khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

Channel ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်ဖန်တီးခဲ့ကြောင်း တွေ့ရ သည်။ Telegram Channel အပြင် website တွင်လည်း စကစဝါဒဖြန့်သတင်း များကို ပုံမှန်ဖော်ပြလျက်ရှိသည်။

VK ပလက်ဖောင်းတွင်လည်း Channel ရှိပြီး နေ့စဥ်သတင်းများပုံမှန် တင်ဆင် လျက်ရှိသည်။ သတင်းတစ်ပုဒ်တွင် Viewer-1K ခန့်ထိ ရှိသည်။ Fact Check Facebook page မှဖော်ပြချက်များကိုလည်း ဖော်ပြထားသည်။

(၂) နိုင်ငံအကျိုးပြုသတင်းထောက်များအေဂျင်စီ

နိုင်ငံအကျိုးပြုသတင်းထောက်များ မီဒီယာကို စစ်တပ်နှင့် အလွန်နီးစပ်သော မဘသအဖွဲ့ဝင်များဖြင့်ဖွဲ့ စည်းထားသည်။ ၎င်းတို့သည် သတင်းစာ ရှင်းလင်းပွဲ များတွင် သတင်းမေးမြန်းမှုများ ပြုလုပ်သကဲ့သို့ အမျိုးသားရေး လှုပ်ရှားမှုများ တွင် ဦးဆောင်ပါဝင်သည်။

Telegram Channel ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ဖွင့် လှစ် ခဲ့ပြီး ၂၀၂၂၊ မတ်လထိ သတင်းဖော်ပြမှုများ ရှိသည်။ သတင်းဖော်ပြမှုများ တွင် MRTV, MWD တို့၏ ဝါဒဖြန့်သတင်းများကို ပြန်လည်ဖော်ပြကာ NUG, PDF များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သုံးနှုန်းရေးသားသည်။ ဥက္ကဌ စိုးမြင့်ဦးနှင့် အတွင်းရေးမှူးအဖြစ် နောင်တော်လေးမှ ဦးဆောင်တာ၀န်ယူ ထား သည်။

(၃) Myanmar Hard Talk

Myanmar Hard Talk သည် အမျိုးသားရေးသမားများနှင့် တပ်ထောက်ခံ သူများ ၏ ဝါဒဖြန့်ချိရေး channel တစ်ခုဖြစ်သည်။ ဦးစီးဆောင်ရွက်နေသည့် အောင်မင်းသည် နယ်သာလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်တောင်း၍ နိုင်ငံ သားခံ ယူသူ၊ NLD အစိုးရကို ဆန့်ကျင်သည့် အမြင်ရှိသူဖြစ်သည်။

အမျိုးသား ရေးအဖွဲ့အစည်းများ၊ ၄င်းတို့နှင့် ဆက်စပ်နေသည့် နိုင်ငံရေးပါတီ များ (ကြံ့ခိုင်ရေးပါတီ)၊ အမျိုးသားရေး တက်ကြွ လှုပ်ရှားမှုများ၊ အွန်လိုင်း ဆွေးနွေး ပွဲများအား တိုက်ရိုက်ထုတ်လွှင့်ခြင်းများကို ဖော်ပြလျက်ရှိသည်။

Telegram Channel ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင်စတင်ဖွင့် လှစ်ထား ပြီး နေ့စဥ်သတင်းတင်ဆက်မှုအနေဖြင့် ၁၀ ပုဒ်အထက်ကို ဖော်ပြ လျက်ရှိသည်။ စကစ ထုတ်ပြန်သည့်သတင်းများကို အဓိကထားဖော်ပြပြီး PDF, NUG နှင့်ပတ်သက် သည့်ဖော်ပြမှုများတွင် အကြမ်းဖက်အဖွဲ့အစည်း များလို့ သုံးနှုန်းဖော်ပြသည်။

သတင်းတစ်ပုဒ်တွင် Viewers 2K ကျော်မှ 7K ကျော်ထိရှိသည်။ Telegram Subscribers 18,268 ရှိသည့် Channel တစ်ခုဖြစ်သည်။ သတင်းစာ ရှင်း လင်းပွဲ တက်ရောက် မေးမြန်းသူ - သတင်းထောက်ဥက္ကာ၊ သတင်းထောက် - ခိုင်ခိုင်ထွေးဖြစ်သည်။

(၄) တောင်ပေါ်သား

Facebook page တွင် မကြာခဏ ဖြုတ်ချခံရသောကြောင့် Telegram Channel တွင်သာ ပုံမှန်တင်ဆက်နေသည့် စကစ ဝါဒဖြန့်ချီရေးအတွက် အမျိုးသားရေးအင်အားစုများမှ လုပ်ဆောင်နေသည့် အွန်လိုင်းစာမျက်နှာ တစ်ခုဖြစ်သည်။

ဖော်ပြချက် များတွင် စစ်တပ်လော်ဘီ NP News မှ ကျော်မျိုးမင်း၏ ရုပ်သံဖိုင် များကိုလည်း ဖော်ပြလျက်ရှိသည်။

Telegram Channel ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့ ပြီး Subscribers 15,658 ရှိသည်။ နေ့စဥ်ဖော်ပြမှုများတွင် အပုဒ်ရေ ၈၀ ခန့်ဖော်ပြလျက်ရှိသည်။

သတင်းများမှာ MRTV, MWD, People Media, NP News အစရှိသည့် စကစဝါဒဖြန့် မီဒီယာများ၏ သတင်းများကို အဓိကဖော်ပြသည်။

မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာများကို download ပြုလုပ်နိုင်ရန် PDF ဖိုင်များကိုလည်း ပြန်လည်မျှဝေထားသည်။ သတင်းတစ်ပုဒ်တွင် Viewer 1K ခန့်ထိ ရှိသည်။

ဝါဒဖြန့်ချီရေး မီဒီယာများ

NP News

အယ်ဒီတာချုပ် ကျော်မျိုးမင်းက စတင်တည်ထောင်ထားသည်။ NP News Myanmar သည် Facebook စာမျက်နှာနှင့် Youtube Channel များတွင် မကြာခဏဖြုတ်ချခံရမှုများကြောင့် Telegram, Websites စာမျက်နှာများ တွင် သတင်းများတင်ဆက်သည်။ NP News App ကို ဒေါင်းလုတ်ပြု လုပ်နိုင်ပြီး လစဥ်ကြေးပေး သွင်းပြီး အသုံးပြုနိုင်သည်ဟုဆိုထားသည်။

NP News သည် နိုင်ငံတကာသတင်း၊ အားကစားသတင်း၊ ပြည်တွင်း သတင်း များနှင့် လူမှုကွန်ရက်ပေါ်တွင် လူစိတ်ဝင်စားမှုများသော စကစနှင့်ပတ်သက် သည့်သတင်းများကို ဗီဒီယိုဖိုင်များဖြင့် ပုံမှန် တင်ဆက်လေ့ရှိသည်။ Telegram Channel တွင် တနေ့လျှင် ရုပ်သံသတင်းများနှင့် သတင်းအပုဒ်ရေ (၃၀) ကျော်တင် ဆက်ပြီး သတင်းများကို Website တွင် ဖတ်ရှုနိုင်ရန် ဖော်ပြသည်။ သတင်းတစ်ပုဒ်တွင် Viewer 3K မှ 6K ကျော်ထိရှိသည်။ Subscribers 24,270 ရှိပြီး ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်မှာ စတင်ထားသည်။

NP News Talk Show အမည်ဖြင့် ကျော်မျိုးမင်းဓာတ်ပုံအသုံးပြုထားသော Telegram Channel တစ်ခုရှိပြီး သတင်များ ပုံမှန်တင်ဆက်ကာ Subscriber 5,071 ရှိသည်။

Channel ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆ တွင် စတင်ထားသည်။ VK ပလက် ဖောင်းတွင်လည်း NP News Myanmar စာမျက်နှာရှိသည်။ နေ့စဥ်သတင်း များတင်ဆက်လျက်ရှိပြီး Viewers 100 ခန့်ရှိသည်။ ကျော်မျိုးမင်းသည် စကစ ၏ သတင်းစာရှင်းပွဲများကို သွားရောက်မေးမြန်းရလေ့ရှိပြီး ဇော်မင်းထွန်းနှင့် ၂၀၂၁ အာဏာသိမ်းမှု ခေါင်းစဉ်ဖြင့် အထူးတွေ့ဆုံမေးမြန်းခန်း (Exclusive Interview) ပြုခဲ့သည်။

Читать полностью…

Khit Thit Media

"သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ" စာတန်း ကိုင်ဆောင်ကာ အားမာသစ် လူထု သပိတ်စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် "သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ " စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မုံရွာတွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

လက်ပံတောင်းတောင်ပင်မ၊ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၊မုံရွာအမြင့်လမ်းဘေးသပိတ်အဖွဲ့ဝင်တို့ပူးပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ချီတက်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံသပိတ်မှ ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ညနေဆည်းဆာသပိတ်ချီတက်

ရန်ကုန်၊ ဒီဇင်ဘာ ၇

ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံသပိတ်မှ
ကော်မတီဝင်များ ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ညနေဆည်းဆာသပိတ်အဖြစ် ပြည်သူပိုင်လမ်းမပေါ်သို့ ချီတက်ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

ကော့သောင်းမြို့မှ တော်လှန်လူငယ်များက ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်သည့်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကော့သောင်းမြို့မှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျောင်းသား ၇ ဦးကို သေဒဏ်ချမှတ်သည့်အပေါ် ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့သည်ဟု သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၇

