ပုလဲမြို့နယ်ရှိ စစ်ရှောင်မီးဘေးသင့်ပြည်သူများကို ငွေကြေးနှင့် စားနပ်ရိက္ခာများထောက်ပံ့
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ပုလဲမြို့နယ်ရှိ စစ်ရှောင်မီးဘေးသင့် အိမ်ခြေ ၃၅ အိမ်ထောင်အတွက် ငွေကျပ် ၂၀၀၀၀ နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံ နွေဦးမျိုးဆက်မဟာမိတ်အဖွဲ့
ရန်ပုံငွေ အထည်ရောင်းရငွေဖြင့် ပုလဲစစ်ရှောင် မီးဘေးသင့်ပြည်သူများကို ထောက်ပံ့ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၁၄
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၂၈ မိနစ်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း က SBB14B Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သားများ အထိအခိုက်ရှိနိုင်ပြီး စစ်တပ်ဘက်ကလည်း လက်နက်ငယ် ၊ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ် ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၄
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို သံဃာတော်များက "စကစ အပစ်ခတ်ရပ်ဖို့လုပ်တာဟာ ရှုံးနေလို့အနားတောင်းတဲ့သဘောပါ၊သံပူခိုက် နာနာရိုက်၍ အနားမပေးဘဲ တွန်းလှန်ကြဖို့လိုပါတယ်။" စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေး "၁၀၂၇ စစ် ဆင်ရေး"တွင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေး တပ်ဦး (KNPLF) နှင့် မိုးကုတ်ဗျူဟာတို့ ပါဝင်တိုက်ခိုက်မည်ဖြစ်ကြောင်း ကြေညာ
ရန်ကုန်၊ အောက်တိုဘာ ၂၈
မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့၏ စစ်အာဏာရှင် ချေမှုန်းရေး ၁၀၂၇ စစ်ဆင်ရေးတွင် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နှင့် မိုးကုတ်ဗျူဟာတို့ကပါ ပါဝင်တိုက်ခိုက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာကြသည်။
စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး၊ အွန်လိုင်းလောင်း ကစားလိမ်လည်မှု ပပျောက်ရေးနှင့် အဆိုပါ လုပ်ငန်းများလုပ်ဆောင်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နှင်းရေး ရည်ရွယ်ချက်များဖြင့် "၁၀၂၇ စစ်ဆင် ရေး"ကို ညီနောင် မဟာမိတ်သုံးဖွဲ့ဖြစ်သော ကိုးကန့်တပ်(MNDAA)၊ ရက္ခိုင့် တပ်တော်(AA) နှင့် တအာင်းတပ်မတော် (TNLA)တို့၏ လှုပ်ရှားမှုကို ကြိုဆို ကြောင်း "စစ်အုပ်စု-စစ်အာဏာရှင်စနစ်-စစ်အစိုးရ နှင့် ၂၀၀၈ အခြေခံ ဥပဒေတို့မှာ စစ်မှန်သောဒီမိုကရေစီနှင့် စစ်မှန်သော ပြည်ထောင်စုကို လိုလား သူတိုင်းက အကုန်စင်တိုက်ဖျက်ရမည့် ဘုံရန်သူဖြစ်ကြောင်း ကလလတ (KNPLF)က ထုတ်ပြန်သည်။
ထို့ကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးစီးနေသော စစ်အုပ်စု ဘုံရန်သူကို သံလွင်မြစ်၊ချင်းတွင်းမြစ်၊ကစ္ဆပ္ပနဒီမြစ်ဘေး ဘယ်ညာ၌ရှိသော တော်လှန်ရေး အင်အားစုများက တစ်ပြိုင်တည်း တိုက်ခိုက်ကြရန်လည်း တိုက်တွန်းကြောင်း၊ မြောက်ပိုင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ကြေညာချက်ကို ဘုံရန်သူကို ဦးတည်တိုက်ခိုက်နေသော အဖွဲ့အစည်းအသီးသီးသည် လေးစားအတု ယူလိုက်နာသင့်သော လိုက်ထုံးလုပ်နည်းဖြစ်ကြောင်း၊ ကလလတ(KNPLF) အနေဖြင့် ယခုရင်ဆိုင်နေရသော စစ်မျက်နှာပြင်မှ စစ်ကောင်စီကို ပူးပေါင်း ပါဝင်တိုက်ခိုက်မည်ဖြစ်ပြီး တိုက်ပွဲဝင်စိတ်ဓာတ်ကို တည်ကြည်စွာ ကတိပြု ကြောင်း ထုတ်ပြန် ကြေညာသည်။
အလားတူ မန္တလေးတိုင်း ၊ မိုးကုတ်ဗျူဟာ တပ်ရင်းများဖြစ်သည့် တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃ တို့ကလည်း ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ မဟာမိတ် TNLA ၏ ကူညီစောင့်ရှောက်မှုဖြင့် တည်ထောင်ခဲ့ပြီး စစ်ဆင်ရေးများကို ပူးတွဲ ဆောင်ရွက်ခဲ့ကြောင်း၊ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို မိုးကုတ် ဗျူဟာက လှိုက်လှဲစွာ ကြိုဆိုထောက်ခံကြောင်း ထုတ်ပြန်သည်။
မိုးကုတ်ဗျူဟာအနေဖြင့် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး ၁၀၂၇ စစ် ဆင်ရေး တွင် မိုးလုံးမှိုင်း စစ်ဆင်ရေး ကို အရှိန်တိုးမြှင့်၍ တစ်ထောင့် တစ်နေ ရာမှ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားသည်။
