khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ချောက်မြို့နယ်တွင် တော်လှန်လူငယ်များက လူ့အခွင့်အရေးနေ့ အကြို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ချောက်မြို့နယ်တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် လူ့အခွင့်အရေးနေ့ အကြို စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်တပ်ဟာ မြန်မာပြည်ရဲ့ နေရာတော်တော်များများမှာ အရပ်သားတွေ နေတဲ့နေရာကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်၊၊ စစ်တပ်ဟာ တိုက်ပွဲမရှိတဲ့ နေရာများမှာ လေကြောင်းက တိုက်ခိုက်သည်များ ရှိသလို၊ PDF , EAO တွေ မရှိတဲ့နေရာတွေမှာလည်း အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့၊ တိုက်ပွဲ မရှိဘဲ ကရင်ဒုက္ခသည်စခန်းတခုကို ညမိုးချုပ်အချိန်မှာ ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်သွားခဲ့မှုကို ဥပမာပေးကာ အစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

အထူးသဖြင့် စစ်ဖက်၊ အရပ်ဖက် စသဖြင့် ပစ်မှတ်တွေကို သေခြာမခွဲဘဲနဲ့ မြင်မြင်ကရာ သိမ်းကြုံး ပစ်ခတ်မှုတွေကို တွေ့ရတယ်လို့ ဆိုပါတယ်၊၊ အရပ်သားတွေရော တော်လှန်သူတွေရော ရှိနေနိုင်တဲ့ နေရာမျိုးမှာ ဖျက်အားမြင့် ဗုံးအကြီးတွေကို ပစ်မှတ်ခွဲခြားခြင်းမရှိဘဲ သိမ်းကြုံးတိုက်ခိုက်တဲ့အတွက် တကယ့်ကို စစ်ရာဇဝတ်မှုမြောက်တဲ့ တိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတယ်လို့လည်း ၄င်းတို့က ဆိုပါတယ်၊၊

ဒါ့အပြင် ဒီလို မြင်မြင်ကရာ သိမ်းကြုံးတိုက်ခိုက်ခြင်းဟာ လူသားမျိုးနွယ်ကို ဆန့်ကျင်တဲ့ တိုက်ခိုက်မှုလည်း မြောက်တယ်။ ဒီလိုလေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်ကြတယ်၊ သေဆုံးကြတယ်၊ အဲ့ဒီထဲမှာ အမျိုးသမီးတွေ ကလေးတွေပါတယ်၊၊ အခြေပျက်ကြတယ်၊ နေရာရွှေ့ပြောင်းကြရတယ်၊ အချိန်နဲ့အမျှ ကြောက်လန့်ရတယ်၊ ဒါတွေအားလုံးဟာလည်း စစ်ရာဇဝတ်မှုတွေပဲ ဖြစ်တယ်ဆိုတာ ထင်ရှားလှပါတယ်၊

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု အထူးသဖြင့် လေကြောင်းမှ မြင်မြင်ကရာ သိမ်းကြုံးတိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ထောင်ကျော်သေဆုံးခဲ့ပြီး ဖြစ်သလို၊ လူပေါင်း သန်းနဲ့ချီပြီး အိုးအိမ်စွ့န်ခွာ ထွက်ပြေးခဲ့ရပါတယ်။ ဒါ့အပြင် ရဟတ်ယာဥ်များနဲ့ တရွာဝင် တရွာထွက် သတ်ဖြတ်မီးရှို့မှုများကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေရဲ့ နေအိမ်များဟာ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။

ဒီအချက်တွေကို ကြည့်ရင်ပဲ လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို လေယာဥ်ဆီ ပိတ်ပင်ဖို့၊ လက်နက်အရောင်းအဝယ် ပိတ်ဆို့အရေးယူဖို့ ကိစ္စတွေဟာ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ မြင်နိုင်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အကြမ်းဖက်စစ်တပ် လက်ဝယ် လေယာဉ်ဆီ မရောက်ရှိနိုင်ရေးဟာ ပြည်ပက ပိတ်ဆို့မှုများသာမက ပြည်တွင်းအင်အားစု အသီးသီးကလည်း နည်းမျိုးစုံနဲ့ ဟန့်တား ပိတ်ပင်နိုင်ရေးသည်လည်း နွေဦးတော်လှန်ရေးအတွက် အရေးကြီးလှပါကြောင်း ရေးသားလိုက်ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)

Читать полностью…

Khit Thit Media

ဂျက်လေယာဉ်ဆီတွေက မြန်မာပြည်သူတွေကို ဘယ်လိုအကြမ်းဖက် သတ်ဖြတ်နေလဲ ? (အပိုင်း-၁)

By မောင်း

အကြမ်းဖက် စစ်ကောင်စီလက်ထဲကို လေယာဥ်ဆီတွေ မရောက်ရှိရေးဟာ နွေဦးတော်လှန်ရေးအတွက် ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ လက်ရှိမြေပြင်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေက ပြသနေပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက် နိုမ်နင်းခဲ့လို့ ပြည်သူ့တော်လှန်ရေးဟာ လက်နက်ကိုင်တော်လှန်ရေး အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

အင်အားသောင်းနဲ့ချီလာပြီး ခေတ်မှီလက်နက်အချို့ ကိုင်ဆောင်လာနိုင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ခံလာရတဲ့ အကြမ်းဖက်စစ်တပ်ဟာ အချိန်ကြာလာတာနဲ့အမျှ ထိခိုက်ဆုံးရှုံးမှုတွေ များလာခဲ့ပါတယ်။ အထိနာလာတဲ့ စစ်တပ်ဟာ သူတို့ရဲ့ သဒ္ဓေဆိုးအတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိနိုင်တဲ့ဒေသက မြင်မြင်သမျှကို လေကြောင်းတိုက်ခိုက်မှု အကူအညီနဲ့ အလုံးစုံ တိုက်ခိုက်ဖျက်ဆီး၊ သတ်ဖြတ်မီးရှို့မှုများကို အရှိန်တိုးမြှင့် လုပ်ကိုင်လာပါတယ်.

ဒါ့အပြင် မြေပြင်မှာ လေကြောင်းအကူမပါပဲ မတိုက်ခိုက်ရဲတော့တဲ့ အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်တိုးမြင့် လုပ်ဆောင်လာပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိရာ နေရာဒေသ အနီးနားမှာ နေထိုင်ကြတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုပါ လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးလာပါတယ်။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာတော့ တိုက်လေယာဥ်ဆီတွေရဲ့ အခန်းကဏ္ဍဟာ အဓိကအနေနဲ့ ပါဝင်လာပါတယ်။

ဒါနဲ့ပတ်သတ်ပြီး အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရာဝတ်မှုမြောက် ကျူးလွန်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိကပါဝင်ပတ်သတ်နေတဲ့ လေယာဉ်ဆီတွေ ဘယ်လို သယ်ဆောင်၊ သိုလှောင် ဖြန့်ဖြူးနေတဲ့ အကြောင်းကို ယူကေအခြေစိုက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ကြီး တစ်ခုဖြစ်တဲ့ Amnesty International (နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့) က ပြီးခဲ့တဲ့လက အစီရင်ခံစာရေးသား ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအစီရင်ခံစာအရ အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်ဖို့ တိုက်လေယာဉ်ဆီတွေကို ဝယ်ယူရာမှာ "ပြည်တွင်းက အရပ်ဖက်သုံး လေယာဉ်တွေမှာ အသုံးပြုမယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံတကာကနေ ဝယ်ယူမှုတွေ ပြုလုပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဓိကအားဖြင့် စစ်တပ်ရဲ့ ဗုံးကြဲလေယာဉ်တွေမှာ အသုံးပြုတဲ့ လေယာဉ်ဆီအများစုကို ပင်လယ်ရေကြောင်းက တဆင့် တင်သွင်းလာခြင်း ဖြစ်ပါတယ်။

လေယာဉ်ဆီတွေဟာ အိန္ဒိယ၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ အစရှိတဲ့ အာရှနိုင်ငံတွေက နေဝင်ရောက်လာတာ ဖြစ်ပြီး အများစုဟာ ပြည်တွင်းက အရပ်ဖက်သုံးလေယာဉ်တွေမှာ အသုံးပြုမယ်ဆိုတဲ့ ခေါင်းစဉ်တွေ အောက်ကနေ ဝင်ရောက်လာတာပါ။

အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၂ ခုနှစ်အထိ ပင်လယ်ရေကြောင်းကတဆင့် သီလဝါဆိပ်ကမ်းမှာ လေယာဉ်ဆီ တင်သွင်းမှု ၈ ကြိမ်ပြုလုပ်ထားပြီး တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ဖိုးဝန်းကျင် မှာယူ ဖြည့်တင်းတယ်လို့ ခန့်မှန်းထားကြောင်း ၄င်းတို့က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီ ရောင်းချနေတဲ့ ပြည်ပကုမ္ပဏီ ၁၂ခုလောက်ရှိပြီး Chevron ၊ EXON၊ ROSNEFT၊ Thai Oil ၊ Petrol China အစရှိတဲ့ လောင်စာဆီတင်သွင်းတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

လေယာဥ်ဆီရောင်းချတဲ့ ကုမ္ပဏီများအနေနဲ့လည်း အခုလို အရပ်သား ခရီးသည်တင် လေယာဉ်တွေမှာ အသုံးပြုမဲ့အသွင်နဲ့ ပြည်တွင်းကုမ္ပဏီတွေကို တဆင့်ကြားခံကာ လေယာဥ်ဆီတွေကို စစ်တပ်ကို ရောင်းပေးနေခြင်း ဖြစ်တယ်ဆိုတဲ့ အမှန်တရားကို လက်ခံရမှာဖြစ်ပြီး ဒီလို အရပ်ဖက်သုံး ခေါင်းစဥ်နဲ့ လေယာဉ်ဆီ ရောင်းချမှုတွေကို အမြန်ဆုံး ရပ်တန့်ဖို့ လုပ်ဆောင်သင့်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်။

အစီရင်ခံစာပါ ဂြိုလ်တု အထောက်အထား ဓာတ်ပုံ မှတ်တမ်းတွေအရ အာဏာသိမ်းပြီး လေယာဉ်ဆီ တင်သွင်းမှု ၈ ကြိမ်လုံးဟာ သီလဝါဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တခြားဆိပ်ကမ်းတွေမှာလည်း အတင်အချ ပြုလုပ်တာ အနည်းငယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဆိပ်ကမ်းက တဆင့် လေယာဉ်ဆီ တင်သွင်း ဖြန့်ဖြူးခြင်းကို ပြည်ပကုမ္ပဏီဖြစ်တဲ့ PUMA ကလုပ်ဆောင်တာ ဖြစ်ပြီး PUMA ဟာ စစ်ကောင်စီလက်အောက်ခံ MOGE နဲ့ ပြည်တွင်းကုမ္ပဏီဖြစ်တဲ့ Asia Sun တို့နဲ့ ပူးပေါင်းလုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။ (PUMA ကုမ္ပဏီဟာ မြန်မာပြည်ကနေ ထွက်ခွာတော့မယ်လို့ တရားဝင်ကြေငြာထားပြီးဖြစ်)။

စစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းခြင်းကို MOGE နဲ့ Asia Sun တို့က ပူးတွဲ ထောင်ထားတဲ့ ပြည်တွင်းက NEPAS က လေယာဉ်ဆီဖြန့်ဖြူးရေးနဲ့ ငွေပေးငွေချေအပိုင်းကို အဓိကကိုင်တွယ်နေခြင်း ဖြစ်ပါတယ်။

အခြားသတင်းရင်းမြစ်က ရရှိတဲ့ သတင်းတွေအရလည်း စစ်တပ်ရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များနဲ့ တိုက်လေယာဉ်များအတွက် လေယာဉ်ဆီ တင်သွင်းနေတဲ့ကုမ္ပဏီတွေထဲမှာ မြတ်မေတ္တာမွန်၊ Asia Sun Energy နှင့် Yangon Aerodrome ကုမ္ပဏီတို့လည်း ပါဝင်ပတ်သတ်လျှက် ရှိနေပါတယ်။

Читать полностью…

Khit Thit Media

မုံရွာမြို့ပေါ်တွင် ''ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" စာတန်း ကိုင်ဆောင်ကာ တော်လှန်လူငယ်များ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

မုံရွာမြို့ပေါ်တွင် မုံရွာ သပိတ် အင်အားစုမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ''ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

"အကြမ်းဖက် စစ်အုပ်စုက အပြစ်မဲ့ ကျောင်းသား ပြည်သူတွေကို မတရားဖမ်းဆီးကာ သက်သေခိုင်လုံမှုမရှိဘဲ မတရားပုဒ်မတပ် သေဒဏ်အမိန့်ချမှတ်တာတွေကို ဆက်တိုက်ပြုလုပ်လာပါတယ်။ တစ်ဖက်တွင်လည်း နိုင်ငံတဝှမ်းက ကလေးငယ်တွေပါမချန် တိုင်းရင်းသားပြည်သူတွေကို နေ့စဉ်နဲ့အမျှ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်နေတဲ့အပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးနေပါတယ်။ ဒါဟာ သူတို့အာဏာတည်မြဲရေးအတွက် အင်အားကောင်းလာတဲ့ လူထုတော်လှန်ရေးကို ဦးချိုးလိုတဲ့အတွက် ကျောင်းသားပြည်သူတွေကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကျိုးစီးပွားအတွက် ကျောင်းသားပြည်သူတွေရဲ့ဘဝတွေကို နင်းချေဖျက်ဆီးပစ်ဖို့ ဝန်မလေးတဲ့ အဲလိုအကြမ်းဖက် အာဏာရူးစစ်ဘီလူးတွေကို အမြစ်ဖြတ် တော်လှန်ဖို့မှတစ်ပါး အခြားမရှိ။ ကျွန်တော်တို့ရဲ့ယုံကြည်ချက်အတွက် ဘယ်သောအခါမှနောက်ဆုတ်မှာမဟုတ်ဘူး" ဟု တော်လှန်လူငယ် တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

ပေါက်မြို့နယ်၊ သရဖီရွာမှ မတင်နုဆိုသည့် အမျိုးသမီးကို စစ်တပ်က ဖမ်းဆီးပြီး မုဒိမ်းကျင့်သတ်ဖြတ်၊ ကျသိုက်ရွာမှ ပြည်သူ ၂ ဦးကိုလည်း စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၉

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရဖီကျေးရွာမှ မတင်နုဆိုသည့် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီး ပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန် သရဖီကျေးရွာသို့ စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ယင်းသို့ မီးရှို့ဖျက်ဆီးစဉ် သရဖီကျေးရွာမှ မတင်နုကို ကျေးရွာ အတွင်း မတင်နုဆိုသော အမျိုးသမီးကို တွေ့ရှိသဖြင့် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် မတင်နုကို စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

"ပေါက်မြို့နယ်တောင်ပိုင်း သရဖီကျေးရွာမှ မတင်နုကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ မတင်နုက အသက်၅၀ အရွယ်ရှိပါပြီ။ စစ်တပ်က မုဒိမ်းကျင့်ပြီး သတ်ဖြတ်ထားတဲ့ မတင်နုအလောင်းကို ပြန်တွေ့ ရ ပါတယ်"ဟု ပေါက်ဒေသတင်းရင်းမြစ်က ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ကျသိုက်ကျေးရွာ၊ လယ်လန်းကျေးရွာများသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့စဉ် ကျသိုက်ကျေးရွာမှ ပြည်သူ၂ ဦးကို စစ်တပ်က သေနတ် ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ ကြောင်း၊ ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး PDF ဟု စွပ်စွဲကာ သတ်ဖြတ်ခြင်းဖြစ်ကြောင်း၊ သေဆုံးပြည်သူ နှစ်ဦး၏ ရုပ်အလောင်းအနီးတွင် ပျူစောထီးများ၏ သေနတ်များချကာ ဓာတ်ပုံရိုက်ယူ၍ စစ်တပ်ထောက်ခံသူ လော်ဘီများက တယ်လီဂရမ်တွင် PDF ၂ ဦးအလောင်းဟု ဝါဒ ဖြန့်ကြကြောင်း သိရှိရသည်။

