khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

မတ္တရာ၊ စိန်ပန်းကုန်းရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မန္တလေး၊ မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ​ပြောဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က စိန်ပန်းကုန်းရွာကို ဝင်ရောက် စီးနင်း မီးရှို့နေခြင်းဖြစ်ကြောင်း၊ အနီးအနားရှိ ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်လျက်ရှိကြောင်း သိရသည်။

"မီးများတယ်။ ရွာထဲမှာ စစ်ခွေးတွေက ၃ နေရာခွဲပြီး ရှို့နေတာ ရွာလုံးကျွတ်ပြေးနေရတယ်။ အနီးအနားကရွာတွေလည်း ထွက်ပြေးနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေတယ်" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

စိန်ပန်းကုန်းကျေးရွာသည် အိမ်ခြေ ၃၅၀ ခန့်ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က ပြည်သူများ နေထိုင်သည့် ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေး ရေနံရန်ပုံငွေက အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ PTT နဲ့ PTTOR ကို ထုတ်ပယ်လိုက်ပြီလို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

-အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်အတွင်းမှ အမာခံ သတင်းပေးမယ့် ဖရဲသီးတွေ ဖိတ်ခေါ်ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ပါတယ်။

-မုံရွာမြို့ပေါ်တွင် စျေးဝယ်ထွက်လာသည့် ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာများဖြင့် သုတ်ခြေတင် ထွက်ပြေးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။https://youtu.be/RTzlAkARmOw

Читать полностью…

Khit Thit Media

အင်းတော်မြို့နယ်၊ စက်တောကုန်းရွာမှ နေအိမ် ၄၁ လုံးနှင့် စပါးကျည် ၃၀ ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာလ ၂၁

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ စက်တောကုန်းရွာမှ နေအိမ် ၄၁ လုံးနှင့် စပါးကျည် ၃၀ ကို အင်အား ၁၀၀ ကျော်ခန့်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများက ဒီဇင်ဘာလ ၂၀ ရက် နေ့တွင် မီးရှို့ဖျက်ဆီးသွားကြောင်း Indaw Revolution – IR ထံမှ သိရသည်။

အင်းအား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော မကွေး တိုင်း အခြေစိုက် တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၀၁ အ ကြမ်းဖက်စစ် သားများသည် အင်းတော်မြို့နယ်အတွင်း လှည့်ပတ်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး စက်တော်ကုန်း ရွာကိုလည်း ညအိပ်တပ်စွဲကာ မီးရှို့သွားခြင်းဖြစ်ကြောင်း သိရသည်။

“စက်တော်ကုန်းရွာက အိမ်ခြေ ၁၀၀ လောက်ရှိတယ်၊ လူဦးရေကတော့ ခန့်မှန်း ၄၀၀ လောက်ပေါ့၊ စစ်ခွေးတွေက စက်တောကုန်းရွာမှာ ညအိပ်တပ်စွဲပြီး မနက်ရောက်တော့ မီးရှို့သွားတာ၊ ပြည်သူတွေကတော့ ရှောင်ရှားနေလို့ အထိအခိုက်မရှိပါဘူး။ မီးရှို့ပြီး ပြန်ထွက်လာတော့ လမ်းမှာ တိုက်ပွဲဖြစ်သေးတယ်၊ တိုက်ပွဲအခြေအနေကတော့ အတိအကျမသိရသေးဘူး၊ စစ်ခွေးတွေ အထိအခိုက်တော့ရှိတယ်” ဟု Indaw Revolution – IR မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောကြားသည်။

အင်းတော်မြို့နယ်အတွင်းတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီ တပ်သား များ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာ ၆ ရွာမှ နေအိမ် ၁၀၀ ကျော်ဆုံးရှုံးခဲ့ပြီး ယခုအချိန်တွင် အကြမ်းဖက်စစ်သားများမှာ နတ်မဟုတ်ကြီးရွာတွင်ရောက်ရှိနေကြောင်း၊ ဖားပန်ရွာနှင့် ပင်ဝယ်ရွာကြားတောထဲ၌လည်း နန့်စီး အောင်ကျေးရွာဘက်မှ ဆင်းလာသော စစ်သား ၁၀၀ ကျော်ခန့်ရောက်ရှိနေကြောင်း သိရသည်။

Photo- CJ

Читать полностью…

Khit Thit Media

တန့်ဆည်တွင် ကျေးရွာ ၁၃ ခုမှ နေအိမ် ၅၉၀ လုံးနှင့် ရေဦးမှ ကျေးရွာ ၁၉ ခုကို စစ်တပ်က မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီတပ်က ဒီဇင် ဘာလ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ကျေးရွာပေါင်း၁၃ရွာမှ နေအိမ် ၅၉၀ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မ(၃၃)လက်အောက်ခံ ခမရ ၃၆၁ နှင့် ခမရ ၃၆၉ စစ်ကြောင်းများက သာခေါင်ကြီးရွာမှ နေအိမ် ၇၆ လုံး၊ ကမ်းဖြူရွာမှ ၄၀လုံး၊ ဝက်တိုးရွာမှ ၁၇လုံး၊ ပုတီးရွာမှ ၆လုံး၊ ပေချောင်ရွာမှ ၉၇လုံး၊ ထန်းကုန်းကြီးရွာမှ ၇၅လုံး၊ မူးကျင်းစုရွာမှ ၇၃လုံး၊ သာဂလရွာမှ ၄၁လုံး၊ သာဂရရွာမှ ၁၁၇လုံး၊ ထန်းပင်ကုန်းရွာမှ ၂၉လုံး၊ ရွာရှည်(မ)ရွာမှ ၆လုံး၊ ဂွေးကုန်းရွာမှ ၁၀လုံးနှင့် ဖလံချိုင်ရွာမှ ဆန်စက်နှင့် ဆီစက်တို့ကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သာခေါင်ကြီးရွာ၊ ပေချောင်ရွာ၊ ထန်းကုန်းကြီးရွာ၊ မူးကျင်းစုရွာ၊ သာဂရရွာနှင့် ထန်းပင်ကုန်းရွာ များ ကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ် ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခဲ့ပြီး ဂွေးကုန်းရွာအနီးရှိ ပြည်သူပိုင် စပါးခင်းများကိုလည်း စစ်တပ်က ရိတ်သိမ်းသွားခဲ့ကြောင်း စစ်ဘေး ရှောင်ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

"ဒီတစ်ခေါက်စစ်ကြောင်းထိုးတော့ စစ်ခွေးတွေက ရွာတွေကို ရွာလုံးကျွတ်နီးပါးအထိကို ရှို့သွားတာ။ ပြည်သူတွေ စစ်ဘေးရှောင်နေရတုန်းမှာ ပြည်သူပိုင်စပါးခင်းတွေကိုလည်း ရိတ်သိမ်းပြီးတော့ ပျူစော ထီး ရွာတွေဘက် ယူသွားတယ်"ဟု သူကပြောသည်။

တန့်ဆည်မြို့နယ်တွင် ဒီဇင်ဘာလအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ် ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ရာတွင် ‌စစ်ကောင်စီတပ်ဘက်မှ ထိခိုက် သေဆုံး မှု များပြားသကဲ့သို့ TCRF-PLA အဖွဲ့မှ ရဲဘော်ပီတာလည်း ဒီဇင်ဘာလ၁၆ရက်နေ့တိုက်ပွဲတွင် ကျဆုံး ခဲ့ရကြောင်း သိရှိရသည်။

ထို့ပြင် ဒီဇင်ဘာလ တတိယအပတ်အတွင်း စစ်တပ်က ရေဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၉ရွာမှ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယခုသီတင်းပတ်အတွင်း မီးရှို့ခံရသော ကျေးရွာများမှာ-

၁။ ရှာမိဿာရှာ
၂။မုတ်စီရွာ
၃။ ချမ်းသာရွာ
၄။ ကုန်းသာရွာ
၅။ရွာသစ်ရွာ
၆။ထန်းပင်ကုန်းရွာ
၇။ ဆည်ကြီးရွာ
၈။ ပေါက်သာရွာ
၉။ ဇိန့်ဇွန်းရွာ
၁၀။ပိဋိကက်ကျရွာ
၁၁။ ဇဝရှာ
၁၂။ ဝက်ဖိုးရွာ
၁၃။ ငှက်ပျောတောရွာ
၁၄။ တောင်ကုန်းရွာ
၁၅။ ချောင်းဆုံရွာ
၁၆။ သရက်ကန်ရွာ
၁၇။ မိုးဒေါင်ရွာ
၁၈။ ကွမ်းအုံရွာ
၁၉။ညောင်ပင်သာရွာ တို့ဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဓာတ်ပုံ- တန့်ဆည်မှ မီးရှို့ခံရသော နေအိမ်များနှင့် စစ်ဘေးရှောင်ကြသည့် ပြည်သူများ။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၂၀ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

