ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အာဏာသိမ်းချိန် မည်သည့်နိုင်ငံကမှ မကူညီသဖြင့် ရုန်းကန်ခဲ့ရမှုများ ပြောပြရလျှင် မျက်ရည်ပါ ကျမည်ဟု မင်းအောင်လှိုင်ပြော၊ လျှပ်စစ်နှင့်လောင်စာဆီ လျှော့သုံးခိုင်း၊ ပူတာအိုသို့ မင်းအောင်လှိုင် ခရီးဆက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
အကြမ်းဖက်မင်းအောင်လှိုင်က ၎င်းစတင်အာဏာသိမ်းချိန်တွင် မည်သည့်နိုင်ငံကမှ မကူညီသဖြင့် ရုန်းကန်ခဲ့ရမှုများကို ပြောပြလျှင် မျက်ရည်ပါကျမည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အသေးစား အငယ်စား အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ၎င်းက အထက်ါအတိုင်းပြောဆိုသွားခြင်းဖြစ်ကြောင်း ကချင်ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံတော်ကို မိမိတို့ တာဝန်စယူချိန်ကတည်းက မည်သည့်နိုင်ငံ၏ ကူညီပံ့ပိုးမှုမှ မရခဲ့ဘဲ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရကြောင်း၊ ထိုရုန်းကန်ခဲ့ရမှုများကို ပြောပြလျှင် "ခင်ဗျားတို့မျက်ရည်ပါကျမယ်" ဟု လုပ်ငန်းရှင်များကို ပြောဆိုကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးသိန်စိန်အစိုးရလက်ထက် ဆိုင်းငံ့ခဲ့သော မြစ်ဆုံရေကာတာ စီမံကိန်းကို ဆိုင်းငံ့ထားရာမှ သူကိုယ်တိုင် ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အားနဲ့ လောင်စာဆီ လျှော့သုံးရန် လိုအပ်ကြောင်း၊ ပြည်တွင်း ကုန်ထုတ်လုပ်မှု မြှင့်တင်ပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ကာ နိုင်ငံခြားပို့ကုန် ထုတ်လုပ်သွားမည်ဟု ပြောဆိုကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မြစ်ကြီးနား လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ မိုဘိုင်းလ်ဖုန်း ယူဆောင်ခွင့်မပြုခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်း ကချင်ပြည်နယ်၊ပူတာအို မြို့သို့ ထွက်ခွာရောက်ရှိသွားခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ မြစ်ကြီးနား၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် တွေ့ရသည့် အကြမ်းဖက် မင်းအောင်လှိုင်။
မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်ကားနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး၊ ရေဦးနှင့် ကျောက်ကြီးတွင်လည်း ပစ်ခတ်မှုဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်ကားနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး ရေဦးနှင့် ကျောက်ကြီးတွင်လည်း ပစ်ခတ်မှုဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထံမှ သိရသည်။
မုံရွာ-ပုသိမ် လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
============================================
မုံရွာ-ပုသိမ် လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းနှင့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်း အတိုင်း ဆင်းလာသည့် စစ်ကား ၅ စီးနှင့် ခြေလျင် စစ်ကြောင်းကို မုံရွာ-ပုသိမ် လမ်းပိုင်း တစ်နေရာတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ၄ နေရာခွဲပြီး ပဒေသာမိုင်း လေးဆိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကာ စစ်သား ၈ ဦးသေဆုံးပြီး ၁၂ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင် ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ -၁ Brother Defense Force အဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်သော Triple Two Task Force၊ချင်းတွင်းဂဠုန်ရာဇာ ပြောက်ကျားအဖွဲ့ + SRTSအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Brother Defense Force အဖွဲ့အား ရေရှည် ရပ်တည်နိုင်ရန်နှင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးအတွက် လက်နက် ခဲယမ်း ဝယ်ယူနိုင်ရေး ပါဝင်ကူညီလှူဒါန်းပေးပါရန် Brother Defense Force အဖွဲ့က အလှူရှင်များထံ မေတ္တာ ရပ်ခံထားသည်။
ရေဦး၊ ရွာမိဿရွာ အနီးတွင် တိုက်ပွဲဖြစ်ပြီး PDF ရဲဘော် ၁ ဦးကျဆုံး
============================================
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိဿရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး PDF ရဲဘော် ၁ ဦးကျဆုံးကြောင်း People’s Defence Comrade တပ်ဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက် နံနက်ပိုင်းတွင် ရေဦးမြို့နယ်၊ ရွာမိဿရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီး PDF ရဲဘော်တစ်ဦး ကျဆုံးကာ ၂ ဦး ပျောက်နေကြောင်း သိရသည်။
"တိုက်ပွဲဖြစ်တာက ၄၅ မိနစ်လောက်ပဲကြာတယ်၊ စခတွေ ထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့် အတိအကျ မသိခဲ့ရဘူး။ စခတွေက နှစ်ဖက်ညှပ်တိုက်တာ၊ လက်နက်ကြီး ပစ်ကူတွေရော၊ ဒရုန်းတွေရော၊ လက် နက်ကြီးတွေလဲ ပစ်တယ်၊ PDF ရဲဘော်တစ်ဦး ကျတယ်၊ တပ်ရင်း ၉ က ရဲဘော်နှစ်ဦး ပျောက်နေတယ်၊ စခတွေက ရွာမိဿရွာကို ၂ နေရာ ၃ နေရာခွဲပြီး မီးရှို့ သွားတာ၊ ရွာလုံးကျွတ်နီးပါး မီးရှို့ခံလိုက်ရတယ်၊ ပြည်သူတွေကတော့ မနေ့ကစ ရွှေ့ခိုင်းထားလို့ ဘာမှ မဖြစ်လိုက်ဘူး" ဟု ရေဦးမြို့နယ် ပလဖ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြား သည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်း ၂ ကြောင်းသည် ရေဦးမြို့နယ်၊ မူးချောင်းတံတားပေါ်နှင့် ကုန်းကြီးတန်းရွာ ရွှေသိမ်တော် ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားကြောင်း၊ ယင်းစစ်ကြောင်းများသည် ယနေ့ ညပိုင်းတွင် လက်နက်ကြီးများဖြင့် ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရွာများကို ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာ ၁၉ ရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီ တပ် ခမရ ၇၀၁ တပ်နှင့် ခလရ ၃၄၆ တပ်တို့သည် ရွာမိဿရွာကို မီးရှို့ဖျက်ဆီးရန်လာရောက်စဉ် ရွှေဘိုခရိုင် တပ်ရင်း ၉ အပါအဝင် ဒေသခံကာကွယ်ရေး ပလဖ၊ ပကဖ၊ LPDF တပ်များစုပေါင်းကာ ခုခံ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်၊ စစ်တောင်းတံတားပေါ်ရှိ စစ်တပ်ဂိတ်ကို PDF တပ်ဖွဲ့များ ပစ်ခတ် တိုက်ခိုက်