စစ်တပ်က သတ်ဖြတ်မှုကြောင့် သေဆုံးသူပြည်သူ နှစ်ဦးမှာ ကျသိုက်ကျေးရွာမှ ကိုမျိုးသူ (အသက် ၃၂နှစ်)နှင့်ကို အောင်စိုး (အသက် ၅၀နှစ် )တို့ဖြစ်ကြောင်း၊ သတ်ဖြတ်ခံရသူ နှစ်ဦးသည် PDF မဟုတ် ဘဲ သေဆုံးသူ ပြည်သူနှစ်ဦး ၏အနီးရှိ သေနတ်များဟာလည်း စစ်တပ်နှင့် ပျူစောထီးများ၏ လက်နက်များဖြစ်ကြောင်း၊ စစ်တပ်က လုပ်ကြံသတ်ဖြတ်ဝါဒ ဖြန့်ခြင်းဖြစ်ကြောင်း ဒေသပြည်သူ များက ပြောဆိုကြသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းတွင် အင်အား ၁၀၀ ခန့်ရှိသော စစ်ကြောင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ကျေးရွာများသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်းများ ဆက်တိုက် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

"စစ်တပ်က ထိုးစစ်နဲ့ ဝင်လာပြီးတော့ မီးရှို့ဖျက်ဆီးခံလိုက် ရတဲ့ ကျသိုက်ကျေးရွာ၊ လယ်လန်း ကျေးရွာ ၊သရဖီကျေးရွာနှင့် ရွာသာအေးကျေးရွာများမှာ ရွာလုံးကျွတ် နီးပါး ပြာကျ နိုင်ပါတယ်။ စစ်တပ်က ရွာပတ်ပတ်လည် လုံခြုံရေး ချပြီးမှ မီးရှို့ဖျက်ဆီးတာဖြစ်လို့ အသေးစိတ်အတိအကျ ရဖို့ ခက်ခဲ့ပါတယ်" ဟု ပေါက်ဒေသသတင်းရင်းမြစ် Pauk Newsletter က ပြောသည်။

လက်ရှိတွင် စစ်တပ်၏ ထိုးစစ်ဆင်မှုကြောင့် ပေါက်မြို့နယ်၊ ကျေးရွာ ၁၅ ခုမှ ပြည်သူ ၅၀၀၀ခန့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး၊ အမိုးအကာနှင့် အနွေးထည်များ လိုအပ်နေကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

"ခေတ်ပြောင်းပေမဲ့ စနစ်မပြောင်း အကျင့်မကောင်းသူတွေကို မြေလှန် ‌တော်လှန်မဲ့ မန္တလေး" စာသားချိတ်ဆွဲ၍ ဖက်ဆစ် စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၉

မန္တလေး သိပ္ပံလမ်းမပေါ်တွင် မန္တလေးသပိတ်တက်ကြွလူငယ်များမှ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင်
"ခေတ်ပြောင်းပေမဲ့ စနစ်မပြောင်း အကျင့်မကောင်းသူတွေကို မြေလှန် ‌တော်လှန်မဲ့ မန္တလေး" ဟု စာသားပါဘန်နာက်ို ချိတ်ဆွဲခဲ့ပြီး ဖက်ဆစ် စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။

Читать полностью…

Khit Thit Media

ခင်ဦးတွင် စစ်တပ်က ကျေးရွာ ၁၂ ခုကို မီးရှို့ခဲ့ပြီး နေအိမ် ၇၇၇ လုံးပြာကျ၊ ကျေးရွာ ၅၇ ခုမှ ပြည်သူများ စစ်ရှောင်နေရပြီး အနွေးထည်နှင့် စောင်များ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် နိုဝင်ဘာလ အတွင်း ကျေးရွာ ၁၂ ခုကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇၇၇ လုံးပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့မှ နိုဝင်ဘာ ၂၈ ရက်နေ့အထိ အကြမ်းဖက် စစ်တပ် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း ၃ ကြောင်းခွဲကာ ကျေးရွာပေါင်း ၁၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၇၇၇ လုံးပြာကျခဲ့ကြောင်း၊ PDF ရဲဘော် ၁၀ ဦး ကျဆုံးခဲ့ပြီး ပြည်သူ ၁၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော ကျေးရွာများမှာ (၁)ပေါင်းလဲကုန်းရွာ နေအိမ် ၁၃၆ လုံးပြာကျ၊ (၂) လက်ပံကြီးရွာ နေအိမ် ၇၃ လုံးပြာကျ၊ (၃)မဒေါင်းကြီးရွာ နေအိမ် ၇၅ လုံးပြာကျ၊ (၄) ရွှေကာရွာ နေအိမ် ၇၀ လုံးပြာကျ၊ (၅) နှဲတွင်းရွာ နေအိမ် ၁ လုံး ပြာကျ၊ (၆) ဆီဆုံလေးရွာ နေအိမ် ၄ လုံးပြာကျ၊ (၇) စောကြီးရွာ ၆၄ လုံး ပြာကျ၊ (၈) သနပ်စိန်ရွာ နေအိမ် ၁၂၀ လုံးပြာကျ၊ (၉) မုံလှရွာ နေအိမ် ၁၁၀ လုံးပြာကျ၊ (၁၀) မြစ်တော်ရွာ နေအိမ် ၇၀ လုံးပြာကျ၊ (၁၁) မြင်းဒေါင်းရွာ နေအိမ် ၃၉ လုံးပြာကျ၊ (၁၂) ဂွေကုန်းရွာ နေအိမ် ၁၅ လုံးတို့ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာများအတွင်း စစ်တပ်က ဝင်ရောက် စီးနင်းသဖြင့် လက်ရှိအချိန်တွင် ခင်ဦးမြို့နယ်၊ ကျေးရွာ ၅၇ မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ​ပြီး အနွေးထည်နှင့် စောင်များ အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

" စစ်ဘေးရှောင်တွေအတွက် အနွေးထည်တွေနဲ့ စောင်တွေ အရေးပေါ် လိုအပ်နေပါတယ်" ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

စစ်ရှောင်ပြည်သူများကို လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် သက်ဆိုင်ရာ နယ်မြေခံ အစည်းအဖွဲ့များနှင့် ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် အာဏာစသိမ်းချိန်မှစ၍ နေအိမ် ၂၆၃၃ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်တပ်က PDF ရဲဘော်နှင့် ဒေသခံ ပြည်သူ ၂၄၁ ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ ၁၅၀ ဦးခန့်ကိုလည်း ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၉

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၈ ရက်နေ့ ရရှိထားသော အချက်အလက် များ အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ကလေးနှင့် မြောင်တွင် စစ်ကောင်စီ တပ်သားများကို PDF တပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၈ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အင်ဒိုင်းကုန်းကျေးရွာကို မီးရှို့ရန် လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း Kalay PDF တပ်ဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက် နေ့လည် ၁၂ နာရီခန့်က ကလေးမြို့၊ မြို့ပတ်လမ်းအတိုင်း အနောက်ဘက်သို့ ခြေလျင်ဦးတည်ထွက်လာသော အင်အား ၁၀၀ ဝန်း ကျင်ပါ အကြမ်းဖက်စစ်သားများသည် မြို့လှရပ်ကွက် အရောက် စစ်ကြောင်းနှစ်ကြောင်းခွဲကာ အင်း တိုင်းကျေးရွာရှိ ပြည်သူ့နေအိမ် တစ်လုံးအားမီးရှို့ပြီးနောက် နောက်ထပ်နေအိမ်တစ်လုံးကို မီးရှို့ရန် ပြင် ဆင်နေစဉ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အနီးပတ်ဝန်းကျင်အား ၁၀ မိနစ်ခန့် ရမ်းသမ်းပစ်ခတ်ကာ သေဆုံးထိခိုက် ဒဏ်ရာရ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လူနာတင်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ကလေး PDF တပ်ဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်း (၄)လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းခွဲချိန်၌ ဖြတ်သန်းသွားလာသည့် ပြည်သူ (၃) ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့ ကြောင်း၊ ထိုသို့ ထိမှန်ဒဏ်ရာရရှိသည့် ပြည်သူ (၃)ဦးအတွက် ကလေး PDF မှ အနူးအညွတ်တောင်းပန် ပါကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဝေးဝေးမှ ရှောင်းရှား သွားလာကြပါရန် မေတ္တာရပ်ခံပါကြောင်း အသိပေးထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း မြောင်မြို့အဝင် (လဝက)ရုံးအတွင်း ကင်းပုန်းဝပ်နေရာယူထားသော အကြမ်းဖက်စစ်ကောင်စီဝင်များ ဒီဇင်ဘာ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီီ ၉ မိနစ်အချိန်တွင် ပစ်ခတ်ခံရပြီး ဆုတ်ခွာထွက်ပြေးသွားကြောင်း မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီဝင်များ ဆုတ်ခွာပြီး ထပ်မံအင်အားဖြည့်တင်းရန် ရောက်လာချိန်တွင် ကြိုတင်စီစဉ်ထားသည့် မိုင်းပဒေသာ ၄ ပွိုင်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဝင် ၃ ဦး နေရာတွင် သေကာ ကျန်သူများ ဒဏ်ရာအများအပြားရရှိ၍ ‌ကားတစ်စီး ထိခိုက်ပျက်စီးသွားကြောင်း ထုတ်ပြန်ချက််တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြောင်ဗိုလ်တောက်ထွန်းအထူးတပ်ဖွဲ့နှင့်အတူ မဟာမိတ်များဖြစ်သည့် မြောင်ဗိုလ်ထွန်း MBTT ၊ Blood Brothers၊ Hero ပျောက်ကြားတပ်ဖွဲ့ ၊ စော်ဘွားကြီး အထူးတပ်ဖွဲ့ ၊ စစ်ကိုင်းခရိုင်တပ်ရင်း-၂၊ စစ်ကိုင်းခရိုင်တပ်ရင်း - ၆ (ခွဲ ၃) ၊ နတ်စစ်သည်တောက်များ ဖောက်ခွဲရေး Local-တပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Читать полностью…

