ကမ္ပည်းတွင်မည့် သူရဲကောင်းများ (新龙门客栈之英雄觉醒) New Dragon Inn : Heroes Awakening 2024 ရုပ်ရှင်
ဇာတ်လမ်းအကျဉ်း
⚔မင်ခေတ်အလယ်မှာ နန်းတော်မှာ မိန်းမစိုးတွေအာဏာကြီးစိုးလာပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ကာ ပြည်သူတွေ ဒုက္ခရောက်ကြရပါတယ်
⚔မင်းကြီးရဲ့လျှို့ဝှက်အမိန့်စာတစ်စောင်ကြောင့် အရှေ့ပင်လယ်စစ်တပ်မှ မိဘမဲ့မိန်းမပျိုလေး ချွီလင်ကို ပို့ဆောင်ပြီး လုံမန်ကျွန်းပေါ်က လုံမန်တည်းခိုခန်းကနေ တဆင့် အမိန့်စာလက်ခံသူဆီ အရောက်သွားခိုင်းခဲ့ပါတယ်
⚔အဲဒီ ဆန်းကြယ်တဲ့ လုံမန်တည်းခိုခန်းမှာတော့ သိုင်းလောကမှ လူတော်တွေအများအပြား ဇာတ်မြုပ်နေထိုင်ကြတာပေါ့
⚔ဒီလိုနဲ့ လုံမန်တည်းခိုခန်းအရောက် လျှို့ဝှက်အမိန့်စာရယ် မိန်းမပျိုလေးချွီလင်ရယ် လုံမန်တည်းခိုခန်းက လျို့ဝှက်လူတွေကြားမှာ ဘယ်လို အရှုပ်တော်ပုံတွေ ရှိနေမလဲဆိုတာ ကြည့်လိုက်ကြရအောင်
#ReviewByYourDimple
#新龙门客栈之英雄觉醒
#SoulKingdomMovie
#Movie
"Longmen Town" [2023]
ချင်းခေတ်နှောင်း မင်ခေတ်အစပိုင်း ရှုပ်ထွေးနေတဲ့ ခေတ်ကြီးမှ
ဓားပြလေဟူက လုံမိန်မြို့ကို ဓားပြတိုက်ပြီး အုပ်ချုပ်ချင်ခဲ့ပါတယ်။
လုံဝေးပစ္စည်းပို့စခန်းမှ ခေါင်းဆောင် လုံရီးထျောင်ဟာ
မြို့သူမြို့သားတွေကို ဦးဆောင်ပြီး တော်လှန်ဖို့ ကြိုးစားခဲ့ပါတယ်။
လုံရီးထျောင်ဟာ သိုင်းပညာရှင်တွေကို လေဟူကို ရှင်းလင်းဖို့
ခေါ်ခဲ့ပေမဲ့လဲ မအောင်မြင်ခဲ့ပါဘူး။
နောက်ဆုံးမှာ လုံရီးထျောင်ဟာ
သူ့ကိုယ်သူ စတေးပြီး လေဟူနဲ့ တူတူသေဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယါ။
လုံရီးထျောင်တစ်ယောက် လေဟူကို ဘယ်လို တိုက်ခိုက်ဖို့ ကြိုးစားခဲ့လဲ......
သူ့ရဲ့ ဖီးလိနတ်လက်သီးသိုင်းကိုရော ကျင့်ကြံနိုင်ပါ့မလားဆိုတာကို
ရုပ်ရှင်လေးကို ဟာသလေးနှောပြီး ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ရအောင်နော်။
Sweet Dreams [2024]
================
IMDb – 5.4/10လမ်းမှားရောက်နေတဲ့သူအားလုံးဟာ အရင်တစ်ချိန်က ကောင်းကောင်းမွန်မွန်ဘ၀ကို ပြန်ရဖို့ အိမ်မက်လှလှလေးမက်မိတာ သ
ဘာ၀ပါပဲ။
မော်ရစ် တစ်ယောက်ဟာ အရက်စွဲနေတာကြောင့်မူးယစ်ဆေးဖြတ်တဲ့သူတွေစုနေတဲ့ Sweet Dreams ဆိုတဲ့ ဂေဟာကိုရောက်လာပါတယ်။
ဂေဟာမှာက မူးယစ်သေစာအမျိုး
မျိုးစွဲလမ်းနေတဲ့ လူတန်းစားအမျိုးမျိုးရှိနေပြီး ရောက်ခါစမှာ
တော့ မော်ရစ် တစ်ယောက် လိုက်လျောညီထွေစွာနေနိုင်ဖို့ရုန်း
ကန်ရပါတယ်။
သူတို့တွေဟာ အပျော်တမ်း ဆော့ဖ်ဘောကစားကြလေ့ရှိပြီး
တစ်နေ့မှာတော့ ဂေဟာရဲ့ငွေကြေးအခက်အခဲကြောင့် ဒေါ်လာ
ရှစ်သောင်းရရှိမယ့် ပြိုင်ပွဲကို ၀င်ပြိုင်ဖြစ်ကြပါတယ်။
အဲဒီအခါမှာတော့ မော်ရစ် ဟာ မထင်မှတ်ဘဲ သူတို့ဂေဟာရဲ့ ဆော့ဖ်
ဘောအသင်းကို နည်းပြလုပ်လိုက်ရပါတယ်။
အားကစားကြောင့်တစ်ယောက်နဲ့တစ်ယောက်ကြားမှာ တဖြည်းဖြည်းနဲ့ နားလည်မှု၊
နွေးထွေးမှုတွေရှိလာကြပုံတွေ… မော်ရစ်တစ်ယောက်သူချစ်ရတဲ့
သမီးလေးနဲ့ ပြန်တွေ့ရဖို့နဲ့ သူ့ရဲ့အရင်အောင်မြင်ခဲ့တဲ့ဘ၀ကို ရရှိဖို့
ပြန်လည်ကြိုးစားပုံတွေကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်
ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Theo Katt ဖြစ်ပါတယ်)
ကိုယ်ရယ် မင်းရယ် ဒီတောစခန်းရယ်
(You Me and that Mountain Retreat [2023]
ဒီဇာတ်ကားလေးကတော့ ၂၀၂၃ မှာတင်ထွက်ရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ..
ဇာတ်လမ်းလေးကတော့ IAM ဆိုတဲ့ကုမ္ပဏီမှာအလုပ်ဝင်ချင်တဲ့ ရေဗက္ကာဆိုတဲ့ ကောင်မလေးနေရာကနေကြည့်ရှူခံစားရမှာပါ
ဒီဇိုင်နာတစ်ယောက်ဖြစ်တာနဲ့အညီintrovert တစ်ယောက်လိုအခန်းထဲမှာပဲ အောင်းပြီးအလုပ်လုပ်ချင်တဲ့သူမအတွက် ခေါင်းဆောင်ရာထူးတစ်ခုကိုလျှောက်မိတဲ့အခါ ဘာလုပ်လို့ဘာကိုင်ရမယ်မသိ အခက်အခဲတွေ့ရပါတော့တယ်..