============================================
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ စစ်တောင်းတံတားဂိတ်စောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများကို BPDF-YOMA အဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပြည်သူစစ်ခေါင်းဆောင် အောင်မြင့်စိန် အပါအဝင် စစ်ကောင်စီ တပ်သားများ ကင်းစောင့်နေသည့် KNU တပ်မဟာ ၃ နယ်မြေ ၊စစ်တာင်းတံတားဂိတ်၊ ကွင်းချောင်းဝဘက်ကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ရိုးမ ပဲခူးတိုင်း၊ တပ်ဖွဲ့ ၃၇၀၂၊ bpdf-yoma အဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခံရခြင်းကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်ခေါင်းဆောင် အောင်မြင့်စိန်နှင့် ပြည်သူစစ်တစ်ဦး၊ စစ်ကောင်စီတပ်သား နှစ်ဦး တို့ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း၊တပ်ဖွဲ့ ၃၇၀၂၊ bpdf-yoma က ထုတ်ပြန်ထားသည်။
ကျေးလက်သူပုန် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ယင်းမာပင်မြို့နယ်တွင် ကျေးလက်သူပုန် သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် "ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ပေါက်၊ ရေဦး၊ မင်းတပ်၊ ထားဝယ်နှင့် ကလေးတို့တွင် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၁၅ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မကွေးတိုင်း ပေါက်မြို့နယ်၊ စစ်ကိုင်းတိုင်း ရေဦး နှင့် ကလေးမြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တို့တွင် စစ်ကောင်စီ တပ်သားများကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှု ၁၅ ဦးသေဆုံးကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ပေါက်တွင် ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး
============================================
မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေး တပ်ဖွဲ့များ ပစ်ခတ်မှု ဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးကြောင်း SPGF တပ်ခွဲ-၁ ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ဗိုလ်တစ္ဆေ ဦးဆောင်သော အဖွဲ့သည် လက်နက်ပစ္စည်းသယ်၍ ပြန်လာစဥ် ဖိုးဖြူလုံးကန်ရွာ ဇရပ်အနီး ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်တပ်မှ စစ်သား၊ ရဲ၊ ပျူစောထီးများနှင့် ထိပ်တိုက် တွေ့ဆုံမိပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြန်အလှန် ပစ်ခတ်မှု ဖြစ်စဥ်အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး Southern Pauk Guerrilla Force တပ်ခွဲ- ၁ မှ ရဲဘော် ၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကာ G-3 သေနတ် ၁ လက်၊ ကား ၁ စီး၊ ဖုန်း ၁ လုံး ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အဆိုပါ ဆုံးရှုံးခဲ့သော ဖုန်းသည် Southern Pauk Guerrilla Force တပ်ခွဲ-၁ မှ ဗိုလ်တစ္ဆေ ဖုန်းဖြစ်ပြီး ၎င်းဖုန်းဖြင့် ဖုန်းခေါ်ဆိုမှုများ ပြုလုပ်လာလျှင် ပြန်လည်ဖြေဆိုခြင်း မပြုလုပ်ရန်နှင့် ဖုန်းခေါ်ဆိုခြင်းများ မပြုလုပ်ရန် SPGF တပ်ခွဲ ၁ ကထုတ်ပြန်ထားသည်။
ရေဦး မုတ်စီကျေးရွာအနီး စစ်တပ် စစ်ကြောင်း မိုင်းဆွဲခံရကာ စစ်သား ၅ ဦးခန့်သေဆုံး
============================================
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီကျေးရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးခန့်သေဆုံးခဲ့ကြောင်း Tiger YeU Local PDF က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရေဦးမြို့နယ် မုတ်စီရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်းမှ ပြန်လည် ထွက်ခွာလာစဥ် Tiger YeU Local PDF အဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း သိရသည်။
"ညနေ ၅ နာရီဝန်းကျင်လောက်က မိုင်းဆွဲပြီး တိုက်ခဲ့တာပါ။ တော်လှန်ရေးရဲဘော်တွေ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ မုတ်စီက ကျပ်မပြည့်တဲ့ မသန်စွမ်းလေးကို ခွေးတွေက သေနတ်နဲ့ ပစ်ပြီး မီးရှို့သတ်ဖြတ်ခဲ့ပါတယ်" ဟု Tiger YeU Local PDF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
မင်းတပ်တွင် ကင်းလှည့်နေသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
============================================
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ကင်းလှည့်နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း CDF – Mindat တပ်ဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် အင်အား ၂၀ ခန့်ပါဝင်သည့် အကြမ်းဖက် စစ်တပ် ကင်းလှည့် စစ်ကြောင်းကို CDF – Mindat မှ အနီးကပ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် CDF – Mindat မှ ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ပြီး အကြမ်းဖက် စစ်တပ်မှ ပြည်သူများ နေထိုင်သည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထားဝယ်၊ အညာဖျားရွာ သင်္ချိုင်းအနီး စစ်တပ် ခြေလျင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်
============================================