ဓာတ်ပုံ- မိုးကုတ်ဗျူဟာ တပ်ရင်းများ၏ စစ်ရေးလေ့ကျင့်မှု မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
ချင်းရွှေဟော်ကို စစ်တပ်က ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး အရပ်သား ပြည်သူများ သေဆုံးထိခိုက်မှုများရှိ၊ တရုတ် နိုင်ငံထဲသို့ စစ်တပ်၏ လက်နက်ကြီးကျည်များ ကျရောက်
■ ယနေ့ နံနက်အစောပိုင်းတွင် ရှမ်းမြောက်တစ်ခွင် တိုက်လေယာဉ်များဖြင့် စစ်တပ်က ဗုံးများ ဆက်တိုက်ကျဲနေ
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ယမန် နေ့ သိမ်းပိုက်ပြီးနောက် စစ်တပ်က အတွဲလိုက်ဒုံးများ၊ တိုက်လေယာဉ်များဖြင့် အပြင်းအထန် ပစ်ခတ် ထိုးစစ်ဆင်နေပြေီး အရပ်သားပြည်သူများ ထိခိုက်မှု များရှိနေကြောင်း ချင်းရွှေဟော်ဒေသမှ စစ်ဘေးရှောင် ပြည်သူများက ပြော ဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက စစ် ကောင်စီတပ်၏ စခန်းများနှင့် ဂိတ်များကို ချေမှုန်းပြီးနောက် ချင်းရွှေ ဟော်မြို့ ကို သိမ်းပိုက်ခဲ့ကြောင်း၊ ထိုအချိန်မှစတင်၍ စစ်တပ်က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ၊ တိုက်လေယာဉ်များဖြင့် ချင်းရွှေဟော်ကို တစ်နေ့လုံး၊ တစ်ည လုံး ထိုးစစ်ဆင် ပစ်ခတ်လျက်ရှိပြီး စစ်ဘေးရှောင် ပြည်သူများ သေဆုံး ထိခိုက်မှုများရှိနေကြောင်း၊ ချင်းရွှေဟော်မြို့ကို လေယာဉ်ဖြင့် ဗုံးကျဲမှု အကြိမ် ရေများစွာ ပြုလုပ်ခဲ့ပြီး ကွမ်းလုံ၊ လောက်ကိုင်ဘက်မှ ဒုံးကျည်များဖြင့် တစ်ည လုံးပစ်ခတ်ခဲ့ကြောင်း ၊ မြေပြင်တွင်လည်း စစ်အင်အားများ တိုးချဲ့ပြီး လက် လွှတ် လိုက်ရသော နေရာများကို ပြန်လည် သိမ်းယူရေ စစ်တပ်က ကြိုးပမ်း နေကြောင်း သိရှိရသည်။
"ကွမ်းလုံဘက်ကလည်း တစ်ညလုံးပစ်တယ်။ လောက်ကိုင်ဒစက ထဲကနေ လည်း ဒုံးတွေ တောက်လျှောက်ပဲ ပစ်နေတယ်။ ချင်းရွှေဟော်ဘက်မှာ စစ်ဘေး ရှောင် ကယ်ဆယ်ရေးစခန်း အရေးပေါ် ဖွင့်ထားတာရှိပါတယ်။ လူဦးရေ ၅၀၀ လောက် စစ်ရှောင်နေရတယ်။ အဲဒီနားကို ဗုံးတွေ လက်နက်ကြီးတွေ၊ ဒုံးတွေ ကျလာလို့ စစ်ဘေးရှောင် ပြည်သူတွေ ထိခိုက်မှုတွေရှိနေတယ်။ တစ်ဦး သေဆုံးတယ်။ ဒဏ်ရာရသူများတယ်။ အဲဒီစစ်ဘေးရှောင်တွေက ပိတ်မိနေတာ။ တစ်ညလုံး ပစ်တယ်။ လေယာဉ်တွေနဲ့ လာပစ်တယ်။ ကတ္တရာလမ်းပေါ်မှာ တဲလေးတွေ ထိုပြီး နေရတယ်။ အောက်မှာ အခင်းတွေ ဘာတွေလည်းမရှိဘူး။ တရုတ်ပြည်နဲ့ ၀ဘက်က လက်ခံမှပဲ အဲဒီပိတ်မိနေတဲ့သူတွေ ထွက်လို့ရမယ်။ အခုက ပိတ်မိနေတယ်။ တရုတ်နိုင်ငံထဲက စစ်ရှောင်နေရာတွေလည်း လက်နက်ကြီးကျည်တွေ ကျနေတယ်" ဟု စစ်ဘေးရှောင်သတင်းရင်းမြစ်က ပြောဆိုသည်။
အလားတူ လားရှိုးတွင်လည်း ယမန်နေ့ ပိုင်း ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ခဲ့ပြီး ယနေ့ နံနက်အစောပိုင်းတွင်ပါ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း၊ စစ်တပ်က လက်နက်ကြီးများဖြင့် တောက်လျှောက်ဆိုသလို ပစ်ခတ်နေကြောင်း သိရှိရ သည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ကြေညာလိုက်သော စစ်အာဏာရှင် ချေမှုန်းရေး စစ်ဆင်ရေး နယ်မြေများဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကို စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများ၊ ဒုံးများဖြင့် အဓိက တန်ပြန်တိုက်ခိုက် နေကြောင်း သိရှိရသည်။
ယနေ့ နံနက်အစောပိုင်း ၃ နာရီ ၃၀ မိနစ်မှ ၄ နာရီဝန်းကျင်တွင် ဂျက်တိုက် လေယာဉ်များဖြင့် ရှမ်းမြောက်ဒေသများကို စစ်ကောင်စီတပ်က ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ ချင်းရွှေဟော်မြို့ကို သိမ်းပိုက်ထားသော တော်လှန်ရေး တပ်ဖွဲ့များ။
မုံရွာ_အမြင့်လမ်း သပိတ်အင်အားစုက ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို ကြိုဆိုကြောင်း လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၂၇
မုံရွာ_အမြင့်လမ်း သပိတ်အင်အားစုက ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၌ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ စစ်ဆင်ရေးကို ကြိုဆိုကြောင်း လှုပ်ရှားမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
ကော့ကရိတ်ရှိ ချောင်းဆုံဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိ၊ ဘုတလင် တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၅ ဦး သေဆုံးနိုင်
