khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ၊ နှင်းဆီကုန်း "က" ရပ်ကွက်တွင် လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ သု၀ဏ္ဏ၊ နှင်းဆီကုန်း "က" ရပ်ကွက်တွင် လက်နက်များ ရှိနေသည်ဟုဆိုကာ စစ်တပ်နှင့်ရဲများ ဝင်ရောက်စီးနင်းရန် ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီမှ စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ နှင်းဆီကုန်း "က" ရပ်ကွက်အတွင်းရှိ နေအိမ်တစ်ခုတွင် လက်နက်များ ရှိနေသည်ဟုဆိုကာ ဝင်ရောက်စီးနင်းရန်အတွက် စစ်တပ်၊ ရဲနှင့် အထူးတပ်ဖွဲ့များ ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါနေရာတွင် လက်နက်များရှိနေသည်ဟု လွန်ခဲ့သော ၃ ရက်ကတည်း ကပင် သတင်းများရရှိထား၍ ကြိုတင်လေ့လာမှုများ လုပ်ဆောင်ကာ ဝင်ရောက် စီးနင်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ် လူထုဆန္ဒပြပွဲများမှ ပြည်သူများကို ပစ်ခတ် သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို ငွေတောင်းခံ နှောင့်ယှက်နေသော စစ်သားတစ်ဦးနှင့်အပေါင်းတစ်ဦးကို PDF က ဖမ်းဆီးရာမှ စစ်သား သေ ဆုံး၊ အပေါင်းအပါကို လက်နက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို ငွေတောင်းခံ နှောင့်ယှက်နေသော စစ်သားတစ်ဦးနှင့်အပေါင်းတစ်ဦးကို PDF က ဖမ်းဆီးရာမှ စစ်သားမှာ ပြန်လည်ခုခံသဖြင့် ပစ်ခတ်မှုအတွင်း သေဆုံးသွားကာ အပေါင်းအပါကို လက်နက်နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန် မိုးညှင်းမြို့ရှောင်လမ်းတွင် ခရီးသွားပြည်သူများကို အဓမ္မငွေတောင်းခံနှောင့်ယှက်နေသော စစ်ကောင်စီတပ်သားတစ်ဦးနှင့် အပေါင်းအပါတစ်ဦးတို့ ရှိနေကြောင်း ပြည်သူလူထုက သတင်းပေးပို့လာကြောင်း၊ ထို့ကြောင့် မိုးညှင်း K-PDF တပ်ရင်းက သွားရောက်ဖမ်းဆီးခဲ့ရာ စစ်သားက လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခုခံရန် ကြိုးစားကြောင်း၊ ထို့ကြောင့် ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သားကို အသေပစ်ခတ်ဖမ်းဆီးခဲ့ရပြီး လက်နက်မပါသော စစ်သား၏ အပေါင်းအပါကိုမူ အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်သား ကိုင်ဆောင်သော သေနတ်တစ်လက်နှင့်အတူ ၎င်းတို့ကိုင်ဆောင်သော ဖုန်းနှစ်လုံးကို မိုးညှင်း K-PDF တပ်ရင်းက သိမ်းဆည်းရရှိခဲ့ကြောင်း၊ မိုးညှင်းမြို့နယ်နေ ပြည်သူများအနေဖြင့် အကြမ်းဖ က်စစ်ကောင်စီနှင့် ပတ်သတ်သော သတင်းများကို မိုးညှင်း K-PDF တပ်ရင်းသို့ အချိန်နှင့်တပြေးညီ ဆက်သွယ်သတင်းပေးကြရန် ၎င်းက မေတ္တာရပ်ခံသည်။

"ကျနော်တို့ အသေပစ်ဖမ်းရတာက စစ်သားကိုပါ။ လက်နက်မပါတဲ့ ကျန် စစ်သားရဲ့ အပေါင်းအပါ အရပ်သားကိုတော့ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်" ဟု မိုးညှင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

Читать полностью…

Khit Thit Media

နွားထိုးကြီးတွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီး၊ စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၂ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်တပ်ပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီ တပ်သားလိုက်ပါသော ကား များကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲခြင်းတို့ကြောင့် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ် ရင်း ၄ နွားထိုးကြီး PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ မှတ်ခရာကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် နွားထိုးကြီး -မြင်းခြံလမ်းပိုင်း၌ အကြမ်းဖက်စစ်ကောင်စီတပ် သား ၅၀ ခန့်လိုက်ပါလာသည့် ကား ၂ စီးကို ၃ ကြိမ်မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းက သာယာကုန်းကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး ပြည်ပိုင်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေစဉ် Fixed Wings ဒရုန်းလေယာဉ်များဖြင့် ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညနေ ၄ နာရီခွဲခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာရှိ ရဲစခန်းကို Drone ဖြင့် ဗုံးသီး ၂ လုံး၊ စစ်ကောင်စီတပ်သားများ တပ်စွဲထားနေထိုင်ရာ လျှပ်စစ်ဓာတ် အားပေးခွဲရုံကို ဗုံးသီး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defense Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း၊ မြင်းခြံ ခရိုင် အမှတ် ၈ တပ်ရင်း NRDF၊ နွားထိုးကြီးမြို့နယ် ပကဖနှင့် Myingyan District Drone Strike အမှတ် - 1848 ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြန်မာ့အကျပ်အတည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေး လုပ်ဦးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးပိတ်အစည်းအဝေးကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ပြုလုပ် ကျင်းပမည်ဖြစ်ကြောင်း ကုလသမဂ္ဂဘက်က တရားဝင် သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီတွင် မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးကို တံခါးပိတ်ပြုလုပ်မည်ဖြစ်ပြီး အစည်းအဝေး မတိုင်မီ ဗြိတိန်က မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ကုလသမဂ္ဂက ပြောဆိုသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ် ဂရင်းဖီး (Linda Thomas-Greenfield) ကလည်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာစစ်တပ်အပေါ် ပိုပြင်းထန်သည့် အရေးယူဆုံးဖြတ်ချက်များချမှတ်ရန် ထုတ်ပြန်ထားပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း မြန်မာစစ်တပ်အနေဖြင့် အရပ်သားအုပ်ချုပ်မှု စနစ်သို့ ပြန်လည်သွားရန် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်တွင် ထုတ်ပြန်တောင်းဆိုခဲ့ကြသည်။

