khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ဆားလင်းကြီးမြို့နယ်တွင် အားမာန်သစ်သပိတ်‌စစ်ကြောင်းသည် "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ " စာသားကို ကိုင်စွဲပြီး စစ်အကြမ်းဖက်အုပ်စု၏ ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခြင်း ခံရသည့် ရဲဘော်များ၏ တစ်နှစ်ပြည့် ဝမ်းနည်းအခမ်းအနား ကျင်းပခြင်းနှင့် စစ်အကြမ်းဖက်အုပ်စု၊ မီးရှို့စစ်တပ်ကို အလိုမရှိကြောင်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကဗျာ ဆရာ ဖိုးစနေ ရေးသည့် "မျက်ရည်များနဲ့ ဒီဇင်ဘာ" ကဗျာကို ‌ဒါရိုက်တာ ကိုတယောလေး၏ အနုပညာနှင့် ပေါင်းစပ်ပြီး ‌ကဗျာ အော်ပရာကိုလည်း ကပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်မြောက်ခြမ်းက “ဘုံရန်သူကို အမြစ်ဖြတ်” စစ်အာဏာရှင်ဆန့်ကျင်ရေး အာရုဏ်ဦး သပိတ်

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်မြောက်ခြမ်းတွင် ယနေ့ ဒီဇင်ဘာလ ၇ ရက်နံနက်အစော ပိုင်းက “မြေပေါ်မြေအောက် အတူချီတက် ဘုံရန်သူကို အမြစ်ဖြတ်” အကြမ်းဖက်စစ်အာဏာရှင် ဆန့် ကျင်ရေး အာရုဏ်ဦး သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရုရှားလုပ်ငန်းရှင်တွေကို ဘယ်သူမှ မရတဲ့ အထူး အခွင့် အရေး တွေ ပေးမယ်လို့ မင်းအောင်လှိုင် ကမ်းလှမ်း

ရန်ကုန်၊ ဒီဇင်ဘာ ၇

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေ လာ ရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်သူ့ကိုမှ မပေးတဲ့ အထူးအခွင့်အရေးတွေဖြစ်တဲ့ အခွန်ကင်း လွတ် ခွင့်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ လွယ်ကူချောမွေ့စေရေး၊ ဗီဇာကင်းလွတ် ခွင့် စတဲ့အထူး အခွင့်အရေးတွေ ပေးမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မင်းအောင်လှိုင်က ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov ဦးဆောင်တဲ့ ရုရှား စီးပွား ရေး ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်မှာ ဒီဇင်ဘာလ ၅ ရက်နေ့ တွေ့ဆုံစဉ် အဲဒီလို ထုတ်ဖော်ပြောဆိုလိုက်တာဖြစ်တယ်လို့ နေပြည်တော် စစ်ဘက်သတင်းရပ်ကွက်က အတည်ပြု ပြောဆိုပါတယ်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံအနေနဲ့ ရုရှားစီးပွားရေးသမားတွေအတွက် အမြဲတံခါးဖွင့်ထားပြီး အခုအချိန်အခါဟာ နှစ်နိုင်ငံ စီးပွားရေး ဆက်ဆံမှုကို အမြင့်ဆုံး တိုးမြှင့်ဖို့ အချိန်အခါကောင်း ဖြစ်တယ် လို့ မင်းအောင်လှိုင်က ဆိုပါတယ်။

မင်းအောင်လှိုင်က ရုရှားနဲ့ မြန်မာ အကြား တိုက်ရိုက်လေကြောင်း ပျံသန်းရေး၊ ခရီး သွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံမှာ ရုရှားရင်းနှီးမြှုပ်နှံသူတွေအတွက် အထူးအခွင့်အရေး ပေးမယ့်အစီအစဉ်တွေ၊ သံနဲ့သံမဏိထုတ်လုပ်ရေးမှာ ရုရှား နည်းပညာကို မြန်မာတွေထံ ပြန်မျှဝေပေးရေး၊ နူကလီးယားစွမ်းအင် အပါအဝင် ရုရှားစွမ်းအင်နဲ့ပတ်သက်လို့ မြန်မာနဲ့ရုရှား ပူးပေါင်းဆောင်ရွက် သင်ယူနိုင်ရေး တို့အတွက် လည်းဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် အခြားသော စီးပွားရေးကဏ္ဍပေါင်းစုံကိုလည်း အပြောမဟုတ်ဘဲ ရုရှားနဲ့မြန်မာ လက်တွေ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေး စီးပွားရေးတိုးမြှင့်ဖို့ မင်းအောင်လှိုင်က ကမ်းလှမ်းပြန်ပါတယ်။

ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Maxin Reshetnikov နှင့် အဖွဲ့ဝင် ၈၀ ကျော် ပါဝင်တဲ့ စီးပွားရေးအဖွဲ့ က နေပြည်တော်ကို ဒီဇင်ဘာလ ၃ ရက်နေ့ ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၅ ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

ဓာတ်ပုံ- ဒီဇင်ဘာလ ၅ ရက်နေ့ နေပြည်တော်မှာ မင်းအောင်လှိုင်နဲ့ ရုရှားစီးပွားဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးတို့ တွေ့ဆုံမှုကို ပြည်သူတချို့က ကန့်ကွက်သရော်ထားမှု။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၆ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၃ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေ အပ်ပါသည်။

Читать полностью…

Khit Thit Media

ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို စစ်ကောင်စီက သေ ဒဏ်ချမှတ်မှုအပေါ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ထိုင်း-မြန်မာ ကျောင်းသားများ စုပေါင်း ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်လိုက်မှု အပေါ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တွင် ထိုင်း-မြန်မာ ကျောင်းသားများ စုပေါင်းပြီး ချင်းမိုင် ဘုရင်သုံးပါးအထိမ်းအမှတ်နေရာတွင် ယနေ့ ဒီဇင်ဘာ ၆ ရက်နေ့ညနေပိုင်း ဆန္ဒပြကြသည်။

အဆိုပါဆန္ဒပြမှုကို ထိုင်းဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့ကြပြီး မတရားသောသေဒဏ်ကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ကျောင်းသား ၇ ဦးစလုံးကို ချက်ချင်းပြန်လည် လွှတ်ပေးရေး Performance Art များ ပြုလုပ်ကန့်ကွက်ကြောင်း သိရှိရသည်။

“ဒီသေဒဏ်တရားစီစဉ်မှုဟာ နိုင်ငံတကာလူ့အခွင့်အရေးစည်းမျဉ်းစည်းကမ်းတွေနဲ့လည်းမကိုက်ညီဘူး။ နိုင်ငံတွေမှာ သေဒဏ်နဲ့ပတ်သက်လို့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးရှိကြပေမယ့် ကြိုးပေးသတ်ဖြတ်မှု တွေကို မလုပ်ကြတော့ဘူး။ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ကောင်စီက သေဒဏ်ပေးထားသူ အယောက် ၁၄၀ ကျော် ရှိနေပြီ။ နိုင်ငံရေးနဲ့ တက်ကြွလှုပ်ရှားမှုနယ်ပယ်က နာမည်ကြီးလေးယောက်ကိုလည်း ကြိုးပေးသတ်ခဲ့ကြပြီးပြီ။ ခုလည်း ဒဂုံတက္ကသိုလ်က ကျောင်းသားငယ်လေးတွေကို သေဒဏ်ထပ်ချတယ်။ အကြောင်းက သူတို့ဟာ မြန်မာ နိုင်ငံမှာ စစ်အာဏာ ရှင်စနစ်ကိုမလိုချင်လို့ ဒီမိုကရေစီအရေးအတွက် ဆန့်ကျင်လှုပ်ရှားခဲ့ကြတာပါ။ ခု စစ်ကောင်စီ ရဲ့ အနာဂတ်နိုင်ငံခေါင်းဆောင်ရတနာတွေဖြစ်လာမယ့် ကျောင်းသားလူငယ်တွေကို သေဒဏ်ပေးနေခြင်းဟာ နိုင်ငံအနာဂတ်ကို ဖျက်ဆီးပစ်နေတာပဲဖြစ်တယ်။ ဒါကြောင့် ထိုင်း-မြန်မာကျောင်းသားတွေစုပေါင်းပြီး မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ ရမ်းကားရက်စက်မှုတွေကို အဆုံးသတ်ဖို့၊၊ သေဒဏ်နဲ့ ခြိမ်းခြောက်ဖိနှိပ်နေတာ တွေရပ်တန့်ဖို့၊ ငါတို့သူငယ်ချင်းတွေကို အကြမ်းဖက်ရက်စက်နေတာတွေရပ်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆို လိုက်ပါတယ်” ဟု ဆန္ဒပြကြသူများက စုပေါင်းထုတ်ပြန်ကြသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်ရှိ အင်းတိန်ရွာနှင့် လေသာရွာကို စစ်တပ်က ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ရွာနှင့် လေသာရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution - TR အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်းတိန်ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် လေသာရွာကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

