khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

“ကျွန်တော်တို့ လူငယ်တွေဟာ ကျွန်တော်တို့ အနာဂတ်အတွက် တိုက်နေတာ။ကျွန်တော်တို့အနာဂတ်မှာ ကောင်းမွန်တဲ့အစိုးရနဲ့ ထိုက်တန်တယ်ဆိုတာ သက်သေပြနေတာ”
UG နှင့် ကရင်နီပြည်နယ် ဒီမော့ဆို zone မှာ လှုပ်ရှားခဲ့တဲ့ MGF ခေါင်းဆောင် ကိုချိန်သတ္တိနှင့်တွေ့ဆုံခြင်း
By ရန်ကုန်ခေတ်သစ်
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုဟာ နိုင်ငံ့အာဏာကို မတရားလုယူပြီးတဲ့နောက်မှာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ လူငယ်တွေဟာ စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ဆန်ကျင့်တော်လှန်နေကြပါတယ်။
အဲဒီလိုဆန့်ကျင်တော်လှန်ရာမှာ အလွှာပေါင်းစုံကပါဝင်နေကြတာကိုလည်းတွေ့ရပါတယ်။
အဲဒီထဲကမှ မြို့ပြပျောက်ကြားလှုပ်ရှားမှုနဲ့ ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ် zone မှာပါဝင်လှုပ်ရှားခဲ့တဲ့ ကိုချိန်သတ္တိစံ ရဲ့တော်လှန်ရေးခံယူချက်တွေ အတွေ့အကြုံတွေနဲ့ တော်လှန်ရေးမှာပါဝင်ခဲ့တာတွေ အပါအဝင်တော်လှန်ရေး အဖွဲ့အစည်းတွေကို ထောက်ပို့ပေးမယ့် အစီအစဉ်တွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/0JIW1-_RP6c

Читать полностью…

Khit Thit Media

တောင်ဥက္ကလာတွင် စစ်တပ်ကင်းဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ တောင်ဒဂုံနှင့်ကမာရွတ်တို့တွင်လည်း ဗုံးများ ပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၂

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ် ဝေဇယန္တာလမ်း နှင့်
ဂန္ဓမာလမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ် ကင်းဂိတ်ကို မြို့ပြ UG အဖွဲ့များက လက်ပစ်ဗုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန် UG အဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၇ မိနစ်တွင် တောင်ဥက္ကာလာပမြို့နယ် ဝေဇယန္တာလမ်းနှင့် ဂန္ဓမာလမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ် ကင်းဂိတ်ကို GY G အဖွဲ့နှင့် မဟာမိတ်တစ်ဖွဲ့တို့မှ လက်ပစ်ဗုံးဖြင့် ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"စစ်ခွေး ကင်းတဲကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပါတယ်။ စခများနဲ့လည်း ဝေးဝေးနေပေးကြဖို့လည်း ပြည်သူများအားထပ်မံ တောင်းဆိုလိုက်ပါတယ်။ ပြည်သူတွေရှိတေနေလို့ ဒုတိယတစ်ခု ဖောက်ခွဲမယ့် အစီအစဥ်ကို ရပ်နားလိုက်ရတယ်" ဟု Generation Y Guerilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ ရန်ကုန်၊ တောင်ဒဂုံမြို့နယ် တစ်နေရာ၌လည်း ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အသံ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ထို့ပြင် ကမာရွတ်မြို့နယ်တွင်လည်း ဒီဇင်ဘာလ ၁ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်၌ ပေါက်ကွဲသံ ထွက်ပေါ်ခဲ့ပြီး မည်သည့်နေရာ၌ ပေါက်ကွဲမှု ဖြစ်ပွားသည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မတ္တရာတွင် စစ်ကောင်စီတပ်သားများကို ၃ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံးခဲ့ကြောင်း နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့မှ ဗိုလ်နတ်ဆိုးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်တွင် မတ္တရာမြို့နယ်၊ မြောင်းသစ်ရွာ၌ တပ်စွဲထားသော စစ်သားများက လူမှုကူညီရေး ကားကို ချောစွဲထွက်ခွာလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး သေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် မြောင်းသစ်ရွာမှ ထွက်ခွာလာသော စစ်ကား ၅ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ မွန်းလွဲ ၃ နာရီခန့်တွင် ကင်းကျေးရွာ၌ တပ်စွဲထားသော စစ်သားများက မြောင်းဦးရွာဘေး ကန်တွင်းထဲမှ ခြေလျင် စစ်ကြောင်းထိုးလာစဥ် ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကာ ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

" နိုဝင်ဘာ ၂၉ နဲ့ ၃၀ မှာ မိုင်းဆွဲတာ အားလုံးပေါင်း ၃ ကြိမ်ပေါ့။ ၃ ကြိမ်မှာ စစ်ခွေး ၁၄ ကောင်သေတယ်။ ဒဏ်ရာရတွေလည်းများတယ်" ဟု နတ်ဆိုး မြေအောက်တော်လှန်ရေးအဖွဲ့မှ ဗိုလ်နတ်ဆိုးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

မေမြို့သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲ အလိုမရှိကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁

မေမြို့သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

Читать полностью…

Khit Thit Media

ရွှေဘိုမြို့နယ်ရှိ ဆင်အင်းရွာနှင့် မအူပင်ရွာသား ၉ ဦးကို စစ်တပ်က တစ်ရက်တည်း ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ ဆင်အင်းရွာနှင့် မအူပင်ရွာသား ၉ ဦးကို စစ်တပ်က တစ်ရက်တည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဆင်အင်းရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ​ကျေးရွာနေ ပြည်သူ ၄ ဦးဖြစ်သည့် ကိုဆွေဦး၊ ကိုထွန်းမင်း၊ ကိုမောင်လွင်နှင့် မွေးရာပါ စိတ်ရောဂါ ခံစားနေရသူ ကိုစည်သူ တို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်တပ်က မအူပင်ရွာကို ထပ်မံ ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ကျေးရွာနေ ပြည်သူ ၃ ဦးဖြစ်သည့် စိတ်ရောဂါ ခံစားနေရသူ ကိုကံငြိမ်း၊ အမည်မသိ ပြည်သူ ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် လက်နက်ကြီးကျည် ထိမှန်ကာ မဝင်း ဆိုသည့် အမျိုးသမီး တစ်ဦးလည်း ပွဲချင်းပြီးသေဆုံးခဲ့ပြီး အဖိုးအို ၁ ဦးလည်း နှလုံးရပ်ကာ သေဆုံးသွားကြောင်း သိရသည်။

" ဆင်အင်းရွာက ပြည်သူ ၄ ဦးအသတ်ခံရပါတယ်။ ကိုဆွေဦး၊ ကိုထွန်းမင်း၊ ကိုမောင်လွင်နဲ့ မွေးရာပါ စိတ်ရောဂါ ခံစားနေရတဲ့ ကိုစည်သူ တို့ကို စစ်ခွေးတွေက ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ မအူပင်ရွာမှာက မဝင်း လက်နက်ကြီး မှန်သေဆုံးတယ်။ အဖိုးအို ၁ ဦး အကြောက်လွန်ပြီး သေဆုံးတယ်။ စိတ်ရောဂါခံစားနေရတဲ့ ကိုကံငြိမ်းသေဆုံးနဲ့ အမည် မသိသေးသူ ၂ ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်" ဟု ရွှေဘိုခရိုင် သတင်းစုံအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဆင်အင်းရွာနှင့် မအူပင်ကျေးရွာအကြား လှည့်ပတ်သွားလာနေကာ စခန်းချရပ်နာထားမှုများရှိသောကြောင့် ဒေသခံ ပြည်သူများ လက်ရှိချိန်ထိ ကျေးရွာအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Photo - အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသည့် ဆင်အင်းရွာကို အဝေးမှ တွေ့မြင်ရစဥ်

Читать полностью…

Khit Thit Media

ပဲခူး၊ ဇလုပ်ကြီးရွာရှိ ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်းတပ်က ဝင်ရောက် တိုက်ခိုက် စစ်သား ၁၃ ဦးသေဆုံး၊ မတ္တရာတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ပဲခူးတိုင်း၊ ဇလုပ်ကြီးရွာရှိ အကြမ်းဖက် စစ်တပ် ခမရ ၅၉၈ တပ်ကို KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၃ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၂၃ မိနစ်တွင် ဇလုပ်ကြီးရွာ အခြေစိုက် ခမရ ၅၉၈ တပ်ကို နယ်မြေခံ KNLA တပ်ဖွဲ့နှင့် Nighthawks အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ခမရ ၅၉၈ တပ်အတွင်းမှ ဗဟိုကင်း၊ လက်နက်တိုက်၊ အရာရှိလူပျိုဆောင်၊ အမျိုးသမီးစစ်သည်အဆောင်တို့ ပျက်စီးသွားပြီး စစ်ကောင်စီ တပ်သား ၁၃ ဦးသေဆုံးကာ ၁၇ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း Nighthawks အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် မန္တလေးတိုင်း မတ္တရာမြို့နယ် မြောင်းသစ်ကျေးရွာမှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ ယာဉ်တန်းကို ရှားစေးချက်(လေး) ကျေးရွာအနီး နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁၂နာရီ ၄၀ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီဘက်မှ အကျအဆုံးနှင့် အထိအခိုက်များနိုင်ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုမှ သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ကောင်းကင်တော်လှန်ရေးအင်အားစု ခွဲ(၁)၊ ဒေါင်းစည်သည်ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ မတ္တရာ၊ Security and Special Task Force၊ ဇာမနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ကနီတွင် "ကယ်တင်ရှင် ဘယ်သောအခါမှမရှိ" စာသားကိုင်ဆောင်၍ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကနီမြို့နယ်အတွင်း ရပ်ရွာသပိတ်ဦးဆောင်သူများနှင့်အတူ ကျေးလက်သူပုန်သပိတ်စစ်ကြောင်းမှ လူငယ်များပူးပေါင်း၍ "ကယ်တင်ရှင် ဘယ်သောအခါမှမရှိ"
စာသား ကိုင်ဆောင်ပြီး ဖက်ဆစ် စစ်အာဏာရှင်အမြစ်ပြတ်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"ဖက်ဆစ်ယန္တရားကို ဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက် ” ဘန်နာကို ကိုင်စွဲ၍ လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းချီတက်

