khitthitnews | Unsorted

Telegram-канал khitthitnews - Khit Thit Media

567148

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Subscribe to a channel

Khit Thit Media

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်း နယ်မြေစုံစမ်းရန် အိမ်စီးကားဖြင့် ထွက်လာသော ရဲ ၄ ဦးကို KPDF က အရှင်ဖမ်းမိ

ရန်ကုန်၊ စက်တင်ဘာ ၂၈

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအတွင်း နယ်မြေစုံစမ်းရန် အိမ်စီးကားဖြင့်ထွက်လာသော အရပ်ဝတ် ရဲ ၄ ဦးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း KPDF သတင်းရင်းမြစ်က ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် နေ့တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ အမှတ် ၁ ရပ်ကွက်အတွင်း နယ်မြေသတင်းရယူရန် IPsum ကားဖြင့် အရပ်သား အဝတ်အစားများ ဝတ်ဆင်ကာ ထွက်လာသည့် ဒုရဲအုပ် နိုင်ထူး၊ ဒုရဲအုပ် သူရမိုး၊ ဒုတပ်ကြပ် အောင်မြင့်ကျော်၊ တပ်သား တင်ထွန်းဝေတို့ကို KPDF ရဲဘော်များက ပစ်ခတ်ဖမ်းဆီးရာ အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အရပ်သားကားနဲ့လာပြီး အရပ်ဝတ် အဝတ်အစားနဲ့ နယ်မြေကင်းလှည့်ရင်း သတင်းစုံစမ်းဖို့လာတာ။ KPDF တပ်ဖွဲ့တွေက သိပြီး သေနတ် ပစ်ဖမ်းတာ၊ ကားမှာတော့ ကျည်ရာတွေချည်းပဲ။ ပစ်ဖမ်း တာဆိုတော့ ဒဏ်ရာတော့ ရနိုင်တယ်လို့ ယူဆရတယ်။ လောလောဆယ်တော့ အရှင်ဖမ်း မိတာပဲ သိရတယ်။ သေမသေတော့ အတည်ပြု မရသေးဘူး” ဟု KPDF သတင်းရင်းမြစ်က ရန်ကုန် ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

Читать полностью…

Khit Thit Media

စစ်ကိုင်းတိုင်းတွင် သပိတ်အင်အားစုများပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်းတွင် ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်နှင့်အတူ ယင်းမာပင်မြို့နယ် သပိတ်အင်အားစုများပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မုံရွာနှင့် ဘုတလင် မြို့နယ်တွင် လေပြင်း တိုက်ခိုက်ခြင်းနှင့် မိုးကြိုး ထိမှန်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ဘုတလင်မြို့နယ် တို့တွင် လေပြင်း တိုက်ခိုက်ခြင်းနှင့် မိုးကြိုး ထိမှန်ခြင်းကြောင့် ကလေးငယ် ၁ ဦး အပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့ပေါ်၌ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ထန်းတော၊ မြဇီးခြံရပ်ကွက်မှ အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သွပ်ပြားထိမှန်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာမြို့တွင် မေလ ၁ ရက်နေ့ ညနေ ၄ နာရီခန့်မှ ၅ နာရီခန့် အထိ မိုးပြင်း၊ လေပြင်းများ ကျရောက်ပြီး နေအိမ်ပျက်စီးကာ သစ်ပင်၊ သစ်ကိုင်း ကျိုးကျခြင်း၊ လျှပ်စစ် မီးတိုင်များ ကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ပြီး လျှပ်စစ်မီး ပြတ်တောက်မှုလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာမှ အမျိုးသား ၁ ဦး မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မေလ ၁ ရက်နေ့ ညနေပိုင်းတွင် ဘုတလင်မြို့နယ်၊ ကံသစ်ကျေးရွာ၌ နေထိုင်သော အသက် ၃၀ ၀န်းကျင် အရွယ်ရှိ အမျိုးသား ၁ ဦး သည် မိုးကြိုးထိမှန်ပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မုံရွာ၊ ဘုတလင်၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်း စသည့် မြို့နယ်များတွင်လည်း မိုးသက်လေပြင်း တိုက်ခတ်ခြင်း မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်ခဲ့ပြီး စေတီပုထိုး၊ ဘုန်းတော်ကြီးကျောင်း၊ နေအိမ်များနှင့် လျှပ်စစ် မီးတိုင်များ၊ သစ်ပင်သစ်ကိုင်းများ ကျိုးကျ ပျက်စီးခြင်းများလည်း ရှိကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ပေါင်းတည်တွင် သစ်ပုတ်တာဝါတိုင်အထိုင်စစ်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲမှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ မေ ၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ်ရင်းမှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ၊ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှရေချိုးရန် ထွက်လာသောအကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို တာဝါတိုင်စခန်းသို့ ပြန်လည် သယ် ဆောင်သွားကြောင်း သိရှိရသည်။

စစ်သားများ မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ငယ်များဖြင့်ရမ်းသန်း ပြန်လည်ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေး ပစ်မှတ်များဖြစ်ကြသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများကို အဓိကပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊ ထို့ကြောင့် စစ်တပ်က သတင်းပေးခြင်း၊ လမ်းပြခြင်းများမပြုလုပ်ရန်၊ စစ်တပ်ရှိနေသော နေရာများကို သတိထားရှောင်ကွင်းသွားလာကြပါရန် သတိပေးနှိုးဆော်ထားသည်။