ရန်ကုန်၊ အောက်တိုဘာ ၂၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီးကျောင်း ဝင်းအတွင်း တပ်စွဲထားသော အကြမ်း ဖက် စစ်သားများကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ကျားဖြူစစ်ကြောင်း တပ်ခွဲ ၄ ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက် ၁၁ နာရီခန့်က ကော့ကရိတ်မြို့၊ ချောင်းဆုံဘုန်းကြီး ကျောင်းဝင်း အတွင်း၌ အင်အား ၇၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု စာရင်း သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို KNLA တပ်ဖွဲ့၊ ကျားဖြူစစ်ကြောင်းတပ်ခွဲ-၄ နှင့်မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအရှိန်မြှင့်နိုင်ရန် မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးပါရန် ကျားဖြူတပ်ခွဲ-၄ က ထုတ်ပြန်ထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဇီးတောကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးခန့်သေဆုံးနိုင်ကြောင်း ဘုတလင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့ နမခ တပ်မှ အင်အား ၈၀ ခန့်ဖြင့် ထွက်ခွာလာ သော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ဘုတလင်မြို့နယ်၊ ဇီးတောရွာအနီးအရောက် မိုင်းကွင်း ဖြတ်သန်းစဉ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းဒဏ်ရာရရှိခဲ့ ပြီး အတုံးအရုန်းလဲနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
“ဘုတလင်ဘက်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးနေတာပါ၊ ကျနော်တို့မိုင်းဆွဲခဲ့တာက တစ် ကြောင်း၊ တခြားတစ်ကြောင်းလည်း ထွက်သေးတယ်၊ ကျနော်တို့နဲ့ဖြစ်တဲ့စစ်ကြောင်းက မိုင်းကွင်းထဲ ဖြတ်တဲ့အချိန်ဆွဲခဲ့တာဆိုတော့ ခွေးတွေ လေပေါ်မြောက်တက်သွားတာတွေပါ မြင်ရတယ်လို့ မိုင်းဆွဲခဲ့ တဲ့ရဲဘော်က သတင်းပို့ထားပါတယ်၊ မိုင်းကွင်းဆိုတော့ မိုင်းတွေက အများကြီးခင်းထားတာ၊ ရှေ့ထွက် မိုင်းတွေလည်းပါတယ်၊ ထိတာတော့ ၃၀ လောက်ထိတယ်လို့ပြောပါတယ်၊ အခြားသတင်းတွေပါကြည့် ပြီး အနည်းဆုံး ၁၅ ဦးလောက်ထိတယ်၊ အဲဒီထက်မှ ၅ ယောက်လောက်ကတော့ သေနိုင်တယ်လို့ ခန့် မှန်းလို့ရပါတယ်” ဟု ဘုတလင် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောကြားသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် အကြမ်းဖက် စစ်ကြောင်းမှာ ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဇီးတောကျေးရွာအနီး တွင် စခန်းချနေကြောင်း၊ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ငယ်ဖြင့် ၁၅ မိနစ်ခန့် ပစ်ခတ်ကာ လက်နက် အင်အားနည်းသဖြင့် ပြန်လည် ဆုတ်ခွာလာခဲ့ရကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ အောက်တိုဘာ ၂၇
ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့နယ်ရှိ စစ်တပ် စခန်း ၃ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်၊ စစ်သား အလောင်း ၁၈ လောင်းနှင့် လက်နက် အများအပြား သိမ်းဆည်းရရှိ
ရန်ကုန်၊ အောက်တိုဘာ ၂၇
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်း ၃ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၇ရက်နေ့ နံနက် ၄ နာရီခန့်တွင် TNLA တပ်မဟာ ၁ စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ် ကားလမ်းရှိ ၁၃ မိုင် တပ်စခန်း၊ ၁၂ မိုင် တပ်စခန်းနှင့် မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့ကို တအာင်းတပ်မတော် PSLF/TNLA တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
အလားတူ TNLA တပ်မဟာ ၆ စစ်ဒေသ၊ လာရှိုးမြို့နယ်ရှိ မိုင်းကျက်တပ်စခန်းနှင့် တိန်တန်တပ်စခန်းတို့ကိုလည်း ယနေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်တွင် တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်ကလည်း ဂျက်ဖိုက်တာ ၇ ကြိမ်၊ Mi-35 တိုက်ခိုက်ရေး ရဟက်ယဥ်ဖြင့် ၅ ကြိမ်နှင့် ၁၂၀/၁၀၅ ဟောင်ဝေဇာအမြောက်ဖြင့် ၁၂ ကြိမ် တိုက်ပွဲဖြစ်သည့် နေရာများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား အလောင်း ၁၈ လောင်းနှင့် M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊ MA3- ၁၁လက်၊ 60MM- ၂လက်၊ ပစ္စတို- ၁လက်၊ လက်ပစ်ဗုံး- ၂၀၀လုံး၊ M9- ၇လုံး၊ RPG- ၅၀လုံး၊ 60MM ဗုံးသီး- ၃၀ လုံး၊ 60MM ကျည်- ၁၀၀လုံး၊ မိုင်း- ၄လုံး၊ ကျည်ဆံ- ၁၀၀၀၀ လုံး(တစ်သောင်းကျော်) စသည့် စစ်အသုံးအဆောင် ပစ္စည်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၂၉