မုံရွာမြို့ပေါ်တွင် တိုက်ခိုက်ခံရသည့် ရဲ ၃ ဦးအနက် သေဆုံး ရဲအလောင်းနှင့် ဒဏ်ရာရရှိသော ရဲ ၂ ဦးကို လာသယ်ယူသည့် ကားကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စျေးဝယ်ထွက်လာသည့် ရဲ ၃ ဦးကို ပစ်ခတ် တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာများဖြင့် သုတ်ခြေတင် ထွက်ပြေး သွား ကြောင်း Special Forces-11 မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၂၀)ရက်နေ့ မွန်းလွဲ ၂နာရီ ၄၀မိနစ် ဝန်းကျင်အချိန်တွင် မုံရွာမြို့ နယ် တစ်နေရာ၌ စျေးဝယ်ရန်ထွက်လာသော ရဲ ၃ ဦးကို လမ်းခုလပ် တစ်နေရာ အရောက်တွင် Special Forces-11 ရဲဘော်များက ဦးဆောင်၍ မုံရွာမြို့ နယ် (ပ.က.ဖ) ၊ မုံရွာမြို့နယ် (ပ.လ.ဖ) ရဲဘော်များနှင့်အတူ လက်တွဲပြီး အသင့် စောင့် ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ရဲ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာများဖြင့် သွေးရူးသွေးတန်းထွက်ပြေးကြောင်း ၎င်းက ပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် သေနတ် ၁ လက် ၊ ၉ မမ ကျည် ၁၅ တောင့်၊ ကျည် ဘောက် ၁ ခု တို့ကို သိမ်းဆည်း ရ မိခဲ့ကြောင်း၊ ရဲဘော်များအောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၅၆ မိနစ်အချိန် မုံရွာမြို့ ပေါ်တွင် တိုက်ခိုက်ခံရမှုကြောင့် သေ ဆုံးသွားသော ရဲ ၁ ဦးနှင့် ဒဏ်ရာရရှိ သော ရဲ ၂ ဦးကို လာသယ်သည့်ကားကို မုံရွာ-မန္တလေး လမ်းမကြီး၏ မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် Special Forces-11အဖွဲ့က ပဒေသာ ၅လုံး တစ်ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းထိမှန်မှုကြောင့် အသေးစိတ် အခြေအနေကို မသိရသေးကြောင်း Special Forces-11အဖွဲ့က ဆိုသည်။

"Special Forces-11အဖွဲ့အစည်းအနေနဲ့ မိုင်း အလုံး(၃၀၀) ရည်မှန်းချက် အတွက် မဲ လက်မှတ်များအား ရောင်းချသွားဖို့အတွက်လည်း အစီအစဥ်များ ရှိနေပါတယ်။ ပြည်တွင်းပြည်ပမှ မိဘပြည်သူများအနေနဲ့ ဝိုင်းဝန်း ပြီး ပါဝင် ကူညီ ပေးကြပါအုံးလို့ ကြိုတင်တောင်းဆိုထားပါရစေ…" ဟု Special Forces-11 မှ တာဝန်ရှိသူက ပြောသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

" ဗိုလ်အောင်ကျော် စိတ်ဓာတ်ကိုင်စွဲတိုက်ပွဲဝင်ကြ" ကလေးမြို့သပိတ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ယနေ့ ဒီဇင်ဘာလ ၂၀ ရက် ညပိုင်းက "ဗိုလ်အောင်ကျော် စိတ်ဓာတ်ကိိုင်စွဲတိုက်ပွဲဝင်ကြ" ဘန်နာစာတန်း ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ယနေ့ ကျရောက်သော ကျောင်းသားနေ့ (ဝါ) ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၄)နှစ်​ပြည့်နေ့ အထိမ်းအမှတ်အဖြစ် ဆီးမီးများထွန်းညှီပြီး စစ်အာဏာရှင်ကို ကန့်ကွက်သပိတ်မှောက်ခဲ့ကြသည်။

Photo - CJ

Читать полностью…

Khit Thit Media

မုံရွာမြို့ပေါ်တွင် စျေးဝယ်ထွက်လာသည့် ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာများဖြင့် သုတ်ခြေတင် ထွက်ပြေး (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် စျေးဝယ်ထွက်လာသည့် ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာများဖြင့် သုတ်ခြေတင် ထွက်ပြေးသွားကြောင်း Special Forces-11 မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ (၂၀)ရက်နေ့ မွန်းလွဲ ၂နာရီ ၄၀မိနစ် ဝန်းကျင်အချိန်တွင် မုံရွာမြို့နယ် တစ်နေရာ၌ စျေးဝယ်ရန်ထွက်လာသော ရဲ ၃ ဦးကို လမ်းခုလပ်တစ်နေရာအရောက်တွင် Special Forces-11 ရဲဘော်များက ဦးဆောင်၍ မုံရွာမြို့ နယ် (ပ.က.ဖ) ၊ မုံရွာမြို့နယ် (ပ.လ.ဖ) ရဲဘော်များနှင့်အတူ လက်တွဲပြီး အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုတွင် ရဲ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာများဖြင့် သွေးရူးသွေးတန်းထွက်ပြေးကြောင်း ၎င်းက ပြောသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် သေနတ် ၁ လက် ၊ ၉ မမ ကျည် ၁၅ တောင့်၊ ကျည်ဘောက် ၁ ခု တို့ကို သိမ်းဆည်း ရ မိခဲ့ကြောင်း၊ ရဲဘော်များအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"Special Forces-11အဖွဲ့အစည်းအနေနဲ့ မိုင်း အလုံး(၃၀၀) ရည်မှန်းချက် အတွက် မဲ လက်မှတ်များအား ရောင်းချသွားဖို့အတွက်လည်း အစီအစဥ်များ ရှိနေပါတယ်။ ပြည်တွင်းပြည်ပမှ မိဘပြည်သူများအနေနဲ့ ဝိုင်းဝန်း ပြီး ပါဝင်ကူညီ ပေးကြပါအုံးလို့ ကြိုတင်တောင်းဆိုထားပါရစေ…" ဟု Special Forces-11 မှ တာဝန်ရှိသူက ပြောသည်။

Читать полностью…

Khit Thit Media

ယင်းတိုက်ခိုက်မှုကို ဒေါင်းမင်းစစ်ဆင်ရေးဖွဲ့၊ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့၊ ကျားရိုင်းတပ်ဖွဲ့ ၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့နှင့် အဖြူရောင်ရိန်းဂျားဖွဲ့တို့အတူ တကွပူးပေါင်းပြီး TYC-PDF စစ်ကြောင်း ၂ အမည်ဖြင့် တိုက်ခိုက်ခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကံသာကျေးရွာနှင့် ဖက်တောရေကျေးရွာကြားတွင် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၄ ဦးသေဆုံးခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်မတော်ထံမှ သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နတ်မောက်မြို့နယ် ကံသာရွနှင့် ဖက်တောရေရွာအကြားတွင် ကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်းများ၊ အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၄ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ နေပြည်တော် စစ်ဒေသခွဲ၊ မကွေး တပ်ရင်း ၉၀၁ ၏ တပ်ခွဲ ၁ ဂဠုန်စစ်ကြောင်းနှင့် တပ်ခွဲ ၂ ကျားသစ်နက်စစ်ကြောင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

အင်းစိန်BPI ဆေးဝါးစက်ရုံရှေ့ မျက်နှာချင်းဆိုင် စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့ တိုက် ဒုံးဖြင့် ပစ်ခတ်၊ BPI ဆေးဝါး ပတ်ဝန်း ကျင်တစ်ခုလုံးကို စစ်ကား အများ အပြားဖြင့် ပိတ်ဆို့ထား

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ BPI ဆေးဝါးစက်ရုံအနီးရှိ စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ယနေ့ ညပိုင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြ ပျောက် ကျားတပ်ဖွဲ့က ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် အင်းစိန် BPI ဆေးဝါး စက်ရုံအနီးရှိ စစ်တပ်ထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း၊ အဆိုပါ စစ်တပ်သည် ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု များ ကို အဓိက ထားနှိမ်နင်းပြီး ကျောင်းသားလူငယ်များနှင့်ပြည်သူ များ ကို သတ်ဖြတ်သည့် တပ်ဖြစ်ကြောင်း၊ အင်းစိန်ထောင်အတွင်း ဆန္ဒပြမှုများ ကို အကြမ်းဖက် ဝင်ရောက်နှိမ်နင်းသည့် ဗဟိုတပ်ဖြစ်ကြောင်း၊ BPI အနီးရှိ စစ်တပ်ထဲတွင် အထိုင်ချထားသည့်တပ်ဖြစ်ကြောင်း သိရှိရသည်။

"ခလရ ၁၆ တပ်ကို ဖယ်ပြီး အကြမ်းဖက်နှိမ်နှင်းရေးတပ်တွေ အဲဒီမှာ အထိုင်ချ ထားတာ။ လက်ရှိ ကလေးတွေ ညဘက် ဖမ်းတဲ့တပ်၊ အင်းစိန်ထောင်ထဲမှာ ကျနော်တို့ လူငယ်တွေ ရဲဘော်တွေကို ရိုက်နှက် သတ်ဖြတ်တဲ့ တပ်ပါ။ အဲဒီ တပ်ထဲကို ကျနော်တို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၂ လုံးနဲ့ ပစ်ခတ်တာပါ" ဟု မြို့ပြ ပျောက်ကျား UG တစ်ဦးက ပြောသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သူများကလည်း ယနေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် တွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြားရကြောင်း ပြောဆိုကြသည်။

"BPI စစ်တပ်ရှိတဲ့ဘက်က ဗုံးပေါက်တဲ့ အသံက တော်တော်ကျယ်တယ်။ ည ၈နာရီ ၃၀ မိနစ်မှာ တစ်လုံး၊ ည ၈နာရီ ၃၄ မိနစ်မှာ တစ်လုံး ပေါက်တာ။ မြေ ကြီး ပါ တုန်ခါသွားတယ်။ နည်းတဲ့အသံမဟုတ်ဘူး။ BPI စစ်တပ်ဘက်ကို ခု စစ်ကား တွေအများကြီး သွားနေတယ်။ BPI ဘက် အကုန်လုံး ပိတ်ဆို့ ထား တယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- BPI ဆေးဝါးစက်ရုံနှင့် မျက်နှာချင်းဆိုင်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်က အခြေပြုပြီး ပြည်သူများကို သတ်ဖြတ်နေခြင်းဖြစ်သည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ထီးလင်းတွင် ဒဏ်ရာရ စစ်ကြောင်းမှူး သေဆုံး၊ ရေဦးတွင်လည်း ဒဏ်ရာရ စစ်အရာရှိကို ရဟတ် ယာဉ်ဖြင့် သယ်ယူ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ညောင်ဟောင်းကျေးရွာအနီး ဒီဇင်ဘာလ ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်က ကတိုက်ပွဲတွင် ဒဏ်ရာရသွားသော အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်းမှူးသည် အောင်းမြောက်ရွာဘုန်းကြီးကျောင်း၌ ဆေးကုသမှုခံယူနေစဉ် ညပိုင်းက သေဆုံး သွားကြောင်း ယော အလင်းတန်းထံမှ သိရသည်။

