khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ကော့ကရိတ်မြို့နယ်တွင် ကျေးရွာများပေါ်သို့ အကြမ်းဖက်စစ်တပ်က ဟောင်ဝပ်စာ လက်နက်ကြီးများ ဖြင့် ပစ်ခတ်တိုက်ခိုက်၊ နေအိမ် (၁၄)လုံးပျက်စီး၊ ပြည်သူ(၂)ဦးဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဟောင်ဝပ်စာလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လူနေအိမ်(၁၄ )လုံး ပျက်စီးပြီး ပြည်သူ (၂ ) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒီဇင်ဘာလ ၁ ရက် နံနက် ၁၀ နာရီခန့်က ကော့ကရိတ်အခြေစိုက် အမြောက်တပ်ရင်းမှ ကော့ရိတ်မြို့ နယ်၊ ဘော်ဒိုင်းကျေးရွာအတွင်းသို့ ၁၂၀ မမ လက် နက်ကြီး(၄)လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ် (၂) လုံး ပျက်စီးပြီး အသက် ၅၅ နှစ်အရွယ် တီးဖားတုနှင့် အသက် ၂၆ နှစ်အရွယ် မောင်အေးဇော်တို့ ထိ ခိုက် ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ကော့ကရိတ်အခြေစိုက် အမြောက်တပ်ကုန်းမှ ဘော်ဒိုင်းကျေးရွာ အတွင်း ၁၂၀ မမ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ လူနေအိမ် (၈)လုံး၊ နွား(၄)ကောင်၊ စပါးခြွေလှေ့ စက်နှင့် ကားတစ်စီးထိခိုက်ပျက်စီးခဲ့ကြောင်း၊ ည ၁၂ နာရီခန့်တွင်လည်း ဖားကျကျေးရွာအတွင်းသို့ ၁၅၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နေအိမ်(၂)လုံးပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ဒီဇင်ဘာလ ၂ ရက် ညသန်းခေါင်အချိန် ကော့ကရိတ် ရေကျော်ကြီး အောက်ဖက်တပ်စခန်းမှ ၁၀၅ မမ (ဟောင်ဝပ်စာ) လက်နက်ကြီးဖြင့် ဖားကျကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ ဒေါ်မြစ်မြစ်ကြည်၏ နှစ်ထပ်တိုက်အိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ထီးဝါးခို့ပိုင်းရှိ ဦးတင်လှိုင်၏ တိုက်ခံပျဉ်ထောင်အိမ် တစ် လုံး လည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ (၃) ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ တောင်ကြာအင်းအုပ်စု ၊ ကျွန်းတော်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ နွားမ (၁) ကောင် ပွဲချင်းပြီးသေဆုံးပြီး နွား ထီး (၂) ကောင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ အိမ် (၂) လုံး၊ ကားတစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

နီပေါနိုင်ငံ မြန်မာသံရုံးရှေ့တွင် သေဒဏ်ချမှတ်ခံထားရသော မြန်မာကျောင်းသားများနှင့် အတူရပ်တည်နေကြောင်း နီပေါကျောင်းသားများ ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

နီပေါနိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် အကြမ်းဖက် စစ်တပ်က သေဒဏ် ချမှတ်ခဲ့သော မြန်မာကျောင်းသားများနှင့် အတူရပ်တည်နေကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့၌ နီပေါကျောင်းသား သမဂ္ဂက ကျောင်းသားများက အကြမ်းဖက် မြန်မာ စစ်အုပ်စု၏ လုပ်ဆောင်ချက်ကို ကန့်ကွက်ကြောင်း မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ကျခံနေရသူတွေနဲ့အတူ နီပေါကျောင်းသားသမဂ္ဂနဲ့ ကျောင်းသားများက ရပ်တည်ကြောင်းထုတ်ဖော်ပြသခဲ့ခြင်းဖြစ်​ပြီး နီပေါရဲတပ်ဖွဲ့မှ ကျောင်းသားများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Photo - နီပေါကျောင်းသားသမဂ္ဂ

Читать полностью…

Khit Thit Media

အကြမ်းဖက်စစ်ကောင်စီကျူးလွန်သော စစ်ရာဇဝတ်မှုများကို ခွင့်လွတ်ပေးစရာ တစ်ကွက်မှ မရှိဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကြမ်းဖက်စစ်ကောင်စီကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ ခွင့်လွှတ်ပေးစရာ၊ နားလည် ပေးစရာတစ်ကွက်မှမရှိဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ က အမျိုးသားညီ ညွတ် ရေးအစိုးရ၏ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။

လွန်ခဲ့သော ဒီဇင်ဘာ (၁) ရက်နေ့၊ REUTER NEXT အစီအစဉ်တွင် ကမ္ဘာ့ခေါင်းဆောင်များ၊ စီးပွားရေး ပညာရှင်များနဲ့ စီးပွားရေးသမားများ ပါဝင်သည့် ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးရေးအချက်(၅)ကို ပြောဆိုခဲ့ရာ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုများနှင့်ပတ်သက်၍ ရှင်း လင်းပြောဆိုရာတွင် ၎င်းက ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်သူလူထုစိုးရိမ်ပူပန်နေတဲ့ ကိစ္စကို ပြောချင်ပါတယ်။ လူထုဟာ စစ်အုပ်စုကို သူတို့ကျူးလွန်ခဲ့တဲ့ စစ် ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက စဉ်း စား ခန်းထုတ်နေပြီလားလို့ ထင်မြင်နေကြပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်တဲ့ စစ်ရာဇ ဝတ်မှု တွေဟာ ခွင့်လွှတ်နိုင်စရာ/ နားလည်ပေးချင်စရာ တစ်ကွက်မှ မရှိပါဘူး။ ကျွန်တော်တို့ အစိုးရရဲ့ မူဝါဒလမ်းစဉ် ကလည်း တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေခြင်း လမ်းစဉ်ဖြစ်တယ်ဆိုတာ သိပြီးဖြစ်ပါတယ်။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် (၁) ပြည်သူကို သတ်ဖြတ်နေမှုများ ချက် ချင်း ရပ်တန့်ရန်၊ (၂) တပ်မတော်က နိုင်ငံရေးမှ လုံးဝစွန့်ခွာရန်၊ (၃)နိုင်ငံတကာအကူအညီများကို အနှောက် အယှက်အတားအဆီးမပြုလုပ်ရန်၊ (၄)၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံးဝဖျက်သိမ်းရန်၊ (၅)နိုင်ငံတကာက ကြားဝင်ဆောင်ရွက်ပေးရန် တို့ဖြစ်သည်။

“စစ်တပ်ကို နိုင်ငံရေးထဲက အပြီးတိုင်ထုတ်ပယ်ဖို့ အာမခံချက်ရှိတဲ့ အခြေအနေအထိ ကျွန်တော်တို့ ကြိုး စားလုပ်ဆောင်ဖို့ဖြစ်တယ်။ အနာဂတ်မှာ ဖြစ်ထွန်းလာမယ့် ဖက်ဒရယ် တပ်မတော်ဟာ ပရော်ဖက် ရှင် နယ်တပ်မတော် ဖြစ်ရလိမ့်မယ်။ ယခု မြန်မာစစ်တပ်လို နိုင်ငံရေးထဲ အမြဲတမ်း ဝင်ပါနေတာမျိုး လုံးဝ လက်မခံနိုင်ပါဘူး။” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
စစ်အာဏာရှင်အမြတ်ပြတ်သုတ်သင်ချေမှုန်းရေးအတွက် တော်လှန်ရေးတွင် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင် ခဲ့သည့် သူရဲကောင်းများ၊ အာဇာနည်များကို အမြဲတမ်း အစဉ်တစိုက် ဦးညွှတ်နေမည်ဖြစ်ကြောင်း၊ တော်လှန်ရေးရဲဘော်များ၏ အသက်ပေးစွန့်လွှတ်အနစ်နာခံမှုများကို အကျိုးမဲ့ အလဟဿ မဖြစ်သွား အောင် ကြိုးစား လုပ်ဆောင်နေကြရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောဆိုသည်။

Читать полностью…

Khit Thit Media

ကန့်ဘလူ၊ ပင့်သာရွာကို စစ်တပ်က ဖျက်ဆီး မီးရှို့မှု နေအိမ် ၂၄ လုံးပြာကျ၊ စစ်ကြောင်းများစွာ ထိုးစစ်ဆင်လာ၍ ပြည်သူ ထောင်ချီ ထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပင့်သာရွာကို အင်အား ၁၀၀ ခန့်ပါသော ခြေ မြန် တပ်ရင်း ၃၉၆ နှင့်ပျူစောထီးပူးပေါင်းအဖွဲ့က တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ဒီဇင် ဘာ လ ၅ ရက် နံနက်ပိုင်း တွင် တတိယ အကြိမ် မြောက် ဝင်ရောက် မီးရှို့ ဖျက် ဆီးခဲ့သဖြင့် နေအိမ် (၂၄)လုံးပြာကျသွားကြောင်း ကျွန်း လှ-ကန့်ဘလူ တက် ကြွ လှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

“အခုထိတော့ ပြည်သူတွေ ရွာထဲမဝင်ရဲသေးဘူး။ စစ်ကြောင်းက ချပ်သင်းကြီး ရွာဘက်မှာဆိုတော့ သိပ်မဝေးတာရောကြောင့် ပြန်လှည့်လာမှာ စိတ်ပူ ကြ တာပါ၊ စခတွေက မိုင်းတွေလဲ ထောင်ထား တတ်တာမို့ မဝင်ရဲကြတာပါ၊ ၃/၄ ရက်လောက်နေမှ ပြန်ဝင်နိုင်ကြမှာဗျ၊ တိုက်ပွဲမရှိပဲနဲ့ကို ဒီအတိုင်း ပတ်ရှို့ နေတာ” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ရန်ကုန် ခေတ်သစ်သို့ ပြောသည်။

အဆိုပါ ပင့်သာရွာသည် အိမ်ခြေ ၆၃၅ လုံးရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး ဩဂုတ်လ ၁၇ ရက်နေ့က ပထမအကြိမ်မီးရှို့ခံရမှုတွင် နေအိမ် ၃၅ လုံး၊ နိုဝင် ဘာလ ၁၃ ရက်နေ့က မီးရှို့ခံရမှုတွင် နေအိမ် ၃၆ ဆုံး ပြာကျဆုံးရှုံးခဲ့ကြောင်း သိရသည်။

ပင့်သာရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစော ထီး များသည် ဒီဇင်ဘာလ ၄ ရက်နေ့က ချောင်းကြားရွာကို ဝင်ရောက် မီးရှို့ပြီး နောက် ပင်သာရွာအတွင်းသို့ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အနီးအနားရှိ ကျေးရွာ နေပြည်သူများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက် စစ် ကောင် စီ စစ်ကြောင်းမှာ ချပ်သင်း ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။

ဒီဇင်ဘာ ၅ ရက်နေ့တွင် တန့်ဆည်နယ် ပုတီးရွာကို မီးရှို့ဖျက်ဆီးခဲ့သော စစ်တပ် အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည် ဒီဇင်ဘာ ၆ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ကျွန်းလှမြို့နယ်ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ၊ ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်းသည် အင်တိုင်းရွာအား လက်နက်ကြီးများဖြင့် အကြမ်းဖက်ပစ်ခတ်‌ဝင်ရောက်နေကြောင်း၊ အဆိုပါ စစ် ကြောင်း၏ ထိုးစစ်ကြောင့် ကျွန်းလှမြို့နယ်အတွင်းရှိ ပေါယော၊ညောင်ကိုင်း၊မြင်သာ၊သရက်တထောင်နှင့် အင်တိုင်းရွာမှ ပြည်သူထောင်နှင့်ချီပြီး အိုးအိမ် စွန့်ခွာပြီး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ပင့်သာရွာကို ဝင်ရောက်မီးရှို့ ဖျက်ဆီး မှုတွင် အကြမ်း ဖက်စစ် ကောင်စီတပ်ဖွဲ့၏ မြေမြှုပ်မိုင်းထောင်ထားခဲ့မှုကြောင့် အသက် ၅၁ နှစ်အရွယ် အမျိုးသားတစ်ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ပြီး ခြေထောက် တစ်ဖက် ပျက်စီးခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

