရွှေစျေးကွက်၊ ဒေါ်လာစျေးကွက်များ မဖွင့်နိုင်ဘဲ ရွှေကုန်သည်များ၊ ဒေါ်လာ ဝယ်ရောင်း လက်ကြီးအများစု တိမ်းရှောင်ခဲ့ကြကြောင်း၊ စျေးကွက်တွင် အလုပ် မဖြစ်သော စျေးနှုန်းဖွင့် လှစ်ခဲ့ကြောင်း၊ အများစုမှာ စစ်ကောင်စီ၏ ဖမ်းဆီး မှု ခံရမည်စိုးရိမ်၍ အလုပ်များ ရပ်တန့်ခဲ့ကြကြောင်း၊ ထို့ကြောင့် အရောင်း အဝယ် များ ရပ်တန့်ကာ စျေးနှုန်းများ တအိအိကျဆင်းလာကြောင်း၊ စျေးနှုန်း ကျဆင်း သော်လည်း ဒေါ်လာ ဝယ်ယူ၍ မရကြောင်း သိရှိရသည်။

"စစ်တပ်က ဖမ်းဆီးမယ်ဆိုပြီးတော့ ခြိမ်းခြောက်တော့ ဒေါ်လာဝယ်ရောင်း တော် တော်များများ ရှောင်ကြတယ်။ အဲဒီလိုပဲ ဒေါ်လာစျေးတက်၊ ရွှေစျေး တက်လာရင် သူတို့လုပ်နေတဲ့ ခြိမ်းခြောက်မှုနဲ့ လုပ်နေတာဆိုတော့ အကုန် ခဏ ရှောင်ကြတာ။ စျေးကွက်က သူ့ဟာသူ စျေးဖွင့်ကြတယ်။ အများစုက အဝယ်အရောင်းမလုပ်ကြဘူး။ ခဏ ငြိမ်နေကြတော့ စျေးတွေ ကျတယ်။ ကျစျေးနဲ့ ဝယ်မရဘူး။ မဖြစ်လို့ အရောင်းအဝယ်လုပ်တဲ့သူ ရှိနိုင်တယ်။ အများစုက ခဏငြိမ်ကြတာ။ သူတို့မှာလည်း ဒေါ်လာ ပြတ်လပ်နေတာ အားလုံးသိကြတာပဲ။ ရက်ပိုင်းတော့ စျေးတန်းပြီး ပုံစံတစ်မျိုးနဲ့ အရောင်း အဝယ် လုပ်လို့ရရင် စျေးပြန်တက်လာလိမ့်မယ်" ဟု လတ်တလော တိမ်းရှောင်နေရသော ရန်ကုန်မှ ဒေါ်လာဝယ်ရောင်း လက်ကြီးသမားက ပြောဆိုသည်။

ရန်ကုန်ရွှေစျေးကွက်တွင်လည်း တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင် ရွှေကုန်သည်တချို့ အသင်းရုံးခန်းသို့ မျက်နှာ လာပြရုံမှအပ အဝယ်အရောင်း နည်းပါးကြောင်း၊ ရွှေကုန်သည်များလည်း စျေးကွက်ပြင်ပတွင်သာ အရောင်း အဝယ်လုပ်ကြပြီး ရွှေစျေးနှုန်း အနည်းငယ်ကျဆင်းကြောင်း ၊ ကျဆင်းသော ရွှေစျေးနှုန်းဖြင့် ရွှေဝယ်၍ မရကြောင်း သိရှိရသည်။

"ရွှေစျေး နည်းနည်းပြန်ကျတယ်။ တစ်ကျပ်သား ၃၈ သိန်းနဲ့ ၃၉ သိန်း တစ်ပတ်ချာလည်မှာစျေးဖွင့်ထားတယ်။ အဝယ်အရောင်း မရှိဘူး။ ကျစျေးနဲ့ ရွှေဝယ်မရဘူး။ ရောင်းလည်း မရောင်းဘူး" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