ဒါ့အပြင်သူလျှောက်တဲ့ကုမ္ပဏီကလည်း သာမန်မဟုတ်ပါဘူးသဘာဝတရားကြီးကို ချစ်မြတ်နိုးတဲ့သူကိုယ်တိုင် တည်ထောင်ထားတဲ့ ကုမ္ပဏီမလို့ ကုမ္ပဏီရဲ့ပုံစံကတခြားခေါက်ရိုးကျိုးသမားရိုးကျပုံစံတွေနဲ့ ကွာခြားလှပါတယ်
ဒီလိုပဲ ဆန်းဆန်းပြားပြားတွေလုပ်တတ်တာနဲ့အညီ IAMရဲ့အလုပ်ခန့်ဖို့နောက်ဆုံးလူရွေးပွဲကိုတောစခန်းတစ်ခုမှာလုပ်မှာပါ ဒီနေရာမှာ ၁၀ရက်ကြာဘယ်လိုမျိုးတွေတွေ့ကြုံဖြတ်သန်းရဦးမလဲ…
ဒီကြားထဲမှာ သူမနဲ့ပြောင်းပြန် လူတွေနဲ့ပနံသင့် စကားရွှန်းရွှန်းဝေအောင်ပြောနေတတ်တဲ့ အရောင်းစာရေးတစ်ယောက်နဲ့အတူတူအတွဲက ကျလိုက်ပါသေးတယ်
စရိုက်ချင်မတူတဲ့အပြင်ကိုယ့်ဆရာက အဲယားကွန်းခန်းထဲကမထွက်ချင်တဲ့သူတစ်ယောက်စခန်းချထွက်တဲ့နေရာကိုရောက်နေတဲ့အခါမှာတော့
အားလုံးအတွက် ပျော်ရ ရီရ အပန်းဖြေ ရတဲ့ comedy romanceဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်
Adagio (2023)
ဇာတ်ကားကတော့ အီတလီ action crime thrillerအမျိုးအစားလေးဖြစ်ပြီး အမှုမှန်သိအောင်ဇာတ်အိမ်အတိုင်း
စီမျောကြည့်ရတဲ့ ကားလေးတစ်ကားပါပဲ။
ဇာတ်လမ်းလေးကိုပြောပြရင် ပါတီပွဲတစ်ခုမှာ မာနွယ်ဟာ
ပွဲထဲမှာဖြစ်ပျက်နေတဲ့ကိစ္စတွေအကုန် ဖုန်းနဲ့မှတ်တမ်းတင်
ရိုက်ယူပြီး ရဲတပ်ဖွဲ့ကိုပြန်ပို့ပေးနေတာပါ…။
သို့ပေမဲ့ ရဲတွေဟာ ဒီပွဲထဲမှာ အခြားလျှို့ဝှက်ကင်မရာတွေ
တပ်ဆင်ထားပြီး မာနွယ့်ကို နှစ်ကွက်တစ်ကွက်ရိုက်ပြီး
ချောက်ချဖို့ကျန်တယ်ပေါ့။
ဒါကို မာနွယ်က သိသွားတော့ ရဲတွေလက်အောက်က
လွတ်အောင်ပြေးရင်း အဖေဖြစ်သူရဲ့ မိတ်ဆွေတွေဆီ
ရောက်သွားပါတယ်…။
ဇာတ်လမ်းကရှည်ချင်တော့ ဒီလူတွေဟာ အီတလီ
လူဆိုးဂိုဏ်းသားတွေဖြစ်နေပါလေရော….
ဒီတော့ မာနွယ်တစ်ယောက် ရဲတွေလက်က
လွတ်အောင်ပြေးနိုင်မလား၊ လူဆိုးဂိုဏ်းသားတွေလက်ထဲပဲ
ရောက်သွားမလား…
ဘယ်သူတွေက လူကောင်းလူဆိုးတွေဖြစ်နေမလဲဆိုတာတော့
ကိုယ်တိုင်ပဲခံစားကြည့်လိုက်ပါတော့ဗျာ….။
Northeast Folktales ( 2024 )
တရုတ်ပြည်အရှေ့မြောက်ပိုင်းတုံးပေဒေသက
ကျေးလက်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။
ယုံတမ်းစကားတွေရဲ့နောက်ကွယ်မှာ ဖြစ်ရပ်မှန်တွေရှိနေတတ်တယ်။
တုံးပေဒေသမှာ မြွေ၊ ဖျံနီညို၊ မြေခွေး စတဲ့
သတ္တဝါ(၅)မျိုးကို နတ်အဖြစ်ယူဆလေ့ရှိကြတယ်။
ဒေသန္တရာပုံပြင်တွေကိုအသုံးချပြီး ဇာတ်ကြောင်းတွေကို
တစ်ခုချင်း ပုံဖော်ပြသွားတာဖြစ်ပါတယ်။
ဆန်းကြယ်တဲ့ ဂန္ဘီရဆန်ဆန်ဇာတ်လမ်းရဲ့နောက်ကွယ်က
သနားစရာကောင်းတဲ့ ငယ်ချစ်လူငယ်နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
Sting [2024]
IMDb 5.8 ရရှိထားတဲ့ Sting ရုပ်ရှင်ကတော့Horror ၊ Sci-Fi နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။
ဧရာမပင့်ကူကြီးရဲ့ခြောက်ခြားစရာအန္တရာယ်ကို ၁၂နှစ်အရွယ်ကလေးမလေးတစ်ယောက်ကိုအဓိကရိုက်ကူးပြထားတာဖြစ်ပြီး
တခြားပင့်ကူကားတွေနဲ့မတူတာကတော့ရင်ထဲအထိရောက်စေတဲ့မိသားစုဒရမ်မာကိုပါ
ထည့်သွင်းရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
****
နယူးယောက်စီးတီးရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာ
ကောင်းကင်ကကျလာတဲ့အရာတစ်ခုဟာ အဆောက်အအုံ
တစ်ခုထဲကို ပြတင်းပေါက်ကနေဝင်ရောက်လာပါတယ်။
အဲဒါက ဥတစ်ခုဖြစ်ပြီး အထဲကနေထူးခြားတဲ့ပင့်ကူ
တစ်ကောင်ပေါက်လာခဲ့ပါတယ်။ ဒီပင့်ကူကို ကာတွန်းတွေကို
စွဲလမ်းနေတဲ့ ၁၂ နှစ်အရွယ်မိန်းကလေးချားလော့တ်က
မွေးထားလိုက်ပါတယ်။ ပထွေးဖြစ်သူအီသန်က သမီးရင်းလို
ချစ်ရတဲ့ချားလော့တ်ရဲ့စိတ်ကိုရဖို့အမျိုးမျိုးကြိုးစားနေခဲ့ပေမယ့်
ချားလော့တ်ကတော့ အထီးကျန်သလိုခံစားနေရဆဲပါပဲ။
ချားလော့တ်ရဲ့အမေနဲ့အီသန်ရဲ့ကလေးငယ်လေးရှိတဲ့အပြင်
အလုပ်ကိုယ်စီနဲ့မအားလပ်ဖြစ်နေတဲ့မိဘတွေကြောင့်
ချားလော့တ်ဟာ ပင့်ကူကိုသံယောဇဉ်တွယ်ပြီး
စတင်းလို့ နာမည်ပေးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ စတင်းရဲ့
အလျင်အမြန်အရွယ်အစားကြီးထွားလာပုံကိုလည်း
ချားလော့တ်က သဘောကျနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့
စတင်းရဲ့သွေးကိုစားသုံးလိုစိတ်ဟာ ထိန်းချုပ်မရနိုင်ဖြစ်လာပြီး
အိမ်နီးချင်းတွေရဲ့ တိရစ္ဆာန်တွေစတင်ပျောက်ဆုံးလာပါတယ်။
နောက်ဆုံးမှာ အိမ်နီးချင်းတွေကိုယ်တိုင်ပျောက်ဆုံးလာပြီး
ချားလော့တ်နဲ့မိသားစုဝင်တွေဟာ လူသားစားရတာကို
ခုံမင်လာတဲ့ဧရာမပင့်ကူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်။
