khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

မလေးရှားနိုင်ငံတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

မလေးရှားနိုင်ငံ ကာဂျန်းမြို့ Tenaga National University ကွင်းတွင် ဒီဇင်ဘာလ ၄ ရက်နေ့၌ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ပုံငွေ ဘောလုံးပွဲ အခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်" ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အဆိုပါ ဘောလုံးပွဲတွင် အသင်း ဆယ်သင်း ပါဝင် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး တစ်သင်းလျှင် ဝင်ကြေး မလေးငွေ ၁၅၀၀ ပါဝင်ထည့် ဝင်ထားကြောင်း၊ အနိုင်ရ အသင်းအနေဖြင့် ဆုကြေး မလေးငွေ ၂၅၀၀ ရရှိမည်ဖြစ်ပြီး ကျန် ထည့်ဝင်ငွေများအား မြေပြင်တော်လှန်ရေးအဖွဲ့များထံသို့ လှူဒါန်းပေးအပ် သွားမည် ဖြစ်ကြောင်း၊ ကွာလမ်လမ်ပူ မြို့ အနီးတဝိုက်ရှိ တော်လှန်ရေး အသင်းအဖွဲ့များမှ ပူးပေါင်း ပါဝင် ခဲ့ကြောင်း သိရသည်။

“အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် တော်လှန်ရေး အထောက်အကူပြု ရံပုံငွေ ရှာဖွေပွဲ ကျင်းပခြင်းနှင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် စစ်တပ်၏ တရားရွေးကောက်ပွဲ အား လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဒီးမော့ဆိုတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးပြီး ၄ ဦး အရှင်ဖမ်းဆီး ရမိ၊ လက်နက် ၁၁ လက်နှင့် ခဲယမ်းများသိမ်းဆည်းရမိ
------------------------------------------------------------------
ဖရူဆိုတွင် ပြည်သူ ၄၀ ကျော် သတ်ဖြတ်ခဲ့သည့် စစ်တပ် တပ်ရင်းဖြစ်၍ စစ် သုံ့ပန်းများကို စစ်ဆေးအရေးယူရန်ရှိ

ရန်ကုန်၊ဒီဇင်ဘာ ၄

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုတွင် ယမန်နေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ် ဘက်မှ ၂၀ ကျော် သေဆုံးပြီး ၄ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကာ လက်နက် ၁၁ လက်၊ ခဲ ယမ်း များ သိမ်း ဆည်း ရမိကြောင်း KNDF ဗဟိုမှ သတင်းနှင့် ပြန်ကြားရေး တာဝန် ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ တစ်နေကုန်နီးပါးကြာ ဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲအတွင်း စစ် ကောင်စီ ဘက်မှ ၂၀ ဦးကျော် သေဆုံးခဲ့ကြောင်း၊ တပ်ကြပ်ကြီး ၁ ဦး ၊ တပ် ကြပ် ၂ ဦး ၊ တပ်သား ၁ ဦးစုစုပေါင်း ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ MA-1 သေနတ် ၄ လက် ၊ MA -3 သေနတ် ၂ လက် ၊ MA-4 79တွဲ (၁)လက် ၊ MG-3 အမျိုးအစား ငါးကြင်းမြီး ၁ လက် ၊ RPG ၁ လက် ၊ ၆၀ မမ စိန် ပြောင်း ၂ ပြောင်း ၊ ကွန်ပျူတာ ၁ လုံး ၊ ဖုန်းအချို့နှင့် ခဲယမ်းပစ္စည်းများ ၊ အသုံး အဆောင် တချို့တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် (၉)နာရီခွဲအချိန်မှစ၍ ဒီးမော့ဆိုမြို့နယ်၊ ဒေါက မီးကျေးရွာဖက်သို့ စစ်တပ်ဘက်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း သဖြင့် KNDF B (01)၊ B (05)၊ B (06) ၊ B (07) ၊ B (09) နှင့် KA တို့ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ စဉ် စစ် ကောင်စီ ဘက်မှ လက်နက်ကြီးများဖြင့် အဆမ တန် ပစ်ကူပေးခဲ့ သည့် အပြင် ညနေပိုင်းတွင် တိုက်လေယာဥ်ဖြင့် ၃ ကြိမ် လာ ရောက် ဗုံးကျဲ တိုက် ခိုက် ခဲ့ကြောင်း၊ ယမန်နေ့ ညနေ ၉ နာရီခန့်တွင်လည်း တိုက် လေ ယာဥ် ဖြင့် ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။

ယမန်နေ့ စစ်ကြောင်းထိုးလာသောတပ်ရင်းမှာ တပ်မ ၆၆ လက်အောက်ခံ ခမရ ၁၀၈ ဓနုဖြူ အခြေစိုက် တပ်ရင်းဖြစ်ပြီး အဆိုပါ တပ်ရင်းမှာ ၂၀၂၁ ခုနှစ် ၊ ဒီဇင် ဘာလ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ် ၊ မိုဆိုကျေးရွာအနီး အပြစ်မဲ့ ပြည်သူ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုကို ကျူးလွန်ရာ တွင် ပါဝင်ခဲ့ သော တပ်ရင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိသော စစ်သုံ့ပန်း ၄ ဦးသည် ပြည်သူ ၄၀ ကျော်ကို မီးရှို့သတ်ဖြတ်မှုတွင် ပါဝင်ခြင်းရှိ၊ မရှိ စစ်ဆေး အရေးယူ မည်ဖြစ် ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ရှင်းပြသည်။

"သူတို့ကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ထိန်းသိမ်းထားမယ်။ ဖရူဆိုမှာ ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ရာမှာ သူတို့ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေး အရေးယူမယ်။ ဥပဒေ နဲ့ အညီ ဆက်လုပ်သွားမယ်" ဟု KNDF သတင်းနှင့်ပြန်ကြားရေး တာဝန် ရှိသူ က ဆက် ပြောသည်။

KNDFက ယခုတိုက်ပွဲအတွင်း ရရှိခဲ့သော အောင်မြင်မှုနှင့် လက်တုန့်ပြန် နိုင် ခဲ့မှု များသည် မိုဆိုကျေးရွာအနီး စစ်ကောင်စီ၏ တပ်မ ၆၆ က လူမဆန်စွာ မီးရှို့ သတ်ဖြတ်ခဲ့၍ သေဆုံးသွားခဲ့ရသော အပြစ်မဲ့ပြည်သူ ၄၀ ကျော် တို့ အတွက် ရည်ညွှန်းကြောင်း၊ လက်ရှိတွင် ဒီးမော့ဆိုမြို့နယ် ၊ ကုန်းသာကျေးရွာ အရှေ့ ဘက်တစ်ကျော ၊ သေးဆူလဲ၊ ဒေါကမီး တစ်ကျောတို့တွင် အကြမ်း ဖက် စစ်ကောင်စီ စစ်ကြောင်းများ ပြန်ထိုးလာသော အခြေနေများကြောင့် စစ် ရေး အခြေနေတင်းမာနေသဖြင့် ပြည်သူများအနေဖြင့် ဖြတ်သန်းသွား လာခြင်း၊ နေအိမ် ပြန်ခြင်းများ မပြုလုပ်ကြသေးရန် ပြည်သူများကို KNDF က မေတ္တာရပ် ခံထားသည်။

