khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

"တပ်ဦးပီသပါစေ NUG" စာတန်း ကိုင်ဆောင်ကာ အညာပစ်တိုင်း ထောင်လေးများအဖွဲ့ ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

အညာပစ်တိုင်း ထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အညာဒေသ တံတားတစ်စင်းပေါ်၌ "တပ်ဦးပီသပါစေ NUG" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း မြေပြင် အခြေနေတွေကို သေချာလေ့လာသင့်ပါတယ်။ အခုဖြစ်နေတာတွေက အာဏာရှင်ကို တော်လှန်ရင်း အာဏာရှင် ပေါက်စလေးတွေ ဖြစ်လာတာတွေရှိပါတယ်။ မြေပြင်က PDF တွေကို အမိန့်နာခံတတ်ဖို့ စစ်စည်းကမ်းကို သေချာနားလည်ဖို့ NUG အနေနဲ့ သေချာပြင်ဆင်ပေးဖို့တောင်းဆိုချင်ပါတယ်" ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Breaking News- ရိုဟင်ဂျာ ၁၃ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ပြီး ဒီဇင် ဘာလ ၄ ရက်နေ့ ညပိုင်းတွင် အလောင်းများကို စွန့်ပစ်ခဲ့၊ အလောင်းများတွင် ညှဉ်းပန်း နှိပ်စက် ခံထား ရသည့် ဒဏ်ရာဒဏ်ချက်များစွာ ရှိနေကြောင်း ဓာတ်ပုံသက်သေအထောက်အထားများနှင့် မျက်မြင်သက်သေများ ရရှိထား

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ် အစပ် ၊ရွှေနံ့သာနှင့်ငွေနံ့သာကျေးရွာအကြားရှိ လမ်းဘေးတစ်နေရာတွင် ရိုဟင်ဂျာ လူငယ် ၁၃ ဦး၏ သေဆုံးနေသော အလောင်းများကိုတွေ့ရှိရပြီး အဆိုပါ ရိုဟင်ဂျာ ၁၃ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးခဲ့ကာ ဒီဇင်ဘာ ၄ ရက်နေ့ ညပိုင်းတွင် အလောင်းများကို စွန့်ပစ်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က အတည်ပြု ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ စနေနေ့တွင် လှည်းကူးမြို့နယ်အတွင်း ရိုဟင်ဂျာများကို စစ်တပ်၊ ရဲနှင့် ပျူစော ထီး ပူးပေါင်းအဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ရိုဟင်ဂျာ ၁၃ ဦးအလောင်းများကို စစ်တပ်က စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က ရရှိထားသော ဓာတ်ပုံမှတ်တမ်းများတွင် ရိုဟင်ဂျာလူငယ် ၁၃ ဦး၏ မျက်နှာ များတွင် သွေးသံရဲရဲ ရှိနေပြီး လူငယ်အလောင်းတစ်ဦး၏ခြေထောက်တွင် ရိုက်နှက်ခံထားရသဖြင့် သွေးအလိမ်းလိမ်းဖြင့် ညိုမဲနေသည်ကို မြင်တွေ့ရသည်။

ထိုအလောင်းများကို သွားရောက် ကြည့်ရှုခွင့်ရခဲ့သူ မျက်မြင်သက်သေတစ်ဦးကမူ အလောင်းများ၏ ကျောကုန်များတွင် မီးလောင်ဒဏ်ရာများ တွေ့ရပြီး စစ်ဖိနပ်များနှင့် တက်နင်းထားမှုများကို မြင်တွေ့ ရကြောင်း ပြောဆိုသည်။

စစ်ကောင်စီဘက်က ရိုဟင်ဂျာ ၁၃ ဦးသည် အောက်ဆီဂျင်ပြတ်၍ သေဆုံးသော အလောင်းများ ဖြစ်သည်ဆိုသော ဝါဒဖြန့် သတင်း များကို ဖြန့်ချိခဲ့သော်လည်း ရန်ကုန်ခေတ်သစ်၏ သီးခြား စုံစမ်းချက်များ၊ ဓာတ်ပုံ သက်သေအထောက်အထားများ၊ မျက်မြင်သွားကြည့်သူများ၏ အဆိုအရ ရိုဟင်ဂျာလူငယ် ၁၃ ဦးသည် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ပြီ ဖြစ်သည်။

(စစ်တပ်က ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကြောင့် သေဆုံးထားသော ရိုဟင်ဂျာ လူငယ် ၁၃ ဦး အလောင်း ဓာတ်ပုံသက်သေအထောက်များကို တယ်လီဂရမ်ချန်နယ်တွင် အသေး စိတ်ဖော်ပြပေးထားပါသည်။)

Читать полностью…

Khit Thit Media

ရွှေရေကြည် သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ယင်းမာပင်မြို့နယ်တွင် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ပြည်/ခွန် သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ကျရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေဥက္ကံ သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ယင်းမာပင်​မြို့နယ်တွင် ရွှေဥက္ကံ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၅ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ရခိုင်ပြည် ၊ မင်းပြားမြို့မှာရှိတဲ့ တပ်ရင်းတွေကို စစ်ကောင်စီဘက်က လက်နက်၊ ရိက္ခာတွေကို ရေကြောင်းကနေ တစ်ဆင့် ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ သယ်ယူဖြည့်တင်းနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာ နဲ့ ငွေနံ့သာကျေးရွာအကြားမှာရှိတဲ့ လမ်းဘေးတစ်နေရာမှာ ရခိုင် ပြည်နယ်က ရွှေ့ပြောင်းလာတဲ့ မွတ်စလင် လူငယ် ၁၃ ဦးရဲ့ သေဆုံးနေတဲ့ အလောင်းတွေကို ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ စွန့်ပစ်ထားတာကိုတွေ့ရတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ၊ ညောင်ဂျစ်ပင်ရွာ နဲ့ ရေလာလေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးတွေက ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းမှာ ပြည်သူပိုင် မြေပဲခင်း တွေကို အတင်းအကျပ် လုယူ ထွန်ယက်နေတဲ့အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။
https://youtu.be/DpkgoldaMVI

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်အာဏရှင် တော်လှန်ချီတက် ဆန္ဒပြခဲ့ကြောင်းသိရသည်။

Читать полностью…

Khit Thit Media

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာနှင့် ငွေနံ့သာ အကြားတွင် ရခိုင်ပြည်နယ်မှ မွတ်စလင် လူငယ်များဟု ယူဆရသည့် အလောင်း ၁၃ ခု စွန့်ပစ်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာနှင့်ငွေနံ့သာကျေးရွာအကြားရှိ လမ်းဘေးတစ်နေရာတွင် ရခိုင် ပြည်နယ်မှ ရွှေ့ပြောင်းလာသည့် မွတ်စလင် လူငယ် ၁၃ ဦး၏ သေဆုံးနေသော အလောင်းများကို စွန့်ပစ်ထားမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီအချိန်တွင် အလောင်းများကို တွေ့ရှိရခြင်းဖြစ်ပြီး ယမန်နေ့ညကတည်းက စွန့်ပစ်ခဲ့သည့်ပုံစံရှိ ကြောင်း၊ အလောင်းများအားလုံးတွင် သွေးထွက်သံယိုဒဏ်ရာလုံး၀မရှိဘဲ ပြင်ပဒဏ်ရာလည်း မတွေ့ရှိရကြောင်း ၊ သေဆုံးသူများသည် မင်္ဂလာဒုံဒေသခံများ မဟုတ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"လူငယ်လေးတွေချည်းပဲ။ လူကြီးမပါဘူး။ ဆယ်ကျော်သက်တွေ။ ဘောလုံးဘောင်းဘီလေးတွေနဲ့။ အကုန်လုံး ဖွေးဆွတ်နေပြီ။ အစုလိုက်အပြုံလိုက်ကြီး ပစ်ချသွားတာမျိုး။ ရပ်ကွက်လူကြီးပြောတာတော့ ရခိုင်ဘက်ကနေ ရန်ကုန်ဘက် တက်လာရင်း အောက်ဆီဂျင်ပြတ်သေတာမျိုးဖြစ်နိုင်တယ်လို့ပြောတယ်။ အလောင်းတွေက ညက တည်းက ချသွားတယ်လို့လည်းပြောတယ်။ မနက်မှ အားလုံးတွေ့တာ။ အခုတော့ စစ်ခွေးတွေရော ရောက်လာကြပြီး သယ်သွားကြပြီ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်ဘက်ကမူ အလောင်း ၁၃ လောင်း တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားပြီး ရွှေ့ပြောင်း မွတ်စလင်များ ဖြစ်နိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မင်္ဂလာဒုံမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းလက် ခံဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

