ကျန်ရှိနေသော လူများစုအတွက်မူ တိုင်းရင်းသား အစိုးရများနှင့် ဒေသခံလူထု အဖွဲ့အစည်း များမှတစ်ဆင့် အကူအညီများကို တိုက်ရိုက်ပေးအပ်နိုင်သည်။ သို့သော် ထိုသို့အကူအညီ ပေးအပ်နိုင်ရေး အရပ်ဖက်အဖွဲ့များ၊ တိုင်းရင်းသား နှင့် ဒေသခံလူထု အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက်ရာ၌ နိုင်ငံရေးအရ ပိုမိုစွန့်စားရမည့်အချက်ကို လက်ခံရမည်ဖြစ်သလို ပို၍အရေးကြီးသည်မှာ ရလဒ်ဗဟိုပြု ရန်ပုံငွေထောက်ပံ့နေခြင်းမှ ဒေသခံအုပ်ချုပ်ရေး အဖွဲ့များအတွက် ထောက်ပံ့ကူညီမှုအဖြစ် ရပ်တည်ချက် သဘောထားပြောင်းလဲ ဆောင်ရွက်ရမည့် အချက်ဖြစ်သည်။
သို့ဖြစ်လျှင် အဆိုပါအပြောင်းအလဲ၌ ကမ္ဘာ့ကုလသမဂ္ဂက အပြည့်အဝ ပါဝင်ဆောင်ရွက်နိုင်မည်လားဟု မေးခွန်းထုတ်စရာရှိလာသည်။ ကုလသမဂ္ဂသည် မြန်မာ့အရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နိုင်မည့် အနေအထားတွင် ရှိနေသော်လည်း ကံမကောင်း အကြောင်းမလှစွာဖြင့်ပင် ၎င်းသည် မအောင်မမြင် ဖြစ်နေဆဲပင်။
ကုလသမဂ္ဂ၏ မအောင်မြင်သော လုပ်ငန်းများကို အထွေထွေ အတွင်းရေးမှူးချုပ်ရာထူး သက်တမ်းနှစ်ဆက်တိုင်အောင် သုံးသပ်ဆန်းစစ်နေခဲ့ကြသည်။ စုံစမ်းစစ်ဆေးမှုနှစ်ခု (သီရိလင်္ကာနိုင်ငံ၌ ကုလသမဂ္ဂလုပ်ငန်းများအတွက် အထွေထွေ အတွင်းရေးမှူးချုပ်၏ ဌာနတွင်း သုံးသပ်ရေးအဖွဲ့ အစီရင်ခံစာနှင့် ၂၀၁၀မှ ၂၀၁၈ခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ ပါဝင်ပတ်သက်မှုများအတွက် အကျဉ်းရုံး လွတ်လပ်သော စုံစမ်းမေးမြန်းမှု)အရ တူညီသော အလုပ်မဖြစ်မှုများကိုသာ အဓိကဖော်ထုတ် တွေ့ရှိရသည်။
၁၀နှစ်ကျော်ကြာမြင့်ခဲ့သည့် ယနေ့အချိန်တွင်လည်း သီရိလင်္ကာနှင့် မြန်မာနှစ်နိုင်ငံစလုံးတွင် ကုလသမဂ္ဂ လုပ်ငန်းများမှာ မအောင်မမြင် ဖြစ်နေဆဲဟု ကောက်ချက်ဆွဲရလိမ့်မည် ဖြစ်သည်။
အားလုံးလက်ခံသည့် ဗျူဟာတစ်ရပ်ကို ချမှတ်နိုင်စွမ်း မရှိခြင်းက ကုလသမဂ္ဂအဖွဲ့အစည်းသည် မည်သည့်အခါကမျှ မိမိစွမ်းအားပြည့် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း ညွှန်ပြနေပြီး အကျိုးဆက်အဖြစ် မိမိအလုပ်ကျွေးပြုရမည့် အများပြည်သူကို အစွန့်ပစ်ခံဘဝသို့ ရောက်ရှိသွားစေခဲ့သည်။
ကုလသမဂ္ဂတွင် မြန်မာ့အရေး အားလုံးညီညွတ်သည့် ဗျူဟာတစ်ရပ် ကင်းမဲ့နေခြင်းကြောင့် လက်တွေ့ဆောင်ရွက်မှုအပိုင်း၌ ဂယက်ရိုက်မှုများရှိခဲ့ပြီး ကုလသမဂ္ဂ၏ လုပ်ငန်းစီမံချက် တစ်ခုချင်းအပေါ် နားလည်မှု ကင်းမဲ့လာကြသလို အပြင်းအထန်ဝေဖန်မှုများနှင့်လည်း ရင်ဆိုင် ကြုံတွေ့လာရသည်။
မြန်မာနိုင်ငံအတွင်း၌ လုပ်ငန်းလုပ်ကိုင်နေသော ကုလသမဂ္ဂကို စစ်ကောင်စီနှင့် ကြံရာပါအဖွဲ့ဟု ရှုမြင်နေကြသည်။ ကုလသမဂ္ဂအဖွဲ့ကြီးအပေါ် ယုံကြည်မှု ကင်းမဲ့နေခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား သူ၏စွမ်းဆောင်အောင်မြင်မှုကို အခြေခံ၍ စီစစ်သုံးသပ်ရမည့်အစား စစ်ကောင်စီ အကြီးတန်းခေါင်းဆောင်များနှင့် သူကတွေ့ဆုံဆွေးနွေးခဲ့သည့် သာမန်အချက်ကလေး အပေါ်တွင်သာ အလေးပေး၍ ပြစ်တင်ဝေဖန်မှုများ ဖြစ်ပေါ်လာရသည်။
နယူးယောက်ရှိ ကုလသမဂ္ဂ ခေါင်းဆောင်ပိုင်းကလည်း ခေါင်းဆောင်မှု အပြည့်အဝ မပေးနိုင်ကြ သို့မဟုတ် ခေါင်းဆောင်မှုအပြည့်အဝ ပေးရန် လိုလားခြင်းမရှိကြပေ။ ကုလသမဂ္ဂသည် မိမိလုပ်ငန်းများကို အမှန်တကယ် ထိရောက်မှုရှိအောင် စနစ်တကျ ဆောင်ရွက်ရလိမ့်မည် ဖြစ်သည်။
ကုလသမဂ္ဂအဖွဲ့ တည်ရှိနေရခြင်း၏ အဓိပ္ပာယ်ကို မြန်မာပြည်သူများနှင့် ကုလသမဂ္ဂမှ မြန်မာဝန်ထမ်းများက အမှန်တကယ် နားလည် သဘောပေါက်လာစေအောင် အလုပ်ဖြင့် သက်သေပြရန် လိုအပ်လာနေပြီဖြစ်သည်။
----------
(Bangkok Post ပါ Charles Petrie ၏ “Confronting Tragic Fragmentation “ ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။ ချားလ်စ် ပက်ထရီသည် မြန်မာငြိမ်းချမ်းရေး အကူအညီ အစီအစဉ်မှ ညှိနှိုင်းရေးမှူးဟောင်းတစ်ဦးနှင့် ကုလသမဂ္ဂ လက်ထောက်အထွေအထွေ အတွင်းရေးမှူးဟောင်း တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၌ လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးအဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးကာ “သီရိလင်္ကာနိုင်ငံ၌ ကုလသမဂ္ဂ၏ ကျရှုံးမှုအကြောင်း ဌာနတွင်းသုံးသပ်မှု” စာတမ်းကို ရေးသားပြုစုခဲ့သူဖြစ်သည်)။
မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များ မီးရှို့ ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း မြောင်မြို့နယ် ကူးတို့ကုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီဝင်များနှင့် အပေါင်းပါ ပျူစောထီးနှင့် ရဲများသည် ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီမှ စတင်၍ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“မနက် ၈ နာရီကျော်လောက်ကို သူတို့ မြောင်ကနေ ထွက်လာတယ်ဗျ။ မြောင်ကနေ ထွက်လာပြီး ကူးတို့ကုန်းကျေးရွာကို ရောက်တော့ တန်းပြီး မီးတင်ရှို့တာဗျ။ တိုက်ပွဲလည်း မရှိဘူး။ အခုထိ ရှို့နေတုန်းပဲ ။ ခု ကူးတို့ကုန်းရွာထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတယ်” ဟု MPDF သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ကူးတို့ကုန်းကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီဝင်များ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည့်အတွက် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။
ပုံစာ - အကြမ်းဖက်စစ်ကောင်စီဝင်များ၏ မီးရှို့ဖျက်ဆီးခံရသည့် ကူးတို့ကုန်းကျေးရွာ
