ထီးချိုင့်တွင် အင်းတိန်ရွာသား အသက် ၈၀ အရွယ် ဦးစိန်မောင်ကို စစ်တပ်က ပစ်သတ်ပြီး တည်တောရွာကို မီးတင်ရှို့နေ
ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် အင်းတိန်ရွာသား အသက် ၈၀ အရွယ် ဦးစိန်မောင်ကို အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ကြောင်း Tigyaing Revolution - TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းတွင် အင်းတိန်ရွာသား အသက် ၈၀ ကျော် အရွယ် ဦးစိန်မောင်သည် ဇီးသောင်ရွာသို့ အလည်ရောက်ရှိနေစဥ် သာယာကုန်းရွာ ဘက်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် ဇီးသောင် တံတားထိပ်တွင် တွေ့ဆုံစဥ် စစ်သားများက ပစ်ခတ်ခဲ့ပြီး ဖွဲပုံတွင်မြှုပ်ထားခဲ့ကြောင်း သိရသည်။
"သတ်ခံရသူက အင်းတိန်ရွာသားပါ သူက ဇီးသောင်ရွာကို အလည်ရောက်နေတာ ဒီနေ့ ဇီးသောင် တံတားပေါ်မှာ စစ်ခွေးစစ်ကြောင်းနဲ့ တွေ့ပြီး ပစ်သတ်ခံလိုက်ရတာ"ဟု Tigyaing Revolution - TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်များသည် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် တည်တောရွာကို ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း သိရသည်။
ဖက်ဒရယ်စနစ်အားကောင်းစေရေး အမေရိကန်ကထောက်ပံ့အကူအညီပေးရေး၊ စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုများကို စုံစမ်းဖော်ထုတ်သည့် CSO များကို အကူအညီပေးရေး၊ နိုင်ငံရေးအကျဉ်းသားများကို ကူညီနေသည့် CSO များ၊ ငြိမ်းချမ်းရေးနှင့်ပြန်လည်သင့်မြတ်ရေး လုပ်ဆောင်နေသည့် CSO များကို ကူညီရန်လည်း ပါဝင်သည်။
အဆိုပါအကူအညီများသည် လာမည့် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် ဘဏ္ဍာရေး နှစ် အလိုက် ဆောင်ရွက်ရန်ဖြစ်ကြောင်း သိရှိရသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၈
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွေ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြင်းခြံ၊ ဗလုံရွာတွင် PDF ထံလက်နက် အပ်နှံသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို ထောင်ဒဏ် နှစ် ၅၀ ထိချမှတ်နိုင်သည့် ပုဒ်မများဖြင့် စစ်တပ်က အမှုဖွင့်
ရန်ကုန်၊ ဒီဇင်ဘာ ၈
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံရွာကို PDF တပ်ဖွဲ့က ဝင်ရောက် စီးနင်းခဲ့ စဉ် လက်နက်များ အပ်နှံခဲ့သော ကျေးရွာ အုပ်ချုပ်ရေးမှူးကို ထောင်ဒဏ် နှစ် ၅၀ အထိ ချမှတ်နိုင်သည့် ပုဒ်မများဖြင့် စစ်တပ်က အမှုဖွင့်ထားကြောင်း Natogyi Regional Defense Force - NRDF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဗလုံကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးခေါင်းဆောင် လည်း ဖြစ်သူ ကျော်ဆွေ၏ နေအိမ်ကို NRDF တပ်ဖွဲ့က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး ကျော်ဆွေထံမှ MA-3 မောင်းပြန် တစ်လက်၊ Rifle (၃)လက် နှင့် ကျည် အချို့ကို ဝင်ရောက် သိမ်းဆည်း နိုင်ခဲ့ကြောင်း သိရသည်။
ထိုဖြစ်စဥ်အတွက် အုပ်ချုပ်ရေးမှူး ပျူစောထီး ကျော်ဆွေကို အကြမ်းဖက် စစ်တပ်က မြင်းခြံ စစ်ကြောရေးသို့ ဖမ်းဆီး ခေါ်ဆောင်သွားပြီး လက်နက် ပျောက်ဆုံးမှုဖြင့် ရိုက်နှက် စစ်ဆေးလျက်ရှိကြောင်း၊ ထို့ပြင် အနည်းဆုံး ထောင်ဒဏ်နှစ် ၄၀ မှ ထောင်ဒဏ်နှစ် ၅၀ ထိ ကျခံနိုင်သည့် ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
"ကျော်ဆွေကို အကြမ်းဖက် စစ်တပ်က မြင်းခြံ စစ်ကြောရေးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး စစ်ကြောရေးမှာ လက်နက် ပျောက်ဆုံးမှုနဲ့ ရိုက်နှက် စစ်ဆေးနေတယ်လို့တော့ သိရတယ်။ အနည်းဆုံး ထောင်ဒဏ်နှစ် ၄၀ ကနေ ၅၀ ထိချမှတ်နိုင်တယ်လို့ သိထားရတယ်။ ဗလုံကျေးရွာအတွက်လည်း အုပ်ချုပ် ရေးမှူး အသစ် ထပ်မံ ရွေးချယ်မယ်လို့ သိထားရတယ်" Natogyi Regional Defence Force - NRDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
မြောက်ဥက္ကလာ အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲမှုဖြစ်၊ ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရကာ ရဲကားတစ်စီး ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၈
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၃ လမ်းဆုံရှိ စစ်တပ်နှင့်ရဲ စုပေါင်း စ်စဆေးရေးဂိတ်ကို ယနေ့ နံနက်ပိုင်းတွင် မြို့ပြပျောက်ကျားတပ် ဖွဲ့များ က ဗုံးခွဲတိုက်ခိုက်ရာ ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးပြီး စစ်သားနှင့်ရဲ ၇ ဦး ဒဏ်ရာရကြောင်း၊ ရဲကားတစ်စီး ပျက်စီးသွားကြောင်း Black Fox YGN UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန် အမှတ် ၃ လမ်းဆုံ စစ်ဆေးရေးဂိတ်ကို Black Fox YGN UG တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး မတရား သဖြင့် သေ ဒဏ် ချမှတ်ခံထားရသော ရဟန်းရှင် လူများနှင့် ကျောင်း သား များအတွက် ရည်ရွယ် ဖောက်ခွဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှု တွင် ယာဉ်ထိန်းရဲ ၁ ဦးသေဆုံးပြီး စစ်သားနှင့်ရဲ ၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ကားတစ်စီးလည်း ပျက်စီးထိခိုက်ခဲ့ကြောင်း သိရှိရသည်
"အခုမစ်ရှင်ကို သေဒဏ်ချမှတ်ခံရတဲ့လူငယ်တွေအတွက် လက်စားချေတဲ့အနေ နဲ့ အရေးပေါ်ဆောင်ရွက်လိုက်တာပါ။ အဝေးထိန်းနစ်လုံးခွဲတာ တလုံးက error တက်သွားပီး တလုံးပဲကွဲသွားတယ်။ ဘဲဥသုံးကောင်ထိတဲ့ထဲမှာ တစ်ကောင် ကတော့ သေတယ်၊ စစ်ခွေးရဲခွေး သုံးကောင်လည်း ထိတယ်။ သူတို့ရဲ့ ယာဥ် ထိန်းရဲ ကားလည်း ထိခိုက်ပျက်စီးတယ်" ဟု း Black Fox YGN UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်တပ်ဘက်ကမူ ပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းတပ်ဖွဲဝင်တစ်ဦး ဗုံးစထိမှန် ဒဏ်ရာရပြီး မပေါက်ကွဲသေးသော လက်လုပ်ဗုံးတစ် လုံးထပ်မံတွေ့သဖြင့် သိမ်း ဆည်းဖောက်ခွဲလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တွင် ဗုံးပေါက်ကွဲ၍ စစ်တပ်နှင့်ရဲက စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်သည်)
စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက အခြေခံပညာကျောင်းများအတွက် ဘောပင်နှင့်ခဲတံ ဝယ်ယူ မှု တင်ဒါရရှိ၊ စစ်တပ်ဆက်နွယ် ကုမ္ပဏီ ၁၅ ခုလုံး တင်ဒါအောင်
ရန်ကုန်၊ ဒီဇင်ဘာ ၈
အကြမ်းဖက်စစ်ကောင်စီ၏အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးပိုင် အောင်မြင့်မိုရ် လင်း ကုမ္ပဏီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်း များ အ တွက် ဘောပင်နှင့်ခဲတံ တင်ဒါရရှိသွားပြီး စစ်တပ်ကျော ထောက် နောက်ခံကုမ္ပဏီ ၁၅ ခု တစ်နိုင်ငံလုံးအတွက် တင်ဒါရရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် ဒေါ်ဥမ္မာမြင့်တွင် သားသမီး ၃ ဦးရှိပြီး ရွှေရည်ဖြိုးပြည့် ကုမ္ပဏီကို သမီးဖြစ်သူ ရွှေရည်ဖူးအောင်ကလည်းကောင်း၊ မင်္ဂလာအောင်မြေကုမ္ပဏီကို သားဖြစ်သူလှိုင်ဘွားအောင်၊ အောင်မြင့်မိုရ် လင်း ကုမ္ပဏီကို သားဖြစ်သူ ဖြိုးအာကာအောင်က လုပ်ကိုင်လျက်ရှိကြောင်း၊ စစ် တပ် နှင့် ဝန်ကြီးဌာနပိုင် လုပ်ငန်းတင်ဒါများကို ဒုဗိုလ်ချုပ်ကြီး အောင်လင်း ဒွေး၏ ကုမ္ပဏီများက တောက်လျှောက်ဆိုသလို ရရှိနေကြခြင်း ဖြစ်သည်။
"နေပြည်တော်အခြေခံပညာကျောင်းတွေအားလုံးအတွက် ဘောပင်နဲ့ခဲတံ တင် သွင်းခွင့် တင်ဒါကို အောင်မြင့်မိုရ်လင်း ကုမ္ပဏီကရပါတယ်။ သူတို့တွေက အစိုးရ တင်ဒါ အသေးလေးတွေကစပြီး အကြီးဆုံးတွေအထိ ဝင်ယူကြတယ်။ အပြင်လူကို လုပ်ခွင့်မပေးဘူး။ အခု နေပြည်တော်၊ ပြည်နယ်နဲ့တိုင်း တင်ဒါ ၁၅ခုအတွက် ကုမ္ပဏီ ၁၅ ကို တင်ဒါ ချပေးတာမှာ သူတို့လူတွေချည်းပဲ" ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။
နိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းအားလုံးအတွက် ဘောပင်နှင့်ခဲတံ တင် သွင်း ခွင့် တင်ဒါများ ချထားပေးရာတွင် ကချင်ပြည်နယ်အတွက် ငွေဗိမာန်၊ ကရင်ပြည်နယ်အတွက် အောင်ဉာဏဖြိုး၊ တနင်္သာရီ တိုင်းအတွက် ရွှေငွေခိုင်၊ ပဲခူး(ရှေ့)အတွက် လင်းသူအောင်၊ မကွေးတိုင်း အတွက် Adapt Advertising ၊ မန္တလေးတိုင်းအတွက် Student’s Guide ၊ မွန်ပြည်နယ်အတွက် မြို့မ၊ ရခိုင် ပြည် နယ်အတွက် Essential Winner ၊ ရန်ကုန်တိုင်းအတွက် Crystal City ၊ ရှမ်းပြည်(တောင်) အတွက် Htoo Thit Tagon, ရှမ်းပြည်(မြောက်) ပိုင်းအတွက် Asia Dragon Intel၊ ရှမ်းပြည်(အရှေ့)အတွက် Thidar Light ၊ ဧရာဝတီ တိုင်းအတွက် ဧရာမော်ကွန်း၊ နေပြည်တော်အတွက် အောင်မြင့်မိုရ် လင်း ကုမ္ပဏီတို့ အသီးသီးရရှိပြီး ဒီဇင်ဘာလ ၇ ရက်နေ့ တင်ဒါလက်မှတ်ထိုးပွဲ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။
ပညာရေးဝန်ကြီးဌာနက ၂၀၂၃ - ၂၀၂၄ ပညာသင် နှစ် အခြေခံပညာ ကျောင်း များအတွက် ခဲတံနှင့် ဘောပင်များ ဖြန့်ဝေချထားပေးရန် အိတ်ဖွင့် တင်ဒါ ခေါ် ယူ ရာတွင် ဈေးကွက် ပေါက် စျေး ထက်ပိုမိုတင်ထားသော တင်ဒါများကို ကုမ္ပ ဏီ ၁၅ ခုထံ ချထားပေးပြီး ဝန်ကြီးဌာနနှင့် လုပ် ငန်း ရှင်များ သိန်းသောင်း ချီ အမြတ် ရ ခွဲဝေ ယူကြကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီးဌာနက ကျောင်းများတွင် ဝေငှရန် ဘောပင်နှင့်ခဲတံများ တင်ဒါ ခေါ်ယူရာတွင် စျေးကွက်တွင် တစ်ဒါဇင် ၈၀၀ ကျပ်တန် ခဲတံကို တစ်ဒါဇင်လျှင် ငွေ့ျပ် ၁၈၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်ဒါဇင် ငွေကျပ် ၁၂၀၀ ကျပ် ဝန်း ကျင်သာ စျေးပေါက် သော ဘောပင်ကို တစ်ဒါဇင် ၂၇၀၀ ကျပ်ဖြင့် လည်း ကောင်း စျေးကွက်ပေါက်စျေးထက်ပိုမိုသော စျေးနှုန်းဖြင့် လုပ်ငန်းရှင်များကို တင်ဒါ ချပေးလိုက်ကြောင်း သိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ခဲတံနှင့် ဘောလ်ပင်များ အိတ်ဖွင့်တင်ဒါခေါ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွင် ရောင်းချခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တင်ဒါအောင် သူများကို ကြေညာခဲ့ကြောင်း၊ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများက အရည် အသွေး ညံ့သော ပစ္စည်းများကို စျေးကွက်ပေါက်စျေး ထက်ပိုပေး၍ တင်ဒါချထားပေးကာ ငွေကျပ် သိန်းသောင်းချီ လာဘ်ပေး လာဘ်ယူလုပ် ခွဲဝေရ ယူကြကြောင်း သိရှိရသည်။
“တင်ဒါကို ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာခဲ့တာ။ စျေးကွက်မှာ တစ်ဒါဇင်ကို ၈၀၀ ကျပ်ပဲ တန်တဲ့ခဲတံတွေကို တစ်ဒါဇင် ၁၇၀၀ ကျပ်နဲ့ တင်ဒါပေးတယ်။ ဘောပင် ဆိုလည်း ဈေးကွက်ထဲမှာ တစ်ဒါဇင် ၁၂၀၀ ကျပ် တန်ပစ္စည်းကို ၂၇၀၀ နဲ့ တင်ဒါချပေးတယ်။ စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား လက်ဝါးရိုက်လုပ်စားနေပါတယ်။ အဲဒါကို တင်ဒါ အဖွဲ့က မြေပြင်ဈေးကို စုံစမ်းနိုင်ရဲ့သားနဲ့ အရည်အသွေးညံ့ပစ္စည်းတွေကို ဈေးကောင်းပေးပြီး လက်ဝါးရိုက်လုပ်စားနေပါတယ်ဗျ” ဟု အဆိုပါ တင်ဒါကိစ္စနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
နိုင်ငံတစ်ဝန်းရှိ ကျောင်းများအတွက် ခဲတံနှင့် ဘောလ်ပင် တင်သွင်းရန် တင်ဒါ အောင်မြင်ခဲ့ကြသည့် ကုမ္ပဏီ ၁၅ ခုရှိပြီး အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ် သော ကုမ္ပဏီများသာဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ သားအငယ်ဖြိုးအာကာအောင်( အောင်မြင့်မိုရ်လင်းကုမ္ပဏီ)၊ တစ်နိုင်ငံလုံးတင်ဒါအောင် ကုမ္ပဏီစာရင်း။
ဆွစ်ဇာလန်က တရားမဝင်မြန်မာစစ်ကောင်စီကို ညီလာခံတက်ရောက်ရန် ဖိတ်ကြားထားမှုအား ပြန်လည်ရုတ်သိမ်း
ရန်ကုန်၊ ဒီဇင်ဘာ ၈
ဆွစ်ဇာလန်နိုင်ငံဟာ မြန်မာအကြမ်းဖက် စစ်ကောင်စီကို ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒီညီလာခံဟာ Global Partnership for Effective Development Co-operation (GPEDC) ကစီစဥ်ခဲ့တာ ဖြစ်ပါတယ်။ GPEDC ဆိုတာကတော့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပံ့ပိုးပေးသူတွေ၊ အစိုးရတွေ၊ UNDP၊ OECD၊ ဖွံ့ဖြိုးရေးဘဏ်တွေ၊ လွှတ်တော်အမတ်တွေ စီးပွါးရေးလုပ်ငန်းရှင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ကြတဲ့ ကဏ္ဍစုံကွန်ရက်တစ်ခုပဲ ဖြစ်ပါတယ်။
Swiss Agency for Development and Cooperation (SDC) ရဲ့ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ သံအမတ်ကြီး Thomas Gass က သူရဲ့ GPEDC ပူးတွဲဥက္ကဌ လုပ်ပိုင်ခွင့်ကိုသုံးပြီး တရားမဝင်စစ်အုပ်စုက အပိုင်စီးထားတဲ့ ဂျနီဗာမြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းမစ်ရှင် ကတဆင့် မြန်မာစစ်အုပ်စုကို ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်တဲ့ သူရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။
တကယ်တော့ ဂျီနီဗာမှာရှိတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (HRC) က မြန်မာနိုင်ငံ အမြဲတမ်းမစ်ရှင် အဖွဲ့ဝင်တွေကို မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်တွေ မဟုတ်တဲ့အတွက် ၂၀၂၁ ခုနှစ်ကတည်းက လူ့အခွင့်အရေးကောင်စီမှာ ပေးမတက်ပဲ ပိတ်ထားခဲ့တာပါ။
နိုင်ငံတကာ တရားဝင်မှုကို အာသာငမ်းငမ်း လိုချင်နေတဲ့ စစ်ကောင်စီဖက်ကတော့ အဆိုပါညီလာခံမှာ ၄င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားရေးဆက်ဆံရေး လက်ထောက်ဝန်ကြီး ဒေါက်တာဝါဝါမောင်ကို အွန်လိုင်းကနေ တက်ရောက်စေဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး Justice For Myanmar က သံအမတ်ကြီး Gass ကို စာရေးသားပေးပို့မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဆိုပါ ထိပ်သီးညီလာခံကနေ တရားမဝင် မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားတာကို ပယ်ဖျက်ပေးဖို့နဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ညီလာခံ တက်ရောက်ရန် ဖိတ်ကြားဖို့ သံအမတ်ကြီး Gass ကို တောင်းဆိုခဲ့တယ်လို့ JFM ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလိုဖော်ပြပြီး မကြာမှီ ဒီဇင်ဘာ ၇ ရက်ညပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ဂျီနီဗာမြို့မှာ ဒီဇင်ဘာ ၁၂ ရက်နေ ၁၄ ရက်အထိ ကျင်းပမယ့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားမှုမှာ မြန်မာနိုင်ငံမပါဝင်ဘူးလို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါထုတ်ပြန်ချက်ထဲမှာ ထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ကုလသမဂ္ဂက အသိအမှတ်ပြုထားတဲ့ အစိုးရ အဖွဲ့ကိုယ်စားလှယ်တွေကို ဖိတ်ကြားမှာ ဖြစ်ပြီး မြန်မာနိုင်ငံတော့ မပါဝင်ဘူးလို့ ဖော်ပြထားတာပါ။
ဒီလို ထိပ်သီးညီလာခံကို မြန်မာစစ်ကောင်စီကို မဖိတ်ဖို့ ဆွစ်ဇာလန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Justice for Myanmar က ယနေ့ ဒီဇင်ဘာ ၈ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Justice for Myanmar အဖွဲ့ရဲ့ ယခင်ထုတ်ပြန်ချက်မှာတော့ ဆွစ်ဇာလန်အစိုးရဟာ နိုင်ငံတကာဥပဒေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတန်ဖိုးတွေကို လက်ကိုင်ထားရမယ့်အစား စစ်အုပ်စုနဲ့ လက်တလော ထိတွေ့ဆက်ဆံတာတွေနဲ့ ရှေ့ဆက်ထိတွေ့ဆက်ဆံသွားဖို့ ကြုးစားတဲ့ လုပ်ရပ်တွေဟာ တရားမဝင်စစ်အုပ်စုကို တရားဝင်မှု ပေးတာဖြစ်ပြီး၊ ဒါဟာစစ်အုပ်စုကို စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အရေးယူအပြစ်ပေးခံရခြင်း တစုံတရာမရှိတဲ့ မြန်မာစစ်တပ်ကို ဆက်ပြီး ကျူးလွန်ဖို့ အတင့်ရဲစေမှာ ဖြစ်တယ်လို့ ဝေဖန်ထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် GPEDC အနေနဲ့ UN စနစ်အတွင်း မြန်မာနိုင်ငံပြည်သူတွေကို ကိုယ်စားပြုနိုင်တဲ့ အခွင့်အာဏာရှိသူ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ညီလာခံသို့ ဖိတ်ကြားရမှာဖြစ်ပြီး၊ ဆွစ်ဇာလန်အစိုးရအနေနဲ့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုထောက်ခံခြင်းဖြင့် ၄င်းတို့ရဲ့ ဒီမိုကရေစီတန်ဖိုးတွေနှင့်အညီ လိုက်နာလုပ်ဆောင်ရမယ့်အချိန် ဖြစ်တယ်လို့လည်း သတင်းထုတ်ပြန် တောင်းဆိုထားပါတယ်။
..................
#အကြမ်းဖက်စစ်ကောင်စီအတွက်_မည်သည့်နိုင်ငံတကာစင်မြင့်ကိုမှ_မရရှိစေရ ...
#အကြမ်ူဖက်စစ်ကောင်စီ၏_နိုင်ငံတကာတရားဝင်မှုရအောင်_ကြိုးပမ်းမှုမှန်သမျှ_ရိုက်ချိုးကြ ...