Читать полностью…

Khit Thit Media

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီး (၇၇) လုံး ပစ်ခတ်ခဲ့မှုကြောင့် နေအိမ် (၆) လုံး ထိခိုက် ပျက်စီးပြီး ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ (၃) ဦးသေဆုံးကာ(၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ နေအိမ် (၂)လုံး ကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင်ပစ္စည်းများနှင့် ဆန်အိတ် (၅) အိတ်ကိုလည်း ခိုးယူသွား ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် "ကျောင်းသားထုအားဖြင့်စစ်ကျွန်ပညာရေးကို မြေမြှပ်ကြ "ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍ မရ"ဒီဇင်ဘာလ ၆ ရက် ယနေ့တွင် ၆၃၅ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

Читать полностью…

Khit Thit Media

သမိုင်းအစဉ်အလာအရ မြန်မာနိုင်ငံအလယ်ပိုင်းမှ ဗမာအာဏာပိုင်များသည် အထက်အောက် ထိန်းချုပ်မှုကို ကိုယ်စားပြုနိုင်ရေးအတွက် စည်းလုံးညီညွတ်ကြရန် ဆော်ဩလေ့ရှိသလို ဂိုဏ်းဂဏ ကွဲပြားမှု များပြားနေသော နိုင်ငံတွင် ဗမာစစ်တပ်ကြောင့် တစ်စုတစ်စည်းတည်း ညီညွတ်လာရသည် ဟူသော ဒဏ္ဍာရီကို နိုင်ငံရေး၌ စစ်တပ်၏ လွှမ်းမိုးခြယ်လှယ်မှုအတွက် အကြောင်းပြချက်အဖြစ် အစဉ်အဆက် အသုံးချခဲ့ကြသည်။ သို့ဖြစ်၍ အမျိုးသားစည်းလုံးညီညွတ်ရေး ဆိုသည်ကို ဗမာကြီးစိုးမှု လက်အောက်သို့ အတင်းအကြပ် သွတ်သွင်းခြင်းဟူ၍သာ တိုင်းရင်းသားလူနည်းစုများက သဘောပေါက် နားလည်လျက်ရှိသည်။

ဤတော်လှန်ရေး၌ မတူကွဲပြားသော အကျုံးဝင်သက်ဆိုင်သူမျိုးစုံ ပါဝင်နေသည့်အချက်မှာ တော်လှန်ရေးကြံ့ကြံ့ခံနိုင်မှု၏ သော့ချက်ဖြစ်ကြောင်း သုတေသီများနှင့် တွေ့ဆုံမေးမြန်းခဲ့သူများက အလေးအနက်ပြောဆိုသည်။

“စစ်တပ်ကို အနိုင်တိုက်နိုင်အောင် စည်းလုံးညီညွတ်ဖို့ လိုတယ်ဆိုတာ အသုံးမဝင်တော့တဲ့ ရှေးစကား ဖြစ်သွားပြီ” ဟု တစ်ဦးကထောက်ပြသည်။ ထိုသို့ စည်းလုံးညီညွတ်ကြမည့်အစား တော်လှန်ရေး ခေါင်းဆောင်များအနေဖြင့် တိုင်းရင်းသား မျိုးနွယ်တစ်ခုချင်းစီသည် မိမိကိုယ်ပိုင်သမိုင်းကြောင်းနှင့် ကိုယ်ပိုင်တန်ဖိုးအသီးသီး ကိုယ်စီကိုငှ ရှိနေကြောင်း အသိအမှတ်ပြုလက်ခံရလိမ့်မည်ဟု တွေ့ဆုံ မေးမြန်းခဲ့သူ အဆိုပါအမျိုးသမီးနှင့် အခြားပုဂ္ဂိုလ်များက ဆိုသည်။ လိုအပ်နေသည့်အရာမှာ အကြွင်းမဲ့ စည်းလုံးညီညွတ်ရေး မဟုတ်ဘဲ ဒီမိုကရေစီစနစ်တစ်ခုအတွက် အခြေခံကျကျ စိန်ခေါ်မှုဖြစ်သော မတူကွဲပြားမှုများကို ကိုယ်တွယ်စီမံမည့် တရားမျှတသော စနစ်တစ်ခုသာဖြစ်ကြောင်း သူက ပြောကြားသည်။

သို့ဖြစ်၍ နာမည်ပျက်နေသော စည်းလုံးညီညွတ်မှု ဝေါဟာရထောင်ချောက်ထဲ၌ ချောင်ပိတ်မိနေမည့်အစား စစ်ကောင်စီ ဆန့်ကျင်ရေးအုပ်စုများသည် စစ်ရေးနှင့် အုပ်ချုပ်ရေး ပေါင်းစပ်ညှိနှိုင်းမှုများမှ တစ်ဆင့် ယုံကြည်မှုကို အကောင်းဆုံးတည်ဆောက်ရယူကာ အနာဂတ်ရေရှည် နိုင်ငံရေးဆွေးနွေးပွဲ၏ အခြေခံအုတ်မြစ်ဖြစ်သော ကျယ်ကျယ်ပြန့်ပြန့် ပါဝင်မှုရှိစေမည့် မူဘောင်နှင့် အခြေခံမူများကို ချမှတ်နိုင်ရေး ကြိုးပမ်းသင့်ကြသည်။

အစီအစဉ်တကျ ဆောင်ရွက်မှုနှင့် အကူအညီ
===================

အာဏာသိမ်းစစ်ကောင်စီသည် တည်ငြိမ်ရေးလမ်းကြောင်းကို ပေးအပ်နိုင်ခြင်းမရှိပါ။ ၎င်းတို့တွင် လူထုထောက်ခံမှုလည်း လုံးဝကင်းမဲ့နေသည်။ မြန်မာ့နယ်နိမိတ်၏ လေးပုံတစ်ပုံထက်နည်းသော နယ်မြေများကိုသာ ၎င်းတို့ထိန်းချုပ်ထားနိုင်ပြီး စစ်ရေးအရ အောင်ပွဲခံနိုင်မည့် အလားအလာလည်း မရှိပေ။ တစ်ဖက်တွင်မူ တော်လှန်ရေးအင်အားစုများ၌ စစ်တပ်တွင်မရှိသော အထက်ပါအခြေအနေ အားလုံးနှင့် ပြည့်စုံလျက်ရှိသည်။ တော်လှန်ရေးအင်အားစုများကို ကူညီခြင်းသည် ရိုးရှင်းသော လမ်းကြောင်းတစ်ခု မဟုတ်သော်လည်း ဖြစ်နိုင်ချေရှိသည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်နေသည်။ တော်လှန်ရေးအဖွဲ့များနှင့် ၎င်းတို့၏ထောက်ခံသူများသည် အောက်ပါအတိုင်း အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်နိုင်သည်-

၁။ C3C ၊ J2C နှင့် လက်ရှိ နှစ်ဦးနှစ်ဖက်ပေါင်းစပ်ညှိနှိုင်းမှုများ၌ အကျုံးဝင်နေသော အခြားအဖွဲ့မှ အဖွဲ့ဝင်များပါဝင်သည့် တစ်ခုတည်းသော ပလက်ဖောင်းအောက်၌ စစ်ရေးညှိနှိုင်းမှုများ တိုးမြှင့် ဆောင်ရွက်ရင်း တစ်ပြိုင်တည်းမှာပင် ဒေသအုပ်ချုပ်ရေးနှင့်လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ကိစ္စများ၌ ပေါင်းစပ်ညှိနှိုင်းမှုများ ခိုင်မာအားကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်သည်။

၂။ တော်လှန်ရေးအုပ်စုအမျိုးမျိုး၊ အထူးသဖြင့် NUCC ၏ အပြင်ဖက်တွင်ရှိနေပြီး ၎င်းတို့၏ အနာဂတ် အလားအလာနှင့် စပ်လျဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်၌ ထည့်သွင်းဖော်ပြထားခြင်း မရှိသေးသူများ၏ အဓိကအခြေခံမူများ၊ တန်ဖိုးများနှင့် အကျိုးစီးပွားများအတွက် နှစ်ဖက်ဆွေးနွေးပွဲ အများအပြားကို ကျင်းပရမည် ဖြစ်သည်။

၃။ စစ်ရေးပူးပေါင်းမှုနှင့် အခြားနားလည်မှုများမှ ပေါက်ဖွားလာသည့် ယုံကြည်မှုကို တည်ဆောက် မွေးမြူရင်း တော်လှန်ရေးအုပ်စုများသည် အနာဂတ်စေ့စပ်ဆွေးနွေးရေး လုပ်ငန်းစဉ်၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံမူနှင့်တန်ဖိုးများအပေါ် သဘောတူညီမှုရရှိရေး ကြိုးပမ်းရန် လိုအပ်သည်။ FDC အပိုင်း (၁)၌ ဖော်ပြထားသောအခြေခံမူများသည် ဤဆွေးနွေးမှုကို အထောက်အကူပြုနိုင်မည် ဖြစ်သည်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မိမိအပိုင်းကို မိမိတာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်သည်။ အထူးကိုယ်စားလှယ်နှင့် သံတမန်များသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်ဆိုင်း၍ တော်လှန်ရေးအဖွဲ့များနှင့် ပုံမှန်တွေ့ဆုံကာ ၎င်းတို့၏ဆွေးနွေးပွဲများကို လူသိရှင်ကြား အားပေး ထောက်ခံသင့်ကြသည်။ အဆိုပါဆွေးနွေးမှု ပလက်ဖောင်များ ရေရှည်တည်တံ့ရေးအပြင် ပုန်းရှောင်နေရပြီး ငွေကြေးအခက်ခဲလည်းဖြစ်နေသည့် အဓိကအဖွဲ့အများအပြား ဆက်လက် ပါဝင်နိုင်ရေးအတွက် ငွေကြေးအကူအညီများကို ၎င်းပလက်ဖောင်းများထံသို့ တိုက်ရိုက်ပေးအပ် သင့်သည်။

Читать полностью…

Khit Thit Media

ယနေ့အချိန်အထိ အလားအလာအရှိဆုံး ပလက်ဖောင်းများမှာ စစ်ရေးမဟာဗျူဟာနှင့် ပြည်နယ်/တိုင်း အဆင့်အုပ်ချုပ်မှုကို ပေါင်းစပ်ညှိနှိုင်းပေးနေသည့် စနစ်များဖြစ်သည်။ ယင်းကောင်စီများသည် အနာဂတ်မြန်မာနိုင်ငံ၏ ဖက်ဒရယ်စနစ်တွင် ပါဝင်မည့် ပြည်နယ်/တိုင်း အဆင့် အဖွဲ့အစည်းအမည်များ၊ အရေအတွက်များစသည့် အငြင်းအခုန်ဖြစ်စရာ နိုင်ငံရေးအစီအစဉ် အသေးစိတ်ထက် စစ်ကောင်စီကို အနိုင်ယူရေး၊ စစ်တပ်၏ ဝိုင်းရံပိတ်ဆို့ခြင်း ခံနေရသော ရပ်ရွာများကို ကူညီရေးစသည့် တူညီဆန္ဒများကိုသာ ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိကြသည်။