“ဗျူဟာကောင်းလှပါတယ်ဆိုတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာ နမခ ကနေ အသစ်ရောက်လာတဲ့ စစ်ကြောင်းမှူး ငမူး ယမန်နေ့က ယောတော်လှန်ရေးတပ် YRA ရဲ့လက်ချက်နဲ့ အောင်းမြောက်ရွာဘုန်းကြီးကျောင်းမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားပြီလို့ သိရပါတယ်။ အလောင်းကို ဘယ်မှာ သင်္ဂြိုလ်မယ်ဆိုတာ မသိရ သေးသလို စစ်ကြောင်းနဲ့ တစ်ခါတည်းသယ်သွားသလားဆိုတာ အတည်ပြုဆဲဖြစ်ပါတယ်” ဟု ယော အလင်းတန်းက ပြောဆိုသည်။

ယခင်စစ်ကြောင်းမှူးသည်လည်း နိုဝင်ဘာလ ၁ ရက်နေ့က ထီးလင်းမြို့နယ်၊ ပါမျဉ်းရွာတိုက်ပွဲတွင် သေဆုံးသွားခဲ့ကြောင်း၊ ထို့ကြောင်းယခုစစ်ကြောင်းမှူးကို အစားထိုးကာ ထီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေခြင်းဖြစ်ကြောင်း ဖြစ်သိရသည်။

စစ်ကြောင်းမှူးသေဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ယနေ့ ဒီဇင်ဘာလ ၁၅လနံနက်ပိုင်းက အောင်းရွာမှ ထွက်ခွာပြီး သရခါရွာကို ရောက်ရှိနေကြောင်း၊ ဘုန်းကြီး ကျောင်းနှင့် လူနေအိမ်များတွင် တပ်စွဲစခန်းချထားကာ ထီးလင်းမြို့အထိ ညတွင်းချင်းဆုတ်ခွာနိုင်ကြောင်း ယော အလင်းတန်းက အသိပေးထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ ဘောလုံးကွင်းအတွင်းသို့ ယနေ့ ဒီဇင်ဘာလ ၁၅ ရက် နေ့လည် ပိုင်းက ရဟတ် ယာဉ်တစ်စီးဆင်းသက်ကာ အကြမ်းဖက်စစ်ကောင်စီတပ်မှ အရာရှိကြီးတစ်ဦးအပါအဝင် ဒဏ်ရာရ စစ်သားများကို သယ်ဆောင်သွားကြောင်း Khin U- Dynamite Squad ထံမှ သိရသည်။

ရေဦးမြို့နယ်အနောက်ခြမ်းရှိ မုတ်စီ၊ ရွာမိသာ၊ ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်ရွာများကို ဒီဇင်ဘာ ၁၁ ရက် နေ့မှ ၁၅ အတွင်း လှည့်ပတ်မီး ရှို့ နေသော အကြမ်းဖက်စစ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များ က တိုက်ခိုက်ခဲ့ရာ သေဆုံးဒဏ်ရာရရှိမှုများပြားခဲ့ပြီး သံသည်ရွာမှ တဆင့် ရေဦးမြို့ရှိတပ်ထဲအတွင်း မှ အကြမ်းဖက်စစ်ကားတစ်စီးဖြင့် သယ်ဆောင်သွားကာ Mi 17 ရဟတ်ယာဉ်ဖြင့် မုံရွာမြို့ရှိ နမခတပ် အ တွင်းသို့ သယ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

“ရေဦးကနေစစ်ခွေးတွေ အပြည်သယ်လာတဲ့ကားက သံသည်ရွာမှာချထားခဲ့ပြီးတော့ အဲဒီကနေ ဒဏ်ရာ ရ စစ်ခွေးတွေကို တင်ပြီးပြန်တာ၊ အဲဒီချထားခဲ့တဲ့ စစ်ခွေးတွေက အခုကညနေပိုင်းမှာ သံသည်ရွာကို မီးစရှို့နေပြီ။ ဒဏ်ရာရစစ်ခွေးတွေထဲမှာ အကောင်ကြီးကြီး အမြီးရှည်ရှည်တစ်ကောင်ပါတယ်၊ ရေဦး ဘောလုံးကွင်းထဲကို ရဟတ်ယာဉ်ဆင်းပြီး ခွေးသေခွေးနာတွေနဲ့အတူ သယ်သွားတာ”ဟု Khin U- Dynamite Squad က ပြောကြားသည်။

ယင်းရဟတ်ယာဉ်ဖြင့်ပင် စစ်ကိုင်းမြို့ရှိ တပ်မ ၃၃ မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လက် နက်ခဲယမ်းများနှင့်အတူ ချထားပေးခဲ့ကြောင်း၊ ယင်း အကြမ်းဖက်စစ်သားများမှာ ကားဖြင့် သံသည်ရွာ ဘက်သို့ ပြန်ထွက်လာကာ သံသည်ရွာကို မီးရှို့ဖျက်ဆီးနေကြောင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းရှိကျေး ရွာများနှင့်မြောက်ဘက်ခြမ်းရှိကျေးရွာများကို ထပ်မံစစ်ကြောင်းထိုးဝင်ရောက်နိုင်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံကို မော်စကိုက ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ် ၆ စီးပေး ပို့သွားမယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက ပြောဆိုကြောင်း ရုရှားနိုင်ငံပိုင် သတင်းမီဒီယာက ဖော်ပြထားပါတယ်။ ဒါ့ကြောင့်စစ်ကောင်စီဟာ ၂၀၁၈ ခုနှစ်က မှာယူခဲ့တဲ့ လေယာဉ်တွေအနက် ဂျက်လေယာဉ် ၄ စီးကို ရုရှားထံမှ ရရှိဦးမှာလည်း ဖြစ်ပါတယ်။

လေ့လာမှုတွေအရ မြန်မာစစ်တပ်ဟာ ရုရှားနိုင်ငံရဲ့ ကာလရှည် အကူအညီနဲ့ လေတပ်အင်အားကို အဆင့်မြှင့်တင်နေတယ်ဆိုတာ အထင်အရှား ပေါ် လွင်လာနေပြီး၊ တနည်းအားဖြင့် ပြည်သူလူထုကို လေကြောင်းက အကြမ်း ဖက်တိုက်ခိုက်ဖို့ ပြင်ဆင်နေခြင်းလည်း ဖြစ်ပါတယ်။

“ကေ-၈ (K-8) လေယာဉ်က အခြေခံ အမောင်းသင်လေယာဉ်ပါ။ ယက်-၁၃၀ (Yak-130) ကတော့ တိုက်လေယာဉ်မှူးတွေကို စတုတ္ထနဲ့ ပဉ္စမ မျိုးဆက်ဂျ က်လေယာဉ်တွေ မောင်းနှင်နိုင်ရေး သင်ကြားပေးတဲ့ အဆင့်မြင့်အမောင်းသင် လေယာဉ် ဖြစ်ပါတယ်။ ဆူခွိုင်း-၃၀ (Sukhoi-30) ကတော့ စတုတ္ထမျိုးဆက် ဂျက်တိုက်လေယာဉ်ပါ။ လေယာဉ်သုံးစွဲမှုတွေ များပြားလာမယ်လို့ ကျွန်တော် တို့ သုံးသပ်ရရှိထားပြီး ဒီအချက်ကြောင့်လည်း မြန်မာလေတပ်နဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို Myanmar Witness က ပိုမိုတိုးမြှင့်စောင့်ကြည့် လေ့လာနေတာ ဖြစ်ပါတယ်” လို့ Leone Hadavi ကပြောပါတယ်။

အာဏာသိမ်းပြီနောက်ပိုင်း မြန်မာပြည်သူ ၁ သန်းကျော်ဟာ ပြည်တွင်းမှာ နေရပ်စွန့်ခွာထွက်ပြေး နေရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီက ခန့်မှန်းထားပါတယ်။ ကလေးသူငယ်များအပေါ် ကျရောက်နေတဲ့ ဘေးအန္တ ရာယ်မှာ အထူးပင် ဆိုးဝါးပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။

“ဒုက္ခသည်စခန်းတွေက ဘဝဆိုတာ နေအိမ်အကျယ်ချုပ် ကျခံနေရတာနဲ့ မခြားနားပါဘူး။ လူတွေ ဘယ်မှမသွားနိုင်လို့ အရာရာ ရှားပါးပြတ်လပ်နေတယ်။ ဒုက္ခသည်တွေနဲ့ ပြည်သူတွေကို သူတို့ကျေးရွာတွေဆီ ပြန်ပို့ပေးနိုင်အောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လိုပါတယ်” ဗိုလ်မှုးစလုံးက ပြောပါတယ်။

အခြေအနေ ဆိုးရွားနေဆဲဖြစ်တဲ့ မြန်မာ့အရေးအတွက် အာဆီယံ ခေါင်းဆောင် တွေ ပါဝင်တဲ့ ထိပ်သီးညီလာခံကို ယမန်နှစ်အတွင်းက ကျင်းပခဲ့ပေမယ့် စစ် ကောင် စီက သဘောတူညီခဲ့တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင် အထည် ဖော်မယ့် နောက်ဆုံးရက်တစ်ခုကို အတည်ပြု သတ်မှတ်နိုင်ခြင်း မရှိခဲ့ပါဘူး။

မြန်မာ့အရေးအပါအဝင် လူ့အခွင့်အရေးနှင့် အများပြည်သူ ပဋိပက္ခများဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက မြန်မာ့ပြဿနာကို ကမ္ဘာ့အသိုင်းအဝိုင်းက ဆက်လက် လျစ်လျူရှု နေဦးမည်ဆိုပါက ဘေးဆိုးကြီးများ ကျရောက်လာနိုင်ကြောင်း သတိပေးထားပြီလည်း ဖြစ်ပါတယ်။