Читать полностью…

Khit Thit Media

ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု နေအိမ် ၄ လုံး ပျက်စီးပြီး ပြည်သူ ၄၀၀၀ ကျော်ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အတွင်းရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူပိုင် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဗဟို ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ သထုံခရိုင် တပ်မဟာ (၁) အတွင်းရှိ ကျေးရွာ၂ ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ကျောက်ဖျာ ကျေးရွာနှင့် ဇီးပြောင်း ကျေးရွာ အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ၄ လုံး လက်နက်ကြီးကျည်စ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ သိမ်ဇရပ် အခြေစိုက် (အမတ−၃၁၀) မှ ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီ ၁၈ မိနစ် တွင် ကျောက်ဖျာကျေးရွာ အတွင်း လက်နက်ကြီး ၇ လုံးခန့် ပစ်ခတ်ခဲ့ပြီး ည ၁၂ နာရီ ၂၁ မိနစ်တွင် ဇီးပြောင်းကျေးရွာအတွင်းသို့ လက်နက်ကြီး ၉ လုံးခန့် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက် စစ်တပ်၏ ပြည်သူများ နေထိုင်သည့် ကျေးရွာများ အတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ကျောက်ဖျာကျေးနယ် နှင့် ဇီးပြောင်း ကျေးနယ်မှ ထွက်ပြေး ပြည်သူ ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ပျဥ်းကတိုးကုန်းကျေးရွာ အတွင်းသို့ အကြမ်းဖက် စစ်တပ်မှ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်း ထိုးနေကြောင်း၊ သိမ်ဇရပ်အခြေစိုက် (အမတ-၃၁၀) နှင့် (ခမရ -၂၀၇) မှလက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်ပြီး ဒေသခံ ပြည်သူများကို ခြိမ်းခြောက်မှု ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

"စုဖွဲ့မှုကို အဆင့်မြှင့် ၊ ရန် ငါ ပြတ်ပြတ် တိုက်" စာတန်းကိုင်ဆောင်ကာ ကနီပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကနီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ "စုဖွဲ့မှုကို အဆင့်မြှင့် ရန် ငါ ပြတ်ပြတ် တိုက်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်-PLAမှ နိုင်ငံ​ရေးမှူး ရဲဘော်ကိုနှင်းအောင် ကျဆုံးခြင်း ၁ နှစ်ပြည့် လွမ်းဆွတ် သတိရခြင်း အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်-PLAမှ နိုင်ငံ​ရေးမှူး ရဲဘော်ကိုနှင်းအောင် (ခေါ်) ရဲဘော်အောင်ဘညို ကျဆုံးခြင်း ၁နှစ်ပြည့် လွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့ပြီး TCRF(PLA)မှ ရဲဘော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် "တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ " ဘန်နာကိုင်ဆွဲကာ ဒီဇင်ဘာလ ၄ ရက် ယနေ့တွင် ၆၃၃ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

Читать полностью…

Khit Thit Media

ရွှေဘိုမြို့နယ်ရှိ မအူရွာကို စစ်ကောင်စီဝင်များ မီးရှို့ဖျက်ဆီး၍ နေအိမ် ၃၀ ကျော်လောင်ကျွမ်းပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မအူရွာကို အကြမ်းဖက် စစ်ကောင်စီဝင်များ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေ ၃၀ ကျော် ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

"အိမ် ၃၀ ကျော်လောင်သွားပါတယ်။ ဆေးခန်းပါသွားပါတယ်။ သူတို့မထွက်သွားခင်က ပြန်လာရှို့မယ်လိုလည်း အော်သွားပါတယ်။ ဒီနေ့တော့ ရွာထဲကျန်တာတွေကို ပြည်သူတွေ လာယူကြတယ်။ "ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

လတ်တလောအချိန်တွင် PDF များမှ အကြမ်းဖက်စစ်ကောင်စီများထောင်ထားသည့် မိုင်းများကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မအူရွာတွင် တစ်ညအိပ်၍ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဧရာဝတီမြစ်အတိုင်း ကျောက်မြောင်းရွာဘက်သို့ ပြန်ထွက်သွားကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ ရဲ့ တပည့်တွေ ဦးဆောင်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးအစည်းအရုံး Myanmar National Organization (MNO) အဖွဲ့ ဖွဲ့စည်းတာ၊ စစ် တပ်ထောက်ခံရေး သပိတ်တွေ၊ NLD အစိုးရ ဖြုတ်ချရေး သပိတ်တွေ၊ ဘာသာရေးနဲ့လူမျိုးရေး အဓိက ရုဏ်းတွေ ဖန်တီးဖို့ကြိုးစားမှုတွေအားလုံးက အဲဒီ ကျောင်းတိုက်မှာပဲအခြေပြုတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းမှု စတင်ဖြစ်ပေါ်ပြီး ပြည်သူလူထုက လက်မခံနိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်နေကြချိန်မှာ ဗဟန်းရေခဲဆိုင် မှတ်တိုင် (ရွှေကောင်းဟော့ပေါ့အနီး) ဆန္ဒပြပြည်သူလူထုရဲ့ ကားမှန်တွေကို သင်္ကန်းဝတ် တချို့က အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ဖြစ်စဥ်ကို အားလုံး မှတ်မိ ကြမယ်ထင်ပါတယ်။ ဒီဖြစ်စဥ်ဟာဆိုရင်လည်း သုစိတ္တ ဥိးဆောင်တဲ့ ဘင်္ဂလားတိုက် ဦးသာသနာ့ ကျောင်းမှာ နေထိုင်တဲ့ အမျိုးသားရေးအမည်ခံ အစွန်းရောက် မဘသ သင်္ကန်းဝတ်တွေက ကျောင်း တိုက် အခြေပြုပြီး ပြည်သူလူထုကို အကြမ်းဖက်ခဲ့ကြတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အဲဒီလို ပြည်သူလူထုရဲ့ ကားမှန်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့တဲ့ အစွန်းရောက် မဘသနဲ့ အမျိုးသားရေးတွေကို မဖမ်းဆီးခဲ့တဲ့အပြင် အကာအကွယ်တောင်ပေးခဲ့ကြပါသေးတယ်။

မဘသ သင်္ကန်းဝတ် သုစိတ္တနေထိုင်ရာ ဘင်္ဂလားတိုက် ဦးသာသနာကျောင်းတိုက်ဟာ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ စစ်အာဏာသိမ်းမှုမှာ ဘယ်လို အခန်းကဏ္ဍက ပါဝင်ခဲ့လဲဆိုတာ သတိထားမိနိုင် ကြပြီ ထင်ပါတယ်။

ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ဆိုတာဟာ စစ်တပ်နဲ့ မဘသ၊ အမျိုးသားရေး သမားတွေ လက်တွဲညီညီ တိုင်းပြည်ချောက်ထဲ ဆွဲချခဲ့တဲ့ သမိုင်း၊ စစ်အာဏာရှင် ပံ့ပိုးရေးအတွက် အဓိက လှုပ်ရှား ခဲ့ကြတဲ့ နေရာဌာနချုပ်အဖြစ် ရာဇဝင် အမည်းစက် ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

ဓာတ်ပုံ- မြင့်ဆွေနဲ့ မဘသ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တ။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန ဒီဇင်ဘာ ၄ ရက်နေ့ ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၄ ရက်နေ့မှာ ရန်ကုန်ခေတ်သစ်သတင်းဌာရဲ့ This Week ရုပ်သံအစီအစဉ်ကို ထုတ်လွှင့်သွား မှာဖြစ်ပါတယ်။ဒီအစီအစဉ် မှာတစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲကမှထူးခြားတဲ့ သတင်းတွေကို ရွေးချယ်ကောက်နုတ်သုံးသပ် တင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။
https://youtu.be/fioGZd8XE8c

