မနေ့က ချန်ရင်ခူး စခန်းငယ်လေးတခုကိုသိမ်းတယ် ဒီမနက် ၆ နာရီမှာ နယ်မြေရှင်းလင်းရေး လုပ်တယ် ကျနော်တို့ဘက်ကတော့ ပန်ဝါမြို့ကို သေနတ်နဲ့ပစ်တာ၊ လက်နက်ကြီးနဲ့လှမ်းပစ်တာတွေ ဘာမှ မရှိဘူး။ ပြည်သူတွေ ကတော့ စိုးရိမ်ပြီးမှ ထွက်ပြေးကြတာ
Website တွင် ဖတ်ရန် https://bit.ly/3YrtUli
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မဲဆောက်မှ အလုံပိတ်ကားဖြင့် တင်သွားသည့် မြန်မာ ၃ ဦး သေဆုံး
ဧရာဝတီ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၄
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အလုံပိတ်ကားဖြင့် မလေးရှားနယ်စပ်သို့တင်ဆောင်သွားသည့် မြန်မာနိုင်ငံသား ၂၆ ဦးအနက် ၃ ဦး အသက်ရှုမွန်းကျပ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု ထိုင်းသတင်းများက ယနေ့ ဖော်ပြထားသည်။
ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ပွန်းပြည်နယ်၌ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဥ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၂၁ ဦး နှင့် အမျိုးသမီး ၅ ဦးတို့ကို မဲဆောက်မြို့မှ ထိုင်းနိုင်ငံသား ယာဥ်မောင်းများက အောက်တိုဘာ ၁၄ ရက်တွင် ကုန်တင်ကား နှစ်စီးထဲ ပိတ်လှောင် တင်ဆောင်လာခြင်းဖြစ်သည်။
လမ်းခရီး၌ သတိလစ်မေ့မျောနေခဲ့သော မြန်မာနိုင်သား ၁၀ ဦးကို ကားသမားများက သေပြီးအထင်နှင့် တောထဲ၌ စွန့်ပစ်ခဲ့ကြပြီး ကျန် ၁၆ ဦးကို ဆက်လက်ခေါ်ဆောင်သွားခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
စွန့်ပစ်ခံရသည့် ၁၀ ဦးအနက် ၂ဦးသည်နေရာတွင်နေရာ၌သေဆုံးနေခဲ့ပြီး ကျန်ရှိသူများကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရာ တဦးမှာ ဆေးရုံတွင် ထပ်မံသေဆုံးခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်ရန်အတွက် ထိုင်း-မလေးရှားနယ်စပ်သို့ ထိုင်းယာဥ်မောင်းနှစ်ဦးက ပို့ဆောင်ပေးရန် တင်ဆောင်လာခြင်းဖြစ်ပြီး ထိုယာဥ်မောင်းနှစ်ဦးကို လူကုန်ကူးမှုဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။
ပုံစာ-ဖမ်းဆီးခံထားရသော ယာဉ်မောင်း ၂ ဦး/ Matichon Online
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်တပ်ဗုံးကြဲ၍ နမ့်မျော်ရေအားလျှပ်စစ်စက်ရုံ ပျက်စီး
ဧရာဝတီ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လာရှိုးမြို့အနီးရှိ နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးခဲ့သည်ဟု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က သတင်းထုတ်ပြန်သည်။
အောက်တိုဘာလ ၁၆ ရက် ညနေပိုင်း၌ သိန္နီခရိုင် နောင်မွန်ကျေးရွာအုပ်စု နမ့်မျော်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို တိုက်လေယာဉ်ဖြင့် ဗုံး ၄ လုံးကြဲချခဲ့ရာ ဓာတ်အားပေးစက်၊ လျှပ်စစ်ဓာတ်ကြိုးများနှင့်အဆောက်အဦအများအပြား ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို MNDAA က သိမ်းပိုက်ပြီးနောက် လာရှိုးမြို့ပေါ်နှင့် အနီးနားမြို့များကို စစ်တပ်မှ ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏပြုလုပ်နေသည်။
လားရှိုးမြို့နှင့် သိန္နီမြို့ရှိ လူနေရပ်ကွက်များအပြင် စာသင်ကျောင်းများ၊ ဈေးများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် အရပ်သားသေဆုံးမှု အများအပြား ဖြစ်ပွားခဲ့သည်ဟု MNDAA က ထုတ်ပြန်သည်။
အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင်လည်း တိုက်လေယာဉ်များဖြင့် လားရှိုးမြို့ ရပ်ကွက် ၁ ရှိ နားမခေါ် ဓာတ်အားပေးစက်ရုံအား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဓာတ်အားပေးစက်ရုံရှိ စက်အချို့ ပျက်စီးခဲ့ပြီး ဒေသခံ အရပ်သားတဦး သေဆုံး၍ တဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်အများအပြား ပျက်စီးခဲ့သည်။
ပုံစာ-စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် ပျက်စီးခဲ့သော ရေအားလျှပ်စစ်စက်ရုံ/MNDAA
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဆန်၊ ဆီ၊ စက်သုံးဆီ၊ ရွှေနှင့် ဒေါ်လာ ယနေ့ ပေါက်ဈေး
ဧရာဝတီ၊အောက်တိုဘာ ၁၈၊ ၂၀၂၄
စစ်ကောင်စီ သတ်မှတ်သည့် ဆန်လက်ကားဈေးမှာ အကြမ်း အနိမ့်ဆုံး ဧည့်မထ ၁ အိတ် - ၈၂၀၀၀ ကျပ်၊ အချော အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း ၁ အိတ် - ၁၅၀၀၀၀ ကျပ်
ယခုတပတ်တွင် ပြင်ပဈေးကွက်မှာလည်း ကြိုက်ရောင်းကြိုက်ဝယ်နှင့် အပြင်ဈေးတမျိုး ရှိပြီး အရောင်းအဝယ်မှာ အေးနေကြောင်း သိရသည်။
စားအုန်းဆီ
စစ်ကောင်စီ၏ စားအုန်းဆီ ရည်ညွှန်းလက်ကားဈေးမှာ ၁ ပိဿာ ၆၃၅၅ ကျပ်၊ လက်လီဈေးမှာ ၁ ပိဿာ ၆၈၀၀ ကျပ် ရှိနေ
ပြင်ပဈေးမှာ ၁ ပိဿာလျှင် ၁၁၀၀၀ ကျပ် ဝန်းကျင်တွင်ရှိနေ
ယင်းဖော်ပြပါ ဆီဈေးနှုန်းမှာ ရန်ကုန်မြို့မှ ဈေးနှုန်းများဖြစ်ပြီး မြို့နယ်နှင့် နေရာဒေသလိုက်၍ ကွာခြားမှုများ၊ မြင့်တက်မှုများ ရှိနိုင်သည်။
စက်သုံးဆီ
(ယခုတပတ်တွင် ဈေးအပြောင်းအလဲ မလုပ်။)
ဓာတ်ဆီ ၉၂ ၁ လီတာ ၃၁၀၀ ကျပ်
ဓာတ်ဆီ ၉၅ ၁ လီတာ ၃၃၀၅ ကျပ်
ဒီဇယ် ၁ လီတာ ၂၆၉၀ ကျပ်
ပရီမီယံ ဒီဇယ် ၁ လီတာ ၃၃၄၀ ကျပ်
တချို့ စစ်ပွဲ ဖြစ်ပွားရာ ဒေသများတွင် သတ်မှတ်ဈေးထက် ဈေးနှုန်းအဆမတန် မြင့်တက်မှုများလည်း ရှိနေသည်။