စစ်တပ်နှင့် BGF တပ်များက ဘားအံမြို့၊ တကောင်ဘိုးနှင့်မီးပုံးကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်တစ်ဖက်ကမ်း၊ တကောင်ဘိုးနှင့်မီးပုံးကျေးရွာကို စစ်တပ်နှင့် BGF တပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ စစ်ကောင်စီတပ် နှင့် နယ်ခြေားစောင့် BGF ၁၀၁၄ တပ်ခွဲမှူး တင်ဝင်း ဦးဆောင်သောတပ်များက ကရင်ပြည်နယ်၊ ရွှေဂွန်းဘက်မှ သံလွင်မြစ်တဖက်ကမ်းဘားအံမြို့နယ် တကောင်ဘိုးနှင့် မီးပုံးရွာသို့ ဝင်ရောက်ပီး ရွာအတွင်းသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူများ ထွက်ပြေးစစ်ရှောင်ကြရကြောင်း၊ မီးပုံးရွာရှိ နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
"ဒီဇင်ဘာ ၁၁ ရက်နေ့ ရွေဂွန်းတဖက်ကမ်း သံလွင်နောက်ဘက်ခြမ်း မီးပုံး ဝဲကြီး တစ်ကောင်ဘိုး ကျေးရွာတစ်လျောက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်။ နောက်တော့ တိုက်ပွဲဖြစ်တယ်လို့ ပြန်ကြားရတယ်။ ပြည်သူတွေကတော့ စစ်ကြောင်းဝင်လာကတည်းက ပြေးရတာ"ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ကရင်ပြည်နယ်တွင် စစ်တပ်လက်အောက်ခံ နယ်ခြားစောင့် BGF ၊ စစ်တပ်တို့ပူးပေါင်းပြီး KNLA နှင့် PDF တပ်များကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများ မကြာခဏ ဆိုသလိုဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ခင်း အစောပိုင်းတွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။
“စားနပ်ရိက္ခာက အဆင်ပြေရင်ပြေသလိုစားရတာပေါ့ အဆင်မပြေတော့လည်း တစ်နပ်စားရတယ်ဆို လည်းရ ပါတယ်။အဓိကကတော့ လက်နက်ရရှိဖို့ပဲလိုတာ။လက်နက်သာတပ်ဆင်ပေးနိုင်ရင် အခုထက်ပိုပြီး ထိထိရောက် ရောက်လုပ်နိုင်တယ်။”
မြိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁)ခေါင်းဆောင် ဗိုလ်လင်္ကျာ နှင့်တွေ့ဆုံးမေးမြန်းချက်
By ရန်ကုန်ခေတ်သစ်
စစ်အုပ်စုမှ နိုင်ငံအာဏာကို လက်နက်အားကိုးနဲ့ လုယူပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ရက်စက်စွာနှိမ်နင်းခဲ့ပါတယ်။ဒီလိုမတရားဖိနှိပ်မှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေက ရရာ လက်နက် ဆွဲကိုင်ကာ ခုခံတော်လှန်နေကြပါတယ်။အဲဒီလို စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူ တွေထဲမှာ မကွေးတိုင်း မြိုင်မြို့နယ်လည်းပါဝင်ပါတယ်။ လက်ရှိမြိုင်ဒေသရဲ့ အခြေအနေတွေ ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့တွေရဲ့ ဆောင်ရွက်မှုတွေ အခက်အခဲလိုအပ်ချက်တွေ သိရအောင် မြိုင် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ တပ်ရင်း (၁)ခေါင်းဆောင် ဗိုလ်လင်္ကျာနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။
https://youtu.be/hWJJNwTuuWE
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁၂ ရက်နေ့ ရရှိထားသော အချက် အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေ အပ်ပါသည်။
စစ်ကိုင်းတိုင်းရှိ CDM ကျန်းမာရေး ဝန်ထမ်းများက NUG အစိုးရ ဖွင့်လှစ်ထားသည့် ကျောင်းများ၌ သံချဆေး တိုက်ကျွေးမှုများ လုပ်ဆောင်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်းရှိ CDM ကျန်းမာရေး ဝန်ထမ်းများက ယင်းမာပင်မြို့နယ်အတွင်းရှိ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းများကို ကျန်းမာရေး အသိပညာပေးခြင်းနှင့် သံချဆေးများ သွားရောက် တိုက်ကျွေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ရွှေဥက္ကံ လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ယင်းမာပင်မြို့နယ်တွင် ရွှေဥက္ကံ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာဘ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်းနှင် ရွှေရေကြည်သပိတ်ပူးပေါင်း၍ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ယင်းမာပင်-ဆားလင်းကြီးမြို့နယ် ရွာပေါင်းစုံသပိတ် စစ်ကြောင်းနှင့် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်ပူးပေါင်း၍ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်အကြမ်းဖက် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ နေအိမ် (၂၂၄)လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက် ဆီး၊ ပြည်သူ (၅) ဦးကို သတ်ဖြတ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အတွင်းရှိ ကျေးရွာ (၅) ရွာမှ နေအိမ် (၂၂၄)လုံးကို အကြမ်းဖက်စစ် တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ (၅)ဦးကို သတ်ဖြတ်သွားကြောင်း ကောလင်း မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ - ပကဖ ထံမှ သိရသည်။
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ အထိုင်ချတပ်စွဲထားသော အင်အား ၆၀ ခန့်ရှိ ခမရ ၃၆၃ တပ်နှင့် ချပ် သင်းဒေသ၌ အထိုင်ချတပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ ခမရ ၃၆၉ တပ် နှစ်ခုသည် ဒီဇင်ဘာလ ၉ ရက်နေ့၌ ကောလင်းမြို့နယ်အတွင်းဝင် ရောက်ကာ ကုက္ကိုကုန်းကျေးရွာမှ နေအိမ် (၈၇)လုံး၊ ပေပင် ချောင်ကျေးရွာမှ နေအိမ် (၃၉)လုံး၊ ညောင်ကုန်းကျေးရွာမှ နေအိမ် (၂၉)လုံး၊ ဇီးဖြူကုန်းကျေးရွာမှ နေအိမ် (၄၅)လုံးနှင့် လျှော်ဖြူကုန်းကျေးရွာမှ နေအိမ် (၂၄)လုံး စုစုပေါင်း နေအိမ် (၂၂၄)လုံးကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့အထိ မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်။
“ပေပင်ချောင်ရွာက အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်း ပစ်သတ်သွားတယ်၊ ဆန်စပါး၊ ကျွဲ၊နွား၊ ဝက်၊ လယ် ယာသုံးပစ္စည်းတွေ ဆုံးရှုံးသွားတာ အများအပြားပဲ၊ ဒီနေ့ညနေ ၄ နာရီလောက်မှာ ကိုးတောင်ဘို့ တပ်က စခန်း ပြန်ဝင်သွားပေမယ့် ချပ်သင်းတပ်က ကန့်ဘလူ၊ အောက်တဲရွာအရှေ့ဘက် မီတာ တစ်ထောင် လောက်မှာရှိနေသေးတယ်”ဟု ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖက ပြော သည်။
ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့၌ တပ်စွဲထားသော အကြမ်းဖက်စခန်းကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံ နက် အစောပိုင်း ၁ နာရီခန့်က Kotaungbo Revolution KTB-R အပါအဝင်ဒေသခံ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၃ နာရီခန့်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ MI 35 ရဟတ်ယာဉ် နှစ်စင်းဖြင့် ပစ်ကူပေးကာ တိုက်ခိုက်ခဲ့ကြောင်း Kotaungbo Revolution KTB-R ထံက သိရသည်။
လောင်းလုံးမြို့နယ်တွင် PDF များကို ကြိမ်းဝါးခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး ညိုအေးနှင့် ပျူစော ထီး နိုင်နိုင်တို့ ပစ်ခတ်ရှင်းလင်းခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် PDF များကို ကြိမ်းဝါး ခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး ညိုအေးနှင့် ပျူစောထီး နိုင်နိုင်တို့ကို ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့ ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
လောင်းလုံးမြို့နယ်၊ ချောင်းဖျားကြီးကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ညိုအေးသည် ရွာထဲသို့ စစ်ဘေးရှောင်လာသူများကို ၎င်းကိုယ်တိုင် သကျတ်တောရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့ကြောင်း၊ ရွာသူရွာသားများကိုလည်း အာဏာအမျိုးမျိုးပြကာ ခြိမ်းခြောက်ပြီး PDF တပ်ဖွဲ့ များကိုလည်း ကြိမ်းဝါးခြိမ်းခြောက်နေကြောင်း ၊ ထို့ကြောင့် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၆ နာရီ ခန့်တွင် ၎င်း၏ နေအိမ်အတွင်း ဝင်ရောက်ကာ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။
အလားတူ လောင်းလုံးမြို့နယ်၊ ရဘဲကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် နိုင်နိုင်သည် ကျေးရွာအတွင်းရှိ ပြည် သူ အချို့ကို အကြမ်းဖက် စစ်ကောင်စီထံ သတင်းပေးကာ ဖမ်းခိုင်းခြင်းတို့ကြောင့် ရွာသူရွာသား အချို့ မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ကျောက်နီမော်ကျေးရွာရှိ ပျူစောထီးခေါင်းဆောင် ချစ်စမ်းမောင် ၏ တပည့် ပျူစောထီး(စွန်ရဲ)အဖွဲ့ဝင်များ ၊ စခများနှင့်ပူးပေါင်းကာ ခရီးသွားပြည်သူများကို တားဆီးစစ် ဆေးခြင်း၊ ပျူစောထီးအအဖွဲ့ဝင်ရန် လိုက်လံစည်းရုံးတို့ကြောင့် ယနေ့ နံနက် အစောပိုင်း ၃ နာ ရီခန့်က လောင်းလုံးမြို့ နယ် လမ်းပိုင်းတစ်နေရာ၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု ပစ်ခတ်ရှင်းလင်းမှုသည် လောင်းလုံး မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရှင်းလင်းခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝ(လုံးဝ) သက်ဆိုင်ခြင်းမရှိကြောင်း၊ စစ်ကောင်စီထောက်တိုင် ပျူစော ထီး အကြမ်းဖက်သမားများအား အချိန်တိုင်း၊ နေရာတိုင်း၌ မျက်ခြေ မပြတ်စောင့်ကြည့်ကာ ရှင်းလင်း သွားမည်ဖြစ်သဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိအမြဲရှိကာ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ ဝင်များ၊ ထောက်တိုင်များနှင့် ဝေးဝေးနေပေးကြပါရန် အသိပေးတိုက်တွန်းပါကြောင်း လောင်းလုံးမြို ့နယ် ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးမှာ ဒီကနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူထိခိုက်မှု ရှိတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်သင်္ဘော(၁) စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တဖက်ပွင့်- ပြောင်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဗန္ဓုလနှင့်အဖွဲ့သားများဆီကနေ သိရပါတယ်။
- စစ်ကောင်စီဝန်ကြီး ၂ ဦးဖြစ်တဲ့ လျှပ်စစ်ဝန်ကြီး သောင်းဟန်၊ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦးတို့ နဲ့ အတူ အောင်သောင်းသားတွေ ပိုင်ဆိုင်တဲ့ IGE ကုမ္ပဏီ က အမှုဆောင်ဒါရိုက်တာ သဇင်အောင်နဲ့ နှင်းနှင်းအောင် ဆိုသူ ၂ ဦးတို့ဟာ အောက်တိုဘာလအတွင်း ကျင်းပခဲ့တဲ့ ရုရှား စွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာ ဖိုရမ်ကို တက်ရောက် ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။
https://youtu.be/SWCaz0a4alg
စစ်ကောင်စီက ဝန်ထမ်းများအတွက် စားအုန်းဆီ ခွဲတမ်း ပေးမည်ဟု မက်လုံးပေးပြီး ဝန်ထမ်း မိသားစုနှင့်ဆွေမျိုးစာရင်းများပါကောက်ယူ၊ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပုံရဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
အကြမ်းဖက်စစ်ကောင်စီက ၎င်း၏ လက်အောက်တွင် တာဝန်ထမ်းဆောင် နေကြသည့် ဝန်ထမ်းများအားလုံးကို အဆင့်အလိုက် စားအုန်းဆီ ခွဲတမ်းပေးရန် အတွက်ဟုဆိုကာ ဝန်ထမ်းအင်အား စာရင်း၊ အသိုင်းအဝိုင်းနှင့်ဆွေမျိုး စာရင်း များ ပါ ကောက်ယူနေကြောင်း သိရှိရသည်။
ဒီဇင်ဘာလဆန်ပိုင်းမှစတင်ပြီး တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ၏ အင်အား၊ မိသား စု ဦးရေများကို တိုင်း၊ ခရိုင်၊ မြို့နယ် အလိုက် တင်ပြရန် စစ်တပ်ဘက်က ညွှန် ကြားလာပြီး စားအုန်းဆီ ခွဲတမ်းပေးမည်ဟု ခေါင်းစဉ်တပ်ထားကြောင်း၊ အဆင့် အလိုက် စားအုန်းဆီ ခွဲတမ်းပေးရန်ရှိသည်ဟုဆိုကာ ဝန်ထမ်း မိသား စုနှင့် ဝန်ထမ်းအသိုင်းဝိုင်း၊ ဆွေမျိုးများ စာရင်းပါ ကောက် ယူနေခြင်း ဖြစ်ကြောင်း သိရှိရသည်။
"ဝန်ထမ်းသက်သာချောင်ချိရေး စားအုန်းဆီခွဲတမ်းဆိုပြီး စာရင်းကောက်တာ။ ဘယ်တော့ပေးမယ်မှန်းတော့မသိဘူး။ စာရင်းတော့ကောက်သွားတယ်။ စာရင်း ကလည်း တကယ်က ရုံးချုပ်မှာ ရှိပြီးသားပါ။ CDM တွေ လုပ်ကြ တုန်းက လည်း ကောက်ထားပြီးသား။ အခုမှ ထပ်ကောက်တာဆိုတော့ ရွေးကောက် ပွဲအတွက် အပိုင်မဲ တွက်ဖို့လားပဲ။ ရိုးတာတော့ မရိုးဘူး။ ဝန်ထမ်း ရ ယ် အတူနေမိသားစုစာရင်း အဲဒါတွေပါ ပေးရတယ်" ဟု နေပြည်တော် ဝန်ထမ်း တစ်ဦးက ပြောသည်။
