rfaburmeseofficial | Unsorted

Telegram-канал rfaburmeseofficial - RFA Burmese

53133

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Subscribe to a channel

RFA Burmese

အမေရိကန်သမ္မတလောင်းအပေါ် ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဘယ်လိုမြင်ပါလဲ
~~~
■ အမေရိကန်ရွေးကောက်ပွဲမှာ ရီပက်ဘလင်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီအပေါ်မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ သဘောထားမှတ်ချက်တွေကို မသီရိမင်းဇင် က မေးမြန်းထားပါတယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…

#အမေရိကန် #ဒေါ်နယ်ထရမ့် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

အိုးဘိုထောင်မှာ အကျဉ်းသားတွေ အရေပြားရောဂါ ခံစားနေရ
~~~
■ မန္တလေးမြို့ အိုးဘိုထောင်မှာ လျှပ်စစ်မီး ပြတ်တောက်တာကို အကြောင်းပြပြီး ရေသုံးတာကို ကန့်သတ်ထားတာကြောင့် အကျဉ်းသားတွေ အရေပြားရောဂါ ဆိုးဆိုးရွားရွားခံစားနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နိုဝင်ဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အိုးဘိုထောင် အကျဉ်းဆောင်တွေမှာ အစကတည်းက သတ်မှတ်လူဦးရေထက် ပိုပြီး ထားတဲ့အပြင် ရေလုံလုံလောက်လောက် မသုံးရတာကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိဘဲ နောက်ဆက်တွဲအနေနဲ့ ပွေး၊ ဝဲ၊ ယားနာ ဖြစ်တဲ့သူ ပိုများလာလို့ PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။

“လက်ရှိအခြေအနေမှာ မီးမလာတာကို အကြောင်းပြပြီး ရေမရဘူးပေါ့၊ ရေမရတာကို ကြောင်းပြပြီး ရေချိုးခွင့်၊ သုံးစွဲခွင့်တွေ ကန့်သတ်ခံရတဲ့အချိန်မှာ ပွေး၊ ဝဲ၊ ယားနာ စတဲ့ အရေပြားရောဂါတွေ ပိုဆိုးစေပါတယ်၊ အကျဉ်းသားတွေကို မတရားဖမ်းဆီးထားတာဖြစ်တဲ့အတွက် ထောင်အာဏာပိုင်တွေက အပြည့်အဝတာဝန်ယူရမှာ ဖြစ်ပါတယ်”

ထောင်ပုံစံနဲ့ အကျဉ်းသားတစ်ဦးကို ရေ ဆယ်ခွက်ကနေ နှစ်ဆယ်ကြားသာ ခွက်ရေနဲ့ ချိုးနေရသလို အဝတ်အစားလျှော်ဖွပ်ရာမှာလည်း ရေသုံးတာကို ကန့်သတ်ထားတာကြောင့် အနံ့အသက်ပျောက်ရုံသာ လျှော်ဖွပ်နေရတယ်လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် အိမ်သာရေ မလုံလောက်တာကြောင့်လည်း အကျဉ်းသား၊ အကျဉ်းသူတွေ အခက်တွေ့နေရပြီး နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်လာတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။ အရေပြားရောဂါဖြစ်ပွားနေတဲ့ အကျဉ်းသား၊ အကျဉ်းသူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာလည်း ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသူ တစ်ရာကျော် အရေပြားရောဂါ ကူးစက်ခံနေရပြီး ဆေးကုသခွင့်လည်းမရတဲ့အခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၈ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၁,၀၉၇ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲမှာ ကိုးထောင်ကျော် (၉,၄၉၉ ဦး) က ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။
____
မန္တလေးမြို့၊ အကျဉ်းထောင်ရှေ့ မြင်ကွင်းအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo : RFA)
#အိုးဘိုထောင် #PPNM #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူဖို့ ကုလကို ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို
~~~
■ မြန်မာရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုအနေနဲ့ ပြစ်ဒဏ်က ကင်းလွတ်နေတာ ဆယ်စုနှစ်များစွာ ရှိလာနေပြီဖြစ်တာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွက် စစ်အုပ်စုကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထပ်မံတောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုဝင်ဘာ ၇ ရက် ကြာသာပတေးနေ့က ကျင်းပတဲ့ လူ့အခွင့်ရေးကောင်စီရဲ့ အစီရင်ခံစာ နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲမှာ အခုလို တောင်းဆိုလိုက်တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမူအကျပ်အတည်းတွေ ဆိုးရွားစွာမြင့်တက်လာခဲ့တာကို လုံခြုံရေးကောင်စီအစီရင်ခံစာမှာ ဖော်ပြထားကြောင်း၊ ပြီးခဲ့တဲ့ ၄၅ လ ကာလတာအတွင်း စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခြင်းကနေ တရားလက်လွတ် သတ်ဖြတ်ခြင်း၊ လိင်ပိုင်နဲ့ ကျား-မ အခြေပြုအကြမ်းဖက်ခြင်း၊ လူသားချင်းစာနာမှု အကူအညီတွေကို တားဆီးခြင်း၊ လူငယ်တွေကို အတင်းအကျပ် တပ်သားစုဆောင်းခြင်းနဲ့ ကျေးရွာတွေကို မီးရှို့တာတွေအထိ အကြမ်းဖက်မှုတွေ တိုးချဲ့လုပ်ဆောင်လာခဲ့ကြောင်းနဲ့ ပြည်သူတွေ ဒုက္ခဆင်းရဲတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးကြရကြောင်း ဦးကျော်မိုးထွန်းက အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။

နိုင်ငံတကာအသိုင်းအဝန်း၊ အထူးသဖြင့် ကုလအထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီတို့ အနေနဲ့ နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးသာမက မြန်မာပြည်သူတွေကိုလည်း ကာကွယ်စောင့်ရှောက်တာတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်ကြောင်းနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်တွေ ကယ်တင်ရေးအတွက် ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကောင်စီထံ လက်နက်၊ ခဲယမ်းနဲ့ လေယာဉ်ဆီ၊ ငွေကြေး စတဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ပေးဖို့ တွေကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။
-----------
ကုလသမဂ္ဂ အစည်းအဝေးတက်ရောက်နေသည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၇ ရက်က တွေ့ရစဥ်။ (Photo : Parmannet Mission of Myanmar to the United Nations)
#ကုလ #ဦးကျော်မိုးထွန်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

စစ်တွေက ခရစ်ယာန်ဘာသာဝင်တွေ ကန့်သတ်ခံနေရ
~~~
■ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စစ်ကောင်စီက ခရစ်ယာန်ဘာသာဝတ်ပြုဆုတောင်းခြင်းဆိုင်ရာနဲ့ပတ်သက်ပြီး စစ်ကောင်စီက ကန့်သတ်ချက်အသစ်တွေ မကြာခင်က ထုတ်ပြန်ခဲ့တယ်လို့ နိုင်ငံတကာခရစ်ယာန်ဘာသာဝင်များအသင်းက နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ပြောဆိုပါတယ်။