Khit Thit Media

အားမာန်သစ် သပိတ်စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ယင်းမာပင်မြို့နယ်တွင် အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ထီးချိုင့်ရှိ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၈၀ ခန့် ပြာကျ

ရန်ကုန်၊ ဒီဇင်ဘာ ၈

စစ်ကိုင်တိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၈၀ ခန့်ပြာကျခဲ့ကြောင်း သိရသည်။

"မနေ့က စစ်ခွေးတွေ မီးရှို့လို့ ဇီးသောင် အရှေ့နဲ့ အနောက်ရွာက နေအိမ် ၈၀ လောက်ပြာကျသွားတယ်။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့ကို စစ်ခွေးတွေက မီးရှို့သွားတာ" ဟု Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Читать полностью…

Khit Thit Media

ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"ဒီမိုကရေစီ မရသေးဘူး" စာတန်း ကိုင်ဆောင်ကာ ချင်းတွင်း သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ချင်းတွင်း မြစ်ကမ်းဘေးရှိ ကျေးရွာများ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် "ဒီမိုကရေစီ မရသေးဘူး" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photo - AungKhantZaw

Читать полностью…

Khit Thit Media

လက်ပံတောင်းတောင် ဒေသ လူထုသပိတ်စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် "ယုံကြည်ချက်ကို သေဒဏ်ပေး၍မရ" ခေါင်းစဥ်ဖြင့် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Photo - Black Ko

Читать полностью…

Khit Thit Media

ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲများ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၈

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လူထုဟောပြောပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်တပ်က NLD ပါတီဖြိုခွဲရေး လုပ်ဆောင်နေပြီး ပါတီဝင်တချို့ကို ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစေကာ ၂၀၂၃ ရွေးကောက်ပွဲ ကိစ္စ နှင့် NLD ရုံးချုပ် ပြန်ဖွင့်ခွင့်ပြုရေး တင်ပြခိုင်း၊ တင်ပြ ချက်များကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကောင်စီက NLD ပါတီဖြိုခွဲရေး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာပြီး နေပြည်တော် အကျဉ်းထောင်တွင် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ ဝင် တချို့ကို သွားရောက်တွေ့ဆုံစေကာ ၂၀၂၃ ရွေးကောက်ပွဲကိစ္စ၊ NLD ပါတီ ရုံးချုပ် ပြန်လည်ဖွင့်လှစ်ခွင့်ပြုရေး တင် ပြခိုင်းကြောင်း သိရှိရသည်။

သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်အစီအစဉ်ဖြင့် ၎င်းကို လာရောက် တွေ့ဆုံသည့် NLD ပါတီဝင်တချို့ တင်ပြချက်များကို လက်မခံဟု သိရှိရသည်။

"အခု ပြည်တွင်းထဲမှာ စကစနဲ့ ဆက်ဆံရေးလမ်းကြောင်းရှိတဲ့ အမတ် ဟောင်း တချို့နဲ့ ပါတီဝင်တချို့က စကစရဲ့ စီစဉ်ပေးမှုနဲ့ စစ်တပ်ရဲ့ သတင်း စကား တွေကို အန်တီ (ဒေါ်အောင်ဆန်းစုကြည်)ဆီ သွားပို့တယ်။ အန်တီ (ဒေါ်အောင် ဆန်း စုကြည်) ကို ကြိုတင်အသိမပေးဘဲ အကျဉ်းထောင်ထဲက ထုတ် ပြီး အဲဒီလိုတွေ့ခိုင်းတာ။ ၂၀၂၃ ရွေးကောက်ပွဲကိစ္စနဲ့ NLD ပါတီရုံးချုပ် ပြန်ဖွင့်ခွင့် တောင်းတာ။ သွားတွေ့တဲ့ သူတွေ နာမည်လည်းသိပါတယ်။ အန်တီ (ဒေါ်အောင်ဆန်းစုကြည်) က ပြည်သူတွေနဲ့ တစ်သဘောထား တည်းရှိနေ တယ်လို့ ပြန်သိရတယ်။ အဲဒီလို လာပြောတာတွေ သူ လက်မခံဘူး" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ ရွေးကောက်ပွဲတွင် NLD ပါတီ (သို့မဟုတ်) NLD ပါတီ ခွဲထွက်မည့်သူများ ဝင်ပြိုင်စေရန် ကြိုးပမ်းနေပြီး ၎င်းတို့လုပ် ဆောင် မည့် ရွေးကောက်ပွဲကို နိုင်ငံတကာအသိအမှတ်ပြုမှု၊ ပြည်သူများ မဲထွက်ပေးစေရန် နည်းလမ်းမျိုးစုံ အသုံးပြုလာသည့်သဘောရှိနေသည်ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

"မြင်ရတာကတော့ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို NLD ပါတီကို ပြန်ဆွဲသွင်းဖို့ လုပ်နေတာ။ အရင် ၂၀၁၀ ၊ ၂၀၁၂ ကာလလိုမျိုး ပြန်သွားချင်တာ။ အခု စစ်တပ်က လူတွေ၊ လူငယ်တွေ၊ ပြည်သူတွေကို အများကြီး သတ် ထားပြီးပြီ။ စစ်ကိုင်းတိုင်းမှာ ရွာတွေ မီးရှို့ခံရလို့ ကုန်ပြီ။ ပြည်သူတွေက စစ်တပ် ကို နာသွားကြပြီ ။ အခြေအနေတွေက ၂၀၁၀၊ ၂၀၁၂ ကာလလို လည်းမဟုတ်ဘူး။ မင်းအောင်လှိုင်က သန်းရွှေလို လမ်းဟောင်း ပြန် လျှောက် တာ ဖြစ်နိုင်သလို သူ့ထွက်ပေါက် အတွက် နိုင်ငံရေးတွက်ချက်မှုတွေ လုပ်ဖို့ ဒီလို ခြေ လှမ်း တာလည်း ဖြစ်နိုင်ပါတယ်။ လက်ရှိ အခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည် သဘောထားကို သွားပြီး တီးခေါက်နေ တာလို့ ထင်တယ်။ သေချာတာက စစ်တပ်က နယ်ပယ်ပေါင်းစုံမှာ အကျပ်အတည်း ဆိုက်နေတယ်" ဟု ပြည်နယ် အမတ် က သုံးသပ်ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ကို စစ်တပ်နှင့်ဆက်ဆံရေး ဖွင့်ထားသည့် ပါတီဝင်တချို့ သွားရောက် တွေ့ဆုံသည့်သတင်းနှင့်ပတ်သက်ပြီး NLD ပါတီ၏ အတည်ပြုချက်ကို ရယူ နိုင်ခြင်း မရှိပေ။