ရန်ကုန်၊ ဒီဇင်ဘာ ၁

လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းသည် "ဖက်ဆစ်ယန္တရားကို ဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက် ” ဘန်နာကို ကိုင်စွဲပြီး ယနေ့ ဒီဇင်ဘာ (၁) ရက်နေ့တွင် နယ်မြေမငြိမ်သက်မှု အခက်အခဲကြားမှ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထု သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

"လူထုတရပ်လုံး ချီတက် ဖက်ဆစ်ဝါဒ တိုက်ဖျက်" စာတန်း ကိုင်ဆောင်ကာ လောင်းလုံးလူငယ်များ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁

လောင်းလုံးတွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် "လူထုတရပ်လုံး ချီတက် ဖက်ဆစ်ဝါဒ တိုက်ဖျက်" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေဘိုတွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားပြီး စစ်သား ၃၀ ဦးခန့်သေဆုံး၊ မုံရွာတောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ စိုက်ပျိုးရေး သိပ္ပံ ကျောင်းထဲ၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီး အင်အား ၁၃၀ ခန့်က ညောင်ပင်သာကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာမှ တိုက်ပွဲ စတင်ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် စစ်ကြောင်းထိုး ဝင်ရောက် လာပြီးနောက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကြက်ရိုးတော ဘုန်းကြီးကျောင်းထိပ်၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၈ နာရီ ၃၀ မိနစ်တွင် ဘိုတဲကုန်းထိပ်နှင့် ကျီးကန်ရွာ အကြား ထပ်မံ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၁၀ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

နံနက် ၉ နာရီ ၃၆ မိနစ်ခန့်တွင် ဘိုတဲကုန်း ရပ်ကွက်အနောက်ဘက် ရဲစခန်းထိပ်တွင် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးခန့် ထပ်မံသေဆုံးခဲ့ကြောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ညောင်ပင်သာ အ.ထ.ကစာသင် ကျောင်းရှေ့၌ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ပြီး စစ်သား ၇ ဦးခန့် ထပ်မံ သေဆုံးခဲ့ကာ ဘိုတဲကုန်း ရပ်ကွက် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရွှေဘိုခရိုင်ကွပ်ကဲရေး ၂ တပ်ရင်း ၄ ၊ FIRE Dragon (Khin U)၊ တိုက်နယ်၁ ပ.က.ဖ၊ One Day Revolution Foce (အရံတပ်ခွဲ ၂)၊ D.U.G.F (Khin U)၊ Night Hunter (Lpdf)၊ Dog Hunter (လက်နက်ကြီးအဖွဲ့)တို့နှင့် မဟာမိတ်များမှပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုကျေးရွာအတွင်း တပ်စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ၏ ကင်းပုံရှိရာ နေရာများကို နိုဝင်ဘာ ၃၀ ရက်နေ့ ည ၉ နာရီအချိန်တွင် တာဝေးပစ် ၉၀ မမ၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီး အလုံး ၅၀ ဖြင့် နေရာစုံမှ ပစ်ခတ်ခဲ့ကြောင်း၊ Area 71 Defense Force Monywa က သတင်းထုတ်ပြန်သည်။

“အဲဒီရွာကို‌ လေးဖက်လေးတန်က ဝိုင်းထုကြတာ အသေအပျောက်ရှိတယ်ဗျ။ စုံစမ်းနေတုန်းပါ” ဟု Area 71 အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လက်နက်ကြီးများသည် တောပုရွာအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးများ၏ ကင်းပုံးတည်ရှိရာနေရာများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီနှင့်အပေါင်းပါများက ကြောက်လန့်တကြားပြန်လည် ရမ်းသမ်းပစ်ခတ်ခဲ့ကြသော်လည်း တော်လှန်ရေးရဲဘော်များမှ ကျည်နက်ကြီးနှင့် ကျည်ဆံများ ကုန်သည်အထိ ပစ်ခတ်ခဲ့ကြောင်းနှင့် အထိအခိုက် အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုကို Area 71 PDF Monywa ၊ Monywa Special ဒိတ်ဒိတ်ကြဲ ၊ Monywa Fighter group ၊ ဗန္ဓုလနှင့် အဖွဲ့သားများ၊ Urban Hunter Force (UHF) အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအသေအပျောက်စာရင်းကို စုံစမ်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာကို ယမန်နေ့ ညပိုင်းတွင် စစ်တပ်က လေ ယာဉ် ဖြင့် ဗုံးကျဲ ပြီး ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာကျေးရွာကို ယမန်နေ့ ညပိုင်းတွင် စစ်တပ်က လေယာဉ် ဖြင့် ဗုံးကျဲပြီး ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