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၄

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၃ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

တောင်ဥက္ကလာပတွင်Transporter Bar ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်၊ စစ်တပ်နှင့်ပတ်သက်ဆက်နွယ်နေဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၃

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမပေါ်ရှိ စစ်တပ်နှင့် ပတ် သက် ဆက်နွယ်နေသောTransporter Bar ကို ဒီဇင်ဘာ ၃ ရက်နေ့ ည ၈ နာရီ ၄၀ အချိန်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဂဠုန်ရာဇာ ပျောက်ကြားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် KTV များ Club များ ၊ Bar များကို ဆက်လက်စုံစမ်း၍ ဖြိုခွဲသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများ စစ် ကောင်စီ၏ ထောက်တိုင်များနှင့် ဝေးဝေးနေကြရန် UG အဖွဲ့များက မေတ္တာ ရပ်ခံထားသည်။

တိုက်ခိုက်မှုကို ဂဠုန်မြို့ပြပျောက်ကြားအဖွဲ့နှင့် Never Die Defense Force (N.D.D.F) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ Transporter Barသည် ယခင် နှစ် စစ်အာဏာရှင် ဆန္ဒပြပွဲများ ဖြစ်ပွားချိန်တွင် စစ်တပ်အတွက် သတင်း ပေးခဲ့ကာ တပ်နှင့်ပတ်သက်ဆက်နွယ်မှုများရှိနေကြောင်း ဒေသ ပြည်သူ တချို့က ပြောဆိုကြသည်။

Читать полностью…

Khit Thit Media

စစ်တပ်က စစ်ကြောင်းထိုးသည့် တစ်လျှောက် လက် နက်ကြီး လက်နက် ငယ် များနှင့် ပစ်ခတ်သည့်အတွက် စစ်ကိုင်းမြို့နယ်ရှိ ချောင်းမကြီးကျေးရွာ၊ အုန်း သဇင် ကျေးရွာ၊ မြေတိုင်းကျေးရွာ၊ ထိပ်ဆူကုန်းကျေးရွာ၊ ထုံးဘိုကျေးရွာ၊ ကသဲတာ ကျေးရွာ၊ မသီလီကျောင်းကျေးရွာမှ ပြည်သူများ၊ မန္တလေးတိုင်း မတ္တ ရာ မြို့နယ်ရှိ ရောက်မဆုပ်ကျေးရွာ၊ ရွှေခဲပြန်ကျေးရွာ၊ အိုင့်ဒိုင့်ကျေးရွာမှ ပြည် သူများ ထွက်ပြေးနေရကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီး၊ ကျေးရွာ ၄ ခုမှ အိမ်ခြေ ၂၄၈ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီး ပြီး အသက် ၉၀ အရွယ် မျက်မမြင် အဘွားအိုနှင့် အသက် ၈၅ နှစ် လေဖြတ် လူနာ အဘွားအိုတို့ကို စစ်တပ်က မီးရှို့ သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ၄ ခုမှ အိမ်ခြေ ၂၄၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အသက် ၉၀ အရွယ် မျက်မမြင် အဘွားအိုနှင့် လေဖြတ်နေသည့် အဘွားအိုတို့ကို စစ်တပ် မီးရှို့ သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တပ်က နိုဝင်ဘာလ နှောင်းပိုင်းမှစတင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဆားထုံးကျေးရွာမှ အိမ်ခြေ ၁၅၅ လုံး၊ ထန်းဇင်ကျေးရွာမှ အိမ်ခြေ ၂၄ လုံး၊ လက်ပံကျွန်းကျေးရွာမှ အိမ်ခြေ ၃၃ လုံး၊ တောကျောင်းလေးကျေးရွာမှ အိမ်ခြေ ၃၆ လုံး စုစုပေါင်း အိမ်ခြေ ၂၄၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ဆားထုံးရွမှ အသက် ၉၀ နှစ်အရွယ် မျက်မမြင် ဒေါ်သန်းငွေနှင့် အသက် ၈၅ နှစ်အရွယ် လေဖြတ်လူနာ ဒေါ်အမာကြီးတို့ကို မီးရှို့သတ်ဖြတ် သွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင်စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ကျေး ရွာများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မီးရှို့နေသည့်အပြင် အသက်မပြည့်သေးသည့် ကလေးအများ အပြား ကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်းရှိ ရွှေကုန်းကျေးရွာကို နိုဝင်ဘာ ၂၉ ရက်နေ့တွင် စစ်တပ်က ဝင်ရောက်တပ်စခန်းချခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်ပိုင်း တွင် ရွာအနီးဝန်းကျင်ရှိ ထန်းဇင်းကျေးရွာကို ဝင်ရောက်ကာ အိမ်ခြေ ၂၀ ကျော် ကို အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ်က နေအိမ်များကို ဖောက်ထွင်း ပြီး တန်ဖိုးရှိသော ပစ္စည်းများကိုလုယက်ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

" ဒီကောင်တွေ နိုဝင်ဘာ ၂၉ ရက်နေ့ ညနေပိုင်း ရွှေကုန်းမှာ စပြီးတပ်စခန်းချ တယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာ ရွှေကုန်းအနောက်ဘက်က ထန်း ဇင် ကျေးရွှာကို သူတို့လိုချင်တဲ့ပစ္စည်း တွေယူပြီး အိမ်ခြေ ၂၀ ကျော်ကိုမီးရှို့ ဖျက်ဆီးသွားတယ်။ ဒါ့ပြင် ဆားထုံးကျေးရွာတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ် တွေက ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ရွာ တွေကို ဝင်ရောက်ကာ ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်" ဟု ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်အတွင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မသိရှိသေးဘဲ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓားမဆိုင်း တပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း၂၈ အထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်၊ သခွတ်ချောင်ရွာ နှင့် ဒီပဲယင်း၊ ညောင်လှကျေး ရွာကို စစ်တပ် က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့

ရန်ကုန်၊ ဒီဇင်ဘာ ၃

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ကျေးရွာနှင့် ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို ယနေ့ စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် အကြမ်းဖက် စစ်ကောင်စီ တပ်က သခွက်ချောင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဝင် ရောက် မီးရှို့ခြင်းဖြစ်ကြောင်း၊ မီးရှို့စစ်ကြောင်းသည် နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်ပြီး ဆူးပုတ်ချောင်ကျေးရွာ၊ အလယ်တောရွာ၊‌အင်ကြင်းကုန်း၊လေသာရွာ စသည့် ကျေးရွာများကို မီးရှို့ခဲ့သည့် စစ်ကြောင်း ဖြစ်ကြောင်း သိရှိရသည်။

"အိမ်ခြေကတော့ လောလောဆယ် ဘယ်လောက်ကုန်မယ်တော့ မသိဘူး။ စစ် ခွေးတွေကတော့ ရွာကို ၅နာရီလောက် ကတည်းက မီးရှို့နေတာ။ မီးခိုးတွေ က တော့ မဲမှောင်နေတာပဲ ။ ရွာသားတချို့လည်း ရွာထဲပိတ်မိ သူတွေ လည်း ရှိနိုင်သေးတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီက ကျေးရွာများ ကိုမီးရှို့ရာတွင် လူနေအိမ် အဆောက်အအုံများသာမက သီးနှံမျိုး လောင်ထားသည့် ဂိုထောင်များ၊ လယ် ယာ သုံး လယ်ထွန်စက် စသည့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍပါ နာလန် မထူစေ ရန် မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ်၊ညောင်လှကျေးရွာကို စစ်ကောင်စီက ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့ မွန်းလွဲ ၂နာရီမှ စတင်ကာ မီးရှို့လျက်ရှိကြောင်း ဒေသ ပြည်သူများက ပြောဆိုကြသည်။