အဆိုပါ ပလက်ဖောင်းများမှတစ်ဆင့် သမိုင်းကြောင်းတစ်လျှောက် ရန်သူဖြစ်နေခဲ့သော အဖွဲ့များအကြား ယုံကြည်မှုကို တည်ဆောက်ရယူနိုင်မည်ဖြစ်ရာ တိုင်းပြည်အနာဂတ်၏ ပိုမိုခက်ခဲသော ဆွေးနွေးမှုများအတွက် လှုပ်သာရှားသာ အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။

ထိုအခါ တော်လှန်ရေးအုပ်စုများသည် အနာဂတ်ရေရှည် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များကို သတ်မှတ်ပေးမည့် ယေဘုယျအခြေခံမူများကို နောက်တစ်ဆင့်၌ စတင်ဆွေးနွေးလာနိုင်ကြပေမည်။ ငြိမ်းချမ်းသာယာသော မြန်မာနိုင်ငံပေါ်ထွန်းလာရေးကို ပါဝင်ကူညီလိုသည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်းသည် တော်လှန်ရေးအင်အားစုများ၏ အဆိုပါအားထုတ်မှုများအတွက် အကူအညီများ ပိုမိုပေးအပ်ရလိမ့်မည်ဖြစ်သည်။ အထူးသဖြင့် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေများကို NUG သမ္မတက ယခုရက်သတ္တပတ်အတွင်း ပထမဦးဆုံး အကြိမ်ချပြလာသည့် ယခုအချိန်အခါမျိုး၌ ပိုမို ကူညီရမည်ဖြစ်သည်။

စည်းလုံးမှု တိုးတက်လာခြင်း
=============

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပွားပြီး မကြာမီတိုင်းရင်းသားလူနည်းစုနှင့် ဗမာ ခေါင်းဆောင်များသည် ဆက်လက်ဖြစ်ပေါ်လာသည့် တစ်တိုင်းပြည်လုံး ဆူပူအုံကြွမှုကြီးမှနေ၍ နိုင်ငံ၏ သမိုင်းတစ်လျှောက် သွေးကွဲနေခဲ့သော အသိုင်းအဝန်းများအကြား ယုံကြည်မှု ခိုင်မာအားကောင်းလာ အောင် ဆောင်ရွက်နိုင်မည့် အလားအလာများကို တွေ့မြင်ခဲ့ကြသည်။ “နှစ် ၇၀ ကျော်လာပြီဖြစ်သော တော်လှန်ရေး ကာလတစ်လျှောက် ဤမျှ ကြီးမားသည့်အခွင့်အရေးကို မတွေ့မြင်ဖူးသေးပါ။

စစ်အာဏာရှင်စနစ်မှ လွတ်မြောက်နိုင်ရေး ကျွန်တော်တို့အားလုံး ညီညွတ်ကြပါစို့” ဟု ၁၉၄၀ပြည့်လွန် နှောင်းပိုင်းနှစ်များကတည်းက စစ်တပ်ကို တော်လှန်တိုက်ခိုက်နေခဲ့သော ထင်ရှားသည့် ကရင်တိုင်းရင်းသာအဖွဲ့မှ ဒုတိယစစ်ဦးစီးချုပ်ဖြစ်သူ ဘောကျော်ဟေး၏ အိတ်ဖွင့်ပေးစာတစ်စောင်တွင် ရေးသားဖော်ပြထားသည်။

အစောပိုင်းဆူပူမှုများသည် အထိန်းသိမ်းခံ ခေါင်းဆောင်များအား ပြန်လွှတ်ပေးရေး၊ အာဏာမသိမ်းမီက စနစ်သို့ပြန်သွားရေး ဟူသောအချက်များကို ဦးတည်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သော ပြည်တွင်းရေးပဋိပက္ခကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးစနစ်တစ်ခုလုံး ပြောင်းလဲပစ်ရန်အတွက်ပါ လျင်မြန်စွာ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုလာခဲ့ကြသည်။

ထိုအချိန်မှစတင်၍ နိုင်ငံရေးစနစ်တစ်ခုလုံး ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်ဖြင့် အောက်ပါ အဖွဲ့အစည်းမျိုးစုံနှင့် စေ့စပ်ဆွေးနွေးမှု ပလက်ဖောင်းအဖုံဖုံပေါ်ထွန်းလာခဲ့သည်-

#အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ။ NUGကို ဖြုတ်ချခံ အာဏာရပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD)မှ လွှတ်တော်အမတ်များဖြင့် အဓိကဖွဲ့စည်းထားပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO) ကိုယ်စားလှယ်များနှင့် ထင်ရှားသည့် တော်လှန်ရေး ခေါင်းဆောင်များလည်း ပါဝင်ကြသည်။ သမ္မတနှင့် ဝန်ကြီးချုပ်ရာထူးနေရာများ၌ တိုင်းရင်သား လူနည်းစုများကို ခန့်အပ်ထားသဖြင့် NUG သည် မြန်မာ့သမိုင်းတွင် ဖွဲ့စည်းဖူးသမျှတွင် မတူကွဲပြားသော အဖွဲ့မျိုးစုံပါဝင်မှု အများဆုံး အုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာသည်။ သို့သော် ၎င်းအဖွဲ့သည် NLD ၏ နိုင်ငံရေးရည်မှန်းချက်များနှင့် အလွန်တူညီနေသည်ဟု အချို့က ရှုမြင်ကြသည်။ NUG သည် အဖွဲ့အစည်းတစ်ခုသာဖြစ်သော်လည်း အဖွဲ့၏အရွယ်အစားနှင့် မတူညီသောအဖွဲ့မျိုးစုံပါဝင်မှုတို့ကြောင့် ၎င်းသည် မြန်မာ့အနာဂတ်၏ အရေးအကြီးဆုံးနှင့် အငြင်းပွားစရာ အရှိဆုံး ဆွေးနွေးပွဲအများအပြားကို လက်ခံကျင်းပနိုင်လျက်ရှိသည်။

Читать полностью…

Khit Thit Media

အာဆီယံအထူးသံတမန် ၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည့် အစီအစဉ် ဖျက်သိမ်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ် ချမှတ်ပြီးနောက် ခရီးစဉ်ဖျက်သိမ်းမှု ဖြစ်ပေါ်လာဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန် ကြီး Prak Sokhonnက မြန်မာနိုင်ငံသို့ လာရောက်မည်ဟု ကြေညာ ထားခဲ့ သော်လည်း ယခုအခါ အဆိုပါ လာရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက် ကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော် ပြော ဆို သည်။

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားမှု အချိန် ကုန် ဆုံးနေပြီဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံ နှင့် ဥရောပသမဂ္ဂအစည်းအဝေး တက်ရောက်ရန်ရှိကြောင်း၊ ထို့ကြောင့် မြန်မာ နိုင်ငံသို့ အာဆီယံ အထူးသံတမန် အဖြစ် နောက်ဆုံး လာရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ မြန်မာစစ်ကောင်စီအနေဖြင့ အာဆီယံ ဘုံသဘောတူ ညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရန် သဘောထား မပြသ ခြင်း၊ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ် လိုက်ခြင်း တို့ကြောင့် ခရီးစဉ် ဖျက်သိမ်းခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုကြောင်း ကမ္ဘော ဒီးယား သတင်းမီဒီယာ ခမာတိုင်းမ်က ရေးသားထားသည်။

ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် Luy Davidက အာဆီယံ အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် အာဆီယံ-အီးယူ အစည်းအဝေးကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တက်ရောက်မည်ဖြစ်၍ မြန်မာ နိုင်ငံ သို့ သွားရောက် အချိန်တိုတောင်းလွန်းပြီး အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားက ဆက်လက်ကိုင်တွယ် လိမ့်မည်ဟု ထုတ်ဖော်ပြောဆိုသည်။

"ကမ္ဘောဒီးယားအနေနဲ့ မြန်မာ့နိုင်ငံရေအးကျပ်အတည်းကို ဖြေရှင်းဖို့ အ ကောင်း ဆုံး ကြိုးပမ်းခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက် ရမယ့် အချိန်က တိုတောင်းလွန်းတာကြောင့် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားကိုပဲ အလှည့်ပေးပါ့မယ်" ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ အတွင်းဝန် Luy Davidက ပြောဆိုသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မန္တလေးတိုင်း၊ တံတားဦးလေဆိပ်မှာ အကြမ်းဖက်စစ်တပ်က မနေ့နံနက်ပိုင်းကဖမ်းဆီးသွားတဲ့ KBCအကြံ ပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးရိုးကုန်းကျေးရွာက ရန်ကွင်းကြီးဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ဆီကသိရပါတယ်။
- အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်မှုတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေး အရွေ့ကို ဖြိုခွင်းဖို့ အတွက် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတဲ့ သတင်းအပါအဝင် စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/DH4YPV97kco

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦး သပိတ်

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းတွင် ယနေ့ ဒီဇင်ဘာလ ၆ ရက်နံနက်အစော ပိုင်းက အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး အရုဏ်ဦး သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးအတွက် လုပ်နေတာ၊ ငါတို့ သရဏဂုံမတင်နိုင်ဘူး၊ မင်းတို့သတ်ချင် ဒီအတိုင်းသတ်။ သေခါနီး အကြမ်းဖက် စစ်အုပ်စုကို အဆက်လာမဆက်နဲ့” စတဲ့ ဗီနိုင်ဆိုင်းဘုတ်များကိုင်ဆောင်ခဲ့ ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မင်းအောင်လှိုင် မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ်ကျောင်းဆင်းပွဲတက်မှာမို့ မှောင်နဲ့မည်းမည်း မဖြစ်စေဖို့ အလစ်အလပ်မရွေး လင်းထိန်နေစေဖို့ မီးတိုင်ကြီးတွေ စိုက်ထူ၊ CCTV တွေတပ်ပြီး လုံခြုံရေးတိုးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကြမ်းဖက် မင်းအောင်လှိုင်က လာမယ့်ရက်ပိုင်းအတွင်း မင်္ဂလာဒုံစစ်ဆေးတက္ကသိုလ် ကျောင်းဆင်း ပွဲ တက်မှာမို့ မင်္ဂလာဒုံမှာ မှောင်နဲ့မည်းမည်း အလစ်အလပ်မရွေး မီးတိုင်တွေစိုက်၊ CCTV တွေတပ်ပြီး လုံခြုံရေးတိုးမြှင့်နေပြီဖြစ်တယ်လို့ စစ်ဆေးတက္ကသိုလ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ စစ်ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲနဲ့ မှော်ဘီ အမျိုး သမီးဗိုလ် လောင်း သင်တန်း ဆင်းပွဲ တက်ဖို့ရှိပြီး စစ်ကောင်စီဘက်ကတော့ လုံခြုံရေးတိုးမြှင့်တာတွေ လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ-ယခင်နှစ် စစ်ဆေးတက္ကသိုလ်ဆင်းပွဲ တက်နေတဲ့ အကြမ်းဖက် မင်းအောင်လှိုင်။

"မင်္ဂလာဒုံ၊ သားဖွားမီးယပ်၊ ဆေးတပ်ခြံစည်းရိုးဘေးတွေမှာ မီးတိုင်အကြီးတွေ စိုက်ထူနေတယ်။ အမှောင် အမည်းမရှိစေရ၊ ခြုံခိုနိုင်တဲ့ အလစ်အလပ် မရှိစေရဆိုတာမျိုးနဲ့ လုံခြုံရေးတိုးမြှင့်နေပြီ၊ CCTV တွေ နေရာတိုင်း တပ်မယ်လို့လည်းသိရတယ်။ DSMA ကျောင်းဆင်းပွဲကို မင်းအောင် လှိုင် လာတက်မယ်လို့ သိရတယ်" ဟု စစ်ဆေးတက္ကသိုလ်နဲ့ နီးစပ်တဲ့သတင်းရပ်ကွက်ကဆိုပါတယ်။