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အညာဖျားရွာ သင်္ချိုင်းအနီးတွင် အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်-ပကဖ အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ထားဝယ်မြို့နယ်၊ အညာဖျားရွာအနီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အညာဖျားရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ဖောက်ထွင်းခိုးယူပြီး ဥယျာဉ်ကြီးရွာ ဘက်သို့ ခြေလျင်ပြန်ထွက်လာစဥ် Dawei Defence Team-DDT (ထားဝယ်-ပကဖ) နှင့် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ မိုင်း(၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
ရေဦး၊ မုတ်စီရွာကို စစ်တပ်က ၂ ရက်ဆက် မီးရှို့မှု နေအိမ် ၁၂၂ လုံးပြာကျပြီး စစ်သားများ မီးရှို့သတ်ဖြတ် မှုကြောင့် ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မုတ်စီရွာကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၂၂ လုံးပြာကျခဲ့ကြောင်း Tiger Yeu Local - PDF အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က မုတ်စီရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၂၂ လုံးကို မီးရှို့ဖျက်ဆီးကာ ကျေးရွာနေ ပြည်သူ တစ်ဦးဖြစ်သော စိတ်ရောဂါ ခံစားနေရသည့် ကိုဖိုးကိုက်ကို အကြမ်းဖက် စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
"ရေဦး မုတ်စီရွာကို စစ်ခွေးတွေက ၂ ရက်ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့တယ်။ ပြည်သူပိုင် နေအိမ် ၁၂၂ လုံးပြာကျပြီး ပြည်သူ ၁ ဦး မီးရှို့ သတ်ဖြတ် ခံရတယ်" ဟု Tiger Yeu Local - People's Defence Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
လက်ရှိချိန်တွင် မီးဘေးသင့် ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာနှင့် အဝတ်အစားများ လိုအပ်လျက်ရှိကြောင်း သိရသည်။
တန့်ဆည်၊ ပေချောင်ကျေးရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၉၇ လုံးပြာကျ၊ ၂ ရက်အတွင်း နေအိမ် ၁၃၉ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေချောင်ရွာကို အကြမ်းဖက်စစ်တပ်က တစ် ရွာ လုံးနီးပါး မီးရှို့ဖျက်ဆီးရာ နေအိမ် ၉၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသပြည်သူ များထံမှ သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ တပ်မ ၃၃ လက်အောက်ခံ၊ ခမရ၃၆၁နှင့် ခမရ၃၆၉ စစ်ကြောင်းများက ပေချောင်ရွာမှ နေအိမ်၄၃လုံး၊ နွားခြံတဲ၂၀လုံး၊ မီးဖို၂၈ လုံး၊ စပါးတဲ၆လုံး၊ စုစုပေါင်း အဆောက်အဦ၉၇လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ် ဘေး ရှောင်ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
"မီးရှို့တာ နှစ်ခါရှိပြီ။ ပထမတစ်ခါတုန်းက ၅အိမ်လောင်သွားတယ်။ ဒီတစ်ခါ ရွာလုံးကျွတ်နီးပါးကို မီးရှို့သွားတာ။ အိမ်ခြေ၁၄၀လောက်ပဲရှိတာကို နည်း နည်းပဲကျန်တယ်။ ပေချောင်ကိုရှို့ပြီး ထန်းကုန်းကြီးကိုလည်း ရှို့နေတယ်။"ဟု ပေချောင်ရွာမှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါ အင်အား၂၅၀ခန့်ရှိသော အကြမ်းဖက်စစ်တပ်သည် ပေချောင်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ပုတီးရွာနှင့် ထန်းကုန်းကြီးရွာတို့ကို တပ်စွဲလျက်ရှိရာ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်၁၀ နာရီခန့်က ထန်းကုန်းကြီးရွာကို မီးရှို့ပြီး လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သိရသည်။
တန့်ဆည်မြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်က ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက် နှစ်ရက်ဆက်တိုက် သာ ခေါင်ကြီးရွာမှ နေအိမ် ၇၆လုံး၊ ကမ်းဖြူရွာမှ ၄၀လုံး၊ ဝက်တိုးရွာမှ ၁၇လုံးနှင့် ပုတီးရွာမှ ၆လုံး၊ စုစုပေါင်း နေအိမ်၁၃၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။
ပုလဲမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ပုလဲမြို့နယ် အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် "လူဖြစ်ရခြင်းရဲ့ ပြည့်ဝတဲ့ အဓိပ္ပာယ် ဒို့တော်လှန်မှ ရလိမ့်မယ်" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ် ချေမှုန်းရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
အာဏာရှင်မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို "တကယ်တမ်း စဥ်းစားကြည့်ရင်
ကျွန်ပြုတဲ့ ကောင်က တော်နေလို့ မဟုတ်ဘူး။ ကျွန်ခံရတဲ့သူတွေကိုယ်တိုင်က ပျော်နေကြတာ" စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မုံရွာမြို့ပေါ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်လာ ၁၃
မုံရွာမြို့ပေါ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်ကာ ဗိုလ်ချုပ်ကြေးရုပ် စစ်တပ် ဘန်ကာအနီးနှင့် မြို့လယ် နေရာ တစ်ချို့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြ လှုပ်ရှားမှုတွင် တော်လှန် လူငယ်များက "လိပ်ပြာလုံပါစေ"၊ "စစ်အာဏာရှင်အလိုမရှိ" ၊ "လုံးဝအုပ်ချုပ်ခွင့် မရစေရ"နှင့် "PTT ကို သပိတ်မှောက်ကြ" စသည့် စားသားများ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။
" ဒီနေ့ကရုံးဖွင့်ရက်ဆိုတော့ ခွေးတွေကလုံခြုံရေးကို နေရာတော်တော်များများမှာချထားတာဗျ ။ဗိုလ်ချုပ်ကြေးရုပ် ရှေ့ဆိုလည်း ကင်းတဲမှာ ခွေး၂ကောင်ရှိတယ်တယ်ဗျ အခက်ခဲတွေကြားက အရဲ့စွန့်ပြီးထွက်ခဲ့တာပါ" ဟု သပိတ် ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။