Oz the Great and Powerful [2013]
--------------------------------
IMDB (6.3/10)
သက္ကရာဇ် (၁၉၀၅) ခုနှစ်မှာ အော်စကာလို့ အမည်ရတဲ့မျက်လှည့်ဆရာတစ်ယောက်ဟာ လေမုန်တိုင်းတိုက်ခံရတာကနေတစ်ဆင့် (The Land of OZ) ခေါ်တဲ့နေရာကိုရောက်ရှိသွားပါတယ်
သူရောက်ရှိသွားတဲ့နေရာမှာ (သီအိုဒေါ) ဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံခဲ့ပါတယ်..အဲ့ဒီမိန်းမလှလေးက (အော်စကာ) ဟာဆိုရင် သူတို့ရဲ့ မြေကို ရက်စက်တဲ့ စုန်းမကြီးလက်ထဲကနေ ကယ်တင်မယွ ဟောကိန်းလာ မှော်ဆရာကြီးလို့ ယုံကြည်ခဲ့ပါတယ်
ဒါပေမယ့် (အော်စကာ) ဟာ မှော်ပညာတတ်တဲ့ သူတစ်ယောက်မဟုတ်ပဲ သာမန် မျက်လှည့်ဆရာလေးဖြစ်ပါတယ်
ဒီလိုနဲ့ (အော်စကာ)ဟာဆိုရင် နန်းတော်ကိုရောက်သွားပြီး (သီအိုဒေါ) ရဲ့ အစ်မဘုရင်မတို့နဲ့ တွေ့ဆုံခဲ့ပါတယ်
အဲ့ဒီနောက်မှာတော့ (အော်စကာ) ဟာ စုန်းမကြီးကို နှိမ်နှင်းပေးဖို့ ကတိပေးပြီး ဟန်ကိုယ့်ဖိုဆိုသလို ထွက်လာခဲ့ပါတယ်
ဒါပေမယ့် စုန်းမကြီး နေထိုင်တဲ့နေရာကိုရောက်တော့ သူထင်နေသလို စုန်းမကြီးမဟုတ်တဲ့အပြင် တစ်ကယ့် အမှန်တရားတစ်ခုကို
သိလာရတဲ့ အခါမှာတော့ ဘာတွေ ဘလို ဆက်ဖြစ်လာမလဲဆိုတာကိုတော့
The Moon and Back [2022]
ကောင်းတဲ့အမှတ်တရတွေနဲ့ ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာပဲ ပိတ်လှောင်မိနေတဲ့ ဆယ်ကျော်သက်မလေးရဲ့ ဖခင်ဆုံးပြီးဘဝအကြောင်းကိုရိုက်ထားတာဖြစ်ပြီး The moon and back ဆိုတဲ့ဇာတ်ကားရဲ့ နာမည်အတိုင်းပဲ ချစ်ခြင်းမေတ္တာရဲ့ တန်းခိုးစွမ်းအင်ကြီးမားပုံကို ဒီဇာတ်ကားမှာ မတူညီတဲ့ ရှုထောင့်မျိုးစုံကနေခံစားလို့ရမှာဖြစ်ပါတယ်။
ဖခင်ရဲ့ကွန်ပြူတာရှင်းရင်းမှ တွေ့လိုက်ရတဲ့ဇာတ်လမ်းကလစ်ဒ်ဒီယာ့ကိုဘယ်လိုပြောင်းလဲပေးမှာလဲ၊ ချစ်ရတဲ့လူကိုဖခင်အနေနဲ့ ဆုံးရှုံးလိုက်ရတဲ့ သမီးလစ်ဒ်ဒီယာနဲ့ ချစ်သူကိုဆုံးရှုံးလိုက်ရတဲ့မိခင်ကြားက သဘောထားကွဲလွဲမှုလေးတွေကရော ဘာတွေလဲ။
ပျော်လိုက်၊ငိုလိုက်၊ရယ်လိုက်နဲ့ တစ်ခုခုအဆင်မပြေရင်ဘဝမမည်တဲ့ လောကကိုသူတို့သားအမိတွေဘယ်လိုခွန်းအားတွေနဲ့ ရှေ့ဆက်လည်းဆိုတာကို လွမ်းဖွယ်ကြည်နူးဖွယ်တွေ့မြင်ရမယ့် ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်တာကြောင့် channel myanmar ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။
Kudimahaan [2023]
IMDb-9.7/10
အရက်သစ္စာ အရက်မေတ္တာတွေ အရက်နဲ့ သံယောဇဉ်တွေဟာဘယ်လောက်ထိခိုင်မာကြောင်းတွေက
အရက်တစ်ပိုင်းနဲ့ ကူဖိုက်ပေးဖို့ဝန်မလေးတဲ့အကြောင်းတွေအရက်နဲ့ရင်းရင်ဘတ်ချင်းနီးတဲ့ ဘော်ဒါအချင်းချင်းမှသိကြတာမဟုတ်လား
ဒီကားထဲမှာတော့ မင်းသားကစစချင်း မသောက်မစားတဲ့ ဘဏ်ဝန်ထမ်း လူရိုးသားတစ်နေ့ အဖေဖြစ်သူကိုဆေးရုံလိုက်ပို့ရင်း ဆေးရုံက ကော်ဖီကိုမှာသောက်လိုက်မိတယ်။
သူ့နဲ့ဘာဓာတ်မတည့်ဖြစ်သွားမှန်းမသိ အရက်သောက်လိုက်မိသလိုကို မျက်စိထဲတကယ်မရှိတာတွေမြင်လာပြီး အမူးသမားလုံးလုံးဖြစ်သွားလေရဲ့။
ဒီလိုနဲ့ လုံးဝအသိစိတ်လွတ်နေတဲ့လူလို ဆေးရုံမှာပတ်ပွဲကြမ်းရင်း လူတွေဝိုင်းဆွဲကြနဲ့ပွက်လောရိုက်သွားပါလေရော နောက်ထပ်လည်း မိတ်ဆွေတစ်ယောက်ရဲ့ပွဲမှာ
အရက်ထည့်ထားတဲ့ အအေးကိုသောက်မိပြီး ပွဲပျက်တက်ထိ ရမ်းကားမိပြန်ပါတယ်။
ဒါပေမဲ့ သူအိမ်ပြန်ရောက်တိုင်း ဒါတွေတစ်ခုမှ မမှတ်မိဘဲ အဖေနဲ့ ဇနီးဖြစ်သူကအရက်သမားလို့စွပ်စွဲလေတော့ လူရိုးသား အရက်သမားဇာတ်လိုက်လေးဘုမသိဘမသိနဲ့ စိတ်ညစ်နေရပါတယ်။
ဘဏ်ဝန်ထမ်းဖြစ်တဲ့ ဇာတ်လိုက်ဟာထုံးစံအတိုင်း နမော်နမဲ့နဲ့ သူ့တပည့်လေးရဲ့ မုန့်ပဲသွားရည်စာကို စားမိပြီးဟက်ကာတစ်ယောက်ဟက်ခ်ထားတဲ့ အေတီအမ်စက်ထဲကို ပိုက်ဆံတွေအရွက်မှားထည့်မိတဲ့အချိန်မှာတော့ ပြဿနာတွေအကြီးကြီးတက်ကုန်ပါတော့တယ်
ကွိုင်တွေတက် အစွပ်စွဲခံ မသောက်ပဲမူးနေတဲ့ဖိုးသခွားလေးတစ်ယောက်ဒီလိုပဲဒုက္ခပင်လယ်ဝေနေမလား ထိပ်ဆုံးမှာပြောခဲ့တဲ့ အရက်ရဲ့ဂုဏ်ကျူးတွေက
ဘယ်နေရာမှာဘယ်လိုပါဝင်ဆက်စပ်သွားမလဲဆိုတာ ရှုစားကြည့်ပါဦး
#Credit
#ChannelMyanmar
Carousel [2023]
CM ပရိသတ်ကြီးကို ဆွီဒင်စကားပြော Horror ရုပ်ရှင်ကောင်း
တစ်ကားဖြစ်တဲ့ Carousel (Karusell) နဲ့ မိတ်ဆက်ပေးချင်ပါတယ်...။
ဇာတ်ကြောင်း
လစ္စဘတ်အမည်ရ ကစားကွင်း ပန်းခြံကျယ်ကြီးမှာ
အလုပ်လုပ်တဲ့ ဖီအိုနာတစ်ယောက် တစ်နေ့မှာ ဟောလိုဝင်းအကြို
ဖွင့်ပွဲမတိုင်ခင် အစမ်းကစားခွင့် မဲပေါက်တဲ့ အထူးဧည့်သည်တွေကို
