မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၇
မြန်မာနိုင်ငံတစ်ဝန်း ဇန်နဝါရီလ ၇ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။
မင်္ဂလာဒုံလေတပ်လိုင်းခန်းဝင်းအတွင်း M 79 ဗုံးသီး ၃ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်နှင့်အင်းစိန်မြို့နယ်အကြားရှိ မင်္ဂလာဒုံလေတပ် လိုင်းခန်း ဝင်းအတွင်းသို့ ယနေ့ နံနက် ၅ နာရီအချိန် ဗုံးပစ်လောင်ချာဖြင့် ဗုံး ၃ လုံးပစ် ခတ်ခံရခဲ့ကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့က ထုတ်ပြန်လာပြီး ဒေသ ပြည် သူများကလည်း ပေါက်ကွဲသံများကြားရကြောင်း ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။
အာဏာသိမ်းဆန့်ကျင်ရေးနှင့်ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ -အဆပလ- ACPLF က Fear No Evil အဖွဲ့နှင့်ပူး ပေါင်း၍ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၅ နာရီ ၅ မိနစ်အချိန် မင်္ဂလာဒုံမြို့နယ်နှင့် အင်းစိန်မြို့နယ်ကြား ဂျပန် လမ်း (သီရိမင်္ဂလာလမ်း) ပေါ်ရှိ အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံ လေတပ် လိုင်းခန်းဝင်းအတွင်းသို့ M ၇၉ ဗုံးပစ်လောင်ချာဖြင့် ဗုံးသီးသုံးလုံး အောင်မြင်စွာပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
"ဒီနေ့ မနက်စောစော နံနက် ၅ နာရီ အင်းစိန် ဗုန်းကွဲတာ အကျယ်ကြီးပါပဲ။ အသံကြားရပါတယ်။ ဒီညနေ သတင်းတွေ တက်လာတာတော့ မင်္ဂလာဒုံ လေတပ်လိုင်းခန်းဝင်းလို့ တက်တာတွေ့ပါတယ်။ အင်းစိန်ဘက်က တော်တော် ပီပီ သသကြားရတယ်" ဟု အင်းစိန်ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- M 79 ဗုံးသီးနှင့်လက်နက်။
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ ဇန်နဝါရီ ၇
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဟောပြာပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထီးချိုင့်၊ ဆားတွင်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ သက်ကြီး ရွယ်အို ၁ ဦးသေဆုံးပြီး ရွာကို မီးတင်ရှို့ ၊ ခင်ဦးမြို့နယ်၊ ဆီဆုံလေးကျေးရွာ ကိုလည်း စစ်တပ်နှင့်ပျူစောထီးများက မီးရှို့
ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ထီးချိုင့်မြိုနယ်၊ ဆားတွင်းရွာအနီးတွင် စစ်တပ်နှင့် ဒေသပြည်သူ့ ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ဆားတွင်း ကျေးရွာ ကို မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ် က အထိနာသဖြင့် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများကို လက်နက် ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ရွာကို မီးတင်ရှို့ကြောင်း၊ စစ်တပ်က လက် နက် ကြီးဖြင့် ပစ်ခတ်သဖြင့် သက်ကြီးရွယ်အို အမျိုးသမီးကြီး ၁ ဦး လက်နက် ကြီးထိမှန်၍ သေဆုံးကြောင်း သိရှိရသည်။
"ထီးချိုင့် မြို့ကနေ လာတဲ့စစ်ခွေးတွေနဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲကြာချိန်က မွန်းလွဲ ၁နာရီကနေ၂ နာရီ နီးပါးခန့် အထိကြာတယ်။ စစ်တပ်ဘက်က အထိနာလို့ ရွာတွေဆီကို လက်နက်ကြီး တွေနဲ့ ပစ်တယ်။ အဲဒီလိုပစ် လို့ ထန်းကုန်းရွာက ဒေသခံတွေ လက်နက်ကြီး ကျည်ထိပြီး ဒဏ်ရာရသူတွေလည်းရှိတယ်။ ဒဏ်ရာရသူက အမျိုးသမီး၂ ဦး၊ အမျိုးသား၂ ဦး စုစုပေါင်း၄ဦး ။ အသက်၆၀အရွယ် အဖွား ဒေါ်ကြည်ဖြူကတော့ နေရာတင်ပွဲချင်းပြီး သေဆုံးသွားတယ်။ ဒဏ်ရာရသူတွေကိုတော့ ဆေးကုသ ပေးနေရဆဲဖြစ်တယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ထန်းကုန်ကျေးရွာ၊ ကံပေါက် ကျေးရွာ၊ လေသာရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ စစ်တပ်က ဆားတွင်းကျေးရွာကို ယနေ့ ညနေ ၃ နာရီခွဲအချိန် မီးတင်ရှို့နေကြောင်း သိရှိရသည်။
အလားတူ ဇန်နဝါရီလ ၅ ရက်နေ့ ၊ နံနက်ပိုင်း စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မဒေါင်းလှမှ ပျူစောထီးများသည် ဆီဆုံလေးကျေးရွာသို့ ပစ်ခတ်ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် မီးရှို့ခံရသည့် ကျေးရွာတစ်ခု။
"တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ" စာတန်း ကိုင်ဆောင်ကာ ၅/အရာတော် သပိတ် စစ်ကြောင်း ချီတက် ဆန္ဒပြ(ရုပ်/သံ)
ရန်ကုန်၊ ဇန်နဝါရီ ၇
အရာတော် မြို့နယ်တွင် ၅/အရာတော် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် "တရားမဝင်တဲ့ ရွေးကောက်ပွဲ လူထုအားနဲ့တိုက်ဖျက်ကြ" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၇
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ၊ ဗကသ ရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ (ဗလကသ)နှင့် ဒေသခံ ပြည်သူ လူထုတို့ ပူးပေါင်းပါဝင်ကာ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပုလောမြို့ဘက်သို့ အင်အား ၃၀၀ ကျော်ဖြင့် တက်လာသော အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပလမြို့အထွက် တိုရွာ၊ နန်းပရုပ်ကျေးရွာအနီးတို့တွင် တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ်သား ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Palaw PDF ထံမှ သိရသည်။