နေပြည်တော်တွင် ကျောင်းသားများကို သေဒဏ်ပေးခြင်း ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်
ရန်ကုန်၊ ဒီဇင်ဘာ ၈
နေပြည်တော်တွင် လူငယ်များ စုပေါင်း၍ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးကို သေဒဏ်ပေးခြင်းကို ဆန့်ကျင်ကြောင်းနှင့် စစ်အာဏာရှင့်ကို ဆန့်ကျင်ကြောင်း ဒီဇင်ဘာ ၈ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
တန့်ဆည်တွင် ပြည်သူများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း တန့်ဆည်မြို့ရှိ ကျေးရွာတစ်ရွာတွင် တန့်ဆည်ပင်မသပိတ်စစ်ကြောင်းဦးဆောင်၍ `ဆိတ်သုဥ်းနေတဲ့လူ့အခွင့်အရေး တော်လှန်ရေးနဲ့သိမ်းပိုက်ကြ´´ ၊`
လုံးဝအုပ်ချုပ်ခွင့်မရစေရ´´စာတန်းများကို ကိုင်ဆောင်၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်သပိတ်မှောက်ခဲ့ကြသည်။
မတ္တရာ-စစ်ကိုင်း မြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ်က ညအချိန် စစ်ကြောင်းထိုးနေ၍ ပြည်သူထောင်ချီ ထွက်ပြေးရ
ရန်ကုန်၊ ဒီဇင်ဘာ ၈
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နှင့်စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်း ဖက် စစ်တပ်က ညအချိန် စစ်ကြောင်းထိုးနေကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ညပိုင်းတွင် မန္တလေးတိုင်း မတ္တရာမြို့နယ် ဧရာ၀တီ မြစ်ရိုး တစ်လျောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးဝင်ရောက် လာသောကြောင့် ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ် ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အတွင်းရှိ ချောင်းမကြီးကျေးရွာ၊ အုန်းသဇင်ကျေးရွာ၊ မြေတိုင်း ကျေး ရွာ၊ ထိပ်ဆူကုန်းကျေးရွာ၊ ထုံးဘိုကျေးရွာ၊ ကသဲတာကျေးရွာနှင့် မသီလီကျောင်းကျေးရွာတို့မှ ဒေသခံ ပြည်သူများနှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အတွင်းရှိ ရောက်မဆုပ်ကျေးရွာ၊ ရွှေခဲပြန် ကျေးရွာ၊ အိုင့်ဒိုင်ကျေးရွာ၊ သုံးဆယ်ပေးကျေးရွာ၊ ရွာသာအေးကျေးရွာ၊ ဆုပေါင်းကျွန်းကျေးရွာ၊ ဒင်းဂါးကျွန်း ကျေးရွာ၊ ဒေါင်းကျွန်းကျေးရွာနှင့် ရွှေဘိုးကြီးကျေးရွာတို့မှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။
" စစ်ကောင်စီ တပ်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေလို့ မတ္တရာနဲ့ စစ်ကိုင်းမြို့နယ် အစပ် ရွာတွေက ပြည်သူတွေ ဘေးလွတ်ရာကို ပြေးရတယ်။ ပြည်သူတွေ ၁၈ ဦးနဲ့ ၁၉ ဦးလောက် ဖမ်းဆီးခံရတယ် သိရပေမယ့်လည်း အတည်မပြုနိုင်သေးဘူး။ ညဘက်ကြီး ပြေးနေရတာဆိုတော့ လက်ရှိ အခြေ အနေတွေကို အတည်ပြုဖို့ခက်နေတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ- ညအချိန် ဆောင်းတွင်းကာလ ထွက်ပြေးနေရသည့် အပြစ်မဲ့ ပြည်သူများ။
တစ်ဒါဇင်လျှင် ငွေကျပ် ၁၂၀၀ သာစျေးရှိသည့် ဘောပင်များကို ၂၇၀၀ ကျပ်၊ တစ်ဒါဇင်လျှင် ၈၀၀ ကျပ် သာ ရှိသော ခဲတံများကို ၁၈၀၀ ကျပ်ဖြင့် ဝယ်ယူခွင့်တင်ဒါများ ချထားပေး၊ ပညာရေးဌာန နှင့် ကုမ္ပဏီများ လက်ဝါးချင်းရိုက် သိန်းသောင်းချီ အမြတ်ခွဲဝေယူကြ
ရန်ကုန်၊ ဒီဇင်ဘာ ၈
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၃ - ၂၀၂၄ ပညာသင် နှစ်အတွက် ကျောင်းသူ ကျောင်းသူများအတွက် ခဲတံနှင့် ဘော ပင်များ ချထားပေးရန် အိတ်ဖွင့် တင်ဒါခေါ်ယူရာတွင် ဈေးကွက် ပေါက် စျေး ထက် ပိုမိုတင်ပြီး ဝန်ကြီးဌာနနှင့် လုပ်ငန်းရှင်များ သိန်းသောင်းချီ အမြတ် ရ ခွဲဝေ ယူကြကြောင်း သိရှိရသည်။
ပညာရေးဝန်ကြီးဌာနက ကျောင်းများတွင် ဝေငှရန် ဘောပင်နှင့်ခဲတံများ တင်ဒါခေါ်ယူရာတွင် စျေးကွက်တွင် တစ်ဒါဇင် ၈၀၀ ကျပ်တန် ခဲတံကို တစ်ဒါဇင်လျှင် ငွေ့ျပ် ၁၈၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်ဒါဇင် ငွေကျပ် ၁၂၀၀ ကျပ်ဝန်းကျင်သာ စျေးပေါက် သော ဘောပင်ကို တစ်ဒါဇင် ၂၇၀၀ ကျပ်ဖြင့် လည်းကောင်း စျေးကွက်ပေါက်စျေးထက်ပိုမိုသော စျေးနှုန်းဖြင့် လုပ်ငန်းရှင်များကို တင်ဒါ ချပေးလိုက်ကြောင်း သိရှိရသည်။
စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာန၏ ခဲတံနှင့် ဘောလ်ပင်များ အိတ်ဖွင့်တင်ဒါခေါ်ခြင်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ၁၁ ရက်နေ့တွင် ရောင်းချပြီး ၁၄ ရက်နေ့တွင် တင်ဒါပိတ်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တင်ဒါအောင် သူများကို ကြေညာခဲ့ကြောင်း၊ ဝန်ကြီးဌာနနှင့် ကုမ္ပဏီများပေါင်း၍ အရည် အသွေး ညံ့သော ပစ္စည်းများကို စျေးကွက်ပေါက်စျေးထက်ပိုပေး၍ ငွေကျပ် သိန်းသောင်းချီ ခွဲဝေရယူကြကြောင်း သိရှိရသည်။
“တင်ဒါကို ဒီဇင်ဘာ ၅ ရက်နေ့က ကြေညာခဲ့တာ။ စျေးကွက်မှာ တစ်ဒါဇင်ကို ၈၀၀ ကျပ်ပဲ တန်တဲ့ခဲတံတွေကို တစ်ဒါဇင် ၁၇၀၀ ကျပ်နဲ့ တင်ဒါပေးတယ်။ ဘောပင် ဆိုလည်း ဈေးကွက်ထဲမှာ တစ်ဒါဇင် ၁၂၀၀ ကျပ် တန်ပစ္စည်းကို ၂၇၀၀ နဲ့ တင်ဒါချပေးတယ်။ စျေးကွက်ပေါက်စျေးထက် နှစ်ဆ တင်ပြီး ဌာနနဲ့ ကုမ္ပဏီတွေ ဝေစားမျှစား လက်ဝါးရိုက်လုပ်စားနေပါတယ်။ အဲဒါကို တင်ဒါ အဖွဲ့က မြေပြင်ဈေးကို စုံစမ်းနိုင်ရဲ့သားနဲ့ အရည်အသွေးညံ့ပစ္စည်းတွေကို ဈေးကောင်းပေးပြီး လက်ဝါးရိုက်လုပ်စားနေပါတယ်ဗျ” ဟု အဆိုပါ တင်ဒါကိစ္စနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
နိုင်ငံတစ်ဝန်းရှိ ကျောင်းများအတွက် ခဲတံနှင့် ဘောလ်ပင် တင်သွင်းရန် တင်ဒါ အောင်မြင်ခဲ့ကြသည့် ကုမ္ပဏီ ၁၅ ခုရှိပြီး အကြမ်းဖက်စစ်တပ်နှင့် ဆက်နွယ် သော ကုမ္ပဏီများသာဖြစ်ကြောင်း ၊ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၁၀ နာရီတွင် တင်ဒါအောင်ပစ္စည်းကို စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သိရှိရသည်။
ဖာပွန်ရှိ မဲဝိုင်စခန်း အပါအဝင် စစ်တပ်စခန်းများကို KNLA တိုက်ခိုက်မှု စစ်သားများ သေဆုံး၊ တိုက်လေယာဉ်များဖြင့် ဗုံး ၃ ကြိမ်ကျဲ၍ စစ်တပ်က လက်တုံ့ပြန်
----------------------------------------------------------------------
ဖားကန့်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅၀ နီးပါးထိခိုက်သေဆုံးမှုရှိနိုင်၊ ရှမ်းပြည် နယ် တွင်လည်း တိုက်ပွဲများပြင်းထန်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၇
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ စစ်ကောင်စီ တပ် စခန်းများဖြစ်ကြသည့် မဲဝိုင်၊ လယ်တိုး၊ ညာတခို ကျိုး၊ ခေါပုတ်စခန်း တို့ ကို KNLA တပ် များက ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ တပ် စခန်းတချို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်သားများ သေဆုံးမှု များ ပြားကြောင်း သိရှိရသည်။
စစ်ကောင်စီ၏ မဲဝိုင်၊ ညာတခိုကျီုး၊ လယ်တိုစခန်း၊ ခေါပုတ်စခန်းကိုလည်း တိုက်ခိုက်ခဲ့ပြီး တိုက် ခိုက်မှုများတွင် KNU/KNLA နှင့်အတူ FFD Drone အဖွဲ့ကလည်း အင်အား အပြည့် ဖြင့် ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
"တချို့စခန်းတွေ သိမ်းထားမိတယ်လို့ သိရပါတယ်။ စစ်တပ်ဘက်က သေ တာလည်း များတယ်။ လက်နက်တွေလည်း ရတယ်လို့သိရပါတယ်။ အသေး စိတ်ကတော့ သက်ဆိုင်ရာက သတင်းထုတ်ပြန်မှပဲ သိနိုင်ပါမယ်" ဟု KNU သတင်းရင်းမြစ်က ပြောသည်။
အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ စခန်းများ တိုက်ခိုက် သိမ်းပိုက်ခံရသဖြင့် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၄ နာရီ ၂၅ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်တွင်လည်းကောင်း တိုက်လေယာဉ် ၃ စင်းဖြင့် ဗုံး ၁၄ လုံးကျဲ ချခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ပိုင်း ဖာပွန်မြို့အခြေစိုက်တပ်စခန်းက ကျေးရွာများသို့ ၁၂၂-မမအမြောက်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရှိရ သည်။
ထို့ပြင် ယမန်နေ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ ဘုန်းကြီး ကျောင်းတွင်တပ်စွဲထားသော စစ်တပ်ကို KIA နှင့် PDF ပူးပေါင်း တပ်များက ဝိုင်းဝန်းတိုက်ခိုက်ကြရာ စစ်တပ်ဘက်မှ ၅၀ နီးပါးထိခိုက်သေဆုံးနိုင်ကြောင်း ကချင်သတင်းရင်းမြစ်များက ပြောဆိုကြ သည်။
ဒီဇင်ဘာလ ၆ ရက်နေ့ ညနေ ၄ နာရီအချိန် ၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဘုံကျေးရွာ၊ မဒဲ့ယန်ဘုန်းကြီး ကျောင်းတွင် ပြည်သူ ၃၀ ကျော်ကို စစ်တပ် အင်အား ၈၀ ခန့်ပါစစ်ကြောင်းက ဖမ်းဆီးထားပြီး ဓားစာခံနှင့် လုပ်အား ပေး လမ်းပြပေါ်တာ အဖြစ် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထို့ကြောင့် KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်ကြကြောင်း၊ တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ် ဘက်မှ ၅၀ နီးပါးထိခိုက်သေဆုံးပြီး KIA နှင့် PDF ဘက်မှ ၄ ဦး ထိခိုက် သေဆုံးကြောင်း သိရှိရသည်။
"ဂန့်တာနဲ့ ဒဏ်ရာရတာ ပေါင်းရင် စစ်သား ၅၀ ဦးဝန်းကျင်လောက် ရှိနိုင်တယ်။ အတိအကျတော့ ပြောလို့မရသေးဘူး။ KIA တပ်ရင်း ၁၂ ကချင်-ရှမ်းမြောက် အစပ် မဘိန်းဘက်မှာရှိတဲ့ စစ်ခွေးတွေကို ရဟတ်ယာဉ်နဲ့ သယ်ထုတ်ပြီး ဖားကန့်ဘက်မှာ အားဖြည့်နေတာ ၂ ရက်ရှိပြီ။ စစ်ခွေးတွေဘက်က ခုရက်ပိုင်း ဖားကန့်မှာ တော်တော်နာနေတယ်" ဟု ကချင်သတင်းရင်းမြစ်က ဆိုသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်တွင် PSLF/TNLAတပ်များ နှင့် စစ်ကောင်စီတပ်များ ယနေ့ တိုက်ပွဲပြင်း ထန်နေပြီး နမ့်ဆန်မြို့နယ် ကုန်းသာ ကျေးရွာတွင် အခြေစိုက်ထားသော ခလရ ၁၃၀ က ည ၉ နာရီကျော်အချိန် လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း၊ ပြည်သူပိုင် လူနေ အိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း၊ ယနေ့မွန်းလွဲပိုင်း ၂ နာရီ ၅ မိနစ် အချိန်မှ ယခုညအချိန်အထိ တိုက်ပွဲပြင်းထန်နေကြောင်း၊ စစ်တပ် က လက် နက် ကြီးပစ်ကူ၊ လေကြောင်းတိုက်မှုနှင့်အတူ မြေပြင်တွင် PSLF/TNLA အခြေစိုက် နေရာများကို ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