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားကို "ငါတို့ကျောင်းသားငါတို့ပြန်ပေး။ ကျောင်သားတွေကိုသတ်တာဟာ နိုင်ငံ့အနာဂတ်ကိုသတ်တာပါပဲ။
ငုံ့မခံနဲ့ တုံ့ပြန်ကြ" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မုံရွာမြို့အဝင် ရပ်ကွက်များကို စစ်တပ်က ပစ်ခတ် စီးနင်းနေပြီး အမျိုးသမီး ၁ ဦးကျည်ထိမှန်ကာ ရပ်ကွက်ကို မီးတင်ရှို့မည်ဟု ခြိမ်းခြောက်ပြောဆို

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က ပစ်ခတ် စီးနင်းနေပြီး အမျိုးသမီး ၁ ဦးကျည်ထိမှန်ထားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် မုံရွာမြို့အဝင် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းလျက်ရှိပြီး အမျိုးသမီး ၁ ဦးလည်း ကျည်ထိမှန်ထားကြောင်း သိရသည်။

" အခု အနောက်ခြမ်းက လူတွေတော့ ပြေးနေရတယ်။ အရှေ့ခြမ်းက လူတွေလည်း ​ပြင်ဆင်ထားရတယ်လို့ သိရတယ်။ စစ်ခွေးတွေကလည်း မီးရှို့မယ်ရော ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ လက်နက်ကြီးသံ ၂ ချက်ရောကြားရဟုသိရ။ ရပ်ကွက်တွေထဲထိ စစ်ကားတွေရှိနေတယ်။ မြို့ဝင် အနောက်ဘက် သိင်္ဂီရပ်ကွက်က အမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်ထားတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ထို့သို့ အကြမ်းဖက် စစ်တပ်က ရပ်ကွက်များကို ဝင်ရောက် စီးနင်းခြင်းသည် မုံရွာမြို့အဝင်ရှိ တပ်စွဲထားသော စစ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်များနှင့်ပတ်သက်ပြီး ပြည်သူများအပေါ် စစ်တပ်က ရမ်းကားခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ဆက်လက်ပြောဆိုသည်။

Photo - မုံရွာမြို့အဝင် ရပ်ကွက်များကို အကြမ်းဖက် စစ်တပ် ဝင်ရောက် စီးနင်းမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ

Читать полностью…

Khit Thit Media

ကျွန်းလှ၊ အင်တိုင်းရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှု နေအိမ်​ ၁၄၃ လုံး ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၇

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် အင်တိုင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ် ဝင်ရောက် စီးနင်းမီးရှို့မှု နေအိမ် ၁၄၃ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ခြေမြန်တပ်ရင်း-၃၆၁ နှင့် ပျူစောထီး အင်အား ၂၀၀ ခန့်က အင်တိုင်းရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

"ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ တမင်ဝင်ပြီး မီးရှို့သွားတာပါဗျ။ တန့်ဆည်ဘက်လည်း ပတ်ရှို့လာတာပဲဗျ။ အဲ့စစ်ကြောင်းပါ။ ပြည်သူတွေတော့ ပြန်မဝင်နိုင်ကြသေးပါဘူးဗျ"ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ခဲ့သော အင်တိုင်းရွာသည် နေအိမ် ၂၇၀ လုံးရှိသော ကျေးရွာဖြစ်ပြီး လက်ရှိချိန်တွင် ကျေးရွာအတွင်းရှိ နေအိမ် ထက်ဝက်ကျော်ခန့် မီးလောင်ပြာကျခဲ့ကြောင်း၊ အင်တိုင်းရွာနှင့် အနီးတဝိုက်ရှိရွာမှ ထောင်နှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်များသည် အင်တိုင်းရွာမှ ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ပြန်လည် ထွက်ခွာသွားပြီး ယင်း စစ်ကောင်စီတပ် စစ်ကြောင်းသည် လက်ရှိအချိန်တွင် သဖန်းဆိပ်ဆင်စွယ်စခန်းသို့ ရောက်ရှိနေကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်‌ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းမှ ထွက်ခွာသွားချိန်၌ မိုင်းထောင်ထားခြင်းများ မကြာခဏ လုပ်ဆောင်တတ်သောကြောင့် စစ်ကြောင်းထွက်ခွာသွားသော်လည်း မြေမြှုပ်မိုင်း အန္တရာယ်စိုးရိမ်ရသောကြောင့် အင်တိုင်းရွာသို့ ပြန်မဝင်ရဲသေး​ဘဲ စစ်ဘေးရှောင်နေထိုင်ဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

Читать полностью…

Khit Thit Media

ရ ၁၂ တပ်ရင်းမှ စစ်သား ၃၀ ခန့်ပါဝင်သော စစ်​ကြောင်းကို မဒဲ့ယန်ရွာ အနီးတွင် KIA တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကချင် လွတ်​မြောက်​ရေး တပ်မ​တော် KIA တပ်မဟာ ၉ အမှတ် ၆ တပ်ရင်းမှ ရဲဘော်များက မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ပွဲချင်းပြီး​ သေဆုံးကာ ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မုံရွာ၊ တောပုရွာရှိ ပျူစောထီး စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်
============================================
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက တောပုကျေးရွာ (ပျူရွာ) ၆၀မမ၊ ၈၀ မမ များဖြင့် သွားရောက် တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတည် မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုကိခိုက်မှုကိုSun King Envoy (LPDF)
၊ Democratic Guerrilla Force ( DGF ) အောက်ချင်းတွင်း
URBAN HUNTER FORCE ( UHF )၊ KUG တပ်ရင်း GYZ နှင့် GYZ တပ်ခွဲ (၁) Monywa Peregrine PDF၊ Aung San Force၊ ဗန္ဓုလနှင့်အဖွဲ့သားများ PDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မန္တလေးတွင် အချုပ်ကား ဗုံးပစ်ခံရမှုမှ ဒဏ်ရာရရှိသော ရဲအုပ် ယဉ်ယဉ်ဌေးနှင့် ရဲတပ်ကြပ် သန္တာကျော်တို့ ဆေးကုသမှု ခံယူနေစဉ် သေဆုံး၊ ယာဉ်မောင်း ရဲ တပ်သား ပြည်စုံထွန်း ခြေထောက်ဖြတ်ရ

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်းတွင် နိုဝင်ဘာလ ၁ ရက်နေ့က အချုပ်ကား ၁ စီးကို ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်စဉ် တွင်ဒဏ်ရာရရှိခဲ့သော ရဲအုပ် ယဉ်ယဉ်ဌေးနှင့် ရဲတပ်ကြပ် သန္တာကျော်တို့ ဆေး ကုသမှု ခံယူနေစဉ် ရှေ့ဆင့် နောက်ဆင့်ဆိုသလို သေဆုံးခဲ့ပြီး အချုပ်ကား ယာဉ် မောင်း ရဲတပ်သား ပြည့်စုံထွန်း မှာ ခြေထောက်ဖြတ် လိုက်ရ ကြောင်း ရဲသတင်း ရင်းမြစ်က ပြောသည်။

ဗုံးဖြင့် ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိပြီး ဆေးဝါးကုသမှု ခံယူနေသော ရဲအုပ် ယဉ်ယဉ် အေး သည် နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင်လည်းကောင်း၊ ရဲတပ်ကြပ် သန္တာကျော်သည် ဒီဇင်ဘာလ ၂ ရက်နေ့တွင်လည်းကောင်း ရရှိ ဒဏ်ရာ များဖြင့် သေဆုံးသွားကြောင်း သိရှိရသည်။

အချုပ်ကား ယာဉ်မောင်း ရဲတပ်သား ပြည့်စုံထွန်းမှာမူ ခြေထောက် တစ်ခုလုံး လုံး၀ ဖြတ်တောက် ပစ်လိုက်ရပြီး ဆေးဝါးကုသမှု ဆက်လက်ခံယူနေဆဲ ဖြစ် ကြောင်း သိရှိရသည်။

"ရဲအုပ် ယဥ်ယဥ်ဌေး နဲ့ ရဲတပ်ကြပ် သန္တာကျော်တို့ ဆေးကုသမှု ခံယူနေတာမှာ ရဲအုပ်က နိုဝင်ဘာလ ၃၀ရက်နေ့ညကသေတယ်။ ရဲအုပ် ယဉ်ယဉ်ဌေး၊ ရဲတပ် ကြပ် သန္တာကျော်က ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၅နာရီလောက်မှာ ဆုံးတယ်။ အချုပ်ကား ယာဉ်မောင်း ရဲတပ်သားပြည့်စုံထွန်းက ခြေထောက် ဖြတ် ရ ပါ တယ်" ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၇၈ လမ်း၊ ခင်စောမူကွေ့ရှိ အမှတ် (၁၁) ရဲ စခန်း အနီးတွင် နိုဝင်ဘာ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်အချိန် အချုပ် ကား ၁ စီး ဗုံးခွဲတိုက်ခိုက်ခံခဲ့ရပြီး အချုပ်ကားသည် ချမ်းမြသာ စည် မြို့နယ် တရား ရုံးကို အချုပ်သားပို့ပြီးအပြန်တွင် ဗုံးဖြင့် တိုက်ခိုက် ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်မြို့နယ်တွင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သည့် ရဲဘော် ၂ ဦး၏ ၁ နှစ်ပြည့်နေ့အဖြစ် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်းနှင့် ရွှေနွယ်သွေး သပိတ် စစ်ကြောင်း တို့ ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ယင်းမာပင်မြို့နယ် အတွင်း ကျဆုံးရဲဘော် နှစ်ဦး၏ ၁ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်စခန်း ၃ ခုကို ဒီဇင်ဘာလ ၆ ရက်နေ့က KNLA နဲ့ PDF တပ်ဖွဲ့တွေကနေ တစ်ပြိုင်နက်တည်းပူးပေါင်းတိုက်ခိုက်ရာမှာ စစ်ကောင်စီ ဘက်က အသေများသလို KNLA ဘက်က ရဲဘော် ၂ ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူသွားတယ်လို့ KNU/KNLA သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
-အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာလု မင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ ရုရှားစီးပွားရေး လုပ်ငန်း ရှင်တွေ လာရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ဘယ်သူ့ကိုမှ မပေးတဲ့ အထူးအခွင့်အရေးတွေဖြစ်တဲ့ အခွန် ကင်းလွတ် ခွင့်၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းစဉ်တွေ လွယ်ကူချောမွေ့စေရေး၊ ဗီဇာကင်းလွတ်ခွင့် စတဲ့ အထူး အခွင့်အရေးတွေကို ပေးမယ်ဆိုပြီး ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
- စစ်ကိုင်းတိုင်းက သတင်းအနေနဲ့စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာ ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၆ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ် ၉ လုံး မီးလောင် ပြာကျခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/SD1VNg7pvx8

