khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ယင်းမာပင်တွင် အကြမ်းဖက် စစ်အာဏာရှင် ကျဆုံးရေး အရုဏ်ဦး သပိတ် ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းတွင် ယနေ့ ဒီဇင်ဘာလ ၅ ရက် နေ့ နံနက်ပိုင်း အကြမ်း ဖက် စစ်အာဏာရှင် ကျဆုံးရေး အရုဏ်ဦး သပိတ် အဖြစ် ချီတက် ဆန္ဒပြကြသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမှာ ဒီဇင်ဘာ ၃ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၂၀ ကျော် သေသွားကာ ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ KNDF တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန် ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီးမှာ ဆိုင်ကယ်ဖမ်းဆီးတာနဲ့ ကားစစ်ဆေးတာတွေ ပြုလုပ်နေတဲ့ ရဲနဲ့ ယာဉ်ထိန်းရဲအဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၃ ဦး သေသွားပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြပျောက်ကျား တပ်ဖွဲ့ က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံးကျဲတိုက်ခိုက် သလို မီးရှို့ဖျက်ဆီးတာတွေကြောင့် နေအိမ် ၄၃၇ လုံးပြာကျခဲ့တယ်လို့ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
- စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချောင်းကြားရွာကို အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ခမရ-၃၆၉ နဲ့ လက်ပါးစေ ပျူစောထီးတွေက ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၇ နာရီ ၃၀ မိနစ်လောက်မှာ မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈ လုံးနဲ့ စပါးကျီတွေ မီးလောင်ပျက်စီးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/ZGDXbNTx8_E

Читать полностью…

Khit Thit Media

နေပြည်တော်၊ လယ်ဝေးတွင် ဗုံးဖောက်ခွဲမှု သံသယဖြင့် ဖမ်းဆီးခံရသော မောင်ဘုန်းမြတ်ကို ကို စစ် တပ်က စစ်ကြောရေးတွင် သတ်ဖြတ်၊ နာရေးကို မိသားစုဝင်တချို့ လှမ်းခေါ်ပြီး စစ်တပ်က သဂြိုလ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

နေပြည်တော်၊ လယ်ဝေးမြို့ပေါ်တွင် ဒီဇင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲခဲ့ပြီး ယင်းဗုံးပေါက် ကွဲမှု အတွက် သံသယဖြင့် ဖမ်းဆီးခံရသော မောင်ဘုန်းမြတ်ကို ကို စစ်တပ်က စစ်ကြောရေးတွင် သတ် ဖြတ်လိုက်ကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၇ နာရီခွဲ အချိန် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်းအနီးတွင် အသံ မိုင်းဖြင့် လုံခြုံရေးအတွက် လာရောက် စစ်ဆေးကြမည့် စစ် သားကို မြှား ခေါ်၍ အဓိကမိုင်းဖြင့် တိုက်ခိုက်ရန်စီစဉ်ခဲ့ကြောင်း၊ သို့ရာတွင် အဓိက မိုင်းကို လူတ ချို့က ကောက်ယူသွားသည့်အတွက် မဖောက်ခွဲနိုင်လိုက်ဘဲ စစ်တပ်ကို မြှားခေါ်သည့် အသံမိုင်း သာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - နေပြည်တော်(ပ.က.ဖ)နှင့် ပျဉ်းမနား ပ.က.ဖ တို့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဗုံးပေါက်ကွဲမှုအပြီး ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီတွင် မောင်ဘုန်းမြတ်ကိုကို CCTV မှ ခြေရာခံမိသည်ဟုဆိုကာ စစ်တပ်က လာရောက် ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့တွင် မောင်ဘုန်းမြတ်ကို စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ကြောင်း၊ ကွယ်လွန်သူ မောင်ဘုန်း မြတ်ကို၏ အလောင်းကို သဂြိုလ်ရန် မိသားစုကို လှမ်းခေါ်ပြီး စစ်တပ်က ချက်ချင်း သဂြိုလ် လိုက်ကြောင်း သိရှိရသည်။

