ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ယင်းမာပင် မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မုံရွာမြို့ပေါ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃
မုံရွာမြို့ပေါ်တွင် တော်လှန် လူငယ်များ ကွန်ယက်မှ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့၌ တော်လှန်ရေးတွင် ပြည်သူလူထုသွေး မအေးရန် အတွက် မုံရွာမြို့လမ်းမကြီး တစ်နေရာတွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဂန့်ဂေါတွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံး၊ မြိတ်နှင့်ရွှေဘိုတွင် စစ်ကောင်စီ ယာဥ်တန်းများ မိုင်းဆွဲခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၃
မကွေးတိုင်း၊ ဂန့်ဂေါမြို့ပေါ်မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၉ ဦးသေဆုံး ခဲ့ကြောင်း PDF-GANGAW-တောင်ပိုင်း အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပျားရွာနှင့် အောင်မြင်ရွာ တံတားသို့ အရောက် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ရတွင် တိုက်ခိုက်ခံရကြောင်းနှင့် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် မင်းရွာသို့ ဝင်ရန်ပြင်လာစဉ် မင်းရွာမြစ်ကူးတံတားအနီး၌ ပဒေသာမိုင်း ၄ လုံးဖြင့်ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း PDF-GANGAW-တောင်ပိုင်း အဖွဲ့ထံမှ သိရသည်။
" ၃၀ ရက်နေ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုကို မသိရသေးပါဘူးဗျ။ ခု ခလရ ၅၀ စစ်ကြောင်းက မင်းရွာရဲစခန်းကနေ ဒီမနက် ၈ နာရီ ၅၀ မိနစ်လောက်က ပြန်ထွက်သွားတယ်ဗျ။ ဂန့်ဂေါကို ပြန်ထွက်တယ်လို့ ယူဆရတယ်ဗျ။ ၃၀ ရက်နေ့ ထွက်ထွက်လာတုန်းက ပျားရွာနဲ့ အောင်မြင်ရွာကို ဝင်သွားသေးတယ်။ အောင်မြင်ရွာမှာ အနည်းငယ်တော့ မွှေသွားသေးတယ်ဗျ” ဟု PDF ဂန့်ဂေါမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
နိုဝင်ဘာ ၃၀ ရက်နေ့ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင်တပ်ရင်း(၇)နှင့် တပ်ရင်း(၁၁)မှရဲဘော်များမှ စလစ်ပြောင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုများနိုင်သည်ဟုခန့်မှန်းရပြီး အသေးစိတ်မသိရသေးကြောင်းနှင့် တိုက်ခိုက်မှုများအတွင်း PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ရွှေဘိုမြို့နယ် အုန်းပေါက်ရွာ အနောက်ဘက်တွင် ရွှေဘိုမြို့ လကရ (၈)မှ ပျူစောထီးသင်တန်းသားများ လိုက်ပါလာသည့် မိုးကာအုပ် ၁၂ ဘီးကားကို ဒီဇင်ဘာ ၂ ရက်နေ့၌ ပဒေသာမိုင်း ၁၀ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Burma Rangers(Shwe Bo) တပ်ဖွဲ့ထံမှ သိရသည်။
"ထိခိုက် သေဆုံးမှု စုံစမ်းဆဲပါ။ ချက်ချင်းအလောင်းဖျောက်တယ်ကြားတယ်။ တော်လှန်ရေးရဲဘော်တွေ ဘေးကင်းပါတယ်။ လက်နက်မတပ်ဆင်သေးခင် ကြားဖြတ်ပြီး မိုင်းဆွဲတာပါ။ သူတို့ဘက်က ပစ်ခတ်မှု မရှိပါဘူး" ဟု Burma Rangers(Shwe Bo) က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
မိုင်းဆွဲခံရပြီး ကားမှာ နေရာတွင် ၅ မိနစ်ခန့် ထိုးရပ်သွားပြီး လူလဲကာ ဆက်လက် မောင်းနှင်သွားကြောင်း အထိအခိုက်အကျအဆုံးများနိုင်ကာ ထိခိုက်ကျဆုံးမှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် မြိတ်ခရိုင် တနင်္သာရီမြို့နယ် ထုံခါကျေးရွာ သင်္ချိုင်းအနီးတွင်လည်း ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်း ၅ စီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက် သေဆုံးမှုများ ရှိခဲ့ကြောင်း KNLA – TCSJF တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီယာဉ်တန်းသည် အင်အား ၁၀၀ ကျော်ခန့်ပါပြီး ၂၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ စစ်ကောင်စီယာဉ်တန်း ၅ စီးအနက် ၃ စီးကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျန် နှစ်စီးမှာ နောက်ပြန်လှည့်ပြေးသွားခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ပြီး တော်လှန်ရေးရဲဘော်များအနေနှင့် ထိခိုက်မှု မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
Photo - PDF-GANGAW-တောင်ပိုင်း တပ်ဖွဲ့ဝင်များ
ဒီပဲယင်း၊ ညောင်လှရွာကို စစ်တပ်က မီးတင်ရှို့နေပြီး လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။
ဒီဇင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်း အရှေ့ခြမ်းရှိ ညောင်လှရွာကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေကြောင်း သိရသည်။
" ရွာထဲကနေ မီးခိုးတွေ ထွက်နေတာတော့ တွေ့ရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေကိုတော့ အခုထိ မသိရသေးဘူး။ ၂ နေရာခွဲပြီး ရှို့နေတာနေတာ ပြည်သူတွေကတော့ ရွာလုံးကျွတ်ကို ပြေးနေရတာ" ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ထို့ပြင် ဒီပဲယင်း အရှေ့ခြမ်းသို့ ဝင်ရောက်လာသော အင်အား ၇၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်းအရှေ့ခြမ်း ညောက်လှ၊ ဝဲကြီး၊ ကုန်းကြီး ကျေးရွာတစ်ဝိုက်ရှိနေကြောင်း၊ ရေဦးမြို့မှ အင်အားတိုးထားသော အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းသည် ရွာသာလေး၊ မူးသာကုန်းရွာ တစ်ဝိုက်မှ တောက်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