Читать полностью…

Khit Thit Media

အဲ့ဒီ့ ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်က ပြည်သူအပေါ် ပြန်လည်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကို အားပေးနေတဲ့ စီးပွားရေးလုပ်ငန်းများ ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘွိုင်းကောက်လုပ်ရမဲ့ ကုမ္ပဏီများလို့ ပြောမယ်ဆိုလည်း မှားမယ်မဟုတ်ပါဘူး။

မြတ်မေတ္တာမွန်ကုမ္ပဏီဟာ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းရဲ့ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် ပိုင်ဆိုင်တဲ့ ကုမ္ပဏီဖြစ်ပြီး စက်သုံးဆီတချို့ကို စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးတာကြောင့် မြို့ပြပျောက်ပြားတပ်ဖွဲ့တွေရဲ့ မကြာခဏ ဗုံးခွဲတိုက်ခိုက်မှုကို ခံနေရတဲ့ ကုမ္ပဏီပါ။

Yangon Aerodrome ကုမ္ပဏီကတော့ ယခင်စစ်အစိုးရ ဗိုလ်ချုပ်များနှင့် ရင်းနှီးတဲ့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင်ပိုင် Asia World ကုမ္ပဏီရဲ့ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်ပြီး လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လုပ်ကိုင်ခွင့်ရရှိထားတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ Asia Sun Energy ကုမ္ပဏီကတော့ PUMA ကုမ္ပဏီရဲ့ ပြည်တွင်းကုမ္ပဏီပဲ ဖြစ်ပါတယ်။

ဒါဟာ လေယာဉ်ဆီတွေကို အကြမ်းဖက်စစ်တပ်က ဝယ်ယူရာမှာ ပုဂ္ဂလိက ကုမ္ပဏီတွေကို ကြားခံထားအသုံးချကာ ဝယ်ယူနေခြင်းလည်း ဖြစ်ပါတယ်။

လေယာဉ်ဆီ အများစုဟာ သီလဝါ ဆိပ်ကမ်းကနေတဆင့် ဆီဘောင်ဆာ (ထရပ်ကား) ကြီးတွေနဲ့ တစ်နိုင်ငံလုံးက လေယာဉ်ဆီ သိုလှောင်ရာ အရပ်သား သယ်ယူပို့ဆောင်ရေး လေယာဉ်ကွင်းတွေနဲ့ စစ်တပ်ပိုင် လေယာဉ်ကွင်းတွေဆီ ပို့ဆောင်ခြင်း ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက လေယာဉ်ဆီ သိုလှောင်ရာ နေရာအချို့ဟာ အရပ်ဖက်သုံး လေယာဉ်ကွင်းနဲ့ တပ်လေယာဉ်ကွင်းတို့ တွဲဖက်အသုံးပြုတာ ဒါမှမဟုတ် အလွန်နီးကပ်နေတာမျိူးတွေကို ဂြိုလ်တုအထောက်အထား ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရှိနိုင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

စစ်တပ်ရဲ့ အရေးကြီးဆုံး နေပြည်တော်လို နေရာမျိုးမှာလည်း အရပ်သားသုံးလေယာဉ်ဆီကန်နဲ့ စစ်တပ်သုံး လေယာဉ်ဆီကန်တွေကို တွဲဖက်အသုံးပြုနေတာ တွေ့ရပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း ဝယ်ယူခဲ့သမျှ လေယာဉ်ဆီအများစုဟာ စစ်တပ်ပိုင် လေယာဉ်ဆီ သိုလှောင်ကန်တွေဆီ ရောက်ရှိသွားတယ်လို့ Amnesty International နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ သုတေသနပြု လေ့လာတွေ့ရှိထားတာပါ။

အရပ်ဖက်သုံး လေယာဉ်ဆီ သိုလှောင်ရာနေရာတွေကိုလည်း လတ်တလောမှာ စစ်တပ်က ထိန်းချုပ်ထားပြီး လေယာဥ်ဆီတွေကို လိုအပ်သလို ပုံစံအမျိူးမျိူးနဲ့ စစ်တပ်ပိုင်လေယာဉ်တွေအတွက် လွှဲပြောင်း ရယူသွားမှုပေါင်း များစွာရှိခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို အချက်အလက်တွေကို မြန်မာပြည်ရဲ့ လောင်စာဆီကဏ္ဍမှာ ကြီးမားစွာ ရင်းနှီးမြှပ်နှံထားတဲ့ PUMA က သုတေသနပြုလုပ်နေတဲ့ Amnesty International ကို အတိအကျ ဖြေဆိုခဲ့တာပါ။ ဥပမာအားဖြင့် ရန်ကုန်-မန္တလေး ခရီးသည်တင် လေယာဉ်အတွက်ဟု အကြောင်းပြကာ မိတ္ထီလာ လေတပ်စခန်းကို ပို့ဆောင်ခဲ့တဲ့ အထောက်အထားတချို့ကိုလည်း တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်အတွက် လေယာဉ်ဆီ ဝယ်ယူနိုင်ရေးကို ပိတ်ပင်နိုင်ဖို့ တကယ်တမ်းမှာတော့ စိန်ခေါ်မှုနဲ့ အခက်အခဲများစွာရှိနေတာပါ။ လေယာဉ်ဆီဝယ်ယူရမှာ ခက်ခဲသွားဖို့ လေယာဉ်ဆီ စျေးနှုန်းကို အဆမတန် မြင့်မားလိုက်တာမျိူးတွေကို ကုမ္ပဏီတွေဘက်က လုပ်ဖို့ များစွာ အရေးကြီးတဲ့အကြောင်း Burma Campain UK ရဲ့ ဒါရိုက်တာမာ့ခ်ဖာမနာက သူ့ရဲ့အမြင်ကို ပြောခဲ့တာမျိုးတွေလည်း ရှိပါတယ်။

“တကယ်တမ်းမှာတော့ စစ်တပ်ကို လေယာဉ်ဆီ ရောင်းတဲ့ကိစ္စတွေမှာ အနောက်နိုင်ငံတွေကိုယ်တိုင် ပါဝင်နေခြင်းပါပဲ ၊ ပုံစံအမျိူးမျိူးနဲ့ ပါဝင်ပတ်သတ်နေကြတာပါ။ ဆိပ်ကမ်းတွေ သိုလှောင်ကန်တွေ အာမခံကိုယ်စားလှယ်တွေ စသဖြင့် မျိုးစုံပါဝင်ပတ်သတ်နေပါတယ် “ လို့ ၄င်းက ဆိုပါတယ် ။

ဒါ့ကြောင့် မြန်မာစစ်တပ်ကို လေယာဉ်ဆီ မရောင်းချနိင်ရေးဟာ အနောက်နိုင်ငံကကုမ္ပဏီတွေရော အာရှနိုင်ငံတွေပါ ပူးပေါင်း ပါဝင်လာဖို့က အရေးကြီးဆုံး အခန်းကဏ္ဍပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြန်မာပြည်ကို လေယာဉ်ဆီ တင်သွင်းနေတဲ့ ထိုင်း ၊ စင်ကာပူ ၊နော်ဝေ၊ ကိုရီးယားနိုင်ငံတွေက ကုမ္ပဏီတချို့ဟာ အခုလို စစ်တပ်က လွှဲပြောင်းရယူနေမှုတွေကြောင့် ထပ်မံပြီး လေယာဉ်ဆီတွေ တင်သွင်းမှာ မဟုတ်တော့ဘူးလို့ အတိအလင်း ငြင်းဆိုထားကြပြပြီး ဖြစ်ပေမဲ့၊ ဆက်လက်လုပ်ကိုင်နေဆဲ ကုမ္ပဏီတွေကလည်း ဒုနဲ့ဒေးပါပဲ။

Amnesty International ရဲ့ အစီရင်ခံစာထဲမှာ ထပ်မံဖော်ပြထားတာကတော့ သူတို့ဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မြေပြင်သုတေသန ပြုခဲ့တယ်လို့လည်း ဆိုပါတယ်၊၊ လက်နက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ ပါဝင်တဲ့ မြေပြင်ကို သွားရောက်ခဲ့သူများရဲ့ ပြောကြားချက်အရ မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း နိုင်ငံတကာက တားမြစ်ထားတဲ့ ကလပ်စတာ ဗုံးတွေကိုသုံးခဲ့တယ်လို့ ဆိုပါတယ်၊၊ ဒီနေ့ခေတ်မှာ ဒီဗုံးတွေကို သုံးတယ်ဆိုတာ စစ်ရာဇဝတ်မှုမြောက်တယ်လို့လည်း ၄င်းတို့က ဆိုပါတယ်၊၊