"ဒီပဲယင်းမြို့ကနေထွက်လာတဲ့ အင်အား ၇၀ ရှိတဲ့စစ်ကြောင်းက ရွာအတွင်းမှာ ဘုန်းတော်‌ကြီးကျောင်းပါမကျန်အောင်ရှို့နေတာ။ ဘုန်းကြီးကျောင်းမှာ ယာဉ် ကျေး လိမ္မာသင်ပေးနေတာ။ ရွာအရှေ့ဘက်မှာ လက်ယက်ကုန်း စာသင် ကျောင်း ကို လေယာဉ်နဲ့အပစ်ခံရလို့ ကလေးတွေ သေတာတွေရှိတော့ ကိုယ့် ရွာ လည်း အဲဒီလိုလာပစ်ရင် ပုန်းရှောင်ရအောင်လို့ ပုန်းကျင်းတွေ တူးထား တာတော့ရှိတယ်။ အဲဒီ ပုန်းကျင်းတွေကို မီးရှို့တာလားတော့မသိဘူး။ရွာကို အခုညနေ ၆နာရီ အထိရှို့နေတုန်း ။ တစ်ရွာလုံးကုန်မယ့်သဘောရှိတယ်။ ရွာသူရွာသားတွေက ပြေးနေရတယ်" ဟု ညောင်လှကျေးရွာဒေသခံတစ်ဦးက ပြောသည်။

ဒီပဲယင်းမြို့နယ်တွင် လက်ရှိ စစ်တပ်က မီးတင်ရှို့နေသော ညောင်လှရွာသည် အိမ်ခြေ၁၀၀၀ကျော်ရှိပြီး စစ်တပ်က ဒုတိယအကြိမ်မြောက် မီးရှို့ခြင်း ဖြစ် ကြောင်း၊ ပထမအကြိမ် စစ်တပ်က မီးရှို့စဉ်က အိမ်ခြေ ၄၇ လုံး မီးလောင် ပျက်စီးခဲ့ရပြီး စပါးကျည်များပါ ပျက်စီးခဲ့ရကြောင်း၊ ယခုဒုတိယအကြိမ် စစ် တပ်က မီးရှို့တွင်မူ လက်ရှိအချိန်အထိ အပျက်အစီး အဆုံးအရှုံး အခြေ အနေ မသိရှိရသေးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- ထီးချိုင့်မြို့နယ်၊ သခွတ်ချောင်ကျေးရွာကို ယနေ့ ညနေ ၄ နာရီ ၄၀ အချိန် စစ်တပ်က မီးတင်ရှို့နေစဉ်။

Читать полностью…

Khit Thit Media

တရုတ်ပြည်သူများ၏ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း လောင်းလုံး လူငယ်များ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း လူငယ်များက ဒီကနေ့ ဒီဇင်ဘာ ၃ ရက်၊ ညနေပိုင်းတွင် တရုတ်ပြည်သူတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ထောက်ခံကြောင်း "The Chinese People's Democracy Movement is the Ally of the Myanmar Spring Revolution" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရန်ကုန်တွင် "လုံးဝ အုပ်ချုပ်၍ မရစေရ။" စာသားများ ဘတ်စ်ကားပေါ်တွင် ချိတ်ဆွဲ၍ ပျောက်ကြားသပိတ်ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်တွင် လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ် Demon မှ "လုံးဝ အုပ်ချုပ်၍ မရစေရ။" စာသားပါ Banner ကို ရန်ကုန်မြို့ရှိ ပြေးဆွဲနေသည့် Bus ကားပေါ်တွင် ချိတ်ဆွဲပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ပါသည်။

မတရားအာဏာသိမ်းထားသည့်စစ်အာဏာရှင်များမှ မြန်မာနိုင်ငံအနှံ့ အုပ်ချုပ်ရေး ယန္တရားကို အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိခြင်း၊ တရားဥပဒေစိုးမိုးမူမှာ ကောက်ရိုးပုံထဲ အပ်ပျောက်သကဲ့သို့ ရှာမရခြင်း၊ ယခုအချိန်အထိ CDM ပြုလုပ်မူအင်အား ကောင်းနေခြင်းကြောင့် အပြည့်အဝ အုပ်ချုပ်လို့ မရနိုင်သေးကြောင်း၊ စစ်ကောင်စီနှင့် အပေါင်းပါများက မြန်မာပြည်အထက်ပိုင်း၊ အညာဒေသ၊ အောက်ပိုင်းဒေသများကို ထိုးစစ်ဆင်ခြင်း၊ ရွာများကို မီးရှို့ခြင်း၊ မြို့ကြီးများတွင် ယခုနှစ်ပတ်အတွင်း ကျူးကျော်ဟုသတ်မှတ်ကာ အိမ်များကိုဖြိုခြင်း၊ UG နှင့် သပိတ်အဖွဲ့အစည်းများ၊ လူငယ်များကို ဖမ်းဆီးအကြမ်းဖက်ခြင်းများဖြင့် အုပ်ချုပ်လို့ရစေရန် အတင်းအကြပ် ဖော်ဆောင်နေကြောင်းနှင့် ထိုဖြစ်စဥ်များကို ပြည်သူများမှ မျက်ကွယ်ပြုမထားဘဲ တော်လှန်ရေးအင်အား ဆက်လက်ကောင်းမွန်စေရန်၊ ထောက်ပို့နှင့် မြေပြင်သတင်းများကို မိမိနိုင်သလောက် ပါဝင်တော်လှန်ရန်လိုကြောင်း တော်လှန်လူငယ် Demon ပြောကြားသည်။

Читать полностью…

Khit Thit Media

စစ်ကိုင်းနှင့် မတ္တရာမြို့နယ် အစပ်နှင့် ထားဝယ်- ထီးခီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း တပ်မ ၃၃ မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၅ နာရီ၀န်းကျင်တွင် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများကို အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းများထိုးပြီး ၀င်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပြင်ဦးလွင်ခရိုင် (ပကဖ) မတ္တရာမြို့နယ် ကောင်းကင် တော်လှန်ရေး အင်အားစုများနှင့် နယ်မြေခံ ပကဖ တပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်းထိုးလာသော ရှေ့ပြေးအဖွဲ့ တစ်ဖွဲ့ကို ကောင်းကင် တော်လှန်ရေး အင်အားစု နဂါးနီပြောက်ကျားတပ်ဖွဲ့မှ အလစ်၀င်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး ၅.၅၆ ကျည်တောင့် ၄၀၊ ၄၀ မမ ဗုံးသီး ၄ လုံး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမပေါ်ရှိ ဝကုန်းရွာအနီး၊ ဒွေးညီနောင်တွင် ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၂ စီး အင်အား ၁၀၀ ပါ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးထက် မနည်းသေကာ အများအပြားထိခိုက်ဒဏ်ရာသွားကြောင်း ထားဝယ် ပ. က.ဖ က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊သံမဏိပြောက်ကြားတပ်ဖွဲ့ (နဘယံ) ၊KawThooLei တပ်ခွဲ၃၊ တပ်ခွဲ ၆ တို့ မိနစ်(၂၀)ကြာအထိ အလစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီဝင်များသည် တိုက်ခိုက်ခံရပြီးသည့်နောက် ကျောက်မဲတောင် ကျေးရွာဘက်သို့ ဆုတ်ခွာခဲ့ကာ ဝကုန်းရွာသို့ရောက်ချိန်တွင် အနီးရှိ ပြည်သူပိုင်အိမ်များကို ဖောက်ထွင်း၍ ပစ္စည်းများကို ခိုးယူသွားကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဘောလုံးပြိုင်ပွဲ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် သတ္တမအကြိမ်မြောက် "စစ်အာဏာရှင်စနစ်ဆိုးကြီး အမြစ်​​ပြတ်ဖို့ PDF ကို ထောက်ပံ့စို့" ခေါင်းစဥ်ဖြင့် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