Читать полностью…

Khit Thit Media

အုတ်ဖိုတွင် စစ်သား စုဆောင်းနေသော ရာအိမ်မှူး ပျူစောထီးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းသည့် ဗီဒီယို

Читать полностью…

Khit Thit Media

Breaking News- မောင်တောမြို့နယ်ရှိ စစ်အင်အား ၅၀၀ နီးပါးရှိသော နယ်ခြားစောင့်တပ်စခန်းဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာချီ၍ ဘင်္ဂလားဒေ့ရှ်ထဲသို့ ထွက်ပြေး

ရန်ကုန်၊ မေ ၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်အင်အား ၅၀၀ နီးပါးရှိသော စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်းဖြစ်သော ကျီးကန်းပြင်ဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တပ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

AA က ကျီးကန်းပြင်ဌာနချုပ်ကို ဧပြီလ ၂၅ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ပြီး မေလ ၂ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အပြီး သတ် သိမ်းပိုက်သွားခြင်းဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှင့် စစ်သားများ ရာချီ၍ ဘင်္ဂလားဒေ့ရှ်နယ်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တပ်သတင်းရင်းမြစ်က ဆိုသည်။

"နယ်ခြားစောင့် ကျီးကန်းပြင်ဌာနချုပ် ကျသွားပါပြီ။ ၄ လပိုင်း ၂၅ ရက်နေ့မှာ သူတို့ဘက်က စတိုက်တာ။ တပ်ဘက်က အကျအဆုံးများပါတယ်။ သူတို့ဘက်က ဒရုန်းတွေလည်း သုံးတယ်။ ဌာနချုပ်မှာ အင်အား ၅၀၀ နီးပါးရှိတာ။ ဘင်္ဂလားဒေ့ရှ်ဘက်ကိုလည်း အများကြီးပဲ ပြေးရတယ်။ ရာဂဏန်းအထက်ပဲ။ သေဆုံးသူတွေလည်းများတယ်။ အရှင်အဖမ်းခံရသူတွေ လည်းရှိတယ်။ ဒီဘက်က စစ်ကူခေါ်ပါတယ်။ လေကြောင်းပစ်ကူကလွဲရင် မြေပြင် စစ်ကူ ကြည်းတပ်က မရောက်လာဘူး" ဟု တပ်သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိတွင် ကျီးကန်းပြင်ဌာနချုပ်တစ်ခုလုံး AA ၏ လက်အောက်သို့ ကျရောက်သွားပြီး ကျီးကန်းပြင်နယ်ခြားစောင့်တပ်စခန်းဌာနချုပ်နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ယမန်နေ့ည ၁၂ နာရီအချိန်တွင် လုံး၀ အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်း နေပြည်တော်တွင် ရုံးပြန်တက်နေ

ရန်ကုန်၊ ဧပြီ ၂၉

အကြမ်းဖက်ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၂၆ ရက်နေ့မှစတင်ပြီး နေပြည်တော်တွင် ရုံးပြန်တက်နေပြီဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

ဧပြီလ ၃ ရက်နေ့မှ စတင်ပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေသော အကြမ်းဖက် ဒုစစ်ခေါင်းဆောင်စိုးဝင်းသည် မွန်ပြည်နယ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာ ရရှိခဲ့ရာမှ ဆေးကုသမှုခံယူခဲ့ပြီးနောက် ရုံးပြန်တက်နေခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ စစ်ကောင်စီ၏ အခမ်းအနားများကို ဒုစစ်ခေါင်းဆောင်က တက်ရောက်ခြင်းမရှိသေးဘဲ လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့်မှာ ၂၆ ရက်ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

"ဧပြီလ ၂၆ ရက်နေ့မှာ ရုံးပြန်စတက်နေပါတယ်။ ပုံမှန် အလုပ်တွေ အကုန် ပြန်လည် စတင်နေပြီလို့ သိရပါတယ်" ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၉ ရက်နေ့နှင့် ဧပြီလ ၁၀ ရက်နေ့ မော်လမြိုင်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပခုံး၊ လက်နှင့် အရိုးအကြောဆိုင်ရာ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းနောက် ဒဏ်ရာများမှ ပြန်လည် သက်သာလာခြင်းဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ ရဲစခန်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မရမ်းကုန်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် တောင်ဒဂုံတို့တွင် ဗုံးများပေါက်ကွဲ

ရန်ကုန်၊ ဧပြီ ၂၈

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ ရဲစခန်းကို ၄၀ မမ ဗုံးလက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့အ​ေဲခစိုက် Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် Dark Shadow အဖွဲ့က “Urban Freedom” စစ်ဆင်ရေး အဖြစ် လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်၊ ၅ထိပ်ရဲစခန်းကို ၄၀ မမ ဗုံးသီး ၄လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှု အောင်မြင်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း ၊ တိုက်ခိုက်မှု ဆောင်ရွက်သော ရဲဘော်များလည်း နေရပ်သို ဘေးကင်းစွာဖြင့် ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