ကရင်ပြည်နယ်မှ ပြည်ထဲရေးအရာရှိတစ်ဦးကလည်း ဝန်ထမ်းများ သက်သာ ချောင်ချိ ရေးအတွက် စားအုန်းဆီ အဆင့်လိုက်ခွဲတမ်းဖြင့်ဝေမည်ဟုဆိုကာ တိုင်း/ပြည်နယ်/မြို့နယ်/ခရိုင် ဌာနဆိုင်ရာများကို အင်အားစာရင်းပေးပို့ရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စာပေးပို့တောင်းဆိုလာသည်ဟု ပြောဆို သည်။
"ထွေ/အုပ်က အင်အားစာရင်းတွေ စာပို့ပြီး တောင်းလာတယ်။ စားအုန်းဆီ ခွဲတမ်း လို့တော့ ပြောတယ်" ဟု ကရင်ပြည် နယ်မှ ပြည်ထဲရေးအရာရှိက ဆိုသည်။
ထို့ပြင် စစ်ကောင်စီက ဝန်ထမ်းများအားလုံး ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင် မဖြစ် မနေ မဲပေးရမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းများကို တာဝန်ထမ်း ဆောင် ရာ နေရာဒေသသို့ ပြောင်းရွှေ့ မဲပေးကြရန် တရားဝင် ညွှန်ကြားချက် ထုတ်ပြန် ခိုင်းစေထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်မြို့တွင် တွေ့ရသည့် အစိုးရဝန်ထမ်းများ။ (ပုံအဟောင်း ဖြစ်သည်)
Photo- AFP။
မင်းအောင်လှိုင်ကို ခမ်းခမ်းနားနား ချီတက် အလေးပြုကြရန် ဌာနတစ်ခု လျှင် ဝန်ထမ်း ၁၅၀ ဦးဖြင့် စုစုပေါင်း ဝန်ထမ်း ၇၇၄၉ ဦး စစ်ရေးပြ လေ့ကျင့်နေရ၊ ၉ ဂဏန်း ဖြင့် ယတြာချေ အလေးပြု ခိုင်းဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
အကြမ်းဖက်မင်းအောင်လှိုင်က လာမည့် ၇၅ နှစ်မြောက် စိန်ရတု လွတ်လပ်ရေး အခမ်း အနားတွင် ၎င်းကို ခမ်းခမ်း နားနား ချီတက် အလေးပြုကြရန်အတွက် ဌာနတစ်ခုလျှင် ဝန်ထမ်း ၁၅၀ ဦးစီဖြင့် စုစုပေါင်း ဝန်ထမ်း ၇၇၄၉ ဦးကို နေ့စဉ် စစ်ရေးပြ လေ့ကျင့်ချီတက်ခိုင်းနေကြောင်း သိရှိရသည်။
ဒီဇင်ဘာလအတွင်းတွင် အကြမ်းဖက်မင်းအောင်လှိုင်ကို ဗိုလ်ရှုသဘင်ဖြင့် ခမ်း ခမ်း နားနား ချီတက် အလေးပြုနိုင်ရေး အတွက် နေ့စဉ် ဝန်ထမ်းများကို စစ် ရေးပြ လေ့ကျင့်ခိုင်းနေခြင်းဖြစ်ပြီး ရုံးအလုပ်များအားလုံး ရပ်နားခိုင်း ထား ကြောင်း သိရှိရသည်။
"နေပြည်တော် ကုမုဒြာကြာပန်းအဝိုင်းနှင့်ပဒုမ္မာကြာပန်းအဝိုင်းကြားမှာဝန်ကြီး ဌာန ဝန်ထမ်းတွေကို စစ်ရေးပြစစ်ကြောင်းပုံစံဖြင့်အလေးပြုခိုင်းတယ်။ ဒီကြာ ပန်း အဝိုင်း၂ခုကြားမှာ ဝန်ကြီးဌာနတစ်ခုလျှင် ဝန်ထမ်းအင်အား ၁၅၀ ကျော်ကို အတင်းအကျပ်စစ်ရေးပြလုပ်ခိုင်းနေပြီ။ နေ့စဉ်လိုလိုလေ့ကျင့်ခိုင်းနေပါတယ်။ စစ်တပ် ကြည်းရေလေက ၁၅၀၊ စစ်မှုထမ်းဟောင်း ၁၅၀၊ ရဲ ၁၅၀ ၊ မီးသတ်က ၁၅၀၊ အခြားဝန်ကြီးဌာနပေါင်းစုံ စုစုပေါင်းစစ်ရေးပြအင်အား ၇၇၄၉ ဦး။ ၇၇၄၉ ဦး ကို ပြန်ပေါင်းရင် ၉ ဂဏန်းထွက်တယ်။ ယတြာနဲ့ ဗိုလ်ရှုသဘင်ပေါ့" ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။
မင်းအောင်လှိုင်ကို အလေးပြုရမည့် ဝန်ထမ်းများအနေဖြင့် နေ့စဉ် နံနက် ၄ နာရီ ခွဲမှ နံနက် ၈ နာရီအထိ စစ်ရေးပြ လေ့ကျင့်ရပြီး အလံများ ဝှေ့ရမ်း ချီတက်ရကြောင်း၊ စစ်ကြောင်းပုံစံဖြင့် ချီတက် အလေးပြုခြင်း၊ အလံများ ဝှေ့ရမ်း ချီတက်ခြင်း၊ စစ်ရေးပြ ညီညာစွာ စီတန်း အလေးပြုခြင်း စသည့် ပုံစံများကို နေ့စဉ် လေ့ကျင့်နေရကြောင်း သိရှိရသည်။
မင်းအောင်လှိုင်က စိန်ရတု လွတ်လပ်ရေးနေ့ကို အကြီးကျယ်ဆုံးနှင့် အခမ်းနား ဆုံးကျင်းပရန် ခိုင်းစေထားသဖြင့် တိုင်းနှင့် ပြည်နယ် စစ်ကောင်စီများက အလှပြယာဉ်များ၊ ဝန်ကြီးဌာန အလှပြယာဉ်များ၊ ဝန်ကြီးဌာနပေါင်းစုံ စျေးရောင်းပွဲတော်နှင့် အရောင်းပြခန်းများ၊ အဆိုပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများကို ဇန်နဝါရီလ ၄ ရက်နေ့တွင် ခြိမ့်ခြိမ့်သဲ ကျင်းပရမည်ဖြစ်ကြောင်း သိရှိရသည်။
"ဝန်ကြီးဌာနတိုင်း အရောင်းပြခန်း ဘာပြခန်းညာပြခန်းဆိုပြီး ဉပ္ဗတသန္တိစေတီ တပေါင်းကွင်းထဲမှာ ပြခန်းတွေဘာတွေအတင်းလုပ်ခိုင်းနေပါတယ်။ အဆိုပြိုင်ပွဲ ပြုလုပ်ခိုင်းပြီး ဝန်ထမ်းတွေကိုအတင်းအကျပ်လာကြည့်ခိုင်းထားပြီ။ ပျော်ပွဲ ရွှင်ပွဲ တွေအတင်းအကျပ် မဖြစ်မနေလုပ်ရမယ်။ ဝန်ထမ်းအများစုက ကုန် စျေး နှုန်း မြင့်တက်မှုကြောင့်လစာနဲ့မလုံလောက်ဘဲ ချို့တဲ့စွာနေရတဲ့ ကြားက ဒီလွတ်လပ်ရေးနေ့ကိုအကြောင်းပြပြီး ပျော်ပွဲရွင်ပွဲတွေလုပ်ခိုင်းတော့ စိတ် လည်း ပျက်ကြတယ်။ ငွေကျပ်ဘီလီယံပေါင်းများစွာ အကုန် အကျ ခံပြီး လုပ်ခိုင်းနေတာပါ" ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။
ထို့ပြင်အကြမ်းဖက် မင်းအောင်လှိုင်ကို အလေးပြုရမည့် ဗိုလ်ရှုသဘင်ကို လာ ရောက် ကြည့်ရှုရမည့်ဝန်ထမ်းများကို ထိုင်ကြည့် စစ်ကြောင်း အဖြစ် သတ် မှတ်ထားပြီး ဝန်ကြီးဌာနအားလုံးမှ စုစုပေါင်း အင်အား ၅၀၀၀ တောင်း ယူ ထားကြောင်း၊ ထို့ကြောင့် စစ်ရေးပြ မလိုက်လိုသော ဝန်ထမ်းများအနေဖြင့် ထိုင်ကြည့် စစ်ကြောင်း ၅၀၀၀ တွင် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စိန်ရတုနေ့ ပြည်ထောင်စုနေ့ အခမ်းအနား ဗိုလ်ရှုခံသဘင် မြင်ကွင်း။
ကြေကွဲဖွယ် အစိတ်စိတ်အမြွှာမြွှာ မြန်မာ
By Charles Petrie
ယူကရိန်းနိုင်ငံအား ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုသည် အနောက်ကမ္ဘာ၌ “ယခင်နှင့် ယခု” ဟူသော မတူကွဲပြားသည့် လက်တွေ့နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်ကို ဖန်တီးပေးခဲ့သလို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့ အာဏာသိမ်းမှုသည် မြန်မာနိုင်ငံရေး၏ ပကတိ အခြေအနေသစ် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
မြန်မာ့အာဏာသိမ်းမှုသည် မင်းအောင်လှိုင်၏ အကြီးအကျယ် လွဲချော်ခဲ့သော တွက်ကိန်းအမှား တစ်ခုဖြစ်သည်။ ပဋိပက္ခသက်တမ်းသည် နှစ်နှစ်နီးပါးကာလသို့ ချင်းနင်းဝင်ရောက်လာချိန်၌ နိုင်ငံနယ်မြေအများစုကို စစ်တပ်၏ ထိန်းချုပ်နိုင်မှု ကင်းမဲ့နေသည့်အချက်မှာ ထင်ရှားလာနေပြီး အာဏာမသိမ်းမီက ပိုင်ဆိုင်ထားသော နိုင်ငံတကာ အသိအမှတ်ပြုမှုကို အလုံးစုံမဟုတ်လျှင်ပင် အကြီးအကျယ် လက်လွှတ်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