"ဒီဇင်ဘာလ ၁ ရက်နေ့ ညနေ ၆နာရီမှာ မောင်ဘုန်းမြတ်ကို ကို ဖမ်းသွားတယ်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကျဆုံးသွားပါတယ်။ မိသားစုကို လှမ်းခေါ်ပြီး ကွင်းကြီးသုသာန်မှာ သဂြိုလ်တယ်။ သဂြိုလ်တဲ့အချိန် မောင်းဘုန်းမြတ်ကိုရဲ့ မျက်နှာတွေကိုလည်း ထိုးထားပြီး ရင်ဘက်ကိုလည်း ခွဲထားပြီးပါပြီ။ နာရေးကို စစ်ဗိုလ်တစ်ယောက်၊ ရဲမေ ၂ ယောက် ၊ ရဲ ကားတစ်စီးက လာ သဂြိုလ်တယ်။ ဗုံးပေါက်တဲ့ မီးပွို့င့်မှာ CCTV က 360 view လှည့်လို့ရတော့ မသင်္ကာ ဘူးဆိုပြီး ဖမ်းဆီးစစ်ဆေး သတ်ပစ်လိုက်တာပါ။ ကွယ်လွန်သူ မောင်းဘုန်းမြတ်ကိုက အသက် ၁၈ နှစ် မပြည့်သေးဘူး။ ဖမ်းပြီး အထူးစစ်ကြောရေးပို့ပြီး သတ်ပစ်လိုက်တာပေါ့" ဟု မောင်ဘုန်းမြတ်ကိုနှင့်ရင်းနှီးသူ မိတ်ဆွေက ပြောသည်။

စစ်ကောင်စီက အကြမ်းဖက် စစ်တပ် ရုံးစိုက်ရာ နေပြည်တော်နှင့် ပတ်ဝန်း ကျင် မြို့နယ်များတွင် ဘန်ကာများ၊ လှည့် ကင်းများ၊ ကင်းပုန်းများ ချထားခြင်း၊ CCTV ကင်မရာ တပ်ဆင်ခြင်း အပါအဝင် လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ် ဘက်မှ အရာရှိများ အပါအဝင် ၃၀ ဦးခန့် သေဆုံး​​​သည် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၃၀ ဦးခန့်သေဆုံးကြောင်း Myingyan Black Tiger (MBT)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

" စစ်ခွေးက ၃၀ ကိုမကပါဘူး။ ၃၀ ကျော်သေတာပေါ့။ ကျွန်တော်တို့ သတင်းရင်းမြစ်တွေက လှမ်းပြောချက်အရ စစ်ခွေးတွေ အလောင်း ၁၅ လောင်း လောက်က အခုချိန်ထိ အလောင်းတောင် မကောက်ရသေးဘူးလို့ပြောတယ်။ လမ်းဘေးတွေမှာပဲ ရှိသေးတယ်တဲ့ စစ်ဗိုလ်တွေလည်း ကျတယ်လို့ပြောတယ်။ သူတို့ စစ်ခွေး အရေးကြီးတဲ့ ကောင်တွေကို သုံးဘီး ၂ စီးနဲ့ အလောင်းတွေ ကောက်သွားပြီပြောတယ်။ သေတဲ့ အထဲမှာ အရာရှိအဆင့်ကတော့ ဘယ်အဆင့်ထိ ပါတယ်ဆိုတာကတော့ အတည်မပြုနိုင်သေးဘူး။ ကျွန်တော်တို့ သိရတာတော့ ဗိုလ်တွေပါတယ်လို့တော့ သိထားရတယ်​" ဟု Myingyan Black Tiger (MBT)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ရေစကြို ရဲစခန်းကို Myingyan Black Tiger (MBT)မှ ဦးဆောင်ပြီး ညီနောင် မဟာမိတ်များဖြစ်သော Blck Wons၊ရေကင်း တပ်ဖွဲ့၊ VOMDY-Front Warrior၊ MGN-35၊BURMESE GUERRILLA FORCE - BGF အဖွဲ့တို့မှ ပူးပေါင်းပါဝင် အားဖြည့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကောလင်းတွင် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၁၁၀ ခု အပါအဝင် ကျောက်စိမ်းများ သယ်ဆောင်လာသော ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်တွင် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် ၁၁၀ ခု အပါအဝင် ကျောက်စိမ်းများ သယ်ဆောင်လာသော ကားကို PDF တပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး-ပအဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကောလင်းမြို့နယ် ဗျူဟာလမ်းပိုင်း တစ်နေရာ၌ မန္တလေးမှ ပြန်လာသည့် Pajero ကားအမျိုးအစား ယာဉ်နံပါတ် 1D/7215 ကို ကောလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)မှ စစ်ဆေးခဲ့ရာ ဘိန်းဖြူဟု ယူဆရသည့် ဆပ်ပြာခွက် ၁၁၀ ခုအပါအဝင် ကျောက်စိမ်းများ တင်ဆောင်လာသူ ၂ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကားပေါ်တွင် ဘိန်းဖြူများ အပါအဝင် ကျောက်စိမ်းဟု ယူဆရသည့် ကျောက် ၂၃ လုံး၊ သွေးပြီးသား ကျောက်ချော ၉ လုံး၊ မိုဘိုလ်ဖုန်း နှစ်လုံး၊ Tablet တစ်လုံး၊ Laptop တစ်လုံး၊ ကီးဘုတ် နှစ်ခု၊ ဂရမ်ချိန်စက် တစ်လုံး၊ ကျောက်ကြည့်ဓာတ်မီး တစ်လုံး၊ ဓား တစ်လက်၊ တော်ပါပြောင်း တစ်ခု၊ ငွေသား ၁,၆၈၂,၀၅၀ ၊ ပိုက်ဆံအိတ် သုံးလုံး၊ အမေရိကန်ဒေါ်လာ ၁၀ ၊ ATM ကတ် တစ်ခုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကောလင်းမြို့နယ် ပအဖ ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဘိန်းဖြူတွေကို အများရှေ့မှာပဲ မီးရှို့ဖျက်ဆီးမှာပါ။ တရားခံတွေကိုကတော့ တရားသူကြီးကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ တခြားပစ္စည်းတွေကိုတော့ သက်ဆိုင်ရာမူဘောင်အရပဲ လုပ်ဆောင်သွားမှာပါဗျ” ဟု ကောလင်းမြို့နယ် ပအဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