မြန်မာနိုင်ငံတစ်ဝန်း သြဂုတ်လ ၂၉ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
မြိုင်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်းနှင့် တပ်ကြပ် ၁ ဦး တို့ကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၂ ဦးစလုံးသေဆုံး၊ ချောင်းဦးတွင် စစ်တပ်ကင်းထောက် ဒရုန်း ၂ စင်း သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၂၉
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ အနောက်ဘက်ထွက် ကိုးဆောင်ဘုန်း ကြီးကျောင်း ဂိတ်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်းနှင့် တပ်ကြပ် ၁ ဦး တို့ကို စနိုက်ပါဖြင့် ပစ်ခတ်ရာ ၂ ဦးစလုံးသေဆုံးကြောင်း မြိုင်ပကဖအဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီ အချိန် မြိုင်မြို့၏ အနောက်ဘက်ထွက် ကိုး ဆောင် ဘုန်းကြီးကျောင်းဂိတ် တွင် လုံခြုံရေးဆောင်ရွက်နေ သော မြိုင်မြို့ မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းထွန်းကို ဘန်ကာအတွင်း ရဲနှင့်ပျူစောထီးများနှင့် စကားပြောနေစဥ််မြိုင်ပကဖ ရင်း ၁ တပ်ဖွဲ့ဝင်များက စနိုက်ဘာဖြင့် ပစ်ခတ်ခဲ့ရာ ကျည်ထိမှန်ပြီး လဲကျသေဆုံးသွားကြောင်း၊ ယင်း နောက် ယနေ့ ညနေ ၆ နာရီ ၂၄ မိနစ်အချိန် ကိုးဆောင်ဘုန်းကြီး ကျောင်း ဂိတ်ကို ထပ်မံချောင်းမြောင်းပစ်ခတ်ခဲ့ရာတွင် တပ်ကြပ်တစ်ဦး ထိမှန် လဲကျ သွားကြောင်း ၊ ကျန်အခြား စစ်သားများက ဘုန်းကြီးကျောင်းထဲပြေး၍ လက် နက် ငယ်များဖြင့် အဆက်မပြတ် ၁၀ မိနစ်နီးပါး ရမ်းသမ်း ပစ်ခတ် နေခဲ့ ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် ကင်း ထောက်နေသည့် စစ်တပ် ဒရုန်း ၂ စင်း သိမ်းဆည်းရရှိကြောင်း ချောင်းဦး ဆရာတော်က မိန့်ကြားသည်။
ယနေ့ ဩဂုတ်လ ၂၉ ရက်နေ့ စစ်တပ်က လွှတ်တင်ထားသည့် ဒရုန်း ၂ စင်း ပျက်ကျလာကြောင်း၊ ပျက်ကျလာသည့် ဒရုန်း ၂ စင်းကို ချောင်းဦးပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့များက သိမ်းဆည်းရရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရရှိသည့် စစ်တပ် ကင်းထောက်ဒရုန်း ၂ စင်း။
ရွှေရေကြည် သပိတ် စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၂၉
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၉
မကွေးတိုင်း၊ နတ်မောက်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှု စစ်ကောင် စီ တပ်သား ၂ ဦး သေဆုံးကြောင်း ဒေသပြည်သူများ နှင့်တော်လှန် ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
သြဂုတ်လ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်အချိန် မကွေးတိုင်း၊ နတ်မောက် မြို့၊ မြို့မကွက်သစ်ရပ်ရှိ မြို့အဝင် စစ်ဆေးရေးဂိတ် - ဘန်ကာအား လျက်ဆား ပုလင်း လက်ပစ်ဗုံးဖြင့် OPRF - PLA အဖိနှိပ်ခံပြည်သူ့တော်လှန်ရေး အင် အား စု က ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း၊ အဆိုပါ ပစ်ခတ်ဖောက်ခွဲမှု တွင် စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးသွားပြီး အခြား စစ်သား ၁ ဦးမှာလည်း အပြင်းအထန်ကျဆုံးနိုင်ခြေဒဏ်ရာ ရရှိကာ မကွေး ဆေးရုံ ကြီးသို့ အရေးပေါ်သယ်ဆောင်သွားကြောင်း ၊ OPRF - PLA အဖိနှိပ်ခံ ပြည်သူ့တော်လှန်ရေးအင်အားစုက ဝင်ရောက်ပစ်ခတ်ဖောက်ခွဲခဲ့သည့် ရဲဘော် အောင်ဇေယျ နှင့် ရဲဘော်ကျော်ကြီးတို့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာ နိုင်ခဲ့ကြောင်း အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန် သည်။
"နတ်မောက်မြို့ ရထားလမ်းဘေး ရဲဂိတ် ဗုံးပေါက်ကွဲတာတော့ ဟုတ်ပါတယ်" ဟု နတ်မောက်မြို့မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လတ်တလော နောက်ဆုံးဝင်ရောက်လာသော သတင်းများအရ ဗုံးပေါက်ကွဲမှု ကြောင့် သေဆုံးသူ စစ်သား ၂ ဦး ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- နတ်မောက်မြို့တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များက စစ်ဆေးရေးများ ဆောင်ရွက်နေစဉ်။ (ပုံ အဟောင်းဖြစ်ပါသည်။)
ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၂၉
ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေ
ရန်ကုန်၊ သြဂုတ် ၂၉
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်မှုကြောင့် သမန်းကျင်းရွာ မီးလောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က သမန်းကျင်းရွာကို တိုက်လေယာဥ်၊ ရဟတ်ယာဥ်များဖြင့် ၃ ကြိမ် ဗုံးကျဲ ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်း မီးလောင်လျက်ရှိကြောင်း သိရသည်။
" စစ်ခွေးတွေက နံနက်က တိုက်လေယာဥ် ၂ စီး လာပစ်တယ်။ မွန်းလွဲပိုင်းမှာ တိုက်လေယာဥ်ကော ရဟတ်ယာဥ်ကောနဲ့ ပစ်နေတာ အခုညနေပိုင်းလည်း ထပ်လာပစ်တယ်။ ပြည်သူတွေ ကတော့ တိမ်းရှောင်နေရတယ်။ ပစ်ခတ်သံတွေလဲ ဆက်တိုက်ကြားနေရတယ်။ တိုက်ပွဲက ဆက်လက်ပြင်းထန်နေတယ်" ဟု ပြည်သူတစ်ဦးက ပြောဆိုသည်။
တောင်ကိုရီးယား ဂူမိနှင့် ဒယ်ဂူးမြို့များတွင် စစ်ရှောင်ပြည်သူများ ထောက်ပံ့နိုင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၁၄
တောင်ကိုရီးယားနိုင်ငံ၊ဂူမိမြို့တွင် စစ်ဘေးရှောင်ပြည်သူများကို ထောက်ပို့နိုင်ရေး အလှူခံဆုတောင်းပွဲကျင်းပခဲ့ပြီး ဒယ်ဂူးမြိုတွင်လည်း ခိုခိုအဖွဲ့က ဦးစီး၍ ကိုရီးယားအဖွဲ့အစည်းများ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများပူးပေါင်းကာ မြန်မာစစ်ဘေးရှောင်ကလေးသူငယ်များအတွက် ကွတ်ကီးရောင်းချရန်ပုံငွေရှာဖွေပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဒယ်ဂူးဘုန်းဘုန်းမှ တော်လှန်ရေးအောင်မြင်ပြီးဆုံးသည့်အထိ ကိုရီးယားလူမျိုးအနေဖြင့် ဆက်လက်ကူညီးပေးကာ ကလေးသူငယ်များအတွက်၊စားနပ်ရိက္ခာများ၊ပညာရေးသင်ထောက်ကူပစ္စည်းကိုလည်းလှူဒါန်းပေးရန်တောင်းဆိုကာ တက်ရော်လာသူအားလုံးကိုယ်စား ကျေးဇူးတင်စကားမိန့်ကြားခဲ့ကြောင်း သိရှိရသည်။
ယင်းမာပင်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကနီမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ၃ ရက်ဆက်တိုက် ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၁၄
ကနီမြို့နယ်တွင် အရာတော်မြို့နယ် လူထူသပိတ်ဦးဆောင်မတီ နှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသများအဖွဲ့ချုပ်)တို့ပူးပေါင်း၍ ကနီမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် ပြည်သူလူထု သပိတ်စစ်ကြောင်းဖြင့် ပူးပေါင်းကာ " နှစ်သစ်ကိုလည်းကြို ဖက်စစ်ကိုလည်းဖြို " ပါဘန်နာစာသားကို ကိုင်ဆောင်ကာ ဇန်နဝါရီလ ၁၂၊ ၁၃ ၊ ၁၄ ရက်နေ့များတွင် သုံးရက်ဆက် သပိတ်မှောက် ဆန္ဒပြခဲ့ကြသည်။
မူဆယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့အတွင်းသို့ ကျရောက်ပြီး နေအိမ်များ ထိခိုက်ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၂၈
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်တွင် ယမန်နေ့ ညနေပိုင်း စစ်ကောင်စီ တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ တရုတ်နိုင်ငံဘက်သို့ ကျ ရောက်ပြီး နေအိမ်များ ထိခိုက်ပျက်စီး နယ်စပ် စစ်ရေးသတင်း ရင်းမြစ်များ ထံမှ သိရှိရသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် မူဆယ်မြို့နယ်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ စခန်းကုန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ၁၂၀ မမ သည် တရုတ်နိုင်ငံဘက်ခြမ်း နယ်စပ် ဝမ်တိန်မြို့ထဲသို့ ကျ ရောက် ကြောင်း နယ်စပ် စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
"စစ်တပ်က လက်နက်ကြီးတွေနဲ့ တော်လှန်ရေးအဖွဲ့တွေရှိနိုင်မယ့်နေရာတွေကို ပစ်နေတာမှာ တရုတ်ပြည်ဘက်ကို လက်နက်ကြီး ၁ လုံးကျတယ်။ အဲဒါ တ ရုတ် ဘက်က လက်နက်ကြီးကျည် ကျတာကို သူတို့ လူမှုကွန်ရက်တွေ မှာ လည်း တင်ထားတယ်။ လူထိခိုက်မှုတော့မရှိပေမယ့် နေအိမ်ပျက်စီးမှု တွေရှိ တယ်" ဟု နယ်စပ်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။