Читать полностью…

Khit Thit Media

အဆိုပါဆွေးနွေးမှုတွင် ယုတ်စွအဆုံး ရှေ့နောက်မညီသော ကမောက်ကမ အခြေအနေတစ်ရပ်ကို တွေ့ရှိရကြောင်း အစိုးရမဟုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် “Justice for Myanmar” က ပြောဆိုပြီး ယင်းဖြစ်ရပ်ကို စစ်ဆေးပေးရန် SZ ထံသို့ ပေးပို့လာခဲ့သည်။ လေ့လာကြည့်သည့်အခါ အဆိုပါ တင်ပြဆွေးနွေးချက်များတွင် အရေးယူပိတ်ဆို့မှုကို မည်သို့ရှောင်တိမ်းမည်ဟူသော လမ်းညွှန်ချက်များ ပါဝင်နေနိုင်သည့် အန္တရာယ်ရှိကြောင်း ဂျာမန်ဥပဒေကျွမ်းကျင်သူများက စီစစ်တွေ့ရှိရသည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ Max Planck ဖောင်ဒေးရှင်းက ဆောင်ရွက်နေသည့် ယခုလုပ်ရပ်သည် ဥပဒေနှင့်မညီညွှတ်ရုံမျှမက လုံးဝမှားယွင်းနေသည်ဟု တက်ဘင်ဂျန် (Tübingen)မြို့မှ နိုင်ငံတကာဥပဒေရေးရာ ရှေ့နေ Holger Rothbauer က ပြောကြားသည်။ “ပိတ်ဆို့အရေးယူမှု” ဟူသောစကားရပ်၏ အဓိပ္ပာယ်တွင် “အဆိုပါဆက်သွယ် ဆောင်ရွက်မှုမျိုးကို ဟန့်တားရမည့်” ရည်ရွယ်ချက်များ အတိအကျပါဝင်နေပြီးလည်း ဖြစ်သည်။ SZ က စုံစမ်းမေးမြန်းသည့်အခါ ၎င်းဆွေးနွေးပွဲများတွင် စစ်ရေးအကြောင်းအရာ သော်လည်းကောင်း၊ စစ်ဖက်လေ့ကျင့်သင်ကြားပေးမှု သော်လည်းကောင်း၊ ပါဝင်ခြင်းမရှိကြောင်း ဘာလင်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြန်လည်ငြင်းဆိုဖြေကြားသည်။

ယခုနှစ်အတွင်း ပူပူနွေးနွေးချမှတ်ထားသည့် အီးယူ၏ နောက်ထပ်အရေးယူ ကန့်သတ်မှုများ
============

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမျိုးသည် ငြိမ်းချမ်းနေသည့်အခါသမယတွင် ကောင်းမွန်သည့် အစီအစဉ်တစ်ခု အသေအချာဖြစ်ပေလိမ့်မည်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်၌ ဗီယက်နမ်နှင့် ဖိလစ်ပိုင် ကဲ့သို့ အာဆီယံနိုင်ငံ အများအပြားအပေါ် ထိခိုက်နေသည့် တရုတ်နိုင်ငံ၏ ပင်လယ်ပြင်ဥပဒေ ချိုးဖောက်နေမှုများနှင့် စပ်လျဉ်း၍ ကျင်းပသင့်သော ဆွေးနွေးပွဲတစ်ခု ဖြစ်သည်။ သို့သော် မြန်မာ့ ပင်လယ်ပြင်အခွင့်အရေးများသည် အိန္ဒိယသမုဒ္ဒရာထဲမှ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ အတွင်း၌သာ တည်ရှိနေသဖြင့် မြန်မာနှင့် သက်ဆိုင်ခြင်းမရှိပေ။

ထို့အပြင် ပေကျင်းကလည်း မြန်မာစစ်ကောင်စီကို ထောက်ခံအားပေးလျက်ရှိပြီး ထိုသို့ ထောက်ခံနေသည့်အချက်မှာ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကိုသာ ချမှတ်နိုင်ခဲ့ပြီး အရေးယူပိတ်ဆို့မှုများ မပြုလုပ်နိုင်အောင် တားဆီးနေသည့် အကြောင်းရင်းများအနက် တစ်ခုအပါအဝင်ဖြစ်သည်။ မြန်မာ့အရေး မဲခွဲဆုံးဖြတ်မည်ဆိုပါက မြန်မာနိုင်ငံသို့ စစ်လက်နက်များရောင်းချ၍ ငွေထုပ်ပိုက်ခွင့် သာနေသဖြင့် စစ်ကောင်စီကို ဆက်လက်ထောက်ခံနေဆဲ လက်ကျန်နိုင်ငံများတွင် တစ်ခုအပါအဝင်ဖြစ်သော ရုရှား နိုင်ငံကဲ့သို့ပင် တရုတ်တို့ကလည်း အလားတူ ကန့်ကွက်မဲပေးလိမ့်မည်ပင် ဖြစ်သည်။

အမေရိကန်အစိုးရနှင့် အီးယူတို့က မြန်မာစစ်တပ်၏ အဆင့်မြင့်အရာရှိများအပေါ် အရေးယူ ပိတ်ဆို့မှုများကို ယမန်နှစ်က ချမှတ်ခဲ့သည်။ ယခုနောက်ဆုံး ဖေဖော်ဝါရီလကလည်း နောက်ထပ် အရေးယူ ကန့်သတ်မှုအသစ်များကို ပြဋ္ဌာန်းရန် အီးယူက ဆုံးဖြတ်ခဲ့ပြီးဖြစ်သည်။ သို့သော် ယခုအခါတွင်မူ ဂျာမန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် Max Planck ဖောင်ဒေးရှင်းမှတစ်ဆင့် မြန်မာတို့နှင့် အမြင်ချင်းဖလှယ်ရန် ဖိတ်မံတကပြုလျက် ရှိနေပြန်သည်။

စင်္ကာပူ၌ ကျင်းပသော နှီးနှောဖလှယ်ပွဲသို့ ပြီးခဲ့သည့်သောကြာနေ့အထိ အနည်းဆုံး မြန်မာကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ တက်ရောက်ခဲ့သည်။ မည်သည့်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်ကို အတိအကျသိရှိလိုကြောင်း မေးမြန်းမှုအပေါ် Max Planckဖောင်ဒေးရှင်းက မဖြေကြားဘဲ နှုတ်ဆိတ်နေခဲ့သည်။

SZ က ရရှိခဲ့သော Max Planck ဖောင်ဒေးရှင်း ညွှန်ကြားရေးမှူးထံသို့ ပေးပို့သည့် စာတစ်စောင်တွင် မြန်မာစစ်ကောင်စီဖက်မှ ဒေါက်တာသန်းသန်းလွင် တက်ရောက်မည်ဟု ဖော်ပြထားသည်။ သူသည် နစကဝန်ကြီးဌာနတစ်ခုမှ ဒု-ညွှန်ကြားရေးမှူး အဆင့်အရာရှိတစ်ဦးဖြစ်ကာ သူ၏အကြီးအကဲက ၎င်းစာကိုလက်မှတ်ရေးထိုးထားသည်။ ဆွေးနွေးပွဲသို့ သူအမှန်တကယ် တက်ရောက်ခဲ့ခြင်းရှိ၊ မရှိကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

ဒေါက်တာသန်းသန်းလွင်ဆိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အင်တာနက်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။ အစိုးရအဆင့်မြင့်အရာရှိတစ်ဦး ဖြစ်ပုံမရသော်လည်း သူသည် နစကမဖွဲ့စည်းမီ ကာလများကတည်းက မြန်မာနိုင်ငံကိုကိုယ်စားပြု၍ ဂျာမန်အဖွဲ့အစည်းများနှင့် အဆက်အသွယ် လုပ်နေခဲ့ပြီးဖြစ်ကြောင်း တွေ့ရှိရသည်။ ၂၀၁၇ ခုနှစ်က သူသည် ဂျာမန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ)က ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲသို့ ငါးလုပ်ငန်းဦးစီးဌာန၏ ဒု-ညွှန်ကြားရေးမှူးအဖြစ် ပါဝင်တက်ရောက်ခဲ့ဖူးသည်။

အတိုက်အခံအရပ်သား အစိုးရကို ဖိတ်ခေါ်သင့်ခဲ့သည်
=============

Читать полностью…

Khit Thit Media

ဖားကန့်မြို့ ပေါ်တွင် စစ်တပ်က ရမ်းသမ်း ပစ်ခတ်မှုကြောင့် လူနေအိမ်များ၊ ကားများ ထိမှန်ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များ က ဒီဇင်ဘာလ ၆ ရက်နေ့ ညပိုင်း လက် နက်ကြီး များဖြင့် ရမ်းသမ်းပစ် ခတ် ခဲ့ရာ ပြည်သူများ၏ လူနေအိမ်များ၊ ကားများ ထိမှန်ပျက်စီးသွားကြောင်း ဒေသ ပြည်သူများထံမှ သိရှိရသည်။

