မြောက်ဒဂုံထွေ/အုပ်ရုံးနှင့်စည်ပင်ရုံးကို ဗုံးခွဲတိုက်ခိုက်၊ လှိုင်တွင်လည်း ဗုံး၂ ကြိမ်ပေါက်ကွဲပြီး စစ်တပ်က လမ်းပိတ်စစ်ဆေး
ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ထွေ/အုပ်ရုံးနှင့် ခရိုင်စည်ပင် သာယာ ရေးရုံး ကို ယနေ့ ည ၇ နာရီ ၃၅ မိနစ်အချိန်တွင် Special Nway Oo (SNO) ပျောက်ကျားတပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း အဆိုပါ အဖွဲ့က သတင်း ထုတ်ပြန်သည်။
SNO က မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းပေါ်နှင့် ပြည်ထောင်စုလမ်းထောင့်ရှိ ထွေ/ရုံးနှင့် ခရိုင်စည်ပင်ရုံးတွင် စစ်ကောင်စီများ အရေးပေါ် အစည်းအဝေး ပြုလုပ်နေသည်ဟု သတင်းရရှိ၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက် အကျအဆုံးကို အတိ အကျ မသိရှိရသေးကြောင်း SNO က ဆိုသည်။
အလားတူ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အင်းစိန်လမ်းမပေါ် ဘာတာမှတ်တိုင် Red X ဘီယာဆိုင်အနီးတွင် ယနေ့ ည ၉ နာရီ ၃ မိနစ်ဝန်းကျင်အချိန် ဗုံးနှစ် ကြိမ် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။
"အင်းစိန်လမ်းမပေါ် ဘာတာမှတ်တိုင် Red X ဘီယာဆိုင် အပြင်ဘက်တွင် ဗုံးပေါက်တာပါ။ လူမထိခိုက်ဘူး။ ဆိုင် ရဲ့ မီးဖိုချောင် နောက်ဘက် အပြင် ဘက် မှာ ပေါက်ကွဲတယ်။ အဲဒါ စစ်တပ်က လမ်းပိတ်ပြီးတော့ အကုန် စစ်နေ တယ်။ စစ်သားတွေက မူးရူးနေတယ်ထင်တယ်" ဟု ဒေသခံတစ်ဦးက ပြောဆို သည်။
ဓာတ်ပုံ- မြောက်ဒဂုံထွေအုပ်ရုံးရှိရာလမ်း။ (ပုံအဟောင်းဖြစ်သည်)
Photo- CJ
မင်းအောင်လှိုင် ပြင်ဦးလွင်ရောက်ရှိနေချိန် မေမြို့အတက်လမ်းတွင် စစ်ကား ၁ စီး မိုင်းခွဲခံရ ၊ ပုလောတွင် စစ်စခန်းကို PDF ဝင်တိုက်မှု စစ်သား ၇ ဦး သေ ဆုံး ကာ သေနတ် ၁ လက်ရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေးမြို့အထွက် ပြင်ဦးလွင် အတက်လမ်း ပုသိမ်ကြီးမြို့နယ် သမ္မတောရွာ နှင့် သန့်စင်ကုန်းရွာကြား အောင်ပင် လယ် တိုးဂိတ်အနီးတွင်ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လယ် ၂နာရီ ၅၀ မိနစ်အချိန် စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲ ခဲ့ကြောင်း NGU:FF ( MDY ) က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
"၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၄ တုန်းက ကျဆုံးသွားတဲ့တပ်ခွဲမှူး ကိုကျော်နဲ့ တပ် စိတ် မှူးရဲရဲတို့ ကျဆုံးမှု ၁နှစ်ပြည့်အတွက်လက်တုံ့ပြန် တိုက်ခိုက်တာပါ။ စစ် ခွေးတွေရဲ့ အထိအခိုက် အကျအဆုံးတော့မသိရသေးဘူး" ဟု NGU:FF ( MDY ) တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မိုင်းခွဲခံရပြီး အကြမ်းဖက် စစ်ကောင်စီကားသည် နေရာတွင် ထိုးရပ်သွား ကြောင်း ၊ တော်လှန်ရေး ရဲဘော်များထိခိုက် ကျဆုံးမှုမရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာရှိ စစ်ကောင်စီ စခန်း ငယ် တစ်ခုကို PDF တပ်ဖွဲ့များ စီး နင်း သိမ်းပိုက် နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရ သည်။
ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပုလောမြို့နယ်၊ ထမင်းမစားရွာ ရှိ စစ်ကောင်စီ စခန်းငယ် PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးပြီး ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေနတ် ၁ လက်၊ ကျည်အိမ် ၅ ခုတို့လည်း ပြည်သူ့ကာကွယ်ရေးပူး ပေါင်း တပ်ဖွဲ့များမှ သိမ်းဆည်းရမိလာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း(၁)၊ ပုလောကရင် (KPDF)နှင့် မဟာ မိတ် ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန် ထား သည်။
ဓာတ်ပုံ- ပုလောတွင် သိမ်းဆည်းရမိသည့် အကြမ်းဖက်စစ်ကောင်စီ၏ သေ နတ် ၁ လက်နှင့်ခဲယမ်းများ။
အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အညာဒေသတစ်နေရာတွင် အာဏာရှင်အလိုမရှိ ပျောက်ကြားသပိတ်ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂
အညာဒေသ တစ်နေရာတွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ အကြမ်းဖက် စစ်တပ်မှ စစ်ကြောင်းထိုးနေသည့်ကြားမှ စစ်အာဏာရှင် အလိုမရှိကြောင်း ပျောက်ကြား သပိတ်ပြုလုပ်ခဲ့ကြသည်။
အားမာန်သစ် သပိတ်စစ်ကြောင်း အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
အားမာန်သစ် လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကောလင်းတွင် "ငါတို့မှာ ယုံကြည်ချက်ရှိတယ် ပြည်သူ့အာဏာ ပြန်ရ အောင် ယူမယ်" စာတန်းချိတ်ဆွဲ ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့တစ်နေရာတွင် "ငါတို့မှာ ယုံကြည်ချက်ရှိတယ် ပြည်သူ့ အာဏာပြန်ရအောင်ယူမယ်" စာတန်းကို ချိတ်ဆွဲ၍ The Secret Warrior Kawlin က အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြကြသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို "တော်လှန်ရေးက်ို မငြီးငွေ့ကြပါနဲ့။
နိုင်ငံအပေါ်ယုတ်မာတဲ့လူတွေရှိနေသ၍ တော်လှန်ရေးဟာ ပြည်သူအားလုံးနဲ့သက်ဆိုင်တယ်ဆိုတာ ပြည်သူအားလုံးသိကြပါ။" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကယ်တင်ရှင် မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ဖေး ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
မန္တလေးတွင် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် လျှို့ဝှက် အမိန့်ထွက် လာပြီး နောက် ပုသိမ်ကြီး မြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှ CDM ဝန်ထမ်းများ၏ မိသားစု ဝင်များကို စစ်တပ်က ဝင်ဖမ်း
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေးတွင် CDM ဝန်ထမ်းများကို ဖမ်းဆီးရန် စစ်ကောင်စီ၏ လျှို့ဝှက် အမိန့် ထွက်လာပြီးနောက် ပုသိမ်ကြီးမြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှ CDM ဝန်ထမ်း များ ၏ မိသားစုဝင်များကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
မန္တလေးတိုင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာများတွင် CDM ဝန်ထမ်းများ ပြန်လည် ဝင်ရောက် နေထိုင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်နှင့် တွေ့ရှိပါက ဖမ်းဆီးရန် ၊ မန္တ လေး တိုင်းအတွင်းရှိ အရပ်ဘက်ဌာနဆိုင်ရာများတွင် CDM ဝန်ထမ်းများ ကို ပြန်လည် စိစစ်နိုင်မှု အားနည်း ချက်အပေါ် အခွင့်ကောင်းယူ၍ CDM ဝန် ထမ်းများသည် ဝန်ထမ်းအိမ်ရာများအတွင်း ခိုးကြောင်ခိုးဝှက် ပြန်လည် ဝင် ရောက် နေထိုင်မှုများရှိကြောင်း မန္တလေးတိုင်းစစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှ CDM ဝန်ထမ်းများကို စစ်တပ်က ဝင်ရောက် ရှာဖွေပြီး CDM ဝန်ထမ်းများ မတွေ့ သဖြင့် မိသားစုဝင်များကို စစ်တပ်က ဝင်ဖမ်းသွားကြောင်း သိရှိရသည်။
"မနေ့ EPC ရုံးက CDMလုပ်ထားတဲ့ဝန်ထမ်းတွေကို လာဖမ်းကြတာ။ CDM တွေ မတွေ့လို့ မိသားစုဝင်တွေကိုဖမ်းသွားတယ်။ CDM ဝန်ထမ်းတွေကို နေ့စားပြန်လုပ်ကြတာ။ တိုင်လို့ ထင်တယ် ဝင်ဖမ်းတာ။ အဆင်မပြေ တော့ ဒီရုံး ကခေါ်တဲ့အလုပ်ကို နေ့စားဝင်လုပ်တာ။ CDM တွေ မမိဘူး။ မိသားစုဝင် တွေကို မိတာ။ နာမည်နဲ့တကွလာဖမ်းကြတာ ဆိုတော့ရုံးထဲက ဒလန်က တိုင်တာ။ ပုသိမ်ကြီး မြို့နယ်ရွှေစာရံလျှပ်စစ်ခွဲရုံမှာ။ အရပ်ဝတ် အိမ်စီး ကားနဲ့လာဖမ်းကြတာ" ဟု ရွှေစာရံလျှပ်စစ်ခွဲရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းများသည် တော်လှန်ရေးအတွက် ထောက်ပို့ လုပ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ကွန်ရက်များ ပါဝင်နိုင်သည်ဆိုသော စွပ်စွဲချက်များဖြင့် CDM ဝန်ထမ်းမှန်သမျှ ဖမ်းဆီး ရန်နှင့် စစ်ဆေးရန် လျှို့ဝှက် အမိန့်များကို စစ်ကောင်စီဘက်က ထုတ်ပြန် ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၂ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုက နိုင်ငံအာဏာကို မတရားလုယူပြီးတဲ့နောက်မှာ လူ့အခွင့် အရေးချိုး ဖောက်မှုတွေဟာ ပုံစံတစ်မျိုးနဲ့ ခေါင်းပြန်ထောင်လာတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
-ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ အာဏာလု စစ်ကောင်စီရဲ့ ခလရ ( ၂၈၄) က တပ်သားတ ၁ ဦးဟာ ဒီဇင်ဘာလ ၁ ရက်နေ့ နေ့လည်ပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့ဆီကို CDM ပြုလုပ် လာတယ်လို့ နဂါးနီ စစ်ကြောင်းကနေ ထုတ်ပြန်ပါထားပါတယ်။
-မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခံရာမှာ စစ်ကောင်စီဘက်က စုစုပေါင်း ၁၄ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/k0x8axYr0XY
စစ်အာဏာသိမ်းမှုကို သပိတ်မှောက်ခဲ့သည့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသော ကျောင်းသားများ NUG အသိအမှတ်ပြု New Myanmar Education တွင် တက္ကသိုလ်ဆက်တက်နိုင်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသော တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားအခြေခံပြီးမြောက်ထားသူများ၊ GED အောင်မြင်ထားသူများ၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပထမနှစ်တက်ရောက်ဆဲဖြစ်သော နေ့သင်တန်းနှင့် အဝေးသင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် NUG အသိအမှတ်ပြု New Myanmar Education တွင် တက္ကသိုလ်ပညာရေးကို ဆက်လက်သင်ကြားရန် ကျောင်းအပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်အုပ်၏ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နွေဦးတော်လှန်ရေးအတွင်းမှ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြခဲ့ကြသော CDM ကျောင်းသားအတွက် အဓိကရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း New Myanmar Education က ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ကျောင်းသားများ ပညာသင်ယူခွင့်မဆုံးရှုံးစေရန် အဓိကရည်ရွယ်၍ ပထမနှစ်ကို စတင်သင်ကြားပေးသွားပါမည်ပြီး ဘာသာရပ်များအနေဖြင့် ဝိဇ္ဇာ နှင့် သိပ္ပံ ဘာသာရပ်များဖြစ်သော Myanmar ၊ English ၊ Geography ၊ History ၊ Economic ၊ Mathematics ၊ Chemistry ၊ Physics ၊ Zoology နှင့် botany စသော အထူးပြုဘာသာရပ်များကို ပထမနှစ် ကျောင်းသားများအတွက် ပထမဆုံး စတင်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မကြာမီတွင် မေဂျာမိတ်ဆက်များ စတင်အသိပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရန်အတွက်ကိုလည်း ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ယင်းသို့ ကျောင်းအပ်နှံခြင်း လက်ခံရာတွင် လူဦးရေအကန့်အသတ်ထားရှိမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံရက်ကိုလည်း တစ်ပတ်အတွင်း အပြီးလက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
New Myanmar Education သည် ဖက်ဒရယ်ပညာရေး တက္ကသိုလ်ဝင်ခွင့်များ လွယ်ကူစွာ ဖြေဆိုနိုင်ရန် ရည်ရွယ်ပြီး G – 10 ( စနစ်သစ်) ၊ G – 11 (စနစ်ဟောင်း) ၊ G- 11 ( စနစ်သစ်) အတန်းများကိုလည်း သင်ကြားပေးခဲ့ပြီးဖြစ်သည်။
သင်ကြားမှုအပိုင်းနှင့်ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက New Myanmar Education ၏ Facebook စာမျက်နှာ ဖြစ်သည့် https://web.facebook.com/NewMyanmarEducation/?ref=page_internal တွင် ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။
အရာတော်၊ သလဲဘာရွာ ပျူစောထီးနှင့်စစ်စခန်းမှ စျေးဝယ်ထွက်သည့် ပျူစောထီး ၂ ဦးကို လက်ပစ်ဗုံးနှင့်အတူ ဖမ်းဆီးရမိပြီး ခုခံသဖြင့် ပစ်ခတ်ရာမှ သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မူးမြစ်တစ်လျှောက်တွင် လက်နက်ကိုင်၍ သောင်းကျန်းနေသော ပျူစောထီး ၂ ဦးကို စျေးဝယ်ထွက်လာစဉ် လက်ပစ်ဗုံး နှင့်အတူ ဖမ်းဆီးရမိစဉ် ခုခံသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း B F R A -Wat Lat အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာ ၁ ရက်နေ့ စစ်တပ်နှင့်ပျူစောထီး စခန်းချထားသော သလဲဘာရွာမှ စျေးဝယ်ထွက်လာသည့် ပျူစောထီး ဝင်းလှိုင်ကို B F R A -Wat Lat အဖွဲ့ ဖမ်းဆီးရမိကြောင်း၊ အလားတူ သလဲဘာရွာပျူစခန်းမှ ဒုခေါင်းဆောင် ကျော် စွာ ဆိုသူကိုလည်း ဖမ်းဆီးရန် ကြိုးပမ်းရာတွင် လက်ပစ်ဗုံးဖြင့် ခုခံသဖြင့် ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။