အမေရိကန် ဝါရှင်တန်ဒီစီတွင် စစ်ကောင်စီ၏ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

အမေရိကန်နိုင်ငံ Washington DC Area ရှိ မြန်မာ့ တော်လှန်ရေးတက်ကြွလှုပ်ရှားသူများ ဦးဆောင်၍ တိုင်းရင်းသားပေါင်းစုံ အမျိုးသမီးများအကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲကို အကြမ်းဖက် စစ်ကောင်စီ စစ်သံရုံးရှေ့နှင့် White House ရှေ့တို့တွင် ပြုလုပ်ခဲ့ကြသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် တိုင်းရင်းသားပေါင်းစုံပါဝင်ကြပြီး သံရုံးရှေ့မှ စတင်ကာ White House ရှေ့သို့ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲတွင် အဆိုတော် လင်းနစ်နှင့် လင်းထက်တို့က တော်လှန်ရေးတေးသီချင်းများ သီဆိုပါဝင်ကြပြီး ကလေးများက White House ရှေ့တွင် စကစ၏ လေယာဉ်ဖြင့် ဗုံးကြဲသတ်ဖြတ်မှုများကို သရုပ်ဖော်ခဲ့ကြသည်။

လူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ မဝေဝေနု နှင့် အမေရိကန် အမျိုးသမီး Mrs. Erika Berg တို့ကလည်း မြန်မာပြည်၌ အကြမ်းဖက်စစ်တပ်၏ အမျိုးသမီးများနှင့် ကလေးများအပေါ် လူမဆန် ရက်စက်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများကို ထုတ်ဖော်ပြောကြားသွားပြီး မ Shwe Steph မှ အမေရိကန် ဒုသမ္မတ Mrs. Kamala Harris ထံသို့ Women for Myanmar မှ ပေးပို့သောစာကို ဖတ်ပြသွားခဲ့ကာ အခမ်းအနားစီစဉ် သူများဖြစ်ကြသော Women for Myanmar မှ ဆရာမမှူးမှူး၊ အန်တီနီနီနှင့် ဆရာမမင်းမင်း(Min Min Berwald) တို့ကလည်း အမျိုးသမီးများ တော်လှန်ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကြောင်းနှင့် နွေဦးတော်လှန်ရေးတွင် ပထမဆုံးကျဆုံးသွားသော မမေသွဲ့ခိုင်၊ မကြယ်စင်နှင့် ကျဆုံးသွားကြသော အမျိုးသမီးအားလုံးကို ဂုဏ်ပြုကြောင်း၊ တော်လှန်ရေးပြီးဆုံးသည်အထိ အမျိုးသမီးများက တတ်နိုင်သည့်ဖက်မှ ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Читать полностью…

Khit Thit Media

ဘုတ်ပြင်းနှင့် တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံးကာ လက်နက်များ သိမ်းဆည်းရမိ၊ မြောင်တွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၄