ညှင်းပန်းနှိပ်စက်ခံရသူများအတွက် ဗဟိုဌာန ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်တဲ့ Simon Adams က “သမိုင်းမှာ မှန်တဲ့ဘက်က ရပ်တည်မယ့်အကြောင်း ရှေ့ထွက်ပြီး အခိုင်အမာ ပြောဆိုမယ့် နိုင်ငံမျိုးတွေ ကျွန်တော်တို့ ပိုမိုလိုအပ်နေတယ်။ သမိုင်းထဲက ဥပမာတွေကို ပြန်ကြည့်မယ်ဆိုရင် ၁၉၉၀ ပြည့်လွန်နှစ် တွေတုန်းက ရဝမ်ဒါ နိုင်ငံမှာ လူမျိုးတုန်း သတ်ဖြတ်မှုကြီး ဖြစ်ပေါ်လာမှုကို ဘယ်သူမှ ဘာမှမလုပ်နိုင်ဘဲ လက်ပိုက်ကြည့်နေတဲ့အဖြစ်ကို နိုင်ငံအားလုံး အကြီးအကျယ် အရှက်ရနေလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒီလိုပဲ ယူဂို ဆလားဗီးယားနိုင်ငံမှာ အချိန်ကြာမြင့်စွာ ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်း ကြုတ် မှုတွေအတွက်လည်း နိုင်ငံတကာအသိုင်းအဝိုင်းက ဘာမှမလုပ်နိုင်ခဲ့ဘူး။ အခုတစ်ခါ ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ နိုင်ငံစာရင်းထဲ မြန်မာလဲ ပါဝင်လာခဲ့တာမို့လို့ နိုင်ငံတကာ အသိုင်းအဝိုင်းအဖို့ ထပ်ပြီး ကြီးကြီးမားမား အရှက်ရစရာ ဖြစ်လာခဲ့တယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ တချို့ အပိုင်း တွေ ဆောင်ရွက်ပြီး ဖြစ်ပုံရပေမယ့် ဒီလိုရာဇဝတ်မှုတွေ ကျူးလွန် နေတဲ့ အစိုးရ ကို သူတို့ရဲ့အကြမ်းဖက် လုပ်ရပ်တွေအတွက် တာဝန်ယူမှု ရှိလာ စေအောင် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံးက ပိုမိုဆောင်ရွက်ဖို့ လိုအပ် လျက်ရှိပါတယ်” လို့ ပြောပါတယ်။

၂၀၂၂ စက်တင်ဘာလက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာကိစ္စရပ်တွေအတွက် သမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရုရှားနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

အဲဒီခရီးစဥ်အတွင်း မင်းအောင်လှိုင်က ပူတင်ကို ကမ္ဘာ့တည်ငြိမ်ရေးနှင့် အခြေ အနေ ထိန်းသိမ်းရေးအတွက် ကမ္ဘာကြီးရဲ့ ခေါင်းဆောင်အဖြစ် ချီးမွမ်းခန်း ဖွင့်ခဲ့ ပါသေးတယ်။

ပြီးခဲ့တဲ့ရက်များအတွင်းကလည်း မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းအပြီး ပြည်သူတွေရဲ့ တွန်းလှန် ပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာစစ်တပ်ဟာ ရုရှနိုင်ငံနဲ့ ဆက်ဆံရေးကို အရှိန်မြှင့်တင်လာပြီး၊ စစ်ကောင်စီအနေနဲ့ တရုတ်ကိုကျော်လွန်ပြီး ရုရှားနဲ့ ဆက်ဆံရေးကို ပိုမိုအားကောင်းအောင် တည်ဆောက်နေတယ်ဆိုတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

ရုရှရဲ့ လက်နက်တွေနဲ့ မြန်မာစစ်တပ်ရဲ့ မိမိပြည်သူတွေအပေါ် ပြန်လည် ခြိမ်းခြောက်တဲ့အန္တရယ်ကို ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။

Читать полностью…

Khit Thit Media

ရုရှား ဂျက်တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု မြင့်တက်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မြန်မာနိုင်ငံရဲ့ တိုက်ပွဲတွေဟာ တစ်နေ့ထက်တစ်နေ့ အသေအပျောက် ပိုမိုများ ပြားလာလျက် ရှိပါတယ်။

မြန်မာအတိုက်အခံအစိုးရ (NUG )ရဲ့ အချက်အလက် တွေအရ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ ပိုမို ပြင်း ထန်လာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု အကြိမ် ၁၉၀ အပါအဝင် လေကြောင်းတိုက်ခိုက်မှု ၂၆၈ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး အုပ်စုဖြစ်တဲ့ Myanmar Witness အဖွဲ့နဲ့ အတူတကွ ဆန်းစစ်လေ့လာမှုများအပါအဝင် NHK သတင်းဌာနရဲ့ လေ့လာ ဆန်းစစ် တွေ့ရှိချက်များအရ စစ်ကောင်စီဟာ ရုရှားရဲ့အကူအညီကို ရယူပြီး ၎င်းရဲ့ လေတပ်အင်အားကို တိုးမြှင့်အားဖြည့်လျက်ရှိနေတာကို တွေ့ရပါတယ်။

ဥပမာတစ်ခုအနေနဲ့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း စစ်ကိုင်းတိုင်းထဲက စာသင်ကျောင်း တကျောင်း ဖြစ်ပြီး၊ အဲ့ဒီကျောင်းကို စစ်တပ်က ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရဟတ်ယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။

ကလေးသူငယ်များအပါအဝင် အနည်းဆုံးလူ ၁၂ ဦးသေဆုံးခဲ့ပြီး၊ အရပ်သား တွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်း ဒဏ်ရာအနာတရတွေနဲ့ ဆက်လက်ရုန်း ကန် နေရဆဲလည်း ဖြစ်ပါတယ်။ လေကြာင်းဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ကြုံတွေ့ပါဝင်ခဲ့တဲ့ ကျောင်းဆရာတဦးကတော့-

“ အကာအကွယ်ယူကြဖို့ ကလေးတွေကို ကျွန်တော်လှမ်းအော်ပြောလိုက်တဲ့ အချိန်မှာပဲ တိုက်ခိုက်မှုတွေ စတင်ဖြစ်ပွားလာတယ်။ ကျွန်တော်လည်း ထိတ် လန့်ကြောက်ရွံ့နေတဲ့ ကလေးမလေး တစ်ယောက်ကို ကာပေးရင်း ကျွန်တော့်ပေါင်ကို ကျည်ထိမှန်ခံရတာ ဖြစ်ပါတယ်” လို့ဆိုပါတယ်။

မြန်မာပြည် မြောက်ဖက်စွန်း ကချင်ပြည်နယ်မှာလည်း ထိုနည်းတူ ညအချိန် တင်ဆက်နေတဲ့ တေးဂီတဖျော်ဖြေပွဲမှာ နောက်ထပ် လေကြောင်းကနေ အတိုက်ခံရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အနည်းဆုံး လူ ၅၀ ဦး သေဆုံးခဲ့တယ်လို့ သတင်းဌာနအချို့က ဖော်ပြထားပြီး ကချင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကမူ သေဆုံး သူ စုစုပေါင်း ၆၂ ဦးရှိတယ်လို့ တရားဝင် ထုတ်ပြန်ပြောဆိုထားပါတယ်။

အဲ့ဒီ့တိုက်ခိုက်မှုဟာ သောင်းကျန်းသူများအပေါ် လိုအပ်လို့ ဆင်နွှဲရတဲ့ စစ်ဆင် ရေး တစ်ခုဖြစ်တယ်လို့ စစ်တပ်ဘက်က ခုခံငြင်းဆိုခဲ့ပါတယ်။ အရပ်သား သေဆုံးမှု မရှိကြောင်းလည်း စစ်တက်က ဗြောင်ကျကျ ငြင်းဆိုထားဆဲလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက ကချင်ပြည်နယ်အကြောင်း ရိုက်ကူး တင်ဆက်နေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ဦးကမူ အတိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာ ဒေသခံအရပ်သားများ စုဝေးတွေ့ဆုံရာ အရပ်တစ်ခုဖြစ်တယ် လို့ဆိုပါတယ်။

ရုပ်ရှင်ဒါရိုက်တာတဦးဖြစ်တဲ့ သွန်းနေစိုးက “အတိုက်ခံရတဲ့နေရာက ပုံမှန်ဈေး ဒါမှမဟုတ် ဈေးပွဲတော်လို နေရာမျိုးပါ။ အဲ့ဒီနေရာက သာမန်အရပ်သားတွေ ဝမ်းရေးအတွက် သွားလာလှုပ်ရှားနေတဲ ့နေရာဖြစ်ပါတယ်” လို့ဆိုပါတယ်။

မြန်မာပြည် အရှေ့တောင်ပိုင်းရှိ ကရင်ပြည်နယ်က ဒေသတစ်ခုမှာလည်း ည သန်း ခေါင်အချိန် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့လို့ ဘုန်းကြီး ကျောင်း တစ်ကျောင်းလုံး ပြာကျသွားခဲ့ပါတယ်။

အဲဒီကျောင်းမှာ နေထိုင်လျက်ရှိတဲ့ ကလေးငယ် ၄၀ ကျော်ကို အချိန်မီ ကယ် ထုတ် နိုင်ခဲ့ပေမယ့် လက်ရှိမှာ ကလေးငယ်တွေဟာ အိုးမဲ့အိမ်မဲ့ဘဝသို့ ရောက်ရှိ သွားကြပြီ ဖြစ်ပါတယ်။

NHK သတင်းဌာနရဲ့ လေ့လာဆန်းစစ်မှုတွေအရ မြန်မာလေတပ်ဟာ ရုရှား အကူအညီနဲ့ အင်အားတိုးချဲ့လျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ရုရှား လေယာဉ် တွေကို လေကြောင်းပစ်မှတ်များအနီး တွေ့ရှိရပြီး၊ ပြီးခဲ့တဲ့ ဧပြီလမှစတင်ပြီး စုံစမ်းထောက်လှမ်းမှုတွေ မကြာခဏ တွေ့ရှိနေခဲ့ခြင်းလည်း ဖြစ်ပါတယ်။