ဒါ့အပြင် မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူးမြို့နယ်တွေမှာလည်း ဧည့်စာရင်းစစ်ဖို့ စီမံချက်တွေ၊ ကင်းပုန်း တွေ ချတာတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး ရပ်ကွက်တွေမှာ ကင်းလှည့် တာတွေကို မင်းအောင်လှိုင် ရောက်ရှိနေစဉ် ကာလအတွင်းမှာ လုပ်ဆောင်ဖို့ လည်း စစ်ကောင်စီ ဘက်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Читать полностью…

Khit Thit Media

စစ်ကားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူများကို တိုက်သတ်သည့် ကြည့်မြင်တိုင်၊ ပန်းပင်ကြီးလမ်း ၁ နှစ်ပြည့်ချိန် ဗုံးပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦး အနည်းငယ် ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်ကားဖြင့် စစ်အဏာရှင် ဆန့်ကျင်ရေး ပြည်သူများကို စစ်ကားဖြင့် တိုက်သတ် ဖြိုခွင်းသည့် ၁ နှစ်ပြည့်အဖြစ် ယနေ့ ဒီဇင်ဘာလ ၅ ရက် ည ၈ နာရီခန့်တွင် ဗုံးဖောက်ခွဲခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက် ကျားတပ်ဖွဲ့က ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့ က ဆန္ဒထုတ်ဖော်ခဲ့သော ကျောင်း သား လူငယ်များကို အကြမ်း ဖက် စစ်တပ်က ကားဖြင့်တိုက်ဖမ်းဆီးခဲ့ရာ သေဆုံးသူတချို့ရှိပြီး ၁၂ ဦးခန့် ဖမ်းဆီး ခံခဲ့ရကြောင်း၊ ယနေ့သည် စစ်တပ်၏ အကြမ်းဖက်မှု ၁ နှစ်ပြည့်သည့် နေ့ဖြစ် ပြီး စစ်တပ်က လုံခြုံရေး တင်းကျပ်ခဲ့သည့်ကြားမှ ပန်းပင်ကြီးလမ်းတွင် လုံခြုံရေး စောင့်နေသည့် စစ်သားများကို ဗုံးခွဲမှု ဖြစ်ပွားကြောင်း သိရှိရသည်။

“ဒီနေ့ဟာ လွန်ခဲ့တဲ့ တစ်နှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျနော်တို့ပြည်သူ တွေ ရဲ့ သပိတ်ကို စစ်ကားနဲ့ ရက်ရက်စက်စက် တိုက်ပြီးဖြိုခွင်းခံခဲ့ရတဲ့ နေ့ဆိုးတစ်ရပ်ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း စစ် မိစ္ဆာတွေရဲ့ ကြမ်းကြုတ်မှုကို ကွက်ကွက်ကွင်းကွင်းပိုမြင်ခဲ့ရတဲ့အတွက် နှလုံးသွေးဆူပြီး တော်လှန် ရေးအတွက် တွန်းအားတစ်ခုဖြစ်ခဲ့ပါတယ်”ဟု ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။

ယနေ့ဖောက်ခွဲမှုကို ကြည့်မြင်တိုင် အင်အားစု KMD 18 နှင့် UMCD အင်အားစု ၊ Yangon Underground Youth Organization –YUYO တို့က ကြည့်မြင် တိုင်မြို့နယ်၊ မျကည်းတန်းမြောက်အရှေ့ရပ်ကွက်၊ ပန်း ပင်ကြီးလမ်း မျက်မမြင် ကျောင်းရှေ့၌ ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖောက်ခွဲတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကား ၂ စီး၊ ရဲကားတစ်စီး တို့ဖြင့် လမ်းပိတ်ဆို့စစ်ဆေးခဲ့ကာ ဒဏ်ရာရရှိသူတစ်ဦးကို ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ၊ ဒဏ်ရာရရှိသူသည် အသက်အန္တရာယ် မစိုးရိမ်ရဘဲ ဗုံးစ စင်သွားခြင်ဖြစ်သည်ဟု သိရသည်။

Читать полностью…

Khit Thit Media

ဖောင်းပြင်၊ စေတာရွာကို စစ်တပ်က စီးနင်းပြီး ပြည်သူ ၁ ဦးကို ပစ်ခတ် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်၊ ၊ ချီပါတောင်ရွာကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အိမ်မွေးတိရစ္ဆာန်များ သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၅

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ စေတာရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူ ၁ ဦးကို ပစ်ခတ် ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖောင်းပြင်မြို့နယ် စေတာကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အင်အား ၁၀၀ ကျော်ခန့်က ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာနေ ပြည်သူ ကိုအေးမင်းသူ ကို ပစ်ခတ် ဖမ်းဆီးပြီး နေအိမ်အတွင်း ပိတ်လှောင်ကာ မီးရှို့ သတ်ဖြတ်ခဲ့​သောကြောင့် ပြည်သူပိုင် နေအိမ် ၁ လုံးလည်း ပြာကျခဲ့ကြောင်း သိရသည်။

"ကျေးရွာထဲမှာရှိတဲ့ ဦးတင်အောင်နဲ့ ဒေါ်ခင်သန်းတို့ နေအိမ်ကို PDF တပ်ဖွဲ့ဝင် ရှိတယ်ဆိုပြီး စွပ်စွဲချက်နဲ့ သေနတ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်တယ်။ နေအိမ်ထဲမှာရှိတဲ့ ကိုအေးမင်းသူက အိမ်ပေါ်ကနေ ခုန်ချ ထွက်ပြေးတဲ့အချိန် ဝိုင်းဝန်း ပစ်ခတ်ပြီး ထိခိုက်ဒဏ်ရာရရှိချိန်မှာ အိမ်ထဲပစ်ထည့်ပြီး အိမ်ပါ မီးရှို့သွားတယ်။ မိသားစုဝင်တွေကတော့ အိမ်မှာ မရှိလို့ လွတ်မြောက်သွားတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

စေတာကျေးရွာအတွင်း ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော ပျူစောထီးအဖွဲ့တွင် ဆိပ်ဆားရွာမှ ဆန်းလင်းမောင်၊ နေလင်းဦး၊ သန်းလွင်၊ အေးချို၊ နေလင်းထွန်း၊ ဖိုးအဲ၊ ဖိုးချို၊ ဉာဏ်ဌေးလင်း၊ သောင်းဟန် နှင့်မိုးကျော်တို့ ပါဝင်ကြောင်း ဒေသခံ ပြည်သူများက ဆက်လက်ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အိမ်မွေး တိရစ္ဆာန်များလည်း သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်မှ အင်အား ၁၅ ဦးခန့်က ချီပါတောင်ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" ညနေ ၅ နာရီလောက်မှာ ချီပါတောင်ရွာ နေအိမ်တစ်လုံးထဲသို့ စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲတယ်။ ချီပါတောင်ရွာ ကတ္တရာလမ်းပေါ်ကနေ သင်္ချိုင်းထဲကို ဖြတ်ပြီး ရွာထဲကို ဝင်လာကျတာ သေနတ်တွေလဲ ရမ်းပစ်ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ပါတယ်။ အိမ်မွေး တိရစ္ဆာန် ၁ ကောင် သေဆုံးတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

Читать полностью…

Khit Thit Media

စစ်ကောင်စီက သေဒဏ်ချမှတ် စီရင်မှုတွေကို နိုင်ငံရေးလက်နက်အဖြစ် တွင်တွင်ကျယ်ကျယ် သုံး တော့မလား

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်မှုတွေကို စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ နွေဦးတော်လှန်ရေး အရွေ့ကို ဖြိုခွင်းဖို့ နိုင်ငံရေးလက်နက်တစ်ခုအဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြု လာနေပါတယ်။

နိုဝင်ဘာလ ၃၀ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီက ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးနဲ့ လူငယ် ၃ ဦးကို အကြမ်း ဖက်မှုတွေမှာ ပါဝင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သေဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ အဲဒီနေ့ တစ်နေ့တည်းမှာ သေဒဏ်ချမှတ်မှု စုစုပေါင်း ၁၇ မှုရှိခဲ့ပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးဖြစ်တဲ့ မောင်ခန့်ဇင်ဝင်း၊ မောင်သူရမောင် မောင်၊ မောင်ဇော်လင်း နိုင်၊ မောင်သီဟထက် ဇော်၊ မောင်ဟိန်းထက် ၊ မောင် သက် ပိုင်ဦး၊ မောင်ခန့်လင်း မောင်မောင်တို့ကို ဖက်ဆစ် ဆန့်ကျင်ရေး လက်ရုံး တပ်ဖွဲ့မှာပါဝင်တယ် ဆိုတဲ့ စွပ်စွဲမှု ၊ အခုနှစ် ဧပြီလ ၁၈ ရက်နေ့ ဒဂုံ တောင် ကမ္ဘာ့ရတနာ ဘဏ် မန်နေဂျာ ဒုတိယဗိုလ်မှူးကြီး စောမိုးဝင်း ပစ်ခတ်ခံရပြီး သေဆုံး ခဲ့မှုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်တရားရုံးက သေဒဏ် ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် မေလ ၂၄ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ၄၅ ရပ် ကွက် အုပ်ချုပ်ရေးမှူး ခင်မောင် သန်းကို ပစ်ခတ်သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲမှုနဲ့ မောင်မင်းထက်သာ၊ မောင်ဝေဇင်ယံ၊ မောင်သူ ထူးအောင်တို့ကို မြောက်ဒဂုံမြို့ နယ်စစ်ခုံရုံးက နိုဝင်ဘာလ ၃၀ ရက်နေ့မှာ သေဒဏ်ချမှတ်ခဲ့ပါတယ်။

သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးလုံးရော ၊ လူငယ် ၃ ဦးလုံးရော တရားခွင်မှာ ရှေ့နေငှားရမ်းခွင့်၊ ခုခံချေပခွင့် မရခဲ့တဲ့အ‌ပြင် သေဒဏ်ချမှတ်ပြီးချိန်မှာလည်း ဘယ်လိုတွေ ဆက်ဖြစ် လာ မလဲဆိုတာ မိသားစုတွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဒါ့အပြင် သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားလူငယ်တွေရဲ့ မိသားစုဝင်တချို့တွေလည်း စစ်တပ်နဲ့ ရဲတွေဘက်က လာရောက် မေးမြန်းတာတွေ လုပ်လာလို့ လုံခြုံရေး စိုးရိမ်ပြီး ထွက်ပြေးတိမ်း‌ ရှောင်မှုတွေပါ ရှိလာနေတာပါ။

"သေဒဏ်ချတာတောင် သူများပြောမှ သိပါတယ်။ ရှေ့နေလည်း ငှားခွင့်မရပါဘူး။ အခြား အမှု တွေအတွက်တော့ ရှေ့နေငှားခွင့်ရပေမယ့် အဲဒီသေဒဏ်အပြစ်ပေးမယ့်အမှုအတွက် ရှေ့နေ ငှားခွင့်မရဘူး။ကျမတို့ကတော့ အယူခံတင်ဖို့ လုပ်နေပါတယ်။ စစ်ခုံရုံးဖြစ်လို့ ဘာမှ ချေပခွင့် လည်းမရှိဘူး" လို့ သေဒဏ်ချမှတ်ခံရတဲ့ လူငယ်တစ်ဦးရဲ့ မိခင်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဒီနှစ် ဇူလိုင်လအတွင်းမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ အပါအဝင် တော်လှန်ရေးရဲဘော် ၄ ဦးကို သေဒဏ် ချမှတ်ပြီး စီရင်ခဲ့ပါသေးတယ်။ အခုတစ်ခါ ကျောင်းသားလူငယ်တွေကို အစုလိုက် အပြုံလိုက် သေဒဏ်ချမှတ်လာတာလည်းဖြစ်ပါတယ်။