ညပိုင်းလိုက်လံ ပြသပို့ဆောင်ပေးဖို့ တာဝန်အပေးခံရပါတယ်။
ဖြစ်ချင်တော့ မဲပေါက်တဲ့ ဧည့်သည်အုပ်စုက ဖီအိုနာရဲ့ အရင်က
သူငယ်ချင်းဟောင်းတွေ ဖြစ်နေတာပါ။ အရင်က ပါတီတစ်ခုမှာ
အုပ်စုလိုက် အပျော်လွန်ပြီး သူငယ်ချင်းတစ်ယောက် စိတ်ကြွဆေး
အသုံးလွန် မတော်တဆမှု ဖြစ်ပြီးတဲ့နောက်ပိုင်း အချင်းချင်း
အပြစ်တင် ခွာပြဲပြီး အဆက်အသွယ်ပြတ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။
ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ သေဆုံးမှု တစ်နှစ်ပြည့်နေ့မှာ
တိုက်ဆိုင်စွာနဲ့ သူတို့တွေ အုပ်စုလိုက် ပြန်လည်ဆုံတွေ့မှုမှာ
ဘာတွေ ဆက်ဖြစ်လာဦးမလဲ။
ဘယ်လိုထိတ်လန့်ကြောက်ရွံ့စရာတွေ ကြုံကြမလဲဆိုတာ...။
Darkness of Man [2024]
ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဒီဇာတ်ကားထဲမှာမင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်
ဇာတ်လမ်းလေးကတော့
ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ်
အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ
သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ်
တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ်
အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ်
အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ
ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်
ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ
#Credit
Satu Hari Sebelum Raya [2023]
==============================
ဒီမလေးရှားရုပ်ရှင်ကတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အစ်နေ့မတိုင်ခင် အကြိုနေ့မှာ မိဘမဲ့မောင်နှမနှစ်ယောက်ဖြတ်သန်းရတဲ့ တစ်နေ့တာကိုပြထားတဲ့ရုပ်ရှင်ပါပဲ။
အစ်နေ့ကားပေမဲ့ ခရစ္စမတ်ကားနဲ့တောင် တော်တော်လေး အရသာတူပါတယ်။
ခရစ္စမတ်ကားလို အငွေ့အသက်မျိုးနဲ့ပဲ မတူညီတဲ့တင်ဆက်မှုနဲ့ မြင်ရမယ့်ရုပ်ရှင်လို့ပြောလို့ရပါတယ်။
အချိန်ကတော့ အစ်နေ့မတိုင်ခင် ၂ညအလိုပေါ့။
အဲဒီနေ့ညမှာ ကလေးလေးက သူ့အစ်မကို အစ်နေ့မှာ သူဝတ်စုံအသစ်ဝတ်ချင်တဲ့အကြောင်းပြောပြရင်းပူဆာတယ်။
သူတို့မောင်နှမဟာ အဖေရော အမေရော မရှိဘဲ နေလာရတာ နည်းနည်းတော့ကြာပြီ။
ရွာကလူတွေကလည်း သူတို့ကို မကြည့်ရှုပေးကြတော့ သူတို့ဘာသာပဲ ခက်ခက်ခဲခဲရှင်သန်ခဲ့ရတယ်။ သူ့မောင်လေးက ပူဆာလာတော့ သူအစ်မက သူတို့ရွာထဲက အလှူကြီးအတန်းကြီး ခမ်းခမ်းနားနားလုပ်နေတဲ့ သူဌေးကြီးဆီသွားပြီး ဝတ်စုံဖိုးလေးပေးဖို့ အသနားခံပေမဲ့ ဟိုကမပေးလိုက်ဘူး။
ဒီလိုနဲ့ နောက်နေ့ကျ သူတို့မောင်နှမ ရွာသူကြီးဆီရောက်လာခဲ့တယ်။ ရွာသူကြီးကလည်း လျှောက်လွှာတင်ရမယ် ဘာညာပြောပြီး မကူညီပြန်ဘူး။
ဒီလိုနဲ့ ရွာထဲက လူတွေက သူတို့ကို မကူညီချင်ကြဘဲ နှိမ်ပဲနှိမ်ချချင်တာ သူတို့သိလိုက်တယ်။ ဒီလိုနဲ့ သူတို့မြို့ပေါ်ကို တက်လာခဲ့ကြတယ်။
လမ်းမှာ သူတို့ကို လိုက်နှောင့်ယှက်နေတဲ့ ရွာထဲက ကလေကလေချ၃ယောက်နဲ့လည်း တိုးခဲ့ကြတယ်။ ဒီလိုနဲ့ သူတို့မြို့ပေါ်ရောက်လာပြီး အကူအညီတောင်းကြည့်ပေမဲ့ မရလို့ လက်မှိုင်ချနေတဲ့ ရွာထဲက ကလေကချေသုံးယောက်လည်း သူတို့နောက်လိုက်လာပြီး မြို့ပေါ်အထိ လာကျီစယ်နေခဲ့တယ်။
ဒီမောင်နှမ၂ယောက်ရော အစ်နေ့အတွက်ဝတ်စုံကို ဘယ်လိုရသွားမလဲ။
ဒီကလေကချေသုံးယောက်ကရော သူတို့နောက်ကို ဘာလို့လိုက်နေလဲ ဒီရုပ်ရှင်မှာမြင်ရမယ့်အပြင် ဒီနေ့ခေတ်လူ့အဖွဲ့အစည်းရဲ့ မထော်မနန်းစာနာမှုတွေကိုလည်း ဒီရုပ်ရှင်မှာ ရှုံ့ချထားပါတယ်။
အကြောင်းအရာကောင်းကောင်းနဲ့ မလေးရှားကားကောင်းလေးပါပဲ။
ကြည့်ရတာတော့ တန်မှာပါ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )
Water and Fire (OR)Su ve Ates [2013]
လူတစ်ယောက်ရဲ့ မျက်ဝန်းတွေကိုကြည့်ပြီးကဗျာဖွဲ့နိုင်လောက်တဲ့အထိ ချစ်ဖူးကြလား??“ငါက လေထဲကအမှုန်အမွှားလေးပါလေတစ်ချက်ဝှေ့လိုက်ရင် တိမ်တွေပေါ်ရောက်သွားတယ်
မိုးအဖြစ်နဲ့ပြန်ရွာချတဲ့အခါ မြေပြင်ပေါ်ကတစ်နေရာမှကျလာတယ်ကံကြမ္မာရဲ့ အကျဉ်းသားပေါ့အမှုန်အမွှားလေးတစ်ခုသာဖြစ်လို့ ဘာမဆိုရင်ဆိုင်ရဲပါတယ်
”ဒါကတော့ အကြည့်ချင်းဆုံဖို့အရမ်းရှက်တတ်တဲ့ကောင်မလေးတစ်ယောက်ရဲ့မျက်ဝန်းတွေကိုကြည့်ပြီးဖွဲ့ထားတဲ့ကဗျာပါ
ကောင်မလေးရဲ့ အသံချိုချိုလေးတွေအောက်မှာကျရှုံးဖို့သူ့ကိုယ်သူခွင့်ပြုမိလိုက်တဲ့ လူတစ်ယောက်ရဲ့ကဗျာ…..