၂၀၂၂ ခုနှစ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးအတွက် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရန် ချမှတ်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်များတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ချက်ချင်းလွှတ်ပေးရေး ၊ အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး နှင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လိုက်နာရေး စသည့် အချက်များ ပါဝင်သည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီက ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို လိုက်နာခြင်းမရှိဘဲ ငြင်းဆန်လျက်ရှိကာ ပြည်သူများကို ဖိနှိပ်သတ်ဖြတ်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာရှိ စစ်ကောင်စီတပ်သားများကို ၂ ရက် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက် မှု ၂ ဦးသေဆုံး(ရုပ်/သံ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပလိုင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၂ ရက် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်း ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့ ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာ၌ တပ်စွဲထားသော စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ နေထိုင်ရာ ဘန်ကာအတွင်း တည့်မတ်စွာ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ ခွေးတွေကို ၂ ရက် ဆက်တိုက် ဗုံးသီး အလုံး ၂၀ ကျော်ကျဲချတိုက်ခိုက်ခဲ့တာ၊ ဒုတိယနေ့ တိုက်ခိုက်မှုမှာ သူတို့နေတဲ့ နေရာကို တိတိကျကျ ကျတယ်၊ ချက်ချင်း အလောင်းနှစ်လောင်း ဆွဲထုတ်သွားတာကို မျက်မြင်တွေက Video ရိုက်ထားတယ်လို့ ပြောတယ်၊ အဲဒီနေ့ ညနေ ၅ နာရီလောက်မှာပဲ အမိန့်ပြန်ပြီး သင်္ဂြိုလ်လိုက်တာ၊ ၂ ဦးသေပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Phoenix SGG ၊ Royal Falcon Guerrilla Force နှင့် နယ်မြေဒေသ ပကဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှု များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄၀ မမ ဗုံးသီး ၂ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

လူသတ်သမား အာဏာရှင် မင်းအောင်လှိုင် နိုင်ငံတကာ တရားစီရင်မှု ခံထိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးပို့ရေး ပြင်ဆင်ရမည်ဟု ချက်နိုင်ငံ ပါလီမန် နိုင်ငံခြား၊ ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ပြောဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာနိုင်ငံမှ လူသတ်သမား အာဏာရှင် မင်းအောင်လှိုင်သည် နိုင်ငံတကာ တရားစီရင်မှု ခံထိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇ ဝတ် ခုံရုံးပို့နိုင်ရေး ပြင်ဆင်ရမည်ဟု ချက်သမ္မတ နိုင်ငံပါလီမန် နိုင်ငံခြား၊ ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ် အထက်လွှတ်တော်အမတ်လည်းဖြစ်သူ ပါဗယ်ဖစ်ရှာက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ “ သူရဲကောင်းဝါဒ၊ ဒီမိုကရေစီ၊ ဖယ်ဒရယ်ဝါဒနဲ့ မြန်မာ့ အနာဂတ်” တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

"မင်းအောင်လှိုင်နဲ့ ပူတင်တို့လို လူသတ်သမား အာဏာရှင်တွေကို နိုင်ငံတကာ တရားစီရင်မှုခံထိုက်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီအရေးအောင်မြင်ဖို့အတွက်လည်း ကျွန်တော်တို့ဟာ သက်သေအထောက်အထားတွေကို စုဆောင်းပြီး နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးကိုပို့ဖို့ ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်က ပြည်သူသန်းပေါင်းများစွာဟာ စစ်အုပ်စုကြောင့် နာကျင်နေကြရပါတယ်။ မြန်မာပြည်က ခြောက်ခြားစရာ ရက်စက်မှုတွေအတွက် စစ်တပ်မှာ တာဝန်ရှိတယ်လို့ ချက်သမ္မတနိုင်ငံနဲ့ ဥရောပမှာ ရှိနေတဲ့ ကျွန်တော်တို့အနေနဲ့ သိနေပါတယ်။ သက်သေတွေကတော့ ရှိနေပါပြီ။ ဒီသက်သေတွေက မြန်မာစစ်တပ်နဲ့ သူအပေါင်းအပါ ပြည်သူ့စစ်တွေဟာ စစ်ရာဇဝတ်မှုတွေကို ခပ်စိပ်စိပ်ပိုပြီး လက်ရဲဇက်ရဲ ကျူးလွန်လာကြပါတယ်" ဟု ချက်သမ္မတ နိုင်ငံပါလီမန် နိုင်ငံခြား၊ ကာကွယ်ရေးနှင့်လုံခြုံရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ် အထက်လွှတ်တော်အမတ်လည်းဖြစ်သူ ပါဗယ်ဖစ်ရှာက ဆက်လက်ပြောဆိုသည်။

မင်းအောင်လှိုင်ကို အရေးယူနိုင်ရေး နိုင်ငံတကာက စုစည်း ညီညွတ်ရမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူများ၏ ဒီမိုကရေစီ အပေါ် ပြင်းပြသော ဆန္ဒက အားရစရာကောင်းကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

