မတ္တရာမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား၊ စစ်တပ်က လက်နက်ကြီးဖြင့် ကျေးရွာများကို ရမ်းသမ်းပစ်ခတ်၍ ပြည်သူ ၁ ဦး ဒဏ်ရာရ
ရန်ကုန်၊ နိုဝင်ဘာ ၁၅
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ မြစ်ကမ်းတစ်လျှောက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းမှစ၍ မတ္တရာမြို့နယ်၊ ရှင်လှအလယ်ရွာ နှင့် မင်းကွန်းဘက်မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ စစ်ကြောင်း ထိုးလာသောကြောင့် ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များနှင့် မြစ်ကမ်းတစ်လျှောက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားသောကြောင့် စစ်ကောင်စီ တပ်သားများက မြစ်ကမ်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် မိုးကြိုးကျေးရွာမှ အသက် ၅၀ ကျော် အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
"ညနေက စစ်ခွေးဘက်က လက်နက်ကြီး ပစ်တာ မိုးကြိုးကျေးရွာက အသက် ၅၀ ကျော် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒီနေ့ နံနက် ၁၀ နာရီလောက်က စပြီး ရှင်လှအလယ်ရွာဘက်ကနေ စစ်ခွေးကြောင်းက ဥဒိန်သမင်ခြံဘက်ကို တိုးလာလို့ တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ ထိတိုက်ပွဲတွေ ဖြစ်နေတာ ၁ နာရီကျော်လောက်ကြာတယ်။ မင်းကွန်းဘက်ကနေလည်း စစ်ကြောင်းက ထိုးလာလို့ တိုက်ပွဲတွေ ဒီနေ့ ပြင်းထန်နေတာ တိုက်ပွဲအတွင်းမှာ စစ်ခွေးတွေဘက်က အသေများလို့ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာ အခု ညပိုင်းထိ လက်နက်ကြီးတွေ ပစ်နေတယ်" ဟု Voice Of Mandalay အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
NUG အစိုးရ နိုင်ငံတော် သမ္မတ ဒူဝါလရှီးလနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေး အစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး
ရန်ကုန်၊ နိုဝင်ဘာ ၉
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်သမ္မတ ဒူဝါလရှီးလ နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ် ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်း ကော်မတီတို့ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တွင် Zoom Platform မှ တဆင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတကြီး ဒူဝါလရှီးလနှင့်အတူ နိုင်ငံတော်သမ္မတရုံး အတွင်းဝန်၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူနှင့် သမ္မတရုံးအဖွဲ့ဝင်များ ပါဝင် တက်ရောက်ကြပြီး မန္တလေးလုပ်ငန်း ကော် မတီမှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် နှစ်ဘက် ပါဝင်တက်ရောက်ကြသူများ အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေး လုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲ ရေးလုပ်ငန်းစဉ်နှင့် လက်ရှိ ဆောင်ရွက်နေမှုများကို မျှဝေ ဆွေးနွေးခဲ့ပြီး နိုင်ငံတော် သမ္မတကြီးနှင့် သမ္မတရုံးအဖွဲ့ဝင်များကလည်း မန္တလေးလုပ်ငန်းကော်မတီ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန် လည် ဖြေကြားကာ ဖြည့်စွက် အကြံပြုချက်များလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ကြားကာလ နိုင်ငံရေးအစီအမံနှင့် ပတ်သက်၍ အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး ရှေ့ဆက်၍ လိုအပ်သလို ချိတ်ဆက် တွေ့ဆုံကြရန်လည်း ဆွေးနွေး သဘောတူခဲ့ကြောင်း သိရသည်။
ဘုတလင်မြို့နယ်တွင် စစ်ရှောင်ပြည်သူများကို ထမင်းတစ်နပ်လှူဒါန်း
ရန်ကုန်၊နိုဝင်ဘာ ၉
ဘုတလင်မြို့နယ်တွင် စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က အလှူရှင်ကိုယ်စား ထမင်းတစ်နပ်သွားရောက်လှူဒါန်းခဲ့ကြ ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို ဥပဒေရှေ့မှောက်တွင် တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ကြရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း တိုက်တွန်း
ရန်ကုန်၊ နိုဝင်ဘာ ၉
မြန်မာနိုင်ငံတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို ဥပဒေရှေ့မှောက်တွင် တာဝန်ခံစေရေး နိုင်ငံတကာက အရေးယူဆောင်ရွက်ကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတိုက်တွန်းလိုက်သည်။
နိုဝင်ဘာလ ၇ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကအထက်ပါတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ရာဇဝတ်မှုများ ကျူးလွန်နေ သည့် စစ်အုပ်စုအနေဖြင့် ပြစ်ဒဏ်ကင်းလွတ် ခွင့်ကို ဆယ်စုနှစ်များစွာ အကျိုးခံစားလာပြီးဖြစ်၍ ၎င်းတို့အား ဥပဒေရှေ့မှောက်တွင် ချွင်းချက်မရှိ တာဝန်ခံမှုရှိစေရမည်ဖြစ်ကြောင်း၊ လူမဆန်သော စစ်အုပ်စုထံသို့ လက်နက်များနှင့် အထောက်အပံ့များ ဆက်လက် ပေးအပ်လျက် ရှိသော နိုင်ငံများ ကိုလည်း ထိုသို့ ဆက်လက်လုပ်ဆောင်နေခြင်းက ကြောက်လန့် ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု များကို ခွင့်ပြုရုံသာမက အပြစ်မဲ့ပြည်သူ များ၏ အသက်ဆုံးရှုံးမှု ကိုပါ တိုက်ရိုက် ပါဝင်အားဖြည့် ပေးနေခြင်းဖြစ်ကြောင်း ၎င်းတို့၏ လုပ်ဆောင်ချက်များသည် ပြဿနာကို ဖြေရှင်းပေးရာမရောက်ဘဲ ပြဿနာ၏ တစ်စိတ် တစ်ပိုင်းဖြစ်သည်ဟု သံအမတ်ကြီးက ပြောဆိုသည်။
စစ်ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီထံသို့ လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီ၊ ငွေကြေး စသည့် ထောက်ပံ့မှု များအား ဖြတ်တောက်ခြင်းအားဖြင့် ပြည်သူများကိုကာကွယ် စောင့်ရှောက်မှုများကို ပေးအပ်နိုင်ပြီး၊ မိမိတို့မှ မြန်မာနိုင်ငံတွင် စစ်အာဏာ ရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေး ကြိုးပမ်း အားထုတ်မှုများအတွက် အကူအညီဖြစ်စေသည်သာမက အပြစ်မဲ့ပြည်သူများ၏ အသက် များအား ကယ်တင်ပေးရေးအတွက် အကူအညီဖြစ်စေမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံဖြစ်စဉ်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ မတရား စစ်အာဏာသိမ်းမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသားချင်းစာနာမှု အကျပ်အတည်း ဆိုးရွားစွာ မြင့်တက် လာခြင်းကို လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် မှန်ကန်စွာ ဖော်ပြထား ကြောင်း၊ ပြီးခဲ့သော (၄၅) လတာ ကာလအတွင်း၌ စစ်အုပ်စုအနေဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း မှသည် တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လိင်ပိုင်းနှင့် ကျားမအခြေပြု အကြမ်းဖက်ခြင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများအား တားဆီးဟန့်တားခြင်း၊ လူငယ် များအား အတင်းအကျပ် တပ်းသားစုဆောင်းခြင်းနှင့် ကျေးရွာများကို မီးရှို့ခြင်းအထိ ၎င်းတို့၏ အကြမ်းဖက် မှုများကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ ပြည်သူများကို ဒုက္ခဆင်းရဲ ခံစား စေပြီး အလုံး အရင်း ဖြင့် နေရပ်စွန့်ခွာမှုကိုလည်း ဖြစ်ပေါ်စေခဲ့ကြောင်း ၎င်းက ထောက်ပြသည်။
ယင်း ကျူးလွန်မှုများကြောင့် ပဋိပက္ခ ပိုမို ကြီးထွားလာပြီး လူသားချင်းစာနာထောက်ထား မှု အကျပ်အတည်းကိုလည်း ပိုမို ဆိုးရွားစေခဲ့သည့်အပြင် နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် ရိုဟင်ဂျာများ၏ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လည်သွားရောက်ခြင်းကို အဟန့်အတား ဆက်လက် ဖြစ်ပေါ်စေကြောင်း၊ထို့ပြင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ အပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် စစ်ရာဇဝတ်မှုမှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများမြောက်ကြောင်း၊ အဆိုပါ ရက်စက်ကြမ်းကြုတ်မှုများမှာ အမျိုးသမီး များ၊ မိန်းကလေးငယ်များ၊ ကလေးငယ်များ၊ ရိုဟင်ဂျာများနှင့် အခြားသော ဖယ်ကျဉ်ခံ ထားရသည့် အုပ်စုများအပေါ် အချိုး မညီမျှစွာ သက်ရောက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် မိမိတို့၏ အိမ်နီးချင်းနိုင်ငံများအပေါ် ၌လည်း ကြီးလေးသော နောက်ဆက်တွဲ ဆိုးကျိုးများ ရိုက်ခတ်လျက်ရှိကြောင်း သံအမတ်ကြီးက ရှင်းပြသည်။
နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့ အရေး အလုံးစုံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းတင်သွင်းခြင်းဖြင့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နိုင်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော၊ အဓိပ္ပါယ် ပြည့်ဝသော၊ အချိန်ကိုက်သော အရေးယူဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် အထပ်ထပ် အခါခါ ပျက်ကွက်နေခြင်းက မိမိတို့၏ ပြည်သူများကို စိတ်ပျက်စေပြီး မြန်မာပြည်သူများအပေါ် ပျက်ကွက်နေခြင်း မည်ကြောင်း သံအမတ်ကြီးက ဝေဖန်ထောက်ပြ ပြောဆိုသွားသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းကျော် အငတ်ဘေး ကြုံနိုင်ဟု UNDP သတိပေး
ရန်ကုန်၊ နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်တွင် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၂ သန်းကျော် အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများ ပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှု အပါအဝင် ပြည်တွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း သိရသည်။
ထို့ပြင် ရခိုင်ပြည်နယ် အတွင်း ထုတ်ကုန် သိသိသာသာ ကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာတွင်ပါရှိသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့က တစ်ကျော့ပြန် စတင်ဖြစ်ပွားခဲ့သည့် အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် လက်ရှိအချိန် တိုက်ပွဲများ ပြင်းထန်နေပြီး ယင်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာသူ ၈ သိန်းပါး ရှိနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်အတွင်း လမ်းကြောင်းများ ပိတ်ဆို့ထားမှုကြောင့် ကုန်စည်များ အပါအဝင် စားသုံးဆီ၊ စက်သုံးဆီများလည်း အဆမတန် ဈေးမြင့်တက်နေပြီး ဆေးဝါးများမှာလည်း အားလုံးနီးပါး ပြတ်တောက် နေကြောင်း ဒေသခံများက ပြောဆိုသည်။
UNDP ၏ ၂၀၂၃ ခုနှစ် နှင့် ၂၀၂၄ ခုနှစ် အတွင်း ရခိုင်ပြည်တစ်ဝန်း ကောက်ယူထားသော အချက်အလက်များအရ ပြည်တွင်း ပြည်ပကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည့်အတွက် ပြည်နယ်၏ လူဦးရေ ၉၅ ရာခိုင်နှုန်းလောက်သည် အန္တရာယ်ကျရောက်နိုင်ကြောင်း UNDP က ထောက်ပြပြောဆိုသည်။
ရခိုင်ပြည်တွင် စားနပ်ရိက္ခာ ဖူလုံစေရန် အတွက် ၂၀၂၅ ခုနှစ်တွင် အနည်းဆုံး ဆန်တန်ချိန် ၃၇၂၀၀၀ လိုအပ်နေပြီး ကုန်ပစ္စည်း ဝင်ရောက်ခွင့်ရရှိရန် လက်ရှိကန့်သတ်ချက်များ အားလုံး ရုတ်သိမ်းပေးရန် လိုအပ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် ကုန်စည်စီးဆင်းရေး ကောင်းမွန်ရန် အကူအညီပေးရေး လုပ်သားများကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပြုရန်နှင့် ဘေးကင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက အာမခံရန်လိုကြောင်း UNDP က တောင်းဆိုထားသည်။
ကလေးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊နိုဝင်ဘာ ၉
ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့် ဒေသပြည်သူများ အတူပူးပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို နိုဝင်ဘာလ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
ထင်ရှားကျော်ကြားသော စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပြည်ပ ထွက်ခွာလိုပါက စစ်ကောင်စီထံမှ ကြိုတင်ခွင့်ပြုချက် တောင်းခံရမည်၊ မန္တလေးလေဆိပ်မှ ထိုင်းသို့ သွားမည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း ပတ်စ်ပို့သိမ်းခံရပြီး လေဆိပ်မှ လှည့်ပြန်ရ
ရန်ကုန်၊ နိုဝင်ဘာ ၄
မြန်မာနိုင်ငံမှ နာမည်ကြီး ထင်ရှားကျော်ကြားသော ကုန်သည်ကြီးများ၊ ဘဏ်လုပ်ငန်းရှင်များ၊ ရွှေဆိုင်ပိုင်ရှင် အပါအဝင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ထွက်ခွာလိုပါက ထွက်ခွာလိုသည့် အကြောင်းအရာကို စစ်ကောင်စီထံမှ တင်ပြကြိုတင်ခွင့်ပြုချက် တောင်းခံရန် လိုအပ်ပြီး ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးပမ်းသည့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင်ကို လေဆိပ်တွင် ပတ်စ်ပို့သိမ်း၍ အိမ်ပြန်ခိုင်းခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံအတွင်းရှိ အလွန်ချမ်းသာကြွယ်၀သည်ဟု နာမည်ပေါက်သော ကုန်သည်ကြီးများ ၊ဘဏ်လုပ်ငန်းရှင်များ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးများ၊ ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင်များ အပါ အဝင် ထင်ရှားကျော်ကြားသော စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ မည်သည့်အကြောင်းဖြင့် ထွ့က်ခွာလိုသည်ဖြစ်စေ စစ်ကောင်စီထံသို့ တင်ပြအကြောင်းကြားရမည်ဖြစ် ကြောင်း၊ ထိုသို့ အကြောင်းကြားခြင်းမရှိဘဲ ပြည်ပထွက်ခွာရန် ကြိုးစား ပါက ပတ်စ်ပို့စ်သိမ်း ဆည်း၍ ပြည်ပထွက်ခွင့် အမြဲတမ်းပိတ်ပင်မည်ဖြစ်ကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။
"အဲဒီ ညွှန်ကြားချက်က အသစ်တော့မဟုတ်ဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကတည်းက အဲဒါကို ညွှန်ကြားထားတာ။ အခုကတော့ ပိုမို တင်းတင်းကျပ်ကျပ် စိစစ်ဆောင်ရွက်ဖို့နဲ့ စီးပွားရေးအသင်းအဖွဲ့တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အစည်းအဝေး၊ မီတင်၊ စီးပွားရေးကိစ္စ၊ ဖိုရမ်၊ ဆေးစစ်၊ဘုရားဖူး ၊ အလည် ဘာကိစ္စပဲဖြစ်ဖြစ် ကြိုတင်ခွင့်ပြုချက် ယူရမယ်ဆိုတာရှိပါတယ်။ အဲဒါ ကြိုတင် အသိမပေးရင်တော့ စုံစမ်းစစ်ဆေးမှု ခံရနိုင်ပါတယ်။ အဲဒီလို စုံစမ်းစစ်ဆေးခံရတဲ့သူတွေလည်း အတော်များများရှိခဲ့ပါတယ်" ဟု ပြည်ထဲရေး သတင်းရင်းမြစ်က ပြောဆိုသည်။
နာမည်ကြီး ရွှေဆိုင်ပိုင်ရှင်ဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းသည် နိုဝင် ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် MAI အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း၊ လေယာဉ်အမှတ် XY-ALP(E-190)၊ ခရီးစဉ်အမှတ် 8M-337 ဖြင့် ထိုင်းနိုင်ငံ၊ သု၀ဏ္ဏဘူမိလေဆိပ်သို့ သွားရောက်ရန် ကြိုးစားစဉ် စစ်တပ်က ၎င်း၏ နိုင်ငံကူးလက်မှတ် သိမ်းဆည်း ၍ နေအိမ်သို့ ပြန်ခိုင်းခဲ့ကြောင်း၊ ရွှေစျေးကစားမှုဖြင့် အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်းကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်၍ ပြည်ပထွက်ခွာခွင့်ပိတ်ထားသော အမည်မည်းစာရင်း(Black List) အသွင်းခံထားရသူဖြစ်ကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