Myanmar Witness မှ လက်နက်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Leone Hadavi က စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ တွေရလေ့ရှိတဲ့ လေယာဉ် ဟာ ရုရှားလုပ် ယက်-၁၃၀ (Yak-130) လေ့ကျင့်ရေးနှင့် အပေါ့စား တိုက်ခိုက် ရေး ဂျက်လေယာဉ်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“ဒီလေယာဉ်က နောက်ပိုင်း ထုတ်လုပ်ထားတာဖြစ်ပြီး ပိုမိုဆန်းသစ်တဲ့ လေယာဉ် အမျိုးအစားပါ။ ထိန်းကျောင်းမောင်းနှင်ရတာ အလွန်လွယ်ကူတယ်။ အရမ်းလဲ ဘက်စုံအသုံးဝင်တဲ့ လေယာဉ်ဖြစ်ပါတယ်” လို့ သူက ဆက်ပြော ပါတယ်။

Yak-130 လေယာဉ်ကို မမြင်ရချိန်အထိ မြန်မာစစ်တပ်ဟာ တရုတ်လုပ် (K-8) လေယာဉ်များကိုသာ အားကိုးအသုံးပြုလျှက် ရှိတာပါ။ ရုရှားဂျက်လေယာဉ်ဟာ စွမ်းဆောင်မှု ပိုမိုမြင့်မားတဲ့ လေယာဉ်ဖြစ်တယ်လို့ Hadavi က ဆိုပါတယ်။

“ကေ-၈ (K-8) လေယာဉ်က ဒုံးကျည် ၅ ခု သို့မဟုတ် ဒုံးပစ်စင် (Pylon) ၅ ခု တပ်ဆင်နိုင်ပြီး လက်နက်အလေးချိန် ၁,၀၀၀ကီလိုဂရမ်အောက်ပဲ သယ်နိုင် တဲ့အချိန်မှာ ယက်(Yak) လေယာဉ်က ဒုံးကျည် ၉ ခုတပ်ဆင်နိုင်ပြီး လက်နက် အလေးချိန် ၃,၀၀၀ကီလိုဂရမ်အထိ သယ်နိုင်ပါတယ်။ ဒါကြောင့် ဒီလေယာဉ် နှစ်မျိုးရဲ့စွမ်းဆောင်မှုက အလွန် ကွာခြားပါတယ်” လို့ ၄င်းက ပြောပါ တယ်။

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဒီဇင်ဘာ ၂၁ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကမ္ဘာ့အကြီးဆုံး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေး ရေနံရန်ပုံငွေက အကြမ်းဖက် စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ကိုင်နေတဲ့ PTT နဲ့ PTTOR ကို ထုတ်ပယ်လိုက်ပြီလို့ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

-အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်အတွင်းမှ အမာခံ သတင်းပေးမယ့် ဖရဲသီးတွေ ဖိတ်ခေါ်ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ပါတယ်။

-မုံရွာမြို့ပေါ်တွင် စျေးဝယ်ထွက်လာသည့် ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ရဲ ၂ ဦး ဒဏ်ရာများဖြင့် သုတ်ခြေတင် ထွက်ပြေးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
https://youtu.be/RTzlAkARmOw

Читать полностью…

Khit Thit Media

ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ယနေ့ နံနက်အစောပိုင်း စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက် ပြေးရ ၊ အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက်ဟု သတင်း များထွက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနှင့်ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ယနေ့ ယနေ့ နံနက်အစောပိုင်း စစ်ကြောင်းထိုးလာ၍ ပြည်သူများ ထွက် ပြေးရပြီး အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက် သည်ဆိုသော သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း ဒေသပြည်သူများနှင့် ဒေသကာကွယ်ရေး တပ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်ရှိ ပုသိမ်-မုံရွာလမ်းတစ်လျှောက်တွင် စစ်တပ်က ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်မှ စ၍ မုံရွာ နမခ မှ ဝမ်ပေါင် ကုမ္ပဏီဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

"ပြည်သူတွေကတော့ ဒီမနက် ၄ နာရီခွဲလောက်ကတည်းက အကုန်ပြေးနေကြရတာ။ ဆောင်းတွင်း စောစောစီးစီးမှာ ပြေးကြရတာပါပဲ။ စစ်ခွေးတွေ အင်အား အတော်များတယ်" ဟု ဒေသပြည်သူ တစ်ဦး က ပြောသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီဝင်များ စစ်ကြောင်းထိုးနေသည့်အတွက် ပုသိမ်-မုံရွာ လမ်းဘေး ရွာများမှ ပြည်သူအများအပြား ထွက်ပြေးတိမ်ရှောင်နေကြရကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သို့ ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖြစ်သော ‌National Revolutionary Guards က ပြည်သူများအနေဖြင့် ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်ရှိ ပုသိမ် - မုံရွာ လမ်းတစ်လျှောက် မြန်မာ၀မ်ပေါင်လမ်းဆုံ (၅/၁ လမ်းဆုံ) မှ ရွှေတောင်ဦး ပေါင်ကျိုးကုန်းအထိ ပြည်သူများလုံခြုံရေးအတွက် ဖြတ်သန်းသွား လာခြင်း မပြုကြရန်၊ ဒုစစ်ခေါင်းဆောင် စိုးဝင်း လာရောက်မည်ဆိုသော သတင်းများကြောင့် လုံခြုံရေးတင်းကျပ်ထားသဖြင့် ပြည်သူများ သတိဖြင့် နေထိုင်ကြရန် အထူး သတိပေးချက် ယနေ့ ထုတ်ပြန်ထားသည်။

ပုံစာ - ယနေ့ နံနက်အစောပိုင်း ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများ။

Читать полностью…

Khit Thit Media

ယင်းမာပင်မြောက်ခြမ်း ရွာပေါင်းစုံ သပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ယင်းမာပင် မြောက်ခြမ်း ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

Читать полностью…

Khit Thit Media

ခင်ရီ၏ အကြံပြုချက်အတိုင်း ရန်ကုန်တွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူး ၇၂ နေရာနှင့် ရာအိမ်မှူး ၂၉၂ နေရာတွင် အစားထိုးခန့်အပ်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအဖြစ် ခန့်အပ်လိုက်ပြီး အဆိုပါ ခန့်အပ်မှုများသည် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ အကြံပြု ချက်အတိုင်း စစ်ကောင်စီက လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ သတင်းရပ်ကွက်ထံမှ သိရှိရသည်။

ယခုဒီဇင်ဘာလဆန်းပိုင်းမှ လလယ်ပိုင်းအထိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇၂ ဦး၊ ရာအိမ်မှူး ၂၉၂ ဦးကို အနားပေးလိုက်ပြီး ယင်းတို့၏ နေရာတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံများကို အစားထိုးလိုက် ခြင်းဖြစ် ကြောင်း သိရှိရသည်။

"မင်္ဂလာဒုံမှာ အုပ်ချုပ်ရေးမှူး ၁၄ နေရာကို စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်တွေချည်းပဲ အစားထိုး လိုက်တယ်။ ရာအိမ်မှူးတွေလည်း အတူတူပဲ" ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။

ကြံ့ဖွတ်ပါတီဝင်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းမှာ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ရေးဆွဲထားသော လုံခြုံရေးစီမံချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီက ပါတီဝင်များ၏ လုံခြုံရေးအတွက် စီမံချက်များ ရေးဆွဲ ထားပြီဖြစ်ကာ မျက်ရည် ကိုသုတ်၊ ဓားကို ဆုပ်ပြီး ရှေ့တစ်လှမ်းတိုးရ မည် ဟု ပြောဆိုပြီးနောက် အောက်ခြေ ရပ်ကွက် အုပ်ချုပ် ရေးယန္တရားကို ကြံ့ဖွတ်ပါတီ ဝင်တချို့ဖြင့် အစားထိုးလာခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Читать полностью…

Khit Thit Media

ချင်းတွင်းမြစ် သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ(ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းကို ရိက္ခာလာပို့သည့် သင်္ဘော ၂ စီးကို PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကား ရဲစခန်းကို ရိက္ခာလာပို့သည့် သင်္ဘော ၂ စီးကို PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Bo Tiger ဗိုလ်ကျားကြီးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ညနေ ၆ နာရီအထိ စစ်ကောင်စီနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စစ်တပ်တပ်စွဲထားသော ရှိန်းမကားရဲစခန်းကို သင်္ဘော ၂ စီးက ရိက္ခာလာပို့သဖြင့် Bo Tiger ဗိုလ်ကျားကြီးအဖွဲ့နှင့် ကျားသစ်နက်ပျောက်ကျားတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ကြောင်း၊ သင်္ဘောပေါ်မှ ပစ္စည်းများ ချနေချိန် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း၊ စခန်းဘက်သို့ လက်နက်ကြီး ၄ လုံးကျရောက်ကြောင်း သိရှိရသည် ။

စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်ခဲ့သော်လည်း PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ရှိန်းမကားရဲစခန်းသည် ဝက်လက်မြို့နယ်အရှေ့ခြမ်းဧရာဝတီမြစ်ကမ်းဘေးတွင်ရှိပြီး လမ်းများပိတ်ဆို့ကာ ပြည်သူများကို အကြောင်းမဲ့ စစ်ဆေး ဖမ်းဆီးသတ်ဖြတ်မှုများ လုပ်ဆောင်နေသော စစ်တပ်တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လောင်းလုံးတွင် ကျောင်းသား၊ ပြည်သူများ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက်ဆန္ဒပြ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၀

