rfaburmeseofficial | Unsorted

Telegram-канал rfaburmeseofficial - RFA Burmese

53133

လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။

Subscribe to a channel

RFA Burmese

"ဟဟ ပါပဲ"
~~~
■ ပြင်ပဆောင်းပါးရှင် မောင်သံဒိုး နှစ်ပတ်တစ်ကြိမ် တင်ဆက်နေတဲ့ "ဟဟ ပါပဲ" အစီအစဉ်ပါ။ ဒီတစ်ပတ်မှာတော့ ... “ဘိလပ်မြေစက်ရုံ အလိုရှိသည်”ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြထားပါတယ်။

"ဟဟပါပဲ"အစီအစဉ်ပါ အကြောင်းအရာတွေဟာ ဆောင်းပါးရှင်ရဲ့ မူရင်းအာဘော်သာဖြစ်ပါတယ်။
____________
#ဟဟပါပဲ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

ချင်းဒေသသုံးခုမှာ မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ
~~~

■ ချင်းပြည်နယ် ဖလမ်း၊ မင်းတပ်နဲ့ ထန်တလန်မြို့တွေမှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေး တပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြင်းထန်နေပါတယ်။ လနဲ့ချီပြီး ကြာနေပြီဖြစ်တဲ့ ချင်းပြည်နယ်ထဲက မြို့သိမ်းတိုက်ပွဲ အခြေအနေတွေကို RFA သတင်းထောက် စောဖိုးခွားက တင်ပြထားပါတယ်။

#ချင်းပြည်နယ် #မြို့သိမ်းတိုက်ပွဲ #CNA #CNDF #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ပန်းချီဆရာ ဦးမောင်မောင်လှမြင့်ရဲ့ ပန်းချီလက်ရာတွေ ရန်ကုန်မြို့မှာ ပြသ
~~~

■ ပန်းချီဆရာ ဦးမောင်မောင်လှမြင့်ရဲ့ ပန်းချီကားလက်ရာတွေကို ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းက Padhana Art Space မှာ ပြသနေပါတယ်။

အဲဒီပြပွဲကို နိုဝင်ဘာ ၁၀ ရက်နေ့ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အထိ နေ့စဥ် ပြသမှာဖြစ်ပါတယ်။

ဦးမောင်မောင်လှမြင့် ကို ၁၉၄၆ ခုနှစ်တွင် မွေးဖွားခဲ့ပါတယ်။ ဆရာဟာ ကယ်လီဖိုးနီးယားက တက္ကသိုလ်တစ်ခုမှာ ပန်းချီစာပေးစာယူသင်တန်းတစ်ခုကို ၁၉၆၄ ခုနှစ်မှာ တက်ရောက်ခဲ့ပါတယ်။

၂၀၁၂ ကနေ ၂၀၁၈ ခုနှစ်အထိ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး (ဗဟို) တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

အခုပြပွဲမှာတော့ ပန်းချီအများစုဟာ Landscape ရှုမျှော်ခင်းပုံတွေ ဖြစ်ပြီး ဆီဆေး၊ ရေဆေးကားတွေ ဖြစ်ပါတယ်။
____
ရန်ကုန်မြို့တွင် ပြသနေသည့် ပန်းချီဆရာ ဦးမောင်မောင်လှမြင့်၏ ပန်းချီလက်ရာများအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။ (RFA Photo)

#ရန်ကုန် #ပန်းချီပြပွဲ #ဦးမောင်မောင်လှမြင့် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

ကန့်ဘလူက ရွာသုံးရွာမှာ နေအိမ်တစ်ရာကျော် ထပ်မံမီးရှို့ခံရ
~~~

■ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးက ရွာသုံးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၉ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး မီးရှို့သွားတာကြောင့် နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးပြီး ဒေသခံတွေလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကန့်ဘလူ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကန့်ဘလူမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ၆၀၀၆ တပ်ရင်းက အင်အား တစ်ရာကျော်ရှိတဲ့ စစ်ကြောင်းဟာ နိုဝင်ဘာ လဆန်းပိုင်းကတည်းက မြို့အနီးအနားက ရွာတွေကို စစ်ကြောင်းထိုးနေသလို လူငယ်တွေကို ဖမ်းဆီးပြီး ပြည်သူ့စစ်စုဆောင်းမှုတွေ လုပ်နေတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၉ ရက် မနေ့က သပြေသာရွာအနီးမှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေ ရှိတာကြောင့် သပြေသာ၊ ကျောင်းကုန်းနဲ့ ဖိုကုန်းရွာတွေကို မီးရှို့ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကန့်ဘလူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မီးရှို့ခံရတာတော့ အခု လတ်တလောအနေနဲ့ကတော့ ကျွန်တော်တို့ ကျောင်းကုန်းရယ်၊ ဖိုကုန်းရယ်၊ သပြေသာရယ် သုံးရွာကတော့ မနေ့က မီးရှို့တယ်။ အိမ်ခြေကတော့ သုံးရွာပေါင်းဆိုရင် တစ်ရာကျော်မယ်။ တိမ်းရှောင်နေရတဲ့ ဒေသခံကတော့ တစ်ထောင်ကျော် ရှိတယ်”

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ဇီးကုန်းမြို့အပြင် အနီးအနားက ရွာတွေဖြစ်တဲ့ သပြေသာ၊ ကျောင်းကုန်း၊ ဖိုကုန်း၊ မင်းဘာ၊ သရက်ကန်ကြီး၊ နဂါးပေါ်ရွာက ဒေသခံတွေလည်း နိုဝင်ဘာ ၅ ရက်နေ့ကစပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ ဇီးကုန်းမြို့က အမှတ် (၁) သကြားစက်အတွင်းမှာ အင်အားနှစ်ရာခန့်နဲ့ တပ်စွဲအထိုင်ချတပ်စွဲထားပြီး လူလတ်ပိုင်းနဲ့ လူကြီးပိုင်းအရွယ် ဒေသခံအမျိုးသား ငါးဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၁၀ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့ကလည်း အဲဒီစစ်ကြောင်းဟာ ဇီးကုန်းမြို့ရဲ့ လက်ဆည်ရပ်ကွက်က နေအိမ် ခြောက်ဆယ်ကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၄ ရက်နေ့အထိ ခြောက်ရက်အတွင်း ကျီစု၊ ကျောက်တိုင်နဲ့ ဝက်တိုးရွာတွေက နေအိမ် ရှစ်ရာနီးပါး မီးရှို့ခံခဲ့ရပါတယ်။
______
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အတွင်းရှိ ရွာများ မီးလောင်နေသည့်မြင်ကွင်းအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့က တွေ့ရစဥ်။ (Facebook/ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ ဓာတ်ပုံ)

#ကန့်ဘလူ #နေအိမ်တစ်ရာကျော် #မီးရှို့ခံရ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