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံ ဒေသရှိ အကြမ်းဖက် စစ်တပ်၏ နယ်စပ်စခန်းကုန်းကို KNLA ပူးပေါင်း တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း PDF ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် စခန်းကုန်းကို KNLA နှင့် PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာလာစဥ် မြိတ်/ကော့သောင်းခရိုင် အခြေစိုက် အကြမ်းဖက် စစ်တပ် တပ်ရင်းများက လေညာတပ်ရင်းမှ တဆင့် လေညာ ရတနာပုံ လမ်းအတိုင်း ယာဥ်တန်းများ၊ ခြေလျင်စစ်ကြောင်းများဖြင့် စစ်ကူဝင်လာခဲ့ပြီး ဒီဇင်ဘာလ ၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် လမ်းတလျှောက် အသင့်စောင့်ကြိုနေသော ဒေသခံ ကာကွယ်ရေး ပူးပေါင်းအဖွဲ့၏ လမ်းကင်းအဖွဲ့ အသီးသီးမှ မိုင်းခွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လမ်းတလျှောက် နေရာအနှံအပြားတွင် ထိတွေ့တိုက်ပွဲ အများအပြားဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLA ရင်း (၂၀၃) ၊ ပြည့်သူ့ကာကွယ်ရေးတပ် တပ်မတော်၊ ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်း၊ မြိတ်ခရိုင် အမှတ်(၂) တပ်ရင်းနှင့် Flying Star Force (ဘပ ပကဖ)တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ RPG ၁ လက်၊ MA 1 ၁ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီမြို့နယ် ရေဖြူရွာအလွန် ထုံခါးရွာသင်္ချိုင်းအနီး ဒီဇင်ဘာ ၂ ရက်နေ့က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်စစ်ကောင်စီဝင်နှင့် တော်လှန်ရေးရဲဘော်များ အပြန်အလှန်ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်မှ ၅ ဦးသေကာ ၁၈ ဦး အရေးပေါ်အခြေအနေတွင် ရှိနေကြောင်း KNLA – Tcsjf က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“သေတာက ၅ ယောက်ပါ။ ၁၈ ယောက်က အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။ အသက်ရှင်ဖို့တော့ အခြေအနေမရှိတော့ပါဘူး” ဟု KNLA- Tcsjf မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ အင်အား ၁၀၀ ကျော်ခန့်ပါ စစ်ယာဉ်တန်းကို KNLA – Tcsjf တပ်ဖွဲ့မှ အနီးကပ် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များဘက်မှ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော စစ်သားများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံးကြောင်း MBTT အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်တွင် ကျောက်ရစ်ရဲစခန်းမှ ထွက်ခွာလာသော စစ်ကောင်စီ တပ်သားများကို ကျောက်ရစ်နှင့် သရက်သာ အကြားအရောက်တွင် မြောင်ဗိုလ်တောက်ထွန်း အထူးတပ်ဖွဲ့မှ ပဒေသာမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မင်းအောင်လှိုင်က လျှပ်စစ်မီးချွေတာရမည်ဟု ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်း ၂၄ နာရီပါး မီးပြတ်တောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရ

ရန်ကုန်၊ ဒီဇင်ဘာ ၄

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လျှပ်စစ်မီး ချွေတာရမည်ဟု စစ်ကောင်စီ အစည်း အဝေးတွင် ထုတ် ဖော်ပြောဆိုပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းတွင် လျှပ်စစ်မီးများ ၂၄ နာရီနီးပါး ပြတ်တောက်နေပြီး ပြည်သူများ အတိဒုက္ခရောက်နေရကြောင်း ပြည်သူများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေး တွင် အကြမ်းဖက် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လိုအပ်ချက် ကြီးမားလာနိုင်၍ အလေ အလွင့် ဖြစ် စေမည့် ဓာတ်အားသုံးစွဲမှုများကို လျှော့ချကြစေလိုကြောင်း၊ ချွေတာရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်

ရန်ကုန်မြို့တော်၊ မန္တလေးမြို့၊ နယ်မြို့ကြီးများနှင့် မြို့နယ်အများစုတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ နောက် ပိုင်း လျှပ်စစ်မီး ပြတ်တောက်မှု အလွန်ဆိုးဝါးနေကြောင်း သိရှိရသည်။

"မနက်လည်း မီးက ပြတ်တယ်။ ညလည်းမီးက ပြတ်တယ်။ ဘယ်အချိန်လာတာလဲမသိဘူး။ မနက် ဆိုရင် ၁ နာရီ လောက်လာပြီး ၅ နာရီလောက်ပြတ်သွားတယ်။ ညဆိုရင်လည်း ည ၁၀ နာရီလောက် ကပြတ်တာ မနက် ၈ နာရီ အထိ မလာဘူး။ အထပ်မြင့်တိုက်ဆိုတော့ ရေလည်းမရဘူး။ မအလ ပေးတဲ့ ဒုက္ခတွေ ပြည်သူတွေ ခါးစည်းခံနေရတယ်" ဟု တာမွေမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

အလားတူ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ၊ ဧရာ၀တီတိုင်းတို့တွင်လည်း မီးများ ပြတ် တောက်မှု အခြေအနေ ဆိုးဝါးလာကြောင်း သိရှိရသည်။