ရွှေနှင့် ဒေါ်လာ
ပြင်ပဈေးကွက်အရ အမေရိကန် ၁ ဒေါ်လာလျှင် ၄၄၀၀ ကျပ်ကျော်တွင်ရှိနေ
အကယ်ဒမီ အခေါက်ရွှေ တကျပ်သား ကျပ် ၆၂ သိန်းကျော်တွင်ရှိနေ
လက်ဝတ်ရတနာ ၁၅ ပဲရည် တကျပ်သား ကျပ် ၆၀ သိန်းဝန်းကျင်တွင်ရှိနေ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က သတ်မှတ်ဈေး အကယ်ဒမီအခေါက် ရွှေ ၁ ကျပ်သား ၅၄၂၄၈၂၅ ကျပ်၊
ကမ္ဘာ့ရွှေဈေး တအောင်စ အမေရိကန် ဒေါ်လာ ၂၇၀၈
အချိန်နှင့် အမျှ ဈေးနှုန်း အပြောင်းအလဲ ရှိနိုင်သည်။
#ဧရာဝတီ
#နေ့စဉ်ကုန်ဈေးနှုန်း
#ဆန်ဈေး
#ဆီဈေး
#လောင်စာဆီဈေး
#ရွှေဈေး
#ဒေါ်လာဈေး
စစ်ပဋိပက္ခကြားက သီတင်းကျွတ်လပြည့်ည (ရုပ်/သံ)
မိုးတိမ်၊ အောက်တိုဘာ ၁၈၊ ၂၀၂၇
ဒါကတော့ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်း စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်နေတဲ့ ကရင်နီပြည်ထဲက သီတင်းကျွတ်လပြည့်နေ့ည မြင်ကွင်းပါ။
တပြည်နယ်လုံးနီးပါး တော်လှန်ရေးတပ်တွေ စိုးမိုးထားတဲ့ ကရင်နီပြည်ကို စစ်တပ်ဟာ တာဝေးပစ်လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာတွေ၊ ဘုရားကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ စစ်ရှောင်စခန်းတွေ ပျက်စီးပြီး လူသေဆုံးမှု အများအပြားရှိခဲ့ပါတယ်။
ဒီလိုစစ်ရေးအရ ခြိမ်းခြောက်မှုတွေ အပြင် သဘာဝဘေးဒဏ်နဲ့ စားဝတ်နေရေး အကြပ်အတည်းတွေရင်ဆိုင်နေရတဲ့ ကရင်နီပြည်သူတွေဟာ သီတင်းကျွတ်လပြည့်ညကို ပျော်ပျော်ပါးပါး စုဝေးဖြတ်သန်းခဲ့ကြတာဖြစ်ပါတယ်။
https://youtu.be/2RD07U2x9Zw
#မြန်မာ #ဧရာဝတီ #ကရင်နီ #စစ်ရှောင် #သီတင်းကျွတ် #လပြည့်နေ့
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
တရားမျှတမှုနဲ့ ဆက်ဆံခံရဖို့ မျှော်လင့်ချက်က အင်မတန်နည်းပါးပါတယ်။ ဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူ ၂ ယောက်ကို ပို့လိုက်တဲ့ စစ်ကြောရေးစခန်းတွေဟာ မတရားမှုနဲ့ နာမည်ဆိုးထွက်နေပြီး အဲဒီနေရာ တွေကို စစ်တပ်က ဖမ်းဆီးထားသူတွေဆီက သတင်းအချက်အလက်တွေ နှိုက်ထုတ်ဖို့ အသုံးပြုတဲ့ နေရာမျိုးတွေပါ
Website တွင် ဖတ်ရန် https://bit.ly/4dUhZRx
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မင်းတပ်မြို့အနီးကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
ဧရာဝတီ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၄
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့အနီးကို စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ည ၉ နာရီခန့်တွင် မင်းတပ်မြို့အနီး တိုက်နယ် ၄ ကို ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံး ၁၀ လုံးခန့်ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ထိခိုက်မှုနှင့်ပျက်စီးမှု အခြေအနေများကို ဖုန်းလိုင်းဆက်သွယ်မရ၍ မသိရှိရသေးဟု မင်းတပ်မြို့ခံ အမျိုးသားတဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မင်းတပ်မြို့အနီးသို့ လေကြောင်းတိုက်ခိုက်မှု မကြာခဏပြုလုပ်နေရာ ပြီးခဲ့သည့် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၄ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ပြည်သူတဦး၊ နေအိမ် ၉ လုံး၊ စာသင်ကျောင်း ၂ ကျောင်းနှင့် ဘော်ဒါဆောင် ၄ ဆောင်တို့ ထိခိုက်ပျက်စီးခဲ့သည်ဟု မင်းတပ် CDF က ထုတ်ပြန်ထားသည်။
ပုံစာ- ယခုလအတွင်း စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နေအိမ်များ ပျက်စီးခဲ့စဉ်/ HKL-Mindat
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
သီတင်းကျွတ်လပြည့်ညတွင် နောင်ချိုကို ဗုံးကြဲ
ဧရာဝတီ ၊ အောက်တိုဘာ ၁၈၊ ၂၀၂၄
ရှမ်းမြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၏ နေရာ ၄ နေရာအား စစ်ကောင်စီက ဘာသာရေးနေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်ည ၁၀နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံး ၇လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
မြို့ခံအမျိုးသမီးတဦးက " မြို့အဝင် စစ်ဆေးရေးဂိတ်ရယ်၊ မြို့ထဲက စာရင်းစစ်ရုံး၊ ထွေအုပ်ရုံးတွေကို လာကြဲသွားတယ်လို့ သိရတယ် ။ ဒီသုံးနေရာရယ် မနက်၁နာရီချတဲ့၄လုံးကတော့ ဘယ်နားကျတယ်မပြောတတ်ဘူး။ မြို့ပြင်လို့လည်း ပြောကြတယ် "ဟု ပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အဆောက်အဦများ ထိပျက်စီးမှုရှိပြီး လူထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ စုံစမ်းဆဲဖြစ်ကာ အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ထံဆက်သွယ်မေးမြန်းထားသော်လည်း လက်တလော ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။
TNLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း နောင်ချိုမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်ကောင်စီက ရှမ်းမြောက်ရှိ တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် မြို့များကို မကြာခဏ လေကြောင်းမှ လာရောက်တိုက်ခိုက်နေရာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ ရှိနေသည်။