ဖားကန့်မြို့ပြည်သူများက စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများကို စိုးရိမ် နေကြ ပြီး လက်နက်ကြီးများ ကျရောက်မည်ကို ထိတ် လန့်နေခဲ့ကြောင်း၊ လူထိခိုက် သေဆုံးမှု မရှိသော်လည်း စစ်တပ်၏ လက်နက်ကြီးများက ပြည်သူများ နေထိုင်ရာ နေအိမ်များနှင့်ရပ်ကွက်များထံသို့ ကျရောက်ခဲ့ကြောင်း သိရှိရသည်။

"ဒီဇင်ဘာလ ၆ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်မှာ ဖားကန့်ဗျူဟာ ကနေ လက် နက် ကြီးနဲ့ စပစ်တယ်။ ဖုန်းလိုင်း တော်တော်များများ ဖားကန့်မှာ ပြတ် တောက် နေတယ်။ လက်နက်ကြီးတွေနဲ့ ပစ်တာ ဆက်တိုက်ပဲ။ ပစ်တာ ဖား ကန့် ကနေ လက်နက်ကြီးမြေပါတုန်တယ်။ တောက်လျောက် ကို ပစ်နေ တာ လက်နက်ကြီးတွေ တစ်လုံးပြီး တစ်လုံးပဲ" ဟု ဖားကန့်ဒေသခံတစ်ဦးက ယမန်နေ့ညပိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုခဲ့သည်။

ယမန်နေ့ည စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးများကြောင့် ဖား ကန့် ရှိ စားသောက်ဆိုင်တစ်ခုပေါ်သို့ ကျရောက်ကာ နေအိမ်၊ ဆိုင်ခန်း များပျက်စီးပြီး ကား ၂ စီးပါပျက်စီးသွားကြောင်း သိရှိရသည်။

လတ်တလော ကချင်ပြည်နယ်၊ ဖားကန်မြို့နယ် နေရာအများစုကို KIA နှင့် ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး နယ်မြေစိုးမိုးမှုအပိုင်းတွင် ပို၍ ကြီးမား လာကြောင်း၊ စစ်ကောင်စီတပ်များက စစ်ကြောင်းလှည့်လည်ခြင်း၊ လေ ကြောင်း ဖြင့်တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ထုခြင်းမှလွဲ၍ မြေပြင် နယ်မြေ စိုးမိုးမှု လုံး၀ မလုပ်ဆောင်နိုင်တော့ဟု ကချင်သတင်းရင်းမြစ်များက ပြောဆို ကြသည်။

ထို့ပြင် ယမန်နေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ ဘုန်းကြီး ကျောင်းတွင် စစ် တပ်က ပြည်သူ ၃၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး KIA နှင့် PDF ပူးပေါင်း တပ်များက ဝိုင်းဝန်းတိုက်ခိုက်ကြရာ ဓားစာခံ ပြည်သူ များ လွတ် မြောက်မှု ရှိကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီး ကျောင်းတွင် ပြည်သူ ၃၀‌ ကျော်ကို စစ်တပ် အင်အား ၈၀ ခန့်ပါစစ်ကြောင်းက ဖမ်းဆီးထားပြီး ဓားစာခံနှင့် လုပ်အား ပေး လမ်းပြပေါ်တာ အဖြစ် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ၀ိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်ဘက်မှ သေဆုံးမှုများ ရှိနိုင်ကြောင်း ၊ ဓားစာခံ ပြည်သူတချို့ ပြန်လွတ် မြောက်လာပြီး စစ်ရေး ဆက်လက် တင်းမာနေကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မေမြို့ သပိတ်အင်အားစုသည် အကြမ်းဖက် စစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ချမှတ်မှုများကို ဆန့်ကျင်ကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

မေမြို့ အထွေထွေ သပိတ်အင်အားစုသည် အကြမ်းဖက် စစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ချမှတ်မှုများကို ဆန့်ကျင်ကြောင်းနှင့် သေဒဏ်ကျခံ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ယောက်နှင့် အတူ ရပ်တည်နေ​ကြောင်း ယနေ့ ဒီဇင်ဘာ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

စစ်တပ်အလိုကျ လူထုကို လိမ်လည်ရန် ကြိုးစား နေသည့် မီဒီယာ အမည် ခံများ၊ အစွန်းရောက် မဘသ နှင့်အမျိုးသား ရေး လော်ဘီများ၊ စစ်အုပ်စု၏ နောက်မြီးဆွဲများကို ဖော်ထုတ်ခြင်း

By ဘမောင်

မြန်မာနိုင်ငံကို စစ်တပ်မှ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ (၁) ရက် ၊ ၂၀၂၁ ခုနှစ်မှစ၍ မြန်မာ့မီဒီယာ အခင်း အကျင်းသည် ကျွမ်းထိုးမှောက်ခုံ ပြောင်း လဲသွားသည်။

ဆယ်စုနှစ်တစ်ခု ကြိုးပမ်းခဲ့ကြသော လွတ်လပ်သည့် ပုဂ္ဂလိက မီဒီယာများ ပေါ်ထွန်းရေး ရည်မှန်းချက်သည် တစစီ လွင့်ပြယ်သွား၍ စစ်တပ်အာဏာရရှိ ရေးနှင့် ပြည်သူသန်းပေါင်းများစွာ၏ ဘဝများကို ချနင်းနိုင်ရေးအတွက် ပြည်သူများအား ဦးနှောက်ဆေးရန် သက်သက် သတင်းမှား ၊ သတင်းလိမ် များကို သိက္ခာမဲ့ ဖြန့်ချိနိုင်ရန် စကစ၏ ပံ့ပိုးပေးမှုဖြင့် ထူထောင်ထားသော ဘီလူးရုပ်သေး ဝါဒဖြန့်ချီရေး သဘင်ခေတ် ဖြစ်လာသည်ကို မျက်မြင်ထင်ရှား တွေ့ရှိလာနေရသည်။

အာဏာသိမ်းကာစက ပုဂ္ဂလိက သတင်းမီဒီယာများ၏ အချိန်နှင့်တပြေးညီ တင်ပြမှုများ ကြောင့် ပြည်သူတစ်ရပ်လုံးက အာဏာသိမ်းမှုကို လက်မခံ ကြောင်း တကမ္ဘာလုံးက တွေ့မြင်ခဲ့ကြရသည်။ ထိုအခါ ၎င်းတို့၏ မဲမသမာမှု ဖြစ်၍ အာဏာ ထိန်းရပါသည် ဆိုသည့် ဆင်ခြေမှာ သဲထဲရေသွန်သကဲ့သို့ အရှက် တကွဲဖြစ်ရလေသည်။

ထို့ကြောင့် စစ်တပ်၏ ပထမဆုံးလုပ်ဆောင်သည့်လုပ်ငန်းများတွင် ပုဂ္ဂလိက မီဒီယာများ ကို လိုင်စင်ပိတ်သိမ်းခြင်း၊ ၊ ထက်မြက်သော သတင်းထောက်များ ၊ သတင်းသမား ၊ အယ်ဒီတာများကို ပစ်မှတ်ထား ဖမ်းဆီးခြင်း ပင်ဖြစ်သည်။

လွတ်လပ်သည့် ပုဂ္ဂလိက မီဒီယာများ ပြည်တွင်းတွင် သတင်းမီဒီယာ အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိတော့သည့်အခါ ၎င်းတို့ ပံ့ပိုးထားသည့် မီဒီယာများနှင့် အစား ထိုး၍ သတင်းတု၊ သတင်းမှားများ ဖြန့်ချီရန် ကြိုးစားကြသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလသို့ ရောက်ရှိလာသည့်အချိန်တွင်မူ စစ်တပ်၏ သတင်း စာရှင်းလင်းပွဲဆိုသည်မှာ ယင်းတို့ကို ဆန့်ကျင်သူများ အား အမုန်းတရား အပြည့် ဖြင့် သွားပုပ်လေလွင့် ပြောဆိုရာ ၊ အလိမ်အညာတို့ကို ဖြန့်ချိရာ သာလာယံ ဇရပ် တစ်ခုသာ ဖြစ်နေလေတော့သည်။

စစ်တပ်သတင်းစာ ရှင်းလင်းပွဲကို ပုံမှန်တက်ရောက်လာကြသူများသည်လည်း သတင်းနှင့် စာနယ်ဇင်း ကျင့်ဝတ်ဆိုသည်မှာ ဂျိုနှင့်လားဟု မေးရလောက် အောင် ကိုယ်ကျိုးစီးပွားနှင့် မိမိတစ်ကိုယ်ရည် ကိုယ်ရည်သွေးသည့်သူများ ပြည့်နှက် နေလေသည်။

စစ်တပ်က ၎င်းတို့ကိုယ်ပိုင် ဝါဒဖြန့်ချီရေး လမ်းကြောင်များဖြစ်သော စစ်တပ် သတင်း ပြန်ကြားရေးဌာနများနှင့် လက်ဝါးကြီးအုပ်ထားသော အစိုးရပိုင် သတင်း စာများ၊ ရုပ်မြင်သံကြားအစီအစဥ်များသာမက ၎င်းတို့ကို ထောက်ခံသူ များကို ငွေကြေးထောက်ပံ့၍ သတင်းမီဒီယာများ ထူထောင်ကာ အများပြည်သူ သတင်းရရှိမှုကို အုပ်စီးရန် ကြိုးစားနေခဲ့သည်။