Читать полностью…

Khit Thit Media

ကနေဒါနိုင်ငံတွင် မသောက်မိသော မိုးခါးရေ ဇာတ်ကား ဆက်လက်ပြသနေပြီး ရုံပြည့်ရုံလျှံ အားပေးမှုရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကနေဒါနိုင်ငံ၊ Alberta ပြည်နယ် Edmonton မြို့ Shaw Theatre တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးထားသည့် "မသောက်မိသော မိုးခါးရေ" ဇာတ်ကား ပြသနေပြီး National Unity of Ethnic Groups of Myanmar အဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ ၃ ရက် တွင်ပြသလျက် ရှိကြောင်းသိရသည်။

အဆိုပါ ရုပ်ရှင် ဇာတ်ကားကို Edmonton မြို့နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော မြန်မာပြည်ဖွား တိုင်းရင်းသားမိသားစုများက ရာသီဥတု မကောင်းသည့် ကြားမှ တခဲနက် တက်ရောက် အားပေး ကြည့်ရှု့ ခဲ့ကြောင်းသိရသည်။

အဆိုပါရုပ်ရှင်ပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ ကိုရီးယား မှ မရွှေမိုး CDM ဗိုလ်ကြီး လင်းထက်အောင်တို့မှ တက်ရောက်ပြီး အမှတ်တရစကားများပြောကြားခဲ့ပြီး အလှမယ်ဟန်လေးမှကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ရုပ်ရှင်ဇာတ်ကား ပြသမှုမှ ရရှိထားသော ရန်ပုံငွေ အလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတဆင့် ညှိနှိုင်းပြီး အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ "မသောက်မိသော မိုးခါးရေ" ရုပ်ရှင်ဇာတ်လမ်းတို ကို ဒါရိုက်တာကိုပေါက်က တောတွင်းတစ်နေရာတွင် ဖုန်းကင်မရာကိုအသုံးပြုကာ CDM စစ်ဗိုလ်တစ်ဦး၏ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားခြင်းဖြစ်သည်။

Читать полностью…

Khit Thit Media

ဒီပဲယင်း၊ နများနှင့် ယဉ်ကျေးကျေးရွာကို စစ်တပ်က မီးတင်ရှို့၊ ညောင်လှ နှင့် ကံကုန်းရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု ဘုန်းကြီးကျောင်း၊ ထွေ/အုပ်ရုံး အပါအဝင် အဆောက်အအုံ ၆၅ လုံး ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ နများနှင့် ယဉ်ကျေးကျေးရွာကို စစ်တပ်က ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် မီးတင်ရှို့လျက် ရှိကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် ဒီပဲယင်းမြို့နယ်၊ နများနှင့် ယဉ်ကျေးရွာ မြောက်ပိုင်းသို့ စစ်ကြောင်းက ဝင်ရောက်လာပြီး အကြောင်းမဲ့ မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများ ထွက်ပြေး တိမ်းရှောင် နေရပြီး ရွာနားပင်ကပ်မရတော့ကြောင်း သိရှိရသည်။

"မနေ့က ညောင်လှနဲ့ကံကုန်းကို မီးရှို့ခဲ့တဲ့ စစ်ကြောင်းက ဒီမနက်မှာ နများရွာ နဲ့ ယဉ်ကျေးကို မီးရှို့တယ်။ ရွာထိပ်မှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီးမှ ရွာတွေ ထဲကိုဝင်တာ။ ယဉ်ကျေးမြောက်ပိုင်းကို မီးစရှို့တာက ဒီမနက် ၁၀ နာရီ ၃၀ မိနစ်မှာ စရှို့တာ။ အခုဘယ်သူမှ အနားမကပ်နိုင်သေးဘူး။ အားလုံးပြေး နေရ တယ်။ အခု စစ်ခွေးတွေက မူးရိုးကုန်းရွာဘက်ကို သွားနေကြတယ်" ဟု ဒေသ ပြည်သူတစ်ဦးက အခြေအနေကို ရှင်းပြသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃ ရက်နေ့ ဒီပဲယင်းမြို့ နယ်၊ညောင်လှစံပြကျေးရွာနှင့် ကံကုန်းကျေးရွာများကို မွန်းလွဲ ၂ နာရီ အချိန် မီးတင်ရှို့ခဲ့ရာတွင် ဘုန်းကြီး ကျောင်း ၊ သီလရှင်ကျောင်း၊ ဆက်သွယ်ရေးရုံး၊ ထွေအုပ်ရုံး၊ဆည်မြောင်းရုံး အပါအဝင် နေအိမ်များ၊ အဆောက်အအုံ ၆၅လုံး မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။

" ညောင်လှရွာကို စစ်ခွေးတွေက ဘုန်းကြီးကျောင်းပါ မကျန်ရှို့သွားတာ ကျောင်း ဆောင် ၂ ခု ပြာကျသွားတယ်။ လူနေအိမ်က အလုံး ၅၀ ကျော်လောက် ရှိတယ် ပြာကျသွားတာ ပထမအကြိမ် မီးရှို့ခံထားရလို့ ပြန်ဆောက်ထားတဲ့ တဲတွေလည်း မီးထဲပါသွားတယ်" ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဒီဇင်ဘာလ ၁ ရက်နေ့တွင်လည်း ဧရာ၀တီမြစ်တစ်ဖက်ကမ်း ရွှေဘိုမြို့နယ်၊ ဆင်အင်းကျေးရွာနှင့် မအူကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သော ညောင်လှကျေးရွာ။ Photo- CJ

Читать полностью…

Khit Thit Media

တောင်ကိုရီးယားနိုင်ငံ၊ဘူဆန်မြို့တွင် ကိုရီးယား- မြန်မာပူးပေါင်းဆန္ဒပြပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကိုရီးယား- မြန်မာပူးပေါင်းဆန္ဒပြပွဲကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

Читать полностью…

Khit Thit Media

အရာရှိနှင့် စစ်သားများသာ သီးသန့်သဂြိုလ်သည့် မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် အသုဘများဖြင့် စည်ကားစေရန် လာဘ်ခေါ် ကြောင်ရုပ်ချထားပေးပြီး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