"လွယ်အိတ်ထဲပါရှိတဲ့ လက်ပစ်ဗုံးထုတ်ပြီး ခုခံဖို့ လုပ်တဲ့အတွက် ပစ်ခတ်ရာမှ သေဆုံးပါတယ်။ ပျူဒုခေါင်းဆောင် ကျော်စွာဆီကနေ လက်ပစ်ဗုံး သိမ်း ဆည်း ရမိပါတယ်။ ဝင်းလှိုင်လည်း သေဆုံးသွားပါတယ်" ဟု B F R A. Pro Life. အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်သည် အကြမ်းဖက်စစ်ကောင်စီက စစ် ကြောင်း ထိုးသဖြင့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရပြီး ဒေသ ကာကွယ် ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ အရှိန်အဟုန် ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
Khit Thit သတင်းဌာန၏ ဒီဇင်လာ ၂ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်လာ ၂ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ၊ လူငယ် ၁၀ ဦး စုစုပေါင်း ကျောင်းသားလူငယ် ၁၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီ စစ်ခုံရုံးက သေဒဏ်အမိန့်တွေ တစ်ပြိုင်နက်တည်း ချမှတ်လိုက် တယ်လို့ ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။
-မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်တပ်လက်အောက်ခံ ပျူစောထီး ခေါင်းဆောင်နဲ့ ကြံ့ဖွတ်ကိုယ်စားလှယ်တို့ လိုက်ပါလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပွင့်ဖြူ-PDFတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။
- ကရင်နီပြည်နယ်မှာ နိုဝင်ဘာလ ၁ လတာတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၄၃ ဦး သေသွားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/a1kcVTrzLJU
တောင်သာတွင် စစ်ကောင်စီခန့် အောင်သာရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး နှင့် တန့်ဆည်တွင် လက်နက်ကိုင် ပျူစောထီး ၂ ဦး ပစ်ခတ်ခံရ ပြီးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေး၊ တောင်သာမြို့နယ်၊ အောင်သာကျေးရွာ အုပ်ချုပ်ရေးမှူး သိန်းစိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း Natogyi Regional Defense Force-NRDF ထံမှ သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅ မိနစ်ခန့်တွင် PDF ပြောက်ကျား တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သိန်းစိုးသည် စစ်တပ်အတွက် အလုပ်လုပ် နေသူ ဖြစ်ပြီး ကျေးရွာနေပြည်သူလူထု အပေါ်တွင် အာဏာသုံးပြီး ခြိမ်း ခြောက် ခြင်း၊ PDF တပ်ဖွဲ့ဝင်များကိုလည်း စိန်ခေါ်ခြိမ်းခြောက်ထားသူ ဖြစ် ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Natogyi Regional Defense Force -NRDFနှင့်အတူ The Value Of Young Men တောင်သာ၊ မလှိုင်တော်လှန်ရေး အင်အားစု များ က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြိုပေါ်တွင် ဆိုင်ကယ်စီးလာသော လက် နက် ကိုင် ပျူစောထီးနှစ်ဦးကို PDFရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦး စလုံးသေဆုံးပြီး ကျည်ဘောက်နှင့် ကျည်ဆန်များ သိမ်းဆည်းရမိခဲ့ကြောင်း PDFသတင်းရင်းမြစ်ထံမှ သိရသည်။
အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို၊ ကျွဲဆွဲ အထက်တန်းကျောင်းအနီးသို ဆိုင်ကယ် တစ်ယောက်တစ်စီးဖြင့် ထွက်လာသော ပျူစောထီး ၂ ဦးကို ဒီဇင် ဘာလ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရွှေဘိုခရိုင်တပ်ရင်း(၂၅)နှင့် တန့် ဆည်မြို့နယ် (ပကဖ) ပူးပေါင်းအဖွဲက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တန့်ဆည်မြိုခံတစ်ဦးက "ပျူနှစ်ယောက်က ဆိုင်ကယ်တစ်ယောက်တစ်စီး နဲ့လာတာ ကျွဲဆွဲစာသင်ကျောင်းနားရောက်တော့ PDFတွေက စောင့်ပစ်တာ၊ တစ်ယောက်ပွဲချင်းပြီး သေတယ်၊ ဒဏ်ရာရတဲ့ကောင်က သေနတ်ယူပြီး နောက် ပြန်ပြေးတာ သေနတ်ကိုလည်း မြောင်းထဲ ပစ်ချတယ်လို ကြားတယ်၊ အဲ့ဒါ ကျည် ဘောက်နဲ့ ကျည်ဆန်တွေပဲ ကျကျန်ခဲ့တာ"ဟု ရန်ကုန်ခေတ်သစ် သတင်းဌာနသို ပြောဆိုသည်။