လောင်းလုံးမြို့နယ်တွင် ကျောင်းသား၊ ပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
"ပြည်သူတွေကို လက်နက်အားကိုးတစ်ခုတည်းနဲ့ အနိုင်ကျင့်အုပ်ချုပ်ချင်တဲ့ အာဏာရှင်တွေ ရှိနေသရွေ့ တော်လှန်ပုန်ကန်မယ့် လူထုကလည်း ဆက်ရှိနေအုံးမှာဖြစ်တယ်။ မတရားမှုကို ခေါင်းငုံ့မခံတဲ့ တော်လှန်သူလူထုတစ်ရပ်လုံး ရှိနေသရွေ့တော့ အာဏာရူးစစ်ဘီလူးတွေ ဘယ်တော့မှ တိုင်းပြည်ကို လွယ်လွယ်နဲ့ အုပ်ချုပ်ခွင့်ရမှာမဟုတ်ဘူး" ဟု သပိတ် ဦးဆောင်သည့် တော်လှန်လူငယ် တစ်ဦးကပြောဆိုသည်။

Читать полностью…

Khit Thit Media

မုံရွာတွင် ရဲ ၃ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၁ ဦးသေဆုံး

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မြန်မာနိုင်ငံတစ်ဝန်း ဒီဇင်ဘာလ ၁၅ ရက်နေ့ ရရှိထားသော အချက် အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ရေစကြိုမြို့ပေါ် တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ ကျိုက်ထို၊ သရက်ချောင်းနှင့် နတ်မောက်တွင် စစ်ကြောင်းနှင့် ယာဥ်တန်းကို မိုင်းဆွဲမှု စစ်သား ၂၉ ဦးခန့် သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် PDF တပ်ဖွဲ့များကို ပိတ်ဆို့ဖမ်းဆီးရန် ပြုလုပ်သည့် စစ်သားများနှင့် PDF ရဲဘော်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၄ ဦးသေဆုံး Myingyan Black Tiger (MBT) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရေစကြိုမြို့နယ်၊ ထင်းတန်းရပ်ကွက်၌ အကြမ်းဖက် စစ်တပ်သားများကို ဗုံးခွဲတိုက်ခိုက်ရန် Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ လူစု၍ အနားယူနေစဥ် စစ်တပ် သတင်းပေး ပျူစောထီးများက သတင်းပေး တိုင်ကြားသောကြောင့် စစ်သားများရောက်ရှိလာပြီး အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ ပြည်သူ ၁ ဦးအား ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် ခေါ်ဆောင်လာသောကြောင့် Myingyan Black Tiger (MBT)နှင့် ညီနောင်မဟာမိတ်များမှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ကာကွယ်ရေး တပ်ဖွဲ့များကို အကြမ်းဖက် စစ်တပ်က ပိတ်ဆို့ ပစ်ခတ် ဖမ်းဆီးရန် လုပ်ဆောင်စဥ် ကာကွယ်ရေး ညီနောင် မဟာမိတ် တပ်ပေါင်းစုများမှ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၄ ဦး သေဆုံးပြီး ၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

" စစ်ကောင်စီအနေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ဖမ်းဆီးတာ သတ်ဖြတ်တာ အိမ်တွေကိုမီးရှို့တာ မလုပ်ဖို့နဲ့ စစ်ဖြစ်ချင်တယ်ဆိုရင် Myingyan Black Tiger (MBT)ရဲ့ လှုပ်ရှား နယ်မြေထဲကို လာပြီးတိုက်ပါလို့​ စိန်ခေါ်ချင်ပါတယ်ဗျ သေရဲရင် စစ်ကြောင်းထိုးခဲ့ပါ။ ကျွန်တော်တို့က စိန်ခေါ်ပါတယ်။ ပြည်သူကို ဒိုင်းကာမလုပ်ပဲ တိုက်ဖို့ စစ်ကောင်စီကို ပြောချင်တယ်။ သူတို့က PDF ယူနီဖောင်းဝတ် ပြည်သူကို ဒိုင်းကာ လုပ်ပြီးတိုက်တာ အခုက ဘာမှကို လုပ်မရခဲ့လို့ပါ။ အခုကျတော့ သူတို့က PDF အသွင်ယူပြီး လုပ်သွားတာခံရတယ်။ ရဲဘော်တွေက တစ်ယောက်မှ အထိအခိုက်မရှိခဲ့ပါဘူး။ အခုအခြေအနေက တစ်မြို့လုံးကို ပိတ်ဆို့ထားတယ်။ သေသွားတဲ့ စစ်ခွေးတစ်ကောင်ဆီက ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တယ်။ ဖုန်းထဲက အချက်အလက်တွေကို သိပ်မကြာခင် ပြည်သူတွေကို ချပြသွားမယ်" ဟု Myingyan Black Tiger (MBT) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုတွင် Myingyan Black Tiger (MBT)နှင့်အတူ ညီနောင်မဟာမိတ်များဖြစ်ကြသော URBAN UNDERGROUND REVOLUTION FORCE(UURF-YSO)၊Black Wolf PDF (MDY)၊ ခွပ်ဒေါင်းနီ ပြောက်ကြားတပ်ဖွဲ့၊
VOMDY-Front Warrior ၊The Volue Of Young Men စသည့် ညီနောင်မဟာမိတ် တပ်ဖွဲ့များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ရန်ကုန်-မော်လမြိုင် လမ်းပိုင်းတွင် စစ်ကား ၄ စီးပါယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၅ ဦးခန့်သေဆုံးခဲ့ကြောင်း Kyaikhto Revolution and information network ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကျိုက်ထိုမြို့၌ ဘီးလင်းမှ ဝေါသို့ ဦးတည်လာသော စစ်ကား ၄ စီးပါ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် ကား ၂ စီးထိမှန်ခဲ့ပြီး ၁ စီး ပျက်စီးသွားကြောင်း၊ ပျက်စီးသွားသော ကားပေါ်မှ ထိခိုက်သေဆုံးသွားသော စစ်သားအလောင်းများကို ကားပေါ်သို့ ပြန်တင်သွားပြီး ပျက်စီးသွားသည့်ကားကို တခြားကားဖြင့် ဆွဲသွားခဲ့ကြောင်း သိရသည်။

"စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲလို့ ၅ ဦးထက်မနည်းသေဆုံးတယ်လို့ သိရတယ်။ သေဆုံးအရေအတွက် ထပ်မသိရသေးဘူး။ ဘယ်အဖွဲ့က တိုက်ခိုက်တယ်ဆိုတာ မသိရ​ေသေးဘူး" ဟု Kyaikhto Revolution and information network ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ တနင်္သာရီတိုင်း၊ သရက်ချောင်း-ပုလော လမ်းပိုင်းတွင် စစ်တပ် ခြေလျင်စစ်ကြောင်းကို ၃ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ဝဲရစ်ရွာသင်္ချိုင်းလမ်းထိပ်အနီး ဝင်းဝရွာဘက်မှ ဆင်းလာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းကို သရက်ချောင်း ပြည်သူ့ကာကွယ်ရေးဖွဲ့ (ပကဖ) TYC-PDF စစ်ကြောင်း၂ မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားကာ စစ်သား ၁၀ ဦးကျော် ထိခိုက်သေဆုံးပြီး အိမ်စီးကားဖြင့် သရက်ချောင်းမြို့ဘက်သို့ တင်သွားကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝဲရစ်ရွာသင်္ချိုင်းအနီးရှိ ရာဘာခြံထဲသို့ ထပ်မံ ဝင်ရောက်လာစဥ် မိုင်းဆွဲခဲ့ကြောင်း သိရသည်။

သရက်ချောင်း-ပုလော ကားလမ်း​ပိုင်းရှိ ဘုတ်တောင်တွင်လည်း ယနေ့ နံနက် ၁၀ နာရီ​ကျော်ခန့်တွင် ရငဲရွာဖက်မှ ဆင်းလာခဲ့သည် စစ်တပ် ခြေလျင်စစ်ကြောင်းကို ထပ်မံကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခြင်းခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

Читать полностью…

Khit Thit Media

စစ်ကောင်စီက ရုရှား ဘက်စုံသုံး Kamov KA-28 Helix ရဟတ်ယာဉ် ၂ စီး၊ SU-30 တိုက်လေ ယာဉ် များ၊ တရုတ် FTC 2000 G လေယာဉ် များကို ထုတ်ပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကောင်စီက လျှို့ဝှက်ဝယ်ယူထားသော ရုရှား တိုက်ခိုက်ရေးနှင့်ဘက်စုံသုံး Kamov KA-28 Helix ရဟတ်ယာဉ် ၂ စီး၊ SU-30 တိုက်လေယာဉ်များ၊ တရုတ် FTC 2000 G လေယာဉ်များကို မင်းအောင်လှိုင်က လေတပ် ၇၅ နှစ် ပြည့် စိန်ရတုနေ့တွင် ထုတ်ပြကြောင်း သိရှိရသည်။

စစ်ကောင်စီ ရုပ်မြင်သံကြား ထုတ်ပြန်ချက်များအရ K8-Helix ရဟတ်ယာဉ် ၂ စီး၊ SU-30 တိုက်လေယာဉ် ၅ စီး ကို မြင်တွေ့ရပြီး တရုတ် FTC 2000 G တချို့ကို သာမြင်တွေ့ရသည်။

စစ်ကောင်စီက ရုရှားထုတ် သယ်ယူပို့ဆောင်ရေးနှင့်တိုက်ခိုက်ရေး နှစ်မျိုးသုံး ရုရှားထုတ် စွမ်းအားမြင့် Kamov KA-28 Helix ရဟတ်ယာဉ် ၂ စီးကို လျှို့ဝှက် ဝယ်ယူခဲ့ပြီး စစ်ကိုင်းတွင် ပြည်သူများကို ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ရာတွင် ယင်းရဟတ်ယာဉ်များကို အသုံးပြုခဲ့ကြောင်း ရန်ကုန်ခေတ်သစ်က သတင်း ဖော်ပြခဲ့ပြီးဖြစ်သည်။