"နိုင်ငံတကာက အင်အားစုတွေကို ညီညီညွတ်ညွတ်စုစည်းနိုင်မှာသာ ဒီလိုလူတွေကို အရေးယူနိုင်မှာဖြစ်တယ်။ မြန်မာစစ်တပ်ဟာ ပြည်သူတွေက ဘယ်လိုပဲသတ္တိရှိရှိ ဆန့်ကျင်ပုန်ကန်နေပေမယ့် အတင်းအုပ်ချုပ်ဖို့ ကြိုးစားနေတယ်။ ဒါဟာ မတရားမှုကို ကြံ့ကြံခံတော်လှန်နေတဲ့ ပြည်သူတွေရဲ့ သန္နိဌာန်ခိုင်မာမှုနဲ့ ပြင်းပြတဲ့ ဆန္ဒကို အားရစရာဖော်ပြနေတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေရဲ့ အသံကို ကြားပါတယ်။ တတ်နိုင်တာတွေကို ဝိုင်းလုပ်ဖို့လည်း အဆင်သင့်ပါ။ မြန်မာပြည်သူတွေရဲ့ အသံကို နိုင်ငံတကာမှ ပဲ့တင်ထပ်ဖို့ ကြိုးစားကြမှာပါ" ဟု ၎င်းက ဆက်လက်ပြောဆိုသွားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ၏ မိတ်သဟာယ ဥရောပ လွှတ်တော် အမတ်များ၊ ချက်သမ္မတနိုင်ငံမှ ပါလီမန်အမတ်များနှင့်သြစတြီးယား၊ ပြင်သစ်၊ နော်ဝေ၊ သြစတြေးလျားတို့မှ ပါလီမန်အမတ်များ တက်ရောက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကိုယ်စားပြု၍ CRPH နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်း ဦးဆောင်သော အဖွဲ့၊ ကရင် အမျိုးသားအစည်းအရုံး၏ အထွေ ထွေ အတွင်းရေးမှူး စောတာဒိုမူး၊ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်လည်းဖြစ်၊ KNDF ဥက္ကဌလည်းဖြစ်သူ ခွန်ဘီထူး၊ အထွေ ထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုမှ ခရစ္စတင်းတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မြန်မာနိုင်ငံတစ်ဝန်း ဖေဖော်ဝါရီလ ၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့၌ စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ချီတက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

လက်ပံတောင်းတောင်ဒေသ ပြည်သူများ “အဆုံးသတ် အောင်ပွဲဆီ လူထုလှိုင်းတွေနဲ့ တက်စုံဖွင့် ရွက်ကုန်လွှင့် ချီ ” စားသားကိုကိုင်စွဲကာ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုဟစ်ကြွေးသံများနှင့် သပိတ် ချီတက်ထွက်ရှိခဲ့ကြသည်။

ဓာတ်ပုံ - လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေး သပိတ်အင်အားစု

Читать полностью…

Khit Thit Media

မုံရွာအမြင့်လမ်း ဒေသတွင် THE WAY တော်လှန်ရုပ်ရှင် ပြသ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မုံရွာအမြင့်လမ်း ဒေသတွင် THE WAY တော်လှန်ရုပ်ရှင် ဇာတ်ကားကို ပြသခဲ့ကြပြီး လူထုအင်အား အများအပြား လာရောက်ကြည့်ရှုခဲ့ကြသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးတွင် စစ်ရှောင်ပြည်သူများကို ထမင်းတစ်နပ်လှူဒါန်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ဆားလင်းကြီးတွင် ရက်ရှည်စစ်ရှောင်နေရသော စစ်ရှောင်ပြည်သူများကို ၁၄၇နပ်မြှောက်အဖြစ် ထမင်းတစ်နပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မွေးနေ့ရှင်ကိုယ်စား လှူဒါန်းခဲ့ကြသည်။

Читать полностью…

Khit Thit Media

တမူးတွင် ဖဲကြိုးဖြူ Campaign နှင့် လမ်းလျှောက်သပိတ်ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

တမူးမြို့နယ်တစ်​နေရာတွင် အာဏာသိမ်း၃နှစ်ပြည့် နံနက်ပိုင်းတွင် "မြန်မာပြည် ခွေးဆဲဲခြင်း"ဟဆိုင်းဘုတ်ကိုင်ဆောင်ကာ ကျောင်းသား/သူများနနှင့် CDM ဆရာ, ဆရာမများ ဖဲကြိုးဖြူ Campaign လှုပ်ရှားခြင်း၊လမ်းလျှောက်သပိတ်ကို အင်းအား၂၀၀ခန့်ဖြင့်လုပ်ဆောင်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

ရခိုင်ပြည်နယ်၊ မီး၀ဗျူဟာကုန်း၊ အမြောက်တပ် ၃၇၇ စခန်း၊ ရီစိုးချောင်း ဗျူဟာ၊ လင်းမြွေတောင်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး ထွက်ပြေးသွားသော စစ်တပ်ကို လိုက်လံတိုက်ခိုက်မှု စစ်သား ၂၀ ကျော်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီ၏ မီး၀ဗျူဟာကုန်း၊ အမြောက်တပ် ၃၇၇ စခန်း၊ ရီစိုးချောင်း ဗျူဟာ၊ လင်းမြွေတောင်စခန်းတို့ကို သိမ်းပိုက်ရရှိပြီး ထွက် ပြေးသွားသော စစ်တပ်ကို လိုက်လံတိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံး ကြောင်း ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့၊ ညနေ ၆ နာရီအချိန်ခန့်တွင် ပလက်ဝ-ကျောက်တော် မြိုနယ်အစပ်ရှိ “မီးဝဗျူဟာကုန်း” တစ်ခုလုံးအား ရက္ခိုင့်တပ်တော်က အပြီး သတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ "မီးဝဗျူဟာ"စခန်းကုန်းကို ဇန်နဝါရီလ ၉ ရက် နံနက် ၁၀ နာရီ ၂၈ မိနစ်ခန့်အချိန်တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၃ ရက်၊ ညနေ ၆ နာရီအချိန်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်တပ်၏ ၏ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မီး၀ဗျူဟာစခန်းကုန်းကြီးကို AA က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၁၇ ရက်အထိ ရက်ပေါင်း ၄၂ ရက်ကြသည့်တိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးသော်လည်း ထိုအချိန်က အပြီးသတ်သိမ်းပိုက် ရယူ နိုင်ခဲ့ခြင်းမရှိခဲ့သော ဗျူဟာစခန်းတစ်ခုဖြစ်ကြောင်း၊ ၂ နှစ်နီးပါးအကြာတွင် ၄ ရက်တာ ပြင်းပြင်းထန်ထန် ခက်ခက်ခဲခဲတိုက်ခိုက်ပြီးနောက်တွင်မှ ယခုကဲ့သို အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ မီးဝဗျူဟာမှ လက်နက် ခဲယမ်း နှင့် စစ်အသုံးအဆောင်ပစ္စည်းအမြားအပြားကို ထပ်မံသိမ်းဆည်း ရမိခဲ့ ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ကျောက်တော် မြို့ နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ် ၃၇၇ အမြောက်တပ် စခန်းကို လည်း ကောင်း ၊ ဇန်နဝါရီလ ၁၄ ရက်နေ့ မွန်းတည့် ၁၂ နာရီတိတိအချိန် ရသေ့တောင် မြို့နယ်၊ “ရီစိုးချောင်းဗျူဟာကုန်း” ကိုလည်းကောင်း ထပ်မံသိမ်းပိုက် ရရှိခဲ့ ကြောင်း သိရှိရသည်။