" စစ်ခွေးတွေ ဒုတိယအကြိမ် မီးရှို့သွားတဲ့ အင်းတိန်ရွာက နေအိမ် ၈ လုံးလောက်နဲ့ လေသာရွာ နေအိမ် ၇ လုံးလောက် ထပ်မံ မီးရှို့ ဖျက်ဆီး ခံရတယ်လို့ သိရတယ်။ အရေအတွက်တော့ အတိအကျတော့ အတည်မပြုနိုင်သေးဘူး" ဟု Tigyaing Revolution - TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo - နိုဝင်ဘာလ ၃၀ ရက်နေ့က အကြမ်းဖက် စစ်တပ် လေသာရွာကို ပထမ အကြိမ် မီးရှို့ဖျက်ဆီးမှုအား အဝေးမှ တွေ့မြင်ရစဥ်

Читать полностью…

Khit Thit Media

ဗဟန်း၊ တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် စစ်အရာရှိများ၊ ရဲများနှင့် အရာရှိ များ ၏ သားသမီးများ ပျော်မြူးစားသောက်လေ့ရှိသည့် The Myst Bar ရှေ့တွင် ဗုံးပေါက်ကွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်တွင် စစ်တပ်မှ အရာ ရှိ များ၊ ရဲများနှင့်အရာရှိကြီးများ၏ သားသမီးများ ပုံမှန်ပျော်မြူး စား သောက် လေ့ ရှိသည့် The Myst Bar ရှေ့တွင် ယနေ့ည ၈နာရီဝန်းကျင်အချိန်တွင် ဗုံး ပေါက် ကွဲကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ည ၈ နာရီအချိန် ရန်ကုန်တိုင်း၊ ဗဟန်းမြိုနယ် တက္ ကသိုလ် ရိပ်သာလမ်းသစ် လမ်းမပေါ်တွင်စစ်အရာရှိများ၊ အရာရှိကြီးများ၏ သားသမီးများ အလာများသည့် The Myst bar ရှေ့တွင် ချိန်ကိုက်ဗုံး ပေါက်ကွဲ ကြောင်း သိရှိရသည်။

"The Myst Bar နေရာက ယာဥ်ထိန်းရုံးနားမှာ။ အဲဒီနားမှာ တပ်လည်းရှိတယ်။ တံတားအောက်မှာလည်း ရဲကား စစ်ကား Double Cab တွေ အသင့်ရှိတယ်။ ဒီဘက်မှာကလည်း နိုင်ငံကူးလက်မှတ်ရုံးရှိတယ်။ ပြည်ထဲရေးရုံးရှိတယ်။ ဆရာ စံ လမ်းနဲ့ဆုံတဲ့နေရာမှာလည်း စစ်ကား အသင့်ရှိတယ်။ အဲဒါကို ဗုံးပေါက် သွား တာ။ လုံခြုံရေး တင်းကျပ်ထားတဲ့ နေရာမှာကို ဖြစ်သွားတာ" ဟု ဒေသခံ တစ် ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကားနှင့်ရဲကားများ ရောက်ရှိလာပြီး စစ် ဆေးမှုများ လုပ်ဆောင်ခြင်း၊ လမ်းပိတ်၍ ကားများကို စစ်ဆေးခြင်းများ လုပ် ဆောင် ခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးတွင် တိုက်ပွဲ(၂)ကြိမ်ဖြစ်ပြီး အကြမ်းဖက်စစ်သား စစ်သား (၈)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာလ ၆

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်းနှင့် နေ့ပိုင်းတွင် တိုက် ပွဲ(၂)ကြိမ်ဖြစ်ခဲ့ရာ အကြမ်းဖက်စစ်သား(၈)ဦး သေဆုံးပြီး (၅)ဦးဒဏ်ရာ ရရှိခဲ့ကြောင်း Salingyi Special Task Force - SSTFသိရသည်။

ဆားလင်းကြီးမြို့နယ်၊ တရားကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာသော အကြမ်းဖက်စစ်တပ်ကို ယနေ့ နံနက် ၇ နာရီခန့်က တရားကျေးရွာနှင့် ရှမ်းကိုင်းကျေးရွာကြားတွင် Salingyi Special Task Force - SSTF၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A)၊ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( ပ.က.ဖ တပ်ရင်း၂ )တို့မှ အထူးလက်ရွေးစင် တပ် သားများက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၅) ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ထွက်လာတဲ့ စခတွေကို လယ်ကွက်နှစ်ကွက်အကွာလောက်ကနေ စက်၊ Gun ငယ်တွေနဲ့ AUTO ဆွဲခဲ့တာ၊ ပထမ အကြိမ်တိုက်ပွဲမှာ (၁၅)မိနစ်လောက်ပဲကြာတယ်၊ ဒုတိယ အ ကြိမ် တိုက်ပွဲမှာလည်း အထူးလက်ရွေးစင်တပ်သားတွေကပဲ တိုက်ခိုက်ခဲ့တာပါ၊” ဟု Salingyi Special Task Force – SSTF က ပြောသည်။