မြဝတီ ဘလက်ဒိုရွာမှ စခန်းချနေသည့် စစ်တပ် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ဗိုလ်မှူး ဇော်မျိုးအောင် ထိခိုက် ဒဏ်ရာရ
======================================
မြဝတီ-ဝေါလေ လမ်းပိုင်းရှိ ဘလက်ဒိုရွာ အနီး စခန်းချ နေစဥ် ကိုဘရာစစ်ကြောင်း ဦးဆောင်သည့် KNDO တပ်ရင်း(၈)၊ ရောင်နီ ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့က ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ခမရ ၁၀၂ မှ တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖားကန့်၊ မိတ္ထီလာ၊ လောပိတနှင့် ကျိုက်ထိုတို့တွင်လည်း ဗိုလ်ကြီး အဆင့်ရှိသူ ၄ ဦးသေဆုံး
======================================
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီစာ ကျေးရွာရှိ SKY KTV လက်ပစ်ဗုံး ပစ်တိုက်ခိုက်ခံရပြီး စစ်ကိုင်း အခြေစိုက် တပ်မ (၃၃) ၊ နည်းဗျူဟာ (၃၃၁) လက်အောက်ခံ မန္တလေး - အုန်းချော အခြေစိုက် ခြေလျင် တပ်ရင်း (၇၆)မှ ဗိုလ်ကြီး ဝင်းလှိုင်းမိုး သေဆုံးခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် ကျီတော်ကုန်း နယ်မြေ (၂) မိတ္တဗလ ရပ်ကွက်တွင်နေထိုင်၌ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဗိုလ်ကြီး ရှိုင်းသူအောင် သေဆုံးခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ် လောပိတမြို့၌ အကြမ်းဖက် စစ်တပ် ခြေကုပ်စခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့က အရပ်ဝတ်ဖြင့် ရိက္ခာလာပို့သည့် စစ်သားများကို KNDF B-10 က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ တောင်ကလေး ရဲစခန်းကို KNLA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၁ ရက်နေ့တွင်တိုက်ခိုက်ခဲ့ပြီး တပ်မ ၂၂ လက်အောက်ခံ၊ ကျိုက်ထို မြို့နယ် အခြေစိုက် ခမရ (၂၀၈) တပ်ရင်းမှ ဗိုလ်ကြီး ဟိန်းစိုးထွန်းသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး ၊ ဒုဗိုလ်မှူးကြီးနှင့်ဗိုလ်မှူး ၁၀ ဦး၊ ဗိုလ်ကြီး ၄ ဦးနှင့် ရဲစခန်းမှူး ၂ ဦးတို့ သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃
မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး ၁၀ ဦး၊ ဗိုလ်ကြီး ၄ ဦးနှင့် ရဲစခန်းမှူး ၂ ဦးတို့ကို ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ထီးလင်း တိုက်ပွဲတွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး
=========================================
မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တပ်မ ၅၅ လက်အောက်ခံ ဂန့်ဂေါမြို့နယ် အခြေစိုက် တပ်ရင်း ခလရ ၅၀ မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဦးဆောင်သည့် စစ်ကြောင်းကို ထီးလင်း မြို့နယ် အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ ပါးမျဉ်းရွာတွင် ဗျူဟာမှူး သခင် ဇော် ဦးဆောင်သည့် YDF ထီးလင်း အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး ခါးကျည်ထိမှန်ကာ ထီးလင်းမြို့ ပြန်အရောက်တွင်သေဆုံးခဲ့ပြီး ရွှေထီးခန်းမဘေးတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။
သထုံတွင် ဗိုလ်မှူး ချစ်ဝင်းသူ ပစ်ခတ်ခံရပြီး သေဆုံး
==============================================
မွန်ပြည်နယ်၊ သထုံမြို့တွင် ဗိုလ်မှူး ချစ်ဝင်းသူ မောင်းနှင်လာသောကားကို သထုံ ပကဖ အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ချစ်ဝင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သထုံမြို့ အခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး ချစ်ဝင်းသူ ဦးဆောင်သော အကြမ်းဖက် စစ်တပ်က ဝင်းစိန်ရွာမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမြင့်သိန်းကို အိမ်စီးကားဖြင့် ဖမ်းဆီး ခေါ်ဆောင်လာစဥ် သထုံ ပကဖ အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရှိရသည်။
ဗိုလ်မှူး ချစ်ဝင်းသူသည် ဇွန်လအတွင်းက သထုံမြို့နယ် ထုံးဘိုလေးရွာကို စစ်တပ်က မီးရှို့ရာ၌ ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
စဥ့်ကူးတွင် တိုက်ပွဲဖြစ်ပွားပြီး ဗိုလ်မှူး ဇော်ထက်အောင် သေဆုံး
==============================================
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ဇော်ထက်အောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စဥ့်ကူးမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးရှိ အင်းဇော်ကြီးရွာ၌ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ အခြေစိုက် တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက ၁၃ မှ ဗိုလ်မှူး ဇော်ထက်အောင် ဦးဆောင်သော အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဗိုလ်လင်းယုန် တပ်ဖွဲ့တို့ အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ဇော်ထက်အောင်သည် ဆီးခုံကျည် ၂ ချက် ဖောက်ဝင် ဒဏ်ရာဖြင့် ကျောက်ကြီး (ပြင်ဦးလွင်) ဆေးရုံ၌ ကုသခံယူရင်းနေစဥ် သေဆုံးသွားကြောင်း သိရသည်။
ရွှေကျင်မြို့နယ်ရှိ စစ်တပ် တပ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ၁ ဦးသေဆုံး
==============================================