ချစ်ခြင်းတရားဆိုတာ သိပ်ကိုဆန်းကြယ်တယ်မလားဘာအကြောင်းပြချက်မှမရှိဘဲ သူဖြစ်နေလို့ကိုချစ်မိသွားတာပါဆိုတဲ့ ချစ်သူနှစ်ဦးအတွက်နှစ်နှစ်ကာကာချစ်နေတဲ့အချိန်ရောက်မှ ပေါ်ပေါက်လာတဲ့ အကြောင်းတရားတစ်ခုကသူတို့အချစ်တွေကို ဖျောက်ဖျက်ပစ်နိုင်ပါ့မလား???
ပူလောင်တဲ့အချစ်နဲ့ပိုင်ဆိုင်ဖို့ကြိုးစားခဲ့တဲ့သူအတွက်ကရောအချိန်ကြာလာရင် ငါ့ကိုချစ်လာမှပါဆိုတဲ့အတွေးက ရာနှုန်းပြည့်မှန်နိုင်ပါ့မလား???
Water and Fire ဆိုတဲ့နာမည်လေးအတိုင်းပဲဆန့်ကျင်ဘက်ကမ္ဘာက လူနှစ်ယောက်ရဲ့ နက်ရှိုင်းလှတဲ့ အချစ်တွေကိုဖော်ကျူးထားတာပါခပ်ဆွေးဆွေး Romantic ဇာတ်ကားကြည့်ရှူချင်တဲ့သူအတွက်ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးလို့ ပြောပါစေ….
Rudhran [2023]
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ Action/Thriller ကားလေးဖြစ်တဲ့ "Rudhran" ဆိုတဲ့
အိန္ဒိယကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအစမှာတော့နာမည်ကျော်လူဆိုးတစ်ယောက်ဖြစ်တဲ့ ဘွန်မိအကြောင်းကိုမိတ်ဆက်ရင်း စဖွင့်ထားပါတယ်
ဘွန်မိဟာဆိုရင်သူတို့လောကသားအချင်းချင်းတောင်ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့သူ၊ သူ့ကိုဆန့်ကျင်တဲ့သူဆိုရင်လည်းချက်ချင်းနေရာမှာတင်သတ်ဖြတ်ရှင်းလင်းပစ်တဲ့ကြောက်စရာကောင်းတဲ့လူမိုက်ခေါင်းဆောင်ဖြစ်ပါတယ်
အဲဒါကြောင့်သူ့ကိုဆန့်ကျင်ရဲတဲ့သူဆိုတာလုံးဝကိုမရှိပါဘူး ဒါပေမယ့်တစ်နေ့မှာတော့ အဲဒီအချက်တွေအားလုံးကိုဆန့်ကျင်မယ့်ရူဒရန်ဆိုတဲ့သူပေါ်လာပါတော့တယ်
ရူဒရန်ဟာဘွန်မိရဲ့လက်အောက်ကလူတွေကိုပစ်မှတ်ထားပြီး တစ်ဦးချင်းစီကိုလိုက်ပြီးတော့သတ်ဖြတ်နေတာဖြစ်ပါတယ်
ဒီအကြောင်းကိုဘွန်မိသိသွားတဲ့အခါ ရူဒရန်ကိုမြေလှန်ပြီးရှာတော့တာပေါ့ ရူဒရန်နဲ့ ဘွန်မိတို့နှစ်ယောက်ယှဉ်တဲ့ထဲမှာဘယ်သူကနောက်ဆုံးအနိုင်ရသူဖြစ်မလဲ၊ သူတို့နှစ်ယောက်ကြားက ရန်ငြှိုးရန်စက ဘာများဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
#Credit
#AlphaPremium
Krishnamma [2024] #ဇာတ်ကားသစ်ကြီး
=================
"ပုရွက်ဆိတ်များ"
ရီဗျူးကောင်းတွေ ရထားတဲ့ တေလဂူး အက်ရှင်ဇာတ်လမ်းအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်
တေလဂူးအက်ရှင်ဆိုတဲ့အတိုင်း နုရွနေမှာမဟုတ်ဘဲ အောက်ခြေလူနေမှုဘဝတွေကို မြင်တွေ့ရမယ့်ကားပါ
မြေကြီးထဲ ခန္ဓာကိုယ်မြှုပ်ထားခံရပြီး ခေါင်းတစ်ခုတည်းပေါ်နေတဲ့ အလောင်းတစ်လောင်း --
တစ်ခေါင်းလုံး သကာရည်တွေအလောင်းခံထားရပြီး ပုရွက်နီအပြုံလိုက်တက်နေတဲ့ လူသတ်မှုတစ်ခု
အစကပြန်ကောက်ရရင် ရွာတစ်ရွာမှာ မိဘမဲ့ သူငယ်ချင်းသုံးယောက်ရှိတယ် ရှီဗာ၊ ကိုတီနဲ့ ဘာဒရာရယ်...
ပေါ့ပေါ့နေ ပေါ့ပေါ့စား တွယ်တာစရာဆိုလို့ ဘာမှမရှိတဲ့ မိဘမဲ့တွေ
သူတို့အလုပ်က အသေးစားဒုစရိုက်လေးတွေ အရောင်းအဝယ်လေးတွေ လိုက်လုပ်မယ်
ပြီးရင် အရက်သောက်မယ် ဒါပဲ... သူများတကာလို မိသားစုဘဝကို လိုချင်ပေမယ့်
သူတို့အချင်းချင်းပဲ ညီအစ်ကိုလို မိသားစုဝင်လို သဘောထားကြတယ်
ဒီလိုကနေ ဒုစရိုက်လောကထဲက ရုန်းထွက်ဖို့လုပ်ပေမယ့် ရုန်းမထွက်နိုင်ပဲ ရှုပ်ထွေးတဲ့ အမှုတစ်ခုထဲ တွန်းပို့ခံလိုက်ရချိန်မှာတော့ ...
ဘာတွေဆက်ဖြစ်မှာလဲ ပုရွက်ဆိတ်လို သူတို့ဘဝတွေကို တန်ဖိုးမရှိသလို သဘောထားခဲ့တဲ့ လူကို
ပုရွက်တွေကိုက်ပြီး အသက်ဆုံးရအောင် ရက်ရက်စက်စက် လက်စားချေတဲ့ ဇာတ်လမ်းတစ်ပုဒ်
ဘယ်လိုဖြစ်လာလဲဆိုတာ ပရိသတ်ကြီးကပဲ ရှုစားအားပေးကြပါဦး
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
#Credit
Brotherhood [2022]
ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား..
မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့
ကျေးညီနောင်လေးဟာ
တစ်ကောင်ကအဖြူဘက်
တစ်ကောင်က အမည်းဘက်
ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ...
ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယားcrime-action thrillerကားလေးBrotherhood (2022)ကလည်းအလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်..
"ဇာတ်လမ်းအကျဉ်း"
ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီးမိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့်ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာနေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်..
မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့
လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း
အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်..