AA က သိမ်းပိုက်လိုက်သော “ရီစိုးချောင်း ဗျူဟာ” သည် ရသေ့တောင်မြို့ နယ် အတွင်း AA က နှစ်ရှည်လများ ဝိုင်းဝန်းပိတ်ဆို့ထားခြင်းခံရသော စခန်းတစ်ခု ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ အချက်အချာနှင့် မဟာဗျူဟာကျသော ဗျူဟာကုန်းကြီးများကို ရက္ခိုင့် တပ်တော်က တစ်ခုပြီးတစ်ခု သိမ်းပိုက် နေသော ကြောင့်မည်သိုမျှ တောင့်ခံနိုင်ခြင်း မရှိတော့သည်ကို ကောင်းစွာ နား လည် သဘောပေါက်၍ ကြောက်လန့်ကာ စခန်းစွန့်ခွာ ထွက် ပြေးသွား ခဲ့ကြကြောင်း၊ AA က သိမ်းပိုက်ရရှိထားသော ဗျူဟာ စခန်းကုန်းများမှ စစ်သား တချို့သည် ထွက်ပြေးလွတ်မြောက်နေကြသဖြင့် လိုက်လံရှင်းလင်းလျက် ရှိ ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၄ ရက်၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန် စခန်းများမှ ထွက်ပြေး လွတ် မြောက်နေသော စစ်ကောင်စီတပ်ဖွဲဝင်များနှင့် AA တပ်ဖွဲ့အဲကား ရက္ခိုင်ပြည်၊ မောင်တောမြိုနယ်၊ မြောက်ဘက်၊ ခမောင်းဆိပ်ရွာ၏ အနောက် မြောက်ဘက် တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်သား ၂၀ ကျော်ကို အချိန်တိုတို အတွင်း ချေမှုန်းသုတ်သင် နိုင်ခဲ့ကြောင်း၊ စစ်တပ်၏လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့ပြန်ကြောင်း သိရှိရသည်။

ထို့အတူ ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၁၁ နာရီ အချိန်ခန့်တွင် မြောက်ဦးမြိုနယ်၊ လင်းမြွေတောင်စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်း အများ အပြား ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း မူဆယ် ၁၀၅ မိုင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ခဲ့စဉ် ။ (ပုံအဟောင်းဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး လူထု သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

သွေးမအေးတဲ့ ရွှေနွယ်သွေး လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"၀" ဒေသတွင် ပုန်းအောင်းနေသော အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့် သံသယတရားခံ တရုတ်နိုင်ငံသား ၂၄ ဦးကို တရုတ်ထံသို့ လွှဲပြောင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

"၀" ပြည်နယ်တွင် ပုန်းအောင်းနေသော အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့် သံသယတရားခံ တရုတ်နိုင်ငံသား ၂၄ ဦးကို တရုတ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

ပြည်သူလူထု၏ သတင်း ပေးပို့ တိုင်ကြားချက်အရ UWSA အုပ်ချုပ်နေသော "ဝ" ပြည်နယ်တွင် ပုန်းအောင်း ခိုဝှက်နေသည့် တရုတ်နိုင်ငံသား ကျားဖျန့် သံသယ တရားခံ ၂၄ ဦးကို "ဝ" တပ်ဖွဲ့က ရှာဖွေ ဖမ်းဆီးရရှိခဲ့ကြောင်း၊ ၎င်းတို့နှင့်အတူ လက်ကိုင်ဖုန်း ၆၄ လုံး ၊ ကွန်ပျူတာ ၂၅ လုံး နှင့် တရုတ်နိုင်ငံသား မှတ်ပုံတင်များကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရရှိသော တရုတ်နိုင်ငံသားများကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက်ပိုင်း မြန်မာ - တရုတ် နယ်စပ် မုန်းအား နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း သိရှိရသည်။

အွန်လိုင်း ငွေလိမ်လည်ဂိုဏ် ဖြိုခွဲ တိုက်ဖျက်ရေး စတင်ခဲ့ချိန်မှ ယနေ့အထိ မြန်မာနိုင်ငံဘက်က
ကျားဖျန့် တရားခံ ၄၅,၀၀၀ နီးပါးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံဘက်ကို ပြန်လည် လွှဲပြောင်းပေးအပ်ပြီး ဖြစ်​ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

Breaking News- ဒီးမော့ဆိုရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချမှု ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေးငယ်များ၏ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း ကရင်နီဒေသသတင်းရင်းမြစ်JOBS For Kayahက သတင်းဖော်ပြသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ရေးပစ်မှတ် မဟုတ်သည့် စစ်ဘေးရှောင်ကလေးများနှင့် ဒေသ ကျေးရွာမှ ကလေးများ စာသင်ကြားနေသည့် စာသင်ကျောင်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးများကျဲချရာ ကလေးငယ် ၄ ဦးသေဆုံးပြီး ကလေးငယ် ၁၀ ဦးကျော်ဒဏ်ရာရရှိကြောင်း၊ သေဆုံးသူ ကလေးငယ်များမှာ အသက် ၁၁ နှစ်မှ အသက် ၁၃ နှစ်အကြား ယောင်္ကျားလေးများဖြစ်ကြောင်း သိရှိရသည်။