"မနေ့ည ၉ နာရီ ၄၀ မိနစ်အချိန် စစ်တပ်က YAK တိုက်လေယာဉ်နဲ့ ထီးချိုင့်မြို့နယ် လေသာ ရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီမနက်မှာတော့ လေသာ ကျေးရွာ ကို စစ်ခွေးတွေက မီးတင်ရှို့တာ အခု မွန်းလွဲ ၁ နာရီအထိ မီးလောင်နေတုန်းပါပဲ။ ပြည်သူတွေ ကတော့ ထွက်ပြေးနေရတာ ၁ ပတ်ကျော်နေပြီ" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း ဇန်နဝါရီလမှ နိုဝင်ဘာလအထိ အကြမ်းဖက် စစ် ကောင် စီ ၏ လေကြောင်းဖြင့် ဗုံးကြဲခံရမှု ၅ ကြိမ်နှင့် ကျေးရွာ ၇ ရွာ မီးရှို့ခံ ခဲ့ရကြောင်း Tigyaing Revolution – TR က ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ထီးချိုင့်မြို့နယ်၊ မရသိမ် ရွာ ကို ဗုံးကျဲချတိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၂၉ ရက်နေ့တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် ပျဉ်းစုရွာ အနီးကို ဗုံးကျဲခဲ့ကြောင်း၊ နိုဝင်ဘာ ၂၇ ရက်နေ့တွင် YAK 130 ဂျက် ဖိုက် တာ တစ်စီးဖြင့် အလယ်တောရွာအနီးတွင် ဗုံးကျဲခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင်မူ ဂျက်ဖိုက်တာ နှစ်စီးဖြင့် အင်ကြင်းကုန်းနှင့် လေသာရွာများကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင်မူ ဂျက်ဖိုက်တာ တစ်စီး ဖြင့် လေသာရွာအနီး ဗုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ထီးချိုင့်မြို့နယ်အတွင်း မတ်လ ၆ ရက်နေ့တွင် သခွတ်ချောင်ရွာရှိ နေ အိမ် ၁၂ လုံး၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ကျက်သရေချောင်းရွာရှိ နေအိမ် ၁၅ လုံး၊ နိုဝင်ဘာ ၂၅ ရက်နေ့တွင် ဆူးပုတ်ချောင်ရွာရှိ နေအိမ် ၄၀ လုံး၊ နိုဝင်ဘာ ၂၈ ရက်နေ့တွင် အင်ကြင်းကုန်းနှင့် အလယ်တောရွာရှိ နေအိမ်များ မီးရှို့ခံရမှု (အရေအတွက် မသိရသေး)၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် အင်းတိန်ရွာ မီးရှို့ခံရမှု (အရေအတွက် မသိရသေး)၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် လေသာရွာ မီးရှို့ခံရမှု (အရေအတွက် မသိရသေး) ကြောင်း ၊ စစ်တပ်က ဧရာ၀တီ မြစ် အရှေ့ဘက် ကမ်းဘက်တွင်လည်း မီးရှို့ခံရမှုများရှိပြီး စစ်တပ်က မီးရှို့ ဖျက်ဆီးမှုများ လုပ် ဆောင်ခဲ့‌ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ပေါက်မြို့နယ်တွင် မီးကြိုးဆက်ရန်် ဖောကား ၃ စီးဖြင့်လာသော အကြမ်းဖက်စစ်တပ်အဖွဲ့ကို မြိုင်ပကဖနှင့် မဟာမိတ်များ ပူးပေါင်းတိုက်ခိုက်၊ အကြမ်းဖက်တပ်သား ၆ ဦး ဆေးရုံရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ချောင်းကူးရွာ အရှေ့ဘက် ၆ ဖာလုံခန့်အကွာတွင် မီးကြိုးဆက်ရန် ဖောကား ၃ စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၄ နာရီခန့်က မြိုင်ပကဖတပ်ရင်း (၁)နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြိုင်ပကဖ)တပ်ရင်း (၁)၊ မြွေပွေးပျောက်ကျားအဖွဲ့နှင့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက ‌ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ဦးခန့် ဒဏ်ရာအပြင်းအထန်ရကာ ဆေးရုံတင်ထားရကြောင်း မြိုင်ပကဖတပ်ရင်း(၁) ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီ လက်နက်ထုတ်လုပ်ရေးစက်ရုံများဆီသို့ သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားပေးလိုင်းများကို ပြည်သူ့ကာကွယ်ရေးတပ်များမှ မိုင်းခွဲဖြတ်တောက်မှုကြောင့် ကပစ ၂၄ နှင့် ကျော ကပစ လက်နက်ထုတ်စက်ရုံများ ယနေ့ထိလည်ပတ်နိုင်ခြင်းမရှိသေးကြောင်း ဗိုလ်လင်္ကျာကပြောသည်။

ယင်းထိတွေ့တိုက်ပွဲတွင် အထိနာသွားခဲ့သော အကြမ်းဖက်စစ်ကောင်စီအဖွဲ့များနှင့် မြိုင်ပကဖ တပ်ရင်း (၁)အပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တို့အကြား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်း ၅ နာရီခန့်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားမှုရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းထိတွေ့မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုစာရင်းကို ရန်ကုန်ခေတ်သစ်မီဒီယာအနေဖြင့် ဆက်လက်စုံစမ်းဆဲဖြစ်သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့သည့် ပြည်သူ့တော်လှန်ရေးရဲဘော်များ