"ကြိုတင်အသိမပေးဘူး။ ကြိုတင် ခွင့်ပြုချက်လည်း မတောင်းထားဘူး။ အဲဒါကြောင့် ပတ်စ်ပို့အသိမ်းခံရတာ" ဟု ပြည်ထဲရေးသတင်းရင်းမြစ်က အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင်ကိစ္စနှင့်ပတ် သက်၍ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ရွှေစျေးကစားသည်ဟုဆိုကာ ဇွန်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံစျေးကွက်၏ အဓိက လက်ကြီးသမားများဖြစ်သော အောင်သမာဓိရွှေဆိုင်ပိုင်ရှင် ဦးအောင်ဆန်းဝင်း အပါအဝင် ရွှေဆိုင်ပိုင်ရှင်နှင့် ရွှေကုန်သည် ၁၀ ဦးကို ရွှေစျေးနှုန်း မတည်မငြိမ်ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဖမ်း ၀ရမ်းထုတ်ခဲ့ကြောင်း၊ ထို့ပြင် ရွှေကုန်သည်နှင့်ဝယ်ရောင်း ၂၁ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ နိုဝင်ဘာ ၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်းရဲ့ ကချင်အထူးဒေသ ၁ က အုပ်စိုးထားတဲ့ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဖီမော်မြို့ကို KIAနဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရရှိပြီး စစ်သားအလောင်း ၁၄ လောင်း ရရှိထားတယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)က သတင်းထုတ်ပြန်ပါတယ်။
ပဲခူးတိုင်းမှာ ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ရောက်ရန် ခရီးထွက်လာတဲ့ အမှတ် ၁၂ တပ်မတော် ဆေးရုံက ပါရဂူသမားတော် ဗိုလ်မှူးထိန်တောက်ကို အရှင်ဖမ်းဆီးရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/t3lvlDQeAT4?si=y2yPE1YUGUGzS2iz
တောင်သာရှိ ပျူစောထီးအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၄
မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ပျူစောထီးအထိုင်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု ပျူစောထီးများ ထွက်ပြေးသွားပြီး လက်နက်ခဲယမ်း တချို့ သိမ်းဆည်းရရှိကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) က တရားဝင်သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်အချိန် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ)က မြင်းခြံခရိုင်၊တောင်သာမြို့နယ် တလိုင်းရပ်(ရွာသစ်) ပျူစောထီးများ အထိုင်စခန်းချထားသောကျေးရွာကို ဝင်ရောက်တိုက်ခိုက်စီးနင်း ခဲ့ကြောင်း၊
နံနက် ၄ နာရီ အချိန် ပျုစောထီးများက ၎င်းတို့၏ စခန်းကို စွန့်ခွာ ထွက်ပြေးခဲ့ကြ၍ ပျုစောထီးစခန်းကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း ကာဘိုင် ၁ လက်၊ ရှော့ဂန်း ၁လက်၊ ၇ ဒသမ ၆၂ ကျည် ၁၉၅ တောင့်၊ ကာဘိုင်ကျည် ၆၅ တောင့်၊ ရှော့ဂန်းကျည် ၃၇တောင့် ၊ MG1 လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ Equipment ၁ ထည် ၊ ပြည်သူ့စစ်စစ်ယူနီဖောင်းများနှင့် ငွေ တစ်သိန်းငါးထောင်ကျပ် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
လတ်တလော တောင်သာမြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်းထိုးမှုများရှိသောလည်း အဓိကအားဖြင့် တောင်သာမြို့ကို အခြေပြု၍ အခိုင်အမာ ခုခံစစ်ပြင်ဆင်ထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
"တောင်သာမှာတော့ စစ်တပ်က မြို့ကို အဓိက အခြေပြု ပြီး တပ်စွဲထားတာ။ တောင်သာမြို့နယ်ထဲမှာတော့ သူတို့ နယ်မြေစိုးမိုးမှု အတော်ကို လျော့ နည်းနေပြီ။ အထူးသဖြင့် ရွာဘက်တွေမှာတော့ တော်လှန်ရေးတပ်တွေက စိုးမိုးထားနိုင်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်တာ၊ လေယာဉ်နဲ့ ဗုံးကျဲတာ၊ စစ်ကြောင်းထိုးတာတွေကတော့ တောက်လျှောက်ရှိနေတယ်။ စစ်ဘေးရှောင်ပြည်သူတွေကတော့ လှည့်ပတ်ရွှေ့ပြောင်းနေထိုင်ရပါတယ်" ဟု တောင်သာမြို့နယ်၊ ခြုံကြီးကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောဆိုသည်။
ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရရှိပြီး စစ်သား အလောင်း ၁၄ လောင်းရရှိ
ရန်ကုန်၊ နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲတွင် ဗိုလ်ကြီး ၃ ဦးအပါအဝင် စစ်သုံ့ပန်း ၁၇ ဦး ဖမ်းဆီးရရှိပြီး စစ်သား အလောင်း ၁၄ လောင်းရရှိကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်သည်။
အောက်တိုဘာ ၂၉ ရက်နေ့တွင် ခေါပုတ်စခန်းကို သိမ်းပိုက်ရရှိခဲ့ပြီး နိုဝင်ဘာလ ၃ ရက်နေ့အထိ ခေါပုတ်စခန်းမှ စွန့်ခွန်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းခဲ့ကြောင်း၊ အဆိုပါ စခန်းစွန့်ခွာ ထွက်ပြေးသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားရာတွင် အလောင်း ၁၄ လောင်း၊ တပ်ခွဲမှူးအဆင့် ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သုံ့ပန်း ၁၇ ဦးကို လက်နက်ခဲယမ်းများနှင့်အရှင်ဖမ်းဆီးရရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲတွင် BPLAမှ ရဲဘော် ၁ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူတချိုလည်းရှိကြောင်း၊ ထိုသို့ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်မှုအပြီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ 60mm ၁၁ လက်၊ RPG-7 ၃ လက်၊ 81mm ၁ လက်၊ K-3 ၉ လက်၊ မြေမြှုပ်ဗုံးတစ်လုံး၊ တိုပီတို ၁၉ ထုပ်၊ 16-နင်းမိုင်း ၁၆ လုံး၊ 14-နင်းမိုင်း ၁၀ လုံး၊ တိုက်ဗုံး ၉ လုံး၊ ဆက်သွယ်ရေးစကားပြောစက်ကြီး ၂ လုံး၊ 60mmကျည် ၁၃ တောင့်နှင့် RPG-7ကျည်ဖူး
၅ တောင့် အသီးသီးသိမ်းဆည်းရမိကြောင်း KNU မူတြော်က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ရှုံးကောင်စီ၏ခေါပုတ်တပ်စခန်းသည် မဟာဗျူဟာအရအရေးပါသည့်စခန်းတစ်ခုဖြစ်ကာ ၁၉၉၂ ခုနှစ်တွင်လာရောက်တပ်စွဲထားပြီးသည့်အချိန်မှစ၍ ဒေသတွင်းရှိအပြစ်မဲ့ပြည်သူများအား ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပေါ်တာဆွဲခိုင်းစေခြင်းများ စဥ်ဆက်မပြတ်ပြုလုပ်နေသည့်တပ်စခန်းတစ်ခုဖြစ်ကြောင်း၊ အဆိုပါခေါပုပ်တပ်စခန်းတွင် စစ်တပ်မှ ၏လူအင်အား ၁၀၀ ကျော်ခန့်ရှိကြောင်း သိရှိရသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၃
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သ ပိတ်စစ်ကြောင်းသည် နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်အာ ဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
ကုလအတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန်က မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အကျပ်အတည်း ပြေလည်ရေး အနိုင်-အရှုံး တွက်ချက်မှုများကို ဖြတ်ကျော်အဖြေရှာရန် တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၃၀
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာ့အကျပ်အတည်း ပြေလည်စေရေး အနိုင်-အရှုံးတွက်ချက်မှုများကို (Zero-sum Mentality)ဖြတ်ကျော် အဖြေရှာရန် တိုက်တွန်းပြောဆိုသည်ဟု ရိုက်တာသတင်းတစ်ရပ်အရ သိရှိရသည်
အောက်တိုဘာလ ၂၉ ရက်နေ့ ပြုလုပ် ကုလသမဂ္ဂအစည်းအဝေးတစ်ခုတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာ့နိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop က အကြမ်းဖက် မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့မှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး မြန်မာ့အရေးတွင်ပါဝင်သူများအားလုံးအနေဖြင့် အနိုင် အရှုံး တွက်ချက်မှု (Zero-sum Mentality) များကို ဖြတ်ကျော် အဖြေရှာရန် လိုအပ်ကြောင်း တိုက်တွန်းခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုနှစ် ဧပြီလတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်လာသော ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop က ပြန်လည်သင့်မြတ်ရေးအတွက် အကြမ်းဖက်မှုများ အဆုံးသတ်ရန် လိုအပ်ကြောင်း ပြောဆိုသည်။
"နေပြည်တော်ကို သွားရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ ကျမ တွေ့ဆုံခဲ့ပါတယ်" ဟု Julie Bishop က ထုတ်ဖော်ပြောဆိုပြီး တွေ့ဆုံခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ တွေ့ဆုံခဲ့မှုမှာ မည်သည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သည်ကိုလည်း အတိအကျ မသိရပေ။