"အခု တိုက်ပွဲဖြစ်တာက စစ်တပ်ဘက်က စပြီး ထိုးစစ်ဆင်တာ။ စစ်ကြောင်း တွေ က TNLA နေရာတွေထဲဝင်လာပြီး စတိုက်တာပါ" ဟု ရန်ကုန်ခေတ်သစ် ၏ သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- KNU တပ်မဟာ ၅ နယ်မြေကို ယနေ့နံနက်ပိုင်း အကြမ်းဖက် စစ်တပ် က လေယာဉ်ဖြင့် ဗုံးကျဲချမှုမြင်ကွင်း။
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၇
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
Telegram Channel နှင့် Facebook စာမျက်နှာတို့တွင် သတင်း တင်ဆက် မှုများ ရှိသည်။ Telegram ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်ထားသည်။ တင်ဆက်မှု များအနေဖြင့် MRTV, MWD တို့ သတင်း ထုတ်ပြန်ချက် ရုပ်သံဖိုင်များ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။
၂၀၂၂၊ ဇူလိုင်လထိ သတင်းပုံမှန်တင်ဆက်မှု ရှိခဲ့ပြီး သြဂုတ်လမှစတင်၍ တစ်လ သတင်းအပုဒ်ရေ ၂ ပုဒ်၊ ၃ ပုဒ်လောက်သာ ဖော်ပြထားသည်။ Facebook page တွင်လည်း စကစ ထုတ်ပြန်သည့်သတင်းများသာ အဓိက ထား ဖော်ပြသည်။
Queen for peace news agency
အယ်ဒီတာချုပ် မျိုးပပဖြိုးဝေလွင်ဆိုသူမှ တာ၀န်ယူလုပ်ကိုင်သည်။ စစ်ကောင် စီ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်းမေးမြန်းမှုများ ပြုလုပ် သည်။ အွန်လိုင်းစာမျက်နှာတွင် မတွေ့ရှိရဘဲ သတင်းစာရှင်းလင်းပွဲရှိသည့် အခါမျိုး တက်ရောက်မေးမြန်းသည်ကို တွေ့ရသည်။
နိုင်ငံသစ္စာသတင်းဌာန
အယ်ဒီတာချုပ် အောင်ကျော်ဦးဆိုသူမှ တည်ထောင်ထားသည်။ Facebook page တွင် သတင်းပုံမှန်တင်ဆက်လျက် ရှိသည်။ စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲများတွင် တက်ရောက်သတင်းယူမေးမြန်းမှု ပြုလုပ်သည်။
အွန်လိုင်းစာမျက်နှာကို ၂၀၂၁၊ သြဂုတ်လတွင် စတင်ထားသည်။ သတင်းပြန့် နှံ့မှုမှာ Likes ဆယ်ဂဏန်းမျှသာ ရှိသည်။
Golden Hand Journal
Golden Hand ဂျာနယ်သည် ကြံ့ခိုင်ရေး ကိုယ်စားလှယ်ဟောင်း ဘူးလက် လှဆွေ ထုတ်ဝေသော်ဘူးလက် ဂျာနယ်ကို အမည်ပြောင်း၍ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သောဂျာနယ် ဖြစ်သည်။
ဘူးလက်လှဆွေ အား နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဝရမ်း ထုတ် ထား သောကြောင့် ဦးလှဝင်းမောင်အမည်ဖြင့် ပြောင်းလဲထုတ်ဝေ ခဲ့သည်။
Golden Hand ဂျာနယ်နှင့် ဘူးလက်ဂျာနယ် တို့တွင် ပါဝင်သော ကြော်ငြာ အများစုမှာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။ Golden Hand ဂျာနယ်သည် NUG အစိုးရနှင့် PDFတပ်ဖွဲ့ဝင်များအား ဝေဖန်မှုသတင်း ဆောင်း ပါးများ၊ ဦးဝီရသူ၏ ဆောင်းပါး များအား အလေးပေး ရေးသား ဖော်ပြ ခဲ့သည်။
ဂျာနယ်၏ အဓိကကြော်ငြာတွင် တပ်မတော် စီးပွားရေးလုပ်ငန်း ကြော်ငြာများ အစဉ်တစိုက်ထည့်သွင်းခဲ့သည်။ အပတ်စဉ်ကြာသပတေးနေ့တိုင်းထုတ်ဝေပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အတွဲ (၄) - အမှတ် (၃၅) ထိထုတ်ဝေပြီး ဖြစ်သည်။
၂၀၂၂၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော အတွဲ(၄)၊ အမှတ် (၃၅)တွင် ခေါင်းစီးမျက်နှာဖုံးတွင် စစ်တပ်မှ ကေအိုင်အိုဌာနရှိ အနန့်ပါ လေကြောင်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခံရမှုအပေါ် “မငိုပါနဲ့ ကေအိုင်အို”ဆိုသည့် ခေါင်းစဥ်ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။
မြန်မာသံတော်ဆင့်ဂျာနယ်
ဂျာနယ်ကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ထုတ်ဝေခဲ့သည့် ဂျာနယ် ဖြစ်သည်။ ထုတ်ဝေသူအဖြစ် အယ်ဒီတာချုပ် ကျော်စွာဝင်းမှ တာ၀န်ယူ ထားသည်။ ၂၀၂၀ ခုနှစ်မှ ဂျာနယ်ထုတ်ဝေမှု ရပ်နားခဲ့သည်။ စစ်တပ် အာဏာ သိမ်းပြီးနောက်တွင် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်းယူမေးမြန်မှုများ တွေ့ရသည်။
သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းမှုများကို တာ၀န်ခံအယ်ဒီတာ ကိုကိုကြီးမှ မေးမြန်းသည်ကိုလည်း တွေ့ရသည်။ ဂျာနယ်ကို ၂၀၂၂ ခုနှစ်တွင် ပြန်လည် ထုတ်ဝေလျှက်ရှိသည်။
သူရိယနေဝန်းဂျာနယ်
၂၀၁၃၊ အောက်တိုဘာ ၂၆ တွင် စတင်ထုတ်ဝေသည်။ မိုးဟိန်း (CEO) အဖြစ် တာ၀န်ယူ ဆောင်ရွက်သည့် သူရိယအလင်း ဂျာနယ်ကို ထုတ်ဝေသူ က ရပ်နားလိုက်သည့်အတွက် သူရိယနေ၀န်းဂျာနယ်အား အပတ်စဥ် စနေ နေ့တိုင်း အစားထိုး ထုတ်ဝေခဲ့သည်။ ထုတ်ဝေသူမှာ ဦးခင်အေးဖြစ်ပြီး အယ်ဒီ တာ ချုပ် မိုးဟိန်းမှ ဦးစီးလုပ်ကိုင်သည်။
စတင်ထုတ်စဥ်ကပင် ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေး သမား များ ၏ အရှုပ်တော်ပုံများကို ငွေကြေးအကျိုးအမြတ်အတွက် ရေးသားခြင်း၊ လက်ရှိအစိုးရကို ထိခိုက်စေသည့် ရေးသားဖော်ပြချက်များ ပါရှိသည့်အတွက် ဖတ်ရှုသုံးသပ်၍ လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန် ကြီး ဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားခဲ့သည်။
၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် မီဒီယာကျင့်ဝတ်နှင့် မလျှော်ညီဘဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့၏ မိသားစုပုံများကို ဖော်ပြ၍ “ခွေးသားရေပေါ်မှာ ရေးမှတ် ထားရမယ့်ငွေကြောင့် မြန်မာပြည်အား သစ္စာဖောက်ကြသူများ” ဆောင်ပါး ရေးသား ဖော်ပြခဲ့ ခြင်းကြောင့် သတင်း မီဒီယာကောင်စီက သူရိယနေဝန်းဂျာ နယ်ကို တောင်းပန်စာ အမြန်ဆုံး ရေးသားဖော်ပြရန် နှင့် နောက်နောင် ယခုကဲ့ သို့ မပြုလုပ်တော့ပါကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးရန် အရေးယူခဲ့သည်။
လက်ရှိတွင် အယ်ဒီတာချုပ် မိုးဟိန်းသည် စစ်တပ်ပိုင် မြဝတီမှ ထုတ်လွှင့်သည့် အင်တာဗျူး အစီအစဥ်တွင် အပတ်စဥ်တိုင်းအမေးအဖြေကဏ္ဏတွင် ပါဝင် ဖြေ ကြား နေပြီး စကစ သတင်းစာရှင်းလင်းပွဲများတွင် သတင်းမေးမြန်းမှုများ ရှိ သည်။ သတင်းတက်ရောက်မေးမြန်းသူ - မိုးဟိန်း၊ သဇင်ဦးတို့ဖြစ်သည်။
97 Media
97 Media ကို 2018 သြဂုတ်လမှ စ၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် အမှတ်ဖြင့် ဖော်ပြတင်ဆက်နေသည့် မီဒီယာတစ်ခုဖြစ်သည်။ အယ်ဒီတာချုပ် နန္ဒလင်း(ထားဝယ်)မှ တာ၀န်ယူလုပ်ကိုင်သည်။
9 Kထိရှိပြီး Telegram တွင် Subscribers 15,724 ရှိသည်။ သတင်းဖော်ပြမှုများတွင် Viewer 1K ကျော်မှ 6K ကျော်ထိ ရှိသည်။ နေ့စဥ်အနေဖြင့် သတင်းအပုဒ်ရေ ၁၀ ပုဒ်ကျော်ဖော်ပြလျက်ရှိသည်။
လူငယ်စကားဝိုင်း -Youth Talk
၂၀၂၂၊ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စတင်ထားသည်။ Likes 7.5K နှင့် Followers 9K ရှိသည့် Facebook page တစ်ခုဖြစ်သည်။ NUG, PDF, CDM များကို အကြမ်းဖက်အဖွဲ့အစည်းများဟု ရုပ်သံဖြင့် သုံးနှုန်း ဖော်ပြ နေခြင်းဖြစ်သည်။
Facebook စာမျက်နှာအပြင် Telegram channel နှင့် youtube Channel များတွင် ဖော်ပြတင်ဆက်သည်။ Telegram Channel တွင် လစဥ် ၂ ပုဒ်မှ ၃ ပုဒ်ခန့်ဖော်ပြပြီး Viewer 1K ကျော်မှ 8K ကျော်ထိရှိကာ Subscribers 4465 ထိရှိသည်။ Telegram Channel နှင့် Youtube Channel ကို ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီ ၂၄ ရက်နေ့တွင် စတင်ထားသည်။ Youtube Channel တွင် Subscribers 391 ရှိသည်။
Myanmar Public Press News Agency
(မြန်မာပြည်သူသတင်းထောက်များသတင်းအေဂျင်စီ)
အယ်ဒီတာချုပ် ဇော်မင်းနိုင်ဆိုသူမှ တာ၀န်ယူထားသည်။ စစ်ကောင်စီသတင်း စာ ရှင်းလင်းပွဲများတွင် တက်ရောက်မေးမြန်း မှုများ ရှိသည်။ စကစအလိုကျ ဖွဲ့စည်းထားပြီး မြို့နယ်သတင်းထောက်ဆိုသူ တိုးတိုးနိုင်၊ မြင့်နိုင်၊ တာ၀န်ခံ အယ်ဒီတာ စိန်မြင့်အောင်တို့နှင့် ဖွဲ့စည်းထားသည်။
သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းရာတွင် တာ၀န်ခံ အယ်ဒီတာ ဒေါက်တာ စိုးမြင့်ဦး (လွှတ်တော် ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ ဘဝမြင့်တက်ရေးအဖွဲ့ချုပ်) မှ တက်ရောက်မေးမြန်း သည်။ အွန်လိုင်း စာမျက်နှာ မျိုး မတွေ့ရဘဲ ဇော်မင်းနိုင်(မိုးနတ်သား)အကောင့်တစ်ခုသာ တွေ့ရသည်။
လူထုရင်ဖွင့်သံဂျာနယ်
လူထုရင်ဖွင့်သံဂျာနယ်သည် Facebook page အနေဖြင့် ‘လူထုရင်ဖွင့်သံ သတင်းနှင့်ပြန်ကြားရေး” ဆိုသည့် စာမျက်နှာရှိပြီး June လထိ သတင်း ဖော်ပြလျက်ရှိသည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရ ဂျာနယ်တစ်စောင်ဖြစ်ပြီး 2022၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် အတွဲ (၁)၊ အမှတ်(၁)ကို စတင်ထုတ် ဝေခဲ့ပြီး တစ်လ (၁)ကြိမ်ထုတ် ဖြစ်သည်။
စစ်ကောင်စီသတင်းစာရှင်းလင်းပွဲများကို တက်ရောက်မေးမြန်း ခြင်းများ ပြုလုပ်သည်။ ဂျာနယ်ရုံးကို ပဲခူးမြို့တွင်တည်ရှိပြီး အဲဒီတာချုပ်ဖြစ်သည့် ဦးမောင်မောင်သန်းဆောင်မှ ဦးဆောင် ဖွဲ့စည်းထားသည်။ စုပေါင်းစွမ်းအား များသတင်းအေဂျင်စီကို လည်း ၂၀၂၀ တွင် တာ၀န်ယူလုပ်ကိုင်ခဲ့သည်။
ခေတ်ပုံရိပ်သတင်းဂျာနယ်
ဂျာနယ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အတွဲ(၁) အမှတ်(၄၅)ထိ ထွက်ရှိထားသည်။ ပဲခူးမြို့တွင်အခြေစိုက်ပြီး ၂၀၁၉ တွင် စတင်ထုတ်ဝေခဲ့သည်။ လက်ရှိတွင် စကစ၏ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်မေးမြန်း သတင်း ယူလျက် ရှိပြီး Facebook စာမျက်နှာတွင် အာဏာမသိမ်းခင် ဇန်န၀ါရီ ၃၀ ထိ သတင်းတင်ဆက်မှု ရှိခဲ့ပြီး လက်ရှိတွင် တင်ဆက်မှု မရှိတော့ဘဲ တာ၀န်ခံအယ်ဒီတာ လှလှဝင်း(သန်လျင်)မှ လဝန်းမေ လဝန်းမေ အမည်ရှိ Facebook page မှ ဖော်ပြ လျက်ရှိသည်။
သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းသူ သတင်းထောက် ရဲရင့်မိုးမိတ်၊ မွန်ပြည်နယ်သတင်းတာ၀န်ခံ အေးလွင်။ သတင်းထောက် နေမင်း(သထုံ)၊
Trend Journal