Читать полностью…

Khit Thit Media

မှော်ဘီလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် ယနေ့ နံနက် ၁ နာရီ KNU တပ်မဟာ ၆ နယ်မြေ၊ မက္ကသာကျေးရွာအနီးရှိ အမှတ် ၆ မိုင်းလုပ်ကွက်များကို စစ်တပ်က ဗုံးကျဲ၊ လူထိခိုက်မှု တချို့ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီး KNU တပ် မဟာ ၆ နယ်မြေ မက္ကသာကျေး ရွာအနီးရှိ အမှတ် ၆ သတ္တုတူးဖော်ရေး နှင့် မိုင်း လုပ်ကွက်ကို အကြမ်းဖက် စစ် တပ် က ယနေ့ နံနက် ၁ နာရီဝန်းကျင်တွင် ဂျက် ဖိုက်တာလေယာဉ်ဖြင့် ဗုံးကျဲချ သွားကြောင်း KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်တိုင်း၊ မှော်ဘီလေတပ်မှ တိုက်လေယာဉ် တစ်စီးသည် ယနေ့ ဒီဇင်ဘာ လ ၁ ရက်နေ့ နံနက် ၀၀ နာရီ ၁၇ မိနစ်တွင် ပျံတက်လာပြီး နံနက် ၁ နာရီဝန်း ကျင် တွင် အမှတ် ၆ သတ္တုတွင်းနှင့်မိုင်းလုပ်ကွက်ကို ဗုံးကျဲချသွား ခြင်းဖြစ် ကြောင်း သိရှိရသည်။

"ဗုံးကျဲချသွားတာ ဟုတ်တယ်။ ညက ကျဲတာက အလုပ်သမားတွေ ထိခိုက်မှု တချို့ရှိတယ်။ လေယာဉ်နဲ့ ၂ ခေါက် ပျံသန်းပြီး ဗုံးကျဲချတာပါ။ အဲဒီဘက် တွေမှာ KNU က တပ်စွဲထားတာမရှိဘူး ။ တပ်စခန်းမဟုတ်ဘူး။ စစ်ရေး ပစ်မှတ် လည်းမဟုတ်ဘူး။ အဲဒါကို ခဏခဏ ဗုံးလာကျဲနေတာ"ဟု KNU သတင်းရင်းမြစ်က ပြောသည်။

လတ်တလောယနေ့ နံနက် အစောပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံး မှု ရှိသည် ဆိုသော သတင်းများမကြားရသေးဘဲ ထိခိုက်မှုများရှိသည်ဟုသာ သိရှိ ထားပြီး အသေးစိတ်အချက်အလက်များကိုလည်း KNU ဘက်က တရား ဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၇ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

တံတားဦးလေတပ်မှ ဂျက်တိုက်လေယာဉ် ၂ စီး မြောက်ဘက်သို့ ပျံသန်းသွား

ရန်ကုန်၊ ဒီဇင်ဘာ ၁

မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှ ဂျက်တိုက်လေယာဉ် ၂ စီး ယနေ့ ည ၁၁ နာရီ အချိန်တွင် မြောက်ဘက်သို့ (ကချင်ပြည်နယ် နှင့်စစ်ကိုင်း) ပျံသန်း သွား ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ပြောသည်။