လှိုင်သာယာမြို့နယ်မှ ပြည်သူတချို့ကမူ ယနေ့ ည ၈ နာရီဝန်းကျင် လှိုင်သာယာမြို့နယ် နေရာအနှံ့အပြားတွင် စစ်တပ်နှင့်ရဲများ ဂိတ်ချ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုသည်။

အလားတူ မရမ်းကုန်းမြို့ အမှတ် ၃ ရပ်ကွက်တွင် ယနေ့ ည ၉ နာရီ ၁၀ မိနစ်အချိန်တွင်လည်းကောင်း၊ လှိုင်မြို့နယ်တွင် ယနေ့ည ၉ နာရီဝန်းကျင်အချိန်တွင်လည်းကောင်း၊ တောင်ဒဂုံမြို့နယ်တွင် ယနေ့ည ၉ နာရီ ၃၅ မိနစ်အချိန်တွင်လည်းကောင်း ဗုံးများ အသီးသီးပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ - ရန်ကုန်မြို့တွင် ညပိုင်း ဟန်ရေးပြ ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

Читать полностью…

Khit Thit Media

အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်း စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဧပြီ ၂၈

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ဧပြီလ ၂၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် အင်အားဖြည့်တင်းရန် လာသည့် စစ်တပ် ထောက်ပို့ကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် အင်အားဖြည့်တင်းရန် လာသည့် အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၇ ရက်နေ့ ညနေ ၅ နာရီ ၃၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ကပစ ၂၀ တပ်ကို အင်အားဖြည့်ရန်လာသည့် စစ်ကောင်စီ တပ်သား ၁၈ ဦး လိုက်ပါလာသော ကား ၁ စီးကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက ကံပြား-စေတုတ္တရာ လမ်း‌ပိုင်းတွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာကို ကံပြားစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅၀ ဝန်းကျင်ခန့်က ဆိုင်ကယ် ၆ စီး၊ ကားကြီး ၁ စီးနှင့် စစ်ကူ လာသောကြောင့် တော်လှန်ရေးရဲဘော်များ ထိခိုက်မှု မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

"ကပစ ၂၀ ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီ ထောက်ပို့ကားကို မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်သား ၃ ကောင်သေဆုံးပြီး ၄ ဦးဒဏ်ရာရတယ်။ ကံပြားစခန်းက စစ်ကောင်စီ တပ်သား ၅၀ ဝန်းကျင်က တိုက်ပွဲဖြစ်ပွားရာနေရာကို ဆိုင်ကယ် ၆ စီး၊ ကားကြီး ၁ စီးနဲ့ စစ်ကူလာလို့ တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်" ဟု မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

Читать полностью…

Khit Thit Media

စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ၂ ရက်ဆက် လိုက်လံ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ ဧပြီ ၂၈

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် လိုက်လံ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၆ ရက်နေ့ နံနက် အ‌စောပိုင်းတွင် တညောင်ရွာစခန်းမှ အကြမ်းဖက် စစ်သားများနှင့် ရဲ များပါဝင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းသည် တညောင်တိုက်နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက် လာသောကြောင့် ယင်းနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်းသိရသည်။

ယင်းနေ့ ညနေပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက Rocket၊ လက်နက်ကြီးများဖြင့် ထပ်မံ ပိတ်ဆို့ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းမှ ၅၀ ခန့်သည် စစ်ကြောင်းထွက်ခွာလာရာ နေရာကို ပြန်လည်ဆုတ်ခွာသွားပြီး ကျန်ရှိနေသော စစ်‌ကြောင်းသည် လျှော်ဖြူ တောထဲတွင် ကင်းပုန်းဝတ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြပွဲနှင့် တော်လှန်ရေး ရန်ပုံငွေ ခြင်းလုံးပြိုင်ပွဲ ပြုလုပ်

ရန်ကုန်၊ ဧပြီ ၂၈

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြပွဲနှင့် တော်လှန်ရေး ရန်ပုံငွေ ခြင်းလုံး ပြိုင်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

တောင်သာမြို့နယ်ရှိ စစ်တပ်က တပ်စွဲထားသော ရုံးစည်ကြီးရွာနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော ရုံးစည်ကြီးရွာနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး ဗိုလ်ကြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသွဦးသော စစ်သား အလောင်းနှင့် ပြင်းထန် ဒဏ်ရာရရှိထားသော ဗိုလ်ကြီးကို ည ၈ နာရီ ၃၀ မိနစ်ခန့်တွင် ကား ၂ စီးဖြင့် မလှိုင်မြို့နယ်မှ တစ်ဆင့် မိတ္ထီလာကို ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထနောင်းကုန်းရွာမှ ပျူစောထီး ခေါင်းဆောင် ထူးအောင်နှင့် အပေါင်းများ လိုက်ပါသောကားကို ထနှောင်းကုန်းရွာနှင့် ကျောက်ပုံရွာ အကြားတွင် မိုင်း ဆွဲတိုက်ခိုက်ခဲ့ပြီး ကားမှာ ထိုးရပ်သွားသော်လည်း ပျူစောထီး ခေါင်းဆောင်များ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်းသိရသည်။