တိုက်ပွဲကြောင့် တောင်ကုတ်မြို့က လူနှစ်သောင်းခန့် နေရပ်စွန့်ခွာ
~~~

■ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လာတာကြောင့် လူနှစ်သောင်းခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြပြီလို့ တောင်ကုတ်မြို့ခံတွေက RFA ကို နိုဝင်ဘာလ ၁၀ ရက် ဒီနေ့မှာ ပြောပါတယ်။

သူတို့ဟာ ရမ်းဗြဲမြို့နယ်ဘက်ကို စက်လှေတွေနဲ့ ထွက်ပြေးကြတာရှိသလို တောင်ကုတ်ကနေ ပဲခူးတိုင်းဘက်ကို တောလမ်းတွေကတစ်ဆင့် နေရပ်စွန့်ခွာကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်ကုတ်မြို့ခံ တစ်ဦးကတော့ မြို့ပေါ် လူဦးရေရဲ့ သုံးပုံတစ်ပုံခန့်သာ ကျန်တော့ပြီး နိုဝင်ဘာလ ၁၀ ရက် ဒီနေ့မှာလည်း နေရပ်စွန့်ခွာမှုတွေ ဆက်ပြီးရှိနေတယ်လို့ RFA ကို ပြောပါတယ်။

“ဒီနေ့မနက်လည်း ရမ်းဗြဲဘက်ကို စက်လှေတွေနဲ့ ထွက်နေကြတယ်။ စက်လှေခက ရမ်းဗြဲဘက်ဆို တစ်ယောက်တစ်သိန်း ပေးရတယ်။ တောင်ကုတ်ကနေ ပဲခူးဘက် ခြေလျင်နဲ့ဆို မိသားစုတစ်စုကို လမ်းပြခအဖြစ် ခုနစ်သိန်းလောက် ပေးရတယ်။ မြို့ပေါ်မှာက သွားလာဖို့ ငွေကြေးမတက်နိုင်သူတွေနဲ့ တခြားဒေသမှာ အသိမိတ်ဆွေ မရှိသူတွေလောက်ပဲ ကျန်တော့တာ”
__

#တောင်ကုတ် #စစ်ဘေးဒုက္ခသည်များ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

မနက်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၁၀ ရက်)
~~~
- ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ကြီးနိုင်ကျဉ်းတွေ အသက်အန္တရာယ်စိုးရိမ်ရ၊
- မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရ၊
- တရားမဝင်သက်တမ်းတိုးတဲ့ နိုင်ငံကူးလက်မှတ် စစ်ကောင်စီဖျက်သိမ်းမည်၊
- မင်းတပ်မှာ စစ်ကောင်စီလေကြောင်းလည်းတိုက်၊ မီးလည်းရှို့၊
- မူးယစ်ဆေးစွဲသူ ၃၀၀ ကျော်ကို TNLA ပြုပြင်ပေးခဲ့၊
- စစ်ကောင်စီရွေးကောက်ပွဲ တရုတ်ထောက်ခံမှု ဗြိတိန်ရောက်မြန်မာတွေ ဆန္ဒပြ၊
- ထိုင်း နိုင်ငံသားဖြစ်ခွင့်ဆုံးဖြတ်ချက် လူ့အခွင့်အရေးအဖွဲ့ကြိုဆို၊
____________
#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

စစ်ကောင်စီရွေးကောက်ပွဲ တရုတ်ထောက်ခံတာကို ဗြိတိန်ရောက်မြန်မာတွေ ဆန္ဒပြ
~~~
■ ဗြိတိန်ရောက် မြန်မာတိုင်းရင်းသားတွေ လန်ဒန်မြို့မှာရှိတဲ့ တရုတ်သံရုံးနဲ့ မန်ချက်စတာမြို့က တရုတ်ကောင်စစ်ဝန်ရုံးရှေ့မှာ နိုဝင်ဘာ ၉ ရက်က သွားရောက် ဆန္ဒပြကြပါတယ်။

စစ်ကောင်စီက စီစဉ်နေတဲ့ ရွေးကောက်ပွဲကို တရုတ်အစိုးရက ထောက်ခံအားပေးနေတာကို ကန့်ကွက်ကြပါတယ်။

ဒါတင်မက ERO တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကို ဖိအားပေးပြီး အပစ်ရပ်ခိုင်းနေတာ၊ အထူးသဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ကူမင်းမြို့ကို ဖိတ်ခေါ်ပြီး တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတာတွေဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို မျက်ကွယ်ပြု ဆန့်ကျင်နေတာတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ဆန္ဒပြကြတာပါ။

ဒါ့အပြင် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်လွှတ်ပေးဖို့ စစ်ကောင်စီကို တရုတ်အစိုးရက ဖိအားပေးဖို့၊ စစ်ကောင်စီကို နိုင်ငံရေးအရ အသိအမှတ်မပြုဖို့၊ စစ်ကောင်စီကို လက်နက်နဲ့ လေယာဉ်ဆီမရောင်းချဖို့၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ERO တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စတာတွေတောင်းဆိုတဲ့ အိတ်ဖွင့်ပေးစာကိုလည်း လက်မှတ်ထိုးပေးပါတယ်။

မြန်မာ့ပြည်တွင်းရေးမှာ တရုတ်အစိုးရ ဝင်မစွက်ဖက်ဖို့နဲ့ မြန်မာပြည် အနာဂတ်ကို မြန်မာပြည်သူတွေပဲ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ကြွေးကြော်ဆန္ဒပြကြပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…
#တရုတ် #လန်ဒန် #ဆန္ဒပြ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

တရားမဝင် သက်တမ်းတိုးတဲ့ နိုင်ငံကူးလက်မှတ်တွေကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီ ကြေညာ
~~~
■ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် တရားမဝင် သက်တမ်းတိုးတာတွေ မလုပ်ဖို့နဲ့ အဲဒီနိုင်ငံကူလက်မှတ်ကူးလက်မှတ်တွေကို ဖျက်သိမ်းပြီး အမည်ပျက်စာရင်း သွင်းသွားမယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

တောင်ကိုရီးယားရောက်နေတဲ့ မြန်မာနိုင်ငံသားတချို့ဟာ နိုင်ငံကူးလက်မှတ်တွေကို တရားမဝင် တံဆိပ်တုံးအတုတွေနဲ့ သက်တမ်းတိုးတာတွေ တွေ့နေရတယ်လို့လည်း ဆိုပါတယ်။

ဒီလိုတရားမဝင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူတွေကို အိမ်ရှင် ကိုရီးယားနိုင်ငံရဲ့ တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ကလည်း မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်တာနဲ့ ပတ်သက်ပြီး စည်းကမ်းချိုးဖောက်ရင် မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့ရဲ့ ဥပဒေနဲ့ အရေးယူခံရမယ်လို့လည်း ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကနေ နိုင်ငံကူးလက်မှတ် သက်တမ်းကုန်နေတဲ့ မြန်မာနိုင်ငံသားတွေကို အခွန်အခ ပေးစရာမလိုဘဲ သက်တမ်းတိုးပေးနေတယ်လို့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတချို့က ပြောကြပါတယ်။ တောင်ကိုရီးယားအစိုးရကလည်း NUG ရုံးက ဒီလိုသက်တမ်းတိုးပေးတာကို လက်ခံတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံသားတွေ ပြောဆိုချက်အရ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံသား ခုနစ်သောင်းကျော် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…

#ကိုရီးယား #နိုင်ငံကူးလက်မှတ် #အမည်ပျက် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