"မီးကတော့ မလာတာများတယ်။ ညပိုင်းလေးတွေ ခဏလာတာမျိုးပဲရှိတယ်။ နေ့လည်း တြပ်တယ်။ ညလည်း ပြတ် တယ်။ အမြဲပြတ် ။ မီးလာတဲ့အချိန်က တစ်နေ့မှာ ၂၄ နာရှိရရင် နာရီ ၂၀ ကျော် လောက် မီးပြတ်နေတာ" ဟု မန္တလေး ဒေသခံတစ်ဦးကလည်းပြောဆိုသည်။

ယခုကာလသည် ဆောင်းတွင်းဟုဆိုသော်လည်း ညအချိန် အမြဲလိုလို ရာသီဥတု ပူအိုက်နေသဖြင့် မြို့ပြ ပြည်သူများမှာ မီးပြတ်ချိန် အတိဒုက္ခရောက်ကြပြီး ရေလည်း မရရှိကြောင်း သိရှိရသည်။

"ရေသန့် ၂၀ လီတာ ဗူးကြီးတွေပဲ ဗူး ၂၀ ၊ ၃၀ မှာပြီး သုံးနေရတယ်။ ဂျိုးဖြူရတဲ့အချိန် မီးကမလာ၊ အဝီစိရေကလည်း မီးလာချိန် ၀ိုင်းပြီး ရေတင်ကြတော့ ရေကြောခမ်းတယ်ထင်ပါတယ်။ အတော် အဆင်မပြေဘူး။ နယ်မှာ အိမ်မီးရှို့ခံနေရပြီး ထွက်ပြေးနေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခနဲ့စာရင်တော့ ကျနော်တို့ ဒုက္ခက အဲဒီလောက်မဟုတ်ပါဘူး" ဟု စမ်းချောင်းမြို့နယ်၊ မင်းလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် မင်းအောင်လှိုင်က လျှပ်စစ်ဓာတ်အားဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများ ဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်ရထားများကို အကောင်အထည်ဖော်မည်ဟု မကြာခဏ ထုတ် ဖော်ပြောဆိုနေပြီး ယခုလည်း ထပ်မံ၍ ၎င်း၏ အိပ်မက်ကို ယမန်နေ့ စစ်ကောင်စီအစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားပြန်သည်။

ဓာတ်ပုံ- ရန်ကုန်တွင် ယခုရက်ပိုင်း မီးပြတ်နေသော မြို့နယ်တစ်ခု။

Читать полностью…

Khit Thit Media

ယင်းမာပင် ဗကသများ အဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဆားလင်းကြီးမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နှင့် Young Phoenix တို့ ပူးပေါင်းကာ "စေ့စပ်ရေး အတွေးအခေါ်ကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ" ခေါင်းစဥ်ဖြင့် ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး" လောင်းလုံးတွင် နှင်းဆီရောင် အမျိုးသမီး သမဂ္ဂ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

လောင်းလုံးမြို့နယ် အတွင်း နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ဦးဆောင်ကာ "အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး" စာတန်းကိုင်ဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

"ကမ္ဘာ့နေရာအနှံ့က အမျိုးသမီးတွေဟာ နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတာကို ယနေ့အချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေဟာ ပိုမိုများပြားလာပါတယ်။အမျိုးသမီးတွေဟာ သူစိမ်းတွေရဲ့ အကြမ်းဖက်တာကို ရင်ဆိုင်ကြရုံတင်မက ကိုယ့်မိသားစု၊ ကိုယ့်မောင်နှမ၊ ကိုယ့်အိမ်ထောင်ဖက်တွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုပါ ရင်ဆိုင်ကြုံတွေ့နေရပါတယ်" ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ပြောဆိုသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြောက်ပိုင်း သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

တောင်ကိုရီးယားနိုင်ငံ ဆူဝမ်-မြန်မာ အသင်းမှ ဦးဆောင်ကာ အကြမ်းဖက် မြန်မာ စစ်တပ်က ကျောင်းသား ၇ ဦးအပေါ် သေဒဏ် ချမှတ်ခြင်းအား ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