Julie Bishop က ၎င်းအနေဖြင့် NLD ပါတီ၊ NUG အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူအားလုံး တွေ့ဆုံခဲ့ကြောင်း၊ ဘက်လိုက်မှုမရှိဘဲ သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုသည်။
"ကွဲပြားပြီး အမြင်မတူတဲ့ ရှုထောင့်တွေကို နားလည်ဖို့ ကျမ ကြိုးစားနေပါတယ်။ ဒါမှပဲ ကျမရဲ့ အခန်းကဏ္ဍကနေတဆင့် သဘောတူဖြေရှင်းချက်တစ်ခုလွယ်ကူစွာ ရရှိစေဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ ကြိုးပမ်းမှုတွေကို ပိုမိုချိတ်ဆက် ကူညီ အကြံပေးနိုင်မှာဖြစ်ပါတယ်။ မြန်မာ့အရေးပါဝင်သူတွေအားလုံးအနေနဲ့ လက်ရှိ အနိုင်အရှုံးတွက်ချက်မှုကို ကျော်ဖြတ်ဖို့ လိုပါတယ်။ နိုင်ငံတဝန်း လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပွားနေမယ်ဆိုရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ကူညီဖို့ တိုးတက်မှု အနည်းငယ်ပဲရှိနိုင်ပါတယ်" ဟု ၎င်းက ပြောဆိုသည်။
Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ထုတ်လုပ်တဲ့ Ever တံဆိပ် လျှပ်စစ်မီတာတွေကို လျှပ်စစ်ဝန်ကြီး ဌာနရဲ့ မီတာတပ်ဆင်ရေးစီမံချက်မှာ ဝယ်ယူဖို့ ပယ်ချခဲ့လို့ စစ်ဗိုလ်ချုပ်တွေ အငြိုးထား၊ ထောင်နှစ်ရှည်ချ ခံခဲ့ရတဲ့ NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းပေး လိုက်တယ်လို့ NLD သတင်းရပ်ကွက်က ပြောပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက ဆိုက်ဘာရာဇဝတ်မှုတွေမှာ ပါဝင်ပတ်သက်နေပြီး အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်သူတချို့ကို စစ်အုပ်စုအကြီးအကဲက ဂုဏ်ပြုတံဆိပ်တွေတောင် ချီးမြှင့်နေတယ်လို့ ကုလသမဂ္ဂ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုလိုက်ပါတယ်။
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့က သာသနာ ၂၅၀၀ တောင်ကုန်းကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်တာကြောင့် ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးနဲ့ ဘုန်းကြီးကျောင်း ပြိုကျပျက်စီးသွား တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://www.youtube.com/watch?v=si_dSjOgw90
အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ပိတ်ဆို့၍ တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်များအတွက် ပြေးစရာမြေမရှိတော့ဟုဆို
ရန်ကုန်| အောက်တိုဘာ ၂၉
ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း သိရသည်။
အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။
ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။
"အမ်းမြို့ ထွက်ပေါက် ၄ ခုက နပခကို ဝန်းရံထားတဲ့ စစ်ကောင်စီတပ်ရင်းတွေ၊ တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ အခု လောလောဆယ်တော့ ခမရ ၃၇၃၊ ဆေးတပ်၊ စရဖရုံး သိမ်းပိုက်ထားတယ်။ ခမရ ၃၇၂၊ ထောက်ပို့ ဆက်သွယ်ရေးတပ်ကိုလည်း သိမ်းလိုက်ပြီ။ တစ်မိုင်ကုန်းတပ်ကိုလည်း သိမ်းပိုက်ပြီ။ COC, အမြောက်တပ်နဲ့ BE တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ အမ်းလေဆိပ်မှာ စစ်ကောင်စီ လေယာဉ်တွေ ဆင်းမရအောင်လည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ တပ်ရင်းတွေ သိမ်းတာက AA ထုတ်ပြန်မှ အတည်ပြုတာ ပိုကောင်းပါတယ်။ " ဟု ဒေသခံ ကိုမျိုးလွင်က ပြောသည်။
အမ်းမြို့ အရပ်လေးမျက်နှာမှ ထွက်ပေါက်ဖြစ်သော အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း-စစ်တွေလမ်း၊ အမ်း-ပဒါန်းလမ်း တို့တွင် စစ်ကောင်စီတပ်ရင်းတပ်စခန်းများနှင့် အာရက္ခတပ်တော် AA ပူးပေါင်းတော်တပ်ဖွဲ့တို့မှာ တိုက်ပွဲပြင်းထန်နေကြခြင်းဖြစ်သည်။
AA က နောက်ဆုံးသိမ်းပိုက်ခဲ့သည့် မဲတောင်ဗျူဟာကုန်းပြီးနောက် အမ်းမြို့ နပခတွင် စစ်ကောင်စီ တပ်သား ၁,၂၀၀ ကျော်ခန့်သာ ရှိတော့ပြီး ၂၀၀ ခန့်က မတိုက်ခိုက်နိုင်၍ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီမှာ အင်အား ရာနှင့်ချီ ဟိုက်စကီးဖြင့် ပို့ဆောင်လျှက်ရှိကြောင်း သိရသည်။
သို့သော်လည်း အမ်းက စစ်ကောင်စီတပ်များမှာ ရေလမ်း၊ ကုန်းလမ်းအားလုံးကို AA ပူးပေါင်းတပ်ဖွဲ့က ဝိုင်းရံပိတ်ဆို့ထားပြီဖြစ်၍ လေကြောင်းတစ်ခုသာ ထွက်ပေါက်ရှိကြောင်းနှင့် ပြေးစရာမြေမရှိဟု ကိုမျိုးလွင်က ဆက်ပြောသည်။
" AA ဟာ အမ်းမြို့ရဲ့ ထွက်ပေါက် အရပ်လေးမျက်နှာစလုံးကို ပိတ်ဆို့ထားပြီ။ အမ်းလေဆိပ်ကိုလည်း လက်နက်ကြီးတွေနဲ့ တောက်လျှေက်ပစ်ခတ်နေတယ်။ မကြာခင်သိမ်းလိုက်တဲ့ မဲတောင်ဗျူဟာကုန်းဆိုရင် အမ်းရဲ့ ဘယ်နေရာကိုမဆို လက်နက်ကြီးနဲ့ AA က ပစ်လို့ရသွားပြီ။ စစ်ကောင်စီတပ်သားတွေက ဂျောင်ပိတ်မိသွားပါပြီ။ AA ရဲ့ ထိုးစစ်ကိုလည်း ခံနိုင်မှာ မဟုတ်ဘူး။ ပြေးစရာ မြေမရှိတော့ဘူး။ လေကြောင်းက ထွက်ပြေးမယ်ဆိုရင်လည်း အမ်းလေဆိပ်က တိုက်ခိုက်ခံနေရတော့ မလွယ်ကူနိုင်တော့ဘူး။ ဒါကြောင့် အလံဖြူထောင်မလား၊ အသေခံမလားဆိုတာ ရွေးချယ်ရတော့မယ်။ " ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ခမရ ၃၇၁ တပ်ရင်းက အမ်းမြို့ထဲတွင် ရှိနေ၍ ၁,၀၀၀ ကျော်ပိတ်မိနေသော အရပ်သား ဒေသခံပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူသားဒိုင်းကာပြုလုပ်နိုင်ကြောင်း ဒေသခံများက စိုးရိမ်နေကြသည်။
အရပ်လေးမျက်နှာက နေရာအနှံ့ကို AA နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ယခုလအတွင်း သိမ်းပိုက်နိုင်လိမ့်မည်ဟု စစ်ရေးသုံးသပ်သူများက ခန့်မှန်းပြောဆိုနေကြသည်။
(Western News သည် ရန်ုကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
ပေါက်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ၊ စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁၇ ဦးကို ဖမ်းဆီးသွား
ရန်ကုန်၊ အောက်တိုဘာ ၂၉
မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ပေါက်မြို့ နယ် ရန်ကင်းကျေးရွာ မြောက်ဘက်ရှိ ဒီးဒုတ်ကွင်း စစ်ဘေးရှောင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် ဒီးဒုတ်ကွင်း ပြည်သူ့စစ်များ ပါဝင်သော ပူးပေါင်း စစ်ကြောင်းက ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ဝင်ရောက်စီးနင်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက စစ်ရှောင်နေအိမ် ၇ လုံးနှင့် ဆေးခန်း ၁ ခုကို မီးရှို့ ဖျက်ဆီးခဲ့ပြီး သံဃာတော် တစ်ပါးကို လူဝတ်လဲ၍ စစ်ရှောင် ပြည်သူ ၁၇ ဦးနှင့် အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူပိုင်ကားများဖြင့် ပြည်သူပိုင် ပစ္စည်းများကို အတင်းဓမ္မလုယူ တင်ဆောင်လာသွားကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ရှောင်ပြည်သူ ဦးဌေးအောင်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး စစ်ရှောင်ပြည်သူ ဦးသန်းစိန် ကိုလည်း နေအိမ်ထဲ ပိတ်လှောင်၍ မီးရှို့ သတ်ဖြတ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာရပြီး ၁ ဦးမှာ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများမှာ ဦးမိုး ၊ ဒေါ်သီတာထွေး ၊ ဦးမိုးညို ၊ ကိုမိုးဒီ ၊ ကိုငချမ်း ၊ ကိုဖိုးချော ၊ ဦးလှညို ၊ ကိုငဦး ၊ မဇင်မာဦး ၊ ဦးသန်းမြိုင် ၊ ဦးစိုးဝင်း ၊ ဦးမောင်အေး ၊ ဦးတင်မောင်ဆွေ ၊ ကိုရဲလင်းနိုင်နှင့် အမည်မသိ ပြည်သူ ၃ ဦး တို့ဖြစ်ပြီး ပြည်သူပိုင်ကား ၁ စီးနှင့် သံဃာတော်ကား ၁ စီး ကိုလည်း ပြည်သူပိုင် ပစ္စည်းများနှင့် အတူ ယူဆောင်သွားကြောင်း သိရှိရသည်။