Читать полностью…

Khit Thit Media

စစ်ကောင်စီမှ မင်းပြားမြို့ရှိ တပ်ရင်းများသို့ နေဗီများဖြင့် လက်နက်၊ ရိက္ခာများဖြည့်တင်းနေ

ရန်ကုန်၊ဒီဇင်ဘာ ၅

ရခိုင်ပြည် မင်းပြားမြို့ရှိ တပ်ရင်းများသို့ စစ်ကောင်စီမှ လက်နက်၊ ရိက္ခာများကို ရေကြောင်းမှတစ်ဆင့် သယ်ယူဖြည့်တင်းလျက်ရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ ၁၀ နာရီဝန်းကျင်ခန့်တွင် မင်းပြားမြစ်ကြောင်းမှတစ်ဆင့် စစ်ရေယာဥ် ၄ စီးတက်လာပြီး မင်းပြား မင်းဘာကြီးဖောင်တော်ဆိပ်ကမ်းတွင် ဆိုက်ကပ်လျက်ရှိနေသည်ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

"မြစ်ကြောင်းကနေတက်လာတာ။ စုစုပေါင်း နေဗီက ၄ စီးပါ။ ၁၀ နာရီဝန်းကျင်လောက် မင်းဘာကြီးဖောင်တော်မှာ ကမ်းကပ်ပြီး ပစ္စည်းတွေတင်နေကြတာတွေ့တယ်။ လူအရေအတွက်ကတော့အများကြီးပဲ။ သယ်နေကြတဲ့ ပစ္စည်းတွေလည်းအများကြီးပဲတွေ့ရတယ်" ဟုပြောသည်။

မင်းပြားမြို့ရှိ မင်းဘာကြီးဆိပ်ကမ်းမှာ ခမရ ၃၇၉ တပ်ရင်းအနီးတွင်ရှိနေပြီး ထိုမှတစ်ဆင့် ၅၄၁ စသည့်တပ်ရင်းများ တစ်ဆင့်ချင်းရှိနေခြင်းဖြစ်သည်။

မင်းပြားဖက်သို့ တက်လာကြသည့် အဆိုပါစစ်ကောင်စီ၏ စစ်ရေယာဥ်များမှာ ယနေ့ ဒီဇင်ဘာ ၅ ရက်နံနက်ပိုင်းခန့်က စစ်တွေရွှေမင်းဂံဆိပ်ကမ်းမှနေ၍ စတင်ထွက်ခွာသွားခြင်းဖြစ်ကြောင်း အဆိုပါအနီးတစ်ဝိုက်မှ ဒေသခံများကဆိုသည်။

စစ်ကောင်စီမှ စစ်ရေယာဥ်များဖြင့် လက်နက်ရိက္ခာဖြည့်တင်းမှုမှာ ရက္ခိုင့်တပ်တော်နှင့် သဘောတူညီချက်ရယူပြီး သွားလာခြင်းဖြစ်သည်ဟု AA နှင့်နီးစပ်သူတစ်ဦးကပြောသည်။

"AA နဲ့သဘောတူညီချက်ရယူပြီး ရိက္ခာသယ်လာတာလို့ကြားတယ်။ ရိက္ခာပဲသယ်ရမယ် လက်နက်တွေမသယ်ရဘူးဆိုတဲ့ပုံစံမျိုးနဲ့ သဘောတူညီချက်ယူထားတယ်လို့ဆိုတယ်။ ဒါပေမဲ့ သူတို့နည်း သူတို့ဟန်တွေ လက်နက်တွေသယ်ရင်လည်း သယ်လာနိုင်တာပဲလေ။ ဒါပေမဲ့ နှစ်ဖက်ညှိပြီး လုပ်ကြတာဖြစ်တဲ့အတွက် ဒီရေယာဥ်တွေတက်လာတာက တိုက်ပွဲပြန်ဖြစ်နိုင်ခြေမရှိဘူးလို့ထင်တယ်" ဟုပြောသည်။

ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့မှာ နိုဝင်ဘာ ၂၆ ရက်နေ့ကစ၍ လူသားချင်းစာနာမှုဆိုင်ရာ အလွတ်သဘောအပစ်ခတ်ရပ်စဲထားကြခြင်းဖြစ်သည်။

ထိုသို့အပစ်ရပ်ထားသည့်အချိန်တွင် စစ်ကောင်စီဖက်မှ နှစ်ဖက်တင်းမာစဥ်က ပိတ်ဆို့ထားသည့် ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းများကို ဖွင့်ပေးလာမှုရှိပြီး ဆက်လက်ပိတ်ဆို့ခံထားသည့် ကုန်းလမ်းကြောင်းများလည်း ကျန်ရှိနေဆဲဖြစ်သည်။

လက်ရှိ အပစ်ခတ်ရပ်စဲသည့်ကာလတွင် စစ်ကောင်စီအနေဖြင့် ဖွင့်ပေးထားသည့် လမ်းကြောင်းများမှတစ်ဆင့် ၎င်းတို့တပ်ရင်းများသို့ ရိက္ခာသယ်ယူမှုခြင်း၊ လူအင်အားဖြည့်ခြင်းတို့လုပ်ဆောင်လျက်ရှိနေပြီး နေရာတစ်ချို့တွင်လည်း တိုက်ပွဲကာလကကဲ့သို့ စစ်ဆေးရေးတင်းကျပ်ထားမှု၊ နေရာယူတပ်စွဲထားမှုတို့ပါ ဆက်လက်လုပ်ဆောင်လျက်ရှိနေဆဲဖြစ်သည်။

ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က တစ်ရက်တည်း မီးတင်ရှို့နေပြီး အင်းရွာကိုလည်း မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အတွင်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က တစ်ရက်တည်း မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်နှင့် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ထီးချိုင့်မြို့နယ်အတွင်းရှိ ပဲခင်း၊ ရွှေချောင်းနှင့် ဘိုတဲကုန်း ကျေးရွာ တို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲက မရှိဘူး။ ဒီတိုင်းကိုရှို့နေတာ တောင်ခြေနဲ့ ကပ်တဲ့နေရာဆို အကုန်ရှို့ နေတာပါ။ ဒီနေ့ရှို့တာ သုံးရွာရှိသွားပြီ အရပ်သားတွေကတော့ ရှောင်နေကြရတယ်။ ရွှေကျောင်းက နေအိမ် သုံးရာကျော်ရှိတယ်။ ပဲခင်းကတော့ နေအိမ် နှစ်ရာကျော်ရှိတယ်။ နေအိမ် ဘယ်လောက် မီးထဲပါသွားလဲ ဆိုတာတော့ မသိရသေးဘူး" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ အင်းရွာစံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မွန်းလွဲပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်းရွာစံပြကျေးရွာကို မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။