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စခန်း ၃ ခုကို KNLA၊ PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘောကထစခန်း၊ တုံးတံတားစခန်းနှင့် သံဆိပ်စခန်းတို့ကို KNLA တပ်ရင်း(၉)နှင့် PDF တပ်ရင်း (၃၇၀၂) တို့ ပူးတွဲ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှုတွင် ရဲအုပ်လှကျော်ဦး သေဆုံး
==============================================
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းကို KNLA၊ PDF တပ်ပေါင်းစု ဝင်ရောက် တိုက်ခိုက်မှု ရဲအုပ်လှကျော်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းကို KNLA၊ PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲအုပ် လှကျော်ဦး အပါအဝင် ရဲတပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
မော်လမြိုင်-ဘီးလင်း လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု ဗျူဟာမှူး ၁ ဦးသေဆုံး
==============================================
မော်လမြိုင်-ဘီလင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLA တပ်ပေါင်းစုက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဗျူဟာမှူး ၁ ဦးအပါအဝင် ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မန္တလေး၊ တောင်သာမြို့နယ်မှာရှိတဲ့ စစ်ကောင်စီခန့် အောင်သာကျေးရွာ အုပ်ချုပ်ရေးမှူး - သိန်းစိုး ဆိုသူကို နိုဝင်ဘာလ ၃၀ ရက်နေ့က PDF ပြောက်ကျား တပ်ဖွဲ့တွေကနေ ပစ်ခတ်ရှင်းလင်းရာမှာ သေသွားတယ်လို့ Natogyi Regional Defense Force-NRDF အဖွဲ့ဆီကနေ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို ၊ ကျွဲဆွဲ အထက်တန်းကျောင်းအနီးကို ဆိုင်ကယ်စီးပြီး ထွက်လာတဲ့ လက်နက်ကိုင် ပျူစောထီး ၂ ဦးကို ဒီဇင်ဘာလ ၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေး PDF ရဲဘော် တွေကနေ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျူစောထီး ၂ ဦး စလုံးသေသွားတဲ့အပြင်၊ သူတို့ဆီက ကျည်ဘောက် နဲ့ ကျည်ဆန် တချို့ကိုပါ သိမ်းဆည်းရမိခဲ့တယ်လို့ PDFသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ထိန်ပန်း - ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၅ ဦးကို နိုဝင်ဘာလ ၂၈ ရက်နေ့က PDF တပ်ပေါင်းစုတွေကနေ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက် တာအပြင် ၊ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်မှုပါပြုလုပ်ခဲ့တဲ့အတွက် ၁ နာရီကျော်ကြား ၂ ဖက်အပြန် အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MDY-PDF တပ်ဖွဲ့ဆီကနေ သိရပါတယ်။
- စစ်ကိုင်းတိုင်း ၊ ရွှေဘို-ဒီပဲယင်း-ရေဦး အစပ်မှာရှိတဲ့ ကျေးရွာတွေကို ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်း က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကျေးရွာ ၁၀ ရွာကျော် က ပြည်သူအယောက် ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/1Cx26NcSLYE
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
လောင်းလုံးတွင် "သွေးငွေဖြတ်" စတေကာများ ကပ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၃
လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးလူငယ်များ ပူးပေါင်း၍ လမ်းဆုံ/လမ်းခွတို့တွင် "သွေးငွေဖြတ်" စတေကာများကို ဒီဇင်ဘာလ ၂ရက်နေ့တွင် လိုက်ကပ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။
Khit Thit သတင်းဌာန၏ဒီဇင်ဘာ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်လာ ၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ဦးဆောင်တဲ့ ရုရှားစီးပွားရေးသမားတွေ အပါအဝင် အဖွဲ့ဝင် ၈၀ ဦးကျော်ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က နေ့လယ်ပိုင်းမှာ နေပြည်တော်ကို အထူးလေယာဉ်နဲ့ ရောက်ရှိမှာဖြစ်တယ်လို့ နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်က သိရပါတယ်။
- မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တကြီးကျေးရွာနဲ့ နယ်သတ်ကျေးရွာကြား ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင်ကား မိုင်းဆွဲတိုက်ခိုက်ခံရလို့ ကားစက်ပြင်နေချိန်မှာ ဒရုန်းနဲ့ အီနာဂါဗုံး ၅၈ လုံးနဲ့ ထပ်မံကျဲချတိုက်ခိုက် ခဲ့ကြတယ်လို့ မြိုင် ပကဖ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ အိမ်စီးကား ၁ စီးကို ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။
https://youtu.be/juU49DCIxCc
ဓာတ်ပုံ- PDF များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည့် ဒုရဲမှူး ထွန်းထွန်းဇော်နှင့် ရဲ ၃ ဦး။
Читать полностью…ရွှေဘို-ဒီပဲယင်း-ရေဦး မြို့နယ်အစပ် ကျေးရွာများကို စစ်တပ်က ထိုးစစ်ဆင်နေမှု ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်း ရွှေဘို-ဒီပဲယင်း-ရေဦး အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ် သစ် သို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် ဒီပဲယင်းမြို့မှ ထွက်လာသော အင်အား ၇၀ ဝန်းကျင်ပါ စစ်တပ် စစ်ကြောင်းသည် ရေဦး-ဒီပဲယင်း နယ်စပ်ရှိ ဆည်ကြီးကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် ရေဦး တောင်ဘက်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ထို့ပြင် ဒီပဲယင်း -ရွှေဘိုနယ်စပ်ရှိ ဆင်အင်းရွာ၊ မအူပင်၊ အင်ကြင်းပင်၊ သဘွတ်တောကျေးရွာများကို မီးရှို့ဖျက်ဆီးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီပဲယင်း-ရွှေဘိုနယ်စပ်ရှိ ထညှင်း ကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာသောကြောင့် အနီးအနားကျေးရွာမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ရွှေဘို-ဒီပဲယင်း-ရေဦး မြို့နယ်အစပ်ရှိ သရက်တော၊ ညောင်လှ၊ ကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ၊ နများ၊ ဆင်အင်းရွာ၊ မအူပင်၊ အင်ကြင်းပင်၊ သဘွတ်တော စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