"အခုအချိန်အထိ စစ်အာဏာရှင် တော်လှန်ရေးက ဆက်လက်ပြီး ပေါ်ထွန်းနေတယ်။ တစ်နိုင်ငံလုံးမှာ ရတဲ့ပုံစံမျိုးနဲ့ ဆက်ပြီး တော်လှန်နေကြတယ်။ စစ်တပ်က ဒါကို မနိုင်တော့ အပြစ်မရှိတဲ့ လူငယ်တွေကို သေဒဏ်ချပြီး စစ်တပ်ကို ကြောက်လာအောင်၊ စစ်တပ်ကို ကြောက်ပြီး ငြိမ်သက်သွားအောင် ထပ်ကြိုး စားတာပါ။ နိုင်ငံရေးလက်နက် အဖြစ် သေဒဏ် အပြစ်ပေးစီရင်တာကို သုံးလာလို့မြင်ပါတယ်။ ဒါပေ မယ့် သေဒဏ်စီရင်လေ လူတွေက ပိုမုန်းလေ ပိုပြီးတော့ တွန်းလှန်မှုအားကြီးလေလေပါပဲ" လို့ သေ ဒဏ် ချမှတ်ခံရသူ လူငယ်တစ်ဦးရဲ့ ဆွေမျိုးတစ်ဦးက ဆိုပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်လ်ကာတက်ခ်က အကြမ်းဖက်စစ်ကောင်စီရဲ့ သေဒဏ်ချမှတ် မှုတွေအပေါ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

စစ်ခုံရုံးက သေဒဏ်ချမှတ်မှု အမှုတွေကို စစ်ဆေးရာမှာ မိနစ်ပိုင်းလောက်သာ စစ်ပြီး ချက်ချင်း သေဒဏ်ပေးခဲ့တာတွေရှိကြောင်း၊ မိသားစုဝင်တွေကိုတောင် အကြောင်းမကြားဘဲ လျှို့ဝှက် စစ်ခုံရုံး ကနေ မျက်ကွယ်သေဒဏ်ချမှတ်မှုတွေ အများအပြားရှိနေကြောင်း ဗော်လ်ကာတက်ခ်က ထုတ်ပြန် ကန့်ကွက်ရှုတ်ချပါတယ်။

လက်ရှိမှာတော့ နိုဝင်ဘာလ ၃၀ ရက်နေ့ သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားလူငယ်တွေရဲ့ မိသားစု ဝင်တွေက သေဒဏ်ချမှတ်မှုအပေါ် အယူခံဝင်ဖို့ ပြင်ဆင်နေကြပြီး လာမယ့် ဒီဇင်ဘာလ ၆ ရက်နေ့နဲ့ ၇ ရက်နေ့အတွင်းမှာ အယူခံ တင်သွင်းဖို့ ပြင်ဆင်နေကြပါတယ်။

ပြည်တွင်းပြည်ပမှာလည်း စစ်ကောင်စီရဲ့ သေဒဏ်ချမှတ်မှုနဲ့ စီရင်မှုတွေကို ကန့်ကွက်တဲ့ လှုပ်ရှားမှု တွေကလည်း အရှိန်တက်လာနေပါတယ်။

တိုင်းပြည်ကို လုံး၀ အုပ်ချုပ်လို့မရဘဲ စိတ်ဓာတ်ရေးရာအရ ပြိုလဲနေတဲ့ စစ်ကောင်စီက အပြစ်မဲ့ ကျောင်း သား လူငယ်တွေကို သေဒဏ်စီရင်ခြင်း နိုင်ငံရေးလက်နက်နဲ့ နွေဦးတော်လှန်ရေးကို နှိမ်နင်း ဖြိုခွဲဖို့ ကြိုးစားနေပေမယ့်လည်း စစ်အာဏာရှင် ချေမှုန်းရေး လှိုင်းတွေက ပိုမိုကြီးမားလာ ဖို့ပဲရှိ နေပါ တယ်။

Читать полностью…

Khit Thit Media

ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစောထီးစခန်းကို ၁၈၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးပျူစောထီးကျေးရွာ အကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်း တပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက် ၅ ခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကောင်စီ၊ ပျူစောထီးစခန်းအတွင်းသို့ အင်မထီးရွာ၏ တောင်ဘက်ခြမ်းနှင့် မြောက် ဘက်ခြမ်းတို့မှ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှ ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်ပျူစောထီးတပ်စခန်းအတွင်း လက်နက်ကြီးထိမှန်ခဲ့သော်လည်း မည်မျှထိခိုက်သေဆုံးသည်ကို အတိအကျမသိရကြောင်း M7 People’s Defence Army ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှုကို M7 People’s Defence Army ၊ ပုလဲတပ်ရင်း (၂)၊ Phoenix Revolution Ranger အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Photo – DRPA

Читать полностью…

Khit Thit Media

မုံရွာမြို့အဝင်တွင် တပ်စွဲထားသော စစ်သားများကို PDF တပ်ဖွဲ့ ဝင်ရောက် ပစ်ခတ်မှု စစ်သား ၈ ဦးသေဆုံးပြီး PDF ၁ ဦးကျဆုံး၊ စစ်တပ် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်တွင် တပ်စွဲထားသော စစ်သားများကို PDF တပ်ဖွဲ့ဝင်ရောက် ပစ်ခတ်မှု စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa-V2 အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မုံရွာ-မန္တ‌လေး လမ်းပိုင်း မုံရွာမြို့အဝင် ရေဦးဆန်ဆိုင် အနီးရှိ ပြည်သူ့ပိုင် အဆောက်အဦး တစ်ခုတွင် တပ်စွဲထားသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု​အတွင်း စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သား ၂ ဦး၊ ဘန်ကာသဲအိတ်ထပ်ကာ ဝပ်ကျင်းလုပ်နေသော စစ်သား ၅ ဦးနှင့် ဝရံတာအပေါ်မှ စစ်သား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

"ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်ခွေးတွေက ပြန်လည် ရမ်းပစ်လို့ ပြည်သူ ၂ ဦး သေဆုံးသွားတယ်။ အဲနားက ရပ်ကွက်တွေကိုလည်း မီးရှို့မယ်ဆိုလို့ ပြေးနေရတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာကို Golden Eagle Force-Monywa-V2၊ Black Dragon Special Task Force-Monywa၊ Monywa Ranger Army၊ မိုင်းမင်းသားမြေအောက်ပျောက်ကြားတပ်ဖွဲ့နှင့် သပြေညို ပျောက်ကြားတပ်ဖွဲ့တို့မှ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု အတွင်း PDF ရဲဘော် ၁ ဦး ကျဆုံးကာ စစ်တပ်က ရမ်းသမ်း ပစ်ခတ်ခဲ့သော​ကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း Golden Eagle Force-Monywa-V2က ထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်း၊ နများနှင့် အရှေ့အင်ပင်ရွာကို စစ်တပ် စစ်ကြောင်း ၂ ခုခွဲ၍ ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးပြီး သံဃာ တော် တစ်ပါးနှင့် ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီး၊ ဖမ်းဆီးခံရသူများ၏ အသက် အန္တရာယ် စိုးရိမ်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း ပဲယင်းမြို့နယ် နများကျေးရွာကို အကြမ်းဖက်စစ်ကောင်စီများ ဒီဇင်ဘာ ၆ ရက်တွင် ဝင်ရောက်၍ ပြည်သူ့နေအိမ်များကို အတန်းလိုက် မီးရှို့ဖျက်ဆီးနေပြီး နများကျေးရွာမှ ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“နောက်ဆက်တွဲအခြေအနေမသိရသေးဘူးခင်ဗျ။ မနက် ၇ နာရီခွဲလောက်က ရွာကို ဝင်လာတယ်လို့ သိရတယ်။ အဖမ်းခံရတဲ့ သူတွေကတော့ ပထမအကြိမ်ဝင်ပြီးပြီမို့ မဝင်ဘူးထင်ပြီး ပြန်ဝင်ပုံရတယ်။ သူတို့အမှတ်မထင် ဝင်ရောက်လာတဲ့အတွက် အဖမ်းခံရတဲ့ အခြေအနေမျိုးပါ” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ မှ တာဝန်ရှိသူတစ်ဦးက မြေပြင်အခြေအနေနဲ့ ပတ်သက်၍ ရန်ကုန်ခေတ်သစ်သို့‌ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် အရှေ့အင်ပင်ရွာသို့လည်း စစ်ကြောင်း တစ်ကြောင်း ခွဲကာ ရောက်ရှိနေပြီး အင်ပင်ကျေးရွာကိုလည်း လက်ရှိအချိန်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။

“အခုလေးတင်ပဲ အင်ပင်ကျေးရွာလည်း မီးရှို့နေပါပြီ။ စစ်ကြောင်းနှစ်ကြောင်းခွဲရှို့နေတာဗျ။ အခု စစ်ကြောင်းက အင်ပင်ဘက်မှာ တစ်ကြောင်း၊ နများဘက်ကမှာ တစ်ကြောင်းရှိနေတယ်ဗျ။ အင်ပင်အနီးက မရကန်က ဦးဇင်းတစ်ပါးကိုလည်း ဖမ်းဆီးထားတယ် “ ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အရှေ့အင်ပင်ကျေးရွာကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မရကန်ရွာကို အရင် ဝင်ရောက်၍ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးခဲ့ပြီး ထိုမှတစ်ဆင့် အရှေ့အင်ပင်ရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ကလည်း နများရွာ၊ ယဉ်ကျေးရွာ နှင့် မူးရိုးကုန်းကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးပြီး နများရွာတွင် အိမ်ခြေ ၂၄ လုံးလောင်ကျွမ်းပျက်စီးခဲ့သည်။

ဓာတ်ပုံ- ဒီပဲယင်းတွင် စစ်တပ်က ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူပိုင်နေအိမ်များ။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- ရိုဟင်ဂျာ ၁၃ ဦးရဲ့ သေဆုံးနေတဲ့ အလောင်းတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အဲ့ဒီ့ ရိုဟင်ဂျာ ၁၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ပြီးမှ အလောင်းတွေကို စွန့်ပစ်ခဲ့တာဖြစ်တယ်လို့ ရန်ကုန်ခေတ်သစ်ကနေ အတည်ပြုနိုင်ခဲ့ပါတယ်။
-အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင် မင်္ဂလာဒုံ- စစ်ဆေးတက္ကသိုလ် ကျောင်းဆင်းပွဲတက်မှာဖြစ်တဲ့အတွက်ဆိုပြီး ၊ မှောင်နဲ့မည်းမည်း မဖြစ်စေဖို့ နေရာလပ်မရွေး လင်းထိန်နေစေဖို့ မီးတိုင်ကြီးတွေ စိုက်ထူနေသလို ၊ CCTV တွေတပ်ပြီး လုံခြုံရေး တိုးမြှင့်ထားတယ်ဆိုပါတယ်။
- ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်မှာရှိတဲ့ ယာဉ်ထိန်းရဲ- ရုံး၊ မွန်ပြည်နယ်၊ မုဒုံမြို့က အုပ်ချုပ်ရေးမှူးရုံး နဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာရှိတဲ့ စစ်တပ်ဂိတ်စခန်းတွေမှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးသေသွားတယ်ဆိုတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
https://youtu.be/tJkfnwfEJZ8