" အကြမ်းဖက် စစ်တပ်က ကသာမြို့နယ် အင်းရွာစံပြကျေးရွာကို မီးရှို့နေတယ်။ မီးခိုးတွေ အူထွက်နေတာနံနက်က သူတို့ လက်နက်ကြီးတွေနဲ့ ထုနေတာပြီး မွန်းလွဲပိုင်းမှာ မီးတင်ရှို့နေတာ အခုတော့ ရွာသားတွေ ထွက်ပြေးနေကြတာ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Photo - အကြမ်းဖက် စစ်တပ် ယနေ့ မွန်းလွဲပိုင်း၌ မီးရှို့ဖျက်ဆီးနေသော အင်းရွာစံပြကျေးရွာ

Читать полностью…

Khit Thit Media

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အချုပ်အားဖြင့် ခေတ်အဆက်ဆက် မပြီးပြတ်သေးတဲ့ စစ်အာဏာရှင်ဖြုတ်ချရေး ကြိုးပမ်းမှုတလျောက် လက်ရှိနွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေမှာ ရောက်ရှိနေတယ်လို့ ဆိုရင် မမှားပါဘူး။ ဒါကြောင့်မို့လည်း စစ်အာဏာရှင်ကို အမြစ်ပြတ် ဖြုတ်ချနိုင်ရေးအတွက် အာဏာရှင်တွေကို သတ္တိရှိရှိ အဆုံးစွန်ထိ ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ သုရဲကောင်းများနဲ့ လက်ရှိမှာလည်း ရွပ်ရွပ်ချွန်ချွန် ဆက်လက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းများကို ဂုဏ်ပြုလျက် နွေဦးတော်လှန်ရေး အစပိုင်းမှာ လူတွေရဲ့ ပါးစပ်ဖျားမှာ ခွန်အားအပြည့်နဲ့ သီဆိုခဲ့တဲ့ “အလိုမရှိ” သီချင်းလေးနဲ့ ဂုဏ်ပြုရင်း အခုဆောင်းပါးကို အဆုံးသတ်လိုက်ပါတယ်။ !!!!! စစ်အာဏာရှင်ကို အဆုံးထိ တော်လှန်ကြ ... အမြစ်ပြတ် ချေမှုန်းကြ ......

“အနိုင်မရခင် သွေးတွေရဲ့နေမှ ..... ”
“အမှန်တရားအတွက် ရဲရင့်ဖို့လိုပြီ ..... “
“အမှန်တရားကို ရရင်ရ၊ ပြန်မရရင် အဆုံးထိ သွားမှာပါ” .......

Читать полностью…

Khit Thit Media

“ယန်းပဲလက်မှသည် ဆလိုင်းတင်မောင်ဦး အစပြုလို့ သွေးမအေးသင့်သော တော်လှန်ရေး "

By မောင်း

“ကိုယ် တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မိစ္ဆာရန်သူမျိုးကို ကိုယ်က အမြဲတိုက်ခိုက်နေရမယ်”

သမိုင်းဝင် ကျောင်းသား လူငယ်တစ်ဦးဖြစ်သော ယန်းပဲလက် (Jan Palach) ရဲ့ နောက်ဆုံး စကားတစ်ခွန်းပါ။ ယန်းပဲလက် ဆိုတာကတော့ ချက်ကိုစလိုဗက်ကီးယား နိုင်ငံသား လူငယ်လေး ဖြစ်ပါတယ်။

သူဟာ ဆိုဗီယက် (ရုရှား)တို့ရဲ့ ကျူးကျော်သိမ်းပိုက်ထားမှုအပေါ် ဆန့်ကျင်တော်လှန်ဖို့အတွက် သွေးအေးလာတဲ့ ချက်နိုင်ငံသားတွေကို အသက်ပေးပြီး လှုံ့ဆော်ခဲ့တဲ့ လူငယ်တစ်ဦးပဲ ဖြစ်ပါတယ်။

၁၉၆၈ ခုနှစ်မှာ ဆိုဗီယက် (ရုရှား)စစ်တပ် ဦးဆောင်တဲ့ ဝါဆောစာချုပ်အဖွဲ့ဝင်တပ်တွေဟာ ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို သိမ်းပိုက်နိုင်ဖို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ကျူးကျော်စစ်ဟာ အလွန်အမင်းမြန်ဆန်ပြီး မျှော်လင့်မထားတဲ့ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ခြင်းမျိုး ဖြစ်တာမို့ ကျူးကျော်သူတွေက အောင်ပွဲဆင်ခဲ့ကြတယ်။ ချက်ကိုစလိုဗက်ကီးယားနိုင်ငံအနေနဲ့ ဒေသတွင်း ဆိုဗီယက်ကို ရန်သူလို့ မထင်ဘဲ ညီအစ်ကိုရင်းသဖွယ် မှတ်ယူခဲ့ကြတာပါ။

အခုလို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်သိမ်းပိုက်ခံရခြင်းကို မဟာသစ္စာဖောက်မှုကြီးလို့ ခံစားနေခဲ့ကြတဲ့ ချက်ကိုစလိုဗက်ကီးယား ပြည်သူတွေက ခါးသီးစွာ အသံတိတ် တော်လှန်တုံ့ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အင်အားအလွန်ကြီးတဲ့ ဆိုဗီယက်ရဲ့ စစ်အုပ်ချုပ်ရေး အောက်မှာ ၆လကြာနေထိုင်ခဲ့အပြီးမှာတော့ လူ့အဖွဲ့အစည်းအတွင်းရှိ လူအများစုဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေသစ်ကို မရှောင်လွှဲနိုင်တဲ့ အနေအထားအဖြစ် စတင်လက်သင့်ခံလာကြပြီး စစ်တပ်တစ်ပိုင်း အစိုးရသစ်နဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေ အစပျိုးလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒါဟာ လူအားလုံးက ပူးပေါင်းလာကြခြင်းတော့ မဟုတ်ခဲ့ပါဘူး။

သမိုင်းဝင် ကျောင်းသားလူငယ်တစ်ဦးဖြစ်တဲ့ ယန်းပဲလက် (Jan Palach) ကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ စိတ်သဘောထား ပြောင်းလဲသွားကြပုံနဲ့ မိမိနိုင်ငံငယ်ကလေးရဲ့ မျှော်လင့်ချက်ကင်းမဲ့မှုနဲ့ တဖြည်းဖြည်း ဝါးမျိုခံလာရမှုကို လက်မခံနိုင်၊ မခံစားနိုင်အောင် ဖြစ်ခဲ့ရမှုနဲ့အတူ သူရဲ့ ရည်ရွယ်ချက်တွေဟာ နာကျင်ထိခိုက်ဖွယ်ကောင်းလှအောင် ရှင်းလင်းပြတ်သားလာခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ ဖိနှိပ်ညှင်းဆဲ ခံနေရမှုကို ဆန့်ကျင်တဲ့အနေနဲ့ ကိုယ့်ကိုကိုယ်မီးရှို့ သေကြောင်းကြံစည်ခဲ့တဲ့ ဘုန်းတော်ကြီး သစ်ကွမ်ဒု (Thích Quảng Đức) ရဲ့ လမ်းစဥ်ကို အတုယူလျက် ယန်းပဲလက် (Jan Palach) ဟာ အားအင်ချိနဲ့လာပြီး လေးလံထိုင်းမှိုင်းနေတဲ့ ချက်ကိုစလိုဗက်ကီးယား ပြည်သူတွေကို လှုပ်နှိုးဖို့အတွက် အဆုံးစွန်သော လမ်းကိုလျှောက်လှမ်းခဲ့ပါတယ်။