မန္တလေးတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းအပြင် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်နေသည့် Zeus Bar ကို သတိပေး ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းအပြင် စစ်တပ်နှင့် ပတ်သက် ဆက်နွယ်နေသည့် Zeus Bar ကို သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း NGU:FF မြေခွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၅၆ မိနစ်တွင် အောင်မြေသာစံမြို့နယ်၊ ၅၅ လမ်း၊ ၃၀ (B) လမ်းထောင့်ရှိ Zeus Bar ကို မြို့ပြပြောက်ကျား တပ်ဖွဲ့များက သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Zeus Bar သည် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းနှင့် Bar အတွင်း မူးယစ်ဆေး သုံးစွဲခွင့်ပြုခြင်း၊ မူးယစ်ဆေး အသုံးပြုခွင့်ရရန် စစ်တပ်အား ဆက်ကြေးပေးခြင်း၊ စစ်တပ်နှင့် ပတ်သက်ဆက်နွယ်နေသော သက်သေများကြောင့် သတိပေး ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" လူထိခိုက်တာတော့ မရှိပါဘူး။ လူထိခိုက်မှု မရှိအောင်လည်း လူရှင်းတဲ့ မွန်းလွဲပိုင်းကို ရွေးပြီး သတိပေးတဲ့ အနေနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာပါ" ဟု NGU:FF မြေခွေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို NGU:FF မြေခွေးတပ်ဖွဲ့နှင့် မဟာမိတ်များဖြစ်သော Anonymous Force MDY၊ VOMDY-Front Warrior၊ Truth Kepping Force တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကလေးမြို့၊ နန်းချောင်းရွာကို စစ်တပ် မီးရှို့မှု ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပြာကျ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု ခရစ်ယာန် ဘုရားကျောင်း အပါအဝင် နေအိမ် ၂၀ ကျော်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကလေးမြို့ နန်းချောင်းရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ကျေးရွာအတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းအပါအဝင် နေအိမ် ၂၀ လုံးကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
"စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းချောင်းရွာကို ခွေးတွေ မီးရှို့ တာ နေအိမ်၁၉ ပါသွားတယ်။ ခရစ်ယာန် ဘုရားကျောင်းလဲပါတယ်။ ရွာထဲ မဝင်နိုင်သေးဘူး။ ခွေးတွေ ရှိနေလို့ နေအိမ် အရေအတွက် အတိအကျ မပြောနိုင်ပေမယ့် နေအိမ် ၂၀ ကျော်လောက် ပြာကျသွားပြီလို့ သိထားရတယ်" ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်းချောင်းရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့အထိ ကျေးရွာအတွင်း တပ်စွဲထားသောကြောင်း သိရသည်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းကြီးရွာ- အနောက်ဘက်မှာ ပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်း လုပ်ထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ကပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကနေ တိုက်ခိုက်ရာမှာ ဖမ်းဆီးခံပြည်သူတစ်ဦး လွတ်မြောက်ခဲ့တယ်လို့ Urban Under-ground Revolution Force – YSO – 2 ဆီကနေ သိရပါတယ်။
- မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်- ခရိုင် ၊ မြစ်သား မြို့နယ်မှာရှိတဲ့ ကူမဲ-နယ်မြေရဲစခန်းကို ဒီဇင်ဘာ ၁၀ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလွင်မြစ်- တစ်ဖက်ကမ်း၊ တကောင်ဘိုး နဲ့ မီးပုံး- ကျေးရွာကို ဒီဇင်ဘာလ ၁၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ သူ့ရဲ့လက်အောက်ခံ BGF တပ်တွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/NzArne1ioEs
စစ်ကိုင်းနှင့် မင်းကင်းမြို့နယ်ရှိ ပျူစောထီးရွာနှစ်ရွာကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်၊ ထီးချိုင့်ဘက် စစ်ကူလာသည့် စစ်ကောင်စီဝင်များလည်း မိုင်းဆွဲတိုက်ခိုက်ခံရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံ(ပျူစောထီး)ရွာရှိ အကြမ်းဖက်စစ်သားပျူစောထီးများကို မနေ့ က ဒီဇင်ဘာလ ၁၂ ရက် နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Demo Pauk Kwe(ဒီမိုပေါက်ကွဲ)PDF တပ်ဖွဲ့မှ မဟာမိတ်တပ်ဖွဲ့များဖြင့် ပူးပေါင်း ကာ ၆၀ မမ လက်နက်ကြီး ၃၅ လုံး၊ မဟာမိတ်တပ်ဖွဲ့မှ လက်နက်ကြီး အလုံး (၁၀၀)ကျော်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Demo Pauk Kwe(ဒီမိုပေါက်ကွဲ)PDF ထံက သိရသည်။
“စခ ထိခိုက်သေဆုံးတာရှိနိုင်ပါတယ်၊ အခုလို တိုက်ခိုက်နိုင်အောင် Farmers Revolution Force - မုံရွာ ခရိုင်တပ်ရင်း (၈)က နည်းပညာအကူအညီပေးထားပါတယ်။ ဒီထက် ပိုမိုတော်လှန်နိုင်ဖို့ မိဘပြည်သူ တွေ အနေနဲ့ တတ်နိုင်သမျှ ကူညီပေးပါကြလို့ မေတ္တာရပ်ခံပါတယ်ဗျ” ဟု Demo Pauk Kwe(ဒီမိုပေါက် ကွဲ) PDF က ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဇနဗျင်းကျေးရွာအနီးတဝိုက်၌ ကင်းပုန်းဝပ်နေသော အကြမ်း ဖက်စစ်သား ပျူစောထီးများအား ဒီဇင်ဘာလ ၅ ရက် နံနက်ပိုင်းက ဝင်ရောက်ရှင်းလင်း တိုက်ခိုက်ခဲ့ကြောင်း Independence Army – IA ထံမှ သိရသည်။