ခရစ်ယာန်ဘုရားကျောင်းတွေမှာ လက်ဝါးကပ်တိုင်တွေ မထားရတော့ဘဲ ဘုရားကျောင်းတက်ရောက်လာသူတွေစာရင်းကို တင်ပြရမှာဖြစ်သလို အခမ်းအနားကျင်းပရင်လည်း နယ်မြေရဲစခန်းရဲ့ ကြိုတင်ခွင့်ပြုချက် ရယူရမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက ခရစ်ယာန်ဘုရားကျောင်းဆောက်ဖို့ လက်ဝါးကပ်တိုင်တစ်ခု စိုက်ထူတာကို ရဲတွေရောက်လာပြီး ဖယ်ရှားဖို့ ပြောကြားခဲ့ကြောင်း မြို့ခံခရစ်ယာန်ဘာသာဝင်တစ်ဦးရဲ့ပြောကြားချက်ကိုလည်း ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း ခရစ်ယာန်လူနည်းစုတွေကြား ဘာသာရေးလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ကျောက်တော်မြို့နယ်မှာ ဒေသခံ ခရစ်ယာန်တရားဟောဆရာ ငါးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်တွေမြို့ခံတစ်ဦးက ပြောကြားတဲ့အကြောင်းလည်း အသင်းရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
___
စစ်တွေမြို့ရှိ ရွှေနှလုံးတော်ဘုရားကျောင်းအား ၂၀၂၄ ခုနှစ် မေလက တွေ့ရစဉ်။ (Photo : Sacred Heart Church - Sittwe)
#စစ်တွေ #ခရစ်ယာန်#လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေ ဖိအားပေး
~~~
■ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ငါးထောင်ခန့်ထဲက သုံးထောင်ကျော်ကို ‌ဒီဇင်ဘာလ ၁၀ ရက်မတိုင်ခင်နေရပ်ပြန်ဖို့ မဏိပူရ်အာဏာပိုင်တွေက ဖိအားပေးထားတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေကတော့ ‌‌နေအိမ်တွေ မီးရှို့ခံထားရသလို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခံရမှာကိုပါ စိုးရိမ်နေတာကြောင့် နေရပ်မပြန်ချင်သေးဘူးလို့ ပြောကြပါတယ်။ ဒီအကြောင်း မခက်မာ ပြောပြပေးပါမယ်။
#မဏိပူရ်ပြည်နယ် #စစ်ဘေးဒုက္ခသည် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

နေစရာဤမြေကမ္ဘာ
ရေနဲ့ ပတ်သက်တဲ့ သဘာဝဘေး

~~~
■ သဘာဝဘေးတွေထဲ ရေနဲ့ ပတ်သက်တဲ့ဘေးက ကြောက်စရာ အကောင်းဆုံးလို့ ပညာရှင်တွေက ပြောကြတဲ့အတိုင်း ရေလွှမ်းမိုးတာရော ရေရှားပါးတာကပါ ဘေး ဖြစ်တဲ့အကြောင်း ဒေါ်စမ်းစမ်းတင်က တင်ပြပါမယ်။
#သဘာဝပတ်ဝန်းကျင် #ရေ #ဘေးဒုက္ခ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

စီပါရွာဖြစ်ရပ် စစ်ရာဇဝတ်မှုသက်သေဖြစ်လာ
~~~
■ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် စီပါရွာမှာ စစ်ကောင်စီကျူးလွန်ခဲ့တဲ့ ဖြစ်ရပ်ကို စစ်ရာဇဝတ်မှုတွေရဲ့ သက်သေတစ်ခုအနေနဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက အောက်တိုဘာ ၂၉ ရက်ကကျင်းပတဲ့ ကုလသမဂ္ဂ အစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မသီရိမင်းဇင် စုစည်းတင်ပြထားတာ ကြည့်ရှုနားဆင်နိုင်ပါပြီ။
---------------
#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

ကန့်ဘလူမှာ အရပ်သား လေးဆယ်နီးပါး ဖမ်းဆီးခံရ
~~~
■ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အိုင်ပေါင်းချောင်ရွာက အရပ်သား ၃၇ ဦးကို အောက်တိုဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က ကာဘိုးတိုက်နယ်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအင်အား ၁၅၀ လောက်ပါတဲ့ စစ်ကြောင်းက ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ အဖမ်းခံရသူတွေထဲမှာ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး သုံးဦးပါဝင်ပါတယ်။ အခြေအနေအသေးစိတ်ကို သိရဖို့ ဒေသခံတွေနဲ့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကို RFA က ဆက်သွယ်ထားပေမဲ့ လတ်တလော ပြန်ဖြေတာမရှိသေးပါဘူး။

ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ထုတ်ပြန်ချက်မှာတော့... “အိုင်ပေါင်းချောင်က ပြည်သူတွေက မရှောင်ကြဘူးလို့ သိရတယ်၊ ကျီစုနဲ့ ကျောက်တိုင်ရွာတွေကို မီးရှို့ပြီး ပြန်ထွက်လာမှ အိုင်ပေါင်းချောင်က ပြည်သူတွေဖမ်းသွားတာ၊ အမျိုးသား ၃၄ ဦးနဲ့ အမျိုးသမီး သုံးဦး၊ စုစုပေါင်း ၃၇ ဦး လို့ပြောတယ်၊ ဘယ်သူဘယ်ဝါ အတိအကျတော့ မသိရသေးဘူး၊ မီးရှို့ရုံမကဘူး Drone နဲ့ ဗုံးသီးတွေပါ ချတော့ ကျွန်မတို့တော့ ရွာထဲမနေရဲဘူး အကုန်ရှောင်ကြတာ” ဆိုတဲ့ ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

အဖမ်းခံရတဲ့ အရပ်သားတွေကို ကာဘိုးတိုက်နယ်မှာရှိတဲ့ ပျူစောထီးအထိုင်စခန်းကနေ တဆင့် ကန့်ဘလူမြို့ပေါ်က တင့်ကားတပ်ရင်း တကရ - ၆၀၀၆ တပ်ကို ခေါ်သွားတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အောက်တိုဘာ ၃၀ ရက်နေ့မှာပဲ အဲဒီစစ်ကြောင်းဟာ ကျီစုရွာနဲ့ ကျောက်တိုင်ရွာကို ဝင်ရောက်မီးရှို့ခဲ့ပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။ ကျီစုရွာမှာ အိမ်ခြေ ၉၀၀ နီးပါးရှိပြီး ဒါဟာ သုံးကြိမ်မြောက် မီးရှို့ခံရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာမှာတော့ နေအိမ် ၆၆၆ လုံးနဲ့ ဗလီတစ်လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ ကျောက်တိုင်ရွာမှာလည်း ပထမတစ်ကြိမ်က နေအိမ် ၁၇၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
------------
RFA Burmese Website တွင် ဖတ်ရှုရန် ....