နှစ်ရှည်နေရပ်ရွှေ့ပြောင်းသူတွေ ထိုင်းနိုင်ငံသားဖြစ်ခွင့်ဆုံးဖြတ်ချက် လူ့အခွင့်အရေးအဖွဲ့ကြိုဆို
~~~
■ မြန်မာတွေအပါအဝင် နှစ်ရှည်နေရပ်ရွှေ့ပြောင်းသူတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေကို ထိုင်းအစိုးရက နိုင်ငံသားဖြစ်ခွင့်ပေးမယ့် ဆုံးဖြတ်ချက်ကို အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) က ကြိုဆိုလိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းက နိုဝင်ဘာ ၉ ရက်က ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ဒီအခွင့်အရေးကို တလွဲမသုံးအောင်နဲ့ လုပ်ငန်းစဉ်အတွင်း အဂတိလိုက်စားမရှိအောင် အစိုးရက ကြိုတင်ကာကွယ်ဖို့လည်း တိုက်တွန်းပါတယ်။

ဆွစ်ဇလန်နိုင်ငံ ဂျီနီဗာမြို့မှာ ၂၀၁၉ က ကျင်းပတဲ့ ၂၀၂၄ မှာ နိုင်ငံမဲ့သူတွေမရှိစေရေးလှုပ်ရှားမှုမှာ ထိုင်းနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပြီး ထိုင်းမှာ နှစ်ရှည်ရွှေ့ပြောင်းရောက်ရှိနေသူတွေ ဒါမှမဟုတ် ထိုင်းမှာမွေးဖွားသူတွေနဲ့ လူနည်းစုတိုင်းရင်းသား စုစုပေါင်း လေးသိန်းရှစ်သောင်းကျော် (၄၈၃၀၀၀) ကို နိုင်ငံသားဖြစ်ခွင့်ပြုရေးမူဝါဒကို အစိုးရအဖွဲ့က အောက်တိုဘာ ၂၉ ရက်က အတည်ပြုခဲ့ပါတယ်။
________

#ထိုင်း #နိုင်ငံသား #NHRC #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ကြီးနိုင်ကျဉ်းတွေ အသက်အန္တရာယ်စိုးရိမ်ရ
~~~
■ ကွယ်လွန်ခါနီးချိန်မှ ဒေါက်တာဇော်မြင့်မောင်နဲ့ ဦးဝင်းခိုင်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အသက်အရွယ်ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ်စိုးရိမ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် နိုဝင်ဘာလ ၈ ရက် ညက ကွယ်လွန်သွားပြီးနောက် PPNM က အခုလို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

PPNM ကော်မတီဝင် ကိုသိုက်ထွန်းဦးက "ဒါကြောင့်မို ဒီပုံစံအတိုင်းသာ ဆက်နေရမယ်ဆိုရင် လူထုခေါင်းဆောင်အပါအဝင် အသက်အရွယ်ကြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် အသက်အန္တရာယ် အာမခံနိုင်ခြေ၊ ထောင်တွင်းမှာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်မယ်ဆိုတဲ့ အသက်အာမခံ ရှိမနေဘူးလို့ ပြောချင်ပါတယ်၊ ဒါက စိုးရိမ်စရာတစ်ရပ်လို့လည်း ပြောချင်ပါတယ်" လို့ RFA ကို ပြောပါတယ်။

အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဦးဝင်းခိုင်ဟာ ကျန်းမာရေးဆိုးဝါးလာတာကြောင့် အောက်တိုဘာလ ဒုတိယအပတ်လောက်ကစပြီး အိုးဘိုအကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးကုသမှုခံယူခဲ့ရတာပါ။ မန္တလေးဆေးရုံကြီးမှာ ကျန်းမာရေးဆိုးရွားလာပြီး သတိလစ်မေ့မျောနေချိန် အောက်တိုဘာလ ၂၈ ရက်နေ့မှာတော့ စစ်ကောင်စီက ဦးဝင်းခိုင်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဟာ ကျန်းမာရေးအခြေအနေ ဆိုးဝါးပြီး အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတဲ့အချိန်မှသာ လွတ်ငြိမ်းချမ်းသာပေးနေတာဟာ ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရလို့ သေဆုံးတာကို ဖုံးကွယ်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့လည်း PPNM ကဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်တို့ နှစ်ဦးကို ကွယ်လွန်ခါနီးအချိန်မှသာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာဖြစ်ပါတယ်။

PPNM ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်အဲရစ်ကလည်း သူ့ မိခင်ကျန်းမာရေးနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သတင်းမီဒီယာတွေကို ဖြေဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ထောင်တွင်း ဆေးကုသမှု မလုံလောက်တာကြောင့် သေဆုံးရသူ ၆၃ ယောက်အထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အောက်တိုဘာလ ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…

#နိုင်ငံရေးအကျဉ်းသား #ဒေါ်အောင်ဆန်းစုကြည် #အသက်အန္တရာယ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

စစ်ကောင်စီကို ပိတ်ဆို့အရေးယူနိုင်ရေး ILO ကို တင်ပြဖို့စီစဉ်နေ
~~~
■ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ Article 33 အရ စီးပွားရေးကဏ္ဍမှာ အလုံးစုံပိတ်ဆို့ အရေးယူနိုင်ရေးအတွက် ILO ကို တင်ပြဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။

နို၀င်ဘာ ၆ ရက်နေ့က ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်ရဲ့ အုပ်ချုပ်ရေး အစည်းအဝေးမှာ စစ်ကောင်စီဟာ အဓမ္မစစ်မှုထမ်းခိုင်းစေတာ၊ အလုပ်သမား၊ အလုပ်ရှင်နဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ကျူးလွန်နေကြောင်း ILO က အတည်ပြု ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် လာမဲ့ ၂၀၂၅ ခုနှစ်၊ မတ်လမှာ ကျင်းပမဲ့ ILO အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီရဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ကျူးလွန်မှုတွေကို အရေးယူဆောင်ရွက်ဖို့ တင်သွင်းသွားမယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က RFA ကို ပြောပါတယ်။

"အဲဒီ အစည်းအဝေးမှာ စစ်အုပ်စုရဲ့ ဆက်လက်ကျူးလွန်နေတဲ့ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ်မှာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်နဲ့ သူ့ရဲ့ အခြေခံဥပဒေမှာပါတဲ့ အပိုဒ် ၃၃ အရ ဘယ်လိုအရေးယူမလဲဆိုတဲ့ ကိစ္စတွေကို စာရေးပြီး တင်သွင်းမယ်။ ဒီတင်သွင်းဖို့ ဆုံးဖြတ်ချက်ဟာ ၂၀၂၅ မှာ စစ်အုပ်စုအပေါ် ဘယ်လိုအရေးယူမလဲဆိုတဲ့စာကို ပြင်ဆင်ပေးတာဖြစ်တာကြောင့် စစ်အုပ်စုကို အရေးယူဖို့က လုံး၀ယုံကြည်ပါတယ်"

လက်ရှိအချိန်မှာ စစ်ကောင်စီဟာ အလုပ်သမားသမဂ္ဂတွေကို မတရားအသင်း ကြေညာထားပြီး၊ ရာနဲ့ချီတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ထောင်ဒဏ်ချမှတ်တာ၊ သတ်ဖြတ်တာတွေ လုပ်နေတဲ့အပြင်၊ လုပ်ခ၊ လစာတိုးရဖို့ ဆန္ဒပြတောင်းဆိုတဲ့ စက်ရုံ၊ အလုပ်ရုံတွေဆီကို စစ်သားတွေ စေလွှတ်ပြီး ခြိမ်းခြောက်ဖိအားပေးတာတွေ ရှိနေတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အခြေခံအကျဆုံး အရပ်ဘက်ဆိုင်ရာ လူ့အခွင့်အရေးတွေနဲ့ သမဂ္ဂအဖွဲ့အစည်းတွေ တည်ထောင်ခွင့် အခွင့်အရေးတွေကို ကန့်သတ်မှုတွေရှိနေပြီး၊ သူတို့ရဲ့ အကြံပြုချက်တွေကိုလည်း လိုက်နာဆောင်ရွက်ခြင်း မရှိဘူးလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO) က ၂၀၂၄ ခုနှစ် ဇွန်လမှာ ကျင်းပတဲ့ ညီလာခံမှာ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
_________

စစ်ကောင်စီကိုအရေးယူပေးရန် ပြည်တွင်းရှိ အထည်ချုပ်အလုပ်သမားများက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO)ထံ တောင်းဆိုနေကြသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်နေ့က CTUM ကထုတ်ပြန်ထားစဥ်။ (Facebook/Ctum Myanmar Photo)

#အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ဘုတလင်မှာ အရပ်သားတွေ ထပ်မံ သတ်ဖြတ်ခံနေရ
~~~
■ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ အရပ်သားတွေ ထပ်မံ သတ်ဖြတ်ခံနေရပြီး နိုဝင်ဘာလ ၉ ရက် ဒီနေ့မှာလည်း သပြေပင်ရွာထိပ်မှာ သတ်ဖြတ်ခံရတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို ထပ်မံ တွေ့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဘုတလင်မြို့ကနေ ထွက်လာတဲ့ အင်အား ၁၅၀ ခန့်ရှိတဲ့ တပ်မ ၃၃ စစ်ကောင်စီ စစ်ကြောင်းက နိုဝင်ဘာ ၇ ရက်နေ့မှာ သပြေပင်ရွာကို ဝင်ရောက်စီးနင်းပြီးနောက် အမျိုးသား တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။