ဇနဗျင်း(ပျူစောထီး)ရွာတွင် တပ်စွဲပြီး ဒေသခံပြည်သူများကို ဒုက္ခပေးနေသော အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၅ ၊ တပ်ခွဲ ၃ (ကနီ) (IA – KGF) ၊ မင်းကင်းတပ်ရင်း ၄ နှင့် သံမဏိ Force – MPDF တပ်ခွဲ ၊ မဟူရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ အီနာဂါ ၊ ၈၀ မမ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ထီးချိုင့်မြို့နယ်၊ မြတောင်လမ်းဆုံမှ ထီးချိုင့်ဘက်သို့ စစ်ကူလာသည့် အကြမ်း ဖက် စစ်ကောင်စီဝင်များကို ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Special.9.HPDF က သတင်း ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီဝင်များသည် မြတောင်လမ်းဆုံမှ ကားသေးတစ်စီး ၊ ၆ ဘီးကားတစ်စီးဖြင့် ထီး ချိုင့် ဘက်သို့ ထွက်စဉ် ကက္ကူသင်္ချိုင်းအနီးအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် မိုင်း ဆွဲချိန်၌ ကားသေးအနည်းငယ်ထိခိုက်ကာ နှစ်စီးလုံးရပ်သွားချိန်၌ ဒုတိယအကြိမ်မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီဝင်များ ထိခိုက် အကျအဆုံးများနိုင်ကြောင်း ထုတ်ပြန်ချက်အရသိရှိရ သည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီဝင်များသည် ၁၀ မိနစ်ခန့် ပြန်မတုံ့ပြန်နိုင်ဘဲ ငြိမ်ကျသွားပြီးမှ ပြန်လည် ပစ်ခတ်ကာ မြတောင်လမ်းဆုံသို့ ပြန်ခေါက်သွားခဲ့ကြောင်း၊ မြတောင်လမ်းဆုံရောက်မှ မိုင်း ဆွဲခံရ သည့် နေရာသို့ လက်နက်ကြီး လက်နက်ငယ်များနှင့်လှမ်းပစ်ခတ်ခဲ့ကြောင်း ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Special.9.HPDF အဖွဲ့မှ သတင်းထုတ်ပြန်သည်။
Photo - ပုံဟောင်း
ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးလာ၍ ယနေ့ နံနက်အစောပိုင်း ကျေးရွာ ၁၃ ခုမှ ပြည်သူ ၁၂၀၀၀ ကျော် ထွက်ပြေးနေရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂ နာရီခန့်မှ စတင်၍ စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ကျေးရွာ ၁၃ ခုမှ ပြည်သူ ၁၂၀၀၀ ကျော် မှောင်မှောင်မည်းမည်းအချိန် တွင် ထွက်ပြေးတိမ်းရှောင်ရကြောင်း ဒေသခံများက ပြောသည်။
လက်ပံတောင်းတောင်၊ စံပယ်တောင်၊ ကြေးစင်တောင်ရှိ တရုတ် ကြေးနီထုတ်လုပ်ငန်းများအတွက် လုံခြုံရေးယူပေးထားသော စစ်တပ်က တရုတ်ကုမ္ပဏီများမှ တရုတ်များ နှစ်သစ်ကူး ပြည်တော်ပြန်ရန် လုံခြုံရေးတိုးမြှင့်ရာမှ ပတ်ဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၂နာရီခွဲအချိန်မှစ၍ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးလာသဖြင့် ပုသိမ်-မုံရွာလမ်းဘေးဝဲယာရွာများအားလုံး နံနက်အစောပိုင်းမှစတင်၍ ဆိုင်ကယ်၊ကား ၊လှည်းများ ဖြင့် ထွက်ပြေးတိမ်းရှောင်ရေကြရကြောင်း၊ မုံရွ-ာပုသိမ်လမ်း မြောက်ယမားတံတားဘေးမှကျေးရွာများအတွင်း စစ်ကြောင်းများ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ၊ လတ်တလော ယမားတံတားဘေးဝဲယာရွာများကို စစ်ကြောင်းက ဝင်ရောက်မွှေနှောက်နေကြောင်း ၊ ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာကားလမ်းတလျှောက်တွင်လည်း စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောသည်။
"ဒုံးတောကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကြောင်းရော၊ ဝမ်ပေါင်လုံခြုံရေးအတွက် တပ်စွဲထားတဲ့ စစ်ကြောင်းတွေရော တရုတ်နှစ်သစ်ကူး တရုတ်တွေ အိမ်ပြန်ချိန်အတွက် စပြီး လှုပ်ရှားတာပါ။ အခု ပြည်သူတွေက နံနက်စောစော အေးနေတဲ့အချိန်မှာ ကလေးတွေ သက်ကြီးရွယ်အိုတွေ အရမ်းကို ဒုက္ခရောက်ကြပါတယ်။ အခုတော့ မြောက်ယမားထိပ်နဲ့ တောင်ယမားတံတားထိပ်ကျေးရွာတွေကို စစ်တပ်က ဝင်မွှေနေပါတယ်။ စစ်ဘေးရှောင် ပြည်သူတွေအတွက် စားနပ်ရိက္ခာတွေ လိုနေပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးနှင့်အရှင်ဖမ်းမိသူ စုစုပေါင်း ၁၀၅ ဦးရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁၃ ရက်နေ့ ရရှိထားသော အချက် အလက် များ အရ စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးသူနှင့် အရှင်ဖမ်းဆီး ရမိသူစုစုပေါင်း ၁၀၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက် နှင့် ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
မန္တလေးမြို့၊ ရတနာဘုမ္မိအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်ဝင်း ပစ်ခတ်ခံရ ပြီး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအရှေ့ရပ် ကွက် အုပ် ချုပ်ရေးမှူး စိန်ဝင်းကို ယနေ့ ဒီဇင် ဘာလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မန္တလေးမြို့ ပြပြောက်ကျားတပ်ဖွဲ့ ထံမှ သိရသည်။
အကြမ်းဖက်စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၆၅ နှစ်အရွယ် စိန်ဝင်းသည် ၎င်းနေအိမ် ရှေ့၌ ဖွင့်လှစ်ထားသော မာလာဟင်းဆိုင်တွင် ရှိနေ ချိန် ၃၆ လမ်းအတိုင်း အရှေ့ဘက်မှ အနောက် ဘက် သို့ မောင်းနှင်လာသော ဆိုင်ကယ်စီး လူနှစ်ဦးက သေနတ်ဖြင့် တစ်ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သားများက လမ်းများကို ပိတ်ဆို့ စစ်ဆေးပြီး လမ်းသွားလမ်း လာ ပြည်သူများကို ဆဲဆိုခဲ့ကာ အနီးအနားရှိ CCTV များကို လိုက်လံ စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ် တိုက်ခိုက်မှုကို မန္တလေးမြို့ပြ ပြောက်ကျား တပ်ဖွဲ့ - Special Task Force – STF – MDY မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး STF-MDY အဖွဲ့သားများ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပစ္စည်းဝယ်ရန် အခက်အခဲ ရှိသဖြင့် မိဘပြည်သူများအနေဖြင့် နေသာသလို မနေကြဘဲ ကူညီပေးပါရန် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထားသည်။
“မိုင်း ၅ လုံးဖောက်ခွဲဖို့ စီစဉ်ထားတာ၊ ရွာခံတွေကို ဓားစာခံလုပ်ပြီး ရှေ့ပြေးပွိုင့်ခေါ်လာလို့ (၃) လုံးက မခွဲလိုက်ရဘူး၊ ခဏကြာတော့ ပြန်ဆုတ်လာခဲ့လိုက်တာ၊ ဒီနေ့ညနေ နယ်မြေရှင်းလင်းရေး လုပ်တော့ စစ်ဝတ်စုံတစ်စုံ၊ ကျည်ဆံခွံအချို့သိမ်းဆည်းရရှိခဲ့တယ်” ဟု ထားဝယ် ပကဖတာဝန်ခံကပြောသည်။
ယင်း အကြမ်းဖက် စစ်ကြောင်းသည် ဟိန္ဒားရွာ ရေအားလျှပ်စစ် စက်ရုံကို သွားရောက် လုံခြုံရေးယူခဲ့ပြီး နွားလဘို့တောင် တောလမ်းအတိုင်း ပြန်ဆင်းလာကာ အနီးအနားရှိ ကျေးရွာများမှ ပြည်ပိုင် နေအိမ်များကို ဖောက်ထွင်းခိုးယူသွားကြောင်း သိရသည်။
ကလေးတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး
============================================