Along For The Ride [2022]
မိသားစုရဲ့နွေးထွေးမှုကို မရရှိတဲ့ကောင်မလေးနဲ့ ရည်မှန်းချက်တွေ
ကွယ်ပျောက်နေတဲ့ ကောင်လေးအကြောင်းကို အဓိကရိုက်ကူးထား
တာပါ။
အာဒန်ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းပြီးတော့ သူ့အဖေနဲ့ သူ့မိထွေးရှိရာ ကိုဘီမြို့ကိုထွက်လာခဲ့ပါတယ်။
အကြောင်းအရင်းကတော့ ကိုယ့်ကိုယ်ကိုရှာဖွေဖို့အတွက်ပါ။
ကိုဘီမြို့က သူ့မိထွေးဆိုင်လေးမှာ စာရင်းကိုင်အလုပ်ဝင်လုပ်ပြီး အမှတ်မထင် စက်ဘီးစီးတဲ့
ကောင်လေး အီလိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်…..
အဲ့တော့ ဒီတွေ့ဆုံမှုတွေရဲ့နောက်ကွယ်မှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အာဒန်ဆိုတဲ့ ကောင်မလေးရော ကိုဘီမြို့မှာ သူငယ်ချင်းအသစ်တွေ ရနိုင်ပါ့မလား၊
အာဒန်နဲ့အီလိုင် ဘယ်လိုတွေ့ခဲ့ကြလဲ၊ သူတို့နှစ်ဦးမှာရှိတဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကုစားကြမလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးပါဦး။
Deep Sea [2023]
ဇတ်ကားသစ်
မွေးနေ့မှာ ပင်လယ်ကြီးကို ဆုတောင်းရင် ပင်လယ်နတ်လေးက
ထွက်လာပြီး ဆုတောင်းတွေကို ဖြည့်ပေးလိမ့်မယ်တဲ့......
စိမ်းရှို့ဆိုတဲ့ ကလေးမလေးဟာ အမေထွက်သွားပြီးနောက်
မိဘမေတ္တာကို ငတ်နေသူလေးတစ်ယောက်ပေါ့။
အတူတူရှိနေတဲ့ အဖေက ဂရုမစိုက်ပေးတဲ့အတွက်
ထွက်သွားတဲ့ အမေ့ဆီက မေတ္တာကို တမ်းတနေသူလေးတစ်ယောက်ပေါ့။
တစ်နေ့မှာ သူတို့ မိသားစု ၄ ယောက် ပင်လယ်ထဲကို ခရီးထွက်ကြတဲ့အခါ
စိမ်းရှို့ဟာ အမေ့ရဲ့ သီချင်းသံကို ကြားခဲ့ရတယ်။
ထိုသီချင်းသံနောက်ကနေ အမေကိုလိုက်ရှာတုန်းမှာ
စိမ်းရှို့တစ်ယောက် ပင်လယ်ထဲကျသွားပြီး
ပင်လယ်အောက်က လျှို့ဝှက်ကမ္ဘာထဲကို ရောက်သွားပါတယ်။
စိမ်းရှို့လေးတစ်ယောက် ပင်လယ်အောက်က ကမ္ဘာကြီးထဲမှာ
ဘယ်လို ထူးခြားဆန်းကြယ်မှုတွေကို မြင်တွေ့ရမလဲ......
သူမရဲ့ အမေကိုရော ရှာတွေ့နိုင်ပါ့မလား ......
ဆိုတာကို ကာတွန်းဇာတ်လမ်းလေးရဲ့ လှပတဲ့
သရုပ်ဖော်မှုတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။
[ Reviewed By Moon ]
#Credit
Doomsday Stories (2023)
ခုနှစ်ထွက် Horror Adventure Zombie Apocalypse ကားဖြစ်ပါတယ်…
လူတစ်ယောက်က မိန်းမတစ်ယောက်ကို သတ်လိုက်တယ်… အဲ့မိန်းမဆီမှာ ပုံပြင်တွေ ပြုစုထားတာရှိတယ်… အဲ့ပုံပြင်တွေက ဘာလည်းဆိုတာ ကြည့်ရမှာပါ…
တစ်ခါတစ်လေ ဒီလို ကားမျိုးလည်း ကြည့်ပေးမှ ရုပ်ရှင်ဇာတ်ကားကောင်းတွေဖန်တီးရတာ ဘယ်လောက်ခက်မှန်း ပို appreciate လုပ်တတ်မှာပါ.. ကြည့်ကြည့်ပါ အနည်းဆုံးတော့ ရယ်ရမယ် ထင်ပါတယ်
Blood Hangs In The Coffin ( 2024 )
တာ့မင်ပြည်မှာ အကျင့်ပျက်ချစားနေတဲ့
တုန်းချန်စစ်တပ်နဲ့ညွှန်းကြားရေးမှူးတစ်ဦးရှိပါတယ် ။
သူကရုံးတော်ကတခြားအမတ်တွေနဲ့ပေါင်းပြီ
းလာဘ်စားကြတာကြောင့် ပြည်သူတွေလည်း
အခွန်အခတွေများပြီး ဆင်းရဲဒုက္ခတွေကြုံရတာပေါ့ ။
ဒီလိုအကျင့်ပျက်ချစားမှုတွေကို ဖူအိမ်တော်က သခင်ကြီးဖူကသေချာစုံစမ်းပြီး
အမှုမှာပါဝင်နေတဲ့အမတ်တွေနဲ့နာမည်ကိုချရေးပြီး မင်းကြီးဆီတင်ပြဖို့လုပ်ပါတော့တယ် ။
ဒါပေမဲ့ မထင်မှတ်ထားဘဲ တုန်းချန်စစ်တပ်တွေဆီကနေ
လုပ်ကြံခံရပြီး အငယ်ဆုံးသမီးလေးတစ်ယောက်တည်းရှင်သန်လွတ်မြောက်ခဲ့ပါတယ် ။
ညွှန်ကြားရေးမှူးဟာ သူတကယ်လိုချင်တဲ့နာမည်စာရင်းကိုမရလိုက်တဲ့အပြင်
လူတစ်ယောက်ကပါလွတ်သွားတော့ ဒေါသထွက်ပြီး
အခေါင်းတစ်ခုကို ဖူအိမ်မှာပဲ ဖူအိမ်ကအိမ်သား၃၄ယောက်ရဲ့ခေါင်းတွေထည့်ပြီးချိတ်ဆွဲစေခဲ့ပါတယ် ။
နှစ်၂၀ကြာပြီးတဲ့အချိန်မှာတော့ ညွှန်းကြားရေးမှူးက
မတော်တဆ သူတစ်အိမ်လုံးအပြတ်ရှင်းခဲ့တဲ့ဖူအိမ်ကိုပြန်ရောက်လာချိန်မှာတော့...