"ည ၁၀ နာရီ ၄၈ မိနစ်မှာ ဂျက်ဖိုင်တာတစ်စီး တံတားဦး မှတက်သွားပါတယ်။ မြောက်အရပ်ဦးတည်ပါတယ်။ နောက်တစ်စီးက ည ၁၀ နာရီ ၅၈ မိနစ် မှာ တက် ပါတယ်။ မြောက်ဘက်ဆိုတော့ ကချင်ပြည်နယ် နဲ့စစ်ကိုင်း တိုင်း ဘက် သွား တာ ဖြစ်နိုင်ပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများက စစ်ကောင်စီ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူလူထုအားဖြင့် ဆန့်ကျင်ကြရန် ညသပိတ်ပြုလုပ် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကလေးမြို့ ပင်မ သပိတ် အင်အားစုများ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ပြုလုပ်မည့် တရားမဝင် ရွေးကောက်ပွဲကို ပြည်သူလူထုအားဖြင့် ဆန့်ကျင်ကြရန် "တရားမဝင်တဲ့ ရွေးကောက်ပွဲလူထုအားနဲ့တိုက်ဖျက်ကြ" စာတန်းကိုင်ဆောင်ကာ ယနေ့ ညပိုင်းတွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယားပြည်နယ်တွင် နိုဝင်ဘာ ၁ လတာ တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်သား ၄၃ ဦးသေဆုံးပြီး KNDF ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကယားပြည်နယ်တွင် နိုဝင်ဘာလ ၁ လတာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၄၃ ဦးသေဆုံးကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ကယားပြည်နယ် တစ်ဝန်း နိုဝင်ဘာ တစ်လတာအတွင်း အကြမ်းဖက် စစ်ကောင်စီနှင့် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲပေါင်း ၂၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၄၃ ဦးသေကာ ၃ ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် အကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက် စစ်ဆင်ရေးနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊လက်နက်ကြီး ထိမှန်မှုကြောင့် နေအိမ် ၅၇ လုံးပျက်စီးခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိကျေးရွာများသို့ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ဆင်ရေးပြုလုပ်ကာ စစ်ကြောင်းများထိုးခဲ့ကြောင်း၊ နိုဝင်ဘာ ပထမပတ်အတွင်း လွိုင်ကော်မြို့နယ် ကုန်းဆွတ် ကျေးရွာ၊ အနီးတစ်ဝိုက်ကို အကြမ်းဖက် စစ်ကောင်စီတပ်များမှ အပြင်းအထန်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ နောက်ဆုံးအပတ်တွင်လည်း လွိုင်ကော်မြို့နယ် ပါလောင်းကျးရွာနှင့် ဒေါတယို့ကျေးရွာပတ်ဝန်းကျင်တို့တွင် စစ်ကောင်စီတပ်ဘက်မှ ဝင်ရောက်တပ်စွဲသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီမောဆို မြို့နယ်တွင်လည်း နိုဝင်ဘာလ နောက်ဆုံးအပတ်တွင် ဒီးမော့ဆိုမြို့နယ် ကုန်းသာ၊ သေးဆူလဲကျေးရွာ၊ ရှမ်းကယားနယ်စပ် နန်းဖယ်ခုံမြို့နှင့် အနီးတစ်ဝိုက်ကျေးရွာများအထိ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် အပြင်းအထန်တိုက်ခိုက်လျက်ရှိကြောင်း၊ ဖရူဆိုမြို့နယ်၊ ဘောလခဲနှင့် ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့များမှဘက်မှ နေ့စဥ် အလှစ်အငိုက်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအသုံးပြုကာ အင်အားဖြည့်တင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာလအတွင်းတွင် စစ်ကောင်စီတပ်ဘက်မှ တပ်သား ၁ ဦး လက်နက်အပြည့်အစုံဖြင့် ပြည်သူဘက်သို့ ဘက်ပြောင်းပူးပေါင်းကာ CDM ပြုလုပ်ခဲ့မှုလည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်း၊ ကျဆုံးသွားသော ရဲဘော် ၂ ဦးကို KNDF မှ အာဇာနည် သူရဲကောင်းအဖြစ် မှတ်ကျောက်တင် အလေးပြုပါကြောင်းနှင့် ဒီးမော့ဆိုမြို့နယ်နှင့် နန်းဖယ်ခုံမြို့တို့တွင် စစ်ရေးအရှိန်မြင့်လျက်ရှိပြီး ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပါသဖြင့် ပြည်သူများ လုံခြုံရေး သတိရှိကြပါရန်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ညသပိတ် ပြုလုပ် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ညသပိတ် ပြုလုပ် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကြာအင်းဆိပ်ကြီးတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်အပ်ပြီး CDM ဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးက အာဏာလု စစ်ကောင်စီရဲ့ ခလရ ( ၂၈၄) က တပ်သားတစ်ဦး KNLA ပူးပေါင်းတပ်ဖွဲ့ဆီ လက်နက်အပ်ပြီး CDM လာ ရောက် ပြုလုပ်တယ်လို့ နဂါးနီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ခလရ(၂၈၄)က တပ်သား စက်ပိုင်ထွန်းဟာ ဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ နဂါး နီ စစ်ကြောင်း၊ တပ်ခွဲ၂ နဲ့ KNLAတပ်ရင်း၁၇ တပ်ခွဲ၂ ဆီကို လာရောက် CDM ပြု လုပ်ခဲ့တာဖြစ်ပါတယ်။

CDM တပ်သား စက်ပိုင်ထွန်းကို လိုအပ်မယ့် အဝတ်အစား၊ အသုံးအဆောင် တွေနဲ့ ထောက်ပံ့ငွေ ကူညီပံ့ပိုးခဲ့တယ်လို့ ဖော်ပြပါတယ်။

နဂါးနီစစ်ကြောင်း တပ်ခွဲ (၂) နဲ့ KNLA တပ်ရင်း ၁၇ တပ်ခွဲ (၂) ဆီကို လာ ရောက် ပူးပေါင်း CDM ပြုလုပ်ကြသူ ၁၀ဦးကျော်ထိ ရှိနေပြီ ဖြစ်တယ်လို့လည်း အသိပေးပါတယ်။

Читать полностью…

Khit Thit Media

ပြည်ခွန် သပိတ် အင်အားစုများ အကြမ်းဖက် ကောင်စီ ဖြုတ်ချရေး ညသပိတ်ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