"အဲတိုက်ခိုက်မှုက စစ်ခွေး ၁ ကောင် သေပါတယ်။ ဗိုလ်ကြီး ၁ ကောင်လည်း အပြင်းအထန် ဒဏ်ရာရပြီး ထီလာကို ပို့ထားရတယ်။ ပျူစောထီး ကားကို မိုင်းဆွဲတာတော့ အသေအပျောက် မသိရသေးဘူး" ဟု တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Читать полностью…

Khit Thit Media

မိုးမောက်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်၊ ၆၁၆ ဒုံးတပ်နှင့် အမြောက်တပ် ၃၇၀ တို့ကို ၁ ရက်အတွင်း KIA က တိုက်ခိုက်သိမ်းပိုက် ၊ စစ်ဆင်ရေး ၁၅ ရက်အတွင်း စစ်တပ်စခန်း ၅၀ နီးပါး သိမ်းပိုက်ရရှိ

ရန်ကုန်၊ မတ် ၂၂

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ အမှတ် ၆၁၆ ဒုံးတပ်ရင်းနင့် အမှတ် ၃၇၀ အမြောက်တပ်ရင်း တို့ကို ယမန်နေ့ညနေပိုင်းတွင် KIA က တစ်ရက်အတွင်း တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။

ယမန်နေ့ နံနက်အစောပိုင်းမှစတင်ပြီး မိုးမောက်မြို့နယ်၊ နွယ်မလန်းကျေးရွာအနီးရှိ ခမရ ၄၃၈ တပ်ရင်း၊ အမှတ် ၆၁၆ ဒုံးတပ်ရင်း၊ နောင်ကွန်အမှတ် ၃၇၀ အမြှောက်တပ် တို့ကို KIA ဦးဆောင်သော မဟာမိတ်တပ်များက စ တင် တိုက်ခိုက်ခဲ့ ကြောင်း၊ ယမန်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်အချိန် တွင် ခမရ ၄၃၈ တပ်စခန်းကိုလည်းကောင်း၊ ယမန်နေ့ ည ၇ နာရီအချိန်တွင် အမှတ် ၆၁၆ ဒုံးတပ်ရင်းကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိကြောင်း၊ နောင်ကွန်ကျေးရွာအခြေစိုက် အမြောက်တပ်ရင်း အမှတ် ၃၇၀ တပ်ကို ယမန်နေ့ညနေ၇နာရီခန့်တွင်လည်းကောင်း KIAသိမ်းပိုက်ရရှိကြောင်း သိရှိရသည်။

"မနေ့က တစ်ရက်တည်းမှာပဲ စခန်း ၃ ခုလုံး သိမ်းပိုက်ရရှိပါတယ်။ အခုဆိုရင် စခန်းပေါင်း ၅၀ နီးပါးရှိလာပြီ စစ်ဆင်ရေး ၁၅ ရက်အတွင်းမှာ " ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

KIA က သိမ်းပိုက်ရရှိထားသော တပ်စခန်းများသည် မဟာဗျူဟာအရ အချက်အချာကျပြီး နယ်မြေစိုးမိုးရေးနှင့် စစ်ရေးအတွက် အလွန်အရေးကြီးသော နေရာများကို တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ယင်းမာပင်တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊မတ် ၂၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင် ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းက ၁၀၉၀ရက်မြောက်နေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး အဖြစ် ယနေ့ မတ်လ ၂၁ ရက်နေ့တွင် ချီတက်ဆန္ဒပြခဲ့ကြောင်းသိရသည်။

Читать полностью…

Khit Thit Media

ပုလဲမြို့နယ်ရှိ မီးဘေးသင့် အိမ်ခြေ ၁၃ အိမ်အတွက် မီးဖိုချောင်သုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများ ထောက်ပံ့

ရန်ကုန်၊ မေ ၃

ပုလဲမြို့နယ်ရှိ မီးဘေးသင့်အိမ်ခြေ ၁၃ အိမ်အတွက် အိုးခွက်အစုံနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ ခဲ့သည့် ကျေးရွာ ၃ ရွာမှ မီးဘေးသင့်အိမ်ခြေ ၁၃ အိမ်အတွက် ပစ္စည်းအမျိုး၂၀ ကို ၁ သိန်းကျော်နှုန်းဖြင့် စုစုပေါင်း ၁၄ သိန်းကျပ် တန်ဖိုးရှိ ပစ္စည်းများကို အလှူရှင်များ ကိုယ်စား အညာပစ်တိုင်းထောင်လေးများအဖွဲ့က ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မော်လမြိုင်တွင် CDM ဝန်ထမ်းခန့်ထားမှုဖြင့် ပုဂ္ဂလိက အေးသန္တာဆေးရုံကို စစ်ကောင်စီက ယာယီပိတ်သိမ်း

ရန်ကုန် ၊ မေ ၃

မွန်ပြည်နယ် မော်လမြိုင်မြို့က အေးသန္တာ ပုဂ္ဂလိကဆေးရုံ မှာ CDM ဝန်ထမ်းခန့်ထားတယ်လို့ဆိုပြီး စစ်ကောင်စီက မေလ ၁ ရက်နေ့ကစတင်ကာ ၃ လ ယာယီပိတ်သိမ်းထားဖို့ စစ်ကောင်စီက အရေးယူခဲ့ကြောင်း မော်လမြိုင် ပုဂ္ဂလိကဆေးရုံ အသိုင်းအဝိုင်းဆီက သိရပါတယ်။