အလားတူ ဆားလင်းကြီးမြို့နယ်၊ ရှမ်းကိုင်းရွာမှ နေ့လည် ၃ နာရီခန့်တွင် ထွက်လာသော အကြမ်းဖက် စစ်သားများကို ရွှေဘုံသာရွာ မရောက်မီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ အလစ်အငိုက်ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေး ရဲဘော် များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အထိနာသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ရှမ်းကိုင်းကျေးရွာ၊ အုန်းတောကျေးရွာများမှ ပြည်သူ့အိုးအိမ်များ၊
ရိတ်သိမ်းထားသော ပြည်သူ့ကောက်ပဲသီးနှံများ၊ ထွန်စက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Photo - Salingyi Special Task Force – SSTF တပ်ဖွဲ့ဝင်များ

Читать полностью…

Khit Thit Media

ရွှေရေကြည် သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာ သပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၆

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး တောင်ယာ သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီး သပိတ် စစ်ကြောင်း ၂ ခု ပူးပေါင်းကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ဆားလင်းကြီးမြို့နယ်တွင် လက်ပံတောင်းတောင် ပင်မသပိတ် စစ်ကြောင်းနှင့် မုံရွာအမြင့်လမ်းဘေး သပိတ်အဖွဲ့ဝင်တို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် "လူဖြစ်ချင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပါယ် ဒို့တော်လှန်မှရလိမ့်မယ်" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ပြည်ခွန်သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေး၊ ပြည်ကြီးတံခွန် မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ကျရေး ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အသံမတိတ်တဲ့ ပြည်/ခွန်သပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

“ ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ ” စာတန်းကိုင်စွဲ၍ ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

လက်ပံတောင်းတောင်ဒေသ သပိတ်စစ်ကြောင်းသည်
ဒဂုံကျောင်းသား ၇ ဦး အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူများနှင့်အတူ တသားတည်း ရပ်တည်ကြောင်း “ ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ ” စာတန်းကိုင်စွဲ၍ ဖက်ဆစ်စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

Photo - Black Ko

Читать полностью…

Khit Thit Media

မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်များအတွက် အကျိုး စီးပွား ဖြစ်နေ သည့် ဦးပိုင် ကုမ္ပဏီ နှင့်မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို အကြမ်းဖက်လုပ်ငန်း များ အဖြစ် NUG အစိုးရက ကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၆

မင်းအောင်လှိုင်နှင့် စစ်ဗိုလ်ချုပ်ကြီးများအတွက်သာ အကျိုးစီးပွားဖြစ်နေသော မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေးတို့ကို အကြမ်း ဖက် အုပ်စု၏ စီးပွားရေးလုပ်ငန်းများ အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အကြမ်း ဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန် ကြေ ညာလိုက်သည်။

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့သည် မင်းအောင်လှိုင် ဦး ဆောင်သည့် အကြမ်းဖက်စစ်အုပ်စု သက်ဆိုးရှည်စေရန် စီးပွားရေးလုပ်ငန်းပေါင်းစုံအား လက်ဝါးကြီး အုပ်ချယ်လှယ်၍ နှစ်စဉ် ဘဏ္ဍာ ရန်ပုံ ငွေများစွာ ရှာဖွေထောက်ပံ့လျက်ရှိကြောင်း၊ အဆိုပါ ဘဏ္ဍာရန်ပုံ ငွေများ သည် အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းခေါင်းဆောင်များနှင့် အရာရှိကြီး များ အတွက်သာ အကျိုး စီးပွားဖြစ်ထွန်းလျက်ရှိပြီး အောက်ခြေအကြပ်၊စစ်သည် များမှာ ခံစားခွင့်မရှိသလောက် နည်းပါးလျက် ရှိကြောင်း ယင်းထုတ်ပြန် ချက် တွင်ဖော်ပြထားသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက် မှုတိုက်ဖျက် ရေးဗဟို အဖွဲ့က အကြမ်းဖက်မှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င) နှင့် ပုဒ်မ ၇၂၊ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘော တူ ညီချက်ဖြင့် ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုအားလုံးကို အကြမ်းဖက်မှု တိုက် ဖျက် ရေး ဥပဒေပုဒ်မ ၃၊ ပုဒ်မ ခွဲ (ဃ) အရ အကြမ်းဖက်အုပ်စုပိုင် ပစ္စည်း များအဖြစ် သတ်မှတ်၍ အများပြည်သူ အကျိုးစီးပွား အလို့ငှာ အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (ဌ) နှင့်အညီ ထိန်းချုပ် စီမံခန့်ခွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ- အကြမ်းဖက်မင်းအောင်လှိုင်နှင့်စစ်ဗိုလ်ချုပ်ကြီးများ။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မင်းအောင်လှိုင်နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအတွက်သာ အကျိုးစီးပွားဖြစ်နေတဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက်နဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးတို့ကို အကြမ်း ဖက်အုပ်စုရဲ့ စီးပွားရေးလုပ်ငန်းတွေအဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ(NUG) အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာလ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေ ညာလိုက်ပါတယ်။
- စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ပြည်သူ တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ တွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်က အင်းတိန်ရွာနဲ့ လေသာရွာကို အကြမ်းဖက်စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/F5HCGB1ejTA