အာဏာသိမ်းမှု နောက်ဆက်တွဲအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်များ ပါဝင်သော တော်လှန်ရေးပုံစံသစ်များ ပေါ်ထွန်းလာခဲ့သည်။ သို့သော် အကြမ်းဖက်မှုပုံစံသစ်များလည်း အထင်အရှား တိုးပွားလာနေပြီး လူပုဂ္ဂိုလ်များကို လက်တုံ့ ပြန် သတ်ဖြတ်မှုများကြောင့် ကြောက်စိတ်နှင့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာလျက်ရှိသည်။
ကိုယ်ပိုင်လွတ်လပ်သော အစိတ်အပိုင်းငယ်လေးများအဖြစ် တစ်စထက်တစ်စ ပြိုကွဲလာနေသော မြန်မာနိုင်ငံအား တစ်နိုင်ငံတည်းအဖြစ် မည်သို့ပြန်လည် စုစည်းပေးနိုင်မည် ဆိုသည့်အချက်ကို ရှင်းရှင်းလင်းလင်း အဖြေထုတ်နိုင်ခြင်း မရှိပေ။
စစ်ကောင်စီက ထိန်းချုပ်ထားသော ဒေသများ၌ အစိုးရအုပ်ချုပ်မှုယန္တရားကို တွေ့မြင်နိုင်သည်ဟု ဆိုသော်ငြား အလားတူ အုပ်ချုပ်မှုမျိုးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာဒေသ၌လည်း မြင်တွေ့နေရသလို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသနှင့် မြို့ကြီးအများအပြား၌ မင်းမဲ့စရိုက် အုပ်စိုးမှုများလည်း လွှမ်းမိုးလာလျက်ရှိသည်။
အများလက်ခံပြီး ထိရောက်သော ဗဟိုအုပ်ချုပ်မှုစနစ် မရှိသည့်အခါ ရပ်ရွာလူထုသည် တာဝန်ယူမှုကင်းမဲ့သော လတ်တလော ဩဇာရှိနေသည့် လူဆိုးလူမိုက်ဂိုဏ်းအဖွဲ့များကို တစ်စထက်တစ်စ ပိုမိုအားကိုးလာကြရသည်။
အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲမှုဆိုင်ရာ အစဉ်အလာနိုင်ငံရေး သီအိုရီရှုထောင့်အရ ကြည့်မည်ဆိုပါက မြန်မာနိုင်ငံသည် ကြေကွဲစရာ “ပျက်အစဉ် ပြင်မရ ဂျုံးဂျုံးကျ အကျပ်အတည်း (Humpty-Dumpty Dilemma)” အတွင်း သက်ဆင်း ကျရောက်နေသည် ဟုဆိုနိုင်သည်။
နိုင်ငံတစ်ခုအဖြစ် ပြန်လည်စုစည်းပေးနိုင်မည့် နည်းလမ်း အရိပ်အယောင် အစအနကို မမြင်ရဘဲ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲနေခြင်းဖြစ်သည်။
တစ်ဖက်တွင် စစ်ရေးအရ တိုက်ခိုက်ဖျက်ဆီး၍ အသာစီးရယူပြီး စိုးမိုးအုပ်ချုပ်နိုင်ရန် စစ်ကောင်စီအဖွဲ့က အစွမ်းကုန်ကြိုးပမ်းနေသလို အခြားတစ်ဖက်တွင်လည်း လုံးဝကွဲပြားခြားနားသည့် အစိတ်အပိုင်းများကို ပေါင်းစည်းပေးနိုင်လောက်အောင် အတိုက်အခံ ဒီမိုကရေစီတို့ဖက်တွင် မြေပြင်၌ အလုံအလောက် ခြေကုပ်ယူနိုင်မှုမရှိခြင်း ဟူသော အကျပ်အတည်းအတွင်း မြန်မာနိုင်ငံ ကျရောက်လျက်ရှိသည်။
မြန်မာ့အရေး ပါဝင်ပတ်သက်နေသူအားလုံးသည် ဖြစ်ပေါ်နေသော မျက်မှောက်အခြေအနေ အရပ်ရပ်ကို မှန်ကန်စွာသုံးသပ်နိုင်ရေး မျက်မှန်ပြောင်းပြီး တပ်ကြည့်ရန် အရေးကြီးလှသည်။
ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများသည် ဖေဖော်ဝါရီ ၁ ရက် အာဏာမသိမ်းမီ အခြေအနေကထက် ဘက်ပေါင်းစုံမှ ပိုမိုရှုပ်ထွေးလာလျက် ရှိသည်။
ပြဿနာဖြေရှင်းနိုင်မည့် အလားအလာများကို အမှန်တကယ် ထင်ဟပ်စေအောင် ဖြောင့်မတ်မှန်ကန်စွာ ဆွေးနွေးဖော်ထုတ်၍ လက်တွေ့ကျကျ ချဉ်းကပ်မည့်သဘောထားမျိုးကို အလိုရှိကြောင်း ယနေ့တိုင်းပြည် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသည့် အခင်းအကျင်းက တောင်းဆိုလာခဲ့သည်။
သို့ဖြစ်၍ မိမိအားစိန်ခေါ်လာသူ သို့မဟုတ် မိမိနှင့် သဘောထား မကိုက်ညီသူ မည်သူ့ကိုမဆို ရက်စက်စွာ တိုက်ခိုက်လေ့ရှိခဲ့ကြသူ အပေါင်းအနေဖြင့် မိမိ၏ ထောက်ခံအားပေးသူများ အတွင်း အဆိုပါ အယူအဆအမှားကို စွန့်လွှတ်ရန် အရေးတကြီး လိုအပ်လာပြီ ဖြစ်သည်။ နည်းလမ်းသစ်များ တွေ့ရှိစေမည့် လှုပ်သာရှားသာရှိသော အခင်းအကျင်းများကို ဖန်တီးပေးရန် အချိန်ကျ ရောက်လာပြီလည်း ဖြစ်သည်။
၎င်းတို့အနက် အဓိကကျသည့် နည်းလမ်းတစ်ခုမှာ မြန်မာလူထုအတွက် ဘက်စုံထောင့်စုံ မျက်နှာစာပေါင်းစုံ ချဉ်းကပ်မှုဖြင့် အကူအညီ ပေးအပ်ခြင်း ဖြစ်သည်။ လူသားချင်းစာနာမှု အခြေခံမူများကို လိုက်နာသည့် သမရိုးကျ အကူအညီ ပေးအပ်ခြင်းသည် အမှန်တကယ် လိုအပ်နေသူများအနက် ၂၀ ရာခိုင်နှုန်း ထက်မကျော်သော လူနည်းစုအတွက်သာ လက်လှမ်းမီနိုင်ကြောင်း သိရှိနားလည်ထားရန် လိုအပ်သည်။
ပြည်သူကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ကြောင်းထိုးသော စစ်တပ်ကို တိုက်ခိုက်၊ ဖမ်းဆီးခံ ပြည်သူ တစ်ဦး လွတ် မြောက်၊ ရေနံချောင်းမြို့နယ်တွင်လည်း အကြမ်းဖက်စစ်သားများမိုင်းဆွဲ တိုက်ခိုက်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရွာအနောက်ဘက်တွင် ပြည်သူများကို ဖမ်းဆီးပြီး လူသားဒိုင်း လုပ်ကာ စစ် ကြောင်းထိုးလှုပ်ရှားလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီဇင်ဘာလ ၁၁ ရက်နေ့ က တိုက်ခိုက်ခဲ့ရာ ဖမ်းဆီးခံပြည်သူတစ်ဦးလွတ်မြောက်ခဲ့ကြောင်း Urban Underground Revolution Force – YSO – 2 ထံမှ သိရသည်။
ပြည်သူများကို ဖမ်းဆီးကာ စစ်ကြောင်းထိုးလာကြောင်း သတင်း အရ Urban Underground Revolution Force – YSO ၊ 27 Revolution Force (Myin Gyan) ၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်များပူးပေါင်းကာ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်တိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံပြည်သူတစ်ဦး လွတ် မြောက်ခဲ့ပြီး ကျည်ကုန်သွားသဖြင့် ခေတ္တဆုတ် ခွာခဲ့ရကြောင်း၊ ထပ်မံကျည်ဖြည့်ပြီး King Cobra ၊ Myaing Rural Guerilla Force ၊ Phoenix Ranger နှင့် မဟာမိတ်များပူးပေါင်းကာ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ရန် ကြိုးစားခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီးများမှာ ဆုတ်ခွာထွက် ပြေးသွားကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ အောင်ပန်းရိုးတံတားအနီးတွင် မနေ့က ဒီဇင်ဘာလ ၁၂ ရက် ည ၈ နာရီခွဲခန့်က ကင်းလှည့်နေသော အကြမ်းဖက်စစ်ယာဉ်တန်းကို People’s Defence Force Yenangyaung နှင့် Hunter Dragon Group ညီနောင်များ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမသိရသေးကြောင်း ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