#စစ်ကိုင်း #အရပ်သား #ဖမ်းဆီး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

ဖာပွန်က စစ်ကောင်စီစခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ
~~~
■ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးက ခေါပုတ်ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ အောက်တိုဘာလ ၃၀ ရက်နေ့က သိမ်းယူလိုက်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ ခေါပုတ်စခန်းကို သိမ်းယူနိုင်ခဲ့တဲ့အကြောင်း စခန်းသိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တွေထဲက ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တာဝန်ခံ မောင်ဆောင်းခက သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ဦး သေဆုံးပြီး သုံ့ပန်း ခြောက်ဦး ဖမ်းမိထားတယ်လို့လည်း ဆိုပါတယ်။ အဲဒီစခန်းကို ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး KNLA နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ခိုက်ခဲ့တာပါ။

စခန်းသိမ်းလိုက်တာနဲ့ပတ်သက်ပြီး KNU ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာမရှိသေးတာကြောင့် KNU ပြောရေးဆိုခွင့်ရှိသူတွေကို RFA က စာပို့မေးမြန်းထားပေမဲ့ ပြန်မဖြေသေးပါဘူး။

ထိုင်းမီဒီယာတချို့မှာတော့ KNU တာဝန်ရှိသူတစ်ဦးက ဒီစခန်းသိမ်းနိုင်ခဲ့တာနဲ့ပတ်သက်ပြီး အောက်တိုဘာ ၃၀ ရက်နေ့က အတည်ပြုထားတယ်လို့ ဖော်ပြကြပါတယ်။ ဒီစခန်းဟာ ထိုင်းနိုင်ငံဘက်က မယ်ဟောင်ဆောင်ရဲ့ အနောက်မြောက်ဘက် ၂၁ ကီလိုမီတာ အကျော်မှာ တည်ရှိတဲ့စခန်းဖြစ်တယ်လို့လည်း ထိုင်းမီဒီယာတွေမှာ တွေ့ရပါတယ်။

အောက်တိုဘာလ ၂၇ ရက်နေ့ကထုတ်ပြန်တဲ့ KNU တပ်မဟာ ၅ ရဲ့ မူတြော်သတင်းစဉ်မှာတော့ ခေါပူ(ခေါပုတ်)ကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။

ဒီစခန်းသိမ်းခံရတယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
------------
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဘလယ်ဒိုရွာရှိ စစ်ကောင်စီစခန်းများ သိမ်းပိုက်ထားသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့က တွေ့ရစဥ်။ (Photo : Cobra Column-2 VENOM)
#ဖာပွန် #စခန်းသိမ်း #KNLA #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန် ....

Читать полностью…

RFA Burmese

လက်နက်ကိုင် ပဋိပက္ခ လူထုလိုအပ်ချက် မဖြည့်ဆည်းနိုင်
~~~
■ မြန်မာ့ ပဋိပက္ခက အရှိန်ပိုမြင့်လာ၊ ရာဇဝတ်ကွန်ရက်တွေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေပြီး လူထုက မကြုံစဖူး ထိခိုက်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop က သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်အရေးကော်မတီ အစည်းအဝေးမှာ အင်္ဂါနေ့က ပြောကြားခဲ့တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က Julie Bishop ကို အထူးကိုယ်စားလှယ်အဖြစ် ဧပြီက ခန့်အပ်ပြီးနောက် ကုလသမဂ္ဂမှာ ပထမဆုံး အစီရင်ခံတာလည်း ဖြစ်ပါတယ်။

မြန်မာ့ ပဋိပက္ခမှာ ပါဝင်သူတွေကလည်း နိုင်ရင်နိုင် ရူံးရင်ရူံး အပြီးအပြတ် စိတ်ဓာတ်ကို စွန့်လွှတ်ဖို့လည်း တိုက်တွန်းပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်ရှိနေတဲ့အတွက် ပြည်သူလူထုက လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောကြားပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဆော်သြပါတယ်။

သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဟောင်း Julie Bishop ဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကိုတော့ Julie Bishop က မပြောပါဘူး။
----------------------
RFA Burmese Website တွင် ဖတ်ရှုရန် ....
#ကုလ #ပဋိပက္ခ #Julie Bishop #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

မန္တလေးမှာ ပရဟိတအဖွဲ့ချုပ်ရုံး စီးနင်းခံရပြီး ဥက္ကဋ္ဌနဲ့ အသင်းသားရှစ်ဦး ဖမ်းဆီးခံရ
~~~

■ မန္တလေးမြို့ အောင်မြေသာစံမြို့နယ်မှာရှိတဲ့ ပရဟိတမင်းခေါင် လူမှုကူညီရေးအဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်က အောက်တိုဘာ ၂၆ ရက်နေ့ ညပိုင်းက ဝင်ရောက်စီးနင်းပြီးနောက် အသင်းဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်ရှစ်ဦးကို ဖမ်းဆီးသွားပြီး ဒီနေ့အထိ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ အသင်းနဲ့နီးစပ်သူတွေက ပြောပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မထက်ထက်အိန္ဒြာအောင် တင်ပြပါလိမ့်မယ်။

#မန္တလေး #ဖမ်းဆီး #ပရဟိတ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ငြိမ်းချမ်းရေးဖိတ်ခေါ်ပြီးနောက် လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော်သေဆုံးခဲ့
~~~
■ စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖိတ်ခေါ်တယ်လို့ ကြေညာခဲ့တဲ့ အခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ များလာပါတယ်။ RFA ရဲ့ စာရင်းအရ စက်တင်ဘာလ ၂၆ ရက်နေ့ကနေ အောက်တိုဘာလ ၃၀ ရက်နေ့ ဒီနေ့အထိ တစ်လကျော်အတွင်းမှာတင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၂၆ ဦး သေဆုံးခဲ့ပြီး ၂၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီအကြောင်း မယဉ်မျိုးသူ တင်ပြထားပါတယ်။
---------------

RFA Burmese Website တွင် ဖတ်ရှုရန် .....

#လေကြောင်းတိုက်ခိုက် #သေဆုံး #ငြိမ်းချမ်းရေး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း လုပ်သားရှားပါးမှု ဆိုးရွားလာ
~~~

■ စစ်မှုထမ်းဥပဒေ အသက်ဝင်တဲ့ ၂၀၂၄ ဖေဖော်ဝါရီလနောက်ပိုင်း လူငယ်နဲ့ လူလတ်ပိုင်းတွေဟာ နီးစပ်ရာနိုင်ငံတွေကို ထွက်ခွာကြပါတယ်။ ဒီအကျိုးဆက်ကြောင့်ပဲ မြန်မာနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားရှားပါးမှု ပြဿနာကို ရင်ဆိုင်နေရတယ်လို့ ပြည်တွင်းမှာ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောကြပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် မသဇင်လှိုင် တင်ပြမှာပါ။

#စစ်မှုထမ်းဥပဒေ #လုပ်သားရှားပါးမှု #မြန်မာ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနဲ့ ကြုံနေရ
~~~


#လွတ်လပ်တဲ့အာရှအသံ #rfaburmese #စစ်မှုထမ်းဥပဒေ #ပြည်ပထွက်ခွာမှုများပြား #လုပ်သားရှားပါးမှုဖြစ်လာ