လောင်းလုံးမြို့နယ်တွင် တော်လှန်ရေး ရုပ်ရှင်ပြပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာ ၂၇
လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီက ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၌ တော်လှန်ရေး ရုပ်ရှင်ပြပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၇
မြန်မာနိုင်ငံတစ်ဝန်း အောက်တိုဘာလ ၂၇ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ဇေယျာတိုင်းရဲ့ ၅/သပိတ် စစ်ကြောင်းက စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ အောက်တိုဘာ ၂၇
အရာတော်မြို့နယ်တွင် ဇေယျာတိုင်းရဲ့ ၅/ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၌ စစ်တပ် ထုတ်ကုန် မသုံးစွဲရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မန္တလေး တံတားဦးလေတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ရှမ်းပြည်မြောက်ပိုင်းသို့ တောက်လျှောက်တက်နေ
ရန်ကုန်၊ အောက်တိုဘာ ၂၇
မန္တလေး တံတားဦးလေတပ်မှ ရဟတ်ယာဉ်နှင့် ဂျက်တိုက်လေယာဉ်များ ရှမ်းပြည်မြောက်ပိုင်းသို့ တောက်လျှောက်တက်နေကြောင်း ဒေသပြည်သူများ နှင့် ကင်းထောက်အဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၇ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ဝန်းကျင်မှစတင်၍ တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ ဂျက်တိုက်လေယာဉ်များ တောက် လျှောက် ဆိုသလို တက်နေပြီး တိုက်ပွဲများဖြစ်ပွားနေသည့် ရှမ်းပြည်နယ်၊ မြောက်ပိုင်းသို့ ဦးတည် ပျံသန်းနေကြောင်း ၊ ဂျက်တိုက်လေယာဉ် အနည်းဆုံး ၃ စီးထက် မနည်း တက်သွားပြီး ရဟတ်ယာဉ် ၂ စီး၏ အသံလည်းကြားရကြောင်း ဒေသ ပြည်သူများက ဆိုသည်။
"ရဟတ်ယာဉ်သံလည်း ကြားရတယ်။ တိုက်လေယာဉ်သံတွေလည်း ကြားရ တယ်" ဟု မန္တလေးဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ရွှေနွယ်သွေး လူထု သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ အောက်တိုဘာ ၂၇
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကင်း၊ အရှေ့ဒဂုံနှင့် တောင်ဥက္ကလာပ ရဲစခန်းများအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွား၊ မြောက်ဒဂုံနှင့် မြောက်ဥက္ကလာ တွင်လည်း ပေါက်ကွဲသံများ ထွက် ပေါ်နေပြီး စစ်တပ်က ရန်ကုန်လမ်းများကို ပိတ်ဆို့စစ်ဆေးနေ
ရန်ကုန်၊ သြဂုတ် ၂၉
ရန်ကုန်မြို့ရှိ ရန်ကင်း၊ အရှေ့ဒဂုံနှင့် တောင်ဥက္ကလာရှိ ရဲစခန်းများအနီးတွင် ပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်တွင် ရန်ကင်းမြို့နယ်၊ ၁၁ ရပ်ကွက်၊ ကံဘဲ့လမ်းရှိ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ည ၉ နာရီ ၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ ၁၅၅ ရပ်ကွက်၊ မင်းရဲ ကျော်စွာ လမ်းရှိ မြို့မရဲစခန်းအနီးတွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယနေ့ ည ၈ နာရီ ၅၅ မိနစ်ခန့်ကလည်း တောင်ဥက္ကလာပမြို့နယ်၊ ၁၀ ရပ်ကွက်၊သစ္စာလမ်းရှိ မြို့မရဲစခန်းဘေးလမ်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရ သည်။
အလားတူ မြောက်ဒဂုံမြိုနယ်နှင့် မြောက်ဥက္ကလာမြို့နယ် တို့တွင်လည်း ည ၈ နာရီကျော်ခန့်က ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ပြီး မည်သည့် နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို အတည်မပြုနိုင်သေးကြောင်း ဒေသ ပြည်သူ များက ပြောဆိုသည်။
လက်ရှိတွင် စစ်တပ်က တောင်ဥက္ကလာရဲစခန်းအနီးရှိ သစ္စာလမ်းနှင့် သုမင်္ဂ လာ လမ်းထောင့်ပိတ်ချလိုက်ပြီး စစ်ဆေးမှုများလုပ် ဆောင်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ညပိုင်းကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)
Photo- Reuters။
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ သြဂုတ် ၂၉
ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့၌ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများကို အစားအသောက်များ ကျွေးမွေးလှူဒါန်း
ရန်ကုန်၊ သြဂုတ် ၂၉
ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
ပခုက္ကူ-ရေစကြို လမ်းပိုင်းတွင်း စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံး
ရန်ကုန်၊ ဩဂုတ် ၂၉
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ရေစကြိုလမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၅ ဦးခန့်သေဆုံးနိုင်ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းက ပခုက္ကူမှ ရေစကြိုစကြိုလက်သို့ ထွက်ခွာလာသော ကားမှန်ချ မောင်းနှင်ခြင်းမရှိသည့် မတ်တူးကားတစ်စီးကို သတိပေးမိုင်းဆွဲခဲ့ရာ ကားထိကို ထိမှန်မှုရှိခဲ့ပြီး လူထိ ခိုက်သေဆုံးမှုမရှိခဲ့ကြောင်း၊အလားတူ ပခုက္ကူမှရေစကြိုသို့ ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် ပွိုင့်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ပခုက္ကူကနေ ရေစကြိုကိုသွားတဲ့ ပွိုင့်ကားဗျ၊ အဲဒါကို ဆွဲတာ ထိတယ်၊ ထိတော့ ပခုက္ကူစက်မှုဇုန်ကနေ နောက်တစ်စီးနဲ့လာဆွဲတာ၊ အဲဒီမှာက ၃ ယောက်သေတယ်လို့ သိရတယ်၊ ဒီနေ့မွန်းလွဲပိုင်းမှာ ဆွဲခဲ့တာ၊ အဲနားမှာ သွေးကွက်တွေကျန်ခဲ့တာဆိုတော့ သေတာက သေချာတယ်၊ သွေးကွက်တွေကို လည်းသဲ တွေနဲ့ဖုံး ထားခဲ့တာ၊ နောက်ဆက်တွဲထုတ်ပြန်ထားတဲ့ သေတဲ့ ၂ ကောင်က ၂၆၊ ၂၇ ရက်တရက် ရက်နေ မှာ အဲဒီတုန်းက သေတာမသိလို့ မထုတ်ပြန် လိုက်ရတာ၊” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီဝန်းကျင်ခန့်က ပခုက္ကူမြို့နယ်၊ ပန်းတိုင်ခြုံကျေးရွာမှ ပခုက္ကူ မြို့သို့ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ ပွိုင့်ကားတစ်စီးကို မိုင်း ၃ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
“ပခုက္ကူနဲ့ရေစကြိုကားလမ်းပေါ်မှာလည်း၊ မနေ့ညက အသွားတုန်းက သိတယ်၊ မဆွဲလိုက်ရဘူး၊ မီးမှိတ်ပြီးမောင်းသွားတာ၊ ပြည်သူဖြစ်မှာစိုးလို့ မဆွဲလိုက်ရဘူး၊ ပြန်လာမှ ခွေးကားမှန်းသိတော့ ဆွဲ လိုက်ရတာ၊ ကားမှန်မချပဲမောင်းတဲ့မတ်တူးကားကလည်း ပြည်သူကားလို့လည်း ပြောလို့ရ မရဘူး၊ မှန်ကချလည်းမထားဘူး၊ မတ်တူးကားဆိုတာ ကျနော်တို့ဘက်မှာ အများဆုံးသုံးတာက ပန်းတိုင်းခြုံနဲ့ ကျောက်လှေကားကားဂိတ်နဲ့ ပခုက္ကူနဲ့ကူးနေတဲ့အချိန်မှာ ခွေးသုံးတာများတာ၊ ဒါပေမယ့်မသေချာဘူး၊ မသေချာပေမယ့်လည်း အဲဒီလမ်းပိုင်းမှာ ထုတ်ပြန်ပြီးသား၊ ကျနော်တို့က မနက် ၆ နာရီကနေ ညနေ ၇ နာရီ အတွင်းပဲ သတ်မှတ်ထားတာ၊ ကားမှန်မချထားလို့ မှားယွင်းပစ်ခတ်မှုရှိခဲ့ရင် တာဝန်မယူဘူးလို့ အရင်နေ့ကလည်းက ပကဖကနေ စာထုတ်ထားပြီးသား၊ အဲဒီမှာကတော့ သေဆုံးမှုတော့ မရှိဘူး။ ကား ကတော့ထိတယ်၊ ပခုက္ကူကနေ ရေစကြိုဘက်ကို သွားတဲ့ကား၊” Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူခရိုင် တပ်ရင်း ၁၃ ၊ Shwe Nyar Myae PDf နှင့် ပခုက္ကူမြိုနယ် ပကဖ တပ်ခွဲ ၂ Young Force UG တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပခုက္ကူ- ရေစ ကြိုကားလမ်းကိုအ သုံးပြုမည့် မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းကမ်းများကိုတိတိကျကျ လိုက်နာပေး ပါရန် အသိပေးထုတ်ပြန်ထားသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ သြဂုတ် ၂၉
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ သြဂုတ်လ ၂၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို "အောင်ပွဲတွေအလီလီ အောင်လံတွေစိုက်ထူနေပြီ အောင်ပွဲကြီးဟာ တဖြည်းဖြည်း နီးကပ်လာပါပြီ အားတင်းပါဝင်ပေးထားကြပါဦး" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၂၃ နှစ်ကုန်ပိုင်းရောက်လာသည်နှင့်အမျှ စစ်အာဏာရှင် တော်လှန်ရေး ဘက်ပေါင်းစုံမှ အရှိန်မြင့်နေပြီး လမ်းကြောင်း မယိမ်းမယိုင် စေရန်၊ စုစည်း ညီညွတ်စွာသွားကြရန် NUG သမ္မတနှင့် ဝန်ကြီးချုပ် သတိပေး
ရန်ကုန်၊ ဩဂုတ် ၂၉
၂၀၂၃ နှစ်ကုန်ပိုင်းရောက်လာသည်နှင့်အမျှ စစ်အာဏာရှင် တော်လှန်ရေး ဘက်ပေါင်းစုံမှ အရှိန်မြင့်နေပြီး လမ်းကြောင်း မယိမ်းမယိုင် မဖြစ်စေရန်၊ သတိကြီးကြီးဖြင့် စုပေါင်းသွားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောဆိုလိုက်သည်။
ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ၂၉ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးတွင် ၎င်းတို့က အထက်ပါအတိုင်း ပြောဆိုလိုက် ခြင်း ဖြစ်သည်။