ဒါကတော့ ရက်စက်စွာ ဖိနှိပ်နေတဲ့ စစ်တပ်တပိုင်း အစိုးရကို ချက်ပြည်သူတွေ ထကြွပုန်ကန် တော်လှန်လာကြစေဖို့အတွက် သူဟာ ချက်နိုင်ငံ ပရက်ဂ်မြို့တော်၏ရဲ့ နှလုံးသည်းပွတ် မြို့လယ်ခေါင်တည့်တည့် ၁၉၆၉ ခုနှစ် ၊ဇန်နဝါရီ ၁၆ ရက်နေ့ နေ့လည်ခင်းအချိန်အခါမှာ သူ့ရဲ့ကိုယ်ပေါ်ကို ဓာတ်ဆီလောင်းချကာ မီးရှို့ပြပြီး အဆုံးစွန်သော တော်လှန်ခြင်းကို ပြသခဲ့ပါတယ်။ ၎င်းကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြပြီး သုံးရက်ကြာ ဝေဒနာအပြင်းအထန် ခံစားရပြီးနောက် ကွယ်လွန်သွားခဲ့ပါတယ်။

ချက်နိုင်ငံသာမက အရှေ့ဥရောပနိုင်ငံများတွင်ပါ ယခင်မရှိခဲ့ဘူးတဲ့ မိမိကိုယ်ကို မီးရှို့ကာ ဆန္ဒပြမှုအပြီးမှာတော့ ချက်နိုင်ငံသားတွေဟာ ယန်းပဲလက်ကို လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရေးအတွက် စတေးမှုအဖြစ်နဲ့ ရဲ့ဝံ့စွန့်လွှတ် အနစ်နာခံတဲ့ လူသားတစ်ယောက်အဖြစ် ၎င်းကို အမှတ်ရနေကြဆဲပဲ ဖြစ်ပါတယ်။

မိမိတို့ထက် အင်အားကြီးမားလွန်းတဲ့ ရန်သူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချက်နိုင်ငံသားတွေဟာ အကြောက်တရားနဲ့ ရန်သူကို တော်လှန်ပုန်ကန်ရင်း အချိန်ကြာလာတာနဲ့အမျှ အနည်းငယ် သွေးအေးသွားကာ နိုင်ငံဟာ ပုံမှန်အတိုင်း ပြန်ဖြစ်လာတာကြောင့် ယန်းပဲလက်ဟာ မိမိကိုယ်ကိုမိမိ မီးရှို့ သတ်သေပြခဲ့သည်အထိ ဘ၀နဲ့ အသက်ကိုပေးကာ ချက်ပြည်သူတွေကို လှုပ်နှိုးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

ယန်းပဲလက် (Jan Palach) က သူရဲ့ တောင်းဆိုချက်တွေကို စာတစ်စောင်ရေး၍ ချန်ထားရစ်ခဲ့ပြီး၊ ၄င်းရဲ့ တောင်းဆိုချက်တွေကို မဖြည့်ဆည်းပေးပါက ၎င်းကဲ့သို့ အားလုံးလိုက်၍ ကိုယ့်ကိုကိုယ် မီးရှို့သတ်သေကြမည့်အဖွဲ့တစ်ခု ရှိနေကြောင်း စာထဲမှာ ဖော်ပြထားပါတယ်။ ဆေးရုံကုတင်ပေါ်မှာ သေမင်းနဲ့ နပန်းလုံးရင်း သေအံ့မူးမူးဖြစ်နေတဲ့အချိန်မှာ ဆရာဝန်တွေက မည်သည့်ရည်ရွယ်ချက်ကြောင့် ကိုယ့်ကိုကိုယ် မီးရှို့သတ်သေဖို့ ကြိုးစားရတာလဲ လို့ မေးမြန်းမှုအပေါ် ၎င်းက ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်တို့ သိမ်းပိုက်ထားမှုကို ဆန့်ကျင်ကြောင်း၊ လွတ်လပ်စွာပြောဆိုခွင့်ကို ပေးအပ်ရမှာဖြစ်ပြီး ကျူးကျော်သိမ်းပိုက်ထားသူတွေရဲ့ ဖိနိုပ်အုပ်ချုပ်မှုတွေကို အဆုံးသတ်ဖျက်သိမ်းပေးဖို့ တောင်းဆိုကြောင်း၊ ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ Jan Palach ရဲ့ လုပ်ရပ်ကို (ထိုစဉ်က) ချက်ကိုစလိုဗက်ကီးယားတစ်နိုင်ငံလုံးက ရင်နင့်စွာခံစားခဲ့ရသလို ထိတ်လန့်တုန်လှုပ်ခြင်းကြီးစွာ ဖြစ်ခဲ့ကြရပါတယ်။

Читать полностью…

Khit Thit Media

ကယားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကယားပြည် ဒီးမော့ဆိုမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအတွက် ၁၆ရက်တာလှုပ်ရှားမှုဖဲကြိုးဖြူကမ်ပိန်းကို အမျိုးသမီးများအဖွဲ့ချူပ် WLB၊ မြန်မာ့ အမျိုးသမီးသမဂ္ဂ BWU နှင့် ကျေးလက်မြေအဖွဲ့တို့ပူးပေါင်းပြီး တိုက်ပွဲတွေပြင်းထန်လျက်ရှိနေသည့်ကြားမှ လုပ်ဆောင်ခဲ့ကြသည်။

ကယားစစ်ရှောင်များကို အနွေးထည်များလှုဒါန်းပေးခြင်း၊ ကြက်သားဒန်ပေါက်ကျွေးမွေးခြင်း၊ ၁၆ရက်တာလှုပ်ရှားမှု ဖြစ်ပေါ်ရသည့် အကြောင်းအရင်း၊ အမျိုးသမီးမျာဒအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများကို ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာမမူစဲက စစ်ရှောင်စခန်းမှ အမျိုးသမီး အမျိုးသားများနှင့် ကလေးငယ်များကို ရှင်းပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

ရန်ကုန်တိုင်းလှည်းကူးမြို့နယ်နှင့်မင်္ဂလာဒုံမြို့နယ်အစပ်တွင် စစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည့် ရိုဟင်ဂျာ ၁၃ ဦး၏ အလောင်းများတွင် တွေ့ရသည့် ဒဏ်ရာ ဒဏ်ချက်များနှင့် ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများကို အနီဖြင့် ၀ိုင်းပြသထားပါသည်။

Читать полностью…

Khit Thit Media

အလောင်းများတွင် စစ်ဖိနပ်ရာများ၊ ဒဏ်ရာဒဏ်ချက်များ၊ ဗိုက်တွင် ထိုးသွင်းဒဏ်ရာများ၊ မျက်နှာနှင့် နေရာအနှံ့အပြားတွင် သွေးသံရဲရဲ ခြောက်နေသည့် မြင်ကွင်းများကို သေချာစွာ ကြည့်နိုင်ပါသည်။

Читать полностью…

Khit Thit Media

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် နွေဦးတော်လှန်ရေး အလှူခံ တစ်ရက်တာ ရန်ပုံငွေ ဘတ် ၄၉၀၀ ရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် UG family အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုင်းဘုရင်မွေးနေ့၌ နွေဦးတော်လှန်ရေး အလှူခံ တစ်ရက်တာ ရန်ပုံငွေ ဘတ် ၄၉၀၀ ရရှိခဲ့ကြေင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး သပိတ်စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေးလူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"ယုံကြည်ချက်ကို ကြိုးမိန့်ပေးလို့မရ" စာတန်း ကိုင်ဆောင်ကာ လက်ပံတောင်းတောင် လူထု သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