ဒီဇင်ဘာလ ၃၀ ရက်နံနက် ၈ နာရီဝန်းကျင်ခန့်က မြိတ်မြို့မှ ပုလောမြို့ဘက်သို့ တက်လာသော အကြမ်းစစ်ကောင်စီယာဉ်တန်းသည် ပလမြို့မှ အင်အား ၃၀ဝ ကျော်ဖြင့် အထွက် တိုရွာအရောက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ ၃၀ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Palaw PDF က အတည်ပြု ထုတ်ပြန်ထားသည်။
အဆိုပါနှစ်ရက်ဆက် တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၇ ကြိမ်ရှိခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ အငယ်စား မြောက်များစွာရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုး ရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ့နေအိမ် တိုရွာမှ ၄၈ လုံး၊ တန်းရှင်းရွာမှ ၇ လုံး၊ သင်္ကန်းတော ရွာမှ ၁၄ လုံး၊ စုစုပေါင်းနေအိမ် ၆၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိဘပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုအတွက် များစွာထပ် တူဝမ်းနည်းရပါကြောင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ပိုမိုကာကွယ်နိုင်ရန် စွမ်းစွမ်းတမံကြိုးစားသွားမည်ဖြစ်ကြောင်း၊ ခရီးသည်တင် မော်တော်ယာဉ်လိုင်းများနှင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် တိုက်ပွဲဖြစ်ပွား ကြောင်း သိရှိပါက တိုက်ပွဲနယ်မြေသို့ လုံးဝ(လုံးဝ) မလာရောက်ဘဲ ရှောင်ရှားကြရန် ပြည်သူ့ကာကွယ် ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ကထုတ်ပြန်ထားသည်။
Photo- Palaw PDF တပ်ဖွဲ့ဝင်များ
၂၀၂၃ ခုနှစ် ကူးပြောင်းမည့် ည ၁၂ နာရီအချိန်တွင် အရေးတော်ပုံအောင် ရမည်ဟု ကြွေးကြော်ပြီး လက်ခုပ်တီးကြရန် ပြည်သူများကို နှိုးဆော်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
၂၀၂၃ ခုနှစ် ကူးပြောင်းမည့် ည ၁၂ နာရီအချိန်တွင် အရေးတော်ပုံအောင် ရမည် ဟု ကြွေးကြော်ပြီး လက်ခုပ်တီးကြရန် ပြည်သူများကို တော်လှန်ရေး အဖွဲ့များ က နှိုးဆော်လိုက်သည်။
ယနေ့ ည နှစ်သစ်ကူးသို့ ကူးပြောင်းမည့် ည (၁၂) နာရီ အချိန်တွင် အကြမ်း ဖက် သူပုန် စစ်တပ်ကို ပြည်သူများက လက်သင့် မခံကြောင်း ပြသမည့် " အကြမ်းမဖက် လူထုလှုပ်ရှားမှု " အဖြစ် ယနေ့ ည ၁၂ နာရီအချိန်တွင် အရေး တော် ပုံအောင်ရမည်ဟု ကြွေးကြော်ပြီး လက်ခုပ်တီးကြရန် ပြည်သူများကို တော် လှန် ရေးအဖွဲ့များက နှိုးဆော်လိုက်ခြင်းဖြစ်ကာ ပတ်ဝန်းကျင် အခြေ အနေ အန္တရာယ်ကင်းရှင်းမှသာ လှုပ်ရှားမှုတွင် ပါဝင်ကြရန် နှိုးဆော်ထားသည်။
စစ်ကောင်စီက ယခုည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း လော်စပီကာများဖြင့် ရပ်ကွက်များတွင် လိုက်အော်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
စစ်ကောင်စီက ယခု ည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း အသိပေးသည့် ကြေညာချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ များက လော်စပီကာများဖြင့် လိုက်အော်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"ရန်ကုန်တိုင်းစစ်ကောင်စီက ထုတ်တဲ့ ပုဒ်မ ၁၄၄ နှစ်သစ်ကူးည ညမထွက်ရ အမိန့် ရုပ်သိမ်း တာကို တစ်ညတာ ပယ်ဖျက်ထားတယ်ဆိုတာ လော်စပီ ကာနဲ့ လိုက်အော်နေတယ်။ ခဏခဏ လှည့်ပတ်အော်နေတာ။ ညနေ ၆ နာရီ လောက် ကတည်းက။ အပြင်ထွက်ခိုင်းတဲ့သဘောပေါ့။ အမိန့်စာကိုပဲ အော်နေတာပါ" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော် (Count-Down Party) ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ် ထား ကြောင်း၊ ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက အမိန့် ထုတ်ပြန်ထားသည်။
အလားတူ မန္တလေးတိုင်းနှင့် နေပြည်တာ်တို့တွင်လည်း ညမထွက်ရ အမိန့်များ ကို နှစ်သစ်ကူးညအတွက် ရုပ်သိမ်းထား ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး အနေ ဖြင့် ယနေ့ ညပြုလုပ်မည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများကို မိသားစုနှင့် အတူ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ် လွှင့် ချိန်တွင် လူမရှိသကဲ့သို့ လုံး၀ (လုံး၀) မဖြစ်စေရန်၊ စည်ကားနေမှုကို ပြသ ကြ ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ညွှန်ကြားချက်များ ထုတ်ပြန် ထား ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပ မည့် ရန်ကုန်တိုင်းစစ်ကောင်စီ၏ နှစ်သစ်ကူးညပွဲသို့ တစ်ရပ်ကွက်လျှင် လူဦး ရေ ၅၀ မဖြစ်မနေ လာရောက်ရန်၊ ကြို/ပို့ကားများ စီစဉ်ထားပြီး လာရောက် သူများကို ငွေကျပ် ၁၀၀၀၀ ပေးမည်ဟု ပြောဆို စည်းရုံးခိုင်းနေကြောင်း သိရှိရ သည်။
မန္တလေးတွင်လည်း တိုင်းစစ်ကောင်စီက စီစဉ်ထားသည့် နှစ်သစ်ကူးည ပျော်ပွဲ ရွှင်ပွဲ ကို မန္တလေး မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပွဲ သို့ တက်ရောက်ကြရန် လော်စပီကာဖြင့် ရပ်ကွက်များသို့ လိုက်လံ အသိပေး အော်ဟစ်နေကြောင်း သိရှိရသည်။