တောင်ကိုရီးယားနိုင်ငံ၊ ဆူဝမ်မြို့၊ ဆူဝမ်ဘူတာတွင် ဆူဝမ်-မြန်မာ အသင်းမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်ခြင်းအပေါ် ရှုံ့ချကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်မြို့ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး ကျေးရွာ ၇ ရွာကို မီးရှို့မှု နေအိမ် ၄၃၇ လုံးပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၃၇ လုံးပြာကျခဲ့ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်လေယာဥ်များဖြင့် အောက်တိုဘာလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၂၀ မိနစ်တွင် YAK-130 ဂျက်ဖိုက်တာ ၁ စီးဖြင့် အလယ်တော တောင်ရိုးရှိ ဘုရားကုန်းအား ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေသာရွာကို ဗုံး ၈ လုံးကျဲချခဲ့ကြောင်း၊ နိုဝင်ဘာ ၂၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် လေသာရွာနှင့် အင်းတိန်ရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၁ နာရီ ၁၅ မိနစ်နှင့် ည ၁၁ နာရီ ၃၀ မိနစ်တွင် လေသာရွာနှင့် အလယ်တောရွာကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ဆူးပုံချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၅ လုံး ပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်နှင့် နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတို့တွင် အင်ကြင်းကုန်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၂ လုံးပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အလယ်တောရွာကို မီးရှို့ဖျက်ဆီးခဲ့​ပြီး နေအိမ် ၈၅ လုံးပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ၁၅ မိနစ်တွင် အင်းတိန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၉ လုံး ပြာကျခဲ့ကြောင်း၊ နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် လေသာရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၁၈၇ လုံးပြာကျခဲ့ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကျက်သရေချောင်းရွာကို ဒုတိယအကြိမ် မီးရှို့ခဲ့ပြီး နေအိမ် ၇ လုံးပြာကျခဲ့ကြောင်း၊ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် သခွတ်ချောင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၃၂ လုံးပြာကျခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တပ်မ ၈၈၊ ခမရတပ်ရင်း ၄၁၅မှ ခေတ္တ တပ်ရင်းမှူး ဗိုလ်မှူး သန်းဇော်ဝင်း(ကြည်း) မှ ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

မြန်မာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု အဖြစ် အမေရိကန်၊ နယူးယောက်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

အမေရိကန်နိုင်ငံ နယူယောက်မြို့တွင် မြန်မာ့ တော်လှန်ရေး တက်ကြွ လှုပ်ရှားသူများ ဦးဆောင်၍ တိုင်းရင်းသားပေါင်းစုံ အမျိုးသမီးများ အပေါ် စစ်တပ်၏ အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာကာလ လှုပ်ရှားမှု ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ခဲ့ပြီး အကြမ်းဖက် စစ်အာဏာရှင်အောက်တွင် ဖိနှိပ်ခံရမှုများနှင့် ပတ် သက်၍ သရုပ်ပြပွဲများပါ ထည့်သွင်းသရုပ်ပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမှာ အသက် ၉၀ နဲ့ အသက် ၈၅ အရွယ် မျက်မမြင် အဘွား ဒေါ်သန်းငွေနဲ့ ဒေါ်အမာ ကြီး တို့ကို စစ်တပ်က ဘယ်လို ရက်ရက်စက် သတ်ဖြတ်ခဲ့လဲ

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာ ၄ ခုမှ အိမ်ခြေ ၂၄၈ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အသက် ၉၀ အရွယ် မျက်မမြင် အဘွားအိုနှင့် လေဖြတ်နေသည့် အဘွားအိုတို့ကို စစ်တပ်က မီးရှို့ သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တပ်က နိုဝင်ဘာလ နှောင်းပိုင်းမှစတင်ပြီး စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ဆားထုံးကျေးရွာမှ အိမ်ခြေ ၁၅၅ လုံး၊ ထန်းဇင်ကျေးရွာမှ အိမ်ခြေ ၂၄ လုံး၊ လက်ပံကျွန်းကျေးရွာမှ အိမ်ခြေ ၃၃ လုံး၊ တောကျောင်းလေးကျေးရွာမှ အိမ်ခြေ ၃၆ လုံး စုစုပေါင်း အိမ်ခြေ ၂၄၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ဆားထုံးရွာမှ အသက် ၉၀ နှစ်အရွယ် မျက်မမြင် ဒေါ်သန်းငွေနှင့် အသက် ၈၅ နှစ်အရွယ် လေဖြတ်လူနာ ဒေါ်အမာကြီးတို့ကို မီးရှို့သတ်ဖြတ် သွားခဲ့ကြောင်း သိရှိရသည်။