လက်ရှိ လက်နက်ကိုင်ထားသူအစုအဖွဲ့များအကြား ပြဿနာများကို အစိုးရ အနေဖြင့် မူဝါဒဖြင့် ဖြေရှင်းကြရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်ထား ခြင်း သည် စစ်အာဏာရှင် တော်လှန်ရေးအတွက် ဖြစ်ပြီး ပြည်သူလူထုကို နွေးထွေး လုံ ခြုံစေရန် ဖြစ်ကြောင်း၊ လက်နက်ရှိလာသည်နှင့် ပြည်သူအပေါ် အာဏာပြ ချင် သည့် လူပုဂ္ဂိုလ်မျိုးများ၊ အနိုင်အထက်ပြုကျင့်လိုသူများ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးများ ပါဝင်လာတတ်ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်ကုန် ပိုင်း ရောက်ရှိလာသည်နှင့် တော်လှန်ရေးသည် ဘက်ပေါင်းစုံမှ အရှိန်မြင့်လာ နေကြောင်း ၎င်းက သတိပေးသည်။
“၂၀၂၃ နှစ်ကုန်ပိုင်းကို ရောက်လာလေလေ တော်လှန်ရေးဟာ ဘက်ပေါင်းစုံ က အရှိန်မြင့်လာလေလေ ဖြစ်တာကြောင့် တော်လှန်ရေး အင်အားစု တွေသွား နေ တဲ့ လမ်းကြောင်း မယိမ်းမယိုင်ရအောင်၊ စုစုစည်းစည်းနဲ့ ဘုံရည်မှန်း ချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်အောင် သတိကြီးကြီးထားပြီး သွားကြရမယ့် အချိန် ဖြစ် တယ်ဆိုတာ အားလုံးလည်း နားလည်သိရှိပြီးဖြစ်မယ် လို့ထင် ပါတယ်။ စိန် ခေါ်မှုတွေ ဘယ်လောက်များများ ဒါတွေကို ရင်ဆိုင်ကျော်လွှားပြီး စစ် အာဏာ ရှင်ကို အမြစ်ဖြတ်နိုင်ဖို့၊ ဖက်ဒရယ်နိုင်ငံတော်တည်ထောင်နိုင်ဖို့ ကျွန်တော်တို့မှာ ယုံကြည် ချက်ခိုင်ခိုင်မာမာ ရှိနေတာဟာ ဒီတော်လှန်ရေးကို မဖြစ်မနေ အောင်မြင်စေမယ့် အကြောင်းတရား တစ်ခုပဲ ဖြစ်ပါတယ်။ လွဲချော်ခဲ့မှုတွေ၊ အမှားတွေကနေလည်း သင်ခန်းစာယူပြီး ရှေ့ဆက်နေကြတာ မို့ အမှားကင်းကင်းနဲ့ စစ်ကောင်စီရဲ့ လှည့်ကွက်တွေကို ကျော်လွှားသွားဖို့ အသင့်ဖြစ်နေကြတဲ့ တော်လှန်ရေးလည်း ဖြစ်ပါတယ်။ ဒါကြောင့် စုစုစည်းစည်း ပေါင်းစပ် ညှိနှိုင်းကြရင်း ဆက်လက် အားထုတ်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သတိထားဖြေရှင်းရမယ့် ကိစ္စတွေကိုလည်း ပြဿနာတွေ မကြီးထွားခင် မြန်မြန်ဆန်ဆန် ဖြေရှင်းဆောင်ရွက်ကြမယ်ဆိုရင် အခက်အခဲနည်းမှာ ဖြစ်ပါ တယ်။ အထူးသဖြင့် လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာ တွေ ဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ် မျိုး တွေ၊ အနိုင်အထက်ပြုကျင့်လိုသူ ဆွမ်းဆန်ထဲက ကြွက်ချေးသဖွယ် ပုဂ္ဂိုလ်မျိုးတွေလည်း ပါဝင်လာတတ်ပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဝန်ကြီးဌာနတွေအနေနဲ့ အဆင့်ဆင့် အမိန့်ပေးစနစ်၊ စည်းကမ်းလိုက်နာမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကျစ်လစ်သောစုဖွဲ့မှုတွေ ရှိလာဖို့၊ ပြဿနာတွေ ရှိလာရင်လည်း လျင်မြန်စွာ ဖြေရှင်းဖို့ အင်မတန် အရေးကြီးမှာ ဖြစ်ပါတယ်။ တကယ်တော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ ပြည်သူကို လုံခြုံနွေးထွေးအောင် ကာကွယ်ပေးရမယ့်တာဝန်ကို ယူထားကြသူများ ဖြစ်ပါတယ်။ ကာကွယ်ပေး ရမယ့် သူတွေက လမ်းကြောင်းတွေ လွဲလာကြ မယ်ဆိုရင် တော်လှန်ရေးအတွက်လည်း ထိခိုက်မှု ရှိလာမှာ ဖြစ်ပါတယ်။ ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်ပါတယ်။ ” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးသည်။
ယာယီသမ္မတ ဒူဝါလရှီးလကလည်း တော်လှန်ရေးနှင့် အစိုးရ၏ အသက်သွေး ကြော သည် ပြည်သူလူထု၏ ထောက်ခံမှုဖြစ်ပြီး ပြည်သူလူထုနှင့်တစ်သား တည်း ရပ်တည်ရန် အရေးကြီးကြောင်း၊ ဘုံသဘောတူညီချက်ချင်း တူညီလျှင် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သတိပေး ပြောဆိုသည်။
"အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာ ကဏ္ဍအသီးသီးမှာ ပုခုံးထမ်းတာဝန် ဆောင် ရွက်နေကြတဲ့ ရဲဘော်ရဲဘက်များကို ကျွန်တော့်အနေနဲ့ တိုက်တွန်းလို တာက ကျွန်တော်တို့ တော်လှန်ရေးဟာ ပြည်သူနဲ့ ကင်းကွာတဲ့ တော်လှန်ရေး မဖြစ်ရေးဟာ တော်လှန်ရေးသစ္စာတခု ဖြစ်တယ်ဆိုတာ အမြဲဂရုပြု ထားကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးရဲ့ လုပ်ငန်းဆောင်တာတွေ မည်မျှပင် များပြားသည်ဖြစ်ပါစေ ပြည်သူလူထုနဲ့ ချိတ်ဆက်မှု၊ တသားတည်း ဖြစ်မှုတွေကို အမြဲတမ်း ထိပ်ဆုံးမှာ ထားရမှာဖြစ်ပါတယ်။”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။