အဆိုပါ ပျူစောထီးများမှာ အင်္ကုက္ကားရွာတွင် နေထိုင်သော မျိုးထွန်းနှင့် ဉာဏ် သီးတို ဖြစ်ပြီး တစ်ဦးမှာ ပစ်ခတ်ခံရပြီးနောက် ပွဲချင်းပြီး သေဆုံး သွားခဲ့ကြောင်း၊ ကျန်တစ်ဦးမှာ ဒဏ်ရာဖြင့် ထွက်ပြေးရင်း တန့်ဆည်မြို့ ပိတောက်ဝါစတိုး ရှေ့တွင် လဲကျသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျူစောထီးများ ပါလာခဲ့သော ကာဘိုင်သေနတ်ကို ဒဏ်ရာဖြင့် ထွက်ပြေး သွားသော ပျူစောထီးက ယူဆောင်သွားသဖြင့် သေနတ်ကျည်ဘောက်နှင့် ကျည် ၁၂ တောင့်သာ သိမ်းဆည်းရမိခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း(၂၅)ထံမှ သိရသည်။
မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်စစ်ကြောင်းချီတက်
ရန်ကုန်၊ ဒီဇင်ဘာ ၂
မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ ၊ ဗကသရဲဘော်များ ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ(ဗလကသ)နှင့် ဒေသခံပြည်သူလူထုကပူးပေါင်းပါဝင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့ညတွင် "လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပာယ် တို့တော်လှန်မှရလိမ့်မယ်"၊ "ရန်သူက ညှိနှိုင်းလို့မရတဲ့ ရန်သူ ရန်သူနဲ့ညှိနှိုင်းတဲ့သူကလည်း ရန်သူပဲဖြစ်မှာပဲ" ၊ "ဒီမိုကရေစီကိုစျေးမဆစ်နဲ့ အကုန်ရရင်ရ မရရင် ဘာတခုမှမလိုချင်ဘူး" စသည့် စာသားပါဘန်နာများကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးညသပိတ်စစ်ကြောင်းဖြင့် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ညောင်ဦးမြို့နယ်၊ တက်မမှော်တွင် PDF ကွန်မန်ဒို ၄ ဦးက ဝင်ပစ်သဖြင့် စဉ့်ကူ နယ်မြေ ရဲစခန်းမှူး နှင့် ရဲတပ်သား ၄ ဦး သေဆုံး၊ သေနတ် ၃ လက် သိမ်း ဆည်း ရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေးတိုင်း၊ ညောင်းဦးမြို့နယ်၊ တက်မမှော်တွင် မတရားအခွန်ကောက်နေ သည့် စဉ့်ကူနယ်မြေရဲစခန်းမှူးနှင့် ရဲတပ်သား ၄ ဦးကို PDF ကွန်မန်ဒို ၄ ဦးက ဝင် ရောက် ပစ်ခတ်ရာ ရဲ ၅ ဦးသေဆုံးပြီး သေနတ် ၃ လက်ရရှိကြောင်း ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ဗိုလ်ရန်နောင်က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ညောင်ဦးမြို့နယ်၊တက်မရွာ ရေနံ မှော် နှင့် အလယ်မှော်တွင် မတရားအခွန် ကောက်ခံပြီး ဘီယာဆိုင်တွင် သောက် စား နေကြစဉ် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ကွန်မန်ဒို ရဲဘော်လေးယောက်ဖြစ်သော ရဲဘော်ဒီး၊ရဲဘော်ပုဂံကြီး၊ရဲဘော် ပုဂံလေး နှင့် ရဲဘော် King တို့က ဝင်ရောက် ပစ်ခတ်ကြောင်း၊ ညောင်ဦး မြို့နယ် စဉ့်ကူ ရဲစခန်း မှူး အပါအဝင် ရဲ ၅ ဦးသေဆုံးကြောင်း ၊ G 3 ၂ လက်နှင့် အူဇီ ၁ လက် သိမ်း ဆည်းရမိကြောင်း သိရှိရသည်။
"ပြည်သူကို မတရားအခွန်ကောက်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခြင်း မတရားဥပဒေများဖြင့် ပြည်သူကို ဖိနှိပ် နှိပ်စက်နေသော ညောင်ဦးမြို့နယ် စဥ့်ကူ ရဲစခန်းမှ စခန်းမှူးအပါအဝင် ရခ ငါးကောင်တို့အား တက်မမှော်အတွင်း ရှိ ဘီယာ ဆိုင်တစ်ခုတွင် ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ကွန်မန်ဒို ရဲဘော်ဒီး၊ ရဲဘော်ပုဂံကြီး၊ရဲဘော်ပုဂံလေး နှင့် ရဲဘော်King တို့က ဝင်ရောက် ရှင်းလင်းခဲ့ပါသည်။ ထိုတိုက်ပွဲမှ G3 နှစ်လက်နှင့်အူဇီတစ်လက် သိမ်း ဆည်းရရှိခဲ့ပါသည်" ဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ဗိုလ်ရန်နောင်က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ တပ်ခွဲ-၁ မှ သတင်း အချက်အလက် ထောက်လှမ်းပေးမှုနှင့်အတူ အချိန်တစ်လကျော်ကြာပြင် ဆင်ခဲ့ရကြောင်း၊ ပစ်ခတ်မှုတွင် ရဲဘော်တစ်ဦးပေါင်ကိုကျည်ထိမှန်ခဲ့ကြောင်း၊ စစ်ဆင်ရေးများအတွက် အကြွေးသိန်း ၂၀၀ နီးပါးရှိနေ သည့်အတွက် ပြည်သူ များ အနေဖြင့် ကူညီလှူဒါန်းကြရန်လည်း ပခုက္ကူမြို့ပြ ပြောက်ကျား တပ်ဖွဲ့(တပ်ဖွဲ့-၂)မှ ဗိုလ်ရန်နောင်က ပြောဆိုထားသည်။