စစ်ကောင်စီက နေပြည်တော် ရေပန်းဥယျာဥ် တွင် နှစ်သစ်ကူးပွဲ စီစဉ်ထားပြီး မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့ကို ဖျော်ဖြေရန် ငှားရမ်းထား ကြောင်း၊ ရန်ကုန် ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု၊ ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်တို့ကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်းတွင် နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ပြီး ချစ်ကောင်း၊ သားစိုး၊ချယ်ရီသင်းအပါအဝင် အဆိုတော် များကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ နှစ်သစ်ကူးပွဲ အားလုံးကို စစ်ကောင် စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားလိုင်းအားလုံးမှ တိုက်ရိုက် ထုတ်လွှင့်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော နှစ်သစ်ကူးည Countdown ပွဲ ယခု ၇ နာရီကျော် မြင်ကွင်း။
စစ်ကောင်စီက ယခုည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း လော်စပီကာများဖြင့် ရပ်ကွက်များတွင် လိုက်အော်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
စစ်ကောင်စီက ယခု ည ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့် ရုပ်သိမ်းထားကြောင်း အသိပေးသည့် ကြေညာချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရဲတပ်ဖွဲ့ များက လော်စပီကာများဖြင့် လိုက်အော်နေကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
"ရန်ကုန်တိုင်းစစ်ကောင်စီက ထုတ်တဲ့ ပုဒ်မ ၁၄၄ နှစ်သစ်ကူးည ညမထွက်ရ အမိန့် ရုပ်သိမ်း တာကို တစ်ညတာ ပယ်ဖျက်ထားတယ်ဆိုတာ လော်စပီ ကာနဲ့ လိုက်အော်နေတယ်။ ခဏခဏ လှည့်ပတ်အော်နေတာ။ ညနေ ၆ နာရီ လောက် ကတည်းက။ အပြင်ထွက်ခိုင်းတဲ့သဘောပေါ့။ အမိန့်စာကိုပဲ အော်နေတာပါ" ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင် နေရာ တွင် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော် (Count-Down Party) ကို စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်ရန် စီစဉ် ထား ကြောင်း၊ ယင်းပွဲတော်ကျင်းပမည့် ဒီဇင် ဘာလ ၃၁ ရက်နေ့တွင် မီးရှူး မီးပန်းများ ပစ်ဖောက်ခြင်းနှင့် စတိတ်ရှိုးပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ ထုတ်ပြန်ခဲ့သည့် ညမထွက် ရ အမိန့်ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၂ နာရီ မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက် ၄ နာရီအထိ တစ်ရက်တာ ခေတ္တ ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီက အမိန့် ထုတ်ပြန်ထားသည်။
အလားတူ မန္တလေးတိုင်းနှင့် နေပြည်တာ်တို့တွင်လည်း ညမထွက်ရ အမိန့်များ ကို နှစ်သစ်ကူးညအတွက် ရုပ်သိမ်းထား ကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး အနေ ဖြင့် ယနေ့ ညပြုလုပ်မည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများကို မိသားစုနှင့် အတူ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ် လွှင့် ချိန်တွင် လူမရှိသကဲ့သို့ လုံး၀ (လုံး၀) မဖြစ်စေရန်၊ စည်ကားနေမှုကို ပြသ ကြ ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ညွှန်ကြားချက်များ ထုတ်ပြန် ထား ကြောင်း သိရှိရသည်။
ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပ မည့် ရန်ကုန်တိုင်းစစ်ကောင်စီ၏ နှစ်သစ်ကူးညပွဲသို့ တစ်ရပ်ကွက်လျှင် လူဦး ရေ ၅၀ မဖြစ်မနေ လာရောက်ရန်၊ ကြို/ပို့ကားများ စီစဉ်ထားပြီး လာရောက် သူများကို ငွေကျပ် ၁၀၀၀၀ ပေးမည်ဟု ပြောဆို စည်းရုံးခိုင်းနေကြောင်း သိရှိရ သည်။
မန္တလေးတွင်လည်း တိုင်းစစ်ကောင်စီက စီစဉ်ထားသည့် နှစ်သစ်ကူးည ပျော်ပွဲ ရွှင်ပွဲ ကို မန္တလေး မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပွဲ သို့ တက်ရောက်ကြရန် လော်စပီကာဖြင့် ရပ်ကွက်များသို့ လိုက်လံ အသိပေး အော်ဟစ်နေကြောင်း သိရှိရသည်။
စစ်ကောင်စီက နေပြည်တော် ရေပန်းဥယျာဥ် တွင် နှစ်သစ်ကူးပွဲ စီစဉ်ထားပြီး မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့ကို ဖျော်ဖြေရန် ငှားရမ်းထား ကြောင်း၊ ရန်ကုန် ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲကို ရန်အောင်၊ ရဲအောင်၊ မေသန်းနု၊ ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊ ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊ စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်တို့ကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ မန္တလေး မန္တလာသီရိအားကစားကွင်းတွင် နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ပြီး ချစ်ကောင်း၊ သားစိုး၊ချယ်ရီသင်းအပါအဝင် အဆိုတော် များကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊ နှစ်သစ်ကူးပွဲ အားလုံးကို စစ်ကောင် စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားလိုင်းအားလုံးမှ တိုက်ရိုက် ထုတ်လွှင့်နေကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တိုင်း၊ ပြည်သူ့ရင်ပြင်တွင် ပြုလုပ်နေသော နှစ်သစ်ကူးည Countdown ပွဲ ယခု ၇ နာရီကျော် မြင်ကွင်း။