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို Kalay PDF တပ်ဖွဲ့ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံးကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ကလေးမြို့နယ် မြောက်ပိုင်း ကျောင်းတိုက် ကျေးရွာ၌ တပ်စွဲထားသော အင်အား ၇၀ ဝန်းကျင်ရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နန်းချောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာစဥ် PDF (Kalay) မိုင်းတပ်ဖွဲ့မှ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် PDF (Kakay)၊ CDF-KKG ပူးပေါင်းတပ်ဖွဲဝင်တို့ မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မိုင်းခွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း PDF (Kalay) မိုင်းတပ်ဖွဲ့မှ မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာခဲ့ကြောင်း သိရသည်။
ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် နန်းချောင်းကျေးရွာသို့ ဆုတ်ခွာသွားပြီး နန်းချောင်းကျေးရွာရှိ ပြည်သူ့ပိုင် နေအိမ် ၁၉ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ နယ်မြေခံ ပြည်သူတချို့ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးထိန်းသိမ်းကာ ညအိပ်ရပ်နားခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း PDF(Kalay) တပ်ဖွဲ့မှ နန်းချောင်းရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို Drone ဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ နန်းချောင်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကို အကြမ်းဖက် စစ်တပ်က ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
နမ့်ဆန်တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၅၀ နီးပါး ရရှိပြီး ၂၄ ဦး အရှင် ဖမ်းမိဟုဆို၊ နှစ်ဖက်ထိခိုက်သေဆုံးမှုများ ရှိပြီး အရေအတွက် မပြောနိုင်ဟု TNLA ပြောခွင့်ရ ပြောဆို၊ အင်အား ၁၀၀ ပါ စစ်တပ် စစ်ကြောင်း အကုန် သေဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်၊ နမ့်ဆန်တိုက်ပွဲတွင် စစ်တပ်ဘက်မှ အလောင်း ၅၀ နီးပါး ရရှိပြီး ၂၄ ဦးကို အရှင်ဖမ်းမိကြောင်း TNLA မြေပြင်သတင်းရင်းမြစ်များက ရှမ်းသံ တော် ဆင့် သတင်းဌာနကို ထုတ်ဖော်ပြောဆိုကြပြီး TNLA ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး တာအိုက်ကျော်ကမူ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"ဒီဇင်ဘာလ ၇ ရက်နေ့ကတည်းက ဖြစ်ခဲ့တာ တိုက်ပွဲက မနေ့က မနက်က နေပြီးတော့ ဒီနေ့အထိတော့ တိုက်ပွဲ မဖြစ်တော့ဘူး။ နှစ်ဖက်လုံး ဆိုင်ထား ကြတယ်။ စစ်ရေးကတော့ တင်းမာတယ်။ နှစ်ဖက်လုံး ထိခိုက်ရှိတယ်။ ထိခိုက် ကျဆုံးမှု အတိအကျ မရသေးဘူး။ ဘယ်လောက်အကျအဆုံး မသိရသေးဘူး။ ထိခိုက်မှုက နှစ်ဖက်လုံးမှာ ရှိတယ် " ဟု ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ပြောသည်။
TNLA ၊ AA ၊ MNDAA မြောက်ပိုင်းမဟာမိတ် ၃ အဖွဲ့နှင့်နီးစပ်သော သတင်း ရင်းမြစ်တချို့ကမူ စစ်တပ်နှင့် TNLA တိုက်ပွဲတွင် စစ်တပ်ဘက်မှ အထိနာပြီး TNLA ဘက်မှလည်း ကျဆုံးမှုရှိကြောင်း၊ စစ်တပ်ဘက်မှ အင်အား ၁၀၀ ရှိသော စစ်ကြောင်း တစ်ခုလုံး အကုန်သေဆုံး သွားသည်ဟု သိရှိထားကြောင်း ပြော ဆို သည်။
ယနေ့တွင် စစ်တပ်နှင့် TNLA တပ်များအကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသော် လည်း လားရှိုးမြို့နယ်၊ မန်တုံဘက်နှင့် မိုးမိတ်ဘက်အခြမ်းသို့ စစ်တပ်၏ တိုက်လေယာဉ်များ ပျံသန်းနေကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုမရှိသော မိုးမိတ် မြို့နယ်၊ ရေပုံးနား ကျေးရွာဘက်သို့ တိုက်လေယာဉ်ဖြင့် ပစ်ခတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။
"တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ မိုးမိတ်၊ ရေပုံးနားဘက်အခြမ်းကို လေယာဉ်နဲ့ ပစ်သွား တဲ့အသံကြားရတယ်။ ဘယ်နားလဲတော့ အတိအကျ မသိရသေးဘူး" ဟု ဒုတိယဗိုလ်မှူးကြီး တာအိုက်ကျော်က ဆိုသည်။
TNLA သတင်းရင်းမြစ်ကမူ ရှမ်းသံတော်ဆင့် သတင်းဌာနသို့ ပြောဆိုရာတွင် စစ်တပ်ဘက်မှ သေဆုံးသူ ၄၇ လောင်း ရရှိထားပြီး အရှင် ဖမ်းမိသူ ၂၄ ဦး ရှိကြောင်း၊ TNLA ဘက်မှ ကျဆုံးသူများရှိကြောင်း ဖော်ပြထားသည်။
(WARNING - GRAPHIC PHOTOS- စိတ်မချမ်းသာဖွယ်ရာ ဓာတ်ပုံ ဖြစ်သည်။)
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေရေကြည် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ယင်းမာပင်မြို့နယ်တွင် အောင်လံလွင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
လောင်းရှည်မြို့နယ်တွင် ကပစ ၂၁ မှ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၅ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မကွေးတိုင်း၊ လောင်းရှည်မြို့နယ်အတွင်းလှည့်လည် စစ်ကြောင်းထိုးလာသော ကပစ ၂၁ မှ စစ်ကြောင်း တိုက်ခိုက်ခဲ့ရပြီး စစ်သား ၅ ဦးသေဆုံးပြီး ၁၃ ဦး အ ပြင်း အထန်ဒဏ်ရာရရှိခဲ့ကြောင်း Laung She Regional People’s Defense Force ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၀ ရက် နံနက် ၇ နာရီအချိန် အင်အား ၇၀ ဝန်းကျင်ခန့်ဖြင့် ကပစ ၂၁ မှ ထွက်ခွာလာ သော အကြမ်းဖက်စစ်သားများကို ခရိုင်အမှတ် ၆ တပ်ရင်း၊ ခရိုင်အမှတ် ၃ တပ်ရင်း၊ စလင်းအဖွဲ့၊ စေတုတ္တရာအဖွဲ့နှင့် မိုးကြိုးအဖွဲ့တို့က ပူး ပေါင်း၍ လောင်းရှည်မြို့နယ်၊ ညောင်ပင်ကျေးရွာနှင့် ကံလယ် ကျေးရွာ အကြား တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မိုင်းဆွဲတယ်၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အနီးကပ်ပစ်ခတ်တိုက် ခိုက်ခဲ့တာ၊ စခတွေဘက်က လည်း အထိနာတော့ RPG 7 ၊ စိန်ပြောင်း ၆၀ မမ၊ စက်လတ်တွေနဲ့ ပြန်ပစ်ခဲ့တာ၊ စခတွေ ၅ ကောင် သေတယ်၊ ဒဏ်ရာရတဲ့ ၁၃ ကောင်လည်း သေနိုင်တယ်”ဟု လောင်းရှည်ဒေသ PDF တပ်ဖွဲ့က ပြော သည်။