"ကျေးရွာ ၁၁ ရွာက ပြည်သူ ၅၀၀၀ ကျော်က စစ်တပ် စစ်ကြောင်းရဲ့ အန္တရာယ်စိုးရိမ်လို့ ဘေးလွတ်ရာ ကို ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ အဓိကကတော့ အခု စစ်တပ် စစ်ကြောင်းတွေ ဝင်နေတဲ့ နီးစပ်ရာ ကျေးရွာများတွေက စစ်ဘေးရှောင်နေရတာ ၅၀၀၀ ဆိုတာ ခန့်မှန်း စာရင်းပါပဲ။ အဲဒီထက် လည်း ပိုများနိုင်တယ်။ အခုပြေးနေရတဲ့ ပြည်သူတွေက ရွှေဘို-ဒီပဲယင်း-ရေဦး အစပ် ရွာတွေက ပြည်သူတွေပါ"ဟု ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော ဆိုသည်။
ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးဆောင်သော စီးပွားရေးသမား ၈၀ ကျော်ပါ အဖွဲ့ နေ ပြည်တော် သို့ ရောက်ရှိမည်၊ ရုရှားကြည်းတပ်ဗိုလ်ချုပ် မြန်မာပြည်မှ ပြန်အပြီး ရက်မခြားဘဲ ရုရှားစီးပွားရေးအဖွဲ့ လာရောက်
ရန်ကုန်၊ ဒီဇင်ဘာ ၃
ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ဦးဆောင်သော ရုရှား စီးပွား ရေး သမား များအပါ အဝင် အဖွဲ့ဝင် ၈၀ ဦးကျော်ပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နေ့လယ် ပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ် ဖြင့် ရောက်ရှိမည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက် သတင်းရပ်ကွက်ထံမှ သိရှိရသည်။
ရရှားစစ်တပ်၏ ဒုတိယ ကြည်းတပ်ဦးစီးချုပ် Colonel – General Kim Alexey Rostislavovich နှင့်အဖွဲ့သည် ဒီဇင် ဘာလ ၂ ရက်နေ့ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီးနောက် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နှင့် အဖွဲ့ဝင် ၈၀ ကျော် ပါဝင်သော စီးပွားရေးအဖွဲ့ နေပြည်တော်သို့ ရောက်ရှိလာ ခြင်းဖြစ်သည်။
ရှရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxin Reshetnikov ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့သည် ရုရှားအစိုးရပိုင် Ilyushin အထူးလေယာဥ်ဖြင့် ဒီဇင်ဘာ ၃ ရက်နေ့ နေ့လယ်ပိုင်းတွင် နေ ပြည် တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့ ညပိုင်းတွင် ပြန်လည်ထွက်ခွာ မည်ဖြစ် ကြောင်း သိရှိရသည်။
ရုရှားစီးပွားရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံတွင် ရုရှားက ရင်းနှီးမြှုပ်နှံရေးအတွက် ဆွေးနွေး မ ည်ဖြစ်ပြီး ရုရှား အစိုးရပိုင် Rosatom အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းမှ ကိုယ်စားလှယ် တချို့ ပါဝင်လာကြောင်း၊ မြန်မာနိုင်ငံ အဏုမြူစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး အသေး စိတ် ထပ်မံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံဆောက်ရေး ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း Rosatom နှင့်စစ်ကောင်စီတိုကြား နိုဝင်ဘာလ ၂၂ ရက် က သဘောတူ လက် မှတ်ထိုးခဲ့ကြခြင်းဖြစ်သည်။
ဓာတ်ပုံ- ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ။
ပြည်ခွန် သပိတ် အင်အားစု အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃
ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇဘာလ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရေတာရှည်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးနှင့် ပျူစောထီး ၁ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဘေးရှိ ညောင်ပင်သာကွေ့၌ ညကင်းစောင့်ရန် လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၇ နာရီကျော်တွင် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကို တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ ( ဒေါင်းမင်းသားမြို့ပြUGအဖွဲ့) က နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးနှင့် ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်းနှင့် ထိခိုက်ဒဏ်ရာ ရသူများရှိကြောင်း Bago Region PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"မိုင်းခွဲပြီးတဲ့နောက်မှာ သူတို့ဘက်က ပြန်ပြီး ပစ်ခတ်တာတော့မရှိဘူး။ ဒါပေမဲ့ လုံခြုံရေးတွေတော့ အဲ့နေရာမှာ တိုးချထားတယ်" ဟု ပဲခူးတိုင်း ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
အဆိုပါ နန်းထိုက်အောင်စစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှု နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၃
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို "တိုင်းပြည်နဲ့ လူမျိုးအပေါ် ရက်စက်ယုတ်မာနေတဲ့ စစ်မိစ္ဆာအဖွဲ့အစည်းတွေရှိနေသမျှ ငါတို့ဟာ ပုန်ကန်နွယ်အဖြစ်ရှိနေဦးမှာပါ။" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး ကား ၁ စီး သိမ်းဆည်းရမိ
ရန်ကုန်၊ ဒီဇင်ဘာ ၃