ရုပ်အလောင်းဟာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကြောင့် သေဆုံးသူရဲ့ အသေးစိတ် အချက်အလက်ကို မသိရသေးဘူးလို့ မီးသင်္ဂြိုဟ်ပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရှင်းလင်းရေး ထပ်လုပ်တဲ့ အခြေအနေမှာ ကျွန်တော်တို့ ရုပ်အလောင်းကို ထပ်မံတွေ့ခဲ့ရတယ်။ ရုပ်အလောင်းက တော်တော်ပုပ်ပွနေပြီ။ အနားတောင် ကပ်လို့မရတော့ဘူး။ အနားကို ကပ်လို့မရပေမဲ့လို့ ကျွန်တော်တို့တွေ အကောင်းဆုံးပြင်ဆင်ပြီးတော့ အကောင်းဆုံး သင်္ဂြိုလ်ပေးခဲ့တယ်ပေါ့။ သူ့ရဲ့ အနေအထားကတော့ လက်ပြန်ကြိုးတုပ်ပြီး နားထင်ကို သေနတ်နဲ့ ပစ်သတ်ထားတဲ့ပုံပဲ”

ဒီ့အပြင် စစ်ကောင်စီစစ်ကြောင်းက သားဖန်းရွာအနီးရွာမှာ နှစ်ညအိပ်တပ်စွဲခဲ့ပြီးနောက် နိုဝင်ဘာလ ၇ ရက်နေ့မှာ နေအိမ် သုံးဆယ်ကျော် မီးရှို့ခဲ့သလို အသက် ခုနစ်ဆယ်အရွယ် ဦးစန်းလွင် ဆိုသူကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ သမန်းတောရွာကနေ ဘုတလင်မြို့ဘက်ကို ပြန်ဝင်သွားပေမဲ့ ဒေသခံ နှစ်သောင်းခန့်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသိရသေးတဲ့အကြောင်း RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ကတည်းက ဘုတလင်မြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ အရပ်သား ၂၅ ဦးထက်မနည်း သတ်ဖြတ်ခဲ့ပါတယ်။
_________

စစ်ကိုင်းတိုင်း ဘုတလင်မြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။ (Citizen Photo)

#စစ်ကိုင်းတိုင်း #စစ်ဘေးဒုက္ခသည် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

အမ်းမြို့ နပခ က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားလေးဦး ဖမ်းဆီးခံရ
~~~
■ ရခိုင်ပြည်နယ်၊ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) လက်အောက်ခံ တပ်ရင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား လေးဦးကို မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်မှာ ချင်းကာကွယ်ရေးတပ် - CDF အရှို တပ်ဖွဲ့က ဖမ်းမိတယ်လို့ CDF အရှို တာဝန်ရှိသူ ဆလိုင်းရိုချင်းက RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့ ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက်နေ့မှာ အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းဖြစ်တဲ့ ခြေမြန်တပ်ရင်း ခမရ (၃၇၃) ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား သက်နိုင်နဲ့ သက်နိုင်ဦး တို့ကို ဖမ်းဆီးခဲ့ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့မှာလည်း ခြေမြန်တပ်ရင်း ခမရ (၃၇၁) ကြက်ရေစမ်း နယ်ခြားဂိတ် ရှေ့တန်းစစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ရဲမွန်ဦးနဲ့ ကျော်မင်းဦးတို့ကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိတဲ့ စစ်ကောင်စီတပ်သား လေးဦးကို နိုင်ငံတကာစစ်ဘက်ဆိုင်ရာ ဥပဒေနဲ့အညီ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ ဆလိုင်း ရိုချင်းက RFA ကို ပြောပါတယ်။

"လက်တလောတော့ စိတ်ပိုင်းဆိုင်ရာလည်း ပုံမှန်မဟုတ်ကြသေးတဲ့အတွက် ထိန်းသိမ်းမေးမြန်းရုံပဲ ရှိပါသေးတယ်ဗျ။ ဆက်လက် လုပ်ဆောင်ဖို့ကတော့ ဖြေကြားမှုတွေနဲ့ စုံစမ်းသိရှိရတဲ့ အခြေနေပေါ် မူတည်နေသေးတာမို့ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူးဗျ"

နိုဝင်ဘာလ ၈ ရက်မနေ့က အမ်းမြို့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီး ခြေမြန်တပ်ရင်း ခမရ (၃၇၁) တပ်ရင်းနဲ့ တပ်ထိန်းတပ်ထဲကို အာရက္ခတပ်တော် (AA) က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း ဂျက်တိုက်လေယာဉ်နဲ့ ဒရုန်းတွေ အသုံးပြု ခုခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲအခြေအနေနဲ့ စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေကို စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးသလို ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေးမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

အမ်းမြို့နယ်မှာ နပခ ဌာနချုပ် အပါအဝင် စစ်ကောင်စီတပ်ရင်း တစ်ဆယ်ကျော်ရှိပြီး အဲဒီအထဲက ခမရ (၃၇၂) ၊ ခမရ (၃၇၃)၊ အမှတ် (၇၅၇) အလုပ်ရုံတပ်ခွဲ၊ တပ်ဆေးရုံ စတဲ့နေရာတွေကို AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။
_________

အမ်းမြို့အခြေစိုက် နပခ လက်အောက်ခံ တပ်ရင်းမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား လေးဦးအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (CDF Asho Photo)

#ရခိုင်ပြည်နယ် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်
~~~
■ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချခြင်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာလ ၈ ရက်နေ့ ညက မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့မှာ အတည်ပြုပြောပါတယ်။