Читать полностью…

Khit Thit Media

ကန့်ဘလူ၊ ဝက်သအင်းရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးရှို့ဖျက်ဆီး၊ ပုဏ္ဏားကျွန်းရွာမှ ပြည်သူတစ်ဦးကို လူသားဒိုင်းလမ်းပြအဖြစ်ခေါ်ဆောင်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းရွာကို ဒီဇင်ဘာ ၉ ရက်နေ့ နံ နက် ၇ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ ခမရ -၃၆၉ နှင့် စစ်ယူနီ ဖောင်း ဝတ် ပျူစောထီးများ ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

"အိမ်‌ခြေဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး။ တိုက်ပွဲမရှိပါဘူးဗျ။ ကျွန်း လှနဲ့ ကန့်ဘလူ တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးနေတာပါ" ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ််သို့ ပြောဆိုသည် ။

ဝက်သအင်းရွာကို မီးရှို့ဖျက်ဆီးသွားသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ သည် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ဝက်သအင်းကျေးရွာ၏ ‌အရှေ့ မြောက် အောက်တဲရွာဘက်သို့ ထွက်ခွာသွားကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်က စစ်ကြောင်းများခွဲကာ ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျွန်းလှ နှင့် ကန့်ဘလူမြို့နယ်အတွင်း တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးနေခြင်း ဖြစ််ပြီး ကျေးရွာများကိုလည်း မီးရှို့ လုယက် ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာ ၈ ရက်နေ့ ဝက်သအင်းနှင့် ပုဏ္ဏားကြီးရွာအကြား စစ် တပ်က စစ်ကြောင်းထိုးခဲ့စဉ် လက်နက်ငယ် များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပုဏ္ဏားကြီးရွာမှ အမျိုးသားတစ်ဦးကို လူသားဒိုင်း လမ်းပြအဖြစ် ဖမ်းဆီးသွားခဲ့ ကြောင်း၊ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့် ပြည်သူမှာ ပျောက်ဆုံး နေ ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ကျွန်းလှမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အင်အား ၁၈၀ ခန့် ရှိသော
စစ်ကောင်စီ လက်အောက်ခံ ခမရ -၃၆၁ စစ်ကြောင်းသည် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၇နာရီခွဲတွင် သဖန်းဆိပ်ဆည် ဆင်စွယ်စခန်းမှ မြောက်ဘက် သဖန်း ဆိပ် ဆည်ဘောင်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရှိရ သည်။

ဓာတ်ပုံ- မကွေးတိုင်း၊ပေါက်မြို့နယ်တွင် ယမန်နေ့ စစ်တပ်က မီးတင်ရှို့မှု ကြောင့် ကျေးရွာတစ်ခု မီးလောင်နေစဉ်။

Читать полностью…

Khit Thit Media

ကနီတွင် လူ့အခွင့်အရေးနေ့ အကြို ဟောပြောပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၉

ကနီမြို့နယ်တွင်း ဒေသလေးခုတွင် အင်အားအများ
အပြားဖြင့် လူ့အခွင့်အရေးနေ့ အကြို ဟောပြောပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို နွေဦးတော်လှန်ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်၍ ဒီဇင်ဘာလ ၉ ရက်နေ့တွင်ကျင်းပပြုခဲ့သည်။

အခမ်းအနား၌ စစ်အာဏာရှင် ဆန့်ကျင်ရေး အကအဖွဲ့များမှ ပြည်သူ့စည်းရုံး လှုံ့ဆော်ရေး အကများဖြင့် တေးသရုပ်ဖော် ဖျော်ဖြေခဲ့ကြပြီး ကနီမြို့နယ် သပိတ်ဦးဆောင်သူများမှ လူ့အခွင့်အရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးကြောင်းတရားများ အသီးသီးဟောပြောကြသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်လူသတ်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုအရေးကို ဖြေရှင်းဖို့ အမေရိကန်က အမျိုးသားကာကွယ်ရေးဥပဒေ (NDAA) ရဲ့ အစိတ်အပိုင်းအဖြစ် ပြဋ္ဌာန်းလိုက်ပြီး အမေရိကန် အစိုးရက ကိုင်တွယ်မှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။
- ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခု၊ စစ်တိုင်း ၃ ခု၊ စစ်ဒေသ ၃ ခုနဲ့ ထူထောင်ပြီး စစ်ဒေသမှူးတွေအဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်တွေက စစ်ဘက်ခေါင်းဆောင်တွေက တာဝန်ယူထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တရားဝင် အသိပေးမိန့်ခွန်းပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် ဘိုးဘွားရိပ်သာအနီး၊ ရေဦးဆန်ဆိုင်ရှေ့မှာ တပ်စွဲထားတဲ့အကြမ်းဖက် စစ်ကောင် စီဂိတ်ကို ပြည်သူတွေဆီက မတရားငွေကြေးတောင်းခံနေတဲ့အတွက် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက ဒုတိယ အကြိမ် ဒရုးန်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား (၁)ဦးသေဆုံးပြီး (၆)ဦး အပြင်းအထန်ဒဏ်ရာရရှိ ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/ujMtPTYMDxY

Читать полностью…

Khit Thit Media

ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခုဖြင့် ထူထောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်တွင် စစ်တိုင်း ၃ ခု၊စစ်ဒေသ ၃ ခုဖြင့် စစ်ဒေသမှူးများ အဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များက တာဝန်ယူ

ရန်ကုန်၊ ဒီဇင်ဘာ ၉

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်ကို ဌာနကြီး ၅ ခု၊ စစ်တိုင်း ၃ ခု၊ စစ်ဒေသ ၃ ခုဖြင့် ထူထောင်ပြီး စစ်ဒေသမှူးများအဖြစ် တိုင်းရင်းသားတော်လှန်ရေးတပ်များမှ စစ်ဘက် ခေါင်း ဆောင်များက တာဝန်ယူထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် က တရားဝင် အသိပေးမိန့်ခွန်းပြောဆိုသည်။

ပြည်သူ့ကာကွယ်​ရေးတပ်မ​တော် PDF စစ်ရုံးချုပ်ကို ​အောက်တိုဘာ ၁၀ ရက်နေ့တွင် စတင် ဖွဲ့စည်းထူ​ထောင်ခဲ့ပြီး ဖြစ်သော အသိ​ပေးညွှန်ကြားချက် တစ်စောင်ကို ဝန်ကြီးဌာနက ရဲ​ဘော်များထံ ဖြန့်​ဝေ​ပေးပို့ထားပြီးဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်မှာ ဌာနကြီး (၅) ခု ပါဝင်ပြီး၊ ၅​ ချောင်း​ထောက်ပုံစံဖြင့် ဖွဲ့စည်းထားကြောင်း၊ ဌာနကြီး ၅ ခုအနေဖြင့်-

(၁) စစ်ဆင်​ရေးဌာန
(၂) စစ်​ထောက်လှမ်း​ရေးဌာန
(၃) စစ်​ရေးဌာန
(၄) စစ်​ထောက်ဌာန
(၅) ပြည်သူ့လုံခြုံ​ရေးဌာန တို့ပါဝင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုသည်။

ဌာနအလိုက် ဌာနခွဲများ ပူး​ပေါင်းပါဝင်ပြီး စစ်ဦးစီးရုံးက တိုက်ရိုက်တာဝန်​​ပေး​ဆောင်ရွက်သည့် အထူး ရုံးများလည်း ပါဝင်ကြောင်း၊ စစ်​ကောင်စီကို စွန့်ခွာပြီး ပြည်သူနှင် ပူး​ပေါင်းလာသည့် CDM အရာ ရှိနှင့် ရဲ​ဘော်များက ကျွမ်းကျင်မှုနှင့် အ​တွေ့အကြုံ​အပေါ်မူတည်ပြီး သက်ဆိုင်ရာဌာန၊ ဌာနခွဲ​တွေမှာ ပါဝင်တာဝန်ထမ်း​ဆောင်​နေကြပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ အသိပေး မိန့် ခွန်း တွင် ပြောဆိုထားသည်။