အောက်တိုဘာလ ၁၉ ရက်နေ့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင် ကျေးရွာအုပ်စုကို စစ်တပ်က ရဟတ် ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ စစ်အင် အား ၂၀၀ ခန့်ကို သယ်ယူပို့ဆောင်ခြင်းများ လုပ်ဆောင်ခဲ့ရာ ဒေသခံ များ က ရိုက်ကူးခဲ့သော ရဟတ်ယာဉ်များ ပျံသန်းမှု ဓာတ်ပုံမှတ်တမ်းများ အမြီးတို KA-28 ရဟတ်ယာဉ်တစ်စီးပါဝင်ခဲ့သည်။

" KA-28 ရဟတ်ယာဉ်က ပန်ကာ ၂ ထပ်ဖြစ်တယ်၊ နောက်အမြီးမှာ ပန်ကာ မပါ လို့ ထိန်း သိမ်း ရကောင်းပါတယ်။ မီးခိုး၊ ဖုန်ဒဏ်တွေ ကိုခံနိုင်ရည်မြင့် ပါတယ်။ ရဟတ်ယာဉ် အတွင်းခန်းမှာ စစ်သည် ၁၆ ဦး တင် ဆောင်နိုင်ပြီး တစ်နာရီကို ၂၇၀ ကီလိုမီတာနှုန်းနဲ့ အကွာအဝေး ကီလိုမီတာ ၁၀၀၀ နီးပါး ပျံ နိုင် လို့ နယ်မြေတစ်ခုအတွင်းမှာ တစ်ရွာဝင်တစ်ရွာထွက် အချိန်ပေးပျံနိုင်တယ်။ အမြင့် မီတာ၅၀၀၀ အထိ ပျံတက်နိုင်လို့ လက်နက်ငယ်နဲ့ လှမ်းပစ်လို့မရဘူး။ တပ်ဆင်ထားတဲ့ လက်နက်က ပြောင်း ၄ လုံးတွဲ ၇ ဒသမ ၆၂ မမ စက်သေနတ် မှာ ကျည် ၁၈၀၀ တောင့် ပါ လို့ မြေပြင်ပြစ်မှတ်တွေကိုသေသေချာချာ ချိန်ပစ် လို့ ရသလို အကြာကြီးလည်းပစ်နိုင်တယ်။ စက်သေနတ်ရဲ့ထိရောက် တဲ့အကွာ အဝေး က မီတာ ၁၀၀၀ ဖြစ်ပါတယ်။ ၃၀ မမ စက်အမြောက်တလက်လည်း ကျည် အတောင့် ၂၅၀ နဲ့တပ်ထားပြီး အကွာအဝေး မီတာ၂၀၀၀ ကိုတိကျစွာ ပစ်ခတ် နိုင်တယ်။ အဲဒီပစ်ခတ်မှုက အဝေးဆုံးမီတာ ၄၀၀၀ အထိ ရောက် ပါ တယ်။ ရဟတ်ယာဉ်အပြင်မှာလက်နက်တပ်ဆင်တဲ့ Hard point ၄ နေရာပါ သေး လို့ တင့်ဖျက် ဒုံးကျည်၊ လောင်ချာအစရှိတာတွေ တပ်ဆင်ပစ်လို့ရပါသေး တယ်။ ခြုံငုံပြောရရင် မြေပြင်ပြစ်မှတ်တွေကိုလေကြောင်းအသာစီးယူပြီး အသေး စိတ် စိတ်တိုင်းကျ ပစ်ခတ်ဖို့အတွက် Kamov KA-28 Helix ရဟတ် ယာဉ်တွေကို ရုရှားဆီက လျှို့ဝှက် ဝယ် သုံးတာ" ဟု စစ်ဘက်သတင်းရင်း မြစ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ရုရှားထံမှ ရေတပ်သုံး Ka 27 ရဟတ်ယာဉ်များ ဝယ်ယူ ရန် ဆွေးနွေးမှုများ ရှိခဲ့သော်လည်း ဝယ် ယူခဲ့သည်ဆိုသော သတင်းများ မ ထွက် ရှိခဲ့ကြောင်း၊ Kamov KA-28 Helix ရဟတ်ယာဉ်များကို လျှို့ဝှက်ဝယ် ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ယနေ့ စစ်တပ်က ယနေ့ ပြပွဲတွင် တရုတ်လုပ် FTC 2000 G တိုက် လေယာဉ် တချို့ကို ပြသသည်ကို မြင်တွေ့ရသည်။

"တရုတ်လေယာဉ် FTC 2000 G နမ့်စန် လေတပ်ထဲမှာ ထားတယ်။ တရုတ် တွေ က စာတွေ့ လက်တွေ့ သင်တန်းပေးနေတယ်။ မတပ်ဆင်ရသေးတဲ့ လေ ယာဥ်တွေလည်းရောက်နေတယ်။ စစ်ကောင်စီဘက်က သင်တန်း တက်နေ တဲ့အထဲမှာ အမျိုးသမီး လေယာဉ်မောင်း အရာရှိ ၂ ဦးပါတယ်" ဟု နမ့်စန် လေ တပ်စခန်းမှသတင်းရင်းမြစ်က ပြောသည်။

တရုတ် FTC 2000 G တိုက်လေ ယာဉ် ၆ စီး နမ့်စန် လေတပ် စခန်းဌာနချုပ်သို့ ရောက်ရှိလာသော သတင်းကို ရန်ကုန်ခေတ်သစ်က နိုဝင်ဘာလ ၂၂ ရက်နေ့ တွင် သတင်းဖော်ပြခဲ့သည်။

Читать полностью…

Khit Thit Media

ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

အောင်လံလွှင့်မည် ရွှေရေကြည်သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရတဲ့ မြန်မာပြည်ရဲ့ လက်ရှိ အခြေအနေကို ပွဲကြည့်ပရိတ်သတ်အဖြစ် ကျန်တစ်ကမ္ဘာလုံးက မည်မျှအချိန်ကြာကြာ ဘေးထိုင်ရပ်ကြည့်နေကြဦးမှာလဲ ဆိုတာကိုတော့ မေးခွန်းထုတ်ဖွယ် ရှိပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်ရဲ့ ရက်စက်ယုတ်မာလှတဲ့ လေကြောင်း တိုက်ခိုက် မှုတွေ ရပ်တန့်သွားဖို့ရာအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံကို အသုံးပြု တွန်း လှန်သွားမယ့် တာဝန်က မြန်မာတော်လှန်ရေးအဖွဲ့အသီးသီးသာမက မြန်မာပြည်သူအားလုံးရဲ့ ပုခုံးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်တယ်ဆိုတာကတော့ အသေအချာပဲ ဖြစ်ပါတယ်။

(NHK သတင်းဌာန၏ Newsroom Tokyo သတင်းအစီအစဉ်က ထုတ် လွှင့်ခဲ့သော “Russian Jets for Myanmar Claim More Civilian Lives” ဗီဒီယိုသတင်းကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

Читать полностью…

Khit Thit Media

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့တဲ့ မြန်မာလေတပ် နှစ်ပတ်လည် အခမ်း အနားမှာ ယက်-၁၃၀ (Yak-130) တိုက်လေယာဉ် အသစ် ၆ စီးကို စတင် အသုံးပြုဖို့အတွက် အကြမ်းဖက်စစ်ဗိုလ်ချုပ်တွေက ထုတ်ဖော် မိတ်ဆက် ခဲ့တာပါ။

ရုပ်သံထဲမှ ဂျက်လေယာဉ်တွေရဲ့ အမှတ်စဉ်ကို 18-15 မှ 18-20 အထိ သတ်မှတ် ဖော်ပြထားပြီး ပထမဆုံး တပ်တော်ဝင် အခမ်းအနားမှာ တွေ့မြင် ခဲ့ရတဲ့ ယက်-၁၃၀ (Yak-130) လေယာဉ်တွေကို 18-01 မှစတင်ပြီး အမှတ် စဉ်တပ်ထားတာကြောင့် မြန်မာ့လေတပ်မှာ လက်ရှိအသုံးပြုနေတဲ့ ယက်-၁၃၀ (Yak-130) လေယာဉ်စုစုပေါင်း အစီး ၂၀ ရှိမယ်လို့ ခန့်မှန်းယူဆရပါတယ်။

ရုရှား ဂျက်လေယာဉ်တစ်စီး ပါဝင်တဲ့ ရုပ်သံ မှတ်တမ်းတစ်ခုကိုလည်း ထိုင်းနိုင် ငံ နယ်စပ်အနီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ကရင်ပြည်နယ်အတွင်းမှာ ရိုက်ကူးရယူနိုင်ခဲ့ပါတယ်။

အဲဒီ ရုပ်သံမှတ်တမ်းကို လေ့လာကြည့်တဲ့ အခါ ယက်-၁၃၀(Yak-130) လေ ယာဉ် ပေါ်မှနေပြီး ပဲ့ထိန်းမဲ့ ဒုံးကျည် ၃၆ ခု ပစ်ခတ်ခဲ့တာကို တွေ့ရကြောင်း Myanmar Witness လက်နက်ကျွမ်းကျင်သူတွေက အတည်ပြု ပြောပါတယ်။

ဒါ့ကြောင့် ယက်-၁၃၀ (Yak-130) တိုက်လေယာဉ်ပါ လက်နက်တွေဟာ အလွန်အန္တရာယ် ကြီးမားကြောင်း Hadavi ကအောက်ပါအတိုင်း ပြောဆို ပါတယ်။

“ဒီလက်နက်တွေရဲ့ ချိန်ရွယ်ပစ်မှတ်မှု စနစ်ဟာ နည်းပညာအရ သိပ်ပြီး အဆင့်မြင့်မားမှု မရှိတဲ့အတွက် တမင်ရည်ရွယ်တာဖြစ်စေ၊ မရည်ရွယ်ဘဲ ဖြစ်စေ၊ ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးမှုနဲ့ ပစ္စည်းဥစ္စာ ပျက်စီး ဆုံးရှုံးရမှုတွေ ကြီးမားနိုင်တာ တွေ့ရပါတယ်”လို့ သူက ပြောပါတယ်။