ပုံစာ-ယမန်နေ့ညက လေကြောင်းတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ပေါ်တွင် ထိခိုက်ပျက်စီးသွားသော နေအိမ် အဆောက်အဦများ/ Yone Yone’s Facebook
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ကောင်စီရဲ့ မရိုးသားတဲ့ ရွေးကောက်ပွဲလှည့်စားမှု (ရုပ်/သံ)
ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၄
စစ်တပ်သည် တော်လှန်ရေးအင်အားစုကို မကြာတော့မည့် အနာဂတ်တွင် သို့မဟုတ် ၎င်းတို့ စီစဉ်ထားသည့် ရွေးကောက်ပွဲကာလတွင် ထိန်းချုပ်နိုင်မည့် လက္ခဏာလည်း မရှိပေ။ ထို့ကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီသည် ၂၀၁၀ ရွေးကောက်ပွဲကဲ့သို့ အတုအယောင် ရွေးကောက်ပွဲကိုပင် ကျင်းပရန် အခြေအနေ မရှိပေ။
စစ်ကောင်စီသည် ထိုသို့ဖရိုဖရဲအခြေအနေတွင် ဟိုမရောက်ဒီမရောက် ရွေးကောက်ပွဲများကို တွန်းအားပေးလျှင်ပင် လက်ရှိအကျပ်အတည်းအတွက် အဖြေရမည်မဟုတ်ဘဲ လက်ရှိမတည်ငြိမ်မှုကို ပိုမိုဆိုးရွားစေနိုင်သည်။ နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာတွင် တည်ငြိမ်မှု ပြန်လည်ထိန်းသိမ်းရန် ကြိုးစားရေး လိုအပ်သည်ဟု အပြည့်အဝ ယုံကြည်ပြီး အထူးသဖြင့် စစ်အာဏာသိမ်းမှု၏ မတည်ငြိမ်မှုဖြစ်စေသည့် သက်ရောက်မှုများ ဒေသတခုလုံးတွင် ပဲ့တင်ထပ်နေသောကြောင့် ထိုသို့ယုံကြည်ခြင်း ဖြစ်သည်။
သို့သော် ၎င်းတို့သည် နိုင်ငံရေးထောက်ခံမှုမရှိသော လူမျိုးတုံးသတ်ဖြတ်သည့် အာဏာရှင်စနစ်အား ယုံကြည်လိုသည့်စိတ်ကို ဆန့်ကျင် တွန်းလှန်ရမည်ဖြစ်သည်။ ထိုသို့မလုပ်ပါက မစ္စတာ ဝမ်ယိ၏ မကြာသေးမီက ခရီးစဉ်အပြီး မိမိတို့တွေရသည့် အပြစ်မဲ့အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမိုဖြစ်ပွားစေမည်ဖြစ်သည်။ အလားတူစွာပင် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတုအယောင်ကို ထောက်ခံခြင်းသည် အကြမ်းဖက်မှုကိုသာ ပိုမိုမြင့်မားစေပြီး စစ်ပွဲကိုရှည်ကြာစေကာ မြန်မာပြည်သူများ၏ ဒုက္ခကို ပိုမိုနက်ရှိုင်းစေမည် ဖြစ်သည်။
https://youtu.be/8cyUU7b4qX8
#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #စစ်ကောင်စီ #တရုတ် #ဝမ်ယိ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မနက် ၄ နာရီခွဲလောက်မှာ သိမ်းရတာ။ စခန်းပေါ်တက်တော့ ဗျူဟာမှူး မရှိတော့ဘူး။ မေတ္တာလင်းမြိုင်ဘက် ထွက်ပြေး သွားတယ်။ BGF က သူတို့ကို လာကြိုသွားတယ်
Website တွင် ဖတ်ရန် https://bit.ly/3Ueh7zY
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်တပ်ရဲ့ အမြောက်ကုန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)
ဇော်မြတ်ခန့်၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လေးကေ့ကော် မြို့သစ်အနီးမှာရှိတဲ့ အမြောက်ကုန်း (စွယ်တော်ကုန်း) ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၇ ရက်နေ့ မနက် ၃ နာရီမှာ သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အစောပိုင်း မတ်လ လောက်ထဲက စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တဲ့ စွယ်တော်ကုန်းကို ၇ လအကြာ ဒီကနေ့ မနက်အစောပိုင်းမှာ အလစ်အငိုက်ဝင်ရောက် သိမ်းပိုက်လိုက်တာပါ။
အခု သိမ်းပိုက်လိုက်တဲ့ အမြောက်ကုန်းဟာ မြဝတီမြို့နယ်ထဲက ကျေးရွာတွေနဲ့ စာသင်ကျောင်းတွေကို ပစ်ခတ်တိုက်ခိုက်နေတဲ့ စခန်းကုန်းဖြစ်ပြီး လေးကေ့ကော်မြို့သစ် အနီးတဝိုက်နဲ့ ထီးမယ်ဝါးခွီး၊ မယ်ထော်သလေး၊ ဖလူး၊ မင်းလက်ပံ နယ်မြေစစ်ဆင်ရေးကို တာဝန်ယူရတဲ့ ဗျူဟာကုန်းတခုဖြစ်ပါတယ်။
https://bit.ly/4h9RA4O
#မြန်မာ #ဧရာဝတီ #လေးကေ့ကော် #စွယ်တော်ကုန်း #အမြောက်တပ် #KNLA #သိမ်းပိုက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူသူတွေဟာ ရန်ကုန်မှာတောင် တအိမ်တက်ဆင်း သွားရောက်ခြင်း မရှိပါဘူး။ သူတို့ လုံခြုံရေးကို စိုးရိမ်လို့နဲ့ ပြည်သူတွေကလည်း သူတို့မေးခွန်းတွေကို မဖြေလိုကြလို့ သူတို့တွေက မေးခွန်းတွေကို အလျင်အမြန် မေးကြတယ်။ ဒါ့အပြင် ဖြေတဲ့လူတွေကလည်း စစ်ကောင်စီကို အယုံအကြည် မရှိလို့ မှန်ကန်တဲ့အဖြေ မပေးပါဘူး။ ဒါကြောင့် သန်းခေါင်စာရင်း အချက်အလက်တွေဟာ တိကျစရာ အကြောင်းမရှိပါဘူး။
Website တွင် ဖတ်ရန် https://bit.ly/4dOqkGo
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မန္တလေးတွင် ဒယ်လီလာပို့သူများက လုယက်ဓားပြတိုက်
ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၈၁ လမ်းနှင့် ၈၂ လမ်းကြား၊ ၂၈ လမ်းပေါ်ရှိ ဦးကိုလေး ကားပစ္စည်းဆိုင်သို့ ဒယ်လီလာပို့သူများက လုယက်ဓားပြတိုက်မှု ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓားပြတိုက်ရာတွင် ရွှေဆွဲကြိုး၊ ရွှေလက်ကောက်၊ ကျပ်သုံးသိန်း ပါသွားပြီး အမျိုးသမီးတဦး လက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း နီးစပ်သူတဦးက ပြောသည်။
၎င်းက “နေ့လယ် ၁၂ နာရီကျော်လောက်က ဦးကိုလေး ကားပစ္စည်းဆိုင်ဖြစ်တာ။ မုန့်ဟင်းခါးမှာလို့ ဒယ်လီလာပို့တာကို ယူတဲ့အချိန် အမျိုးသားကို ဓားထောက်ပြီး အိမ်မှာ မိသားစုရှိနေတော့ နားကပ်တို့၊ ဆွဲကြိုးတို့ ယူသွားတာ” ဟု ပြောသည်။