"မျက်မမြင်အဘွား ဒေါ်သန်းငွေနဲ့ အသက် ၈၅ နှစ်အရွယ် လေဖြတ်လူနာ ဒေါ်အမာကြီးကို စစ်တပ်က မီးရှို့ သတ်ဖြတ်သွားတာဖြစ်ပါတယ်။ ဒေါ်အမာကြီး အသက် ၈၅ နှစ်က တောင်ဝှေးနဲ့ သွားလာနိုင် ပေမယ့် စစ်ကြောင်း ဝင်တော့ မပြေးနိုင်တော့ပါဘူး။ ဒေါ်သန်းငွေကလည်း မျက်မမြင်ဆိုတော့ မီးထဲ ထည့်ပြီး အသတ်ခံလိုက်ရတာဖြစ်ပါတယ်" ဟုဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင်စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ကျေး ရွာများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မီးရှို့နေသည့်အပြင် အသက် မပြည့်သေးသည့် ကလေးအများ အပြား ကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဆားလင်းကြီးမြို့နယ်အတွင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံရမှုကြောင့် ပျက်စီး ဆုံးရှုံးမှုတန်ဖိုးကို မသိရှိသေးဘဲ ပြည်သူ ၁၀၀၀ ကျော် စစ်ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓား မဆိုင်း တပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း၂၈ အထူးတိုက်ခိုက်ရေးအဖွဲ့မှ ဗိုလ်ထွဋ်ခေါင်က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသွားသော အဘွား ၂ ဦး၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ် အစိတ်အပိုင်းများ။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၄ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

မြောက်ဒဂုံ YGN (KTV & Bar) နှင့် Asahi 3 (Beer Pub & BBQ) တွင် ဗုံး ပေါက်ကွဲမှုဖြစ်၊ လှိုင်သာယာ စျေးရောင်းပွဲတော်တွင် ဗုံးကွဲမှုဖြစ်ပြီး လူတချို့ အနည်းငယ်ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်း ၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ ပြည်ထောင်စုလမ်းမကြီးပေါ် ရှိ YGN (KTV & Bar)ကို ယနေ့ည ၇ နာရီ ၅၅ မိနစ်အချိန်၌ Human Rights Defender (HRD) နှင့် သွေးသစ္စာအဖွဲတို့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း အဆိုပါအဖွဲ့က ပြောသည်။

ထို့ပြင် မြောက်ဒဂုံမြိုနယ် ပင်လုံလမ်းမကြီးပေါ် ရှိ Asahi 3 (Beer Pub & BBQ) ကိုလည်း ယနေ့ည ၈ နာရီ ၂၉ မိနစ်အချိန်၌ ဖောက်ခွဲ တိုက်ခိုက် ခဲ့ ကြောင်း၊ အလားတူ Privacy(KTV & Restaurant) အား ဖောက်ခွဲခဲ့သော် လည်း စစ်တပ်က နည်းပညာဖြင့် အကာအကွယ်ပေးထားသောကြောင့် ဖောက်ခွဲမှု မအောင်မြင်ခဲ့ကြောင်း၊ အဆိုပါ KTV နှင့် BAR များသည် စစ်တပ်၏ စီးပွားရေးဒေါက်တိုင်အဖြစ် ရပ်တည်နေကြောင်း ထိုအဖွဲ့များထံမှ သိရှိရသည်။

ပြည်သူလူထုတစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ်ဖြတ် ချေမှုန်း နေချိန် ၎င်း၏ စီးပွားရေးထောက်တိုင်များကို တိုက်ခိုက်ခြင်းမှာလည်း အဓိကကျသောကြောင့် ပြည်သူများအနေဖြင့် ပစ်မှတ်များနှင့် ဝေးဝေး နေကြပါရန် ပျောက်ကျားတပ်ဖွဲ့များက သတိပေးထားသည်။

"ဒီနေ့ မြောက်ဒဂုံ ဘက်မှာပေါက်ကွဲသံတော်တော်ကျယ်ကျယ်ကြီး ၂ ကြိမ် ကြားရတယ် ။ ပင်လုံလမ်း ကျောင်းလမ်းမှတ်တိုင်မှာ ပေါက်တာက အရမ်း ကျယ်တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

အလားတူ လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက် မင်းရဲကျော်စွာလမ်းအဆုံး ဘောလုံး ကွင်းတွင် ညစျေးပွဲတော် ကျင်းပနေချိန် ယနေ့ည ၇ နာရီ ဗုံး ပေါက်ကွဲခဲ့ကြောင်း၊ လူတချို့ အနည်းငယ်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

"ဒီနေ့ည ၇ နာရီဝန်းကျင်က လှိုင်သာယာ ၂၀ ရပ်ကွက် မင်းကျော်ရဲစွာ လမ်း အဆုံးက ဘေားလုံးကွင်းမှာ ညဈေးပွဲတော်အတွင်း ဗုံးပေါက်မှုဖြစ်ပါတယ်။ ဗုံးမပေါက်ခင်ဗုံးရှိတယ်ဆိုပြီးပြောကြလို့ ပြေးတဲ့ပြေးပြီးမှ လူရှင်းတဲ့အချိန် ကျမှ ပေါက်တာ။ ထိခိုက်မှုတချို့ရှိပါတယ်။ စိုးရိမ်စရာတော့မဟုတ်ပါဘူး" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