Photo- ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့တွင် “ မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ပြသ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ Allen County Main Library တွင် ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသည့် "မသောက်မိသောမိုးခါးရေ” ရုပ်ရှင်ဇာတ်လမ်းတိုကို Fort Wayne Burmese Community အဖွဲ့မှ ဦးဆောင်၍ ဒီဇင်ဘာလ ၁၁ ရက် နေ့တွင် ပွဲချိန် နှစ်ချိန်ခွဲ၍ ရုံပြည့်ပြသခဲ့ကြောင်း သိရှိရသည်။
ရုပ်ရှင်ပြသမှုကို ဖို့ဝိန်းမြို့နှင့်အနီးတဝိုက်တွင်နေထိုင်ကြသော လူဦးရေ ၃၅၀ ကျော်ခန့်ရှိ သည့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများနှင့် အမေရိကန်မိတ်ဆွေမိသားစုများက ကြည့်ရှုခဲ့ကြပြီး ရုပ်ရှင်ပြပွဲသို့ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းမှ Zoom မှတစ်ဆင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြောင်း၊ ရရှိထားသော ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ်လိုအပ်နေသည့်နေသည့်နေရာများသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ( MOD) မှတစ်ဆင့် ညှိနှိုင်းပြီး အမြန်ဆုံး ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံကနေဝယ်ယူထားတဲ့ တိုက်လေယာဉ်သစ် SU-30 တွေကို စိတ်မချဖြစ်နေပြီး မိတ္တီလာလေတပ်မှာ ကျင်းပမယ့် ၇၅ နှစ်မြောက် စိန်ရတု လေတပ် နှစ်ပတ် လည်ပွဲမှာ SU-30 တိုက်လေယာဉ်သစ်တွေကို ရုရှားလေယာဉ်မှူးတွေနဲ့သာ ဦးဆောင် မောင်းနှင်ခိုင်းမယ်လို့ သိရပါတယ်။
- မွန်ပြည်နယ်၊ ဇင်ကျိုက်မြို့ နယ်မြေရဲစခန်းက အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ထိန်းရဲအုပ်နဲ့ ရဲတပ်သား တို့ကို S.O.F တပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
- တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ PDF တွေကို ကြိမ်းဝါး ခြိမ်းခြောက်နေသူ အုပ်ချုပ်ရေးမှူး ညိုအေးနဲ့ ပျူစောထီး နိုင်နိုင်တို့ကို ဒီဇင်ဘာလ ၁၂ ရက် မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/6GXDE48mC5g
ရုရှားတိုက်လေယာဉ်သစ် SU-30 များကို မင်းအောင်လှိုင် စိတ်မချဖြစ်နေပြီး လေတပ် နှစ်ပတ် လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှားနိုင်ငံမှ ဝယ်ယူထားသော တိုက်လေယာဉ်သစ် SU-30 များကို စိတ်မချဖြစ်နေပြီး မိတ္တီလာလေတပ်တွင် ကျင်းပမည့် ၇၅ နှစ်မြောက် စိန်ရတု လေ တပ်နှစ်ပတ်လည်ပွဲတွင် SU-30 တိုက်လေယာဉ်သစ်များကို ရုရှားလေယာဉ်မှူးများဖြင့်သာ ဦး ဆောင် မောင်းနှင်ခိုင်းမည်ဖြစ်ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ မန္တလေးတိုင်း၊ မိတ္တီလာ၊ ရှမ်းတဲလေတပ်တွင် ၇၅ နှစ်မြောက် စိန်ရတု လေတပ်နှစ်ပတ် လည် အခမ်းအနားတွင် ရုရှား SU-30 တိုက်လေယာဉ်အားလုံး အလှပြ ပျံသန်း မည်ဖြစ်ပြီး ရုရှားတိုက်လေယာဉ်မှူးများက ဦးဆောင်မောင်းနှင်ကြမည်ဖြစ်ကြောင်း၊ မြန်မာ စစ်လေယာဉ်မှူးများက အကူလေယာဉ်မှူးများအဖြစ်သာ လိုက်ပါ မောင်းနှင်ကြမည်ဖြစ်ကြောင်း လေတပ်သတင်းရင်းမြစ်က ပြောသည်။
"ဒီဇင်ဘာ ၁၅ ရက်နေ့ လေတပ်နှစ်ပတ်လည်မှာ ရုရှား Su-30 တိုက်လေယာဉ်တွေ သရုပ်ပြပျံသန်းကြမှာဖြစ်ပါတယ်။ ရုရှားလေယာဉ်မှူးတွေက အဓိက လေယာဉ်မှူးတွေအဖြစ် တာဝန်ယူပြီး မြန်မာစစ်အရာရှိလေယာဉ်မှူးများက လေယာဉ်မှူးအကူအဖြစ် နောက်ခုံမှာထိုင်ကြမယ်။ ထိပ်ပိုင်းခေါင်းဆောင်တွေက SU-30 တိုက်လေယာဉ်သစ် တွေကို သဲသဲလှုပ် ဖြစ်နေကြတယ်။ စိုးရိမ်နေကြတာ။ လေယာဉ်တွေထိခိုက်မှုဖြစ်မှာ အရမ်းစိုးရိမ်တာ။ စိန်ရတု နှစ်ပတ်လည်ပွဲမှာ ကြေညာရင်တော့ မြန်မာစစ်လေယာဉ်မှူးတွေမောင်းတယ်လို့ ကြေညာပြီး လိမ်ကြမှာ" ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။
လေတပ်စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းမောင်မောင်ကျော်၏ တပည့်ဖြစ်သူ ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေးသည် ရုရှားတိုက်လေယာဉ် SU-30 တိုက်လေယာဉ်အုပ်စု၏ ခေါင်းဆောင်ဖြစ်သော်လည်း ၎င်းကိုယ်တိုင်ပင် ရုရှားတိုက်လေယာဉ်မှူး ဦးဆောင်မောင်းနှင်မည့် SU-30 တိုက်လေယာဉ်တွင် အကူလေယာဉ်မှူးအဖြစ်သာ လိုက်ပါမည်ဖြစ်ကြောင်း သိရှိရသည်။
"Su-30လေယာဉ်အုပ်စု အုပ်မှူး အဖြစ် တင်မြောက်ခံထားရတဲ့ ဒုဗိုလ်မှူးကြီးခန့်နေသွေးက ရုရှားမှာ Su-30 လေ ယာဉ်မောင်း သင်တန်းတက်ရောက်ပြီးစီးပေမယ့် တပ်ချုပ်က စိတ်မချလို့ ဒီလိုနိုင်ငံတော်အဆင့်ပွဲမျိုးတွေမှာ မောင်းနှင်ခွင့်မရပါဘူး။ အခု ဒီဇင်ဘာ ၁၅ ရက်နေ့ လေယာဉ်တွေ တပ်တော်၀င်ပွဲမှာ ရုရှားလေယာဉ်မှူးကမောင်းနှင်ပေးတ,ယ်။ Su-30 တိုက် လေယာဉ်မှာ အုပ်မှူးခန့်နေသွေးက တိုက်လေယာဉ် နောက်ခုံမှာ ထိုင်စီးရမယ်"ဟု လေတပ် သတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်က ရုရှားလေယာဉ်သစ်များကို လွန်စွာ တန်ဖိုးထားနေ၍ အောက်ခြေ စစ်ကောင်စီလေတပ်တပ်သားများနှင့်အရာရှိများမှာ ရုရှားတိုက်လေယာဉ်သစ်များကို မတို့ရဲ မကိုင်ရဲ ဖြစ်နေကြကြောင်း သိရှိရသည်။
Su-30 ရုရှား တိုက်ခိုက်ရေး လေယာဉ်များ၏ အုပ်မှူးအဖြစ် မိန်းမရှုပ်မှုဖြင့် ရာထူး ပြုတ်သွားခဲ့သော လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ တပည့်အရင်းဖြစ်သူ ဒုဗိုလ်မှူး ကြီးခန့်နေသွေးကို ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
Su-30 ရုရှားတိုက်လေယာဉ်များသည် လေယာဉ်ဆီ အလွန်သုံးစွဲရသည့် တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး အုပ်မှူး ခန့်နေသွေးသည် ဆီခိုးမှုများဖြင့် လေတပ်၏ ချမ်းသာသူစာရင်းဝင် သူဌေးတစ်ဦး ဖြစ်လာနေသည်ဟု လေတပ်သတင်းရင်းမြစ်က ပြောသည်။
ဒုဗိုလ်မှူးကြီးခန့်နေသွေးသည် ၎င်း အုပ်ချုပ်ရသော Su-30 တိုက်လေယာဉ်များမှ လေယာဉ်ဆီများကို ခိုးယူလျက်ရှိပြီး တစ်ပတ်လျင် သိန်း ၃၀၀ ခန့်ရရှိကြောင်း၊ ၎င်း၏ လစဉ်လေယာဉ်ဆီခိုးရောင်းမှုမှာ တစ်လလျင်သိန်း ၁၀၀၀ ကျော်ခန့်ရရှိကြောင်း သိရှိရသည်။