ဖြစ်စဉ်မှာ ဦးကိုလေး ကားပစ္စည်းဆိုင်သို့ Mask တပ်ထားသော အမည်မသိ အမျိုးသား ၃ ဦး ရောက်ရှိလာပြီး မုန့်ဟင်းခါးပို့ ခိုင်းသည်ဟုဆိုကာ ဆိုင်အတွင်းဝင်ရောက်ပြီးနောက် မုန့်ဟင်းခါးလှယ်ယူနေစဉ် အမျိုးသားတဦးမှ ဓားရှည်ကိုင်ဆောင်ပြီး ဦးကိုလေး၏ ဇနီး၊ သမီးတို့ထံမှ တကျပ်သား ဆွဲကြိုးတကုံး၊ တကျပ်သား လက်ကောက် ၃ ကွင်းနှင့် ငွေကျပ် ၃ သိန်းတို့ ယူဆောင်ထွက်ပြေးသွားခြင်း ဖြစ်သည်။
ထိုသို့ ဖြစ်ပွားပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဖြစ်စဉ်အား အမှတ် (၈) မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။
ပုံစာ - ၂၀၂၁ အာဏာသိမ်းပြီးခါစ မန္တလေးတွင် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ / ဧရာဝတီ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
မြန်မာနိုင်ငံသည် လက်နက်ကိုင်အဖွဲ့အစည်းများကို သက်ဆိုးရှည်စေသည့် တရားမဝင်ကုန်သွယ်မှု ကြီးထွား လာခြင်းအား တိုက်ဖျက်တားဆီးရမည်ဖြစ်ပြီး၊ လမ်းကြောင်းများ စောင့်ကြည့်ဖမ်းဆီးရမည့် အပြင် ဂိုဒေါင်များ၊ သိုလှောင်ရုံ များကိုလည်း လိုက်လံ စစ်ဆေးဖမ်းဆီးခြင်းနှင့် ဈေးကွက်များအတွင်းပါ ကွင်းဆင်းဖမ်းဆီး စစ်ဆေးအရေးယူရမည်ဟု ပြောဆိုလိုက်ပြီးနောက် မွန်နှင့် ကရင်ပြည်နယ်တို့တွင် ယခုရက်ပိုင်းကစ၍ စားသောက် ကုန်နှင့် လူသုံး ကုန်ပစ္စည်းများကို တရားမဝင်တင်သွင်းသည်ဟုဆိုကာ စစ်ဆေးဖမ်းဆီးနေ
Website တွင် ဖတ်ရန် https://bit.ly/4e6mcSl
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ပုလောတွင် တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းရန်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေး
ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ် မီးလောင်ချောင်းရွာမှ ကြဲရွာသို့ စစ်ကြောင်း ထိုးလာသော အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား ယခုအောက်တိုဘာလ ၁၄ ရက်မှ ယနေ့အထိ တိုက်ပွဲ ဖြစ်ပွားနေပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံ ထောင်နှင့်ချီထွက်ပြေးနေရကြောင်း သိရသည်။
မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း သတင်းနှင့် ပြန်ကြားရေးဌာနမှ ရဲဘော်အာနိုးက "သူတို့ဘက်က အထိအခိုက်များလာတော့ မနေ့ မွန်းလွဲ ၁၂ နာရီခွဲ ဝန်းကျင်မှာ တိုက်လေယာဉ် ၃ စင်းနဲ့ လေကြောင်းပစ်ကူသုံးတယ်။ ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့တယ်။ အရပ်သားထိခိုက်မှု မရှိပေမယ့် ကြဲရွာမှာ နေအိမ်ပျက်စီးမှုရှိတယ်။ အခုဆို တိုက်ပွဲက ၄ ရက်မြောက်နေ့ဗျ။ ခဏတဖြုတ် အပစ်ရပ်တာလွဲလို့ ဆက်တိုက် ပစ်ခတ်မှု ရှိတယ်"ဟု ဧရာဝတီသို့ပြောသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးမှု အတိအကျကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှ စ၍ ဒေသခံ ၁၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားပြီး တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်မှုများကို အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော မြိတ်-ပုလော-ထားဝယ် ပြည်ထောင်စု လမ်းပိုင်းကို အသုံးပြု သွားလာနေကြသော ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း မပြုရန်လည်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်အမှတ် - ၁ တပ်ရင်းက အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။
ပုံစာ- ပုလော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒရုန်းတပ်စိတ်မှ တပ်ဖွဲ့ဝင်များ/ ပုလော ပကဖ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
KTLA တပ်က ရာဇဝတ်မှုကျူးလွန်နေတယ်လို့ အရပ်ဘက်အဖွဲ့ ထုတ်ပြန် (ရုပ်/သံ)
ဧရာ၀တီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၄
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းမှာ အခြေစိုက်လှုပ်ရှားနေတဲ့ ကော်သူးလေတပ်မတော် (KTLA) လက်အောက်ခံ တပ်ဖွဲဝင်တွေဟာ ဒေသခံ အရပ်သား ၆ဦးထက်မနည်းကို အကြောင်းမဲ့ သတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။
KTLA တပ်ဖွဲ့ဝင်တချို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာနဲ့ အခုနှစ် အောက်တိုဘာမှာ အရပ်သားတွေကို ခိုင်လုံတဲ့ သက်သေအထောက်အထား မရှိဘဲ စစ်ကောင်စီ သတင်းပေး လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီး သတ်ဖြတ်ခဲ့တာလို့ သပိတ်ကော်မတီက ဆိုပါတယ်။
ဒီဖြစ်စဉ်တွေနဲ့ ပက်သက်ပြီး KTLA ဗဟိုစစ်ရုံးကို ဧရာ၀တီ က ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ တပ်ဖွဲ့တာဝန်ရှိသူတွေအနေနဲ့ အောက်ခြေမြေပြင်က အဖြစ်အပျက်တွေကို စုံစမ်းစစ်ဆေးနေပြီး ကျူးလွန်တဲ့ သူတွေကို အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ ပြန်လည် ပြောကြားခဲ့ပါတယ်။
https://youtu.be/0sAlzlcIcfY
#မြန်မာ #ဧရာဝတီ #တနင်္သာရီတိုင်း #ထားဝယ် #KTLA #DDMSC
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
MAI လေကြောင်းလိုင်းနဲ့ အာရှထိပ်တန်း ခရီးသွားဝန်ဆောင်မှု AirAsia MOVE ပူးပေါင်း
ဧရာဝတီ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၄