အသက် ၇၄ နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီး ဦးဝင်းခိုင်ရဲ့ ဈာပနကို နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက်မှာ မန္တလေးဆေးရုံကြီးကနေ ကြာနီကန်သုသာန်ကို ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဦးဝင်းခိုင် ကွယ်လွန်ချိန်မှာ မိသားစုက အဝေးမှာရောက်နေတာကြောင့် ဈာပနကို တက်ရောက်နိုင်ခြင်း မရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်မှာ ဝန်ကြီး ဦးဝင်းခိုင်ဟာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တာကြောင့် ကွယ်လွန်သွားတာဟာ နိုင်ငံအတွက် ဆုံးရှုံးမှုဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“ဆရာ ဦးဝင်းခိုင်ဟာ ကျွန်တော်တို့ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနဲ့ လက်တွဲပြီးတော့ သူဟာ အကောင်းဆုံး ဖြစ်အောင်ပေါ့နော်။ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာနဲ့ မူဝါဒပိုင်းဆိုင်ရာကို ချိန်ညှိမှုတွေမှာ ပါဝင်ခဲ့ပါတယ်။ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဆရာ ဦးဝင်းခိုင် ဆုံးရှုံးမှုဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အားလုံးရဲ့ ဆုံးရှုံးမှု၊ နိုင်ငံတော်ရဲ့ ဆုံးရှုံးမှုပါပဲဗျ”

ဝန်ကြီး ဦးဝင်းခိုင်ဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံရတာဖြစ်ပြီး သူတာဝန်ယူခဲ့တဲ့ လျှပ်စစ်စီမံကိန်းတွေမှာ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးထိခိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ထောင် ၂၈ နှစ်အထိ ချခဲ့ပါတယ်။

အဲဒီနောက် မန္တလေး အိုးဘိုထောင်မှာ အကျဉ်းကျခံနေရချိန် ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ်ကစပြီး နာမကျန်းဖြစ်လာတာကြောင့် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူခဲ့ရပါတယ်။

မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်မှာ သတိလစ်မေ့မျောနေချိန် အောက်တိုဘာ ၂၈ ရက်ညနေပိုင်းမှာ စစ်ကောင်စီက သူ့ကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မန္တလေးဆေးရုံကြီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ကွယ်လွန်ခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကိုလည်း မကွယ်လွန်မီ နာရီအပိုင်းအလိုမှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့် ပေးခဲ့တာပါ။

အာဏာသိမ်း သုံးနှစ်အကျော်အတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ ခြောက်ထောင်နီးပါး (၅၉၃၈ ဦး) သေဆုံးပြီး လူပေါင်း နှစ်သောင်းကျော် (၂၁၀၉၇ ဦး) ထိန်းသိမ်းခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
_________

ရန်ကုန်တိုင်း၊ တွံတေးမြို့မှာ ဓာတ်အားခွဲရုံဖွင့်ပွဲ ကျင်းပနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်အား ၂၀၂၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (MOI Photo)

#ဦးဝင်းခိုင် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ပြည်ပသတင်းမီဒီယာတွေပြောတဲ့ မြန်မာပြည်
စစ်ခေါင်းဆောင်ကို လာရောက်ခွင့်ပေးတဲ့အတွက် တရုတ်အစိုးရကို ဝေဖန်

~~~
■ အခုတစ်ပတ်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဂျာမန် DW သတင်းဌာနရဲ့ သုံးသပ်ချက်နဲ့ မြန်မာစစ်ခေါင်းဆောင် လာရောက်တာကို လက်ခံခဲ့တဲ့အတွက် တရုတ်နိုင်ငံကို NUG နဲ့ တိုင်းရင်သားအဖွဲ့တွေက ဝေဖန်နေကြတဲ့အကြောင်း Bloomberg သတင်းဌာနက ဆောင်းပါးတွေကို ကိုရဲခေါင်မြင့်မောင်က တင်ပြထားပါတယ်။

Читать полностью…

RFA Burmese

အင်ဖာထောင်မှာ ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေ ဆန္ဒပြ
~~~

■ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်ထဲမှာ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေဟာ သူတို့ကို ပြန်လွှတ်ပေးရေးအတွက် နိုဝင်ဘာ ၁၀ နေ့ ဒီနေ့မှာ ဆန္ဒပြတောင်းဆိုနေကြတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

အကျဥ်းချခံထားရတဲ့ မြန်မာအမျိုးသား ၂၇ ဦး ဟာ ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတာလို့ ဆိုပါတယ်။

သူတို့ဟာ မြန်မာသံရုံးက ထုတ်ပေးမဲ့ နိုင်ငံသားဖြစ်ကြောင်း အထောက်အထား မရသေးလို့ ပြန်ခွင့်မရသေးတာကြောင့် အကူအညီရဖို့ အခုလို ဆန္ဒပြနေတာလို့ အကျဥ်းကျခံထားရသူတစ်ဦးရဲ့ မိသားစုဝင် မရွှေရွှေက RFA ကို ပြောပါတယ်။

“အခုက ကျွန်မတို့ အမျိုးသားတွေ ကျန်သေးတယ်။ သူတို့ကို သံရုံးက မြန်မာဘက်ပြန်နိုင်ဖို့ ကတ်မလုပ်ပေးတာကြောင့် ပြန်လို့မရသေးတာ။ မြန်မြန်ပြန်လွတ်စေချင်တယ်။ အခုဆို လေးနှစ်တောင် ကျော်လာပြီ ထောင်ထဲမှာက အမျိုးမျိုး နှိပ်စက်ခံနေရတာ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက လုပ်ပေးစေချင်တယ်”

လက်ရှိ အင်ဖာအကျဥ်းထောင်ထဲမှာ အဖမ်းခံရတဲ့ ရက်ကန်းအလုပ်သမား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၂၁ ဦးနဲ့ ကလေးရှစ်ဦး စုစုပေါင်း ၅၆ ဦး ရှိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ရက်ကန်းလုပ်နေရင်းနဲ့ အာဏာပိုင်တွေ ဝင်ဖမ်းလို့ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရသူတွေ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အခြေစိုက် မြန်မာသံရုံးကို RFA က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ အီးမေးလ်ပို့ပြီး မေးမြန်းထားပေမဲ့ အကြောင်းမပြန်သေးပါဘူး။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် အင်ဖာအကျဥ်းထောင်မှာ အဖမ်းခံထားရတဲ့ မြန်မာအမျိုးသမီး ၃၈ ဦးကို ဇွန် ၁၁ ရက်နေ့က စစ်ကောင်စီထံကို ပြန်ပို့ခဲ့သလို မေ ၂ ရက်နေ့ကလည်း မြန်မာ ၃၈ ဦးကို အိန္ဒိယဘက်က ပြန်လွှဲပေးခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
____
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဉ်းထောင်ကို တွေ့ရစဉ်။ (e-Pao net Photo)