"ပုဂံညောင်ဦးမြို့နယ်၊ တက်မရွာရေနံမှော် အလယ်မှော် ဆိုင်မှာ စဥ့်ကူရဲစခန်း မှူး အပါဝင် ရဲ ၅ ဦး ပစ်ခတ်မှုဖြစ်ပြီး သေါပတယ်။ စစ်ကားတွေ ၃ စီး အင် အားအပြည့် ရောက်လာပြီး သောင်းကျန်းနေတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကနီတွင် ကျေးလက် သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ကနီတွင် ကျေးလက် သူပုန်သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျေးရွာသပိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကနီမြို့နယ်အတွင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပြည်/ခွန် သပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂
မန္တလေးတွင် ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"မတရားတဲ့ရွေးကောက်ပွဲ လုံးဝအလိုမရှိ" စာတန်းကိုင်ဆောင်ကာ ချင်းတွင်းမြစ် သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ချင်းတွင်းမြစ် ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် "မတရားတဲ့ရွေးကောက်ပွဲ လုံးဝအလိုမရှိ" စာတန်း ကိုင်ဆောင်ကာ စစ်ကောင်စီ ပြုလုပ်မည့် အဓမ္မရွေးကောက်ပွဲကို အလိုမရှိကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။
Photos -AungKhantZaw
ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြတ်ချရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်လာ ၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်လာ ၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သပိတ်မှောက်ခဲ့ကြတဲ့ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတွေ၊ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ တိုင်းရင်းသားအခြေခံ- ပြီးမြောက်ထားသူတွေ၊ GED အောင်မြင်ထားသူတွေ၊ ၂၀၁၉-၂ ၀၂၀ ပညာသင်နှစ်မှာ ပထမနှစ်တက်ရောက်ဆဲဖြစ်တဲ့ နေ့သင်တန်း နဲ့ အဝေးသင် ကျောင်း သား၊ ကျောင်းသူတွေ အနေနဲ့ NUG အသိအမှတ်ပြု New Myanmar Education မှာ တက္ကသိုလ် ပညာရေးကို ဆက်လက်သင်ကြားဖို့ ကျောင်းအပ်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
- ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့- ကုန်းသာကျေးရွာ နဲ့ သေးဆူလဲ ကျေးရွာတွေအတွင်းက အကြမ်းဖက် စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နယ်မြေကို ကယား (ကရင်နီ) တော်လှန်ရေး တပ်ပေါင်းစု (KRU) ကနေ ပြန်လည်ထိန်းချုပ်လိုက်ပြီး ၊ နယ်မြေရှင်းခဲ့တယ်ဆိုပါတယ်။
- စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့ပေါ်က အ.ထ.က ကျောင်းဝန်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာလ ၁ ရက်နေ့က အမျိုးသမီးကွန်မန်ဒို အဖွဲ့ကနေ ပထမဆုံး - မစ်ရှင်အဖြစ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/v7aDASE9dpE
ရန်ကုန်က လေထုညစ်ညမ်းနေတာလား၊ မြူခိုးတွေဝေတာလား
ရန်ကုန်၊ ဒီဇင်ဘာ ၂
ရန်ကုန်မြို့တော်မှာရှိတဲ့ မြို့နယ်အများစုမှာ ဒီနေ့ ညနေပိုင်း မီးခိုးလိုလို မြူခိုး လိုလို နေရာတိုင်းမှာ ဖြစ်ပေါ်နေပါတယ်။
ကြုံတောင့်ကြုံခဲ ဒီလို အခြေအနေက ရန်ကုန်ရဲ့ လေထုညစ်ညစ်မှုလား၊ ရာသီ ဥတုကြောင့် မြူခိုးတွေ ဝေတာလား ဆိုတာ မြို့ခံတွေက မေးခွန်းထုတ် နေကြ ပါတယ်။
"ကြည့်မြင်တိုင် စမ်းချောင်း နဲ့ကမာရွတ် ဆင်မလိုက်အဝေးပြေးဝန်းကျင်မှာ မီး ခိုး လိုလိုမြူလိုလိုအငွေ့ တွေနဲ့ မှိုင်းဝေနေတာပဲ။ ခြင်ဆေးဖျန်းထားသလို မီး လောင်နေသလိုကြီးပဲ" လို့ ရန်ကုန်မြို့ခံတစ်ဦးက ဆိုပါတယ်။
ဓာတ်ပုံ- ယနေ့ ညနေပိုင်း ရန်ကုန်မြို့မှ မီးခိုးများ ဝေနေသည့် ညနေခင်း။
Photo-CJ
ထီးချိုင့်မြို့နယ်ရှိ လေသာရွာကို အကြမ်းဖက် စစ်တပ် ၂ ရက်ဆက်တိုက် မီးရှို့မှု နေအိမ် ၂၀၀ ကျော်ပြာကျ
ရန်ကုန်၊ ဒီဇင်ဘာ ၂
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ လေသာရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀၀ ကျော်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က လေသာရွာကို ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၀၀ ကျော် မီးလောင်ပြာကျ ခဲ့ကြောင်းသိရသည်။
လေသာရွာသည် နေအိမ် ၃၀၀ ခန့်ရှိသောကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၂၀၀ ကျော်ပြာကျကာ ထွန်စက်များ၊ စပါးများနှင့် အသုံးအဆောင် ပစ္စည်း အများအပြား မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။