ပြည်ခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁

ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒ​ပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- KNU တပ်မဟာ ၆ နယ်မြေမှာရှိတဲ့ အမှတ် ၆ မိုင်းလုပ်ကွက်တွေကို ဒီကနေ့ မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ ၁ စီးနဲ့ လာရောက် ဗုံးကျဲ တိုက်ခိုက်သွားတယ်ဆိုပါတယ်။
-ရွှေဘိုမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်တွေကြား တစ်ရက်တည်း တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အယောက် ၃၀ နီးပါး သေသွားတယ်ဆိုပါတယ်။
- ပေါက်မြို့နယ်မှာ မီးကြိုးဆက်ဖို့ဆိုပြီး ၊ ဖောကား ၃ စီးနဲ့ လာတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို မြိုင်ပကဖ နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၆ ဦး ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံရောက်သွားတယ်ဆိုတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/QphO-BB-1g4

Читать полностью…

Khit Thit Media

MNDAA စခန်းကို လာတိုက်သည့် စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး အပါ အဝင် ၁၀ ဦး သေဆုံးပြီး ဆုတ်ခွာသွား၊ အလောင်းများကို ဖြစ်သလို စွန့်ပစ်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၁

တရုတ်-မြန်မာ နယ်စပ် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးသေဆုံးခဲ့ကြောင်း The Kokang က သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကိုးကန့်၊ ချင်းရွှေ ဟော် ဒေသ၊ နမ့်ဖာတောင်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မ တော် ကိုးကန့် (MNDAA) ၏ ခံတပ်စခန်းကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး MNDAA တပ်ဖွဲ့ဘက်မှ အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး တပ်ခွဲမှူး ၂ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး ကြောင်း၊ အလောင်းများကို ဖြစ်သလိုစွန့်ပစ်သွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် MNDAA ၏ ရှေ့တန်းနေရာများမှ မီတာ ၂၀၀ ခန့်အကွာသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်းနှင့် ရေဦး အစပ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်မီးရှို့မှု နေအိမ် ၂၀ ကျော်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ် အစပ်ရှိ ​ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်ရှိ ပျော်ဘွယ်ရွာနှင့် ရေဦးမြို့နယ်ရှိ မစိုးရိမ်ရွာတို့ကို ဝင်ရောက် မွှေနှောက်ပြီးနောက် ပြည်သူပိုင်နေအိမ် ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ဒီပဲယင်းနဲ့ ရေဦးမြို့နယ်က ပျော်ဘွယ်ရွာနဲ့ မစိုးရိမ်ရွာ ၂ ရွာကို မနေ့ ညက စစ်ခွေးတွေ ရွာထဲတပ်စွဲပြီး နံနက်ရောက်တော့ မီးရှို့သွားတယ်။ လက်တလော သိရသလောက်ကတော့ အိမ်ခြေ ၂၀ကျော် အရှို့ခံလိုက်ရတယ်။ ရွာသူ ရွာသားတွေလည်း ပြေးနေရတော့ အကုန်ပြန် မရောက်ကြသေးလို့ အသေးစိတ်တော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသည့် ပျော်ဘွယ်ရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ခံရခြင်း ဖြစ်ပြီး ဇွန်လ ပိုင်းကလည်း မီးရှို့ဖျက်ဆီးခံရပြီး နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားခဲ့ကြတဲ့ ဒဂုံတက္ကသိုလ် ကျောင်း သား ၇ ဦးကို နိုဝင်ဘာ လ ၃၀ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံး ကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသား သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
-ချင်းပြည်နယ်၊ ဟားခါးမြို့ နဲ့ ထန်တလင်းမြို့အကြား ဖြစ်ပွားခဲ့တဲ့ နိုဝင်ဘာလ တစ်လတာ တိုက်ပွဲ တွေ အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ၅၅ ဦးသေသွားသလို ၊ လက်နက် ၉ လက်နဲ့ ခဲယမ်းတွေ ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ CNF ရဲ့ ထုတ်ပြန်ချက်/ အရ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ညကင်းပတ်တဲ့ ကား ၁ စီးကို နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ ဖမ်းဆီး သိမ်းဆည်းခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၇ ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ဆားထုံး - ရွာ နဲ့ လက်ပန်ကျွန်းရွာကို အကြမ်း ဖက်စစ် ကောင်စီတပ်က ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ပြည်သူ တွေ နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။
https://youtu.be/mxa65tPkAYQ

Читать полностью…

Khit Thit Media

Breaking News- စစ်အာဏာရှင် ဆန့်ကျင်ရေး ဦးဆောင် လှုပ်ရှားသူ ဒဂုံ တက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီတရားရုံးက သေဒဏ် ချမှတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁

စစ်အာဏာရှင် ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားခဲ့ကြသည့် ဒဂုံတက္ကသိုလ် ကျောင်း သား ၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ အင်းစိန်ထောင်တွင်း စစ်ခုံရုံး က သေဒဏ်ချမှတ်လိုက်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသား သတင်းရင်း မြစ် များထံမှ သိရှိရသည်။

ယခုနှစ် ဧပြီလအတွင်း အကြမ်းဖက်စစ်ကောင်စီက တိတ်တဆိတ် ဖမ်းဆီး မှုများ ကြောင့် ပျောက်ဆုံးသွားကြသည့် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင်မောင်၊ မောင်ဇော်လင်းနိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင်သက်ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့တွင်ပါဝင် သည် ဆိုသော စွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံတောင်တွင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့မှုတွင် ပါဝင် ပတ်သက်သည်ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အင်းစိန် ထောင် တရားရုံးက သေဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