"ဒုဗိုလ်မှူးကြီး ခန့်နေသွေးက သိန်း ၈၀၀ တန် Toyota Rush တစ်စီး၊ တရုတ်ကား ,Soueast ကားတစ်စီး၊ ရန်ကုန်ကန်တော်လေး ၈၈ လမ်းမှာ တိုက်ခန်းတစ်ခန်း၊ ရန်ကုန် ဗဟန်းမှာ တိုက်ခန်းတစ်ခန်း,၀ယ်ယူထားပါတယ်။ သူရဲ့မိန်းမ ဒေါ်စိမ့်စိမ့်လွင်က တပ်ထဲမှာလိုက်ပါနေထိုင်ရခြင်းမရှိဘဲ ရန်ကုန်မြို့မှာသာနေထိုင်၍ တစ်လတစ်ခါ ဆီခိုးရောင်းရငွေ ပိုက်ဆံများလာသိမ်းကာ ရန်ကုန်သို့ပြန်လေ့ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၀၄ သန်းဖြင့် စာချုပ်ချုပ်ပြီး ဝယ်ယူထားသော ရုရှားနိုင်ငံလုပ် SU-30SME စစ်တိုက်လေ ယာဉ် ၆ စီး ၂၀၂၂ ခုနှစfတွင် နေပြည်တော်ရောက်ရှိခဲ့ပြီး အဆိုပါ လေယာဉ်များကို လုံခြုံရေးတင်းကျပ်စွာဖြင့် လျှို့ဝှက်ထားရှိထားကြောင်း စစ်တပ် သတင်းရင်းမြစ်များက ပြောဆိုသည်။
ဓာတ်ပုံ-ရုရှားထုတ် Yak-130 လေယာဉ်များကို စမ်းသပ်မောင်းနှင်သည့်ပုံစံ ဟန်ရေးပြနေသည့် မင်းအောင်လှိုင်။
ကသာတွင် မြို့လှ KPDF ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၄ ဦး သေ ဆုံး ပြီး ခြေပြတ်များ ကျန်ခဲ့၊ ညောင်ပင်ဝန်း ရဲစခန်းနှင့် ရေတာရှည်တွင် စစ်သား များ ကို တိုက်ခိုက်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ချောင်းဝရွာမှ မိုးတားလေးကျေးရွာဘက်သို့ ချီတက်လာသော စစ်သားများကို ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၂ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးပြီး ၁၀ ဦးထက် မနည်း ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့လှ PDF ထံမှ သိရသည်။
စစ်ကောင်စီ တပ်မ ၈၈ လက်အောက်ခံ ခလရ (၇၈) တပ်မှ စစ် ကြောင်း မှူး ဇေယျာမင်း ဦးဆောင်သော အင်အား ၆၇ ယောက်ပါ စစ်ကြောင်း ကို မြို့လှ K- PDF တပ်ခွဲ (၁) ဗိုလ်မိုးကြိုး တပ်ခွဲမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
သေဆုံးသွားသော အကြမ်းဖက်စစ်သားအလောင်းများကို နောက်တန်းနှင့် အနီးတဝိုက်၌ မြေမြှုပ်သွား ပြီး ခြေပြတ် လက်ပြတ်ဖြစ်သွားသော စစ် သား များကို ထမ်းထုပ်သယ်ဆောင်သွားကာ ပြတ် ကျန်ခဲ့သော ခြေထောက် များကို မြို့ လှ KPDF တပ်ဖွဲ့မှ မြေမြှုပ်ပေးခဲ့ရကြောင်း မြို့လှ KPDF က ထုတ် ပြန် ပြောဆိုထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်ဖြင့် တပ်စွဲထားသော ညောင်ပင် ဝန်းရဲစခန်းကို ဒီဇင်ဘာလ ၁၀ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင် စီ တပ်ဖွဲ့၏ ပြန်လည်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ကျည်ထိမှန် ဒဏ် ရာ ရရှိခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးထံက သိရ သည်။
အဆိုပါ ညောင်ပင်ဝန်းရဲစခန်တွင်း အင်အားတိုးမြှင့်ကာ တပ်စွဲသော အကြမ်း ဖက် စစ်သားများသည် အနီး အနားပတ်ဝန်းကျင်ရွာများကို မီးရှို့ခြင်း ၊ ဖျက် ဆီးခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ ဂိတ်ဖွင့်ကာဆတ် ကြေး ကောက် နေခြင်း တို့ကြောင့် တိုက်နယ်စွန် PDF နှင့် မြင်းမူ MMDF တပ်ဖွဲ့တို့ ပူးပေါင်း ကာ ရဲစခန်း မြောက်ဘက်မှ ၆၀ မမ ၆ ချက်၊ ၄၀ မမ ၃ ချက်နှင့် လက်နက်ကြီး ၂ ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
“စစ်ခွေးတွေ သေဆုံးထိခိုက်မှုအခြေအနေ မသိရသေးပါဘူး၊ စစ်ခွေးတွေက ပစ် လိုက် တဲ့ ကျည်ဆံက သစ်ပင်ကို ထိမှန်ပြီးတော့ အဲဒီကတစ်ဆင့် ပြည်သူ တစ် ဦး ထိမှန်တာရှိခဲ့ပါတယ်”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန် ကြားရေးက ပြော ကြားသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာထိပ်၌ တပ်စွဲထားသော အကြမ်းဖက် စစ် ကောင်စီတပ် စခန်းကို ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် ည ၇ နာရီခန့်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ သေဆုံး ထိခိုက် မှု ရှိ နိုင်ကြောင်း ဒေါင်းမင်းသား - ရေတာရှည် PDF ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စခန်းသည် အင်အား ၃၅ ယောက်ခန့်ရှိပြီး တောင်ငူခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်၊ တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃) ဒေါင်းမင်းသားညီနောင်တပ်ဖွဲ့နှင့် သံတောင်မြောက် ပိုင်း ဦးကိုကြီး ဦးသော တပ်ဖွဲ့ တို့ပူးပေါင်းကာ အဝေးထိန်းမိုင်း (၂)လုံးဖြင့်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း၊ မိုင်းကွင်းပေါ်တည့်တည့် ရောက်ရှိလာသည့် စစ်သားများ ထိခိုက် သေဆုံးမှုရှိနိုင် ကြောင်း သိရသည်။
ဝက်လက် ဒေသခံပြည်သူများ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ဝက်လက်မြို့နယ် ဒေသခံ ပြည်သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ လှိုင်သာယာ၊ တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲ၊ မန္တလေး စစ် တပ်ပိုင် မြ၀တီဘဏ်တွင် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ၊ လွိုင်ကော် လေဆိပ် ဝင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်နှင့် တောင်ဒဂုံတို့တွင် ယနေ့ ဗုံးများပေါက်ကွဲ ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြ သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် လှိုင်သာယာမြို့နယ်၊ရွှေကမ်း သာ ယာအိမ်ယာရှေ့တွင်ဗုံး ၂ လုံးတွေ့ရှိ၍ စစ်တပ်က လမ်းပိတ်ဖောက်ခွဲ လိုက် ကြောင်း သိရှိရသည်။
"ဒီနေ့ တစ်နေကုန်ပဲ လမ်းတွေပိတ်ထားတာ။ လမ်းတွေပိတ်ပြီး ရှာတယ် စစ် တယ်။ တွေ့တဲ့ဗုံးကတော့ ဖောက်ခွဲလိုက်တယ်။ ဆိုင်ကယ်တွေလည်း အရမ်း လိုက်ဖမ်းတယ်။ စစ်ခွေး အရာရှိကြီး တစ်ဦးရဲ့ လမ်းကြောင်းရှိတဲ့အချိန် ဗုံးတွေ့ တာလို့လည်းပြောတယ်။ အတော်တော့ ဒီနေ့ လှိုင်သာယာမှာ စစ်ခွေးတွေ ရှုပ် နေတယ်" ဟု လှိုင်သာယာ ဒေသပြည်သူတစ်ဦး က ပြောသည်။