#အင်ဖာအကျဥ်းထောင် #မြန်မာ #အကျဉ်းသားများ #ဆန္ဒပြ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

စစ်ကြောင်းကြောင့် ထားဝယ် အထူးစီးပွားရေးဇုန်အနီးက ဒေသခံတွေ ထွက်ပြေးနေရ
~~~

■ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ် စီးပွားရေးဇုန်အနီးက မူးဒူးရွာကို အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက နိုဝင်ဘာ ၉ ရက်နေ့မှာ ရွာထဲ စီးနင်းခဲ့တာကြောင့် မူးဒူးရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မူးဒူးရွာကို ဝင်ရောက်စီးနင်းပြီးနောက် အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားတွေကိုပါ ဖမ်းဆီးနေတာကြောင့် နဘုလယ်၊ မူးဒူး၊ လဲရှောင်၊ ပရဒတ်စတဲ့ ရွာတွေက ဒေသခံ တစ်ထောင်ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေဖြူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဖမ်းထားတာကတော့ သက်ကြီးပိုင်း အမျိုးသမီးတစ်ဦးနဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ဖမ်းထားတယ်လို့ပဲ သိရတယ်။ ပြီးရင် ရွာထဲမှာ သူတို့က ဆိုင်တွေပေါ့နော်။ ကုန်စုံဆိုင်တွေရှိတဲ့ အိမ်တွေကို ရိုက်ဖျက်ပြီးတော့ မွှေနှောက်သွားကြတယ်”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်က လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာက ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က မောင်းမကန်ရွာကနေ ရေဖြူမြို့နယ်ထဲ စစ်ကြောင်းထိုးလာတာပါ။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးသက်နိုင်ကို RFA က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ရေဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က ဒေသခံလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) က ထုတ်ပြန်ထားပါတယ်။
____
တနင်္သာရီတိုင်း၊ ရေဖြူမြို့ အဝင်တစ်နေရာကို တွေ့ရစဉ်။ (The Tanintharyi Times Photo)

#ထားဝယ် #အထူးစီးပွားရေးဇုန် #ဒေသခံများ #ထွက်ပြေး #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ဘုတလင်မှာ မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ငါးရာခန့် ရှိလာ
~~~

■ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အောက်တိုဘာ ၅ ရက်ကနေ နိုဝင်ဘာ ၇ ရက်အထိ တစ်လအတွင်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ငါးရာခန့် ရှိလာပြီလို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကနေ ထွက်လာတဲ့ အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီရဲ့ တပ်မ ၃၃ စစ်ကြောင်းဟာ အောက်တိုဘာ ပထမပတ်ကစပြီး ဘုတလင်မြို့နယ်က ရွာတွေကို စီးနင်းမီးရှို့ခဲ့သလို အရပ်သား နှစ်ဆယ်ကျော်ကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် စီပါရွာက အိမ်ခြေ ၂၉၃ လုံး၊ အင်းတဲမှာ သုံးလုံး၊ စိုင်ပြင်လေးမှာ ၃၁ လုံး၊ ဆယ်ဝ (ရွာသစ်)မှာ နေအိမ်နှစ်ဆယ်၊ ဆယ်ဝ (ရွာဟောင်း)မှာ ၁၅ လုံး၊ ကျောက်အိုး (အရှေ့)ရွာမှာ ၆ လုံး၊ အိုင်ပေါင်းချောင်မှာ ၂၇ လုံး၊ ကျွဲသေချောင်းမှာ ၂၃ လုံး၊ သားဖန်းရွာမှာ ၃၇ လုံး၊ ကတိုးရွာမှာ ၃၄ လုံးနဲ့ တက်လှိုင်းရွာမှာ တစ်လုံး စုစုပေါင်း နေအိမ် ၄၉၀ မီးလောင်ပျက်စီးခဲ့တာပါ။

နေအိမ်တွေ မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ သပြေပင်ရွာအနီးမှာ စစ်ကြောင်း ထိုးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဘုတလင် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ရှိနေတုန်းပဲ။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဘုတလင်မြို့ပေါ်ကနေလည်း ဒီနေ့ ကားတစ်စီးနဲ့ အင်းတဲရွာဘက်ကို လာတာရှိတယ်။ အခုတော့ မြို့ထဲဘက် ပြန်မောင်းသွားတယ်”

ဘုတလင်မြို့နယ်က အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က နိုဝင်ဘာ ၁၀ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။

ဘုတလင်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းက နေအိမ်တွေ မီးရှို့နေတာကြောင့် ရွာပေါင်း သုံးဆယ်ခန့်က ဒေသခံ နှစ်သောင်းကျော်လည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
____
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ သားဖန်းကျေးရွာမှာ နေအိမ်များ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဥ်။ (Facebook ရွာဆော်ကြီးတော်လှန်အသံ ဓာတ်ပုံ)

#ဘုတလင် #နေအိမ်များ #မီးရှို့ဖျက်ဆီး #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

မူဆယ်နယ်စပ်မှာ တရားမဝင် ကုန်စည်သယ်ယူမှုတွေ တရုတ် ကန့်သတ်
~~~

■ တရုတ်-မြန်မာနယ်စပ် မူဆယ် နယ်စပ်ကုန်သွယ်ရေးမှာ တရားမဝင် ကုန်စည်သယ်ယူမှုတွေကို တရုတ်အာဏာပိုင်တွေက နိုဝင်ဘာ ၁၁ ရက်နေ့ကစပြီး ကန့်သတ်တော့မယ်လို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေက RFA ကို ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်မှာ လုပ်ငန်းသုံးမဟုတ်တဲ့ ခရီးသည်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်း စတဲ့ယာဥ်တွေနဲ့ တစ်နိုင်တစ်ပိုင် ကုန်စည်သယ်ယူမှုတွေမှာ တရားမဝင် လမ်းကြောင်းတွေက အသုံးပြုခွင့်ပိတ်လိုက်ပြီး တရားဝင်ခွင့်ပြုထားတဲ့ ကျယ်ဂေါင် ကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းကနေပဲ ခွင့်ပြုတော့မယ်လို့ တရုတ်နိုင်ငံ ရွှေလီအာဏာပိုင်တွေက နိုဝင်ဘာ ၉ ရက်မနေ့က ညွှန်ကြားချက်ထုတ်ခဲ့တာပါ။

ဒီအခြေအနေဟာ ကုန်စည်သယ်ယူပို့ဆောင်ရာမှာ တရုတ် ဒေသအာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ရမှ သယ်ယူပို့ဆောင်ရမဲ့ အခြေအနေဖြစ်လာတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မူဆယ် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။
________

#နယ်စပ်ဂိတ် #ကုန်စည်သယ်ယူမှု #တရုတ် #မူဆယ် #တရားမဝင် #လွတ်လပ်တဲ့အာရှအသံ #rfaburmese

___

Читать полностью…

RFA Burmese

အာရှတစ်လွှား သတင်းများ
~~~
■ RFA ဝိုင်းတော်သား စောဖိုးခွား အပတ်စဉ် တနင်္ဂနွေနေ့တိုင်း စီစဉ်တင်ဆက်တဲ့ အာရှတစ်လွှား သတင်းများ အစီအစဉ်ကို ထုတ်လွှင့်မှာဖြစ်ပါတယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…

#အာရှသတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

သာယာဝတီထောင်မှာ ပုံစံအမျိုးမျိုးနဲ့ညှင်းပန်းနေ
~~~
■ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ညှင်းပန်းနှိပ်စက်ခံနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ပြောကြားတာကို ကိုနေမျိုးထွန်းက တင်ပြပါမယ်။
____________
RFA Burmese Website တွင် ဖတ်ရှုရန်…

#သာယာဝတီ #အကျဉ်းထောင် #နိုင်ငံရေးအကျဉ်းသား #ညှင်းပန်းနှိပ်စက် #rfaburmese

Читать полностью…

RFA Burmese

မှော်ဘီလေတပ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ
~~~
■ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းကို နိုဝင်ဘာလ ၉ ရက်နေ့မနက်စောပိုင်းမှာ တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (U.S.O) က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တာဝေးပစ် မစ်ဇိုင်းဒုံး လေးလုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး လေယာဉ်ဂိုထောင်နဲ့ အရာရှိအိမ်တွေ ထိခိုက်ပျက်စီးနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေနဲ့ တိုင်းရင်းသားဒေသတွေကို လေကြောင်းသုံးတိုက်ခိုက်နေတာကြောင့် အခုလို တိုက်ခိုက်ရတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေကို မတရားပြုလုပ်ဖို့ ကြံစည်နေတဲ့ စစ်ကောင်စီရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ဆက်လက်ဖော်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာလည်း မရှိသေးပါဘူး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်း ဖုန်းမဖြေပါဘူး။

ပြီးခဲ့တဲ့နှစ် ၂၀၂၃ အောက်တိုဘာ ၂၂ရက်နေ့ကလည်း စစ်ကောင်စီ မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ U.S.O က ထုတ်ပြန်ထားပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…

#မှော်ဘီ #လေတပ်စခန်း #တာဝေးပစ်ဒုံး #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

မင်းတပ်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ
~~~
■ ချင်းပြည်နယ် မင်းတပ်မြို့ကို နိုဝင်ဘာလ ၉ ရက်နေ့က စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မီးရှို့နေတာကြောင့် လတ်တလောမှာ ဆယ်အိမ်ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"မီးရှို့တာ ဟုတ်ပါတယ်၊ အရေအတွက်ကတော့ လောလောဆယ် ပြောဖို့ ခက်တယ်ဗျ ၊ အိမ်လုံးတွေက တစ်ဆက်တည်း ရှိနေတာဖြစ်လို့ ဆယ်လုံးထက် မနည်း ဖြစ်မယ်လို့တော့ ကနဦး ခန့်မှန်းရပါတယ်"

စစ်ကောင်စီဘက်က မင်းတပ်မြို့ပေါ်နေရာတွေကို လေကြောင်းကနေ တောက်လျှောက် ပစ်ခတ်နေပြီး တိုက်ပွဲသတင်းနဲ့ ပတ်သက်လို့ လတ်တလော အသေးစိတ်မဖြေနိုင်သေးဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ - မင်းတပ် တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရသူ ကိုယောမန်ကလည်း မင်းတပ်မြို့မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်ပြီး နေအိမ်တွေကို မီးရှို့နေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်က နေအိမ် လေးဆယ်နီးပါးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့- မင်းတပ် (CDF- Mindat) တာဝန်ရှိသူတွေက ပြောပါတယ်။
_________
RFA Burmese Website တွင် ဖတ်ရှုရန်…

#မင်းတပ် #မီးရှို့ #လေကြောင်း #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

မူးယစ်ဆေးသုံးစွဲသူ သုံးရာကျော်ကို ပြုပြင်ပေးခဲ့ကြောင်း TNLA ထုတ်ပြန်
~~~
■ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ ၃၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းပြီး ခြောက်လကြာ အကျင့်စာရိတ္တပြုပြင်ပေးခဲ့တယ်လို့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က နိုဝင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်တပ် ထိန်းချုပ်ချိန်က ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူနဲ့ သုံးစွဲသူအများအပြားရှိခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှာတော့ TNLA က သိမ်းယူပြီးတဲ့နောက် ဒီလို မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ ၃၂၀ ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းမှာ ခြောက်လကြာ ပြုပြင်ပေးခဲ့ပြီး ရောင်းဝယ်သူတွေကိုတော့ TNLA မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေကို ခွင့်ပြုခဲ့တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကျောက်မဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူ အမျိုးသား (၁၄၆) ဦး၊ အမျိုးသမီး (၁၁) ဦး၊ မူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ အမျိုးသား နှစ်ဦးနဲ့ အမျိုးသမီး တစ်ဦးအပါအဝင် အယောက် ၁၆၀ ဖမ်းဆီးခံထားရတယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ TNLA က ထုတ်ပြန်ထားပါတယ်။

TNLA ထိန်းချုပ်နယ်မြေထဲမှာ မူးယစ်ဆေးသုံးလို့ ဖမ်းဆီးခံထားရတဲ့သူ အယောက် ၅ဝ ကိုတော့ ဆေးဖြတ်ပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ ကျောက်မဲနဲ့ သီပေါ စတဲ့ မြို့ ငါးမြို့ကို သိမ်းယူနိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းလုံ၊ မိုင်းငေါ့၊ ကွတ်ခိုင်နဲ့ နမ့်ခမ်း စတဲ့မြို့ပေါင်း ခုနစ်မြို့ကို သိမ်းပိုက်ခဲ့ပါတယ်။
________
RFA Burmese Website တွင် ဖတ်ရှုရန်…

#မူးယစ်ဆေးဝါး #ကျောက်မဲ #TNLA #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

စကျင်ဗုဒ္ဓရုပ်ပွားတော်လုပ်ငန်း ကုန်ကြမ်းရဖို့ ခက်ခဲလာ
~~~
■ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် စကျင်ကျောက်ထွက်ရှိရာ မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ရွာက ဗုဒ္ဒရုပ်ပွားဆင်းတုတွေနဲ့ ကုန်ကြမ်းတွေ သယ်ယူဖို့ ခက်ခဲနေတဲ့အကြောင်း AFP ဆောင်းပါးကို မစန်းမော်အောင် တင်ပြထားပါတယ်။
____________
#ဗုဒ္ဓရုပ်ပွားတော် #မန္တလေး #မတ္တရာ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

အကျဉ်းချခံထားရတဲ့ NLD လျှပ်စစ်ဝန်ကြီး ကွယ်လွန်
~~~
■ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာလ ၈ ရက် မနေ့ညက ကွယ်လွန်သွားပါတယ်။ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်းမှာ NLD အစိုးရလက်ထက်က ဝန်ကြီးတွေ အကျဉ်းကျနေချိန် သေဆုံးမှုတွေ ဆက်တိုက်ဖြစ်လာနေပါတယ်။ အပြည့်အစုံကို မသီရိမင်းဇင် ကတင်ပြပေးပါမယ်။
____________
#ဦးဝင်းခိုင် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