အေးသန္တာ ပုဂ္ဂလိကဆေးရုံ ကို စစ်ကောင်စီ လက်အောက်ခံ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ ပြည်နယ်ကျန်မာရေးဦးစီးဌာနက ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးရုံမှာ CDM ပြုလုပ်ထားတဲ့ ဆရာဝန် နဲ့ သူနာပြုတွေကို အလုပ်ခန့်ထားတာကြောင့် ၃ လ ယာယီပိတ်သိမ်းအရေးယူတာ ဖြစ်တယ်လို့ သိရပါတယ်။

"အေးသန္တာဆေးရုံက အရင် အာဏာသိမ်းခါစက CDM တွေလုပ်တော့ CDM ဝန်ထမ်းတွေကို ခန့်ထားလို့ စစ်ကောင်စီကနေ သတိပေးတာခံခဲ့ရဖူးတယ် ။ အခုက အဲ့ဆေးရုံမှာ စစ်တပ်က ကုတင် ၃၀၀ က စစ်တပ် ဆရာဝန်တွေလဲ ထိုင်တော့ အဲ့ဒီကနေသတင်းပေါက်ကြားပြီးဝင်စစ်တာ” လို့ ကျန်မာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အတွင်းမှာတော့ ပြည်နယ်ကျန်မာရေးဦးစီဌာနက ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်းတွေမှာ CDM ပြန်လုပ်ထားတဲ့ ကျန်မာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြုတွေ ရှိ၊ မရှိကိုတော့ ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။

အေးသန္တဆေးရုံမှာ လက်ရှိ ဆရာဝန်၊ သူနာပြု ကျန်မာရေးဝန်ထမ်းအင်အား ၁၀၀ ခန့်ဖြင့် အထွေထွေရောဂါ ကုသမှုတွေအပြင် ခွဲစိတ်မှုတွေကိုပါ ကုသဆောင်ရွက်ပေတဲ့ ဆေးရုံတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် CDM ပြလုပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်း‌တွေကို ဆေးကုသမှု လိုင်စင်ပိတ်သိမ်းခြင်း၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းတွေမှာ အလုပ်ခန့်ထားခြင်း ရှိ၊ မရှိစစ်ဆေးကာ အရေးယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

Читать полностью…

Khit Thit Media

Khit Thit သတင်းဌာန၏ မေ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- မြန်မာ နိုင်ငံတစ်ဝန်း Non-CDM ဝန်ထမ်းတွေထဲက ပထမဦးဆုံး စစ်မှုထမ်းရမယ့် ဝန်ထမ်း စာရင်းတွေကို စစ်ကောင်စီက စတင်ကောက်ခံနေပြီလို့ နေပြည်တော် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဝန်ထမ်းရေးရာ ဦးစီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- အကြမ်းဖက်စစ်ကောင်စီရုံးရဲ့ တိုက်ရိုက်အမိန့်ပေးမှုနဲ့ အမျိုးသားတွေ ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းထားတယ်ဆိုပြီး အလုပ်သမားဝန်ကြီးဌာနကနေ ပြောဆိုလာတယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၂ ခုက အတည်ပြုပြောဆိုထားပါတယ်။

- ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က တဘက်ချောင်းတံတားကို လာရောက်ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ စစ်တပ် လက်အောက်ခံ PNO တပ်သားတွေကို တော်လှန်ရေး တပ်ပေါင်းစုတွေက ဝိုင်းဝန်းတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦး သေသွားတယ်လို့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။


https://www.youtube.com/watch?v=uJRQMJsej9w

Читать полностью…

Khit Thit Media

ရန်ကုန်တွင် တော်လှန်လူငယ်များက 'တော်လှန်ရေးက မပြီးသေးဘူးနော်' စာတန်းချိတ်ဆွဲ

ရန်ကုန်၊မေ ၃

ရန်ကုန်မြို့ မြောက်ဥက္ကလာမြို့နယ်ရှိ ကျောင်းတစ်ကျောင်းတွင် "တော်လှန်ရေးက မပြီးသေးဘူးနော်" စာတန်းကို တော်လှန်လူငယ်များက ယနေ့ မေလ ၃ ရက်နေ့တွင် ချိတ်ဆွဲခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စာတန်းကို ပြည်သူများ အချင်းချင်း သွေးမကွဲဘဲ စည်းလုံးညီညွတ်စေရန်နှင့် တော်လှန်ရေးမပြီးသေးချိန်တွင် နေရာလိုချင်သူများအတွက် ရည်ရွယ်ကြောင်း၊ လူထုလွတ်မြောက်ရေးအတွက် တော်လှန်ရေးကို အားကုန်ထည့်ပြီး ကြိုးစားပေးကြရန်နှင့် အဖိနှိပ်ခံ ပြည်သူကိုသာ မျက်နှာမူပေးကြရန် တိုက်တွန်းလိုသည့်အတွက် ချိတ်ဆွဲရခြင်း ဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