Читать полностью…

Khit Thit Media

KNU နယ်မြေ တပ်မဟာ(၆)ခု၌ နိုဝင်ဘာလအတွင်းတွင် အကြမ်းဖက်စစ်သား (၃၃၀)ကျော်သေဆုံးပြီး KNLA ပူးပေါင်းဘက်မှ (၃၀)သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်နယ်မြေအတွင်းရှိ တပ်မဟာ(၆)ခု၌ နိုဝင်ဘာလ အ တွင်း တိုက်ပွဲပေါင်း (၂၉၀ )ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား (၃၃၃)ဦးသေဆုံးကာ (၂၇၃ ) ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့မှ (၃၀)ဦး ကျဆုံးကာ (၆၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း KNU ဗဟိုထုတ်ပြန်ချက်အရ သိရသည်။

သထုံခရိုင် တပ်မဟာ (၁) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၃၃) ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သား (၄၄) ဦးသေဆုံးကာ(၄၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကား(၁၁)စီးပျက်စီးခဲ့ပြီး အ ကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ BGF တပ်သားတစ်ဦး လက်နက်နှင့် တကွ အလင်းဝင်ခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ နေအိမ် (၇)လုံး ပျက် စီးကာ ပြည်သူ(၂)ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ လေ ‌ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်(၂)လုံးပျက်စီးကာ ပြည်သူ တစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း၊ ပြည်သူ(၁)ဦးကိုလည်း အ ကြောင်းမဲ့သတ်ဖြတ်ခဲ့ကာ (၃)ဦးကိုလည်း ဖမ်းဆီးထားသည်။

တောင်ငူခရိုင် တပ်မဟာ (၂) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၁၇) ကြိမ်တွင် အကြမ်းဖက်စစ်သား (၅၃) ဦးသေဆုံးကာ (၁၀) ဦးထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကား (၃)စီးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ(၂)ဦးသေဆုံးကာ (၄)ဦးဒဏ်ရာရရှိပြီး နေ အိမ်(၃)လုံးပျက်စီးခဲ့ကြောင်း၊ ပြည်သူ့နေအိမ် (၅)လုံးကို အကြမ်းဖစ်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၃၀) ကြိမ်တွင်အကြမ်းဖက် စစ် ကောင်စီ တပ်သား (၄၀) ဦးသေဆုံးကာ(၂၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ် စခန်း (၃)ခု၊ စစ်ကားတစ်စီးပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး အလုံးရေ(၆၀)ကျော် ပစ် ခတ်မှုကြောင့် နေအိမ် (၆) လုံး၊ စာသင်ကျောင်း (၁) ကျောင်း၊ ဆေးပေးခန်း (၁)ခု ထိခိုက်ပျက်စီး ခဲ့ကာ ပြည်သူ (၁) ဦးသေဆုံးပြီး (၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ Drone ဖြင့် (၇) ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ရာ နေအိမ် (၃) လုံး၊ ဆေးရုံ (၁)ရုံ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ (၆) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ လေကြောင်းမှ (၃၄) ကြိမ်ခန့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ် (၄) လုံး၊ ဘုန်းကြီးကျောင်းဓမ္မာရုံ (၁)ရုံ၊ ဆေးရုံ (၁)ရုံတို့ ထိခိုက်ပျက် စီးခဲ့ ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပြည်သူလူထု၏ နေအိမ် (၂၁) လုံး အား မီးရှို့ဖျက်ဆီး ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၁၂) ဦးကိုလည်း အကြောင်းမဲ့ဖမ်းဆီးထားကြောင်း သိရသည်။

ဘိတ်−ထာဝယ်ခရိုင် တပ်မဟာ (၄) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၄၁)ကြိမ်တွင် အကြမ်းဖက် စစ် ကောင်စီတပ်သား (၄၈) ဦးသေဆုံးကာ(၂၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကား(၆)စီး ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး အလုံး (၃၀) ကျော် ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ (၁) ဦး သေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီ တပ်သားမှ နေအိမ် (၉) လုံး အား မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူ (၇) ဦးအား လည်း အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့သည်။

မူတြော်ခရိုင် တပ်မဟာ (၅) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၁၁၆) ကြိမ်တွင် အကြမ်းဖက်စစ် ကောင် စီတပ်သား (၆၉) ဦးသေဆုံးကာ (၅၁) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်ကား(၁)စီးနှင့် အကြမ်း ဖက်စစ် ကောင်စီ ဒေါက်တိုင် ဖုန်းတာဝါတိုင် တစ်ခုတို့ ပျက်စီးခဲ့ကြောင်း အကြမ်းဖက် စစ်တပ်မှ လက်နက်ကြီး အလုံးရေ (၃၃)လုံးပစ်ခတ်တိုက်ခိုက်မှု ကြောင့် နေအိမ် (၁) လုံး ထိခိုက်ပျက်စီးခဲ့ကာ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် နေအိမ်(၁၂)လုံး၊ စာသင်ကျောင်း(၁)ကျောင်း၊ ဘုရားကျောင်း(၁)ကျောင်း တို့ ပျက်စီးခဲ့သည်ဟုဆိုသည်။

ယင်းနယ်မြေအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထောင်ထားသော မြေမြုပ်မိုင်းနင်းမိပြီး ပြည် သူ (၂)ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒူးပလာယာခရိုင် တပ်မဟာ (၆) အုပ်ချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၅၃) ကြိမ်တွင် အကြမ်းဖက်စစ်သား (၇၉) ဦးသေဆုံးကာ (၈၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲစခန်း (၂)ခုတို့ ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ (၆)ဦးကို ဖမ်းမိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား (၂) ဦးလည်း လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အမေရိကန်နိုင်ငံကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်သည့် ဂျွန်အဒမ်က “အားလုံးဖောင်ဖျက်ပြီး ဖြစ်ပါတယ်။ လူတွေက မြစ်ရဲ့ဟိုဖက်ကမ်းကို ဖြတ်ကူးပြီးသွားလို့ တံတားကို ဖြုတ်ချလိုက်ကြပြီ” ဟု အမေရိကန် တော်လှန်ရေးနှင့် ပတ်သတ်၍ တစ်ခါကရေးသားခဲ့ဖူးသည်။ အလားတူစွာပင် မြန်မာ့တော်လှန်ရေး၌ နောက်ကြောင်း ပြန်လှည့်စရာအကြောင်း မရှိတော့သလို တော်လှန်ရေးမှတစ်ပါး အခြားတည်ငြိမ်ရေး လမ်းစဟူ၍လည်း ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။

(USIP စာစဥ်ပါ Billy Ford နှင့် Ye Myo Hein တို့၏ “For Myanmar, the Only Path to Stability Runs Through its Web of Resistance Forces” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်)

Читать полностью…

Khit Thit Media

#NUGမဟာမိတ်ကော်မတီ ။ တိုင်းရင်းသား နိုင်ငံရေးအင်အားစုများနှင့် ပိုမိုချိတ်ဆက်ပူးပေါင်းရန် လိုအပ်သဖြင့် NUG သည် ပင်မလုပ်ငန်းအဖြစ် ERO များနှင့် ချိတ်ဆက်ရေးအပြင် တော်လှန်ရေး အုပ်စုများအကြား မဟာမိတ်ပြုရေးကို တိုးချဲ့ဆောင်ရွက်မည့် မဟာမိတ်ကော်မတီကို ဖွဲ့စည်းခဲ့သည်။ မဟာမိတ်ကော်မတီသည် ERO များ၊ အထူးသဖြင့် ရက္ခိုင့်တပ်မတော်(AA) ကဲ့သို့ မဟာမိတ်မပြုထားသော အုပ်စုများ၊ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှ ERO များ၊ အခြားတိုင်းရင်းသား လူနည်းစု နိုင်ငံရေးအင်အားစုများနှင့်ဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ မြောက်ပိုင်း ERO အဖွဲ့၊ AA တို့နှင့် ဆက်သွယ်မှုများကို NUG က ပုံမှန်ဆောင်ရွက်လာနိုင်ခြင်းက အဆိုပါအားထုတ်ကြိုးပမ်းမှုများမှာ အထိုက်အလျောက် ထိရောက်မှုရှိကြောင်း သက်သေထူလျက်ရှိသည်။ အများပြည်သူ၏ အာရုံစိုက်ခံရမှု မရှိသလောက်ဖြစ်သော်လည်း မဟာမိတ်ကော်မတီသည် တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် NUG တို့အကြား ချိတ်ဆက်ပူးပေါင်းမှုအတွက် အရေးအကြီးဆုံး ပလက်ဖောင်းတစ်ခုပင် ဖြစ်သည်။

#အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) ။ NUCC တွင် NUG ကိုယ်စားလှယ်များ၊ ဖြုတ်ချခံခဲ့ရသော ရွေးကောက်ခံဥပဒေပြု လွှတ်တော်အမတ်များ၊ လူ့အခွင့်အရေးနှင့် အရပ်ဖက်အဖွဲ့ များ၊ အာဏာဖီဆန်ရေး ပြည်သူ့လှုပ်ရှားမှုနှင့် တက်ကြွလှုပ်ရှားသူကွန်ရက်များ၊ တိုင်းရင်းသားလူနည်းစု နိုင်ငံရေးပါတီများနှင့် ERO များပါဝင်ကြသည်။ NUCC၏ တာဝန်မှာ ကြားကာလ မြန်မာနိုင်ငံနှင့် ပဋိပက္ခအပြီး မြန်မာနိုင်ငံတို့အတွက် မူဝါဒနှင့် အုပ်ချုပ်ရေးမူဘောင်များ ရေးဆွဲသတ်မှတ်ပေးရန် ဖြစ်သည်။ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်နှေးကွေးခြင်း၊ တရားဝင်မှု မသေချာမရေရာခြင်း၊ အဓိက အဖွဲ့ဝင်များအကြား ယုံကြည်မှုမရှိခြင်း၊ အင်အားကြီးသော အုပ်စုများမပါဝင်ခြင်းစသည့် စိန်ခေါ်မှုများက NUCC ၏လုပ်ငန်းများကို ဟန့်တားနှောင့်ယှက်လျက်ရှိသည်။ သို့သော် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ၏ နိုင်ငံရေးမျှော်မှန်းချက်အတွက် ဆောင်ရွက်နေသော အဓိက ပလက်ဖောင်းတစ်ခုဖြစ်သဖြင့် NUCC သည် အဆုံးရှုံးမခံနိုင်လောက်အောင် အရေးပါလျက်ရှိသည်။

#စစ်ရေးပေါင်းစပ်ညှိနှိုင်းမှုပလက်ဖောင်းများ ။ သမိုင်းတစ်လျှောက် စိတ်ဝမ်းကွဲနေခဲ့သော အုပ်စုများအား စစ်ကောင်စီကို အနိုင်ယူရေးဟူသည့် ဘုံရည်မှန်းချက်ဖြင့် စုစည်းပေးထားသော စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee(C3C)) နှင့် ပူးတွဲစစ်ရေးအဖွဲ့ (Joint Command and Coordination (J2C)) ဟု အမည်ရသည့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု အဓိက ပလက်ဖောင်းနှစ်ခုကို NUG နှင့် ၎င်း၏မဟာမိတ် ERO များကဖွဲ့စည်းခဲ့သည်။ C3C တွင် NUG၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးတို့ ပါဝင်သည်။ J2C သည် NUG နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ပါဝင်သော ပူးတွဲကော်မတီ ဖြစ်သည်။ NUG သည် မြောက်ပိုင်းရှိ အင်အားကြီးမားသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် ဆက်ဆံရေးကို တိုးမြှင့်၍ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအတွင်း ၎င်းတို့ကို ထည့်သွင်းနိုင်ပါက အဆုံးအဖြတ်ပေးမည့် စစ်ရေးချိန်ခွင်လျှာသည် တော်လှန်ရေးအင်အားစုများဖက်သို့ ရောက်ရှိလာမည် ဖြစ်သည်။ ထို့အပြင် အဖွဲ့များအကြား ယုံကြည်မှုပိုမိုနက်ရှိုင်းကြီးမားလာအောင် အထောက်အကူ ပြုစေနိုင်သလို ယင်းမှတစ်ဖန် ပို၍အနှစ်သာရရှိသော နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ထွန်းလာစေနိုင်မည်လည်း ဖြစ်သည်။