ထို့ပြင်ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းတွင် ဗုံးပေါက် ကွဲသံ အလွန်ကျယ်လောင်စွာ ကြားရ ကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာ ကို မသိရှိရသော်လည်း ဗုံးပေါက်ကွဲသံဟု အတိအကျ ပြောဆိုနိုင်သည်ဟု ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်ရှိ စစ်တပ်ပိုင် မြဝတီဘဏ် ရှေ့တွင် ယနေ့ ဒီဇင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် လက်ပစ် ဗုံးဖြင့် ပစ်ပေါက်မှု ဖြစ်ပွားခဲ့ပြီး ဗုံးမပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က လက်ပစ် ဗုံးကို ဖောက်ခွဲရှင်းလင်းကြောင်း သိရှိရသည်။
ထို့အတူ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့တွင် ယမန်နေ့ ည ၁၁ နာရီခွဲအချိန် လွိုင်ကော်လေဆိပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လွိုင် ကော် လေဆိပ်ဝင်းထဲသို့ ၆၀ မမ ဗုံးသီး ၃ လုံး၊ လေဆိပ်အနီးသို့ ဗုံးသီး ၂ လုံး ကျရောက်ပေါက်ကွဲကြောင်း ဒေသပြည်သူများနှင့် ရဲသတင်းရင်းမြစ်ထံမှ သိရှိရ သည်။
ဓာတ်ပုံ- မန္တလေး၊ စစ်တပ်ပိုင် မြ၀တီဘဏ်တွင် ပစ်ခတ်ခဲ့သော မပေါက်ကွဲ သေး သည့် လက်ပစ်ဗုံး။
မုံရွာတွင် သပိတ်အင်အားစုများနှင့် အဖွဲ့အစည်းများ ပူးပေါင်း၍ ပြည်သူများကို စားနပ်ရိက္ခာများ လှူဒါန်း
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မုံရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ လက်ပံတောင်းတောင်ပင်မသပိတ်၊အမျိုးသမီးမဟာမိတ်၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး၊Yokohama. Pamphlet. Camapaign Myanmar တို့ ပူးပေါင်း၍ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြည်သူများကို စားနပ်ရိက္ခာ၊ စောင်နှင့် ငွေကြေးများ လှူဒါန်းခဲ့ကြသည်။
ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ယင်းမာပင်တွင် ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြောင်၊ ဖွားစောရွာရှိ စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးပြီး PDF ရဲဘော် ၃ ဦးကျဆုံး၊ တောပုရွာ၌လည်း တိုက်ပွဲဖြစ်ပွား
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် မီးရှို့ တပ်စွဲထားသော ဖွားစောရွာကို ကာကွယ်ရေး တပ်ပေါင်းစု ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံးကြောင်း Bwar Gyi MPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် နံနက် ၉ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဖွားစောရွာကို ထပ်မံ မီးရှို့ဖျက်ဆီးနေစဥ် ကာကွယ်ရေး တပ်ပေါင်းစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
"ဖွားစောရွာကို မီးထပ်ရှို့နေတဲ့ စစ်ခွေးတွေကို ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေ ပေါင်းပြီး တိုက်ခိုက်ခဲ့တယ်။ မနေ့က မီးရှို့ထားတဲ့ ဖွားစောရွာကို ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေ မီးထပ်ရှို့နေတုန်း ကျွန်တော်တို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးမဟာမိတ် အဖွဲ့အကုန်လုံး ပေါင်းပြီးတော့ သူတို့ မီးရှို့နေတဲ့ အချိန်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က တော့ အထိအခိုက် နှစ်ကောင်သေတယ် လို့သိထားရတယ်" ဟု Bwar Gyi MPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် စစ်တပ် ဖွားစောရွာကို ဝင်ရောက် စီးနင်းစဥ် ပြည်သူ့ကာကွယ်ရေး ရဲဘော် ၃ ဦးကို စစ်တပ်က ဖမ်းဆီးပြီး ဆိုင်ကယ်များဖြင့် ရော၍ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း Bwar Gyi MPDF တပ်မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ တောပုရွာ၌ အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်းထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် တောပု ကျေးရွာမှ ထွက်ခွာလာသော ပျူစောထီးများနှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ၄၀ မမ ၄ ချက် အပါအဝင် ကျည်အချက်ရေ ၄၀ ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
" သေဆုံးစာရင်းတော့ အတည်မပြုနိုင်သေးဘူး။ ၄၀ မမ ၄ ချက် ပစ်ပြီးတော့ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်" ဟု မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း PDF_South_Monywa မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း PDF_South_Monywa၊ Special Forces 11 - PDF (မုံရွာမြို့နယ် ပကဖ)နှင့် Spring Dove Garuda King Monywa တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ပြည်ကြီးတံခွန် သပိတ် အင်အားစုများ အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
မန္တလေး၊ ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို "စစ်အာဏာရှင် ဆန့်ကျင်ရေး"ရွေးကောက်ပွဲအသစ်လုပ်စေချင်လို့တော်လှန်နေတာမဟုတ်ဘူးပြည်သူအပေါ်အဓမ္မအာဏာလုယူထားလို့ ငါတို့ကတော်လှန်နေတာ" ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။
"ယုံကြည်ချက်ကို သေဒဏ်ချလို့မရ" စာတန်းအား ကလေးမြို့ ပင်မသပိတ် အင်အားစုများ လမ်းမတွင်ဖြန့်ခင်းပြ
ပီး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ "ယုံကြည်ချက်ကို သေဒဏ်ချလို့မရ" စာတန်းအား ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် လမ်းမ၌ ဖြန့်ခင်း ဆန္ဒပြခဲ့ကြောင်း သိရသည်။
Photo - ကလေးမြို့ပင်မသပိတ်အင်အားစု
ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ် အင်အားစုများ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ယင်းမာပင်မြို့နယ် မြောက်ပိုင်း သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။