ယင်း စစ်ကြောင်းကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ -ပေါက်_ပကဖ ၊ ပခုက္ကူခရိုင် တပ်ရင်း ၅ ၊၁၂၊ ၁၈ ပူးပေါင်း အဖွဲ့က ကြားဖြတ် ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်တပ်က Mi-35 စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများထံမှ MA-3 သေနတ် ၁ လက် ၊ G-3 သေနတ် ၁ လက် ၊ AK သေနတ် ၁ လက် ၊ ကာဘိုင် သေနတ် ၁ လက်နှင့် ဆက်စပ်ပစ္စည်း အချို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် ပေါက်မြို့နယ် ပကဖ ရဲဘော် ၁ ဦး နှင့် ပခုက္ကူခရိုင်တပ်ရင်း ၁၂ မှ ရဲဘော် ၁ ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရသည်။
မင်းကွန်းရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၁၅
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း Eagle Rovolution Force local တပ်ပေါင်းစု တာဝန်ခံ ဗိုလ်တေဇာက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။
ယနေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မြသိန်းတန်စေတီ အနီးထိ တော်လှန်ရေးတပ်ဖွဲ့များ ချင်းကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သား ၅ ဦး မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ ဦးခန့်ရှိကြောင်း သိရှိရသည်။
"မင်းကွန်းမြသိန်းတန်စေတီ မုဒ်ဝထိ ချင်းကပ်ပြီး တိုက်ခိုက်ခဲ့တာပါ။ မီတာ ၅၀ လောက်ပဲကွားတယ် အနီးကပ် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်။ မိနစ် ၃၀ လောက်တော့ကြာတယ်။ အပြန်အလှန်ပစ်ခတ်မှု မျက်မြင် စစ်ခွေး ၅ ကောင် သေတယ်။ ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတယ်" ဟု Eagle Rovolution Force local တပ်ပေါင်းစု တာဝန်ခံ ဗိုလ်တေဇာက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Eagle Revolution Force (E.R.F) ၊ ကင်း ပကဖ ၊ တောသာကြီး စဥ့်ကိုင် ပကဖ နှင့် Acid အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၉
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရသည်။
ကုလသမဂ္ဂအနေဖြင့် လုပ်ဆောင်ချက်နှင့် ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မြန်မာ ပြည်သူများ၏ အသက်များ ဆုံးရှုံးနေခြင်း၊ မိသားစုများ ကွဲကွာနေရခြင်း စသည့် အလွန် ကြေကွဲဖွယ်ရာ ကောင်းသော ပကတိအခြေအနေများကို တာဝန်ယူမှုရှိစွာဖြင့် အလေးထား ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း၊
နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် အထွေထွေညီလာခံနှင့် လုံခြုံရေးကောင်စီတို့ အနေဖြင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကိုသာမက မြန်မာပြည်သူများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ကာကွယ်စောင့်ရှောက်ရာတွင် ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ စစ်ကောင်စီထံသို့ လက်နက်၊ ခဲယမ်းနှင့် လေယာဉ်ဆီ၊ ငွေကြေး စသည့် ထောက်ပံ့မှုများအား ဖြတ်တောက်ခြင်းအားဖြင့် ပြည်သူများ ကို ကာကွယ် စောင့်ရှောက်မှုများကို ပေးအပ်နိုင်ကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။
ယင်းမာပင်မြို့နယ်တွင် "Airbus:Stop investing in War crimes" ခေါင်းစဥ်နှင့် သပိတ်ချီတက်
ရန်ကုန်၊နိုဝင်ဘာ ၉
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်အင်အားစုက "Airbus:Stop investing in War crimes" ခေါင်းစဥ်နှင့် ယနေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် သပိတ်ချီတက်ခဲ့ကြကြောင်း သိရှိရသည်။
ပြည်သူများအပေါ် အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြအထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်များမှ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေးရည်ရွယ်၍ လူထုလှုပ်ရှားမှု သပိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တောင်ကိုရီးယားတွင် NUG ကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီသံရုံးက ပတ်စ်ပို့ ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ခြိမ်းခြောက်
🟥စစ်ကောင်စီသံရုံး၏ ခြိမ်းခြောက်မှု အလုပ်မဖြစ်ဘဲ NUG ထံတွင် သက် တမ်းတိုးသူများ အလွန်များပြား
ရန်ကုန်၊ နိုဝင်ဘာ ၉
တောင်ကိုရီးယားတွင် သက်တမ်းကုန်ဆုံးနေသော မြန်မာ နိုင်ငံကူးလက်မှတ်များကို အမျိုးသားညီ ညွတ် ရေးအစိုးရ-NUG ကိုယ်စားလှယ်ရုံးက သက်တမ်းတိုးပေးနေချိန် စစ်ကောင်စီ၏မြန်မာသံရုံးက နိုင်ငံကူးလက်မှတ် ဖျက်သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းခံမည်ဟု ယနေ့ ထပ်မံ ခြိမ်း ခြောက် ကြေညာသည်။
တောင်ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်ကိုင်ဆောင် အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် မိခင်နိုင်ငံနှင့် အိမ်ရှင်နိုင်ငံ၏ ဥပဒေအရ အရေး ယူခံရနိုင်ကြောင်း၊ စစ်ကောင်စီသံရုံးအနေဖြင့်လည်း စိစစ်တွေ့ရှိရပါက နိုင်ငံကူးလက်မှတ် ဖျက် သိမ်းခြင်းနှင့် အမည်မည်းစာရင်းသွင်းမည်ဟု ယနေ့ ထပ်မံခြိမ်းခြောက်ကြောင်း၊ အောက် တိုဘာလ ၁၅ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် အလားတူ ခြိမ်းခြောက်ခဲ့သော်လည်း အလုပ်မဖြစ်ဘဲ NUG ကိုယ်စားလှယ်ရုံးထံတွင် တောင်ကိုရီးယားရောက် မြန်မာများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးမှုများ ဆက် လက်များပြားနေဆဲဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီသံရုံး၏ ခြိမ်းခြောက်မှုများရှိနေလင့်ကစား NUG ကိုယ်စားလှယ်ရုံး၏ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံသား အရေအတွက်ထောင်ဂဏန်းကျော်၏ နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးရရှိသွားပြီဖြစ်ကြောင်း သွား ရောက် သက်တမ်းတိုးခဲ့သူများက ပြောဆိုသည်။
"ကျနော်တို့ တောင်ကိုရီးယား လ၀ကမှာ သွားသက်တမ်းတိုးတာရပါတယ်။ တောင်ကိုရီးယားက တရားဝင်ခွင့်ပြုတယ်။ ဒီမှာတော့ စခတွေက အရာမဝင်တော့ဘူး။ ဒီမှာက မြန်မာအရေးလုပ်တဲ့ တောင်ကိုရီးယားနိုင်ငံသားတွေတောင် အားနေရင် စစ်ကောင်စီ မြန်မာသံရုံးရှေ့ ဆန္ဒသွားပြနေတာ။ စခ သံအမတ်ဆိုရင် တောင်ကိုရီးယားအစိုးရက ဘာ အခမ်းအနားမှတောင် မဖိတ်တော့ဘူး။ သိရသလောက်တော့ NUG ရုံးမှာ သက်တမ်းတိုးသူလည်း အခုအချိန်အထိ များနေတုန်းတယ်" ဟု တောင်ကိုရီးယားရောက် မြန်မာတစ်ဦးက ရှင်းပြသည်။
တောင်ကိုရီးယားရောက် မြန်မာအရေးလှုပ်ရှားသူတချို့၏ အဆိုအရ NUG ကိုယ်စားလှယ်ရုံး၏ ဆောင်ရွက်မှုဖြင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့်ရရှိသူ အရေအတွက်မှာ လူဦးရေထောင်ကျော်ရှိနေကာ ဆက်လက်မြင့်တက်လာဦးမည်ဟု ဆိုကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ- NUG တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေသော မြန်မာနိုင်ငံသားများကို မည်သည့်အခွန်နှင့်ငွေကြေးမှ ပေးဆောင်ရန်မလိုဘဲ သက်တမ်းအသစ် ၂ နှစ်တိုးပေးနေကြောင်း၊ တောင်ကိုရီးယားအစိုးရကလည်း NUG ကိုယ် စားလှယ်ရုံး ကို အသိအမှတ်ပြုကာ သက်တမ်းတိုးပေးမှုကိုလည်း တရားဝင် လက်ခံထားကြောင်း တောင်ကိုရီးယားရောက် မြန်မာများက ပြောဆိုကြသည်။
ဓာတ်ပုံ- တောင်ကိုရီးယားရှိ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကိုယ် စားလှယ်ရုံးခန်းဖွင့်ပွဲ။ (ပုံအဟောင်းဖြစ်ပါသည်။)
လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊နိုဝင်ဘာ ၉
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး နိုဝင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီကောက်ယူနေသည့် သန်းခေါင်စာရင်းကို ငြင်းဆန်ကြရန်နှင့် စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြရန် လှုံ့ဆော်သည့် အနေနှင့် 'စစ်ကောင်စီ သန်းခေါင်စာရင်းကို ငြင်းဆန်ကြ၊ အတုအယောင်ရွေးကောက်ပွဲကို သပိတ်မှောက်ကြ'ဆိုသည့် ခေါင်းစဥ်နှင့် လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ရေအားလျှပ်စစ်စက်ရုံများ ပြန်လည်ပြုပြင်ရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း မူလကုမ္ပဏီများ ခေါ်မရ ဖြစ်နေ၍ ပြင်ဆင်ရန် မလွယ်ကူသေးဘဲ ဓာတ်အားရရှိမှု ပိုမို လျှော့ကျလာနေ၊ လျှပ်စစ် မီးပြတ်တောက်မှုများ ပိုမိုဆိုးရွားလာရန်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၄