Читать полностью…

Khit Thit Media

ဒီပဲယင်း၊ ကုန်းတဲကျေးရွာနှင့် ထီးချိုင့်မြို့နယ်၊ အောင်သာကုန်းကျေးရွာကို ယနေ့နံနက်ပိုင်း စစ်တပ်က အကြောင်း မဲ့ မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကုန်းတဲကျေးရွာနှင့် ထီးချိုင့်မြို့နယ်၊ အောင် သာ ကုန်းကျေးရွာကို ယနေ့နံနက်ပိုင်းတွင် စစ်တပ်က အကြောင်းမဲ့ မီးရှို့ ဖျက် ဆီးလျက်ရှိကြောင်း ဒေသပြည်သူများနှင့်ဒေသသတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်း ဒီပဲယင်းမြို့နယ် ကုန်းတဲကျေးရွာကို စစ်တပ် က ဝင်ရောက်မီးရှို့လျက်ရှိပြီး မီးရှို့သော စစ်ကြောင်းသည် ယမန်နေ့ အင်ပင် ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြသည့် စစ်တပ်ဖြစ်ကြောင်း သိရှိရသည်။

"လက်ရှိမှာ စစ်ခွေးတွေက တစ်ရွာပြီးတစ်ရွာ အကြောင်းပြချက် မဲ့မီးရှို့ နေခြင်း ဖြစ်ပါတယ်။ ကုန်းတဲကျေးရွာဟာ ယခင်မီးရှို့ခံရဘူးတဲ့ရွာပါ။ ၂၁ အိမ် မီးလောင် ပြာ ကျခဲ့ရပါတယ်။အခု ဒုတိယအကြိမ်ဝင်လာပြီး၂ ရက်ဆက်တိုက် မီးရှို့ နေ တာ ဖြစ်ပါတယ်" ဟု ဒေသသတင်းရင်းမြစ် ဒီပဲယင်းမြို့နယ် ညီနောင် များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ အောင်သာကုန်းကျေးရွာကိုလည်း စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မီးရှို့လျက် ရှိကြောင်း ဒေသပြည်သူများက ပြောသည်။

"ထီးချိုင့်ထဲမှာ မီးပတ်ရှို့နေတာ။ ရွာတော်တော်များများလည်း ကုန်နေပါပြီ" ဟု ဒေသပြည်သူတစ်ဦးက ဆိုသည်။

အလားတူ ယမန်နေ့က စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ရွာနှင့် လေ သာ ရွာ ကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution - TR အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်းတိန် ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် လေသာရွာကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"စစ်ခွေးတွေ ဒုတိယအကြိမ် မီးရှို့သွားတဲ့ အင်းတိန်ရွာက နေအိမ် ၈ လုံး လောက်နဲ့ လေသာရွာ နေအိမ် ၇ လုံးလောက် ထပ်မံ မီးရှို့ ဖျက်ဆီး ခံရတယ်လို့ သိရတယ်။ အရေအတွက်တော့ အတိအကျတော့ အတည်မပြုနိုင်သေးဘူး" ဟု Tigyaing Revolution - TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ယခု နံနက်ပိုင်း စစ်တပ်က မီးရှို့နေသော ဒီပဲယင်းမြို့နယ်၊ ကုန်းတဲ ကျေးရွာမှ မီးခိုးများထွက်နေစဉ်။

Читать полностью…

Khit Thit Media

မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို စစ်တပ်က မီးရှို့မှု နေအိမ်များပြာကျ၊ မီးရှို့ခဲ့သည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၉ လုံးပြာကျခဲ့ကြောင်း ကိုတိုက်ဂါး MUA (မြောင် ပြည်သူ့ တပ်မတော်)က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြောင်နယ် ကျောက်ရစ်စခန်းမှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေဘုံသာရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၉ လုံးကို မီးရှို့ဖျက်ဆီး အိမ်မွေး တိရိစ္ဆာန်များကိုလည်း သတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်က ရွှေဘုံသာကျေးရွာကို မီးရှို့ပြီး စခန်းချနေသော ကျောက်ရစ် ရဲစခန်းကို ပြန်လာစဥ် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော စစ်သား အလောင်းများကို မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က လာရောက် ကောက်ယူသွားပြီးနောက် ကျောက်ရစ် သုဿန်တွင် သဂြိုလ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို နယ်ခံ PDF များနှင့် အတူ 11 BRF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကိုတိုက်ဂါး MUA ( မြောင် ပြည်သူ့ တပ်မတော်)က ထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