Trend News Journal တစ်စောင်သည့် စစ်ကောင်စီ အာဏာသိမ်းပြီး (၁) နှစ်အကြာ (၂၀.၁.၂၀၂၂) ရက်နေ့တွင် အတွဲ (၁) အမှတ်(၁)ကို အပတ်စဥ် ကြာသပတေးနေ့တိုင်း ထုတ်ဝေသည့် ဂျာနယ်တစ်စောင်ဖြစ်သည်။
ဂျာနယ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အမြို့မြို့အနယ်နယ်ရှိ ဂျာနယ်အရောင်းဆိုင်များတွင် ဝယ်ယူဖတ်ရှုနိုင်ကြောင်း သိရသည်။ Facebook pages ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် စတင်ထားပြီး စကစ နှင့်ပတ်သက်သည့် သတင်းများကို အဓိကထား ဖော်ပြသည်။
Likes – 8.2K နှင့် Followers 17K ရှိသည်။ လက်ရှိတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ထုတ် အတွဲ(၁) အမှတ် (၄၁) ထိ ထွက်ရှိထားသည်။
လူထုကလောင်သတင်းအေဂျင်စီ
ဂျာနယ်ကို ၂၀၁၇၊ ဇန်နဝါရီလတွင် စတင်ထုတ်ဝေခဲ့ပြီး အမှတ်စဥ် (၄) ထိ ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ထုတ်ဝေဖြန့်ချီခြင်း မတွေ့ရတော့ပေ။
ဂျာနယ်ကို သထုံမြို့တွင် အခြေစိုက်သည်။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း တွင် သတင်းအေဂျင်စီအဖြစ် ပြန်လည်ထွက်ပေါ်လာပြီး စစ် ကောင်စီသတင်းစာရှင်းလင်းပွဲများတွင် သတင်းမေးမြန်းမှုများ တွေ့ရသည်။ အွန်လိုင်းစာမျက်နှာများ မတွေ့ရှိရပေ။
Myanmar Insider သတင်းဂျာနယ်
ဂျာနယ်ကို ၂၀၁၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့သည်။ တစ်လ (၁) ကြိမ်ထုတ် စီးပွားရေးဂျာနယ်တစ်စောင်ဖြစ်ပြီး အင်္ဂလိပ်စာဖြင့် ပုံနှိပ်ရိုက်နှိပ်ကာ တန်ဖိုး ၄၀၀၀ ကျပ်ဖြင့်ဖြန့်ချီသည်။
ထုတ်ဝေသူ ဒေါက်တာတင်မောင်သူဖြစ်ပြီး အကြီးတန်းအယ်ဒီတာ မင်းရဲကျော် မှ တာ၀န်ယူလုပ်ကိုင်သည်။ Facebook pages တွင် Likes – 33K, Followers – 34K ရှိသည်။ စကစ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်း မေးမြန်း မှုရှိသည်။
ဂျာနယ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ အတွဲ (၉)၊ အမှတ် (၁၀၃) ထိ ထုတ်ဝေထားသည်။ သတင်းစာရှင်းလင်းပွဲကို အေးချမ်းဆိုသူက တက်ရောက် သည်။
Top Phoenix သတင်းအေဂျင်စီ
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ဆွတ်ဇလန်နိုင်ငံ ဂျီနီဗာမှာ လုပ်မယ့် စီးပွားရေးဆိုင်ရာ ထိပ်သီးညီလာခံမှာ မြန်မာကို မဖိတ်ထားဘူးလို့ ဆွစ်ဇာလန်- သံရုံးနေ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
- မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဗလုံရွာကို PDF တပ်ဖွဲ့တွေက ဝင်ရောက် စီးနင်းခဲ့တဲ့အချိန် လက်နက် တွေ အပ်နှံခဲ့တဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ထောင်ဒဏ် နှစ် ၅၀ အထိ ချမှတ်နိုင်တဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီတပ်က အမှုဖွင့်ထားတယ်လို့ Natogyi Regional Defense Force - NRDF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၃ လမ်းဆုံမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ရဲ စုပေါင်း ထားတဲ့ စစ်ဆေးရေး-- ဂိတ်ကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ မနက်ပိုင်းမှာ မြို့ပြပျောက်ကျားတပ် ဖွဲ့တွေကနေ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/wblnRDyIUfM
NUG ၊ NUCC နှင့် CRPH ကို ထောက်ခံရန်နှင့် CDM လှုပ်ရှားမှုကို အားပေး ရန်၊ PDF နှင့် တိုင်းရင်းသား လက်နက် ကိုင်များကို နည်းပညာအကူ အညီ ပေး ရန်၊ MOGE အပါအဝင် စစ်တပ်၏ ဝင်ငွေ ကို ပိတ်ဆို့အရေးယူရန် တို့ပါဝင် သည့် အမေရိကန်အမျိုးသား ကာကွယ်ရေး ဥပဒေ အသက်ဝင်တော့မည်
ရန်ကုန်၊ ဒီဇင်ဘာ ၈
မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော အကြမ်းဖက် လူသတ် စစ်ကောင်စီ၏ အာဏာသိမ်းမှုအရေးကို အမေရိကန်အမျိုးသား ကာကွယ်ရေး ဥပဒေ (NDAA) ၏ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းပြီး အမေရိကန်အစိုးရက ကိုင်တွယ်မှုများ ရှိလာတော့မည်ဖြစ်သည်။
လက်ရှိတွင် NDAA 2023 ဥပဒေ သည် အမေရိကန်အောက်လွှတ်တော်တွင် အတည်ပြုလိုက်ပြီး အထက်လွှတ်တော်က အတည်ပြုပြီးပါက သမ္မတ လက် မှတ် ရေးထိုး၍ ဥပဒေအဖြစ် အတည်ပြုမည်ဖြစ်သည်။
ယမန်နှစ် NDAA ဥပဒေတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ Indo-Pacific ခေါင်းစဉ်အောက်မှာ စာမျက်နှာ အနည်းငယ်သာ ပါရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် အမေရိကန်အမျိုးသားကာကွယ်ရေး ဥပဒေတွင် မြန်မာ့အရေးနှင့်ပတ်သက်၍ ပြဋ္ဌာန်းချက် ၂၅ မျက်နှာပါဝင်လာခြင်းမှာ ထူးခြားချက်ပင်ဖြစ်သည်။
အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေတွင် စာမျက်နှာ ၄၄၀၈ မျက်နှာ ပါဝင်ပြီး မြန်မာ့အရေး ကိုင်တွယ်ရန် စာမျက်နှာ ၂၅ မျက်နှာ ပြဋ္ဌာန်းထားသည်။ အမေရိကန်ပြည်ထောင်စု၏ မြန်မာ့အရေးမူဝါဒ အဖြစ် ၈ ချက်ပါဝင်သည်။
၁-မြန်မာပြည်သူများ၏ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု တိုက်ပွဲဝင် နေမှုကို ဆက်လက်ထောက်ခံအားပေးရန်။
၂- စစ်အာဏာရှင်ဆန့်ကျင်ရေး ၊ စစ်အာဏာရှင် အဆုံးသတ်ရေး တိုက်ပွဲဝင် နေသော မြန်မာနိုင်ငံအတွင်းနှင့် မြန်မာနိုင်ငံ ပြင်ပမှ NUG ၊ NUCC ၊ CRPH နှင့် CDM လှုပ်ရှားမှု၊ အခြားအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံအားပေးရန်။
၃- လူထုရွေးကောက်ထားသော အရပ်သားအစိုးရလက်သို့ အာဏာပြန်အပ်ရေး၊ စစ်တပ်သည် အရပ်သားအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ထိုအရပ်သား အုပ်ချုပ်မှုသည် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် လူနည်းတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်သော အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး၊ နိုင်ငံရေး နှင့်စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖော်ရန်။
၄-အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများအပေါ် ကျူးလွန်သော လူအခွင့် အရေး ချိုးဖောက်မှုများ၊ တိုင်းရင်းသားများအပေါ်ကျူးလွန်သော လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ကျူးလွန်သူများကို တာဝန်ခံမှုရှိစေရေး ဆောင် ရွက်ရန်။
၅-စစ်တပ်ကို ထောက်ခံနေသော တရုတ်နှင့်ရုရှားကို တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ရန်။
၆-စစ်တပ်၏ ကျူးလွန်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာ ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ဆက်လက် ပေးရန်။
၇-နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေးဆောင်ရွက်ရန်။
၈-ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ၊ မြန်မာပြည်တွင်းမှပြည်သူများအတွက် လူသားချင်း စာနာ ထောက် ထားမှု အကူအညီများကို စစ်တပ်ထံ ဖြတ်သန်းခြင်းမပြုဘဲ ထောက်ပံ့ကူညီနိုင်ရန် တို့ပါဝင်သည်။
စစ်တပ်၊ စစ်ဗိုလ်ချုပ်များ၊ စီးပွားရေးလုပ်ငန်းများကို အရေးယူခြင်း
=====================================
အမေရိကန် အမျိုးသားကာကွယ်ရေးဥပဒေ အတည်ပြုပြီးသည်နှင့် မြန်မာ စစ်တပ်ဗိုလ်ချုပ်များ၊ စီးပွားရေးကုမ္ပဏီများ၊ ဆက်နွယ်နေသော ပြည်ပ ကုမ္ပဏီများနှင့်လူပုဂ္ဂိုလ်များ၊ စစ်တပ်အတွက် ငွေရှာပေးနေသည့် မြန်မာ့ ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စီးပွားရေးများ၊ လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများကို အမေရိကန်က အရေးယူရန် ဖော်ပြထားသည်။
ဒဏ်ခတ်အရေးယူမှုများသည် ၈ နှစ်တာကာလအထိ တည်ရှိနေမည်ဖြစ်ပြီး ယင်းအရေးယူမှုများကို ရပ်ဆိုင်းလိုပါက သမ္မတက ကွန်ကရက်ကို တင်ပြ၍ ဆောင်ရွက်ရန်လည်း ပြဋ္ဌာန်းထားသည်။
ထို့ပြင် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို လုံး၀ ပိတ်ဆို့အရေးယူရန် ကုလ သမဂ္ဂလုံခြုံရေးကောင်စီမှတစ်ဆင့် ရှုတ်ချခြင်း၊ ပိတ်ပင်ခြင်းများ လုပ်ဆောင်ရန် ပါဝင်သည်။
PDF နှင့် EAOများကို အမေရိကန်က နည်းပညာနှင့်လက်နက်မဟုတ်သော အကူအညီပေးမည်
===========================================
မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များ၊ People’s Defense Forces (PDF) များ၊ ဒီမိုကရေစီရေး လှုပ်ရှား နေကြ သည့် အဖွဲ့ အစည်း များအတွက် ဆက်သွယ်ရေး၊ အမိန့်ပေး ထိန်းချုပ် ကွပ်ကဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်း ခိုင်မာလာ စေရန် နည်းပညာနှင့် လက်နက်မဟုတ်သော အထောက်အပံ့များပေးရန်ဥပဒေတွင် ပါဝင်သည်။
ထို့ပြင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေး ပြန်ထူ ထောင်ရန်အားပေးသော မြန်မာစစ်တပ်မှတပ်ဖွဲ့ဝင်ဟောင်း များနှင့် ပတ် သက်သည့် အစီအစဉ်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို ကူညီရန်လည်း ပါဝင်သည်။
သိန္နီတွင် လက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
ရန်ကုန်၊ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်၊ သိန္နီမြို့နယ်၊ နမ့်ဇလပ်ကျေးရွာတွင် မနေ့က ဒီဇင် ဘာလ ၇ ရက် နံနက် ၈ နာရီခန့်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ရွာသား( ၂) ဦး ပွဲချင်း သေဆုံးပြီး( ၂) ဦး ပြင်း ထန် စွာဒဏ်ရာရရှိကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း-TWO ထံက သိရသည်။
မည်သည့်နေရာက ပစ်လိုက်မှန်းမသိသည့် လက်နက်ကြီးကျည်တစ်လုံးသည် နေအိမ်ရှေ့မိသားစုလိုက် နေပူစာလှု့နေသော ယာအေအုပ်တို့ မိသားစု အရှေ့တည့်တည့် ကျရောက် ပေါက်ကွဲခဲ့ရာ မိသားစုလိုက် ထိမှန် ခဲ့ပြီး ယာအေအုပ်နှင့် သူမ၏သား မိုင်းအိုက်မွန်းတို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ ယာအေအုပ်၏ သမီး အငယ်ဆုံးဖြစ်သူ လွေးအေပိုတွင် ခြေထောက်နှင့် လက်တို့တွင်လည်းကောင်း၊ အိမ်နီးချင်းဖြစ် သည့် ကူန်းကံမ်(ခ)ဦးဖြာအင်း၌ ခါး၊ ဦးခေါင်းအောက်၊ လည်ပင်းနှင့် လက်မောင်းတို့တွင် ပြင်းထန် ဒဏ်ရာရရှိ ခဲ့ပြီး လားရှိုးဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း သိရသည်။