အာရှဒေသတွင်း ထိပ်တန်း အွန်လိုင်းခရီးသွား ဝန်ဆောင်မှုပလက်ဖောင်းဖြစ်တဲ့ AirAsia MOVE က အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နဲ့ တိုက်ရိုက်မိတ်ဖက်အဖြစ် ပူးပေါင်းလိုက်ပြီဖြစ်ကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီသဘောတူညီချက်ကို AirAsia MOVE ရဲ့ OTA အကြီးအကဲ Mr. Yeoh Sai Ho နဲ့ MAI မလေးရှားနိုင်ငံဆိုင်ရာ အရောင်းမန်နေဂျာ Ms. Thoo Yee Peng တို့ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုကြောင့် AirAsia MOVE သုံးစွဲသူတွေအနေနဲ့ မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ ဗီယက်နမ် အပါအဝင် နိုင်ငံပေါင်း ၃၅ နိုင်ငံကို ပျံသန်းနေတဲ့ MAI ရဲ့ လက်မှတ်တွေကို ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။
AirAsia MOVE ရဲ့ CEO ဖြစ်တဲ့ Nadia Omer က MAI လို ထင်ရှားတဲ့လေကြောင်းလိုင်းနဲ့ ပူးပေါင်းရတာဟာ ခရီးသွားတွေအတွက် ရွေးချယ်စရာတွေ ပိုများလာစေသလို ဈေးကွက်ရှာဖွေရေးအစီအစဉ်တွေနဲ့ အားသာချက်တွေကို အသုံးပြုပြီး မိတ်ဖက်တွေရဲ့ ရောင်းအားတိုးတက်လာအောင် အပြည့်အဝ ပံ့ပိုးပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
MAI ရဲ့ CEO ဖြစ်တဲ့ Tanes Kumar ကလည်း “ MAI နဲ့ AirAsia MOVE တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ခရီးသွားတွေအတွက် ပို၍အဆင်ပြေချောမွေ့စေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အခုလို စိန်ခေါ်မှုတွေကြားကနေ မြန်မာနိုင်ငံကို ခရီးသွားတွေ လာရောက်လည်ပတ်စေချင်ပြီး ထူးခြားတဲ့အတွေ့အကြုံတွေ ရစေချင်ပါတယ်" လို့ ပြောပါတယ်။
ပူးပေါင်းဆောင်ရွက်မှု အထိမ်းအမှတ်အဖြစ် AirAsia MOVE app သုံးစွဲသူတွေအနေနဲ့ ကွာလာလမ်ပူကနေ ရန်ကုန်ကို MAI လေယာဉ် တကြောင်းစာအတွက် မလေးရှားငွေ ၄၂၂ ရင်းဂတ် (အမေရိကန်ဒေါ်လာ ၁၀၃ ဒေါ်လာခန့်) ကနေစပြီး အထူးလျှော့ဈေးနဲ့ ဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလကိုတော့ အောက်တိုဘာ ၃၁ ရက်အထိ သတ်မှတ်ထားပြီး ဒီဇင်ဘာ ၃၁ ရက်အထိ ခရီးသွားလို့ရမှာ ဖြစ်ပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
တရုတ်နယ်စပ် ကျန်းမာရေးစစ်ဆေးမှု ထပ် တင်းကျပ်
ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၄
ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ဖြစ်သည့် မူဆယ်မြို့မှ တရုတ်ဘက်သို့ ဝင်ရောက်ရာ၌ လူဝင်လူထွက် ခွင့်ပြုထားသော နန်းတော်ဂိတ်၌ ကျန်းမာရေးစစ်ဆေး မှုများကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း၂ နောက်ပိုင်းတွင် ပို၍ တင်းတင်းကျပ်ကျပ် ပြုလုပ်လာကြောင်း မူဆယ်မြို့ ဒေသခံများထံက သိရသည်။
မူဆယ်ဒေသခံ တဦးက “ကျန်းမာရေးစစ်တာတော့ အမြဲတမ်းလည်း စစ်နေကျပါ။ ကျနော်တို့ မူးယစ်ဆေး အရက်သေစာ သောက်တာတို့၊ ဆေးသုံးတာတို့ တွေ့တယ်ဆိုရင် ဝင်ခွင့် နှစ်နဲ့ချီပိတ်တာမျိုးတွေ ရှိတယ်။ တရုတ်ဘက်ကို ဝင်မယ်ဆိုရင် ဆီးစစ်တယ်၊ သွေးစစ်တယ်၊ ဆံပင်စစ်တယ်။ အဲဒီမှာ သူတို့ သုံးစွဲထားတဲ့ ဆေးတွေ ဘာတွေ ပေါ်တယ်။ အဲဒါဆိုပိတ်တယ်။ ဆံပင်တွေ ဘာတွေ စစ်တယ်ဆိုတာတော့ ၁၀၂၇ ဒုတိယပိုင်းနောက်ပိုင်းမှ စစ်တာ။ အရင်ကတော့ မစစ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေးစစ်ဆေးရာ၌ ဆီး၊ သွေး အစရှိသည်တို့ကို လူတိုင်းအား စစ်ဆေးပြီး မျက်နှာ Scan ဖတ်ရာတွင် မသင်္ကာပါက ဆံပင်ကို ထပ်မံစစ်ဆေးခြင်းဖြစ်သည်။ အဓိက စစ်ဆေးခံရသူများမှာ လူငယ်များဖြစ်ပြီး စစ်ဆေး၍ မူးယစ်ဆေး သုံးစွဲသည်ကို တွေ့ရှိရသည်ဟုဆိုကာ ဝင်ခွင့် အပိတ်ခံရသူအများစုမှာလည်း အမျိုးသားများဖြစ်ကြောင်း၊ မူးယစ်ဆေး သုံးစွဲသူများအား အနည်းဆုံး ၁ နှစ်မှ ၃ နှစ်အထိ တရုတ်ပြည်ဝင်ခွင့် ပိတ်ကြောင်း သိရသည်။
တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် တရုတ်ဘက်သို့ ဝင်ရန် ဂိတ်ပေါက်နှစ်ခုရှိပြီး နန်းတော်ဂိတ်ပေါက်မှ လူဝင်/လူထွက် ခွင့်ပြုထားကာ တရက်လျှင် လူဦးရေ အနည်းဆုံး ၄၀၀ မှ အများဆုံး ၁၀၀၀ ဝန်းကျင်အထိ ဝင်ထွက်မှု ရှိကြောင်း၊ ဆင်ဖြူဂိတ်၌ လေးဘီးကား အသေးများသာ ကုန်ပစ္စည်းတင်ရန် အဝင်/အထွက်ခွင့်ပြုကြောင်း မူဆယ်ဒေသခံကားသမားတဦးက ပြောသည်။
ဂိတ်ဖွင့်ချိန်မှာ မြန်မာစံတော်ချိန် မနက် ၇ နာရီခန့်မှ ညနေ ၇ နာရီဝန်းကျင်အထိ ဖြစ်ပြီး လူဝင်/လူထွက် ပြုလုပ်သော နန်းတော်ဂိတ်တွင်သာ ကျန်းမာရေးစစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေခြင်း ဖြစ်သည်။
ပုံစာ- ၂၀၂၂ ခုနှစ်က တွေ့ရသော ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ နန်းတော်ဂိတ် မြန်မာဘက်ခြမ်းအားတွေ့ရစဉ်/ MOI
#WhatsHappeningInMyanmar
#RejectMilitaryCoup
#theirrawaddy
#theirrawaddy_media
#theirrawaddy_Burmese
#theirrawaddy_english
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
နမ့်ဖက်ကာတွင် ၆၀ မမ လက်နက်ကြီး ပေါက်ကွဲမှုကြောင့် ၂ ဦး သေဆုံး
ဧရာဝတီ၊ အောက်တိုဘာလ ၁၈ ရက်၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်မဟာ (၁) နယ်မြေ နမ့်ဖက်ကာမြို့နယ် နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာတွင် အမျိုးသား ၂ ဦး သည် ၆၀ မမ အမျိုးအစားလက်နက်ကြီးတလုံးအား ယူလာပြီးဖြုတ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု TNLA က ယနေ့ ထုတ်ပြန်သည်။