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲသို့ ပုံမှန်တက်ရောက်သည့် သတင်းဌာနများ ၏ အွန်လိုင်းချန်နယ်များမှာ - ဖေ့ဘုတ် စာမျက်နှာ ၂၂ ခု ၊ တယ်လီဂရမ် ချန် နယ် ၁၁ ခု ၊ ယူကျု့ ချန်နယ် ၁၀ ခု ၊ ဝဘ်ဆိုဒ် ၆ ခု နှင့် vk အကောင့် ၂ ခု ဖြစ် ကြောင်း တွေ့ရှိရသည်။

ယင်းတို့ကို ဆန်းစစ်ကြည့်ရာတွင် -

၁- အမျိုးသားရေး အစွန်းရောက် မီဒီယာများ - ယခင် မဘသ အဖွဲ့ဝင် ဟောင်း များက တည်ထောင်ထား၍ အစွန်းရောက် အမျိုးသားရေး ဝါဒ ၊ စစ်အာဏာရှင် ဝါဒကို တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးနေကြသကဲ့သို့ ဗုဒ္ဓဘာသာ မဟုတ်သူများ ကို တိုက်ခိုက်နေကြသည့် မီဒီယာများ

၂- စစ်တပ်အလိုကျ ဝါဒဖြန့်ချီရေးကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်သည့် မီဒီယာများ - ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင် တည် ထောင် လာကြပြီး စစ်ကောင်စီ၏ သတင်းစာ ရှင်း လင်းပွဲ သတင်းများ ၊ စစ်တပ် သတင်း များကိုသာ ထပ်ဆင့်တင် ဆက်နေပြီး အခြား သတင်း တင်ဆက်မှုလုံးဝမရှိသည့် မီဒီယာများ

၃- သတင်းမှားများ စိစစ်သည့် မီဒီယာဟု အမည်ခံ၍ ပြည်သူတော်လှန်ရေး သတင်းများအား ပုံဖျက်ထားသည့် သတင်းမှားများကိုသာ ဖြန့်ချိသည့် မီဒီ ယာများ (၄) ကြားနေဟု နာမည်ခံထားသော်လည်း စစ်တပ်နှင့် နီးကပ်သည့် စီးပွားရေးဆက်နွယ်မှု ရှိသော မီဒီယာများ ဟူ၍ အကြမ်းဖျဥ်း ခွဲခြားနိုင်သည်။

အောက်တွင် ဖော်ပြထားသည့် သတင်းမီဒီယာအမည်ခံများမှာ စစ်ကောင်စီ၏ သတင်း စာရှင်းလင်းပွဲသို့ ပုံမှန်တက်ရောက်နေကြသည့် သတင်းမီဒီ ယာများ ဖြစ်သည်။

အမျိုးသားရေး အစွန်းရောက်အဖွဲ့များနှင့် ဆက်နွယ်သည့်မီဒီယာများ-

(၁) Myanmar National Post

သတင်းအေဂျင်စီကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ အမျိုးသားရေးလှုပ်ရှားမှုများနှင့် တပ်မ‌တော် အပေါ်ထောက်ခံ သည့်အမြင် များပြန့်ပွားစေရန် ရည်ရွယ်ထုတ်လွှင့်သည့် သတင်းအေဂျင်စီတစ်ခုဖြစ်သည်။

Myanmar national post ၏ FB page များသည် မကြာခဏ ဖြုတ် ချခံ ရသောကြောင့် Telegram နှင့် ဦးစီးဆောင်ရွက်သူ နောင်တော်လေး၏ ကိုယ်ပိုင်အကောင့်တို့တွင် သတင်းဖော်ပြမှု ပိုမိုများပြားခဲ့သည်။

Telegram Channel တွင် Subscribers အရေအတွက် 12,974 ရှိပြီး စကစ၏ ဝါဒဖြန့်သတင်းများနှင့် NUG နှင့် PDF များအား အကြမ်းဖက် အဖွဲ့အစည်း များအဖြစ် သုံးနှုန်းဖော်ပြလျက်ရှိသည်။

Читать полностью…

Khit Thit Media

နွားထိုးကြီး၊ မင်းရွာမှ NLD ပါတီဝင် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးကို စစ်တပ် လက်အောက်ခံ သွေးသောက်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် အကြမ်းဖက် စစ်တပ် လက် အောက် ခံ သွေးသောက်အဖွဲ့ဝင်များက NLD ပါတီဝင် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာ သို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ် လက် အောက်ခံ သီတာယုမွန် သွေးသောက်အဖွဲ့က မင်းရွာအတွင်းသို့ အမည် စာရင်း အတိအကျဖြင့် ဒေသခံ ပြည်သူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် လက်ပြန်ကြိုးတုတ်ကာ လည်ပင်းကို ဓားဖြင့်လှီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် လက်အောက်ခံ သွေးသောက်အဖွဲ့ဝင်များ သတ်ဖြတ် ခဲ့သည့် ပြည်သူ ၆ ဦးတွင် ၄ ဦးမှာ NLD ပါတီဝင်များဖြစ်ပြီး မင်းရွာနှင့် ကူကုန်းရွာအကြား ဇရပ်နား၌ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ၆ ဦးအမည်မှာ ဦးကျော်ဆောင် (NLD ပါတီဝင်)၊ ဦးခင်မောင်စိန် (NLD ပါတီဝင်)၊ ၊ ဦးဟန်တင် (NLD ပါတီဝင်)၊ ဦးမင်းဇော် (NLD ပါတီဝင်)၊ ဦးစိုးပိုင်နှင့် ကို အောင် ကိုမင်း တို့ဖြစ်ကြောင်း သိရသည်။

"ပြည်သူတွေရဲ့ နေအိမ်တွေထဲထိ ညအချိန် ဝင်ဖမ်းဆီးပြီး နံနက်ရောက်တော့ အလောင်းတွေစွန့်ပစ်သွားတာပဲ စစ်တပ် လက်အောက်ခံ သွေးသောက်တွေ သတ်တာ ဘာကိစ္စကြောင့် သတ်တယ်ဆိုတာ မသိရဘူး။ သူတို့ပါလာတဲ့ စာရင်း ထဲက အိမ်တွေကို ဝင်ဖမ်းပြီး နံနက်တော့ လမ်းဘေးတွေမှာ အလောင်း တွေ့ရတာပဲ" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလးတူ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၃ နာရီအချိန် မင်းရွာကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် သားတော် စပ်သူတို့ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ကိုင်ဆောင်ထားသည့် လက်လုပ်သေနက်အတို ၁ လက်နှင့် ကျည် ၅ တောင့် လက်ပစ်ဗုံး တစ်လုံးတို့ကို ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ချင်းတွင်း မြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ "ဘာကြောင့်မှ နောက်မဆုတ်နဲ့" စာတန်း ကိုင်ဆောင်ကာ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photos -AungKhantZaw

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

လက်ပံတောင်းတောင်ဒေသ လူထု သပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

လက်ပံတောင်းတောင်ဒေသ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- မန္တလေးမှာ အချုပ်ကား ဗုံးပစ်ခံရမှုဖြစ်စဉ်အတွင်း ဒဏ်ရာရခဲ့တဲ့ ရဲအုပ် ယဉ်ယဉ်အေးနဲ့ ရဲတပ်ကြပ် သန္တာကျော်တို့ဟာ ဆေးကုသမှု ခံယူနေပေမယ့် အခုတော့ သေသွားပြီဖြစ်သလို ၊ ယာဉ်မောင်း ရဲ တပ်သား ပြည်စုံထွန်း ဆိုသူလည်း ခြေထောက်ဖြတ်လိုက်ရတယ်လို့ ရဲသတင်းရင်းမြစ်က ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာက အင်အား ၂၀၀ နီးပါးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ် ကောင်စီတပ် နဲ့ ပျူစောထီးပူးပေါင်း အဖွဲ့ကို ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေကနေ ပူးပေါင်း တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က (၈)ဦးသေ ပြီး ၊ အများအပြားဒဏ်ရာရသွား တယ်လို့ PRA တပ်ဖွဲ့ဆီကနေ သိရပါတယ်။
-မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်မှာ ဒီဇင်ဘာလ ၆ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကား ၁ စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ကနေ မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/08WHRoBX-AE

Читать полностью…

Khit Thit Media

ပြည်ခွန် သပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၇

မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

လောင်းလုံး၊ မော်လိုက်၊ ဖားကန့်နှင့် မုံရွာတို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်၊ စစ်ကိုင်းတိုင်း မော်လိုက်၊ မုံရွာမြို့နယ်နှင့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

လောင်းလုံးတွင် ရဲစခန်း၊ ပျုစောထီးစခန်းနှင့် စစ်ကူလာသော စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံး
============================================
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ရဲစခန်းနှင့် ပျူစောထီးစခန်း၊ စစ်ကူလာသော စစ်ကြောင်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံးကြောင်း လောင်းလုံး PDF အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ ည ၈ နာရီခန့်တွင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ရဲစခန်းနှင့် ကရင်ကြီးကျေးရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား၊ ရဲနှင့် ပျူစောထီး အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မောင်းမကန် ရဲစခန်း တိုက်ပွဲအတွက် စစ်ကူလာသော ၁၀၄ ခြေလျင်တပ်ရင်းမှ စစ်ကား ၃ စီး ဆင်းလာစဥ် PDF ရဲဘော်များက ၂ ကြိမ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မောင်းမကန် သုံးထပ်လမ်း တစ်နေရာတွင် ပထမ အကြိမ် မိုင်း ၁၂ လုံးဖြင့် လည်းကောင်း၊ ဒုတိယ အကြိမ် မိုင်း ၂၄ လုံးဖြင့် လည်းကောင်း ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၂ စီး မိုင်းထိမှန် ထိုးရပ်သွားပြီး ကျန် ၁ စီးမှာ မီးလောင် သွားကြောင်း သိရသည်။