အမေရိကန်ဒေါ်လာစျေးနှုန်းမှာမူ တစ်ဒေါ်လာလျှင် ၃၈၅၀ ကျပ်နှင့် ၃၉၂၀ ကျပ်အကြား ဆက်လက် စျေးရှိနေပြီး စျေးကွက်တွင်မူ ယင်းထက် နည်းသော စျေးနှုန်းဖြင့် စျေးဖွင့်သော်လည်း အလုပ်မဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ-အကြမ်းဖက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွှန်ချုပ်နှင့် အကြမ်းဖက် အရာရှိများ။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၁

မြန်မာနိုင်ငံတစ်ဝန်း သြဂုတ်လ ၂၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

မုံရွာ-အမြင့်လမ်းတွင် စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်

ရန်ကုန်၊ သြဂုတ် ၂၁

မုံရွာ-အမြင့်လမ်းရှိ ကျေးရွာ တစ်ရွာတွင် မုံရွာ-အမြင့်လမ်း သပိတ် ကော်မတီ ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဝက်လက်ရှိ ရှိမ်းမကား ရဲစခန်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး၊ ကျုံဒိုးမြို့ရှိ တောင်ကြာအင်းရွာ၌ တပ်စွဲထားသော စစ်တပ်ကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ သြဂုတ် ၂၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရှိမ်းမကား ရဲစခန်းကို တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People's Servant Revolution - Wetlet အဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဝက်လက်မြို့နယ်၊ ရှိမ်းမကားရဲစခန်းရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ခမရ ၇၀၁၊ ရဲ နှင့် ပျူစောထီး အင်အား ၅၀ ခန့် အထိုင်ချ တပ်စွဲထားစဥ် ပြည်သူ့အစေခံ ကာကွယ်ရေးအဖွဲ့၊ တပ်ခွဲ ၃ လျှပ်စီးပြောက်ကျားအဖွဲ့၊ Drone အဖွဲ့နှင့် နယ်မြဖွဲ့ခံ ပကဖ၊ Local PDFများပူးပါင်းတိုက်ခိုက်မှုကြောင့် စစ်သား ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်ရှိ ပဒူ၊ ခက်ခ၊ စမွန်း၊ ကျွန်းဦးတော ကျေးရွာများမှ ရထားပြေးဆွဲရန် ပြင်ဆင်နေသော အကြမ်းဖက် စစ်တပ်က ခက်ခကျေးရွာမှ ပြည်သူပိုင် ဆိုင်ကယ်၊ ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများကို ပဒူကျေးရွာသို့ ခိုးယူသွားကြောင်း၊ စစ်ကိုင်း-ဝက်လက် အစပ် သံလမ်းဘေး တစ်လျှောက် ကျေးရွာများရှိ ပြည်သူများကို အကြမ်းဖက် စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးပြီး၊ သံလမ်းပြင်ရန် ခိုင်းစေချင်များ ပြုလုပ်နေသောကြောင့် ပြည်သူများ ရှောင်ရှားကြရန် People's Servant Revolution - Wetlet အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခမရ ၅၄၆ မှ စစ်သားများကို တော်လှန်ရေး တပ်ပေါင်းစုက ၃ ရက်ဆက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ဂဠုန်စစ်ကြောင်းထံမှ သိရသည်။

သြဂုတ်လ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းစံပြကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး ၊ ဒုတိယဗိုလ် ၁ ဦး နှင့် တပ်ကြပ် ၁ ဦးတို့ သေဆုံးပြီး ၁၃ ဦး ဒါဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဂဠုန်စစ်ကြောင်း၊ Spring UAV Force G3 (Fixed Wings) တပ်ဖွဲ့ ၊ GD2 Drone Force တပ်ဖွဲ့၊ ဂဠုန်စစ်ကြောင်း လက်နက်ကြီးတပ်ဖွဲ့ တို့နှင့် အတူ မဟာမိတ် SDDF Drone တပ်ဖွဲ့ ၊ ကျားဖြူတပ်ခွဲ - ၃ (ပျံလွှားတပ်ခွဲ) Drone တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်ခြင်းကြောင့် တောင်ကြာအင်းစံပြကျေးရွာမှ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး ပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားနှင့် အိမ်မွေးတိရိစ္ဆာန်တို့ လက်နက်ကြီးထိမှန် သေဆုံးခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ သြဂုတ် ၂၁