"အခုက အတူ ဖမ်းဆီးရမိပြီးတော့ အကုန်လုံးကို အမှုတစ်ခုတည်း ထောင် ချောက် ဆင် အမိန့်ချတာမျိုး ဖြစ်တယ်။ စစ်ကောင်စီရဲ့ ရှေ့က လုပ်နည်း လုပ်ဟန် အကြမ်းဖက်မှုတွေ အရ တကယ်ကို ကွပ်မျက်လား မကွပ်မျက်ဖူး လား ဆိုတာတော့ ကျနော်တို့ အနေနဲ့ ဆက်လက်စောင့်ကြည့်နေတယ်။ နောက် ပြီး နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဒီနေ့ သေဒဏ်ကျခံရတဲ့ ကျောင်း သား တွေအတွက် သတင်းစကားတွေကို ကျနော်တို့ အနေနဲ့ ထုတ် ဖော် သွားဖို့ ရှိတယ်" ဟု ဖက်ဆစ်ဆန့်ကျင်ရေးလက်ရုံးတပ်ဖွဲ့ ခေါင်းဆောင် တစ်ဦးက ပြောဆိုသည်။

လက်ရှိတွင် အင်းစိန်ထောင်တရားရုံးက ပုဒ်မ ၃၀၂ (က) ဖြင့် ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ် ခြင်းဖြစ်ပြီး ကျန်ရှိနေသော အမှု ၂ မှုကို လည်း ဆက်လက်စစ်ဆေးနေကြောင်း သိရှိရသည်။

အလားတူ နိုဝင်ဘာလ ၃၀ ရက်နေ့တွင်ပင် ယခုနှစ် မေလ ၂၄ ရက်နေ့ ဖြစ်ပွား ခဲ့သော ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်း ပစ်သတ်ခံရမှုတွင် ပါဝင်သည်ဆိုသော စွပ်စွဲချက်ဖြင့် အင်းစိန်ထောင် စစ်ခုံရုံး က လူငယ် ၄ ဦးကိုလည်း သေဒဏ်များ ချ မှတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ယခုနှစ် ဇူလိုင်လတွင် ၈၈ ကျောင်းသား ခေါင်း ဆောင် ကိုဂျင်မီ၊ လွှတ်တော်အမတ် ကိုဖြိုးဇေယျာသော် အပါအဝင် တော် လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ်ချမှတ်ပြီး ကြိုးပေးသတ်ဖြတ်ခဲ့သည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်သော ဒဂုံ တက္က သိုလ် ကျောင်းသား ၇ ဦး။

Читать полностью…

Khit Thit Media

နေပြည်တော်၊ လယ်ဝေးမြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်း ပတ်ဝန်းကျင်တွင် မိုင်းပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁

နေပြည်တော် လယ်ဝေးမြို့တွင် ယနေ့ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန် ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်း ရဲကင်းပတ်ဝန်းကျင်တွင် မိုင်း ဖောက်ခွဲခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- နေပြည်တော်(ပ.က.ဖ)မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လယ်ဝေးမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်းအနီးတွင် အသံ မိုင်းဖြင့် လုံခြုံရေးအတွက် လာရောက် စစ်ဆေးကြမည့် စစ်သားကို မြှား ခေါ်၍ အဓိကမိုင်းဖြင့် တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် အဓိက မိုင်းကို လူတချို့က ကောက်ယူသွားသည်ဟု ယူဆရပြီး စစ်တပ်ကို မြှားခေါ်သည့် အသံမိုင်း သာ ပေါက်ကွဲခဲ့ကြောင်း၊ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်(ပ.က.ဖ)နှင့် ပျဉ်းမနား ပ.က.ဖ တို့က ပူးပေါင်းစီစဉ် လုပ် ဆောင် ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

"အဓိက ဖောက်ခွဲမယ့် မိုင်းအကြီးကို အမှိုက်ကောက် တဲ့သူတွေ ကောက် သွား တယ်ထင်ရတာပဲ ။ ပစ္စည်းက လူသုံးကုန် ပစ္စည်းအခွံ့ နဲ့လုံးထား တာ ဆိုတော့ ရောင်းရတယ်ထင်ပြီးကောက်သွားပုံရပါတယ်။ နွေဉီးတော်လှန် ရေးအောင် မြင်ဖို့အကောင်းဆုံးကြိုးစားနေပါတယ် ။အရှိန်အဟုန်မြှင့် ဆက်လက် ဆောင် ရွက် သွားပါမယ်" ဟု ပြည်သူ့ကာကွယ်ရေး အဖွဲ့ - နေပြည်တော်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

စစ်ကောင်စီက အကြမ်းဖက် စစ်တပ် ရုံးစိုက်ရာ နေပြည်တော်နှင့် ပတ်ဝန်း ကျင် မြို့နယ်များတွင် ဘန်ကာများ၊ လှည့် ကင်းများ၊ ကင်းပုန်းများ ချထားပြီး လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်၊ လယ်ဝေးမြို့၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

Читать полностью…
Subscribe to a channel