#ပြည်နယ်နှင့်ဒေသအဆင့်အုပ်ချုပ်မှုအဖွဲ့များ ။ စစ်ကောင်စီကို တိုက်ခိုက်ရင်း နယ်မြေများ ရရှိလာသည့် တော်လှန်ရေးတပ်ဖွဲ့များသည် ပြည်နယ်နှင့်ဒေသအဆင့်၌ အုပ်ချုပ်မှုစနစ်အသစ်များ တည်ထောင်လာကြသည်။ ယင်းအဖွဲ့အစည်းများမှာ ပုံသဏ္ဍာန်မျိုးစုံဖြစ်နေသော်လည်း ကရင်နီဒေသရှိ ပြည်နယ် အတိုင်ပင်ခံကောင်စီနှင့် ချင်းဒေသရှိ ကြားကာလ ချင်းအတိုင်ပင်ခံကောင်စီကဲ့သို့ အဖွဲ့များသည် ရှုပ်ထွေးသော အုပ်ချုပ်မှုကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ရာ၌ အရပ်သားနှင့် လက်နက်ကိုင်အဖွဲ့ များအပါအဝင် သက်ဆိုင်သူအမျိုးမျိုးအတွက် အရေးပါသောပလက်ဖောင်းများ ဖြစ်လာကြသည်။ ဆွေးနွေးပွဲများသည် ယုံကြည်မှုတည်ဆောက်ရန်အပြင် အနာဂတ်စံပြ ဖက်ဒရယ်အုပ်ချုပ်ရေး၏ ဗဟိုချုပ်ကိုင်မှုမရှိသော စနစ်အတွက် စမ်းသပ်ဆောင်ရွက်ရန် အခွင့်အလမ်းများပင် ဖြစ်သည်။

ပန်းတိုင်သည် ညီညွတ်ရေးမဟုတ်
==================

ဤနောက်ခံအခြေအနေများ၌ စည်းလုံးညီညွတ်ရေးသည် လက်တွေ့မကျသလို အကောင်းဆုံး ရည်မှန်းချက်လည်း မဟုတ်ပေ။ မြန်မာနိုင်ငံ၌ USIP အကူအညီဖြင့် ဆောင်ရွက်ခဲ့သော သုတေသန တစ်ခုအရ “စည်းလုံးညီညွတ်မှု” ဟူသောစကားရပ်၏ အဓိပ္ပာယ်မှာ လက်တွေ့အားဖြင့် မည်သူမည်ဝါ ဟူသည့် သတ်မှတ်ချက်ကိုဖြိုချ၍ မတူကွဲပြားမှုများကို ဖျောက်ဖျက်ပစ်ရန် သွယ်ဝိုက်ရည်ရွယ်သည်ဟု ပင် ကဲ့ရဲ့ပြစ်တင်ခံနေရကြောင်း တွေ့ရှိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့များမှတစ်ဆင့် ဖော်ဆောင်နိုင်မည့် တစ်ခုတည်းသောလမ်းကြောင်း

By Billy Ford & Ye Myo Hein

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်နေသော အတိုက်အခံများအကြား အကြွင်းမဲ့စည်းလုံးညီညွတ်မှု ရရှိရေးမှာ လက်တွေ့မကျသလို အသင့်တော်ဆုံး အဖြေတစ်ရပ်မဟုတ်ဘဲ ၎င်းတို့အချင်းချင်း ပိုမိုညှိနှိုင်း၍ ပိုမိုညှိနှိုင်းဆောင်ရွက်မှုများက တော်လှန်ရေးအောင်ပွဲအတွက် အခြေခံအကျဆုံး ဖြစ်နေသည်။
--------------

စစ်မြေပြင်၌ မြန်မာတော်လှန်ရေးတပ်ဖွဲ့များ ပိုမိုခြေကုပ်ယူလာနိုင်သည့် အချိန်မှာပင် နိုင်ငံတကာ အသိုင်းအဝိုင်းအများအပြားက မြန်မာ့အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုကို အစိတ်စိတ်အမွှာမွှာနှင့် စုစည်းမှုမရှိသည့် တော်လှန်ရေးအဖြစ် ရှုမြင်နေကြဆဲဖြစ်သည်။

အဆိုပါအမြင်များကြောင့် အချို့က လက်မြှောက်အရှုံးပေးကာ ပဋိပက္ခနှင့် ခပ်ကင်းကင်း နေလာကြသလို အချို့ကလည်း တည်ငြိမ်မှု ပြန်လည်တည်ဆောက်ရေး နည်းလမ်းအဖြစ် စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို လက်သင့်ခံရန် စဉ်းစားလာခဲ့ကြသည်။ သို့သော် ၎င်းအမြင်နှင့် ကောက်ချက်ဆွဲမှုများသည် မှားယွင်းသော အယူအဆများဖြစ်သည်။

တည်ငြိမ်မှုရှိသည့် မြန်မာနိုင်ငံ ပေါ်ထွန်းလာရေးကို ပံ့ပိုးကူညီရန် နိုင်ငံတကာအသိုင်းအဝိုင်းက အလေးအနက်ထား စဉ်းစားမည်ဆိုလျှင် ဝိုင်းဝန်းပြစ်တင်ခံနေရပြီး လူမျိုးတုန်း သတ်ဖြတ်လျက်ရှိသော တရားမဝင်သည့် စစ်ကောင်စီက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲက ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးနိုင်မည်ဟု နုံအပြီး အမျှော်အမြင်မရှိသော မျှော်လင့်ချက်ကို စွန့်လွှတ်ရလိမ့်မည် ဖြစ်သည်။

ထိုသို့ မျှော်လင့်နေမည့်အစား စိန်ခေါ်မှုများရှိနေသော်ငြား တည်ငြိမ်မှုကို ဖော်ဆောင်နိုင်စွမ်းရှိမည့် တော်လှန်ရေးအဖွဲ့များ၏ စေ့စပ်ဆွေးနွေးမှုများအတွက် ကူညီထောက်ပံ့ရေးလမ်းကြောင်းကို အကြီးအကျယ် တိုးမြှင့်ပေးရလိမ့်မည်ဖြစ်သည်။

တော်လှန်ရေးတပ်ဖွဲ့များအကြား သွေးကွဲမှုနှင့် နပန်းလုံးနေရသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ပို၍ အရေးကြီးသည်မှာ စစ်တပ်ကိုအနိုင်ယူ၍ စစ်ကောင်စီကို ဖြုတ်ချရန်ဟူသော ရည်မှန်းချက်မှာမူ ကွဲပြားနေသောအဖွဲ့အားလုံးကို ပေါင်းစည်းပေးထားသည့် ဘုံရည်မှန်းချက် ဖြစ်နေသည့်အချက် ဖြစ်သည်။ ထို့အပြင် ခေတ်အဆက်ဆက် သမိုင်းနှင့်ချီ၍ မညီမညွတ်ဖြစ်နေခဲ့သော အုပ်စုများအကြား တစ်ကြိမ်တစ်ခါမျှ မကြုံဖူးသေးသည့် ပူးပေါင်းမှု၊ ညှိနှိုင်းမှု၊ ဆွေးနွေးမှုများကို ဤပေါင်းစည်းမှု ဘုံရည်မှန်းချက်က တံခါးဖွင့်ပေးခဲ့ပြန်သည်။

တော်လှန်ရေးအဖွဲ့များအတွင်း စေ့စပ်ဆွေးနွေးပွဲများသည် အရှိန်အဟုန်ကောင်းကောင်းနှင့် တိုးတက်မှုရရှိနေခဲ့ပြီး မြန်မာ့သမိုင်း၌ အကျယ်ပြန့်ဆုံးနှင့် အဖွဲ့မျိုးစုံ ပါဝင်မှုအများဆုံး အစိုးရအဖွဲ့အစည်းများ (အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ) ကိုတည်ထောင်နိုင်ခဲ့သလို ဒီမိုကရေစီအကျဆုံးနှင့် ညီညွတ်မျှတမှု အရှိဆုံးသော နိုင်ငံရေးလမ်းပြမြေပုံ (ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်-FDC) ကိုလည်း ရေးဆွဲနိုင်ခဲ့ကြပြီးဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ၏ ထိန်းချုပ်နယ်မြေကို တိုင်းပြည်နယ်နိမိတ်၏ သေးငယ်သော အစိတ်အပိုင်းတစ်ခုအထိ လျှော့ချပေးနိုင်ခဲ့သော စစ်ရေးလှုပ်ရှားမှုများကိုလည်း ယင်းစေ့စပ်ဆွေးနွေးမှုများကပင် ပေါင်းစပ်ဖော်ဆောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုသို့ အောင်မြင်မှုများ ရှိနေလင့်ကစား နိုင်ငံရေးဂိုဏ်းဂဏကွဲမှုများနှင့် သမိုင်းကြောင်းရှည်သော နာကျည်းမှု၊ မယုံသင်္ကာဖြစ်မှုများကြောင့် စေ့စပ်ဆွေးနွေးမှုပလက်ဖောင်းများ၊ အထူးသဖြင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) လမ်းကြောင်းသည် ထိရောက်မှုမရှိဘဲ နှေးကွေးလေးလံနေသည်ဟု အများအပြား ယူဆနေကြသည်။

အလားတူပင် FDC ၌ တိုင်းပြည်တည်ငြိမ်ရေးအတွက် လမ်းပြမြေပုံပါရှိသော်ငြားလည်း ယုံကြည်စိတ်ချရသော လမ်းကြောင်းဖြစ်စေရေး NUCC ၏ အပြင်ဘက်တွင် လုံလောက်သော ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ကင်းမဲ့နေသည်ဟု ရှုမြင်လျက်ရှိသည်။

တစ်ဖက်မှကြည့်လျှင် ချဲ့ကားပြောဆိုမှုတချို့ရှိလင့်ကစား ၎င်းဝေဖန်မှုများက နိုင်ငံတကာ ထောက်ခံမှုရရှိပြီး စစ်ကောင်စီကို အနိုင်ယူနိုင်လောက်သည့် ညီညွတ်မှုအဆင့်မျိုးသို့ ရောက်ရှိရန် အတိုက်အခံတို့ မျှော်လင့်ထားပါက ယခုထက် ပို၍စည်းလုံးမှုရှိရန် လိုအပ်ကြောင်း ထောက်ပြလျက် ရှိသည်။

ဤစိန်ခေါ်မှုများကိုကျော်လွှားနိုင်မည်ဆိုလျှင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်မှုနှင့် အစိတ်စိတ်အမွှာမွှာ ကွဲပြားအောင် လှုံ့ဆော်ပေးရန် သေချာနေသည့် အာဏာသိမ်းစစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲလမ်းကြောင်းကို ငြင်းပယ်ကာ မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် အခြား ရွေးချယ်စရာ နည်းလမ်းတစ်ခုခုဆီ ဦးတည်လာစေအောင် ကူညီပေးနိုင်မည်လည်း ဖြစ်သည်။

Читать полностью…

Khit Thit Media

ရန်ကုန်တောင်ဥက္ကလာရှိ ယာဉ်ထိန်းရဲကင်း၊ မုဒုံမြို့ရှိ အုပ်ချုပ်ရေးမှူးရုံး နှင့် အမရပူရ စစ်တပ်ဂိတ်များကို ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်ရှိ ယာဉ်ထိန်းရဲရုံး၊ မွန်ပြည်နယ်၊ မုဒုံမြို့ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့်မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ စစ်တပ်ဂိတ်များကို ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်ပွားပြီး စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးသေဆုံး
ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့များက ပြောသည်။