ကရင်ပြည်နယ် မြို့တစ်မြို့ဖြစ်တဲ့ လေးကေကော်ဒေသမှ ရုပ်သံမှတ်တမ်း တစ်ခုကို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တစ်ခုက ထုတ်လွှင့်ခဲ့ပါတယ်။

အပြာရောင် အဆောက်အအုံများမှ မီးခိုး တလူလူထွက်နေပြီး အဲဒီနေရာမှာ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများအတွက် ဆောက် လုပ်ပေး ထားတဲ့ အိမ်ရာများ ရှိနေတာပါ။ အဲဒီအိမ်ရာတွေကို ရည်ရွယ်ပြီး ပစ်ခတ် ခဲ့တယ်လို့တောင် ကောက်ချက်ချနိုင်ပါတယ်။

ရုပ်သံပေါ်ထွက်လာပြီး နောက်တစ်နေ့မှာတော့ အဲ့ဒီ့နေရာမှာပင် ရှာဖွေ တွေ့ရှိခဲ့တဲ့ ကျည်ခွံ အဟောင်းများရဲ့ ပုံကိုလည်း မြင်တွေခဲ့ရတာပါ။ အဲ့ဒီ့ကျည်တွေဟာ ၂၃ မမကျည်များ ဖြစ်တယ်လို့ Hadavi ကဆိုပါတယ်။

သတင်းဌာနတစ်ခုက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ခုမှ ထိပ်တန်း အရာရှိတစ်ဦးထံသို့လည်း ဆက်သွယ် မေးမြန်းခဲ့ပါတယ်။ ကရင်ပြည်နယ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် လွန်ခဲ့သော နှစ် ၃၀ ကျော်ကြာ တိုက်ပွဲ ဝင်နေသူတဦးဖြစ်တဲ့ ကော်သူလေးတပ်မတော်မှ ဗိုလ်မှူးစလုံးက လက်ရှိ ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုက အကြီး အကျယ် ပိုမိုများပြားလာနေတယ်လို့ ဆိုပါတယ်။

“အရှေ့တောင်ပိုင်းက ကော့ကရိတ်မှာ လွန်ခဲ့တဲ့တစ်လအတွင်း ဂျက်လေယာဉ် တွေဟာ တစ်နေ့ အကြိမ် ၅၀ ကင်းထောက်တယ်။ ပြီးတော့ ၄ စီးက ပြန်လာ တိုက်ခိုက်ကြတယ်။ ဒီလိုလေကြောင်း တိုက်ခိုက်ခံရတဲ့အခါ အများဆုံး ထိခိုက်ခံစားရတာ ကျွန်တော်တို့ စစ်သားတွေ မဟုတ်ပါဘူး။ ရွာသူရွာသား တွေပဲ ပိုပြီးသေဆုံးရတာပါ။ ဒါသူတို့လုပ်နေတဲ့ လုပ်ရပ်တွေပေါ့ လူတွေကို ထိတ်လန့်ကြောက်ရွံ့လာအောင် လုပ်နေတာ ဖြစ်ပါတယ်” လို့ ၄င်းက ပြောခဲ့တာပါ။

လူမှုကွန်ရက်များမှာ ရေးသားချက်တွေအရ အောက်တိုဘာလလယ်ခန့်က မြန်မာ့ဝေဟင်မှာ အဆင့်မြင့် တိုက်လေယာဉ်တစ်စီးရဲ့ ပထမဆုံးအကြိမ် ပျံသန်းမောင်းနှင်မှုတွေကို တွေ့မြင်ခဲ့တယ်လို့လည်း ၎င်းကဆိုပါတယ်။

အဲ့ဒီ့လေယာဉ်ဟာ ရုရှားလုပ် ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ်ဖြစ်တယ်လို့ တတစ်ချ ယုံကြည်စွာ ပြောဆိုလျှက် ရှိနေတာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာ နိုင်ငံမှာ ရိုက်ကူးထားတယ် လို့ဆိုတဲ့ ဆူခွိုင်း-၃၀ (Sukhoi-30) ရဲ့ဓာတ်ပုံ တွေကို NHK က သီးခြားရရှိထားပါသေးတယ်။

အဲ့ဒီ့လေယာဉ်ဟာ လက်နက်တပ်ဆင်ထားခြင်း မရှိဘဲ လေ့ကျင့်ပျံသန်းနေခြင်း ဖြစ်ဖွယ်ရှိတယ်လို့ Myanmar Witness က လေ့လာမှုတွေအရ သုံးသပ်ပါ တယ်။

အဲဒီနေ့မှာပဲ လေတပ်စခန်းတခုကို ဂြိုဟ်တုပုံရိပ်မှတစ်ဆင့် လေ့လာမှုများအရ မကြာသေးမီကမှ လောလောလတ်လတ် ဆောက်လုပ်ထားတဲ့ လေယာဉ်ရုံ များအနီး ပြေးလမ်းပေါ်မှာ ရပ်ထားတဲ့ ဆူခွိုင်း-၃၀(Sukhoi-30) တစ်စီးကို အတည်ပြုနိုင်ခဲ့ပါတယ်။

Leone Hadavi က ‘ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ် ဆိုရင် တင်ဆောင်နိုင်တဲ့ လက်နက်ပမာဏက ပိုတောင်များလာတယ်။ ယက် (Yak) လေယာဉ်မှာ ကီလို ၃,၀၀၀၊ ဒုံးကျည် ၉ ခု၊ အခုဆူခွိုင်း-၃၀ (Sukhoi-30) မှာဆို လက်နက်အလေးချိန် ကီလို ၈၀၀၀,နဲ့ ဒုံးကျည် ၁၂ ခု အထိ တပ်ဆင် နိုင်ပါတယ်” လို့ ပြောဆိုပါတယ်။

လွတ်လပ်တဲ့ မြန်မာမီဒီယာတစ်ခုရဲ့ သီးခြားသတင်းရင်းမြစ်တစ်ခုမှာလည်း မတ်လအတွင်း ရုရှား နိုင်ငံမှ ဆူခွိုင်း-၃၀ (Sukhoi-30) လေယာဉ် ၂ စီး မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

Читать полностью…

Khit Thit Media

နိုင်ငံတစ်ဝန်း ကောင်းကင်ယံမှ အလင်းတန်းနှင့် အငွေ့တန်းတစ်ခု ရွေ့ လျား သွားမှုကို တွေ့မြင်ရဟု ပြည်သူများ ပြောဆို၊ စစ်ကိုင်းတိုင်းမှ ပြည်သူများ ထိတ်လန့်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅

စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် အပါ အဝင် ပြည်နယ်/တိုင်းတချို့မှ ပြည်သူများက ယနေ့ ညနေပိုင်း ကောင်း ကင် ယံမှ အလင်းတန်းနှင့် အငွေ့တန်းတစ်ခု ရွေ့လျား သွားမှုတစ်ခုကို တွေ့ မြင် ရ ကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ဗီဒီယို၊ ဓာတ်ပုံ များနှင့်တကွ သတင်းပေးပို့ ပြောဆိုကြသည်။

"ဒီညနေ ၆ နာရီ ၅၅ မိနစ်က အလင်းရောင်ကလည်းဖြာထွက်နေတာပဲ။ အငွေ့တွေလွှတ်ပြီးသွားနေတာ မြင်ရတယ်။ ဘာကြီးမှန်းလည်းမသိဘူး။ တရွေ့ရွေ့သွားနေတာ။ ဂြိုလ်တုလား ဘာလားတော့မသိဘူး။ ဒီဘက်က လူတွေက နဂိုကမှ လေကြောင်းတိုက်ခိုက်မှုတွေ ကြောက်နေရတော့ အရမ်း လန့်ကုန်ကြတယ်။ မြင်ရတာ ခင်ဦး၊ ရေဦး၊ ဒီပဲယင်း၊ ရွှေဘိုဘက်က လူတွေ အကုန်မြင်ကြတယ်။ ခွေးတွေများ တစ်ခုခုလုပ်တာလားလို့ လန့်နေတာ" ဟု ခင်ဦး ဒေသခံတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်မှ ပြည်သူတချို့ကလည်း ယနေ့ ညပိုင်းတွင် ကောင်းကင်ယံတွင် အလင်းတန်းကြီးတစ်ခုဖြာထွက်ပြီးအငွေ့များ ထုတ်လွှင့်မှုကို မြင်ရသည်ဟု ဆိုကြသည်။

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှ ပြည်သူတချို့ကလည်း ယနေ့ညနေ ၆ နာရီ မိနစ် ၅၀ ခန့်အချိန် ကောင်းကင်ယံတွင် ဆလိုက်မီးကဲ့သို့ ဝင်းထိန်ပြီး အငွေ့များ ထုတ်လွှင့်နေသော ရွေ့လျားမှုကို မြင်တွေ့ရသည်ဟုဆိုကြသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးမှ ဒေသခံတချို့ကလည်း ယင်းမြင်ကွင်းကို တွေ့မြင်ရ သည်ဟုဆိုကြသည်။

"ဂြိုလ်တုဆိုရင်လည်း အဲဒီလိုကြီးတော့ အလင်းတွေ ဖြာထွက်ပြီး မြင်ရမယ် မ ထင်ဘူး။ လေယာဉ်လည်းမဟုတ်ဘူး။ အငွေ့တွေကတော့ အင်ဂျင်က ထွက် တာမျိုး ပဲထင်တာပဲ ။ ဘာမျိုးလဲတော့ သေချာမသိဘူး။ ဂြိုလ်တုအမျိုးအစား တစ်ခုနေမယ်" ဟု တောင်ကြီးဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- မြန်မာနိုင်ငံနေရာအနှံ့အပြားမှ မြင်တွေ့ရသည့် အလင်းတန်းနှင့် အငွေ့တန်း ရွေ့လျားသွားလာမှု မြင်ကွင်းဓာတ်ပုံများ။

Читать полностью…
Subscribe to a channel