အုတ်ဖိုတွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားအဖြစ် စုဆောင်းနေသော ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး၊ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် ဗီဒီယို ကြည့်ရှုနိုင်

■ ပြည်သူများကို စစ်သားအဖြစ် စုဆောင်းမည်ဆိုပါက ရာအိမ်မှူး မြင့်အောင်ဖြစ်စဉ်ကို နမူနာကြည့်ထားရန် မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုက သတိပေး

ရန်ကုန်၊ မေ ၃

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ၊ ဖလန်ပင်အုပ်စု ၊ ရွာသစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင်ကို ၎င်း၏ နေအိမ်တွင်ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ရာအိမ်မှူးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြင့်အောင်သည် ပြည်သူများကို အတင်းအကြပ်ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်း၊ ငွေကြေးကောက်ခံခြင်းအပြင် ပြည်သူများကို အမျိုးမျိုး ဖိနှိပ် ဒုက္ခပေးနေသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“မြို့နယ်အတွင်းမှာ ပြည်သူတွေကို စစ်ကောင်စီ စစ်သားအဖြစ် အတင်းအကျပ်စုဆောင်းပေးရင် မြင့်အောင်ကဲ့သို့ လုပ်ပစ်မယ်လို့ သတင်းစကားပေးချင်ပါတယ်” ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖို၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

ပစ်ခတ်ရှင်းလင်းခံရသူ မြင့်အောင် အကြမ်းဖက်စစ်တပ်ထံသို့ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များ၊ PDF စခန်းတည်နေရာကို ထောက်လှမ်းပေးပို့ခြင်းများလည်း လုပ်ဆောင်သူဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုထံမှ သိရှိရသည်။

Читать полностью…

Khit Thit Media

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အများအပြား သေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်ရင်းဌာနချုပ်ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်ဘက်မှ အများအပြားသေဆုံးကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ ရှိ ခလရ ၁၄၁တပ်ရင်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစပြီး KIAက စတင်ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ကြောင်း၊ ယင်းနောက် KIA က ခလရ ၁၄၁ တပ်ရင်းကို တိုက်လိုက် နားလိုက်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလနှောင်ပိုင်းတွင် စစ်ဆင်ရေးကို သေချာစွာ ဆောင်ရွက်ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ဆင်ဘိုစခန်းကတော့ ရတာတော့ ရနေပြီ နယ်မြေရှင်းလင်းရေး မလုပ်ရသေးဘူး။ စခန်းထဲက ကောင်တွေကလည်း အသေခံ တိုက်တယ်။ မပြေးဘူး။ အတော်များများ မိုးမျှော်ကုန်တယ်။ လက်နက်တွေလည်း ရမယ်။ နယ်မြေရှင်းလင်းပြီးတော့မှ အသေအချာပြောနိုင်မယ်။ ရတာကတော့ ရနေပြီ။ ကိုယ့်ဘက်ကလည်း အထိအခိုက်ရှိတယ် " ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

KIA က မတ်လ ၇ ရက်နေ့မှစတင်ပြီး ကချင်ပြည်နယ်အတွင်း စစ်ဆင်ရေးဖြင့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ရာ လက်ရှိအချိန်အထိ စစ်တပ်တပ်စခန်းပေါင်း ၇၀ ကျော်ကို သိမ်းပိုက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြိုင်မြို့နယ်၊ စစ်တပ် တပ်စွဲထားသော စက်မှု ၂ အနီးတွင် မုဒိမ်းကျင့် သတ် ဖြတ် ခံထားရသည့် သူနာပြု အမျိုးသမီးငယ်အလောင်းတွေ့ရှိရ၊ စစ်တပ်က မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည့် အထောက်အထားများတွေ့ရ

ရန်ကုန်၊ ဧပြီ ၂၉

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီးတွင် မုဒိမ်းကျင့်သတ်ဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို‌ တွေ့ရှိခဲ့ကြောင်း Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၇ ရက်နေ့ အကြမ်းဖက်စစ်သားများ တပ်စွဲနေထိုင်သည့် မြိုင်မြို့နယ်၊ စက်မှု ၂ အနီး၌ အမျိုးသမီးတစ်ဦးသေဆုံးနေကြောင်း ဒေသနေပြည်သူများ၏ သတင်းပေးပို့ချက်အရ Ghost of Enemies – GOE Revolution Force တပ်ဖွဲ့တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ခန္ဓာကိုယ် ပေါ်တွင် အဝတ်အစားများမတွေ့ရဘဲ အနီးအနားပတ်ဝန်းကျင်၌ အဝတ်အစားများ ပြန့်ကျဲလျက် တွေ့ရှိရကြောင်း၊ ထို့အပြင် ဆေးခန်းပြသည့် အိတ်တစ်လုံးတွေ့ရှိရပြီး ၎င်းအိတ်ထဲမှာ ဓာတ်ပုံများ၊ ဆေးခန်းစာရွက်မှတ်တမ်းစာရွက်များတွေ့ရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့အဖွဲ့သွားကြည့်လိုက်တော့ ပုပ်နေပြီ၊ ရုပ်ကလည်း မကွဲပြားတော့ဘူး၊ သူ့မှာ လက်ဆွဲ အိတ်လေးပါတယ်။ ဆေးခန်းပြတဲ့အိတ်လေးပါတယ်။ အဲဒီအိတ်ရယ်၊ အဝတ်အစားတွေကတော့ ခန္ဓာကိုယ်ပေါ်မှာ မတွေ့ရဘူး၊ ဘေးပတ် ပတ်လည်မှာ ပြန့်ကျဲနေတာတွေ တွေ့ခဲ့တယ်။ သေတဲ့ ပုံစံ အနေအထားရယ်၊ အဝတ်အစားမတွေ့ရတဲ့ အနေအထားဆိုတော့ အဓမ္မပြုကျင့်သတ်ဖြတ်ခံရတာ ။” Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တွေ့ရှိသည့် ရုပ်အလောင်းကို ကောင်းမွန်စွာ မီးရှို့သင်္ဂြိုလ်ပေးခဲ့ပြီး တွေ့ရှိသည့် ပစ္စည်းများကို သိမ်းဆည်းကာ သေဆုံးအမျိုးသမီး၏ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိရန် စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