အောက်တိုဘာလ ၁၅ ရက် နံနက် ၁၀နာရီ အချိန်တွင် တိုက်ပွဲအတွင်း မပေါက်ကွဲသေးသည့် ၆၀ မမ ဗုံးသီးတလုံးထဲမှ ယမ်းမှုန့်များကို ထုတ်ယူရန် ကြိုးပမ်းနေစဥ် ပေါက်ကွဲခဲ့ပြီးခွန်ဂျာချောင် ( ၂၇နှစ်)နှင့် ဦးညီထွမ်း (၆၀နှစ်)တို့ သေဆုံးခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၁ ရက်ကလည်း နမ့်ဖတ်ကာ၌ အမျိုးသားတဦးသည် မပေါက်ကွဲသေးသည့် လက်နက်ကြီးတလုံး ယူဆော့မိရာမှ ပေါက်ကွဲသေဆုံးသွားခဲ့သလို မေလ ၁၃ ရက်တွင်လည်း မပေါက်ကွဲသေးသည့် မိုင်းကိုကလေးများက ယူဆော့ရာမှ ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ပုံစာ- နမ့်ဖက်ကာမြို့နယ် နမ့်အွမ်အုပ်စု၊ ပန်ခါးကျေးရွာတွင် ဗုံးသီးပေါက်ကွဲရာမှ သေဆုံးခဲ့သော အမျိုးသား ၂ ဦး / PSLF/TNLA
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ပြည်ပရောက်နေသူတွေရဲ့အခန်းကဏ္ဍဟာ အရေးပါပါတယ်။ စစ်တမ်း အချက်အလက်တွေအရ နိုင်ငံရပ်ခြားရောက် မြန်မာတွေဟာ မြန်မာ့နိုင်ငံရေး ကြိုးစားမှုတွေမှာ အပြည့်အဝ ပါဝင်နေကြပြီး အများစုဟာ ရန်ပုံငွေထောက်ပံ့ခြင်းနဲ့ ဆန္ဒပြ တက်ကြွလှုပ်ရှားမှုတွေကနေတဆင့် တော်လှန်ရေးကို တက်ကြွစွာ ထောက်ပံ့နေကြပါတယ်။ ဒီပါဝင်မှုဟာ ဆက်လက်ဖြစ်ပေါ်ပြီး ပိုမိုကြီးထွားလာဖို့ လိုအပ်ပါတယ်။ ပြည်ပရောက် အသိုင်းအဝိုင်းတွေနဲ့ မြန်မာပြည်တွင်းက လူတွေကြား ဆက်ဆံရေး တည်ဆောက်ခြင်းဟာ ခိုင်မာတဲ့ အထောက်အပံ့ကွန်ရက်နဲ့ အသိပညာမျှဝေမှုတွေကို ဖန်တီးပေးနိုင်ပါတယ်။
Website တွင် ဖတ်ရန် https://bit.ly/3Y9t0bQ
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ကောင်စီတပ်က ၎င်းတို့ကို မြိတ်တွင် စစ်ဆေးပြီးနောက် အသက် ၄၀ ကျော်သောအမျိုးသား၊ အမျိုးသမီးများကို ပြန်လွှတ်လိုက်ပြီ အသက် ၂၀ ကျော်အရွယ် ကျန် ၁၄၀ သည် ဖမ်းဆီးစခန်းတွင် ကျန်ရစ်သည်။ ၎င်းတို့ကို စစ်တပ်အတွက် အတင်းအကျပ် စစ်သားစုဆောဖွယ်ရှိကြောင်း လွတ်မြောက်လာသူများက ပြောသည်။
Website တွင် ဖတ်ရန် https://bit.ly/48eDECs
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ကောင်စီ အကျဉ်းချခံထားရသော ရှေ့နေ ဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆု ရရှိ
ဧရာဝတီ၊ အောက်တိုဘာ ၁၈၊ ၂၀၂၄
စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသည့် လူ့အခွင့်အရေး ရှေ့နေ ဒေါ်ရွက်နုအောင်ကို ဥရောပအခြေစိုက် Institut des droits de l’homme des avocats européens (IDHAE)အဖွဲ့မှ နှစ်စဥ်ပေးအပ်သည့် Ludovic Trarieux International Human Rights Prize ) ကို ၂၀၂၄ ခုနှစ်အတွက် ရွေးချယ်ချီးမြှင့်လိုက်သည်ဟု အဆိုပါအဖွဲ့က ထုတ်ပြန်သည်။
ဒေါ်ရွက်နုအောင်၏ လွတ်လပ်သော တရားစီရင်မှုပေါ် ထွန်းရေးကြိုးပမ်းလုပ်ဆောင်မှုများနှင့် နိုင်ငံရေး အကျဥ်းသားများ၏ တရားရေးဆိုင်ရာအခွင့်အရေးများ ရရှိရေးတို့အတွက် ကြိုးပမ်းလုပ်ဆောင်မှုများကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် ဆုချီးမြှင့်ခြင်းဖြစ်ကြောင်း ဆိုထားသည်။
ဆုပေးပွဲ အခမ်းအနားကို အီတလီနိုင်ငံ ၊ရောမမြို့၌ ကျင်းပနေသော IDHAE အဖွဲ့၏ ညီလာခံနောက်ဆုံးနေ့ ဖြစ်သည့် ယနေ့တွင် အထူးအစီအစဉ်အနေဖြင့် ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်သည်။
ဒေါ်ရွက်နုအောင်သည် ဆုပေးပွဲအခမ်းအနားသို့ ကိုယ်တိုင်တက်ရောက် ဆုလက်ခံရယူနိုင်ခြင်း မရှိသောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG )လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စား လက်ခံရယူသွားမည်ဖြစ်သည်ဟု NUG က ထုတ်ပြန်ထားသည်။
နိုင်ငံရေးအကျဥ်းသားများအား လိုက်လံကူညီဆောင်ရွက်ပေးမှုကြောင့် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံခဲ့ရသော ဒေါ်ရွက်နုအောင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၅) နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီး ယခုအချိန်အထိ မန္တလေးဗဟိုအကျဥ်းထောင် (အိုးဘို)၌ တိုက်ပိတ် ချုပ်နှောင်ခြင်း ခံထားရဆဲဖြစ်သည်။
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ဒီပဲယင်းမြို့ရှိ စစ်တပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်
ဧရာဝတီ ၊ အောက်တိုဘာ ၁၈ ၊ ၂၀၂၄
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသခံများနှင့် ကာကွယ်ရေးရဲဘော်များထံက သိရသည်။
ယမန်နေ့ နံနက်၈နာရီခွဲအချိန်တွင် ဒီပဲယင်းမြို့မရဲစခန်းမှထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များကို ဒီပဲယင်းမြို့နယ်အဖြူရောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ပူးပေါင်းတပ်များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ဒီပဲယင်းမြို့ခံတဦးက " စစ်ကောင်စီတပ်တွေက မြို့ပေါ်က လူမရှိတဲ့ အိမ်တွေကို လိုက်ဝင်ပြီး ပစ္စည်းယူတာတွေရှိတယ်။ မနေ့က အဲဒီအဖွဲ့ကို ကျနော်တို့ ဒီဘက်က စောင့်ပြီးတိုက်တော့ တိုက်ပွဲဖြစ်သွားတယ်။ စစ်တပ်ဘက်က တဦးသေ၊ တဦးအရှင် ဖမ်းမိတယ်လို့ သိရတယ် "ဟု ပြောသည်။