ပျူစောထီး ဦးလေးလေးစခန်းအား စစ်ကူလာသော Vigo ကား ၁ စီးကို PDF ရဲဘော်များက မိုင်း ၁၂ လုံးဖြင့် ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)၊ Dawei Guerrilla Revolutionary Force -DGRF(ထားဝယ်-ပကဖ)၊ T-PDF၊ YPPDF၊ Dawei Defence Team-DDT တပ်ခွဲ ၃ (ထားဝယ်-ပကဖ)၊ အထူးပြောက်ကျားတပ်ဖွဲ့နှင့် ထားဝယ်နဂါးပြည်သူ့ကာကွယ်ရေး တပ်ခွဲ ၁ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထားဝယ်မြို့ စစ်တပ်ဆေးရုံတွင် လက်ရှိချိန်ထိ စစ်သား၊ ရဲနှင့် ပျူစောထီးများ ဆေးကုသမှု ခံယူနေပြီး စစ်ကောင်စီ တပ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း လောင်းလုံး PDF အဖွဲ့များက ထုတ်ပြန်ထားသည်။

မော်လိုက်တွင် ၃ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားပြီး စစ်ဘက်က ထိခိုက်သေဆုံးမှု များပြားပြီး တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ
============================================
စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ PDF တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု များပြားနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၉ မိနစ်တွင် မော်လိုက်မြို့ နယ် ဘယူးဝရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ် Yak-130 ၂ စီးဖြင့် တစ်ကြိမ်၊ ၄ နာရီ ၁၀ မိနစ်ခန့်တွင် Yak - 130 ဂျက်ဖိုက်တာ ၁ စီးဖြင့် တစ်ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၅ ရက်နေ့တွင် မော်လိုက်မြို့နယ် ရွှေလင်းတရွာသို့ အမြန်ရေယာဥ် ၂ စီးဖြင့် လိုက်ပါလာသည့် အင်အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိဘဲ ဖဲကဇက်၌ သောင်တင်နေကြောင်း၊ ထို့ပြင် အင်အား ၇၀ ခန့်ပါ ကား ၂ စီးသည် မော်လိုက်မြို့နယ်ကို ကလေးဝ လမ်းဘက်မှ ဝင်ရောက်လာ​ကာ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် မြစ်ကြောင်း အတိုင်း ဆန်တက်လာသည့် စစ်သား အင်အား ၅၀ နီးပါး ပါဝင်လာသည့် ဇက်မော်တော်ကို PDF ရဲဘော်များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘန်ကာများ ပေါက်ကွဲကာ တစ်ဖက် ကမ်းကပ်၍ ထိခိုက် ဒဏ်ရာရရှိသော လူနာများကို သယ်ယူကာ ပြန်လည် ထွက်ခွာ သွားကြောင်း သိရသည်။

" ၃ ရက်ဆက်တိုက် ထိတွေ့ တိုက်ပွဲတွေအတွင်းမှာ စစ်တပ်ဘက်က သေဆုံးအရေ အတွက် ၅၀နဲ့ ၈၀အကြားရှိတယ် လို့လည်းသိရပါတယ်။ စစ်ခွေးတွေ ဘက်ကတော့ သေဆုံးသူ‌ မရှိဘူးလို့ ငြင်းထားပေမယ့် သင်္ချိုင်းမှာလည်း ခွေးအဖွဲ့တွေတော်တော်ကြာကြာ ရောက်နေတယ်လို့ သိရပါတယ်။ ယူးဝအောက် ငပဲသာမှာ တိုက်ပွဲ ဖြစ်ပွားပြီး ညပြန်ထွက်မရဘဲ စစ်ခွေး သံခွံစက်လှေ တစ်စီး ပျက်စီးပြီး ပိတ်မိနေကြတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။

ဖားကန့်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
============================================
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း KIA တပ်ဖွဲ့က မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ဖားကန့်မြို့နယ် လယ်ပြင်ရမ်းချက် စက်ရုံမှ ထွက်ခွာလာ​သော အကြမ်းဖက် စစ်တပ် တပ်မ ၃၃ လက်​အောက်ခံ ခ.မ.

Читать полностью…

Khit Thit Media

ပုသိမ်အကျဉ်းထောင်ညွှန်မှူး ဇော်စစ်အောင်က အရက်မူးပြီး နိုင်ငံရေးအကျဉ်း သားများကို အကြောင်းမဲ့ ရိုက်နှက် ၊ ဖျာပုံထောင်မှာလည်း နိုင်ငံရေး အကျဉ်း သား များ ကို ညှဉ်းပန်းနှိပ်စက်နေ

ရန်ကုန် ဒီဇင်ဘာ ၇

ဧရာ၀တီတိုင်း၊ ပုသိမ်အကျဉ်းထောင်တွင် အကျဉ်းထောင်ညွှန်ကြားရေးမှူး ဇော်စစ်အောင်က နိုင်ငံရေးအကျဉ်းသားများကို အကြောင်းမဲ့ခေါ်၍ ရိုက်နှက် နှိပ်စက်ခြင်း၊ ဆဲဆိုခြင်းများ ပြုလုပ်နေပြီး ဒီဇင်ဘာ ၆ ရက်နေ့ညတွင်လည်း နိုင်ငံရေးအကျဉ်းသားကိုသူရိန်လင်းကို အကြောင်းမဲ့ ခေါ်ရိုက်ခဲ့ကြောင်း အကျဉ်း ထောင်သတင်းရပ်ကွက်က ပြောသည်။

“ဇော်စစ်အောင်က မူးပြီး ထောင်ကို ခဏ ခဏလာတတ်တယ်။ နိုင်ငံရေးသမား တွေကို ဘောင်မဝင်တဲ့ စကားတွေပြောပြီး ဟိုလူ့ဆဲသလို ဒီလူ့ဆဲသလိုလိုနဲ့ ညဘက် ရောက်ရောက်လာတတ်တယ်။ ညကလည်း နိုင်ငံရေးအကျဉ်း သား သူရိန်လင်းကို ခေါ်ရိုက်တယ်။ ဘာကြောင့်မှန်း မသိ ခဏခဏ အဲလိုပဲ ခေါ်ရိုက် လို့ မကြာသေးခင်က ပြဿနာ တက်ကြသေးတယ်။ အဲ့ကောင်ရော ထောင်ပိုင် ရောက နောက်မဖြစ်စေရပါဘူးဆိုပြီး ဆန္ဒပြကြတဲ့ နိုင်ငံရေးအကျဉ်းသား တွေ ကို ကတိပေးသွားတယ်” ဟု နိုင်ငံရေးအကျဉ်းသားများနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို နောက်မဖြစ်စေရန် ကတိပေးပြီးမှ ဒီဇင်ဘာ ၆ ရက်နေ့ ညတွင် နိုင်ငံရေးအကျဉ်းသား ကိုသူရိန်လင်းကို ထပ်မံ ရိုက်နှက်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ထောင်တွင်းတွင် နိုင်ငံရေးသမား အကျဉ်းသား၊ အချုပ်သားများက မကျေမနပ်နေကြကြောင်း၊ အကျဉ်း ထောင်ရှေ့တွင်မူ စစ်သားများ၊ ရဲသားများ ထောင်ဗူးဝပေါ်တွင်ပါ သေနတ်များနှင့် အဆင့်သင့် ပြင်ကာ ခြိမ်းခြောက်နေကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

ဖျာပုံအကျဉ်းထောင်အတွင်းတွင်လည်း ထောင်ပိုင်ဖြစ်သူ ဇော်ထွန်းဦးက နိုင်ငံရေး အချုပ်သားကိုစံလင်းစံ(ခ) ဖိုးသားကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် နေ့လယ်အိပ်ဆောင်ပိတ်ချိန်တွင် ထောင်ဘူးထဲတွင် သီးသန့်ခေါ်၍ ရိုက်နှက် ခြင်း၊ ကန်ကျောက်ခြင်း၊ ကျင်စက်ဖြင့် တို့ခြင်းများ ပြုလုပ်ခဲ့ပြီး နိုင်ငံရေး အကျဉ်း သား နဖူးကွဲဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နှိပ်စက်ခြင်း ခံရသည့် နိုင်ငံရေးအချုပ်သားမှာ စံလင်းစံ (ခ) ဖိုးသား ဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့တွင် အကျဉ်း ထောင်အတွင်း အကျဉ်းသားတစ်ဦးနှင့် အချင်းများခဲ့ပြီး တာဝန်ရှိ အိပ်ဆောင်မှူးမှ နှစ်ဦးနှစ်ဖက် ကျေနပ်အောင် ညှိနှိုင်းပြီးသော်လည်း နိုင်ငံရေးအချုပ်သားကို သီးသန့်ခေါ်ကာ ထောင်ပိုင်မှ မတရားဖိနှိပ် နှိပ်စက်ခဲ့ခြင်းဖြစ်ကြောင်း ဖျာပုံအကျဉ်းထောင်နှင့် နီးစပ်သူ များထံမှ သိရှိရသည်။