မြန်မာနိုင်ငံတစ်ဝန်းတွင် သဘာ၀ဘေးအန္တရာယ်ကြောင့် ပြုပြင်ရန် လိုအပ်နေသော ရေအားလျှပ်စစ်စက်ရုံများ ပြန်လည် ပြင်ဆင်ရန် ရေအားလျှပ်စစ်စက်ရုံများကို တည်ဆောက်ပေးခဲ့သော မူလကုမ္ပဏီများကို စစ်ကောင်စီက ပြန်လည် ဆက်သွယ်နေသော်လည်း ခေါ်မရဖြစ်နေကာ ပြန်လည်ပြင်ဆင်ရန် မလွယ်ကူသေးသည့် အခြေအနေဖြစ်ပေါ်နေကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ဆိုသည်။
လောပိတဘီးလူးချောင်းရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ရဲရွာ ရေအားလျှပ်စစ်စက်ရုံ အပါအဝင် ရေကြီးမှုများကြောင့် ပျက်စီးသွားသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ အကြီးစား ပြင်ဆင်ရန် လိုအပ်နေသော ရေအားလျှပ်စစ်ထုတ်စက်ရုံ ၉ ရုံခန့်ကို ပြင်ဆင်ရန်အတွက် စစ်ကောင်စီက မူလ စက်ရုံများ တည်ဆောက်ပေးခဲ့သော ဂျပန်ကုမ္ပဏီ၊ တရုတ်ကုမ္ပဏီများကို ပြန်လည် ဆက်သွယ်လျက်ရှိကြောင်း၊ သို့ရာတွင် မူလကုမ္ပဏီများက လက်ရှိ မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး မတည်မငြိမ်မှုများကြောင့် လာရောက် ပြင်ဆင်ရန်ကိစ္စများတွင် အလွန်နှောင့်နှေးကြန့်ကြာမှုများရှိနေ ကြောင်း သိရှိရသည်။
"ဒီစက်ရုံတွေကို တည်ဆောက်ပေးခဲ့တဲ့ မူလကုမ္ပဏီတွေရှိတယ်။ ဂျပန်၊ တရုတ် စသည်ဖြင့်ပေါ့။ အဲဒီကုမ္ပဏီတွေကို ဒီစက်တွေကို ပြန်လာပြင်ပေးဖို့ ဆက်သွယ်တဲ့အခါမှာ လုံခြုံရေးနဲ့ အသက်အန္တရာယ် အာမခံဖို့၊ နောက်တစ်ခါ လိုအပ်တဲ့ စက်ပစ္စည်းတွေ လဲလှယ်ရမယ့် စက်ပစ္စည်းအစိတ် အပိုင်းတွေကို မူလကုမ္ပဏီတွေဆီက ပြန်ဝယ်ဖို့ အဲဒီကိစ္စတွေ ညှိနှိုင်းနေရတယ်။ ဥပမာ- လောပိတစက်ရုံဆိုရင် ကရင်နီဘက်မှာ မငြိမ်းချမ်းတော့ ပြင်မယ့် ကုမ္ပဏီတွေက မလာရဲကြဘူး။ လက်ရှိ အခြေအနေအရတော့ ဒီစက်ရုံတွေ ပြင်ဆင်ဖို့ လနဲ့ချီပြီး ကြာသွားမယ့် အခြေအနေမျိုးမြင်နေရတယ်။ အကြီးစား ပြင်ဆင်ရမယ့် စက်ရုံတွေ အများစုဖြစ်နေတယ်" ဟု လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်က ရှင်းပြသည်။
လတ်တလော လျှပ်စစ်ရရှိမှု အခြေအနေမှာ တစ်နေ့ တစ်ခြား ပိုမိုဆိုးဝါးလာနေပြီး မူလက တစ်ရက်လျှင် မဂ္ဂါဝပ် ၂၅၀၀ ဝန်းကျင်ရရှိရာမှ ယခုအခါ မဂ္ဂါဝပ် ၂၃၀၀ ဝန်းကျင်သာ ရရှိတော့ကြောင်း၊တစ်နိုင်ငံလုံး တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၅၄၄၃ မဂ္ဂါဝပ်ရှိပြီး လက်ရှိ ထုတ်လုပ်နိုင်စွမ်းမှာ တစ်ရက်လျှင် မဂ္ဂါဝပ် ၂၃၀၀ ဝန်းကျင်သာ ထုတ်လုပ်နိုင်သဖြင့် လိုအပ်ချက်၏ ၄၂ ရာခိုင်နှုန်းကိုသာ ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။
ထို့ကြောင့် ယခုနိုဝင်ဘာလမှစတင်၍ လာမည့် နွေရာသီအချိန်အထိ လျှပ်စစ်မီးများ ဆိုးဆိုးဝါးဝါး ပြတ်တောက်မည့် အခြေအနေရှိနေကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဓာတ်ပုံ- စစ်အာဏာသိမ်းပြီးနောက် မီးပြတ်နေသည့် ရန်ကုန်မြို့တော်။
ဖီမော်မြို့ကို KIA က သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာ ဖျင့်မာနယ်စပ်ဂိတ်ကို တရုတ်က တစ်ဖက်သတ် ပိတ်ပစ်ပြန်
ရန်ကုန်၊ နိုဝင်ဘာ ၄
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်းရှိ ဖီမော်မြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီးနောက် တရုတ်-မြန်မာနယ်စပ်ရှိ ဖျင့်မာနယ်စပ်ဂိတ်ကို တရုတ်ဘက်က တစ်ဖက်သတ် ပိတ်ပစ်လိုက်ကြောင်း တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂ ရက်နေ့တွင် KIA နှင့်ပူးပေါင်းတပ်များက ဖီမော်မြို့ကို သိမ်းပိုက်ပြီး စစ်ကောင်စီ၏ အလံကို ဖြုတ်ချလိုက်ကြောင်း၊ နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီမှစတင်၍ တရုတ်က တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြစ်သော ဖျင့်မာနယ်စပ်ဂိတ်ကို တစ်ဖက်သတ်ပိတ်ပင်လိုက်ကြောင်း၊ ပိတ်ပင်သည့် အကြောင်းအရာနှင့်ပတ်သက်၍ ထုတ်ပြန်ရာတွင် နယ်စပ်ဂိတ်တွင် စစ်ဆေးရေးစနစ် အဆင့်မြှင့်တင်ခြင်းနှင့် အခြေခံအဆောက်အအုံစနစ်များ အဆင့်မြှင့်တင်ရန်အတွက်ဟုဆိုကာ ခရီးသည်နှင့်ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို နိုဝင်ဘာလ ၃ ရက်နေ့ ည ၁၂ နာရီမှစတင်၍ ပိတ်ပင်လိုက်ကြောင်း တရုတ်ဘက်က ထုတ်ပြန်ကြေညာသည်။
" ဖီမော် နဲ့ ကပ်လျက် တရုတ်ဘက်က နယ်စပ် အဝင်အထွက်ဂိတ် ဖြစ်တဲ့ ဖျင့်မာ ဂိတ် ကို မနေ့ည ၁၂ နာရီကစပြီး ပိတ်ပင်တယ်လို့ တရုတ်ဘက်က စာထုတ်တယ်။ စာမှာ အကြောင်းပြတာက အခြေခံအဆောက်အဦ စနစ် အဆင်မြှင့်တင်ဖို့နဲ့ စစ်ဆေးရေးစနစ်တွေ အဆင့်မြှင့်တင်ဖို့ အကြောင်းပြတယ်။ ဘယ်တော့ ပြန်ဖွင့်မှာလဲဆိုတာ မဖော်ပြထားလို့ အချိန်အကန့်အသတ်မရှိ ပိတ်တဲ့သဘောပဲ" ဟု တရုတ်-မြန်မာနယ်စပ်သတင်းရင်းမြစ်က ရှင်းပြသည်။
ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်း၏ ကချင်အထူးဒေသ ၁ က အုပ်စိုးထားသော တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သော ဖီမော်မြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် သိမ်းပိုက်လိုက်ပြီးနောက် တရုတ်ဘက်က ယင်းသို့ ပိတ်ပင်မှုများ လုပ်လာခြင်းဖြစ်ပြီး အခြားသော KIA နယ်မြေများမှ နယ်စပ်ဂိတ်များကိုလည်း တရုတ်က ပိတ်ပင်ထားသည်။
အောက်တိုဘာလ ၁၈ ရက်နေ့ ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ညတွင်းချင်းပင် တရုတ်က KIA ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ပင်မှုများ လုပ်ဆောင်ခဲ့သည်။
အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန် ကချင်ပြည်နယ်၊ KIA ထိန်း ချုပ်နယ်မြေ မိုင်ဂျာယန်၊ လိုင်ဇာနယ်မြေများနှင့် ထိစပ်လျက်ရှိသော နဘန်-လိုင်ဇာ ဂိတ်၊၊ ဆီမား-လိုင်စင် ဂိတ်၊ ခရှန် ဂိတ်များကို တရုတ်ဘက်က ပိတ်ပစ်ခဲ့ပြီး အကြောင်းပြချက်အနေဖြင့် ဂိတ်တချို့ကို ပြန်လည် အဆင့်မြှင့်တင် ပြင် ဆင်ခြင်းလုပ်ငန်းနှင့် စနစ်များ အဆင့်မြှင့်ရန်အတွက် နယ်စပ်ဂိတ်များ ပိတ်သိမ်းထားသည်ဆိုသော စာများ တရုတ်က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် KIA က အောက်တိုဘာလ ၃၁ ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်အချိန် အမှတ် ၁၀၀၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့ တွင် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်းကိုလည်း ကောင်း ၊ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း၏ NDAK လက်အောက်ခံ BGF နယ်ခြားစောင့် တပ်ရင်းဌာနချုပ်တပ်စခန်းများအားလုံးကို KIA က ထိန်းချုပ် သိမ်းပိုက်ထားပြီဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် KIA က ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင်လည်း ကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ ၃၀ ရက်နေ့တွင်လည်း ကောင်း ၊ အောက် တိုဘာလ ၁၈ ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်မြို့ ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ ၁ ရက်နေ့တွင် လည်းကောင်း သိမ်းပိုက်ခဲ့ကြောင်း၊ ထို့ကြောင့် ကချင်အထူးဒေသ ၁ တွင် တရရုတ်-မြန်မာ နယ်စပ်မြို့ဖြစ်သော ကန်ပိုက်တီးမြို့ကိုတစ်ခုတည်းကိုသာ သိမ်းပိုက်ရန် ကျန်ရှိတော့ကြောင်း သိရှိရသည်။