လက်ပံတောင်း တောင်ဒေသ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် "ယုံကြည်ချက်ကို ကြိုးမိန့်ပေးလို့မရ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာလ ၅

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုကို "စစ်မှန်တဲ့ ညီညွတ်မှုဆိုတာဟာ
ကျမတို့အားလုံး လိုလိုလားလားနဲ့ဖြစ်ပေါ်တဲ့ ညီညွတ်မှုပဲဖြစ်ရမယ် ညီညွတ်မှုဆိုတာ အမိန့်အာဏာနဲ့ လုပ်ယူလို့
ဘယ်တော့မှ မရဘူး - ဒေါ်အောင်ဆန်းစုကြည်" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"တောင်ယာအားနဲ့ အမြစ်ဖြတ်" စာတန်း ကိုင်ဆောင်ကာ ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ချေမှုန်းရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး "တောင်ယာအားနဲ့ အမြစ်ဖြတ်" စာတန်း ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photos - AungKhantZaw

Читать полностью…

Khit Thit Media

လောင်းလုံး၊ မောင်းမကန် ရဲစခန်းတွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကူလာသော ကားများပါ မိုင်းဆွဲခံရ၊ အင်မထီးရွာ ပျူစောထီးစခန်းကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၅

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ရွာနှင့် ပန်းတင်အင်းကျေးရွာရှိ မောင်းမကန်နယ်မြေရဲစခန်း​ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း နယ်မြေခံသတင်းရင်းမြစ်များထံမှ သိရသည်။

တိုက်ခတ်ပစ်ခတ်မှု အသံများ ကြားရချိန်မှာ ည ၈ နာရီခန့်မှ ည ၁၀ နာရီဝန်းကျင်အထိဖြစ်ပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း၊ ပစ်ခတ်သံများကြောင့် ဒေသခံများမှာ မအိပ်ရဲဘဲ စောင့်ကြည့် နေခဲ့ရကြောင်း သိရသည်။

မောင်းမကန် နယ်မြေရဲစခန်း တိုက်ခိုက်မှုကို မည်သည့်အဖွဲ့လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးဘဲ တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် စစ်ကားများနှင့် အရေးပေါ်ကားများ ထားဝယ်ဘက်မှ မောင်းမကန်ဘက်သို့ ဆင်းလာကြကြောင်း သိရှိရသည်။

ထိုသို့ စစ်ကူဆင်းလာသည့် စစ်ကောင်စီကားများသည်လည်း မောင်းမကန်ရွာအနီး သုံးထပ်လမ်းကွေ့တွင် မိုင်းဆွဲခံရပြီး ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ကျည်ခွံများကို လမ်းပေါ်တွင် တွေ့ရကြောင်း ၊ စစ်ကောင်စီဝင်များ ထိခိုက်သေဆုံးမှု ရှိသော်လည်း စာရင်းအတိအကျမသိရှိရသေးကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်းကို လက်နက်ကြီးများနှင့် နှစ်ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း M7 People’s Defence Force ထံမှ သိရသည်။

ယင်းပျူစောထီးခန်းကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နံနက်အစောပိုင်းတွင် ပုလဲမြို့နယ်၊ လုပ်သားရွာ အနောက်ဘက် ဘုရားကုန်းမှ လက်နက်ကြီး ၃ လုံးကိုလည်းကောင်း၊ မနေ့က ဒီဇင်ဘာလ ၄ ရက် ည ၈ နာရီခန့်က လုပ်သားရွာ၏ အရှေ့မြောက်ဘက် မီတာ ၅၀၀ အကွာမှ လက်နက်ကြီး ၅ လုံးကို လည်း ကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း M7 People’s Defence Force က ထုတ်ပြန်ထားသည်။

" လက်နက်ကြီးနဲ့ပစ်တော့ ပျူစောထီးတွေက ‘ဟေ့ကောင်တွေ သတ္တိရှင်ရင် ရွာထဲဝင်လာခဲ့’ဆိုလို့ G3 နဲ့ စခန်းကို လှမ်းပစ်ခတ်ခဲ့သေးတယ်၊ ဘာမှပြန်ပစ်တာမရှိတာနဲ့ ပြန်ဆုတ်လာခဲ့တာ၊ လက်နက်ကြီး ၃ လုံး ကတော့ စခန်းထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်၊ အထိအခိုက်အသေအဆုံးတော့ မသိရသေးဘူး" ဟု M7 People’s Defence Force မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းတိုက်ခိုက်မှုကို M7 People’s Defence Force နှင့် Eagle One(ကနီ)တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကနီတွင် ကလေးငယ်များကို CDM ကျန်းမာရေး ဝန်ထမ်းများက သံချဆေး တိုက်ကျွေး

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ကလေးငယ်များအား သံချဆေးတိုက်ကျွေးမှုများနှင့် ဆေးဝါးစောင့်ရှောက်မှုများကို BURMA LIBRATION FORCE အဖွဲ့မှ CDM ကျန်းမာရေး ဝန်ထမ်းများက သံချဆေး တိုက်ကျွေးမှုများ ပြုလုပ်ချက်ရှိကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာနှင့် ငွေနံ့သာ အကြားတွင် ရခိုင်ပြည်နယ်မှ မွတ်စလင် လူငယ်များဟု ယူဆရသည့် အလောင်း ၁၃ ခု စွန့်ပစ်ထား

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာနှင့်ငွေနံ့သာကျေးရွာအကြားရှိ လမ်းဘေးတစ်နေရာတွင် ရခိုင် ပြည်နယ်မှ ရွှေ့ပြောင်းလာသည့် မွတ်စလင် လူငယ် ၁၃ ဦး၏ သေဆုံးနေသော အလောင်းများကို စွန့်ပစ်ထားမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၆ နာရီအချိန်တွင် အလောင်းများကို တွေ့ရှိရခြင်းဖြစ်ပြီး ယမန်နေ့ညကတည်းက စွန့်ပစ်ခဲ့သည့်ပုံစံရှိ ကြောင်း၊ အလောင်းများအားလုံးတွင် သွေးထွက်သံယိုဒဏ်ရာလုံး၀မရှိဘဲ ပြင်ပဒဏ်ရာလည်း မတွေ့ရှိရကြောင်း ၊ သေဆုံးသူများသည် မင်္ဂလာဒုံဒေသခံများ မဟုတ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