ဒီပဲယင်းမြို့ပေါ်တွင် ထိတွေ့မှုဖြစ်ပွားပြီးနောက် ညပိုင်းတွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း နှင့် ထိခိုက်မှုအခြေအနေများကို စုံစမ်းဆဲ ဖြစ်ကြောင်း စစ်ရှောင်များကို ကူညီနေသည့် ဒီပဲယင်းညီနောင်အဖွဲ့တာဝန်ရှိသူက ပြောသည်။
ဒီပဲယင်း မြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒီပဲယင်းမြို့နယ်အဖြူရောင်(ပကဖ)၊ A2kပကဖ၊ ပေါင်ချိန်ပကဖ ၊ ခင်ဦးမြို့နယ်NAA-DF၊ ခင်ဦးမြို့နယ်LBBGHတို့မှပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တဦးသေ၊ နှစ်ဦးဒဏ်ရာပြီး တဦး ဖမ်းဆီးရမိခဲ့သည်ဟု အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
ပုံစာ- ဩဂုတ်လ ၁၈ ရက်က ဒီပဲယင်းမြို့အား ပထမအကြိမ် သိမ်းပြီးနောက် တွေ့ရသော ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ/ CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
NDA-K အောက်တွင် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်ရင်း (BGF) သုံးရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များရှိပြီး နယ်ခြားစောင့်တပ်ရင်းများအား တရုတ်-မြန်မာနယ်စပ်တလျှောက် ကံပိုင်တည်၊ ပန်ဝါနှင့် ဖီမော်ဒေသတို့၌ အခြေစိုက်ထားသည်။
Website တွင် ဖတ်ရန် https://bit.ly/3UeKEd3
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်ခေါင်းဆောင် တရုတ်ခရီးစဉ်က ဘာတွေဖြစ်လာမလဲ (ရုပ်/သံ)
ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ တရုတ်နိုင်ငံကို သွားရောက်ဖို့ အစီအစဥ် ရှိနေတယ်လို့ ဧရာဝတီရဲ့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တရုတ် ခရီးစဥ်ဟာ ရွေးကောက်ပွဲအတွက် သာမကပဲ မြန်မာ့ နိုင်ငံရေး၊ စစ်ရေး အလှည့်အပြောင်းနဲ့ စီးပွားရေးအပေါ်များစွာ အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့လည်း တရုတ်-မြန်မာအရေး ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်သွားဖို့ရှိနေတဲ့ တရုတ်ခရီးစဥ်ဟာ မြန်မာ့နိုင်ငံရေးအပေါ် တရုတ်ရဲ့ သဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေတာဖြစ်ပြီး တရုတ်ဟာ မြန်မာနိုင်ငံအတွင်းက သူ့ကိုယ်ကျိုးစီးပွားတွေအတွက် စစ်တပ်ကိုကျောထောက်နောက်ခံ အကူအညီတွေ ပေးနေတာလို့ ထောက်ပြနေကြပါတယ်။
မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တရုတ်ရဲ့ စိတ်တိုင်းကျ ခြယ်လှယ် လုပ်ဆောင်ချက်တွေဟာ မြန်မာပြည်သူလူထုအတွက် တရားမျှတမှုမရှိသလို၊ ပိုမိုရှုပ်ထွေးတဲ့ မြန်မာ့နိုင်ငံရေးအလှည့်အပြောင်းတွေကိုသာ ဦးတည်နေတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသုတေသီတွေက သုံးသပ်နေကြပါတယ်။
https://youtu.be/9xGpsMPnkQs
#မြန်မာ #ဧရာဝတီ #တရုတ် #မင်းအောင်လှိုင် #ရွေးကောက်ပွဲ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ယောဒေသ စစ်တပ်လေကြောင်းတိုက်ခိုက်၍ ၁၀ ဦး သေဆုံး
ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသ၌ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ အောက်တိုဘာလ ၁၄ ရက်တွင် လေကြောင်း တိုက်ခိုက်ခဲ့သောကြောင့် ရဲဘော်နှစ်ဦး အပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF)က ထုတ်ပြန်သည်။
တိုက်ခိုက်မှုတွင် ဘော်ပြင်းကျေးရွာသို့ တာဝန်ဖြင့် ရောက်ရှိနေသော YPDF ထုတ်လုပ်ရေးဌာနမှ ဌာနမှူး အသက် ၃၃ နှစ် အရွယ်ရဲဘော် ကျော်ဟိန်း၊ အသက် ၄၅ နှစ်အရွယ် တပ်သား ရဲဘော်တာဇံအပါအဝင် ပြည်သူ ၁၀ ဦး သေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရှိသည့်အပြင် အိမ်မွေးတိရစ္ဆာန်များ ထိခိုက်သေဆုံးခြင်းရှိခဲ့သော်လည်း ဆက်သွယ်ရေးအခက်အခဲကြောင့် အသေးစိတ် မသိရသေးကြောင်း YPDF က ပြောသည်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ အရပ်သားပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု၊ လူမျိုးသုဉ်း သတ်ဖြတ်မှုဖြစ်ပြီး ယောဒေသ၌ ယခုလအတွင်း ၈ ကြိမ်ခန့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ- မကွေးတိုင်း ဂန့်ဂေါခရိုင် ဘော်ပြင်းကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့စဉ်/ CJ
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
အာဆီယံအနေနဲ့ စစ်ကောင်စီကို ထိရောက်တဲ့ အရေးယူမှုတွေရှိဖို့လို (ရုပ်/သံ)
မိုးသောက်၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ မြန်မာပြည်သူတွေအပေါ် ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်ကောင်စီကို ထိရောက်တဲ့အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုတယ်လို့ အရပ်ဘက် အဖွဲ့တွေက ပြောပါတယ်။
အောက်တိုဘာ ဒုတိယပတ်က လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ၃၁ ကြိမ်မြောက် အာဆီယံ ဒေသတွင်း လုံခြုံရေးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေချက်ချင်းရပ်ပြီး လူသားချင်း စာနာမှု အကူအညီတွေပေးနိုင်မယ့် အခြေအနေတွေကို ဖန်တီးဖို့နဲ့ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ လုပ်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။