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကြောင်း Brave Heart Army(BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ချောင်းဦးရဲစခန်းမှ စစ်ကောင်စီ တပ်သား ၅ ဦး လိုက်ပါလာ NOAH အမျိုးအစား အိမ်စီးကားသည် မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားပြီးနောက် မအူဂိတ်(စစ်တပ်ဂိတ်) မှ အပြန်ကို စောင့်ဆိုင်း၍ မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ ရွှေတောင် ဆီဆိုင်အနီးတွင် ပဒေသာမိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးပွဲချင်းပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်သေဆုံးသွားသော စစ်ကောင်စီ တပ်သားများကို မအူဂိတ် (စစ်တပ်ဂိတ်) အတွင်းမှ စစ်သား ၂ ဦးက NOAH ကား ၁ စီးဖြင့် သွားရောက် ခေါ်ဆောင်ပြီး ချောင်းဦးဘက်သို့ ထွက်ခွာလာစဥ် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မုံရွာ-ချောင်းဦး လမ်းပိုင်းရှိ ဘက်စုံစိုက်ပျိုးရေးခြံ အနီး၌ ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
" ပထမအကြိမ် မိုင်းဆွဲခဲ့တုန်းက စစ်ခွေးကားကို ကျွန်တော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ ကားကတော့ မောင်းမရအောင် ပျက်စီးသွားတယ်။ ခွေး ၂ ကောင်သေသွားတယ်။ ဒုတိယ အကြိမ် မိုင်းဆွဲတာကတော့ ခွေး ၁ ကောင်သေတယ်" ဟု Brave Heart Army(BHA) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army(BHA)နှင့် Special 7 Attack Force(MSAF)တို့က ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က တပ်စွဲခဲ့တဲ့ ကုန်းသာ၊ သေး ဆူ လဲ၊ပူဖား နဲ့ ဒေါကမီး - ကျေးရွာတွေမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က တော်လှန်ရေးအဖွဲ့တွေကနေ ပူးပေါင်းပြီး ၊ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တယ်ဆိုပါတယ်။
-မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ၊ ထုံခါကျေးရွာ သင်္ချိုင်းအနီးမှာ ဒီဇင်ဘာ ၂ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း ၅ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခံရာမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုတွေရှိခဲ့တယ်လို့ KNLA – TC-S-JF တပ်ဖွဲ့ကနေ သတင်းထုတ်ပြန်ထားပါတယ်။
- အာဏာလု စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး ညှဥ်းပန်းတာကို ခံခဲ့ရပြီး မကြာခင်က ပြန် လွတ်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေး စီးပွားရေး ပညာရှင် ရှောင်တာနယ်နဲ့ ဇနီးတို့ဟာ ဆစ်ဒနီမှာ ဒီကနေ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြုလုပ်နေတဲ့ ချင်းပြည်နယ်အတွက် တော်လှန် ရေး ရန်ပုံငွေ ဈေးရောင်းပွဲကို လာရောက် အားပေးခဲ့ကြတယ်သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/IEkx3JySn3M
တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ကင်ဒဲဂျုန် နိုဘယ်ဆု ရရှိခဲ့သည့် ၂၂ နှစ်ပြည့် အခမ်းအနားသို့ ဒယ်ဂူး ဆရာတော် တက်ရောက်ပြီး နွေဦးတော်လှန်ရေး အကြောင်း ဟောပြော
ရန်ကုန်၊ ဒီဇင်ဘာ ၃
တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ်၊ သမ္မတကင်ဒဲဂျုန်၊ နိုဘယ်ဆုရရှိခဲ့သည့် ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒယ်ဂူး ဘုန်းဘုန်းနှင့် ကိုဇော်မိုးအောင်(ကိုရီးယားမြန်မာ ပူးပေါင်းဆောင်ရွက်ရေးဥက္ကဌ) တို့ တက်ရောက်ပြီး အခမ်းအနားတွင် မြန်မာပြည် နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ တော်လှန်ရေး ရန်ပုံငွေ ရရှိရေး အရေးပါမှုများကို ဟောပြောခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မော်လမြိုင်မှ ဘီးလင်းဘက်သို့ ထွက်ခွာလာသော စစ်ကား ၁၇ စီးနှင့် စစ်ကောင်စီ ယာဥ်တန်းကို ဘီးလင်း တိုးဂိတ်ဟောင်းအနီး KNLA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗျူဟာမှူး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အင်းတော်မြို့နယ် တိုက်ပွဲတွင် ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံ သေဆုံး
========================================================
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် KIA၊ PDF တပ်ပေါင်းစုနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံ သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် KIA၊ PDF တပ်ပေါင်းစုတို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။
ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံသည် ဟိုပင် မြို့နယ် တဂွင်ရွာသား ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ပြီး (၅) နှစ်ကြာ မင်းအောင်လှိုင် မိသားစု ကိုယ်ရံတော် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ကြောင်း သိရှိရသည်။
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ဗိုလ်မှူး နေလင်းထွန်း သေဆုံး
==============================================
နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် စစ်ရေးနှင့် စစ်ထောက်ချုပ် ဗိုလ်မှူး နေလင်းထွန်း နိုဝင်ဘာလ ၁၈ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော ဗိုလ်မှူး နေလင်းထွန်း ရုပ်အလောင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော် ကွေ့ကြီး သုဿန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်တွင် ဒုရဲမှူး လှဌေး ပစ်ခတ်ခံရပြီး သေဆုံး