"လူငယ်လေးတွေချည်းပဲ။ လူကြီးမပါဘူး။ ဆယ်ကျော်သက်တွေ။ ဘောလုံးဘောင်းဘီလေးတွေနဲ့။ အကုန်လုံး ဖွေးဆွတ်နေပြီ။ အစုလိုက်အပြုံလိုက်ကြီး ပစ်ချသွားတာမျိုး။ ရပ်ကွက်လူကြီးပြောတာတော့ ရခိုင်ဘက်ကနေ ရန်ကုန်ဘက် တက်လာရင်း အောက်ဆီဂျင်ပြတ်သေတာမျိုးဖြစ်နိုင်တယ်လို့ပြောတယ်။ အလောင်းတွေက ညက တည်းက ချသွားတယ်လို့လည်းပြောတယ်။ မနက်မှ အားလုံးတွေ့တာ။ အခုတော့ စစ်ခွေးတွေရော ရောက်လာကြပြီး သယ်သွားကြပြီ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်တပ်ဘက်ကမူ အလောင်း ၁၃ လောင်း တွေ့ရှိရကြောင်း သတင်းထုတ်ပြန်ထားပြီး ရွှေ့ပြောင်း မွတ်စလင်များ ဖြစ်နိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မင်္ဂလာဒုံမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ ဖုန်းလက် ခံဖြေဆိုခြင်းမရှိဘဲ ဖုန်းချသွားခဲ့သည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-နေပြည်တော်၊ လယ်ဝေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီးနောက် သံသယအဖြစ် ဖမ်းဆီးခံရတဲ့ မောင်ဘုန်းမြတ်ကို ဆိုသူကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြော ရေးမှာ သတ် ဖြတ်လိုက် တယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစု နဲ့ နီးစပ်သူတွေက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံ ဒေသမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ရဲ့ နယ်စပ်စခန်း ကုန်းကို KNLA ပူးပေါင်း တပ်ဖွဲ့တွေက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ဝင်ရောတိုက်ခိုက်ခဲ့ပြီး ၊ အဲ့ဒီ့မှာ စစ်ကောင် စီဘက်က ၃ ဦးသေသွားသလို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့ တယ် လို့ PDF ကော့သောင်းခရိုင် အမှတ်(၁) တပ်ရင်းဆီကနေ သိရပါတယ်။
-မကွေးတိုင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ရေစကြိုမြို့နယ် ရဲစခန်းကို PDF တပ်ဖွဲ့ တွေက ဒီဇင်ဘာလ ၄ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အရာရှိတွေ အပါ အဝင် အယောက် ၃၀ နီးပါး သေသွားတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
https://youtu.be/5xIluzbtohI

Читать полностью…

Khit Thit Media

ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး ချိန်ကိုက်ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ပဲခူးတိုင်း ဝေါမြို့နယ်၊ ကန်တော်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဒီဇင် ဘာလ ၅ ရက် နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ချိန်ကိုက်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက် ခံရ ကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

“ရုံးအနည်းငယ် ထိခိုက်ပျက်စီးသွားပါတယ်။ ခေါင်းမိုးတွေ လန်ကုန်တယ်။ ရုံး အနီးဝန်းကျင်က အိမ်တွေ မှန်တွေ ကွဲကုန်ပါတယ်။ မနက်စောစောဆိုတော့ လူထိခိုက်မှုတော့ မရှိပါဘူး ။ အုပ်ချုပ်ရေးမှူးက စစ်ထွက်ပါ အရမ်းဆိုးပါတယ်။ အုပ်ချုပ်ရေးမှူးနာမည်က အော်ဇော်ဌေး နာမည်ပြောင်က ရွှေသွားလို့ ခေါ်ပါ တယ်။ သူက အရမ်းဆိုးပါတယ်။ ဧည့်စာရင်းတိုင်တာတို့ ခရီးသွား ထောက်ခံစာ လုပ်တာတို့ဆို မျက်နှာထိ မျက်နှာထားကြီးနဲ့ ဟောက်စားလုပ်ပြီး အမြဲ ဘဝင် ရူး နေသူတစ်ယောက်ပါ ” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သို့ ပြောကြားသည်။

ဗုံးပေါက်ကွဲမှုအပြီးတွင် အုပ်ချုပ်ရေးမှူးအပါအဝင် စစ်သားများက ကား ၄ စီး ဖြင့် အင်အား ၂၀ ခန့် ရောက်ရှိလာကြောင်း၊ အရပ်ဝတ်များနှင့် သေနတ်များ လွယ်ထားသည်ကို တွေ့ရကြောင်း၊ ရုံးအနီးဝန်းကျင်ကို ပိတ်ထားပြီး လူများကို ဖြတ်သန်းသွားလာခွင့်မပြုကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဝေါမြို့နယ် ပကဖ နှင့် UG တော်လှန်ရေးရဲဘော်များကမူ ဝေါမြို့ ကန်တော် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၅ နာရီ ခန့် အချိန် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုတွင် အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦ ထိခိုက် ပျက်စီး မှုများရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပဲခူးတိုင်း PDF က သတင်းထုတ်ပြန်သည်။

Читать полностью…

Khit Thit Media

သူ့ရဲ့စာထဲမှာပါတဲ့ အုပ်စုလိုက် သတ်သေမဲ့သူများရှိကြောင်း ခြိမ်းခြောက်ရေးသားချက်မှာ မဟုတ်မှန်သော်လည်း ချက်ကိုစလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံတို့မှ အမျိုးသား အများအပြားဟာ နောက်ပိုင်းနှစ်တွေမှာ ၎င်းကဲ့သို့ မီးရှို့၍ သေကြောင်းကြံ ကန့်ကွက်မှုများ ပြုလုပ်လာခဲ့ကြတာ တွေ့ရပါတယ်။

ထိုစဉ်ကတည်းက မိမိ အနိုင်မရနိုင်တဲ့ ရန်သူနှင့် ရင်ဆိုင်တွေ့ကြုံရတဲ့အခါ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် မိမိအသက်ကိုစတေးရန် ထိုက်တန်သလား ဆိုတဲ့ မေးခွန်းက ချက်သမ္မတ နိုင်ငံငယ်လေးအတွင်း ယန်းပဲလက် (Jan Palach) ကို အကြောင်းပြုဆက်နွယ်ကာ ဆက်လက် ပြောစမှတ် ပြုနေကြဆဲပဲ ဖြစ်ပါတယ်။ အစိုးရတွေပြောင်းသွားခဲ့တယ်။ လူထုအမြင်များလည်း ပြောင်းလဲနေဆဲဖြစ်တယ်။ ဒါပေမဲ့ ယန်းပဲလက် (Jan Palach) ရဲ့ ကိုယ့်ကိုကိုယ် မီးရှို့စတေးခဲ့မှုအပေါ် သွေးအေးသွားခြင်း၊ မေ့ပျောက်သွားခြင်း၊ မသိကျိုးကျွံ့ပြုလိုက်ခြင်းများ ချက်ပြည်သူများအကြား လုံးလုံးလျားလျား ဖြစ်ပေါ်ခဲ့ခြင်း မရှိပေ။

ကံအကြောင်းမလှစွာပဲ ချက်ကိုစလိုဗက်ကီးယားနိုင်ငံဟာ ၁၉၈၉ ခုနှစ် အထိတိုင်အောင် ဆိုဗီယက်ရဲ့ သိမ်းပိုက်ခံနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေခဲ့ပါတယ်။

သေချာတာကတော့ မိမိထက် အင်အားအဆမတန်ကြီးမားတဲ့ ရန်သူကို မိမိရဲ့ အသက်ကို စတေးပြီး တော်လှန်သွားခဲ့တဲ့ ယန်းပဲလက် ရဲ့ အဆုံးစွန်ထိသော တော်လှန်ရေးစိတ်ဓတ် မျိုးစေ့ဟာ ချက်နိုင်ငံသားတွေဆီမှာ သံမှိုစွဲကပ်ထားခဲ့သလို ကျန်ရှိနေမှာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

အထူးသဖြင့် သူ့နှုတ်က ထွက်ကျလာသော နောက်ဆုံးဝါကျတစ်ကြောင်းက မျှော်လင့်ချက်ထားရှိရေးနဲ့ အောင်ပွဲခံနိုင်မဲ့ အလားအလာအမြင်များကို ရည်ညွှန်းပြောဆိုသွားခဲ့ပါတယ်။ သူ့ကိုတွေ့ဆုံမေးမြန်းခဲ့တဲ့ ဆရာဝန်က အသံဖမ်းစက်နဲ့ ဖမ်းယူထားတဲ့ ကျေးဇူးကြောင့် ခပ်တိုးတိုးမှာကြားသွားတဲ့ ယန်းပဲလက် (Jan Palach) ရဲ့ စကားသံကို ယနေ့တိုင် ကြားခွင့်သာနေဆဲ ဖြစ်ပါတယ်။