သူသတ်ခဲ့တဲ့ဖူအိမ်ဆိုတာကိုမှတ်မိပါ့မလား
လွတ်သွားတဲ့ကလေးကရော သူ့ကိုရန်သူအဖြစ်သဘောထားနေအုံးမလားဆိုတာကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရမဲ့ဇာတ်လမ်းလေးဖြစ်လို့ စောင့်ကြည့်ပေးဖို့မမေ့ပါနဲ့
Zara Hatke Zara Bachke [2023] အိမ်ကလေးတစ်အိမ်
IMDb - 6.5/10
ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီးမင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။
castတွေကတော့ ဆာရာအလီခန်းနဲ့ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။
တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။
ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ
ပြန်ရထားတဲ့ဇာတ်ကားလေးပါ။
ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။
တစ်ရက်တော့ နေစရာအိမ်မရှိလို့
သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။
ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။
ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။
ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို
အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။
ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။
ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။
သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။
ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကိုအိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ တကယ့်ဖြစ်ရပ်တွေနဲ့အတူဒီကားလေးမှာ စောင့်ကြည့်ပေကြပါဦး
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
Crypto Boy [2023]
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ "Crypto Boy"ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ အာမီဟာဆိုရင် ကြီးပွားတိုးတက်ချင်၊ ချမ်းသာချင်တဲ့လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် အာမီရဲ့အဖေကတော့သူကြိုးစားရုန်းကန်ပြီးဖွင့်ခဲ့ရတဲ့ ဆိုင်လေးကို အာမီ့ကို ဆက်လက်ထိန်းသိမ်းပြီး စီမံတာမျိုးဖြစ်စေချင်တာပေါ့ ဒါပေမယ့် အာမီကတော့မတူပါဘူး
လူငယ်ပီပီ အမြဲတမ်း အပင်ပန်းခံအလုပ်လုပ်ရတာမျိုးထက် ငွေရလွယ်တဲ့ စွန့်စားမှုများတဲ့အလုပ်တွေကို ပိုပြီးတော့သဘောတွေ့ပါတယ်
ဒီလိုနဲ့တစ်ရက်မှာတော့ အာမီဟာ ခရစ်ပတိုငွေကြေးအကြောင်းကို မိုးမွှန်နေအောင်ချီးကျူးပြီးပြောဆိုတတ်တဲ့ ရွိုင်နဲ့သွားတွေ့ပါတော့တယ်
စွန့်စားမှုများပေမယ့်
ငွေလည်းလွယ်လွယ်ရမယ်၊ မြန်မြန်လည်းချမ်းသာနိုင်မယ်လို့ပြောတဲ့အခါ အာမီလိုလူအတွက်တော့ လုံးဝကို စိတ်ဝင်စားဖို့ကောင်းတဲ့အလုပ်ပဲပေါ့
အာမီတစ်ယောက် ခရစ်ပတိုငွေကြေးနယ်ပယ်နဲ့ သူမျှော်လင့်ထားတဲ့ သက်တောင့်သက်သာဘဝမျိုးကိုရနိုင်မှာလား၊ ဘယ်လိုအခက်အခဲမျိုးတွေကို
ကြုံတွေ့လာရဦးမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်
Drunk, Driving, and 17 [2023]
၁၇ နှစ်အရွယ် ကင်မ်ဘာလေဆမ်းမားက ပညာရေးထူးချွန်ပြီး အဘက်ဘက်မှာ တာဝန်ကျေတဲ့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက်ပါ။
တနေ့တော့ ကင့်မ်ချစ်သူဒန်က စတန်းဖို့တက္ကသိုလ်မှာ ထက်ဝက်ပညာသင်ဆုနဲ့ရွေးချယ်ခံရတဲ့အတွက် သူ့အိမ်မှာအောင်ပွဲခံပါတီလေးတစ်ခု လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။
အရက်ဆိုဘီယာအရသာတောင်မကြိုက်တဲ့ကင်မ်က ပါတီပွဲမှာ ဒန်နဲ့တခြားမိန်းကလေးနမ်းတာမြင်သွားတော့ စိတ်လွတ်လွတ်နဲ့ မူးအောင်သောက်ပြီး ကားမောင်းပြန်ခဲ့ရာကနေ ကားမတော်တဆမှုဖြစ်ခဲ့ပါတယ်။
ဒီကားမတော်တဆမှုကြောင့် ကင့်မ်ရဲ့ဘဝလမ်းကြောင်းတစ်ခုလုံး ပြောင်းလဲခဲ့ရပါတယ်။
ဒီအခြေအနေကို ကင်မ်ဘယ်လိုရင်ဆိုင်မလဲ၊
∛∛အမှားတစ်ခုလေးကနေ ဘယ်လောက်ကြီးမာတဲ့နောက်ဆက်တွဲတွေဖြစ်လာနိုင်လဲ
၊ ဒီကိစ္စရပ်တခုလုံးက ဘယ်သူတွေအပေါ်တာဝန်ရှိနေလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။
Raat Akeli Hai [2020]
IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း မစ္စတာဂျီတေးလ်ယာဒဗ်ဟာလူသတ်မှုတစ်ခုကိုစုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။
သေဆုံးသူကအဖိုးကြီးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ဒုတိယမြောက်လက်ထပ်ပွဲအပြီး ည၁၀ နာရီ နဲ့ ၁၂နာရီကြားမှာအသတ်ခံရတာဖြစ်ပါတယ်။
သေဆုံးသူရဂူဘီးရ်ဆင်းဆီမှာသေနတ်တစ်လက်ရှိပြီးသူပိုင်တဲ့သေနတ်နဲ့ပဲအသတ်ခံခဲ့ရတာဖြစ်ပါတယ်။
ညလူခြေတိတ်ချိန်မှာအသတ်ခံရတာဖြစ်ပေမယ့် သေနတ်ပစ်သံကိုဘယ်သူမှမကြားကြပါဘူး။
ဘယ်သူက ဘယ်အချိန်ဘယ်လိုသတ်လိုက်တာလဲ...ဘာကြောင့်သတ်လိုက်တာလဲ.... စုံစမ်းစစ်ဆေးရေးအရာရှိ ဂျီတေးလ်ယာဒဗ်ကဘယ်လိုစုံစမ်းဖော်ထုတ်မှာလဲ...
.. ဒီအမှုမှာလူဘယ်နှဦးပါဝင်ပတ်သက်နေကြတာလဲ..
... Cirme Drama ကားကြိုက်သူတွေအတွက်လက်မလွှတ်သင့်ပါကြောင်း....
. ဘာသာပြန်သူကတော့ Thaik San ဖြစ်ပါတယ်..
Chasing Raine [2024]
Action ၊ Thriller အမျိုးအစားဖြစ်တဲ့ Chasing Raine
ရုပ်ရှင်ဟာ ၂၀၂၄ မေလ ၁၄ ရက်မှာထွက်ရှိထားတာဖြစ်ပြီး
Maurice P. Kerry ၊ Krystal Jordan နဲ့ DJ Walton တို့က
အဓိကပါ၀င်သရုပ်ဆောင်ပေးထားပါတယ်။ ဖြစ်ရပ်မှန်ကို
အခွခေံထားကာ မိဘနဲ့သားသမီးကွားကမတ်ေတာကို
ဖော်ကျူးထားပြီး အက်ရှင်ခန်းကောင်းကောင်းတွေကိုလည်း
ကြည့်ရှု့ခံစားရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
****
ကလိုက်ဒ်နဲ့စကိုင်းဟာ ကွာရှင်းထားကြတဲ့အထူးတပ်ဖွဲ့ဝင်
စစ်သားနှစ်ဦးဖြစ်ပါတယ်။ ကလိုက်ဒ်ရဲ့အရက်ပြဿနာကြောင့်
တစ်ဦးတည်းသောသမီးလေးရိန်းကို စကိုင်းက တစ်ဦးတည်း