“ကျနော်တို့တင်ထားတဲ့ ဓာတ်ပုံထဲက မိန်းကလေးနဲ့ အဆက်သွယ်ရတယ်လို့တော့ ပြောတယ်။ ဘယ် မှာနေလည်း၊ ဘယ်သူလည်းတော့ တိတိကျကျ အတည် ပြုလို့မရသေးဘူး၊ ပုံထဲက ကောင်မလေးက နားကြပ်ပါတာရယ်။ ပြီးတော့ သေဆုံးသူမှာပါတဲ့ အိတ်ထဲကလည်း ဆေးမှတ်တမ်းတွေလည်း တွေ့ တာဆိုတော့ ပုံထဲကကောင်မလေးပဲ၊ သူနာပြုလိုင်းထဲကပဲလို့ လော လောဆယ် အတည်ပြုထား တယ်။ဒါပေမယ့် ကျနော်တို့ တင်လိုက်တဲ့ ပုံထဲက ကောင် မလေးနဲ့ အဆက်အသွယ်ရထားတယ်လို့ ကြားနေတာလည်း ရှိတယ်၊” Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပေါက်မြို့နယ်၊ ဖလံကိုင်းနယ်မြေရဲစခန်းမှ ဆုတ်ခွာလာသော အကြမ်းဖက်စစ်သား၊ ရဲများသည် ဝက်ပုတ်ပျူစောထီးကျေးနှင့် စက်မှု ၂ ဘက်တို့တွင် ရောက်ရှိနေပြီး အလောင်းစွန့်ပစ်ခံရသည့် နေရာမှာလည်း အကြမ်းဖက်စစ်သားများတပ်စွဲထားရာ နေရာနှင့်နီးကပ်သဖြင့် အလျှင်အမြန် မီးရှို့ သင်္ဂြိုလ်ပေးကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၈

မြန်မာနိုင်ငံတစ်ဝန်း ဧပြီလ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာ၌ တပ်စွဲထားသော စစ်သားများကို တိုက်ခိုက်မှု ၈ ဦး သေဆုံးပြီး ၁ ဦး အရှင်မိ၊ ၄ မိုင်ရွာရှိ စစ်စခန်းကိုလည်း ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၈

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနှင့် ပျူစောထီး ၈ ဦး သေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ လိပ်ကျကျေးရွာ စာသင်ကျောင်းအတွင်း အထိုင်ချတပ်စွဲ ထားသော အကြမ်းဖက်စစ်သားများကို တော်လှန်ရေးတပ်ဖွဲ့များက ၂ ဖွဲ့ခွဲ၍ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် လိပ်ကျရွာမှ ပျူစောထီး သာဌေး ကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့သော်လည်း ထွက်ပြေးသောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသော ပျူစောထီး သာဌေး ထံ မှ GLock-19 သေနတ် ၁ လက် သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ သပိတ်ကျင်းမြို့နယ်၊ လက်ပံပြန့်ကျေးရွာမှ ပျူစောထီး ရဲလင်းကိုလည်း အရှင် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၁ ရက် နေ့ကလည်း သပိတ်ကျင်းမြို့နယ် ၄ မိုင် ကျေးရွာအနီးရှိ တာဝါတိုင်ကုန်းတွင် တပ်စွဲထား သော အကြမ်းဖက်စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကို ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့် မင်းမခ စစ်ကြောင်းတို့က ပူး‌ပေါင်း လုပ်ဆောင်ခဲ့ ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

ဒီပဲယင်းမြို့နယ်အတွင်း နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများကို မုန့်တီလှူဒါန်း

ရန်ကုန်၊ ဧပြီ ၂၈

ဒီပဲယင်းမြို့နယ်အတွင်း နေရပ်စွန့်ခွာစစ်ရှောင်ပြည်သူများကို ဒီပဲယင်းမြို့နယ်ညီနောင်များက အလှူရှင်ကိုယ်စား မုန့်တီလှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြ၀တီမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို အစားအသောက်များ လှူဒါန်း