“မနေ့တုန်းက လက်နက်ကြီးကျခဲ့တာ ကျနော်တို့လည်း အံ့ဩနေကြတယ်၊ မနက် ၈ နာရီဆိုတော့ စောပါသေးတယ်၊ အနီးအနားတိုက်ပွဲဖြစ်တာလည်း မရှိဘူး၊ လက်နက်ကြီးက ဘယ်ကနေ ရောက်လာ မှန်းတော့ မသိဘူး၊ သူတို့အိမ်လည်း တော်တော်များများ ထိခိုက်ပျက်ဆီးတယ်”ဟု နမ့်ဇလပ်အုပ်စုမှ ရွာသားတဦးက ပြောသည်။
အဆိုပါ နေအိမ်သည် အမှတ် ၅၆၈ တပ်ကုန်းအောက်တွင် ရှိပြီးပစ်ခတ်လိုက်သော လက်နက်ကြီးသည် ၎င်းတပ်ကုန်းကို ဦးတည် ပစ်ခတ်တာဖြစ်နိုင်ကြောင်း ရွာသားများမှ သုံးသပ်ပြောဆိုနေကြသည်။
မနေ့က ဒီဇင်ဘာလ ၇ ရက်နေ့မှ စ၍ ယနေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းရှိ ဟူးမန်း၊ မန်လုံး၊ ကုန်းသာ ရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ထိုးစစ်ဆင်နေရာ TNLA တပ်ဖွဲ့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိ ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ထီးချိုင့် မြို့နယ်ရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က ယနေ့ မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် အတွင်းရှိ ပေါက်ကုန်း၊ ကျက်သရေချောင်းရွာ၊ ပျဉ်းစုရွာ၊ မန်ကျီးပင်ရွာ၊ သစ်မှုံညိုရွာနှင့် သခွတ်ချောင်ရွာများကို ယနေ့ ဒီဇင် ဘာ ၈ ရက်နေ့တွင် စစ်တပ် စစ်ကြောင်းများက မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာကို စစ်တပ်က ဒီဇင်ဘာ ၇ ရက်နေ့တွင် ဝင် ရောက်စီးနင်းခဲ့ပြီး ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်တွင် မီးတင်ရှို့ခဲ့ကြောင်း၊ မီးရှို့မှုကြောင့် နေအိမ် ၁၄ လုံး ပြာကျခဲ့ကြောင်း ဒေသ ခံများက ပြောသည်။
ထို့ပြင် ထီးချိုင့်မြို့နယ်ကျက်သရေချောင်းရွာကိုလည်း ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင် ဝင်ရောက်၍ တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ များက ဆိုသည်။
စစ်တပ်က ကျက်သရေချောင်းရွာကို နိုဝင်ဘာ ၁၁ ရက်နေ့တွင် ပထမ အကြိမ် အဖြစ် နေအိမ် ၁၁ လုံးကိုလည်းကောင်း၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် ဒုတိယ အကြိမ် အဖြစ် နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် တတိ ယ အကြိမ်မြောက် မီးရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်တပ်စစ်ကြောင်း တစ်ခုသည် ပျဉ်းစုရွာကို ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အခြားစစ်တပ် စစ်ကြောင်းတစ်ခုကလည်း မန်ကျီးပင်ရွာကို ယနေ့ နံနက် ၁၁ နာရီ ၅၀ မိနစ်နှင့် သစ်မှုံညိုရွာကိုမူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်များတွင် မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရှိရသည်။
“ထီးချိုင့်မြို့နယ်ထဲက မြောက်ပြင်ဘက်ရှိ ရွာတွေကတော့ အကုန် ကုန် လောက် တယ် ဒီအတိုင်းဆိုရင် ။ ရွာတွေက ကြိုတင်ရှောင်နေကြတယ်။ အင်အားက များတယ်။ စစ်ကြောင်းတွေ ခွဲပြီး ရှို့တာ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ပြောကြားသည်။
ထို့အတူ သခွတ်ချောင်ရွာကိုလည်း ယနေ့ မွန်းလွဲ ၁ နာရီ ၄၂ မိနစ်အချိန်မှ စတင်၍ စစ်တပ်က မီးတင်ရှို့နေကြောင်း၊ သခွတ်ချောင်ရွာသည် ယနေ့တွင် တတိယ အကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်တပ်က သခွတ်ချောင်ရွာကို မတ်လ ၆ ရက်နေ့တွင် ပထမအကြိမ်အဖြစ် နေအိမ် ၁၂ လုံး၊ ဒီဇင်ဘာ ၃ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် လူနေအိမ်နှင့် စပါးတိုက်အပါ ၃၅ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
ပုံစာ - ပေါက်ကုန်းရွာ မီးရှို့ခံရသည့် နေအိမ်များ
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာ၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်လန်း၊ သရဖီ နဲ့ ရွာသာအေးကျေးရွာတွေကို ဒီကနေ့ ဒီဇင်ဘာလ ၈ ရက်နေ့မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA တပ်ဖွဲ့ကနေ ဒီဇင်ဘာလ ၇ ရက်နေ့ မနက်ပိုင်းက မိုင်းဆွဲ တိုက်ခိုက်မှုရာမှာ စစ်ကောင်စီဘက်က ၄ ဦး သေသွား တယ်လို့ နယ်မြေခံ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
- မန္တလေးတိုင်း၊ မတ္တရာမြို့နယ် နဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် အစပ်မှာရှိတဲ့ ကျေးရွာတွေကို ဒီဇင်ဘာ ၇ ရက်နေ့ညအချိန်ကြီး အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာနေ ပြည်သူမြောက်အမြား ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/_ZI5hmYLwWk
ကနီတွင် လူ့အခွင့်အရေးနေ့ အကြို ဟောပြောပွဲနှင့် စစ်အာဏာရှင်ဆန်ကျင်ရေးသပိတ်ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၈
ကနီမြို့နယ်တွင် ကျေးရွာ (၆)ရွာ စုပေါင်း၍ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက လူ့အခွင့်အရေးနေ့ အကြို ဟောပြောပွဲနှင့် စစ်အာဏာရှင်ဆန်ကျင်ရေးသပိတ်ကို နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ကနီမြို့နယ်)
မှ ဦးဆောင်၍ ပြုလုပ်ခဲ့သည်။
အခမ်းအနား၌ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး အကအဖွဲ့များမှ ပြည်သူ့စည်းရုံး လှုံ့ဆော်ရေး အကများဖြင့် တေးသရုပ်ဖော် ဖျော်ဖြေခဲ့ကြပြီး ကနီမြို့နယ် သပိတ်ဦးဆောင်သူများမှ လူ့အခွင့်အရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးကြောင်းတရားများ အသီးသီး ဟောပြောခဲ့ကြသည်။
ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာ၊ ပေါက်မြို့နယ်၊ လယ်လန်း၊ သရဖီနှင့်ရွာသာအေး ကျေးရွာများကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့
ရန်ကုန်၊ ဒီဇင်ဘာ၈
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပေါက်ကုန်းရွာ၊ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လယ်လန်း၊ သရဖီနှင့် ရွာသာအေး ကျေး ရွာ များကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့လျက်ရှိကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဒီဇင်ဘာ ၈ ရက်နေ့ ၊ နံနက် ၇ နာရီခွဲအချိန် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သိရှိရသည်။
"စစ်ကြောင်း ၄ကြောင်းနဲ့ ကျေးရွာတွေကို မီးရှို့နေတယ်။ ဘယ်သူမှ ဒီကောင်တွေကို မတားနိုင် တော့ဘူးလား။ရွာမီးရှို့လို့ ကုန်ချင်ကုန်ပါစေ။ စစ်ခွေးတွေကိုသာ နိုင်အောင်လုပ်ကြပါ" ဟု ထီးချိုင့်ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီက ထီးချိုင့်မြို့နယ်တွင် နိုဝင်ဘာ၂၅ရက်နေ့မှစတင်ပြီး မီးရှို့လျက်ရှိရာမှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ကျေးရွာ ၁၄ ရွာ မီးရှို့ခံရကြောင်း၊ သခွတ်ချောင်၊ ကျက်သရေကျောင်း၊ ဆူးပုတ်ချောင်း၊ အင်းတိန်၊ လေသာ၊ ပဲခင်း၊ရွှေချောင်း၊ ဘိုတဲကုန်း၊ အောင်သာကုန်း၊ အလယ်တော၊ အင်ကျင်းကုန်း၊ ဇီးသောင် အရှေ့ရွာ၊ ဇီးသောင်အနောက်ရွာတို့ မီးရှို့ခံရကြောင်း သိရှိရသည်။
ထို့ပြင် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်း မကွေးတိုင်း၊ ပေါက်မြို့တောင်ပိုင်း လယ်လန်းကျေးရွာ၊ သရဖီ ကျေးရွာ၊ ရွာသာအေးကျေးရွာများကို စစ်တပ်က မီးရှို့လျက်ရှိကြောင်း သိရှိရသည်။
" ဒီဇင်ဘာလ ၇ ရက်နေ့ မှာ ပေါက်မြို့က ထွက်လာတဲ့ အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကြောင်းဟာ ပေါက်မြို့ တောင်ပိုင်း ခြေလျင်ဆင်းပြီး ကျသိုက်ကျေးရွာကို စတင်မီးရှို့ခဲ့ပါတယ်။ မနေ့ ညပိုင်း ၈ နာရီ ခန့်မှာ လယ်လန်းကျေးရွာကို ထပ်မံ မီးရှို့ခဲ့ပါတယ်။ ဒီနေ့ နံနက် ၈ နာရီအချိန်မှာလည်း သရဖီ ကျေးရွာ ရွာနှင့် ရွာသာအေး ကျေးရွာကိုပါ ထပ်မံ မီးရှို့နေပါတယ်။ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ နယ်မြေခံ ပျူစောထီး ကျေးရွာတွေနဲ့ ပေါက်မြို့သို့ သွားရာ လမ်း ကြောင်း တလျှောက်ရှိ ကျေးရွာ တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ ဖျက်ဆီးနေတာပါ။ ကျေးရွာ ၁၅ ရွာခန့် ပြည်သူ ၅၀၀၀ ခန့် နေရပ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရတာပါ။ အိမ်ခြေ ၄၀၀ ခန့် မီးလောင်ပြာကျနိုင်ပါတယ်" ဟု ပေါက်မြို့သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနဟာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသူ ကျောင်းသူတွေအတွက် ခဲတံနဲ့ ဘောပင်တွေကို ချထားပေးဖို့ အိတ်ဖွင့်တင်ဒါခေါ်ယူရာ ဈေးကွက် ပေါက်စျေးထက် ပိုမိုတင်ပြီး ဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်တွေ သိန်းသောင်းချီ အမြတ်ခွဲဝေ ယူကြတယ်လို့ သိရပါတယ်။
- ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ KNU တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ မဲဝိုင်၊ လယ်တိုး၊ ညာတခိုကျိုး၊ ခေါပုတ်စခန်းတို့ကို KNLA တပ်တွေက ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းမှာ တိုက်ခိုက် ခဲ့ရာ တပ်စခန်းတချို့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး အကြမ်းဖက်တပ်သားတွေ သေဆုံးမှုများတယ်လို့ သိရပါတယ်။
- မန္တလေး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာမှာ အကြမ်းဖက်စစ်တပ်လက်အောက် ခံ သွေးသောက်အဖွဲ့ဝင်တွေက NLD ပါတီဝင် ၄ ဦး အပါအဝင် ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေ ကို တင်ဆက်ပေးပါမယ်။
https://youtu.be/8KeVAmUw47k
ယင်းမာပင် မြောက်ခြမ်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် စစ်ကြောင်း ချီတက်
ရန်ကုန်၊ ဒီဇင်ဘာ ၈
စစ်ကိုင်းတိုင်း၊ ယင်းမာပင် မြောက်ခြမ်းတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာ ရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းကို ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