ဖားကန့်တွင် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးထားသော စစ်တပ်ကို KIA နှင့် PDF ပူးပေါင်းတပ် များက တိုက်ခိုက်မှုကြောင့် ပြည်သူများ ပြန်လွတ်၊ ဖားကန့်မြို့ ပေါ်တွင် စစ်တပ်က ရမ်းသမ်း ပစ်ခတ်

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ ဘုန်းကြီးကျောင်းတွင် စစ် တပ်က ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး KIA နှင့် PDF ပူးပေါင်းတပ်များက ဝိုင်းဝန်းတိုက်ခိုက်ကြရာမှ ဓားစာခံ ပြည်သူများ လွတ် မြောက်မှုရှိကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီး ကျောင်းတွင် ပြည်သူ ၃၀‌ ကျော်ကို စစ်တပ် အင်အား ၈၀ ခန့်ပါစစ်ကြောင်းက ဖမ်းဆီးထားပြီး ဓားစာခံနှင့် လုပ်အား ပေး လမ်းပြပေါ်တာ အဖြစ် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိနိုင်ကြောင်း ၊ ဓားစာခံ ပြည်သူတချို့ ပြန်လွတ် မြောက်လာပြီး စစ်ရေး ဆက်လက် တင်းမာနေကြောင်း သိရှိရသည်။

ယင်းနောက် ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက လက်နက်ကြီး ၁၂၀ မမ များဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊ ဖားကန့်မြို့ပြည်သူများ စိုးရိမ် နေကြပြီး စစ်တပ် ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်မည်ကို ထိတ် လန့်နေကြကြောင်း သိရှိရသည်။

"ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်မှာ ဖားကန့်ဗျူဟာ ကနေ လက် နက် ကြီးနဲ့ စပစ်တယ်။ ဖုန်းလိုင်း တော်တော်များများ ဖားကန့်မှာ ပြတ် တောက်နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာ ဆက်တိုက်ပဲ။ ပစ်တာ ဖား ကန့် ကနေ လက်နက်ကြီးမြေပါတုန်တယ်။ တောက်လျောက် ကို ပစ်နေ တာ လက်နက်ကြီးတွေ တစ်လုံးပြီး တစ်လုံးပဲ" ဟု ဖားကန့်ဒေသခံတစ်ဦးက ပြောသည်။

လတ်တလော ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် နေရာအများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး နယ်မြေစိုးမိုးမှုအပိုင်းတွင် ပို၍ ကြီးမား လာကြောင်း၊ စစ်ကောင်စီတပ်များက စစ်ကြောင်းလှည့်လည်ခြင်း၊ လေ ကြောင်း ဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ထုခြင်းမှလွဲ၍ မြေပြင် နယ်မြေစိုးမိုးမှု လုံး၀ မလုပ်ဆောင်နိုင်တော့ဟု ကချင်သတင်းရင်းမြစ်များက ပြောဆိုကြသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်ရှိ အင်းတိန်ရွာနှင့် လေသာရွာကို စစ်တပ်က ဒုတိယ အကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ အင်းတိန်ရွာနှင့် လေသာရွာကို အကြမ်းဖက် စစ်တပ်က ဒုတိယအကြိမ် ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၂၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution - TR အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က အင်းတိန်ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးပြီးနောက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် လေသာရွာကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

" စစ်ခွေးတွေ ဒုတိယအကြိမ် မီးရှို့သွားတဲ့ အင်းတိန်ရွာက နေအိမ် ၈ လုံးလောက်နဲ့ လေသာရွာ နေအိမ် ၇ လုံးလောက် ထပ်မံ မီးရှို့ ဖျက်ဆီး ခံရတယ်လို့ သိရတယ်။ အရေအတွက်တော့ အတိအကျတော့ အတည်မပြုနိုင်သေးဘူး" ဟု Tigyaing Revolution - TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo - နိုဝင်ဘာလ ၃၀ ရက်နေ့က အကြမ်းဖက် စစ်တပ် လေသာရွာကို ပထမ အကြိမ် မီးရှို့ဖျက်ဆီးမှုအား အဝေးမှ တွေ့မြင်ရစဥ်