Читать полностью…

RFA Burmese

ဟိုပန်မှာ ဓားပြတိုက်၊ လူသတ်မှုတစ်ခုကို "ဝ" တပ်ဖွဲ့ သေဒဏ်စီရင်
~~~
■ UWSA "၀" တပ်ဖွဲ့ထိန်းချုပ်ထားတဲ့ ဟိုပန်မြို့က Moon Sun စတိုးဆိုင် ဓားပြတိုက်ခံရမှုမှာ ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သူ အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၃၀ ရက်နေ့ မနက်မှာ သေဒဏ်စီရင်လိုက်တယ်လို့ "ဝ" တပ်ဖွဲ့ ဆက်ဆံရေးရုံး တာဝန်ရှိသူ ဦးညီရမ်းက ပြောပါတယ်။

"သေဒဏ်စီရင်ချက် ချတာမှန်ပါတယ်။ ကျွန်တော်တို့ “ဝ” ပြည်မှာ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအတွက် နှစ်စဉ်လူထုရှေ့မှောက်မှာ ပွင့်လင်းမြင်သာမှုတစ်ခုကို "ဝ" ပြည် တရားဥပဒေနဲ့အညီ လုပ်ဆောင်တာ ဖြစ်ပါတယ်"

သေဒဏ်ပေးမဲ့သူကို "ဝ" တပ်ဖွဲ့က မြို့တွင်းမှာ လှည့်လည်ပြသခဲ့ပြီး သေဒဏ်စီရင်တဲ့ ယဉ်ကျေးမှုကွင်းနေရာမှာလည်း မြို့ခံတွေကို လာရောက်ကြည့်ရှုစေခဲ့တယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ နောက်ထပ် မုဒိန်းမှုတစ်ခုအတွက် ဖမ်းဆီးထားသူ ခြောက်ဦးကိုတော့ တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ အသီးသီးချမှတ်ခဲ့တယ်လို့ "ဝ" တပ်ဖွဲ့က ပြောပါတယ်။ အဲဒီအမှုမှာ ဦးဆောင်ပါဝင်သူတစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခဲ့ပြီး ကျန်ငါးဦးကို ထောင် ၁၅ နှစ်စီချမှတ်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့ကဖြစ်ခဲ့တဲ့ စတိုးဆိုင်ဓားပြတိုက်မှုမှာ ၈ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့သလို မိသားစုဝင်သုံးဦး ဒဏ်ရာရခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်မှာပါ လူသိများခဲ့တဲ့အမှု ဖြစ်ပါတယ်။

ဟိုပန်နဲ့ ပန်လုံမြို့တွေကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ UWSA "ဝ" တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် ဟိုပန်၊ နမ့်တစ်၊ နာဝီး၊ ပန်လုံမြို့ လေးခုပေါင်းပြီး ဟိုပန်ခရိုင်အဖြစ် ပြောင်းလဲခဲ့ကာ အုပ်ချုပ်ရေးစနစ်တွေကိုပါ ပြောင်းခဲ့တာပါ။

အဲဒီနောက်ပိုင်း ဟိုပန်မြို့မှာ အခုလို သေဒဏ်စီရင်တာ ပထမဆုံးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့မှာ ကိုးကန့်တပ်မတော် (MNDAA) ရဲ့ ခရိုင်မှူးအဆင့်ရှိသူ တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် သုံးဦးကို လူသတ် ပြန်ပေးဆွဲမှုတွေမှာ ပါဝင်တယ်ဆိုပြီး MNDAA က လူမြင်ကွင်းမှာ သေဒဏ်ပေးခဲ့ပြီး အဲဒီတုန်းကတော့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ၁၈၆၁ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ လူမြင်ကွင်းမှာ သေဒဏ်စီရင်တဲ့ဥပဒေကို ဖျက်သိမ်းထားပြီးသားဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။
---------------

UWSA "၀" တပ်ဖွဲ့ ပြစ်ဒဏ်စီရင်ခဲ့သူများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် တွေ့ရစဉ်။ (Photo: WNL News)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#ဟိုပန် #ဓားပြတိုက် #လူသတ် #သေဒဏ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

ဒေါ်နယ်ထရမ့်လက်ထက် မြန်မာဒုက္ခသည်တွေခေါ်ယူမယ့်အစီအစဉ် ပယ်ဖျက်နိုင်ဖွယ်ရှိကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူပြော
~~~
■ ၄၇ ဦးမြောက် အမေရိကန် သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ ဒေါ်နယ်ထရမ့် ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ ထိုင်းနိုင်ငံက မြန်မာဒုက္ခသည်တွေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ခွင့်အစီအစဉ်ကို ပယ်ဖျက်နိုင်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးက ထိုင်း The Nation သတင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ သမ္မတလောင်း ရှုံးနိမ့်သွားတဲ့နောက်၊ အနိုင်ရသွားတဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်ဟာ လူ့အခွင်အရေးကိစ္စကို ဦးစားပေးမှာ မဟုတ်ဘဲ မြန်မာဒုက္ခသည်တွေ ရွှေ့ပြောင်းနေထိုင်ခွင့်ပြုဖို့ ကိစ္စကို ဖျက်သိမ်းဖွယ်ရှိတယ်လို့ အာရှ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အကြံပေးအဖွဲ့က ညွှန်ကြားရေးမှူး Phil Robertson က The Nation သတင်းစာကို ပြောလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက ဒုက္ခသည် စခန်းတွေမှာ မြန်မာဒုက္ခသည် ခြောက်သောင်းလောက် ရှိနေပြီး၊ ဒီ ဒုက္ခသည်တွေကို အမေရိကန်နဲ့ အခြား တတိယ နိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ခွင့်ပေးပြီးရင် ဒုက္ခသည် စခန်းတွေကို ပိတ်သိမ်းဖို့ ထိုင်းအစိုးရနဲ့ လက်ရှိ ဒီမိုကရက်ပါတီ ဦးဆောင်တဲ့ အမေရိကန် အစိုးရတို့ သဘောတူထားခဲ့တာဖြစ်တယ်လို့ သတင်းက ဖော်ပြပါတယ်။

ဒေါ်နယ်ထရမ့် လက်ထက်မှာ နိုင်ငံခြားက တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတဲ့ မူဝါဒကို အကောင်အထည်ဖော်လိမ့်မယ်လို့လည်း Phil Robertson က ပြောဆိုလိုက်ပြီး၊ ဒီလုပ်ရပ်ကြောင့် အမေရိကန် ဈေးကွက်ကို အဓိကထား တင်ပို့နေတဲ့ ထိုင်းပို့ကုန် လုပ်ငန်းကဏ္ဍကို ထိခိုက်လာနိုင်တယ်လို့လည်း သတိပေးပြောကြားလိုက်ပါတယ်။

ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ ရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးစဉ်က ပြောခဲ့တဲ့အတိုင်း အမေရိကန်နိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ပေမဲ့နိုင်ငံသား မဟုတ်တဲ့သူတွေကို ဖမ်းဆီးပြီး ပြန်ပို့မယ့် အစီအစဉ်မျိုးကို အမှန်တကယ် အကောင်အထည်ဖော်ရင် အမေရိကန် နိုင်ငံမှာ အကျပ်အတည်း ပေါ်ပေါက်လာနိုင်တယ်လို့လည်း Phil Robertson က ပြောပါတယ်။
____
၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲအသာရနေသည့် ဒေါ်နယ်ထရမ့်အား နိုဝင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။ (Photo : KAMIL KRZACZYNSKI / AFP)
#ဒေါ်နယ်ထရမ့် #ဒုက္ခသည် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေ ပိုများလာနိုင်ကြောင်း Save The Children ပြော
~~~
■ အင်ဒိုနီးရှားနိုင်ငံကို ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း လှေနဲ့ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည် ကလေး ၁၇၃ ဦး အပါအဝင် ၃၉၅ ဦးရှိခဲ့ကြောင်း၊ ဒါဟာ ပြီးခဲ့တဲ့နှစ် အလားတူ ကာလက ရောက်လာတဲ့ ရိုဟင်ဂျာ ၄၉ ဦးနဲ့ နှိုင်းယှဉ်ရင် ၇၀၀ ရာခိုင်နှုန်းကျော် တိုးလာခဲ့ကြောင်း Save the Children အဖွဲ့က နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

လာမယ့်လတွေအတွင်း မုတ်သုံလေတိုက်နှုန်းကျဆင်းပြီး ပင်လယ်ရေငြိမ်သက်လာတာနဲ့အမျှ လှေစီးဒုက္ခသည်တွေ စံချိန်တင် မြင့်တက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလအတွင်း လှေသုံးစင်းရောက်ရှိလာခဲ့ပြီး အောက်တိုဘာ ၃၁ ရက်နေ့က အာချေးမြို့ကိုရောက်လာတဲ့ နောက်ဆုံးရောက်လာတဲ့ လှေမှာ ကလေး ခုနှစ်ဦး အပါအဝင် ရိုဟင်ဂျာ ၉၀ ဦး လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေ လှေနဲ့ထွက်ခွာလာတဲ့အကြောင်းရင်းထဲက တစ်ခုက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားက ဒုက္ခသည်စခန်းတွေမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာကြောင့်လို့ ဆိုပါတယ်။ Save the Children က အခုနှစ်အစောပိုင်းက ဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာ သူတို့က ပြန်ပေးဆွဲမှုနဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ကလေးစုဆောင်းမှုတွေကို ကြောက်ရွံ့နေကြကြောင်း ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်း အစိုးရတွေအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်လှေတွေကို ဘေးကင်းစွာ ဆိုက်ကပ်ခွင့်ပေးဖို့ လိုအပ်တယ်လို့ အဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အာရှဌာနမှူး Sultana Begum က ပြောပါတယ်။
____
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တောင်ပိုင်း ကမ်းခြေအနီး ရိုဟင်ဂျာများ လိုက်ပါလာသည့် လှေတစ်စင်း ဆိုက်ကပ်လာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
#ရိုဟင်ဂျာ #ဒုက္ခသည် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ထန်တလန်တိုက်ပွဲမှာ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံး
~~~
■ ချင်းပြည်နယ် ထန်တလန်မြို့မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီတပ်နဲ့ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေမှာ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၈ ရက်နေ့ထိ တစ်ပတ်အတွင်း စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ထန်တလန်မြို့ NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ နိုဝင်ဘာလ ၄ ရက်နေ့မှာ သွားရောက်တိုက်ခိုက်ရာမှာ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီး သေဆုံးခဲ့တာတာလို့ ချင်းအမျိုးသားတပ်မတော် (CAN) တပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“သိပ်မကြာသေးဘူး ဟားခါးကနေ ထန်တလန်ကို စစ်ကူလာတဲ့ ဒုတိယဗိုလ်မှူးကြီးပေါ့၊ ထန်တလန် NLD ရုံးမှာ ကျွန်တော်တို့ဘက်က လက်ဖြောင့်စနိုက်ဘာသမား ပစ်လိုက်တာပေါ့ သေဆုံးသွားတယ်၊ နာမည်နဲ့ အသက်အရွယ်တော့ မသိရသေးဘူး။ နိုဝင်ဘာ ပထမပတ်အတွင်း အနီးကပ်တိုက်ပွဲအတွင်းမှာလည်း သူတို့ဘက်က ၁၀ ဦးထက်မနည်း သေဆုံးခဲ့တာရှိပါတယ်”

စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအပါအဝင် တပ်ဖွဲဝင် ဆယ်ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာမရှိသေးသလို RFA အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်တာတွေရှိခဲ့ပေမဲ့ ဒီတလော တိုက်ပွဲတွေမှာ သေဆုံးတာ မရှိခဲ့ဘူးလို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ဟားခါးမြို့ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်အင်အား နှစ်ရာကျော်ဟာ ထန်တလန်မြို့တွင်းမှာ တပ်ဖြန့်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ CDF ဟားခါးအဖွဲ့ရဲ့ ပြောခွင့်ရသူက RFA ကို ပြောထားပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

အောက်တိုဘာ ၂၈ ရက်နေ့ကလည်း ဟားခါးမြို့နဲ့ တစ်မိုင်ခန့်ဝေးတဲ့ ကိမ်တန် (Kiamtlan) စခန်းကို ချင်းပြည်ကောင်စီ ပူးပေါင်းတပ် သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဗိုလ်မှူးအဆင့်တစ်ဦး အပါအဝင် စစ်သုံ့ပန်းလေးဦးကို ဖမ်းဆီးထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့က စတင်တဲ့ ထန်တလန် မြို့သိမ်းတိုက်ပွဲဟာ အချိန် သုံးလကျော်လာပြီး ထန်တလန်မြို့ပေါ်နဲ့ ဟားခါး-ထန်တလန်ကြားက စစ်ကောင်စီ တပ်စခန်းတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

ဒီတိုက်ပွဲတွေအတွင်း ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က CDF ထန်တလန် စစ်ဦးစီးချုပ် အပါအဝင် ခြောက်ဆယ်ခန့် သေဆုံးခဲ့တယ်လို့ CDF ဟားခါးအဖွဲ့က နိုဝင်ဘာလ ၃ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။
___
ထန်တလန်မြို့တွင် ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့ကို ၂၀၂၄ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ (Photo : Citizen Photo)
#ချင်း #ထန်တလန် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ကျွန်းလှမှာ စစ်ကြောင်းထိုးချိန် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံရပြီး သုံးဦးဖမ်းဆီးခံရ
~~~
■ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဘအင်းသရက်တောရွာကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ဝင်ရောက်မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ အရပ်သား နှစ်ဦးကို သတ်ဖြတ်ခဲ့သလို သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အသတ်ခံရတဲ့ အမျိုးသား နှစ်ဦးနဲ့ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်တဲ့ အချက်အလက်အသေးစိတ်ကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိရသေးဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းဝင်မီးရှို့ပြီး ဖမ်းဆီးခံရတဲ့ ငါးယောက်ထဲ မိန်းကလေးတွေပါတယ်ပြောတယ်၊ အဲဒီထဲက နှစ်ယောက် အသတ်ခံရတယ်ပြောတယ်၊ အသတ်ခံရတာ အမျိုးသားနှစ်ဦးလို့ အတည်ပြုတယ်၊ ဘယ်သူဘယ်ဝါလဲတော့ အသက်အရွယ်အတိအကျတော့ မသိသေးဘူး၊ မီးရှို့ခံရတဲ့ အိမ်ခြေလည်း အတိကျမသိရသေးဘူး”

ကန့်ဘလူမြို့နယ် တင့်ကားတပ်ရင်း တကရ (၆၀၀၆) တပ်ရင်းက စစ်ကြောင်းနဲ့ ပေကုန်းရွာမှာရှိတဲ့ ပျူစောထီးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အင်အား ၁၂၀ လောက်ပါတဲ့ စစ်ကြောင်းက ကံပေါက်ရွာကနေတဆင့် ဘအင်းသရက်တောရွာကို စစ်ကြောင်းထိုးလာတာလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ညနေ ၅ နာရီလောက်မှာ ဖမ်းဆီးထားသူ သုံးဦးကိုခေါ်သွားပြီး ကျွန်းလှမြို့ကို ပြန်ထွက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ အမျိုးသမီးတစ်ဦးကတော့ “စစ်ကြောင်းဝင်လာတာ မနက် ၉ နာရီလောက် ထင်တာပဲ၊ ဘယ်သူမှ မသိလိုက်ဘူး၊ အသံကြားမှ ကိုယ်လွတ်ပြေးရတာ၊ အသတ်ခံရတာ ဘယ်သူ့သားသမီးတွေလဲ မသိသေးဘူး၊ ရွာက မနှစ်ကလဲ မီးရှို့ခံထားရတာ တစ်ရွာလုံးနီးနီးပဲ၊ အခုထပ်ရှို့တာနဲ့ဆို ပြန်ဆောက်တာလေးတွေရော အကုန်ရှို့ခံရပြီထင်ပါတယ်”

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကလည်း ဘအင်းသရက်တောရွာကို စစ်ကြောင်းဝင်ရောက်ပြီး နေအိမ် သုံးဆယ်ကျော် မီးရှို့သွားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်နေ့ကနေ နိုဝင်ဘာလ ၅ ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ပိုင်းက ရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး လူပေါင်းတစ်ရာကျော်ကို ဖမ်းဆီးခဲ့သလို နေအိမ် ရှစ်ရာခန့်ကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက RFA ကို ပြောထားပါတယ်။
_____
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့)
#ကျွန်းလှ #သတ်ဖြတ်ခံရ #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ထိုင်းမှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ အချက်အလက် စကောက်

#ထိုင်း #ရွှေ့ပြောင်းနေထိုင်သူ #စာရင်းကောက် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

မနက်ခင်းသတင်း (၂၀၂၄ အောက်တိုဘာ ၃၁ ရက်)
~~~
- လက်နက်ကိုင် ပဋိပက္ခ လူထုလိုအပ်ချက် မဖြည့်ဆည်းနိုင်၊

- ဟားခါးမြို့နားက စစ်ကောင်စီစခန်း ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်၊

- ဖာပွန်က စစ်ကောင်စီစခန်း KNLA ပူးပေါင်းတပ်တွေ သိမ်း၊

- ဘုတလင်က အရပ်သား ၈၀ ကျော် စစ်ကောင်စီ ဖမ်းဆီး၊

- ရိုဟင်ဂျာကလေးတွေ ကျောင်းတက်ခွင့်ရရေး အိန္ဒိယတရားရုံးပယ်ချ၊

- မြန်မာမှာ လူကုန်ကူးခံရသူတွေ ကယ်တင်ဖို့ ထိုင်းရဲတပ်ဖွဲ့ ကြိုးပမ်း၊
____________

#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်သူ ဖမ်းဆီးခံထားရ
~~~
■ မြန်မာရုပ်ရှင်ဇာတ်ကားကို ဝေဖန်ရေးသားခဲ့တဲ့ ကိုရှိုင်းထက်အောင်(ခ) ဗွီးထက်ကူးမားကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာကနေ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်မှာ နေထိုင်တဲ့ "Her Sal Yon (Ko King)" ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင် ကိုရှိုင်းထက်အောင်(ခ)ဗွီးထက်ကူးမားကို လှိုင်မြို့မ ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းပြီး အမှုဖွင့်အရေးယူထားတယ်လို့ အောက်တိုဘာလ ၃၀ ရက်နေ့ ညမှာ စစ်ကောင်စီက သတင်းထုတ်ပြန်လိုက်တာပါ။

အောက်တိုဘာလ ၂၄ ရက်နေ့မှာ "Her Sal Yon (Ko King)" ဖေ့ဘွတ်စ်စာမျက်နှာကတဆင့် "ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ဟာ ဟိန္ဒူရိုးရာယဥ်ကျေးမှုကို လှောင်ပြောင်ရာရောက်တယ်ဆိုပြီး ဝေဖန်ခဲ့တာပါ။ အဲဒီနောက် အောက်တိုဘာလ ၂၆ ရက်နေ့ ညနေကစပြီး အဆက်အသွယ်ပြတ်သွားတာကြောင့် မိသားစုက သူ့ကို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။

မိသားစုဝင်တွေက ကိုဟာဆယ်ရွန် အဖမ်းခံရတာကို မသိသေးဘဲ လှိုင်မြို့နယ်နဲ့ မရမ်းကုန်းမြို့နယ် ရဲစခန်းတွေမှာ လူပျောက်တိုင်ကြားထားတာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ဘာမှကို မသိရတာပါ၊ ရဲတွေနဲ့လူရှာတယ်။ စခန်းတွေ ရှာတယ် ဆေးရုံတွေရှာတယ် လူရော သတင်းရော မရသေးတာပါ။ မတရားခံရတာလို့ဘဲ ပြောချင်ပါတယ်။ ဒီနိုင်ငံမှာ လူတိုင်းနီးပါး အာဏာရှင်ကိုမကြိုက်ကြတာပါ လော်ဘီတွေနဲ့ဘက်တော်သားတွေသာ ကြိုက်ကြတာပါ”

ကိုဟာဆယ်ရွန်ဟာ မရမ်းကုန်းမြို့နယ် ခဝဲခြံမျက်မမြင်ကျောင်းမှာ အသံအလှူအတွက် စာအုပ်ဖတ်ဖို့ အောက်တိုဘာလ ၂၆ ရက်နေ့က အိမ်ကနေ ထွက်သွားပြီးနောက် မိသားစုနဲ့အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတာပါ။

"ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီး" ရုပ်ရှင်ဇာတ်ကားက ဟိန္ဒူရိုးရာယဉ်ကျေးမှုကိုထိခိုက်စေတယ်ဆိုတဲ့ ကိုရှိုင်းထက်အောင်ရဲ့ ဝေဖန်ချက်ဟာ အွန်လိုင်းအသုံးပြုသူတွေကြားမှာ အတော်လေး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီ ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးအရေးယူထားတဲ့အကြောင်းရင်း အသေးစိတ်ကို မဖော်ပြထားပါဘူး။
---------------------
#ဖမ်းဆီး #ဝေဖန် #ရုပ်ရှင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန် ....

Читать полностью…

RFA Burmese

အဖမ်းခံရပြီးနောက် သတ်ဖြတ်ခံရသူ နှစ်ထောင်နီးပါးရှိလာ
~~~
■ စစ်တပ်အာဏာစသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရတဲ့ အရပ်သား နှစ်ထောင်နီးပါး ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန်လိုက်ပါတယ်။

AAPP စာရင်းတွေအရ ၂၀၂၁ ခုနှစ်မှာ (၃၂၄) ဦး၊ ၂၀၂၂ ခုနှစ်မှာ (၆၃၂) ဦး၊ ၂၀၂၃ ခုနှစ်မှာ (၆၁၂) ဦးနဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလ ၃၀ ရက်နေ့အထိ (၃၇၅) ဦး၊ စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁,၉၄၃ ဦး) ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ စစ်ကိုင်းတိုင်းက တစ်ထောင်နီးပါး (၉၉၈ ဦး) နဲ့ သေဆုံးမှု အများဆုံး ဒေသဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၆ ရက်နေ့ကပဲ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မကွေးတိုင်း၊ ထီးလင်းမြို့နယ် ကျားခဲကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံအမျိုးသား လေးဦးကို ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ AAPP ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ ခြောက်ထောင်ခန့် (၅,၉၀၁ ဦး) ရှိလာပြီဖြစ်ပြီး၊ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံထားရသူ နှစ်သောင်းကျော်(၂၁,၀၆၄ ဦး) ရှိပါတယ်။
------------
#ဖမ်းဆီး #သေဆုံး #AAPP #လွတ်လပ်တဲ့အာရှအသံ #rfaburmese
RFA Burmese Website တွင် ဖတ်ရှုရန် ....