"ဒဏ်ရာရတဲ့ ကလေးတွေထဲမှာလည်း ဒဏ်ရာ အရမ်းပြင်းလို့ စိုးရိမ်ရတယ်လို့ ကြားတယ်။ ကလေးတွေ စာသင်နေတုန်း၊ ကျောင်းတက်ချိန်မှာ ဗုံးလာကျဲချသွားတာ။ ဒဏ်ရာရ ကလေးတွေထဲမှာ ဘယ်လောက် အခြေအနေဆိုးကြလဲဆိုတာတော့ အသေးစိတ်တော့ မသိရသေးဘူး။ "ဟု ကရင်နီဒေသမှ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ရှင်းပြသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

- ရခိုင်ပြည်နယ်၊ မောင်တောမြိုက တောင်ပြို-လက်ယာ စခန်းကို ရက္ခိုင့်တပ်တော်AA ကနေ တိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၈ ဦးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးသွားပြန်ပြီလို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က တရားဝင် ထုတ်ပြန်လိုက်ပါတယ်။

- ကရင်ပြည်နယ်၊ လိပ်သိုဗျူဟာ၊ မိုင်းလွန်ပင်မ- စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေး ဝန်ကြီးဌာနကနေ တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။

- မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ မိတ်ဖက် စီးပွားရေးသမား Grand Andaman သူဌေးကျွန်း ဟိုတယ်ပိုင်ရှင် ဦးကျော်လွင် နဲ့ သူဌေး ၁၈ ဦးရဲ့ နေအိမ်တွေကို ထိုင်းအထူးစုံစမ်းရေးအဖွဲ့က ဝင်ရောက်စီးနင်းပြီး ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ်လိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

https://www.youtube.com/watch?v=zLvKM-lOlS8

Читать полностью…

Khit Thit Media

မင်းတုန်းအတွင်း လှည့်လည်နေသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ PDF စခန်း စီးနင်းခံရပြီး ရိက္ခာနှင့် ဆိုင်ကယ်များ အပါ အဝင် သိန်း ၄၀၀ ဖိုးပစ္စည်းများဆုံးရှုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်းရှိ ကျေးရွာများကိုလှည့်လည်ပြီး ပျူစောထီးလုပ်ရန် စည်းရုံးနေ သော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးကြောင်း Magway PDF တာဝန်ခံကို ဗဟိန်းက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြော ကြားသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းအချိန် မင်းတုန်းမြို့နယ်၊ ကျောက်ဖျာလည်ကျေးရွာရှိ ကြံ့ခိုင်ရေးပါတီ ဝင်များနှင့် တပ်ထောက်ခံသူများကို ပျူစောထီးသင်တန်းတက်ရန်၊ ပျူစောထီးကျေးရွာပြုလုပ်ရန် စည်းရုံးပြီး အင်အား ၁၀၀ ကျော်ဖြင့် ထွက်လာသော စစ်တပ်စစ်ကြောင်းကို ယင်းနေ့ ညနေ ၃ နာရီ ၅ မိနစ်အချိန် ဘိုင်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာကြားအရောက် အနီးကပ်ခြုံခိုက်တိုက်ခိုက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ အရာရှိ ၁ ဦး၊ အကြပ် ၁ ဦး၊ စစ်သား ၄ ဦး၊ လမ်းပြ ၁ ဦး စုစုပေါင်း ၇ ဦး သေဆုံး ကာ ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို အောင်ချမ်းသာကျေးရွာ အပြင်၌ ညတွင်းချင်း မီးရှို့သင်္ဂြိုလ်ကာ အောင်ချမ်းသာကျေးရွာအတွင်း ဝင်ရောက်သွားပြီး ပြည်သူ့နေအိမ်များမှ ရွှေငွေ အဖိုးတန်ပစ္စည်းများကို စားသောက်ဖွယ်ရာများကို ခိုးယူကာ ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်သားများကို Magway PDF ၊ Upper Minhla PDF နှင့် Key Of Revolution တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် သေဆုံးသွားသော စစ်ကောင်စီတပ်မှ အရာရှိ အလောင်းနှင့် ဒဏ်ရာရရှိသူများကို တိုင်တားကျေးရွာဘက်မှ ကားဖြင့် လာရောက်သယ်ဆောင် သွားကြောင်း၊ အကြမ်းဖက်စစ်တပ် စစ်ကြောင်းက တိုင်းတားကျေးရွာအတွင်းသို့ ဝင်ရောက်ကာ တပ်ထောက်ခံသူအချို့ကို ပျူစောထီးလုပ်ရန် စည်းရုံးခဲ့ကြောင်း၊ ပြည်သူ့နေအိမ်အချို့မှ ပြည်သူပိုင်ပစ္စည်း များကို ဖောက်ထွင်းခိုးယူစားသောက်ခဲ့ကြကြောင်း သိရသည်။
ထိုစစ်ကြောင်းသည် ဒေသခံအချို့၏ အနီးကပ် လမ်းပြပို့‌ဆောင်ပေးမှုဖြင့် တိုင်တားကျေးရွာမှ အောင်ချမ်းသာ‌ကျေးရွာ၊ သမင်ကတုပ်ကျေးရွာ ၊ဂန့်ဂါကျေးရွာများသို့ ညတွင်းချင်း တိတ်တဆိတ် ဝင်ရောက်ခဲ့ကြောင်း၊ ယင်းနောက် မိုးသောက်ကျေးရွာအနီးသို့ တောလမ်းများမှတဆင့် နံနက်စော‌စော ရောက်ရှိလာခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၈ နာရီ ၁၀ မိနစ်တွင် Magway PDF ယာယီ စခန်း ကို အင်အားအလုံးအရင်းဖြင့် ၀င်‌ရောက်စီးနင်းရန် ပိတ်ဆို့နေရာယူ‌နေခဲ့ကြောင်း၊ ထို့နောက် Magway PDF က အရေးပေါ် စတင်ပစ်ခတ်ခဲ့ရပြီး အပြန်အလှန် အနီးကပ်တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