==========================================
မွန်ပြည်နယ် ရေးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဥ် ၁ စီးကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒုရဲမှူး လှဌေး အပါအဝင် ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ရေးမြို့မ ရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့ လိုက်ပါလာတဲ့ ကား ၁ စီးကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရေးမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ - ၁၉) အနီး၌ ရေးဘီလူးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စခန်းမှူး ဒုရဲမှူး လှဌေး အပါအဝင် ရဲ ၃ ဦး သေဆုံးကာ M-16 တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော ဒုရဲမှူး လှဌေး၏ သားဖြစ်သူသည် အကြမ်းဖက် စစ်တပ် နေပြည်တော် ကကလေ စစ်ရုံးချုပ် G3 တတိယတန်း စစ်ဦးစီးမှူး ဗိုလ်ကြီး ထက်အောင်ရှိုင်းဖြစ်ကြောင်းသိရသည်။
ရန်ကုန်၊ သင်္ဃန်းကျွန်း သုဝဏ္ဏ ဗိုလ်ချုပ်ရွာတွင် နေထိုင်သည့် ဗိုလ်မှူးကြီး (ငြိမ်း) ဇော်နိုင်ဝင်း ပစ်ခတ်ခံရ
==============================================
ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ဗိုလ်ချုပ်ရွာ ၂၃ ရပ်ကွက် ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင် လမ်းသွယ် ၄ ထောင့်ရှိ နေအိမ်ရှေ့တွင် ဗိုလ်မှူးကြီး (ငြိမ်း) ဇော်နိုင်ဝင်းသည် နိုဝင်ဘာလ ၂၄ ရက်နေ့၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးကြီး (ငြိမ်း) ဇော်နိုင်ဝင်းသည် (မဆလခေတ် ဝန်ကြီးတိုက်စိုး၏ သမက်) ဖြစ်ပြီး အငြိမ်းစား မယူမီ နည်းဗျူဟာမှူး တပ်မ (၇၇) လက်အောက်ခံ နည်းဗျူဟာ (၇၇၂)နှင့် ၂၀၀၉ ခုနှစ် တပ်ရင်းမှူးဟောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လှိုင်းဘွဲ့ အခြေစိုက် ခမရ (၃၃၉) တို့တွင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများ အတွင်း တပ်မ ၃၃ မှ တပ်ရင်းမှူး ၁ ဦး သေဆုံး
==============================================
ကချင်ပြည်နယ်တွင် နိုဝင်ဘာလ တတိယပတ်အတွင်း အကြမ်းဖက် စစ်တပ် တပ်မ ၃၃ နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားပြီး တပ်ရင်းမှူး ၁ ဦးအပါအဝင် ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။
KIA တပ်မဟာ ၉ လက်အောက်ရှိ KIA၊ PDF ပူးပေါင်း တပ်များက စစ်ကောင်စီ တပ်၏ စစ်ရေး လှုပ်ရှားမှု စစ်ကြောင်းများကို ရှောင်တခင် ကြားဖြတ် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ RPG များဖြင့် ဆက်တိုက် ပစ်ခတ်ခြင်းများကြောင့် စစ်တပ်ဘက်မှ တပ်ရင်းမှူး (ဒု-စစ်ကြောင်းမှူး) အပါအဝင် စစ်သား (၄၀)ဦးထက် မနည်းသေဆုံးကြောင်း ကချင်သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။
ပုလောတွင် ခရီးသည်ကားဖြင့် လိုက်ပါလာသော ဗိုလ်မှူး ဝင်ဌေးနိုင် ပစ်ခတ်ခံရပြီး သေဆုံး
==============================================
ပုလောတွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင် ဖမ်းဆီးခံရပြီး ကာကွယ်ရေး တပ်ဖွဲ့များကို ခုခံ ထွက်ပြေးစဥ်ပစ်ခတိခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပုလော တပ်ရင်းမှ ထားဝယ် တပ်ရင်း ဘက်သို့ တာဝန်ဖြင့် အရပ်သား အယောင် ဆောင် ပြောင်းရွှေ့လာသော ဗိုလ်မှူး ဝင်းဌေးနိုင် လိုက်ပါလာသော ကားတစ်စီးကို PDF တပ်ဖွဲ့က စစ်ဆေး ဖမ်းဆီးခဲ့ပြီး ဗိုလ်မှူး ဝင်းဌေးနိုင်က PDF ရဲဘော်ထံမှ သေနတ် လု ထွက်ပြေစဥ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဟသ် သည်။
ယင်းမာပင် မြို့နယ်အတွင်း CDM ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၃
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်မှ CDM ကျန်းမာရေး ဝန်ထမ်းများ ယင်းမာပင်မြို့နယ် အတွင်းက ကျေးရွာ ၂ရွာနှင့် စစ်ရှောင်စခန်း ၁ သို့ သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒီးမော့ဆို တွင် စစ်သားနှင့်ရဲများ လုံခြုံရေးစောင့်နေသည့် လူပုံစံ အရုပ်တုများ စစ်တပ်က ချထား၊ ကျေးရွာများတွင် မြေမြှုပ်မိုင်းများ အများအပြားထောင်သွား
ရန်ကုန်၊ ဒီဇင်ဘာ ၃
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ် တပ်စွဲခဲ့သည့် ကုန်းသာ၊သေး ဆူ လဲ၊ပူဖားနှင့် ဒေါကမီးကျေးရွာများတွင် နိုဝင်ဘာ ၂၈ ရက်တွင် တော် လှန် ရေးအဖွဲ့များက ပူးပေါင်းနယ်မြေရှင်းလင်းလုပ်ဆောင်ခဲ့ပြီး ပြည်သူများ နေထိုင် သော ကျေးရွာများကို စစ်တပ်က မိုင်းအများ အပြားထောင် သွားသည့်အပြင် လုံခြုံရေးစောင့်နေသည့် လူပုံစံ အရုပ်တုများ စစ်တပ်က ချထားသည်ကို တွေ့ရှိရကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီးမော့ဆိုနယ်မြေရှင်းလင်းရေးကို KNDF မှ ဦးဆောင်၍ ကရင်နီတပ်မတော် (KA) ၊အလယ်ပိုင်းတိုင်း အထူးစစ် ဆင်ရေး တပ်ဖွဲ့၊ DMO PDF၊ Loikaw PDF တို့က လုပ်ဆောင်ခဲ့ကြပြီး ကယားပူးပေါင်းတပ်ဖွဲ့၏ ပူးပေါင်းတိုက် ခိုက်မှု ကြောင့် စစ်ကောင်စီတပ်များက တပ်စွဲထားသော ကျေးရွာများမှ ဆုတ်ခွာ ခဲ့ရကြောင်းနှင့် အဆိုပါကျေးရွာများကို KNDFနှင့် ပူးပေါင်းတပ်ဖွဲ့များမှ နယ်မြေ ရှင်းလင်းနိုင်ခဲ့ပြီး ကုန်းသာကျေးရွာတွင် KRU တပ်များနေရာယူနိုင်ရန် နေရာချထားပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရှိရသည်။