ပုလဲနှင့် ရေစကြိုတွင် စစ်တပ် တပ်စွဲထားသော နေရာများကို ပစ်ခတ်တိုက်ခိုက်မှု ၇ ဦးသေဆုံး၊ ရေတာရှည်တွင် မဲစာရင်း ပြုလုပ်ရန် အိမ်ထောင်စု စာရင်း လိုက်ကောက်သော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း PRA တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကိုဂျပန်ကြီးကပြောဆိုသည်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၆ နာရီ ၂၅ မိနစ်တွင် စစ်သား ၈၀ ခန့် တပ်စွဲထားသော အင်မထီးရွာကို ပြည်သူ့တော်လှန်ရေး တပ်မတော် PRA နှင့် သခင်ဒေါင်းညို အဖွဲ့တို့မှ ဝင်ရောင်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ျကြာငကြွေးမွေးခဲ့သောကြောင့် စကစ 6 ကောင် ဂန့်သွားခဲ့သည်။
" တိုက်ပွဲက ၁ နာရီနီးပါး တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ အလစ်ဝင်ရောက် တိုက်ခိုက်တာဆိုတော့ စစ်ခွေးတွေဘက်က ၆ ဦးသေတယ်။ တော်လှန်ရေး ရဲဘော်တွေကတော့ အထိခိုက်မရှိ ပြန်လည် စုတ်ခွါနိုင်ခဲ့ပါတယ်" ဟု People Revolution Army -PRA တပ်ဖွဲ့မှ ဗိုလ်ဂျပန်ကြီးကပြောဆိုသည်။
အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဂွေးချိုရွာ ပျူစောထီးစခန်းနှင့် ပခန်းကြီးရဲစခန်းကို ဝင်ရောက်တိုက်ခိုက် ရာ ရဲမေ တစ်ဦး သေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နံနက် ၅ နာရီခန့်က အဆိုပါ စခန်းနှစ်ခုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ပခန်းကြီးရဲစခန်းအား သိမ်းပိုက်နိုင်ရန် အနည်း ငယ်သာလိုအပ်ခဲ့ကြောင်း၊ ယင်းစခန်းတိုက်ခိုက်မှုတွင် ရဲမေတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
“ရဲစခန်းသိမ်းပိုက်နိုင်ဖို့ နည်းနည်းလေးပဲ လိုခဲ့တာ၊ စစ်ခွေးလာမယ့် စစ်ကူလမ်းကြောင်းကို ပဒေသာမိုင်း တွေနဲ့ ဖြတ်တောက်ခဲ့ပေမယ့် စစ်ကူတွေ အများကြီးရောက်လာလို့ ဆုတ်ခွာခဲ့လိုက်ရတယ်၊ ရဲမေ တစ်ဦးသေတာတော့ မျက်မြင်အတည်ပြုလို့ရခဲ့တယ်။ ဂွေးချိုပျူ စခန်းတိုက်ပွဲ ထိခိုက်ကျဆုံးမှုလဲ မသိရသေးဘူး” ဟု ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force(SSTF)၊ မြိုင် ပကဖ တပ်ရင်း ၂ ၊ Myanmar Royal Dragon Army(MRDA) ပခုက္ကူခရိုင်တပ်ရင်း အမှတ် ၉ တို့ပူးပေါင်းကာ တိုက်ခိက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာတွင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စု ကောက်ယူပြီး ပြန်လာစဉ် သဖန်းဇင်ကျေးရွာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ဒေါင်းမင်းသား ညီနောင် တပ်ဖွဲ့ ထံမှ သိရသည်။
ယနေ့ ဒီဇင်ဘာလ ၃၀ ရက် မွန်းလွဲ ၁ နာရီခန့်က ရှေ့မှ ဆိုင်ကယ် ၂ စီးဖြင့် လ၀က ၀န်ထမ်း ၄ ဦး၊ ၎င်းနောက်မှ ဆိုင်ကယ် ၁ စီးတွင် စကစ တပ်သား ၂ ဦး မောင်းနှင်ပြီး ရွေးကောက်ပွဲ အတွက် နဂျပ်ကျေးရွာမှ အိမ်ထောင်စု စာရင်း ကောက်ယူပြီး ပြန်လာစဉ် သဖန်းဇင် ကျေးရွာ အရောက်တွင် အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။
"ဆိုင်ကယ် ၃ စီးလာတယ်၊ ရှေ့က အရပ်၀တ် လေးယောက်နဲ့ နှစ်စီး၊ နောက်က စစ်သား နှစ်ယောက်နဲ့ တစ်စီး မိုင်းခွဲလိုက်တော့ နောက်ဆုံးက တစ်စီးက မြောက်တက်သွားတယ်၊ ခဏနေတော့ ခွေးကား နှစ်စီး ရောက်လာတယ်၊ ကြံခင်းတွေထဲကို လက်နက်ငယ်တွေနဲ့ ပစ်ထဲ့တယ်" ဟု ဒေါင်းမင်းသား ညီနောင် တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောဆိုသည်။
ယင်းတိုက်ခိုက်မှုကို ဒေါင်းမင်းသား ညီနောင်တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ခင်ဦးနှင့် သပိတ်ကျင်းတို့တွင် စစ်သားနှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ် ပွားပြီး ၆ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့တွင် စစ်သား နှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း ခင်ဦးမြို့လယ် ဗိုလ် ချုပ် ကြေးရုပ်အနီး ဒလန် မင်းသိုက်၏ တိုက်တွင် တပ်စွဲထားသည့် စစ် သားနှင့် ပျူစောထီးများက ဘူတာပန်းခြံကန်သို့ ငါးဖမ်းပိုက်များ ဖြုတ် ယူရန် လာ ရောက် စဉ် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ခင်ဦး မြို့ပြပျောက်ကြား (UG) အဖွဲ့က ပြောသည်။
မိုင်းဆွဲမှုကြောင့် သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး ၃ ဦးကို ယမန်နေ့ ညနေ ၅ နာရီကျော်တွင် ခင်ဦးတောင် သုသာန်တွင် မီးသဂြိုလ်သွားကြောင်း သိရှိ ရသည်။
ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ သပိတ်ကျင်းမြို့နယ် ၊ပုဏ္ဏားကြီး (ပျူစောထီး)ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောသည်။
ထိုတိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် Nine PDF တပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များက အသာစီး ရယူနိုင်ခဲ့ကြောင်း၊ ပျူစောထီးများထံမှ တူမီး သေနတ် ၂ လက်၊ လက်လုပ် ပွိုင့်တူးတူး ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး တော် လှန်ရေး ရဲဘော် ၂ ဦး ( မစိုးရိမ်ရ ) ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