အာဆီယံ အနေနဲ့ အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ လူသားချင်းစာနာမှုတွေ ပေးနိုင်ဖို့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုပြီးကတည်းက ပြောဆိုခဲ့ပေမယ့် စစ်ကောင်စီဟာ ဂရုမစိုက်တဲ့ အပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ပြည်သူတွေကို သတ်ဖြတ်ထားပြီး လူ့အခွင့်ရေးချိုးဖောက်မှု နဲ့ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ စစ်ကောင်စီကို ဖိအားပေးပိတ်ဆို့ရမယ့် အစား အာဆီယံက အသိအမှတ်ပြု ဆက်ဆံတာတွေလည်း ရှိနေတဲ့ အတွက် ဝေဖန်မှုတွေလည်း ကြုံနေရပါတယ်။
https://youtu.be/HJKVPrqCBPU
#မြန်မာ #ဧရာဝတီ #အာဆီယံ #ဆွေးနွေးပွဲ #အာဏာသိမ်းစစ်တပ် #ငြိမ်းချမ်းရေး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
တပ်စခန်းနှင့် မြို့များ အသိမ်းခံနေရချိန် စစ်ခေါင်းဆောင် ဆိုကရေးတီးပြိုင်ပွဲ အကြည့်မပျက်
ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
ရှမ်းပြည်မြောက်ပိုင်းရှိ သီပေါမြို့၊ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့၊ ကချင်ပြည်နယ် ချီဖွေမြို့၊ ဆော့လော်မြို့နှင့် ပန်ဝါဒေသရှိ တပ်စခန်းများ အသိမ်းခံနေရသော်လည်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော်၌ ပြုလုပ်နေသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကြည့်ရှုခဲ့ကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြသည်။
နေပြည်တော် စည်ပင်သာယာရေးကော်မတီလဟာပြင်ပြဇာတ်ရုံတွင် အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အထိ ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ကျင်းပနေခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်နှင့် ဇနီးသည် ယမန်နေ့ညက ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနက ဇာတ်တော်ကြီး ပြိုင်ပွဲကို တက်ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ကို ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အလုံးစုံသိမ်းပိုက်ပြီးနောက် ယခုအခါ စစ်ကောင်စီတပ်သည် အမြောက်တပ်ရင်းများ အခြေစိုက်ရာ ရှမ်းတောင်ဒေသနှင့် ဆက်စပ်နေသည့် တောင်းခမ်းရွာ မကျရေး အပြင်းအထန် ခုခံနေရပြီး ကျခဲ့ပါက ပြင်ဦးလွင်နှင့် မန္တလေးမြို့ထိ တော်လှန်ရေးတပ်များ၏ ထိုးစစ် အလျင်အမြန် ရောက်လာနိုင်၍ စစ်လော်ဘီများက အကြီးအကျယ် စိုးရိမ်နေချိန်လည်းဖြစ်သည်။
ပုံစာ- နေပြည်တော် စည်ပင်သာယာရေးကော်မတီလဟာပြင်ပြဇာတ်ရုံတွင် ပြုလုပ်သော ဆိုကရေးတီး ပြိုင်ပွဲ စစ်ခေါင်းဆောင် တက်ရောက်လာစဉ်/ CINCDS
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
စစ်တပ်ပေးတာယူမှာ မဟုတ်ဘူး၊ ကျနော်တို့က တိုက်ယူမှာ (ရုပ်/သံ)
ဘုန်းအောင်၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
လက်နက်ကိုင်နည်းလမ်းနဲ့ လိုလားချက်တွေ တောင်းဆိုတာကို လိုက်လျောမှာမဟုတ်ဘူးလို့ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ရေးထိုးခဲ့တဲ့ ၉ နှစ်မြောက်ပွဲမှာ ပြောဆိုသွားပါတယ်။
လက်နက်ကိုင်ပြီး လိုလားချက်တွေကို တောင်းဆိုလို့မရဘဲ နိုင်ငံရေးစားပွဲဝိုင်းမှာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေ ပြေလည်စေမယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို လက်နက်စွန့်ပြီး ပါတီထောင် ရွေးကောက်ပွဲဝင်ဖို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့ပါသေးတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်တွေဟာ စစ်အာဏာရှင် ဆက်လက်ကြီးစိုးရေးအတွက် ဖြစ်ပြီး စစ်တပ်က အချိန်မရွေးအာဏာသိမ်းနိုင်တဲ့ ၂၀၀၈ အခြေခံ ဉပဒေ အောက်ကို ထပ်မံ ဝင်ရောက်ခိုင်းနေတာဖြစ်တယ်လို့ပြောကြပါတယ်။
တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုရင် စစ်တပ်ဟာ ကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံရမှာ ဖြစ်သလို နိုင်ငံရေးကနေ စွန်ခွာရမယ့်အပြင် ဖက်ဒရယ်ပြည်ထောင်စု အခြေခံဉပဒေရေးဆွဲရေးကိုသဘောတူရမယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ပြောထားပါတယ်။
https://youtu.be/oG10oonpieE
#မြန်မာ #ဧရာဝတီ #မင်းအောင်လှိုင် #PDF #NCA
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရား မြင်ကွင်း
ဧရာဝတီ၊ အောက်တိုဘာ ၁၇၊ ၂၀၂၄
မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ယနေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်၌ ဘုရားဖူးလာသူများဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
သီတင်းကျွတ် အခါသမယတွင် မြတ်စွာဘုရားသည် တရားဒေသနာတို့ကို ဝါတွင်းကာလ နတ်ဒေဝါ သိကြားတို့အား ဟောကြားလမ်းညွှန်ပြီး ကောင်းကင်ယံမှ ပြန်လည်ကြွမြန်းလာသော အမှတ်တရ နေ့ထူးနေ့မြတ်အဖြစ် မီးထွန်းညှိ ပူဇော်ကြသော အလေ့အထရှိသည်။
ပုံစာ- ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့တွင် ရွှေတိဂုံဘုရားပေါ် ဘုရားဖူးများစည်ကားနေပုံ/ IRW
#WhatsHappeningInMyanmar
#RejectMilitaryCoup
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR