ကျောက်ဆည်၊ မြစ်သား၊ တံတားဦး၊ ဝမ်းတွင်း၊ မိတ္ထီလာ မြို့နယ်နေ ပြည်သူများအတွက် ရေဘေးအထူး သတိပေးချက် (အနီရောင်အဆင့်)၊ ကင်းတားဆည် ရေကျော်ပါတော့မယ်။ ရေဘေးလွတ်ရာကို အမြန် ပြောင်းရွှေ့ကြပါ။
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတားဆည်ကို ရေကျော်ဖို့ ၁၀ လက်မလောက်ပဲ လိုတော့တယ်လို့ သိရပါတယ်။ ဆည်ရေပြည့်အမှတ်က ၂၀၇.၂၅ မီတာ ရှိရာမှာ လက်ရှိရေက ၂၀၇ မီတာသို့ ရောက်ရှိနေပါပြီ။ မကြာမီအချိန်အတွင်းမှာ ဆည်ကို ရေကျော်ပြီး ဆည်အောက်က ဒေသတွေ ရေဘေးကြုံရပါတော့မယ်။
လက်ရှိအချိန်မှာ ကင်းတားဆည်ရဲ့ ရေထိန်းတံခါး ၄ ခုကနေ ရေထုတ်လွှတ်ပေးနေတာကြောင့် ဆည်အောက်က ရွာတွေ သတိထားသင့်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Yagi (ယာဂီ) ရဲ့ အရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်းက ပင်းတယ၊ ရွာငံ၊ ကလော၊ အောင်ပန်း စတဲ့ မြို့တွေနဲ့ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေဘေးသတင်းများကို အချိန်နဲ့ တပြေးညီ ဆက်လက်ဖော်ပြသွားပါမယ်။
Photo - Zawsoetun Zawsoetun
#ကင်းတားဆည်
#ကျောက်ဆည်
MCC TV
ရန်ကုန်မြစ် အနီးတစ်ဝိုက်နေထိုင်သူများ မြို့များ ရက်ကွက်များ
ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်
ရန်ကုန်မြစ်ရေ စိုးရိမ်ရေအမှတ်ထိ (ခန့်မှန်းချေ) တက်လာနိုင်သည်။
#Owner🍃
မိုးကြီးရေလျှံသတိ
🌧🌧🌧🐟🐟🐟🌧🌧🌧
၂၄နာရီအတွင်း ကလော အောင်ပန်း ပင်းတယ ရွာငံ မြို့ကြီး သံရွာ ဟံမြင့်မိုရ် ကျောက်ဆည် တံတားဦး မန္တလေး အင်းဝ
စစ်ကိုင်း မြင်းမူ မုံရွာ ချောင်းဦး
မြောင် ပခုက္ကူ လက်ပံချီပေါ် ကျော်ဇီ တစ်မိုက်သာ ဆင်တဲဝ မြင်းခြံ တောင်သာ ကန်မြဲ ဇဂျမ်း ဝဲလောင် ဒေသတွေမှာမိုးရွာနိုင်ပြီး
ရဲရွာဆည် ငပြောင်ဆည် မြို့ကြီးဆည် ကင်းတားဆည် မြစ်သား ကူမဲ ဝမ်းတွင်း မလှိုင် မိတ္ထီလာ သာစည် စမုံဆည် စွန်းလွန်းဆည် ကျောက်တလုံးဆည် သမက်ကူဆည် ဝဲလောင်ဆည် ဆင်တဲဝချောင်းတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်
ISSUED TIME
10/09/2024 3:25pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆
MCC TV