လှိုင်သာယာတွင် မိထ္တီလာရှမ်းတဲလေတပ်မှ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင် ကံ့ ကော် မြိုင် ဂတ်စ်မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်မှု ဆယ်အိမ်မှူး ၁ ဦးသေဆုံးပြီး ရာအိမ်မှူးနှင့် စစ်အရာရှိ၏ ညီဖြစ်သူတို့ ဒဏ်ရာရ၊ ကား ၂ စီး မီးလောင် ပျက်စီး
🟥 စစ်ကောင်စီ လေတပ်က ပြည်သူများကို တိုက်ခိုက်မှု မရပ်လျှင် လေတပ်ဖွဲ့ဝင်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဟု သတိပေး
ရန်ကုန်၊ နိုဝင်ဘာ ၄
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် မိထ္တီလာရှမ်းတဲလေတပ်မှ ဗိုလ်မှူး မျိုးလွင် မိသားစုပိုင် ကံ့ကော်မြိုင် ဂတ်စ်မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဆယ်အိမ်မှူး ၁ ဦးသေဆုံးပြီး ရာအိမ်မှူးနှင့် စစ်အရာရှိ၏ ညီဖြစ်သူတို့ ဒဏ်ရာရရှိကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၆ နာရီအချိန် လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အပြင်ပဒံကျေးရွာ၊ အနော်ရထာလမ်းပေါ် ရှိ မိတ္တီလာရှမ်းတဲလေတပ်မှ ဗိုလ်မှူးမျိုးလွင် မိသားစုပိုင် ကံကော်မြိုင် ဂတ်စ်မီးဖိုဆိုင်ကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ဆယ်အိမ်မှူး ၁ ဦးသေဆုံးပြီး ရာအိမ်မှူးနှင့် စစ်အရာရှိ၏ ညီဖြစ်သူတို့ ပြင်းထန်စွာ ဒဏ်ရာရရှိကြောင်း၊ ကား ၂ စီးလည်း မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။
"ကား ၂ စီးကလည်း အဲဒီဂတ်စ်မီးဖိုဆိုင်က ကားတွေပဲ။ လူသေတယ်လို့လည်းကြားပါတယ်။ ပေါက်ကွဲမှုဖြစ်ပြီး မီးလောင်တာလည်း မှန်တယ်။ မနေ့ မနက် ပေါက်ကွဲမှုဖြစ်ပြီးတော့ မီးလောင်တော့ မီးသတ်က လာငြိမ်းတယ်။ ပြီးတော့ တပ်နဲ့ရဲတွေ ရောက်လာပြီး ဆိုင်ပတ်ဝန်းကျင်မှာ ရှာကြတယ်။ လမ်းလည်း ပိတ်သွားသေးတယ်" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ဖက်ဆစ်လက်ပါးစေ လေတပ်က ပြည်သူများအပေါ် လူမဆန်စွာ ရက်စက်သတ်ဖြတ်နေမှုများအပေါ် ပြင်းထန်စွာ တုံ့ပြန်မည့် စဦး တိုက်ပွဲ ဖော်ဆောင်မှု ဖြစ်ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို အရပ်သားပြည်သူများ ထိခိုက်မည်ကို ငဲ့ကွက်၍ ကာလကြာရှည်ဆိုင်းငံ့ထားခဲ့ပြီး စစ်ကောင်စီ လေတပ်က ဆက်တိုက် ကျူးလွန်နေသော လူမဆန်သော လုပ်ရပ်များကြောင့် နောက်ဆုံးအနေဖြင့် ချိန်ဆ သတိပေး တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ တိုက်ခိုက်လိုက်သော ကံ့ကော်မြိုင် ဂတ်စ်မီးဖိုဆိုင်သည် လေတပ်မှ ဗိုလ်မှူးမျိုးလွင် မိသားစုပိုင်ဆိုင်သော စီးပွားရေးဖြစ်ပြီး အဆိုပါ စီးပွားရေးလုပ်ငန်းများ ချက်ချင်းပိတ်သိမ်းရမည်ဖြစ် ကြောင်း၊ ယခုတိုက်ခိုက်မှုသည် ထိခိုက်မှု အနည်းဆုံး ပစ်မှတ်ကို ရွေးချယ်တိုက်ခိုက်ခြင်းဖြစ်ပြီး ထပ်မံတိုက်ခိုက်မှုများ ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ ဖက်ဆစ်လက်ပါးစေ လေတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများအပေါ် အကြမ်းဖက် ဗုံးကျဲနေမှုများကို ရပ်တန်းကရပ်ရန် ပြင်းပြင်းထန်ထန် သတိပေးကြောင်း၊ သတိပေးချက်ကို မလိုက်နာပါက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခြင်း သာ ဖြစ်သည်ဟု ထပ်ဆင့် သတိပေးလိုကြောင်း ရန်ကုန်မြို့ပြပြောက်ကျား Mission R တာဝန်ရှိသူက ရှင်းပြသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံး
ရန်ကုန်၊ နိုဝင်ဘာ ၃
မြန်မာနိုင်ငံတစ်ဝန်း နိုဝင်ဘာလ ၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
ယင်းမာပင်မြို့နယ်တွင် စစ်ကျွန်ဇာတ်သွင်းသည့် သန်းခေါင်စာရင်းကို အလိုမရှိ ချီတက်ဆန္ဒပြ
ရန်ကုန်၊ နိုဝင်ဘာ ၃
ယင်းမာပင်မြို့နယ်တွင် လူငယ့်အားမာန်သပိတ်စစ်ကြောင်းနှင့် ယင်းမာပင်အနောက်ခြမ်းရှိ တော်လှန်ပြည်သူများပူးပေါင်းကာ "ငြိမ်နေရင်ပင့်ကူအိမ်တောင်ငြိတယ် ရုန်းထွက်ရင်သံမဏိတောင်ပြတ်တယ်" ဘန်နာကို ကိုင်ဆောင်ကာ စစ်ကျွန်ဇာတ်သွင်းသည့် သန်းခေါင်စာရင်းကို အလိုမရှိကြောင်း လူထုသပိတ်တိုက်ပွဲကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ အကြိမ်ရေပိုတိုးလာပြီး ပို ရက်စက်ကြမ်းကြုတ်လာဟု IIMM အကြီးအကဲ သတိပေး
ရန်ကုန်၊ အောက်တိုဘာ ၃၀
မြန်မာနိုင်ငံတွင် စစ်တပ်က ကျူးလွန်သည့် စစ်ရာဇ၀တ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ အကြိမ်ရေပိုတိုးလ ာပြီး ပိုမို ရက်စက်ကြမ်းကြုတ်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အကြီးအကဲ Mr. Nicholas Koumjianက ပြောဆိုသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
"မနှစ်က ဒီကော်မတီမှာ ကျွန်တော်လာရောက်တင်ပြပြီးတဲ့နောက် မြန်မာနိုင်ငံမှာ စစ်ရာဇ၀တ်မှုတွေနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇ၀တ်မှုတွေ အကြိမ်ရေပိုတိုးလာပြီး၊ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတဲ့အကြောင်းကို စိတ်မကောင်းစွာနဲ့ပဲ ထပ်ပြီးတင်ပြရမှာပါ။ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေပိုမိုပြင်းထန်လာပြီး အရပ်သားများ ရာနှင့်ချီသေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုအထောက်အထားတွေကို ယန္တရားက စုဆောင်းခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေထဲ မန္တလေးတိုင်းနဲ့ ကယားပြည်နယ်က ဒုက္ခသည်စခန်းတစ်ခုစီ၊ ရှမ်းပြည်နယ်မြောက်ပိုင်းက ဈေးတွေ၊ စာသင်ကျောင်းတွေနဲ့ ဘုရားကျောင်းတစ်ကျောင်း၊ စစ်ကိုင်းမြို့က မင်္ဂလာဧည့်ခံပွဲတစ်ပွဲနဲ့ ရခိုင်ပြည်နယ်က ကျေးရွာအချို့ ပါဝင်ပါတယ်" ဟု Mr. Nicholas Koumjian က ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်က ဆန့်ကျင်သူဟု ထင်မြင်သူမှန်သမျှကို မကြာခဏ ဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများ များပြားလာကြောင်း၊ အသက်အရွက်ပေါင်းစုံ၊ Gender ပေါင်းစုံမှ လူပုဂ္ဂိုလ်များကို အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု၊ အခြားလိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ ညှဉ်ပန်းနှိပ်စက်မှုများ စစ်တပ်က ကျူးလွန်ခဲ့ကြောင်း၊ မြန်မာစစ်တပ်သာမက တခြားလက်နက်ကိုင်အဖွဲ့များစွာကပါ ကျူးလွန်သည့် အလွန်ရက်စက်ကြမ်းကြုတ်သည့် စစ်ရာဇ၀တ်မှုဆိုင်ရာအထောက်အထားများကိုလည်း ယန္တရားကစုဆောင်းနေကြောင်း၊ ကျူးလွန်မှုတိုင်းအတွက် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းကဖြစ်စေ၊ မည်သည့်ဘာသာဝင်ဖြစ်စေ သို့မဟုတ် မည်သည့်လူမျိုးစုဝင်ကဖြစ်စေ ကျူးလွန်ပါက တာဝန်အရှိဆုံးသူများကို မခွဲခြားဘဲ ဖော်ထုတ်ရန် ယန္တရားကလုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
IIMM အနေဖြင့် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် အထူးပြုသည့် စုံစမ်းစစ်ဆေးမှုအသစ်များ စတင်ရန် လု်ပဆောင်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်တို့အကြားမှ တိုက်ပွဲများကြောင့် အရပ်သားလူမျိုးစုပေါင်းစုံ ထိခိုက်မှုဒဏ်ခံနေရကြောင်း၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ အပါအဝင် ကြောက်မက်ဖွယ်ရာဇ၀တ်မှုများ အကြောင်း သတင်းပေးပို့ချက်များကို IIMM က လက်ခံရရှိခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
အထူးသဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများမှာ ထိခိုက်မှုဒဏ်ကို ပိုခံနေရကြောင်း၊ ရိုဟင်ဂျာများ သောင်းနှင့်ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ ရခိုင်ပြည်နယ်နှင့် နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် အခြေအနေများက ကျူးလွန်သူများ၏ ဆယ်စုနှစ်ပေါင်းများစွာပြစ်ဒဏ်ကင်းလွတ်နေခြင်း
၏ အကျိုးဆက်ဖြစ်ကြောင်း၊ ရာဇ၀တ်မှုကျူးလွန်သူများကို တရားစွဲအရေးယူမှု မလုပ်နိုင်လျှင် ရက်စက်ကြမ်းကြုတ်မှုသံသရာ မပြတ်နိုင်ဘဲ ဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း ၎င်းက တသိပေးသည်။