“ကိုယ်တိုက်ခိုက်နိုင်စွမ်းရှိတဲ့ မိစ္ဆာရန်သူမျိုးကို ကိုယ်က အမြဲတိုက်ခိုက်နေရမယ်”
-------------

ဒါတွေက သမိုင်းမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ အရာတွေဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပုံစံနဲ့ အလားသဏ္ဍာန် တူညီမှုလေးတွေလည်း ရှိနေပါတယ်။

အာဏာရှင် မင်းအောင်လှိုင်ရဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ၂ နှစ်ကျော် ကြာမြင့်လာချိန်၊ အညာဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်မီးများ လောင်ကျွမ်းနေပေမယ့် မြို့ကြီးတွေမှာတော့ ပုံမှန်နီးပါး လည်ပတ် လှုပ်ရှားလျှက် ရှိလာတာ တွေ့ရပါတယ်။

ဒါဟာ စစ်တပ်ရဲ့ မတရား အုပ်ချုပ်မှုအောက်မှာ နေသားကျသွားပြီလားဆိုတဲ့ စိုးရိမ်စိတ်ကို ဖြစ်စေပါတယ်။

မြန်မာ့သမိုင်းမှာလည်း တချိန်က ထိုနည်းတူစွာ ကြုံခဲ့ဖူးတာတွေလည်းရှိပါတယ်။ ၁၉၆၂ နဲ့ ၁၉၈၈ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်ပါတီအာဏာရှင်နဲ့ စစ်အုပ်ချုပ်ရေးအောက်မှာ ပြည်သူတွေဟာ အခက်အခဲပေါင်းများစွာကြားမှာ နှစ်ပေါင်းများစွာနေထိုင်ရင်း ဖြတ်သန်းခဲ့ရပါတယ်။

အဲ့ဒီ့အချိန်ကာလမျိူးတွေမှာတောင် မြန်မာ့သမိုင်းမှာ ချက်နိုင်ငံသား ယန်းပဲလက်လို ကျောင်းသားလူငယ်မျိူးတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ထိုလူငယ်တွေထဲက တဦးကတော့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒဖော်ထုတ်ခဲ့လို့ ဖမ်းဆီးခံရပြီး ၁၉၇၆ ခုနှစ် ဇွန်လမှာ ထောင်အတွင်း မတရားကြိုးပေး သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးပဲ ဖြစ်ပါတယ်။

"မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ်၊ ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမယ် မဟုတ်ဘူး၊ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး"

ဒီစကားလုံးတွေကတော့တော့ ကြိုးပေးအသတ်မခံရမီ “အာဏာရှင်ကို လုံး၀ဒူးမထောက်ဘူး” ဆိုတဲ့ သတင်းစကားကို ကျောင်းသားလူငယ် ဆလိုင်းတင်မောင်ဦး ရဲ့ရင့်စွာ ပြောကြားခဲ့တာပါ။

လက်ရှိမှာလည်း အာဏာရှင်ရဲ့ ဖမ်းဆီးနိုပ်စက် သတ်ဖြတ်မှုတွေကြောင့် ဖမ်းဆီးခံနေရတဲ့၊ မြင့်မြတ်စွာ ကျဆုံးခဲ့ရတဲ့ နွေဦးတော်လှန်ရေးက သူရဲကောင်းများစွာ ဆလိုင်းတင်မောင်ဦးပေါင်း များစွာရှိနေပါသေးတယ်။

သူတို့တတွေရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် အောင်ပွဲကတော့ အလှမ်းဝေးနေဆဲပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အင်အားကြီးမားလွန်းတဲ့ တိုင်းတပါးသား စစ်အာဏာရှင်ကို ယန်းပဲလက်ရဲ့ အသက်ကို စတေးပြီး အဆုံးစွန် ဆန့်ကျင်ခဲ့မှုမှသည် အာဏာရှင်ကို နောက်ဆုံးအချိန်ထိ ဒူးမထောက် လက်မမြှောက်ဘူး ဆိုတဲ့ ဆလိုင်းတင်မောင်ဦးရဲ့ ဘာမထီဟန် သမိုင်းဝင် စကားတို့ကို အစပြုလို့ သူရဲကောင်းအသီးသီးတို့ရဲ့ သွေးချွေး ပေးဆပ်မှုတွေဟာ၊ တချိန်မှာတော့ စစ်အာဏာရှင်ကို အမြစ်ပြတ်သည်ထိ၊ လုံးဝကျရှုံးသွားစေသည်အထိ ရောက်အောင် ပို့ဆောင်ပေမဲ့ တော်လှန်ရေး မျိုးစေ့တွေ ဖြစ်လာမည် ဆိုတာကတော့ အသေအချာပင်။

Читать полностью…

Khit Thit Media

ဒီပဲယင်းမြို့နယ် ကျေးရွာ ၆ ခု အိမ်ခြေ ၁၄၀ ကျော်ကို အကြမ်းဖက် စစ်တပ် က ၂ ရက်အတွင်း မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ရွာ(၆)ရွာမှ အိမ်ခြေ ၁၄၀ ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ဒီဇင်ဘာလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရ သည်။

ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာများဖြစ်သော ညောင်လှရွာမှ နေအိမ် ၅၈ လုံး၊ ကံကုန်းရွာမှ နေ အိမ် ၁၃ လုံး၊ နများရွာမှ နေအိမ် ၂၄ လုံး၊ ယဉ်ကျေး ရွာမှ နေအိမ် ၁၅ လုံး၊ ပျော်ဘွယ်ရွာမှ နေအိမ် ၂၈ လုံး၊ မစိုးရိမ်ရွာမှ နေအိမ် ၅ လုံး စုစုပေါင်း ၁၄၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကနဦး ကောက်ခံ ရရှိထားကြောင်း KAUNG KIN PDF ထံမှ သိရသည်။

“ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ ထွေ/အုပ်ရုံး၊ ဆက်သွယ်ရေးရုံး တွေပါ မကျန် အကုန်မီးရှို့သွားတာ၊ စခတွေက အတော်ကိုရက်စက် ကြမ်း ကြုတ် တယ်၊ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်၊ အပြစ်မဲ့ပြည်သူ တွေခံစား နေရသလို စစ်အာဏာရှင်စုနဲ့ ဆက်စပ်ပတ်သက်သူ မှန်သမျှ ထပ်တူ ခံစားကြပါစေ” ဟု Kaung Kin PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ မီးရှို့ ဖျက်ဆီးမှုကြောင့် နေအိမ် (၄၈၁၂) လုံး ပြာကျခဲ့ပြီး စစ်ကိုင်တိုင်းအတွင်း၌ နေအိမ် ၃၃၂၀ လုံးဖြင့်အများဆုံးဖြစ်ကာ မကွေးတိုင်း၌ ၁၁၃၄ လုံးဖြင့် ဒုတိယ အများဆုံးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Читать полностью…

Khit Thit Media

အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု ရပ်ဆိုင်းပြီး နောက် ပတ်စ်ပို့ ရရန် ပိုမိုခက်ခဲလာနိုင်၊ မင်းအောင်လှိုင်က ပြည်ပသို့ လူငယ် များ ထွက်ခွာနေမှု တားဆီးရန်နှင့် လစာများ ပြည်တွင်းသို့ ပြန်ပို့ရေး တင်းကျပ် ရန် အမိန့်ထုတ်ခဲ့