ယင်းတိုက်ပွဲအတွင်း ခရိုင်အမှတ် ၆ တပ်ရင်းမှ ရဲဘော် ၂ ဦး ကျဆုံးခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင် စီတပ်သားများသည် ညနေ ၆ နာရီခန့်တွင် ကံလယ် ကျေးရွာမှ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးကာ ပြည် သူများကိုလည်း ဓားစာခံ ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၌ ညောင်ပင်ကျေးရွာမှတဆင့် စစ်ကူအင်အားထပ်ဖြည့်ကာ ဓားစာခံပြည်သူများကို ပြန်လွှတ်ပေးခဲ့ပြီး ကျန် တစ် ဦး ကို ကပစ ၂၁ အထိ ဖမ်းဆီးကာ ခေါ်ဆောင်ကာ ပြန်လည်ဆုတ် ခွာသွားကြောင်း သိရသည်။
ဓာတ်ပုံ- တိုက်ပွဲအတွင်းကျဆုံးသွားသော PDF ရဲဘော်နှစ်ဦးကို ဈာပန အခမ်း အနားဖြင့် သဂြိုလ်စဉ်။
Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
- မကွေးတိုင်း ၊ မြိုင်/မြို့နယ်မှာရှိတဲ့ အရှေ့ညောင်ကွင်း ရွာကို အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဒရုန်း နဲ့ ဗုံးကျဲတိုက်ခိုက်မှုအပြင် ၊ အနီးကပ်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က နှစ်ဦးသေ သွားပြီး ၄ဦး ဒဏ်ရာ ရသွားတယ်လို့ မြိုင် (ပကဖ) တပ်ရင်း - ၁ ရဲ့ ခေါင်းဆောင် ဗိုလ်လင်္ကျာ က ပြောပါ တယ်။
- တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာမှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီဂိတ်ကို ဒီဇင် ဘာလ ၁၁ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီ ဘက်က (၃)ဦး သေပြီး (၅)ဦးထိခိုက်ဒဏ်ရာရသွားတယ်တို့ Dawei Guerilla Revolutionary Force – DGRF ဆီကနေ သိရပါတယ်။
- စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာရှိတဲ့ ကြွယ်ပုံ(ပျူစောထီး)ရွာက အကြမ်းဖက်စစ်ကောင်စီတပ်သား တွေနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာလ ၁၂ ရက်နေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်း ပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/SHXBVZqMVWw
“မကောင်းဆိုးဝါးတစ်ကောင်လို ယုတ်မာနေတဲ့အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနေရ ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြော
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မကောင်းဆိုးဝါးတစ်ကောင်လို ယုတ်မာနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနေရ ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသော အမျိုးသား ညီညွတ်ရေးအစိုးရ၏ ၇၈ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားသည်။
“အကြမ်းဖက်စစ်ကောင်စီဟာ သူတို့အနိုင်ရဖို့ သူတို့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဘယ်ကိစ္စကိုမဆို လက်မရွံ့ လုပ်နိုင်တယ်ဆိုတာကို အထင်အရှားပြနေပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစု တွေမှာတော့ ကျင့်ဝတ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေအရ စစ်ကို စစ်လို မတိုက်နိုင်တာတွေ ရှိနေတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မူနဲ့ / စနစ်နဲ့ / ကျင့်ဝတ်နဲ့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းစဉ်မို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ တရားသောစစ်ရဲ့ ကျင့်ဝတ် တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေရသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနေရပါတယ်။” ဟု ၎င်းက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို လေကောင်းထိုးစစ်ဆင်ပြီး စစ်ရေး ပစ်မှတ် ၊ အရပ်သားပစ်မှတ်မခွဲခြားပဲနှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ ပြည်တွင်းတွင် စစ်ရေးအသာစီးရရှိရန် နိုင်ငံ ရေးကို နည်းမျိုးစုံလှည့်ကွက်များ ထွင်ကာ လုပ်ဆောင်နေကြောင်း၊ လေကြောင်းမှ အဓိကထား ထိုးစစ် ဆင်လာခြင်းသည် ကြည်းတပ်အင်အားယုတ်လျော့ချိနဲ့လာသည်ကို ပြသခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
“နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရှိထား ရေး အပေါ်မှာ မူတည်နေပါတယ်။ ဒါ့ကြောင့် ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်တဲ့ စစ် ရေး အောင်နိုင်မှုတွေရအောင်လည်း ကျွန်တော်တို့ ကြိုးစားကြရမယ်။ တစ်ဖက်မှာလည်း ပြည်တွင်းနိုင်ငံ ရေး ထောက်ခံမှုရေချိန် လျော့ပါးမသွားအောင် လုပ်ထားရပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေထဲမှာ မိတ်ဆွေ နိုင်ငံတွေ တိုးပွားရေးကို အစဉ်တစိုက် လုပ်ဆောင်နေရပါလိမ့်မယ်။ ပြည်တွင်းက တော်လှန်သော အစု အဖွဲ့အားလုံးနဲ့ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်း ထားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ရန် နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အရပ်သား သေကြေမှု၊ မဟာမိတ်တော်လှန်ရေး အင်အားစုများ၏ ရဲဘော် ရဲဘက်များလည်း အကျအဆုံး နည်းနိုင်သမျှ နည်း ရေးကို အဓိကလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။
ပြည်ကြီးတံခွန် သပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မန္တလေး ပြည်ကြီးတံခွန် ဆရာတော် ဦးဆောင်သော ပြည်ကြီးတံခွန် သပိတ် အင်အားစုများ ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်နှင့် တန့်ဆည်မြို့နယ် ကံထူးမ စစ်ကောင်စီဂိတ်တို့ကို တိုက်ခိုက်၊ စစ်သား(၃)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဒီဇင် ဘာလ ၁၁ ရက် နေ့လည် ၁ နာရီခွဲခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား (၃)ဦး သေဆုံး ပြီး (၅)ဦး အထက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Dawei Guerilla Revolution Force – DGRF ထံမှ သိရ သည်။