ရန်ကုန်တွင်စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြရန် ဆန္ဒပြ လှုံ့ဆော်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တွင် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီက ဦးဆောင်ပြီး အထက ၆ ရွှေပြည်သာ ကျောင်းသားများ သမဂ္ဂ (ဗကသ များအဖွဲ့ ချုပ်) ၏ ပူးပေါင်းမှုဖြင့် "အာဏာရူး တို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြဆန့်ကျင်ကြ" စာတန်းကိုင် ဆောင်ပြီး စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ယနေ့ ဆန္ဒပြ လှုံ့ဆော်ကြသည်။
စစ်ကောင်စီ နှင့်ပူးပေါင်းမှုကြောင့် ထိုင်းအစိုးရပိုင် PTT ရေနံကုမ္ပဏီတွင် ထည့်ဝင် ထားသော ရှယ်ယာများ နုတ်ထွက်ဟု Norway’s Oil Fund က ကြေ ညာခဲ့၊ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆိုင်းငံ့ထားမည်ဟု ထိုင်း PTT က ထုတ် ပြန်လာရ
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီ လက်အောက်ခံ PTTOR ကုမ္ပဏီက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကြောင့် စက်သုံးဆီ သိုလှောင်မှုနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်း မည်ဟု ကြေညာလိုက်သည်။
ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီအနေဖြင့် မြန်မာစစ်ကောင်စီ နှင့်ပူးပေါင်းနေသည့်အတွက် PTT ကုမ္ပဏီ တွင် ရင်းနှီးမြှုပ်နှံထားသော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိ ရှယ်ယာများကို ရပ်ဆိုင်း ပြီဖြစ် ကြောင်း Norway’s Oil Fund က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။
အဆိုပါ ကြေညာမှု နောက်ဆက်တွဲအဖြစ် ထိုင်းအစိုးရပိုင် PTT ကုမ္ပဏီက မြန်မာနိုင်ငံတွင် လုပ်ကိုင် နေသော လုပ်ငန်းများ ရပ်ဆိုင်းပါမည်ဟု ကြေညာလာရခြင်းဖြစ်သည်။
ထိုင်း PTT ကုမ္ပဏီ လက်အောက်ခံ PTT Oil and Retail Business (PTTOR)သည် ကမ္ဘောဇ အုပ်စု နှင့်ပူးပေါင်း၍ Bright Energy ကုမ္ပဏီကို ၂၀၁၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ယင်း လုပ် ငန်းတွင် ထိုင်း PTT က အစု ရှယ်ယာ ၃၅ ရာခိုင်နှုန်းပိုင်ဆိုင်ထားသည်။ Bright Energy သည် မြန်မာနိုင်ငံတွင် အကြီးဆုံး စက်သုံးဆီသိုလှောင်ရုံကို ရန်ကုန်အနီးတွင် တည်ဆောက်နေသည်။
ထိုင်း PTTORအနေဖြင့် မြန်မာနိုင်ငံတွင် လုပ်ဆောင်နေသော Bright Energy ၏ လုပ်ငန်း လည် ပတ်မှုနှင့် ဆောက် လုပ်ရေး၊ ငွေပေးချေမှုများကို ဆိုင်းငံ့ထားရန် ဒီဇင်ဘာလ ၂၂ ရက်နေ့ အတိ အလင်း ထုတ်ပြန်ကြေညာသည်။
ထိုင်းနိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီသည် စစ်တပ်လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း (MOGE) နှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်နေပြီး PTT ၏လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော PTTOR သည်လည်း မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် အကျိုးတူ လုပ်ငန်း များလုပ်ဆောင်လျက်ရှိနေသည်။
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့်အတွက် ထိုင်းအစိုးရပိုင် စွမ်းအင်ကုမ္ပဏီများဖြစ်သော PTT နှင့် PTTOR တို့မှ နုတ်ထွက်ပြီဟု Norway’s Oil Fund က ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ထုတ် ပြန် ကြေညာခဲ့ရာ Norway’s Oil Fund အနေဖြင့် ထိုင်း PTT ရေနံကုမ္ပဏီတွင် ရင်းနှီး မြှုပ် နှံထား သော အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၂ သန်း၊ ထိုင်းPTTOR ကုမ္ပဏီတွင် ထည့်ဝင် ထားသော ၁၀ ဒသမ ၉ သန်းရှယ်ယာများ ပြန်လည် ထုတ်ယူမည်ဟု ကြေညာခဲ့ခြင်းလည်းဖြစ်သည်။
ထိုင်းPTT ကုမ္ပဏီသည် မြန်မာနိုင်ငံမှ နုတ်ထွက်သွားသော ပြင်သစ် Totalကုမ္ပဏီ၏ လုပ်ငန်းများကို လွှဲပြောင်းရယူကာ စွမ်းအင်နှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းများကို လုပ်ကိုင်နေခြင်းဖြစ်သည်။
Photo - Nikkei Asia။
ရေဦးမြို့နယ်တွင် ကျေးရွာ ၁၇ ခု မှ နေအိမ် ၁၆၃၀ လုံးကို စစ်တပ်က မီးရှို့ ဖျက်ဆီးလိုက်၍ ပြည်သူများ အရေးပေါ်အကူအညီများလိုအပ်နေ
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၁၇ ခုမှ နေအိမ် ၁၆၃၀ လုံးကို စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့ အတွင်း မီးရှို့ ဖျက်ဆီးလိုက်သဖြင့် စစ်ဘေး ရှောင် ပြည်သူများ အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ် အထည်များ လိုအပ် လျက်ရှိကြောင်း People’s Defense Comrade တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သည့်ရွာများမှာ ပိတ်ဋကတ်ကျရွာတွင် နေအိမ် ၁၇ လုံး ၊ ပေါက်သာရွာတွင် အိမ်အလုံး ၉၀ ၊ ဇိန့်ဇွန်း အရှေ့ရွာတွင် အိမ် ၃၄ လုံး၊ ဇိန့်ဇွန်း အနောက်ရွာတွင် ၃၅ လုံး၊ မုတ်စီတွင် ၁၅၅ လုံး၊ ရွာမိဿာတွင် ၄၁၀ လုံး၊ ချမ်းသာရွာ/ ခရစ်ယန်ပိုင်းရွာတွင် နေအိမ် ၅၉ လုံး၊ အိုးသယ်ကွက်တွင် အိမ်အလုံး ၅၀ ၊ ထန်းတောကုန်းတွင် ၁၆ လုံး၊ ကုန်းသာတွင် ၂၀၉ လုံး ၊ ရွာသစ်တွင် ၁၅၀ ၊ ထန်းပင်ကုန်းတွင် ၃၁ လုံး၊ ဇဝတွင် ၆၇ လုံး၊ ဝက်ဖိုးတွင် ၃၈ လုံး ၊ တောင်ကုန်းတွင် ၅၁ လုံး၊ ချောင်းဆုံတွင် ၂၉ လုံး ၊ ငှက်ပျော တောတွင် ၄၁ လုံး ၊ ကွမ်းအုံတွင် ၃၅ လုံး ၊ မကျည်းကုန်းတွင် ၇၅ လုံး ၊ ညောင်ပင် သာတွင် ၃၈ လုံး စုစု ပေါင်း အိမ်ခြေ ၁၆၃၀ လုံး ဖြစ်ကြောင်း သိရှိရ သည်။