"ကျနော်တို့နယ်မြေရှင်းလင်းတော့ ရဲပုံစံ လူအရုပ်တွေ ၂ ခု၊ ၃ ခုတွေ့တယ်။ လုံခြုံရေး လူရှိတဲပုံစံလုပ်ထားတာ။ သူတို့ဘက်က။ အခုအထိ ပစ်ခတ်မှု တွေ ဖြစ်နေတယ်။ စစ်ရေးတင်းမာနေပါတယ်" ဟု KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊သေးဆူလဲ၊ပူဖားနှင့်လဒေါကမီးအထိ အကြမ်းဖက်စစ်ကောင်စီတပ်များကို တိုက်ထုတ်နိုင်ခဲ့သော်လည်း အဆိုပါ ကျေးရွာ များတွင် စစ်ဆင်ရေးမပြီးပြတ်သေးခြင်း မြေမြုပ်မိုင်းအန္တရာယ် ရှိနေခြင်းနှင့် လက်နက်ကြီးများ ကျရောက်သည့်အပြင် တိုက်ပွဲများဖြစ်ပွား နေဆဲဖြစ်ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၂ ရက်နေ့ တွင် သေးဆူလဲကျေးရွာအတွင်းသို့ နေရပ်ပြန်ရောက် နေထိုင်သော ပြည်သူတစ်ဦး စစ်ကောင်စီတပ်မှ ထောင်ထားသော မြေမြုပ် မိုင်းနင်းမိပြီး အသက်ဆုံးရှုံးခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် အဆိုပါကျေးရွာ များသို့ အစောတလျင် ပြန်လည်ဝင်ရောက်နေထိုင်ခြင်း လုံးဝမပြုလုပ်ကြ ရန်နှင့် KNDF က ထုတ်ပြန်သည့် စစ်ရေးသတင်းများကို ဂရုစိုက်စောင့်ကြည့် ပေးပါရန် မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေး ရှောင်တာနယ်နဲ့ ဇနီးဖြစ်သူ ဆစ်ဒနီက ရန်ပုံငွေ ဈေးရောင်းပွဲကို လာရောက်အားပေး
ရန်ကုန်| ဒီဇင်ဘာ ၃
အာဏာလု စစ်ကောင်စီရဲ့ မတရား ဖမ်းဆီး ညှဥ်းပန်းခံခဲ့ရပြီး မကြာခင်က ပြန်လွတ်လာတဲ့ စီးပွားရေး ပညာရှင် ရှောင်တာနယ်နဲ့ သူ့ဇနီးတို့ ဆစ်ဒနီက ရန်ပုံငွေ ဈေးရောင်းပွဲကို လာရောက် အားပေးခဲ့ ကြ တယ်လို့ သြစတြေးလျရောက် မြန်မာတွေဆီက သိရပါတယ်။
လာရောက် အားပေးတဲ့ သူတို့နှစ်ဦးကို သြစတြေးလျရောက် မြန်မာတွေနဲ့ သူ့ရဲ့ မြန်မာမိတ်ဆွေတွေက ဝမ်းပန်းတသာ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်အတွက် ရန်ပုံငွေရှာဖွေပွဲကို သြစတြေးလျရောက် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာတွေစုပေါင်းပြီး ဒီနေ့ မနက်ပိုင်းက ဆစ်ဒနီမြို့မှာ ပြုလုပ်နေတာဖြစ်ပါတယ်။
သူတို့ဟာ အရင်အကြိမ်က စစ်ကိုင်းတိုင်းအတွက် ရန်ပုံငွေရှာဖွေပေးခဲ့သလို အခြားသော စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အင်တိုက်အားတိုက် ပြုလုပ်နေတဲ့ အင်အားစုဖြစ်ပါတယ်။
ဓာတ်ပုံ-CRPH/NUG Support Group NSW
ဆားလင်းကြီးတွင် ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး အသက်မပြည့်သေးသည့် ကလေး အများအပြား ဖမ်းဆီးနေ
ရန်ကုန်၊ ဒီဇင်ဘာလ ၃
စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ကျေး ရွာများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မီးရှို့နေသည့်အပြင် အသက်မပြည့်သေးသည့် ကလေးအများအပြားကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွှေကုန်းကျေးရွာကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်တပ်စခန်းချခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်းတွင် ရွာအနီးဝန်းကျင်ရှိ ထန်းဇင်းကျေးရွာကို ဝင်ရောက်ကာ အိမ်ခြေ ၂၀ ကျော်ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က နေအိမ်များကို ဖောက်ထွင်းပြီး တန်ဖိုးရှိသော ပစ္စည်းများကိုလုယက်ယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။
" ဒီကောင်တွေ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်း ရွှေကုန်းမှာ စပြီးတပ်စခန်းချတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရွှေကုန်းအနောက်ဘက်က ထန်းဇင်ကျေးရွှာကို သူတို့လိုချင်တဲ့ပစ္စည်း တွေယူပြီး အိမ်ခြေ ၂၀ ကျော်ကိုမီးရှို့ဖျက်ဆီးသွားတယ်။ ဒါ့ပြင် ဆားထုံးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်းရွှာများကို ဝင်ရောက်ကာ ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်" ဟု ဒေသခံများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဆားလင်းကြီးမြို့နယ်အတွင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မသိရှိသေးဘဲ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓားမဆိုင်း တပ်မတော်၊ ယင်းမာပင်ခရိုင်တပ်ရင်း၂၈ အထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။
ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း စစ်တပ်က ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို မီးရှို့ ဖျက်ဆီးနေစဉ်။
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ စစ်တပ် ဒေါက်တိုင်ဟု သတ်မှတ်ခံရသော အရက်ဘား ၂ ခုကို ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၃
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ စစ်တပ် ဒေါက်တိုင်ဟု သတ်မှတ်ခံရသော အရက်ဘား ၂ ခုကို UG အဖွဲ့ များက ဒီဇင်ဘာ လ ၂ ရက်နေ့ညပိုင်းတွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပျောက်ကျား တပ်ဖွဲ့ များက ပြောသည်။