ယင်းအကြမ်းဖက်စစ်ကောင်စီဂိတ်အား ဝင်ရောက်စီးနင်းသိမ်းပိုက်ရန် အစီအစဉ်ချကာ လမ်းပိတ်ထားခဲ့ သော်လည်း ပြည်သူတစ်ဦးဖြတ်သန်းသွားသည့်အတွက် သတင်းပေါက်ကာ ယင်းအစီအစဉ်ကို ဖျက်သိမ်း ခဲ့ရကြောင်း၊ ထို့ကြောင့် ၄၀ မမ (၆)လုံးပစ်ခတ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဂိတ် အတွင်းကျရောက်ပြီး (၃) ဦးသေဆုံးကာ (၅)ဦးထိခိုက်ဒဏ်ရာရသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်မှ အနီးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းပစ်ခတ်ခဲ့သော်လည်း Dawei Guerilla Revolution Force – DGRF (ထားဝယ်- ပကဖ)၊ Kawthoolei Army ၊ သံမဏိပြောက်ကျားတပ်ဖွဲ့၊ KCL Force ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။
အလားတူ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကံထူးမအဝိုင်းပတ်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ဆေး ရေးဂိတ်ကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၂၀ ခန့်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ များ ပူးပေါင်းကာ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Spring Special Task Force – MRDA ခွဲ - K.U ၊ NCG ၊ Hydra Force ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှု ကို အတည်မပြုနိုင်သေး ကြောင်း MRDA တပ်ခွဲ(ခင်ဦး) ထံမှ သိရသည်။
မြောင်တွင် အကြမ်းဖက်စစ်ကောင်စီဝင်များ လှေတင်ဦးကျေးရွာနှင့် ဖွားစောကျေးရွာများကို ထပ်မံမီးတင်ရှို့
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း မြောင်မြို့နယ်အတွင်းရှိ လှေတင်ဦးနှင့် ဖွားစောကျေးရွာများကို ဆက်တိုက် ဝင်ရောက်မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“ဖွားစောကျေးရွာကို မီးစတင်ရှို့နေပါပြီ။ ။ တိုက်ပွဲလည်း မဖြစ်ဘဲနဲ့ အနောက်ဘက်ကျေးရွာတစ်ရွာ(လှေတင်ဦးရွာ) ကိုလည်း မီးဝင်ရှို့တယ်။ လက်နက်ကြီးနဲ့လည်း ပစ်တယ်ဗျ။ ကျေးရွာက သက်ကြီးရွယ်အိုတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နေပါတယ်” ဟု ဒေသခံ တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီဝင်များသည် ယနေ့ နံနက် ၉ နာရီကျော် အချိန်မှ စ၍ ကူးတို့ကုန်း၊ လှေတင်ဦး၊ ဖွားစောကျေးရွာများသို့ ဆက်တိုက်် ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။
ပုံစာ - အကြမ်းဖက်စစ်ကောင်စီဝင်များ လှေတင်ဦးကျေးရွာ မီးရှို့နေမှု
ကန့်ဘလူမြို့နယ်၊ ဆူးတပ်ကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ပေချောင်ရွာနှင့်ပုတီးရွာကို စစ်တပ်က ယနေ့ နံနက် မီးတင်ရှို့ဖျက်ဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆူးတပ်ကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ပေချောင်ရွာနှင့်ပုတီးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဆူးတပ်ကျေးရွာကို ယနေ့ နက် ၁၀နာရီခွဲအချိန်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
"အခုအချိန်အထိ ဆူးတပ်ကျေးရွာကို မီးရှို့နေပါတယ်။ ပြည်သူတွေအားလုံးလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေပါတယ်။ အခြေအနေ အတော်ကိုဆိုးပါတယ်။ ပြည်သူတွေအားလုံး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အသက်ဘေးလွတ်အောင် ပြေးနေရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပုတီးရွာ ကိုလည်း စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
"အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ရမ်းထုပြီး ရွာထဲကိုဝင်တယ်။ သူတို့လာတော့ရွာသားတွေ အကုန်ထွက်ပြေးရတယ်။ အခုရွာကိုမီးရှို့နေပြီ။ ရွာထဲကနေ မီးခိုးတွေအလုံးလိုက်တက်လာတယ်။ တစ်ရွာလုံးပြာကျမယ့်ကိန်းပါပဲ" ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။
တန့်ဆည်မြို့နယ်၊ ပုတီးရွာကို မီးရှို့နေသည့် စစ်တပ်သည် တပ်မ ၃၃ လက်အောက်ခံ ခမရ၃၆၁ နှင့် ခမရ၃၆၉ စစ်ကြောင်းဖြစ်ပြီး ဒီဇင်ဘာလ၁၁ရက်နေ့တွင်လည်း ပေချောင်ရွာကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း သိရှိရသည်။
မြောင်မြို့နယ်တွင် အိမ်ခြေ ၃၀၀ ကျော်ရှိသော ကုတိုကုန်းရွာကို စစ်တပ်က မီးတင်ရှို့
ရန်ကုန်၊ ဒီဇင်ဘာ ၁၃
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အိမ်ခြေ ၃၀၀ ကျော်ရှိသော ကုတိုကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန်တွင် စစ်တပ်က ကုတို ကျေးရွာ အတွင်းသို့ လက် နက် ကြီး များဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး မီးဝင်ရှို့ ခြင်းဖြစ်ကြောင်း၊ အိမ်ခြေ ၃၀၀ ကျော်ရှိသော ကုတိုကျေးရွာတစ်ခုလုံး မီးလောင် ပြာကျနိုင်သည်အထိ စစ်တပ်က အလုံးအရင်းဖြင့် မီးဝင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဒီမနက် ၈ နာရီ ၄၀ မိနစ်မှာ ကုတိုကျေးရွာနားကို စစ်ကြောင်းက ဝင်လာပြီး တော့ မနက် ၉ နာရီ ၂၀ လောက်မှာ စစ်ခွေးတွေကအင်အားအလုံးအရင်းနဲ့ ကုတိုကုန်းကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးနေပါတယ်။ ရွာက အိမ်ခြေ ၃၀၀ ကျော်ရှိပါတယ်။ ရွာကိုဝင်တော့ လက်နက်ကြီးနဲ့ လိုက်ထုတာ။ ရွာထဲက ထွက် ပြေးတဲ့ ပြည်သူတွေကိုလည်း လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အိမ်ခြေ ကတော့ ရွာလုံးကျွတ် မီးလောင်သွားဖို့များတယ်" ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များက စစ်ကိုင်းအတွင်းရှိ ကျေးရွာ ၁၀ ရွာထက် မနည်းကို ယနေ့ နံနက်ပိုင်းတွင် မီးရှို့ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။