PDF က အင်အားမမျှသဖြင့် မိနစ်ပိုင်းအတွင်း စခန်းမှ ဆုတ်ခွာပေးခဲ့ရ ကြောင်း၊ ယင်းတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိသော် လည်း စခန်းအတွင်းရှိ ဆိုင်ကယ် ၈ စီး ၊ ဆန် ၃၀ အိတ် ၊ မီးစက် ၁ လုံး ၊ ဖုန်း ၁၁ လုံး၊ အခြား အခြေ ခံ စားသောက်ကုန်များနှင့် ဆေးဝါးများ ၊ အ၀တ်စားများနှင့် အခြားအသုံးဆောင်များ၊ ခဲယမ်းများ အပါအဝင် ကျပ်သိန်း ၄၀၀ ကျော် ဆုံးရှံးခဲ့ကြောင်း သိရသည်။

“သတင်းမရလိုက်တာ၊ စစ်ကြောင်းညနေပိုင်းမှာရှိနေတဲ့ တိုင်တားရွာရဲ့ ဒီဘက် ၂ မိုင်လောက်ဆိုရင် တောင်တန်းစပြီပေါ့၊ တောင်တန်းက လုံးဝအမြင့်ကြီးလည်းမဟုတ်ဘူး၊ နိမ့်မြင့်နိမ့်မြင့်ဖြစ်နေတာ ရယ်၊ ပြီးတော့ ဖုန်းလိုင်းမရှိတော့တာရယ်ကြောင့် သတင်းဆက်ပြတ်သွားတာ၊ တိုင်တားရွာနဲ့ အခု ဖြစ်သွားတဲ့ မိုးသောက်ရွာကြားမှာဆိုရင် ရွာတွေက ၂ ရွာ ၃ ရွာရှိတယ်၊ ဒါပေမယ့်အဲဒီရွာတွေက ဖုန်း လိုင်း သိပ်မကောင်းတဲ့ ရွာတွေလည်းဖြစ်တာပေါ့၊ အဲဒါကြောင့် စစ်ကြောင်းသတင်းမရလိုက်တာ၊ စက္ကန့် ၃၀ လောက်ပြင်ဆင်ချိန်ရလိုက်တာ၊ လူနဲ့လက်နက်ကလွဲရင်တော့ ကျန်တာ အားလုံး ဆုံးရှုံး လိုက်ရတဲ့အနေအထားဖြစ်သွားတာပေါ့၊” ဟု Magway PDF တာဝန်ခံကို ဗဟိန်းက ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြော ကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးကာ ၇ ဦး ၀န်းကျင် အပြင်းအ ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက မိုးသောက်ကျေးရွာအတွင်းရှိ ပြည်သူလူထု၏ အိုးအိမ်များကို မွှေနှောက်ဖျက်ဆီးကာ ရွှေငွေများ ရှာဖွေခိုးယူပြီး ဂန့်ဂါကျေးရွာမှ တဆင့် ကားလမ်းအတိုင်း ပြန်ဆုတ်သွားကြောင်း၊ သမင်ကတုတ်ကျေးရွာဘုန်း ကြီးကျောင်း၌ တပ်စွဲထား လျက်ရှိကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် လက်နက်ခဲယမ်းများနှင့် ရိက္ခာများ တင်ဆောင်လာသော အင်အား ၃၀ ဝန်းကျင်ပါ ဖောကားတစ်စီးဖြင့် သမင်ကတုတ် ကျေးရွာ ဘုန်း ကြီးကျောင်းသို့ လာရောက်ထပ်မံအားဖြည့်ခဲ့ပြီး အပြန်ခရီးတွင် အလောင်းတစ်လောင်းနှင့် ဒဏ်ရာ ရရှိသူများကို သယ်ဆောင်သွားကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာရှိ စစ်တပ်ကို ၂ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ပလိုင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ၂ ရက် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်း ပြောက် ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့ ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာ၌ တပ်စွဲထားသော စစ် ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီး အလုံး ၂၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ နေထိုင်ရာ ဘန်ကာအတွင်း တည့်မတ်စွာ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၂ ဦး ပွဲချင်းပြီးသေဆုံးကာ တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီပဲယင်းမြို့နယ်၊ ပလိုင်းကျေးရွာမှာ တပ်စွဲထားတဲ့ ခွေးတွေကို ၂ ရက် ဆက်တိုက် ဗုံးသီး အလုံး ၂၀ ကျော်ကျဲချတိုက်ခိုက်ခဲ့တာ၊ ဒုတိယနေ့ တိုက်ခိုက်မှုမှာ သူတို့နေတဲ့ နေရာကို တိတိကျကျ ကျတယ်၊ ချက်ချင်း အလောင်းနှစ်လောင်း ဆွဲထုတ်သွားတာကို မျက်မြင်တွေက Video ရိုက်ထားတယ်လို့ ပြောတယ်၊ အဲဒီနေ့ ညနေ ၅ နာရီလောက်မှာပဲ အမိန့်ပြန်ပြီး သင်္ဂြိုလ်လိုက်တာ၊ ၂ ဦးသေပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရပါတယ်” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ယူနီကွန်းပျောက်ကြားတပ်ဖွဲ့၊ Phoenix SGG ၊ Royal Falcon Guerrilla Force နှင့် နယ်မြေဒေသ ပကဖ အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှု များအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၄၀ မမ ဗုံးသီး ၂ လုံး ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်ခု။