မင်္ဂလာဒုံမြို့နယ် ရဲစခန်းကို PDF များက ဖောက်ခွဲ တိုက်ခိုက်၊ သာကေတတွင် စစ်တပ် သတင်းပေး၊ မဘသနှင့် အစွန်းရောက် အမျိုးသားရေးသမား ရဲစိန် ပစ်ခတ်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၈
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ် မြို့မရဲစခန်းကို မြို့ပြ UG အဖွဲ့များက အဝေးထိန်းဗုံးဖြင့် ယမန်နေ့ညပိုင်း ဖောက်ခွဲ တိုက် ခိုက်ခဲ့ကြောင်း Dark shadow အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆို သည်။
ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီခန့်တွင် UMCD အင်အားစု တပ်ဖွဲ့တစ်ခုနှင့် မဟာမိတ် တပ်ဖွဲ့ KMD 18 တို့ပူးပေါင်းကာ အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအတွင်း ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အဆိုပါ ရဲစခန်းသည် ဖမ်းဆီးခံထားရသော ရဲဘော်များ၏ မိသားစုဝင်များအား အကျပ်ကိုင် ငွေကြေးတောင်းခံခြင်း၊ ရပ်ကွက်ရှိ လူမိုက်များနှင့်ပေါင်း၍ ပြည်သူလူထုကို ဖိနှိပ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ စစ်ဆင်ရေးသည် ကြည့်မြင်တိုင်အင်အားစု KMD 18 ၏ မဟာမိတ်ညီနောင်အဖွဲ့ဖြစ်သော Dark shadow အဖွဲ့၏ ရန်ကုန်မြို့ပြ UG အဖြစ် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သော ၁ နှစ်ပြည့်နေ့ အဖြစ် တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရသည်။
" Dark Shadow အဖွဲ့ တော်လှန်ရေး ၁နှစ်ပြည့်မှသည် ရန်ကုန်အတွက်အောင်ပွဲဆီသို့ ညီနောင် ရဲဘော်များ အားလုံးနှင့် အတူလက်တွဲပြီး ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း အားသစ် လောင်းဆုတောင်းလိုက်ပါတယ်" ဟု Dark shadow အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ် အချိန် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၈ ရပ်ကွက်၊ နဝရတ် (၁) လမ်းထိပ် တွင် စစ်တပ်အတွက် သတင်းပေးလုပ်နေသည်ဟု စွပ်စွဲခံရသူ ရဲစိန် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
"သာကေတ ၈ရပ်ကွက် ထိပ် သာသနာ့ရက္ခိတဓမ္မာရုံရှေ့မှာ အကြော်ရောင်းတဲ့ အညာသား ခေါ် ရဲစိန် ဆိုတဲ့ကောင်က မဘသ ။ သာကေတ ၈ ရပ်ကွက် မှာ ၉၆၉ ဆိုင်းဘုတ်ထောင်ပြီး ဖဲဝိုင်း၊ ကြိတ်ဝိုင်း နဲ့ လောင်းကစားဒိုင် လုပ်နေတာပါ။ အကြီးကောင်တို့နဲ့လည်း ရင်းနှီးပါတယ်။ အာဏာသိမ်းပြီး ၂ လ လောက်မှာ ရပ်ကွက်ထဲက ဝိုင်းရိုက်လို့ ထွက်ပြေးသွားရပါတယ်။ နောက်ပိုင်း ပြန်ရောက်လာပြီး ငါက မဘသ ဘယ်ကောင်မှ စောက်ဂရုမစိုက်လို့ ရပ်ကွက်ထဲပြန်လာတာ ငါတို့ စစ်တပ်နိုင်နေပြီကွဆိုပြီး ကြွေးကြောက်တယ်။ သူက အရင် မဘသ တောင်ဒဂုံ ဝံသာနု အဖွဲ့ဝင်ပါ။ အခုလလည်း ရပ်ကွက်ရုံး ထဲခြေရှုပ်ပြီး အာကျယ်နေလို့ အပစ်ခံရတာလို့ သိရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၈
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၇ ရက်နေ့ ရရှိထားသော အချက် အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ် သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေ အပ်ပါသည်။
အရာတော်တွင် သပိတ် စစ်ကြောင်း ၃ ခု ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၇
အရာတော်တွင် ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ် စစ်ကြောင်း၊ အညာပစ်တိုင်းထောင်လေးများ သပိတ်စစ်ကြောင်းနှင့် အောင်စည်တော် သပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့တွင် "ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ၊ သမိုင်းမရိုင်းတဲ့ အနောက် မြောက်တိုင်း" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
97 Media သည် Facebook page တွင် မကြာခဏဖြုတ်ချခံရလျက်ရှိပြီး Page အမည်များပြောင်းလဲကာ တင်ဆက်ဖော်ပြလျက်ရှိသည်။ စကစမှ ထုတ်ပြန် သည့်ဝါဒဖြန့်ချီရေးသတင်းများကို အဓိကထား ဖော်ပြကာ NUG, PDF များကို အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် ပုံဖော် တင်ဆက်သည်။
Telegram Channel ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် စတင်ခဲ့ပြီး Subscribers 1,270 ရှိသည့် Channel တစ်ခုဖြစ်သည်။ သတင်း ဖော်ပြမှု များအနေဖြင့် တစ်နေ့လျှင် သတင်းအပုဒ်ရေ (၂၀) ကျော်ခန့်ဖော်ပြပြီး MRTV, MWD တို့မှ ဖော်ပြသည့် သတင်း များကို အဓိကထား ဖော်ပြသည်။ သတင်း များဖော်ပြမှုများတွင် Viewer အနေဖြင့် ၅၀ မှ ၁၀၀ ကြားတွင် ရှိသည်။
အကျိုးစီးပွားဆက်စပ်နေသော မီဒီယာများ
Eleven Media Group
Eleven သတင်းစာကို ၂၀၁၃၊ မေလ ၃ တွင် စတင်ထုတ်ဝေခဲ့ပြီး ၎င်းအပြင် သတင်းဂျာနယ်၊ အားကစား ဂျာနယ် များကိုပါ အပတ်စဥ်ထုတ်ဝေ လျက်ရှိ သည်။ ပိုင်ရှင်မှာ ဒေါက်တာသန်းထွဋ်အောင် ဖြစ်ပြီး ၂၀၁၀ နောက်ပိုင်း တွင် မြစ်ဆုံဆက်လက်မလုပ်ဆောင်နိုင်ရန် ကန့်ကွက်ခဲ့ကြသည့် ပညာရှင်များ၏ ဆောင်ပါးများကို ၎င်းမီဒီယာမှ ထည့်သွင်းရေးသားဖော်ပြခဲ့သည့်အတွက် ပြည်သူလူထုအကြား အမည်ရရှိခဲ့သည်။
၂၀၁၆၊ နို၀င်ဘာလ ၉ ရက်နေ့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒေါ်လာတစ်သိန်းဝန်းကျင်တန် Patek Phillipe နာရီအား လာဘ်စားသည်ဟု ဆောင်းပါးရေးသားခဲ့သည့်အတွက် Eleven Media နှင့် ဒေါက်တာသန်းထွဋ် အောင်ကို ၆၆ (ဃ)ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ထို့နောက် ၂၀၁၈ အောက်တိုဘာ ၁၀ ရက်နေ့တွင် လွှတ်တော်အမတ်များကို ဝေဖန်သည့် ဆောင်ပါးရေးခြင်း ကြောင့် Eleven အယ်ဒီတာချုပ် ကျော်ဇောလင်း ၊ တာဝန်ခံ အယ်ဒီတာ နရီမင်း နှင့် သတင်းထောက်ချုပ် ဖြိုးဝေတို့ကို (၅၀၅ - ခ) ဖြင့် တရားစွဲ ဆိုခြင်းခံခဲ့ရသည်။
စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်းတွင် စကစသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းမေးမြန်းလေ့ပြီး သတင်းစာ၊ ဂျာနယ်များတွင် စကစ နှင့်ပတ်သက်သည့်သတင်းများကို အဓိကထားရေးသားလျက်ရှိသည်။ စစ်တပ်သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းသူများမှာ သတင်းထောက် အောင်မင်းသိန်း၊ ဒုတိယသတင်းထောက်ချုပ် မျိုးနိုင်စိုးတို့ဖြစ်သည်။
Popular News Journal
ပေါ်ပြူလာ ဂျာနယ်ကို ၁၉၉၇ ခုနှစ် ဇွန်လကပင် ထုတ်ဝေခဲ့သည်။ ပိုင်ရှင်မှာ ယခင်သန်းရွှေလက်ထက် အတွင်းရေးမှူး ၃ ဗိုလ်ချုပ်ဝင်းမြင့်၏ သမီး ဒေါ်နန်း ကလျာ ဝင်းဖြစ်သည်။
ယင်း ဂျာနယ် တွင် တက်ကြွစွာ လုပ်ကိုင်နေသူ မြတ်ခိုင်မှာ စစ်တပ် ၊ ယခင် ထောက်လှမ်းရေးတို့နှင့် နီးစပ်သော ဆက်ဆံရေး ရှိသူဟု လူသိများသည်။
ပေါ်ပြူလာဂျာနယ်သည် ဖြော်ဖြေရေး အသွင်ယူထားသော ဂျာနယ် တစ်စောင် ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ သတင်း စာရှင်းလင်းပွဲသတင်းများ ၊ စစ်တပ်နှင့်သက်ဆိုင်သော သတင်းများကို အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သတင်းများကို အသားပေး ဖော်ပြနေခဲ့သည်။
One News Online
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ ပြန်ကြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရ သတင်း အေဂျင်စီတစ်ခုဖြစ်သည်။ Sky Net ရဲ့ သတင်းဌာနခွဲတစ်ခုဖြစ်သည်။ CNN ရုပ်သံဌာနရဲ့ မိတ်ဖက်ရုပ်သံဌာနတစ်ခုဖြစ်သည်။ Facebook , Website, Youtube တို့တွင် သတင်းများပုံမှန်တင်ဆက်နေခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းအများအပြား ထွက်သွားခဲ့ပြီး မူဝါဒအပြောင်းအလဲများ ဖြစ်ခဲ့သည်။ ထို့နောက် စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲ များတွင် သတင်းတက်ရောက်မေး မြန်းမှုများ ပြုလုပ်လျက်ရှိသည်။
နိုင်ငံတကာသတင်း၊ အာကစား၊ ပြည်တွင်းသတင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုများ တင်ဆက် သည်။ Facebook page တွင် Likes – 1.2M, Followers - 1.9M ထိရှိသည်။ Youtube Channel တွင်လည်း သတင်း ထုတ်လွှင့်များ တင်ဆက် လျက် ရှိပြီး Subscribers – 57.3K ရှိသည်။ သတင်းစာရှင်းလင်းပွဲ တက်ရောက် မေးမြန်းသူ - သတင်းထောက်သွန်းထူးအောင်ဖြစ်သည်။
အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲသို့ တက် ရောက်ခွင့်ရသူများ ၊ တက်ရောက်နေသည့် သတင်းမီဒီယာများသည် ၎င်းတို့ အလိုကျ ရေးသားသူများ ၊ ၎င်းတို့ကို ထောက်ခံသူများသာဖြစ်ကြပြီး ၎င်းတို့ကို ဆန့်ကျင်သူများအကြောင်း လေသံများ မကြားလိုသူများ ၊ မကြား ရဲသူ များသာ ဖြစ်နေကြသည်။
လူမှုကွန်ရက်မီဒီယာတွင် နည်းလမ်းမျိုးစုံ ၊ အမည်မျိုးစုံဖြင့် ဝါဒဖြန့်ချီရေးကို တွင်တွင်ကျယ်ကျယ် လုပ်နေကြသူများဖြစ်ပြီး Facebook ၏ community standard နှင့်ညိ၍ အကောင့်ဖျက်သိမ်းခံရမှုများ ရှိသော်လည်း နာမည်ပေါင်းစုံ ဖြင့် ပြန်လာနေကြသူများလဲဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း နာမည်ဆိုး ဖြင့် ကျော်ကြားလာခဲ့သည့် စစ်လော်ဘီ ဝါဒဖြန့် ချိရေးသမားများအကြောင်း ဆက် လက်တင်ပြပါဦးမည်။
၂၀၁၈ ခုနှစ်၊ ဧပြီလမှာ စတင်ခဲ့သည့် သတင်းအေဂျင်စီတစ်ခုဖြစ်သည်။ တည် ထောင် သူ မောင်သူခိုင်ဖြစ်သည်။ Facebook page တွင် သတင်းများ ပုံမှန်တင်ဆက်လျက်ရှိသည်။ နေ့စဥ်သတင်းအပုဒ်ရေ (၅) ပုဒ်ခန့်တင် ဆက် သည်။ Facebook pages တွင် Likes – 123,297, followers -188,635 ရှိသည်။ စကစသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းမေးမြန်းမှု ရှိသည်။ တက်ရောက်မေးမြန်းသူ - အကြီးတန်းသတင်းထောက် သန်းဝင်းဦး (ဧရာ) ဖြစ်သည်။
WH) News Agency
သတင်းအေဂျင်စီကို ၂၀၁၉ ခုနှစ်၊ မတ်လမှာ စတင်တည်ထောင်ထားသည်။ တည်ထောင်သူ ဦးဟိန်းထက်ဌေးလွင် ဖြစ်ပြီး နေပြည်တော်၌ အခြေစိုက်သည်။ Facebook စာမျက်နှာတွင် သတင်းများပုံမှန်တင်ဆက်လျက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ထိ သတင်းတင်ဆက်မှုရှိသည်။ Facebook page တွင် Likes – 30838, Followers – 35,880 ရှိသည်။ စကစသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းမေးမြန်းမှု ရှိသည်။
သတင်းတက်ရောက်မေးမြန်းသူ - သတင်းထောက် ကျော်ဝဏ္ဏဖြစ်သည်။
တဲ့ပြောသတင်းဌာန
တဲ့ပြောသတင်းအေဂျင်စီသည် ကရင်ပြည်နယ်၊ ဘားအံ့မြို့အခြေစိုက်သည့် မီဒီယာတစ်ခုဖြစ်သည်။ ၂၀၂၀၊ ဧပြီလတွင် “မြဝတီတွင် ကိုဗစ်လူနာ သေဆုံး သွား ပြီ”ဟု သတင်းအမှားတင်ခဲ့သည့်အတွက် အယ်ဒီတာချုပ် ဇော်မင်းဦး(ခ) ဇော်ရဲထက်ကို ၂၀၂၀၊ မေလ ၂၀ တွင် ပုဒ်မ (၅၀၅) နဲ့ ဘားအံ့မြို့နယ်တရားရုံမှ ထောင်ဒဏ် ၂ ချမှတ်ခဲ့သည်။
၄င်းသတင်းအေဂျင်စီသည် လက်ရှိတွင် စစ်ကောင်စီသတင်းစာရှင်းလင်း ပွဲများတွင် တက်ရောက်သတင်းမေးမြန်းမှုများ ရှိသည်။ အွန်လိုင်းစာမျက်နှာကို ၂၀၂၀၊ ဧပြီလနောက်ဆုံးဖော်ပြထားရှိကာ တခြား Channel များ မတွေ့ရှိရပါ။ အယ်ဒီတာချုပ် ဇော်မင်းဦးသည် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် စစ်တပ်သတင်းစာရှင်းလင်းပွဲတွင် KUN နှင့် စစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။
News History for People (NHP) သတင်းဌာန
၂၀၁၉ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်အသိ အမှတ်ပြု မီဒီယာတစ်ခုဖြစ်သည်။ အယ်ဒီတာချုပ် ဝင်းဦးမှ တာ၀န်ယူ ထား သည်။
Facebook Page, Telegram, Youtube Channel တို့တွင် သတင်းဖော်ပြမှု များရှိသည်။ Telegram တွင် အောက်တိုဘာလ နောက်ဆုံး သတင်း ဖော်ပြမှု တွေ့ရပြီး Subscribers 16 သာ ရှိသည်။
Facebook page တွင် ပုံမှန်တင်ဆက်မှုရှိသည်။ Likes – 105 နှင့် Followers – 149 သာ ရှိသည့် သတင်းပေခ့်တစ်ခုဖြစ်သည်။ သတင်းဖော်ပြရာတွင် စကစထုတ်ပြန်သည့် သတင်းများကို အဓိကထား ဖော်ပြသည်။ Youtube Channel တွင်လည်း MRTV, MWD မှ ရုပ်သံသတင်းများကိုသာ အဓိကထား ဖော်ပြသည်။ Subscribers 1.2K ရှိသည့် Channel တစ်ခုဖြစ်သည်။
အယ်ဒီတာချုပ် ဝင်းဦးသည် နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် စစ်တပ်သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမေစု ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး ပြန်လည် လွတ်ပေးရန် တောင်းဆိုခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု နိုဝင်ဘာ၊ ၂၄ ရက်နေ့တွင် သတင်းမီဒီယာများတွင် ဖော်ပြလာသည်။
အထူးဟစ်တိုင်သတင်းဌာန
SH (အထူးဟစ်တိုင်သတင်းဌာန) Page သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ တွင် Nay Pyi Taw Hot News နာမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၂၄ တွင် SH အထူးဟစ်တိုင်အမည်ကို ပြောင်းလဲခဲ့သည်။ SH Media ကို အယ်ဒီတာချုပ် ဦးသက်နိုင်ဦး (ခ) ဦးသက်(ရွှေမိုးသောက်)ဖြင့် ဦးဆောင်ဖွဲ့ စည်းထားပြီး ဒုအယ်ဒီတာချုပ် ဦးအောင်ကျော်ဦးနှင့် သတင်းထောက်ချုပ် ဦးဇော်မျိုးလွင်တို့ ပါဝင်သည်(အဖွဲ့ဝင်ဟောင်း ဒုအယ်ဒီတာချုပ် ဦးမောင်ဗိုလ်၊ ဒုတိယ သတင်းထောက်ချုပ် ဦးချစ်စမ်းမောင်)။
အယ်ဒီတာချုပ် ဦးသက်နိုင်ဦးသည် မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံစာရေးဆရာများအသင်း-အဖွဲ့ဝင်၊ မြန်မာ နိုင်ငံမူးယစ်ဆေး ဝါး ဆန့်ကျင်ရေးအသင်း-အဖွဲ့ဝင်၊ အမှန်တရား သတင်းဂျာနယ်၊ မှုခင်းနှင့်ရှုထောင့်သတင်းဂျာနယ်တို့တွင် ပါဝင် လှုပ်ရှားလျက်ရှိသည်။
SH Media မှ ရှုထောင့်သတင်းစုံဂျာနယ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲတွင် ပြန်လည် ထုတ်ဝေမည်ဖြစ်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ SH Media သည် တနိုင်ငံလုံးရှိ ရဲသတင်းပေးနှင့် ဖွဲ့စည်းထားသည်။ SH Media ပေ့ချ်သည် Like 42K နှင့် Follower 44K ရှိပြီး ပုံမှန်သတင်းတင်ဆက်နေသည်။
နေပြည်တော်အွန်လိုင်းသတင်းဌာန
CEO မင်းမောင်ဆိုသူမှ တာ၀န်ယူထားသည့် သတင်းဌာနဖြစ်သည်။စစ်ကောင် စီ ၏ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်းယူမေးမြန်းမှုများ ပြုလုပ်သည်။ တက်ရောက်မေးမြန်းသူ - လက်ထောက်အယ်ဒီတာ ဝင်းနို င်ဖြစ်သည်။
နေပြည်တော်ဟစ်တိုင်သတင်းစုံ
CEO သက်နိုင်ထွန်းဆိုသူမှ တာ၀န်ယူထားသည့် သတင်းဌာနဖြစ်သည်။ စစ်ကောင် စီ၏ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းယူ မေးမြန်းမှုများ ပြလုပ်သည်။
ကျော်မျိုးမင်းသည် နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ အမုန်းစကားများ နှင့် စစ်တပ်ဝါဒဖြန့်သည့် ဆွေးနွေးသုံးသပ်ချက် Live များနှင့် ဗွီဒီယိုဖိုင်များကို စဥ်ဆက်မပြတ် ဖြန့်ဝေနေသည့် ပေ့ချ်ပေါင်း ၁၀ ခုထက်မနည်း ရှိသည်။ ဖေ့ဘွတ်ခ်မှ မကြာခဏဖျက်ချမှုများရှိသော်လည်း နာမည်အမျိုးမျိုးအသုံးပြု၍ ဆက်လက်ဖြန့်ဝေနေဆဲဖြစ်သည်။
People Media
People Media ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင် တည် ထောင် ခဲ့ သည်။ တည်ထောင်သူ ဦးမျိုးဇော်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ဖြင့် ရပ်တည်ကြောင်းသိရသည်။
People Media သည် Website, Telegram, youtube တို့တွင် စကစနှင့်ပတ်သက်သည် သတင်းများနှင့် NUG, PDF များကို အကြမ်းဖက် အဖွဲ့အစည်း များအဖြစ် ပုံဖော်တင်ဆက်နေသည့် သတင်းဌာနဖြစ်သည်။
Telegram channel တွင် နေ့စဥ်သတင်းအပုဒ်ရေ ၂၅ ပုဒ်ဝန်းကျင်ခန့် ဖော်ပြလျက်ရှိပြီး Viewer 5K မှ 9K ထိရှိသည်။ Subscribers 21,270 ရှိပြီး ၂၀၂၂၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသည်။
၎င်း၏ Youtube Channelကို ၂၀၂၂၊ သြဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ NUG, PDF နှင့်ပတ်သက်သည့် သတင်းများကို ကျော်စိုးဦးက ရုပ်သံဖိုင်များ တင်ဆက်လျှက်ရှိသည်။ Subscribers 11K ရှိသည်။
Myanmar Nations Voice
အယ်ဒီတာချုပ် ဝင်းမော်မှ တာ၀န်ယူထားသည်။ စစ်ကောင်စီမှ အသိအမှတ် ပြုအမှတ် - ၀၀၃၇၆ ရ သတင်းအေဂျင်စီ တစ်ခုဖြစ်သည်။ Facebook, Telegram, Youtube တို့တွင် သတင်းများတင်ဆက်ဖော်ပြလျက်ရှိသည်။ သတင်းဖော်ပြမှု များတွင် MRTV, MWD တို့မှ ထုတ်လွှင့်ဖော်ပြချက်များကို အဓိကထားဖော်ပြသည်။
Telegram Channel တွင် Subscribers 880 ရှိပြီး Channel ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ထားသည်။ Youtube Channel တွင် လည်း MRTV မှ တင်ဆက်နေသည့် သတင်းသမားပြောတဲ့ သတင်းစကား အစီအစဥ်တွင် Myanmar Hardtalk မှ အယ်ဒီတာချုပ် အောင်မင်း၊ Sky Daily News မှ အယ်ဒီတာချုပ် သော်တာဝင်းတို့နှင့် ပါဝင်ဆွေးနွေးမှုများကို တင် ဆက် လျက်ရှိသည်။ တင်ဆက်မှုများတွင် Viewer အနေဖြင့် 2 Kမှ 8K ထိ ရှိသည်။ သတင်းစာရှင်းလင်းပွဲတက်ရောက်မေးမြန်းသူ - သတင်းထောက် ဆွေဇင်ဦး ဖြစ်သည်။
News of Myanmar (NOM)
Facebook page နှင့် Telegram တွင် စကစဝါဒဖြန့်သတင်းများကို တင်ဆက် နေသည့် Channel တစ်ခုဖြစ်သည်။ NUG, PDF နှင့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်အဖွဲ့အစည်းများဖြင့် သုံးနှုန်းရေးသားနေခြင်းဖြစ်သည်။
Facebook page ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖွင့်ထား ခြင်းဖြစ်သည်။ Likes – 2.1K နှင့် Followers – 2.5 Kရှိသည်။ သတင်း ဖော်ပြမှုတွင် နေ့စဥ် ၃ ပုဒ်မှ ၅ ပုဒ်ခန့်ဖော်ပြသည်။ Telegram Channel ကို ၂၀၂၂၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ထားသည်။ subscribers 4,379 ရှိကာ သတင်းဖော်ပြမှုများတွင် ကြည့်ရှုသူ ၇၀၀ မှ ၂၀၀၀ ကျော်ထိရှိသည်။
Fifty Two News
Telegram Channel တွင် စကစနှင့် သက်ဆိုင်သည့်သတင်းများကို အဓိက တင်ဆက်နေပြီး NUG, PDFနှင့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် အဖွဲ့ အစည်းများအဖြစ် ပုံဖော်သုံးနှုန်းရေးသားနေခြင်းဖြစ်သည်။
Telegram ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် စတင်ထားပြီး Subscribers 22,359 ထိရှိသည်။ သတင်းဖော်ပြမှုတွင် နေ့စဥ် ၁၀ ပုဒ်ခန့်ဖော်ပြ လျက်ရှိသည်။ သတင်းတစ်ပုဒ်ကြည့်ရှုမှုနှုန်းသည် 5K မှ 10K ထိရှိသည့် ချန်နယ် တစ်ခုဖြစ် သည်။
Myanmar Update News
Telegram Channel တွင် စကစနှင့်သက်ဆိုင်သည့် ဝါဒဖြန့်သတင်းများကို အဓိကထားတင်ဆက်နေပြီး MRTV, MWD တို့မှ ရုပ်သံသတင်းများကို ပြန် လည်ဖော်ပြသည်။ Telegram ကို ၂၀၂၁၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ထား ပြီး Subscribers 39,796 ထိရှိသည်။
သတင်းဖော်ပြမှုတွင် နေ့စဥ် သတင်းအပုဒ်ရေ ၁၀ ပုဒ်ခန့် ရှိသည်။ သတင်း ကြည့်ရှု မှု နှုန်း 7K မှ 10K ကြားရှိသည်။
The Five Media (TFM)
Telegram တွင် စကစဝါဒဖြန့်ချီရေးသတင်းများ တင်ဆက်နေသည့် Channel တစ်ခုဖြစ်သည်။ တင်ဆက်မှုများတွင် Ba Nyunt, ဖိုးစီ၊ People Media, အစရှိသည့် စကစဝါဒဖြန့်သူများ၏ ဖော်ပြချက်များကို ပြန်လည်ကူးယူးဖော်ပြ နေခြင်း ဖြစ်သည်။ Telegram Channel ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှာ စတင်ထားပြီး နေ့စဥ်ဖော်ပြမှု ၇၀ ခန့်ရှိသည်။ သတင်း ကြည့်ရှုမှုနှုန်း 1K မှ 2K ကြားရှိသည်။
ပုံစံအသစ်ဖြင့် ဝါဒဖြန့်ချိရေးလုပ်ဆောင်နေသည့် မီဒီယာများ
Fact Check
Facebook page, Telegram Channel တို့တွင် Mainstream Media (Khit Thit Media, မြေလတ်အသံ၊ Ayeyarwaddy Times, Mizzima media, DVB TV News, Niringara သတင်းဌာန) အစရှိသည့်သတင်းမီဒီယာများ၏ သတင်း ဖော်ပြချက် များကို မှားယွင်းသည့် ဖော်ပြချက်များဖြစ်ကြောင်း ပုံဖော်ရေး သားခြင်းဖြစ်သည်။
Facebook Page နှင့် Telegram Channel ကို ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီ ၁၇ တွင်စတင်ဖော်ပြထားသည်။ Facebook page တွင် Likes 5.4K နှင့် Followers 8.