Читать полностью…

RFA Burmese

ရိုဟင်ဂျာကလေးတွေ ကျောင်းတက်ခွင့်ရရေး အိန္ဒိယတရားရုံးပယ်ချ
~~~
■ ဒေသတွင်းကျောင်းတွေမှာ ရိုဟင်ဂျာကလေးတွေ ကျောင်းတက်ခွင့်ပေးဖို့ မေတ္တာရပ်ခံချက် ကြားနာရေးကို အိန္ဒိယနိုင်ငံ နယူးဒေလီ တရားရုံးချုပ်က ပယ်ချလိုက်တယ်လို့ Asia News က အောက်တိုဘာ ၃၀ ရက်နေ့က ဖော်ပြပါတယ်။

ဒုက္ခသည်တွေဖြစ်တဲ့အတွက် မှတ်ပုံတင်နံပါတ်မရှိဘဲ ဇီဝကိုယ်ရေး မှတ်တမ်းစနစ်ကလည်း အိန္ဒိယ နိုင်ငံသားတွေအတွက်ပဲ ထားရှိတာလို့ ပြောပါတယ်။

အဖွဲ့ဝင်နှစ်ယောက်ရုံးထိုင်တဲ့ တရားရုံးက အင်္ဂါနေ့က ပယ်ချတာဖြစ်ပြီး နိုင်ငံတကာရေးရာကိစ္စ ဖြစ်တဲ့အတွက် ဗဟိုအစိုးရရဲ့ တရားစီရင်ရေးနဲ့ သက်ဆိုင်တာကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ကိုင်တွယ်သင့်တယ်လို့ ပြောပါတယ်။

Social Jurist ဆိုတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့က အိန္ဒိယကသတ်မှတ်ထားတဲ့ မှတ်ပုံတင် နံပါတ် မရှိတဲ့ ရိုဟင်ဂျာကလေး ၁၇ ယောက်က ကျောင်းတက်ခွင့်ရအောင် လျှောက်ထားတဲ့ အမှုဖြစ်ပါတယ်။
------------
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရောက် ရိုဟင်ဂျာဒုက္ခသည် ကလေးတစ်ဦးကို ၂၀၂၄ ခုနှစ် မတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ (PHOTO : REUTERS)
#ရိုဟင်ဂျာ #အိန္ဒိယ #ပညာသင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

မန္တလေးက လူမှုကူညီရေးအဖွဲ့ကို စစ်ကောင်စီ ဖမ်းဆီး
~~~

#လွတ်လပ်တဲ့အာရှအသံ #rfaburmese #မန္တလေး #လူမှုကူညီရေးအဖွဲ့ #ဖမ်းဆီးခံရ

Читать полностью…

RFA Burmese

လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံးမှု တိုးလာ

#လွတ်လပ်တဲ့အာရှအသံ #rfaburmese #လေကြောင်းတိုက်ခိုက်မှု #အရပ်သားသေဆုံးမှုများပြား #စစ်ကောင်စီ

Читать полностью…

RFA Burmese

တရုတ်နိုင်ငံရဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ဖို့ NUG တိုက်တွန်း
~~~
■ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်နဲ့ ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ ဖိတ်ခေါ်မှုအပေါ် ပြန်လည်သုံးသပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အောက်တိုဘာလ ၃၀ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်နေတဲ့ “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း (Press Briefing) အစီအစဉ်” မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လာမဲ့ နိုဝင်ဘာလမှာ စစ်ခေါင်းဆောင်အနေနဲ့ တရုတ်နိုင်ငံကို သွားရောက်မဲ့သတင်းတွေ ထွက်ပေါ်နေပြီး ဒီခရီးစဉ်ဟာ မှန်ကန်ပါက တရုတ်နိုင်ငံအနေနဲ့ ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ NUG သမ္မတရုံးရဲ့ ပြောခွင့်ရသူ ဦးကျော်ဇော်က ပြောပါတယ်။

“တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပတဲ့ မဲခေါင်အစည်းအဝေးတက်ဖို့ တရုတ်ကို စစ်ခေါင်းဆောင်သွားမယ်လို့ သတင်းတွေ ထွက်နေတယ်။ တရုတ်နိုင်ငံဟာ အင်အားကြီး အိမ်နီးချင်းကောင်းတစ်ဦးလို့ ကျွန်တော်တို့ သဘောထားရှိပါတယ်။ တစ်ချိန်တည်းမှာ မင်းအောင်လှိုင်ကို တရုတ်နိုင်ငံလာဖို့ ဖိတ်ကြားတယ်ဆိုတာ ကြားသိရတာ ကျွန်တော်တို့အနေနဲ့ စိတ်မကောင်းသလို စိုးရိမ်ပူပန်မိတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ၊ မတည်မငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ လူသတ် အကြမ်းဖက်နေတဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာ မှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်တယ်လို့ ထင်မိပါတယ်”

တရုတ်အစိုးရအနေနဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်မယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့ အထင်အမြင် လွဲမှားမှုတွေကို လှုံ့ဆော်ပေးရာရောက်နိုင်ကြောင်းနဲ့ မြန်မာပြည်သူလူထုရဲ့ အမုန်းပွားမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အပေါ် စိုးရိမ်တယ်လို့ သူက ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့သဘောထားကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ အတိအလင်းပြောဆိုထားသလို အိမ်နီးချင်းကောင်းပီသစွာ ရပ်တည်ဖို့ တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာ ရှိတယ်ဆိုတဲ့ မူဝါဒအတိုင်း ရပ်တည်နေတယ်လို့ ပြောပါတယ်။

ဒီတိုက်တွန်းချက်နဲ့ပတ်သက်လို့ သဘောထားကို သိနိုင်ဖို့ ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကနေ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့ ညနေ ၅ နာရီလောက်အထိ တစ်စုံတစ်ရာ တုံ့ပြန်လာတာ မရှိပါဘူး။
---------------

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနား တက်ရောက်လာသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး မစ္စတာရှန်ဟိုင်းအား တွေ့ရစဉ်။ (Photo: Myanmar Military)

RFA Burmese Website တွင် ဖတ်ရှုရန် .....

#တရုတ် #စစ်ခေါင်းဆောင် #NUG #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

ကြို့ပင်ကောက်မှာ မိဘမဲ့ကျောင်း စီးနင်းခံရပြီး ကလေးတွေ အပါအဝင် လူလေးဆယ်ခန့် ဖမ်းဆီးခံရ
~~~

■ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာက မိဘမဲ့ ပရဟိတကျောင်းကို စစ်ကောင်စီတပ်စစ်ကြောင်းက အောက်တိုဘာ ၂၉ ရက်နေ့ မနက် ဆယ်နာရီခန့်မှာ ဝင်ရောက်စီးနင်း တပ်စွဲလိုက်ပြီးနောက် မိဘမဲ့ကလေးတွေ အပါအဝင် ကူညီလုပ်ကိုင်ပေးနေသူ စုစုပေါင်းလေးဆယ်ခန့်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သား အင်အား ၁၅၀ ခန့်က သင်္ခရိုင်ရွာကိုဝင်ရောက်ချိန် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီနောက်မှာ အဲဒီကျောင်းကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာလို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF အဖွဲ့က တပ်ခွဲမှူး ကိုတေဇမင်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ဖမ်းဆီးထားတာ ကြားသိရတာတော့ ကိုးတန်း၊ ဆယ်တန်းအရွယ် ကလေးတွေနဲ့ အဲဒီကျောင်းမှာ ဝေယျာဝစ္စလုပ်ပေးနေတဲ့ အမျိုးသမီး ဆယ်ဦးလောက်ရှိတယ်ဗျ။ အသက်အရွယ်ကြီးတဲ့ ကလေးအယောက် သုံးလေးဆယ်လောက် ဖမ်းထားတယ်လို့ သိရတယ်”

ဒီနေ့မနက်မှာတော့ စစ်ကောင်စီတပ်သားတချို့က ပြန်ထွက်ခွာသွားပေမဲ့ အင်အားခုနစ်ဆယ်ခန့်က ကျောင်းထဲမှာ ဆက်လက် တပ်ဆွဲနေပြီး ကလေးတွေနဲ့ ဒေသခံတွေကို ကျောင်းထဲမှာဘဲ ဖမ်းဆီးထားတယ်လို့ သူက ပြောပါတယ်။

ဒီအပြင် သင်္ခရိုင်ရွာကိုမဝင်ရောက်ခင် စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်လာသူ ဒေသခံတချို့ကိုလည်း အဲဒီကျောင်းထဲမှာ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

ကြို့ပင်ကောက်မြို့နဲ့ ၁၅ မိုင်ခန့်ဝေးတဲ့ အဲဒီပရဟိတကျောင်းမှာ မိဘမဲ့ကလေး နှစ်ရာခန့်ရှိပြီး ဘုန်းတော်ကြီးနဲ့ ရပ်ရွာက ကျွေးမွေးစောင့်ရှောက်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီကျောင်းကိုစီးနင်းစဥ် ပြန်လွှတ်ပေးလိုက်တဲ့ အသက်အရွယ်ငယ်တဲ့ ကလေးတွေကိုတော့ ဒေသခံတွေက စောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က သင်္ခရိုင်ရွာ အပါအဝင် သခွပ်ပင်၊ ရုံးချောင်း၊ အင်တိုင်း၊ အေးရွာလေးနဲ့ ဥယျာဥ်စုရွာတွေကို PDF အဖွဲ့တွေရှိတယ်ဆိုတဲ့ ယူဆချက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် အဲဒီရွာတွေက ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သတ်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။

အောက်တိုဘာ ၂၄ ရက်နေ့ထဲကနေ ဒီနေ့အထိ စစ်ကောင်စီတပ် စစ်ကြောင်းနှစ်ခုက ကြိုပင်ကောက်နဲ့ အုတ်ဖိုမြို့နယ်ထဲက ပဲခူးရိုးမအစပ် ဒေသတွေကို စစ်ကြောင်းထိုးနေပြီး နေအိမ်တွေ မီးရှို့တာနဲ့ အရပ်သားတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
______
ကြို့ပင်ကောက်မြို့နယ်၊ သင်္ခရိုင်ရွာရှိ မိဘမဲ့ ပရဟိတကျောင်းတွင် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ဦးသုမန သင်္ခရိုင်ပရဟိတကျောင်း ဓာတ်ပုံ)

#ကြို့ပင်ကောက် #သင်္ခရိုင် #မိဘမဲ့ပရဟိတကျောင်း #စစ်ကောင်စီ #စီးနင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

အမ်းတောင်ကြားလမ်းမှာ စစ်ကားတွေကို အရှိုချင်းတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်
~~~
■ မကွေးတိုင်း ငဖဲမြို့နယ်မှာ အမ်း-ပဒါန်းကားလမ်းပိုင်းမှာ ရခိုင်ပြည်နယ် အမ်းမြို့ကနေ ရိက္ခာပို့ပြီးပြန်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို အရှိုချင်းကာကွယ်ရေးတပ် (ACDF) နဲ့ မင်းဘူးခရိုင်တပ်ရင်း (၂) တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ACDF က ထုတ်ပြန်ပါတယ်။

အန်း-ပဒါန်းကားလမ်း စပ်စီရွာအနီးက ဝက်စာကျင်းလမ်းဆုံမှာ အောက်တိုဘာလ ၂၈ ရက် နေ့လယ်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကားနှစ်စီးနဲ့ ဆိုင်ကယ်နှစ်စီး အမ်းတောင်ကြားလမ်း အတိုင်းဆင်းလာတာကို သတင်းအတိအကျရလို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ဆယ်ဦးခန့် သေဆုံးတယ်လို့ ACDF က ပြောပါတယ်။

သေဆုံးထိခိုက်မှု အရေအတွက်နဲ့ ပတ်သက်လို့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ရခိုင်ပြည်နယ် အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနာချုပ်နဲ့ တပ်ရင်းတပ်ဖွဲ့တွေကို အာရက္ခတပ်တော် (AA) က ဝန်းရံပိတ်ဆို့တိုက်ခိုက်နေသလို မဟာမိတ်တပ်ဖွဲ့တွေကလည်း မြေပြင်ကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေကို ဖြတ်တောက်တိုက်ခိုက်မှုတွေ ရှိနေတာပါ။

ဒီအခြေအနေကြောင့် အမ်းမြို့မှာရှိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ လေကြောင်းကနေ ပေးဖို့တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ စစ်ကူအင်အားကိုသာ အဓိက အားကိုးနေရတယ်လို့ ဆိုပါတယ်။

အမ်းမြို့မှာ ဒီနေ့အထိတိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို လက်မလွှတ်ရရေး လေကြောင်းကနေ နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________

အရှိုချင်း ကားကွယ်ရေးတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Asho Chin Defence Force - ACDF Photo)

#မကွေးတိုင်း #ACDF #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

နေ့လယ်ခင်းသတင်း (၂၀၂၄ အောက်တိုဘာ ၃၀ ရက်)
~~~

■ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့
■ မန္တလေး-PDF အချုပ်ခန်း ထပ်မံဗုံးကြဲခံရ၊ ဗိုလ်မှူးတစ်ဦး အပါအဝင် လေးဦး သေ
■ ဟားခါးတိုက်ပွဲမှာ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးကို CNF ဖမ်းမိ
■ ဘုတလင်မှာ အရပ်သား ရှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား
■ မန္တလေးက ပရဟိတမင်းခေါင်ရုံးကို စီးနင်းပြီး အသင်းသားတွေကို ဖမ်းဆီး
■ အာဏာသိမ်းကာလ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူတစ်ရာကျော် သေဆုံး
■ ပေါက်မှာ ဒေသခံ နှစ်ဦး သတ်ဖြတ်ခံရပြီး ၁၇ ဦး ဖမ်းဆီးခံရ
■ မြန်မာနိုင်ငံက လူကုန်ကူးခံရသူတွေကို ကယ်တင်ရေး ထိုင်း စတင်ဆောင်ရွက်

#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…
Subscribe to a channel