ရန်ကုန်၊ ဒီဇင်ဘာ ၅

အကြမ်းဖက်စစ်ကောင်စီက တရားမဝင် ငွေကြေးကုန်ကျမှု အလွန်များပြားပြီး အွန်လိုင်း QR CODE စနစ်ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားမှု အစီ အစဉ် ကို ယနေ့မှစ၍ ရပ်ဆိုင်းကြောင်း ကြေညာလိုက်ပြီးနောက် နိုင်ငံကူး လက်မှတ် လျှောက် ထားမှုများ ပိုမိုတင်းကျပ်လာမည်ကို လူငယ်များက စိုးရိမ် နေကြ သည်။

နိုင်ငံကူးလက်မှတ် Passport လျှောက်ထားရန် Online မှ QR Code ရယူမှု ဒီဇင်ဘာ ၅ ရက်မှ စတင်ရပ်ဆိုင်းကြောင်း၊ ထိုသို့ ရပ်ဆိုင်းရခြင်းမှာလည်း Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက် ထားခြင်း ကို ရက်ချိန်းရယူလိုသူ မည်သူမဆို ကာယကံရှင်ကိုယ်တိုင် ၂၄ နာရီ ပတ်လုံး ပိတ်ရက်မရှိ (24/7) လွယ်ကူစွာလျှောက်ထားနိုင်ရန်အတွက် Online Booking စနစ်အား ပြင်ဆင်ရေးဆွဲနေခြင်းကြောင့် ရပ်ဆိုင်းခြင်း ဖြစ် ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။

ယခုအသုံးပြုနေသော Online Booking စနစ်ဟောင်းမှ ရက်ချိန်းပေးခြင်းကို ဒီဇင်ဘာ ၅ ရက်နေ့မှစတင်၍ ရပ်ဆိုင်းထားမည် ဖြစ်သော်လည်း စနစ် ဟောင်း မှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများ အနေဖြင့် ရက်ချိန်း ရရှိထား သည့် ‌နေ့ရက်များတွင် ရုံးတွင်းသို့ ဆက်လက် အသုံးပြုဝင်ရောက် နိုင် ကြောင်း၊ သို့ဖြစ်၍ နိုင်ငံကူးလက်မှတ်လျှောက်ထားလိုသူများ အနေဖြင့် ပွဲစားများမှ တစ် ဆင့် ရက်ချိန်းဝင်ရောက်ခွင့် QR Code များ မတန်တဆဈေးဖြင့် ဝယ်ယူ ခြင်း၊ အခြားသူ၏ QR Code အား လက်လွှဲအသုံးပြုနိုင်ရန် ကြိုးပမ်းခြင်းများ မပြု လုပ်ကြရန်နှင့် Online Booking စနစ်သစ် စတင်အသုံးပြုနိုင်မည့်ရက်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

"QR CODE ကိစ္စက မအလတွေ မသိတာမှမဟုတ်တာ။ သတင်းစာ ရှင်းလင်း ပွဲတွေမှာကို သူတို့ဘောမတဲ့ သတင်း ထောက်တွေကိုယ်တိုင် မေးကြတာပဲ။ မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်ခဲ့ကြတာပဲ။ အခုမှ လွယ်ကူအောင် ၂၄ နာရီ အွန်လိုင်း ဘိုကင်ရမယ်လို့ ပြောနေတာ။ ကျနော်တို့တော့ သံသယရှိတယ်။ အခုက နိုင်ငံခြားထွက်ဖို့ လုပ်ကြတာ အရမ်းများတော့ ပိုပြီးတင်းကျပ်ဖို့ လုပ် တာလားလို့ ထင်မိတယ်" ဟု လက်ရှိတွင် ဂျပန်ဘာသာစကား စာမေးပွဲဖြေဆို နေသူ လူငယ်တစ်ဦးက ဆိုသည်။

မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ရန် နိုင်ငံကူးလက်မှတ် လျှောက် ထားသူ မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ တက်ကြီးကျေးရွာမှ လူငယ် တစ်ဦးကမူ QR CODE ရရှိရန် ငွေ ၁ သိန်းကျော်ပေးရပြီး နိုင်ငံကူး လက်မှတ် လုပ်ရန် ၃ လခန့်စောင့်ဆိုင်းရကြောင်း၊ နိုင်ငံကူးလက်မှတ်လုပ်ရန် လက်ရှိ တွင်လည်း ခက်ခဲပြီး ပို၍ ခက်ခဲလာမည်ကို စိုးရိမ်ကြောင်း ပြောဆိုသည်။

"ကိုယ်တိုင် QR CODE ယူတာမရလို့ Agent နဲ့ယူရတယ်။ ၁၂၀၀၀၀ ပေးရ တယ်။ အဲဒါ ရက်ချိန်းပေးထားတာက နောက် ၃ လ။ အခု QR CODE စနစ် ဖျက်တယ်ဆိုတော့ နိုင်ငံကူးလက်မှတ် တွေ ပိုခက်ခဲလာမှာစိုးရိမ်တယ်။ ရွာမှာ လည်း မလေးရှား၊ ထိုင်း သွားကြတာ လူငယ်တောင်မရှိတော့ဘူး။ ရွာရှိ လူငယ် အကုန်ပဲ ပြည်ပထွက်ကြတာ။ အမျိုးသမီး အမျိုးသား အသက် ၂၀ ကနေ ၅၀ အတွင်း ထွက်ကြတယ်။ လုပ်ကိုင်စားလို့ကလည်း အဆင်မပြေကြတော့။ ထိုင်း ကိုတော့ တော်တော်များများ အောက်လမ်း(တရားမဝင်) သွားကြတယ်။ အဲဒါ ငွေကုန်ကျမှုလည်းနည်းတယ်။ ပတ်စ်ပို့အကြာကြီးစောင့်စရာ မလိုဘူး" ဟု ရှင်းပြ သည်။

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ပ နိုင်ငံများသို့ လူငယ် များ ထွက်ခွာနေမှု များပြားနေ၍ တင်းကျပ် ကြပ်မတ်ရန်နှင့် ပြည်ပထွက် ခွာသွား သော အလုပ်သမားများအနေဖြင့် လစာ၏ ရာခိုင်နှုန်း မည်မျှကို ပြည် တွင်း ပြန်လည်ပေးပို့ရမည် ဆိုသော စာချုပ်ကို လက်မှတ်ရေးထိုးခိုင်းရန် ယခုနှစ်ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်က ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာ နေမှု ကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု ပြဿနာ မဖြစ်ပေါ် စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ် ဆောင် ရွက် ရန်နှင့် ပြည်တွင်းတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး ဆောင်ရွက်ရန် မင်းအောင်လှိုင်က ညွှန်ကြားခဲ့သည်။

ထို့ပြင် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သူ လူငယ်များ အနေဖြင့် ပြည်တွင်းသို့ လစာ၏ ရာခိုင်နှုန်း မည်မျှ ပေးပို့ရန် ဆိုသော အချက်ကိုလည်း စာချုပ်အဖြစ် ထည့်သွင်းကာ ပြည်ပမထွက်ခင်ကတည်းက တစ်ပါတည်း လက်မှတ်ရေးထိုးခိုင်းရန် မင်းအောင်လှိုင်က ပြောဆိုခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရန်ကင်း ပတ်စ်ပို့ရုံးတွင် ကြိတ် ကြိတ် တိုး တန်းစီနေကြသည့် လူငယ်များ။

Читать полностью…
Subscribe to a channel