ဒီဇင်ဘာ ၂ ရက်နေ့ ည ၉ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ ဒေါက်တိုင် Red-X-Bar ကိုမှော်ဘီ အခြေစိုက် Guardians UGနှင့် မဟာမိတ် တပ်ဖွဲ့ အဖြစ် GR-1နှင့် Marauder Front Five (MFF) တို့ က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီ ခန့်တွင် အကြမ်းဖက် စစ်တပ်၏ The Idol Bar ကို ရန်ကုန် တိုင်း ပြည်သူ့တပ်မဟာ၏ ပူးပေါင်းအဖွဲ့ဝင်ဖြစ်သော Guardians UG နှင့် တပ်မဟာတို့က အဝေး ထိန်းဗုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးသော်လည်း ယင်းတိုက်ခိုက်မှုသည် ဒေါင်းအလံလွှင့် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ ညတိုက်ခိုက်ခဲ့သော Red-X-Bar နှင့် The Idol Barသည် မည်သို့မည်ပုံ စစ်တပ် ဒေါက် တိုင်အဖြစ် ပါဝင်နေသည် ကိုမူ ဖော်ပြထားခြင်းမရှိဘဲ အဆိုပါအရက်ဘား ၂ ခုသည် စစ်တပ် နှင့်ပတ် သက်ဆက်နွယ်မှု ရှိ၊ မရှိ ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိပေ။
ညောင်ဦးတွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးသေဆုံး၊ လက်နက် ၄ လက်ပါသွားဟု ရဲသတင်းရပ်ကွက် အတည်ပြု
ရန်ကုန်၊ ဒီဇင်ဘာ ၃
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူနယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ပါသွားကြောင်း ရဲသတင်း ရပ်ကွက်က အတည်ပြုသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန် ညောင်ဉီးမြို့နယ်၊စဉ့်ကူ နယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုရဲအုပ်ကောင်းမြတ်ကျော်၊ ဒုတပ်ကြပ် ညီညီဝင်း ၊ ရဲတပ်သား ကျော်ကျော် ၊ ရဲတပ် သား ဖြိုးဇော်သန့်၊ ရဲတပ်သား မင်းကိုသက်တို့သည် တက်မရေနံမြေသို့ အမှုစစ်ဆေးရန် သွားရောက် ခဲ့ပြီး ဒုရဲအုပ်ကောင်းမြတ်ကျော်နှင့် တပ်သားဖြိုးဇော်သန့်တို့ ၂ ဦးသည် အလယ်မှော်တွင် ကျန်နေ ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် ဒုရဲမှူးထွန်းထွန်းဇော်၊ ဒုတပ်ကြပ် ညီညီဝင်း၊ တပ် သား ကျော်ကျော်၊ တပ်သား မင်းကိုသက်တို့သည် တောင်မှော်သို့ ဆက်လက် သွား ရောက်ခဲ့ပြီး အဆိုပါမှော်ရှိ ချစ်တီး ထမင်းဆိုင်၌ ထမင်းစားနေစဉ် PDF ၄ ဦးက ပစ်ခတ်သဖြင့် ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုတပ် ကြပ် ညီညီဝင်း၊ တပ်သား မင်းကိုသက်တို့ ပွဲချင်းပြီး သေဆုံးပြီး ရဲတပ်သား ကျော်ကျော်သည် ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်
PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် ရဲ ၄ ဦးသေဆုံးသည့်အပြင် ခြောက်လုံးပြူး ၁ လက်၊ BA 63 ၂ လက်၊ MA 13 ၁ လက် ပါသွားကြောင်း ရဲသတင်းရပ်ကွက် ဆိုသည်။
ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)ကမူ ရဲများကို တိုက်ခိုက်မှုသည် ၎င်းတို့ လုပ် ဆောင် ခြင်း ဖြစ်ပြီး ညောင်ဦး မြို့နယ် စဉ့်ကူ ရဲစခန်း မှူး အပါအဝင် ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း၊ G 3 ၂ လက်နှင့် အူဇီ ၁ လက် သိမ်း ဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- PDF များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည့် ဒုရဲမှူး ထွန်းထွန်းဇော်နှင့် ရဲ ၃ ဦး။
ညောင်ဦးတွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူ ရဲစခန်းမှူး ဒုရဲမှူးထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးသေဆုံး၊ လက်နက် ၄ လက်ပါသွားဟု ရဲသတင်းရပ်ကွက် အတည်ပြု
ရန်ကုန်၊ ဒီဇင်ဘာ ၃
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူနယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ပါသွားကြောင်း ရဲသတင်း ရပ်ကွက်က အတည်ပြုသည်။
ဒီဇင်ဘာလ ၁ ရက်နေ့ နံနက် ၉ နာရီအချိန် ညောင်ဉီးမြို့နယ်၊စဉ့်ကူ နယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုရဲအုပ်ကောင်းမြတ်ကျော်၊ ဒုတပ်ကြပ် ညီညီဝင်း ၊ ရဲတပ်သား ကျော်ကျော် ၊ ရဲတပ် သား ဖြိုးဇော်သန့်၊ ရဲတပ်သား မင်းကိုသက်တို့သည် တက်မရေနံမြေသို့ အမှုစစ်ဆေးရန် သွားရောက် ခဲ့ပြီး ဒုရဲအုပ်ကောင်းမြတ်ကျော်နှင့် တပ်သားဖြိုးဇော်သန့်တို့ ၂ ဦးသည် အလယ်မှော်တွင် ကျန်နေ ခဲ့ကြကြောင်း သိရှိရသည်။
ထို့နောက် ဒီဇင်ဘာလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် ဒုရဲမှူးထွန်းထွန်းဇော်၊ ဒုတပ်ကြပ် ညီညီဝင်း၊ တပ် သား ကျော်ကျော်၊ တပ်သား မင်းကိုသက်တို့သည် တောင်မှော်သို့ ဆက်လက် သွား ရောက်ခဲ့ပြီး အဆိုပါမှော်ရှိ ချစ်တီး ထမင်းဆိုင်၌ ထမင်းစားနေစဉ် PDF ၄ ဦးက ပစ်ခတ်သဖြင့် ဒုရဲမှူး ထွန်းထွန်းဇော်၊ ဒုတပ် ကြပ် ညီညီဝင်း၊ တပ်သား မင်းကိုသက်တို့ ပွဲချင်းပြီး သေဆုံးပြီး ရဲတပ်သား ကျော်ကျော်သည် ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးသွားကြောင်း သိရှိရသည်
PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် ရဲ ၄ ဦးသေဆုံးသည့်အပြင် ခြောက်လုံးပြူး ၁ လက်၊ BA 63 ၂ လက်၊ MA 13 ၁ လက် ပါသွားကြောင်း ရဲသတင်းရပ်ကွက် ဆိုသည်။
ပခုက္ကူ မြို့ပြ ပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)ကမူ ရဲများကို တိုက်ခိုက်မှုသည် ၎င်းတို့ လုပ် ဆောင် ခြင်း ဖြစ်ပြီး ညောင်ဦး မြို့နယ် စဉ့်ကူ ရဲစခန်း မှူး အပါအဝင် ရဲ ၅ ဦးသေဆုံးခဲ့ကြောင်း၊ G 3 ၂ လက်နှင့် အူဇီ ၁ လက် သိမ်း ဆည်းရမိကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- PDF များ၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည့် ဒုရဲမှူး ထွန်းထွန်းဇော်နှင့် ရဲ ၃ ဦး။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များ ကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ် သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေ အပ်ပါသည်။