Читать полностью…

Khit Thit Media

"ယုံကြည်ချက်ကို သေဒဏ်ချလို့မရ" ခေါင်းစဥ်ဖြင့် ကလေးမြို့ ပင်မသပိတ် အင်အားစုများ ညသပိတ် ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၆

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် "ယုံကြည်ချက်ကို သေဒဏ်ချလို့မရ" ခေါင်းစဥ်ဖြင့် ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ်ရှိ စစ်ရှောင် ပြည်သူများအား စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြနေသည့် တော်လှန်လူငယ်များက အစားအသောက်များ လှူတန်း

ရန်ကုန်၊ ဒီဇင်ဘာ ၆

ဆားလင်းကြီးမြို့နယ်အတွင်းရှိ စစ်ရှောင် ပြည်သူများကို စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ နှင့် Monywa People's Force ထောက်ပို့အသင်းတို့ ပူပေါင်းကာ အဟာရဒါနအဖြစ် အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ယုံကြည်ချက်ကြောင့် သေဒဏ် ချခံထားရသည့် ကျောင်းသား၊ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း လောင်းလုံး ကျောင်းသား လူငယ်များ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

လောင်းလုံးမြို့နယ်တွင် ကျောင်းသား လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ယုံကြည်ချက်ကြောင့် သေဒဏ် ချခံထားရသည့် ကျောင်းသား၊ ပြည်သူများနှင့် အတူ ရပ်တည်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

"အကြမ်းဖက်စစ်အုပ်စုဟာ အပြစ်မဲ့ကျောင်းသားပြည်သူတွေကို မတရားဖမ်းဆီးကာ သက်သေခိုင်လုံမှုမရှိဘဲ မတရားပုဒ်မတပ် သေဒဏ်အမိန့်ချမှတ်တာတွေကို ဆက်တိုက်ပြုလုပ်လာပါတယ်။ တစ်ဖက်တွင်လည်း နိုင်ငံတဝှမ်းက ကလေးငယ်တွေပါမချန် တိုင်းရင်းသားပြည်သူတွေကို နေ့စဥ်နဲ့အမျှ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေပါတယ်။ ဒါဟာ သူတို့အာဏာတည်မြဲရေးအတွက် အင်အားကောင်းလာတဲ့ လူထုတော်လှန်ရေးကို ဦးချိုးလိုတဲ့အတွက် ကျောင်းသားပြည်သူတွေကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ကျောင်းသားပြည်သူတွေရဲ့ဘဝတွေကို နင်းချေဖျက်ဆီးပစ်ဖို့ ဝန်မလေးတဲ့ အဲလိုအကြမ်းဖက် အာဏာရူးစစ်ဘီလူးတွေကို အမြစ်ဖြတ် တော်လှန်ဖို့မှတစ်ပါး အခြားမရှိ" ဟု သပိတ် စစ်ကြောင်းတွင် ပါဝင်သည့် လူငယ်တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ချင်းတွင်းမြစ် ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် "ဘာကြောင့်မှနောက်မဆုတ်နဲ့" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

"ဒီတော်လှန်ရေးဟာ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းနေပါစေ နောက်မဆုတ်ပဲ ရှေ့သို့ ဆက်လက်ချီတက်ရပါမယ်။ ကျဆုံးသွားသောသူရဲကောင်းများ ဘဝပေးလိုက်ရတဲ့ ရဲဘော်များကို စာနာစိတ်လေးထားပြီး ဆက်လက်တော်လှန်နေဖို့လိုပါတယ်။ မည်သည့်အကြောင်းကြောင့်နဲ့မှ စစ်ကောင်စီ (မုဒိန်းတပ်)ကို ဆွေးနွေးညှိနှိုင်းနေဖို့မလိုပါဘူး။ ကျနော်တို့ပြည်သူတွေရှေ့ကိုဆက်ပေးကြပါ။ ဘာကြောင့်မှ နောက်မဆုတ်ပါနဲ့" ဟု ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီဝင် တစ်ဦးက ဟောပြောခဲ့သည်။