အုပ်ထိန်းခွင့်ရရှိထားပါတယ်။ ကလိုက်ဒ်က သမီးဖြစ်သူကို
အမြဲပြန်လိုချင်နေခဲ့ပြီး တစ်ရက်မှာတော့ စကိုင်းက အတူနေ
ချစ်သူနီကိုနဲ့အတူ တခြားပြည်နယ်တစ်ခုကိုပြောင်းရွှေ့နေထိုင်ဖို့
ဖြစ်လာခဲ့ပါတယ်။ အရမ်းချစ်ရတဲ့သမီးနဲ့အဝေးကြီးခွဲနေရမှာ
စိုးတာကြောင့် ကလိုက်ဒ်က သမီးကိုခေါ်ပြီးထွက်ပြေးဖို့
ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ကလိုက်ဒ်ရဲ့အစီအစဉ်တွေ
မှားယွင်းပြီး သမီးဖြစ်သူရိန်းဟာ ကလေးလူကုန်ကူးဂိုဏ်း
တစ်ခုရဲ့လက်ထဲမှာအဖမ်းခံလိုက်ရချိန်မှာတော့ အထူးတပ်ဖွဲ့ဝင်
နှစ်ဦးဖြစ်တဲ့ကလိုက်ဒ်နဲ့စကိုင်းသာမက စကိုင်းရဲ့အလုပ်ရှင်
ဆီဇာလည်းပါ၀င်လာပြီး ရာဇဝတ်ဂိုဏ်းကြီးကိုဖြိုခွင်းဖို့
ဖြစ်လာခဲ့ပါတော့တယ်။
#Credit
Trinket Box [2023]
သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့
Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက်
ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင်
ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန်
ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲဖြစ်ပါတယ်။
ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းကအမေရိကန်မှာ ဘိုးဘေးဘီဘင် ခေတအဆက်ဆက်ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကိုအခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။
လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့
အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့
ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ
အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့
အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက်
ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ
တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို
သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ
ကောင်မလေးအဖေ သေသွားပါတော့တယ်။
#Credit
Bas Terakhir Malam Raya [2023]
==============================
အစ်နေ့မှာ ဇာတိကိုပြန်ကြမယ့် လူတစ်စုဟာ ဘတ်စ်ကားဂိတ်မှာ လာဆုံကြပါတယ်။
စလာကတည်းက သူတို့ဟာ အလွဲလွဲအမှားမှားတွေနဲ့ နောက်ဆုံး ကားကောင်းမရဘဲ မထင်ထားတဲ့ ကျောင်းကားစုတ်ကြီးနဲ့ ခရီးဆက်ရဖို့ ဖြစ်လာခဲ့တယ်။
ကားကြီးကလည်းစုတ် လမ်းကလည်း မထင်ထားတဲ့လမ်းက သွားခဲ့သလို ကားဆရာကလည်း စိတ်မနှံ့တဲ့လူလိမ်ဖြစ်နေတတော့ တစ်လမ်းလုံး သူတို့ တိုင်တွေပတ်ကြတဲ့အကြောင်းပေါ့။
ဒီလိုနဲ့ စစချင်းတစ်ယောက်ကိုတစ်ယောက် စကားတောင်မပြောခဲ့ကြတဲ့ သူတို့တွေဟာ တဖြည်းဖြည်းချင်း တစ်ယောက်ဇာတ်လမ်း တစ်ယောက်ကိုပြောပြရင်း တစ်ယောက်နဲ့တစ်ယောက် တော်တော်လေးခင်လာခဲ့တယ်။
သူတို့ဇာတ်လမ်းဆိုတာကလည်း သရဲအကြောင်း အသည်းကွဲတဲ့အကြောင်း စုံလို့ပဲပေါ့။
ဒီလိုနဲ့ ဥပုသ်ကာလပြီးလို့ အစားစားရမယ့်အချိန်ရောက်လာတဲ့အခါမှာ သူတို့ဟာ စားစရာမရှိတဲ့အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရသလို အဲဒီအချိန်နှောင်းပိုင်းမှာပဲ သရဲမတစ်ကောင်ဟာလည်း သူတို့ကားပေါ်ပါလာခဲ့တယ်။
ဒီသရဲမကလည်း အသည်းကွဲနေတဲ့ သရဲမဆိုတော့ အသည်းကွဲနေတဲ့ကောင်တွေနဲ့ အသည်းကွဲနေတဲ့ သရဲမကြား ဘာတွေဆက်ဖြစ်လာမလဲ
စိတ်ဝင်စားဖို့ကောင်းအောင် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒီမလေးရှားရုပ်ရှင်ဟာ အရမ်းအကောင်းကြီးမဟုတ်ပေမဲ့ ရယ်စရာတွေအပြည့်နဲ့ အချိန်ဖြုန်းလို့တော့ကောင်းမယ့် ရုပ်ရှင်ပါပဲ။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )
စစ်မြေပြင်ထက်က ဓားပျိုမယ် (蝶影救赎) Butterfly Shadow 2024 ရုပ်ရှင်🦢
ဇာတ်လမ်းအကျဉ်း
🦢တျယ်ယင်ဆိုတဲ့ အမျိုးသမီးလူသတ်သမားတစ်ယောက်ဟာ လုပ်ကြံသတ်ဖြတ်ဖို့ လက်ခံထားတဲ့ တာ၀န်ကို လုပ်ဆောင်ရင်း ကလေးငယ်ယန်ချန်ကို ကယ်တင်ဖို့အတွက် လူသတ်သမားဆိုတဲ့ ဇစ်မြစ်ကို လက်လွှတ်ခဲ့ရပါတယ်
🦢ဆယ်နှစ်တာအချိန်ကုန်ဆုံးပြီးဒဏ်ရာတွေကုသပြီးနောက်မှာတော့ တျယ်ယင်တစ်ယောက် တိုင်းပြည်ကို ကျူးကျော်လာတဲ့ ဂျပန်တွေကို တိုက်ထုတ်ဖို့ ပြန်ပေါ်ထွက်လာခဲ့တဲ့အခါ......
🦢နိုင်ငံရေးနဲ့သိုင်းလောကကြားက အရှုပ်တွေထဲမှာ ဘယ်လို သွေးချောင်းစီးတဲ့တိုက်ပွဲတွေ ဖြစ်လာမလဲဆိုတာ ကြည့်လိုက်ကြရအောင်
#ReviewByYourDimple
#蝶影救赎
#ButterflyShadow
#SoulKingdomMovie
#Movie
Dejavu [2022]
ဒီဇာတ်ကားကတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းပြီးအတွေးတွေဝေစေမယ့်တမီလ်ရုပ်ရှင်ကားတစ်ကားဖြစ်ပီး...
လတ်တလောထွက်ထားတဲ့ D-Block ထဲကမင်းသားကို ခပ်မိုက်မိုက် ရဲတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါ
ဇာတ်လမ်းအကျဉ်း
တစ်ည ရဲစခန်းကို လူတစ်ယောက်ရောက်လာပြီး တိုင်ချက်လာဖွင့်ပါတယ်
အကြောင်းရင်းက သူဟာ စာရေးဆရာတစ်ယောက်ဖြစ်ပြီးသူ့ဇာတ်လမ်းထဲကဇာတ်ကောင်တွေက သူ့ကိုဖုန်းဆက်ခြိမ်းခြောက်နေလို့ရဲစောင့်ထားပေးပါလို့ လာတောင်းဆိုတာဖြစ်ပါတယ်
လူကလည်းမူးနေတော့ ရဲတွေက ဒီလူမူးနေလို့ ရစ်တာပါဆိုပြီးထင်မြင်ချက်ပေးပြီး ပြန်လွှတ်လိုက်တယ် အဲ့ဒီနေ့ညမှာပဲကောင်မလေးတစ်ယောက်ပျောက်သွားခဲ့ပါတယ်...
ကောင်မလေးက မပျောက်ခင်မှာ ရဲထိန်းချုပ်ခန်းဆီ ဖုန်းဆက်ပြီးဒီစာရေးဆရာနာမည်ကိုပြောသွားခဲ့ပါတယ်...
မနက်စာရေးဆရာအိမ်ကို သွားစုံစမ်းတော့ တကယ်ပဲသူရေးလက်စဇာတ်လမ်းက အပြင်ကဖြစ်ပျက်ပုံနဲ့တထေရာတည်းတူနေတဲ့အခါ...
ရှေ့ဆက်စိတ်ဝင်စားစရာ ဇာတ်လမ်းအချိုးအကွေ့တွေကို ဘယ်လိုအကြောင်းရင်းတွေနဲ့ကြုံရမလဲဆိုတာကိုတော့ ပိတ်ကားပြင်ထက်မှာပဲဆက်လက်ရှုစားပေးကြပါ...
#Credit
#ChannelMyanmar