Читать полностью…

Khit Thit Media

ရန်ကုန်အောင်မင်္ဂလာအဝေးပြေးဝင်း မီးလောင်ပြင်မှ အလောင်း ၃ လောင်းတွေ့ရှိ၊ ရွှေလင်းယုန် ကားဂိတ်မှ ဝန်ထမ်း ၃ ဦး မီးလောင်သေဆုံးခဲ့ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းတွင် ယနေ့ နံနက်ပိုင်း မီးလောင်မှု ဖြစ်ပွားပြီးနောက် မီးလောင်ပြင်မှ အလောင်း ၃ လောင်း တွေ့ရှိရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန်မှစတင်၍ နံနက် ၆ နာရီအချိန်အထိ အောင်မင်္ဂလာအဝေးပြေးဝင်း၊ ပစောက်ဝင်း၊ တနင်္သာရီလမ်း၊ ရွှေလင်းယုန် ကားဂိတ်မှ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ကားဂိတ်နှင့် ဆိုင်ခန်း ၁၀ ခန်းထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်သွားသော ဆိုင်ခန်းများကို စက်ယန္တရားများဖြင့် ဖြိုချသောအခါ မီးစတင်လောင်ကျွမ်းသော ရွှေလင်းယုန် ကားဂိတ်မှ အလောင်း ၃ လောင်းတွေ့ရှိရကြောင်း သိရှိရသည်။

"၃ယောက်သေတာ အတည်ပြုတယ်။ ၁ ယောက်ကရေပုံးအပြာထဲဝင်လျက်သေနေတာတွေ့ရတယ်။ ၂ ယောက်က မီးကျွမ်းနေပြီ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

"လောင်ကတာက ပစောက်ဝင်းထဲမှာ၊ တနင်္သာရီလမ်းထဲမှာ လောင်တာ။ ပိတ်ထားတဲ့ ဆိုင်ခန်းထဲကနေ စလောင်တာ။ မီးထဲပါသွားတာက ဝင်းကားဂိတ် ၊ ရာဇာမင်းကားဂိတ်၊ အောင်ကျော်ဇောကားဂိတ်၊ ကားလက်မှတ်အရောင်းဂိတ်တွေ ပါကုန်တယ်။ ဆိုင်တွေက ၁၀ ခန်းထက်မနည်းပဲ ပါသွားတာ။ကုန်တွေ၊ စာရွက်စာတမ်းတွေ အကုန်ပါသွားတယ်" ဟု ကားဝင်းအတွင်းနေထိုင်သူတစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

မြင်းမူတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ ပခုက္ကူမြို့နယ်၊ ဘုန်းကံရွာရှိ ပျူစောထီးများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Black Eagle Defence Force-MMU အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ထီးဆောင်းရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ညောင်ပင်ဝန်းရွာကို စစ်ကား ၂ စီးဖြင့် ထွက်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာ မိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီးကို ထိမှန်ကာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းမူမြို့နယ် ပ.က.ဖ) တပ်ဖွဲ့နှင့် Black Eagle Defence Force-MMU တပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အနောက်ဘက် ဘုန်းကံရွာရှိ ပျူစောထီးများကို Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force - UG အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံရွာရှိ ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်း ၅ လုံးခန့် ကျရောက်ပေါက်ကွဲကာ ထိခိုက်ပျက်စီးမှု အခြေအနေကို စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Cobra One ၊ စနေမင်း (မြိုင်)နှင့် ပခုက္ကူမြို့နယ် ပကဖတပ်ခွဲ(၂)မှ Tartay Gyi Revolution force နှင့် Pakokku Underground Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့​ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို "သူ့တို့ဘက်က အာဏာရူးပြီး ၆ လတိုးတိုး ကိုယ့်ဘက်က အပြတ်ဖြိုဖို့သာ အဓိကပါ" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

နမ့်ဆန်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သော မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီး တစ်လုံး ပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန့်မြို့တွင် အကြမ်းဖက် စစ်တပ်က ပစ်ခတ်ခဲ့သော မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီး ကျည်တစ်လုံးပေါက်ကွဲမှုကြောင့် ကလေးငယ် ၃ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၉ နာရီခန့်က နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးရပ်ကွက်တွင် နမ့် ဆန်မြို့ တိုက်ပွဲအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် စစ်ကောင်စီ၏ လက်နက်ကြီးတစ်လုံးကို ကလေးငယ် ၃ ဦး က တွေ့ရှိပြီးဆော့ကစားရာ ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးပေါက်ကွဲမှုကြောင့်သေဆုံးသည့် ကလေးများမှာ အသက် ၆ နှစ်အရွယ် မိုင်းနေ မင်းအောင်၊ အသက် ၁၀ နှစ် အရွယ် မိုင်းလှိုင်မင်းအောင်နှင့် အသက် ၁၁ နှစ်အရွယ် မိုင်းအောင်ကျော် ဇော် တို့ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၎င်းတို့တပ်ပတ်ဝန်းကျင်အပြင် မြို့တွင်း တပ်စွဲထား သည့် နေရာများနှင့် ပြည်သူလူထုများ၏ ခြံဝင်းအတွင်း ထောင်ထားသည့်မိုင်းများနှင့် စစ်ကောင်စီ တပ်က ပစ်ခတ်ပြီး မပေါက်ကွဲ သေးပဲ ကျန်ရှိနေသည့် လက်နက်ကြီးများကို PSLF/TNLA မှ လိုက်လံ ရှင်းလင်းနေကြောင်း၊ မပေါက်ကွဲပဲ ရှိနေသည့် မိုင်း၊ လက်နက်ကြီးများတွေ့ရှိပါက အကြောင်းကြား ရန် ညွှန်ကြားထားကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဖေဖ်ာဝါရီ ၂