တိုက်ပွဲတွင် သေဆုံးခြင်း အပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဘ၀တစ်ပါး ကူး ပြောင်း ကြသည့် အကြမ်းဖက်စစ်တပ်မှ အရာရှိနှင့် စစ်သားများသာ သီးသန့် သဂြိုလ်သည့် မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် အသုဘများဖြင့် စည်ကားစေရန် လာဘ်ခေါ် ကြောင်ရုပ်ချထားပေးပြီး Yangon Revolution Force - YRFက ယနေ့ ဆန္ဒပြသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် မြန်မာ့စစ်တပ်၏ ရာထူး အကြီးပိုင်းများ၊ ထိပ်ပိုင်းခေါင်းဆောင်များ အပါအဝင် စစ်သားများ သေဆုံးလျှင် မြှုပ်နှံလေ့ရှိသည့် မင်္ဂလာဒုံမြို့နယ်ရှိ စစ်ခွေးသင်္ချိုင်း၏ အရှေ့တွင် လာဘ်ခေါ် ကြောင်ရုပ်ကို Yangon Revolution Force - YRF ၏ Soft Strike Community မှ ရဲဘော်များက သွားရောက်ချထားခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သော လပိုင်းအတွင်း မြို့ပြပြောက်ကျားရဲဘော်များ၏ ရှင်းလင်ရခြင်းကို ခံလိုက်ရသည့် ဗိုလ်မှူးကြီးအုန်းသွင်၏ ရုပ်အလောင်းကိုလည်း ထိုင်္သချိုင်းတွင် မြုပ်နှံခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ချထားခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်း စစ်ခွေးသင်္ချိုင်းထဲသို့ ရောက်ရှိရန် ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်တပ်၏ ခေါင်းဆောင်များအား ပြည်သူ လူထုအပေါ် ဖိနှိပ်ချုပ်ချယ်မှုများ ရပ်တန့်ကာ ထိုသင်္ချိုင်းထဲသို့ မြန်မြန် ရောက်ရှိပြီး ဘဝနိဂုံးချုပ်စေရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။

စစ်အရာရှိမှန်သမျှ အလျှင်အမြန် အနားယူခွင့်ရစေရန်နှင့် ၎င်းတို့ နားခိုရာ သင်္ချိုင်းတွင် စည်ကားစေလိုသော စေတနာဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း Yangon Revolution Force - YRFက ပြောသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း မင်္ဂလာဒုံစစ်သင်္ချိုင်းရှေ့တွင် ချထားပေသည့် စည်ကားမှု လာဘ် ခေါ် ကြောင်ရုပ်။

Читать полностью…

Khit Thit Media

ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေရဲ့ ထောက်ခံအားပေးမှုနဲ့ မဘသတွေ မတရားသိမ်းပိုက်ခဲ့တဲ့ ဦးသာ့သနာကျောင်းတိုက် (သို့မဟုတ်) အမျိုးသားရေး အစွန်းရောက်တွေရဲ့ ဌာနချုပ်

By ဟိဏ်းဝေယံ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်လို့ နာမည်ကြားလိုက်ရုံနဲ့ အမျိုးသားရေး အစွန်းရောက်တွေ၊ မဘသတွေ ၊ အကြမ်းဖက် စစ်တပ်ကို ထောက်ခံအားပေးသူတွေ စုဝေးရာ နေရာအဖြစ် အားလုံး သိရှိခဲ့ကြပြီဖြစ်ပါတယ်။

အဲဒီကျောင်းတိုက်ကို မဘသ အစွန်းရောက်လည်းဖြစ်၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့သူလို့ စွပ်စွဲ ခံထားရတဲ့ အစွန်းရောက် သင်္ကန်းဝတ် သုစိတ္တက အဓိက နေထိုင်ပြီး အကြမ်းဖက်စစ်တပ်အလိုကျ အမျိုးသားရေးနဲ့ ဘာသာရေး အစွန်းရောက် ဝါဒ ရှင်သန်ကြီးထွားရေး လှုပ်ရှားမှုတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

တကယ်တော့ အဲဒီကျောင်းတိုက်ကို အစွန်းရောက် သုစိတ္တက မတရား သိမ်းယူခဲ့တာ ဖြစ် ပါတယ်။ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ မဘသအဖွဲ့ကပဲ မိုက်ကြေးခွဲပြီး သိမ်းယူထားတဲ့ ကျောင်းဆိုရင် လည်း မမှားနိုင်ပါဘူး။

မဘသ လက်ထဲ မရောက်ခင် ဗဟန်းမြို့နယ်၊ ဘင်္ဂလားတိုက်၊ ဦးသာ့သနာကျောင်းတိုက်ကို ပိုင်ဆိုင် သူ ကျောင်းထိုင် ဆရာတော် ဦးဥက္ကံဖြစ်ပါတယ်။ ဦးဥက္ကံက ကျောင်းတိုက်ကို အခြားဘုန်းကြီးတစ်ဦးထံ ငွေနဲ့ရောင်းပြီး လူထွက် မိန်းမယူသွားခဲ့ပါတယ်။

ကျောင်းရဲ့ ပထမပိုင်ရှင် ဘုန်းကြီး ဦးဥက္ကံက ကျောင်းကိုရောင်း၊ လူထွက် ၊ မိန်းမယူပြီး အဲဒီကျောင်း ရောင်း ရတဲ့ငွေတွေနဲ့ အပြင်မှာသုံးဖြုန်းပါတယ်။ လူထွက်လို့ ရှိသမျှစည်းစိမ်အကုန် ကုန်သွားတော့မှ ဦးက္ကံက သင်္ကန်းပြန်ဝတ်ပြီး အဲ့ကျောင်းပေါ်တက်နေတာ။ အဲဒီလိုတက်နေတော့ ကျောင်းကို ဝယ် ထား တဲ့ ကျောင်းထိုင်ဘုန်းကြီးက လက်မခံဘူး။

အဲဒီလို ကျောင်းထိုင်ဘုန်းကြီးက လက်မခံတော့ မောင်းချတဲ့အခါ ဦးဥက္ကံက မဘသအဖွဲ့တွေနဲ့ပေါင်း၊ မြောက်ဒဂုံက ဘုန်းကြီးလူမိုက်တွေကိုခေါ်၊ နောက်ထပ် တခြားလူမိုက်တွေကိုလည်း သင်္ကန်းခြုံပေး၊ ဒီကျောင်းကိုပြန်ရရင် သူတစ်ဝက်၊ မဘသတစ်ဝက် ပြန်ခွဲယူမယ်ဆိုပြီး ဘုန်းကြီးအပါး ၅၀ ကျော် လောက် ဒိုင်နာကားတွေနဲ့ ဦးသာ့သနာကျောင်းကို ရောက်ချလာပြီး အဲ့ကျောင်းကို မိုက်ကြေးခွဲ ဝင် သိမ်း ထားတာ။ မိုက်ကြေးခွဲ ဝင်ရိုက်တဲ့အုပ်စုထဲမှာ ဝင်းကိုကိုလတ် (စွစောင်း) တို့အုပ်စု တောင် ပါ ပါသေးတယ်။

သူတို့အားလုံးက အဲဒီဘုန်းကြီးကျောင်းမှာနေနေတဲ့ မည်သူ့ကိုမဆို ရိုက်ထုတ်ပစ်ပြီး အကုန်မောင်းချ၊ ကျောင်းကို ဝယ်ယူထားတဲ့ဘုန်းကြီးဆို သင်္ကန်းတစ်စုံနဲ့ ကျောင်းပေါ်ကနေ ဆင်းပြေးရပါတယ်။