“အခုမီးရှို့ခံရတဲ့ရွာ ၁၇ ရွာလုံးက ရွာလုံးကျွတ်နီးပါးတွေချည်းပဲ၊ နှစ်ကြိမ် သုံးကြိမ် အရှို့ခံရတဲ့ရွာတွေလဲ ပါတယ်။ ချမ်းသာရွာဆိုရင် တတိယအကြိမ် အရှို့ခံရတာ၊ ဖြစ်သလို အသစ်ပြန်ဆောက်ထားတဲ့ အိမ်လေးတွေပါ မီးရှို့ သွားတာ၊ အခုဆိုရင် ဘေးနားက တစ်ချို့ရွာက ထမင်းထုပ်လေးတွေလာပို့တာ စားနေ ကြရတယ်၊ ဆန်၊ ဆီ၊အနွေးထည်၊စောင်၊ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေပါတယ်” ဟု People’s Defense Comrade ပကဖ ရဲဘော် အမေ့သား က ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။
မော်လိုက် အခြေစိုက် ခမရ ၃၆၄ တပ်နှင့် မှော်ဘီ အခြေစိုက် ခလရ ၇၀၁ တပ်ဖွဲ့ တို့က ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ကျေးရွာ ၁၉ ရွာကို မီးရှို့ပြီးနောက် ရေဦး မြို့နယ်သို့ ကူးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စစ်တပ်က ချမ်းသာ ရွာမှ ပြည်သူတစ်ဦးကို ဦး ခေါင်းဖြတ် သတ်ခဲ့ပြီး ဇဝရွာမှ အဘွားအို တစ်ဦးကို လည်း မီးရှို့သတ်ဖြတ်သွားကြောင်း သိရသည်။
“ဒီကောင်တွေက တိုက်ပွဲ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် နယ်မြေရှင်းလင်းရေးဆိုပြီး ခေါင်းစဉ်တပ်ရှို့နေတာ၊ ရွာတွေ ဒီလအတွင်း ပြာကျစေရမယ်ဆိုလို့ ကြိမ်းဝါးပြီး ရှို့နေတာ၊ မီးရှို့ဖို့သက်သက် သီးသန့်လာတဲ့ ခွေးတပ် တွေပါ၊ ကျနော်တို့ အဖွဲ့ အစည်းတွေ အနေနဲ့လည်း ပြန်လည်နေရာချထားရေးအတွက် အမြန်ဆုံးစီ စဉ်နေပေမယ့် တစ်ရွာတည်းမဟုတ်တော့ လက်ရှိ အဆင်မပြေသေးဘူးဗျ” ဟု People’s Defense Comrade ပကဖ ရဲဘော် အမေ့သားက ဆက်ပြောသည်
လက်ရှိတွင် နေအိမ်မီးရှို့ဖျက်ဆီးခံရသော ပြည်သူများ၏ ပြန်လည် ထူထောင် နိုင် ရေးနှင့် အရေးပေါ် စားနပ် ရိက္ခာများ လိုအပ်လျက်ရှိသဖြင့် ပြည်တွင်း ပြည်ပ မှ စေတနာ့အလှူရှင်များ တတ် နိုင်သလောက် ပါဝင်လှူဒါန်းပေး ကြ ပါရန် မေတ္တာရပ်ခံပါကြောင်း People’s Defense Comradeက ထုတ်ပြန် ထား သည်။
ဒီပဲယင်းရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးနေရ
ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဆပ်ပြာကျင်းရွာနှင့် ဘုတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ လက်ရှိချိန်ထိ အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ရွာ အတွင်း တပ်စွဲထားကြောင်း သိရသည်။
"ဒီနေ့ ညနေ ၅ နာရီလောက်မှာ စစ်ခွေးတွေက ဆပ်ပြာကျင်းနဲ့ ဘုတ်ရွာကို မီးတင်ရှို့နေတာ ကျေးရွာအတွင်း ပျက်စီးဆုံးရှုံးမှုနဲ့ ပြည်သူတွေ ထိခိုက်မှု အခြေအနေကို မသိရသေးဘူး။ ရွာအပြင်ကနေပဲ မီးခိုးတွေ ထွက်နေတာကိုပဲ မြင်နေရတယ်။ စစ်ခွေးတွေက ရွာထဲကို စစ်ကြောင်းတွေခွဲပြီး ရှို့နေတာ ပျက်စီးမှုများနိုင်တယ်" ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။
ကလေးဝတွင် တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦးကျဆုံး၊ မဲဇလီကုန်းမြို့ ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပွား
ရန်ကုန်၊ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ကလေးဝ PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင် ကလေးဝမြို့နယ် အုန်းပင်စုရွာရှိ ပြည်သူပိုင် နေအိမ် ၅ လုံးကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် အကြမ်းဖက် စစ်တပ်နှင့် ကလေးဝ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကာ PDF ရဲမေ ၁ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ ရဲစခန်း ဝန်းတွင် ဇန်နဝါရီလ ၇ ရက်နေ့ ည ၇ နာရီ ၃ဝမိနစ် ခန့်တွင် အလွန်ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက် ထွက်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရဲနှင့် စစ်သားများက လမ်းများ ပိတ်ဆို့ကာ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ပေါက်ကွဲမှုကြောင့် စစ်သားနှင့် ရဲများ ထိခိုက်မှုရှိမရှိကို အတည် မပြုနိုင်သေးသိရသည်။
မြိုင်တွင် စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ ဆာလင်းကြီးမြို့မ ရဲစခန်းကို PDF တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၇
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးစခန်းနှင့် ကိုင်းတောမနယ်မြေရဲစခန်း အကြားတွင် ကင်းပုန်းဝပ်ရန် ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်သားများကို မိုင်း ၁၈ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း စင်္ကြာ -ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၆ ရက် နံနက် ၁၀ နာရီဝန်းကျင်ခန့်က သရက်ကန်ပျူစောထီးစခန်းနှင့် ကိုင်းတော မနယ်မြေရဲစခန်း အကြားတွင် အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်း ဖြတ်ကူးရန်အတွက် ကင်းပုန်းဝပ်ရန် ခြေလျင်ထွက်လာသော အကြမ်းဖက် စစ်သား ၁၀ ဦးကို ရှေ့ထွက်မိုင်း၊ ရှေ့ထွက်ပြောင်းများဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