ယင်းမာပင် မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်ကောင်စီ တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း တောင်ညို စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ၊ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင် ကာတွန်း (ခ) အတွမ့်ကို တောင်ညို စစ်ကြောင်း (KNLA +PDF) တပ်ခွဲ ၁ က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင် ကာတွန်း (ခ) အတွမ့် ထံမှ AK ၃ လက် ၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၂ တောင့် ၊ M16 ၁ လက်၊ 380 ဆုံလည် ၁ လက် တို့ကိုလည်း တောင်ညို စစ်ကြောင်း တပ်ခွဲ ၁ က သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စုမှ အသက် ၁၆ နှစ်အရွယ် ကလေး ငယ် များကို တပ်သားသစ်အဖြစ် စစ်ကောင်စီက အတင်းအဓမ္မ ဖမ်းဆီး ခေါ် ဆောင် စုဆောင်းသွား
ရန်ကုန်၊ ဇန်နဝါရီ ၁၅
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် ခမုံဆိပ်ကျေးရွာအုပ်စုမှ အသက် ၁၆ နှစ်အရွယ် အသက်မပြည့်သေးသော ကလေးများကို စစ်ကောင်စီက တပ်သားအဖြစ် စုဆောင်း အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရန်နှင့် တပ်သား သစ်များ စုဆောင်းရန် အတွက်ဟုဆိုကာ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ် ကျေးရွာအုပ်စုသို့ ရောက်ရှိလာကြောင်း ယင်းနောက် အသက် မပြည့်သေးသော အသက် ၁၆ နှစ်အရွယ် လူငယ်လေးများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် စစ်သားစုဆောင်းခြင်းဖြစ်ကြောင်း သိရှိရသည်။
"၁၃ရက်နေ့က စစ်တပ်က ပြည်သူစစ်ဖွဲဘို့ လူငယ်တွေကို ခေါ်ဆောင် နေပါတယ်။ စစ်တပ်က ခေါ်သွားတဲ့လူငယ်တွေက လက်ရှိ အသက်မပြည့် သေးသောသူတွေဖြစ်ပါတယ်။ လက်ပံတန်းမြို့နယ် ခမုံဆိပ်အုပ်စု ကျေးရွာက လူငယ်ကလေးအရွယ်လေးတွေပါ။ တစ်အိမ်ထောင် စစ်သားသစ်အဖြစ် တစ်ယောက် မပေးရင် ရွာပါ မီးရှို့မယ်ပြောတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
စစ်တပ်က တပ်သားသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ အသက် ၁၆ နှစ်အရွယ်ရှိ မောင်အာကာ၊ မောင်ချစ်ပိုင်၊ မောင်ဖြိုးပိုင် ၊ မောင် အောင်ဝေဦး တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အသက်မပြည့်သေးသော ကလေးငယ်များကို စစ်တပ်လက်ထဲသို့ အပ်နှံသူများမှာ ခမုံဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်ထူးနှင့် နယ်မြေမှူး ကိုမြင့်တို့ဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၁၄ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ခင်ဦးမြို့ပေါ်ရှိ မြို့နယ်မှူးရုံး၊ ရဲစခန်း၊ ဆေးရုံနှင့် ပျဉ်ထောင်ပျူစောထီးရွာတို့ကို ၂ ရက်ဆက်တိုက် ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ခင်ဦးမြို့ပေါ်ရှိ မြို့နယ်မှူးရုံး၊ ရဲစခန်း၊ဆေးရုံနှင့် ပျဉ်ထောင်ရွာ ပျူစော ထီး စခန်းကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၃ ရက် ညနေ ၄ နာရီခန့်က ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ရွာ ပျူစောထီးစခန်းကို ၆၀ မမ ဗုံးသီး ၄ လုံး နှစ်ကြိမ်၊ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၀ နာရီခန့်က ၆၀ မမဗုံးသီး ၆ လုံး ကို ဒရုန်းဖြင့် ၃ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ပြီး ခင်ဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်သား၊ ရဲများ အထိုင်ချ တပ်စွဲထားရာ မြို့နယ်မှူးရုံး၊ ဆေးရုံးနှင့် ရဲစခန်းတို့ကို ၆၀ မမ ဗုံးသီး ၆ လုံး ၃ ကြိမ်ကျချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ခွေးသေထိခိုက်မှုကတော့ မသိရသေးဘူး၊ ခွေးတွေဘက်က လက်နက်ငယ်၊ ပွိင့် ၅ နဲ့ပြန်ပစ်တယ်၊ ကျနော်တို့အဖွဲ့ရှိမယ်ထင်တဲ့နေရာတွေကို ပစ်တာ၊ ကျနော်တို့ရဲဘော်တွေ အထိအခိုက်မရှိခဲ့ပါဘူး၊ နေ့မနား ညမနား စစ်ခွေးတွေကို ကြုံရင်ကြုံသလို တိုက်ခိုက်သွားမှာပါ၊ ဌာနဆိုင်ရာတွေအနေဲ့ အမြန် ဆုံး CDM ဝင်ကြဖို့ ပြေချင်ပါတယ်” ဟု ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ် ကောက် ရိုးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၅ Eagle Guerilla Force မှ ဗိုလ်ကောက်ရိုး ဗုံးသီး ထုတ်လုပ်ရေးအဖွဲ့၊ ကျောက်ဆည်ခရိုင်နဂါးနီတပ်ရင်း ၁ ၊ Lighting Drone Force ၊ Feature Hero အဖွဲ့နှင့် ခင်ဦးမြို့နယ်ပကဖတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အပစ်ရပ်ထားသော်လည်း စစ်တပ်က မိုးကုတ်နှင့် လားရှိုးရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်အင်အား ဖြည့်တင်းနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ် ၃ ဖွဲ့နှင့် အကြမ်းဖက် စစ်တပ်တို့ အပစ်အခတ် ရပ်စဲထားသော်လည်း မိုးကုတ်မြို့နယ်နှင့် လားရှိုးမြို့နယ်တို့ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၁၁ နာရီ ၁၁ မိနစ်အချိန်က မိုးကုတ်မြို့နယ်၊ ဖြူရောင်ကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းနှင့် ကုန်စံကျေးရွာကြားသို့ လက်နက်ကြီး ဖြင့် ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ဇန်နဝါရီလ ၁၄ ရက် နံနက် ၇ နာရီ မိနစ် ၄၀ခ န့်က လားရှိုးမြို့နယ်စစ်ကောင်စီ တပ်က တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ နာကွန့်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီး ဖြင့် ၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မူဆယ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို ထောက်ပို့လေယာဥ်ဖြင့် ၁ကြိမ် စစ်ကူလူအင်အား နှင့် လက်နက်ခဲယမ်းများ ထပ်မံလာရောက်ဖြည့်တင်းခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။

Читать полностью…
Subscribe to a channel