ကျောင်းဝယ်ယူခဲ့တဲ့ ဒုတိယပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးက သာသနာ့ရေးရာတွေကော သက်ဆိုင်ရာ ဌာန တွေမှာရော တရားစွဲ၊ အမှုဖွင့်ပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းကမှ မဘသအဖွဲ့ရဲ့ ကျောင်း တိုက် မတရားဝင်ရောက်သိမ်းပိုက် မှုကို အရေးယူမပေးပါဘူး။

အဲ့ဒီအချိန်အခါတုန်းက ဗိုလ်ချုပ်မြင့်ဆွေက မဘသတွေရဲ့ ကျောထောက်နောက်ခံ ဖြစ်နေပြီး ဗိုလ်ချုပ်ကြီးမြင့်ဆွေက ရန်ကုန်တိုင်းဝန်ကြီးချုပ်ရာထူး ရယူထားချိန်လည်းဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ပိုင်ရှင် ကျောင်းထိုင်ဘုန်းကြီးလည်း ရန်ကုန်ကနေထွက်ပြီး တခြားမြို့မှာ သီတင်း သုံးနေရတယ်။

အဲဒီကျောင်းကို မဘသနဲ့ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှုတွေ လုပ်ဖို့ ငွေထုပ် တွေလာ ပို့တဲ့ အထဲမှာ ကြံ့ဖွတ်ပါတီက အထက်ပိုင်းလူကြီးတွေပါသလို စစ်တပ်ဘက်က အရာရှိ အကြီး ပိုင်းတွေ လည်း ဝင်ထွက်သွားလာနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။

ကျောင်းကမောင်းထုတ်ခံရတဲ့သူတွေက ကျောင်းအတွင်းကျန်ရှိနေတဲ့ သူတို့ပစ္စည်းအထုပ်အထည်တွေ လာယူတာတောင် ကျောင်းဝင်းအနားအကပ်မခံဘူး။ ကပ်တာနဲ့ ဟိုကောင်ကရိုက်မယ်၊ ဒီကောင်က ရိုက်မယ်၊ ဟိုဘုန်းကြီးကရိုက်မယ်၊ ဒီဘုန်းကြီးကရိုက်မယ်နဲ့ ကျောင်းထဲကို လုံးဝအဝင်မခံတော့ဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီက အစိုးရတစ်ရပ် ဖြစ်လာတော့မယ်ဆိုတာ စစ်အာဏာရှင်တွေက ကြိုမြင်ခဲ့ကြတော့ ဗဟန်း ဦးသာသနာ့ကျောင်းကို တိုင်းပြည်ကို အဖျက်အမှောက်လုပ်ဖို့ လူယုတ်မာ တွေ စုဝေးဖို့ ဌာနချုပ် အဖြစ် ရည်ရွယ်ပြီး မဘသနဲ့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိ လုယူ သိမ်းပိုက် ခဲ့ကြ တာလည်းဖြစ်ပါတယ်။

ကျောင်းဖွဲ့စည်းပုံက အောက်ခြေအုတ်မြစ်ချ ပျဉ်ထောင်နှစ်ထပ်ကျောင်းဖြစ်ပြီး မြေအောက်ခန်း လည်း ရှိပါတယ်။ အဲ့ဒီမြေအောက်ခန်းထဲမှာ တုတ်၊ ဓါးလက်နက်တွေ သိုလှောင်ရာနေရာအဖြစ် ထားရှိပြီး၊ ယနေ့အချိန်ထိဆို ခဲယမ်း၊ သေနတ်၊ လက်ပစ်ဗုံးတွေတောင် သိမ်းဆည်းခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် NLD အစိုးရ ဖြုတ်ချရေး ကြေးသွန်းသပိတ်နဲ့ ဆက်စပ်နေတဲ့ ဝရမ်းပြေးကျောက်ခဲက မြ၀တီက ဝယ်လာတဲ့ လက်ပစ်ဗုံး ၅ လုံးကို အဲဒီကျောင်းမှာ ထားခဲ့တာပါ။

အဲဒီကျောင်းကို သိမ်းယူထားတဲ့ ယခင်မဘသအဖွဲ့အစည်းကို ဘယ်သူတွေ နောက်ကွယ်က ကြိုးကိုင် ထား သလဲဆို သိနိုင်ပါပြီ။

Читать полностью…

Khit Thit Media

စစ်ကိုင်း-မုံရွာလမ်းပိုင်းတွင် ထောက်ပို့တပ် ၉၂၉ က ရိက္ခာနှင့်လက်နက်ခဲယမ်းများ သယ်ယူစဉ် မိုင်းအကြိမ်များစွာ ဆွဲခံရမှု စစ်သား ၁၈ ဦးသေဆုံးပြီး စစ်ကား ၃ စီးလုံး၀ ပျက်စီးခဲ့ဟု စစ်ဘက် သတင်းရင်းမြစ် အတည်ပြု

ရန်ကုန်၊ဒီဇင်ဘာ ၄

စစ်ကိုင်း-မုံရွာလမ်းပိုင်းတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ ထောက်ပို့တပ် ၉၂၉ က ရိက္ခာနှင့် လက်နက် ခဲယမ်း များ သယ်ယူစဉ် အကြိမ်ကြိမ် မိုင်းဆွဲခံရပြီး စစ်သား ၁၈ ဦးသေဆုံးကာ စစ်ကား ၃ စီး လုံး၀ ပျက်စီးခဲ့ရကြောင်း အနောက်မြောက် တိုင်းစစ်ဌာနချုပ် သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ လက်နက်ခဲယမ်းများ၊ ဆန်အပါအဝင် ရိက္ခာများကို မုံရွာအခြေစိုက် ထောက်ပို့တပ် ၉၂၉ က သွားရောက်သယ်ယူရာတွင် လမ်းခရီးတလျှောက် စစ်ယာဉ် တန်းကို အကြိမ်ကြိမ် မိုင်းဆွဲခံရ ကြောင်း၊ ယင်းမိုင်းဆွဲမှုတွင် စစ်ကား ၃ စီးလုံး၀ ပျက်စီးခဲ့ရပြီး စစ်သား ၁၈ ဦး သေဆုံးခဲ့ရကြောင်း စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

"အဆိုးဆုံးက နတ်ရေကန်နဲ့ ငါးယှန်ကြားမှာ ထိတာပဲ။ စစ်ကိုင်းကနေ ဆန်အိတ်၊ ရိက္ခာတွေ လက်နက် ခဲယမ်းတွေ သယ်တာပါ။ လမ်းတစ်လျှောက်လုံး မိုင်းမိတာ။ မိုင်းအလုံးပေါင်း ရာကျော်မယ်ထင်တယ်။ မိတာ။ စစ်ကား ၃ စီး ပျက်စီးတယ်။ သေတာက စစ်သား စုစုပေါင်း ၁၈ ဦးသေဆုံးပါတယ်။ မောင်းလို့ရ တဲ့ကားတွေတော့ အကုန်မောင်းတယ်။ နောက်မှ ပျက်သွားတဲ့ကားတွေတော့ နောက်မှ သွားဆွဲတယ်" ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

PDF များဘက်က ထုတ်ပြန်မှုတွင်လည်း နိုဝင်ဘာလ ၂၅ ရက်နေ့ စစ်ကိုင်းဘက်မှ မုံရွာသို့ ထွက်ခွာ လာသော စစ်ယာဉ်တန်းကို တောက်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၊ နတ်ရေကန်နှင့် ငါးယှန် အကြားတွင် မိုးကာများ ဖုံးအုပ်ထားသည့် ပြည်သူ့ကား အယောင်ဆောင်ပြီး ထွက်ခွာလာသည့် ကား ၅ စီးကို နေရာ ၃ နေရာခွဲ၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦးခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူများလည်းရှိကြောင်း ထုတ်ပြန်ခဲ့ကြသည်။