တောင်ဥက္ကလာပရှိ ယာဉ်ထိန်းရဲကင်းတွင် ဗုံးပေါက်ကွဲ
==============================

ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် ၊ ဝေဇယန္တာလမ်းနှင် ဂန္ဓမာလမ်းထောင့်ရှိ ယာဥ်ထိန်းရဲရုံး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီ ၈ မိနစ်တွင် အဝေး ထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း ရန်ကုန်မြို့ပြပျောက်ကျား တပ်ဖွဲ့ဖြစ် သော War Of Hunter Revolution Force - WOH မှ ဗိုလ်တွတ်ပီ က ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပျက်စီးထိခိုက်မှုများရှိနိုင်ပြီး မြို့ပြပျောက်ကျားတပ်ဖွဲ့ များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

မုဒုံအုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်မှု စစ်ကောင်စီခန့် ရာအိမ်မှူး ၁ ဦးသေဆုံး
==========================================

မွန်ပြည်နယ် မုဒုံမြို့ မြို့မ (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဗုံးပေါက်ကွဲသဖြင့် ရာအိမ်မှူး ၁ ဦးသေဆုံးကြောင်း သိရှိရသည်။

ဗုံးပေါက်ကွဲမှုတွင် ရာအိမ်မှူး၊ စာရေးအပါအဝင် စုစုပေါင်း ၄ ဦး ထိခိုက်ဒဏ် ရာရပြီး ၂ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း၊ ဒဏ်ရာပြင်းထန်သူ ၂ ဦးတွင် မော်လမြိုင် ဆေးရုံအရောက်တွင် ရာအိမ်မှူး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရ သည်။

မုဒုံမြို့ မြို့မ ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှု သည် တတိယအကြိမ်မြောက်ဖြစ်ပြီး မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိရသေးပေ။

အမရပူရ စစ်တပ်လုံခြုံရေးကင်းတဲဂိတ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
==========================================

မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ စစ်တပ်လုံခြုံရေးကင်းတဲဂိတ်ကို ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်း လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း No More Dictatorship People Defense Force -NMD ကပြောသည်။

အမရပူရရပ်ကွက်သစ်နှင့် တောင်သမန်ကန်ပတ်လမ်းရှိ စစ်တပ် စစ်လက်နက် ပစ္စည်းစက်ရုံ အနောက်မြောက်ပေါက်ကင်းတဲဂိတ်ကို ဒီဇင်ဘာလ ၅ ရက်နေ့ ည‌နေ ၄ နာရီခွဲအချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုတွင် No More Dictatorship People Defense Force -NMD နှင့် VOMDY - Front Warriors တို့ပူးပေါင်းတိုက်ခိုက် ခြင်းဖြစ် သည်ဟု သိရှိရသည်။

ဓာတ်ပုံ- သမိုင်းလမ်းဆုံရှိ အကြမ်းဖက်စစ်တပ်၏ ယာဉ်ထိန်းရဲကင်း။

Photo- Agency။

Читать полностью…

Khit Thit Media

တမူးတွင် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့မှု စုံစမ်းဖော်ထုတ်၍ ကျူးလွန်သူများကို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟု NUG က ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း တမူးမြို့တွင် PDF များကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်တွင် ပါဝင်ပတ်သက်ခဲ့သူဟူ၍ ယူဆ ရသည့် အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့မှု ရုပ်သံနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး ဖော်ထုတ် သွားမည်ဖြစ်ပြီး ကျူးလွန်သူ မည်သူ့ကို မဆို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွား မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိုကဲ့သို့သော လုပ်ရပ်သည် NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာန ချမှတ်ထားသည့် စစ်ဘက် ဆိုင်ရာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သွေဖယ်ကြောင်း၊ ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်စဉ်အတွင်း ပြည်သူ့ ကာကွယ်ရေးတပ်မတော်သားများ ပါဝင်ပတ်သက်ခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် စုံစမ်းစစ်ဆေးခြင်းကို စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့် အညီ လုပ်ဆောင်သွားရန် သက်ဆိုင်ရာ စစ်ရေးတာဝန်ရှိသူများကို ညွန်ကြားထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါသတ်ဖြတ်မှု ဖြစ်စဉ်သည် စစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းများအရ လုံးဝ လက်သင့် မခံနိုင် သည့် ကိစ္စရပ်ဖြစ်ကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်များကို စုံစမ်း စစ်ဆေး ဖော်ထုတ်ကာ ကျူးလွန်ခဲ့သူ မည်သူကို မဆို ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ ကာ ကွယ်ရေးတပ်မတော်တပ်ဖွဲ့ဝင်များ အနေ နှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ပြည်သူ့ ခုခံ တွန်းလှန်စစ် ဆင်နွှဲရာတွင် စစ်ဘက်ဆိုင်ရာဥပဒေများ စစ်ရေးညွှန်ကြားချက်များနှင် အညီ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီအနေနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ၎င်းတို့ကဲ့သို့ အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်ဟူ၍ ပုံဖော်ရန် ကြိုးစားနေသည့် ထောင်ချောက်ထဲသို့ မကျရောက်စေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ အားလုံး အထူးသတိချပ်ရန်နှင့် အကြမ်းဖက်စစ်တပ် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ လူမဆန် သည့် ရက်စက်ကြမ်းကုတ်မှုများကို အပြီးတိုင် အဆုံးသတ်နိုင်ရေး တော်လှန်တိုက်ပွဲဝင် နေကြရ သော်လည်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်များကဲ့သို့ အသိတရားမဲ့ တရား လက်လွတ်ပြုကျင့်သူများ မဖြစ်စေရေး ဂရုပြုကြရန် လိုအပ်ကြောင်း NUG က ဆိုသည်။

NUG အစိုးရအနေနှင့် လွတ်လပ်သော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို မျှော်မှန်း ကြောင်း၊ ယခုဖြစ်စဉ်ကဲ့သို့ ကိစ္စရပ်မျိုး နိုင်ငံတော်၏ မည်သည့်နေရာတွင်မှ ထပ်မံ ဖြစ်ပွား ခြင်း မရှိ စေရန် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ဖြင့် ကွပ်ကဲ ကြပ်မတ်ဆောင်ရွက်မည်ဟု NUG က ထုတ်ပြန် ကြေညာသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်း၊ မူးရိုးကုန်းရွာရှိ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ကျေးရွာ ၃ ရွာ မှ ပြည်သူ ၂၇ ဦးကို ဖမ်းဆီးထား

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးရိုးကုန်းကျေးရွာရှိ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မူးရိုးကုန်းရွာကို ဝင် ရောက် စီးနင်းခဲ့ပြီး ဘုန်းကြီးကျောင်းကို မီးရှို့ ဖျက်ဆီးသွားကြောင်းသိရသည်။

" စစ်ခွေးတွေက ရွာကို စဝင်တာနဲ့ ရန်ကွင်းကြီး ဘုန်းကြီးကျောင်းကို တန်းသွားပြီး မီးရှို့တော့တာ။ရွာထဲက နေအိမ် တစ်လုံးကိုလည်း မီးရှို့ သွားတယ်လို့ ပြောတယ်။ ကျေးရွာထဲက ပြည်သူ ၁ ဦးလည်း ဖမ်းဆီးခံရတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကျေးရွာအတွင်းမှ ပြန်လည် မထွက်ခွာမီ ပြည်သူပိုင် နေအိမ် ၁ လုံးကို လည်း မီးရှို့ ဖျက်ဆီးသွားပြီး ကျေးရွာနေပြည်သူ စိတ်ရောဂါ ခံစားနေရသည့် ကိုညီထွေးကို လည်း ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ်နှင့်် ခင်ဦးမြို့နယ်အစပ်ရှိ တာတိုင်ကျေးရွာမှ ပြည်သူ ၁၅ ဦးဖြစ်သည့် ကိုမောင်ဦး၊ ကိုရဲကို၊ ကိုဉာဏ်လွင်၊ ဦးစော၊ ကိုနေဇင်၊ ကိုဖိုးရှမ်း၊ ကိုမျိုးသူ၊ ကိုဟိန်းသူရ ကျော်၊ ကိုသိန်းသန်းဝင်း၊ ကိုမောင်ဖြိုး၊ ကိုမဲ၊ မောင်ထွန်းနိုင်ဦး(၁၃)နှစ်၊ မင်းခန့်ကျော်၊ ဦးမန်း၊ ဦးကျော်လင်းတို့ကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ သပွတ္တောကျေးရွာမှ ပြည် ၁၁ ဦးဖြစ်သည့် ကိုအောင်မြင့်သန်း၊ ကိုသန်းစိုး၊ ကိုသီဟ၊ ကိုဖိုးသက်၊ ကိုဇွဲမန်လင်း၊ ကိုကျော်မိုးထွန်း၊ ကိုချိုလင်း၊ ကိုမိုးလုံ၊ ကိုဇော်မာ၊ ကိုဇော်ထွန်းဝင်းနှင့် ကျောက်ဒိုးတို့ကိုလည်း ဖမ်းဆီးထားကြောင်း ဒီပဲယင်း မြို့နယ် ညီနောင်များ အဖွဲ့ထံမှ သိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၅ ရက်နေ့ ရရှိထားသော အချက် အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

စစ်တပ်က ဖမ်းဆီးထားသော ခရစ်ယာန် ဆရာတော် ဒေါက်တာ ခလမ်ဆမ် ဆွန် ကို ပြန်လွှတ် ပေးရေး ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် တောင်း ဆို

ရန်ကုန်၊ ဒီဇင်ဘာ ၅

မန္တလေးတိုင်း၊ တံတားဦး လေဆိပ်တွင် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက် ပိုင်း ဖမ်းဆီး သွားသော KBC အကြံ ပေး ဒေါက်တာခလမ်ဆမ်ဆွန်ကို အမြန် ဆုံး ပြန်လွှတ်ပေးရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ယနေ့ ရက်စွဲဖြင့် ထုတ်ပြန် တောင်းဆိုလိုက်ကြောင်း သိရသည်။

ဆရာတော်သည် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရန်အတွက် မန္တလေး တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ် ရောက်ရှိစဉ် စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် အသင်းသူ၊ အသင်းသားများက အားလုံး လွန်စွာစိုးရိမ် လျက်ရှိ ကြောင်း၊ သိက္ခရာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် ကို စစ်တပ် ၏ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန် လွှတ်ပေးရန် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တောင်းဆိုထားသည်။

သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်သည် ကချင်နှစ်ခြင်း ခရစ် ယာန်အဖွဲ့ချုပ် KBC ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဥက္ကဠ တာဝန်ကို ထမ်း ဆောင်ခဲ့ပြီး လက်ရှိချိန်တွင် KBC အဖွဲ့ချုပ်၏ အကြံပေး တာဝန် ထမ်း ဆောင် နေ သူ ဖြစ်ကြောင်း သိရှိရသည်။

"အခုတော့ ဆရာတော်ကို မပခထဲမှာ ဖမ်းထားတယ်။ စစ်ဆေးနေတယ်လို့ ကြား ပါတယ်။ တံတားဦးကနေ ပြန်ပြီး လေယာဉ်နဲ့ မြစ်ကြီးနားကို ခေါ်လာ တယ်လို့ လည်း ကြားပါတယ်" ဟု ကချင်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

Читать полностью…

Khit Thit Media

ကနီမြို့နယ်တွင် ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

ကနီမြို့နယ်အတွင်း ကျေးလက်သူပုန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ "ကျောင်းသားထုအားဖြင့် စစ်ကျွန်ပညာမြေမြုပ်ကြ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၅

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…
Subscribe to a channel