Читать полностью…

Khit Thit Media

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ဆုံးရှုံး ခဲ့သူများ အတွက် S&C အဖွဲ့က ၂ သိန်းတန် တဲအိမ်များ ဆောက်လုပ် လှူဒါန်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းတိုင်းအတွင်းရှိ အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် ဆုံးရှုံး ခဲ့ရသူများ အတွက် S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ မှ ဦးဆောင်ကာ ၂ သိန်းတန် တဲအိမ် ၁၀၀ လုံးကို ဆောက်လုပ် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ဦးဆောင်ပြီး တော်လှန်ရေးကို ပြည်သူများ နောက်မဆုတ်ဘဲ နိုင်ရာနေရာမှ ပါဝင်ရန် ဟောပြော

ရန်ကုန်၊ဒီဇင်ဘာ ၄

ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ဦးဆောင်ပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျေးရွာတစ်ရွာသို့ သွားရောက်ပြီး လူထုအားတော်လှန်ရေးတရားများဟောပြော လှုံ့ဆော်တိုက်တွန်းခဲ့ပြီး ညခင်းအချိန်အခါတွင် သပိတ်ကော်မတီဝင်များသွားရောက်ပြီး တော်လှန်ရေးကို နောက်မဆုတ်ရန်၊ ‌အကြောက်တရားမဝင်ရန်၊ နိုင်ရာနေရာကနေ ပါဝင်တော်လှန်ရန််‌ ဟောပြောခဲ့ကြသည်။

Читать полностью…

Khit Thit Media

အားမာန်သစ် လူထုသပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် ဖက်ဆစ်စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ထိုင်းနိုင်ငံရောက် တော်လှန်ရေးအင်အားစုများ သေဒဏ်ကျခံ ကျောင်းသားများနှင့် အတူရပ်တည်ကြောင်း ကမ်ပိန်း ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

ထိုင်းနိုင်ငံရောက်တော်လှန်ရေး အင်အားစုများမှ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ပြသသည့် ကမ်းပိန်းကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။

ကမ်ပိန်းတွင် မိဘပြည်သူများ ပါဝင်နိုင်ပြီး ပါဝင်လိုပါက - မိမိ၏လက်ဝါးတွင် " Stop Executing Our Students"၊ "Stop Executing Our Friends"၊ "Dagon University Students"၊ "Failed Law"၊ " Myanmar Under Death Penalty"၊ " We Are Under Death Penalty စသည့်စာသားများထဲမှ ရေးသား၍ လည်းကောင်း၊ သေဒဏ်ချခံထားရသော ကျောင်းသားတစ်ဦးဦး၏ အမည်ကို ရေးသား၍ လည်းကောင်း ပြသကြရန်နှင့် ဓာတ်ပုံများကို မိမိတို့၏ လူမှုကွန်ယက်စာမျက်နှာ၌ အောက်ပါ (#) များဖြင့် ပြန်လည်မျှဝေနိုင်မည် ဖြစ်သည်။

#StopExecutingOurStudents
#StopExecutingOurFriends
#DagonUniversityStudents
#FailedLaw
#MyanmarUnderDeathPenalty
#WeAreUnderDeathPenalty
#YangonDrone #လှူပါ #ကူပါ #အချိန်ရသလောက်ကလစ်ကြပါ

Читать полностью…

Khit Thit Media

ပြည်ခွန် သပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီး ယာဉ်စစ်ရဲအဖွဲ့ မိုင်းခွဲခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန် ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီး ဆိုင်ကယ်ဖမ်းဆီးခြင်း၊ ယာဉ်များကို စစ်ဆေးခြင်းပြုလုပ်နေသော ရဲများနှင့် ယာဉ်ထိန်းရဲအဖွဲ့ကို မြို့ပြပျောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီအချိန် ရွှေပြည်သာတံတားအဆင်း ယာဉ်စစ်ရဲအဖွဲ့ကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ထိန်းရဲ ၃ ဦးသေဆုံးကြောင်း၊ အခြား ရဲ ၂ ဦး ဒဏ်ရာရကာ ယာဉ်စစ်အဖွဲ့ ၏ ကားတစ်စီး ပျက်စီးမှု ရှိကြောင်း တော်လှန်ရေး ရဲဘော်များက ရန်ကုန် ခေတ်သစ် သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Yangon Urban Guerrilla Army (YUGA MO-7 Eagles) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ရွှေရေကြည် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို "လူမှာအရေးအကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကိုမြတ်နိုးမှုပဲဖြစ်တယ်။
အခြေနေအချိန်ခါမရွေး မှန်တာကိုလုပ်ရဲပြောရဲတဲ့သတ္တိရှိရမယ်။ (ဗိုလ်ချုပ်အောင်ဆန်း)" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…
Subscribe to a channel