ထိုပြင် ဖျာပုံအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသား/ အချုပ်သားများနှင့် အခြားအကျဉ်းသား/အချုပ်သားများကို အကျဉ်းထောင်လက်စွဲဥပဒေကို သွေ ဖယ်၍ သွေးထွက်သံယိုဖြစ်သည်အထိ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ ဆဲဆိုခြင်းများ၊ အကျဉ်းသား/အချုပ်သားများအားလုံး ခံစားရရှိထိုက်သည့် အစားအသောက်များကို နိုင်ငံတော်မှ ခွင့်ပြုထားသည့် အချိုးအစား ပုံစံများ အတိုင်း တိကျစွာ ‌မကျွေးမွေးခြင်းများကိုလည်း ကျူးလွန်နေကြောင်း ထောင် တွင်းမှ သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကို တနင်္ဂနွေနေ့ပါအပါအဝင် "လုပ်အား ပေး" ခေါင်းစဉ် တပ်၍ အလုပ်ကြမ်းများကို ‌နားရက်မရှိ ထောင်တွင်း‌ ထောင်ပြင် ခိုင်းစေခြင်းများ လုပ်ဆောင်နေပြီး ထောင်ဆေးခန်းတွင် ဆေးဝါးများ ပြည့်စုံ လုံလောက်မှုု မရှိခြင်း၊ ထိရောက်သည့် ကုသမှုများလည်း မပေးနိုင် သည့် အတွက် ကျန်းမာရေးမကောင်းသည့် အကျဉ်းသား/အချုပ်သားများ အသက် ဆုံးရှုံး ရမှုများရှိကြောင်း သိရှိရသည်။

ထောင်ပိုင် ဇော်ထွန်းဦသည် အာဏာနှင့် လုပ်ပိုင်ခွင့်ကို တလွဲအသုံးချ၍
လက်အောက် ခံဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားမျာိးကို စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ မတရားဖိနှိပ်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထိုသို့ မတရားဖိနှိပ်မှုများအတွက် ‌ဖျာပုံအကျဉ်းထောင်တာဝန်ခံအရာရှိ (ထောင်ပိုင်) ဇော်ထွန်းဦးကို အကျဉ်းသား/အချုပ်သားများက ‌အကြီးအကဲ ထောင်ပိုင်အနေနှင့် လုံးဝ အသိအမှတ်မပြုနိုင်ကြောင်းနှင့် နိုဝင်ဘာ ၁၄ ရက်နေ့ တွင် ထောင်ပိုင်တန်းစီခြင်း ကို မပြုလုပ်ဘဲ ငြိမ်းချမ်းစွာ သပိတ်မှောက်ခဲ့ ကြောင်း သိရှိရသည်။

ဖျာပုံအကျဉ်းထောင်အတွင်း မတရားဖိနှိပ်မှုများအတွက် တာဝန်ရှိ အဖွဲ့အစည်း များ၊ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများ၊ နိုင်ငံတကာဒုက္ခသည် များဆိုင် ရာ မဟာမင်းကြီးရုံး (UNHCR)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အသင်း (ICRC) ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) တို့ကို လာရောက် ကြားနာ၍ အရေး ယူဖြေရှင်းပေးရန် ဖျာပုံအကျဉ်းသား/အချုပ် သားများက တောင်းဆိုကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- အင်းစိန်ထောင်မှ ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်ကောင်စီ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွတ်မြောက်လာသော အကျဉ်းသားတချို့။

Photo- AFP ။

Читать полностью…

Khit Thit Media

CRA ဖွဲ့စည်းပြီး တစ်နှစ်အတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး (၁၂၉)ဦးကျော်ကို ချေမှုန်းနိုင်

ရန်ကုန်၊ ဒီဇင်ဘာလ ၇

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အခြေစိုက်၊ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် - Chaung U Revolution Army- CRA ဖွဲ့စည်းပြီး တစ်နှစ်အတွင်း အကြမ်းဖက်စစ်သား၊ ပျူစောထီး (၁၂၉)ဦး ကျော်ကို ချေမှုန်းနိုင်ခဲ့ကာ (၅၄)ဦး ဒဏ်ရာရရှိအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း တပ်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် အစီရင်ခံစာထုတ်ပြန်ချက်အရ သိရသည်။

ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် - - Chaung U Revolution Army- CRA ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ရာ (၁)နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဒေါက်တိုင် Mytel Tower (၄)တိုင် ဖျက်ဆီးခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်မှု (၁၆)ကြိမ်တွင် အကြမ်းဖက်စစ်ကား (၅)စီး ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ပျူစောထီးပူးပေါင်း စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု (၉)ကြိမ်၊ အကြမ်းဖက်စစ်ကောင်စီ သင်္ဘာကို တိုက်ခိုက်မှု (၅)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၄)ကြိမ်နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ (၄)ကြိမ် ဆင်နွှဲခဲ့ကြောင်း သိရသည်။

“အဓိကကတော့ လက်နက်ခဲယမ်းလိုအပ်ချက်ရှိတယ်၊ ကိုယ့်မြို့နယ်ထဲကမှာ ပျူစောထီးရွာကလည်း ရှိနေတော့ တိုက်ပွဲက အမြဲတမ်းလိုဖြစ်နေတာ၊ စခန်းတွေမီးရှို့ဖျက်ဆီးခံလိုက်ရတာ ဒီပျူစောထီးတွေ လက်ချက်ပဲ” ဟု CRA တပ်ဖွဲ့တာဝန်ခံ ဗိုလ်ပျံလွှားက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

(၁)နှစ်အတွင်း မိုင်းတစ်ထောင်(၁၀၀၀)ကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များ အတွက် အလုံး (၄၃၀) ကျော်၊ မဟာမိတ်များအတွက် (၅၆)လုံး အသုံးပြုရန် ထုတ်ပေးနိုင်ခဲ့ပြီး တပ် ဖွဲ့အတွက် အလုံး ၃၀၀ ကျော်ကို အသုံးပြုကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို ဖောက် ခွဲတိုက် ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“တော်လှန်ရေးကြာလာတော့ အခက်အခဲကပိုများလာတယ်၊ လက်နက်ခဲယမ်းလိုအပ်သလို ဒေသခံ စစ်ဘေးရှောင်တွေအတွက်လည်း လိုအပ်လာတယ်၊ အဲဒါကြောင့် ဒီလထဲမှာ ကမ်းပိန်းလေးလုပ်ထား တယ်၊ အားပေးကြပါအုံး။ ဆောင်းရာသီရောက်လာပြီဆိုတော့ အနွေးထည်တွေလည်း လိုအပ်လျက်ရှိ ပါတယ်” ဟု CRA တာဝန်ခံဗိုလ်ပျံလွှား မေတ္တာရပ်ခံပြောဆိုသည်။

(၁)နှစ်အတွင်း CRA တပ်ဖွဲ့ဝင် (၆)ဦးကို ဖမ်းဆီးခံခဲ့ရပြီး ရဲဘော်တစ်ဦး သတ်ဖြတ်ခံခဲ့ရကာ စခန်းကို ဝင်ရောက်စီးနင်းခံရမှု (၃)ကြိမ်ရှိကြောင်း၊ ပျူစောထီးများမှ မိုင်းဖော်ထုတ်ခံရမှု အကြိမ် (၂၀)ကျော်၊ အကြမ်း ဖက် စစ်သားများမှ မိုင်းဖော်ထုတ်ခံရမှု အကြိမ် (၅၀)ကျော်ရှိကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြန်မာပြည်သူများကို ကိုယ်စားပြုသည့် “အမျိုးသား ညီညွတ်ရေးအစိုးရ” (NUG) ဟူသော အရပ်သား အစိုးရအဖွဲ့တစ်ခုလည်း ရှိနေသည်။ ၎င်းအဖွဲ့သည် ရွေးကောက်ခံအဖွဲ့ မဟုတ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဆက်သွယ်ရန် လျှို့ဝှက်ဖွဲ့စည်း ပေါ်ပေါက်လာသောအဖွဲ့ဖြစ်သည်။ NUG သည် ဒေါ်အောင်ဆန်းစုကြည်အား “နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်” ဟူသော ခေါင်းဆောင်နေရာ၌ ဆက်လက်လက်ခံထားရှိသည်။ သို့ဖြစ်၍ NUG ကို ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သင့်ခဲ့ပြီး ထိုသို့ဖိတ်ခေါ်ခဲ့မည်ဆိုပါက လုံးဝကွဲပြားခြားနားသော အခြေအနေတစ်ရပ်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့မည် ဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂ၏ အချက်အလက်များအရ မြန်မာလူဦးရေ ၁၃ သန်းကျော်သည် အငတ်ဘေးနှင့် ရင်ဆိုင်ကြုံတွေ့နေရကာ လူဦးရေ ၁.၃ သန်းသည် အရပ်သားများအပေါ် အင်အားအလွန်အကျွံသုံး၍ အကြမ်းဖက်မှုဘေးမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူဦးရေ အနည်းဆုံး ၂,၀၀၀ မှာ အသတ်ခံခဲ့ရပြီးဖြစ်သည်ဟု ပြီးခဲ့သည့်သောကြာနေ့က ပြုလုပ်သော အင်တာဗျူး တစ်ခုတွင် NUG ဥက္ကဋ္ဌ ဒူးဝါးလရှီးလက ပြောကြားသည်။ “အမေရိကန်နဲ့ အီးယူဆီကနေ ယူကရိန်းနိုင်ငံ ရရှိနေတဲ့ အကူအညီမျိုးသာ ကျွန်တော်တို့ရမယ်ဆိုရင် လူတွေသတ်ဖြတ်ခံနေရတဲ့ ဆင်းရဲဒုက္ခဟာ ချက်ခြင်း ရပ်တန့်သွားမှာပါ” ဟု ၎င်းက ပြောဆိုသည်။

(Sueddeutsche Zeitung သတင်းစာတွင်ဖော်ပြထားသော Von Benedikt Heubl နှင့် David Pfeifer တို့၏ “German workshops also for a murderous regime” ဆောင်းပါးကိုဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