"ရှေ့ထွက်မိုင်း၊ ရှေ့ထွက်ပြောင်းတိုက် ၁၈ လုံးကို မိုင်းပွိုင့် ၉ နေရာခွဲပြီး တိုက်ခိုက်ခဲ့တာ၊ စစ်ခွေး ၃ ကောင်နေရာမှာ ပွဲချင်းပြီးသေတယ်၊ ကျန်တဲ့ စစ်ခွေးတွေ အများအပြားအပြင်းအထန် ဒဏ်ရာရသွား ပါတယ်" ဟု စင်္ကြာ -ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ ၏ တပ်ခွဲ ၄ (စင်္ကြာ-ဒေသ ကာကွယ်ရေး တပ်ဖွဲ့နှင့် တပ်ခွဲ ၁ မုန်တိုင်းတပ်ဖွဲ့၊ အပြုံမပျက် ကတုံးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာများကို အကြမ်းဖက် မီးရှို့ဖျက် ဆီးနေသော စစ်သားများကို လက်တုံ့ပြန်သည့် အနေဖြင့် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆားလင်းကြီး မြို့မ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များဘက်မှလည်း ပြန်လည်ပစ်ခတ်မှုရှိခဲ့ပြီး စစ်သား၊ ရဲထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၁ Brother Defense Force အဖွဲ့၊ Salingyi သမန်းကျားပျောက်ကျားတပ်ဖွဲ့၊ မြန်မာ့တော်ဝင်နဂါးတပ်မတော် ဆားလင်းကြီးခွဲ တစ်ကိုယ်သုဘရာဇာ နှင့် အခြားမဟာမိတ်အဖွဲများပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အားမာန်သစ် လူထု သပိတ် စစ်ကြောင်း စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇန်နဝါရီ ၇
အားမာန်သစ် လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝလရီလ ၇ ရက်နေ့တွင် "လွတ်လပ်ခြင်းတွေ ရှင်သန်ဖို့ အာဏာရှင်မှန်သမျှ တော်လှန်စို့" စာတန်းကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ နှင့် နိုင်ငံတကာ တောင်းဆိုမှု လိုက်လျောရန် မင်းအောင်လှိုင် ဆန္ဒ မရှိဟုဆို
ရန်ကုန်၊ ဇန်နဝါရီ ၇
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ တောင်းဆို ဆုံးဖြတ်ချက်ကိုလည်းကောင်း၊ နေအိမ် အကျယ်ချုပ် ပြန်ထားရန် တောင်းဆိုမှုများကိုလည်းကောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုက်လျောရန် ဆန္ဒမရှိကြောင်း နေပြည်တော်၊ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ် ၃၃ နှစ် အပြီး သတ်အမိန့် ချမှတ်ပြီးနောက် နေအိမ် အကျယ်ချုပ်ပြန်ထားနိုင်သည်ဟု ယူဆ ချက် များရှိနေသော်လည်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကမူ မင်းအောင် လှိုင် အနေဖြင့် ယင်းကိစ္စကို စိတ်ဝင်စားမှု လုံး၀ မရှိသည့်အပြင် လိုက်လျောရန်လည်း ဆန္ဒ မရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် မင်း အောင် လှိုင်က အငြိုးအာဃာတကြီးမားစွာ ရှိနေဆဲဖြစ်ကြောင်း ပြောဆိုသည်။
"NLD အစိုးရလက်ထက်မှာ တပ်ချုပ်က သူ့ကို နှိမ်ခဲ့တယ်လို့ ယူဆပုံရတယ်။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ တပ်ချုပ်ကို "ဘာရမလဲ သာ၀ရယ်" ဆိုပြီး လူမှုကွန်ရက်မှာ နှိမ်ပြီးရေးခဲ့တာ။ နိုင်ငံတော်အဆင့် ပွဲလမ်း တွေမှာ သူ့ကို နေရာမပေးခဲ့တာ။ အဲဒါတွေနဲ့ပတ်သက်ပြီး အာဃာတ ကြီးကြီး မားမားကို ထားပုံရတယ်။ တပ်ဘက်က သူတို့လိုချင်တာတွေ မရခဲ့တာတွေ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို အခု ဂလဲ့စားချေသလို ဖြစ်နေတော့ သက်ညှာ ဖို့ လမ်းမရှိသလောက်ပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အပြီးသတ် အမိန့်ချ တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ် သက် လို့ စစ်ကောင်စီထဲမှာ ဆွေးနွေး ပြောဆိုမှု မရှိသလောက်ပါပဲ။ အဲဒီတော့ ပြန်လွှတ်မှာတို့၊ နေအိမ်အကျယ်ချုပ်ထားမှာတို့က ဖြစ်လာဖို့ ရာခိုင်နှုန်း အတော် ကို နည်းပါတယ်" ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင် အကျဉ်းချထားမှုနှင့် ပတ်သက်သော ကိစ္စများကို ပြည်ထဲရေးဝန်ကြီး စိုးထွဋ်နှင့် မင်းအောင်လှိုင်တို့က တိုက်ရိုက် ကိုင် တွယ်ကြပြီး အခြားစစ်ကောင်စီအဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်များကိုမူ လိုအပ် မှသာ အသိ ပေးမှု လုပ်ဆောင်ကြောင်း သိရှိရသည်။
"ပြည်ထဲရေးဝန်ကြီးက တပ်ချုပ်ဆီ တိုက်ရိုက် Report တင်တယ်။ ဒေါ်အောင် ဆန်း စုကြည်နဲပတ်သက်တဲ့ အခြေ အနေတွေကို တင်ပြတယ်။ တပ်ချုပ်နဲ့ ပြည်ထဲ ရေးဝန်ကြီး နှစ်ဦးအကြားပဲ အပြန်အလှန် အဆက်အသွယ်လုပ်ပြီး ကိုင် တွယ်ကြတာ။ အခု သိထားတာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ် ထောင်ကနေပြီးတော့ အခြားနေရာတစ်ခုကို ရွှေ့ဖို့တော့ ရှိတယ်လို့ သိရ တယ်။ နေရာမသိရပါဘူး။ နေအိမ်အကျယ်ချုပ် ပြန်ထားမှာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာပြောနိုင်ပါတယ်" ဟု နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ် အာဏာ သိမ်းပြီးနောက် ရွေးကောက်ခံ ပြည်သူ့ အစိုးရခေါင်း ဆောင် နိုင်ငံ တော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ မတရား အမှုဆင်၍ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားခြင်းဖြစ်သည်။