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၁ က်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ပေါက်-ပခုက္ကူ လမ်းပိုင်းတွင် စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ မြိုင်တွင် စစ်ကြောင်းကို ၃ ရက်ဆက် ဗုံးသီး ၉၀ ကျော် ကျဲချ တိုက်ခိုက်

ရန်ကုန်၊ ဩဂုတ် ၂၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို မိုင်း ဆွဲတိုက်ခိုက် ခဲ့ရာ စစ်ကား ၂ စီးထိမှန်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Anonymous Special Task Force- Pauk တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယမန်နေ့ ဩဂုတ်လ ၂၀ ရက် နေ့က ပေါက်မြို့နယ်၊ ရေပြာမှ ထွက်လာသော အကြမ်းဖက်စစ်ကား ၈၀ ပါ ယာဉ်တန်းကို ပေါက်-ပခုက္ကူလမ်းပိုင်းတနေရာတွင် မိုင်းပွိုင့် ၂ ခု မိုင်းအလုံးရေ ၁၂ လုံးဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ ကား ၂ စီး ထိမှန်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိသည်။

အဆိုပါတိုက်ခိုက်မှုကို Anonymous Special Task Force- Pauk တပ်ဖွဲ့၊ ဗိုလ်လရောင်တပ်ဖွဲ့နှင့် ဆိုင် ကလုန်းပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီ(ပျူ)ရွာရှိ အကြမ်းဖက်စစ်ကြောင်းကို ၃ ရက်ဆက်တိုက် အီနာဗုံးသီး အလုံး ၉၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင် တောင်ဦးရွာဘက်မှ အင်အား ၁၀၀ နှင့် ၂၀၀ ကြားပါ စစ်သားကို ကန်နီ(ပျူ) ရွာမှ ပျူစောထီးများက ရိက္ခာပြတ်နေသဖြင့် ငွေပေးခေါ်ခဲ့ရာ ယင်းအကြမ်းဖက်စစ်ကြောင်းသည် ပြည် သူ ၃၀ ခန့်ကို ဓားစာခံဖမ်းဆီးပြီးကွမ်းတောရွာသို့ သေနတ်များပစ်ခတ်ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်း များကို ခိုးယူဖျက်ဆီးပြီး ကန်နီ(ပျူ)စခန်းသို့ ရိက္ခာဖြည့်ပေးရင်းဝင်ရောက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်သားများကို ဩဂုတ်လ ၂၀ ရက်နေ့အထိ ၃ ရက်ဆက်တိုက် အီနာဂါဗုံးသီး အလုံး ၉၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကို မြိုင်မြိုနယ်၊ ပြည်သူ့တော်လှန်ရေး ပကဖ တပ်ရင်း ၁ ၊ တပ်ခွဲ ၃ ၊ တပ်ရင်း ၂ တပ်ခွဲ ၂ ၊ Myaing.U.A.V.fighter အဖွဲ့နှင့် MPL ပကဖ တိုက်နယ် ၄ အဖွဲ့တိုပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှု စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဩဂုတ် ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

- PDF တစ်ဦး မိရင် ငွေ ၁၀ သိန်းပေးယ်လို့ ဆုကြေးငွေ ကြေညာတဲ့ နတ်မောက်မြို့၊ ဒန့်သလွန်ပင်-ရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဒေါင်းတင် ဆိုသူ ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားတယ်လို့ နတ်မောက် PDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်နီပြည်နယ် အပါအဝင် စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေမှာ“ပြည်သူ့အိုးအိမ်တွေကို မီးရှို့၊ ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူ၊ မြင်မြင် သမျှပစ် သတ်၊ အမျိုးသမီးများကို မုဒိမ်းကျင့်သတ်လို့ရတယ်”ဆိုပြီး ၊ စစ်တပ်၏ ထိပ်ပိုင်း အထက်က ညွှန်ကြားထားတယ်လို့ CDM ပြုလုပ်လာတဲ့ တပ်သား တင်သိန်းက မိုးဗြဲ PDF တပ်ဖွဲ့ဆီမှာ ဝန်ခံထွက်ဆိုထားပါတယ်။

- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်-ကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကား တစ်စီးကို DGRF တပ်ဖွဲ့ကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၅ ဦး သေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။https://youtu.be/qbjSk4Va8EA

Читать полностью…
Subscribe to a channel