ရန်ကုန်၊ဧပြီ ၂၈

မြ၀တီမြို့မှ တိမ်းရှောင်လာသည့် ပြည်သူများကို အဝေးရောက် ဧရာဝတီ အသင်း (OIA) က အစားအသောက်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ တန့်ဆည်မြို့နယ်ရှိ သဲကုန်းရွာကို ရောက်ရှိနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာနှင့် တပ်ရွာ အကြားကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်ဘက်မှ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းကို စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ဝက်လက်မြို့နယ် စဉ့်ကိုင်ကျေးရွာနှင့် တပ်ရွာ အကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း မတ္တရာမြို့ ဘောလုံးကွင်းအတွင်း၌ ရှိသော အကြမ်းဖက် စစ်တပ် က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၇ ချက်တိတိ ပစ်ကူပေးခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာ ဧရာဝတီမြစ်ကို ဖြတ်ကူး၍ မတ္တရာမြို့နယ်၊ မိုးကြိုးရွာဘက်ကို ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၁၇ ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ နှင့် မတ္တရာမြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အမှတ် ၁/၂ တပ်ရင်း ပူးပေါင်း (Drone တပ်ဖွဲ့)၊ M.SAI.NAW (ပြောက်ကျား တပ်ဖွဲ့)၊ ၀က်လက်မြို့နယ် ပကဖ (Drone တပ်ဖွဲ့) နှင့် Burmese Dragon Force (Drone တပ် ဖွဲ့) တို့ကလည်း ပူးပေါင်းပြီး ဗုံးသီး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သဲကုန်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force (FRF) အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ကန့်ဘလူမြို့ ၆၀၀၆ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တန့်ဆည်မြို့နယ် သဲကုန်းရွာကို ရောက်ရှိနေစဉ် Freedom Revolution Force (FRF) အဖွဲ့နှင့် အတူ မဟာမိတ်အဖွဲ့များက Drone များဖြင့် ၆၀ မမ ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့်အတူ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ DPY-ဖီးနစ်တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Читать полностью…

Khit Thit Media

ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ ၄၈ ဦးကို မြန်မာနိုင်ငံဘက်သို့ ထိုင်းအစိုးရက ပြန်လည်ပို့ဆောင်

ရန်ကုန်၊ မတ် ၂၂

ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို မတ်လ ၂၁ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းအာဏာပိုင်များက ပြန်လည်ပို့ဆောင်လိုက်ကြောင်း ထိုင်းစစ်တပ်သတင်းရင်းမြစ်က သတင်းဖော်ပြသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အစပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းမှ ထွက်ပြေးလာသော တပ်သားများဖြစ်ကြောင်း၊ မတ်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်း ထိုင်း-မြန်မာနယ်စပ် မယ်သရောခီး စစ်ကောင်စီတပ်စခန်းနှင့် ကာကင်းစခန်းများမှ စစ်သား အင်အား ၄၈ ဦးသည် တိုက်ပွဲများဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးခဲ့ကြောင်း၊ ကျေးရွာမှ ထိုင်းပြည်သူများက ထိုင်းစစ်တပ်နှင့်ရဲတပ်ဖွဲ့ထံ သို့ တိုင်ကြားသည့်အတွက် အဆိုပါ စစ်ကောင်စီတပ်သားများကို ထိုင်းစစ်တပ်နှင့်ရဲများက လာရောက် ဖမ်းဆီးခဲ့ ကြောင်း၊ ဖမ်းဆီးချိန်တွင် မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လက် ခေါင်းပေါ် တင်ခိုင်းပြီး ဝမ်းလျား မှောက်ခိုင်းကာ သေနတ်များကို ထိုင်းစစ်တပ်က သိမ်းဆည်းခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၂၁ ရက်နေ့ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး ကြာအင်းဆိပ်ကြီးမြို့နယ် ရေတလျောက် စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးသည် ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးလာကြောင်း၊ ထိုင်းစစ်တပ်က လက်နက်များသိမ်းဆည်းကာ စစ်သားများကို ထိန်းသိမ်းခဲ့ကြောင်း ၊ယမန်နေ့ မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့၊ ပိုင်ခလန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ ဦးက လက်နက်များနှင့်အတူ ဝင်ရောက်ခဲ့ခြင်းကြောင်း သိရှိရသည်။

Читать полностью…

Khit Thit Media

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၁

မြန်မာနိုင်ငံတစ်ဝန်း မတ်လ ၂၁ ရက်နေ့ ရရှိထားသော အချက်အလက် များအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။

Читать полностью…

Khit Thit Media

ဆားလင်းကြီးမြို့နယ်တွင် မီးဘေးသင့်ပြည်သူများအတွက် ဒန်အိုးများသွားရောက်လှူဒါန်း

ရန်ကုန်၊ မတ် ၂၁

ဆားလင်းကြီးမြို့နယ်တွင် ညောင်ပင်ကြီးအုပ်စု ထန်းတောရွာများမှ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၆၂ စာအတွက် ဒန်အိုးများကို The Way အဖွဲ့သားများကိုယ်စား လက်ပံတောင်း တောင်ပင်မသပိတ်အဖွဲ့ဝင်များက သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

Читать полностью…
Subscribe to a channel