Читать полностью…

Khit Thit Media

လူသတ် မြန်မာစစ်ကောင်စီ ပါဝင်သည့် ဆွေးနွေးပွဲ ဂျာမနီ ကျင်းပ

By Benedikt Heubl and David Pfeifer

ဂျာမနီဖက်ဒရယ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ငွေကြေးထောက်ပံ့မှုဖြင့် ကျင်းပခဲ့သော ဂျာမန်ဖောင်ဒေးရှင်းတစ်ခု၏ ဆွေးနွေးပွဲများသို့ မြန်မာစစ်ကောင်စီ၏ ဝန်ထမ်းများကို တက်ရောက် ခွင့်ပြုခဲ့သည်။ ထိုသို့တက်ရောက်ခွင့်ပြုခဲ့သဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများအား မည်သို့ရှောင်တိမ်းရမည်ကို မြန်မာစစ်တပ်က လေ့လာသိရှိသွားနိုင်သည်ဟု ဥပဒေကျွမ်းကျင်သူများက ဆိုကြသည်။
-----------------

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညအချိန်တွင် မြန်မာစစ်တပ်သည် တစ်ကျော့ပြန်အာဏာသိမ်းယူခဲ့ပြီး ရွေးကောက်ခံ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ထိုအချိန်မှစတင်၍ စစ်ကောင်စီသည် မိမိစစ်သားများ၏ ထိန်းချုပ်မှုအောက်တွင် မရှိသောဒေသများရှိ စာသင်ကျောင်းများ၊ ဘုရားရှိခိုးကျောင်းများကို တိုက်ခိုက်လျှက်ရှိသည်။ ဆန္ဒပြသူများကို ထောင်သွင်းအကျဉ်းချပြီး နှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ သေဒဏ်ကို ပြန်လည်အသက်သွင်း၍ ၄င်းတို့ကို ဆန့်ကျင်သူများအပေါ် ကြိုးမိန့်စီရင်ချက်များ ချမှတ်ဆောင်ရွက်လာခဲ့ သည်။

သို့တိုင်အောင်လည်း မက်စ်ပလန့်ခ် (Max Planck) သုတေသနအဖွဲ့၏ လက်အောက်ခံဖြစ်သော နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဟိုက်ဒယ်ဘတ် မက်စ်ပလန့်ခ် (Heidelberg Max Planck) ဖောင်ဒေးရှင်းသည် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများအား စင်္ကာပူနိုင်ငံ၌ မကြာသေးမီကပို့ချခဲ့သော ပင်လယ်ပြင် ဘေးကင်းလုံခြုံရေး ဘာသာရပ်ဆိုင်ရာ သင်တန်းသို့ မြန်မာကိုယ်စားလှယ်များကို ချန်လှပ်ထားခြင်းမရှိဘဲ တက်ရောက်ခွင့်ပြုခဲ့သည်။

၎င်းဖောင်ဒေးရှင်းသည် သတင်းအချက်အလက် နှီးနှောဖလှယ်ပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များအား အမည်စာရင်းပေးသွင်းရန် အစိုးရအားလုံးထံ အကြောင်းကြားခဲ့ရာ မြန်မာ အကြမ်းဖက်စစ်ကောင်စီကိုပါ ထည့်သွင်းဖိတ်ခေါ် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံသည် များစွာအထီးကျန်ဖြစ်နေသလို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂကလည်း အရေးယူပိတ်ဆို့မှုများ ချမှတ်ထားသည်။ စစ်ဗိုလ်ချုပ်ကြီးများက အာဆီယံတူညီဆန္ဒငါးရပ်ကို အကောင်အထည်မဖော်ဘဲ အရပ်သားကိုယ်စားလှယ်ကို စေလွှတ်ခြင်းလည်းမရှိပါက မြန်မာစစ်ကောင်စီအား အစည်းအဝေး တက်ရောက်ခွင့်မပြုရန် အချို့အာဆီယံနိုင်ငံများကပင် ပိတ်ပင်တားမြစ်ထားသည်။ သို့ဖြစ်၍ စစ်ကောင်စီသည် ၎င်းကို တရားဝင် အသိအမှတ်ပြုလာစေမည့် အခွင့်အလမ်းအားလုံးကို အသုံးပြုလျက်ရှိသည်။

ဥပဒေနှင့်မညီသလို “လုံးဝ မှားယွင်းသည့် လုပ်ရပ်”
================

စင်္ကာပူ၌ကျင်းပသော Max Planck ဖောင်ဒေးရှင်း၏ အလုပ်ရုံဆွေးနွေးပွဲတွင် “အရှေ့တောင်အာရှဒေသ၌ ပင်လယ်ပြင်ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု” ခေါင်းစဉ်ဖြင့် ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးမည့် အခမ်းအနား အစီအစဉ်(၆)ခုကို ထည့်သွင်းထားသည်။ ၎င်းတို့အနက်သုံးခုမှာ လူကိုယ်တိုင် မျက်နှာချင်းဆိုင် နှီးနှောဖလှယ်ပွဲများ ဖြစ်သည်။

ဖောင်ဒေးရှင်း၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားချက်အရ အဆိုပါအခမ်းအနားကို ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန(AA ) ၏ ကူညီထောက်ပံ့မှုဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။ ဂျာမနီ၏ထောက်ပံ့မှုတွင် ကိုယ်စားလှယ်များ၏ တည်းခိုနေထိုင်စရိတ်နှင့် လေယာဉ်ခရီးစရိတ်များ ပါဝင်သည်။ အခြားမြန်မာဖက်မှ တက်ရောက်မည့်သူများကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက စာရင်းရယူပြုစုခဲ့ကြောင်း သက်ဆိုင်ရာ စာပေးစာယူများကို SZ သတင်းဌာနက ရရှိခဲ့သည်။

မြန်မာကိုယ်စားလှယ်များတွင် အီးယူ၏ အရေးယူပိတ်ဆို့မှုကို ခံထားရသူ တစ်ဦးတစ်ယောက်မျှ မပါဝင်ကြောင်းသာ AA က ပြောဆိုသည်။ သို့သော် လက်ရှိအခြေအနေမျိုး၌ စစ်တပ်နှင့် နီးနီးကပ်ကပ် ပတ်သက်မှုများမရှိဘဲ စစ်ကောင်စီအတွက်အလုပ်လုပ်နေသူဟူ၍ တစ်ဦးတစ်လေမျှပင် မရှိနိုင်သည့်အချက် သို့တည်းမဟုတ် တက်ရောက်မည့်ပုဂ္ဂိုလ်အတွက် အနည်းဆုံး စစ်တပ်၏ ခွင့်ပြုချက် လိုအပ်မည့်အချက်တို့ကို မေးခွန်းထုတ်စရာများ ပေါ်ထွက်လာလျက်ရှိသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုဆိုင်ရာ မူဝါဒအကြောင်းကိုလည်း ဤအစည်းအဝေး၌ ဆွေးနွေးမည့်အကြောင်း အခမ်းအနားအစီအစဉ်တွင် ဖော်ပြပါရှိသည်။ တတိယနေ့တွင် “ပင်လယ်ရေကြောင်းသွားလာမှုအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများအား အစီအစဉ်တကျ အကောင်အထည်ဖော်ခြင်း” ဟူသော ခေါင်းစဉ်ဖြင့် လက်ထောက်သုတေသီတစ်ဦးက ဆွေးနွေးခဲ့ပြီး ဆက်စပ်ဖြစ်စဉ်များကို အလေးပေး တင်ပြခဲ့ကြောင်းသိရှိရသည်။

Читать полностью…

Khit Thit Media

ဖျာပုံတွင် အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ မတရာသေဒဏ်ပေးမှုကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဒီဇင်ဘာ ၇

ဧရာဝတီတိုင်း ဖျာပုံမြို့တွင် ပြည်သူများက အကြမ်းဖက် ဖက်ဆစ် စစ်တပ်၏ ဒဂုံတက္ကသိုလ်ကျောင်းသားများကို သေဒဏ်ပေးမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။

Читать полностью…

Khit Thit Media

ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို တပြိုင်နက်တည်း ပူးပေါင်း တိုက် ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးသူများပြား၊ လက်နက် အများအပြား သိမ်း ဆည်းရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLAနှင့် FFD Drone တပ်ဖွဲ့များက တစ်ပြိုင်နက်တည်းပူးပေါင်းတိုက်ခိုက်မှု စစ်တပ် ဘက်မှ သေဆုံး သူ များ ပြားကြောင်း KNU/KNLA သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့ နံနက် ၅ နာရီအချိန် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် အတွင်း ရှိ စစ်ကောင်စီ၏ တပ်စခန်း ၃ ခုကို KNU/KNLA တပ်မဟာ ၅ တပ် များနှင့် ပူးပေါင်းတပ်များက တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ လယ်တိုး၊ ညာတခို ကျိုး၊ ခေါပုတ်တို့ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

‘’ စခန်း(၃)ခုကို တပြိုင်နက်တည်း တိုက်တာ။ မနေ့မနက် ၆ နာရီမှာ သံလွင် ကမ်းနားက ညာတခိုကျိုး စခန်းကိုရတယ်။ ရန်သူ့ဘက်ကတော့ သေဆုံး တာ များတယ်။ ကိုယ့်ဘက်က (၂)ဦးကျတယ်။ လက်နက်အများအပြားလည်း သိမ်း ဆည်းရမိပါတယ်၊ ရှင်းလင်းရေးတွေဆက်လုပ်နေတုန်းပဲ’’ဟု KNU နှင့်နီးစပ် သည့် သတင်းရင်းမြစ်က အတည် ပြုသည်။

စစ်ကောင်စီ၏ လယ်တိုစခန်းနှင့်ခေါပုတ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ပြီး တိုက် ခိုက်မှုများတွင် KNU/KNLA နှင့်အတူ FFD Drone အဖွဲ့ကလည်း အင်အား အပြည့် ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။

Читать полностью…
Subscribe to a channel