Photos -AungKhantZaw

Читать полностью…

Khit Thit Media

ဒီပဲယင်းရှိ ကျေးရွာများကို စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေသောကြောင့် ပြည်သူ တစ်သောင်းကျော် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့နေသောကြောင့် ပြည်သူ တစ်သောင်းကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ကာ အကြမ်းဖက် စစ်တပ်က ဒီပဲယင်း အရှေ့ခြမ်း ကျေးရွာများကို ၅ ရက်ဆက်တိုက် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေပြီး ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာများမှ ပြည်သူ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ညောင်လှ၊ ဝဲကြီး၊ ကုန်းကြီး၊ နများ ယဉ်ကျေး၊ မူးရိုးကုန်း၊ မရကန်၊ အင်ပင်၊ ကုန်းတဲ အနီးတစ်ဝိုက် ကျေးရွာများနှင့် ရွှေဘို-ဒီပဲယင်းနယ်စပ် ကျေးရွာများမှ အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ပါဝင်သည့် စစ်ကြောင်း တစ်ကြောင်းဖြင့် ဒီပဲယင်း အရှေ့ခြမ်း မရိုးကုန်းကျေးရွာမှ နများယဉ်ကျေး၊ ကုန်းကြီး၊ ညောင်လှ စသော ကျေးရွာများသို့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ပြီး ဒေသခံ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါ ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများသည် ဘေးလွတ်ရာ ဘုရား၊ ကျောင်း၊ ဇရပ်များတွင် မှီခိုနေထိုင်နေရပြီး အရေးပေါ် စားနပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

" စစ်ရှောင် အရေအတွက်က တစ်သောင်းကျော်လောက်ရှိမယ်။ လတ်တလော လိုအပ်ချက်တွေကတော့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ် နေတာပေါ့။ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့‌ကလည်း အရေးပေါ် စားနပ်ရိက္ခာတွေ ပို့ဆောင်ပေးနေတယ်။ အလှူရှင် များအနေနဲ့ စစ်ဘေးရှောင်များအတွက် အတတ်နိုင်ဆုံး ပါဝင်ကူညီပေးကြပါရန် အနူးအညွတ် မေတ္တာ ရပ်ခံအပ်ပါတယ်" ဟု ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

စစ်ဘေးရှောင် ပြည်သူများအား ဆက်သွယ် လှူဒါန်းသောသော အလှူရှင်များအနေဖြင့် ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး Page Messenger မှတစ်ဆင့် ဆက်သွယ် ကူညီလှူဒါန်းနိုင်ကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

Читать полностью…

Khit Thit Media

"ဖက်ဒရယ် တပ်မတော် တည်ဆောက်ဖို့ ဖက်ဆစ်တပ်ကို ဖြိုချစို့" ခေါင်းစဥ်ဖြင့် ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၆

ယင်းမာပင်မြို့နယ်အတွင်း ကျေးလက်သူပုန်သပိတ်စစ်ကြောင်းမှ လူငယ်များနှင့် ဒေသခံ သပိတ် အင်အားစုများ ပူးပေါင်းကာ "ဖက်ဒရယ်တပ်မတော်တည်ဆောက်ဖို့ ဖက်ဆစ်တက်ကိုဖြိုချစို့" စာသား ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

သံဃသမဂ္ဂ ဆရာတော်များ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု

ရန်ကုန်၊ ဒီဇင်ဘာ ၆

မန္တလေး သံဃသမဂ္ဂ သပိတ် စစ်ကြောင်း ဆရာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် "နိုင်ငံဆိုတာ ဒုတိယမိခင်ပဲ။ ဒါကြောင့် တန်ဖိုးထားပါ၊ လေးစားပါ ကျေးဇူးဆပ်ပါ" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၆

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် "NUG သည် ငါတို့အစိုးရ PDF သည် ငါတို့တပ်မတော်
သွေးခွဲစကားတွေ သတိထား၍ ညီညွတ်စွာနဲ့တော်လှန်ကြစို့နော်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၆ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ နဲ့ ပတ်သက်ပြီး ခွင့်လွှတ်ပေးစရာ၊ နားလည်ပေးစရာတစ်ကွက်မှ မရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ကနေ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၇၇) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားလိုက် ပါတယ်။
- မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူး- သံတမန်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရက်ဆော့ခွန်း က မြန်မာနိုင်ငံကို လာရောက်မယ်လို့ ကြေညာ ထားခဲ့ပေမယ့် ယခုအခါမှာတော့ အဲ့ဒီ့လို လာရောက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနကနေ တရားဝင် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေနယ်မြေအတွင်းမှာရှိတဲ့ တပ်မဟာ(၆)ခုမှာ နိုဝင်ဘာလ အ တွင်း တိုက်ပွဲပေါင်း (၂၉၀ )ဖြစ်ပွားခဲ့ပြီး ၊ အဲ့ဒီ့တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်က (၃၃၃)ဦး သေသွားသလို (၂၇၃ ) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုကနေ သတင်းထုတ် ပြန်ထား ပါတယ်။
-စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ပြည်သူ့ကာ ကွယ်ရေး PDF တပ်ဖွဲ့တွေက ဒီဇင်ဘာလ ၅ ရက်နေ့က သွားရောက် ပစ်ခတ်တိုက်ခိုက်ရာမှာ စစ် ကောင်စီ ဘက်က ၈ ဦးသေသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေး ပါမယ်။
https://youtu.be/rRazlshJq98

Читать полностью…
Subscribe to a channel