ဆားလင်းကြီးရှိ စစ်ဘေးရှောင် ပြည်သူများအား အညာပစ်တိုင်းထောင်လေးများအဖွဲ့က အစားအသောက် လှူဒါန်း
ရန်ကုန်၊ ဇန်နဝါရီ ၇
ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၌ စစ်ဘေးရှောင် ပြည်သူများအား အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။
"စစ်ဘေးရှောင်တွေကတော့ အများကြီးပါ။ စစ်ကြောင်းကလည်း ခုချိန်ထိ ထိုးနေတုန်းပါပဲ။ ကျွန်တော်တို့အဖွဲ့အနေနဲ့ တတ်နိုင်သလောက် လှူဒါန်းရခြင်းပါ။ ကျွန်တော်တို့အနေနဲ့ စစ်ဘေးရှောင် ၁၀၀ ကျော်ကို ၁ ရက်စာတာဝန်ယူပြီး ကြွေးမွေးခဲ့ပါတယ်။ နောက်နေ့တွေ ထပ်ပြီး လှူဒါန်းနိုင်ဖို့ ပြည်သူမှပြည်သူသို့ ကူညီပေးစေလိုပါတယ်"ဟု အညာပစ်တိုင်း ထောင်လေးများအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက ပြောဆိုသည်။
ရွှေရေကြည် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတက တိုင်းပြည်အခြေပြ မိန့်ခွန်း နှစ်သစ်ကူးနေ့ နံနက် ၇ နာရီတွင် ပြောမည်
ရန်ကုန်၊ ဒီဇင်ဘာ ၃၁
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံ နက် ၇ နာရီအချိန်တွင် တိုင်းပြည်အခြေပြ မိန့်ခွန်းတစ်ရပ်ကို ပြည်သူလူထု ထံ သို့ အသိပေး ပြောဆိုမည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။
"စစ်ခွေးပျက်သုဉ်း ၂၀၂၃" ခေါင်းစဥ်ဖြင့် ပြည်ပရောက် မြန်မာကျောင်းသား၊ ကျောင်းသူများ ဆန္ဒပြ
ရန်ကုန်၊ ဒီဇင်ဘာလ ၃၁
ပြည်ပရောက် မြန်မာ ကျောင်းသား၊ ကျောင်းသားသူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် "စစ်ခွေးပျက်သုဉ်း ၂၀၂၃" ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
ခင်ဦးနှင့် သပိတ်ကျင်းတို့တွင် စစ်သားနှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ် ပွားပြီး ၆ ဦးသေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တို့တွင် စစ်သား နှင့်ပျူစောထီးများကို တိုက်ခိုက်မှုဖြစ်ပွားပြီး ၆ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။
ဒီဇင်ဘာ ၂၃ ရက်နေ့ နံနက် ၈ နာရီအချိန် စစ်ကိုင်းတိုင်း ခင်ဦးမြို့လယ် ဗိုလ် ချုပ် ကြေးရုပ်အနီး ဒလန် မင်းသိုက်၏ တိုက်တွင် တပ်စွဲထားသည့် စစ် သားနှင့် ပျူစောထီးများက ဘူတာပန်းခြံကန်သို့ ငါးဖမ်းပိုက်များ ဖြုတ် ယူရန် လာ ရောက် စဉ် PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေ ဆုံးပြီး ၂ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ခင်ဦး မြို့ပြပျောက်ကြား (UG) အဖွဲ့က ပြောသည်။
မိုင်းဆွဲမှုကြောင့် သေဆုံးသွားသော စစ်သားနှင့် ပျူစောထီး ၃ ဦးကို ယမန်နေ့ ညနေ ၅ နာရီကျော်တွင် ခင်ဦးတောင် သုသာန်တွင် မီးသဂြိုလ်သွားကြောင်း သိရှိ ရသည်။
ထို့ပြင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်အချိန် မန္တလေးတိုင်း ၊ ပြင်ဦးလွင်ခရိုင် ၊ သပိတ်ကျင်းမြို့နယ် ၊ပုဏ္ဏားကြီး (ပျူစောထီး)ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးသွားကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ပြောသည်။
ထိုတိုက်ခိုက်မှုကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် Nine PDF တပ်ဖွဲ့တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးအဖွဲ့များက အသာစီး ရယူနိုင်ခဲ့ကြောင်း၊ ပျူစောထီးများထံမှ တူမီး သေနတ် ၂ လက်၊ လက်လုပ် ပွိုင့်တူးတူး ၁ လက်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး တော် လှန်ရေး ရဲဘော် ၂ ဦး ( မစိုးရိမ်ရ ) ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး အောင် မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
ရန်ကုန်တွင်စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲ ကို ဆန့်ကျင်ကြရန် ဆန္ဒပြ လှုံ့ဆော်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ရန်ကုန်တွင် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီက ဦးဆောင်ပြီး အထက ၆ ရွှေပြည်သာ ကျောင်းသားများ သမဂ္ဂ (ဗကသ များအဖွဲ့ ချုပ်) ၏ ပူးပေါင်းမှုဖြင့် "အာဏာရူး တို့ ရွေးကောက်ပွဲ ကျေးလက်မြို့ပြဆန့်ကျင်ကြ" စာတန်းကိုင် ဆောင်ပြီး စစ်တပ် ကျင်းပမည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် ယနေ့ ဆန္ဒပြ လှုံ့ဆော်ကြသည်။
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများ သပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေးချီတက်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ ပြည်သူများ စုပေါင်း၍ ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းရေး လူထုသပိတ်ပြုလုပ်ခဲ့ကြသည်။
Photo -AungKhantZaw
ကလေးမြို့ ပင်မသပိတ် အင်အားစုများ စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်
ရန်ကုန်၊ ဒီဇင်ဘာ ၂၄
ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။