IIMM က နိုင်ငံတကာရာဇ၀တ်ခုံရုံး၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးနှင့် နိုင်ငံတကာတရားရုံးက တရားရေးအာဏာပိုင်ထံသို့ အချက်အလက်နှင့် စိစစ်သုံးသပ်ချက်မျှဝေမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း၊ ဖမ်းဆီးခြင်း သို့မဟုတ် တရားစွဲဆိုခြင်း လုပ်ဆောင်ရန် IIMM တွင် အခွင့်အာဏာမသော်လည်း ထိုကဲ့သိုပ လုပ်ဆောင်နိုင်သော တရားရေးအာဏာပိုင်များကို ကူညီရန် IIMM က လုပ်ပိုင်ခွင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။
မြန်မာနိုင်ငံပြည်သူများက တရားမျှတမှုတစုံတရာရရှိရန် ဆန္ဒပြင်းပြနေကြကြောင်း၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုနှင့် လူမျိုးပြုန်းစေမှုများအတွက်တာဝန်ရှိသူတွေကို တရားစွဲအရေးယူရန် အောင်မြင်မှုတစုံတရာရရှိပါက မြန်မာနိုင်ငံထက်ကျော်လွန်သည့် သက်ရောက်မှု ရှိနိုင်ကြောင်း၊ အကြီးလေးဆုံး နိုင်ငံတကာရာဇ၀တ်မှုကျူးလွန်သူများကို ၎င်းတို့၏ ရာထူးအာဏာကမည်မျှပင် ကြီးမားနေပါစေ တရားမျှတမှုဖော်ဆောင်နိုင်သည်ဆိုသော ခိုင်မာအား ကောင်းသည့် တင်းစကားကို ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသွားသည်။
ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီး
ရန်ကုန်၊ အောက်တိုဘာ ၃၀
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် စစ်တပ်က ဘုတလင်မြို့နယ်၊ အင်းတဲကျေးရွာသို့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ကျေး ရွာအတွင်းသို့ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ်များကို မီးရှို့လျက်ရှိကြောင်း သိရှိရသည်။
"အင်းတဲရွာကနေ ကျမတို့ရွာဘက်ကို စစ်ကြာင်းထိုးလာတယ်။ ရွာထဲမဝင်ခင်မှာ လက်နက်ကြီး ၊ လက်နက်ငယ်တွေ ပစ်ဝင်လာတယ်။ ရွာကလူတွေကတော့ ဘုတလင်မြို့က နေ စထွက်လာကတည်းက အကုန် ကြိုရှောင်နေလို့ အထိအခိုက်မရှိခဲ့ဘူး။ တိုက်ပွဲဖြစ်လို့ မီးရှို့တာမဟုတ်ဘူး။ အကြောင်းမဲ့ကို မီးရှို့နေတာ။ ရွာမီးရှို့နေတာကို အပြင် အဝေးကနေပဲ ကြည့် နေရတာ။ အခုထိ ရွာထဲက မထွက် သေးဘူး" ဟု အင်းတဲကျေးရွာမှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
လက်ရှိ အင်းတဲကျေးရွာကို မီးရှို့နေသည့် စစ်တပ်စစ်ကြောင်းမှာ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှ ပြည်သူ ၆ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က အောက်တိုဘာ ၁ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးနေကာ ဒေသပြည်သူ ထောင်ချီ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရကြာင်း သိရှိရသည်။
ဓာတ်ပုံ - စစ်တပ်က မီးရှို့နေသော ကျေးရွာတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး မုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့အရေးယူ
🟥အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေ
ရန်ကုန်၊ အောက်တိုဘာ ၃၀
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ကျူးလွန်နေသော ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ဥရောပသမဂ္ဂက ဒဏ်ပိတ်ဆို့အရေးယူလိုက်ကြောင်း EU က တရားဝင် သတင်းထုတ်ပြန် ကြေညာသည်။
အောက်တိုဘာလ ၂၉ ရက်နေ့တွင် မြန်မာစစ်ကောင်စီနှင့် ဆက်နွယ်နေသည့် နယ်ခြားစောင့်တပ်မှ တာဝန်ရှိသူ ၃ ဦးနှင့်ကုမ္ပဏီ ၁ ခုကို EU က ထိုသို့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ခြင်းဖြစ်ကြောင်း၊ အရေးယူလိုက်သူများသည် မြန်မာလူထုနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများမှ နိုင်ငံသားများကို ပစ်မှတ်ထား လိမ်လည်မှုများနှင့်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း သိရှိရသည်။
EU ၏ ဒဏ်ခတ်ပိတ်ဆို့မှုကို ခံလိုက်ရသော မြ၀တီမြို့နယ်မှ ချစ်လင်းမြိုင်အုပ်စု (CLM) နှင့် တည်ထောင်သူ ဥက္ကဌ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ တို့သည် ရွှေက္ကိုလ်မြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်း လိမ်လည်လှည့်စားသည့် အွန်လိုင်းလိမ်လည်မှုများစွာ လုပ်ဆောင်နေသော အသိုက်အဝန်းများမှ ငွေကြေးအရ အမြတ်အစွန်းရနေကြောင်း၊ ဗိုလ်မှူးကြီး စောချစ်သူ၏ ပိုက်နက်နေရာများတွင် အွန်လိုင်း လိမ်လည်မှု၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများအတွက် အချက်အချာနေရာဖြစ်ပြီး အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများ အပါအဝင် ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားနေကြောင်း၊ ထို့ပြင် ချစ်လင်းမြိုင်ကုမ္ပဏီက အကြမ်း ဖက် စစ်ကောင်စီနှင့် နီးကပ်စွာ ဆက်စပ်နေပြီး စစ်တပ်ကို ဆန့်ကျင်နေသူများ၏ သတင်းများကို ပေးပို့ခြင်း၊ စစ်သားစုဆောင်းခြင်းများတွင် ပါဝင်ပတ်သက်နေကြောင်း သိရှိရသည်။
ထို့ပြင် စောချစ်သူအပြင် ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့ကိုလည်း EU ကဒဏ်ခတ်ပိတ်ဆို့ထားကြောင်း ၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူးတင်ဝင်းတို့မှာလည်း မြဝတီမြို့အနီးရှိ ရွှေက္ကိုလ်၊ KK Park Project နှင့် Huanya Project ကဲ့သို့သော အွန်လိုင်းလိမ်လည်မှု ဗဟိုစင်တာများအတွက် အလုပ်လုပ်နေကာ အွန်လိုင်းလိမ်လည်လှည့်စားမှုများမှ အကျိုးအမြတ်များ ရရှိနေကြောင်း သိရှိရသည်။
EU အနေဖြင့် မြန်မာနိုင်ငံအတွင်း ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တိုင်းပြည်နှင့်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပိုမိုခြိမ်းခြောက်နေသည့် အွန်လိုင်းလိမ်လည်မှုများ၏ ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်းရန် သန္နိဋ္ဌာန်ကို ပြသသည့်အနေဖြင့် အရေးယူမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် EU က မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုတို့ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူထားပြီး EU သို့ ခရီးသွားလာခွင့် ပိတ်ပင်ထားကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ဆက်လက် တိုးမြင့်လာမှုနှင့် ဒေသတွင်း သက်ရောက်မှုများ၊ နှစ်ရှည်လများ ပဋိပက္ခများဆီသို့ ဆင့်ကဲ ပြောင်းလဲမှုများကြောင့် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်း၊ စစ်ကောင်စီ၏ ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အီးယူက ရှုတ်ချကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်မှု ရဲစခန်းကို ထိမှန်ခဲ့ပြီး အမိုးပွင့်ထွက် ပျက်စီး
ရန်ကုန်၊ အောက်တိုဘာ ၂၉
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ ရဲစခန်းကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းကို ထိမှန်ပြီး ခေါင်မိုးများ ပွင့်ထွက် ပျက်စီးခဲ့ကြောင်း နွားထိုးကြီး မြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် နွားထိုးကြီးမြို့နယ် ၊ ပြင်စည်ကျေးရွာ ရဲစခန်း၀င်းအတွင်းကို Rocket ၅ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးမှာ စစ်တပ် ကင်းပုန်းကို ထိမှန်ခဲ့ပြီး ကျန် ၁ လုံးမှာ ရဲစခန်းကို ထိမှန်ခဲ့သောကြောင့် ခေါင်မိုးများ ပွင့်ထွက် ပျက်စီးခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ ထိခိုက် သေဆုံးမှု အခြေအအနေတော့ မသိရသေးပါဘူး။ စုံစမ်းနေဆဲပါ ” ဟု နွားထိုးကြီးမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း နွားထိုး ကြီး PDF နှင့် မြင်းခြံခရိုင် အမှတ် ၁၀ တပ်ရင်းတို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်ဖြစ်ကြောင်း သိရသည်။