PDF တပ်မ​တော်တွင် စစ်ရုံးချုပ်၊ ​မြောက်ပိုင်းတိုင်း၊ အလယ်ပိုင်းတိုင်း၊ ​တောင်ပိုင်းတိုင်း စစ်တိုင်း ၃ ခုဖြင့် ​မြေပြင်တပ်ရင်းတပ်ဖွဲ့များ ရှိလာပြီ ဖြစ်ကြောင်း၊ တပ်မ​တော်တစ်ရပ်၏ ဦး​ရေး​ထောက် လုပ်ငန်းများကို သက်ဆိုင်ရာဌာနအလိုက် စစ်ရုံးချုပ်၊ စစ်တိုင်းများနှင့် ​မြေပြင် တပ်ရင်းတပ်ဖွဲ့ များအကြား ပုံမှန်ဆက်သွယ်​ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

ထို့ပြင် အမျိုးသားညီညွတ်​ရေးအစိုးရ၊ ကာကွယ်​ရေးဝန်ကြီးဌာနနှင့် မဟာမိတ်တိုင်းရင်းသား​​​တော်လှန်​ရေးအဖွဲ့များ ပူး​ပေါင်းဖွဲ့စည်းသည့် စစ်​ဒေသ ၃ ခု ရှိနေပြီး စစ်​ဒေသမှူးများအဖြစ် မဟာမိတ် EROs များ၏ စစ်ဖက်ထိပ်တန်း​ခေါင်း​ဆောင်များ တာဝန်ယူထားကြောင်း၊ စစ်ဆင်​ရေး​ဆောင်ရွက်သည့် အခါ စစ်​ဒေသမှူးများဦး​ဆောင်သည့် စစ်​ဒေသကွပ်ကဲ​ရေး တာဝန်ရှိသူအဆင့်ဆင့်၏ ဦး​ဆောင် ကွပ် ကဲမှုကို ခံယူကြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

PDF စစ်ရုံးချုပ် သည် Chain of Command တည်​ဆောက်မှုတွင် ပိုပြီး စနစ်တကျရှိလာပြီဖြစ်ပြီး စစ်​ရေးအ​တွေ့အကြုံရှိပြီးသား ​ခေါင်း​ဆောင်များ၏ ဦး​ဆောင်မှုနှင့် ဆင်နွှဲတဲ့ စစ်ဆင်​ရေးအစီ အစဥ် များသည် ဗျူဟာ​မြောက် ပိုပြီး ထိ​ရောက်​အောင်မြင်မှုရှိလိမ့်မည်ဖြစ်ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်နှင့် စည်းမျဥ်းစည်းကမ်းများကို အတိအကျလိုက်နာခြင်းသည် PDF တပ်မ​တော်၏ ဂုဏ် ဖြစ်ကြောင်း၊ PDF တပ်မ​တော်၏ အနာဂတ်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက တရားဝင် အသိပေးမိန့်ခွန်းပြောဆိုထားသည်။

Читать полностью…

Khit Thit Media

ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် စစ်တပ် စီးပွားရေးထောက်တိုင်များ၊ ပျုစောထီးများနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်တပ် စီးပွားရေး ထောက် တိုင်များ၊ ပျုစောထီးများနှင့် စစ်ကြောင်းများကို တိုက်ခိုက်မှု ၃ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ကျိုက္ကဆံလမ်းပေါ်ရှိ The Maze Club ကို ဗုံးခွဲတိုက်ခိုက်
===============================

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်ရှိ The Maze Club ကို ရန်ကုန်တိုင်းပြည်သူ့ တပ်မဟာ မြို့ပြ UG အဖွဲ့က ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၈ ရက် ည ၇ နာရီ ၅၇ မိနစ်တွင် အကြမ်းဖက် စစ်တပ် စီးပွားရေး ထောက်တိုင်ဖြစ်သော The Maze Club ကို ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာ မြို့ပြ UG အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့​ပြီး ထိခိုက်မှု အခြေအနေကို အတည် မပြု နိုင်သေးကြောင်း သိရသည်။

ယင်း The Maze Club သည် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေး ထောက် တိုင်တစ်ခုဖြစ်ပြီး ပြည်သူ တစ်ရပ်လုံး၏ ရန်သူဖြစ်သော စစ်ကောင်စီကို အမြစ် ဖြတ်ချေမှုန်းရန် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ ပြည်သူများ အနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေကြရန် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက မေတ္တာ ရပ်ခံထားသည်။

မန္တလေးတွင် ရပ်ကွက်ရုံးရှေ့ ခြင်းခတ်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်
==========================================

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ မြို့တော်ဥယျာဉ်အနီးရှိ ထင်းဝင်း ရပ်ကွက် ရုံးရှေ့ ခြင်းခတ်နေသော စစ်သားများကို လက်ပစ်ဗုံး ပစ်သွင်း တိုက် ခိုက်ခဲ့ကြောင်း Special Task Force – Mandalay - STF-MDY အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ထင်းဝင်းရပ်ကွက်ရုံးရှေ့တွင် ခြင်းခတ်နေသော အကြမ်းဖက် စစ်တပ်မှ စစ်သားများကို STF-MDY အဖွဲ့မှ လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး ပြင်းထန် ဒဏ်ရာရရှိကြောင်း၊ ယင်းတိုက်ခိုက်မှုကို "သွေးတိုးစမ်းရင် ခွေးမျိုးကန်းမယ်" စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Task Force – Mandalay - STF-MDY အဖွဲ့မှ ထုတ်ပြန်ထားသည်။

ပုလဲ၊ ဇီးဖြူကုန်းရွာတွင် ကင်းလှည့်နေသော ပျူစောထီး ၃ ဦး ပစ်ခတ်ခံရပြီး သေဆုံး
===========================================

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် ကင်းလှည့်နေသော ပျူစောထီး ၃ ဦးကို MRDA အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၃ ဦးသေဆုံးသွားကြောင်း သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ကင်းလှည့်နေသော ပျူစောထီး ၃ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးကြောင်း သိရသည်။

"ဇီးဖြူကုန်းရွာက ပျူစောထီ၃ကောင် မနေ့ညတုန်းက ရွာအရှေ့ ဘက်လမ်းဆုံ အထိ ကင်းလာပတ်တာကို ကျွန်တော်တို့ အဖွဲ့က အလစ်ဝင် ရောက်ပစ် ခတ် ခဲ့တယ်။ ၃ ဦး နေရာတင်သေဆုံးတယ်။ ရွာထဲကနေ နောက်ထပ်ပျူတွေ ထပ် ပြီး ထွက်လာလို့ ကျွန်တော်တို့ နောက်ဆုတ်ခဲ့တယ်။ကျွန်တော်တို့ အဖွဲ့က လည်း အဲဒီခွေးတွေကို သွားပစ်တာကလည်း ရဲဘော်၄ဦးနဲ့ သွားပစ်တာဆိုတော့ အင်အား မမျှ လို့နောက်ဆုတ်ခဲ့ရတယ်" ဟု MRDA ပြန်ကြားရေး တာဝန်ရှိ သူ ကပြောဆိုသည်။

ကနီမြို့နယ်၊ ရေလယ်ကျွန်းတွင် PDF တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွား
===========================================