ဓာတ်ပုံ- နိုဝင်ဘာလ ၂၅ ရက်နေ့ နတ်ရေကန်နှင့်ငါးယှန်အကြားတွင် မိုင်းမိနေသော စစ်ကားတန်း။

Читать полностью…

Khit Thit Media

ဒီပဲယင်းတွင် ကျောင်းသားလူငယ်များ ဦးဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ဒီပဲယင်းမြို့နယ် တော်လှန်ရေး စစ်ကြောင်း ဦးဆောင်ကော်မတီမှ ကျောင်းသား လူငယ်များမှ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ်ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၃

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဒီးမော့ဆို၊ ထားဝယ်နှင့် စစ်ကိုင်းတို့တွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၃

ကရင်နီ ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ စစ် ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် တို့တွင် စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင် တိုက် ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်သား ၂ ဦးသေဆုံးကြောင်း ဒေသခံ ကာ ကွယ် ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဒီးမော့ဆိုတွင် စစ်တပ်က ကြည်းတပ်၊ လေတပ်တို့ဖြင့် ထိုးစစ်ဆင်နေ
=======================================

ကယားပြည်နယ်၊ ဒီးမော့ဆို မြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က စစ် ကြောင်း ၃ ကြောင်းဖြင့် မြေပြင်တွင် ထိုးစစ်ဆင်ပြီး လေကြောင်းတွင်မူ တိုက် လေယာဥ် ၂ စီးဖြင့် ၁၁ ကြိမ် ဗုံးကျဲတိုက်ခိုက်နေကြောင်း DMO-Local PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ကြာဖူးဒေါးကျေးရွာ အပါအဝင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းဖြင့် အင်အားအလုံးအရင်း အသုံးပြုကာ စစ်ကြောင်းထိုး လာသောကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး ယနေ့ တစ်နေကုန် နီးပါး ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီး‌မော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က စခန်းချ တပ်စွဲ ထား သော သေးဆူလဲ စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် စစ်တပ်က သေးဆူလဲစခန်း၊ ကုန်းသာကျေးရွာရှိ တပ်စွဲထားသော တပ်စခန်းတို့ကို စွန့်ခွာ ထွက်ပြေးသွားခဲ့ ကြောင်း ၊ ထိုစစ်စခန်းပြန်လည် ရရှိနိုင်ရေး အတွက် စစ်တပ်က အင်အား အလုံး အရင်းဖြင့် ယနေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ထိခိုက် သေဆုံး မှု ရှိသော်လည်း အရေအတွက် အတည်မပြု နိုင်သေးကြောင်း၊ အဆိုပါ တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့သည် ငွေတောင် ခြေစိုက် ခလရ (၁၀၂) တပ်ရင်းနှင့် အမတ(၃၅၆) တပ်ရင်းမှ လက်နက်ကြီး များဖြင့် တစ်နေ ကုန် ပစ်ကူပေးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင့် တိုက်လေယာဥ် ၂ စီးဖြင့် ညနေ ၄ နာရီ ဝန်းကျင်ခန့်တွင် ၈ ကြိမ် ခန့် ၊ ညနေ ၅ နာရီခန့်တွင် ၃ ကြိမ်ခန့် စုစုပေါင်း ၁၁ ကြိမ်ခန့် ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ KA၊ KNDFနှင့် အခြားတော်လှန်ရေး အင်အားစုများ ပူးပေါင်းကာ ခုခံ တိုက် ခိုက်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ဖွဲ့ဝင် ရဲဘော်(၂)ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိထားကြောင်း သိရှိရ သည်။

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွား
==========================

တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမပေါ်ရှိ သင်္ကန်းတုံးရွာအနီးတွင် ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၅ တွင် အကြမ်းဖက် စစ်ကောင်စီဝင်များနှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းဖွဲ့တို့ တိုက်ပွဲငယ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထားဝယ်ဖက်မှ ဝင်လာသည့် စစ်ကောင်စီ စစ်ကြောင်း ၁၀၀ ကျော်ပါ ခြေလျင် စစ် ကြောင်းကို DGRFပူးပေါင်းတပ်ဖွဲ့/ ဥသြစစ်ကြောင်းတို့က ကြားဖြတ် တိုက် ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီဝင်များစွာ သေဆုံးနိုင်ကြောင်း တော်လှန် ရေး ရဲဘော်များထံမှ သိရှိရသည်။

"နေရာနှစ်ခုခွဲ၍ ကျနော်တို့ရဲဘော်တွေတိုက်ခိုက်ခဲ့တာပါ။လက်နက် ငယ်တွေ နဲ့ခဏလောက်ထိုးပစ်ပြီး ဘေးကင်းစွာအားလုံးပြန်ဆုတ်ခွာလာခဲ့ပါတယ်"ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ပြောကြားသည်။

စစ်ကိုင်းတွင် စစ်ကြောင်းကို PDF အဖွဲ့များ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး
========================================

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရိုးတစ်လျှောက်ကို အကြမ်း ဖက် စစ်ကောင်စီ၏ စစ်ကိုင်းတပ်မ ၃၃ စစ်ကြောင်း ထိုးနေပြီး ယနေ့ ဒီဇင်ဘာ ၃ ရက်နေ့တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဝင် ၂ ဦးသေကြောင်း နဂါးနီပျောက်ကြားတပ်ဖွဲ့မှ ရန်ကုန် ခေတ်သစ် သို့ ပြောကြားသည်။

“ဒီကနေ မင်းကွန်းတောင်ရိုးတစ်လျှောက်ကို ခွေးစစ်ကြောင်းထိုးလာပါတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ရွာသူ ရွားသားတွေက ၁၀ ရွာကျော်တယ်ဗျ။ သူတို့လာတာနဲ့ အကုန် ပြေး နေပါတယ်။ ပထမအရင် စစ်ကြောင်းကတည်းက ပြေးတာ အခုအချိန်ကို ပြန် မလာရသေးဘူး။ တချို့ပြန်ဝင်တဲ့ လူတွေလည်း သူတို့ စစ်ကြောင်းထိုးရင် ပြန်ပြီး ပြေးနေရပါတယ်။ ကျွန်တော်တို့ ခွေးတွေ တစ်ကောင်သေသေ နှစ်ကောင် သေသေ Battle သွားဆိုင်တာ ခွေးတွေဘက်က နှစ်ကောင် သေပါ တယ်ဗျ” ဟု နဂါးနီပျောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သို့ ပြောကြားသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"ဘာကြောင့်မှ နောက်မဆုတ်နဲ့" စာတန်း ကိုင်ဆောင်ကာ ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် "ဘာကြောင့်မှ နောက်မဆုတ်နဲ့" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photos -AungKhantZaw

Читать полностью…

Khit Thit Media

"ဖက်ဆစ် ယန္တရားကို ဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက်" စာတန်း ကိုင်ဆောင်ကာ လက်ပံတောင်း လူထု သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၃

လက်ပံတောင်းတောင် ဒေသ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်တွင် "ဖက်ဆစ် ယန္တရားကို ဖြိုဖျက်၊ ပြည်သူ့ယန္တရားကို တည်ဆောက်" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…
Subscribe to a channel