စစ်တပ်တပ်စွဲခဲ့သော ဒီးမော့ဆိုကုန်းသာ ကျေးရွာကို ကရင်နီတပ်များက ပြန် လည်ထိန်းချုပ် နယ်မြေရှင်းလင်းရာတွင် ပြည်သူ့ဆိုင်ကယ်များကို ဖျက်ဆီး ရေတွင်းထဲချခဲ့ခြင်း၊ အိမ်များကို ဖောက်ထွင်းမှုများ စစ်တပ်က လုပ်ဆောင်ခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၂
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့ ကုန်းသာကျေးရွာနှင့် သေးဆူလဲ ကျေးရွာများ အတွင်း စစ်တပ် ထိန်းချုပ်ထား သော နယ်မြေကို ကယား (ကရင်နီ) တော်လှန် ရေး တပ်ပေါင်းစု (KRU) က ပြန်လည်ထိန်းချုပ်ပြီး နယ်မြေရှင်းလာရာတွင် ဆိုင်ကယ်များကို ရေတွင်းထဲချခဲ့ခြင်း၊ အိမ်များကို ဖောက်ထွင်းမှုများ မြင်ရ ကြောင်း KRU မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
KRU အနေဖြင့် ဒီးမော့ဆိုမြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန် လည် ရှင်းလင်းစဉ် စစ်ကောင်စီတပ်များ၏ ရိက္ခာ ၊ စွပ်ဗုံး၊ကျည်ဆံ နှင့် အသုံး အဆောင်ပစ္စည်းများကိုလည်း သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေကို မိုင်းရှင်း လင်းရေး များ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
"အိမ်တွေကို ဖောက်ထွင်းထားတယ်။ ဆိုင်ကယ်တွေကို ဖျက်ဆီးပြီး ရေတွင်းထဲ ပစ်ချထားတယ်။ သူတို့အသုံး အဆောင် ပစ္စည်းတွေ သိမ်းထားပါတယ်။ အခုက တော့ နယ်မြေရှင်းလင်းရေး လုပ်ထားပြီးပါပြီ" ဟု KRU မှ သတင်းနှင့်ပြန် ကြား ရေး တာဝန်ရှိသူက ပြောသည်။
အလားတူ သေးဆူလဲ ကျေးရွာအတွင်းတပ်စွဲထားသော အကြမ်းဖက် စစ် ကောင် စီ ဝင်များနှင့် KNDF, KA, KGZ, PDF တို့ပူးပေါင်း တပ်ဖွဲ့ ထိတွေ့ တိုက် ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ နယ်မြေများကို ပြန်လည် ထိန်းချုပ် နိုင်ခဲ့ ကြောင်း သိရှိရသည်။
ကရင်နီတပ်များက နယ်မြေများကို ပြန်လည် ထိန်းချုပ်လိုက်သဖြင့် အကြမ်း ဖက် စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲများ ပြန်ဖြစ်နိုင်ပြီး ပိုမိုပြင်းထန်လာနိုင်သောကြောင့် လက်နက် ၊ ကျည်ဆံ များ ပိုမိုလှူဒါန်း ပေး ကြပါရန်လည်း ပြည်သူများကို ကယား (ကရင်နီ)တော်လှန်ရေး တပ်ပေါင်း စု(KRU)က မေတ္တာရပ်ခံသည်။
စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၂
အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ဒီဇင်ဘာလ ၂ ရက် ယနေ့တွင် ၆၃၁ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ၊ လူငယ် ၃ ဦး အပါအဝင် ကျောင်းသား လူ ငယ် ၁၀ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် သေဒဏ်အမိန့်များ စစ်တပ်က ချမှတ်ထားမှု အတည်ပြုနိုင်
ရန်ကုန်၊ ဒီဇင်ဘာ ၂
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ၊ လူငယ် ၃ ဦးကို စုစုပေါင်း ကျောင်းသား လူငယ် ၁၀ ဦးကို နိုဝင် ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီ၏ စစ်ခုံရုံးက သေဒဏ်အမိန့်များ တစ်ပြိုင် နက် တည်း ချမှတ်ထားမှုကို ရန်ကုန် ခေတ်သစ်၏ သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုကြသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့ သေဒဏ်ချမှတ်ခံရသော ကျောင်း သား လူငယ် ၁၇ ဦးအနက် ၁၀ ဦးကို နာမည်နှင့်တကွ ဖော်ထုတ်နိုင် ပြီဖြစ်ပြီး ကျန် ၇ ဦး၏ အမည်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင် မောင်၊ မောင်ဇော်လင်း နိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင် သက် ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့တွင်ပါဝင် သည် ဆိုသော စွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံ တောင် တွင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး ခဲ့မှုတွင် ပါဝင် ပတ်သက်သည်ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တရားရုံးက သေဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယခုနှစ် မေလ ၂၄ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်းကို ပစ်ခတ်သတ်ဖြတ်သည်ဟုဆိုကာ မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံ၊ မောင်သူ ထူးအောင်တို့ကို မြောက်ဒဂုံမြို့ နယ်စစ်ခုံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ်များ ချမှတ် လိုက်ကြောင်း သိရှိရသည်။
"မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံနဲ့ မောင်သူထူးအောင်တို့က ဒီနှစ် ဇွန်လ ၁၀ ရက်နေ့ တာမွေမြို့နယ်မှာဖမ်းဆီးခံရတာပါ။ အဲဒါ မြောက်ဒဂုံ-အမှု ၃၀၂/၃၄ နဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခံရတယ်။အယူခံ ဝင်ဖို့ ရှိပါတယ်။ လှိုင်သာယာမှာလည်း အမှုရှိနေသေးတယ်" ဟု မိတ်ဆွေတစ်ဦးက ပြောသည်။
"သေဒဏ်ချပြီးလို့ စစ်ခုံရုံးက ပြန်လာချိန် အချုပ်ကားပေါ်မှာ ရဲတွေက သေဒဏ် ကျ ကျောင်း သား တွေကို နှိပ်စက်တယ်။ ရဲနာမည်က ဒုရဲအုပ် ဟိန်းဇော်ဇော် ဆိုသူက မတရား ရိုက်နှိက်တာလို့ ပြောတယ်" ဟု အကျဉ်းသား များကို ကူညီ ပေးနေသူတစ်ဦးက ဆိုသည်။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ၊ လူငယ် ၁၀ ဦး အပါအဝင် ကျောင်းသား လူ ငယ် ၁၇ ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် သေဒဏ်အမိန့်များ တစ်ပြိုင်နက်တည်း စစ်တပ်က ချမှတ်ခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၂
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး ၊ လူငယ် ၁၀ ဦးကို စုစုပေါင်း ကျောင်းသား လူငယ် ၁၇ ဦးကို နိုဝင် ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် စစ်ကောင်စီ၏ စစ်ခုံရုံးက သေဒဏ်အမိန့်များ တစ်ပြိုင် နက် တည်း ချမှတ်လိုက်ကြောင်း ရန်ကုန် ခေတ်သစ်၏ သတင်းရင်းမြစ်များက အတည်ပြု ပြော ဆိုသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့ သေဒဏ်ချမှတ်ခံရသော ကျောင်း သား လူငယ် ၁၇ ဦးအနက် ၁၁ ဦးကို နာမည်နှင့်တကွ ဖော်ထုတ်နိုင် ပြီဖြစ်ပြီး ကျန် ၆ ဦး၏ အမည်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်သည့် မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင် မောင်၊ မောင်ဇော်လင်း နိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင် သက် ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့တွင်ပါဝင် သည် ဆိုသော စွပ်စွဲမှု ၊ ယခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံတောင် တွင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး ခဲ့မှုတွင် ပါဝင် ပတ်သက်သည်ဆိုသော စွပ်စွဲမှုများဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်တရားရုံးက သေဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ယခုနှစ် မေလ ၂၄ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင်သန်းကို ပစ်ခတ်သတ်ဖြတ်သည်ဟုဆိုကာ မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံ၊ မောင်သူ ထူးအောင်တို့ကို မြောက်ဒဂုံမြို့ နယ်စစ်ခုံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ်များ ချမှတ် လိုက်ကြောင်း သိရှိရသည်။
"မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံနဲ့ မောင်သူထူးအောင်တို့က ဒီနှစ် ဇွန်လ ၁၀ ရက်နေ့ တာမွေမြို့နယ်မှာဖမ်းဆီးခံရတာပါ။ အဲဒါ မြောက်ဒဂုံ-အမှု ၃၀၂/၃၄ နဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခံရတယ်။အယူခံဝင်ဖို့ရှိပါတယ်။ လှိုင်သာယာမှာလည်း အမှုရှိနေသေးတယ်" ဟု မိတ်ဆွေတစ်ဦးက ပြောသည်။
ထို့ပြင် ကျောင်းသား မောင်ဇင်လင်းအောင်(ခ) ဆံရှည်ကိုလည်း စစ်ခုံရုံးဖြင့် နိုဝင်ဘာလ ၃၀ ရက် နေ့တွင် သေဒဏ်ချမှတ်လိုက်ကြောင်း၊ မောင်ဇင်လင်း အောင် (ခ)ဆံရှည်သည် ၂၀၂၁ ခုနှစ် ဇွန်လ ကတည်းက ဖမ်းဆီးခံ ထားရသူဖြစ်ကြောင်း သိရှိရသည်။
"သေဒဏ်ချပြီးလို့ စစ်ခုံရုံးက ပြန်လာချိန် အချုပ်ကားပေါ်မှာ ရဲတွေက သေဒဏ် ကျ ကျောင်း သား တွေကို နှိပ်စက်တယ်။ ရဲနာမည်က ဒုရဲအုပ် ဟိန်းဇော်ဇော် ဆိုသူက မတရား ရိုက်နှိက်တာလို့ ပြောတယ်" ဟု အကျဉ်းသား များကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။
ဓာတ်ပုံ- စစ်တပ်က မတရားသေဒဏ်ချမှတ်ထားသော မောင်ဇင်လင်းအောင် (ခ) ဆံရှည်။