တောင်ငူမှာ တိုက်ပွဲကြောင့် ဒေသခံ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး
~~~
■ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်က အိုင်ဇောက်ရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ နှစ်ဖက်တိုက်ပွဲ ဖြစ်နေတာကြောင့် အိုင်ဇောက်ရွာ အပါအ၀င် ရွာငါးရွာက ဒေသခံ သုံးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်မနေ့က စစ်ကောင်စီတပ် အထိုင်ချထားတဲ့ အိုင်ဇောက်ရွာမှာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး ဒီနေ့မှာလည်း ဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် အိုင်ဇောက်၊ ကမ်းနီ၊ ကရင်နီကုန်း၊ သက်ကယ်ချင်း၊ ညောင်စခန်းနဲ့ ကွမ်းသီးပင် စတဲ့ရွာတွေက ဒေသခံတွေ တွေဟာ တောင်ငူမြို့ပေါ်နဲ့ တိုက်ပွဲနဲ့ဝေးတဲ့ တခြားရွာတွေကို ထွက်ပြေးကြရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲက မနေ့ကရော၊ ဒီနေ့ရော ဆက်ဖြစ်နေတယ်။ ရွာတွေက ပြေးလာတဲ့ စစ်ဘေးရှောင်တွေက တချို့က ဘေးလွတ်တဲ့ရွာတွေမှာ ပြေးကြတယ်။ လူ ငါးရာကျော်လောက်ကတော့ တောင်ငူမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြတယ်။ ပြေးလာတဲ့အချိန်မှာ ဘာမှမပါလာကြဘူး။ လမ်းလျှောက်ပြီး ပြေးလာကြရတာဆိုတော့ နေထိုင်စားသောက်ရေးတွေ လိုအပ်နေတာပေါ့။ အင်္ကျီအ၀တ်အစားတွေလည်း လိုတယ်”

အိုင်ဇောက်ရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ တောင်ငူလေတပ်ကနေ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်မနေ့က စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကွမ်းသီးပင်ရွာက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ဒေသခံ လေးဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

တောင်ငူမြို့နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရေကြီးနစ်မြုပ်မှုတွေကြောင့် အနည်းဆုံး လူရှစ်သောင်းကျော် ရေဘေးဒုက္ခကြုံခဲ့ရပြီးနောက် အခုတစ်ခါ စစ်ဘေးပါ ထပ်ကြုံနေရတာ ဖြစ်ပါတယ်။
_________

တောင်ငူမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

#ပဲခူးတိုင်း #စစ်ဘေးဒုက္ခသည် #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

ဖလမ်းမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်တချို့မီးလောင်
~~~
■ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ချင်းညီနောင်မဟာပိတ်ပူပေါင်း တပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ပြီး လူနေအိမ်နှစ်လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဖလမ်းမြို့ခံတွေက RFA ကို နိုဝင်ဘာလ ၉ ရက် ဒီနေ့ ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်မနေ့က ဖလမ်းမြို့ ၊ တလန်လိုရပ်ကွက်မှာ တစ်နေ့လုံးနီးပါး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး လူနေအိမ်နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖလမ်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"တိုက်ပွဲက တစ်နေကုန်ဖြစ်တာ။ သေနတ်သံ၊ လက်နက်ကြီးသံတွေ တောက်လျှောက်ကြားနေရတယ်။ မြို့ထဲမှာတော့ လူနည်းနည်းပဲရှိတော့တယ်။ စစ်ကောင်စီတပ်သားတွေ သေတာရှိတော့ သေတဲ့သူတွေကို အဲဒီအိမ်နှစ်လုံးမှာ မီးရှို့တာလို့ ပြောကြတယ်။ အခုအဲဒီဘက်ကို မသွားရဲတော့ အသေးစိတ် မသိနိုင်သေးဘူး”

ဒီနေ့မှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်မဲ့ အခြေအနေရှိတာကြောင့် ဖလမ်းမြို့ပေါ်က ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ပြင်နေကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဖလမ်းမြို့မှာ အောက်တိုဘာလ ၂၅ ရက်ကစပြီး ချင်းညီနောင်မဟာမိတ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲစဖြစ်ခဲ့တာကြောင့် မြို့ပေါ်မှာနေထိုင်သူတွေ အားလုံးနီးပါး ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး လက်ရှိမှာ လူတစ်ရာခန့်ပဲ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဖလမ်းမြို့က တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ချင်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်အတွင်းရေးမှူး ဦးအောင်ချိုကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့အောက်တိုဘာလအတွင်း ဖလမ်းမြို့မှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ကျောင်းဆရာမ တစ်ဦးနဲ့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
_________

ဖလမ်းမြို့ မှ နေအိမ်များ မီးလောင်နေအား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)

#ချင်းပြည်နယ် #မီးရှို့မှု #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

Читать полностью…

RFA Burmese

နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုတွေ ဆက်ပြီးရှိနိုင်ကြောင်း မိုးဇလ ပြော
~~~
■ နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုတွေ ဆက်ပြီးရှိနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၉ ရက် ဒီနေ့မနက်ထုတ်ပြန်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်ခဲ့တဲ့ လေပွေလှိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း မှာဖြစ်ပေါ်နေတဲ့ လေထုမငြိမ်သက်မှုတွေကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ကစလို့ နိုင်ငံတစ်ဝန်း မိုးရွာသွန်းနေတာပါ။

ဒီ့အပြင် တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ရင်ရှင်း”ဟာ ဆက်ပြီးဖြစ်ပေါ်နေပြီး အနောက်ဘက်ကို ရွေ့လျားမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရခိုင်၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး တနင်္သာရီ၊ ကရင်မှာနေရာစိပ်စိပ်နဲ့ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်မှာ နေရာအနှံ့အပြား မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ပြောပါတယ်။
_________

#မုန်တိုင်း # #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…

RFA Burmese

မနက်ခင်းသတင်း (၂၀၂၄ နိုဝင်ဘာ ၉ ရက်)
~~~
- ကျွန်းလှမှာ စစ်ကြောင်းထိုးချိန် ဒေသခံ နှစ်ဦးသတ်ဖြတ်ခံရပြီး သုံးဦးဖမ်းဆီးခံရ၊
- ထန်တလန်မှာ စစ်ကောင်စီ ဒုဗိုလ်မှူးကြီးအပါအဝင် ဆယ်ဦးထက်မနည်း သေဆုံး၊
- စစ်ကောင်စီကို ထိထိရောက်ရောက်အရေးယူဖို့ ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို၊
- စစ်တွေမှာ ခရစ်ယာန်ဘာသာဝင်တွေ ကန့်သတ်ခံနေရ၊
- အိုးဘိုထောင်မှာ အကျဉ်းသားတွေ အရေပြားရောဂါ ခံစားနေရ၊
- ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေ ပိုများလာနိုင်ကြောင်း Save The Children ပြော၊
- ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးအဖြစ်များနေ၊
- ဒေါ်နယ်ထရမ့် အနိုင်ရပြီးနောက် ထိုင်းဘတ်ငွေ စျေးကျဆင်းလာ၊
___
#သတင်းများ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Читать полностью…
Subscribe to a channel