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆင်ဆန်းကျေးရွာ အနီးတွင် အကြမ်းဖက် စစ်တပ် နှင့် PDF တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ် ရင်း ၃၀ DRPA အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဆင်ဆန်းကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပထမက လက်နက်ပစ်သံတွေကြားရတယ်။အဲလိုကြာတာနဲ့ အသက် အနေ အထားနဲ့ စောင့်ပြီး အပိုင်တိုက်လိုက်နိုက်တယ်။ ဖြစ်စဉ်က သူတို့ဘက်က အရပ် သားတစ်ဦးကို ဖမ်းပြီး PDF လို့ စွပ်စွဲပြီး ဖမ်းတယ် ဖမ်းပြီး အလုပ်တွေ မတရား ခိုင်းစေတယ်။ ဒီနေ့တော့ အဲဖမ်းထားတဲ့သူကို နွားကြောင်း ခိုင်းရာ က နေ ထွက်ပြေးတာကို နောက်ကနေလိုက်ပစ်တယ်။ ပစ်တာက ကျွန်တော်တို့ နယ်ထဲအထိ နယ်ကျော်လိုက်ပစ်တယ်။ အဲတာကနေ နှစ်ဖက်တိုက်ပွဲဖြစ်တာ။ တိုက်ပွဲကြာချိန်က ၄၅ မိနစ်လောက်ကြာမယ်။ သူတို့ဘက်က စစ်ရေးမလှ တော့ ရေလယ်ကျွန်းရွာထဲပြန်ဝင်သွားတယ်။ အထိခိုက်ကတော့ အတိအကျ မသိရသေးဘူး။ ကျွန်တော်တို့ဘက်ကတော့ အထိအခိုက်အကျအဆုံးမရှိခဲ့ဘူး" ဟု DRPA ခေါင်ဆောင်း ဗိုလ်လင်းနွေက ပြောဆိုသည်။

Читать полностью…

Khit Thit Media

လျှပ်စစ်မီး အလှည့်ကျပေးမယ်လို့ အချိန်ဇယားထုတ်ပြန်ပေမယ့်လည်း မီးလာ ရမယ့်အချိန်တွေမှာလည်း မီးပြတ်၊ လျှပ်စစ်မီးပြတ်တောက်မှု ဆိုးဝါး

ရန်ကုန်၊ ဒီဇင်ဘာ ၈

ရန်ကုန်မြို့တော်တွင် လျှပ်စစ်မီးများကို အလှည့်ကျစနစ်ဖြင့်သာ မီးပေးနိုင် မည်ဟု အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ပြီး အလှည့်ကျ မီးရမည့် အချိန် ဇယားများ ထုတ်ပြန်လိုက်သော်လည်း ကြေညာထားသည့်အတိုင်း မီးမရ ကြောင်း မြို့ခံများက ပြောဆိုကြသည်။

ရန်ကုန်မြို့တော်တွင် ဒီဇင်ဘာလ ၆ ရက်နေ့မှစတင်၍ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မီးများ ပြတ်တောက်မည်ဖြစ်ပြီး ညနေ ၅ နာရီမှစ၍ နောက်တစ်နေ့ နံနက် ၉ နာရီအထိကိုလည်း မြို့နယ်များကို အလှည့်ကျမီးပေးမည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာအားပေးရေးအဖွဲ့ ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်သော်လည်း ရန်ကုန်မြို့နယ်အများစုတွင် ညပိုင်း လျှပ်စစ်မီး များ ပြတ်တောက်နေဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံ ပြည်သူများက ဆိုကြသည်။

"သူတို့ ဇယားတွေ ထုတ်ပြန်တာလည်းတွေ့ပါတယ်။ ကျနော်တို့ တာမွေ က တော့ မီးအမြဲပြတ်တဲ့ မြို့နယ်ပါပဲ။ လာရမယ့် အချိန်လည်း မလာပါဘူး။ ပြတ်ရ မယ့် အချိန်လည်း မလာပါဘူး။ အတော်ကို ဒုက္ခရောက်ပါတယ်။ အကြောင်း အမျိုး မျိုးပြပြီး မီးတော့ ပုံမှန်ဖြတ်ပါတယ်" ဟု တာမွေဒေသခံတစ်ဦက ပြော ဆိုသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က ယခု မိုးရာသီကုန်ဆုံးပြီဖြစ်၍ ဓါတ် အား စနစ်အတွင်းရှိ ရေအားလျှပ်စစ်စက်ရုံများမှ ဓါတ်အားထုတ်လုပ်နိုင်မှု လျော့နည်းလာခြင်း၊ သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်စက်ရုံအချို့ ပြင်ဆင် ထိန်း သိမ်း လျက်ရှိခြင်း၊ လာမည့်နွေရာသီကာလ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူး ပေးနိုင် ရန် အတွက် ရေလှောင်တမံများရှိ သိုလှောင် ဆည်ရေကို မျှတထိန်းညှိ မောင်းနှင်နေရသဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်ဘဲ မြန်မာ နိုင်ငံတဝှမ်းလုံးရှိအများပြည်သူများအား အလှည့်ကျ ဝန်အား လျှော့ချ ဓာတ်အားဖြန့်ဖြူးပေးနေရသည်ဟု သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ထံ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ လက်ရှိ ဒီဇင်ဘာလအတွက် မီးအလှည့် ကျပေး မည်ဖြစ်ပြီး လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် မီးပေးမည့် အခြေ အနေ ကို မသိရှိဘဲ နွေရာသီကာလတွင်လည်း ယခုကဲ့သို့ပင် မီးအလှည့်ကျ စနစ်ဖြင့်သာ ပေးမည်ဖြစ်‌ကြောင်း ပြောဆိုသည်။

"ဒီဇင်ဘာလအတွက် အုပ်စု A ၊ အုပ်စု B မီးခွဲပေးမယ်။ နောက်ဇန်နဝါရီ လမှာ လည်း ဘယ်လိုမီးပေးမယ်ဆိုတာ ပြောပေးမယ်။ မီးပျက်ရင် ဖုန်းဆက် မေးလို့ ရပါတယ်။ အလှည့်ကျစနစ်နဲ့ပဲ ရှေ့ဆက်သွားဖို့ရှိပါတယ်" ဟု ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့က ပြောသည်။

ရန်ကုန်မြို့ခံတချို့မူ မီးပြတ်တောက်မှုကြောင့် ရာသီဥတုပူပြင်းချိန် ဒုက္ ခရောက်ရသော်လည်း အဆင်မပြေမှုများအကြားတွင် နေသားကျနေပြီဟု ဆိုသည်။

"အခုတော့ ညပိုင်းလေးတွေ မီးနည်းနည်းပြန်ရတယ်။ ဒါပေမယ့်လည်း အခုမှ ၁ ရက်၊ ၂ ရက်ပဲရှိသေးတယ် ပြန်ရတာ။ ရှေ့မှာ နေ့ရော ညရော အတိုင်းအဆ မရှိ မီးပြတ်တာ။ မီးပြတ်တိုင်း ဟိုကောင်ကို ဆဲတာပဲ။ ဒါပေမယ့်လည်း ဆဲရုံပဲ တတ်နိုင်တာပဲ။ ညဘက် မီးပြတ်ရင် လမ်းထိပ်လေး ထွက်ထိုင်။ ညဘက် ကာဖျူးချိန်နီးရင်တော့ အိမ်ထဲက မထွက်တော့ဘူး။ နေသားတော့ ကျလာ တယ်။ မကျေနပ်ပေမယ့်လည်း နေရတာပဲ" ဟု မရမ်းကုန်းဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန် မပေးနိုင်သော်လည်း လျှပ်စစ် ကား၊ လျှပ်စစ်ရထားစီမံကိန်းများဖြင့် လောင်စာဆီတင်သွင်းမှု လျှော့ချရေး စီမံ ချက်များ ရေးဆွဲ အကောင်အထည်ဖော်မည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ဓာတ်ပုံ- ဒီဇင်ဘာလဆန်းပိုင်းအတွင်း မီးပြတ်နေသည့် မြို့တော်ရန်ကုန်။

Photo- CJ

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ရွှေရေကြည် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ပြည်ခွန် သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

မန္တလေးတွင် ပြည်ခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

"ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" စာတန်း ကိုင်ဆောင်ကာ ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ကနီမြို့နယ်တွင် ကျေးလက် သူပုန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် "ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" စာတန်း ကိုင်ဆောင်ကာ ဒဂုံတက္ကသိုလ် ကျောင်းသား ၇ ဦး အပါအဝင် နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသား၊ ပြည်သူများအား သေဒဏ်ချမှတ်ခံရမှုကို ကန့်ကွက် ဆန့်ကျင်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

Читать полностью…

Khit Thit Media

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ်အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၈

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတိ အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားကို "အမှန်တရားကို ရဲရဲဝံ့ဝံ့မလုပ်ရဲ မပြောရဲဘူးဆိုရင် အမှားလုပ်သူတွေက နေရာယူသွားလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်" စာတန်းများကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၈

ယင်းမာပင်မြို့နယ်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…
Subscribe to a channel